Saturday, April 9, 2022

ပုရိသများနှင့် သုက်ထွက်ရန်ကြာလွန်းတဲ့ ပြဿနာ

  ပုရိသများနှင့် သုက်ထွက်ရန်ကြာလွန်းတဲ့ ပြဿနာ




ရေးသားသူ Ye Myo Myat

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


#ပုရိသများနှင့် သုက်ထွက်ရန်ကြာလွန်းတဲ့ ပြဿနာ


အမျိုးသားတွေနဲ့ လိင်ကျန်းမာရေးအကြောင်း ပြောမယ်ဆိုရင် လူတော်တော်များများက ပန်းသေပန်းညှိုးပြဿနာနဲ့ သုက်ထွက်မြန်တဲ့ အကြောင်းတွေကို ပိုပြီး မြင်တတ်ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဖြစ်များတဲ့ ပြဿနာတွေကိုး။ ဒီနေ့ ကျွန်တော်ပြောပြပေးမယ့် အကြောင်းအရာကတော့ တချို့အမျိုးသားတွေမှာ ဖြစ်တတ်တဲ့ သုက်ထွက်ဖို့ ကြာလွန်းတဲ့ ကိစ္စပဲဖြစ်ပါတယ်။


#ဘယ်လိုအခြေအနေကို သုက်ထွက်ဖို့ ကြာတယ်လို့ သတ်မှတ်လို့ရလဲ။


ပုံမှန်အမျိုးသားတစ်ယောက်ရဲ့ ထိုးသှငျးဆကျဆံနေစဉျ သုက်ထွက်ရန်ကြာချိန်ကို အတိအကျပြောလို့ မရဘူးဆိုပေမဲ့ မိနစ် ၃၀ထက် ပိုအချိန်ယူနေရတယ်ဆိုရင်တော့ သုက်ထွက်တာ ကြာတယ်လို့ ဆိုနိုင်ပါတယ်။ ဒီပြဿနာကို ဆေးပညာအရ Delayed Ejaculation (DE) လို့လည်း ခေါ်ကြပါတယ်။ DE ကို ဖြစ်စေတဲ့ အကြောင်းရင်းများစွာထဲမှာ အဖြစ်အများဆုံး တရားခံကတော့ စိတ်ကျန်းမာရေးပြဿနာပါပဲ။


တစ်ခါတစ်ရံမှာ သုက်လုံးဝ မထွက်တော့တဲ့အခြေအနေထိပါ ဖြစ်တတ်ပါတယ်။ ခဏတာလောက်ပဲ ဝေဒနာခံစားရတဲ့သူတွေလည်း ရှိသလို နှစ်ရှည်လများစွာ ကြာပြီး လိင်မှုကိစ္စမှာ ကိုယ့်ကိုယ်ကိုယ်ရော၊ လိင်ဆက်ဆံဖော်ကိုပါ စိတ်အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။


#သူ့ရဲ့ ရောဂါလက္ခဏာတွေက ဘယ်လိုမျိုးလဲ။


တစ်ကိုယ်ရေ အာသာဖြေတဲ့အချိန်မှာ သုက်ထွက်ချိန်ဟာ ပုံမှန်အတိုင်းဖြစ်နေတတ်ပြီး ထိုးသွင်းဆက်ဆံမှုပြုတဲ့အခါမှာ ဆန္ဒပြီးမြောက်ပြီး မိနစ် ၃၀ ထက်ပိုကြာနေတတ်ပါတယ်။ ဒီလိုကြာနေတဲ့အခါ ကိုယ်တိုင် လက်နဲ့အာသာဖြေလိုက်ရမှ သို့မဟုတ် ဆက်ဆံဖော်က ပါးစပ်ဖြင့် နှိုးဆွပေးလိုက်တော့မှ သုက်ထွက်နိုင်တဲ့ အမျိုးသားတွေလည်း ရှိသလို လုံးဝမထွက်လာတဲ့သူတွေလည်း ရှိပါတယ်။


သုက်ထွက်တော့မယ့် အချိန်မှာ ရုတ်တရက် စိတ်ကတခြားရောက်သွားတာ၊ စိတ်မပါသလို ဖြစ်သွားတာ၊ သုက်ထွက်ဖို့ ခက်ခဲတာ၊ တစ်နေသလို ခံစားရတာ၊ အရှိန်လျော့သွားတာ အစရှိတဲ့ လက္ခဏာတွေလည်း တွေ့ရပါတယ်။ ပုံမှန်ဆက်ဆံနေကျ မဟုတ်တဲ့ အဖော်တွေ၊ တချို့သော ကိုယ်နဲ့ အသားမကျတဲ့ နေရာ၊ အခြေအနေမျိုးတွေမှာ သုက်ထွက်ဖို့ ကြာတတ်ပါတယ်။ ဒါကိုတော့ အခြေအနေအရ သုက်ထွက်ရန်ကြာခြင်း (Situational Delayed Ejaculation) လို့ ခေါ်ပါတယ်။


#သုက်ထွက်ချိန် ကြာမြင့်စေတဲ့ အကြောင်းရင်းတွေက ဘာတွေလဲ။


စိုးရိမ်ပူပန်စိတ်တွေ၊ စိတ်ကျရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရတဲ့သူတွေမှာ အဖြစ်များနိုင်ပါတယ်။ သူတို့ရဲ့ စိတ်ထဲမှာ ကြီးစိုးနေတဲ့ အတွေးတွေက လိင်စိတ်ဆန္ဒကိုပါ လွှမ်းမိုးသွားတာကြောင့် လိင်ဆက်ဆံရာမှာ အခက်အခဲတွေ ကြုံလာတတ်ပါတယ်။ ကိုယ့်ချစ်သူနဲ့ အချစ်ရေးကိစ္စ အဆင်မပြေတာ၊ စိတ်ဆိုးဒေါသထွက်နေတာ၊ ကိုယ့်စိတ်ထဲမှာ မှန်းထားသလောက် လက်တွေ့လိင်ဆက်ဆံတဲ့အခါ စိတ်တိုင်းမကျတာတွေကြောင့်လည်း အဖြစ်များပါတယ်။


ကျန်းမာရေးအခြေအနေအရ ကျောရိုး၊ တင်ပါးဆုံရိုးမှာ ရှိတဲ့ အာရုံကြောတွေမှာ ဒဏ်ဖြစ်နေတာ၊ ဆီးကျိတ်ခွဲစိတ်မှုအပြီး အာရုံကြောထိခိုက်သွားတာ၊ နှလုံးရောဂါ၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း၊ ရုတ်တရက်သတိလစ်ခြင်း၊ သိုင်းရွိုက်ဟော်မုန်း၊ ကျားဟော်မုန်း နည်းလာခြင်း၊ မွေးရာပါချို့ယွင်းချက်တွေ၊ စိတ်ကျရောဂါပျောက်ဆေး၊ သွေးတိုးကျဆေး၊ ဆီးဆေး၊ အရက်အလွန်အကျွံသောက်ခြင်းကြာင့် သုက်ထွက်ကြာနိုင်ပါတယ်။


#သုက်ထွက်ကြာတာကို ဘယ်လိုကုသမလဲ။


မကုသဘဲ ထားလိုက်လို့ ပျောက်သွားတဲ့သူတွေလည်း ရှိသလို နှစ်ရှည်လကြာ ဝေဒနာခံစားနေရတဲ့ အမျိုးသားတွေလည်း ရှိပါတယ်။ ဒါကြောင့် ကိုယ့်မှာ လိင်ဆက်ဆံနေစဉ် သုက်ထွက်ဖို့ ကြာလွန်းတယ်လို့ ခံစားနေရရင်၊ ဒီလိုဖြစ်နေတာ ၆လထက် ကျော်နေပြီဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသကြည့်တာ အကောင်းဆုံးပါပဲ။ သွေးဖောက်စစ်ခြင်း၊ ဆီးစစ်ခြင်း၊ တခြားသော ရောဂါတွေ၊ ကျားဟော်မုန်း ပမာဏ၊ ဟော်မုန်းမျှခြေ အပြောင်းအလဲ၊ လတ်တလော ခံစားနေရတဲ့ စိတ်ကျန်းမာရေးပြဿနာတွေအပြင် ကိုယ့်ရဲ့ လိင်တံမှာ ကောင်းစွာထောင်မတ်နိုင်ခြင်း၊ တခြားသော ပြဿနာတွေ ရှိ၊ မရှိ စစ်ဆေးမှာဖြစ်ပါတယ်။


တရားခံအကြောင်းရင်းကို ရှာဖွေစစ်ဆေးပြီးသွားမှ ကုသမှုခံယူဖို့ အကောင်းဆုံးဖြစ်မယ့် နည်းလမ်း၊ ကုထုံးတွေကို ဆရာဝန်က အကြံပေးမှာဖြစ်ပါတယ်။ သုက်ထွက်ကြာတာကို မကုသဘဲ ပစ်ထားလိုက်ရင် သူ့နောက်ကွယ်မှာ လိင်စိတ်သာယာမှု မရှိတာ၊ လိင်ဆက်ဆံရမှာ စိုးရိမ်ပူပန်တာ၊ မျိုးမအောင်တာ၊ မြုံတာ၊ လိင်စိတ်ဆန္ဒနည်းသွားတာအပြင် တခြားစိတ်ကျန်းမာရေးမှာပါ ထိခိုက်လာနိုင်သလို ကိုယ့်ချစ်သူ၊ အိမ်ထောင်ဖက်နဲ့လည်း လူမှုရေးဆိုင်ရာ ပြဿနာတွေ ပိုဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် ဒီပြဿနာရှိနေတယ်လို့ သံသယရှိနေရင် မရှက်ပါနဲ့။ တွေ့ရာ ဆေးမြီးတိုတွေနဲ့ မကုပါနဲ့။ စောစောသိလေ ကုသပျောက်ကင်းဖို့ ပိုလွယ်တာကြောင့် ဆရာဝန်နဲ့ အမြန်ဆုံးပြသတာ အကောင်းဆုံးပါပဲလို့ အကြံပေးလိုက်ပါတယ်။


HELLO SAYARWON


(Zawgyi) 

ပုရိသမ်ားႏွင့္ သုက္ထြက္ရန္ၾကာလြန္းတဲ့ ျပႆနာ




ေရးသားသူ Ye Myo Myat

ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Thurein Hlaing Win


#ပုရိသမ်ားႏွင့္ သုက္ထြက္ရန္ၾကာလြန္းတဲ့ ျပႆနာ


အမ်ိဳးသားေတြနဲ႔ လိင္က်န္းမာေရးအေၾကာင္း ေျပာမယ္ဆိုရင္ လူေတာ္ေတာ္မ်ားမ်ားက ပန္းေသပန္းညႇိဳးျပႆနာနဲ႔ သုက္ထြက္ျမန္တဲ့ အေၾကာင္းေတြကို ပိုၿပီး ျမင္တတ္ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ အျဖစ္မ်ားတဲ့ ျပႆနာေတြကိုး။ ဒီေန႔ ကြၽန္ေတာ္ေျပာျပေပးမယ့္ အေၾကာင္းအရာကေတာ့ တခ်ိဳ႕အမ်ိဳးသားေတြမွာ ျဖစ္တတ္တဲ့ သုက္ထြက္ဖို႔ ၾကာလြန္းတဲ့ ကိစၥပဲျဖစ္ပါတယ္။


#ဘယ္လိုအေျခအေနကို သုက္ထြက္ဖို႔ ၾကာတယ္လို႔ သတ္မွတ္လို႔ရလဲ။


ပုံမွန္အမ်ိဳးသားတစ္ေယာက္ရဲ႕ ထိုးသွင်းဆက်ဆံေနစဉ် သုက္ထြက္ရန္ၾကာခ်ိန္ကို အတိအက်ေျပာလို႔ မရဘူးဆိုေပမဲ့ မိနစ္ ၃၀ထက္ ပိုအခ်ိန္ယူေနရတယ္ဆိုရင္ေတာ့ သုက္ထြက္တာ ၾကာတယ္လို႔ ဆိုႏိုင္ပါတယ္။ ဒီျပႆနာကို ေဆးပညာအရ Delayed Ejaculation (DE) လို႔လည္း ေခၚၾကပါတယ္။ DE ကို ျဖစ္ေစတဲ့ အေၾကာင္းရင္းမ်ားစြာထဲမွာ အျဖစ္အမ်ားဆုံး တရားခံကေတာ့ စိတ္က်န္းမာေရးျပႆနာပါပဲ။


တစ္ခါတစ္ရံမွာ သုက္လုံးဝ မထြက္ေတာ့တဲ့အေျခအေနထိပါ ျဖစ္တတ္ပါတယ္။ ခဏတာေလာက္ပဲ ေဝဒနာခံစားရတဲ့သူေတြလည္း ရွိသလို ႏွစ္ရွည္လမ်ားစြာ ၾကာၿပီး လိင္မႈကိစၥမွာ ကိုယ့္ကိုယ္ကိုယ္ေရာ၊ လိင္ဆက္ဆံေဖာ္ကိုပါ စိတ္အေႏွာင့္အယွက္ျဖစ္ေစႏိုင္ပါတယ္။


#သူ႔ရဲ႕ ေရာဂါလကၡဏာေတြက ဘယ္လိုမ်ိဳးလဲ။


တစ္ကိုယ္ေရ အာသာေျဖတဲ့အခ်ိန္မွာ သုက္ထြက္ခ်ိန္ဟာ ပုံမွန္အတိုင္းျဖစ္ေနတတ္ၿပီး ထိုးသြင္းဆက္ဆံမႈျပဳတဲ့အခါမွာ ဆႏၵၿပီးေျမာက္ၿပီး မိနစ္ ၃၀ ထက္ပိုၾကာေနတတ္ပါတယ္။ ဒီလိုၾကာေနတဲ့အခါ ကိုယ္တိုင္ လက္နဲ႔အာသာေျဖလိုက္ရမွ သို႔မဟုတ္ ဆက္ဆံေဖာ္က ပါးစပ္ျဖင့္ ႏႈိးဆြေပးလိုက္ေတာ့မွ သုက္ထြက္ႏိုင္တဲ့ အမ်ိဳးသားေတြလည္း ရွိသလို လုံးဝမထြက္လာတဲ့သူေတြလည္း ရွိပါတယ္။


သုက္ထြက္ေတာ့မယ့္ အခ်ိန္မွာ ႐ုတ္တရက္ စိတ္ကတျခားေရာက္သြားတာ၊ စိတ္မပါသလို ျဖစ္သြားတာ၊ သုက္ထြက္ဖို႔ ခက္ခဲတာ၊ တစ္ေနသလို ခံစားရတာ၊ အရွိန္ေလ်ာ့သြားတာ အစရွိတဲ့ လကၡဏာေတြလည္း ေတြ႕ရပါတယ္။ ပုံမွန္ဆက္ဆံေနက် မဟုတ္တဲ့ အေဖာ္ေတြ၊ တခ်ိဳ႕ေသာ ကိုယ္နဲ႔ အသားမက်တဲ့ ေနရာ၊ အေျခအေနမ်ိဳးေတြမွာ သုက္ထြက္ဖို႔ ၾကာတတ္ပါတယ္။ ဒါကိုေတာ့ အေျခအေနအရ သုက္ထြက္ရန္ၾကာျခင္း (Situational Delayed Ejaculation) လို႔ ေခၚပါတယ္။


#သုက္ထြက္ခ်ိန္ ၾကာျမင့္ေစတဲ့ အေၾကာင္းရင္းေတြက ဘာေတြလဲ။


စိုးရိမ္ပူပန္စိတ္ေတြ၊ စိတ္က်ေရာဂါ ျပင္းျပင္းထန္ထန္ ခံစားေနရတဲ့သူေတြမွာ အျဖစ္မ်ားႏိုင္ပါတယ္။ သူတို႔ရဲ႕ စိတ္ထဲမွာ ႀကီးစိုးေနတဲ့ အေတြးေတြက လိင္စိတ္ဆႏၵကိုပါ လႊမ္းမိုးသြားတာေၾကာင့္ လိင္ဆက္ဆံရာမွာ အခက္အခဲေတြ ႀကဳံလာတတ္ပါတယ္။ ကိုယ့္ခ်စ္သူနဲ႔ အခ်စ္ေရးကိစၥ အဆင္မေျပတာ၊ စိတ္ဆိုးေဒါသထြက္ေနတာ၊ ကိုယ့္စိတ္ထဲမွာ မွန္းထားသေလာက္ လက္ေတြ႕လိင္ဆက္ဆံတဲ့အခါ စိတ္တိုင္းမက်တာေတြေၾကာင့္လည္း အျဖစ္မ်ားပါတယ္။


