Friday, December 25, 2020

၀က်အာပူလျှာပူ - ရှမ်းခေါက်ဆွဲ -ဂျပန်စတိုင်လ် Sukiyaki ဟော့ပေါ့ပြုလုပ်နည်း

၀က်အာပူလျှာပူ




ပါဝင်ထားတဲ့ ပစ္စည်းတွေကတော့ 

ညှပ်ခေါက်ဆွဲ       - ၅ ကျပ်သား

လျှာ( ပြုတ်ပြီး)      - ၁.၅ ကျပ်သား

နှလုံး(ပြုတ်ပြီး)      - ၁.၅ ကျပ်သား

ဝက်ဆီဖတ်          - အနည်းငယ်

ငရုတ်သီးစိမ်း       - အနည်းငယ်

ကြက်သွန်မိတ်      - အနည်းငယ်

ငရုတ်ကောင်း     - သင့်ရုံ

ဆားသကြား - သင့်ရုံစီဖြစ်ပါတယ်။

ချက်ပြုတ်နည်း အဆင့်ဆင့်ကိုလည်း လေ့လာကြည့်ပါဦးနော်...

ပထမဆုံး လျှာနဲ့ နှလုံးကို သကြား၊ ဆားသင့်ရုံစီထည့်ပြုတ်ပြီး ကျက်တဲ့အခါ အနေတော် အရွယ်အစားအတုံးလေးတွေ လှီးထားလိုက်ပါတယ်။

ဟင်းရည်အတွက် ဝက်ရိုး၊ ကြက်ရိုးကို ပြုတ်ထားရပါတယ်။ အရိုးကနေ အရသာရည် ထွက်ပြီဆိုတာနဲ့  ငရုတ်သီးစိမ်း၊ ငရုတ်ကောင်း မှုန့်ထည့်ပြီး ဆက်ပြုတ်ထားပါတယ်။ ဟင်းရည်ဆူပွက်လာလို့ ခဏအကြာမှာ မီးဖိုကချပြီး  အရိုးနဲ့ ငရုတ်သီး၊ ငရုတ်ကောင်းဖတ်တွေကို ဆန်ခါနဲ့စစ်ထားလိုက်ပါတယ်။

စစ်ပြီးဟင်းရည်ကို အရသာအတွက် ဆား၊ သကြား မျှတအောင်ထည့်လိုက်ပါတယ်။ ပူပူနွေးနွေးစားနိုင်မယ့် အာပူလျှာပူ တစ်ပွဲစာ အတွက် ဟင်းရည်ကို ပန်းကန်တစ်လုံးစာ အိုးထဲထည့်ပြီး မီးဖိုမှာ ပွက်ပြီးတဲ့အခါ အဆင်သင့် ပြင်ထားတဲ့ လျှာ၊ နှလုံးတို့ကိုပါ ထည့်ပွက်လိုက်ပြီး  ညှပ်ခေါက်ဆွဲထည့်ထားတဲ့ ပန်းကန်ထဲကို လောင်းထည့်ရပါမယ်။ နောက်ဆုံးမှ ပါးပါးလှီးထားတဲ့ ကြက်သွန်မိတ်နဲ့ ဝက်ဆီဖတ်လေးတွေကို ထည့်ပြီး ပူစပ်ပူစပ်အရသာလေး နဲ့အခိုးပွင့်သွားစေမယ့် အာပူလျှာပူကို သုံးဆောင်နိုင်မှာ ဖြစ်ပါတယ်။

ရှမ်းခေါက်ဆွဲ




 အားလုံးအဆင်ပြေအောင်ယေဘုယျနည်းပေးထားတာမို့မိမိတို့လိုအပ်သလိုအတိုးအလျှော့လုပ်နိုင်ပါတယ်..။

ပါဝင်ရမည့်ပစ္စည်းများ *************** #‎ဆန်ခေါက်ဆွဲ‬ ၁ထုပ် မြေပဲဆံလှော် ၅ကျပ်သား ရှမ်းချဉ် ၅ကျပ်သား ကြက်သွန်မိတ် ၁စည်း ငရုတ်သီးဆီကြော် ပဲငံပြာရည်အပျစ် အနည်းငယ် တို့ဖူးကြော် ဝက်ခေါက်ကြော် ပဲပုပ်စေ့လှော်ထောင်းပြီးသားအနည်းငယ် (optional) ပဲရွက်အနည်းငယ်

#‎ကြက်သွန်ဖြူဆီချက်‬ ကြက်သွန်ဖြူ ၄မွှာ တရုတ်မဆလာဇွန်းသေး၂ဇွန်း နှမ်းဖြူ အနည်းငယ်

#‎ကြက်သားဟင်းအနှစ်‬ ကြက်သားရင်ပုံသား ၂ခု ကြက်သွန်နီအနေတော် ၄လုံး ခရမ်းချဉ်သီးအနေတော် ၆လုံး ကြက်သွန်ဖြူ ၈မွှာ ငရုတ်သီးအစိမ်းမှုန့်ထမင်းစားဇွန်း ၂ဇွန်း ဆား အနည်းငယ် ပဲငံပြာရည်အကျဲ ၂ဇွန်း

ချက်ပုံချက်နည်း ***********

၁။ကြက်သားရင်ပုံသားများကိုသန့်စင်ပြီးအတုံးသေးသေးတုံးပါ။နနွင်းနဲ့ဆားအနည်းငယ်တို့နှင့်ရောနယ်ပါ။

၂။ဟင်းအနှစ်အတွက်ခရမ်းချဉ်သီးကိုအစေ့တွေဖယ်ပြီးပါးပါးလှီးပါ။ကြက်သွန်နီကြက်သွန်ဖြူတို့ကိုပါးပါးလှီးပါ။

၃။ဒယ်အိုးထဲဆီထည့်ပြီးဆီဆူလာလျှင်ကြက်သွန်နီကြက်သွန်ဖြူငရုတ်သီးအစိမ်းမှုန့်တို့ထည့်ပြီးဆီသတ်ပါ။

၄။အနံ့မွှေးလာလျှင်ခရမ်းချဉ်သီးတွေကိုအရင်ကြေအောင်ချက်ပါ။ပြီးမှကြက်သားတွေကိုထည့်လုံးပါ။၃မိနစ်ခန့်ကြာလျှင်ရေနွေးအနည်းငယ်ထည့်ပါ။

၅။ဆီပြန်အောင်ဆက်တည်ပါ။ဆားအနည်းငယ်နှင့်ပဲငံပြာရည်ထည့်မွှေပါ။

၆။ဟင်းအနှစ်အရည်အတွက်ရေနွေးအနည်းငယ်ထပ်တည့်ပြီးပွက်ပွက်ဆူအောင်တည်ထားပါ။

၇။ကြက်သွန်ဖြူဆီချက်အတွက်ကြက်သွန်ဖြူကိုအရင်ဆီသတ်ပါ။မီးပိတ်ပြီးမှတရုတ်မဆလာထည့်မွှေပါ။နှမ်းဖြူထည့်ပြီးပန်ကန်လုံးထဲပြောင်းထည့်ပါ။

၈။ဆန်ခေါက်ဆွဲတွေကိုရေနှစ်နာရီခန့်ကြီုစိမ်ပါ။

၉။မြေပဲဆံလှော်ကိုအခွံချွတ်ပြီးမညက်တညက်ထောင်းထားပါ။

၁၀။ကြက်သွန်မိတ်နှင့်ရှမ်းချဉ်ကိုသေးသေးလှီးထားပါ။

၁၁။ဟင်းချိုအတွက်ကြက်ရိုးတွေကိုချင်း၊ကြက်သွန်ဖြူတို့နှင့်ပြုတ်ထားပါ။

၁၂။မုန့်ဖတ်ပြုတ်ရန်အတွက်အဝကျယ်ရေနွေးအိုးကိုပွက်ပွက်ဆူအောင်တည်ထားပါ။

စားတော့မည်ဆိုသည့်အခါပြင်ဆင်ရမည့်အနေအထား ***************************************

စားနိုင်သလောက်မုန့်ဖတ်ကိုရှိးတံရှည်ဇကာထဲထည့်ပြီးပွက်ပွက်ဆူနေသောရေနွေးအိုးထဲစိမ်လိုက်ပါ။ပြီးလျှင်တူဖြင့်အနည်းငယ်မွှေပေးပါ။

ရေစစ်ပြီးစားမည့်ပန်းကန်ထဲထည့်ပါ။ကြက်သားဟင်းအနှစ်၊မြေပဲဆံလှော်မှုန့်၊ကြက်သွန်ဖြူဆီချက်၊စသောအစာပလာအနည်းငယ်စီထည့်ပြီးပြင်ပေးပါ။

 ပဲငံပြာရည်အပျစ်ကိုလက်ဖက်ရည်ဇွန်းဖြင့်ပါလေကာထည့်ပေးပါ။ကိုယ်ကြိုက်သလိုချဉ်ငံစပ်ဖြစ်အောင်လိုတာထပ်ထည့်ပါ။

ဟင်းချိုအတွက်ကြက်ရိုးပြုတ်ရည်ကိုခပ်ထည့်ပြီးကြက်သွန်မိတ်နှင့်ငရုတ်ကောင်းအနည်းငယ်ထည့်လိုက်လျှင်အဆင်သင့်စားဖို့အရသာပြီးပြည့်စုံတဲ့ရှမ်းခေါက်ဆွဲဖြစ်ပါပြီဗျာ..။


ဂျပန်စတိုင်လ် Sukiyaki ဟော့ပေါ့ပြုလုပ်နည်း




သတ်သတ်လွတ်ဖြစ်တာမို့ ဟင်းရွက်၊ပဲပြား၊ဂျပန်ခေါက်ဆွဲ စုံစုံလင်လင်ဖြင့် မိသားစု (သို့မဟုတ်) သူငယ်ချင်းတို့နှင့် အတူတူ ဟော့ပေါ့ လုပ်စားနိုင်ပါတယ်။ အရည်အရသာ ချိုဆိမ့်တဲ့အရသာရရှိမှာပါ။

ပါဝင်ပစ္စည်းများ - Sukiyaki ခေါက်ဆွဲ ၂၅၀ ဂရမ်၊ မှိုခြောက်ပွင့် ၁၀ခု (ရေနွေးဖြင့်ပြုတ်ပြီး အညှာဖယ်ပေးပါ)၊ Enoki မှို (သို့မဟုတ်) Shimeji မှို ၂ထုပ်၊ ဂျပန်တိုဟူး ၃၀၀ ဂရမ်(အတုံးသေးများတုံးထားပါ)၊ တရုတ်နံနံ တစ်ခွက်စာ (တစ်လက်မအရွယ် ပိုင်းဖြတ်ပါ)၊ ကြက်သွန်မြိတ် ၂စည်း(အစောင်းပါးပါးလှီးပါ)၊ကြက်ဥ သုံးလုံး (ခလောက်ထားပါ) (Optional)။

ဆော့စ်ရည်တွင် ပါဝင်ပစ္စည်းများ - ဆာကေး(ဆန်ဝိုင်) တစ်ခွက်၊ Mirin (ဆန်ဝိုင်ချို) တစ်ခွက်၊ပဲငံပြာရည်(အကြည်) တစ်ခွက်၊ သကြား စားပွဲဇွန်း လေးဇွန်း၊ ရေ ၂၀၀ မီလီလီတာ။

ပြင်ဆင်နည်း

ဆော့စ်ရည်ပါဝင်ပစ္စည်းများဖြစ်သော (ဆာကေး၊Mirin၊ပဲငံပြာရည်၊သကြား၊ရေ)တို့ကို ဒယ်အိုးထဲထည့်ပြီး သကြားအရည်ပျော်သည်အထိ တစ်မိနစ်ခန့်တည်ပြီး ပြန်ဖယ်ထားပါ။ ဒယ်အိုးတစ်ခုထဲ ရေများများထည့်ပြီး ဆူလာလျှင် ဆား(လက်ဖက်ရည်ဇွန်း တစ်ဝက်)၊ခေါက်ဆွဲများ ကို တစ်မိနစ်ခန့်ထည့်ပြုတ်ပေးပြီး ဆန်ကာဖြင့်ပြန်ဆယ်ပေးပါ။

ဟော့ပေါ့ပြုလုပ်နည်း

Electric Pot အိုးထဲသို့ ဆီ(စားပွဲဇွန်းတစ်ဇွန်း)ထည့်ပေးပြီး ဆီပူလာလျှင် တိုဟူးများကို အညိုရောင်သမ်းသည်အထိ ကြော်ပေးပါ။ ထို့နောက် ဆော့စ်ရည်တစ်ဝက်လောက်လောင်းထည့်ပေးပြီး ဆူသည်အထိ တည်ထားပါ။ဆူလာလျှင် ကြက်ဥမှလွဲ၍ (တိုဟူး၊ ခေါက်ဆွဲ၊မှို၊ကြက်သွန်မြိတ်၊တရုတ်နံနံ)တို့ကိုထည့်ပေးပါ။ ပြီးနောက် အဖုံးအုပ်ပြီး မီးအသင့်အတင့်ဖြင့် တည်ထားပါ။ ဟင်းရွက်များ၊ တိုဟူးများထပ်ထည့်လျှင် ဆော့စ်ရည်ထည့်ပေးပါ။ ဟင်းရွက်များနွမ်းသွားလျှင် ကြက်ဥခွက်ထဲ ဟင်းရွက်များကိုနှစ်ပြီး Sukiyaki ဂျပန်ဟော့ပေါ့ကို စိတ်ကြိုက်သုံးဆောင်လို့ရပါပြီ။


(Zawgyi) 

၀က္အာပူလွ်ာပူ




ပါဝင္ထားတဲ့ ပစၥည္းေတြကေတာ့ 

ညႇပ္ေခါက္ဆဲြ       - ၅ က်ပ္သား

လွ်ာ( ျပဳတ္ၿပီး)      - ၁.၅ က်ပ္သား

ႏွလံုး(ျပဳတ္ျပီး)      - ၁.၅ က်ပ္သား

ဝက္ဆီဖတ္          - အနည္းငယ္

င႐ုတ္သီးစိမ္း       - အနည္းငယ္

ၾကက္သြန္မိတ္      - အနည္းငယ္

င႐ုတ္ေကာင္း     - သင့္ရံု

ဆားသၾကား - သင့္ရံုစီျဖစ္ပါတယ္။

ခ်က္ျပဳတ္နည္း အဆင့္ဆင့္ကိုလည္း ေလ့လာၾကည့္ပါဦးေနာ္...

ပထမဆံုး လွ်ာနဲ႔ ႏွလံုးကို သၾကား၊ ဆားသင့္ရံုစီထည့္ျပဳတ္ၿပီး က်က္တဲ့အခါ အေနေတာ္ အရြယ္အစားအတံုးေလးေတြ လီွးထားလိုက္ပါတယ္။

ဟင္းရည္အတြက္ ဝက္႐ိုး၊ ၾကက္႐ိုးကို ျပဳတ္ထားရပါတယ္။ အ႐ိုးကေန အရသာရည္ ထြက္ၿပီဆိုတာနဲ႔  င႐ုတ္သီးစိမ္း၊ င႐ုတ္ေကာင္း မႈန္႔ထည့္ၿပီး ဆက္ျပဳတ္ထားပါတယ္။ ဟင္းရည္ဆူပြက္လာလို႔ ခဏအၾကာမွာ မီးဖိုကခ်ၿပီး  အ႐ိုးနဲ႔ ငရုတ္သီး၊ ငရုတ္ေကာင္းဖတ္ေတြကို ဆန္ခါနဲ႔စစ္ထားလိုက္ပါတယ္။

စစ္ၿပီးဟင္းရည္ကို အရသာအတြက္ ဆား၊ သၾကား မွ်တေအာင္ထည့္လိုက္ပါတယ္။ ပူပူေႏြးေႏြးစားႏိုင္မယ့္ အာပူလွ်ာပူ တစ္ပဲြစာ အတြက္ ဟင္းရည္ကို ပန္းကန္တစ္လံုးစာ အိုးထဲထည့္ၿပီး မီးဖိုမွာ ပြက္ၿပီးတဲ့အခါ အဆင္သင့္ ျပင္ထားတဲ့ လွ်ာ၊ နွလံုးတို႔ကိုပါ ထည့္ပြက္လိုက္ၿပီး  ညႇပ္ေခါက္ဆဲြထည့္ထားတဲ့ ပန္းကန္ထဲကို ေလာင္းထည့္ရပါမယ္။ ေနာက္ဆံုးမွ ပါးပါးလွီးထားတဲ့ ၾကက္သြန္မိတ္နဲ႔ ဝက္ဆီဖတ္ေလးေတြကို ထည့္ၿပီး ပူစပ္ပူစပ္အရသာေလး နဲ႔အခိုးပြင့္သြားေစမယ့္ အာပူလွ်ာပူကို သံုးေဆာင္ႏိုင္မွာ ျဖစ္ပါတယ္။

႐ွမ္းေခါက္ဆြဲ




 အားလံုးအဆင္ေျပေအာင္ေယဘုယ်နည္းေပးထားတာမို႔မိမိတို႔လိုအပ္သလိုအတိုးအေလွ်ာ့လုပ္ႏိုင္ပါတယ္..။

ပါဝင္ရမည့္ပစၥည္းမ်ား *************** #‎ဆန္ေခါက္ဆဲြ‬ ၁ထုပ္ ေၿမပဲဆံေလွာ္ ၅က်ပ္သား ႐ွမ္းခ်ဥ္ ၅က်ပ္သား ၾကက္သြန္မိတ္ ၁စည္း င႐ုတ္သီးဆီေၾကာ္ ပဲငံၿပာရည္အပ်စ္ အနည္းငယ္ တို့ဖူးေၾကာ္ ၀က္ေခါက္ေၾကာ္ ပဲပုပ္ေစ့ေလွာ္ေထာင္းၿပီးသားအနည္းငယ္ (optional) ပဲရြက္အနည္းငယ္

#‎ၾကက္သြန္ၿဖဴဆီခ်က္‬ ၾကက္သြန္ၿဖဴ ၄မႊာ တ႐ုတ္မဆလာဇြန္းေသး၂ဇြန္း ႏွမ္းၿဖဴ အနည္းငယ္

#‎ၾကက္သားဟင္းအႏွစ္‬ ၾကက္သားရင္ပံုသား ၂ခု ၾကက္သြန္နီအေနေတာ္ ၄လံုး ခရမ္းခ်ဥ္သီးအေနေတာ္ ၆လံုး ၾကက္သြန္ၿဖဴ ၈မႊာ င႐ုတ္သီးအစိမ္းမႈန့္ထမင္းစားဇြန္း ၂ဇြန္း ဆား အနည္းငယ္ ပဲငံၿပာရည္အက်ဲ ၂ဇြန္း

ခ်က္ပံုခ်က္နည္း ***********

၁။ၾကက္သားရင္ပံုသားမ်ားကိုသန့္စင္ၿပီးအတံုးေသးေသးတံုးပါ။နႏြင္းနဲ့ဆားအနည္းငယ္တို့ႏွင့္ေရာနယ္ပါ။

၂။ဟင္းအႏွစ္အတြက္ခရမ္းခ်ဥ္သီးကိုအေစ့ေတြဖယ္ၿပီးပါးပါးလွီးပါ။ၾကက္သြန္နီၾကက္သြန္ၿဖဴတို့ကိုပါးပါးလွီးပါ။

၃။ဒယ္အိုးထဲဆီထည့္ၿပီးဆီဆူလာလွ်င္ၾကက္သြန္နီၾကက္သြန္ၿဖဴင႐ုတ္သီးအစိမ္းမႈန့္တို့ထည့္ၿပီးဆီသတ္ပါ။

၄။အနံ့ေမႊးလာလွ်င္ခရမ္းခ်ဥ္သီးေတြကိုအရင္ေၾကေအာင္ခ်က္ပါ။ၿပီးမွၾကက္သားေတြကိုထည့္လံုးပါ။၃မိနစ္ခန့္ၾကာလွ်င္ေရေႏြးအနည္းငယ္ထည့္ပါ။

၅။ဆီၿပန္ေအာင္ဆက္တည္ပါ။ဆားအနည္းငယ္ႏွင့္ပဲငံၿပာရည္ထည့္ေမႊပါ။

၆။ဟင္းအႏွစ္အရည္အတြက္ေရေႏြးအနည္းငယ္ထပ္တည့္ၿပီးပြက္ပြက္ဆူေအာင္တည္ထားပါ။

၇။ၾကက္သြန္ၿဖဴဆီခ်က္အတြက္ၾကက္သြန္ၿဖဴကိုအရင္ဆီသတ္ပါ။မီးပိတ္ၿပီးမွတ႐ုတ္မဆလာထည့္ေမႊပါ။ႏွမ္းၿဖဴထည့္ၿပီးပန္ကန္လံုးထဲေၿပာင္းထည့္ပါ။

၈။ဆန္ေခါက္ဆဲြေတြကိုေရႏွစ္နာရီခန့္ၾကီဳစိမ္ပါ။

၉။ေၿမပဲဆံေလွာ္ကိုအခံြခၽြတ္ၿပီးမညက္တညက္ေထာင္းထားပါ။

၁၀။ၾကက္သြန္မိတ္ႏွင့္႐ွမ္းခ်ဥ္ကိုေသးေသးလွီးထားပါ။

၁၁။ဟင္းခ်ိဳအတြက္ၾကက္႐ုိးေတြကိုခ်င္း၊ၾကက္သြန္ၿဖဴတို့ႏွင့္ၿပဳတ္ထားပါ။

၁၂။မုန့္ဖတ္ၿပဳတ္ရန္အတြက္အ၀က်ယ္ေရေႏြးအိုးကိုပြက္ပြက္ဆူေအာင္တည္ထားပါ။

စားေတာ့မည္ဆိုသည့္အခါျပင္ဆင္ရမည့္အေနအထား ***************************************

စားႏိုင္သေလာက္မုန့္ဖတ္ကို႐ွိးတံ႐ွည္ဇကာထဲထည့္ၿပီးပြက္ပြက္ဆူေနေသာေရေႏြးအိုးထဲစိမ္လိုက္ပါ။ၿပီးလွ်င္တူၿဖင့္အနည္းငယ္ေမႊေပးပါ။

ေရစစ္ၿပီးစားမည့္ပန္းကန္ထဲထည့္ပါ။ၾကက္သားဟင္းအႏွစ္၊ေၿမပဲဆံေလွာ္မႈန့္၊ၾကက္သြန္ၿဖဴဆီခ်က္၊စေသာအစာပလာအနည္းငယ္စီထည့္ၿပီးၿပင္ေပးပါ။

 ပဲငံၿပာရည္အပ်စ္ကိုလက္ဖက္ရည္ဇြန္းၿဖင့္ပါေလကာထည့္ေပးပါ။ကိုယ္ၾကိဳက္သလိုခ်ဥ္ငံစပ္ၿဖစ္ေအာင္လိုတာထပ္ထည့္ပါ။

ဟင္းခ်ိဳအတြက္ၾကက္႐ုိးၿပဳတ္ရည္ကိုခပ္ထည့္ၿပီးၾကက္သြန္မိတ္ႏွင့္င႐ုတ္ေကာင္းအနည္းငယ္ထည့္လိုက္လွ်င္အဆင္သင့္စားဖို႔အရသာၿပီးျပည့္စံုတဲ့႐ွမ္းေခါက္ဆြဲျဖစ္ပါၿပီဗ်ာ..။


ဂ်ပန္စတိုင္လ္ Sukiyaki ေဟာ့ေပါ့ျပဳလုပ္နည္း




သတ္သတ္လြတ္ျဖစ္တာမို႔ ဟင္းရြက္၊ပဲျပား၊ဂ်ပန္ေခါက္ဆြဲ စံုစံုလင္လင္ျဖင့္ မိသားစု (သို႕မဟုတ္) သူငယ္ခ်င္းတို႔ႏွင့္ အတူတူ ေဟာ့ေပါ့ လုပ္စားႏိုင္ပါတယ္။ အရည္အရသာ ခ်ိဳဆိမ့္တဲ့အရသာရရွိမွာပါ။

ပါ၀င္ပစၥည္းမ်ား - Sukiyaki ေခါက္ဆြဲ ၂၅၀ ဂရမ္၊ မႈိေျခာက္ပြင့္ ၁၀ခု (ေရေႏြးျဖင့္ျပဳတ္ျပီး အညွာဖယ္ေပးပါ)၊ Enoki မႈိ (သို႕မဟုတ္) Shimeji မႈိ ၂ထုပ္၊ ဂ်ပန္တိုဟူး ၃၀၀ ဂရမ္(အတံုးေသးမ်ားတံုးထားပါ)၊ တရုတ္နံနံ တစ္ခြက္စာ (တစ္လက္မအရြယ္ ပိုင္းျဖတ္ပါ)၊ ၾကက္သြန္ျမိတ္ ၂စည္း(အေစာင္းပါးပါးလွီးပါ)၊ၾကက္ဥ သံုးလံုး (ခေလာက္ထားပါ) (Optional)။

ေဆာ့စ္ရည္တြင္ ပါ၀င္ပစၥည္းမ်ား - ဆာေကး(ဆန္၀ိုင္) တစ္ခြက္၊ Mirin (ဆန္၀ိုင္ခ်ိဳ) တစ္ခြက္၊ပဲငံျပာရည္(အၾကည္) တစ္ခြက္၊ သၾကား စားပြဲဇြန္း ေလးဇြန္း၊ ေရ ၂၀၀ မီလီလီတာ။

ျပင္ဆင္နည္း

ေဆာ့စ္ရည္ပါ၀င္ပစၥည္းမ်ားျဖစ္ေသာ (ဆာေကး၊Mirin၊ပဲငံျပာရည္၊သၾကား၊ေရ)တို႕ကို ဒယ္အိုးထဲထည့္ျပီး သၾကားအရည္ေပ်ာ္သည္အထိ တစ္မိနစ္ခန္႔တည္ျပီး ျပန္ဖယ္ထားပါ။ ဒယ္အိုးတစ္ခုထဲ ေရမ်ားမ်ားထည့္ျပီး ဆူလာလွ်င္ ဆား(လက္ဖက္ရည္ဇြန္း တစ္၀က္)၊ေခါက္ဆြဲမ်ား ကို တစ္မိနစ္ခန္႔ထည့္ျပဳတ္ေပးျပီး ဆန္ကာျဖင့္ျပန္ဆယ္ေပးပါ။

ေဟာ့ေပါ့ျပဳလုပ္နည္း

Electric Pot အိုးထဲသို႔ ဆီ(စားပြဲဇြန္းတစ္ဇြန္း)ထည့္ေပးျပီး ဆီပူလာလွ်င္ တိုဟူးမ်ားကို အညိဳေရာင္သမ္းသည္အထိ ေၾကာ္ေပးပါ။ ထို႔ေနာက္ ေဆာ့စ္ရည္တစ္၀က္ေလာက္ေလာင္းထည့္ေပးျပီး ဆူသည္အထိ တည္ထားပါ။ဆူလာလွ်င္ ၾကက္ဥမွလြဲ၍ (တိုဟူး၊ ေခါက္ဆြဲ၊မႈိ၊ၾကက္သြန္ျမိတ္၊တရုတ္နံနံ)တို႕ကိုထည့္ေပးပါ။ ျပီးေနာက္ အဖံုးအုပ္ျပီး မီးအသင့္အတင့္ျဖင့္ တည္ထားပါ။ ဟင္းရြက္မ်ား၊ တိုဟူးမ်ားထပ္ထည့္လွ်င္ ေဆာ့စ္ရည္ထည့္ေပးပါ။ ဟင္းရြက္မ်ားႏြမ္းသြားလွ်င္ ၾကက္ဥခြက္ထဲ ဟင္းရြက္မ်ားကိုႏွစ္ျပီး Sukiyaki ဂ်ပန္ေဟာ့ေပါ့ကို စိတ္ၾကိဳက္သံုးေဆာင္လို႕ရပါျပီ။

Thursday, December 24, 2020

Video Conferencing Etiquette

ဗီဒီယိုကွန်ဖရင့် အစည်းအဝေးပြုလုပ်ရာတွင် သတိထားသင့်သည့် အချက်များ

============================================




နိဒါန်း

အခုအချိန်မှာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် တစ်ကမ္ဘာလုံးမှာ ခပ်ခွာခွာနေခြင်း၊ လူစုလူဝေးမပြုလုပ်ဘဲ မိမိအိမ်မှာပင် နေထိုင်ခြင်း၊ နေအိမ်ကနေ အလုပ်လုပ်ခြင်း၊ နိုင်ငံတကာခရီးသည်တင် လေကြောင်းလိုင်းတွေ ပိတ်ပင်ထားခြင်း စတဲ့ကန့်သတ်ချက်တွေရှိနေချိန်မှာ အစိုးရအဖွဲ့အစည်းတွေအကြား၊ စီးပွားရေးလုပ်ငန်းတွေအကြား၊ လူမှုအဖွဲ့အစည်းတွေအကြား၊ မိတ်ဆွေတွေအကြား မျက်နှာချင်းဆိုင် စုစည်းတွေ့ဆုံဆွေးနွေးမှုတွေ မပြုလုပ်နိုင်သေးတဲ့အတွက် အင်တာနက် online ကို အသုံးပြုပြီး ဗီဒီယိုကွန်ဖရင့် အစည်းအဝေးတွေ ကျယ်ကျယ်ပြန့်ပြန့် ပြုလုပ်လာကြတာကို တွေ့မြင်ရပါတယ်။


ဒီလို online ဗီဒီယိုကွန်ဖရင့်အစည်းအဝေးတွေ ပြုလုပ်လာတာဟာ အများစုအတွက် အသစ်အဆန်းဖြစ်နေတာကြောင့်  နားလည်မှုလွဲမှားမှုတွေ၊ အမှားအယွင်းတွေ၊ မဖြစ်သင့်တာတွေ ရှိနေ တာကိုလည်း တွေ့မြင်ရပါတယ်။ online အစည်းအဝေးတွေဟာ ရုပ်မြင်သံကြား (သို့မဟုတ်) လက်ပ်တော့ကွန်ပျူတာကို အများဆုံးအသုံးပြုကြတာဖြစ်တဲ့အတွက် အစည်းအဝေးမှာ ပါဝင်သူများလေလေ၊ ရုပ်မြင်သံကြားနဲ့ ကွန်ပျူတာဖန်သားပြင်မှာ ပါဝင်ဆွေးနွေးသူကိုယ်စားလှယ်တိုင်းရဲ့ပုံကို ဖော်ပြနိုင်မှုအချိုးအစား နည်းလေလေဖြစ်ပါတယ်။


တချို့ကိစ္စတွေမှာဆိုရင်   ၃-၄    ဦးလောက်ကိုသာ ဖန်သားပြင်မှာ ဖော်ပြထားနိုင်တာ ရှိပါတယ်။ ဒါကြောင့် အချို့သူတွေဟာ မိမိပါဝင်ပြောဆိုဆွေးနွေးချိန်လောက် ကိုသာ အထူးဂရုပြုကြပြီး ကျန်အချိန်တွေမှာ မိမိနေချင် သလိုပုံစံမျိုးနဲ့ နေထိုင်ကြတာ၊ အစားအသောက်စားကြ တာ၊ မိမိအခန်းတွင်းရှိ အခြားသူများကို လှည့်စကားပြော တာ၊ သန်းဝေတာ၊ မကြာခဏ ထိုင်ခုံကထသွားတာစတဲ့ အပြုအမူတွေကို ပြုလုပ်ကြလေ့ရှိတာကို တွေ့မြင်ရပါ တယ်။


