Saturday, October 6, 2018

Samsung Galaxy Tab S4 Review




Tablet ဈေးကွက်ဟာ ရှင်သန်နေသေးတယ်ဆိုပေမယ့် "Flagship Level Tablet" ဆိုတဲ့ ခေါင်းစဉ်အောက်မှာ Apple နဲ့ Samsung ကလွဲရင် ပြစရာ လောက်လောက်လားလားမရှိတော့တာ သတိထားမိကြမှာပါ။ ဒီတော့ Samsung ရဲ့ Galaxy Tab S4 ကရော Tablet Crazy တွေရဲ့လိုအပ်ချက်ကို ဘယ်လောက်ထိ ဖြည့်ဆည်းပေးနိုင်မှာလဲဆိုတာ Review နဲ့ ဖြေပေးသွားပါ့မယ်။

"Screen, Stylus, Sound & Satisfaction"
ဒါဟာ Tab S4 ကို စမ်းသုံးတဲ့ကာလအတွင်း ရခဲ့တဲ့ Experience ကို "S" လေးလုံးနဲ့ အကျဉ်းချုံး ဖော်ပြလိုက်တာပါ။ သဘောကျမိတဲ့အချက်တွေလို့ပြောရင် ပိုမှန်မယ်ထင်ရဲ့။ ဆိုတော့ကာ ကောင်းတဲ့ ဒီအချက်လေးတွေနဲ့ စလိုက်ရအောင်။

Screen

Tab S4 အပေါ် First Impression လို့ ဆိုရမှာပါ။ 10.5", Quad HD+, 16:10 Ratio နဲ့ Super AMOLED Display က မြင်ရတဲ့သူကို အားရစေတယ်။ နောက်ထပ်သိသာတာက အရင်ကထက် ဘောင်တွေပါးသွားတာပါ။ ပါးသွားတယ်ဆိုတာထက် အချိုးညီသွားတယ်ဆိုရင် ပိုမှန်မယ်။ Samsung ရဲ့ထုံးစံအတိုင်း၊ Display Mode ၄မျိုးပါပြီး Natural ဆန်တာပိုကြိုက်တဲ့ ကိုယ်တွေတွက်တော့ AMOLED Cinema နဲ့ Standard Mode ကို ပိုပြီးထားသုံးဖြစ်တယ်။ ရုပ်ရှင်ကြည့်၊ ဂိမ်းဆော့ချိန်မျိုးမှာ ဒီ Display ကို ကြည့်နေရတာကိုက အရသာရှိနေတဲ့ခံစားချက်မျိုး ရစေတယ်။

Stylus

Tablet နဲ့ပတ်သက်ပြီး Stylus ကို Tab S4 ရော iPad Pro မှာပါ ဒီရက်ပိုင်းအတွင်း စမ်းသုံးကြည့်ဖြစ်ခဲ့တယ်။ Normal User တွေအတွက် Stylus က အရေးပါချင်မှပါမှာဆိုပေမယ့် ဒီဇိုင်နာတွေ၊ ပန်းချီ၊ကာတွန်းဆွဲတဲ့သူတွေ၊ Engineering ဒီဇိုင်းပိုင်းတွေဆွဲတဲ့အခါမျိုးမှာ အတော်အသုံးတည့်တာတွေ့ရတယ်။

Stylus နှစ်ခုယှဉ်သုံးကြည့်ချိန်မှာတော့ ပုံဆွဲတဲ့အခါ 120Hz Display ပေါ်မှာဆွဲတဲ့ Apple Pencil က ပိုပြီး Realistic ဖြစ်တယ်ဆိုပေမယ့် S.Pen ရဲ့ နစ်သွားက စာရေးရ၊ ပုံဆွဲရတာ ပိုအဆင်ပြေတယ်လို့ ခံစားရတယ်။ Pressure Sensitive ဖြစ်လို့ ဖိအားအနည်းအများပေါ်မူတည်ပြီး မှင်အထူအပါးကို ချိန်ညှိနိုင်တယ်။ နောက်ပြီး အားသွင်းဖို့မလိုတဲ့အပြင် သူ့မှာပါတဲ့ Button လေးနဲ့ Galaxy Note တွေမှာလို Function တွေသုံးနိုင်လို့ Pen တစ်ခုထက် ပိုအသုံးတည့်နေပြန်တယ်။ သဘောအကျမိဆုံးက Design ပိုင်းပါ။ S.Pen ရဲ့ အလယ်နားမှာ အထစ်လေးလုပ်ပေးထားပြီး ခုံပေါ်တင်လိုက်ရင် လိမ့်မသွားအောင် လုပ်ပေးထားတာရယ်၊ တကယ့် Pen တစ်ခုနဲ့ ရေးနေရသလို Feeling ရစေတာရယ်ကိုတော့ ချီးကျူးမိတယ်။

Sound

Sound Quality ပိုင်းကတော့ Tab S4 မှာ ကိုယ်တွေအကြိုက်ဆုံးပေါ့။ သူ့မှာ AKG Tuned လုပ်ထားတဲ့ Stereo Speaker ၄လုံးပါပြီး Dolby Sound System နဲ့ပေါင်းလိုက်တော့ Feeling က တကယ့် Heaven ပါပဲ။ အသံလုံးကြီးတာမျိုးမဟုတ်ပဲ Sound Separation ကောင်းကောင်းနဲ့ Direction အလိုက်ထွက်လာတဲ့ Sound System ကြောင့် တော်ရုံရုပ်ရှင်ကြည့်၊ ဂိမ်းဆော့၊ သီချင်းနားထောင်တာကို နားကြပ်မတပ်ချင်လောက်အောင် ဆွဲဆောင်နိုင်တယ်။ BadLand, Alto's Adventure တို့လိုဂိမ်းတွေ ခဏခဏဆော့ဖြစ်တာ သူ့ရဲ့ Display နဲ့ Sound Quality ရဲ့ အရသာကြောင့်လို့တောင် ဆိုရမှာပါ။

Earphone နဲ့နားထောင်ချိန်မှာလည်း Sound Quality က ကျမသွား။ စိတ်ကြိုက်ဖြစ်အောင် Equaliser မှာ နဲနဲဝင်ကလိဖြစ်တာကလွဲရင် တကယ် Top Notch ပါပဲ။ Headphone Jack လည်း ပါတုန်းပဲဆိုတော့ ပိုပြီးအဆင်ပြေတာပေါ့။

Satisfaction

ဒီအပိုင်းကတော့ Function သီးသန့်မဟုတ်ပဲ Tab S4 မှာ သုံးရအဆင်ပြေတဲ့၊ စိတ်ကျေနပ်စေခဲ့တဲ့ အချက်လေးတွေ စုထားတာပါ။

-Dex Mode

Tab S4 ရဲ့အားသာချက်က Note, S Series တွေလို ကြိုးချိတ်စရာမလိုပဲ Tablet ပေါ်မှာ Dex Mode ပြောင်းသုံးနိုင်တာပါ။ Magnetic Keyboard နဲ့ချိတ်ဖို့ Dock လေးတွေပါပြီး Bluetooth Keyboard နဲ့လည်း ချိတ်သုံးနိုင်ပါတယ်။ (Keyboard တော့ထပ်ဝယ်ရမှာပေါ့) အဲဒါဆိုရင် Office, Power Point, Excel, Youtube, Web Browsing စတာတွေကို Laptop တစ်လုံးမှာသုံးသလို သုံးလို့ရမှာပါ။

-Sim & SD Card Support

Tab S4 မှာ Nano Sim နဲ့ SD Cardကို ဟိုဘက်ဒီဘက် ကျောချင်းကပ်ထည့်သုံးနိုင်တယ်။ ပိုမိုက်တာက Sim Card နဲ့ Internet သုံးရုံသက်သက်မဟုတ်ပဲ ဖုန်းပြော၊ Message ပို့တာတွေပါ လုပ်လို့ရတာပါ။

-Security

သူ့မှာ Tab S3 တုန်းကလို Fingerprint မပါတော့။ အဲဒီအစား Iris Scanner ကို ထည့်ပေးထားတယ်။ ဒီတော့ Unlock လုပ်ဖို့ Face, Iris & Intelligent Scan ကို သုံးနိုင်မယ်။ Face ရော Iris ပါ Tablet ကို Horizontal ထားရင်လည်း အလုပ်လုပ်တယ်။ ဖုန်းတွေမှာလို 360° Unlock တော့ မရဘူးပေါ့။

-Battery

7200 mAh ဟာ Tablet တစ်လုံးအတွက် လုံလောက်တယ်လို့ ဆိုနိုင်ပါတယ်။ Tab S4 အနေနဲ့
HD Video 1hr ကို 5%
HD Youtube Video 1hr ကို 10%
Fortnite 1hr ကို 15-17% နဲ့
Stand-by 8-9 hr ကိုတောင် 1% ကုန်ချင်မှကုန်တယ်။ အားနည်းချက်အနေနဲ့ကတော့ Fast Charger နဲ့အားသွင်းရင်တောင် 0-100% ကို 4hr လောက်နီးနီး ကြာမြင့်တာပါ။