က်န္းမာေရးအေျခအေနအရ ေက်ာ႐ိုး၊ တင္ပါးဆုံ႐ိုးမွာ ရွိတဲ့ အာ႐ုံေၾကာေတြမွာ ဒဏ္ျဖစ္ေနတာ၊ ဆီးက်ိတ္ခြဲစိတ္မႈအၿပီး အာ႐ုံေၾကာထိခိုက္သြားတာ၊ ႏွလုံးေရာဂါ၊ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း၊ ႐ုတ္တရက္သတိလစ္ျခင္း၊ သိုင္း႐ြိဳက္ေဟာ္မုန္း၊ က်ားေဟာ္မုန္း နည္းလာျခင္း၊ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ေတြ၊ စိတ္က်ေရာဂါေပ်ာက္ေဆး၊ ေသြးတိုးက်ေဆး၊ ဆီးေဆး၊ အရက္အလြန္အကြၽံေသာက္ျခင္းၾကာင့္ သုက္ထြက္ၾကာႏိုင္ပါတယ္။


#သုက္ထြက္ၾကာတာကို ဘယ္လိုကုသမလဲ။


မကုသဘဲ ထားလိုက္လို႔ ေပ်ာက္သြားတဲ့သူေတြလည္း ရွိသလို ႏွစ္ရွည္လၾကာ ေဝဒနာခံစားေနရတဲ့ အမ်ိဳးသားေတြလည္း ရွိပါတယ္။ ဒါေၾကာင့္ ကိုယ့္မွာ လိင္ဆက္ဆံေနစဥ္ သုက္ထြက္ဖို႔ ၾကာလြန္းတယ္လို႔ ခံစားေနရရင္၊ ဒီလိုျဖစ္ေနတာ ၆လထက္ ေက်ာ္ေနၿပီဆိုရင္ေတာ့ ဆရာဝန္နဲ႔ ေသခ်ာျပသၾကည့္တာ အေကာင္းဆုံးပါပဲ။ ေသြးေဖာက္စစ္ျခင္း၊ ဆီးစစ္ျခင္း၊ တျခားေသာ ေရာဂါေတြ၊ က်ားေဟာ္မုန္း ပမာဏ၊ ေဟာ္မုန္းမွ်ေျခ အေျပာင္းအလဲ၊ လတ္တေလာ ခံစားေနရတဲ့ စိတ္က်န္းမာေရးျပႆနာေတြအျပင္ ကိုယ့္ရဲ႕ လိင္တံမွာ ေကာင္းစြာေထာင္မတ္ႏိုင္ျခင္း၊ တျခားေသာ ျပႆနာေတြ ရွိ၊ မရွိ စစ္ေဆးမွာျဖစ္ပါတယ္။


တရားခံအေၾကာင္းရင္းကို ရွာေဖြစစ္ေဆးၿပီးသြားမွ ကုသမႈခံယူဖို႔ အေကာင္းဆုံးျဖစ္မယ့္ နည္းလမ္း၊ ကုထုံးေတြကို ဆရာဝန္က အႀကံေပးမွာျဖစ္ပါတယ္။ သုက္ထြက္ၾကာတာကို မကုသဘဲ ပစ္ထားလိုက္ရင္ သူ႔ေနာက္ကြယ္မွာ လိင္စိတ္သာယာမႈ မရွိတာ၊ လိင္ဆက္ဆံရမွာ စိုးရိမ္ပူပန္တာ၊ မ်ိဳးမေအာင္တာ၊ ၿမဳံတာ၊ လိင္စိတ္ဆႏၵနည္းသြားတာအျပင္ တျခားစိတ္က်န္းမာေရးမွာပါ ထိခိုက္လာႏိုင္သလို ကိုယ့္ခ်စ္သူ၊ အိမ္ေထာင္ဖက္နဲ႔လည္း လူမႈေရးဆိုင္ရာ ျပႆနာေတြ ပိုျဖစ္လာႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္ ဒီျပႆနာရွိေနတယ္လို႔ သံသယရွိေနရင္ မရွက္ပါနဲ႔။ ေတြ႕ရာ ေဆးၿမီးတိုေတြနဲ႔ မကုပါနဲ႔။ ေစာေစာသိေလ ကုသေပ်ာက္ကင္းဖို႔ ပိုလြယ္တာေၾကာင့္ ဆရာဝန္နဲ႔ အျမန္ဆုံးျပသတာ အေကာင္းဆုံးပါပဲလို႔ အႀကံေပးလိုက္ပါတယ္။


HELLO SAYARWON


Friday, April 8, 2022

စားချင်တာချက် ချက်ချင်တာစား

တောချက်မုန့်ဟင်းခါး  




ပါဝင်ပစ္စည်းများ (၄ယောက်စာ)

 

မုန့်ဖတ်  ၂၀ ကျပ်သား

ငါးရံ့  ၂ ကောင်

ပြုတ်ထားသော ဘဲဥ  ၄ လုံး

သန့်စင်ထားသော ငှက်ပျောအူ  အနည်းငယ်

ကြက်သွန်ဖြူ  ၄ လုံး

ငြုပ်ကောင်းစေ့  ထမင်းစားဇွန်း ၂ ဇွန်း

စပါးလင်  ၂ ချောင်း

ဆန်လှော်မှုန့်  ထမင်းစားဇွန်း ၁ ဇွန်း

ကြက်သွန်ဥ  ၁၀ ဥခန့်

ဆား  လက်ဖက်ရည်ဇွန်း ၂ ဇွန်းခန့်

ငါးငံပြာရည်  ထမင်းစားဇွန်း ၂ ဇွန်းခန့်

နနွင်းမှုန့်  လက်ဖက်ရည်ဇွန်း ၁ ဝက်ခန့်

ထောင်းထားသော ထန်းလျက်  ၁ လုံးခန့်

ရေ  ၃ လီတာခန့်

ဆီ  အနည်းငယ်

 

ပြင်ဆင်ချက်ပြုတ်ပုံ

 

- မုန့်ဟင်းခါးချက်မည့် အိုးထဲတွင် သန့်စင်ထားသော ငါး၊ နနွင်းမှုန့်၊ ငါးငံပြာရည်၊ ဆား၊ ထုထားသော စပါးလင်၊ ဆီအနည်းငယ် နှင့် ရေတို့ကိုထည့်ပြီး ငါးအသားများ နူးလာသည်အထိ ပြုတ်ပေးပါ။

- ငါးအသားများ နူးလာလျှင် ဆယ်ပြီး အရိုးနွှင်ထားပေးပါ။

- ဆူနေသော ငါးပြုတ်ရည်အိုးထဲသို့ ငှက်ပျောအူကိုထည့်ပြီး နူးစပြုသည်အထိ တည်ပေးပါ။

- ပြီးလျှင် ရေအနည်းငယ်ဖြင့် ဖျော်ထားသော ဆန်လှော်မှုန့်ရည်ကိုထည့်ပြီး သေချာမွှေပေးပါ။

- အရသာအတွက် ဆား၊ ထန်းလျက်တို့ကိုထည့်ပြီး မိမိလိုသလို ဖြည့်စွက်ပါ။ အရသာမျှတပြီး ဟင်းရည်ပွက်ပွက်ဆူလာလျှင် ပြုတ်ထားသော ဘဲဥများ၊ ကြက်သွန်ဥများကို ထည့်ကာ ဟင်းရည် ချိုမွှေးပြီး အနည်းငယ်ပိုကျလာသည် အထိ ဆက်တည်ပေးထားပါ။

- ပြီးလျှင် ညက်နေအောင် ထောင်းထားသော ကြက်သွန်ဖြူနှင့်ငြုပ်ကောင်းများကို ခပ်ပြီး ၅မိနစ်ခန့် ဆက်တည်ပြီးနောက်တွင် အချိန်တိုအတွင်း ပြုလုပ်နိုင်ပြီး ငြုပ်ကောင်းရနံ့လေး သင်းနေသော တောချက်မုန့်ဟင်းခါးကို မုန့်ဖတ်၊ ညှပ်ဖတ်၊ နံနံပင်၊ ပဲသီး၊ ငြုပ်သီးမှုန့်၊ အကြော်မျိုးစုံ တို့ဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။


ချက်ပြုတ်ပြသူ - နှင်းနန္ဒာေ၀ (Nandar’s Kitchen)


သာခွေယိုင် (ထမင်းပေါင်းအိုးဖြင့်ချက်တဲ့နည်း)




သာခွေယိုင်ကို မွှေရတာလက်မညောင်းအောင်လို့ထမင်းပေါင်းအိုးဖြင့်ချက်တဲ့နည်းပါ။ တကယ့်နည်းကတော့ မီးဖိုပေါ်မှာတင်မွှေရတာ လက်ညောင်းလို့ဒီနည်းလေးကိုသုံးထားတာပါ။ အားလုံးလဲ အဆင်ပြေလိမ့်မယ်လို့ထင်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်သောပစ္စည်းများ

၁။ ကောက်ညှင်းငချိတ် - ထမင်းပေါင်းအိုးမှာပါတဲ့ခွက်ဖြင့် ၂ ခွက် (သို့) နို့ဆီဘူးဖြင့် ၁ ခွက်ခွဲ

၂။ ဆား - လက်ဖက်ရည်ဇွန်းလေးပုံတပုံ

၃။ သကြားအညို - ထမင်းစားဇွန်း ၁၀ ဇွန်း (အညိုမရှိလျှင် အဖြူကိုထည့်လဲရပါတယ်။)

၄။ အုန်းနို့- ၄၀၀ ml

၅။ သကြား - ထမင်းစားဇွန်း ၄ဇွန်း

( ထမင်းစားဇွန်း = 1 tablespoon = 15 ml)

(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)


ပြုလုပ်နည်း

၁။ ကောက်ညှင်းကိုရေဆေးပြီး မချက်ခင် ၈ နာရီအလိုကတည်းက ထမင်းပေါင်းအိုးထဲကိုထည့် ရေကို ရေအမှတ် ၅ မှာထည့်၊ (ရေအမှတ်မရှိလျှင် နဂိုထည့်နေတဲ့ရေရဲ့ ၂ ဆခွဲပိုထည့်ရပါတယ်။ နဂိုရေကို ဆန်ရဲ့လက်၁ဆစ်အထက်ထည့်ရင် လက်၂ ဆစ်ခွဲအထိရေထည့်ပါ။) ဆား၊ သကြားအညို ထမင်းစားဇွန်း ၁၀ ဇွန်းတို့ကိုထည့်ရျ် သမအောင်မွှေပြီး ၈နာရီလောက်ထားပါ။ (ဒီနိုင်ငံမှာ စားရတဲ့ သာခွေယိုင်က ပိုမွှေးပါတယ်။ အဲ့လိုမွှေးချင်ရင်တော့ ဆွမ်းမွှေးရွက် တရွက် (သို့) ဆွမ်းမွှေးအနံ့အရည် လက်ဖက်ရည်ဇွန်း လေးပုံတပုံကို ချက်မည့်အထဲ ထည့်ပါ။)

၂။ ပြီးမှ ထမင်းပေါင်းအိုးခလုပ်ကိုနှိပ်ရျ် ချက်ပါ။ (အိစံကတော့ မနက်ချက်မည်ဆိုလျှင် ညကတည်းက ထမင်းပေါင်းအိုးထဲထည့်ထားပြီး မနက်မှ ခလုပ်နှိပ်ပြီးချက်လိုက်တာပါ။)

၃။ ကျက်လျှင် မီးခလုပ်ကိုချက်ချင်းပိတ်ထားလိုက်ပြီးနှပ်ထားပါ။

၄။ အုန်းနို့ကိုမီးဖိုပေါ်တင်ရျ် သကြား ထမင်းစားဇွန်း ၄ ဇွန်းထည့်ပြီး သကြားများအရည်ပျော်သွားသည်အထိတည်ထားပါ။ 

၅။ စားခါနီးမှ ချက်ထားသော ကောက်ညှင်းငချိတ်လေးကို ပန်းကန်ထဲထည့်၊ အပေါ်က အုန်းနို့လေးဆမ်းရျ်သုံးဆောင်နိုင်ပါပြီရှင်။

ချက်ပြုတ်ပြသူ - Ei San 


ကြက်သား ဒန်ပေါက် အလွယ်ချက်နည်း..



မမီးက ဘာစမာတီ ချက်နည်းကို သူများဆီက လေ့လာပီး လုပ်ကြည့်တာ..ရေလုံးဝ မဆေးဘူး..။ နောက်ပိုင်း စာတွေ ဖတ်ကြည့် တော့..U.S က ဆန်တွေကို ရေမဆေးလည်း ချက်နိုင်ပါတယ်တဲ့.. တခြားတိုင်းပြည်ကတင်သွင်းတဲ့ ဆန်တွေကိုတော့ ရေ ဆေး ရမယ်တဲ့..။

အိုးအပြည့် ဘယ်တော့မှ မချက်ပါနဲ့..။ မမီး ၅ ခွက် အိုးမှာ ၂ခွက်ဘဲ ချက်တယ်..အဲဒီ ထက်ပိုလိုက်တာနဲ အိုးကျပ်ပီး ထမင်းမလှ..။

မမီးတို့ စိတ်ကြိုက် မဆလာနံ့ သိတ်မများဘဲ..ထောပတ် အနည်းငယ်နဲ့ ချက်ထားတဲ့ အလွယ် ချက်လေးပါ..။ စားလို့ အရမ်းကောင်းပါတယ်..။

မမီး အရောင် အတွက် ကုကမံကို မသုံးဘဲ အလွယ်တကူ ရနိုင်တဲ့ အစာ ဆိုးဆေးတွေကို သုံးထားပါတယ်.. US မှာ နေသူတွေကတော့ ကိတ်မုန့် ပစ္စည်းတွေ ရောင်းတဲ့ အတန်းမှာ အလွယ်တကူ ရှာတွေ့နိုင်ပါတယ်..မြန်မာ မှာ နေသူများကတော့ သိမ်ကြီးဈေးနဲ့ ကိတ်မုန့် ပစ္စည်းရောင်းတဲ့ ဆိုင်တွေ..ပရဆေး ဆိုင်တွေမှာ ၇နိုင်မယ် လို့ ထင်ပါတယ်..။ သူငယ်ချင်းလေး တယောက် အကြံပေးဘူးတယ်.. ပဲငံပြာရည် အပျစ်အနည်းငယ်ထမင်းပေါ်မှာ ထည့်ပေးရင် အရောင်ပိုလှပါတယ်တဲ့...။


ကြက်သားဟင်း

1. ကြက်ပေါင် ................. ၂ ချောင်း

2. ကြက်သွန်ဖြူ ...............၂ မွှာ

3. ချင်း ပါးပါး ..................၁ ပြား

4. ကြက်သွန်နီ................ အရွယ် လတ် ၁ လုံး

5. ဆီ ..............................၂ စားပွဲဇွန်း

6. ငြုတ်သီးမှုန့်.................. ၁/၄ လက်ဘက်ရည်ဇွန်း ( အရောင်တင်မှုန့်)

7. ဒိန်ချဉ်........................... ၂ စားပွဲဇွန်း

8. ကြက်သွန်နီကြော် ........... ၃ စားပွဲဇွန်း

9. ဒန်ပေါက် မဆလာ........... ၁ စားပွဲဇွန်း


ချက်နည်း

1. ကြက်သားကို သန့်စင်အောင်ဆေး၊ ဆား ၊ဒန်ပေါက်မဆလာ၊ ဒိန်ချဉ် တို့ဖြင့် နယ်ပေးပီး ၁ နာရီခန့် နှပ်ထားပေးပါ။

2. ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ၊ ချင်းတို့ကို ညက်အောင်ထောင်းပါ၊

3. အိုးတခုထဲမှာ ဆီ အနည်းငယ် ထည့်ပီး ထောင်းထားတဲ့ ကြက်သွန်ဖြူ/နီ၊ချင်း တို့ကို ဆီသတ်ပါ။

4. ကြက်သွန်နီသွေ့စပြုပီး မွှေးလာတဲ့အခါ အသင့် နှပ်ထားတဲ့ ကြက်သားများကို ထည့်ပြီး လှိမ့်ပါ၊ အသားတင်းလာတဲ့ အခါ ကြက်သွန်နီကြော် ထည့်မွှေပါ၊ ဒိန်ချဉ်က ထွက်လာတဲ့ ရေနဲ့ ကြက်သား နူးလာတဲ့ အထိ မီးအေးအေး နဲ့ ချက်ထားပါ၊ လိုအပ်ရင် ရေပူ အနည်းငယ်ထည့်ပေးပါ၊