သူတို့သတိမထားမိတာက သူတို့ကိုအချိန်တိုင်း ကင်မရာကရိုက်ထားပြီး   အစည်းအဝေးမှာ   ပါဝင်နေ ကြတဲ့ တစ်ဖက်ကိုယ်စားလှယ်တွေရဲ့ ရုပ်မြင်သံကြားနဲ့ ကွန်ပျူတာဖန်သားပြင်မှာ ပေါ်နေတယ်ဆိုတဲ့ အချက် ရယ်၊ မိမိအပြုအမူကြောင့် တစ်ဖက်ကိုယ်စားလှယ်တွေမှာ ကသိကအောက်ဖြစ်ရတယ်ဆိုတဲ့ အချက်တွေပဲ ဖြစ်ပါ တယ်။ အထူးသဖြင့် အစည်းအဝေးမှာ မိမိအထက်အကြီး အကဲတွေ၊ နိုင်ငံတော်အဆင့်အကြီးအကဲတွေ ပါဝင်မယ့် အစည်းအဝေးတွေဆို တစ်ဖက်သူတွေ မျက်နှာမပျက် စေဖို့ရော၊ မိမိအပေါ် အထင်အမြင်လွဲမှားမှုတွေကို ရှောင် ရှားနိုင်ဖို့အတွက်ရော  ပိုမိုသတိထား  ဆောင်ရွက်သင့် ကြပါတယ်။ 


ဒါကြောင့်  online ဗီဒီယိုကွန်ဖရင့်အစည်းအဝေး တွေ ပြုလုပ်ရာမှာ ဆောင်သင့်တဲ့ အချက်တွေ၊ ရှောင်သင့် တဲ့အချက်တွေကို စုစည်းဖော်ပြလိုက်ရပါတယ်။ 


အသုံးပြုတဲ့အခန်းကို အလင်းရောင်ကောင်းစွာ ရရှိဖို့  ဂရုပြုပါ


online ဗီဒီယိုကွန်ဖရင့်အစည်းအဝေး ပြုလုပ်ဖို့ မိမိအသုံးပြုမယ့်အခန်းဟာ အလင်းရောင်ကောင်းစွာရရှိမှ ကိုယ့်ကို ကျန်ပါဝင်သူတွေက ကောင်းမွန်စွာမြင်တွေ့ နိုင်မှာ ဖြစ်ပါတယ်။ ဒါမှ  သင်နှင့်ကျန်ပါဝင်သူတွေအကြား ဆွေးနွေးနေတယ်ဆိုတာကိုလည်း   တစ်ဖက်သားက ခံစားနိုင်မှာဖြစ်ပါတယ်။  ဒါကြောင့်  သဘာဝအတိုင်း အလင်းရောင်ကောင်းစွာ ရရှိတဲ့အခန်း (သို့မဟုတ်) အလင်း ရောင်လိုအပ်ရင် လိုအပ်သလောက် အတိုင်းအတာရှိတဲ့ မီးအလင်းရောင်သုံးဖို့ လိုအပ်ပါတယ်။

နေရာရွေးပါ၊ နောက်ခံအပြင်အဆင်ကို ဂရုပြုပါ။


online   ဗီဒီယိုကွန်ဖရင့်အစည်းအဝေးအတွက် ဖြစ်နိုင်ရင် သီးသန့်နေရာတစ်ခု ရွေးချယ်ပါ။ မိမိရဲ့ နံရံမှာ ချိတ်ဆွဲထားတာတွေ၊    အခန်းအပြင်အဆင်တွေဟာ အစည်းအဝေး တက်ရောက်သူတွေအားလုံးက တွေ့မြင် ကြမှာဖြစ်တဲ့အတွက် နံရံဟာ အလုပ်နဲ့ဆက်စပ်တဲ့ ပုံစံ မျိုးဖြစ်နေအောင်၊ သန့်ရှင်းနေအောင် ဂရုပြုပြင်ဆင်ဖို့ လိုအပ်ပါတယ်။  အလားတူ စားပွဲပေါ်မှာလည်း ကော်ဖီ ခွက်တွေ၊ ပန်းကန်တွေနဲ့ အခြားအမြင်မသင့်တော်မယ့် အရာတွေမရှိနေစေဖို့ လိုအပ်ပါတယ်။ အခန်းက ရှုပ်ပွ နေလို့ မရှင်းနိုင်ဘူး၊ အချိန်မရှိဘူးဆိုရင်တောင် နည်းပညာ အကူအညီနဲ့ Virtual background ကို ပြောင်းလဲထားနိုင် ပါတယ်။ Zoom၊ Skype နဲ့ Microsoft Teams တို့ရဲ့ Software အကူအညီနဲ့ ဆောင်ရွက်နိုင်ပါတယ်။


ဗီဒီယိုကင်မရာကို စနစ်တကျချိန်ပါ


မိမိရဲ့ ဗီဒီယိုကင်မရာကို ချိန်ရာမှာ မိမိကို ထင်ရှား စွာမြင်နိုင်မယ့် အနေအထားဖြစ်အောင် စနစ်တကျ ကြိုတင်ချိန်ထားဖို့  လိုအပ်ပါတယ်။ ရုပ်မြင်သံကြား (သို့မဟုတ်) ကွန်ပျူတာဖန်သားပြင်မှာ မိမိဟာ သိပ်ဝေး လွန်း၊ သိပ်နီးလွန်းအနေအထားတွေ မဖြစ်ဖို့ရယ်၊ ကင်မရာ ကို  သိပ်မြင့်တဲ့နေရာ၊ နိမ့်လွန်းတဲ့နေရာ (ဒါမှမဟုတ်) အခြားတစ်နေရာရာမှာ   အလွယ်တကူချိတ်ဆွဲထားခြင်း မျိုးကို ရှောင်ရှားသင့်ပါတယ်။ ကင်မရာ ဒီဂရီချိန်မှုအနေ အထားကြောင့်   မိမိရဲ့ခန္ဓာကိုယ်အနေအထား    ဖန်သားပြင်မှာ  အဆင်မပြေပေါ်နေခြင်းဟာ ပါဝင်တက်ရောက်သူအားလုံး အတွက်        စိတ်ကသိကအောက်ဖြစ်စေနိုင်တဲ့ကိစ္စ   ဖြစ်ပါတယ်။   ဒါကြောင့် ကင်မရာကို  အစည်းအဝေးမှာ   မိမိသုံးမယ့်  ကွန်ပျူတာမှာ မိမိရဲ့မျက်စိနဲ့ တစ်တန်းတည်း ထားတဲ့  အနေအထားမှာ      ချိန်သင့်ပါတယ်။   သီးခြား ကင်မရာကို အသုံးပြုတယ်ဆိုရင်လည်း     ရုပ်မြင်သံကြား (သို့မဟုတ်)  ကွန်ပျူတာဖန်သားပြင်နဲ့ အနီးဆုံးနေရာမှာ                         ထားရှိပါ။


အစည်းအဝေးမစတင်မီ မိုက်ခရိုဖုန်းကို ကြိုတင်စမ်းသပ် ထားပါ


online ဗီဒီယိုကွန်ဖရင့်အစည်းအဝေး မစတင်မီမှာ မိမိရဲ့ မိုက်ခရိုဖုန်း မှန်ကန်စွာ အလုပ်လုပ်/မလုပ်၊ မိမိအသံ ကို   ကျန်ကိုယ်စားလှယ်တွေက    ကောင်းကောင်းကြား/မကြားကို ကြိုတင်စစ်ဆေးထားဖို့ လိုအပ်ပါတယ်။ အထူး သဖြင့် အရေးကြီးအစည်းအဝေးတွေဆိုရင် ပိုပြီးဂရုစိုက်ရ ပါမယ်။ မိမိမိတ်ဆွေတွေနဲ့   ကြိုတင်ချိတ်ဆက်ထားပြီး စစ်ဆေးထားရပါမယ်။     အရေးကြီးတဲ့ကိစ္စရပ်တွေကို ဆွေးနွေးကြချိန်မှာ မိမိဆွေးနွေးမှုတွေကို ကျန်ကိုယ်စားလှယ် တွေ မကြားရတာ၊ အသံဝေဝါးတာမျိုး ဖြစ်တာတွေဟာ စိတ်ကသိကအောက်ဖြစ်စရာ  အကြောင်းတွေဖြစ်ပါတယ်။ 


အခြားသူများအပေါ် လေးစားမှုပြပါ


မိမိအနေနဲ့ အစည်းအဝေးမှာ ပါဝင်ဆွေးနွေးကြသူ တိုင်းကို အလေးဂရုပြုကြောင်းပြသတဲ့အနေနဲ့ သတ်မှတ် ချိန်အမီ   တိတိကျကျပါဝင်ပါ။  စကားပြောရာမှာလည်း   အားလုံးသိစေဖို့  မိမိဘယ်သူဆိုတာကိုလည်း မိတ်ဆက် ပေးပါ။   ဒါမှ  အခြားသူတွေက    သင့်ကို နာမည်တပ်ပြီး ရည်ညွှန်းပြောနိုင်မှာဖြစ်ပါတယ်။   အလားတူ   အခြား သူတွေရဲ့အမည်တွေကိုလည်း မှတ်မိအောင်လုပ်ထားပြီး လိုအပ်ရင် သူတို့နာမည်တွေကိုတပ်ပြီး စကားပြောပါ။ အခြားသူတွေ ဆွေးနွေးနေတုန်းမှာ ကြားဖြတ်ဝင်မပြောမိဖို့ လည်း ဂရုပြုရပါမယ်။ 


မိမိ၏ မိုက်ခရိုဖုန်းကို အသံပိတ်ထားပါ


မိမိအနေနဲ့ အစည်းအဝေးမှာ ပါဝင်ဆွေးနွေးဖို့ အလှည့် မရောက်သေးတဲ့အချိန်မှာရော၊ အစည်းအဝေးမစတင်မီ အချိန်မှာပါ   မိမိရဲ့မိုက်ခရိုဖုန်းကို   အသံပိတ်ထားပါ။ နောက်ခံအသံတွေဟာ အခြားဆွေးနွေးသူတွေရဲ့ ပြောဆို သံကို အနှောင့်အယှက်ဖြစ်စေရုံသာမက    ပါဝင်သူတွေ ကိုလည်း စိတ်အနှောင့်အယှက်ဖြစ်စေပါတယ်။ မိမိပါဝင်ဆွေးနွေးတဲ့အချိန်ရောက်ရင်လည်း      မိုက်ခရိုဖုန်းကို ပြန်ဖွင့်ဖို့လိုအပ်ပါတယ်။ ဒါမှ မိမိရဲ့ဆွေးနွေးချက်ကို ကျန် ပါဝင်သူတွေအားလုံး   ကြားနိုင်မှာဖြစ်ပါတယ်။  အစည်း အဝေးပြုလုပ်မယ့်အိမ်မှာ (သို့မဟုတ်) ရုံးခန်းမှာ အတူနေ မိသားစုဝင်တွေ (သို့မဟုတ်) လုပ်ဖော်ကိုင်ဖက်တွေ၊ အခန်း ဖော်တွေ   ရှိနေတယ်ဆိုရင်လည်း  အစည်းအဝေးလုပ်ဖို့ ရှိတဲ့အကြောင်း ကြိုတင်အသိပေးထားခြင်းဖြင့်  မလိုလား အပ်တဲ့ အနှောင့်အယှက်ဖြစ်မှုတွေကို ကြိုတင်တားဆီးထား နိုင်မှာ ဖြစ်ပါတယ်။ အရေးကြီးတာက မိမိရဲ့လက်ကိုင်ဖုန်းကို အသံပိတ်ထားဖို့ လိုအပ်မှာဖြစ်ပါတယ်။


သင့်တင့်လျောက်ပတ်စွာ ဝတ်စားဆင်ယင်မှုပြုပါ


online   ဗီဒီယိုကွန်ဖရင့်   အစည်းအဝေးအတွက် တစ်ခါတရံ မိမိအိမ်ကနေပဲ  ပြုလုပ်တတ်ကြတဲ့အတွက် အိမ်နေရင်းအဝတ်အစားနဲ့ပဲ    ပါဝင်တတ်ကြပါတယ်။ မကြာခင်က Work  from  Home အစီအစဉ်နဲ့အလုပ်လုပ်နေတဲ့ သတင်းကြေညာသူတစ်ဦးဟာ အပေါ်ကကုတ်အင်္ကျီဝတ် ထားသော်လည်း အောက်ပိုင်းမှာ ဘောင်းဘီတိုကိုသာ ဝတ်ဆင်ပြီး သတင်းကြေညာခဲ့ပါတယ်။ သို့သော် ကင်မရာ အနေအထား မထင်မှတ်ဘဲ ပြောင်းလဲသွားမှုကြောင့်  သူ ဘောင်းဘီတိုကိုသာ ဝတ်ထားကြောင်း သတင်းကြည့်နေသူ အားလုံးတွေ့မြင်ခဲ့ရပါတယ်။ ဒါကြောင့် ကင်မရာအနေ အထား ပြောင်းလဲသွားနိုင်မှု ဖြစ်နိုင်ခြေရှိတာရယ်၊ စကား ပြောရင်းမေ့ပြီး မတ်တတ်ထသွားမိနိုင်တာရယ်တွေကြောင့် သင်ဟာ တစ်ဖက်လူတွေနဲ့   မျက်နှာချင်းဆိုင်   တွေ့ဆုံ ဆွေးနွေးနေတယ်လို့     သဘောထားပြီး     သင့်တင့်               လျောက်ပတ်စွာ ဝတ်စားဆင်ယင်ဖို့ လိုအပ်ပါတယ်။


ဖြစ်နိုင်ရင် မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးစကား ပြောနေတယ်လို့ယူဆပြီး   ဝတ်စားဆင်ယင်ပါ။  အစင်း အကျားတွေနဲ့အင်္ကျီ၊ အရောင်တောက်လွန်းတဲ့အင်္ကျီတွေ ဟာ  ကွန်ပျူတာဖန်သားပြင်မှာ မှန်မှန်ကန်ကန် မပေါ်တတ် တဲ့အတွက် အနှောင့်အယှက် ဖြစ်စေတတ်ပါတယ်။ အလုပ် မှာ သတ်မှတ်ထားတဲ့ ယူနီဖောင်းဝတ်စုံရှိတယ်ဆိုရင်  ယူနီ ဖောင်းဝတ်တာ အကောင်းဆုံးပါ။ အနည်းဆုံး လိုအပ်ချက် ကတော့ ကြည့်ပျော်ရှုပျော်ရှိစေဖို့ သင့်တင့်လျောက်ပတ်စွာ  ဝတ်စားဖို့ ဖြစ်ပါတယ်။ 


အစည်းအဝေးပြုလုပ်နေစဉ်  စိတ်ဝင်တစားရှိပါ၊ 

တခြားအလုပ်များကို လုပ်ဆောင်ခြင်းမှ ရှောင်ပါ။


online ဗီဒီယိုကွန်ဖရင့်အစည်းအဝေး ပြုလုပ်နေ ချိန်မှာ မိမိအနေနဲ့ ဖုန်းပြောခြင်း၊ အင်တာနက်ကြည့်ခြင်း၊ အစားအသောက်စားခြင်း အပါအဝင် အခြားအလုပ်တွေ လုပ်မနေဖို့ ဂရုပြုရပါမယ်။ ကျန်ကိုယ်စားလှယ်တွေက သင်ဟာအစည်းအဝေးမှာ အာရုံရှိမနေဘူးဆိုတာ လွယ် လွယ်သိနိုင်သလို အစည်းအဝေးအပေါ် အလေးအနက် မရှိဘူးလို့လည်း ထင်မြင်သွားစေနိုင်ပါတယ်။ မိမိအလှည့် ကျလို့ စကားပြောရင်လည်း  ကွန်ပျူတာဖန်သားပြင် မှာပေါ်နေတဲ့   မိမိရဲ့ပုံကိုကြည့်ပြီးမပြောဘဲ  ကင်မရာကို ကြည့်ပြီးပြောပါ။   ဒါမှ   ကျန်ကိုယ်စားလှယ်တွေက သင်ဟာ အစည်းအဝေးမှာ အားလုံးနဲ့ ထိတွေ့မှုရှိနေတယ် ဆိုတဲ့ ခံစားမှုမျိုးရစေမှာဖြစ်ပါတယ်။


မိမိဆွေးနွေးနေချိန် လိုအပ်တဲ့စာရွက်စာတမ်းကို လှန်လှောကြည့်ရှုဖို့ အချိန်ခဏယူရမယ်ဆိုရင်တောင် အခြားသူတွေကို အသိပေးထားပါ။ အသံတိတ်ဆိတ်မှု အချိန်ကြာသွားခဲ့ရင်     ကျန်ကိုယ်စားလှယ်တွေက သင့်ဘက်က အင်တာနက်လိုင်း ပြတ်တောက်သွားပြီလို့ ယူဆသွားနိုင်လို့ ဖြစ်ပါတယ်။ မိမိစကားပြောရမယ့်အချိန် မဟုတ်ရင်လည်း အခြားသူများရဲ့ ဆွေးနွေးမှုတွေကို အလေးပေးအာရုံစိုက် နားထောင်ပါ။ 


online ဗီဒီယိုကွန်ဖရင့်အစည်းအဝေးလုပ်နေစဉ် မိမိရဲ့ မျက်နှာကို ဖန်သားပြင်မှာပေါ်အောင်လုပ်ထားပါ၊ ဒါမှ သင့်ကို ကင်မရာက အမြဲချိန်ရွယ် မှတ်တမ်းတင်နေတယ် ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိပေးထားသလိုလည်း ဖြစ်စေ ပါတယ်။ 


မိမိမှ ပါဝင်ဆွေးနွေးလိုပါက အချက်ပြပါ


မျက်နှာချင်းဆိုင် အစည်းအဝေးမှာ မိမိအနေနဲ့ ပါဝင်ဆွေးနွေးမယ်ဆိုရင် လွယ်လွယ်ကူကူ အသိပေးနိုင် ပေမယ့် online ဗီဒီယိုကွန်ဖရင့်အစည်းအဝေးမှာတော့  ထင်သာမြင်သာအောင် လက်ထောင်ပြခြင်း၊ Chat function ကိုအသုံးပြုပြီး မေးခွန်းမေးခြင်းစသည်ဖြင့်  အသိပေးနိုင်ပါ တယ်။ ဗီဒီယိုကွန်ဖရင့် အစည်းအဝေးတွေမှာ တစ်ဖက်လူက စကားပြောနေစဉ် မထင်မှတ်ဘဲ  ဝင်ပြောမိတာတွေလည်း    ဖြစ်တတ်လို့ ဂရုပြုရပါမယ်။ ပါဝင်ဆွေးနွေးရာမှာလည်း စကားကို ပီပီသသပြောကြားရပါမယ်။ တစ်ဖက်က မကြား ဘူးထင်လို့ စကားကိုအကျယ်ကြီး မပြောမိဖို့လည်း အထူး လိုအပ်ပါတယ်။ အကောင်းဆုံးကတော့ ဗီဒီယိုကွန်ဖရင့် အစည်းအဝေးတွေမှာ ဘယ်သူပြီးရင် ဘယ်သူပြောရမယ် ဆိုတဲ့  အလှည့်ကျစကားပြော အစီအစဉ် ကြိုတင်သတ်မှတ် ထားနိုင်ရင် ကောင်းပါတယ်။ 


မိမိရဲ့ကိုယ်ခန္ဓာလှုပ်ရှားမှု အနည်းဆုံးဖြစ်အောင် ထားပါ


မိမိအနေနဲ့ အစည်းအဝေးမှာ လက်ဟန်ခြေဟန်နဲ့ ပြောဆိုဆွေးနွေးတတ်သူဖြစ်ရင် online ဗီဒီယိုကွန်ဖရင့် အစည်းအဝေးမှာတော့  ဒီအချက်ကို ဂရုပြုရပါမယ်။ ဘာ ကြောင့်လည်းဆိုတော့ လက်လှုပ်ရှားမှုတွေဟာ တစ်ဖက် ဖန်သားပြင်ကကြည့်နေတဲ့ ကျန်ကိုယ်စားလှယ်တွေအတွက် အာရုံနောက်စေတတ်ပါတယ်။ အလားတူပဲ ခေါင်းလှုပ်ရှား မှုကို အနည်းဆုံးဖြစ်အောင်   အလေးထားရပါမယ်။ ခန္ဓာ ကိုယ်ကို ရှေ့ထိုးနောက်ငင် လှုပ်နေတာမျိုးတွေကိုလည်း ရှောင်ရှားရပါမယ်။ 


ဗီဒီယိုကွန်ဖရင့်အစည်းအဝေးတွေရဲ့ အားသာချက်များ


online ဗီဒီယိုကွန်ဖရင့်အစည်းအဝေး ပြုလုပ်ခြင်း ကြောင့် အားသာချက်တွေ ရှိပါတယ်။ ပထမအချက်က အစည်းအဝေးကို မိမိရုံးခန်း (သို့မဟုတ်) နေအိမ်ကနေ ပြုလုပ်ရတဲ့အတွက် အစည်းအဝေးရှိရာနေရာကို သွား ရောက်ဖို့ အချိန်နဲ့ကုန်ကျစရိတ် သက်သာမှုပဲ ဖြစ်ပါတယ်။ သူနဲ့တစ်ဆက်တစ်စပ်တည်း ဖြစ်ပေါ်လာတဲ့ အကျိုး              ကျေးဇူးကတော့  အစည်းအဝေးကို ပါဝင်တက်ရောက်မှုနှုန်း ထားကိုလည်း   ပိုမိုများပြားလာစေနိုင်ပါတယ်။  ဒုတိယ အချက်က  ဗီဒီယိုကွန်ဖရင့်အစည်းအဝေးတွေဟာ နေရာ ပေါင်းစုံက ပါဝင်တက်ရောက်သူတွေ ဖြစ်နေတတ်တာကြောင့် အစည်းအဝေးမစတင်မီ အစည်းအဝေးကြာမြင့်ချိန်ကို ကြိုတင်ညှိနှိုင်းထားတတ်ကြတဲ့အတွက် မလိုအပ်တဲ့ အကြောင်း အရာတွေထက် မိမိတို့ ဆွေးနွေးမယ့်ခေါင်းစဉ်အပေါ်   ပိုမို အလေးပေး  ဆွေးနွေးကြတဲ့အတွက်   ထိရောက်တဲ့ ဆွေးနွေးမှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ပိုမိုထိရောက်တဲ့ ရလဒ်ကိုလည်း ရရှိလာစေမှာဖြစ်ပါတယ်။ 


ဒါကြောင့် online ဗီဒီယိုကွန်ဖရင့်အစည်းအဝေးမှာ ဆောင်သင့်၊ ရှောင်သင့်တဲ့ အချက်တွေကို သိရှိထားခြင်းဖြင့် အစည်းအဝေးကနေ ရလဒ်ကောင်းတွေ ရရှိလာစေဖို့၊ လုပ်ငန်းရည်မှန်းချက်တွေ ထိရောက်အောင်မြင်စေဖို့ အထောက်အကူပြုမှာဖြစ်ပါကြောင်း တင်ပြလိုက်ရပါ တယ်။ 


တက္ကသိုလ်ဟန်စိုးဦး


ကိုးကား-

(၁) Working Remote? These are the Biggest Does and Don’ts of Video Conferencing by Bryan Lovgren

(၂) The Does   and Don’ts of Video Conferencing by Aliya Chaudhry

(၃) 11 Does & Don’ts of Video Conferencing Etiquette by Nicole Marie Richardson

(၄) The Dos & Don’ts of Video Conferencing Etiquette by Anita George

Source: Mirror


(Zawgyi) 


 ဗီဒီယိုကြန္ဖရင့္ အစည္းအေဝးျပဳလုပ္ရာတြင္ သတိထားသင့္သည့္ အခ်က္မ်ား

============================================




နိဒါန္း

အခုအခ်ိန္မွာ ကိုဗစ္-၁၉ ကူးစက္ေရာဂါေၾကာင့္ တစ္ကမၻာလုံးမွာ ခပ္ခြာခြာေနျခင္း၊ လူစုလူေဝးမျပဳလုပ္ဘဲ မိမိအိမ္မွာပင္ ေနထိုင္ျခင္း၊ ေနအိမ္ကေန အလုပ္လုပ္ျခင္း၊ နိုင္ငံတကာခရီးသည္တင္ ေလေၾကာင္းလိုင္းေတြ ပိတ္ပင္ထားျခင္း စတဲ့ကန႔္သတ္ခ်က္ေတြရွိေနခ်ိန္မွာ အစိုးရအဖြဲ႕အစည္းေတြအၾကား၊ စီးပြားေရးလုပ္ငန္းေတြအၾကား၊ လူမွုအဖြဲ႕အစည္းေတြအၾကား၊ မိတ္ေဆြေတြအၾကား မ်က္ႏွာခ်င္းဆိုင္ စုစည္းေတြ႕ဆုံေဆြးေႏြးမွုေတြ မျပဳလုပ္နိုင္ေသးတဲ့အတြက္ အင္တာနက္ online ကို အသုံးျပဳၿပီး ဗီဒီယိုကြန္ဖရင့္ အစည္းအေဝးေတြ က်ယ္က်ယ္ျပန႔္ျပန႔္ ျပဳလုပ္လာၾကတာကို ေတြ႕ျမင္ရပါတယ္။


ဒီလို online ဗီဒီယိုကြန္ဖရင့္အစည္းအေဝးေတြ ျပဳလုပ္လာတာဟာ အမ်ားစုအတြက္ အသစ္အဆန္းျဖစ္ေနတာေၾကာင့္  နားလည္မွုလြဲမွားမွုေတြ၊ အမွားအယြင္းေတြ၊ မျဖစ္သင့္တာေတြ ရွိေန တာကိုလည္း ေတြ႕ျမင္ရပါတယ္။ online အစည္းအေဝးေတြဟာ ႐ုပ္ျမင္သံၾကား (သို့မဟုတ္) လက္ပ္ေတာ့ကြန္ပ်ဴတာကို အမ်ားဆုံးအသုံးျပဳၾကတာျဖစ္တဲ့အတြက္ အစည္းအေဝးမွာ ပါဝင္သူမ်ားေလေလ၊ ႐ုပ္ျမင္သံၾကားနဲ႔ ကြန္ပ်ဴတာဖန္သားျပင္မွာ ပါဝင္ေဆြးေႏြးသူကိုယ္စားလွယ္တိုင္းရဲ့ပုံကို ေဖာ္ျပနိုင္မွုအခ်ိဳးအစား နည္းေလေလျဖစ္ပါတယ္။


တခ်ိဳ့ကိစၥေတြမွာဆိုရင္   ၃-၄    ဦးေလာက္ကိုသာ ဖန္သားျပင္မွာ ေဖာ္ျပထားနိုင္တာ ရွိပါတယ္။ ဒါေၾကာင့္ အခ်ိဳ့သူေတြဟာ မိမိပါဝင္ေျပာဆိုေဆြးေႏြးခ်ိန္ေလာက္ ကိုသာ အထူးဂ႐ုျပဳၾကၿပီး က်န္အခ်ိန္ေတြမွာ မိမိေနခ်င္ သလိုပုံစံမ်ိဳးနဲ႔ ေနထိုင္ၾကတာ၊ အစားအေသာက္စားၾက တာ၊ မိမိအခန္းတြင္းရွိ အျခားသူမ်ားကို လွည့္စကားေျပာ တာ၊ သန္းေဝတာ၊ မၾကာခဏ ထိုင္ခုံကထသြားတာစတဲ့ အျပဳအမူေတြကို ျပဳလုပ္ၾကေလ့ရွိတာကို ေတြ႕ျမင္ရပါ တယ္။


သူတို့သတိမထားမိတာက သူတို့ကိုအခ်ိန္တိုင္း ကင္မရာကရိုက္ထားၿပီး   အစည္းအေဝးမွာ   ပါဝင္ေန ၾကတဲ့ တစ္ဖက္ကိုယ္စားလွယ္ေတြရဲ့ ႐ုပ္ျမင္သံၾကားနဲ႔ ကြန္ပ်ဴတာဖန္သားျပင္မွာ ေပၚေနတယ္ဆိုတဲ့ အခ်က္ ရယ္၊ မိမိအျပဳအမူေၾကာင့္ တစ္ဖက္ကိုယ္စားလွယ္ေတြမွာ ကသိကေအာက္ျဖစ္ရတယ္ဆိုတဲ့ အခ်က္ေတြပဲ ျဖစ္ပါ တယ္။ အထူးသျဖင့္ အစည္းအေဝးမွာ မိမိအထက္အႀကီး အကဲေတြ၊ နိုင္ငံေတာ္အဆင့္အႀကီးအကဲေတြ ပါဝင္မယ့္ အစည္းအေဝးေတြဆို တစ္ဖက္သူေတြ မ်က္ႏွာမပ်က္ ေစဖို့ေရာ၊ မိမိအေပၚ အထင္အျမင္လြဲမွားမွုေတြကို ေရွာင္ ရွားနိုင္ဖို့အတြက္ေရာ  ပိုမိုသတိထား  ေဆာင္ရြက္သင့္ ၾကပါတယ္။ 


ဒါေၾကာင့္  online ဗီဒီယိုကြန္ဖရင့္အစည္းအေဝး ေတြ ျပဳလုပ္ရာမွာ ေဆာင္သင့္တဲ့ အခ်က္ေတြ၊ ေရွာင္သင့္ တဲ့အခ်က္ေတြကို စုစည္းေဖာ္ျပလိုက္ရပါတယ္။ 


အသုံးျပဳတဲ့အခန္းကို အလင္းေရာင္ေကာင္းစြာ ရရွိဖို့  ဂ႐ုျပဳပါ


online ဗီဒီယိုကြန္ဖရင့္အစည္းအေဝး ျပဳလုပ္ဖို့ မိမိအသုံးျပဳမယ့္အခန္းဟာ အလင္းေရာင္ေကာင္းစြာရရွိမွ ကိုယ့္ကို က်န္ပါဝင္သူေတြက ေကာင္းမြန္စြာျမင္ေတြ႕ နိုင္မွာ ျဖစ္ပါတယ္။ ဒါမွ  သင္ႏွင့္က်န္ပါဝင္သူေတြအၾကား ေဆြးေႏြးေနတယ္ဆိုတာကိုလည္း   တစ္ဖက္သားက ခံစားနိုင္မွာျဖစ္ပါတယ္။  ဒါေၾကာင့္  သဘာဝအတိုင္း အလင္းေရာင္ေကာင္းစြာ ရရွိတဲ့အခန္း (သို့မဟုတ္) အလင္း ေရာင္လိုအပ္ရင္ လိုအပ္သေလာက္ အတိုင္းအတာရွိတဲ့ မီးအလင္းေရာင္သုံးဖို့ လိုအပ္ပါတယ္။