ဒါကတော့ Samsung Galaxy Tab S4 အပေါ် သဘောကျမိတဲ့အချက်တွေပေါ့။ အကောင်းတွေချည်းရေးတော့ ဒီ Tablet အပေါ် အကောင်းပဲမြင်တာလားဆိုတော့ အဲလိုတော့လည်းမဟုတ်ဘူးဗျ။ ဒီတော့ Tab S4 အပေါ်သိပ်သဘောမတွေ့တဲ့
P 3 P အကြောင်း ဆက်ပြောရအောင် (Not P 2 P. 😁)

Performance

ခေါင်းစဉ်မြင်လိုက်လို့ Tab S4 ကို Performance နိမ့်တယ်တော့ မမြင်စေချင်။ ဒီအပိုင်းမှာ ကြိုက်တဲ့အချက်ရှိသလို မကြိုက်တဲ့အချက်လည်းရှိနေတယ်။ ကြိုက်တာကတော့ Snapdragon Chipset ကို သုံးပေးထားတာ။ (Samsung ကို SD Chipset နဲ့ကိုင်ချင်သူတွေတွက် ကွက်တိပါပဲ) မမိုက်တာက မနှစ်ကသုံးထားတဲ့ SD 835 ဖြစ်နေတာပါ။ (Flagship Level Tablet မှာ ဒါလေးပိုသုံးလို့ ဘာဖြစ်သွားမှာမို့လို့တုန်း Sammy ရေ)

Performance ပိုင်းကတော့ အကောင်းဆုံးမဟုတ်တောင် အမြင့်ပိုင်းမှာရှိတယ်။ မကောင်းတာက RAM ပိုင်းပါ။ Samsung Experience UI ကြောင့်ထင်ရဲ့၊ 4GB RAM က Tab နဲနဲဖွင့်ရုံနဲ့ 1GB လောက်ပဲ Free Space ကျန်တာတွေ့ရတယ်။ အဆိုးထဲကအကောင်းအနေနဲ့ Fortnite ကို Officially Support ပေးတာပါ။ လောလောဆယ် Android မှာ Beta ပဲရှိသေးလို့ အဆင်မပြေတာတစ်ချို့ရှိနိုင်ပေမယ့် High Setting ကို 30fps ထားပြီး ကောင်းကောင်းဆော့နိုင်တယ်။ Samsung Device နဲ့ဆော့တဲ့အတွက် ဂိမ်းထဲမှာ Galaxy Skin လက်ဆောင်ရပါလိမ့်မယ်။

Picture

Tablet တစ်လုံးမှာ Camera ညံ့တာ မဆန်းပေမယ့် ဒီ Level မှာ ဒီထက်ကောင်းပေးသင့်တယ်လို့ ယူဆမိတယ်။ 13MP Back Camera က နေ့ဘက်မှာမဆိုးပေမယ့် Autofocus မိဖို့ အချိန်ယူရတယ်။ Flash Light ပါပေမယ့် Low Light Photo တွေမှာ အတော်လေးမစွံ။ Selfie Camera ကလည်း Portrait ရတာကလွဲရင် ထင်သလောက်မကောင်း။ Video ပိုင်းမှာတော့ Back Camera မှာ 4K နဲ့ Selfie Camera မှာ Full HD အမြင့်ဆုံး ရိုက်နိုင်ပါလိမ့်မယ်။

Price

ဒီအပိုင်းကတော့ အတော်များများမကြိုက်တဲ့အချက်ဖြစ်မှာပါ။ "၁၁သိန်း၎သောင်း" ဆိုတဲ့ဈေးက သာမန် User တစ်ယောက်ကို Tablet အစား ဖုန်းဝယ်ဖို့အားသန်သွားစေနိုင်သလို Performance User တွေအတွက်လည်း Laptop or Desktop ဝယ်ဖို့ကိုပဲ ပိုပြီးအားရုံကျသွားစေနိုင်တဲ့အချက်ပါ။

ဒီတော့ Samsung Galaxy Tab S4 ဟာ ဘယ်သူတွေအတွက်ဖြစ်မလဲ? သေချာတာကတော့ Samsung Crazy မဟုတ်တဲ့ Normal User တစ်ယောက်တွက်တော့ ဘယ်လိုမှအပ်စပ်မှာမဟုတ်ပါဘူး။ ဒါပေမယ့် ဖုန်းတစ်လုံးမှာသုံးနိုင်တဲ့အရာတွေ အားလုံးနီးနီးကို Tab S4 မှာ သုံးနိုင်တယ်။ (တစ်ချို့နေရာတွေမှာ ပိုကောင်းတဲ့ Experience ကို ရနိုင်မယ်) ဒါ့အပြင် Laptop တစ်လုံးပေါ်မှာလုပ်လေ့ရှိတဲ့ သာမန် Office Work နဲ့ Daily Routines တွေကို Tablet တစ်လုံးပေါ်မှာ လုပ်ဆောင်နိုင်မယ်။ ဆိုတော့ကာ Smart ကျကျ အလုပ်လုပ်ချင်သူတွေ၊ Designer, ပုံဆွဲကျွမ်းသူတွေ၊ High End Tablet တစ်လုံးလိုချင်နေတဲ့ Fan တွေအတွက်တော့ Samsung Galaxy Tab S4 ဟာ ရွေးချယ်စရာဖြစ်ကောင်းဖြစ်လာမှာပါ။


"Observe here. Trust yourself."

#PlanetX #Samsung #GalaxyTabS4 #Review

Friday, October 5, 2018

မြေအိုးကြက်သားထမင်း၊ ခရမ်းချဉ်သီးထမင်း (Tomato Rice)၊ ညော်ညာထမင်းမွှေးနဲ့ စပါးလင်ကြက်သားကြော်



ညော်ညာထမင်းမွှေး

ပေါ်ဆန်းမွှေးဆန်                     - ၃ ခွက် ( ၅၈၀ ဂရမ်)
ကြက်သွန်နီ                            - ၂၀၀ ဂရမ် (ပါးပါးလှီးထားပါ)
ကြက်သွန်ဖြူ                          - ၅၀ ဂရမ် (ပါးပါလှီးထားပါ)
ချင်း                                     - ၇၅ ဂရမ် (အမြှောင်းလိုက်လှီးထားပါ)
ပဲငံပြာရည်အနောက်                 - စားပွဲဇွန်း ၁ ဇွန်း
ကြက်သားမှုန့်                         - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
ဆား                                    - လက်ဖက်ရည်ဇွန်း ၁ ၁/၂ ဇွန်း
ဆီ                                       - စားပွဲဇွန်း ၂၀ ဇွန်း

Spice water အမွှေးနံ့သာရည်ကျိုရန်လိုအပ်တာတွေကတော့…
သစ်ကြံပိုးခေါက်                                - ၁ ချောင်း
နံနံစေ့                                             - စားပွဲဇွန်း ၂ ဇွန်း
ဇီယာစေ့                                          -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
စမုန်စပါး                                          - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
လေးညှင်းပွင့်                                     - ၄ ပွင့်
ဖာလာစေ့                                         - ၄ စေ့
နာနတ်ပွင့်                                         - ၂ ပွင့်
ရေ                                                  - ၄ ခွက်

Garnish အတွက်လိုအပ်တာတွေကတော့…..
နံနံပင်                                               - ၅ ပင် (ပါးပါးလှီးထားပါ)
ကြက်ဥပြုတ်                                       - ၃ လုံး (ထက်ခြမ်းခြမ်းထားပါ)

1. ပထမဦးဆုံး spice water ကျိုရန် အိုးအသေးတစ်လုံးထဲကို ရေ ၄ ခွက်ထည့်ပါ။ ပြီးလျှင် လိုအပ်တဲ့ ဟင်းခတ်အမွှေးအကြိုင်အားလုံးကို ထည့်ပြီး ဆူအောင်တည်ပါ။ ဆူလာရင် မီးဖိုပေါ်မှချပြီး ဆန်ခါဖြင့်စစ်ထားပါ။
2. အဆင်သင့်လှီးထားတဲ့ ကြက်သွန်နီကို ကြော်ရန်အတွက် ဒယ်အိုးထဲ ဆီ ဇွန်း ၂၀ ထည့်ပြီး ဆီပူအောင်တည်ထားပါ။
3. ဆီပူသည်နှင့် ကြက်သွန်နီထည့်ပြီး နီညိုရောင်သန်းအောင်ကြော်ပြီး ဆယ်ထားပါ။
4. အိုးထဲမှာရှိတဲ့  ဆီနဲ့ပဲပါးပါးလှီးထားတဲ့ ကြက်သွန်ဖြူကို နီညိုရောင်သန်းအောင်ကြော်ပြီး ဆယ်ထားပါ။
5. နောက်ဆုံးကျန်ရှိနေတဲ့ ဆီနဲ့ အမြှောင်းလိုက်လှီးထားတဲ့ ချင်းကို နီညိုရောင်သန်းအောင်ကြော်ပြီး ဆယ်ထားပါ။
6. ကျန်ရှိတဲ့ဆီကို ထမင်းချက်ရန်အတွက် ပန်းကန်လုံးတစ်လုံးထဲထည့်ပြီး သိမ်းထားပါ။
7. ပြီးလျှင် ဆန်ကို ရေဆေးပြီး ထမင်းပေါင်းအိုးထဲထည့်ပါ။ ပြီးလျှင် ကြော်ထားတဲ့ ချင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူကြော် ၁ ဇွန်းစီထည့်ပါ။ ပဲငံပြာရည် ၁ ဇွန်းထည့်ပါ။ ဆားနဲ့ ကြက်သားမှုန့်ထည့်ပါ။ ဆီချက် ၂ ဇွန်းထည့်ပါ။ ပြီးလျှင် စောစောက ကျိုထားတဲ့ spice water  2ခွက် နဲ့ ရေ ၂ခွက်ထည့်ပြီး ချက်ပါ။
8. ထမင်းကျက်ရင် ကျန်ရှိနေတဲ့ ဆီချက်နဲ့ ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီကြော်ထည့်ပြီး မွှေပေးပါ။ ပြီးရင် နောက်ထပ် ၁၀ မိနစ်ခန့်နှပ်ထားပေးပါ။
9. စားသုံးမည်ဆိုပါက ကြက်ဥပြုတ်၊ စပါးလင်၊ ကြက်သားကြော်၊ နံနံပင် တို့နှင့် တွဲပြီးသုံးဆောင်ပါ။