ဒန်ပေါက်ထမင်း

1. ဘက်စမာတီဆန်.............. ၂ ခွက် ( rice cooker cup)

2. ထောပတ်(Ghee) .............၁ လက်ဘက်ရည်ဇွန်း

3. သစ်ကြပိုးခေါက် ................ ၁ လက္မ အရွယ်

4. ကရဝေးရွက်....................... ၁ ရွက်

5. ကြက်သွန်နီကြော် ..................၁/၂ ခွက် (rice cooker cup)

6. အဝါရောင်............................. ၂-၃ စက်

7. လိမ္မော်ရောင် .......................... ၁-၂ စက်

8. ဆား ..................................၁/၂ လက်ဘက်ရည်ဇွန်း

9. သကြား ..............................၁ လက်ဘက်ရည်ဇွန်း

ချက်နည်း

1. ထမင်းပေါင်းအိုးတစ်လုံးထဲမှာ ထောပတ်(Ghee) ထည့်ပါ၊ သစ်ကြပိုးခေါက်နဲ့ ကရဝေးရွက်ထည့်ပါ၊ ပူလာတဲ့ အခါ တချက် နှစ်ချက် မွှေပေးပါ၊ ဆန်ကို အခြောက် အတိုင်းထည့်ပါ၊ အဝါရောင် ၂-၃စက်ထည့်မွှေပေးပီရင် ဘက်စမာတီ ဆန် ၂ ခွက် အတွက် ရေ ၃ခွက် ထည့်ပီးချက်ပါ၊

2. ထမင်းကျက်တဲ့ အခါ တဝက် ကို ဖွဖွလေး ထမင်းမကြေအောင် ခပ်ထုတ်ပြီး ကြက်သွန်နီကြော် ဖြန့်ထည့်ပါ၊ ချက်ထားတဲ့ ကြက်သားနဲ့ အနှစ်များထည့်ပါ၊ အပေါ်မှ ဖယ်ထားတဲ့ ထမင်းပြန်အုပ်ပီး ၊ ရေ ၁ စားပွဲတင်ဇွန်း နဲ့ အသင့်စပ်ထားတဲ့ လိမ္မော်ရောင် ကို နေရာကျဲကျဲ ဖြန့်ထည့်ပါတယ်၊ အဖုံးပိတ်ပီး စားခါနီး အထိနှပ်ထားပါတယ်၊

3. ထမင်းခပ်တဲ့အခါ အရောင် သမသွားအောင် အနည်းငယ် ဖွပေးလိုက်ပီး၊ အိမ်ချက် ဒန်ပေါက်လေး သုံးဆောင်နိုင်ပါပြီ။

ချက်ပြုတ်ပြသူ - Meemetofu 


စပိန်ထမင်းကြော်နည်း (Spanish Style Fried Rice)

.........................




 စပိန်ထမင်းကြော်လို့ဆိုပေမဲ့ ရောချက်တဲ့နည်းနဲ

့ကြော်တဲ့ပုံစံနှစ်မျိုး ပြုလုပ်နိုင်ပါတယ်။ အခုတော့အလွယ်တကူကြော်တဲ့ပုံစံ ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ စားနေကြ ထမင်း ကြော်နဲ့ အရသာကွဲပြားပြီး ထမင်းကြော်နှစ်သက်သူများအတွက် အကြိုက်တွေ့ စေမဲ့ရောင်စုံစပိန်ထမင်းကြော်ပဲဖြစ်ပါတယ်။ ကြော်စားကြည့်ရအောင်နော်။


ပါဝင်ပစ္စည်း  ၅ ပွဲစာ

- ထမင်းဖြူ  - ၅ပွဲ

- ကြက်သွန်နီ  -  တစ်လုံး 

- ကြက်သွန်ဖြူ  -  ၃မြောင်း

- ကြက်အူချောင်း  -  ၂ချောင်း

- ကြက်သား/ပုစွန်  -  ၂၀ဝ ဂရမ်

- ငရုတ်ပွစိမ်း/နီ/ဝါ  -  တစ်လုံးခွဲ (တစ်ခြမ်းဆီ)

- ခရမ်းချဉ်သီးအနှစ် -  ၃၀ဝ ဂရမ်

- ဆား  -  စားပွဲဇွန်း တစ်ဇွန်း 

- သကြား  -  တစ်ဇွန်း

- သံလွင်ဆီ  -  ၅ဇွန်း

- ငရုတ်ကောင်း  -  အနည်းငယ် 

- Paprika (အရောင်တင်) -  တစ်ဇွန်း

- Oregano    -  တစ်ဇွန်း (optional)

 (ဟင်းခတ်အမွှေးအကြိုင်)

- ကြက်သွန်မြိတ်  -  ၃ပင်

- သံပရိုသီး  -  တစ်လုံး


ပြုလုပ်နည်းအဆင့်ဆင့်

၁။ ဦးစွာကြော်မည့် ထမင်းဖြူကို အအေးခံထားပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူ သေးသေးစိတ်ထားပါ။ ငရုတ်ပွ အရောင်သုံးမျိုးကို အရွယ်တူအတုံးစိတ်ထားပါ။ကြက်အူချောင်းနှင့် အသုံးပြုမည့် အသားပင်လယ်စာကို အသင့်ပြုလုပ်ထားပါ။

၂။ ခရမ်းချဉ်သီးအနှစ်ကို အသင့်သုံးသံဘူးများအသုံးပြုနိုင်ပြီး မရှိပါက ခရမ်းချဉ်သီး ၅ လုံးခန့်ကို ရေနွေးဖျော အစေ့ထုတ်အခွံခွာပြီးသေးသေးစိတ်ကာချက်ထားပါ။

၃။ အားလုံးအသင့်ဖြစ်ပါက ကြော်မည့်အိုးကို အပူပေးပြီး သံလွင်ဆီထည့်ပါ။

၄။ ကြက်သွန်နီကြက်သွန်ဖြူဆီသပ်ကာကြက်အူချောင်းအသားထည့်ကြော်ပါ။

၅။ အရောင်ပြောင်းပါက ငရုတ်ပွစိတ်ထားသည်ကိုထည့်ပါ။ ငရုတ်ကောင်းအရောင်တင်ထည့်ပြီး သမအောင် မွှေပေးပါ။ ခရမ်းချဉ်သီးအနှစ်ထည့်ပါ။

၆။ အအေးခံထားသော ထမင်းဖြူထည့်ပါ။ ဆား၊သကြားနှင့် အော်ရီဂါးနိုးထည့်ပြီး သမအောင်မွှေကာအရသာအပေါ့အငန်မြည်းပါ။

၇။ အရသာအနေတော်ပါက ကြက်သွန်မြိတ်သေးသေး စိတ်ထားသည်ကိုထည့်ပြီး သံပရိုသီးစိတ်ဖြင့် တွဲဖက် ပြီးတည်ခင်းနိုင်ပါပြီ။

* မကြော်ဘဲ တစ်ခါတည်းရောချက်လိုပါက ဆန်ကို ရေစိမ်ထားပြီး အထက်ပါနည်းအတိုင်း ဆီသတ်ပြီး ဆန်ချ ကြော်ကာ ကြက်ပြုတ်ရည်ထည့်ပြီး ထမင်းချက်သည့် နည်းအတိုင်းချက်နိုင်ပါတယ်။

* Paprika နှင့် Oregano ကိုစူပါမားကတ်များတွင် ရနိုင်ပါတယ်။


 (Zawgyi )

ေတာခ်က္မုန႔္ဟင္းခါး  




ပါဝင္ပစၥည္းမ်ား (၄ေယာက္စာ)

 

မုန႔္ဖတ္  ၂၀ က်ပ္သား

ငါးရံ႕  ၂ ေကာင္

ျပဳတ္ထားေသာ ဘဲဥ  ၄ လုံး

သန႔္စင္ထားေသာ ငွက္ေပ်ာအူ  အနည္းငယ္

ၾကက္သြန္ျဖဴ  ၄ လုံး

ျငဳပ္ေကာင္းေစ့  ထမင္းစားဇြန္း ၂ ဇြန္း

စပါးလင္  ၂ ေခ်ာင္း

ဆန္ေလွာ္မႈန႔္  ထမင္းစားဇြန္း ၁ ဇြန္း

ၾကက္သြန္ဥ  ၁၀ ဥခန႔္

ဆား  လက္ဖက္ရည္ဇြန္း ၂ ဇြန္းခန႔္

ငါးငံျပာရည္  ထမင္းစားဇြန္း ၂ ဇြန္းခန႔္

နႏြင္းမႈန႔္  လက္ဖက္ရည္ဇြန္း ၁ ဝက္ခန႔္

ေထာင္းထားေသာ ထန္းလ်က္  ၁ လုံးခန႔္

ေရ  ၃ လီတာခန႔္

ဆီ  အနည္းငယ္

 

ျပင္ဆင္ခ်က္ျပဳတ္ပုံ

 

- မုန႔္ဟင္းခါးခ်က္မည့္ အိုးထဲတြင္ သန႔္စင္ထားေသာ ငါး၊ နႏြင္းမႈန႔္၊ ငါးငံျပာရည္၊ ဆား၊ ထုထားေသာ စပါးလင္၊ ဆီအနည္းငယ္ ႏွင့္ ေရတို႔ကိုထည့္ၿပီး ငါးအသားမ်ား ႏူးလာသည္အထိ ျပဳတ္ေပးပါ။

- ငါးအသားမ်ား ႏူးလာလွ်င္ ဆယ္ၿပီး အရိုးႏႊင္ထားေပးပါ။

- ဆူေနေသာ ငါးျပဳတ္ရည္အိုးထဲသို႔ ငွက္ေပ်ာအူကိုထည့္ၿပီး ႏူးစျပဳသည္အထိ တည္ေပးပါ။

- ၿပီးလွ်င္ ေရအနည္းငယ္ျဖင့္ ေဖ်ာ္ထားေသာ ဆန္ေလွာ္မႈန႔္ရည္ကိုထည့္ၿပီး ေသခ်ာေမႊေပးပါ။

- အရသာအတြက္ ဆား၊ ထန္းလ်က္တို႔ကိုထည့္ၿပီး မိမိလိုသလို ျဖည့္စြက္ပါ။ အရသာမွ်တၿပီး ဟင္းရည္ပြက္ပြက္ဆူလာလွ်င္ ျပဳတ္ထားေသာ ဘဲဥမ်ား၊ ၾကက္သြန္ဥမ်ားကို ထည့္ကာ ဟင္းရည္ ခ်ိဳေမႊးၿပီး အနည္းငယ္ပိုက်လာသည္ အထိ ဆက္တည္ေပးထားပါ။

- ၿပီးလွ်င္ ညက္ေနေအာင္ ေထာင္းထားေသာ ၾကက္သြန္ျဖဴႏွင့္ျငဳပ္ေကာင္းမ်ားကို ခပ္ၿပီး ၅မိနစ္ခန႔္ ဆက္တည္ၿပီးေနာက္တြင္ အခ်ိန္တိုအတြင္း ျပဳလုပ္နိုင္ၿပီး ျငဳပ္ေကာင္းရနံ႕ေလး သင္းေနေသာ ေတာခ်က္မုန႔္ဟင္းခါးကို မုန႔္ဖတ္၊ ညွပ္ဖတ္၊ နံနံပင္၊ ပဲသီး၊ ျငဳပ္သီးမႈန႔္၊ အေၾကာ္မ်ိဳးစုံ တို႔ျဖင့္ တြဲဖက္သုံးေဆာင္နိုင္ပါၿပီ။


ခ်က္ျပဳတ္ျပသူ - ႏွင္းနႏၵာေ၀ (Nandar’s Kitchen)


သာေခြယိုုင္ (ထမင္းေပါင္းအိုုးျဖင့္ခ်က္တဲ့နည္း)




သာေခြယိုုင္ကိုု ေမြွရတာလက္မေညာင္းေအာင္လိုု ့ထမင္းေပါင္းအိုုးျဖင့္ခ်က္တဲ့နည္းပါ။ တကယ့္နည္းကေတာ့ မီးဖိုုေပၚမွာတင္ေမြွရတာ လက္ေညာင္းလိုု ့ဒီနည္းေလးကိုုသုုံးထားတာပါ။ အားလုုံးလဲ အဆင္ေျပလိမ့္မယ္လိုု ့ထင္ပါတယ္။ လုုပ္စားၾကည့္ရေအာင္ေနာ္။

ပါဝင္ေသာပစၥည္းမ်ား

၁။ ေကာက္ညွင္းငခ်ိတ္ - ထမင္းေပါင္းအိုုးမွာပါတဲ့ခြက္ျဖင့္ ၂ ခြက္ (သိုု ့) ႏိုု ့ဆီဘူးျဖင့္ ၁ ခြက္ခြဲ

၂။ ဆား - လက္ဖက္ရည္ဇြန္းေလးပုုံတပုုံ

၃။ သၾကားအညိုု - ထမင္းစားဇြန္း ၁၀ ဇြန္း (အညိဳမရွိလွ်င္ အျဖဴကိုုထည့္လဲရပါတယ္။)

၄။ အုုန္းႏိုု ့- ၄၀၀ ml

၅။ သၾကား - ထမင္းစားဇြန္း ၄ဇြန္း

( ထမင္းစားဇြန္း = 1 tablespoon = 15 ml)

(လက္ဖက္ရည္ဇြန္း = 1 teaspoon = 5 ml)


ျပဳလုုပ္နည္း

၁။ ေကာက္ညွင္းကိုုေရေဆးျပီး မခ်က္ခင္ ၈ နာရီအလိုုကတည္းက ထမင္းေပါင္းအိုုးထဲကိုုထည့္ ေရကိုု ေရအမွတ္ ၅ မွာထည့္၊ (ေရအမွတ္မရွိလွ်င္ နဂိုုထည့္ေနတဲ့ေရရဲ ့ ၂ ဆခြဲပိုုထည့္ရပါတယ္။ နဂိုုေရကိုု ဆန္ရဲ ့လက္၁ဆစ္အထက္ထည့္ရင္ လက္၂ ဆစ္ခြဲအထိေရထည့္ပါ။) ဆား၊ သၾကားအညိုု ထမင္းစားဇြန္း ၁၀ ဇြန္းတိုု ့ကိုုထည့္ရ်္ သမေအာင္ေမြွျပီး ၈နာရီေလာက္ထားပါ။ (ဒီႏိုုင္ငံမွာ စားရတဲ့ သာေခြယိုုင္က ပိုုေမြွးပါတယ္။ အဲ့လိုုေမြွးခ်င္ရင္ေတာ့ ဆြမ္းေမြွးရြက္ တရြက္ (သိုု ့) ဆြမ္းေမြွးအနံ ့အရည္ လက္ဖက္ရည္ဇြန္း ေလးပုုံတပုုံကိုု ခ်က္မည့္အထဲ ထည့္ပါ။)

၂။ ျပီးမွ ထမင္းေပါင္းအိုုးခလုုပ္ကိုုႏွိပ္ရ်္ ခ်က္ပါ။ (အိစံကေတာ့ မနက္ခ်က္မည္ဆိုုလွ်င္ ညကတည္းက ထမင္းေပါင္းအိုုးထဲထည့္ထားျပီး မနက္မွ ခလုုပ္ႏွိပ္ျပီးခ်က္လိုုက္တာပါ။)

၃။ က်က္လွ်င္ မီးခလုုပ္ကိုုခ်က္ခ်င္းပိတ္ထားလိုုက္ျပီးႏွပ္ထားပါ။

၄။ အုုန္းႏိုု္ ့ကိုုမီးဖိုုေပၚတင္ရ်္ သၾကား ထမင္းစားဇြန္း ၄ ဇြန္းထည့္ျပီး သၾကားမ်ားအရည္ေပ်ာ္သြားသည္အထိတည္ထားပါ။ 

၅။ စားခါနီးမွ ခ်က္ထားေသာ ေကာက္ညွင္းငခ်ိတ္ေလးကို ပန္းကန္ထဲထည့္၊ အေပၚက အုုန္းႏိုု ့ေလးဆမ္းရ်္သုုံးေဆာင္ႏိုုင္ပါျပီရွင္။

ခ်က္ျပဳတ္ျပသူ - Ei San 


ၾကက္သား ဒန္ေပါက္ အလြယ္ခ်က္နည္း..