ေနရာေရြးပါ၊ ေနာက္ခံအျပင္အဆင္ကို ဂ႐ုျပဳပါ။


online   ဗီဒီယိုကြန္ဖရင့္အစည္းအေဝးအတြက္ ျဖစ္နိုင္ရင္ သီးသန႔္ေနရာတစ္ခု ေရြးခ်ယ္ပါ။ မိမိရဲ့ နံရံမွာ ခ်ိတ္ဆြဲထားတာေတြ၊    အခန္းအျပင္အဆင္ေတြဟာ အစည္းအေဝး တက္ေရာက္သူေတြအားလုံးက ေတြ႕ျမင္ ၾကမွာျဖစ္တဲ့အတြက္ နံရံဟာ အလုပ္နဲ႔ဆက္စပ္တဲ့ ပုံစံ မ်ိဳးျဖစ္ေနေအာင္၊ သန႔္ရွင္းေနေအာင္ ဂ႐ုျပဳျပင္ဆင္ဖို့ လိုအပ္ပါတယ္။  အလားတူ စားပြဲေပၚမွာလည္း ေကာ္ဖီ ခြက္ေတြ၊ ပန္းကန္ေတြနဲ႔ အျခားအျမင္မသင့္ေတာ္မယ့္ အရာေတြမရွိေနေစဖို့ လိုအပ္ပါတယ္။ အခန္းက ရွုပ္ပြ ေနလို့ မရွင္းနိုင္ဘူး၊ အခ်ိန္မရွိဘူးဆိုရင္ေတာင္ နည္းပညာ အကူအညီနဲ႔ Virtual background ကို ေျပာင္းလဲထားနိုင္ ပါတယ္။ Zoom၊ Skype နဲ႔ Microsoft Teams တို့ရဲ့ Software အကူအညီနဲ႔ ေဆာင္ရြက္နိုင္ပါတယ္။


ဗီဒီယိုကင္မရာကို စနစ္တက်ခ်ိန္ပါ


မိမိရဲ့ ဗီဒီယိုကင္မရာကို ခ်ိန္ရာမွာ မိမိကို ထင္ရွား စြာျမင္နိုင္မယ့္ အေနအထားျဖစ္ေအာင္ စနစ္တက် ႀကိဳတင္ခ်ိန္ထားဖို့  လိုအပ္ပါတယ္။ ႐ုပ္ျမင္သံၾကား (သို့မဟုတ္) ကြန္ပ်ဴတာဖန္သားျပင္မွာ မိမိဟာ သိပ္ေဝး လြန္း၊ သိပ္နီးလြန္းအေနအထားေတြ မျဖစ္ဖို့ရယ္၊ ကင္မရာ ကို  သိပ္ျမင့္တဲ့ေနရာ၊ နိမ့္လြန္းတဲ့ေနရာ (ဒါမွမဟုတ္) အျခားတစ္ေနရာရာမွာ   အလြယ္တကူခ်ိတ္ဆြဲထားျခင္း မ်ိဳးကို ေရွာင္ရွားသင့္ပါတယ္။ ကင္မရာ ဒီဂရီခ်ိန္မွုအေန အထားေၾကာင့္   မိမိရဲ့ခႏၶာကိုယ္အေနအထား    ဖန္သားျပင္မွာ  အဆင္မေျပေပၚေနျခင္းဟာ ပါဝင္တက္ေရာက္သူအားလုံး အတြက္        စိတ္ကသိကေအာက္ျဖစ္ေစနိုင္တဲ့ကိစၥ   ျဖစ္ပါတယ္။   ဒါေၾကာင့္ ကင္မရာကို  အစည္းအေဝးမွာ   မိမိသုံးမယ့္  ကြန္ပ်ဴတာမွာ မိမိရဲ့မ်က္စိနဲ႔ တစ္တန္းတည္း ထားတဲ့  အေနအထားမွာ      ခ်ိန္သင့္ပါတယ္။   သီးျခား ကင္မရာကို အသုံးျပဳတယ္ဆိုရင္လည္း     ႐ုပ္ျမင္သံၾကား (သို့မဟုတ္)  ကြန္ပ်ဴတာဖန္သားျပင္နဲ႔ အနီးဆုံးေနရာမွာ                         ထားရွိပါ။


အစည္းအေဝးမစတင္မီ မိုက္ခရိုဖုန္းကို ႀကိဳတင္စမ္းသပ္ ထားပါ


online ဗီဒီယိုကြန္ဖရင့္အစည္းအေဝး မစတင္မီမွာ မိမိရဲ့ မိုက္ခရိုဖုန္း မွန္ကန္စြာ အလုပ္လုပ္/မလုပ္၊ မိမိအသံ ကို   က်န္ကိုယ္စားလွယ္ေတြက    ေကာင္းေကာင္းၾကား/မၾကားကို ႀကိဳတင္စစ္ေဆးထားဖို့ လိုအပ္ပါတယ္။ အထူး သျဖင့္ အေရးႀကီးအစည္းအေဝးေတြဆိုရင္ ပိုၿပီးဂ႐ုစိုက္ရ ပါမယ္။ မိမိမိတ္ေဆြေတြနဲ႔   ႀကိဳတင္ခ်ိတ္ဆက္ထားၿပီး စစ္ေဆးထားရပါမယ္။     အေရးႀကီးတဲ့ကိစၥရပ္ေတြကို ေဆြးေႏြးၾကခ်ိန္မွာ မိမိေဆြးေႏြးမွုေတြကို က်န္ကိုယ္စားလွယ္ ေတြ မၾကားရတာ၊ အသံေဝဝါးတာမ်ိဳး ျဖစ္တာေတြဟာ စိတ္ကသိကေအာက္ျဖစ္စရာ  အေၾကာင္းေတြျဖစ္ပါတယ္။ 


အျခားသူမ်ားအေပၚ ေလးစားမွုျပပါ


မိမိအေနနဲ႔ အစည္းအေဝးမွာ ပါဝင္ေဆြးေႏြးၾကသူ တိုင္းကို အေလးဂ႐ုျပဳေၾကာင္းျပသတဲ့အေနနဲ႔ သတ္မွတ္ ခ်ိန္အမီ   တိတိက်က်ပါဝင္ပါ။  စကားေျပာရာမွာလည္း   အားလုံးသိေစဖို့  မိမိဘယ္သူဆိုတာကိုလည္း မိတ္ဆက္ ေပးပါ။   ဒါမွ  အျခားသူေတြက    သင့္ကို နာမည္တပ္ၿပီး ရည္ညႊန္းေျပာနိုင္မွာျဖစ္ပါတယ္။   အလားတူ   အျခား သူေတြရဲ့အမည္ေတြကိုလည္း မွတ္မိေအာင္လုပ္ထားၿပီး လိုအပ္ရင္ သူတို့နာမည္ေတြကိုတပ္ၿပီး စကားေျပာပါ။ အျခားသူေတြ ေဆြးေႏြးေနတုန္းမွာ ၾကားျဖတ္ဝင္မေျပာမိဖို့ လည္း ဂ႐ုျပဳရပါမယ္။ 


မိမိ၏ မိုက္ခရိုဖုန္းကို အသံပိတ္ထားပါ


မိမိအေနနဲ႔ အစည္းအေဝးမွာ ပါဝင္ေဆြးေႏြးဖို့ အလွည့္ မေရာက္ေသးတဲ့အခ်ိန္မွာေရာ၊ အစည္းအေဝးမစတင္မီ အခ်ိန္မွာပါ   မိမိရဲ့မိုက္ခရိုဖုန္းကို   အသံပိတ္ထားပါ။ ေနာက္ခံအသံေတြဟာ အျခားေဆြးေႏြးသူေတြရဲ့ ေျပာဆို သံကို အေႏွာင့္အယွက္ျဖစ္ေစ႐ုံသာမက    ပါဝင္သူေတြ ကိုလည္း စိတ္အေႏွာင့္အယွက္ျဖစ္ေစပါတယ္။ မိမိပါဝင္ေဆြးေႏြးတဲ့အခ်ိန္ေရာက္ရင္လည္း      မိုက္ခရိုဖုန္းကို ျပန္ဖြင့္ဖို့လိုအပ္ပါတယ္။ ဒါမွ မိမိရဲ့ေဆြးေႏြးခ်က္ကို က်န္ ပါဝင္သူေတြအားလုံး   ၾကားနိုင္မွာျဖစ္ပါတယ္။  အစည္း အေဝးျပဳလုပ္မယ့္အိမ္မွာ (သို့မဟုတ္) ႐ုံးခန္းမွာ အတူေန မိသားစုဝင္ေတြ (သို့မဟုတ္) လုပ္ေဖာ္ကိုင္ဖက္ေတြ၊ အခန္း ေဖာ္ေတြ   ရွိေနတယ္ဆိုရင္လည္း  အစည္းအေဝးလုပ္ဖို့ ရွိတဲ့အေၾကာင္း ႀကိဳတင္အသိေပးထားျခင္းျဖင့္  မလိုလား အပ္တဲ့ အေႏွာင့္အယွက္ျဖစ္မွုေတြကို ႀကိဳတင္တားဆီးထား နိုင္မွာ ျဖစ္ပါတယ္။ အေရးႀကီးတာက မိမိရဲ့လက္ကိုင္ဖုန္းကို အသံပိတ္ထားဖို့ လိုအပ္မွာျဖစ္ပါတယ္။


သင့္တင့္ေလ်ာက္ပတ္စြာ ဝတ္စားဆင္ယင္မွုျပဳပါ


online   ဗီဒီယိုကြန္ဖရင့္   အစည္းအေဝးအတြက္ တစ္ခါတရံ မိမိအိမ္ကေနပဲ  ျပဳလုပ္တတ္ၾကတဲ့အတြက္ အိမ္ေနရင္းအဝတ္အစားနဲ႔ပဲ    ပါဝင္တတ္ၾကပါတယ္။ မၾကာခင္က Work  from  Home အစီအစဥ္နဲ႔အလုပ္လုပ္ေနတဲ့ သတင္းေၾကညာသူတစ္ဦးဟာ အေပၚကကုတ္အကၤ်ီဝတ္ ထားေသာ္လည္း ေအာက္ပိုင္းမွာ ေဘာင္းဘီတိုကိုသာ ဝတ္ဆင္ၿပီး သတင္းေၾကညာခဲ့ပါတယ္။ သို့ေသာ္ ကင္မရာ အေနအထား မထင္မွတ္ဘဲ ေျပာင္းလဲသြားမွုေၾကာင့္  သူ ေဘာင္းဘီတိုကိုသာ ဝတ္ထားေၾကာင္း သတင္းၾကည့္ေနသူ အားလုံးေတြ႕ျမင္ခဲ့ရပါတယ္။ ဒါေၾကာင့္ ကင္မရာအေန အထား ေျပာင္းလဲသြားနိုင္မွု ျဖစ္နိုင္ေျခရွိတာရယ္၊ စကား ေျပာရင္းေမ့ၿပီး မတ္တတ္ထသြားမိနိုင္တာရယ္ေတြေၾကာင့္ သင္ဟာ တစ္ဖက္လူေတြနဲ႔   မ်က္ႏွာခ်င္းဆိုင္   ေတြ႕ဆုံ ေဆြးေႏြးေနတယ္လို့     သေဘာထားၿပီး     သင့္တင့္               ေလ်ာက္ပတ္စြာ ဝတ္စားဆင္ယင္ဖို့ လိုအပ္ပါတယ္။


ျဖစ္နိုင္ရင္ မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆုံေဆြးေႏြးစကား ေျပာေနတယ္လို့ယူဆၿပီး   ဝတ္စားဆင္ယင္ပါ။  အစင္း အက်ားေတြနဲ႔အကၤ်ီ၊ အေရာင္ေတာက္လြန္းတဲ့အကၤ်ီေတြ ဟာ  ကြန္ပ်ဴတာဖန္သားျပင္မွာ မွန္မွန္ကန္ကန္ မေပၚတတ္ တဲ့အတြက္ အေႏွာင့္အယွက္ ျဖစ္ေစတတ္ပါတယ္။ အလုပ္ မွာ သတ္မွတ္ထားတဲ့ ယူနီေဖာင္းဝတ္စုံရွိတယ္ဆိုရင္  ယူနီ ေဖာင္းဝတ္တာ အေကာင္းဆုံးပါ။ အနည္းဆုံး လိုအပ္ခ်က္ ကေတာ့ ၾကည့္ေပ်ာ္ရွုေပ်ာ္ရွိေစဖို့ သင့္တင့္ေလ်ာက္ပတ္စြာ  ဝတ္စားဖို့ ျဖစ္ပါတယ္။ 


အစည္းအေဝးျပဳလုပ္ေနစဥ္  စိတ္ဝင္တစားရွိပါ၊ 

တျခားအလုပ္မ်ားကို လုပ္ေဆာင္ျခင္းမွ ေရွာင္ပါ။


online ဗီဒီယိုကြန္ဖရင့္အစည္းအေဝး ျပဳလုပ္ေန ခ်ိန္မွာ မိမိအေနနဲ႔ ဖုန္းေျပာျခင္း၊ အင္တာနက္ၾကည့္ျခင္း၊ အစားအေသာက္စားျခင္း အပါအဝင္ အျခားအလုပ္ေတြ လုပ္မေနဖို့ ဂ႐ုျပဳရပါမယ္။ က်န္ကိုယ္စားလွယ္ေတြက သင္ဟာအစည္းအေဝးမွာ အာ႐ုံရွိမေနဘူးဆိုတာ လြယ္ လြယ္သိနိုင္သလို အစည္းအေဝးအေပၚ အေလးအနက္ မရွိဘူးလို့လည္း ထင္ျမင္သြားေစနိုင္ပါတယ္။ မိမိအလွည့္ က်လို့ စကားေျပာရင္လည္း  ကြန္ပ်ဴတာဖန္သားျပင္ မွာေပၚေနတဲ့   မိမိရဲ့ပုံကိုၾကည့္ၿပီးမေျပာဘဲ  ကင္မရာကို ၾကည့္ၿပီးေျပာပါ။   ဒါမွ   က်န္ကိုယ္စားလွယ္ေတြက သင္ဟာ အစည္းအေဝးမွာ အားလုံးနဲ႔ ထိေတြ႕မွုရွိေနတယ္ ဆိုတဲ့ ခံစားမွုမ်ိဳးရေစမွာျဖစ္ပါတယ္။


မိမိေဆြးေႏြးေနခ်ိန္ လိုအပ္တဲ့စာရြက္စာတမ္းကို လွန္ေလွာၾကည့္ရွုဖို့ အခ်ိန္ခဏယူရမယ္ဆိုရင္ေတာင္ အျခားသူေတြကို အသိေပးထားပါ။ အသံတိတ္ဆိတ္မွု အခ်ိန္ၾကာသြားခဲ့ရင္     က်န္ကိုယ္စားလွယ္ေတြက သင့္ဘက္က အင္တာနက္လိုင္း ျပတ္ေတာက္သြားၿပီလို့ ယူဆသြားနိုင္လို့ ျဖစ္ပါတယ္။ မိမိစကားေျပာရမယ့္အခ်ိန္ မဟုတ္ရင္လည္း အျခားသူမ်ားရဲ့ ေဆြးေႏြးမွုေတြကို အေလးေပးအာ႐ုံစိုက္ နားေထာင္ပါ။ 


online ဗီဒီယိုကြန္ဖရင့္အစည္းအေဝးလုပ္ေနစဥ္ မိမိရဲ့ မ်က္ႏွာကို ဖန္သားျပင္မွာေပၚေအာင္လုပ္ထားပါ၊ ဒါမွ သင့္ကို ကင္မရာက အျမဲခ်ိန္ရြယ္ မွတ္တမ္းတင္ေနတယ္ ဆိုတာ ကိုယ့္ကိုယ္ကိုယ္ သတိေပးထားသလိုလည္း ျဖစ္ေစ ပါတယ္။ 


မိမိမွ ပါဝင္ေဆြးေႏြးလိုပါက အခ်က္ျပပါ


မ်က္ႏွာခ်င္းဆိုင္ အစည္းအေဝးမွာ မိမိအေနနဲ႔ ပါဝင္ေဆြးေႏြးမယ္ဆိုရင္ လြယ္လြယ္ကူကူ အသိေပးနိုင္ ေပမယ့္ online ဗီဒီယိုကြန္ဖရင့္အစည္းအေဝးမွာေတာ့  ထင္သာျမင္သာေအာင္ လက္ေထာင္ျပျခင္း၊ Chat function ကိုအသုံးျပဳၿပီး ေမးခြန္းေမးျခင္းစသည္ျဖင့္  အသိေပးနိုင္ပါ တယ္။ ဗီဒီယိုကြန္ဖရင့္ အစည္းအေဝးေတြမွာ တစ္ဖက္လူက စကားေျပာေနစဥ္ မထင္မွတ္ဘဲ  ဝင္ေျပာမိတာေတြလည္း    ျဖစ္တတ္လို့ ဂ႐ုျပဳရပါမယ္။ ပါဝင္ေဆြးေႏြးရာမွာလည္း စကားကို ပီပီသသေျပာၾကားရပါမယ္။ တစ္ဖက္က မၾကား ဘူးထင္လို့ စကားကိုအက်ယ္ႀကီး မေျပာမိဖို့လည္း အထူး လိုအပ္ပါတယ္။ အေကာင္းဆုံးကေတာ့ ဗီဒီယိုကြန္ဖရင့္ အစည္းအေဝးေတြမွာ ဘယ္သူၿပီးရင္ ဘယ္သူေျပာရမယ္ ဆိုတဲ့  အလွည့္က်စကားေျပာ အစီအစဥ္ ႀကိဳတင္သတ္မွတ္ ထားနိုင္ရင္ ေကာင္းပါတယ္။ 


မိမိရဲ့ကိုယ္ခႏၶာလွုပ္ရွားမွု အနည္းဆုံးျဖစ္ေအာင္ ထားပါ


မိမိအေနနဲ႔ အစည္းအေဝးမွာ လက္ဟန္ေျခဟန္နဲ႔ ေျပာဆိုေဆြးေႏြးတတ္သူျဖစ္ရင္ online ဗီဒီယိုကြန္ဖရင့္ အစည္းအေဝးမွာေတာ့  ဒီအခ်က္ကို ဂ႐ုျပဳရပါမယ္။ ဘာ ေၾကာင့္လည္းဆိုေတာ့ လက္လွုပ္ရွားမွုေတြဟာ တစ္ဖက္ ဖန္သားျပင္ကၾကည့္ေနတဲ့ က်န္ကိုယ္စားလွယ္ေတြအတြက္ အာ႐ုံေနာက္ေစတတ္ပါတယ္။ အလားတူပဲ ေခါင္းလွုပ္ရွား မွုကို အနည္းဆုံးျဖစ္ေအာင္   အေလးထားရပါမယ္။ ခႏၶာ ကိုယ္ကို ေရွ႕ထိုးေနာက္ငင္ လွုပ္ေနတာမ်ိဳးေတြကိုလည္း ေရွာင္ရွားရပါမယ္။ 


ဗီဒီယိုကြန္ဖရင့္အစည္းအေဝးေတြရဲ့ အားသာခ်က္မ်ား


online ဗီဒီယိုကြန္ဖရင့္အစည္းအေဝး ျပဳလုပ္ျခင္း ေၾကာင့္ အားသာခ်က္ေတြ ရွိပါတယ္။ ပထမအခ်က္က အစည္းအေဝးကို မိမိ႐ုံးခန္း (သို့မဟုတ္) ေနအိမ္ကေန ျပဳလုပ္ရတဲ့အတြက္ အစည္းအေဝးရွိရာေနရာကို သြား ေရာက္ဖို့ အခ်ိန္နဲ႔ကုန္က်စရိတ္ သက္သာမွုပဲ ျဖစ္ပါတယ္။ သူနဲ႔တစ္ဆက္တစ္စပ္တည္း ျဖစ္ေပၚလာတဲ့ အက်ိဳး              ေက်းဇူးကေတာ့  အစည္းအေဝးကို ပါဝင္တက္ေရာက္မွုႏွုန္း ထားကိုလည္း   ပိုမိုမ်ားျပားလာေစနိုင္ပါတယ္။  ဒုတိယ အခ်က္က  ဗီဒီယိုကြန္ဖရင့္အစည္းအေဝးေတြဟာ ေနရာ ေပါင္းစုံက ပါဝင္တက္ေရာက္သူေတြ ျဖစ္ေနတတ္တာေၾကာင့္ အစည္းအေဝးမစတင္မီ အစည္းအေဝးၾကာျမင့္ခ်ိန္ကို ႀကိဳတင္ညႇိႏွိုင္းထားတတ္ၾကတဲ့အတြက္ မလိုအပ္တဲ့ အေၾကာင္း အရာေတြထက္ မိမိတို့ ေဆြးေႏြးမယ့္ေခါင္းစဥ္အေပၚ   ပိုမို အေလးေပး  ေဆြးေႏြးၾကတဲ့အတြက္   ထိေရာက္တဲ့ ေဆြးေႏြးမွုကိုလည္း ျဖစ္ေစနိုင္ပါတယ္။ ပိုမိုထိေရာက္တဲ့ ရလဒ္ကိုလည္း ရရွိလာေစမွာျဖစ္ပါတယ္။ 


ဒါေၾကာင့္ online ဗီဒီယိုကြန္ဖရင့္အစည္းအေဝးမွာ ေဆာင္သင့္၊ ေရွာင္သင့္တဲ့ အခ်က္ေတြကို သိရွိထားျခင္းျဖင့္ အစည္းအေဝးကေန ရလဒ္ေကာင္းေတြ ရရွိလာေစဖို့၊ လုပ္ငန္းရည္မွန္းခ်က္ေတြ ထိေရာက္ေအာင္ျမင္ေစဖို့ အေထာက္အကူျပဳမွာျဖစ္ပါေၾကာင္း တင္ျပလိုက္ရပါ တယ္။ 


တကၠသိုလ္ဟန္စိုးဦး


ကိုးကား-

(၁) Working Remote? These are the Biggest Does and Don’ts of Video Conferencing by Bryan Lovgren

(၂) The Does   and Don’ts of Video Conferencing by Aliya Chaudhry

(၃) 11 Does & Don’ts of Video Conferencing Etiquette by Nicole Marie Richardson

(၄) The Dos & Don’ts of Video Conferencing Etiquette by Anita George

Source: Mirror

Wednesday, December 23, 2020

လုပ်ငန်းရှင် နှင့်ချေးငွေ

လုပ်ငန်းရှင် နှင့်ချေးငွေ 

-------------------------




ကိုယ်တိုင်က အလတ်စားအဆင့်စီးပွားရေးလုပ်ငန်းမှာ ရပ်တည်နေသူတစ်ယောက်၊ မကြာသေးခင်ကမှ Global MBA ဘွဲ့ရထားတဲ့သူတစ်ယောက် နိုင်ငံတကာမှာ စီးပွားရေးလုပ်ငန်းကို သွားရောက်လေ့လာဖူးသူတစ်ယောက်အနေနဲ့ ကျွန်မနားလည်ထားသမျှကို ပြန်လည်ဝေငှပေးချင်ပါတယ်။


ကျွန်မတို့မြန်မာတွေဟာ အကြွေးကိုအသေကြောက်တတ်ကြပါတယ်။ ငွေချေးပြီးပြန်မပေးနိုင်တာဟာ သံသရာထိပါနိုင်တဲ့

ဒုစရိုက်မှုတစ်ခုလို့ပွင့်ပွင့်လင်းလင်းခံယူထားကြပါတယ်။ ဒါကြောင့်အကြွေးလို့ဆိုလိုက်တာနဲ့ မူးယစ်ဆေးဝါးလိုပဲ ရှောင်ကြဉ်ရမယ့်အရာလို့လူကြီးမိဘတွေက ဆိုဆုံးမခဲ့ကြပါတယ်။


ဒီအကျိုးဆက်ကတော့ လူငယ်တော်တော်များများဟာ ကိုယ်ပိုင်စီးပွားရေးလို့ဆိုလိုက်တာနဲ့ လိုအပ်တဲ့အရင်းအနှီးကို မိဘကထုတ်ပေးမှာလား၊ ဆွေမျိုးအသိုင်းအဝိုင်းကထုတ်ပေးမှာလားလို့ပဲ အရင်စဉ်းစားတတ်ကြပါတယ်။


ငွေချေးပြီးစီးပွားရေးလုပ်မယ်လို့ အစီအစဉ်ချမိရင်လည်း အကုန်လုံးက ပြန်မပေးနိုင်ရင်ဆိုတဲ့ ခေါင်းစဉ်အောက်က 

ခါးခါးသီးသီးဆန့်ကျင်ကြတဲ့အတွက် ငွေအရင်းအနှီးနေရာမှာ ရှေ့မဆက်ဖြစ်တဲ့လုပ်ငန်းတွေ အများကြီးရှိနေတာဖြစ်ပါတယ်။


ကျွန်မနားလည်ထားတဲ့ ကိုယ်ပိုင်စီးပွားရေးဆိုတာဟာ မိမိကိုယ်ပိုင်ပိုက်ဆံနဲ့မဟုတ်ပဲ သူတစ်ပါးရဲ့ငွေကို တရားသောနည်းလမ်းဖြင့် ကိုယ်ပိုင်ဖြစ်လာအောင် လုပ်ယူရတဲ့နည်းလမ်းသာဖြစ်ပါတယ်။


နိုင်ငံတကာက အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်များဟာလည်း သူတို့ပိုင်ဆိုင်သောငွေကြေးဖြင့် လည်ပတ်နေတာမျိုးမဟုတ်ပဲ လိုအပ်တဲ့ငွေအရင်းအနှီးကို တခြားနေရာမှရရှိထားတဲ့နည်းလမ်းနဲ့သာ လည်ပတ်ရပ်တည်နေကြတာဖြစ်ပါတယ်။ 


ဒါဆိုရင် အဲဒီငွေကို အလွယ်ဆုံးဘယ်ကရနိုင်သလဲဆိုရင် ချေးယူတဲ့နည်းလမ်းကဟာရယူထားကြတာဖြစ်ပါတယ်။ ငွေချေးဖို့အတွက်အပေါင်ပစ္စည်း၊ အာမခံပေးမယ့်သူအမြတ်အစွန်းပြနိုင်တဲ့လုပ်ငန်းနဲ့စာရွက်စာတမ်းတွေမှ မရှိတာ 

ဘယ်လိုလုပ်ရမလဲဆိုတဲ့သူတွေအတွက် ကိုယ်ဖြတ်သန်းခဲ့တဲ့အတွေ့အကြုံကို ဥပမာပေးချင်ပါတယ်။


လုပ်ငန်းတစ်ခုစတင်ဖို့ Customer ကိုသိပြီး ဈေးကွက်ကိုအရင် ကျွမ်းကျင်နေဖို့လိုအပ်ပါတယ်။ ကိုယ်ကျွမ်းကျင်တဲ့ဈေးကွက်ထဲက Customer ဘယ်လောက်ကိုကိုယ်ရယူနိုင်မလဲလို့ ကြိုတွက်ထားနိုင်ရင်ကိုယ်ပိုင်စီးပွားရေးလုပ်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ပြောနိုင်ပါတယ်။


အဲဒီအချိန်မှာ ပြန်ပေးနိုင်မယ့်အရာ (Return) ကိုသိလို့စွန့်စားမှု ( Risk) ကိုယူရဲရပါမယ်။ အတိုးကြီးကြီးနဲ့ငွေချေးပြီးလုပ်ငန်းစ ခဲ့ရပါတယ်။ ကြုံတွေ့ရတဲ့အခက်အခဲ၊ စိုးရိမ်သောကနဲ့ မမျှော်လင့်ထားတဲ့ပြသာနာတွေ ကတော့လူတိုင်းဖြတ်သန်းရမယ့်အ တွေ့အကြုံမို့ ထူးထွေပြီးပြောပြနေစရာမလိုဘူးထင်ပါတယ်။


အတိုးကြီးကြီးနဲ့ငွေချေးပြီးလုပ်ငန်းစတင်ချိန်မှာ နာမည်ကသာ အလုပ်ရှင်၊ လူကတော့ အောက်ဆုံးအဆင့်အလုပ်သမားလို 

စိတ်မွေးထားတတ်မှအမြတ်ကျန်မှာမမေ့ပါနဲ့။ အရေးကြီးတာက ရှင်သန်ရပ်တည်နိုင်ဖို့ပါပဲ။


လုပ်ငန်းမှာ ရှင်သန်ရပ်တည်နေနိုင်ပြီ၊ ကိုယ့် Customer ကိုပုံမှန်ထိန်းထားနိုင်ပြီဆိုရင် ခုနက အတိုးကြီးကြီးနေရာက အတိုးနည်းနည်းနဲ့ ငွေချေးနိုင်မယ့်နည်းလမ်းတွေတွေ့လာပါလိမ့်မယ်။ ခင်ဗျားက အခုလုပ်ငန်းရှင်လေ။ အခုမှလုပ်ငန်းစလုပ်မယ့်သူမှမဟုတ်တော့တာ။


အထက်ကပြောခဲ့သလိုဘဝကို low profile နဲ့နေပြီး လုပ်ငန်းရှင်လုပ်တတ်ဖို့တော့အရေးကြီးပါတယ်။ ကျားကြီးခြေရာကြီးဆိုပြီး 

သူဌေးဂိုက်ဖမ်းချင်ရင်တော့ အမြန်ဆုံးပြိုလဲကျမှာပဲဆိုတာ သတိထားမိဖို့လိုပါတယ်။ သူများပိုက်ဆံချေးထားရတာ

သေရင်တောင်မဖြောင့်ပါဘူး၊

အဲလိုဘဝနဲ့လည်းလုပ်ငန်းရှင်မဖြစ်ချင်ပါဘူး ဆိုရင်တော့ ရတယ်လေ၊ ခင်ဗျားကသေဖို့နဲ့ရှုံးဖို့ပဲတွေးနေရင်

ဘယ်တော့မှလုပ်ငန်းရှင်မလုပ်နဲ့လို့ ထပ်သတိပေးပါရစေ။


ကဲ အတိုး နည်းနည်းနဲ့တော့ လုပ်ငန်းလည်ပတ်နေပါပြီတဲ့။ ကိုယ်ပိုင်ဖြစ်လာအောင် ဘယ်လိုဆက်လုပ်ရဦးမှာလဲ။ ဒီအချိန်မှာ စီးပွားရေးအသိုင်းအဝိုင်းထဲ နေရာယူတတ်ပြီး ကိုယ်ရယူခဲ့တဲ့နေရာတစ်ခုရဲ့တန်ဖိုးကို တိုးမြှင့်ဖို့ အချိန်ကျရောက်လာပြီဖြစ်ပါတယ်။ 


ဒီလိုပြောလိုက်တာနဲ့ နောက်ဆုံးပေါ်ကားအကောင်းစားကြီး ဝယ်စီးပြီး နာမည်ကြီးတံဆိပ်တွေပြေးဝယ်ရမှာလားလို့ 

မထင်လိုက်ပါနဲ့။ကိုယ်သိထားတတ်ထားသမျှ စီးပွားရေးလုပ်ငန်းအတွေ့အကြုံတွေကို သူများတွေနဲ့ဝေငှနိုင်အောင်

ကြိုးစားရမှာဖြစ်ပါတယ်။ 


ကိုယ်ဖြတ်သန်းခဲ့ရသလိုပဲ သူများတွေကရောဘယ်လိုဖြတ်သန်းနေပါသလဲ လေ့လာရပါမယ်။မှတ်သားရပါမယ်။ မကောင်းတာကိုပယ်ပြီးကောင်းတာကိုနည်းလမ်း ယူတတ်ရပါမယ်။


ကိုယ့်အရည်အချင်း အတွေးအခေါ်ကို အရင်ကထက်ပိုမိုတောက်ပလာအောင် ထပ်မံဖြည့်စွက်တတ်ရပါမယ်။


ဘယ်အသက်ဘယ်အရွယ်ပဲရောက်ရောက် လိုအပ်ရင် ပညာပြန်သင်တတ်ရပါမယ်။ ဒီနယ်ပယ်မှာတော့ဆရာကြီးပါပဲ။ ဒါပေမယ့်-ဒီဆရာကြီးဖြစ်နေတာကို အများသိအောင် မဝေငှနိုင်ရင်  မိမိအတွက်ရှုံးနေသလို သူများဝေငှနေတာကိုမလေ့လာမိရင်လည်း မိမိအတွက်နောက်ထပ်အရှုံးပဲဖြစ်ပါတယ်။