စပါးလင်ကြက်သားကင်

ကြက်သား                  - ၂ ချောင်း, 360 gm (အရိုးထုတ်ထားပါ)

အနှစ်အတွက်လိုအပ်သောပစ္စည်းများ

• စပါးလင်                     -  ၂ ချောင်း
• ကြက်သွန်နီအသေး       -  ၂ လုံး
• ငရုတ်သီးမှည့်အစို         -  ၂ တောင့်
• ကြက်သွန်ဖြူ               -  ၁ မြွှာ

Marinate လုပ်ရန်အတွက်လိုအပ်သောပစ္စည်းများ
           ပဲငံပြာရည်                   - စားပွဲဇွန်း ၁ ဇွန်း    
• ခရုဆီ                         - စားပွဲဇွန်း ၁ ဇွန်း
• ငံပြာရည်                      - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ပျားရည်                       - စားပွဲဇွန်း တစ်ဝက်
• သကြား                        - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• တရုတ်နှမ်းဆီမွှေး            -  လက်ဖက်ရည်ဇွန်း၂ ဇွန်း
• ငရုတ်ကောင်းမှုန့်အမည်း    - အနည်းငယ်
• ဆား                             - အနည်းငယ်
• ဆီ                               - အနည်းငယ်

အဆင့်ဆင့်ချက်ပြုတ်နည်း

1. အနှစ်အတွက် လိုအပ်သောပစ္စည်းများအားလုံးကို ကျေညက်အောင်ထောင်းပါ။
2. ပြီးလျှင် ကြက်သားကို Curry Paste နှင့် Marinate ရန်အတွက် လိုအပ်တဲ့ပစ္စည်းများအားလုံးနှင့်ရောနယ်ပြီး ၁ နာရီ ၊၂ နာရီခန့်နှပ်ထားပါ။(တစ်ညနှပ်ထားလျှင် အကောင်းဆုံးပါပဲ)
3. Electric Oven ကိုသုံးပါက အပူချိန် ၁၈၀’C တွင် ကြိုတင်ပြီး အပူပေးထားပါ။
4. ကြက်သားကင်မဲ့ ဗန်းကို ဆီအနည်းငယ်သုတ်ပါ။ ပြီးလျှင် နှပ်ထားတဲ့ကြက်သားထည့်ပါ။ ပြီးနောက်ကြက်သားကို ဆီအနည်းငယ်သုတ်ပေးပါ။
5. ကြက်သားဗန်းကို ovenထဲထည့်ပြီး မိနစ် ၃၀ ခန့်ကင်ပါ။
6. ကြက်သားကျက်ပါက ovenထဲမှထုတ်ပြီး ထိုင်းငရုတ်သီးဆော့စ်နဲ့သုံးဆောင်ပါ။

Myint Oo Tha


ခရမ်းချဉ်သီးထမင်း (Tomato Rice)
          ထောပတ်ထမင်း၊ အုန်းထမင်း၊ ပဲထမင်း၊ ဒံပေါက်၊ ကြက်ဆီထမင်းနဲ့ အမျိုးမျိုးသော ထမင်းချက်နည်းတွေကတော့ နားယဉ်ပြီးသားဖြစ်သလို အလှူပွဲ၊ မင်္ဂလာပွဲ၊ မွေးနေ့ပွဲတွေမှာ အမြဲလိုလို တည်ခင်းလေ့ရှိကြပါတယ်။ ခရမ်းချဉ်သီးထမင်းကိုတော့ ကိုယ့်ပတ်ဝန်းကျင်မှာ ကြားရခဲပါတယ်။ အလှူပွဲ၊ မင်္ဂလာပွဲ၊ မွေးနေ့ပွဲတွေမှာ အရသာထူးထူးခြားခြားလေးနဲ့ အသစ်အဆန်းတစ်မျိုးနဲ့ တည်ခင်းမိတ်ဆက်ပေးနိုင်ဖို့ မလေးခရမ်းချဉ်သီး ထမင်းချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ချက်ကြည့်ရအောင်နော်။


ပါဝင်ပစ္စည်းများ

ဆန် (Basmati)  –  ၄ ခွက် (ဆန်ခြင်ခွက်)

နို့စိမ်း  –  ၂ ခွက်

ရေ  –  ၃ ၁/၂ ခွက်

ဆား  –  စားပွဲဇွန်း ၁ ဇွန်း

သကြား  –  ၂ ဇွန်း

ကြက်သွန်နီ  –  ၂ လုံး

ကြက်သွန်ဖြူ  –  ၄ မြွှာ

ချင်း  –  ၃ တက်

ခရမ်းချဉ်သီး  –  ၂ လုံး  (အနေတော်)

ခရမ်းချဉ်သီးအစား Tomato Puree ကို သုံးနိုင်ပါတယ်။

ခရမ်းချဉ်သီးအနှစ်  –  ၃ ဇွန်း (Tomato Paste)

သစ်ကြံပိုးခေါက်  –  ၂ ချောင်း (အသေး)

ဖာလာစေ့  –  ၂ စေ့

လေးညှင်းပွင့်  –  ၂ ပွင့်

နာနတ်ပွင့်  –  ၁ ပွင့်

ဆွမ်းမွှေးရွက်  –  ၂ ရွက်

ဆီ  –  ၅ ဇွန်း

ပြုလုပ်နည်း

၁။       ဦးစွာ ဆန်ကို ရေဆေးပြီး ရေ၊ နို့စိမ်း၊ ဆား၊ သကြားနှင့် ဆွမ်းမွှေးရွက်တို့ကို ထည့်၍ အသင့်ပြင်ထားပါ။

၂။       ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် ချင်းတို့ကို ရောပြီး ကြိတ်ထားပါ။

၃။       ခရမ်းချဉ်သီးသုံးပါက သေးသေးစိတ်ထားပါ။ အရောင်လှစေရန် ခရမ်းချဉ်သီးအနှစ် သုံးခြင်း ဖြစ်ပါတယ်။

၎။       အားလုံးအသင့်ဖြစ်ပါက ဒယ်အိုးတစ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ဖာလာစေ့၊ လေးညှင်း၊ နာနတ်ပွင့်နှင့် သစ်ကြံပိုးခေါက်တို့ကို ထည့်ပြီး ဆီသတ်ပါ။

၅။       အနံ့မွှေးလာပါက ကြိတ်ထားတဲ့ ကြက်သွန်အရောကို ဆီသတ်ပါ။ ခရမ်းချဉ်သီး အနှစ်ထည့်ပါ။ ခရမ်းချဉ်သီးထည့်ပြီး အနံ့မွှေးလာလျှင် မီးပိတ်ပြီး အသင့်ပြင်ဆင်ထားသော ထမင်းပေါင်းအိုးထဲသို့ထည့်၍ သမအောင်မွှေပေးပြီး ခလုတ်နှိပ်ကာ ချက်ထားပါ။

၆။       ၁၀ မိနစ်ခန့်တစ်ကြိမ် အထက်အောက် မွှေပေးပါ။ ခလုတ်ပြုတ်ပြီး ထမင်းကျက်လျှင် ရနံ့သင်းပျံ့  အရသာဆိမ့်လှတဲ့ ခရမ်းချဉ်သီးထမင်းကို နှစ်သက်ရာ ကြက်သား၊ ကြက်ကြော်၊ သီးစုံသနပ်သခွားသီးတို့ဖြင့် တွဲဖက်တည်ခင်းနိုင်ပါပြီ။


by Sofia

Thursday, October 4, 2018

‘အညော်’ ဘာလဲ၊ ဘယ်လဲ?