မမီးက ဘာစမာတီ ခ်က္နည္းကို သူမ်ားဆီက ေလ့လာပီး လုပ္ၾကည့္တာ..ေရလုံးဝ မေဆးဘူး..။ ေနာက္ပိုင္း စာေတြ ဖတ္ၾကည့္ ေတာ့..U.S က ဆန္ေတြကို ေရမေဆးလည္း ခ်က္နိုင္ပါတယ္တဲ့.. တျခားတိုင္းျပည္ကတင္သြင္းတဲ့ ဆန္ေတြကိုေတာ့ ေရ ေဆး ရမယ္တဲ့..။

အိုးအျပည့္ ဘယ္ေတာ့မွ မခ်က္ပါနဲ႔..။ မမီး ၅ ခြက္ အိုးမွာ ၂ခြက္ဘဲ ခ်က္တယ္..အဲဒီ ထက္ပိုလိုက္တာနဲ အိုးက်ပ္ပီး ထမင္းမလွ..။

မမီးတို့ စိတ္ႀကိဳက္ မဆလာနံ့ သိတ္မမ်ားဘဲ..ေထာပတ္ အနည္းငယ္နဲ႔ ခ်က္ထားတဲ့ အလြယ္ ခ်က္ေလးပါ..။ စားလို့ အရမ္းေကာင္းပါတယ္..။

မမီး အေရာင္ အတြက္ ကုကမံကို မသုံးဘဲ အလြယ္တကူ ရနိုင္တဲ့ အစာ ဆိုးေဆးေတြကို သုံးထားပါတယ္.. US မွာ ေနသူေတြကေတာ့ ကိတ္မုန႔္ ပစၥည္းေတြ ေရာင္းတဲ့ အတန္းမွာ အလြယ္တကူ ရွာေတြ႕နိုင္ပါတယ္..ျမန္မာ မွာ ေနသူမ်ားကေတာ့ သိမ္ႀကီးေစ်းနဲ႔ ကိတ္မုန႔္ ပစၥည္းေရာင္းတဲ့ ဆိုင္ေတြ..ပရေဆး ဆိုင္ေတြမွာ ၇နိုင္မယ္ လို့ ထင္ပါတယ္..။ သူငယ္ခ်င္းေလး တေယာက္ အႀကံေပးဘူးတယ္.. ပဲငံျပာရည္ အပ်စ္အနည္းငယ္ထမင္းေပၚမွာ ထည့္ေပးရင္ အေရာင္ပိုလွပါတယ္တဲ့...။


ၾကက္သားဟင္း

1. ၾကက္ေပါင္ ................. ၂ ေခ်ာင္း

2. ၾကက္သြန္ျဖဴ ...............၂ မႊာ

3. ခ်င္း ပါးပါး ..................၁ ျပား

4. ၾကက္သြန္နီ................ အရြယ္ လတ္ ၁ လုံး

5. ဆီ ..............................၂ စားပြဲဇြန္း

6. ျငဳတ္သီးမွုန႔္.................. ၁/၄ လက္ဘက္ရည္ဇြန္း ( အေရာင္တင္မွုန႔္)

7. ဒိန္ခ်ဥ္........................... ၂ စားပြဲဇြန္း

8. ၾကက္သြန္နီေၾကာ္ ........... ၃ စားပြဲဇြန္း

9. ဒန္ေပါက္ မဆလာ........... ၁ စားပြဲဇြန္း


ခ်က္နည္း

1. ၾကက္သားကို သန႔္စင္ေအာင္ေဆး၊ ဆား ၊ဒန္ေပါက္မဆလာ၊ ဒိန္ခ်ဥ္ တို့ျဖင့္ နယ္ေပးပီး ၁ နာရီခန႔္ ႏွပ္ထားေပးပါ။

2. ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ၊ ၊ ခ်င္းတို့ကို ညက္ေအာင္ေထာင္းပါ၊

3. အိုးတခုထဲမွာ ဆီ အနည္းငယ္ ထည့္ပီး ေထာင္းထားတဲ့ ၾကက္သြန္ျဖဴ/နီ၊ခ်င္း တို့ကို ဆီသတ္ပါ။

4. ၾကက္သြန္နီေသြ႕စျပဳပီး ေမႊးလာတဲ့အခါ အသင့္ ႏွပ္ထားတဲ့ ၾကက္သားမ်ားကို ထည့္ၿပီး လွိမ့္ပါ၊ အသားတင္းလာတဲ့ အခါ ၾကက္သြန္နီေၾကာ္ ထည့္ေမႊပါ၊ ဒိန္ခ်ဥ္က ထြက္လာတဲ့ ေရနဲ႔ ၾကက္သား ႏူးလာတဲ့ အထိ မီးေအးေအး နဲ႔ ခ်က္ထားပါ၊ လိုအပ္ရင္ ေရပူ အနည္းငယ္ထည့္ေပးပါ၊


ဒန္ေပါက္ထမင္း

1. ဘက္စမာတီဆန္.............. ၂ ခြက္ ( rice cooker cup)

2. ေထာပတ္(Ghee) .............၁ လက္ဘက္ရည္ဇြန္း

3. သစ္ၾကပိုးေခါက္ ................ ၁ လကၼ အရြယ္

4. ကရေဝးရြက္....................... ၁ ရြက္

5. ၾကက္သြန္နီေၾကာ္ ..................၁/၂ ခြက္ (rice cooker cup)

6. အဝါေရာင္............................. ၂-၃ စက္

7. လိေမၼာ္ေရာင္ .......................... ၁-၂ စက္

8. ဆား ..................................၁/၂ လက္ဘက္ရည္ဇြန္း

9. သၾကား ..............................၁ လက္ဘက္ရည္ဇြန္း

ခ်က္နည္း

1. ထမင္းေပါင္းအိုးတစ္လုံးထဲမွာ ေထာပတ္(Ghee) ထည့္ပါ၊ သစ္ၾကပိုးေခါက္နဲ႔ ကရေဝးရြက္ထည့္ပါ၊ ပူလာတဲ့ အခါ တခ်က္ ႏွစ္ခ်က္ ေမႊေပးပါ၊ ဆန္ကို အေျခာက္ အတိုင္းထည့္ပါ၊ အဝါေရာင္ ၂-၃စက္ထည့္ေမႊေပးပီရင္ ဘက္စမာတီ ဆန္ ၂ ခြက္ အတြက္ ေရ ၃ခြက္ ထည့္ပီးခ်က္ပါ၊

2. ထမင္းက်က္တဲ့ အခါ တဝက္ ကို ဖြဖြေလး ထမင္းမေၾကေအာင္ ခပ္ထုတ္ျပီး ၾကက္သြန္နီေၾကာ္ ျဖန႔္ထည့္ပါ၊ ခ်က္ထားတဲ့ ၾကက္သားနဲ႔ အႏွစ္မ်ားထည့္ပါ၊ အေပၚမွ ဖယ္ထားတဲ့ ထမင္းျပန္အုပ္ပီး ၊ ေရ ၁ စားပြဲတင္ဇြန္း နဲ႔ အသင့္စပ္ထားတဲ့ လိေမၼာ္ေရာင္ ကို ေနရာက်ဲက်ဲ ျဖန႔္ထည့္ပါတယ္၊ အဖုံးပိတ္ပီး စားခါနီး အထိႏွပ္ထားပါတယ္၊

3. ထမင္းခပ္တဲ့အခါ အေရာင္ သမသြားေအာင္ အနည္းငယ္ ဖြေပးလိုက္ပီး၊ အိမ္ခ်က္ ဒန္ေပါက္ေလး သုံးေဆာင္နိုင္ပါျပီ။

ခ်က္ျပဳတ္ျပသူ - Meemetofu 


စပိန္ထမင္းေၾကာ္နည္း (Spanish Style Fried Rice)

.........................




 စပိန္ထမင္းေၾကာ္လို႔ဆိုေပမဲ့ ေရာခ်က္တဲ့နည္းနဲ

့ေၾကာ္တဲ့ပုံစံႏွစ္မ်ိဳး ျပဳလုပ္နိုင္ပါတယ္။ အခုေတာ့အလြယ္တကူေၾကာ္တဲ့ပုံစံ ျပဳလုပ္ထားျခင္းျဖစ္ပါတယ္။ စားေနၾက ထမင္း ေၾကာ္နဲ႕ အရသာကြဲျပားၿပီး ထမင္းေၾကာ္ႏွစ္သက္သူမ်ားအတြက္ အႀကိဳက္ေတြ႕ ေစမဲ့ေရာင္စုံစပိန္ထမင္းေၾကာ္ပဲျဖစ္ပါတယ္။ ေၾကာ္စားၾကည့္ရေအာင္ေနာ္။


ပါဝင္ပစၥည္း  ၅ ပြဲစာ

- ထမင္းျဖဴ  - ၅ပြဲ

- ၾကက္သြန္နီ  -  တစ္လုံး 

- ၾကက္သြန္ျဖဴ  -  ၃ေျမာင္း

- ၾကက္အူေခ်ာင္း  -  ၂ေခ်ာင္း

- ၾကက္သား/ပုစြန္  -  ၂၀ဝ ဂရမ္

- င႐ုတ္ပြစိမ္း/နီ/ဝါ  -  တစ္လုံးခြဲ (တစ္ျခမ္းဆီ)

- ခရမ္းခ်ဥ္သီးအႏွစ္ -  ၃၀ဝ ဂရမ္

- ဆား  -  စားပြဲဇြန္း တစ္ဇြန္း 

- သၾကား  -  တစ္ဇြန္း

- သံလြင္ဆီ  -  ၅ဇြန္း

- င႐ုတ္ေကာင္း  -  အနည္းငယ္ 

- Paprika (အေရာင္တင္) -  တစ္ဇြန္း

- Oregano    -  တစ္ဇြန္း (optional)

 (ဟင္းခတ္အေမႊးအႀကိဳင္)

- ၾကက္သြန္ၿမိတ္  -  ၃ပင္

- သံပရိုသီး  -  တစ္လုံး


ျပဳလုပ္နည္းအဆင့္ဆင့္

၁။ ဦးစြာေၾကာ္မည့္ ထမင္းျဖဴကို အေအးခံထားပါ။ ၾကက္သြန္နီ၊ ၾကက္သြန္ျဖဴ ေသးေသးစိတ္ထားပါ။ င႐ုတ္ပြ အေရာင္သုံးမ်ိဳးကို အ႐ြယ္တူအတုံးစိတ္ထားပါ။ၾကက္အူေခ်ာင္းႏွင့္ အသုံးျပဳမည့္ အသားပင္လယ္စာကို အသင့္ျပဳလုပ္ထားပါ။

၂။ ခရမ္းခ်ဥ္သီးအႏွစ္ကို အသင့္သုံးသံဘူးမ်ားအသုံးျပဳနိုင္ၿပီး မရွိပါက ခရမ္းခ်ဥ္သီး ၅ လုံးခန့္ကို ေရႏြေးေဖ်ာ အေစ့ထုတ္အခြံခြာၿပီးေသးေသးစိတ္ကာခ်က္ထားပါ။

၃။ အားလုံးအသင့္ျဖစ္ပါက ေၾကာ္မည့္အိုးကို အပူေပးၿပီး သံလြင္ဆီထည့္ပါ။

၄။ ၾကက္သြန္နီၾကက္သြန္ျဖဴဆီသပ္ကာၾကက္အူေခ်ာင္းအသားထည့္ေၾကာ္ပါ။

၅။ အေရာင္ေျပာင္းပါက င႐ုတ္ပြစိတ္ထားသည္ကိုထည့္ပါ။ င႐ုတ္ေကာင္းအေရာင္တင္ထည့္ၿပီး သမေအာင္ ေမႊေပးပါ။ ခရမ္းခ်ဥ္သီးအႏွစ္ထည့္ပါ။

၆။ အေအးခံထားေသာ ထမင္းျဖဴထည့္ပါ။ ဆား၊သၾကားႏွင့္ ေအာ္ရီဂါးနိုးထည့္ၿပီး သမေအာင္ေမႊကာအရသာအေပါ့အငန္ျမည္းပါ။

၇။ အရသာအေနေတာ္ပါက ၾကက္သြန္ၿမိတ္ေသးေသး စိတ္ထားသည္ကိုထည့္ၿပီး သံပရိုသီးစိတ္ျဖင့္ တြဲဖက္ ၿပီးတည္ခင္းနိုင္ပါၿပီ။

* မေၾကာ္ဘဲ တစ္ခါတည္းေရာခ်က္လိုပါက ဆန္ကို ေရစိမ္ထားၿပီး အထက္ပါနည္းအတိုင္း ဆီသတ္ၿပီး ဆန္ခ် ေၾကာ္ကာ ၾကက္ျပဳတ္ရည္ထည့္ၿပီး ထမင္းခ်က္သည့္ နည္းအတိုင္းခ်က္နိုင္ပါတယ္။

* Paprika ႏွင့္ Oregano ကိုစူပါမားကတ္မ်ားတြင္ ရနိုင္ပါတယ္။

Thursday, April 7, 2022

ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား......

ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား......




စာရေးသူ Aye Thi Mon 

ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Hello Sayarwon Panel 

#Collagen

#ကော်လာဂျင်

#ဖြည့်စွက်စာ


(အလှအပအတွက်ဆိုကာ ဖြည့်စွက်စာအနေနဲ့ သောက်သုံးလာကြတဲ့ ကော်လာဂျင်သောက်ဆေးတွေက ဘေးထွက်ဆိုးကျိုးရှိသလား သိချင်ကြရင် ဖတ်ဖို့ဆောင်းပါးတစ်စောင် ပြန်လည်ဝေငှလိုက်ပါတယ်။ အလှကုန်တွေမှာကော သောက်ဆေး ထိုးဆေး လိမ်းဆေးတွေ မှာကော ကော်လာဂျင်ဓာတ်ကို လှုံ့ဆော်ပေးနိုင်တယ်၊ ဖြည့်စွမ်းပေးနိုင်တယ်ဆိုပြီး ထုတ်လုပ်ရောင်းချလာတာ ဆယ်စုနှစ်ချီနေပြီ မဟုတ်လား။)


ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား......

 အသားလှအောင်၊ အသားအရေ တင်းရင်းအောင်၊ အရေးအကြောင်း ကင်းအောင်၊ အသားအရေလေး glow အောင်၊ ကြွက်သားတက်အောင်၊ အရိုးအဆစ်နဲ့ အရွတ်တွေ ကျန်းမာအောင်ဆိုပြီး အမျိုးမျိုးသော အကြောင်းအရင်းတွေကြောင့် သောက်နေကြတဲ့ ကော်လာဂျင် က ကောင်းကျိုးတွေပဲ ရှိတာလား။ ဆိုးကျိုးရော ရှိနိုင်လားလို့ သိချင်နေတဲ့သူတွေများ ရှိလား 


 ဒါဆိုရင်တော့ သိချင်နေတဲ့ အဖြေလေးကို သိရဖို့ ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်ရအောင်နော်။


 #ကော်လာဂျင်ဆိုတာ


 ကော်လာဂျင်ဆိုတာက အရွယ်တင်နုပျိုစေပြီး လှပနေစေတဲ့ ပရိုတင်းတစ်မျိုးပေါ့။ အလှအပအတွက် အားဖြည့်ပေးနေတဲ့ ဇာတ်ကောင်လေးဆိုလည်း မမှားပါဘူး။ ခန္ဓာကိုယ်မှာရှိနေတဲ့ ပရိုတင်းတစ်မျိုးဖြစ်ပြီး အရေပြား၊ အရိုး၊ ကြွက်သား၊ အရိုးနု၊အရွတ်၊သွေးကြောနဲ့ အူမကြီးတွေမှာရှိတဲ့ တွယ်ဆက်တစ်ရှူးတွေကို အားဖြည့်ပေးထားပါတယ်။


 #ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား


 ကော်လာဂျင်က ကောင်းကျိုးတွေ များတယ်ဆိုပေမယ့် အခုလို ဘေးထွက်ဆိုးကျိုးတွေလည်း ခံစားရနိုင်ပါတယ်။


#လေပွစေနိုင်တယ်


 အချို့သောသူတွေမှာ ကော်လာဂျင် သောက်တာကြောင့် လေထိုးလေပွတာမျိုး ခံစားရနိုင်သလို ဗိုက်ပြည့်နေသလိုလည်း ခံစားရနိုင်ပါတယ်။ အကြောင်းကတော့ အစာအိမ် အက်ဆစ်က ကော်လာဂျင်ကို ချေဖျက်နေရတာကြောင့် လေပွတာမျိုး ခံစားရနိုင်ပါတယ်။ ဗိုက်တစ်ချိန်လုံး ပြည့်နေသလို ခံစားရနိုင်ပါတယ်။


 #ဓာတ်မတည့်မှု ဖြစ်စေနိုင်တယ်


 အစားအစာ ဓာတ်မတည့်မှု ဖြစ်တတ်သူတွေအနေနဲ့ ကော်လာဂျင် သောက်တဲ့အခါ ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ်။ ကော်လာဂျင်တွေက ပင်လယ်ထွက်ကုန်တွေ၊ ဥအမျိုးမျိုး စတာတွေကနေ ထုတ်ထားတာ ဖြစ်တာကြောင့် ပင်လယ်စာတွေ၊ ဥအမျိုးမျိုးတွေနဲ့ ဓာတ်မတည့်သူတွေမှာ ကော်လာဂျင်ကြောင့် ဓာတ်မတည့်မှုကို ခံစားရနိုင်ပါတယ်။


 သိပ်မပြင်းထန်တဲ့ အခြေအနေမျိုးကနေ အရမ်းပြင်းထန်တာမျိုးအထိ ခံစားရနိုင်ပါတယ်။


#ဝမ်းပျက်ဝမ်းလျှောဖြစ်မယ်


#ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား......