စီးပွားရေးဟောပြောပွဲတစ်ခုမှာ နာမည်ကျော်သူဌေးကြီး တစ်ယောက်က ချေးငွေနဲ့ပတ်သက်ပြီးဒီလိုပြောတာ မှတ်သားခဲ့ဖူးပါတယ်- 


" လူတွေက လုပ်ငန်းမကောင်းလို့ အရောင်းအဝယ်အေးတယ်လို့ ပြောတတ်ကြပါတယ်။ စီးပွားရေးဘယ်လောက်ပဲအေးနေ ရပ်နေပါစေ၊ ဘဏ်တိုးတွေက ဘယ်တော့မှ ရပ်မနေပါဘူးတဲ့။" 


ဒါကိုကြည့်ချင်ဖြင့် သိပ်ချမ်းသာတဲ့သူဌေးကြီးမို့လို့ အကြွေးမရှိပါဘူး မမှတ်ထားပါနဲ့။ ပိုချမ်းသာတဲ့သူတွေက ပိုအကြွေးများတတ်ပါတယ်။ သူတို့ရဲ့ပြန်ပေးနိုင်တဲ့အရည်အချင်းကြောင့် ချေးတဲ့သူတွေကလည်း ပြုံးပြုံးကြီးချေးဖို့ အမြဲ အဆင်သင့်ပဲဖြစ်နေပါတယ်။


အထက်ကလိုရင်းကိုပဲဆက်ရရင် စီးပွားရေးလောကမှာ

*  ပထမ စတင်ပါ။

*  ဒုတိယ ရပ်တည်ပါ။

*  တတိယ တိုးမြှင့်ပါ။

*  စတုတ္ထ ချဲ့ထွင်ပါ။


ဒါဆိုရင်တော့ လုပ်ငန်းရှင်တစ်ယောက်ရဲ့ဘဝမှာ ချေးငွေက ကြောက်စရာ လိုသလား/မလိုသလား ခန့်မှန်း သဘောပေါက်နိုင်မယ်လို့မျှော်လင့်မိပါတယ်


Credit : Kyi Kyi - ကြည်ကြည်


(Zawgyi) 

လုပ္ငန္းရွင္ ႏွင့္ေခ်းေငြ 

-------------------------




ကိုယ္တိုင္က အလတ္စားအဆင့္စီးပြားေရးလုပ္ငန္းမွာ ရပ္တည္ေနသူတစ္ေယာက္၊ မၾကာေသးခင္ကမွ Global MBA ဘြဲ႕ရထားတဲ့သူတစ္ေယာက္ နိုင္ငံတကာမွာ စီးပြားေရးလုပ္ငန္းကို သြားေရာက္ေလ့လာဖူးသူတစ္ေယာက္အေနနဲ႔ ကၽြန္မနားလည္ထားသမၽွကို ျပန္လည္ေဝငွေပးခ်င္ပါတယ္။


ကၽြန္မတို့ျမန္မာေတြဟာ အေႂကြးကိုအေသေၾကာက္တတ္ၾကပါတယ္။ ေငြေခ်းၿပီးျပန္မေပးနိုင္တာဟာ သံသရာထိပါနိုင္တဲ့

ဒုစရိုက္မွုတစ္ခုလို့ပြင့္ပြင့္လင္းလင္းခံယူထားၾကပါတယ္။ ဒါေၾကာင့္အေႂကြးလို့ဆိုလိုက္တာနဲ႔ မူးယစ္ေဆးဝါးလိုပဲ ေရွာင္ၾကဥ္ရမယ့္အရာလို့လူႀကီးမိဘေတြက ဆိုဆုံးမခဲ့ၾကပါတယ္။


ဒီအက်ိဳးဆက္ကေတာ့ လူငယ္ေတာ္ေတာ္မ်ားမ်ားဟာ ကိုယ္ပိုင္စီးပြားေရးလို့ဆိုလိုက္တာနဲ႔ လိုအပ္တဲ့အရင္းအႏွီးကို မိဘကထုတ္ေပးမွာလား၊ ေဆြမ်ိဳးအသိုင္းအဝိုင္းကထုတ္ေပးမွာလားလို့ပဲ အရင္စဥ္းစားတတ္ၾကပါတယ္။


ေငြေခ်းၿပီးစီးပြားေရးလုပ္မယ္လို့ အစီအစဥ္ခ်မိရင္လည္း အကုန္လုံးက ျပန္မေပးနိုင္ရင္ဆိုတဲ့ ေခါင္းစဥ္ေအာက္က 

ခါးခါးသီးသီးဆန္႔က်င္ၾကတဲ့အတြက္ ေငြအရင္းအႏွီးေနရာမွာ ေရွ႕မဆက္ျဖစ္တဲ့လုပ္ငန္းေတြ အမ်ားႀကီးရွိေနတာျဖစ္ပါတယ္။


ကၽြန္မနားလည္ထားတဲ့ ကိုယ္ပိုင္စီးပြားေရးဆိုတာဟာ မိမိကိုယ္ပိုင္ပိုက္ဆံနဲ႔မဟုတ္ပဲ သူတစ္ပါးရဲ့ေငြကို တရားေသာနည္းလမ္းျဖင့္ ကိုယ္ပိုင္ျဖစ္လာေအာင္ လုပ္ယူရတဲ့နည္းလမ္းသာျဖစ္ပါတယ္။


နိုင္ငံတကာက ေအာင္ျမင္တဲ့စီးပြားေရးလုပ္ငန္းရွင္မ်ားဟာလည္း သူတို့ပိုင္ဆိုင္ေသာေငြေၾကးျဖင့္ လည္ပတ္ေနတာမ်ိဳးမဟုတ္ပဲ လိုအပ္တဲ့ေငြအရင္းအႏွီးကို တျခားေနရာမွရရွိထားတဲ့နည္းလမ္းနဲ႔သာ လည္ပတ္ရပ္တည္ေနၾကတာျဖစ္ပါတယ္။ 


ဒါဆိုရင္ အဲဒီေငြကို အလြယ္ဆုံးဘယ္ကရနိုင္သလဲဆိုရင္ ေခ်းယူတဲ့နည္းလမ္းကဟာရယူထားၾကတာျဖစ္ပါတယ္။ ေငြေခ်းဖို့အတြက္အေပါင္ပစၥည္း၊ အာမခံေပးမယ့္သူအျမတ္အစြန္းျပနိုင္တဲ့လုပ္ငန္းနဲ႔စာရြက္စာတမ္းေတြမွ မရွိတာ 

ဘယ္လိုလုပ္ရမလဲဆိုတဲ့သူေတြအတြက္ ကိုယ္ျဖတ္သန္းခဲ့တဲ့အေတြ႕အၾကဳံကို ဥပမာေပးခ်င္ပါတယ္။


လုပ္ငန္းတစ္ခုစတင္ဖို့ Customer ကိုသိၿပီး ေစ်းကြက္ကိုအရင္ ကၽြမ္းက်င္ေနဖို့လိုအပ္ပါတယ္။ ကိုယ္ကၽြမ္းက်င္တဲ့ေစ်းကြက္ထဲက Customer ဘယ္ေလာက္ကိုကိုယ္ရယူနိုင္မလဲလို့ ႀကိဳတြက္ထားနိုင္ရင္ကိုယ္ပိုင္စီးပြားေရးလုပ္ဖို့ အဆင္သင့္ျဖစ္ေနၿပီလို့ေျပာနိုင္ပါတယ္။


အဲဒီအခ်ိန္မွာ ျပန္ေပးနိုင္မယ့္အရာ (Return) ကိုသိလို့စြန္႔စားမွု ( Risk) ကိုယူရဲရပါမယ္။ အတိုးႀကီးႀကီးနဲ႔ေငြေခ်းၿပီးလုပ္ငန္းစ ခဲ့ရပါတယ္။ ၾကဳံေတြ႕ရတဲ့အခက္အခဲ၊ စိုးရိမ္ေသာကနဲ႔ မေမၽွာ္လင့္ထားတဲ့ျပသာနာေတြ ကေတာ့လူတိုင္းျဖတ္သန္းရမယ့္အ ေတြ႕အၾကဳံမို့ ထူးေထြၿပီးေျပာျပေနစရာမလိုဘူးထင္ပါတယ္။


အတိုးႀကီးႀကီးနဲ႔ေငြေခ်းၿပီးလုပ္ငန္းစတင္ခ်ိန္မွာ နာမည္ကသာ အလုပ္ရွင္၊ လူကေတာ့ ေအာက္ဆုံးအဆင့္အလုပ္သမားလို 

စိတ္ေမြးထားတတ္မွအျမတ္က်န္မွာမေမ့ပါနဲ႔။ အေရးႀကီးတာက ရွင္သန္ရပ္တည္နိုင္ဖို့ပါပဲ။


လုပ္ငန္းမွာ ရွင္သန္ရပ္တည္ေနနိုင္ၿပီ၊ ကိုယ့္ Customer ကိုပုံမွန္ထိန္းထားနိုင္ၿပီဆိုရင္ ခုနက အတိုးႀကီးႀကီးေနရာက အတိုးနည္းနည္းနဲ႔ ေငြေခ်းနိုင္မယ့္နည္းလမ္းေတြေတြ႕လာပါလိမ့္မယ္။ ခင္ဗ်ားက အခုလုပ္ငန္းရွင္ေလ။ အခုမွလုပ္ငန္းစလုပ္မယ့္သူမွမဟုတ္ေတာ့တာ။


အထက္ကေျပာခဲ့သလိုဘ၀ကို low profile နဲ႔ေနၿပီး လုပ္ငန္းရွင္လုပ္တတ္ဖို့ေတာ့အေရးႀကီးပါတယ္။ က်ားႀကီးေျခရာႀကီးဆိုၿပီး 

သူေဌးဂိုက္ဖမ္းခ်င္ရင္ေတာ့ အျမန္ဆုံးၿပိဳလဲက်မွာပဲဆိုတာ သတိထားမိဖို့လိုပါတယ္။ သူမ်ားပိုက္ဆံေခ်းထားရတာ

ေသရင္ေတာင္မေျဖာင့္ပါဘူး၊

အဲလိုဘ၀နဲ႔လည္းလုပ္ငန္းရွင္မျဖစ္ခ်င္ပါဘူး ဆိုရင္ေတာ့ ရတယ္ေလ၊ ခင္ဗ်ားကေသဖို့နဲ႔ရွုံးဖို့ပဲေတြးေနရင္

ဘယ္ေတာ့မွလုပ္ငန္းရွင္မလုပ္နဲ႔လို့ ထပ္သတိေပးပါရေစ။


ကဲ အတိုး နည္းနည္းနဲ႔ေတာ့ လုပ္ငန္းလည္ပတ္ေနပါၿပီတဲ့။ ကိုယ္ပိုင္ျဖစ္လာေအာင္ ဘယ္လိုဆက္လုပ္ရဦးမွာလဲ။ ဒီအခ်ိန္မွာ စီးပြားေရးအသိုင္းအဝိုင္းထဲ ေနရာယူတတ္ၿပီး ကိုယ္ရယူခဲ့တဲ့ေနရာတစ္ခုရဲ့တန္ဖိုးကို တိုးျမႇင့္ဖို့ အခ်ိန္က်ေရာက္လာၿပီျဖစ္ပါတယ္။ 


ဒီလိုေျပာလိုက္တာနဲ႔ ေနာက္ဆုံးေပၚကားအေကာင္းစားႀကီး ၀ယ္စီးၿပီး နာမည္ႀကီးတံဆိပ္ေတြေျပး၀ယ္ရမွာလားလို့ 

မထင္လိုက္ပါနဲ႔။ကိုယ္သိထားတတ္ထားသမၽွ စီးပြားေရးလုပ္ငန္းအေတြ႕အၾကဳံေတြကို သူမ်ားေတြနဲ႔ေဝငွနိုင္ေအာင္

ႀကိဳးစားရမွာျဖစ္ပါတယ္။ 


ကိုယ္ျဖတ္သန္းခဲ့ရသလိုပဲ သူမ်ားေတြကေရာဘယ္လိုျဖတ္သန္းေနပါသလဲ ေလ့လာရပါမယ္။မွတ္သားရပါမယ္။ မေကာင္းတာကိုပယ္ၿပီးေကာင္းတာကိုနည္းလမ္း ယူတတ္ရပါမယ္။


ကိုယ့္အရည္အခ်င္း အေတြးအေခၚကို အရင္ကထက္ပိုမိုေတာက္ပလာေအာင္ ထပ္မံျဖည့္စြက္တတ္ရပါမယ္။


ဘယ္အသက္ဘယ္အရြယ္ပဲေရာက္ေရာက္ လိုအပ္ရင္ ပညာျပန္သင္တတ္ရပါမယ္။ ဒီနယ္ပယ္မွာေတာ့ဆရာႀကီးပါပဲ။ ဒါေပမယ့္-ဒီဆရာႀကီးျဖစ္ေနတာကို အမ်ားသိေအာင္ မေဝငွနိုင္ရင္  မိမိအတြက္ရွုံးေနသလို သူမ်ားေဝငွေနတာကိုမေလ့လာမိရင္လည္း မိမိအတြက္ေနာက္ထပ္အရွုံးပဲျဖစ္ပါတယ္။


စီးပြားေရးေဟာေျပာပြဲတစ္ခုမွာ နာမည္ေက်ာ္သူေဌးႀကီး တစ္ေယာက္က ေခ်းေငြနဲ႔ပတ္သက္ၿပီးဒီလိုေျပာတာ မွတ္သားခဲ့ဖူးပါတယ္- 


" လူေတြက လုပ္ငန္းမေကာင္းလို့ အေရာင္းအ၀ယ္ေအးတယ္လို့ ေျပာတတ္ၾကပါတယ္။ စီးပြားေရးဘယ္ေလာက္ပဲေအးေန ရပ္ေနပါေစ၊ ဘဏ္တိုးေတြက ဘယ္ေတာ့မွ ရပ္မေနပါဘူးတဲ့။" 


ဒါကိုၾကည့္ခ်င္ျဖင့္ သိပ္ခ်မ္းသာတဲ့သူေဌးႀကီးမို့လို့ အေႂကြးမရွိပါဘူး မမွတ္ထားပါနဲ႔။ ပိုခ်မ္းသာတဲ့သူေတြက ပိုအေႂကြးမ်ားတတ္ပါတယ္။ သူတို့ရဲ့ျပန္ေပးနိုင္တဲ့အရည္အခ်င္းေၾကာင့္ ေခ်းတဲ့သူေတြကလည္း ျပဳံးျပဳံးႀကီးေခ်းဖို့ အျမဲ အဆင္သင့္ပဲျဖစ္ေနပါတယ္။


အထက္ကလိုရင္းကိုပဲဆက္ရရင္ စီးပြားေရးေလာကမွာ

*  ပထမ စတင္ပါ။

*  ဒုတိယ ရပ္တည္ပါ။

*  တတိယ တိုးျမႇင့္ပါ။

*  စတုတၳ ခ်ဲ႕ထြင္ပါ။


ဒါဆိုရင္ေတာ့ လုပ္ငန္းရွင္တစ္ေယာက္ရဲ့ဘ၀မွာ ေခ်းေငြက ေၾကာက္စရာ လိုသလား/မလိုသလား ခန္႔မွန္း သေဘာေပါက္နိုင္မယ္လို့ေမၽွာ္လင့္မိပါတယ္


Credit : Kyi Kyi - ၾကည္ၾကည္

Tuesday, December 22, 2020

ဖောက်ပြန်ခြင်း

ဖောက်ပြန်ခြင်း 

……………………




မင်္ဂလာပါ ဆရာမ ၊ ပထမဆုံး အနေနဲ့ … 

(၁)  လူတွေ ဘာကြောင့် ဖောက်ပြန်ရတာလဲ ။   ဘယ်လိုအကြောင်းအရာတွေက ဖောက်ပြန်ခြင်းကို တွန်းအားဖြစ်စေ တာလဲ ဆိုတာ သိပါရစေ ။ 


(၁)  ပထမဆုံး ဆေးပညာအရ ပြောရရင် လူတစ်ယောက်ကို ချစ်မိတဲ့အခါ စိတ်လှုပ်ရှားရတာ ၊ ကြည်နူး ပျော်ရွှင်ရတာ ၊ စိတ်ဝင်တစား တက်ကြွတာ ၊ ရင်ခုန်ခံစား ချက်တွေ အကုန်လုံး က လူထဲမှာ ထွက်လာတဲ့ love hormone dopamine  လို့ ခေါ်တဲ့ ဟိုမုန်း ကြောင့်ပါ ။  

ဒီလူတစ်ယောက်နဲ့ ထိတွေ့ စကားပြောနေစရာတောင် မလို ၊ မြင်လိုက်တာနဲ့ ကို ချစ်မြတ်နိုးတဲ့ စိတ်တွေ ရင်ထဲ တလှပ်လှပ်နဲ့ ဖြစ်လာရတာ  ဒီ love hormones တွေ ကြောင့် ပေါ့နော် ။ 


ဒါပေမယ့် အဲဒါက ကြာလာရင် အရှိန် ကကျကျ လာတတ်တဲ့ သဘောမှာ ရှိပါတယ် ။ relationship  တစ်ခုက သက်တမ်းကြာလာတဲ့ အခါ တစ်ယောက်နဲ့တစ်ယောက်  ထိတွေ့ ဖက် နေရင်တောင် ဘာမှ မဖြစ်တော့ဘူး ဆိုတာမျိုး ၊ အဲဒါကြောင့် နှစ်ဦးသားကြားက relationship  တစ်ခု ခိုင်မာဖို့ ဆိုရင်  အဲလို ကြာလာတာနဲ့ အမျှ ဒီနှစ်ယောက်ကြားမှာ မိသားစု စိတ် ၊ အပေါင်း အဖော် ဆိုတဲ့ စိတ်တွေအပြင်  သူနဲ့ ကိုယ်ကြား က ခိုင်မြဲခြင်းနဲ့ လုံခြုံခြင်း  stability  and safety ကို နှစ်ယောက်လုံးက သဘောကျ လိုချင်တာ ဒါမျိုးတွေ ဖြစ်လာရမယ် ။  ပြောရရင်  သံယောဇဉ်နဲ့ ယုံကြည်မှုပေါ့ ။ 


အဲဒီ စစချင်း   first-date butterflies   ဆိုတဲ့  အူထဲခွေ့နေတဲ့  တလှပ်လှပ်  ဖီလင် လေးကို လူတွေက ကြိုက်ကြတဲ့အခါကျတော့ စိတ်ထဲ အမြဲသတိတရ ရှိနေတတ်တယ် ၊  အဲဒါကို ပြန်လိုချင်တတ်တာ ၊ ပြန်ခံစားချင်တာ တွေ ရှိတတ်တယ် ။  

အဲဒီစိတ်တွေက အားသာ သွားရင် ခုလက်ရှိ ကိုယ့်လူနဲ့ကိုယ် အသစ်အသစ် အနေအထားတွေ ဖန်တီးယူဖို့ထက် အလွယ်တကူ  နောက်လူနဲ့ နောက်တစ်ကြိမ် အချစ်သစ်တစ်ခု ထပ် မွေးဖွားဖြစ်ဖို့ ကိုယ့်စိတ်ကိုယ် အလိုလိုက်မိ လိုက်တတ်ကြတာပေါ့  ။ 


(၂) နောက်တစ်ခုက  ဒေါသ ဆိုတဲ့ စေ့ဆော်မှုကြောင့် ပါ ။  သူက ကိုယ့်ကို နားမလည်ဘူး ၊ ကိုယ့်နားမှာ အမြဲ ရှိမနေနိုင်ဘူး ၊ physically or emotionally support  လည်း မလုပ်နိုင် ဘူး ၊ တွေ့ရင်လည်း  အမြဲငြင်းခုန် နေရပြီး  စိတ်သဘောထားခြင်း မတိုက်ဆိုင်တာ တွေက အတော်လေး များပြားတယ် ၊ ဒါမျိုးတွေကြောင့် ထွက်လာရတဲ့ ဒေါသ က လူတစ်ယောက် ဖောက်ပြန် ဖြစ်ဖို့  ကြီးမား တဲ့ powerful motivator ဖြစ်စေတယ် တဲ့ ။ 


(၃) တစ်ယောက်နဲ့ တစ်ယောက် needs  တွေ wants  တွေ မတူတာ  ကလည်း ဖောက်ပြန်သွားေ စတတ်တဲ့ အချက်ထဲမှာ ပါပါတယ် ။  အထူးသဖြင့်  emotional needs ကတော့  အဆိုးဆုံးပေါ့ ၊ ဥပမာ …  တချို့ကကျ ရေခဲတုံးလေ ၊  ပူပူလေး နေချင်သူက သူ့လိုအပ်ချက် ကို တစ်ဘက်က မဖြည့်ဆည်း ပေးနိုင်ဘူး ဖြစ်ရော  ။ 


(၄)  တချို့ကကျ စွဲစွဲမြဲမြဲ ဆိုတဲ့ စိတ်ထား နဂိုတည်း ကကို မွေးရာပါ ပါမလာတာ ။ variety , variety  ပဲ သူတို့က ။ 


(၅)  တချို့ကျတော့ မစွဲမြဲတတ်တာထက်  အခြေအနေ နဲ့ အခွင့် အရေးက ဖန်တီး ပေးလာတာကို မလွန်ဆန်နိုင်တာ မျိုး  ။ ယောက်ျားလေးတွေဆို  ကိုယ့်မိန်းကလေး နဲ့ ဝေးနေတုန်း လိုက်လျောတတ်သူ နဲ့တွေ့တာ ၊  မိန်းကလေးဆို ဇွတ်ချဉ်းကပ် တတ်သူ တွေနောက် ယိုင် ပါသွားတာ ။ 


(၆) နောက်တစ်ယောက်က ပို attractive   ဖြစ်တယ် ထင်လာတာ လည်း ရှိပါတယ် ။ ချောမောလှပမှု ကွာတာ ကို ပြောတာမဟုတ်ဘူး ၊  ကိုယ် စိတ်ဝင်စားတတ်တဲ့ ဟာက ကိုယ့်လူဆီမှာထက် နောက်လူဆီမှာ အထင်းသား ရှိနေတာကို မြင်လိုက် သိလိုက်တာမျိုး ။ 


(၇)  တချို့က  ကိုယ့်ကိုယ်ကိုယ်  အထင်ကြီးလေးစားစိတ် self esteem   နဲ့  confidence နည်းတဲ့ အခါ ကျတော့ ကိုယ့် ပါတနာ ကလည်း ကိုယ့်ကို မလေးစား အထင်မကြီး အရေးမထား ဘူး ထင်လာတာ ၊ အဲလိုလူမျိုး ကျတော့ ကိုယ့်ထက်ညံ့ပြီး အောက်ကျို့ မှီခိုပါမယ် ဆိုသူနဲ့ တွေ့တော့ ငါကွ ပေါ့ ၊ သူကမှ ငါ့ကို တကယ်လေးစားတဲ့သူ  ဆိုပြီး ပါ သွားရော ။


(၈)  နောက်တစ်ခုက Sexual desire  ပေါ့နော် ။ နှစ်ဦးနှစ်ဘက် တစ်ယောက်နဲ့ တစ်ယောက် sexually fulfilling  ဖြစ်တဲ့ ၊ အပြန်အလှန် ညီတဲ့  relationships  မဟုတ်ခဲ့ရင်လည်း high level of sexual desire  ဖြစ်တဲ့သူက တစ်ယောက်နဲ့ မရ ၊  ငြိမ် မနေနိုင်တာမျိုး ရှိလာတတ်တယ် ပေါ့ ။ 


(၉) တချို့က ကိုယ့်လုပ်ရပ်က ဖောက်ပြန်တာ မဟုတ်ဘူး ထင် နေကြရင်း ထင်နေကြရင်းနဲ့ ကျွံသွားတာလည်း ရှိသေးတယ် ။  သူ ထင်နေတာကတော့ ငါ မမှားဘူး ပေါ့ ၊ ဒါပေမယ့်  တစ်ဘက်လူမှာ သူ သာယာ နေတာကတော့ ငြင်းမရဘူး ။ 

များသောအားဖြင့် ကလေးတွေ  online flirting   ပေါ့  ၊ ကလေးတွေသာ ပြောတာပါ  လူကြီးတွေလည်း အွန်လိုင်းကနေ ညိကုန်ကြတာတွေ ရှိပါတယ် ။  ဘာမှ မဟုတ်ဘူး ၊ ငါ့မှာ အတွဲပါတနာရှိတာ ဝန်ခံထားသားပဲ ဘာညာ ဇွတ် ပြောရင်း ရုန်းမရတော့ တာ ။ 

 

ဖောက်ပြန်ခြင်းကို တွန်းအား ဖြစ်စေတဲ့ အရာကတော့ ဖောက်ပြန်သူ ကိုယ်တိုင်ရဲ့ စိတ် ပေါ့ ။  မ ခုနပြောခဲ့တဲ့ အရာတွေအားလုံး လူတိုင်း မှာရှိနေနိုင်တယ် ။ 

ဒါပေမယ့် လူတိုင်း ၊ ဖောက်ပြန်နေကြတာ မဟုတ်ဘူး ဆိုရင် ၊ အဓိက စေ့ဆော်မှု က ဖောက်ပြန်တတ်တဲ့သူရဲ့ ထိန်းချုပ်နိုင်မှု အားနည်းတဲ့ ၊  မခိုင်မာ ယိုင်နဲ့ လွယ်တဲ့ စိတ် ပေါ့နော် ။ 


……………..……………………………………………………


(၂)  ဖောက်ပြန်တဲ့သူတွေက သူတို့ဖောက်ပြန်ရတာ လက်တွဲ ဖော်မကောင်းလို့ , လို့ပြောကြတဲ့ သူတွေလဲ ရှိပါတယ်  ၊ ဆရာမ အနေနဲ့ ဒါကို ဘယ်လိုမြင်ပါသလဲရှင့် ။ ခု ဆရာမ ပြောခဲ့သလို ဆိုရင် သူ့ ရဲ့ စိတ် ကသာ အဓိက ဆိုတော့လေ  ။  


***  Relationship  တစ်ခုမှာ သမီးရည်းစား ဖြစ်ပစေ ၊ လင်မယား ဖြစ်စေ ကိုယ့်ကုသိုလ် သူ့အကျိုးပေးတွေအရ  ပထမဆုံးလူနဲ့  သေတပန်သက်တဆုံး  ဆိုတာ ဖြစ်ချင်မှ ဖြစ် မှာ , ဒါ လက်ခံနိုင်စရာ အချက်ပါ ။ ကိုယ်က ကောင်းပေးတိုင်းလည်း သူက ကောင်းချင်မှ ကောင်းမယ်လေ ၊ ခုန သမီးပြောသလို လက်တွဲ ဖော် မကောင်း တာ ပေါ့ ။ 

ဒါဆို ဘာလုပ်သင့်သလဲ ဆို ချစ်သူရည်းစား အနေအထား မကဘဲ  လက်ထပ်ပြီးသည် ဖြစ်စေ ၊ အိမ်ထောင်သက် ဘယ်နှစ်နှစ် ရှိသည်ဖြစ်စေ ဇွတ် ဆက်ပေါင်းပေးနေစရာ မလိုဘူး ။ လက်တွဲဖြုတ်ရမယ် ။

လူဆိုတာ မှားတယ်ထင်ရင် အမှားပြင်လို့ ရတယ် ။ သူမကောင်းလို့ ငါလည်း ဖောက်ပြန် မယ် ဆိုတာက အဖြေ မဟုတ်ပါဘူး ။  excuse   တစ်ခုပဲ ဖြစ်နေမှာပေါ့နော် ။ 


အဲဒီလို သူများကို အတာ ချ ၊ အပြစ်ပြောပြီး ဖောက်ပြန်တတ်တဲ့ သူတွေကို ကြည့်လိုက်ရင်  များသောအားဖြင့် ကိုယ့်ကိုယ်ကိုယ် လေးစားယုံကြည်တဲ့   self esteem   နဲ့  confidence  နည်းတဲ့သူတွေ ဆိုတာ တွေ့ရပါတယ် ။ ဒါ ဖောက်ပြန်သူတိုင်း မဟုတ်ဘူး ၊ တချို့တွေက မဟုတ်တာသာ လုပ်နေတာပါ … သူ မကောင်းတာ သူသိတယ် ။ 


သူများအပြစ် ဆိုသူတွေကတော့  သူတို့က အတိုက်အခံ လုပ်ရမှာ ထိပ်တိုက် ရင်ဆိုင် ရမှာကြောက် တယ် ၊  သူတို့ကိုယ်သူတို့ မျှော်လင့်ချက် မဲ့ နေတယ်ပေါ့ ၊  ဖောက်ပြန်လိုက်တာကပဲ ထွက်ပေါက် လို့ ထင်တာ က ရှိသေးတယ် ။ 

လက်ရှိတစ်ယောက်မှာ ရှိနေတဲ့ အချက်အလက် အရည်အချင်း တွေကိုလည်း မကြိုက်လို့ , မလိုချင် လို့ ဆိုတာထက်   ဒါတွေကို မဆုံးရှုံးနိုင်ဘဲနဲ့  အဲဒါတွေကို မကျော်လွှားနိုင်တိုင်း သူတို့မှာ ဒါပဲ လုပ်စရာ ရှိတယ် လို့ ထင် နေကြတာ ။


တချို့ကျ နှစ်ဦးသား ဆက်ဆံရေးမှာ သူ့အနေနဲ့ ရိုးရိုးလေးလုပ်ယူလို့ မရနိုင်တဲ့  ပါဝါ ကို  ထူထောင်ချင်တာ ။ နင့်မှာပြိုင်ဘက်ရှိတယ်နော် ဆိုတဲ့ သဘောနဲ့  ကွန်ထရိုး လုပ် ချင်တာ ။ 

နောက် မနာကျင်စေချင် လို့ပါ ဆိုတဲ့သူ ရှိသေးတယ် ။ ငါ  လက်တွဲဖြုတ် အမှားပြင် လမ်းခွဲလိုက်ရင် သူ့မှာ hurt  ဖြစ်မယ် ၊ painful  ဖြစ်မယ် ၊ ဒါ့ကြောင့် ဖုံးကွယ်ထားပြီး ခိုးလုပ်မယ် ဆိုသူမျိုး ။  


သူတို့ကိုကြည့်ရင်  တစ်ကိုယ်ကောင်းဆန် မယ် ၊ ကိုယ့်ကိုယ်ကိုယ် အတွက်သာကြည့် တတ်တယ် ၊ အမှန်တရားကို လက်မခံနိုင်ဘူး စိတ်ရှုပ် တယ် ၊ တစ်ဘက်လူရဲ့ ကိုယ်ပိုင်အရည်အချင်းကို မနာလို စိတ်များ သူလည်း ဖြစ်တတ်တယ်  ၊  

ဘာမဆို  အလိုကြီးအလားကြီး နဲ့  ကိုယ်က ဘယ်အရွယ်ကြီးဖြစ်နေနေ အီ နေရတာကို ကြိုက် တယ် ။ ရင်ခုန်စိတ်လှုပ်ရှား ရတာ.  အသစ်အဆန်း နဲ့ကြုံရတာကို ကြိုက် တယ် ၊  ကိုယ့်  စိတ်ဓာတ်က မလုံခြုံ တော့  မဟုတ်တာ လုပ်ချင်တဲ့ စိတ်ပဲရှိတာပေါ့ ။ 