🍲🔥💨🍲🔥💨🍲🔥💨

 ကျနော်တို့ငယ်ငယ်ကထဲက ခဏခဏ ကြားဖူးခဲ့တဲ့ ‘အနာရှိရင် အညော်မမိစေနဲ့နော်…’ ဆိုတဲ့စကားထဲက အညော်ဟာ ကျနော်တို့အတွက်တော့ ဒဏ္ဏာရီလိုလို ပုံပြင်လိုလို ဖြစ်နေတာကြာခဲ့ပါပြီ… ကျနော်တို့သင်ခဲ့ရတဲ့ အနာကျက်နှေးစေတဲ့အကြောင်းတွေ (Factors Influencing Wound Healing) ထဲမှာတော့ အညော် (Fumes) ဟာ အချက်အလက်တစ်ခုအနေနဲ့ မပါဝင်ခဲ့ပါဘူး… ဒါပေမယ့် အနာကျက်နှေးစေတဲ့ အကြောင်းတွေထဲမှာပါတဲ့ အောက်စီဂျင်လုံလုံလောက်လောက်ရရှိခြင်း (Oxygenation) နဲ့တော့ သွယ်ဝိုက်ပြီး သက်ဆိုင်ရင် သက်ဆိုင်နိုင်ပါတယ်…

 ကျနော်တို့သိခဲ့တဲ့ အနာကျက်နှေးစေတဲ့အကြောင်းတွေကို ဒဏ်ရာတဝိုက်မှာဖြစ်တဲ့အကြောင်းရင်း (Local Factors) နဲ့ ကိုယ်ခန္ဓာရဲ့ ကျန်တဲ့စနစ်တွေကြောင့်ဖြစ်တဲ့အကြောင်းရင်း (Systemic Factors) တွေဆိုပြီး ခွဲခြားပြောကြပါတယ်… အခုဆောင်းပါးမှာတော့ အဲ့ဒီလို မခွဲခြားဘဲ ဖော်ပြမှာဖြစ်ပါတယ်… အခုဖော်ပြတဲ့အချက်တွေကို အသေးစိတ်သိချင်ရင် နောက်ဆက်တွဲမှာ ထပ်ပြီး ဖတ်ရှုလေ့လာနိုင်ပါတယ်… ကျနော်တို့သိခဲ့တဲ့ အနာကျက်နှေးစေတဲ့အကြောင်းတွေကတော့-

၁။ အောက်စီဂျင်လုံလုံလောက်လောက်မရတာ၊ (Oxygenation)
၂။ ချုပ်ကြိုးတင်းလွန်းတာ၊(Wound Tension)
၃။ ဒဏ်ရာရတဲ့နေရာ၊ (Site of Wound)
၎။ ထုံဆေးထိုးပြီးချုပ်တာ၊ (Local Anaesthesia)
၅။ အအေးဓာတ်လွန်ကဲတာ၊ (Temperature)
၆။ အနာကို ရောဂါပိုးဝင်တာ၊ (Infection)
၇။ အနာထဲမှာ ကိုယ့်သွေးသားမဟုတ်တဲ့ ပြင်ပက ပစ္စည်းတစ်ခုခုရှိတာ၊ (Foreign Body)
၈။ ပျက်စီးပုပ်ဆွေးနေတဲ့တစ်သျှူးနဲ့ အသားစတွေရှိနေတာ၊ (Death tissue)
၉။ ဓာတ်ရောင်ခြည်သင့်တာ၊(Radiation)
၁၀။ ဆီးချိုသွေးချိုလို အနာကျက်နှေးစေတဲ့ရောဂါတွေရှိတာ၊ (Diseases)
၁၁။ အာဟာရချို့တဲ့တာ၊အနာကျက်ဖို့အတွက်လိုအပ်တဲ့ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့တာ၊ (Nutrition)
၁၂။ စတီးရွိုက်၊ အကိုက်အခဲပျောက်ဆေးလိုဆေးမျိုးကို သောက်သုံးနေတာ၊ (Medications)
၁၃။ အရက်၊ ဆေးလိပ်သောက်တာ၊ (Alcohol and Smoking)
၁၄။ စိတ်ဖိစီးမှုများတာ၊ (Stress)
၁၅။ အသက်အရွယ်ကြီးတာ (၆၀နှစ်အထက်) (Old Age)
၁၆။ လိင်ဟော်မုန်းဓာတ်ပုံမှန်မဟုတ်တာ၊ (Sex Hormone)
၁၇။ အဝလွန်တာ၊ (Obesity) တို့ပဲဖြစ်ပါတယ်…

 အညော်လို့ ပြောမယ်ဆိုရင် အညော်ဆိုတာ ဘာလဲဆိုတဲ့အဓိပ္ပါယ်ကို အရင်ရှင်းရမယ် ထင်ပါတယ်… အညော်ဆိုတာကတော့ အားလုံးသိပြီးတဲ့အတိုင်းပါပဲ… ရှူမိရင် အန္တရာယ်ဖြစ်စေနိုင်တဲ့၊ အနံ့ပြင်းတဲ့ အခိုးအငွေ့ (ဓာတ်ငွေ့)တွေပါပဲ…


စားဆီ၊ ငရုတ်သီး၊ ဟင်းချက်စရာ တစ်ခုခုကို ကြော်လှော်ရာကနေ ထွက်လာတဲ့အခိုးအငွေ့၊ အနံ့၊ ကတ္တရာကို အရည်ကြိုရင်ထွက်လာတဲ့ အခိုးအငွေ့၊ ခြင်ဆေးလို လောင်ကျွမ်းရာကထွက်လာတဲ့အခိုးအငွေ့၊ ကားအိတ်ဇော က ထွက်လာတဲ့ ဓာတ်ငွေ့၊ ကျောက်မီးသွေးဓာတ်ငွေ့၊ ယမ်းငွေ့ စသည်ဖြင့် အညော်အမျိုးမျိုးရှိကြပါတယ်… အဲ့ဒီအညော်တွေထဲမှာ ကျနော်တို့ရဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ဓာတ်ငွေ့တွေ အများကြီးပါပါတယ်… ဥပမာအားဖြင့် ကားအိတ်ဇောကထွက်တဲ့ မီးခိုးငွေ့ထဲမှာ Carbon monoxide, Sulfur dioxide, nitrogen oxides, formaldehyde, Hydrocarbon (Benzene) နဲ့ တခြားဓာတ်ငွေ့တွေပါဝင်ပြီး အများကြီးရှူမိမယ်ဆိုရင် ရှူသွင်းမိတဲ့လူကို အန္တရာယ်ဖြစ်စေနိုင်ပါတယ်… အချိန်အကြာကြီး အမြဲလိုလိုရှူနေမိမယ်ဆိုရင် သွေးကင်ဆာရောဂါ အပါအဝင် တခြားကင်ဆာရောဂါတွေပါ ဖြစ်နိုင်ပါတယ်… အစားအသောက်တွေကို ဆီနဲ့ကြော်လို့ထွက်လာတဲ့အညော်ငွေ့မှာလည်း PAHs လို့ အတိုကောက်ခေါ်တဲ့ Polycyclic Aromatic Hydrocarbons (Benzene) တွေ၊ Acrolein နဲ့ Acetaldehyde စတဲ့ ဓာတ်ငွေ့တွေထွက်လာပြီး အဆုတ်ကိုထိခိုက်တဲ့အတွက် အညော်နဲ့ထိတွေ့မိတဲ့ စားဖိုမှူးအများစုဟာ အဆုတ်ကင်ဆာရောဂါ ဖြစ်နိုင်ခြေ မြင့်မားပါတယ်… လေ့လာမှုတစ်ခုအရ စားသုံးဆီတွေကိုကြော်ရာကနေ ထွက်လာတဲ့ PAHs ဓာတ်ငွေ့ ၁၆ မျိုးက ကင်ဆာရောဂါဖြစ်စေတဲ့ ဂုဏ်သတ္တိရှိတယ်လို့ သိရပါတယ်…

 အညော်တွေအားလုံးလိုလိုမှာပါဝင်တဲ့ဓာတ်ငွေ့က PAHs တွေပါပဲ… PAHs ဒြပ်ပေါင်းတွေဖြစ်တဲ့ Benzene ဆိုတာက ကာဗွန်ဓာတ်ငွေ့နဲ့ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့ကို ပေါင်းစပ်ထားတဲ့ ဒြပ်ပေါင်းတစ်မျိုးပါ… PAHs ဓာတ်ငွေ့မှာ ဒြပ်ပေါင်း အမျိုးအစား ၁၅၀ ကျော်ရှိပါတယ်… ကင်ဆာဖြစ်စေနိုင်တဲ့အထိ အကျိုးသက်ရောက်မှုရှိတဲ့ PAHs ဓာတ်ငွေ့က ၁၄ မျိုး ရှိပါတယ်… PAHs အညော်တွေဟာ ကျနော်တို့ရဲ့ ခန္ဓာကိုယ်ထဲကို အသက်ရှူသွင်းတာရယ်၊ ကြော်လှော်ထားတဲ့အစားအစာတွေကို ဝါးမြိုမိတာတွေရယ် ကြောင့် ဝင်ရောက်လာနိုင်ပါတယ်… ဒီဆောင်းပါးမှာတော့ အညော်ကြောင့်ဖြစ်တဲ့ ကင်ဆာအကြောင်းထက် အနာကျက် နှေးစေတဲ့ ကြောင်းကျိုးတရားအပိုင်းကိုပဲ ဖော်ပြပေးမှာဖြစ်ပါတယ်…