 ကော်လာဂျင် သောက်ပြီးပြီးချင်း ရေအိမ်ပြေးရတာမျိုး ကြုံဖူးလား။ ဒါဆိုရင်တော့ ခံစားရတဲ့ ဝမ်းပျက်ဝမ်းလျှော ပြဿနာက ကော်လာဂျင်ကြောင့်ဆိုတာ သေချာပါတယ်။


 ဝမ်းပျက်တာက ကော်လာဂျင် သောက်တာကြောင့် ခံစားရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေထဲက တစ်ခုပါ။


 #ဝမ်းချုပ်မယ်


 အရင်က တစ်နေ့တစ်ခေါက်လောက်တော့ ပုံမှန် ဝမ်းသွားပါရဲ့။ ကော်လာဂျင် သောက်ပြီးမှ ဝမ်းချုပ်သလို ခံစားနေရပြီဆိုရင်တော့ ကော်လာဂျင်ရဲ့ ဘေးထွက်ဆိုးကျိုး အနေနဲ့ ဝမ်းချုပ်တာကို ခံစားရတာပါ။


 ပရိုတင်းတွေကို အများကြီး စားမိပြီး အမျှင်ဓာတ် နဲ့ ရေဓာတ် မပြည့်ဝတဲ့အခါ ဝမ်းချုပ်တာကို ခံစားရတာပါ။ ဒါကြောင့် ကော်လာဂျင် သောက်ပြီးတဲ့အခါ ရေများများ သောက်ဖို့ လိုတယ်လို့ အကြံပြုကြတာပါ။


#ကယ်လ်ဆီယမ် ပမာဏများမယ်


 ကော်လာဂျင် အမျိုးအစား အချို့က သတ္တဝါတွေရဲ့ အရိုးနုကနေ ထုတ်လုပ်ထားတာ ဖြစ်တာကြောင့် ကယ်လ်ဆီယမ် ပါဝင်မှု များပါတယ်။ ကယ်လ်ဆီယမ်က ခန္ဓာကိုယ်က အရိုးနဲ့ သွားတွေ ကြံ့ခိုင်စေဖို့ လိုအပ်တယ်ဆိုပေမယ့် ကယ်လ်ဆီယမ် အရမ်းများရင်တော့ ဘေးထွက် ဆိုးကျိုးတွေ ရှိလာနိုင်ပါတယ်။


 ခန္ဓာကိုယ်ထဲမှာ ကယ်လ်ဆီယမ် များတာက ဝမ်းချုပ်တာ၊ အရိုးနာတာ၊ ခြေကုန်လက်ပမ်းကျတာ၊ နှလုံးခုန်နှုန်း မမှန်တာ အပါအဝင် အခြားသော ဘေးထွက်ဆိုးကျိုးတွေ ခံစားရနိုင်ပါတယ်။


 ဒါကြောင့် ကော်လာဂျင် သောက်တဲ့အခါ ကယ်လ်ဆီယမ် အားဖြည့်ဆေးတွေ အလွန်အကျွံမသောက်ဖို့ လိုပါမယ်။


 ကော်လာဂျင်က ဘေးထွက်ဆိုးကျိုး ရှိလား ဆိုတော့ အခုပြောပြခဲ့တဲ့ ဘေးထွက်ဆိုးကျိုးလေးတွေတော့ ရှိနိုင်ပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi)

ေကာ္လာဂ်င္က ေဘးထြက္ဆိုးက်ိဳး ရွိလား......






စာေရးသူ Aye Thi Mon 
ေဆးပညာပိုင္းဆိုင္ရာ တည္းျဖတ္သူ Hello Sayarwon Panel 

#Collagen
#ေကာ္လာဂ်င္
#ျဖည့္စြက္စာ

(အလွအပအတြက္ဆိုကာ ျဖည့္စြက္စာအေနနဲ႔ ေသာက္သံုးလာၾကတဲ့ ေကာ္လာဂ်င္ေသာက္ေဆးေတြက ေဘးထြက္ဆိုးက်ိဳးရွိသလား သိခ်င္ၾကရင္ ဖတ္ဖို႕ေဆာင္းပါးတစ္ေစာင္ ျပန္လည္ေ၀ငွလိုက္ပါတယ္။ အလွကုန္ေတြမွာေကာ ေသာက္ေဆး ထိုးေဆး လိမ္းေဆးေတြ မွာေကာ ေကာ္လာဂ်င္ဓာတ္ကို လႈံ႕ေဆာ္ေပးႏိုင္တယ္၊ ျဖည့္စြမ္းေပးႏိုင္တယ္ဆိုျပီး ထုတ္လုပ္ေရာင္းခ်လာတာ ဆယ္စုႏွစ္ခ်ီေနျပီ မဟုတ္လား။)


ေကာ္လာဂ်င္က ေဘးထြက္ဆိုးက်ိဳး ရွိလား......

 အသားလွေအာင္၊ အသားအေရ တင္းရင္းေအာင္၊ အေရးအေၾကာင္း ကင္းေအာင္၊ အသားအေရေလး glow ေအာင္၊ ႂကြက္သားတက္ေအာင္၊ အရိုးအဆစ္နဲ႕ အ႐ြတ္ေတြ က်န္းမာေအာင္ဆိုၿပီး အမ်ိဳးမ်ိဳးေသာ အေၾကာင္းအရင္းေတြေၾကာင့္ ေသာက္ေနၾကတဲ့ ေကာ္လာဂ်င္ က ေကာင္းက်ိဳးေတြပဲ ရွိတာလား။ ဆိုးက်ိဳးေရာ ရွိနိုင္လားလို႔ သိခ်င္ေနတဲ့သူေတြမ်ား ရွိလား 

 ဒါဆိုရင္ေတာ့ သိခ်င္ေနတဲ့ အေျဖေလးကို သိရဖို႔ ေဆာင္းပါးေလးထဲမွာ ဖတ္ၾကည့္လိုက္ရေအာင္ေနာ္။

 #ေကာ္လာဂ်င္ဆိုတာ

 ေကာ္လာဂ်င္ဆိုတာက အ႐ြယ္တင္ႏုပ်ိဳေစၿပီး လွပေနေစတဲ့ ပရိုတင္းတစ္မ်ိဳးေပါ့။ အလွအပအတြက္ အားျဖည့္ေပးေနတဲ့ ဇာတ္ေကာင္ေလးဆိုလည္း မမွားပါဘူး။ ခႏၶာကိုယ္မွာရွိေနတဲ့ ပရိုတင္းတစ္မ်ိဳးျဖစ္ၿပီး အေရျပား၊ အရိုး၊ ႂကြက္သား၊ အရိုးႏု၊အ႐ြတ္၊ေသြးေၾကာနဲ႕ အူမႀကီးေတြမွာရွိတဲ့ တြယ္ဆက္တစ္ရႉးေတြကို အားျဖည့္ေပးထားပါတယ္။

 #ေကာ္လာဂ်င္က ေဘးထြက္ဆိုးက်ိဳး ရွိလား

 ေကာ္လာဂ်င္က ေကာင္းက်ိဳးေတြ မ်ားတယ္ဆိုေပမယ့္ အခုလို ေဘးထြက္ဆိုးက်ိဳးေတြလည္း ခံစားရနိုင္ပါတယ္။

#ေလပြေစနိုင္တယ္

 အခ်ိဳ႕ေသာသူေတြမွာ ေကာ္လာဂ်င္ ေသာက္တာေၾကာင့္ ေလထိုးေလပြတာမ်ိဳး ခံစားရနိုင္သလို ဗိုက္ျပည့္ေနသလိုလည္း ခံစားရနိုင္ပါတယ္။ အေၾကာင္းကေတာ့ အစာအိမ္ အက္ဆစ္က ေကာ္လာဂ်င္ကို ေခ်ဖ်က္ေနရတာေၾကာင့္ ေလပြတာမ်ိဳး ခံစားရနိုင္ပါတယ္။ ဗိုက္တစ္ခ်ိန္လုံး ျပည့္ေနသလို ခံစားရနိုင္ပါတယ္။

 #ဓာတ္မတည့္မႈ ျဖစ္ေစနိုင္တယ္

 အစားအစာ ဓာတ္မတည့္မႈ ျဖစ္တတ္သူေတြအေနနဲ႕ ေကာ္လာဂ်င္ ေသာက္တဲ့အခါ ဓာတ္မတည့္မႈကို ခံစားရနိုင္ပါတယ္။ ေကာ္လာဂ်င္ေတြက ပင္လယ္ထြက္ကုန္ေတြ၊ ဥအမ်ိဳးမ်ိဳး စတာေတြကေန ထုတ္ထားတာ ျဖစ္တာေၾကာင့္ ပင္လယ္စာေတြ၊ ဥအမ်ိဳးမ်ိဳးေတြနဲ႕ ဓာတ္မတည့္သူေတြမွာ ေကာ္လာဂ်င္ေၾကာင့္ ဓာတ္မတည့္မႈကို ခံစားရနိုင္ပါတယ္။

 သိပ္မျပင္းထန္တဲ့ အေျခအေနမ်ိဳးကေန အရမ္းျပင္းထန္တာမ်ိဳးအထိ ခံစားရနိုင္ပါတယ္။

#ဝမ္းပ်က္ဝမ္းေလွ်ာျဖစ္မယ္

#ေကာ္လာဂ်င္က ေဘးထြက္ဆိုးက်ိဳး ရွိလား......

 ေကာ္လာဂ်င္ ေသာက္ၿပီးၿပီးခ်င္း ေရအိမ္ေျပးရတာမ်ိဳး ႀကဳံဖူးလား။ ဒါဆိုရင္ေတာ့ ခံစားရတဲ့ ဝမ္းပ်က္ဝမ္းေလွ်ာ ျပႆနာက ေကာ္လာဂ်င္ေၾကာင့္ဆိုတာ ေသခ်ာပါတယ္။

 ဝမ္းပ်က္တာက ေကာ္လာဂ်င္ ေသာက္တာေၾကာင့္ ခံစားရနိုင္တဲ့ ေဘးထြက္ဆိုးက်ိဳးေတြထဲက တစ္ခုပါ။

 #ဝမ္းခ်ဳပ္မယ္

 အရင္က တစ္ေန႕တစ္ေခါက္ေလာက္ေတာ့ ပုံမွန္ ဝမ္းသြားပါရဲ႕။ ေကာ္လာဂ်င္ ေသာက္ၿပီးမွ ဝမ္းခ်ဳပ္သလို ခံစားေနရၿပီဆိုရင္ေတာ့ ေကာ္လာဂ်င္ရဲ႕ ေဘးထြက္ဆိုးက်ိဳး အေနနဲ႕ ဝမ္းခ်ဳပ္တာကို ခံစားရတာပါ။

 ပရိုတင္းေတြကို အမ်ားႀကီး စားမိၿပီး အမွ်င္ဓာတ္ နဲ႕ ေရဓာတ္ မျပည့္ဝတဲ့အခါ ဝမ္းခ်ဳပ္တာကို ခံစားရတာပါ။ ဒါေၾကာင့္ ေကာ္လာဂ်င္ ေသာက္ၿပီးတဲ့အခါ ေရမ်ားမ်ား ေသာက္ဖို႔ လိုတယ္လို႔ အႀကံျပဳၾကတာပါ။

#ကယ္လ္ဆီယမ္ ပမာဏမ်ားမယ္

 ေကာ္လာဂ်င္ အမ်ိဳးအစား အခ်ိဳ႕က သတၱဝါေတြရဲ႕ အရိုးႏုကေန ထုတ္လုပ္ထားတာ ျဖစ္တာေၾကာင့္ ကယ္လ္ဆီယမ္ ပါဝင္မႈ မ်ားပါတယ္။ ကယ္လ္ဆီယမ္က ခႏၶာကိုယ္က အရိုးနဲ႕ သြားေတြ ႀကံ့ခိုင္ေစဖို႔ လိုအပ္တယ္ဆိုေပမယ့္ ကယ္လ္ဆီယမ္ အရမ္းမ်ားရင္ေတာ့ ေဘးထြက္ ဆိုးက်ိဳးေတြ ရွိလာနိုင္ပါတယ္။

 ခႏၶာကိုယ္ထဲမွာ ကယ္လ္ဆီယမ္ မ်ားတာက ဝမ္းခ်ဳပ္တာ၊ အရိုးနာတာ၊ ေျခကုန္လက္ပမ္းက်တာ၊ ႏွလုံးခုန္ႏႈန္း မမွန္တာ အပါအဝင္ အျခားေသာ ေဘးထြက္ဆိုးက်ိဳးေတြ ခံစားရနိုင္ပါတယ္။

 ဒါေၾကာင့္ ေကာ္လာဂ်င္ ေသာက္တဲ့အခါ ကယ္လ္ဆီယမ္ အားျဖည့္ေဆးေတြ အလြန္အကြၽံမေသာက္ဖို႔ လိုပါမယ္။

 ေကာ္လာဂ်င္က ေဘးထြက္ဆိုးက်ိဳး ရွိလား ဆိုေတာ့ အခုေျပာျပခဲ့တဲ့ ေဘးထြက္ဆိုးက်ိဳးေလးေတြေတာ့ ရွိနိုင္ပါတယ္။

Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။


Wednesday, April 6, 2022

တစ်နေ့တာလုံး ကိုယ်ခန္ဓာက ချွေးနံ့ကင်းပြီး သင်းပျံ့နေစေဖို့

တစ်နေ့တာလုံး ကိုယ်ခန္ဓာက ချွေးနံ့ကင်းပြီး သင်းပျံ့နေစေဖို့




စာရေးသူ Aye Thi Mon မှ ရေးသားသည်။ 

Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။

#personal_grooming

#တကိုယ်ရေသန့်ရှင်းမှု

(လူတိုင်းကတော့ မနက်မိုးလင်းတာနဲ့ ရေမိုးချိုးပြီး တကိုယ်လုံး အနံ့အသက်ကင်းအောင်၊ မွှေးကြိုင်အောင်လိမ်းကျံပြီးမှ အပြင်ထွက် ကြတာပါပဲ။ ဒါပေမဲ့ အချိန်နည်းနည်းကြာလာတာနဲ့အမျှ ကိုယ်နံ့ပြင်းပြင်းတွေထွက်လာတတ်ကြတာ ဓမ္မတာဖြစ်နေပါပြီ။ ရောဂါကြောင့် မဟုတ်ဘဲ သာမန်လူတစ်ယောက်အတွက် ကိုယ်နံ့ပြင်းပြင်းတွေမထွက်ရအောင် ဘယ်လိုဆင်ခြင်နေထိုင်သင့်သလဲသိရအောင် ဆောင်းပါးတစ်စောင်ကို ကူးယူဝေငှလိုက်ပါတယ်။)

တစ်နေ့တာလုံး ကိုယ်ခန္ဓာက ချွေးနံ့ကင်းပြီး သင်းပျံ့နေစေဖို့

 လူမှန်ရင်တော့ အရေပြားက ချွေးအမြဲထွက်တဲ့အတွက် ကိုယ်နံ့က အနည်းနဲ့ အများတော့ ရှိနိုင်ပါတယ်။ နဂိုထွက်တဲ့ ကိုယ်နံ့မှာတော့ အရမ်းပြင်းတာမျိုး မဟုတ်ပေမဲ့ ချွေးနဲ့ ဘက်တီးရီးယားနဲ့ ရောသွားတဲ့အခါမှသာ အောက်သိုးသိုး အနံ့မျိုးတွေ ထွက်လာတာပါ။


 ကိုယ့်ကိုယ်ကိုယ်တော့ ဒီအနံ့နဲ့ ပတ်သက်ပြီး ဂရုစိုက်စရာမလိုပါဘူးလို့ လူတွေက ထင်တတ်ကြပေမယ့် တကယ်တော့ ချွေးနံ့ဆိုးဆိုတာ လူမှုပတ်ဝန်းကျင်ထဲမှာလည်း တခြားသူတွေကို စိတ်အနှောင့်အယှက် ဖြစ်စေသလို ကိုယ့်ရဲ့အရေပြားကျန်းမာရေးအတွက်လည်း ရေရှည်မှာ ဆိုးကျိုး များစွာ ဖြစ်စေနိုင်ပါတယ်။