သူများကို ရော ကိုယ့်ကိုယ်ကိုယ်ပါ မလေးစား တတ်တဲ့သူတွေ ဖြစ်နေတာ တွေ့ရတတ်ပါတယ် ။ 


………………………………….…


(၃)  ကိုယ့်ချစ်သူက ဖောက်ပြန်နေရင် ၊  ဖောက်ပြန်တာကို လက်ရှိကြုံတွေ့ နေရရင် ဘာလုပ်ရမလဲ ဆရာမ။


- များသောအားဖြင့် လူတွေက ငါ ဘာမှားမိလို့လဲ ဆိုတာမျိုး  ကိုယ့်ကိုယ်ကိုယ် စ မေးခွန်းထုတ် မိတတ်တယ် ။ ကိုယ်မှားတဲ့ အချက် တကယ် ရှိရင်တောင် ဖောက်ပြန်သွားတာကတော့ သူ မှားတာပါ ၊ ကိုယ့်ကိုယ်ကိုယ်ပြန် အပြစ်မြင် blame  မလုပ်ပါနဲ့ ။ 

- စိတ်ကို တည်တည်ငြိမ်ငြိမ်ထား ၊ take care of yourself . ကိုယ့်ကိုယ်ကိုယ် ကိုယ်ပဲ ဂရုစိုက်ရမှာ ။


- ခု ဒါဖြစ်ပြီ ၊ ဖြစ်တာကို လက်သင့်မခံချင်လို့မရဘူး ၊ accept  လုပ်ပါ ။ 

- တချို့ကျ သိပေမယ့် ရင်မဆိုင်ဘဲနဲ့ ဆွဲ ဆွဲ ထားပြီး ရှောင် နေရင် တစ်ဘက်မှာ ပြန်ပြတ်သွားမလား ထင်တတ်တယ် ၊  တဖြေးဖြေး  အလိုလို ကောင်းသွားနိုင်တဲ့ အရာ မဟုတ်ဘူး ထင်ပါတယ် ၊ အကယ်၍ နောက်လူနဲ့ ပြန်ပြတ်သွားရင်တောင် သူဟာကိုယ့်ကို ဖောက်ပြန်ခဲ့တယ်ဆိုတာကတော့ ငြင်းမရတဲ့ အမှန်တရားပါ ။ 


- ဒါ ဘာဖြစ်တာလဲ ဘာ့ကြောင့် ဆိုတာ တော့ ကိုယ့်လူကိုယ် အရင်သိအောင် မေးရပါမယ် ။

- ပြီးရင် ဒီ relationship  ကို ရှေ့ဆက်ချင်သေးတာလား ကိုယ့်ဘာသာ အရင် သေချာ အောင်  လုပ်ပါ ။ မဆက်ချင်တော့ရင်  မှားပါတယ်တွေ ၊ တောင်းပန်ပါတယ်တွေ ၊ ရှင်းပြမယ် တွေနဲ့ စိတ်အယိုင် ပြန်မခံနဲ့တော့ ။ ပြတ်ပြတ်သားသား ဆုံးဖြတ်ပါ ။   ကိုယ်က မှ မပြတ်နိုင်ရင်တော့ နောက် တစ်ကြိမ် အသစ်က ပြန်စ မယ် ၊ ခွင့်လွှတ်နိုင်တယ်ပေါ့ ။ 

- ဒါပေမယ့် ကိုယ့်တစ်ယောက်တည်း ဆက်ချင်တိုင်းလည်း မရပါဘူး ၊ သူကကော ဆက်ချင်သေးရဲ့လား ၊ ဒီအနေအထားကြီးကို ရပ်တန့် ပြုပြင်မှာလား က ရှိသေးတာ ။ 


- သူရောကိုယ်ပါ ရှေ့ဆက်ဖို့ကိုပဲ ရွေးကြမယ် ဆိုရင် နောက်တစ်ကြိမ်မှာ ကိုယ်က သူ့ကို  စိတ်ဒုံးဒုံးချ ယုံနိုင်သေးရဲ့လား ။ တကယ် သေချာ ချစ်နိုင်သေးတာလား ၊ အကြောင်းတိုက်ဆိုင်တိုင်း အတိတ်ကိုလှန်ပြီး ပြဿနာ မရှိပါဘူး လို့ အာမခံနိုင်ပါ့မလား ။ 

ကိုယ့်အမှားလည်း ပါနေတဲ့ အကြောင်းတစ်စုံတရာ ခိုင်ခိုင်လုံလုံ ရှိရင် သူ့ကို ခွင့်လွှတ်တဲ့ အပြင် ကိုယ့်အမှားကိုယ် ပြင် နိုင်တာလား ။ မပြင်ရင် ဒါကို အကြောင်းပြပြီး ဒါမျိုး ပဲ နောက်တစ်ခါ ထပ်ဖြစ်ဦးမှာလေ ။ 


- ဒါကိုမှပဲ ရတယ် အားလုံး အိုကေ ဆိုရင်တော့ ရှေ့ဆက်မယ့် ဆက်ဆံရေးကို သေချာ ညှိယူပြီး  healthy boundaries  လေးတွေ သေချာ ချမှတ်ပါ  ။  သံသယ ထားပြီး နေသွားရမယ် မဟုတ်ပေမယ့်  warning sings  လေးတွေ ရှိတတ်တာကိုတော့ နည်းနည်းလေး သတိထား ပေးပါ ။ 


- ကိုယ့် ဆုံးဖြတ်ချက်ကို တစ်ယောက်တည်း နေရမှာကြောက်တာ ၊ သူများပြောမှာ ကြောက်တာ စသည် ဘာ အကြောက်တရား နဲ့မှ မချပါနဲ့ ။ ရင်ဆိုင်ရမယ် ဆိုပေမယ့် နောက်ဆုံးအဖြေက ခု ဆို ခု မြန်မြန်ကြီး ချ စရာ လည်း မလိုပါဘူး ။ 

- အကူညီလိုရင် ကိုယ့်ဝန်းကျင်မှာ ကိုယ့်အတွက် စဉ်းစားပေးမယ့် ၊ ကိုယ့်ဘက်ပါမယ့်သူတွေရှိပါတယ် တောင်းပါ ၊ ဒါပေမယ့်  ဆုံးဖြတ်ချက်ကတော့ ပတ်ဝန်းကျင်နဲ့ မဆိုင်ဘူး … ကိုယ့်ဘာသာ ချရမှာ ။ 


- ရှက်စရာကြီး လို့ မျက်နှာမပြဝံ့ဘဲ လူ့ဝန်းကျင်ကနေ ရှောင်ပုန်း နေစရာ မလိုပေမယ့်  socials တွေကနေ ခဏလေး break  ယူထားတာ မမှားပါဘူး ။ အထူးသဖြင့် Facebook လို ဟာမျိုးတွေ ။ ကိုယ်မှန်ကြောင်း ရှင်းပြချင်ဇော ကြီးနေတတ်တာက  social media. တွေပေါ်မှာ ကိုယ့်သေတွင်း ကိုယ် တူးမိသလို ဖြစ်တတ်ပါတယ် ။ 


- ကလေး ရှိသူတွေဆို ကလေးကို ကိစ္စတွေထဲ ဆွဲမထည့်ပါနဲ့ ၊ နောက်ဆုံးမှ ရှင်းပြစရာ လိုလာချိန်ကျမှ ရှင်းပြပါ ။ 

- ရှေ့ဆက်ဆက်  နောက်ဆုတ်ဆုတ်  ကိစ္စတွေ ပြီးချိန်မှာ အရေးအကြီးဆုံး နှစ်ချက်က ကိုယ့်ကိုယ်ကိုယ် အပြစ်တင် မနေဖို့ နဲ့  ၊  ပြီးခဲ့တာတွေထဲ နစ်မနေ ဘဲ တကယ် အသစ် က ပြန်စ ဖို့ပါ ။ 


………………...………………………………………………………………………


(၄)  Warning Signs  လေး တွေ ဆိုလို့ပါ ၊ ဘာတွေများလဲ ၊ ဥပမာ လေး နည်းနည်းလောက်ပေါ့နော် ဆရာမ ။  


***  လူတစ်ယောက်က ဖောက်ပြန်နေပြီဆိုရင် အလိုလို သိသာ လာတတ်တဲ့ အချက်လေးတွေ ရှိပါတယ် ။ ဖောက်ပြန်ခံရတဲ့ ကာယကံရှင် ကသာ နောက်ဆုံးမှ သိတာ ၊  ဘေးလူတောင် ဝင် သိသာ နေပြီ ဆိုတာမျိုးတွေ ။ 


- ဥပမာ … အင်္ကျီ အဝတ်အစား ဝတ်ပုံ ၊ သူတို့ရဲ့ appearance   အတွက် တော်တော် အာရုံ စိုက် လာတာ  ။  နေထိုင်ပြောဆိုပုံ ပြောင်းလာ ပြီး  ခုနက ပြောခဲ့တဲ့  first-date butterflies  ဆိုသလို ဒိုပါမင်းတွေ အရမ်းထွက်ပြီး  အူခွေ့နေတဲ့  ဟန်ပန်အမူအရာတွေ ဖုံးဖိမရ ပေါ်ထွက် နေတတ်တာ ။

- ဖုန်း ကို လျှို့ဝှက်တတ်လာ ။

- ဘယ်ရောက်နေမှန်း မသိ အဆက်ပြတ်နေတတ်တာ ( ဖုန်းခေါ် မရတာမျိုး )


- ကိုယ့်အပေါ် ချစ်ခင်ကြင်နာမှု လျော့နည်း လာပြီး ကိုယ်နဲ့အတူရှိရင်ကို ဒေါသ တွေ ထွက် နေတတ်တာ ၊  ဘာမဟုတ်တာလေး နည်းနည်းလေးနဲ့ သည်းမခံနိုင်တာ 

- ဒါမှ မဟုတ် မလိုအပ်ဘဲ attentions  တွေ အရမ်းပေး ၊ အပိုတွေလုပ် ၊ ချစ်ပြလာတာ 


- သူတို့ရဲ့ နေ့စဉ်ပုံမှန်လှုပ်ရှားမှု အချိန်ဇယားတွေ အရင်ကနဲ့ မတူဘဲ ပြောင်းကုန်တတ်တာ 

- သူ့ အချက်အလက်တွေကျ လျှို့ဝှက်ပြီး ကိုယ် ဘယ်သွားမလဲ ၊ ဘယ်မှာ ရှိနေလဲ  ဘာညာ အသေးစိတ် တွေ ၊ လမ်းကြောင်းတွေ ကျတော့ သိချင်လာတာ 


- သူ့  သူငယ်ချင်းတွေကိုက တစ်မျိုးတွေ ဖြစ်လာတာ 

- အရင်က ကိုယ်နဲ့အတူ စိတ်ဝင်စားတတ်တာတွေကို အခု လုံးဝ စိတ်မဝင်စားတော့တာ 

- ကိုယ့်ကို တတ်နိုင်သမျှ ရှောင် လာတာ 


- အခြေအမြစ်မရှိ အကုန်အကျ တွေ များလာတာ

- အတူပူးနေရင်တောင် စိတ်ချင်း အရမ်းကွာ နေတာ ၊ သူ့စိတ်က ဘယ်ရောက်နေမှန်း မသိတာကို ကိုယ့် မသိစိတ်က သိ သိ လာတာ 

- တစ်ခါတလေ ကျ ငါ ဖောက်ပြန်နေရင် ဘယ်လိုလုပ်မလဲ ၊ ပြောချင်တာ ရှိတယ်  ဘာညာ သွေးတိုးစမ်း စကားတွေ ပြောတတ်တာ 


ဒါ ဥပမာ လေး အနည်းငယ်ပါ ။  ဒီ့ပြင်လည်း အများကြီး ရှိနိုင်ပါသေးတယ်  ကိုယ် သတိထားမိရင် သတိထား မိသလို ပေါ့နော်  ။ ဒီခေတ် အနေနဲ့ ဆိုရင်တော့  တစ်ဘက်လူက Facebook  ပေါ်ကနေ စောင်းပါးရိပ်ခြည် က စလို့ တိုက်ရိုက် တိုက်ခိုက်လာတာ ဘာညာ လည်း ရှိတတ်ပါတယ် ။ 


……………….....…………………………


(၄)  ဖောက်ပြန်တာနဲ့ ပတ်သတ်ပြီး ဆရာမအနေနဲ့ ပြောချင်တာ များ ရှိသေးရင်  ။ 


***  ဖောက်ပြန်တယ် ဆိုတာ genes  ပေါ့   genetic  နဲ့ ဆိုင်တယ် လို့ ပြောကြတာလည်း  ရှိပါတယ် ။ ဦးနှောက်ထဲမှာ ရှိတဲ့  dopamine receptors in the brain တွေ တည်ဆောက်ပုံ တူခဲ့ရင် ဆိုတဲ့ အယူအဆ ပေါ့နော် ။ အဲဒါကြောင့် ရှေးလူကြီးတွေဟာ မျိုးရိုး သိပ်ကြည့်တယ် တို့ ဘာတို့ ။ 

ဒါပေမယ့် ဒါက 100%  မှန်ကန်တဲ့ အချက် တော့ မဟုတ်ပါဘူး ။ 


အဲဒီတော့  ကိုယ့်ကြောင့် ကိုယ့်အောက်က ကိုယ့်သားသမီး ၊ ကိုယ့်အထက်က ကိုယ့်မိဘ သားသမီးမကောင်း မိဘခေါင်း ၊ မိဘမကောင်း သားသမီးခေါင်း  ဖြစ်ပြီး မျိုးရိုးလိုက်တာ ဘာညာ သတ်မှတ်ခံ ရတာတော့ ဘယ် တရားမလဲ နော် မဟုတ်ဘူးလား ။ 


ဖောက်ပြန်ချင်တတ်တဲ့သူတွေကို ပြောချင်တာက  သူများတကာ ကို  Cheating  လုပ်တာက  is  your choice ပါ  ၊  not a mistake  ပါ ။ မှားသွားတာ မဟုတ် ၊ မှားအောင် လုပ်တာပါ ။  good person  တစ်ယောက်ပေါ်မှာ ဖောက်လွဲဖောက်ပြန် လုပ်တယ် ဆိုရင်ကတော့ ပိုဆိုးပြီး  စိန်တစ်လုံးကို လွှင့်ပစ်ပြီး ကျောက်ခဲကို ကောက်ယူမိတာနဲ့သာ တူပါလိမ့်မယ် ။  


ကံ ဆိုတာ မယုံဘူးဆိုလည်း ရှိပါတယ် ။ ကိုယ့်ကံက ကိုယ်ပဲ စီရင်လို့ ရတာ မို့  လှပအောင် ၊ ဝဋ် ပြန်မလည်အောင် စီရင်ထားသင့်ပါတယ် လို့ ။  ဒါ့ကြောင့်  relationship  တစ်ခု မှာ မပျော်တော့ရင်  end   လုပ် အဆုံးသတ် လိုက်ပါ ၊ Cheat  တော့ မလုပ်မိနေ ပါစေနဲ့ လို့  ။


ဖောက်ပြန်ခံရတဲ့သူတွေ အတွက်ကတော့  နောက်လူက  ရုပ်ရည် ပိုမိုလှပတာ ၊ ပိုတော် ပိုကောင်းလို့  ဆိုတာနဲ့ မဆိုင် ပါဘူး ။  သူဟာ ကိုယ်နဲ့ မတန် တော့ရင် ကံက အလိုလို  ဖယ်ပေး ပါတယ် ။  


ညအမှောင်ပြီးရင်  ရှေ့လျောက်  မိုးစင်စင်လင်း ဖို့ပဲ ရှိတာ ပါ ၊ ကြည်သာတဲ့ မနက်ခင်း က သင့်ကို စောင့် နေမှာပါ လို့ ။ 


 ………………………

မူရင်းစာမျက်နှာ - စာရေးဆရာမ ပုဏ္ဏမီ


(ဆရာမနဲ့ Teen Radio Station interview မှ)


Teen Radio Pyinsawadi , (2.7.2020) Thursday , 10 - 11 Am .

#Teeninterview , #KyuuLay




(Zawgyi) 

ေဖာက္ျပန္ျခင္း 

……………………




မဂၤလာပါ ဆရာမ ၊ ပထမဆံုး အေနနဲ႔ … 

(၁)  လူေတြ ဘာေၾကာင့္ ေဖာက္ျပန္ရတာလဲ ။   ဘယ္လိုအေၾကာင္းအရာေတြက ေဖာက္ျပန္ျခင္းကို တြန္းအားျဖစ္ေစ တာလဲ ဆိုတာ သိပါရေစ ။ 


(၁)  ပထမဆံုး ေဆးပညာအရ ေျပာရရင္ လူတစ္ေယာက္ကို ခ်စ္မိတဲ့အခါ စိတ္လႈပ္ရွားရတာ ၊ ၾကည္ႏူး ေပ်ာ္ရႊင္ရတာ ၊ စိတ္ဝင္တစား တက္ႂကြတာ ၊ ရင္ခုန္ခံစား ခ်က္ေတြ အကုန္လံုး က လူထဲမွာ ထြက္လာတဲ့ love hormone dopamine  လို႔ ေခၚတဲ့ ဟိုမုန္း ေၾကာင့္ပါ ။  

ဒီလူတစ္ေယာက္နဲ႔ ထိေတြ႕ စကားေျပာေနစရာေတာင္ မလို ၊ ျမင္လိုက္တာနဲ႔ ကို ခ်စ္ျမတ္ႏိုးတဲ့ စိတ္ေတြ ရင္ထဲ တလွပ္လွပ္နဲ႔ ျဖစ္လာရတာ  ဒီ love hormones ေတြ ေၾကာင့္ ေပါ့ေနာ္ ။ 


ဒါေပမယ့္ အဲဒါက ၾကာလာရင္ အရွိန္ ကက်က် လာတတ္တဲ့ သေဘာမွာ ရွိပါတယ္ ။ relationship  တစ္ခုက သက္တမ္းၾကာလာတဲ့ အခါ တစ္ေယာက္နဲ႔တစ္ေယာက္  ထိေတြ႕ ဖက္ ေနရင္ေတာင္ ဘာမွ မျဖစ္ေတာ့ဘူး ဆိုတာမ်ိဳး ၊ အဲဒါေၾကာင့္ ႏွစ္ဦးသားၾကားက relationship  တစ္ခု ခိုင္မာဖို႔ ဆိုရင္  အဲလို ၾကာလာတာနဲ႔ အမွ် ဒီႏွစ္ေယာက္ၾကားမွာ မိသားစု စိတ္ ၊ အေပါင္း အေဖာ္ ဆိုတဲ့ စိတ္ေတြအျပင္  သူနဲ႔ ကိုယ္ၾကား က ခိုင္ၿမဲျခင္းနဲ႔ လံုျခံဳျခင္း  stability  and safety ကို ႏွစ္ေယာက္လံုးက သေဘာက် လိုခ်င္တာ ဒါမ်ိဳးေတြ ျဖစ္လာရမယ္ ။  ေျပာရရင္  သံေယာဇဥ္နဲ႔ ယံုၾကည္မႈေပါ့ ။ 


အဲဒီ စစခ်င္း   first-date butterflies   ဆိုတဲ့  အူထဲေခြ႕ေနတဲ့  တလွပ္လွပ္  ဖီလင္ ေလးကို လူေတြက ႀကိဳက္ၾကတဲ့အခါက်ေတာ့ စိတ္ထဲ အၿမဲသတိတရ ရွိေနတတ္တယ္ ၊  အဲဒါကို ျပန္လိုခ်င္တတ္တာ ၊ ျပန္ခံစားခ်င္တာ ေတြ ရွိတတ္တယ္ ။  

အဲဒီစိတ္ေတြက အားသာ သြားရင္ ခုလက္ရွိ ကိုယ့္လူနဲ႔ကိုယ္ အသစ္အသစ္ အေနအထားေတြ ဖန္တီးယူဖို႔ထက္ အလြယ္တကူ  ေနာက္လူနဲ႔ ေနာက္တစ္ႀကိမ္ အခ်စ္သစ္တစ္ခု ထပ္ ေမြးဖြားျဖစ္ဖို႔ ကိုယ့္စိတ္ကိုယ္ အလိုလိုက္မိ လိုက္တတ္ၾကတာေပါ့  ။ 


(၂) ေနာက္တစ္ခုက  ေဒါသ ဆိုတဲ့ ေစ့ေဆာ္မႈေၾကာင့္ ပါ ။  သူက ကိုယ့္ကို နားမလည္ဘူး ၊ ကိုယ့္နားမွာ အၿမဲ ရွိမေနႏိုင္ဘူး ၊ physically or emotionally support  လည္း မလုပ္ႏိုင္ ဘူး ၊ ေတြ႕ရင္လည္း  အၿမဲျငင္းခုန္ ေနရၿပီး  စိတ္သေဘာထားျခင္း မတိုက္ဆိုင္တာ ေတြက အေတာ္ေလး မ်ားျပားတယ္ ၊ ဒါမ်ိဳးေတြေၾကာင့္ ထြက္လာရတဲ့ ေဒါသ က လူတစ္ေယာက္ ေဖာက္ျပန္ ျဖစ္ဖို႔  ႀကီးမား တဲ့ powerful motivator ျဖစ္ေစတယ္ တဲ့ ။ 


(၃) တစ္ေယာက္နဲ႔ တစ္ေယာက္ needs  ေတြ wants  ေတြ မတူတာ  ကလည္း ေဖာက္ျပန္သြားေ စတတ္တဲ့ အခ်က္ထဲမွာ ပါပါတယ္ ။  အထူးသျဖင့္  emotional needs ကေတာ့  အဆိုးဆံုးေပါ့ ၊ ဥပမာ …  တခ်ိဳ႔ကက် ေရခဲတံုးေလ ၊  ပူပူေလး ေနခ်င္သူက သူ႔လိုအပ္ခ်က္ ကို တစ္ဘက္က မျဖည့္ဆည္း ေပးႏိုင္ဘူး ျဖစ္ေရာ  ။ 


(၄)  တခ်ိဳ႔ကက် စြဲစြဲၿမဲၿမဲ ဆိုတဲ့ စိတ္ထား နဂိုတည္း ကကို ေမြးရာပါ ပါမလာတာ ။ variety , variety  ပဲ သူတို႔က ။ 


(၅)  တခ်ိဳ႔က်ေတာ့ မစြဲၿမဲတတ္တာထက္  အေျခအေန နဲ႔ အခြင့္ အေရးက ဖန္တီး ေပးလာတာကို မလြန္ဆန္ႏိုင္တာ မ်ိဳး  ။ ေယာက္်ားေလးေတြဆို  ကိုယ့္မိန္းကေလး နဲ႔ ေဝးေနတုန္း လိုက္ေလ်ာတတ္သူ နဲ႔ေတြ႕တာ ၊  မိန္းကေလးဆို ဇြတ္ခ်ဥ္းကပ္ တတ္သူ ေတြေနာက္ ယိုင္ ပါသြားတာ ။ 


(၆) ေနာက္တစ္ေယာက္က ပို attractive   ျဖစ္တယ္ ထင္လာတာ လည္း ရွိပါတယ္ ။ ေခ်ာေမာလွပမႈ ကြာတာ ကို ေျပာတာမဟုတ္ဘူး ၊  ကိုယ္ စိတ္ဝင္စားတတ္တဲ့ ဟာက ကိုယ့္လူဆီမွာထက္ ေနာက္လူဆီမွာ အထင္းသား ရွိေနတာကို ျမင္လိုက္ သိလိုက္တာမ်ိဳး ။ 


(၇)  တခ်ိဳ႕က  ကိုယ့္ကိုယ္ကိုယ္  အထင္ႀကီးေလးစားစိတ္ self esteem   နဲ႔  confidence နည္းတဲ့ အခါ က်ေတာ့ ကိုယ့္ ပါတနာ ကလည္း ကိုယ့္ကို မေလးစား အထင္မႀကီး အေရးမထား ဘူး ထင္လာတာ ၊ အဲလိုလူမ်ိဳး က်ေတာ့ ကိုယ့္ထက္ည့ံၿပီး ေအာက္က်ိဳ႔ မွီခိုပါမယ္ ဆိုသူနဲ႔ ေတြ႕ေတာ့ ငါကြ ေပါ့ ၊ သူကမွ ငါ့ကို တကယ္ေလးစားတဲ့သူ  ဆိုၿပီး ပါ သြားေရာ ။


(၈)  ေနာက္တစ္ခုက Sexual desire  ေပါ့ေနာ္ ။ ႏွစ္ဦးႏွစ္ဘက္ တစ္ေယာက္နဲ႔ တစ္ေယာက္ sexually fulfilling  ျဖစ္တဲ့ ၊ အျပန္အလွန္ ညီတဲ့  relationships  မဟုတ္ခဲ့ရင္လည္း high level of sexual desire  ျဖစ္တဲ့သူက တစ္ေယာက္နဲ႔ မရ ၊  ၿငိမ္ မေနႏိုင္တာမ်ိဳး ရွိလာတတ္တယ္ ေပါ့ ။ 


(၉) တခ်ိဳ႔က ကိုယ္ ့လုပ္ရပ္က ေဖာက္ျပန္တာ မဟုတ္ဘူး ထင္ ေနၾကရင္း ထင္ေနၾကရင္းနဲ႔ ကၽြံသြားတာလည္း ရွိေသးတယ္ ။  သူ ထင္ေနတာကေတာ့ ငါ မမွားဘူး ေပါ့ ၊ ဒါေပမယ့္  တစ္ဘက္လူမွာ သူ သာယာ ေနတာကေတာ့ ျငင္းမရဘူး ။ 

မ်ားေသာအားျဖင့္ ကေလးေတြ  online flirting   ေပါ့  ၊ ကေလးေတြသာ ေျပာတာပါ  လူႀကီးေတြလည္း အြန္လိုင္းကေန ညိကုန္ၾကတာေတြ ရွိပါတယ္ ။  ဘာမွ မဟုတ္ဘူး ၊ ငါ့မွာ အတြဲပါတနာရွိတာ ဝန္ခံထားသားပဲ ဘာညာ ဇြတ္ ေျပာရင္း ႐ုန္းမရေတာ့ တာ ။ 

 

ေဖာက္ျပန္ျခင္းကို တြန္းအား ျဖစ္ေစတဲ့ အရာကေတာ့ ေဖာက္ျပန္သူ ကိုယ္တိုင္ရဲ႕ စိတ္ ေပါ့ ။  မ ခုနေျပာခဲ့တဲ့ အရာေတြအားလံုး လူတိုင္း မွာရွိေနႏိုင္တယ္ ။ 

ဒါေပမယ့္ လူတိုင္း ၊ ေဖာက္ျပန္ေနၾကတာ မဟုတ္ဘူး ဆိုရင္ ၊ အဓိက ေစ့ေဆာ္မႈ က ေဖာက္ျပန္တတ္တဲ့သူရဲ႔ ထိန္းခ်ဳပ္ႏိုင္မႈ အားနည္းတဲ့ ၊  မခိုင္မာ ယိုင္နဲ႕ လြယ္တဲ့ စိတ္ ေပါ့ေနာ္ ။ 


……………..……………………………………………………


(၂)  ေဖာက္ျပန္တဲ့သူေတြက သူတို့ေဖာက္ျပန္ရတာ လက္တြဲ​​ ေဖာ္မေကာင္းလို့ , လို့ေျပာၾကတဲ့ သူေတြလဲ ရွိပါတယ္  ၊ ဆရာမ အေနနဲ႔ ဒါကို ဘယ္လိုျမင္ပါသလဲရွင့္ ။ ခု ဆရာမ ေျပာခဲ့သလို ဆိုရင္ သူ႕ ရဲ႕ စိတ္ ကသာ အဓိက ဆိုေတာ့ေလ  ။  


***  Relationship  တစ္ခုမွာ သမီးရည္းစား ျဖစ္ပေစ ၊ လင္မယား ျဖစ္ေစ ကိုယ့္ကုသိုလ္ သူ႔အက်ိဳးေပးေတြအရ  ပထမဆံုးလူနဲ႔  ေသတပန္သက္တဆံုး  ဆိုတာ ျဖစ္ခ်င္မွ ျဖစ္ မွာ , ဒါ လက္ခံႏိုင္စရာ အခ်က္ပါ ။ ကိုယ္က ေကာင္းေပးတိုင္းလည္း သူက ေကာင္းခ်င္မွ ေကာင္းမယ္ေလ ၊ ခုန သမီးေျပာသလို လက္တြဲ​​ ေဖာ္ မေကာင္း တာ ေပါ့ ။ 

ဒါဆို ဘာလုပ္သင့္သလဲ ဆို ခ်စ္သူရည္းစား အေနအထား မကဘဲ  လက္ထပ္ၿပီးသည္ ျဖစ္ေစ ၊ အိမ္ေထာင္သက္ ဘယ္ႏွစ္ႏွစ္ ရွိသည္ျဖစ္ေစ ဇြတ္ ဆက္ေပါင္းေပးေနစရာ မလိုဘူး ။ လက္တြဲျဖဳတ္ရမယ္ ။

လူဆိုတာ မွားတယ္ထင္ရင္ အမွားျပင္လို႔ ရတယ္ ။ သူမေကာင္းလို႔ ငါလည္း ေဖာက္ျပန္ မယ္ ဆိုတာက အေျဖ မဟုတ္ပါဘူး ။  excuse   တစ္ခုပဲ ျဖစ္ေနမွာေပါ့ေနာ္ ။ 


အဲဒီလို သူမ်ားကို အတာ ခ် ၊ အျပစ္ေျပာၿပီး ေဖာက္ျပန္တတ္တဲ့ သူေတြကို ၾကည့္လိုက္ရင္  မ်ားေသာအားျဖင့္ ကိုယ့္ကိုယ္ကိုယ္ ေလးစားယံုၾကည္တဲ့   self esteem   နဲ႔  confidence  နည္းတဲ့သူေတြ ဆိုတာ ေတြ႕ရပါတယ္ ။ ဒါ ေဖာက္ျပန္သူတိုင္း မဟုတ္ဘူး ၊ တခ်ိဳ႔ေတြက မဟုတ္တာသာ လုပ္ေနတာပါ … သူ မေကာင္းတာ သူသိတယ္ ။ 


သူမ်ားအျပစ္ ဆိုသူေတြကေတာ့  သူတို႔က အတိုက္အခံ လုပ္ရမွာ ထိပ္တိုက္ ရင္ဆိုင္ ရမွာေၾကာက္ တယ္ ၊  သူတို႔ကိုယ္သူတို႔ ေမွ်ာ္လင့္ခ်က္ မဲ့ ေနတယ္ေပါ့ ၊  ေဖာက္ျပန္လိုက္တာကပဲ ထြက္ေပါက္ လို႔ ထင္တာ က ရွိေသးတယ္ ။ 

လက္ရွိတစ္ေယာက္မွာ ရွိေနတဲ့ အခ်က္အလက္ အရည္အခ်င္း ေတြကိုလည္း မႀကိဳက္လို႔ , မလိုခ်င္ လို႔ ဆိုတာထက္   ဒါေတြကို မဆံုးရံႈးႏိုင္ဘဲနဲ႕  အဲဒါေတြကို မေက်ာ္လႊားႏိုင္တိုင္း သူတို႔မွာ ဒါပဲ လုပ္စရာ ရွိတယ္ လို႔ ထင္ ေနၾကတာ ။