 ဒီ PAHs ဓာတ်ငွေ့ (အညော်) တွေကို ရှူသွင်းမိခြင်းအားဖြင့် ကျနော်တို့ရဲ့ DNA (Deoxyribonucleic acid) လို့ခေါ်တဲ့ မျိုးဗီဇနှစ်ပင်လိမ်အမျှင်ကို ထိခိုက်မှုဖြစ်စေနိုင်ပါတယ်… ဘယ်လိုထိခိုက်စေသလဲဆိုရင်  ‘Indicator Lesion’ 8-hydroxy-2’-deoxyguanosine ဖြစ်စေတဲ့အပြင် ခရိုမိုဇုမ်း (Chromosomes) လို့ခေါ်တဲ့ မျိုးဗီဇအစုကို ဖောက်ပြန်စေတာ(Chromosomal Aberrations)မို့ DNA ရဲ့ ဗီဇမျှင်တွေ ပြိုကွဲပျက်စီးစေတာဖြစ်ပါတယ်… အဲ့ဒီလိုဖြစ်တာနဲ့ တချိန်ထဲမှာပဲ ဒီအညော်ငွေ့ကြောင့် တစ်သျှူးတွေရောင်ရမ်းပြီး ဒဏ်ရာနေရာမှာ သွင်ပြင်မျိုးစုံရှိတဲ့ သွေးဖြူဥတွေ [Polymorphonuclear leukocytes (neutrophilic granulocytes)] စုပုံရောက်ရှိလာစေပါတယ်… ဒါ့အပြင် Reactive Oxygen Species (ROS) လို့ခေါ်တဲ့ အောက်စီဂျင်ဓာတ်ပြုအစုအဝေးတွေကိုလည်း မကြာခဏ လွှတ်ထုတ်ပေးပြီး မျိုးဗီဇအစုကို ဖောက်ပြန်အောင် ပြုလုပ်ပေးပါတယ်… အဲ့ဒီလိုဖောက်ပြန်စေတာကြောင့် အနာကျက်နှေးတာအပြင် ကင်ဆာလိုရောဂါတွေ ဖြစ်လာစေနိုင်ပါတယ်…

 PAHs ဓာတ်ငွေ့နဲ့ ထိတွေ့မှုရှိနေတဲ့ အနာဆီကို သွေးဖြူဥတွေ ရောက်ရှိလာပြီဆိုရင် DNA-reactive PAH diol-epoxides လို့ခေါ်တဲ့ ဓာတ်အစုတွေကို ထပ်ထွက်လာစေတာကြောင့် မျိုးဗီဇအမျှင်ထိခိုက်မှုကို ပိုပြီး ဆိုးရွားစေပါတယ်… မျိုးဗီဇအမျှင်ကို ထိခိုက်မှုဖြစ်စေတဲ့အပြင် ခရိုမိုဇုမ်း မျိုးဗီဇအစုကိုပါ အထပ်ထပ်ဖောက်ပြန်မှုတွေ ဖြစ်စေနိုင်ပါတယ်… ဒီလိုဖြစ်စဉ်တွေကြောင့် အနာကျက်နှေးစေတဲ့အပြင် အရေပြားကင်ဆာကိုဖြစ်စေတဲ့ အဓိကဒြပ်ပေါင်းတွေ (Parent compounds in skin tumorigenesis) ကိုပါ ထွက်လာစေနိုင်ပါတယ်…


 ကျနော်တို့တွေဟာ နေ့စဉ်နဲ့အမျှ အချိန်တိုင်းလိုလို အညော်ဓာတ်ငွေ့မျိုးစုံ၊ PAHs ဓာတ်ငွေ့မျိုးစုံနဲ့ ထိတွေ့နေကြရပါတယ်… ဆေးလိပ်ငွေ့လိုအငွေ့ထဲမှာတောင် ဓာတုပစ္စည်း (Chemicals) ပေါင်း ၄၀၀ - ၆၀၀ အထိပါဝင်ပါတယ်… ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတ်ငွေ့က ၁၄ ခုပဲရှိတယ်ဆိုပေမယ့် တခြားဓာတ်ငွေ့တွေက ကင်ဆာဖြစ်မယ့်ဓာတ်ငွေ့ကို ကူညီအားပေးတဲ့ ‘Co-carcinogenic effect’ အာနိသင်တွေရှိကြပါတယ်…

 နိဂုံးချုပ်အနေနဲ့ပြောရရင် အညော်ဟာ အနာကျက်တာကို နှောင့်နှေးစေတဲ့သတ္တိရှိတာကြောင့် ဒဏ်ရာအနာတရဖြစ်ရင် အညော်ရှောင်ဖို့၊ ဆီကြော်တွေမစားဖို့ လိုအပ်မှာဖြစ်ပါတယ်... ဒါ့အပြင် အနာကျက်နှေးစေတဲ့အကြောင်းတွေထဲမှာ အညော်ကို ထပ်ပြီး ဖြည့်စွက်နိုင်ပါတယ်… နောက်ပြီး စားဖိုမှူးတွေ၊ အိမ်ရှင်မတွေအနေနဲ့ အညော်ရဲ့ ဆိုးကျိုးကို သတိထားပြီး ချက်ပြုတ်မယ်ဆိုရင် ကျန်းမာရေးအတွက် ပိုပြီး သင့်လျော်ပါလိမ့်မယ်… အညော်နဲ့ပတ်သက်ပြီး လေ့လာလိုသူတွေအနေနဲ့လည်း အညော်ဓာတ် တစ်ခုချင်းစီမှာပါဝင်တဲ့ PAHs ဓာတ်ငွေ့အမျိုးအစားတွေ၊ ရေတို/ရေရှည် အကျိုးသက်ရောက်မှု၊ အညော်ကိုရှူသွင်းတာရဲ့ အနာကျက်စေမှုအပေါ်သက်ရောက်မှု၊ အညော်ရဲ့ အနာပေါ် တိုက်ရိုက်အကျိုးသက်ရောက်မှု စတဲ့အချက်တွေကို ထပ်ပြီး သုတေသနပြု လေ့လာမယ်ဆိုရင် ပိုပြီး အကျိုးရှိနိုင်ပါတယ်ဆိုတဲ့အကြောင်း အကြံပြုရင်း ‘အညော်၊ ဘာလဲ၊ ဘယ်လဲ’ ဆောင်းပါးကို နိဂုံးကမ္ပတ်အဆုံးသတ်လိုက်ပါရစေဗျ…

ဒေါက်တာနေလင်းအောင် (ပျော်ဘွယ်)
၂.၁၀.၂၀၁၈

References:
The Carcinogenic Effects of Polycyclic Aromatic Hydrocarbons by Luch Andreas, p.420
Harmful fumes from frying – Chromatography Investigates, in News section of Chromatography Today, Sep 25 2015
Y. Zhiliang et al., 2015, Characteristics of PAHs from deep-frying and frying cooking fumes, Environmental Science and Pollution Research.
Frying and Cooking fumes by Joe Schwarcz, 20 Mar 2017
Why Are Vehicles’ Exhaust Fumes Harmful To Harmful? By Ashish, 2016 in Sicence ABC
Factors influencing wound healing by J.C. van der Meulen, 1979
Factors affecting wound healing by S. Guo and L.A. DiPietro, 2010
Local Anesthetics and Wound Healing by Prof: Milos Chvapil, 6 Dec 1979, vol.27, issue 6, in Journal of Surgical Research, p. 367 - 371

နောက်ဆက်တွဲ (က)

အနာကျက်နှေးစေသော အကြောင်းတရားများ

 အနာကျက်နှေးစေတဲ့အကြောင်းတရားတွေကို အနာတဝိုက်ဖြစ်တဲ့အကြောင်းတရား (Local) နဲ့ ကိုယ်ခန္ဓာဖွဲ့စည်းပုံစနစ်မှာဖြစ်တဲ့အကြောင်းတရား (Systemic) ရယ်လို့ ခွဲခြားပြီး ပြောကြပါတယ်… ဒါပေမယ့် ကျနော်ကတော့ Local နဲ့ Systemic မခွဲဘဲ အကြောင်းတရားတစ်ခုချင်းစီအလိုက် ရေးသား ဖော်ပြပေးမှာဖြစ်ပါတယ်…

၁။ အောက်စီဂျင်လုံလုံလောက်လောက်မရရှိခြင်း (Lack of oxygen or oxygenation)