 ဒါဆိုရင် ချွေးနံ့ဆိုးတွေ မထွက်လာအောင် ဘယ်လိုလုပ်မလဲ။


 ကျွန်တော်အခုပြောပြပေးမယ့် အချက်တွေကတော့ ချွေးနံ့ဆိုး မထွက်စေဖို့ အချိန်လည်းသိပ်မကုန်၊ အများကြီးလည်း ဂရုစိုက်စရာမလိုတဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ ဒီတော့ အလုပ်အရမ်းများတဲ့သူတွေ၊ ကိုယ့်ကိုယ်ကိုယ် မွှေးပျံ့နေတာ မကြိုက်တဲ့ အမျိုးသားတွေအတွက်လည်း အဆင်ပြေစေနိုင်မယ်လို့ ထင်ပါတယ်။ အဓိကက ချွေးနံ့တွေ၊ ကိုယ့်ဆီကနေ မကောင်းတဲ့ အနံ့တွေ နည်းနိုင်သမျှ နည်းအောင် ထိန်းချုပ်နိုင်ရင် ရပါတယ်။


 ၁။ အဝတ်အစားတွေကို အမြဲလျှော်ဖွပ်လဲပေးပါ။


 အဝတ်အစားတွေဆိုတာ လူ့အရေပြားနဲ့ အမြဲထိကပ်နေတာဖြစ်လို့ ဘက်တီးရီးယားနဲ့ အနံ့အသက်တွေက ကျန်ခဲ့နိုင်ပါတယ်။ ဒီအဝတ်အစားတွေကို နောက်တစ်ကြိမ်ထပ်ပြီး ဝတ်လိုက်တဲ့အခါ နဂိုရှိပြီးသား ဘက်တီးရီးယားတွေက အရေပြားပေါ်ကို ပြန်ကပ်သွားပြီး အနံ့ဆိုးတွေ ပိုထွက်လာဖို့ ဖန်တီးလိုက်တာနဲ့ အတူတူပါပဲ။ ဒါကြောင့် အပြင်သွားပြီး ပြန်လာပြီဆိုတာနဲ့ အဝတ်တွေကို ချက်ချင်းလဲပြီး လျှော်မယ့်နေရာမှာ ထားပေးပါ။ အမြန်လျှော်နိုင်ရင်တော့ အကောင်းဆုံးပါပဲ။


 ၂။ အတွင်းခံတွေဟာ ရောဂါပိုးပေါင်းစုံ ခိုအောင်းနေတဲ့ အဝတ်ပါပဲ။


 ခန္ဓာကိုယ်မှာ ချွေးအထွက်ဆုံးနဲ့ ရောဂါပိုးအများဆုံး ရှိတဲ့ အစိတ်အပိုင်းဆိုတာ ကျွန်တော်တို့ရဲ့ လိင်အင်္ဂါပါပဲ။ ချွေးလည်း ပိုထွက်သလို အရေပြားချင်း ပွတ်တိုက်မှုလည်း များတယ်။ အတွင်းခံနဲ့လည်း အလွန်နီးကပ်စွာ ရှိနေတဲ့အခါ လိင်အင်္ဂါပေါ်က ချွေး၊ ဘက်တီးရီးယားနဲ့ အနံ့အသက်ပေါင်းစုံက အတွင်းခံမှာ ပြန်ပြီး ကပ်ပါတယ်။ ဒါကြောင့် အတွင်းခံကိုတော့ ဝတ်ပြီး အိမ်ပြန်ရောက်တာနဲ့ လဲပစ်လိုက်တာ အကောင်းဆုံးပါပဲ။ အထူးသဖြင့် ယောက်ျားလေးတွေ ဒီအချက်ကို သေချာလိုက်နာဖို့တော့ လိုမယ်နော်။


 ၃။ ရေချိုးရမှာ မပျင်းပါနဲ့။


 ရေကို ခဏခဏ မချိုးပေးနိုင်ရင်တောင် တစ်နေ့ကို တစ်ကြိမ်လောက် ချိုးပေးသင့်ပါတယ်။ ဒီလိုချိုးပေးမှပဲ ကျွန်တော်တို့ လူ့အရေပြားပေါ်က ချွေးနဲ့ ဘက်တီးရီးယားတွေကို သန့်ရှင်းပေးနိုင်မှာပါ။ ဒီတော့ အကြောင်းအမျိုးမျိုးပြပြီး ရေချိုးပျင်းတဲ့ အကျင့်ကို ခုကတည်းက စဖျောက်ပါ။ ခဏခဏ မချိုးနိုင်ရင်တောင် အနည်းဆုံး တစ်ကြိမ်တော့ ရေချိုးပါ။


 ၄။ ချေးတွန်းဖို့လည်း မမေ့ပါနဲ့။


 ဒီအတိုင်း ရေပဲလောင်းပြီး ချေးမတွန်းရင်လည်း ရေချိုးတာလို့ ခေါ်လို့မရဘူးနော်။ အရေပြားကို ရေများများလောင်းပြီးမှ ဆပ်ပြာကို အမြှုပ်ထွက်အောင်တိုက်၊ အရေပြားကို လက်သည်း သို့မဟုတ် ချေတွန်းကျောက်၊ ရေမြှုပ်၊ အဝတ် စတာတွေနဲ့ ဖြည်းဖြည်းချင်း တိုက်ချွတ်ပေးဖို့ အရေးကြီးပါတယ်။ ဒါမှပဲ အရေပြားပေါ်က ပျက်စီးနေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးသလို ချေးမထူတော့တဲ့အတွက် ကိုယ်နံ့ဆိုးကလည်း တော်တော်ကို နည်းသွားမှာပါ။ အဓိက ချွေးအလွန်အောင်းပြီး အနံ့ဆိုးထွက်နိုင်တဲ့ ချိုင်းကြား၊ ပေါင်ခြံနဲ့ တင်ပါးကြားတွေကို ရေ၊ ဆပ်ပြာနဲ့ သေချာတိုက်ပြီး ဆေးကြောဖို့လိုအပ်ပါတယ်။


 ၅။ အမွှေးရနံ့ပါတဲ့ ပစ္စည်းတစ်ခုခု သုံးပေးပါ။


 ကိုယ်က ရေဘယ်လောက်ချိုးချိုး၊ အနံ့တစ်ခု အမြဲတမ်းရှိနေတယ်၊ အပြင်လည်း အမြဲတမ်းလိုလို သွားနေရတယ်ဆိုရင် အမွှေးရနံ့ပါတဲ့ ရေမွှေး၊ ချိုင်းလိမ်းဆီ Roll-on စတာတွေကို သုံးပေးဖို့ လိုအပ်ပါတယ်။ အဓိက ဒီအမွှေးရနံ့တွေဟာ ကိုယ့်ဆီကနေ ထွက်လာနိုင်တဲ့ အနံ့များကို ဖုံးလွှမ်းသွားစေလို့ တစ်ဖက်လူ စိတ်အနှောင့်အယှက် ဖြစ်စေလောက်တဲ့အထိတော့ မပြင်းထန်တော့ပါဘူး။


 ၆။ ချွေးအလွန်အကျွံထွက်ခြင်းကို ထိန်းချုပ်ပါ။


 လူမှန်ရင်တော့ အရေပြားကနေ အမြဲတမ်း ချွေးထွက်တတ်ပါတယ်။ ဒါက ပြဿနာမဟုတ်ပါဘူး။ ဒါပေမယ့် ချွေးအများကြီး ထွက်လို့ ဒီချွေးတွေကို ပြန်မသုတ်ဘူးဆိုရင် ဘက်တီးရီးယားပိုးတွေ ပွားလာပြီး အနံ့ဆိုးဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဓိက ချွေးအများကြီး မထွက်လာစေဖို့ ထိန်းချုပ်ရမှာပါ။ နေပူလွန်းတဲ့အချိန်တွေမှာ အပြင်ထွက်သွားလာတာမျိုး တတ်နင်သလောက် ရှောင်ပါ။ ချွေးထွက်ပြီဆိုရင် အယ်လ်ကိုဟော မပါတဲ့ တစ်သျှူးနဲ့ သုတ်ပေးပါ။ အဲကွန်းခန်းထဲမှာ နေပေးနိုင်ရင် ပိုကောင်းပါတယ်။ ရေများများ သောက်ပါ။ အသီးအရွက်တွေကို များများစားပေးပါ။


 ဒီအချက်တွေကို နေ့စဉ်လိုက်နာပေးခြင်းဖြင့် ကျွန်တော်တို့ ကိုယ်ခန္ဓာကနေ မလိုလားအပ်ဘဲ ချွေးနံ့ဆိုးထွက်တဲ့ ပြဿနာကို ထိန်းချုပ်လို့ ရပါတယ်။ ချွေးနံ့ဆိုးဟာ ကျန်းမာရေးအရ ပြဿနာမရှိပေမဲ့ လူမှုနယ်ပယ်မှာတော့ ကိုယ့်ကို လူအများ အထင်သေးကဲ့ရဲ့စေနိုင်လောက်တာကြောင့် ကိုယ့်ရဲ့ တစ်ကိုယ်ရေသန့်ရှင်းမှုကို အမြဲဂရုစိုက်ပေးနေခြင်းဖြင့် ဒါကို ကာကွယ်ကြရအောင်။


 Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။


(Zawgyi) 

တစ္ေန႕တာလုံး ကိုယ္ခႏၶာက ေခြၽးနံ႕ကင္းၿပီး သင္းပ်ံ့ေနေစဖို႔




စာေရးသူ Aye Thi Mon မွ ေရးသားသည္။ 

Hello Sayarwon Panel မွ အခ်က္အလက္ စစ္ေဆးထားပါသည္။

#personal_grooming

#တကိုယ္ေရသန္႔ရွင္းမႈ

(လူတိုင္းကေတာ့ မနက္မိုးလင္းတာနဲ႕ ေရမိုးခ်ိဳးျပီး တကိုယ္လံုး အနံ႔အသက္ကင္းေအာင္၊ ေမႊးၾကိဳင္ေအာင္လိမ္းက်ံျပီးမွ အျပင္ထြက္ ၾကတာပါပဲ။ ဒါေပမဲ့ အခ်ိန္နည္းနည္းၾကာလာတာနဲ႕အမွ် ကိုယ္နံ႔ျပင္းျပင္းေတြထြက္လာတတ္ၾကတာ ဓမၼတာျဖစ္ေနပါျပီ။ ေရာဂါေၾကာင့္ မဟုတ္ဘဲ သာမန္လူတစ္ေယာက္အတြက္ ကိုယ္နံ႔ျပင္းျပင္းေတြမထြက္ရေအာင္ ဘယ္လိုဆင္ျခင္ေနထိုင္သင့္သလဲသိရေအာင္ ေဆာင္းပါးတစ္ေစာင္ကို ကူးယူေ၀ငွလိုက္ပါတယ္။)

တစ္ေန႕တာလုံး ကိုယ္ခႏၶာက ေခြၽးနံ႕ကင္းၿပီး သင္းပ်ံ့ေနေစဖို႔

 လူမွန္ရင္ေတာ့ အေရျပားက ေခြၽးအၿမဲထြက္တဲ့အတြက္ ကိုယ္နံ႕က အနည္းနဲ႕ အမ်ားေတာ့ ရွိနိုင္ပါတယ္။ နဂိုထြက္တဲ့ ကိုယ္နံ႕မွာေတာ့ အရမ္းျပင္းတာမ်ိဳး မဟုတ္ေပမဲ့ ေခြၽးနဲ႕ ဘက္တီးရီးယားနဲ႕ ေရာသြားတဲ့အခါမွသာ ေအာက္သိုးသိုး အနံ႕မ်ိဳးေတြ ထြက္လာတာပါ။


 ကိုယ့္ကိုယ္ကိုယ္ေတာ့ ဒီအနံ႕နဲ႕ ပတ္သက္ၿပီး ဂ႐ုစိုက္စရာမလိုပါဘူးလို႔ လူေတြက ထင္တတ္ၾကေပမယ့္ တကယ္ေတာ့ ေခြၽးနံ႕ဆိုးဆိုတာ လူမႈပတ္ဝန္းက်င္ထဲမွာလည္း တျခားသူေတြကို စိတ္အႏွောင့္အယွက္ ျဖစ္ေစသလို ကိုယ့္ရဲ႕အေရျပားက်န္းမာေရးအတြက္လည္း ေရရွည္မွာ ဆိုးက်ိဳး မ်ားစြာ ျဖစ္ေစနိုင္ပါတယ္။


 ဒါဆိုရင္ ေခြၽးနံ႕ဆိုးေတြ မထြက္လာေအာင္ ဘယ္လိုလုပ္မလဲ။


 ကြၽန္ေတာ္အခုေျပာျပေပးမယ့္ အခ်က္ေတြကေတာ့ ေခြၽးနံ႕ဆိုး မထြက္ေစဖို႔ အခ်ိန္လည္းသိပ္မကုန္၊ အမ်ားႀကီးလည္း ဂ႐ုစိုက္စရာမလိုတဲ့ နည္းလမ္းေတြပဲ ျဖစ္ပါတယ္။ ဒီေတာ့ အလုပ္အရမ္းမ်ားတဲ့သူေတြ၊ ကိုယ့္ကိုယ္ကိုယ္ ေမႊးပ်ံ့ေနတာ မႀကိဳက္တဲ့ အမ်ိဳးသားေတြအတြက္လည္း အဆင္ေျပေစနိုင္မယ္လို႔ ထင္ပါတယ္။ အဓိကက ေခြၽးနံ႕ေတြ၊ ကိုယ့္ဆီကေန မေကာင္းတဲ့ အနံ႕ေတြ နည္းနိုင္သမွ် နည္းေအာင္ ထိန္းခ်ဳပ္နိုင္ရင္ ရပါတယ္။


 ၁။ အဝတ္အစားေတြကို အၿမဲေလွ်ာ္ဖြပ္လဲေပးပါ။


 အဝတ္အစားေတြဆိုတာ လူ႕အေရျပားနဲ႕ အၿမဲထိကပ္ေနတာျဖစ္လို႔ ဘက္တီးရီးယားနဲ႕ အနံ႕အသက္ေတြက က်န္ခဲ့နိုင္ပါတယ္။ ဒီအဝတ္အစားေတြကို ေနာက္တစ္ႀကိမ္ထပ္ၿပီး ဝတ္လိုက္တဲ့အခါ နဂိုရွိၿပီးသား ဘက္တီးရီးယားေတြက အေရျပားေပၚကို ျပန္ကပ္သြားၿပီး အနံ႕ဆိုးေတြ ပိုထြက္လာဖို႔ ဖန္တီးလိုက္တာနဲ႕ အတူတူပါပဲ။ ဒါေၾကာင့္ အျပင္သြားၿပီး ျပန္လာၿပီဆိုတာနဲ႕ အဝတ္ေတြကို ခ်က္ခ်င္းလဲၿပီး ေလွ်ာ္မယ့္ေနရာမွာ ထားေပးပါ။ အျမန္ေလွ်ာ္နိုင္ရင္ေတာ့ အေကာင္းဆုံးပါပဲ။


 ၂။ အတြင္းခံေတြဟာ ေရာဂါပိုးေပါင္းစုံ ခိုေအာင္းေနတဲ့ အဝတ္ပါပဲ။


 ခႏၶာကိုယ္မွာ ေခြၽးအထြက္ဆုံးနဲ႕ ေရာဂါပိုးအမ်ားဆုံး ရွိတဲ့ အစိတ္အပိုင္းဆိုတာ ကြၽန္ေတာ္တို႔ရဲ႕ လိင္အဂၤါပါပဲ။ ေခြၽးလည္း ပိုထြက္သလို အေရျပားခ်င္း ပြတ္တိုက္မႈလည္း မ်ားတယ္။ အတြင္းခံနဲ႕လည္း အလြန္နီးကပ္စြာ ရွိေနတဲ့အခါ လိင္အဂၤါေပၚက ေခြၽး၊ ဘက္တီးရီးယားနဲ႕ အနံ႕အသက္ေပါင္းစုံက အတြင္းခံမွာ ျပန္ၿပီး ကပ္ပါတယ္။ ဒါေၾကာင့္ အတြင္းခံကိုေတာ့ ဝတ္ၿပီး အိမ္ျပန္ေရာက္တာနဲ႕ လဲပစ္လိုက္တာ အေကာင္းဆုံးပါပဲ။ အထူးသျဖင့္ ေယာက္်ားေလးေတြ ဒီအခ်က္ကို ေသခ်ာလိုက္နာဖို႔ေတာ့ လိုမယ္ေနာ္။