တခ်ိဳ႔က် ႏွစ္ဦးသား ဆက္ဆံေရးမွာ သူ႔အေနနဲ႔ ႐ိုး႐ိုးေလးလုပ္ယူလို႔ မရႏိုင္တဲ့  ပါဝါ ကို  ထူေထာင္ခ်င္တာ ။ နင့္မွာၿပိဳင္ဘက္ရွိတယ္ေနာ္ ဆိုတဲ့ သေဘာနဲ႔  ကြန္ထ႐ိုး လုပ္ ခ်င္တာ ။ 

ေနာက္ မနာက်င္ေစခ်င္ လို႔ပါ ဆိုတဲ့သူ ရွိေသးတယ္ ။ ငါ  လက္တြဲျဖဳတ္ အမွားျပင္ လမ္းခြဲလိုက္ရင္ သူ႔မွာ hurt  ျဖစ္မယ္ ၊ painful  ျဖစ္မယ္ ၊ ဒါ့ေၾကာင့္ ဖံုးကြယ္ထားၿပီး ခိုးလုပ္မယ္ ဆိုသူမ်ိဳး ။  


သူတို႔ကိုၾကည့္ရင္  တစ္ကိုယ္ေကာင္းဆန္ မယ္ ၊ ကိုယ့္ကိုယ္ကိုယ္ အတြက္သာၾကည့္ တတ္တယ္ ၊ အမွန္တရားကို လက္မခံႏိုင္ဘူး စိတ္ရႈပ္ တယ္ ၊ တစ္ဘက္လူရဲ႔ ကိုယ္ပိုင္အရည္အခ်င္းကို မနာလို စိတ္မ်ား သူလည္း ျဖစ္တတ္တယ္  ၊  

ဘာမဆို  အလိုႀကီးအလားႀကီး နဲ႔  ကိုယ္က ဘယ္အရြယ္ႀကီးျဖစ္ေနေန အီ ေနရတာကို ႀကိဳက္ တယ္ ။ ရင္ခုန္စိတ္လႈပ္ရွား ရတာ.  အသစ္အဆန္း နဲ႔ၾကံဳရတာကို ႀကိဳက္ တယ္ ၊  ကိုယ့္  စိတ္ဓာတ္က မလံုျခံဳ ေတာ့  မဟုတ္တာ လုပ္ခ်င္တဲ့ စိတ္ပဲရွိတာေပါ့ ။ 


သူမ်ားကို ေရာ ကိုယ့္ကိုယ္ကိုယ္ပါ မေလးစား တတ္တဲ့သူေတြ ျဖစ္ေနတာ ေတြ႕ရတတ္ပါတယ္ ။ 


………………………………….…


(၃)  ကိုယ့္ခ်စ္သူက ေဖာက္ျပန္ေနရင္ ၊  ေဖာက္ျပန္တာကို လက္ရွိၾကဳံေတြ႕ ေနရရင္ ဘာလုပ္ရမလဲ ဆရာမ။


- မ်ားေသာအားျဖင့္ လူေတြက ငါ ဘာမွားမိလို႔လဲ ဆိုတာမ်ိဳး  ကိုယ့္ကိုယ္ကိုယ္ စ ေမးခြန္းထုတ္ မိတတ္တယ္ ။ ကိုယ္မွားတဲ့ အခ်က္ တကယ္ ရွိရင္ေတာင္ ေဖာက္ျပန္သြားတာကေတာ့ သူ မွားတာပါ ၊ ကိုယ့္ကိုယ္ကိုယ္ျပန္ အျပစ္ျမင္ blame  မလုပ္ပါနဲ႔ ။ 

- စိတ္ကို တည္တည္ၿငိမ္ၿငိမ္ထား ၊ take care of yourself . ကိုယ့္ကိုယ္ကိုယ္ ကိုယ္ပဲ ဂ႐ုစိုက္ရမွာ ။


- ခု ဒါျဖစ္ၿပီ ၊ ျဖစ္တာကို လက္သင့္မခံခ်င္လို႔မရဘူး ၊ accept  လုပ္ပါ ။ 

- တခ်ိဳ႔က် သိေပမယ့္ ရင္မဆိုင္ဘဲနဲ႔ ဆြဲ ဆြဲ ထားၿပီး ေရွာင္ ေနရင္ တစ္ဘက္မွာ ျပန္ျပတ္သြားမလား ထင္တတ္တယ္ ၊  တေျဖးေျဖး  အလိုလို ေကာင္းသြားႏိုင္တဲ့ အရာ မဟုတ္ဘူး ထင္ပါတယ္ ၊ အကယ္၍ ေနာက္လူနဲ႔ ျပန္ျပတ္သြားရင္ေတာင္ သူဟာကိုယ့္ကို ေဖာက္ျပန္ခဲ့တယ္ဆိုတာကေတာ့ ျငင္းမရတဲ့ အမွန္တရားပါ ။ 


- ဒါ ဘာျဖစ္တာလဲ ဘာ့ေၾကာင့္ ဆိုတာ ေတာ့ ကိုယ့္လူကိုယ္ အရင္သိေအာင္ ေမးရပါမယ္ ။

- ၿပီးရင္ ဒီ relationship  ကို ေရွ႕ဆက္ခ်င္ေသးတာလား ကိုယ့္ဘာသာ အရင္ ေသခ်ာ ေအာင္  လုပ္ပါ ။ မဆက္ခ်င္ေတာ့ရင္  မွားပါတယ္ေတြ ၊ ေတာင္းပန္ပါတယ္ေတြ ၊ ရွင္းျပမယ္ ေတြနဲ႔ စိတ္အယိုင္ ျပန္မခံနဲ႔ေတာ့ ။ ျပတ္ျပတ္သားသား ဆံုးျဖတ္ပါ ။   ကိုယ္က မွ မျပတ္ႏိုင္ရင္ေတာ့ ေနာက္ တစ္ႀကိမ္ အသစ္က ျပန္စ မယ္ ၊ ခြင့္လႊတ္ႏိုင္တယ္ေပါ့ ။ 

- ဒါေပမယ့္ ကိုယ့္တစ္ေယာက္တည္း ဆက္ခ်င္တိုင္းလည္း မရပါဘူး ၊ သူကေကာ ဆက္ခ်င္ေသးရဲ႔လား ၊ ဒီအေနအထားႀကီးကို ရပ္တန္႔ ျပဳျပင္မွာလား က ရွိေသးတာ ။ 


- သူေရာကိုယ္ပါ ေရွ႕ဆက္ဖို႔ကိုပဲ ေရြးၾကမယ္ ဆိုရင္ ေနာက္တစ္ႀကိမ္မွာ ကိုယ္က သူ႔ကို  စိတ္ဒံုးဒံုးခ် ယံုႏိုင္ေသးရဲ႔လား ။ တကယ္ ေသခ်ာ ခ်စ္ႏိုင္ေသးတာလား ၊ အေၾကာင္းတိုက္ဆိုင္တိုင္း အတိတ္ကိုလွန္ၿပီး ျပႆနာ မရွိပါဘူး လို႔ အာမခံႏိုင္ပါ့မလား ။ 

ကိုယ့္အမွားလည္း ပါေနတဲ့ အေၾကာင္းတစ္စံုတရာ ခိုင္ခိုင္လံုလံု ရွိရင္ သူ႔ကို ခြင့္လႊတ္တဲ့ အျပင္ ကိုယ့္အမွားကိုယ္ ျပင္ ႏိုင္တာလား ။ မျပင္ရင္ ဒါကို အေၾကာင္းျပၿပီး ဒါမ်ိဳး ပဲ ေနာက္တစ္ခါ ထပ္ျဖစ္ဦးမွာေလ ။ 


- ဒါကိုမွပဲ ရတယ္ အားလံုး အိုေက ဆိုရင္ေတာ့ ေရွ႕ဆက္မယ့္ ဆက္ဆံေရးကို ေသခ်ာ ညႇိယူၿပီး  healthy boundaries  ေလးေတြ ေသခ်ာ ခ်မွတ္ပါ  ။  သံသယ ထားၿပီး ေနသြားရမယ္ မဟုတ္ေပမယ့္  warning sings  ေလးေတြ ရွိတတ္တာကိုေတာ့ နည္းနည္းေလး သတိထား ေပးပါ ။ 


- ကိုယ့္ ဆံုးျဖတ္ခ်က္ကို တစ္ေယာက္တည္း ေနရမွာေၾကာက္တာ ၊ သူမ်ားေျပာမွာ ေၾကာက္တာ စသည္ ဘာ အေၾကာက္တရား နဲ႔မွ မခ်ပါနဲ႔ ။ ရင္ဆိုင္ရမယ္ ဆိုေပမယ့္ ေနာက္ဆံုးအေျဖက ခု ဆို ခု ျမန္ျမန္ႀကီး ခ် စရာ လည္း မလိုပါဘူး ။ 

- အကူညီလိုရင္ ကိုယ့္ဝန္းက်င္မွာ ကိုယ့္အတြက္ စဥ္းစားေပးမယ့္ ၊ ကိုယ့္ဘက္ပါမယ့္သူေတြရွိပါတယ္ ေတာင္းပါ ၊ ဒါေပမယ့္  ဆံုးျဖတ္ခ်က္ကေတာ့ ပတ္ဝန္းက်င္နဲ႔ မဆိုင္ဘူး … ကိုယ့္ဘာသာ ခ်ရမွာ ။ 


- ရွက္စရာႀကီး လို႔ မ်က္ႏွာမျပဝ့ံဘဲ လူ႔ဝန္းက်င္ကေန ေရွာင္ပုန္း ေနစရာ မလိုေပမယ့္  socials ေတြကေန ခဏေလး break  ယူထားတာ မမွားပါဘူး ။ အထူးသျဖင့္ Facebook လို ဟာမ်ိဳးေတြ ။ ကိုယ္မွန္ေၾကာင္း ရွင္းျပခ်င္ေဇာ ႀကီးေနတတ္တာက  social media. ေတြေပၚမွာ ကိုယ့္ေသတြင္း ကိုယ္ တူးမိသလို ျဖစ္တတ္ပါတယ္ ။ 


- ကေလး ရွိသူေတြဆို ကေလးကို ကိစၥေတြထဲ ဆြဲမထည့္ပါနဲ႔ ၊ ေနာက္ဆံုးမွ ရွင္းျပစရာ လိုလာခ်ိန္က်မွ ရွင္းျပပါ ။ 

- ေရွ႕ဆက္ဆက္  ေနာက္ဆုတ္ဆုတ္  ကိစၥေတြ ၿပီးခ်ိန္မွာ အေရးအႀကီးဆံုး ႏွစ္ခ်က္က ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္ မေနဖို႔ နဲ႔  ၊  ၿပီးခဲ့တာေတြထဲ နစ္မေန ဘဲ တကယ္ အသစ္ က ျပန္စ ဖို႔ပါ ။ 


………………...………………………………………………………………………


(၄)  Warning Signs  ေလး ေတြ ဆိုလို႔ပါ ၊ ဘာေတြမ်ားလဲ ၊ ဥပမာ ေလး နည္းနည္းေလာက္ေပါ့ေနာ္ ဆရာမ ။  


***  လူတစ္ေယာက္က ေဖာက္ျပန္ေနၿပီဆိုရင္ အလိုလို သိသာ လာတတ္တဲ့ အခ်က္ေလးေတြ ရွိပါတယ္ ။ ေဖာက္ျပန္ခံရတဲ့ ကာယကံရွင္ ကသာ ေနာက္ဆံုးမွ သိတာ ၊  ေဘးလူေတာင္ ဝင္ သိသာ ေနၿပီ ဆိုတာမ်ိဳးေတြ ။ 


- ဥပမာ … အက်ႌ အဝတ္အစား ဝတ္ပံု ၊ သူတို႔ရဲ႕ appearance   အတြက္ ေတာ္ေတာ္ အာရံု စိုက္ လာတာ  ။  ေနထိုင္ေျပာဆိုပံု ေျပာင္းလာ ၿပီး  ခုနက ေျပာခဲ့တဲ့  first-date butterflies  ဆိုသလို ဒိုပါမင္းေတြ အရမ္းထြက္ၿပီး  အူေခြ႕ေနတဲ့  ဟန္ပန္အမူအရာေတြ ဖံုးဖိမရ ေပၚထြက္ ေနတတ္တာ ။

- ဖုန္း ကို လွ်ိဳ႕ဝွက္တတ္လာ ။

- ဘယ္ေရာက္ေနမွန္း မသိ အဆက္ျပတ္ေနတတ္တာ ( ဖုန္းေခၚ မရတာမ်ိဳး )


- ကိုယ့္အေပၚ ခ်စ္ခင္ၾကင္နာမႈ ေလ်ာ့နည္း လာၿပီး ကိုယ္နဲ႔အတူရွိရင္ကို ေဒါသ ေတြ ထြက္ ေနတတ္တာ ၊  ဘာမဟုတ္တာေလး နည္းနည္းေလးနဲ႔ သည္းမခံႏိုင္တာ 

- ဒါမွ မဟုတ္ မလိုအပ္ဘဲ attentions  ေတြ အရမ္းေပး ၊ အပိုေတြလုပ္ ၊ ခ်စ္ျပလာတာ 


- သူတို႔ရဲ႔ ေန႔စဥ္ပံုမွန္လႈပ္ရွားမႈ အခ်ိန္ဇယားေတြ အရင္ကနဲ႔ မတူဘဲ ေျပာင္းကုန္တတ္တာ 

- သူ႔ အခ်က္အလက္ေတြက် လွ်ိဳ႔ဝွက္ၿပီး ကိုယ္ ဘယ္သြားမလဲ ၊ ဘယ္မွာ ရွိေနလဲ  ဘာညာ အေသးစိတ္ ေတြ ၊ လမ္းေၾကာင္းေတြ က်ေတာ့ သိခ်င္လာတာ 


- သူ႕  သူငယ္ခ်င္းေတြကိုက တစ္မ်ိဳးေတြ ျဖစ္လာတာ 

- အရင္က ကိုယ္နဲ႔အတူ စိတ္ဝင္စားတတ္တာေတြကို အခု လံုးဝ စိတ္မဝင္စားေတာ့တာ 

- ကိုယ့္ကို တတ္ႏိုင္သမွ် ေရွာင္ လာတာ 


- အေျခအျမစ္မရွိ အကုန္အက် ေတြ မ်ားလာတာ

- အတူပူးေနရင္ေတာင္ စိတ္ခ်င္း အရမ္းကြာ ေနတာ ၊ သူ႔စိတ္က ဘယ္ေရာက္ေနမွန္း မသိတာကို ကိုယ့္ မသိစိတ္က သိ သိ လာတာ 

- တစ္ခါတေလ က် ငါ ေဖာက္ျပန္ေနရင္ ဘယ္လိုလုပ္မလဲ ၊ ေျပာခ်င္တာ ရွိတယ္  ဘာညာ ေသြးတိုးစမ္း စကားေတြ ေျပာတတ္တာ 


ဒါ ဥပမာ ေလး အနည္းငယ္ပါ ။  ဒီ့ျပင္လည္း အမ်ားႀကီး ရွိႏိုင္ပါေသးတယ္  ကိုယ္ သတိထားမိရင္ သတိထား မိသလို ေပါ့ေနာ္  ။ ဒီေခတ္ အေနနဲ႕ ဆိုရင္ေတာ့  တစ္ဘက္လူက Facebook  ေပၚကေန ေစာင္းပါးရိပ္ျခည္ က စလို႔ တိုက္႐ိုက္ တိုက္ခိုက္လာတာ ဘာညာ လည္း ရွိတတ္ပါတယ္ ။ 


……………….....…………………………


(၄)  ေဖာက္ျပန္တာနဲ႔ ပတ္သတ္ၿပီး ဆရာမအေနနဲ႔ ေျပာခ်င္တာ မ်ား ရွိေသးရင္  ။ 


***  ေဖာက္ျပန္တယ္ ဆိုတာ genes  ေပါ့   genetic  နဲ႔ ဆိုင္တယ္ လို႔ ေျပာၾကတာလည္း  ရွိပါတယ္ ။ ဦးေႏွာက္ထဲမွာ ရွိတဲ့  dopamine receptors in the brain ေတြ တည္ေဆာက္ပံု တူခဲ့ရင္ ဆိုတဲ့ အယူအဆ ေပါ့ေနာ္ ။ အဲဒါေၾကာင့္ ေရွးလူႀကီးေတြဟာ မ်ိဳး႐ိုး သိပ္ၾကည့္တယ္ တို႔ ဘာတို႔ ။ 

ဒါေပမယ့္ ဒါက 100%  မွန္ကန္တဲ့ အခ်က္ ေတာ့ မဟုတ္ပါဘူး ။ 


အဲဒီေတာ့  ကိုယ့္ေၾကာင့္ ကိုယ့္ေအာက္က ကိုယ့္သားသမီး ၊ ကိုယ့္အထက္က ကိုယ့္မိဘ သားသမီးမေကာင္း မိဘေခါင္း ၊ မိဘမေကာင္း သားသမီးေခါင္း  ျဖစ္ၿပီး မ်ိဳး႐ိုးလိုက္တာ ဘာညာ သတ္မွတ္ခံ ရတာေတာ့ ဘယ္ တရားမလဲ ေနာ္ မဟုတ္ဘူးလား ။ 


ေဖာက္ျပန္ခ်င္တတ္တဲ့သူေတြကို ေျပာခ်င္တာက  သူမ်ားတကာ ကို  Cheating  လုပ္တာက  is  your choice ပါ  ၊  not a mistake  ပါ ။ မွားသြားတာ မဟုတ္ ၊ မွားေအာင္ လုပ္တာပါ ။  good person  တစ္ေယာက္ေပၚမွာ ေဖာက္လြဲေဖာက္ျပန္ လုပ္တယ္ ဆိုရင္ကေတာ့ ပိုဆိုးၿပီး  စိန္တစ္လံုးကို လႊင့္ပစ္ၿပီး ေက်ာက္ခဲကို ေကာက္ယူမိတာနဲ႔သာ တူပါလိမ့္မယ္ ။  


ကံ ဆိုတာ မယံုဘူးဆိုလည္း ရွိပါတယ္ ။ ကိုယ့္ကံက ကိုယ္ပဲ စီရင္လို႔ ရတာ မို႔  လွပေအာင္ ၊ ဝဋ္ ျပန္မလည္ေအာင္ စီရင္ထားသင့္ပါတယ္ လို႔ ။  ဒါ့ေၾကာင့္  relationship  တစ္ခု မွာ မေပ်ာ္ေတာ့ရင္  end   လုပ္ အဆံုးသတ္ လိုက္ပါ ၊ Cheat  ေတာ့ မလုပ္မိေန ပါေစနဲ႔ လို႔  ။


ေဖာက္ျပန္ခံရတဲ့သူေတြ အတြက္ကေတာ့  ေနာက္လူက  ႐ုပ္ရည္ ပိုမိုလွပတာ ၊ ပိုေတာ္ ပိုေကာင္းလို႔  ဆိုတာနဲ႔ မဆိုင္ ပါဘူး ။  သူဟာ ကိုယ္နဲ႔ မတန္ ေတာ့ရင္ ကံက အလိုလို  ဖယ္ေပး ပါတယ္ ။  


ညအေမွာင္ၿပီးရင္  ေရွ႕ေလ်ာက္  မိုးစင္စင္လင္း ဖို႔ပဲ ရွိတာ ပါ ၊ ၾကည္သာတဲ့ မနက္ခင္း က သင့္ကို ေစာင့္ ေနမွာပါ လို႔ ။ 


 ………………………

မူရင္းစာမ်က္ႏွာ - စာေရးဆရာမ ပုဏၰမီ


(ဆရာမနဲ႔ Teen Radio Station interview မွ)


Teen Radio Pyinsawadi , (2.7.2020) Thursday , 10 - 11 Am .

#Teeninterview , #KyuuLay


Monday, December 21, 2020

How to Respect a Transgender Person

Trans ကိုကို မမတွေကို ဘယ်လိုလေးစားသမှုပြုကြမလဲ (How to Respect a Transgender Person)





စာဖတ်သူဟာ ကိုယ့်ဘဝသက်တမ်းမှာ တစ်ခါမှ မစဉ်းစားဖူးတဲ့ ဆန့်ကျင်ဘက်လိင်အသွင် ပြောင်းလဲဝတ်ဆင်နေထိုင်သူ တစ်ယောက်ရဲ့ ဘဝဖြစ်စဉ်ကို လေ့လာရတယ်ဆိုပါစို့။ သူ့ရဲ့ ကျားဖြစ်ခြင်း မဖြစ်ခြင်း ‘လိင်စိတ်ဝိသေသ’ အထောက်အထားနဲ့ ပတ်သက်ပြီး နားမလည် ခြင်းဖြစ်နိုင်သလို သူတို့ အဝန်းအဝိုင်းမှာ စိတ်မခုစေဘဲ သို့မဟုတ် ဘုဂလန့်အသွင်မပေါက်စေဘဲ စာဖတ်သူအနေနဲ့ ဘယ်လိုသရုပ် ဆောင်ရမယ်ဆိုတာ မသေချာသလိုဖြစ်နေနိုင်ပါတယ်။ 


ဒီဆောင်းပါးခေါင်းစဉ်မှာ ရည်ညွှန်းထားတဲ့ ‘ဆန့်ကျင်ဘက်လိင်အသွင်ပြောင်းလဲဝတ်ဆင်နေထိုင်သူ တစ်ယောက် (a Transgender Person) ဆိုတာက အမိဝမ်းကကျွတ်စပြုချိန်တွင် ထင်ထင်ရှားရှား ပါဝင်လာသော လိင်အင်္ဂါအရ သို့မဟုတ် လိင်ဝိသေသလက္ခဏာ အရမဟုတ်ဘဲ ဆန့်ကျင်ဘက်အသွင်ပြုမူဝတ်ဆင်နေထိုင်သူတစ်ယောက်ကိုဆိုလိုခြင်းဖြစ်ပါတယ်။ 


ဆန့်ကျင်ဘက်လိင်အသွင်ပြောင်းလဲဝတ်ဆင်နေထိုင်သူတွေ အတော်များများဟာ ကမ္ဘာအနှံ့မှာ ကျယ်ပြန့်လှတဲ့ အမျိုးမျိုးသော ယဉ်ကျေးမှုအသွင်ပြင်များဖြင့် ဟိုးယခင်ခေတ်အဆက်ဆက်ကရှိခဲ့ကြသလို အခုလဲရှိနေကြပါတယ် နောက်လည်းရှိနေပါဦးမယ်။ တိုင်းပြည်တစ်ပြည်အရ ဒါမှမဟုတ် ယဉ်ကျေးမှုတစ်ရပ်ဟာတော့ဖြင့် သူတို့တွေရဲ့ ဝိသေသလက္ခဏာဖြစ်ပါတယ်လို့ အမည်တပ်ဖို့က ခဲယဉ်းပါတယ်။ ယနေ့လူမှုအဖွဲ့အစည်းမှာ သူတို့တွေရဲ့ လိင်ဝိသေသ အခြေအနေကို ရှင်းလင်းပြဖို့ အမြဲတမ်းလွယ်ကူနေတယ် ဆိုတာ မျိုးတော့ မဟုတ်ပါဘူး။ 


ယောက်ျား မိန်းမဖြစ်တည်မှု လိင်ဝိသေသ ပြီးတော့ လိင်ကိစ္စတွေနဲ့ပတ်သက်ပြီး စာဖတ်သူရဲ့အတွေးအခေါ် အပေါ် စိန်ခေါ်မှု ဖြစ်စေတဲ့သူတစ်ဦးတစ်ယောက်အပေါ် နားလည်မှုနဲ့ လေးစားသမှုကို ပေးရပါလိမ့်မယ်။ စာဖတ်သူဟာ လူပီသသူ၊ တစ်ဖက်သားကို နားလည်မှုပေးတတ်သူဖြစ်ကြောင်း သက်သေပေါ့လေ။ ယောက်ျား၊ မိန်းမ ၊ ယောက်ျားပီသခြင်း သို့မဟုတ် မိန်းမ ဆန်ခြင်း စတဲ့ခေါင်းစဉ်ခွဲတွေ၊အတန်းအစားသတ်မှတ်ချက်တွေ၊ လွယ်လွယ်ပြောလို့မရတဲ့သူတွေနဲ့ပတ်သက်ပြီးတော့ကောပေါ့နော်။ 


လူတစ်ယောက်ရဲ့ ကိုယ်ပိုင် လိင်ဝိသေသလက္ခဏာနှင့် ပတ်သက်ပြီး သူတို့ကိုယ်သူတို့သတ်မှတ် ထားတဲ့ နာမ်စား အခေါ်အဝေါ် အသုံးအနှုန်းတွေအတိုင်း ပြောဆိုခေါ်ဝေါ်သုံးစွဲပေးလိုက်ခြင်းဖြင့် စာဖတ်သူရဲ့ လူတစ်ယောက်အပေါ် လေးစားသမှု ပေးတတ် နားလည်ပေးတတ်ပါကြောင်း စိတ်ထားကိုစတင်ပြသနိုင်ပါတယ် ခင်ဗျ။


(၁) ခေါင်းစဉ်တပ်စရာမလို

စာဖတ်သူဟာ ဘဝမှာ စာဖတ်သူလိုလူတွေနဲ့ ဘယ်နေရာပဲဖြစ်ဖြစ် ဘယ်မှာပဲဖြစ်ဖြစ် အထူးသဖြင့် လိင်ဝိသေသနဲ့ပတ်သက်ပြီး အထူးတလည် ခေါင်းစဉ်တပ်ပြောရလောက်တဲ့ အကြောင်းအရာလို့ မထင်မှတ်ဘဲ နေထိုင်ပြောဆိုခဲ့ကြပါတယ်။ လူတွေဟာ လိင်ဝိသေသကို ဝန်ခံအသိအမှတ်ပြုတတ်တဲ့ အကူးအပြောင်းတစ်ရပ်ဖြစ်လာပါပြီ။ စာဖတ်သူဟာ ဘယ်လိုလူပုဂ္ဂိုလ်ဖြစ်တယ်ဆိုတာ အလေးအမြတ်ပြုစေသကဲ့သို့ အခြားလူတစ်ဦးချင်းစီတိုင်းကိုလည်း လေးစားသမှုပြုရပါမယ်။


တစ်စုံတစ်ခုသော ‘အဘယ့်ကြောင့်ဆိုသော်’ ဆိုတဲ့ကိစ္စကြောင့် တစ်စုံတစ်ယောက်နဲ့ ပတ်သက်ပြီးစကားစမြည်ပြောဖြစ်တဲ့အခိုက်အတန့် လေးကို နားလည်သဘောပေါက်သင့်တယ်။ ယခုလက်ရှိ လုံးဝဥဿုံ သူတို့ရဲ့ လိင်ဝိသေသအတိုင်းခေါ်ပြောဆက်ဆံတဲ့အခိုက်အတန့် ဆိုတာ ကိုယ်ကိုယ်တိုင်က သူတို့ကဲ့သို့ဖြစ်နေတယ်လို့ အဓိပ္ပာယ်မှမသက်ရောက်တာ။  တစ်စုံတစ်ယောက်ကို စာဖတ်သူက လေးစားသမှု ထားဖို့ ရည်စူးထားပါလျှင် သူတို့ရဲ့ကွဲပြားခြားနားချက်ကြောင့် စာဖတ်သူဟာ သီးခြားထင်ရှားမှုတစ်ခုကို အလေးထားတယ်၊ အဆိုပါလူရဲ့ ပုဂ္ဂလိကဖြစ်တည်မှုကြောင့် အခြားသူများနဲ့ ကွဲပြားသွားရတယ်လို့ မဆိုနိုင်ပါ။


အပေါ်ကပြောခဲ့တဲ့အချက်အလက်များအရ အဆိုပါကွဲပြားခြားနားသူတွေကို စာဖတ်သူဟာ သူတို့ကိုယ်သူတို့ ညွှန်းဆိုထားတဲ့ လိင်ဝိသေသအတိုင်း၊ အမည်အတိုင်း နာမ်စားအတိုင်း ခေါ်ပြောဆက်ဆံနေထိုင်ဖို့အရေးပါပါတယ်။ (သူတို့ရဲ့ ထင်သာမြင်သာ ဝတ်စား ဆင်ယင်ပုံ အသွင်အပြင်များအရဖြစ်စေ၊ ဖွင့်ဟဝန်ခံထားသူ မဟုတ်ဘူး ဒါမှမဟုတ် အခြားနည်းအားဖြင့် စာဖတ်သူကိုပြောပြထားသူ မဟုတ်ဘူးဆိုတာမျိုးကြောင့် တကယ်မသေချာရင်တော့ စကားလမ်းကြောင်းသင့်ချိန်မယ် အဆင်ပြေချိန်မှာ သူတို့ကိုသေချာလေး မေးမြန်းကြည့်ပါ။)


(၂) အတိတ်ကာလများကို ညွှန်းဆိုရာမှာသတိပြုဖို့ 


စကားစမြည်ပြောကြလို့ အတိတ်ကာလတွေအကြောင်း စကားစပ်မိတဲ့အခါ ‘အရင် ယောက်ျား/မိန်းမတစ်ယောက် ဖြစ်ချိန်က (a previous gender) ဒါမှမဟုတ် ‘ယောက်ျား/မိန်းမတစ်ယောက်အဖြစ် မွေးချိန်’ ဆိုတဲ့ စကားစုတွေကို တတ်နိုင်သမျှ မသုံးမိဖို့ကြိုးစား ရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဆန့်ကျင်ဘက်လိင်အသွင်ပြောင်းလဲဝတ်ဆင်နေထိုင်သူ (Transgender) အများစုဟာ စာဖတ်သူကို ဖွင့်ဟဝန်ခံထားပြီးသား လိင်ဝိသေသ (the gender) အပေါ် အမြဲတစေခံစားချက်ရှိနေလို့ဖြစ်ပါတယ်။ ဒါပေမဲ့ ဘာအကြောင်းအရာပဲ ဖြစ်ဖြစ် ဖုံးကွယ်ဖို့ ဒါမှမဟုတ် အနည်းဆုံးတော့ သူတို့နဲ့လိုက်လျောညီထွေ ဆက်ဆံလုပ်ကိုင်ဖို့ပါ။


အတိတ်ကာလတွေအကြောင်း စကားပြောဆိုကြချိန်မှာ လိင်ဝိသေကို မှီးငြမ်း ညွှန်းဆိုတာရှောင်ရှားဖို့ ဖြေရှင်းနည်းတစ်ခုကတော့ အခြား အကိုးအကား အခြားစကားသုံးပုံစံ ဘောင်တစ်မျိုးကို အသုံးပြုခြင်းဖြစ်ပါတယ်။ ယခင်နှစ်က၊ ခင်ဗျား ကလေးတစ်ယောက်ဖြစ်စဉ်က၊ ခင်ဗျား အထက်တန်းကျောင်းတက်ချိန်က စသဖြင့်ပေါ့။ အတိတ်ဖြစ်ရပ်အကြောင်းစကားပြောဆိုစဉ် လိင်ဝိသေသအပြောင်းအလဲအား ညွှန်းဆိုပြောကြားချင်ရင်တော့ ‘ခင်ဗျား ဖွင့်ဟဝန်ခံခြင်းမပြုခင်က’ ဒါမှမဟုတ် ‘ခင်ဗျား စပြီးအကူးအပြောင်းတွေ မလုပ်ဖြစ်ခင်’ စသော အသုံးမျိုးတွေသုံးပါ။ (သင့်လျော်လိုက်ဖက်ရင်ပေါ့လေ)