အောက်စီဂျင်ဟာ ဆဲလ်တွေရဲ့ဇီဝဖြစ်စဉ်(Metabolism)တွေ အတွက်အရေးကြီးပါတယ်… အထူးသဖြင့် ATP(Adenosine Triphosphate) ဆိုတဲ့ စွမ်းအင်ထုတ်လုပ်ပေးတဲ့နေရာမှာပါ… အောက်စီဂျင်ဟာ ရောဂါပိုးတချို့ကို ကာကွယ်ပေးတယ်၊ သွေးကြောသစ်တွေ ဖြစ်ထွန်းဖို့ လုပ်ဆောင်ပေးတယ်၊ epithelium လို့ခေါ်တဲ့ သွေးကြောတွေ၊အင်္ဂါတွေရဲ့ အပြင်ဘက်ဆုံးအလွှာကို အသစ်ပြန်ဖြစ်စေတယ်၊ အနာကို ပြန်ဖာဖို့အတွက် ဖိုင်ဘာအမျှင်ဓာတ်ဖြစ်စေတဲ့ Fibroblast တွေပွားများဖို့ ကူညီပေးတယ်၊ Collagen Synthesis ကို ကောင်းစေတယ် စတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ပေးပါတယ်… ဒါကြောင့် အောက်စီဂျင် ကောင်းကောင်းမွန်မွန် လုံလုံလောက်လောက်မရရင် အနာကျက် နှေးနိုင်ပါတယ်… သွေးထောက်ပံ့မှု အားကောင်းလေလေ၊ အောက်စီဂျင်များများ ရလေလေ အနာကျက်မြန်လေပါပဲ…

ဒီနေရာမှာတစ်ခုပြောချင်တာက သွေးအားနည်းရောဂါ (Anaemia) မှာတော့ အနာကျက်နှေးတာ မဖြစ်ပါဘူး… ဘာလို့လဲဆိုရင် သွေးနီဥနည်းတယ်ဆိုပေမယ့် သွေးစေးပြစ်မှုလျော့နည်းတာ၊ သွေးကြောမွှားနေရာတွေမှာ ဖိအားကျတာ၊ နှလုံးကနေ သွေးပို့မှုများတာတွေကြောင့် အနာနေရာမှာတော့ အောက်စီဂျင်ပါဝင်မှုက ပုံမှန်ဖြစ်နေလို့ပါပဲ…

၂။ တင်းအားများလွန်းခြင်း (Increased Wound Tension)
အနာကိုချုပ်တဲ့အခါ ချုပ်ကြိုးက အရမ်းတင်းလွန်းတာ (Tension) ကြောင့်လည်း သွေးကြောမွှားတွေမှာ သွေးထောက်ပံ့နိုင်မှုအားနည်းပြီး အနာကျက်နှေးတတ်ပါတယ်…

၃။ ဒဏ်ရာရသည့် နေရာ (Site of Wound)
အကွေးအဆန့်နေရာတွေမှာဖြစ်တဲ့အနာဟာလည်း အနာကျက်နှေးနိုင်ပါတယ်… အထူးသဖြင့် မဖြစ်မနေလှုပ်ရှားနေရတဲ့ ခြေ၊ လက်၊ တံတောင်ဆစ်၊ ဒူးဆစ်တွေလိုနေရာမှာဖြစ်တဲ့ အနာတွေဟာ အကွေးအဆန့်၊ လှုပ်ရှားမှုမရှိတဲ့နေရာမှာဖြစ်တဲ့ အနာတွေထက် အနာကျက်မြန်ပါတယ်…

၎။ ထုံဆေး  (Local Anaesthesia)
ထုံဆေးထိုးတဲ့အခါ အာရုံကြောနဲ့ သွေးကြောမွှားတွေ ကျုံ့ပြီး Collagen စုစည်းမှုကို ဟန့်တားသလိုဖြစ်တာကြောင့်လည်း အနာကျက်နှေးပါတယ်…

၅။ အပူချိန် (Tenperature)
ပတ်ဝန်းကျင် အအေးဓာတ်လွန်ကဲတာ (၁၂ - ၂၀ ဒီဂရီဆဲလ်ဆီးယပ်စ် 12ံ- 20ံC) ကြောင့် အာရုံကြောတွေထုံ၊ သွေးကြောတွေကျုံ့တာကြောင့် အနာကျက်နှေးနိုင်ပါတယ်…ဒါကြောင့် ဆောင်းရာသီမှာ ဖြစ်တဲ့ အနာဟာ နွေနဲ့မိုးမှာဖြစ်တဲ့အနာထက် အနာကျက်တာ ပိုနှေးပါတယ်…

၆။ ရောဂါပိုးဝင်ခြင်း (Infections)
အနာကို ရောဂါပိုးဝင်တာကြောင့်လည်း အနာကျက်နှေးစေပါတယ်…

၇။ ပြင်ပ ပစ္စည်း (Foreign Body)
နိုင်ငံခြားကခန္ဓာကိုယ်ရှိတာ အဲလေ :p ကိုယ့်ခန္ဓာရဲ့သွေးသားမဟုတ်တဲ့ ပြင်ပ ပစ္စည်းတစ်ခုခုရှိနေတာ (Foreign Body)ဆိုရင်လည်း အနာကျက်နှေးပါတယ်…

၈။ ပျက်စီးတစ်သျှူးများ (Dead Tissues)
အနာထဲမှာ သွေးပုပ်ပြည်ပုပ်နဲ့ ပျက်စီးပုပ်ဆွေးနေတဲ့ တစ်သျှူးတွေရှိတာကို မဖယ်ရှားရင်လည်း အနာကျက်နှေးပါတယ်…

၉။ ဓာတ်ရောင်ခြည်သင့်ခြင်း (Radiation)
ဓာတ်ရောင်ခြည် (Radiation)ပေးရင်လည်း ပုံမမှန်တဲ့ရောင်ရမ်းမှုဖြစ်စဉ်တွေဖြစ်တာ၊ Endothelial cells, fibroblasts နဲ့ Epithelial cells တွေချို့တဲ့သွားတာကြောင့် အနာကျက်နှေးပါတယ်…

၁၀။ ရောဂါများ (Diseases)
နာတာရှည် ဆီးချိုသွေးချိုရောဂါမှာလည်း အာရုံကြောတွေ ထုံကျဉ်ပျက်စီးတာကြောင့် အနာတွေဖြစ်လွယ်ပြီး အနာဖြစ်ရင်လည်းပျောက်တဲ့အချိန် ကြာပါတယ်… သွေးတိုးရောဂါမှာလည်း အနာကျက်နှေးနိုင်ပါတယ်…

သွေးခဲပစ္စည်းပုံမမှန်တဲ့ရောဂါတစ်ခုခုရှိတာ၊ သွေးကျဲဆေး (Aspirin) သောက်နေတာ (Coagulation disorders)ဆိုရင်လည်း သွေးခဲမှုဖြစ်စဉ်ကို အဟန့်အတားဖြစ်တာမို့ အနာကျက်နှေးပါတယ်…

ကိုယ်ခံအားလျော့နည်းနေတဲ့ အခြေအနေတွေဖြစ်တဲ့ ကင်ဆာ၊ ကင်ဆာဆေးသွင်းထားတဲ့လူနာ၊ ဓာတ်ကင်ထားတဲ့လူနာ၊ AIDS ရောဂါသည်တွေမှာလည်း အနာကျက်နှေးပါတယ်…

နှလုံးသွေးကြောကျဉ်းရောဂါ (Coronary Heart Disease)၊ လေဖြန်း၊လေဖြတ်ရောဂါ နဲ့ သွေးလည်ပတ်မှုစနစ်အားနည်းတဲ့ ရောဂါတွေမှာလည်း အနာကျက်နှေးနိုင်ပါတယ်…

အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေရှိနေရင်လည်း အနာကျက်နှေးနိုင်ပါတယ်…

ကီးလွိုက်အနာရွတ်နေရာ (Keloids)၊ ဖိုက်ဘာမျှင်တွေစုပုံနေတဲ့နေရာ (fibrosis)၊ အနာကျက်နှေးစေတဲ့ပြဿနာရှိတဲ့မျိုးဗီဇ (hereditary healing disorders)၊ အသားဝါတာ (jaundice)၊ ဆီးထဲမှာရှိတဲ့ ယူရီးယားဓာတ် (Urea) က သွေးထဲရောက်နေတဲ့အခြေအနေ (uremia) တွေမှာလည်း အနာကျက်နှေးနိုင်ပါတယ်…

၁၁။ အာဟာရ (Nutrition)
အာဟာရပြည့်အောင် မစားမသောက်သူတွေမှာလည်း အနာကျက်နှေးနိုင်ပါတယ်… အနာကျက်ဖို့အတွက် လိုအပ်တဲ့ဗီတာမင်နဲ့သတ္တုဓာတ်တွေ၊ ပရိုတင်းဓာတ်တွေချို့တဲ့နေတဲ့အတွက် အနာကျက်နှေးတာပဲဖြစ်ပါတယ်…

ပရိုတင်းဓာတ် (အသားဓာတ်) နည်းရင်လည်း အနာကျက်နှေးပါတယ်… Collagen Synthesis ကို နှောင့်နှေးစေလို့ဖြစ်ပါတယ်…