 ၃။ ေရခ်ိဳးရမွာ မပ်င္းပါနဲ႕။


 ေရကို ခဏခဏ မခ်ိဳးေပးနိုင္ရင္ေတာင္ တစ္ေန႕ကို တစ္ႀကိမ္ေလာက္ ခ်ိဳးေပးသင့္ပါတယ္။ ဒီလိုခ်ိဳးေပးမွပဲ ကြၽန္ေတာ္တို႔ လူ႕အေရျပားေပၚက ေခြၽးနဲ႕ ဘက္တီးရီးယားေတြကို သန႔္ရွင္းေပးနိုင္မွာပါ။ ဒီေတာ့ အေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး ေရခ်ိဳးပ်င္းတဲ့ အက်င့္ကို ခုကတည္းက စေဖ်ာက္ပါ။ ခဏခဏ မခ်ိဳးနိုင္ရင္ေတာင္ အနည္းဆုံး တစ္ႀကိမ္ေတာ့ ေရခ်ိဳးပါ။


 ၄။ ေခ်းတြန္းဖို႔လည္း မေမ့ပါနဲ႕။


 ဒီအတိုင္း ေရပဲေလာင္းၿပီး ေခ်းမတြန္းရင္လည္း ေရခ်ိဳးတာလို႔ ေခၚလို႔မရဘူးေနာ္။ အေရျပားကို ေရမ်ားမ်ားေလာင္းၿပီးမွ ဆပ္ျပာကို အျမႇုပ္ထြက္ေအာင္တိုက္၊ အေရျပားကို လက္သည္း သို႔မဟုတ္ ေခ်တြန္းေက်ာက္၊ ေရျမႇုပ္၊ အဝတ္ စတာေတြနဲ႕ ျဖည္းျဖည္းခ်င္း တိုက္ခြၽတ္ေပးဖို႔ အေရးႀကီးပါတယ္။ ဒါမွပဲ အေရျပားေပၚက ပ်က္စီးေနတဲ့ ဆဲလ္ေသေတြကို ဖယ္ရွားေပးသလို ေခ်းမထူေတာ့တဲ့အတြက္ ကိုယ္နံ႕ဆိုးကလည္း ေတာ္ေတာ္ကို နည္းသြားမွာပါ။ အဓိက ေခြၽးအလြန္ေအာင္းၿပီး အနံ႕ဆိုးထြက္နိုင္တဲ့ ခ်ိဳင္းၾကား၊ ေပါင္ၿခံနဲ႕ တင္ပါးၾကားေတြကို ေရ၊ ဆပ္ျပာနဲ႕ ေသခ်ာတိုက္ၿပီး ေဆးေၾကာဖို႔လိုအပ္ပါတယ္။


 ၅။ အေမႊးရနံ႕ပါတဲ့ ပစၥည္းတစ္ခုခု သုံးေပးပါ။


 ကိုယ္က ေရဘယ္ေလာက္ခ်ိဳးခ်ိဳး၊ အနံ႕တစ္ခု အၿမဲတမ္းရွိေနတယ္၊ အျပင္လည္း အၿမဲတမ္းလိုလို သြားေနရတယ္ဆိုရင္ အေမႊးရနံ႕ပါတဲ့ ေရေမႊး၊ ခ်ိဳင္းလိမ္းဆီ Roll-on စတာေတြကို သုံးေပးဖို႔ လိုအပ္ပါတယ္။ အဓိက ဒီအေမႊးရနံ႕ေတြဟာ ကိုယ့္ဆီကေန ထြက္လာနိုင္တဲ့ အနံ႕မ်ားကို ဖုံးလႊမ္းသြားေစလို႔ တစ္ဖက္လူ စိတ္အႏွောင့္အယွက္ ျဖစ္ေစေလာက္တဲ့အထိေတာ့ မျပင္းထန္ေတာ့ပါဘူး။


 ၆။ ေခြၽးအလြန္အကြၽံထြက္ျခင္းကို ထိန္းခ်ဳပ္ပါ။


 လူမွန္ရင္ေတာ့ အေရျပားကေန အၿမဲတမ္း ေခြၽးထြက္တတ္ပါတယ္။ ဒါက ျပႆနာမဟုတ္ပါဘူး။ ဒါေပမယ့္ ေခြၽးအမ်ားႀကီး ထြက္လို႔ ဒီေခြၽးေတြကို ျပန္မသုတ္ဘူးဆိုရင္ ဘက္တီးရီးယားပိုးေတြ ပြားလာၿပီး အနံ႕ဆိုးျဖစ္လာနိုင္ပါတယ္။ ဒါေၾကာင့္ အဓိက ေခြၽးအမ်ားႀကီး မထြက္လာေစဖို႔ ထိန္းခ်ဳပ္ရမွာပါ။ ေနပူလြန္းတဲ့အခ်ိန္ေတြမွာ အျပင္ထြက္သြားလာတာမ်ိဳး တတ္နင္သေလာက္ ေရွာင္ပါ။ ေခြၽးထြက္ၿပီဆိုရင္ အယ္လ္ကိုေဟာ မပါတဲ့ တစ္သ်ႉးနဲ႕ သုတ္ေပးပါ။ အဲကြန္းခန္းထဲမွာ ေနေပးနိုင္ရင္ ပိုေကာင္းပါတယ္။ ေရမ်ားမ်ား ေသာက္ပါ။ အသီးအ႐ြက္ေတြကို မ်ားမ်ားစားေပးပါ။


 ဒီအခ်က္ေတြကို ေန႕စဥ္လိုက္နာေပးျခင္းျဖင့္ ကြၽန္ေတာ္တို႔ ကိုယ္ခႏၶာကေန မလိုလားအပ္ဘဲ ေခြၽးနံ႕ဆိုးထြက္တဲ့ ျပႆနာကို ထိန္းခ်ဳပ္လို႔ ရပါတယ္။ ေခြၽးနံ႕ဆိုးဟာ က်န္းမာေရးအရ ျပႆနာမရွိေပမဲ့ လူမႈနယ္ပယ္မွာေတာ့ ကိုယ့္ကို လူအမ်ား အထင္ေသးကဲ့ရဲ႕ေစနိုင္ေလာက္တာေၾကာင့္ ကိုယ့္ရဲ႕ တစ္ကိုယ္ေရသန႔္ရွင္းမႈကို အၿမဲဂ႐ုစိုက္ေပးေနျခင္းျဖင့္ ဒါကို ကာကြယ္ၾကရေအာင္။


 Hello ဆရာဝန္ ပရိတ္သတ္ႀကီးလည္း က်န္းမာေပ်ာ္႐ႊင္ၿပီး စိတ္ခ်မ္းသာစရာ ေကာင္းတဲ့ ဘဝေန႕ရက္ေတြကို ပိုင္ဆိုင္ရပါေစလို႔ ဆုေတာင္းေပးရင္း ဒီမွာပဲ နိဂုံးခ်ဳပ္လိုက္ပါတယ္။

Tuesday, April 5, 2022

Body piercing လုပ်မယ်ဆိုရင်

Body piercing လုပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ




#Body_piercing

#နားဖောက်ခြင်း

#အလှအပဆိုင်ရာ


စာရေးသူ Dr. Htet Htet Zaw Win မှ ရေးသားသည်။ 

Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။

(ယခုခေတ်နောက်ပိုင်း မိန်းကလေးတွေကအစ နားဖောက်ရုံသာမက မျက်ခုံး၊ လျှာ၊ ချက်နဲ့ အခြားကိုယ်အင်္ဂါအစိတ်အပိုင်းတွေမှာပါ Piercing လုပ်လာကြပါပြီ။ အဲသလိုမလုပ်နဲ့လို့ တားလို့မရရင်ဖြင့် သိထားသင့်တာလေးတွေ သိထားရအောင် ဆောင်းပါးတစ်စောင်ကို ထပ်ဆင့်ဝေငှလိုက်ပါတယ်။)


Body piercing လုပ်မယ်ဆိုရင် သိထားသင့်တဲ့ အချက်များ

 Body piercing ဆိုတာကတော့ အလွယ်ပြောရရင် ခန္ဓာကိုယ်ရဲ့ ပြင်ပအစိတ်အပိုင်းတစ်ခုခု (ဥပမာ- နားရွက်၊ ချက်၊ နှုတ်ခမ်း၊ လျှာ၊ နှာခေါင်း စတဲ့ နေရာတွေ) မှာ ရတာနာပစ္စည်းလေးတွေ၊ fancy အလှပစ္စည်းလေးတွေ တပ်ဖို့အတွက် အလှသဘောနဲ့ အပေါက်ဖောက်တာကို ခေါ်တာပါ။ မြန်မာနိုင်ငံမှာဆိုရင်လည်း များသောအားဖြင့် နားမှာ ဖောက်ကြပြီး နားကပ်လေးတွေ အလှတပ်ကြတဲ့အပြင် အထူးသဖြင့် လူငယ်တွေမှာ ချက်၊ နှုတ်ခမ်း စတဲ့အခြား နေရာတွေမှာလည်း body piercing လုပ်တာတွေ ခေတ်စားလာပါတယ်။ ဒီနေ့ဆောင်းပါးလေးမှာတော့ အဲလို body piercing လုပ်မယ်ဆိုရင် ဘယ်လို ဆိုးကျိုးတွေ ဖြစ်နိုင်တယ်၊ ဘယ်အချက်တွေကို ဂရုစိုက်သင့် ဆိုတာလေးတွေကို မျှဝေပေးသွားမှာပါ။


 Body piercing လုပ်ပြီးတဲ့အခါမှာ ဘာတွေဖြစ်လာနိုင်လဲ။


 ပုံမှန်အားဖြင့်တော့ သေသေချာချာ ပိုးသတ်ထားပြီး သန့်စင်ထားတဲ့ နေရာမှာ၊ သန့်စင်တဲ့ ပစ္စည်းတွေနဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေက လုပ်ဆောင်ပေးမယ်ဆိုရင်တော့ အန္တရာယ်မရှိပါဘူး။


 ဒါပေမယ့် တစ်ခါသုံးပစ္စည်းမဟုတ်တာ(သို့) အသုံးပြုပြီး သေသေချာချာ မသန့်စင်ထားတဲ့ ပစ္စည်းတွေကို သုံးမိမယ်ဆိုရင်တော့


 ၁။ အသည်းရောင် အသားဝါ B နဲ့ C ပိုး၊ HIV နဲ့ မေးခိုင်ပိုး စတဲ့ ပိုးတွေ ကူးနိုင်ခြင်း။


 ၂။ ရောင်ရမ်းခြင်း။


 ၃။ အနာဖြစ်ခြင်း၊ ပြည်တည်ခြင်း။


 စတဲ့ ပြသနာတွေ ဖြစ်နိုင်ပါတယ်။


 သန့်စင်ထားတဲ့ ပတ်ဝန်းကျင်၊ နေရာမှာ လုပ်မယ်ဆိုရင်တောင်မှ တစ်ခါတစ်လေမှာ အောက်ပါ ပြသနာတွေကိုတော့ တွေ့ကြုံရနိုင်ပါသေးတယ်။


 ၁။ အရေပြားဓာတ်မတည့်ခြင်း။


 ၂။ ရောင်ရမ်းခြင်း၊ အနာဖြစ်ခြင်း။


 ၃။ သွေးမတိတ်ခြင်း။


 ၄။ နာကျင်ခြင်း။


 ၅။ ယားယံခြင်း။


 မဖောက်ခင်မှာ ဘာတွေ ပြင်ဆင်ထားသင့်လဲ။


 ၁။ နေရာသေချာရွေးပါ။


 အရှေ့မှာ ဖော်ပြခဲ့သလိုပဲ သေသေချာချာပိုးသတ်ထားပြီး စိတ်ချရတဲ့ နေရာမှာမှ ဖောက်သင့်ပါတယ်။ ဒါ့ကြောင့် ကိုယ်သွားဖောက်မယ့်နေရာရဲ့ အပြင်အဆင်၊ ပတ်ဝန်းကျင်နဲ့ လုပ်မယ့်အခန်းတွေကို အရင်လေ့လာထားပြီးမှ ရွေးချယ်သင့်ပါတယ်။ ဒါ့အပြင် လုပ်ပေးတဲ့သူက ပိုးတွေသေစေနိုင်တဲ့ လက်ဆေးရည်အသုံးပြု၊မပြု၊ သန့်စင်တဲ့ တစ်ခါသုံး လက်အိတ်တွေ သုံး၊ မသုံး ၊ ပစ္စည်းတွေကို ပိုးသေအောင် ပေါင်းတဲ့ autoclave စက်တွေ သုံး၊ မသုံးကိုလည်း ကြိုတင်လေ့လာမေးမြန်းသင့်ပါတယ်။


 ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး ဆရာဝန်တွေကိုယ်တိုင် လုပ်ပေးတဲ့နေရာမှာ လုပ်ဆောင်တာကတော့ အကောင်းဆုံးပါပဲ။ ဒီအတိုင်းကြုံရာနေရာ၊ မသန့်ရှင်းတဲ့နေရာမှာ ဖောက်မိမယ်ဆိုရင်တော့ ပိုးဝင်သွားတာ ၊ အနာမကျက်တာ၊ သွေးမတိတ်တာ စတဲ့ ပြသနာတွေကနေ အသက်အန္တရာယ်ရှိတဲ့အထိဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ကျွမ်းကျင်တဲ့ သူတွေကိုယ်တိုင်လုပ်ပေးတဲ့ သန့်ရှင်းတဲ့ နေရာကို သေသေချာချာ ကြိုတင်ရွေးချယ်ပြင်ဆင်ပြီးမှ ဖောက်ကြပါနော်။


 ၂။ ကိုယ့်ကိုကိုယ် သေချာပြီလားလို့ ပြန်မေးပါ။


 ပုံမှန်နားဖောက်နေကျ နေရာမှာ ဖောက်တာက ပြသနာမရှိပေမယ့် အခြားနေရာတွေ ဥပမာ- နှုတ်ခမ်း၊ နှာခေါင်းစတဲ့နေရာတွေ ဖောက်မယ်ဆိုရင်တော့ သေသေချာချာ ပြန်တွေးကြည့်ဖို့လိုပါတယ်။ အသက်ငယ်တုန်းမှာ၊ ဆယ်ကျော်သက်၊ ၂၀ကျော်အရွယ်မှာ ဒီလို ဖောက်တာတွေက cool ဖြစ်တယ်၊ မိုက်တယ် ဆိုပေမယ့် အသက်ကြီးလာတဲ့အခါမှာ တချို့အလုပ်ပိုင်းဆိုင်ရာမှာ အနည်းငယ် အနှောက်အယှက်ဖြစ်နိုင်ပါတယ်။


 ၃။ ရောဂါအခံတွေရှိရင် ဆရာဝန်ကို ကြိုပြောပြထားပါ။


 နောက်ဆုံးတစ်ချက်ကတော့ မဖောက်ခင်မှာ ဆရာဝန်ကို ကိုယ့်မှာ ဆီးချို၊ နှလုံး၊ သွေးရောဂါ၊ အရေပြားရောဂါတွေ နဲ့ ခုခံအားကျစေတဲ့ ကျန်းမာရေးအခြေအနေတွေ ရှိနေရင်၊ စွဲသောက်နေရတဲ့ ဆေးတွေရှိနေရင် (သို့) ကိုယ်ဝန်ရှိနေရင် ပြောပြထားသင့်ပါတယ်။ ခုခံအားကျဆင်းစေတဲ့ ဆီးချိုလို ရောဂါအခံရှိနေမယ်ဆိုရင် ပိုးဝင်ဖို့ အခွင့်အရေးကပိုများနိုင်တာကြောင့် သေသေချာချာ တိုင်ပင်ဆွေးနွေးဖို့ မမေ့ပါနဲ့နော်။


 ၄။ ဖောက်မယ့်နေရာကို ဆရာဝန်နဲ့ သေချာတိုင်ပင်ပါ။


 ခန္ဓာကိုယ်ရဲ့ နေရာတွေ၊ အစိတ်အပိုင်းတွေ အားလုံးက ဖောက်ဖို့ မသင့်တော်ပါဘူး။ သွေးကြောတွေ၊ ဖွဲ့စည်းပုံတွေ၊ အာရုံကြောတွေ စတဲ့ တည်ဆောက်ပုံတွေလည်း ကွဲပြားတာကြောင့် အချို့နေရာတွေ ဖောက်မယ်ဆိုရင် အန္တရာယ်များပါတယ်။ ဒါကြောင့် ဖောက်မယ့်နေရာကို ဆရာဝန်နဲ့ ဆွေးနွေးပြီး အကြံဉာဏ်တောင်းသင့်ပါတယ်။