(၃) လူပုဂ္ဂိုလ်ရဲ့ လိင်ဝိသေသအတိုင်း သီးခြားဘာသာစကားကိုအသုံးပြုပါ


အဆိုပါ ဆန့်ကျင်ဘက်လိင်အသွင်ဝတ်ဆင်နေထိုင်သူတစ်ယောက် သူတို့ကိုယ်သူတို့ညွှန်းဆိုအသုံးပြုတဲ့ နာမ်စားအတိုင်း မေးခေါ်သုံးစွဲ ခြင်းဖြင့် သူတို့အပေါ်ဂရုပြုအလေးထားသော စကားသုံးရွေးချယ်မှုဖြစ်နိုင်ပါတယ်။ ဥပမာ မိန်းကလေး၊အမျိုးသမီး တစ်ယောက်လို့ ဖော်ထုတ်ပြဆိုနေထိုင်သူ တစ်စုံတစ်ယောက်ကို သူမ၊ သူမပစ္စည်း၊ မင်းသမီး၊ အမျိုးသမီးစားပွဲထိုး စသော အမျိုးသမီးဆန်ဆန် စကားလုံးများ၊ နာမ်စားများအသုံးပြုခြင်းဖြစ်ပါတယ်။ ယောက်ျားသား၊ အမျိုးသားတစ်ယောက်ကဲ့သို့ ဖော်ထုတ်ပြဆိုနေထိုင်သူ တစ်ယောက်ကို ယောက်ျားဆန်သော စကားရပ်တွေဖြစ်တဲ့ သူ၊ သူ့ဟာ စသဖြင့် အသုံးပြုပြောဆိုခြင်းမျိုးပါပဲ။ အခြားသော ဆန့်ကျင်ဘက်လိင်အသွင်ဝတ်ဆင်နေထိုင်သူများကတော့ လိင်ဝိသေသစကားသုံးကို ကြားနေစကားသုံး နာမ်စားများဖြစ်တဲ့ သူတို့၊ သူတို့ဟာ၊ သူတို့ရဲ့ စတဲ့နာမ်စားတွေကို စတင်အသုံးပြုနေကြပါပြီ။စာဖတ်သူအနေနဲ့ သူတို့ပြောပြတဲ့အမည်နဲ့ နာမ်စားတွေကို အသုံးပြုပါ။


သူငယ်ချင်းဖြစ်တဲ့ ဇော်ဇော်တစ်ယောက် စာဖတ်သူဆီလာရောက်ပြီး transgender တစ်ယောက်ဖြစ်ကြောင်းဖွင့်ဟဝန်ခံကာ မေရီလို့ ခေါ်ဆိုပေးဖို့ ဆန္ဒရှိကြောင်းပြောလာပြီဆိုပါစို့။ 

‘ဒါ ကျွန်တော့်သူငယ်ချင်း ဇော်ဇော်ပါ။ ကျွန်တော် သူ့ကို အထက်တန်းကျောင်းတက်ကတည်းက သိခဲ့တာ’ လို့မပြောဘဲ၊ 

‘ဒါ ကျွန်တော့်သူငယ်ချင်း မေရီပါ။ ကျွန်တော် သူမကို အထက်တန်းကျောင်းတက်ကတည်းက သိခဲ့တာ’လို့ ညွှန်ပြတာမျိုးလုပ်ရတော့မယ့် အခြေအနေရောက်ပါပြီ။


မေရီနဲ့ စာဖတ်သူ သီးသန့်စကားပြောခွင့်ရတဲ့ အခြားသော အချိန်၊ အခြေအနေအတွက် စိတ်အထာမကျမှု ခံစားရကောင်း ခံစားရနိုင် ပါတယ်။ မေရီနဲ့ သူငယ်ချင်းမိတ်ဆွေဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းလိုလျှင်တော့ မေရီရဲ့ စိတ်ဆန္ဒရယ်၊ လက်ရှိ ပစ္စုပ္ပန်မှာ သူမဘယ်သူဆိုတာ ညွှန်းဆိုထားခြင်းတွေအပေါ် စာဖတ်သူက ဂရုထားလေးစားဖို့လိုပါလိမ့်မယ်။ ယခင်က စာဖတ်သူ သိခဲ့တဲ့သူမဟုတ် တော့ပါဘူး။ စာဖတ်သူသိရှိခဲ့ဖူးတဲ့ ဆန့်ကျင်ဘက်လိင်အသွင်ဝတ်စားဆင်ယင်နေထိုင်သူတစ်ယောက်ဖြစ်ပါတယ်။ အခု သူတို့ကို ပိုမို သိရှိလောက်ပြီထင်ပါရဲ့။


(၄) မေးခွန်းထုတ်ဖို့ မကြောက်ရွံ့ပါနဲ့


မေးခွန်းထုတ် မေးမြန်းကြည့်ဖို့ဆိုတာကို မကြောက်ရွံ့သင့်ပါ။ တစ်ခုရှိတာက သူတို့ရဲ့ ID သို့မဟုတ် လိင်ဝိသေသ (gender) နဲ့ဆက်နွယ်တဲ့ မေးခွန်းအားလုံးကို ဆန့်ကျင့်ဘက်လိင်အသွင်ပြောင်းလဲဝတ်ဆင်ထားသူများ ဖြေပေးလိမ့်မယ်လို့တော့ သေချာ ပြောမရပါဘူး။ အဆိုပါလူတွေဟာ စာဖတ်သူရဲ့ ဆုံးမသွန်သင် နည်းပေးလမ်းပြမှုခံရမယ့်သူတွေအဖြစ်တော့ ဘယ်လိုဖြစ်ဖြစ် မမျှော်လင့်ပါနဲ့။ဒါက စာဖတ်သူကိုယ်ကိုယ့်ကိုယ် သတိပေးရမယ့် တာဝန်ယူမှုပါ။ သည်လိုပါပဲ Trans တစ်ယောက်က စာဖတ်သူရဲ့ မေးခွန်းတွေကိုဖြေပေးဖို့ သက်သောင့်သက်သာမဖြစ်ဘူးလို့ ခံစားရချိန်မှာ သူတို့ဆီက အဖြေတွေကို အတင်းညှစ်မထုတ်ရပါဘူး။


ကျန်းမာရေးအတွက် ဆေးစစ်ဖို့ အထောက်အပံ့ဖြစ်အောင် စီစဉ်ရာမှာ သိဖို့လိုတာကြောင့် အင်္ဂါဇာတ်အကြောင်း၊ ခွဲစိတ်မှုတွေအကြောင်း ပြီးတော့ လွန်ခဲ့သောကာလက နာမည်အကြောင်း မေးမြန်းမှု မေးခွန်းများဟာ Trans တစ်ယောက်အတွက် လိင်ပိုင်းဆိုင်ရာ ဆက်ဆံရေး တစ်ရပ်အဖြစ် စိတ်ကသိကအောင့်မဖြစ်စေတဲ့ အမေးများပါ။ ဒါမှမဟုတ် ဥပဒေဆိုင်ရာစာရွက်စာတမ်းများအတွက် မှတ်ပုံတင်ပါ နာမည်ကို သိဖို့လိုတာမျိုးဖြစ်တတ်ပါတယ်။


(၅) တကိုယ်ရေလွတ်လပ်ခွင့်ကို လေးစားပေးပါ


ဆန့်ကျင်ဘက်လိင်အသွင်ရှိသူတွေရဲ့ ကိုယ်ရေးကိုယ်တာလိုအပ်ချက်တွေအပေါ် ဂရုထားလေးစားပေးဖို့လိုပါတယ်။ ခွင့်ပြုတဲ့အရိပ် အယောင်မပြဘဲ သူတို့ရဲ့ဖြစ်တည်မှုကို တပါးသူအား တဆင့်ခံဖွင့်ထုတ်မပြောသင့်ပါ။ သူတို့ဟာ Transgender လူပုဂ္ဂိုလ်ဖြစ်ကြောင်း စာဖတ်သူကို ဖွင့်ဟဝန်ခံပြောဆိုခြင်းဟာ အတော်ခက်ခဲတဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး ပေါ့ပေါ့ပါးပါးမဟုတ်ခဲ့ပါဘူး။ နောက်တစ်မျိုး ပြောရရင် သူတို့ရဲ့ခွင့်ပြုချက်မရဘဲ အပြင်ခေါ်ထုတ် အပျင်းပြေလမ်းလျှောက်ထွက်တာမျိုး လုပ်ခြင်းဟာ စာဖတ်သူနဲ့သူတို့ကြား ဆက်ဆံရေးကို တွက်ချက်မိစေပြီး ယုံကြည်မှုအပေါ် သစ္စာဖောက်ခြင်းတစ်ရပ်မည်ပါတယ်။့ ပတ်ဝန်းကျင်အခြေအနေပေါ်မူတည်လို့ သူတို့ကို အန္တရာယ်စက်ကွင်းထဲထည့်ရာရောက်သလို အန္တရာယ်ပြုမူခံရခြင်း ဒါမှမဟုတ် ပြောဖို့မသင့်တဲ့ များပြားသော ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တာပါ။ သူတို့အတွက် အရာရာ အသင့်ဖြစ်ချိန် ဒါမှမဟုတ် အသင့်ဖြစ်ရင် သူတို့ပြုလုပ်ချင်ရင် စာဖတ်သူကိုပြောပြပါလိမ့်မယ်။


ပြောပြခဲ့တဲ့ အကြံဉာဏ်က အချိန်ပြည့်ဆန့်ကျင်ဘက်လိင်အသွင်ကူးပြောင်းနေထိုင် ဒါမှမဟုတ် ဆန့်ကျင်ဘက်လိင်အသွင်ကူးပြောင်း မနေထိုင်သေးသူအတွက် ဖြစ်နိုင်ပါတယ်။ အချိန်ပြည့် ဆန့်ကျင်ဘက်လိင်အသွင် ဝတ်ဆင်နေထိုင်သူတွေကျတော့ သူတို့ရဲ့ သီးခြား လိင်ဝိသေသ (proper gender role) အရ ဆန့်ကျင်ဘက်လိင်အသွင်ကူးပြောင်းပြီးတဲ့ လက်ရှိအခြေအနေကို သိမှီသူတွေထက် ယခင် ဆန့်ကျင်ဘက်လိင်အသွင်မကူးပြောင်းခင်က သိမှီသူတွေအပေါ် မလိုလားတဲ့စိတ်များတယ်ခင်ဗျ။


(၆) လူတွေရဲ့ အတွေ့အကြုံကို သိဟန်မဆောင်ပါနဲ့


လူအတော်များများရဲ့ အတွေ့အကြုံတွေ ကြုံဆုံဖြစ်ပျက်ခဲ့တာတွေအပေါ် စာဖတ်သူ သိပါတယ်လို့ ဟန်တောင်တာမျိုး မပြုလုပ်သင့်ဘူး လို့ ပြောချင်တာပါ။ ကွဲပြားခြားနားတဲ့ လိင်ဝိသေသသတ်မှတ်ချက်ကို ဖော်ပြဖို့ဆိုတာ ကွဲပြားခြားနားတဲ့ ဖြစ်တည်မှုလမ်းအများကြီးရှိပါ တယ်။ ‘အမျိုးသား/အမျိုးသမီးတစ်ယောက်ရဲ့ ကိုယ်ခန္ဓာမှာ ပိတ်မိခဲ့ခြင်း’ ဆိုတဲ့အတွေးကိုကြည့်ရအောင်။ အမျိုးသမီးအသွင်ဝတ်ဆင်နေထိုင်တဲ့ Trans women တွေက အလွန်တရာ အမျိုးသမီးဆန်တယ်၊ အမျိုးသားအသွင်ဝတ်ဆင်နေထိုင်တဲ့ Trans men တွေက တော်တော် ယောက်ျားဆန်တယ်လို့ ယုံကြည်ကြတာပါ။ 


ပြီးတော့ အဆိုပါ Trans တွေဟာ ဟော်မုန်းဆေးတွေနဲ့ ခွဲစိတ်ပြုပြင်ချင်းကိုအမြဲလိုလား ရှာဖွေနေတယ်လို့လဲ လှေနံဓားထစ်ယုံကြတယ်။ ဒါတွေဟာ အချို့လူတွေအတွက်တော့ မှန်ကောင်းမှန် နိုင်ပေမယ့် အခြားသော မလိုလားသူတွေရှိပါတယ်။ သူတို့ရဲ့ ကိုယ်ပိုင် အခြေအနေအကြောင်း စာဖတ်သူကိုပြောပြလာရင် လမ်းမှန် ညွန်ကြားပေးပြီး တင်ကူးကြိုတင်မှန်းဆ ယူဆချက်တွေမပါဘဲ နားထောင်ပေးလိုက်ရပါမယ်။


စာဖတ်သူသင်ကြားလေ့လာခဲ့တဲ့ သီအိုရီတွေအရ တင်းကြပ်တာ ဒါမှမဟုတ် စာဖတ်သူ သိရှိခဲ့တဲ့ အခြားသော Trans လူတွေရဲ့အတွေ့ အကြုံတွေအရ သိဟန်ဆောင် ဒါမှမဟုတ် စာဖတ်သူရဲ့ရှေ့မှာရှိနေသူရဲ့ ဖြစ်တည်မှုအခြေအနေတူတဲ့ ကြားဖူးတဲ့အကြောင်းအချက် အလက်များအရ အတူတူပဲလို့ ညီမျှခြင်းမချပါနဲ့။ သူတို့ဘဝထဲ အတိတ်က တုန်လှုပ်မှုဖြစ်ရပ်ကြောင့် ဆန့်ကျင်ဘက်လိင်အသွင် ကူးပြောင်းနေခြင်း ဒါမှမဟုတ် သူတို့ကိုယ်ခန္ဓာထဲက စိတ်အခြေအနေကို လွတ်မြောက်ဖို့နည်းတစ်ခုအနေနဲ့ လိင်ဝိသေသပြောင်းလဲခြင်း တွေပါလို့ မထင်မှတ်ရပါ။


(၇) လိင်ဝိသေသအထောက်အထားနဲ့ လိင်သဘာဝနှစ်ခုကြား ကွဲပြားချက်ကို အသိအမှတ်ပြုပါ


Trans တွေရဲ့ လိင်ဝိသေသ (gender) နဲ့ သူတို့ရဲ့ လိင်သဘာဝ(sexuality) အပြန်အလှန်ဆက်စပ်မှုရှိသယောင် ယူဆလို့မရပါ။ မယူဆသင့်ပါဘူး။ အဲဒီနှစ်ခုကြားက ကွာခြားချက်ကို စတင်အသိအမှတ်ပြုဖို့လိုပါတယ်။ သည်နေရာမှာ ဆန့်ကျင်ဘက်လိင်ကို သဘောကျသူ၊ လိင်တူခြင်း သဘောကျသူ အမျိုးသား၊ လိင်တူခြင်းသဘောကျသူ အမျိုးသမီး၊ လိင်နှစ်မျိုးစလုံးသဘောကျသူ၊ လိင်ကိစ္စဘာမှစိတ်မဝင်စားသူ၊ ဆန့်ကျင်ဘက်လိင်အသွင်ဝတ်စားဆင်ယူသူ စသဖြင့် အမျိုးမျိုးသော လိင်စိတတ်တိမ်းညွှတ်မှုရှိနေပါ တယ်လို့ပြောပြချင်တယ်။ လူတစ်ဦးတစ်ယောက်က စာဖတ်သူဆီလာပြီး သူတို့ရဲ့လိင်စိတ်တိမ်းညွှတ်မှုကို ဖွင့်ဟတယ်ဆိုပါစို့။ သူတို့အသုံးပြုပြောဆိုတဲ့ ဝေါဟာရ သတ်မှတ်ချက်အတိုင်း ပြန်လည်တုန့်ပြန်ပေးပါ။


(၈) တန်းတူရည်တူ ဆက်ဆံပေးပါ


ဆန့်ကျင်ဘက်လိင်အသွင်ဝတ်စားဆင်ယင်သူတွေလို့ပဲပြောပြော ဘယ်လိုလိင်စိတ်တိမ်းညွှတ်မှုရှိသူဖြစ်ပါစေ ခွဲခြားဆက်ဆံတာမျိုး မလုပ်ဘဲ တန်းတူရည်တူဆက်ဆံပေးရပါမယ်။ စာဖတ်က သူတို့အပေါ် အထူးတလည်ဂရုတစိုက်ဆက်ဆံပေးမှုကို အလေးထား ကျေနပ်နိုင်သော်လည်း တစ်ဦးချင်းစီအလိုက်ကတော့ ကျေးဇူးတင်တာ အသိအမှတ်ပြုတာမျိုးတွေ လုပ်လိမ့်မယ်လို့ မျှော်လင့်လို့ မရပါဘူး။ အဆိုပါအကြောင်းအရာနဲ့ပတ်သက်ပြီး စာဖတ်သူက ဗဟုသုတများစွာရှိသော်မှ လစ်လျူရှု ဘေးချိတ်မထားမိဖို့ သေသေချာချာ ဂရုပြုရပါမယ်။ သူတို့ဖွင့်ဟဝန်ခံခြင်းမပြုခင်ကရှိခဲ့သော ထူးခြားတဲ့ကိုယ်ရေကိုယ်သွေးများဟာ အခြေခံအားဖြင့် မပြောင်းမလဲရှိ နေပါတယ်။ ဒါကြောင့် အခြားသူများကို ဆက်ဆံသကဲ့သို့ပဲ တမူထူးဆက်ဆံတာမျိုး မဟုတ်သော်မှ ပုံမှန်အတိုင်းပဲဆက်ဆံပေးပါ။


နားထောင်ချင်တဲ့စိတ်ဆန္ဒသဘောရှိရမယ်။ TG လူအများစုက သူတို့အတွေ့အကြုံတွေ သူတို့စိတ်ဆန္ဒတွေကို မျှဝေနိုင်တဲ့ အဝန်းအဝိုင်း ကကျဉ်းပြီး မျိုးတူ TG ဦးရေကလည်း အကန့်အသတ်ရှိကြတယ်။ သူတို့အတွေ့အကြုံတွေကို နားထောင်၊ လိုအပ်မှုတွေကို ဝေမျှ ပညာ ပေးပြောဆိုခြင်းဖြင့် စာဖတ်သူကော သူတို့အတွက်ကော နှစ်ဦးနှစ်ဖက် အကျိုးများတာကိုတွေ့ရမှာပါ။ 


ဇဝေဇဝါ မဖြစ်သင့်ပါ။ အကြောင်းအရာ တစ်စုံတစ်ခုကို စာဖတ်သူက ဖွေရှာအဖြေထုတ်ဖို့အခက်တွေ့နေပါက သူတို့ကိုအသိပေးလိုက်ပါ။ ရိုးသားမှုတစ်ခု ဖြောင့်မှန်သော တုန့်ပြန်ချက်တစ်ရပ်ဟာ သူတို့နဲ့ အပေးအယူလုပ်ဖို့ ပိုမိုလွယ်ကူစေပါတယ်။ ဆက်ဆံရေးကို ဖြတ်တောက်ပစ်လိုက်တာထက် အဆင်ပြေမှာပါ။


သူတို့နဲ့ အချိန်ဖြုန်းပါ (Hang out)။ နေ့စဉ်စာဖတ်သူ ဆက်ဆံနေကြ အခြားသူငယ်ချင်းများနဲ့ အချိန်ဖြုန်းသလိုမျိုး ပြောဆိုဆက်ဆံ ဖြတ်သန်းနေပါက သူတို့သည် ‘ဇော်ဇော်’ ဖြစ်ဖြစ် ‘မေရီ’ဖြစ်ဖြစ် နောက်များမကြာခင်မှာ စာဖတ်သူအတွက်ထူးဆန်းသောသူတစ်ယောက် မဟုတ်တော့ကြောင်းတွေ့ရပါလိမ့်မယ်။ သူငယ်ချင်းကောင်း၊ မိတ်ဆွေကောင်းတစ်ယောက် စာဖတ်သူပိုင်ဆိုင်ရမှာသေချာပါတယ်။


(၉) အထောက်အပံ့ဖြစ်ပါစေ


စာဖတ်သူဟာ မိမိမဟုတ်တဲ့ တစ်ပါးသူအတွက် အနှောင့်အယှက်မဖြစ်ဘဲ အထောက်အပံ့ရသူဖြစ်သင့်ပါတယ်။ မိခင်ဝမ်းကနေ မွေးဖွားစဉ် ပါရှိပိုင်ဆိုင်ထားသော လိင်အင်္ဂါရယ် အသွင်အပြင်တွေရယ်နဲ့ ဆန့်ကျင်သော လိင်ဝိသေသတစ်ရပ်ကို ဖွင့်ဟဖော်ပြသူ တစ်ယောက်အနေဖြင့် ဘဝရဲ့အဓိကအပြောင်းအလဲ အဖြစ်အပျက်တစ်ရပ်အဖြစ်ကြုံနေရတာပါ။ 


‘စိတ်ရှည်သည်းခံခြင်း၊ နားလည်ခြင်း၊ ပြီးတော့ သည်လိုအပြောင်းအလဲကိစ္စတွေကို ဆွေးနွေးတိုင်ပင်ရာမှာ လိုက်လုပ်ပေးချင်သော ဆန္ဒတစ်ရပ်တို့သည်’ ခက်ခဲပြီး စိတ်လှုပ်ရှား ထိခိုက်လွယ်သောအချိန်တစ်ခုကို သူတို့ဖြတ်သန်းရာမှာ အကူအညီဖြစ်သွားပါလိမ့်မယ်။ သူတို့မျှဝေချင်တဲ့ အကြောင်းအရာတွေကို သက်သောင့်သက်သာဖြစ်စေမယ့် ခွင့်ပြုလောက်တဲ့ အဖွင့်မေးခွန်းလေးတွေ၊ စကားထောက်လေးတွေနဲ့ဆို ကောင်းမွန်အဆင်ပြေ ပါတယ်။


ဥပမာ - ‘ဘာတွေဖြစ်နေတာလဲ သူငယ်ချင်း’၊ ‘မင်းကြည့်ရတာ စိတ်ဖိစီးနေတယ်ထင်တယ်။ ကိုယ့်ကို ပြောပြချင်လား’၊ ‘သူငယ်ချင်းကြည့်ရတာ တကယ်ပျော်နေပုံပဲ။ ကောင်းတာတစ်ခုခုဖြစ်နေတယ်လား’ ၊ ‘မင်း ဆွေးနွေးချင် ပြောပြချင်တဲ့ ကိစ္စတွေအတွက် ငါနားထောင်ပေးဖို့အသင့်ပဲနော်’ 


ပြောစရာ အချို့ (Tips)


ဆန့်ကျင်ဘက်လိင်အသွင် ဝတ်စားဆင်ယင်နေထိုင်တာကို နှစ်ခြိုက်သူ Transgender များဟာ ကိုယ်ရေကိုယ်သွေးချို့ယွင်းနေသူ များမဟုတ်ပါ။ 


လိင်စိတ်တိမ်းညွှတ်မှုအရ ကျားဖြစ်ခြင်း၊ မဖြစ်ခြင်းဆိုတဲ့ ဝိသေသရွေးချယ်မှုအပေါ် အထင်သေးပြီး ခွဲခြားဆက်ဆံခြင်းမပြုရပါ။


ဖြစ်တည်မှုကို အပျော်သဘောဖွင့်ဟဝန်ခံခြင်းမဟုတ်တဲ့အတွက် ဟာသတစ်ပုဒ်နားထောင်ရသလို ရယ်ပွဲမဖွဲ့သင့်ပါ။


သူတို့ကိုယ်သူတို့ ရည်ညွှန်းခေါ်ဝေါ်ပြောဆိုချင်တဲ့အတိုင်း အသုံးပြုပြောဆိုခေါ်ဝေါ်ဆက်ဆံပေးပါ။


ပညာတတ်၊ဘွဲ့ရဆိုတဲ့ ပညတ်ချက်ထား အလေးပေးဆက်ဆံတာထက် လူတစ်ယောက်ရဲ့ဖြစ်တည်မှုအပေါ်လေးစားသမှု ထားဖို့ပြော နေခြင်းဖြစ်တာကြောင့် ဒါကိုကွဲပြားဖို့လိုပါတယ်။


Alex Aung (19 December 2020)


 (Zawgyi) 

Trans ကိုကို မမေတြကို ဘယ္လိုေလးစားသမွုျပဳၾကမလဲ (How to Respect a Transgender Person)



စာဖတ္သူဟာ ကိုယ့္ဘဝသက္တမ္းမွာ တစ္ခါမွ မစဥ္းစားဖူးတဲ့ ဆန႔္က်င္ဘက္လိင္အသြင္ ေျပာင္းလဲဝတ္ဆင္ေနထိုင္သူ တစ္ေယာက္ရဲ့ ဘဝျဖစ္စဥ္ကို ေလ့လာရတယ္ဆိုပါစို့။ သူ႔ရဲ့ က်ားျဖစ္ျခင္း မျဖစ္ျခင္း ‘လိင္စိတ္ဝိေသသ’ အေထာက္အထားနဲ႔ ပတ္သက္ၿပီး နားမလည္ ျခင္းျဖစ္နိုင္သလို သူတို့ အဝန္းအဝိုင္းမွာ စိတ္မခုေစဘဲ သို့မဟုတ္ ဘုဂလန႔္အသြင္မေပါက္ေစဘဲ စာဖတ္သူအေနနဲ႔ ဘယ္လိုသ႐ုပ္ ေဆာင္ရမယ္ဆိုတာ မေသခ်ာသလိုျဖစ္ေနနိုင္ပါတယ္။ 


ဒီေဆာင္းပါးေခါင္းစဥ္မွာ ရည္ညႊန္းထားတဲ့ ‘ဆန႔္က်င္ဘက္လိင္အသြင္ေျပာင္းလဲဝတ္ဆင္ေနထိုင္သူ တစ္ေယာက္ (a Transgender Person) ဆိုတာက အမိဝမ္းကကၽြတ္စျပဳခ်ိန္တြင္ ထင္ထင္ရွားရွား ပါဝင္လာေသာ လိင္အဂၤါအရ သို့မဟုတ္ လိင္ဝိေသသလကၡဏာ အရမဟုတ္ဘဲ ဆန႔္က်င္ဘက္အသြင္ျပဳမူဝတ္ဆင္ေနထိုင္သူတစ္ေယာက္ကိုဆိုလိုျခင္းျဖစ္ပါတယ္။ 


ဆန႔္က်င္ဘက္လိင္အသြင္ေျပာင္းလဲဝတ္ဆင္ေနထိုင္သူေတြ အေတာ္မ်ားမ်ားဟာ ကမၻာအႏွံ့မွာ က်ယ္ျပန႔္လွတဲ့ အမ်ိဳးမ်ိဳးေသာ ယဥ္ေက်းမွုအသြင္ျပင္မ်ားျဖင့္ ဟိုးယခင္ေခတ္အဆက္ဆက္ကရွိခဲ့ၾကသလို အခုလဲရွိေနၾကပါတယ္ ေနာက္လည္းရွိေနပါဦးမယ္။ တိုင္းျပည္တစ္ျပည္အရ ဒါမွမဟုတ္ ယဥ္ေက်းမွုတစ္ရပ္ဟာေတာ့ျဖင့္ သူတို့ေတြရဲ့ ဝိေသသလကၡဏာျဖစ္ပါတယ္လို့ အမည္တပ္ဖို့က ခဲယဥ္းပါတယ္။ ယေန႔လူမွုအဖြဲ႕အစည္းမွာ သူတို့ေတြရဲ့ လိင္ဝိေသသ အေျခအေနကို ရွင္းလင္းျပဖို့ အျမဲတမ္းလြယ္ကူေနတယ္ ဆိုတာ မ်ိဳးေတာ့ မဟုတ္ပါဘူး။ 


ေယာက္်ား မိန္းမျဖစ္တည္မွု လိင္ဝိေသသ ၿပီးေတာ့ လိင္ကိစၥေတြနဲ႔ပတ္သက္ၿပီး စာဖတ္သူရဲ့အေတြးအေခၚ အေပၚ စိန္ေခၚမွု ျဖစ္ေစတဲ့သူတစ္ဦးတစ္ေယာက္အေပၚ နားလည္မွုနဲ႔ ေလးစားသမွုကို ေပးရပါလိမ့္မယ္။ စာဖတ္သူဟာ လူပီသသူ၊ တစ္ဖက္သားကို နားလည္မွုေပးတတ္သူျဖစ္ေၾကာင္း သက္ေသေပါ့ေလ။ ေယာက္်ား၊ မိန္းမ ၊ ေယာက္်ားပီသျခင္း သို့မဟုတ္ မိန္းမ ဆန္ျခင္း စတဲ့ေခါင္းစဥ္ခြဲေတြ၊အတန္းအစားသတ္မွတ္ခ်က္ေတြ၊ လြယ္လြယ္ေျပာလို့မရတဲ့သူေတြနဲ႔ပတ္သက္ၿပီးေတာ့ေကာေပါ့ေနာ္။ 


လူတစ္ေယာက္ရဲ့ ကိုယ္ပိုင္ လိင္ဝိေသသလကၡဏာႏွင့္ ပတ္သက္ၿပီး သူတို့ကိုယ္သူတို့သတ္မွတ္ ထားတဲ့ နာမ္စား အေခၚအေဝၚ အသုံးအႏွုန္းေတြအတိုင္း ေျပာဆိုေခၚေဝၚသုံးစြဲေပးလိုက္ျခင္းျဖင့္ စာဖတ္သူရဲ့ လူတစ္ေယာက္အေပၚ ေလးစားသမွု ေပးတတ္ နားလည္ေပးတတ္ပါေၾကာင္း စိတ္ထားကိုစတင္ျပသနိုင္ပါတယ္ ခင္ဗ်။


(၁) ေခါင္းစဥ္တပ္စရာမလို

စာဖတ္သူဟာ ဘဝမွာ စာဖတ္သူလိုလူေတြနဲ႔ ဘယ္ေနရာပဲျဖစ္ျဖစ္ ဘယ္မွာပဲျဖစ္ျဖစ္ အထူးသျဖင့္ လိင္ဝိေသသနဲ႔ပတ္သက္ၿပီး အထူးတလည္ ေခါင္းစဥ္တပ္ေျပာရေလာက္တဲ့ အေၾကာင္းအရာလို့ မထင္မွတ္ဘဲ ေနထိုင္ေျပာဆိုခဲ့ၾကပါတယ္။ လူေတြဟာ လိင္ဝိေသသကို ဝန္ခံအသိအမွတ္ျပဳတတ္တဲ့ အကူးအေျပာင္းတစ္ရပ္ျဖစ္လာပါၿပီ။ စာဖတ္သူဟာ ဘယ္လိုလူပုဂၢိဳလ္ျဖစ္တယ္ဆိုတာ အေလးအျမတ္ျပဳေစသကဲ့သို့ အျခားလူတစ္ဦးခ်င္းစီတိုင္းကိုလည္း ေလးစားသမွုျပဳရပါမယ္။