ဗီတာမင် အေ (Vitamin A) က granulocytes နဲ့ macrophages တွေကို အနာဆီရောက်အောင် ကောင်းကောင်းဆောင်ရွက်ပေးပါတယ်… ဒါကြောင့် ဗီတာမင်အေ ချို့တဲ့ရင် အနာကျက်နှေးပြီး ဗီတာမင် အေ ပြည့်ဝရင် အနာကျက်မြန်ပါတယ်… စတီးရွိုက်ဆေးကြောင့် အနာကျက်နှေးတာကို ဗီတာမင်အေ ဆေးပေးပြီး ထိန်းနိုင်ပါတယ်…

ဗီတာမင် စီ (Vitamin C) လျော့နည်းတဲ့အခြေအနေတွေမှာလည်း အနာကျက်နှေးပါတယ်… ဒါကြောင့် ထိခိုက်ဒဏ်ရာရရင် ဗီတာမင် စီက မရှိမဖြစ်လိုအပ်ပါတယ်… ဗီတာမင် စီက Collagen Synthesis ကို မြန်မြန်ဖြစ်စေတဲ့အတွက် သူမရှိရင် အနာကျက်နှေးမှာပါပဲ…

ဗီတာမင် အီး (Vitamin E) ရဲ့ အာနိသင်ကတော့ စတီးရွိုက်လိုမျိုး Granulocytes နဲ့ Macrophages ဆဲလ်တွေရဲ့ Lysosome အကာမြှေးကို တည်မြဲစေတဲ့အတွက် အဲ့ဒီဆဲလ်တွေ အနာဆီရောက်ဖို့ နှောင့်နှေးစေတာကြောင့် အနာကျက်နှေးစေပါတယ်… ဒါကြောင့် အနာရှိရင် Vitamin E မပေးသင့်ပါဘူး…
သတ္တုဓာတ်တစ်မျိုးဖြစ်တဲ့ သွပ်ဓာတ် (Zinc) ဟာ မီးလောင်ဒဏ်ရာလို အနာကြီးကြီးမားမားဖြစ်ရင် အများကြီးလိုအပ်ပါတယ်… Fibroblasts နဲ့ Epithelium ဆဲလ်တွေပွားများဖို့အတွက်လိုအပ်တဲ့ ဓာတ်မြန်ပစ္စည်း DNA-polymerase နဲ့ Reverse-transcriptase Enzymes တွေမှာ သွပ်ဓာတ်ကို လိုအပ်ပါတယ်… ဒါကြောင့် သွပ်ဓာတ်နည်းရင် အနာကျက်နှေးစေပြီး သွပ်ဓာတ် (Zinc) ကို အစားပြန့်ဖြည့်ပေးရင်တော့ အနာကျက်မြန်ပါတယ်…

၁၂။ ဆေးဝါးများ (Drugs)
Corticosteroids လို့ခေါ်တဲ့ စတီးရွိုက်အရောင်ကျဟော်မုန်းဆေးတွေကြောင့်လည်း အနာကျက်နှေးပါတယ်… ဒီဆေးက endothelial cells, fibroblasts, epithelial cells တွေ အသစ်ပြန်ဖြစ်တာကို နှောင့်နှေးစေတဲ့အပြင် Collagen နဲ့ Proteoglycans တွေစုစည်းမှုကို ပါ နှေးစေတဲ့အတွက် အနာကျက်နှေးတာ ဖြစ်ပါတယ်… အနာရှိလျက်နဲ့ ဒီဆေးကို မဖြစ်မနေသုံးရတဲ့ အခြေအနေမျိုးမှာဆိုရင်တော့ ဗီတာမင် အေ (Vitamin A) ကို ပေးမှ အနာကျက်မြန်နိုင်ပါလိမ့်မယ်…
စတီးရွိုက်မဟုတ်တဲ့အရောင်ကျဆေး (NSAIDs) တွေဖြစ်တဲ့ Aspirin, Indomethacin တွေဟာလည်း သွေးကြောတွေကိုကျယ်စေတဲ့ prostaglandin E1, E2 တွေမထွက်အောင် ဖိနှိပ်တားဆီးပေးတာကြောင့် အနာကျက်နှေးစေနိုင်ပါတယ်…

၁၃။ အရက်သောက်ခြင်း (Alcohol) နှင့် ဆေးလိပ်သောက်ခြင်း
အရက်သမားတွေနဲ့ ဆေးလိပ်သောက်တဲ့သူတွေမှာလည်း အနာကျက်နှေးပါတယ်… အရက်သောက်တဲ့သူတွေမှာ ကိုယ်ခံအားကျသွားနိုင်တာမို့ ရောဂါပိုးဝင်လွယ်စေတဲ့အပြင် ဒဏ်ရာတဝိုက်မှာ သွေးကြောအသစ်တွေဖြစ်တာကို နှောင့်နှေးစေပါတယ်… ဒဏ်ရာရတဲ့အခါ အစောပိုင်းရောင်ရမ်းမှုဖြစ်စဉ် (Early Inflammatory Response)ကို နှောင့်ယှက်ပေးသလို Collagen ထုတ်လုပ်စုစည်းမှုကိုလည်း ကျဆင်းစေတဲ့အတွက် အရက်ကို ရေရှည်စွဲစွဲမြဲမြဲသောက်သုံးသူတွေမှာ အနာကျက်နှေးစေပါတယ်…

ဆေးလိပ်မှာပါတဲ့ နီကိုတင်းဓာတ်ဟာ အစာစားချင်စိတ်ကို ဖိနှိပ်တဲ့အတွက် ဆေးလိပ်ကို စွဲစွဲမြဲမြဲ သောက်သူတွေဟာ အာဟာရပြည့်ဝတဲ့ အစားအစာ စားသောက်တာနည်းသွားပါတယ်… ဒါကြောင့် အနာကျက်ဖို့အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ ချို့တဲ့နိုင်တာကြောင့် အနာကျက်နှေးနိုင်ပါတယ်…

၁၄။ စိတ်ဖိစီးမှု (Stress)
စိတ်ဖိစီးမှုများရင် Glucocorticoids (GCs) လို စတီးရွိုက်ဟော်မုန်းဓာတ်တွေကို ပိုပြီးထွက်လာစေပြီး ဒဏ်ရာနေရာမှာ ရောင်ရမ်းမှုဖြစ်လာမယ့် Proinflammatory cytokines တွေနည်းပါးအောင် လျှော့ချပေးပါတယ်… ဒါ့အပြင် အနာကျက်ဖို့အတွက် အရေးကြီးတဲ့ IL-1α နဲ့ IL-8 တွေကိုပါ လျှော့ချပစ်ပါတယ်… ကိုယ်ခံအားဆဲလ်တွေ ကိုလည်း GCs က ဖိနှိပ်လိုက်တဲ့အတွက် ရောဂါပိုးတွေဝင်လွယ်ပြီး အနာကျက်နှေးစေနိုင်ပါတယ်…

၁၅။ အသက်အရွယ် (Age)
အသက်အရွယ်ကြီးတဲ့သူတွေ (အသက် ၆၀ ကျော်) မှာလည်း အနာကျက်နှေးပါတယ်… ကိုယ်ခန္ဓာရဲ့ တုံပြန်နိုင်စွမ်းတွေ၊ ဆဲလ်အသစ်မွေးဖွားနိုင်စွမ်းတွေ လျော့ကသွားတဲ့အတွက်ဖြစ်ပါတယ်… အသက်အရွယ်ကြီးတဲ့သူတွေမှာ အီစ်ထရိုဂျင်ဟော်မုန်းပေးရင်တော့ အနာကျက်မြန်တယ်လို့ သိရပါတယ်…

၁၆။ ကျား၊ မ ဟော်မုန်းဓာတ် (Sex Hormone)
မ ဟော်မုန်း ဖြစ်တဲ့ အီစ်ထရိုဂျင် (Oestrogen) ဟာ ပျက်စီးဆဲလ်တွေကို အသစ်ပြန်လည်မွေးဖွားပေးတာ၊ အရေပြားရဲ့လုပ်ငန်းတွေကို အားပေးတာ၊ ပရိုတင်းဓာတ်တွေကို ဖြိုခွဲပေးတဲ့ ဓာတ်မြန်အင်ဇိုင်း Protease ကို တားမြစ်ပေးတာတွေနဲ့ ဆက်နွယ်တဲ့ မျိုးဗီဇနုတ် (Genes) တွေ ကို ထိန်းညှိပေးပါတယ်… ဒါကြောင့် အီစ်ထရိုဂျင် ဟော်မုန်းဓတာ် နည်းရင်လည်း အနာကျက် နှေးစေပါတယ်… အသက်ကြီးတဲ့ ယောကျာ်း၊ မိန်းမတွေမှာတောင်မှ အီစ်ထရိုဂျင်ဟော်မုန်းရှိရင် အနာကျက်မြန်စေပါတယ်…
ကျားဟော်မုန်းဖြစ်တဲ့ အန်ဒရိုဂျင် (Androgen) ကတော့ အီစ်ထရိုဂျင်ဟော်မုန်းရဲ့  အရေပြားအပေါ် အကျိုးသက်ရောက်မှုနဲ့ ဆန့်ကျင်ဘက်ဖြစ်ပါတယ်…