 Body piercing လုပ်ပြီးရင် ဖောက်ထားတဲ့ နေရာကို ဘယ်လိုတွေ ဂရုစိုက်သင့်လဲ။


 ၁။ အရေးကြီးဆုံးကတော့ ဖောက်ထားတဲ့ နေရာကို ပိုးမဝင်အောင် မကိုင်ခင်မှာ လက်ကို သေချာဆေးပါ။


 ၂။ ဆရာဝန်ညွှန်ကြားတဲ့အတိုင်း လိုအပ်တဲ့အချိန်မှာ ဆေး(သို့) ပိုးသတ်နိုင်တဲ့ ဆပ်ပြာနဲ့ သန့်ရှင်းရေးလုပ်ပါ။


 ၃။ လိုအပ်ရင် ပိုးသတ်ဆေး cream လေးတွေ လိမ်းပေးပါ။


 ၄။ အနာပိုးဝင်တဲ့ လက္ခဏာတွေဖြစ်တဲ့ ၂ရက်၊ ၃ရက်ထက်ပိုနာနေတာ၊ ရောင်ရမ်းလာတာ၊ ပြည်တွေထွက်လာတာ၊ နီရဲလာတာ၊ အနာက မကျက်ဘဲ ပုံမှန်ထက်ကြာနေတာ စတဲ့ လက္ခဏာတွေ ဖြစ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသသင့်ပါတယ်။


 ဘာတွေ ရှောင်သင့်လဲ။


 ဖောက်ထားတဲ့နေရာကို မကြာခဏသွားထိတာ၊ တစ်ခုခုနဲ့ သွားထိုးတာ၊ အရက်ပြန်(သို့) hydrogen peroxide တွေနဲ့ ဆေးတာ၊ အနာမကျက်ခင်မှာ မသန့်စင်တဲ့ ရေတွေနဲ့ ထိတွေ့စေတာ တွေကိုတော့ လုံးဝရှောင်ကြဉ်သင့်ပါတယ်။


 Hello ဆရာဝန်ပရိသတ်ကြီးလည်း body piercing ပဲဖြစ်ဖြစ် ear piercing ပဲဖြစ်ဖြစ်လုပ်တဲ့အခါ ကျန်းမာရေးဆိုးကျိုးတွေ မဖြစ်ရအောင် ဒီဆောင်းပါးလေးက အထောက်အကူပြုမယ်လို့ ယုံကြည်ပါတယ်။ ကျန်းမာကြပါစေ။


 ရေးသားသူ  Khine Phoo Ngon


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi) 

Body piercing လုပ္မယ္ဆိုရင္ သိထားသင့္တဲ့ အခ်က္မ်ား




#Body_piercing

#နားေဖာက္ျခင္း

#အလွအပဆိုင္ရာ


စာေရးသူ Dr. Htet Htet Zaw Win မွ ေရးသားသည္။ 

Dr. Thurein Hlaing Win မွ အခ်က္အလက္ စစ္ေဆးထားပါသည္။

(ယခုေခတ္ေနာက္ပိုင္း မိန္းကေလးေတြကအစ နားေဖာက္ရံုသာမက မ်က္ခံုး၊ လွ်ာ၊ ခ်က္နဲ႕ အျခားကိုယ္အဂၤါအစိတ္အပိုင္းေတြမွာပါ Piercing လုပ္လာၾကပါျပီ။ အဲသလိုမလုပ္နဲ႔လို႔ တားလို႕မရရင္ျဖင့္ သိထားသင့္တာေလးေတြ သိထားရေအာင္ ေဆာင္းပါးတစ္ေစာင္ကို ထပ္ဆင့္ေ၀ငွလိုက္ပါတယ္။)


Body piercing လုပ္မယ္ဆိုရင္ သိထားသင့္တဲ့ အခ်က္မ်ား

 Body piercing ဆိုတာကေတာ့ အလြယ္ေျပာရရင္ ခႏၶာကိုယ္ရဲ႕ ျပင္ပအစိတ္အပိုင္းတစ္ခုခု (ဥပမာ- နား႐ြက္၊ ခ်က္၊ ႏႈတ္ခမ္း၊ လွ်ာ၊ ႏွာေခါင္း စတဲ့ ေနရာေတြ) မွာ ရတာနာပစၥည္းေလးေတြ၊ fancy အလွပစၥည္းေလးေတြ တပ္ဖို႔အတြက္ အလွသေဘာနဲ႕ အေပါက္ေဖာက္တာကို ေခၚတာပါ။ ျမန္မာနိုင္ငံမွာဆိုရင္လည္း မ်ားေသာအားျဖင့္ နားမွာ ေဖာက္ၾကၿပီး နားကပ္ေလးေတြ အလွတပ္ၾကတဲ့အျပင္ အထူးသျဖင့္ လူငယ္ေတြမွာ ခ်က္၊ ႏႈတ္ခမ္း စတဲ့အျခား ေနရာေတြမွာလည္း body piercing လုပ္တာေတြ ေခတ္စားလာပါတယ္။ ဒီေန႕ေဆာင္းပါးေလးမွာေတာ့ အဲလို body piercing လုပ္မယ္ဆိုရင္ ဘယ္လို ဆိုးက်ိဳးေတြ ျဖစ္နိုင္တယ္၊ ဘယ္အခ်က္ေတြကို ဂ႐ုစိုက္သင့္ ဆိုတာေလးေတြကို မွ်ေဝေပးသြားမွာပါ။


 Body piercing လုပ္ၿပီးတဲ့အခါမွာ ဘာေတြျဖစ္လာနိုင္လဲ။


 ပုံမွန္အားျဖင့္ေတာ့ ေသေသခ်ာခ်ာ ပိုးသတ္ထားၿပီး သန႔္စင္ထားတဲ့ ေနရာမွာ၊ သန႔္စင္တဲ့ ပစၥည္းေတြနဲ႕ ကြၽမ္းက်င္တဲ့ ပညာရွင္ေတြက လုပ္ေဆာင္ေပးမယ္ဆိုရင္ေတာ့ အႏၱရာယ္မရွိပါဘူး။


 ဒါေပမယ့္ တစ္ခါသုံးပစၥည္းမဟုတ္တာ(သို႔) အသုံးျပဳၿပီး ေသေသခ်ာခ်ာ မသန႔္စင္ထားတဲ့ ပစၥည္းေတြကို သုံးမိမယ္ဆိုရင္ေတာ့


 ၁။ အသည္းေရာင္ အသားဝါ B နဲ႕ C ပိုး၊ HIV နဲ႕ ေမးခိုင္ပိုး စတဲ့ ပိုးေတြ ကူးနိုင္ျခင္း။


 ၂။ ေရာင္ရမ္းျခင္း။


 ၃။ အနာျဖစ္ျခင္း၊ ျပည္တည္ျခင္း။


 စတဲ့ ျပသနာေတြ ျဖစ္နိုင္ပါတယ္။


 သန႔္စင္ထားတဲ့ ပတ္ဝန္းက်င္၊ ေနရာမွာ လုပ္မယ္ဆိုရင္ေတာင္မွ တစ္ခါတစ္ေလမွာ ေအာက္ပါ ျပသနာေတြကိုေတာ့ ေတြ႕ႀကဳံရနိုင္ပါေသးတယ္။


 ၁။ အေရျပားဓာတ္မတည့္ျခင္း။


 ၂။ ေရာင္ရမ္းျခင္း၊ အနာျဖစ္ျခင္း။


 ၃။ ေသြးမတိတ္ျခင္း။


 ၄။ နာက်င္ျခင္း။


 ၅။ ယားယံျခင္း။


 မေဖာက္ခင္မွာ ဘာေတြ ျပင္ဆင္ထားသင့္လဲ။


 ၁။ ေနရာေသခ်ာေ႐ြးပါ။


 အေရွ႕မွာ ေဖာ္ျပခဲ့သလိုပဲ ေသေသခ်ာခ်ာပိုးသတ္ထားၿပီး စိတ္ခ်ရတဲ့ ေနရာမွာမွ ေဖာက္သင့္ပါတယ္။ ဒါ့ေၾကာင့္ ကိုယ္သြားေဖာက္မယ့္ေနရာရဲ႕ အျပင္အဆင္၊ ပတ္ဝန္းက်င္နဲ႕ လုပ္မယ့္အခန္းေတြကို အရင္ေလ့လာထားၿပီးမွ ေ႐ြးခ်ယ္သင့္ပါတယ္။ ဒါ့အျပင္ လုပ္ေပးတဲ့သူက ပိုးေတြေသေစနိုင္တဲ့ လက္ေဆးရည္အသုံးျပဳ၊မျပဳ၊ သန႔္စင္တဲ့ တစ္ခါသုံး လက္အိတ္ေတြ သုံး၊ မသုံး ၊ ပစၥည္းေတြကို ပိုးေသေအာင္ ေပါင္းတဲ့ autoclave စက္ေတြ သုံး၊ မသုံးကိုလည္း ႀကိဳတင္ေလ့လာေမးျမန္းသင့္ပါတယ္။


 ဆရာဝန္နဲ႕ေသခ်ာတိုင္ပင္ၿပီး ဆရာဝန္ေတြကိုယ္တိုင္ လုပ္ေပးတဲ့ေနရာမွာ လုပ္ေဆာင္တာကေတာ့ အေကာင္းဆုံးပါပဲ။ ဒီအတိုင္းႀကဳံရာေနရာ၊ မသန႔္ရွင္းတဲ့ေနရာမွာ ေဖာက္မိမယ္ဆိုရင္ေတာ့ ပိုးဝင္သြားတာ ၊ အနာမက်က္တာ၊ ေသြးမတိတ္တာ စတဲ့ ျပသနာေတြကေန အသက္အႏၱရာယ္ရွိတဲ့အထိျဖစ္နိုင္ပါတယ္။ ဒါ့ေၾကာင့္ ကြၽမ္းက်င္တဲ့ သူေတြကိုယ္တိုင္လုပ္ေပးတဲ့ သန႔္ရွင္းတဲ့ ေနရာကို ေသေသခ်ာခ်ာ ႀကိဳတင္ေ႐ြးခ်ယ္ျပင္ဆင္ၿပီးမွ ေဖာက္ၾကပါေနာ္။


 ၂။ ကိုယ့္ကိုကိုယ္ ေသခ်ာၿပီလားလို႔ ျပန္ေမးပါ။


 ပုံမွန္နားေဖာက္ေနက် ေနရာမွာ ေဖာက္တာက ျပသနာမရွိေပမယ့္ အျခားေနရာေတြ ဥပမာ- ႏႈတ္ခမ္း၊ ႏွာေခါင္းစတဲ့ေနရာေတြ ေဖာက္မယ္ဆိုရင္ေတာ့ ေသေသခ်ာခ်ာ ျပန္ေတြးၾကည့္ဖို႔လိုပါတယ္။ အသက္ငယ္တုန္းမွာ၊ ဆယ္ေက်ာ္သက္၊ ၂၀ေက်ာ္အ႐ြယ္မွာ ဒီလို ေဖာက္တာေတြက cool ျဖစ္တယ္၊ မိုက္တယ္ ဆိုေပမယ့္ အသက္ႀကီးလာတဲ့အခါမွာ တခ်ိဳ႕အလုပ္ပိုင္းဆိုင္ရာမွာ အနည္းငယ္ အႏွောက္အယွက္ျဖစ္နိုင္ပါတယ္။


 ၃။ ေရာဂါအခံေတြရွိရင္ ဆရာဝန္ကို ႀကိဳေျပာျပထားပါ။


 ေနာက္ဆုံးတစ္ခ်က္ကေတာ့ မေဖာက္ခင္မွာ ဆရာဝန္ကို ကိုယ့္မွာ ဆီးခ်ိဳ၊ ႏွလုံး၊ ေသြးေရာဂါ၊ အေရျပားေရာဂါေတြ နဲ႕ ခုခံအားက်ေစတဲ့ က်န္းမာေရးအေျခအေနေတြ ရွိေနရင္၊ စြဲေသာက္ေနရတဲ့ ေဆးေတြရွိေနရင္ (သို႔) ကိုယ္ဝန္ရွိေနရင္ ေျပာျပထားသင့္ပါတယ္။ ခုခံအားက်ဆင္းေစတဲ့ ဆီးခ်ိဳလို ေရာဂါအခံရွိေနမယ္ဆိုရင္ ပိုးဝင္ဖို႔ အခြင့္အေရးကပိုမ်ားနိုင္တာေၾကာင့္ ေသေသခ်ာခ်ာ တိုင္ပင္ေဆြးႏြေးဖို႔ မေမ့ပါနဲ႕ေနာ္။


 ၄။ ေဖာက္မယ့္ေနရာကို ဆရာဝန္နဲ႕ ေသခ်ာတိုင္ပင္ပါ။


 ခႏၶာကိုယ္ရဲ႕ ေနရာေတြ၊ အစိတ္အပိုင္းေတြ အားလုံးက ေဖာက္ဖို႔ မသင့္ေတာ္ပါဘူး။ ေသြးေၾကာေတြ၊ ဖြဲ႕စည္းပုံေတြ၊ အာ႐ုံေၾကာေတြ စတဲ့ တည္ေဆာက္ပုံေတြလည္း ကြဲျပားတာေၾကာင့္ အခ်ိဳ႕ေနရာေတြ ေဖာက္မယ္ဆိုရင္ အႏၱရာယ္မ်ားပါတယ္။ ဒါေၾကာင့္ ေဖာက္မယ့္ေနရာကို ဆရာဝန္နဲ႕ ေဆြးႏြေးၿပီး အႀကံဉာဏ္ေတာင္းသင့္ပါတယ္။


 Body piercing လုပ္ၿပီးရင္ ေဖာက္ထားတဲ့ ေနရာကို ဘယ္လိုေတြ ဂ႐ုစိုက္သင့္လဲ။


 ၁။ အေရးႀကီးဆုံးကေတာ့ ေဖာက္ထားတဲ့ ေနရာကို ပိုးမဝင္ေအာင္ မကိုင္ခင္မွာ လက္ကို ေသခ်ာေဆးပါ။


 ၂။ ဆရာဝန္ၫႊန္ၾကားတဲ့အတိုင္း လိုအပ္တဲ့အခ်ိန္မွာ ေဆး(သို႔) ပိုးသတ္နိုင္တဲ့ ဆပ္ျပာနဲ႕ သန႔္ရွင္းေရးလုပ္ပါ။


 ၃။ လိုအပ္ရင္ ပိုးသတ္ေဆး cream ေလးေတြ လိမ္းေပးပါ။


 ၄။ အနာပိုးဝင္တဲ့ လကၡဏာေတြျဖစ္တဲ့ ၂ရက္၊ ၃ရက္ထက္ပိုနာေနတာ၊ ေရာင္ရမ္းလာတာ၊ ျပည္ေတြထြက္လာတာ၊ နီရဲလာတာ၊ အနာက မက်က္ဘဲ ပုံမွန္ထက္ၾကာေနတာ စတဲ့ လကၡဏာေတြ ျဖစ္လာၿပီဆိုရင္ေတာ့ ဆရာဝန္နဲ႕ျပသသင့္ပါတယ္။


 ဘာေတြ ေရွာင္သင့္လဲ။


 ေဖာက္ထားတဲ့ေနရာကို မၾကာခဏသြားထိတာ၊ တစ္ခုခုနဲ႕ သြားထိုးတာ၊ အရက္ျပန္(သို႔) hydrogen peroxide ေတြနဲ႕ ေဆးတာ၊ အနာမက်က္ခင္မွာ မသန႔္စင္တဲ့ ေရေတြနဲ႕ ထိေတြ႕ေစတာ ေတြကိုေတာ့ လုံးဝေရွာင္ၾကဥ္သင့္ပါတယ္။


 Hello ဆရာဝန္ပရိသတ္ႀကီးလည္း body piercing ပဲျဖစ္ျဖစ္ ear piercing ပဲျဖစ္ျဖစ္လုပ္တဲ့အခါ က်န္းမာေရးဆိုးက်ိဳးေတြ မျဖစ္ရေအာင္ ဒီေဆာင္းပါးေလးက အေထာက္အကူျပဳမယ္လို႔ ယုံၾကည္ပါတယ္။ က်န္းမာၾကပါေစ။


 ေရးသားသူ  Khine Phoo Ngon


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။