တစ္စုံတစ္ခုေသာ ‘အဘယ့္ေၾကာင့္ဆိုေသာ္’ ဆိုတဲ့ကိစၥေၾကာင့္ တစ္စုံတစ္ေယာက္နဲ႔ ပတ္သက္ၿပီးစကားစျမည္ေျပာျဖစ္တဲ့အခိုက္အတန႔္ ေလးကို နားလည္သေဘာေပါက္သင့္တယ္။ ယခုလက္ရွိ လုံးဝဥႆုံ သူတို့ရဲ့ လိင္ဝိေသသအတိုင္းေခၚေျပာဆက္ဆံတဲ့အခိုက္အတန႔္ ဆိုတာ ကိုယ္ကိုယ္တိုင္က သူတို့ကဲ့သို့ျဖစ္ေနတယ္လို့ အဓိပၸာယ္မွမသက္ေရာက္တာ။  တစ္စုံတစ္ေယာက္ကို စာဖတ္သူက ေလးစားသမွု ထားဖို့ ရည္စူးထားပါလၽွင္ သူတို့ရဲ့ကြဲျပားျခားနားခ်က္ေၾကာင့္ စာဖတ္သူဟာ သီးျခားထင္ရွားမွုတစ္ခုကို အေလးထားတယ္၊ အဆိုပါလူရဲ့ ပုဂၢလိကျဖစ္တည္မွုေၾကာင့္ အျခားသူမ်ားနဲ႔ ကြဲျပားသြားရတယ္လို့ မဆိုနိုင္ပါ။


အေပၚကေျပာခဲ့တဲ့အခ်က္အလက္မ်ားအရ အဆိုပါကြဲျပားျခားနားသူေတြကို စာဖတ္သူဟာ သူတို့ကိုယ္သူတို့ ညႊန္းဆိုထားတဲ့ လိင္ဝိေသသအတိုင္း၊ အမည္အတိုင္း နာမ္စားအတိုင္း ေခၚေျပာဆက္ဆံေနထိုင္ဖို့အေရးပါပါတယ္။ (သူတို့ရဲ့ ထင္သာျမင္သာ ဝတ္စား ဆင္ယင္ပုံ အသြင္အျပင္မ်ားအရျဖစ္ေစ၊ ဖြင့္ဟဝန္ခံထားသူ မဟုတ္ဘူး ဒါမွမဟုတ္ အျခားနည္းအားျဖင့္ စာဖတ္သူကိုေျပာျပထားသူ မဟုတ္ဘူးဆိုတာမ်ိဳးေၾကာင့္ တကယ္မေသခ်ာရင္ေတာ့ စကားလမ္းေၾကာင္းသင့္ခ်ိန္မယ္ အဆင္ေျပခ်ိန္မွာ သူတို့ကိုေသခ်ာေလး ေမးျမန္းၾကည့္ပါ။)


(၂) အတိတ္ကာလမ်ားကို ညႊန္းဆိုရာမွာသတိျပဳဖို့ 


စကားစျမည္ေျပာၾကလို့ အတိတ္ကာလေတြအေၾကာင္း စကားစပ္မိတဲ့အခါ ‘အရင္ ေယာက္်ား/မိန္းမတစ္ေယာက္ ျဖစ္ခ်ိန္က (a previous gender) ဒါမွမဟုတ္ ‘ေယာက္်ား/မိန္းမတစ္ေယာက္အျဖစ္ ေမြးခ်ိန္’ ဆိုတဲ့ စကားစုေတြကို တတ္နိုင္သမၽွ မသုံးမိဖို့ႀကိဳးစား ရပါမယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဆန႔္က်င္ဘက္လိင္အသြင္ေျပာင္းလဲဝတ္ဆင္ေနထိုင္သူ (Transgender) အမ်ားစုဟာ စာဖတ္သူကို ဖြင့္ဟဝန္ခံထားၿပီးသား လိင္ဝိေသသ (the gender) အေပၚ အျမဲတေစခံစားခ်က္ရွိေနလို့ျဖစ္ပါတယ္။ ဒါေပမဲ့ ဘာအေၾကာင္းအရာပဲ ျဖစ္ျဖစ္ ဖုံးကြယ္ဖို့ ဒါမွမဟုတ္ အနည္းဆုံးေတာ့ သူတို့နဲ႔လိုက္ေလ်ာညီေထြ ဆက္ဆံလုပ္ကိုင္ဖို့ပါ။


အတိတ္ကာလေတြအေၾကာင္း စကားေျပာဆိုၾကခ်ိန္မွာ လိင္ဝိေသကို မွီးျငမ္း ညႊန္းဆိုတာေရွာင္ရွားဖို့ ေျဖရွင္းနည္းတစ္ခုကေတာ့ အျခား အကိုးအကား အျခားစကားသုံးပုံစံ ေဘာင္တစ္မ်ိဳးကို အသုံးျပဳျခင္းျဖစ္ပါတယ္။ ယခင္ႏွစ္က၊ ခင္ဗ်ား ကေလးတစ္ေယာက္ျဖစ္စဥ္က၊ ခင္ဗ်ား အထက္တန္းေက်ာင္းတက္ခ်ိန္က စသျဖင့္ေပါ့။ အတိတ္ျဖစ္ရပ္အေၾကာင္းစကားေျပာဆိုစဥ္ လိင္ဝိေသသအေျပာင္းအလဲအား ညႊန္းဆိုေျပာၾကားခ်င္ရင္ေတာ့ ‘ခင္ဗ်ား ဖြင့္ဟဝန္ခံျခင္းမျပဳခင္က’ ဒါမွမဟုတ္ ‘ခင္ဗ်ား စၿပီးအကူးအေျပာင္းေတြ မလုပ္ျဖစ္ခင္’ စေသာ အသုံးမ်ိဳးေတြသုံးပါ။ (သင့္ေလ်ာ္လိုက္ဖက္ရင္ေပါ့ေလ)


(၃) လူပုဂၢိဳလ္ရဲ့ လိင္ဝိေသသအတိုင္း သီးျခားဘာသာစကားကိုအသုံးျပဳပါ


အဆိုပါ ဆန႔္က်င္ဘက္လိင္အသြင္ဝတ္ဆင္ေနထိုင္သူတစ္ေယာက္ သူတို့ကိုယ္သူတို့ညႊန္းဆိုအသုံးျပဳတဲ့ နာမ္စားအတိုင္း ေမးေခၚသုံးစြဲ ျခင္းျဖင့္ သူတို့အေပၚဂ႐ုျပဳအေလးထားေသာ စကားသုံးေရြးခ်ယ္မွုျဖစ္နိုင္ပါတယ္။ ဥပမာ မိန္းကေလး၊အမ်ိဳးသမီး တစ္ေယာက္လို့ ေဖာ္ထုတ္ျပဆိုေနထိုင္သူ တစ္စုံတစ္ေယာက္ကို သူမ၊ သူမပစၥည္း၊ မင္းသမီး၊ အမ်ိဳးသမီးစားပြဲထိုး စေသာ အမ်ိဳးသမီးဆန္ဆန္ စကားလုံးမ်ား၊ နာမ္စားမ်ားအသုံးျပဳျခင္းျဖစ္ပါတယ္။ ေယာက္်ားသား၊ အမ်ိဳးသားတစ္ေယာက္ကဲ့သို့ ေဖာ္ထုတ္ျပဆိုေနထိုင္သူ တစ္ေယာက္ကို ေယာက္်ားဆန္ေသာ စကားရပ္ေတြျဖစ္တဲ့ သူ၊ သူ႔ဟာ စသျဖင့္ အသုံးျပဳေျပာဆိုျခင္းမ်ိဳးပါပဲ။ အျခားေသာ ဆန႔္က်င္ဘက္လိင္အသြင္ဝတ္ဆင္ေနထိုင္သူမ်ားကေတာ့ လိင္ဝိေသသစကားသုံးကို ၾကားေနစကားသုံး နာမ္စားမ်ားျဖစ္တဲ့ သူတို့၊ သူတို့ဟာ၊ သူတို့ရဲ့ စတဲ့နာမ္စားေတြကို စတင္အသုံးျပဳေနၾကပါၿပီ။စာဖတ္သူအေနနဲ႔ သူတို့ေျပာျပတဲ့အမည္နဲ႔ နာမ္စားေတြကို အသုံးျပဳပါ။


သူငယ္ခ်င္းျဖစ္တဲ့ ေဇာ္ေဇာ္တစ္ေယာက္ စာဖတ္သူဆီလာေရာက္ၿပီး transgender တစ္ေယာက္ျဖစ္ေၾကာင္းဖြင့္ဟဝန္ခံကာ ေမရီလို့ ေခၚဆိုေပးဖို့ ဆႏၵရွိေၾကာင္းေျပာလာၿပီဆိုပါစို့။ 

‘ဒါ ကၽြန္ေတာ့္သူငယ္ခ်င္း ေဇာ္ေဇာ္ပါ။ ကၽြန္ေတာ္ သူ႔ကို အထက္တန္းေက်ာင္းတက္ကတည္းက သိခဲ့တာ’ လို့မေျပာဘဲ၊ 

‘ဒါ ကၽြန္ေတာ့္သူငယ္ခ်င္း ေမရီပါ။ ကၽြန္ေတာ္ သူမကို အထက္တန္းေက်ာင္းတက္ကတည္းက သိခဲ့တာ’လို့ ညႊန္ျပတာမ်ိဳးလုပ္ရေတာ့မယ့္ အေျခအေနေရာက္ပါၿပီ။


ေမရီနဲ႔ စာဖတ္သူ သီးသန႔္စကားေျပာခြင့္ရတဲ့ အျခားေသာ အခ်ိန္၊ အေျခအေနအတြက္ စိတ္အထာမက်မွု ခံစားရေကာင္း ခံစားရနိုင္ ပါတယ္။ ေမရီနဲ႔ သူငယ္ခ်င္းမိတ္ေဆြဆက္ဆံေရးကို ဆက္လက္ထိန္းသိမ္းလိုလၽွင္ေတာ့ ေမရီရဲ့ စိတ္ဆႏၵရယ္၊ လက္ရွိ ပစၥဳပၸန္မွာ သူမဘယ္သူဆိုတာ ညႊန္းဆိုထားျခင္းေတြအေပၚ စာဖတ္သူက ဂ႐ုထားေလးစားဖို့လိုပါလိမ့္မယ္။ ယခင္က စာဖတ္သူ သိခဲ့တဲ့သူမဟုတ္ ေတာ့ပါဘူး။ စာဖတ္သူသိရွိခဲ့ဖူးတဲ့ ဆန႔္က်င္ဘက္လိင္အသြင္ဝတ္စားဆင္ယင္ေနထိုင္သူတစ္ေယာက္ျဖစ္ပါတယ္။ အခု သူတို့ကို ပိုမို သိရွိေလာက္ၿပီထင္ပါရဲ့။


(၄) ေမးခြန္းထုတ္ဖို့ မေၾကာက္ရြံ့ပါနဲ႔


ေမးခြန္းထုတ္ ေမးျမန္းၾကည့္ဖို့ဆိုတာကို မေၾကာက္ရြံ့သင့္ပါ။ တစ္ခုရွိတာက သူတို့ရဲ့ ID သို့မဟုတ္ လိင္ဝိေသသ (gender) နဲ႔ဆက္ႏြယ္တဲ့ ေမးခြန္းအားလုံးကို ဆန႔္က်င့္ဘက္လိင္အသြင္ေျပာင္းလဲဝတ္ဆင္ထားသူမ်ား ေျဖေပးလိမ့္မယ္လို့ေတာ့ ေသခ်ာ ေျပာမရပါဘူး။ အဆိုပါလူေတြဟာ စာဖတ္သူရဲ့ ဆုံးမသြန္သင္ နည္းေပးလမ္းျပမွုခံရမယ့္သူေတြအျဖစ္ေတာ့ ဘယ္လိုျဖစ္ျဖစ္ မေမၽွာ္လင့္ပါနဲ႔။ဒါက စာဖတ္သူကိုယ္ကိုယ့္ကိုယ္ သတိေပးရမယ့္ တာဝန္ယူမွုပါ။ သည္လိုပါပဲ Trans တစ္ေယာက္က စာဖတ္သူရဲ့ ေမးခြန္းေတြကိုေျဖေပးဖို့ သက္ေသာင့္သက္သာမျဖစ္ဘူးလို့ ခံစားရခ်ိန္မွာ သူတို့ဆီက အေျဖေတြကို အတင္းညႇစ္မထုတ္ရပါဘူး။


က်န္းမာေရးအတြက္ ေဆးစစ္ဖို့ အေထာက္အပံ့ျဖစ္ေအာင္ စီစဥ္ရာမွာ သိဖို့လိုတာေၾကာင့္ အဂၤါဇာတ္အေၾကာင္း၊ ခြဲစိတ္မွုေတြအေၾကာင္း ၿပီးေတာ့ လြန္ခဲ့ေသာကာလက နာမည္အေၾကာင္း ေမးျမန္းမွု ေမးခြန္းမ်ားဟာ Trans တစ္ေယာက္အတြက္ လိင္ပိုင္းဆိုင္ရာ ဆက္ဆံေရး တစ္ရပ္အျဖစ္ စိတ္ကသိကေအာင့္မျဖစ္ေစတဲ့ အေမးမ်ားပါ။ ဒါမွမဟုတ္ ဥပေဒဆိုင္ရာစာရြက္စာတမ္းမ်ားအတြက္ မွတ္ပုံတင္ပါ နာမည္ကို သိဖို့လိုတာမ်ိဳးျဖစ္တတ္ပါတယ္။


(၅) တကိုယ္ေရလြတ္လပ္ခြင့္ကို ေလးစားေပးပါ


ဆန႔္က်င္ဘက္လိင္အသြင္ရွိသူေတြရဲ့ ကိုယ္ေရးကိုယ္တာလိုအပ္ခ်က္ေတြအေပၚ ဂ႐ုထားေလးစားေပးဖို့လိုပါတယ္။ ခြင့္ျပဳတဲ့အရိပ္ အေယာင္မျပဘဲ သူတို့ရဲ့ျဖစ္တည္မွုကို တပါးသူအား တဆင့္ခံဖြင့္ထုတ္မေျပာသင့္ပါ။ သူတို့ဟာ Transgender လူပုဂၢိဳလ္ျဖစ္ေၾကာင္း စာဖတ္သူကို ဖြင့္ဟဝန္ခံေျပာဆိုျခင္းဟာ အေတာ္ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္တစ္ခုျဖစ္ၿပီး ေပါ့ေပါ့ပါးပါးမဟုတ္ခဲ့ပါဘူး။ ေနာက္တစ္မ်ိဳး ေျပာရရင္ သူတို့ရဲ့ခြင့္ျပဳခ်က္မရဘဲ အျပင္ေခၚထုတ္ အပ်င္းေျပလမ္းေလၽွာက္ထြက္တာမ်ိဳး လုပ္ျခင္းဟာ စာဖတ္သူနဲ႔သူတို့ၾကား ဆက္ဆံေရးကို တြက္ခ်က္မိေစၿပီး ယုံၾကည္မွုအေပၚ သစၥာေဖာက္ျခင္းတစ္ရပ္မည္ပါတယ္။့ ပတ္ဝန္းက်င္အေျခအေနေပၚမူတည္လို့ သူတို့ကို အႏၲရာယ္စက္ကြင္းထဲထည့္ရာေရာက္သလို အႏၲရာယ္ျပဳမူခံရျခင္း ဒါမွမဟုတ္ ေျပာဖို့မသင့္တဲ့ မ်ားျပားေသာ ဆုံးရွုံးမွုေတြ ျဖစ္လာနိုင္တာပါ။ သူတို့အတြက္ အရာရာ အသင့္ျဖစ္ခ်ိန္ ဒါမွမဟုတ္ အသင့္ျဖစ္ရင္ သူတို့ျပဳလုပ္ခ်င္ရင္ စာဖတ္သူကိုေျပာျပပါလိမ့္မယ္။


ေျပာျပခဲ့တဲ့ အႀကံဉာဏ္က အခ်ိန္ျပည့္ဆန႔္က်င္ဘက္လိင္အသြင္ကူးေျပာင္းေနထိုင္ ဒါမွမဟုတ္ ဆန႔္က်င္ဘက္လိင္အသြင္ကူးေျပာင္း မေနထိုင္ေသးသူအတြက္ ျဖစ္နိုင္ပါတယ္။ အခ်ိန္ျပည့္ ဆန႔္က်င္ဘက္လိင္အသြင္ ဝတ္ဆင္ေနထိုင္သူေတြက်ေတာ့ သူတို့ရဲ့ သီးျခား လိင္ဝိေသသ (proper gender role) အရ ဆန႔္က်င္ဘက္လိင္အသြင္ကူးေျပာင္းၿပီးတဲ့ လက္ရွိအေျခအေနကို သိမွီသူေတြထက္ ယခင္ ဆန႔္က်င္ဘက္လိင္အသြင္မကူးေျပာင္းခင္က သိမွီသူေတြအေပၚ မလိုလားတဲ့စိတ္မ်ားတယ္ခင္ဗ်။


(၆) လူေတြရဲ့ အေတြ႕အၾကဳံကို သိဟန္မေဆာင္ပါနဲ႔


လူအေတာ္မ်ားမ်ားရဲ့ အေတြ႕အၾကဳံေတြ ၾကဳံဆုံျဖစ္ပ်က္ခဲ့တာေတြအေပၚ စာဖတ္သူ သိပါတယ္လို့ ဟန္ေတာင္တာမ်ိဳး မျပဳလုပ္သင့္ဘူး လို့ ေျပာခ်င္တာပါ။ ကြဲျပားျခားနားတဲ့ လိင္ဝိေသသသတ္မွတ္ခ်က္ကို ေဖာ္ျပဖို့ဆိုတာ ကြဲျပားျခားနားတဲ့ ျဖစ္တည္မွုလမ္းအမ်ားႀကီးရွိပါ တယ္။ ‘အမ်ိဳးသား/အမ်ိဳးသမီးတစ္ေယာက္ရဲ့ ကိုယ္ခႏၶာမွာ ပိတ္မိခဲ့ျခင္း’ ဆိုတဲ့အေတြးကိုၾကည့္ရေအာင္။ အမ်ိဳးသမီးအသြင္ဝတ္ဆင္ေနထိုင္တဲ့ Trans women ေတြက အလြန္တရာ အမ်ိဳးသမီးဆန္တယ္၊ အမ်ိဳးသားအသြင္ဝတ္ဆင္ေနထိုင္တဲ့ Trans men ေတြက ေတာ္ေတာ္ ေယာက္်ားဆန္တယ္လို့ ယုံၾကည္ၾကတာပါ။ 


ၿပီးေတာ့ အဆိုပါ Trans ေတြဟာ ေဟာ္မုန္းေဆးေတြနဲ႔ ခြဲစိတ္ျပဳျပင္ခ်င္းကိုအျမဲလိုလား ရွာေဖြေနတယ္လို့လဲ ေလွနံဓားထစ္ယုံၾကတယ္။ ဒါေတြဟာ အခ်ိဳ့လူေတြအတြက္ေတာ့ မွန္ေကာင္းမွန္ နိုင္ေပမယ့္ အျခားေသာ မလိုလားသူေတြရွိပါတယ္။ သူတို့ရဲ့ ကိုယ္ပိုင္ အေျခအေနအေၾကာင္း စာဖတ္သူကိုေျပာျပလာရင္ လမ္းမွန္ ညြန္ၾကားေပးၿပီး တင္ကူးႀကိဳတင္မွန္းဆ ယူဆခ်က္ေတြမပါဘဲ နားေထာင္ေပးလိုက္ရပါမယ္။


စာဖတ္သူသင္ၾကားေလ့လာခဲ့တဲ့ သီအိုရီေတြအရ တင္းၾကပ္တာ ဒါမွမဟုတ္ စာဖတ္သူ သိရွိခဲ့တဲ့ အျခားေသာ Trans လူေတြရဲ့အေတြ႕ အၾကဳံေတြအရ သိဟန္ေဆာင္ ဒါမွမဟုတ္ စာဖတ္သူရဲ့ေရွ႕မွာရွိေနသူရဲ့ ျဖစ္တည္မွုအေျခအေနတူတဲ့ ၾကားဖူးတဲ့အေၾကာင္းအခ်က္ အလက္မ်ားအရ အတူတူပဲလို့ ညီမၽွျခင္းမခ်ပါနဲ႔။ သူတို့ဘဝထဲ အတိတ္က တုန္လွုပ္မွုျဖစ္ရပ္ေၾကာင့္ ဆန႔္က်င္ဘက္လိင္အသြင္ ကူးေျပာင္းေနျခင္း ဒါမွမဟုတ္ သူတို့ကိုယ္ခႏၶာထဲက စိတ္အေျခအေနကို လြတ္ေျမာက္ဖို့နည္းတစ္ခုအေနနဲ႔ လိင္ဝိေသသေျပာင္းလဲျခင္း ေတြပါလို့ မထင္မွတ္ရပါ။


(၇) လိင္ဝိေသသအေထာက္အထားနဲ႔ လိင္သဘာဝႏွစ္ခုၾကား ကြဲျပားခ်က္ကို အသိအမွတ္ျပဳပါ


Trans ေတြရဲ့ လိင္ဝိေသသ (gender) နဲ႔ သူတို့ရဲ့ လိင္သဘာဝ(sexuality) အျပန္အလွန္ဆက္စပ္မွုရွိသေယာင္ ယူဆလို့မရပါ။ မယူဆသင့္ပါဘူး။ အဲဒီႏွစ္ခုၾကားက ကြာျခားခ်က္ကို စတင္အသိအမွတ္ျပဳဖို့လိုပါတယ္။ သည္ေနရာမွာ ဆန႔္က်င္ဘက္လိင္ကို သေဘာက်သူ၊ လိင္တူျခင္း သေဘာက်သူ အမ်ိဳးသား၊ လိင္တူျခင္းသေဘာက်သူ အမ်ိဳးသမီး၊ လိင္ႏွစ္မ်ိဳးစလုံးသေဘာက်သူ၊ လိင္ကိစၥဘာမွစိတ္မဝင္စားသူ၊ ဆန႔္က်င္ဘက္လိင္အသြင္ဝတ္စားဆင္ယူသူ စသျဖင့္ အမ်ိဳးမ်ိဳးေသာ လိင္စိတတ္တိမ္းညႊတ္မွုရွိေနပါ တယ္လို့ေျပာျပခ်င္တယ္။ လူတစ္ဦးတစ္ေယာက္က စာဖတ္သူဆီလာၿပီး သူတို့ရဲ့လိင္စိတ္တိမ္းညႊတ္မွုကို ဖြင့္ဟတယ္ဆိုပါစို့။ သူတို့အသုံးျပဳေျပာဆိုတဲ့ ေဝါဟာရ သတ္မွတ္ခ်က္အတိုင္း ျပန္လည္တုန႔္ျပန္ေပးပါ။


(၈) တန္းတူရည္တူ ဆက္ဆံေပးပါ


ဆန႔္က်င္ဘက္လိင္အသြင္ဝတ္စားဆင္ယင္သူေတြလို့ပဲေျပာေျပာ ဘယ္လိုလိင္စိတ္တိမ္းညႊတ္မွုရွိသူျဖစ္ပါေစ ခြဲျခားဆက္ဆံတာမ်ိဳး မလုပ္ဘဲ တန္းတူရည္တူဆက္ဆံေပးရပါမယ္။ စာဖတ္က သူတို့အေပၚ အထူးတလည္ဂ႐ုတစိုက္ဆက္ဆံေပးမွုကို အေလးထား ေက်နပ္နိုင္ေသာ္လည္း တစ္ဦးခ်င္းစီအလိုက္ကေတာ့ ေက်းဇူးတင္တာ အသိအမွတ္ျပဳတာမ်ိဳးေတြ လုပ္လိမ့္မယ္လို့ ေမၽွာ္လင့္လို့ မရပါဘူး။ အဆိုပါအေၾကာင္းအရာနဲ႔ပတ္သက္ၿပီး စာဖတ္သူက ဗဟုသုတမ်ားစြာရွိေသာ္မွ လစ္လ်ဴရွု ေဘးခ်ိတ္မထားမိဖို့ ေသေသခ်ာခ်ာ ဂ႐ုျပဳရပါမယ္။ သူတို့ဖြင့္ဟဝန္ခံျခင္းမျပဳခင္ကရွိခဲ့ေသာ ထူးျခားတဲ့ကိုယ္ေရကိုယ္ေသြးမ်ားဟာ အေျခခံအားျဖင့္ မေျပာင္းမလဲရွိ ေနပါတယ္။ ဒါေၾကာင့္ အျခားသူမ်ားကို ဆက္ဆံသကဲ့သို့ပဲ တမူထူးဆက္ဆံတာမ်ိဳး မဟုတ္ေသာ္မွ ပုံမွန္အတိုင္းပဲဆက္ဆံေပးပါ။


နားေထာင္ခ်င္တဲ့စိတ္ဆႏၵသေဘာရွိရမယ္။ TG လူအမ်ားစုက သူတို့အေတြ႕အၾကဳံေတြ သူတို့စိတ္ဆႏၵေတြကို မၽွေဝနိုင္တဲ့ အဝန္းအဝိုင္း ကက်ဥ္းၿပီး မ်ိဳးတူ TG ဦးေရကလည္း အကန႔္အသတ္ရွိၾကတယ္။ သူတို့အေတြ႕အၾကဳံေတြကို နားေထာင္၊ လိုအပ္မွုေတြကို ေဝမၽွ ပညာ ေပးေျပာဆိုျခင္းျဖင့္ စာဖတ္သူေကာ သူတို့အတြက္ေကာ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးမ်ားတာကိုေတြ႕ရမွာပါ။ 


ဇေဝဇဝါ မျဖစ္သင့္ပါ။ အေၾကာင္းအရာ တစ္စုံတစ္ခုကို စာဖတ္သူက ေဖြရွာအေျဖထုတ္ဖို့အခက္ေတြ႕ေနပါက သူတို့ကိုအသိေပးလိုက္ပါ။ ရိုးသားမွုတစ္ခု ေျဖာင့္မွန္ေသာ တုန႔္ျပန္ခ်က္တစ္ရပ္ဟာ သူတို့နဲ႔ အေပးအယူလုပ္ဖို့ ပိုမိုလြယ္ကူေစပါတယ္။ ဆက္ဆံေရးကို ျဖတ္ေတာက္ပစ္လိုက္တာထက္ အဆင္ေျပမွာပါ။


သူတို့နဲ႔ အခ်ိန္ျဖဳန္းပါ (Hang out)။ ေန႔စဥ္စာဖတ္သူ ဆက္ဆံေနၾက အျခားသူငယ္ခ်င္းမ်ားနဲ႔ အခ်ိန္ျဖဳန္းသလိုမ်ိဳး ေျပာဆိုဆက္ဆံ ျဖတ္သန္းေနပါက သူတို့သည္ ‘ေဇာ္ေဇာ္’ ျဖစ္ျဖစ္ ‘ေမရီ’ျဖစ္ျဖစ္ ေနာက္မ်ားမၾကာခင္မွာ စာဖတ္သူအတြက္ထူးဆန္းေသာသူတစ္ေယာက္ မဟုတ္ေတာ့ေၾကာင္းေတြ႕ရပါလိမ့္မယ္။ သူငယ္ခ်င္းေကာင္း၊ မိတ္ေဆြေကာင္းတစ္ေယာက္ စာဖတ္သူပိုင္ဆိုင္ရမွာေသခ်ာပါတယ္။


(၉) အေထာက္အပံ့ျဖစ္ပါေစ


စာဖတ္သူဟာ မိမိမဟုတ္တဲ့ တစ္ပါးသူအတြက္ အေႏွာင့္အယွက္မျဖစ္ဘဲ အေထာက္အပံ့ရသူျဖစ္သင့္ပါတယ္။ မိခင္ဝမ္းကေန ေမြးဖြားစဥ္ ပါရွိပိုင္ဆိုင္ထားေသာ လိင္အဂၤါရယ္ အသြင္အျပင္ေတြရယ္နဲ႔ ဆန႔္က်င္ေသာ လိင္ဝိေသသတစ္ရပ္ကို ဖြင့္ဟေဖာ္ျပသူ တစ္ေယာက္အေနျဖင့္ ဘဝရဲ့အဓိကအေျပာင္းအလဲ အျဖစ္အပ်က္တစ္ရပ္အျဖစ္ၾကဳံေနရတာပါ။ 


‘စိတ္ရွည္သည္းခံျခင္း၊ နားလည္ျခင္း၊ ၿပီးေတာ့ သည္လိုအေျပာင္းအလဲကိစၥေတြကို ေဆြးေႏြးတိုင္ပင္ရာမွာ လိုက္လုပ္ေပးခ်င္ေသာ ဆႏၵတစ္ရပ္တို့သည္’ ခက္ခဲၿပီး စိတ္လွုပ္ရွား ထိခိုက္လြယ္ေသာအခ်ိန္တစ္ခုကို သူတို့ျဖတ္သန္းရာမွာ အကူအညီျဖစ္သြားပါလိမ့္မယ္။ သူတို့မၽွေဝခ်င္တဲ့ အေၾကာင္းအရာေတြကို သက္ေသာင့္သက္သာျဖစ္ေစမယ့္ ခြင့္ျပဳေလာက္တဲ့ အဖြင့္ေမးခြန္းေလးေတြ၊ စကားေထာက္ေလးေတြနဲ႔ဆို ေကာင္းမြန္အဆင္ေျပ ပါတယ္။


ဥပမာ - ‘ဘာေတြျဖစ္ေနတာလဲ သူငယ္ခ်င္း’၊ ‘မင္းၾကည့္ရတာ စိတ္ဖိစီးေနတယ္ထင္တယ္။ ကိုယ့္ကို ေျပာျပခ်င္လား’၊ ‘သူငယ္ခ်င္းၾကည့္ရတာ တကယ္ေပ်ာ္ေနပုံပဲ။ ေကာင္းတာတစ္ခုခုျဖစ္ေနတယ္လား’ ၊ ‘မင္း ေဆြးေႏြးခ်င္ ေျပာျပခ်င္တဲ့ ကိစၥေတြအတြက္ ငါနားေထာင္ေပးဖို့အသင့္ပဲေနာ္’ 


ေျပာစရာ အခ်ိဳ့ (Tips)


ဆန႔္က်င္ဘက္လိင္အသြင္ ဝတ္စားဆင္ယင္ေနထိုင္တာကို ႏွစ္ၿခိဳက္သူ Transgender မ်ားဟာ ကိုယ္ေရကိုယ္ေသြးခ်ိဳ့ယြင္းေနသူ မ်ားမဟုတ္ပါ။ 


လိင္စိတ္တိမ္းညႊတ္မွုအရ က်ားျဖစ္ျခင္း၊ မျဖစ္ျခင္းဆိုတဲ့ ဝိေသသေရြးခ်ယ္မွုအေပၚ အထင္ေသးၿပီး ခြဲျခားဆက္ဆံျခင္းမျပဳရပါ။


ျဖစ္တည္မွုကို အေပ်ာ္သေဘာဖြင့္ဟဝန္ခံျခင္းမဟုတ္တဲ့အတြက္ ဟာသတစ္ပုဒ္နားေထာင္ရသလို ရယ္ပြဲမဖြဲ႕သင့္ပါ။


သူတို့ကိုယ္သူတို့ ရည္ညႊန္းေခၚေဝၚေျပာဆိုခ်င္တဲ့အတိုင္း အသုံးျပဳေျပာဆိုေခၚေဝၚဆက္ဆံေပးပါ။


ပညာတတ္၊ဘြဲ႕ရဆိုတဲ့ ပညတ္ခ်က္ထား အေလးေပးဆက္ဆံတာထက္ လူတစ္ေယာက္ရဲ့ျဖစ္တည္မွုအေပၚေလးစားသမွု ထားဖို့ေျပာ ေနျခင္းျဖစ္တာေၾကာင့္ ဒါကိုကြဲျပားဖို့လိုပါတယ္။


Alex Aung (19 December 2020)