၁၇။ အဝလွန်ခြင်း (Obesity)
အဝလွန်တဲ့သူတွေမှာလည်း ရောဂါမျိုးစုံတွယ်ကပ်နိုင်တဲ့အပြင် ဒဏ်ရာရရင်လည်း အနာကျက်တာ နှေးနိုင်ပါတယ်… ဒဏ်ရာရဲ့ နောက်ဆက်တွဲဆိုးကျိုးတွေဖြစ်တဲ့ ရောဂါပိုးဝင်တာ၊ အနာပြန်ကွဲထွက်တာ၊ သွေးခဲဖြစ်တာ၊ ပြည်တည်နာတွေဖြစ်တာတွေလည်း ပိုဖြစ်နိုင်တဲ့အတွက် အနာကျက်နှေးနိုင်ပါတယ်…

၁၈။ အညော်၊ မီးခိုးနံ့ (Fumes)
အညော်မိရင်လည်း အနာကျက်နှေးနိုင်ပါတယ်… အညော်မှာပါဝင်တဲ့ PAHs (Polycyclic Aromatic Hydrocarbons) ဓာတ်ငွေ့တွေကြောင့် မျိုးဗီဇအစု ဖောက်ပြန်မှု(Chromosomal Aberration) ဖြစ်ပြီး DNA မျိုးဗီဇမျှင်တွေ ပြိုကွဲပျက်စီးသွားတာကြောင့်ဖြစ်ပါတယ်… အသေးစိတ်ကို ကျနော်ရေးထားတဲ့ ‘အညော်’ ဘာလဲ၊ ဘယ်လဲဆိုတဲ့ ဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်…

နောက်ဆက်တွဲ (ခ) အနေနဲ့ ဒဏ်ရာအနာတရဖြစ်ရင် ကျနော်တို့ရဲ့ ကိုယ်ခန္ဓာက ဘယ်လိုတုံ့ပြန်မှုတွေလုပ်တယ်၊ အနာကျက်အောင် ဘယ်လိုလုပ်တယ်ဆိုတာကို ဗဟုသုတရဖွယ် ရေးသားဖော်ပြပေးမှာဖြစ်ပါတယ်… နောက်ဆက်တွဲ (ခ) ကိုလည်း စောင့်မျှော်ဖတ်ရှုကြပါဦး…

ဒေါက်တာနေလင်းအောင်(ပျော်ဘွယ်)
၂.၁၀.၂၀၁၈

References
Factors influencing wound healing by J.C. van der Meulen, 1979
Factors affecting wound healing by S. Guo and L.A. DiPietro, 2010
Local Anesthetics and Wound Healing by Prof: Milos Chvapil, 6 Dec 1979, vol.27, issue 6, in Journal of Surgical Research, p. 367 - 371

Wednesday, October 3, 2018

`မူးယစ်ဆေးစွဲသူတစ်ယောက်နဲ့ စကားပြောနည်း´



ဆေးစွဲတာပဲဖြစ်ဖြစ် မူးယစ်​​ဆေးဝါးတစ်ခုခုကို စွဲလမ်းနေတဲ့သူတစ်ယောက်နဲ့ပဲဖြစ်ဖြစ် ပြောဆိုဆက်ဆံတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် ဘ၀င်ကြီးနဲ့ အထာကိုင်ကာ သူ့ကိုတော့ နှိမ်​ချတဲ့ စိတ်သဘောဖြင့် မဆက်ဆံဖို့ အဦးဆုံး သတိပေးပါရစေ။

ဘယ်သူမှတော့ ဆေးစွဲနေသူတစ်ယောက်ကို ဘယ်လိုစကားမျိုး ပြောရမလဲဆိုတာ အလိုအ​လျောက်​ သိပါ့မလဲ။ သို့သော်လည်း မူးယစ်​​ဆေးဝါး စွဲနေသူများ၊ ဆေးဝါးတစ်ခုခု စွဲလမ်းနေသူများ အ၀န်းအ၀ိုင်းမှာ နေထိုင် အလုပ်လုပ်နေသောသူများကတော့ ဘယ်လိုပြောဆိုဆက်ဆံတာက ထိရောက်မှုရှိတယ်ဆိုတာ ရှာဖွေတွေ့ရှိခဲ့ပြီးဖြစ်နေနိုင်ပါတယ်။ ဒါက အမြဲတစေ အခက်​အခဲတစ်ခုပါ။ သူတို့ ပတ်​၀န်းကျင်​က ဘယ်သူသည် မူးယစ်​​ဆေးဝါး စွဲငြိနေတဲ့ အခြေအနေရောက်နေတယ်ဆိုတာ သေချာမသိရဘူးလေ။ စာဖတ်သူနဲ့ အပြောအဆို အဆက်ဆံ သိပ်အဆင်မပြေသော ချစ်ခင်ရသူတစ်ယောက်က မူးယစ်​​ဆေးဝါး စွဲလမ်းနေသူဖြစ်ကြောင်း ဖွေရှာတွေ့လိုက်ရင် အထိတ်​တလန့် ဖြစ်ရမှာ သေချာသလို အဆက်အဆံ ပြန်အဆင်ချောဖို့ ဆေးနည်းတစ်ခု ရှိရမှာမဟုတ်လား။

ဒါပေမဲ့ ကျွန်တော်တို့ မျှော်လင့်နိုင်ခဲ့တာထက်  ကောင်းမွန်တဲ့ ရလဒ်ထွက်ပေါ်မယ့် ပြောဆိုဆက်ဆံတဲ့ နည်းလမ်းတွေရှိပါတယ်။ ဆေးစွဲတဲ့သူကို ဆေးဆက်သုံးနိုင်အောင် အကူအညီအထောက်အပံ့ပေးနေတဲ့ အနေအထားရှိသူက ဆေးစွဲသူကို ဆက်ဆံမှုခဲယဉ်းတာထက် နှိုင်းယှဉ်လိုက်ရင် ပိုကောင်းတဲ့ ဆက်ဆံရေးနည်းလမ်းတွေပေါ့ဗျာ။ ဆေးစွဲနေတဲ့သူကို ငြင်းပယ်ရင် လိမ်ညာနေရင်တော့ အပြန်အလှန်ပြောဆိုဆက်ဆံတဲ့နေရာမှာ အဆုံးသတ်သွားပါလိမ့်မယ်။ စာဖတ်သူက သူ့ကို ဘယ်လိုတွေ ဂရုစိုက်ကြောင်း အလေးထားကြောင်း ပြသနေတာတောင်မှ ဇာတ်လမ်းဆုံးသွားမှာပါ။

ကြင်​နာမှုရှိပါ (Always Be Kind to Someone With an Addiction)

အမြဲတစေ ကြင်နာခြင်းနဲ့ စာနာရိုင်းပင်းတတ်မှုလုပ်ရပ် ပြုမူကျင့်ကြံမှုတွေကို ဂရုတစိုက် ပြသလိုက်ပါ။ ဒါက ဆေးစွဲသူ တစ်ဦးတစ်ယောက်ရဲ့ တုန့်ပြန်မှုကို အောင်အောင်မြင်မြင် ရနိုင်သော နားလည်ရခက်တဲ့ လျှို့ဝှက်ချက်ဖြစ်ပါတယ်။ မူးယစ်ဆေးဝါး စွဲလမ်းခြင်းဟာ ကျွန်တော်တို့ လူ့အသိုင်းအ၀ိုင်းအတွင်းမှာ အလွန် အသရေပျက်စေပါတယ်။ ဆေးစွဲသူ တစ်ယောက်အနေနဲ့ အခြားသူတွေက အပြစ်ရှာကြ၊ ဆဲရေး စော်ကားမှာ၊ သေးသိမ် သိမ်ငယ်စေမှာ၊ သူငယ်ချင်းတွေရယ် မိသားစုဝင်တွေရယ်က သူတို့ကို ငြင်းပယ် ကန်ထုတ်မှာ မျှော်လင့်ပြီးသားပါ။ သူတို့ရဲ့ အမူအကျင့် အားလုံးကို လက်မခံနိုင်သော်ငြား ကျွန်တော်တို့က ဖြစ်တည်နေမှုကို လက်ခံပေးလိုက်လျှင် နှစ်ဦးသားကြား အပြစ်မှခွင့်လွှတ်ခြင်းနဲ့ ပြန်လည်ကျန်းမာ နလံထူဖို့ တံတားတစ်စင်း စဆောက်နိုင်ပါပြီ။

ကိုယ်ကပြောသလောက် သူကပြောတာကိုလည်း နားဆင်ပေးပါ (Listen to Person With the Addiction at Least as Much as You Talk)

သူတို့သည် စာဖတ်သူ ချစ်ခင်ရသောသူ တစ်ယောက်ယောက် ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အကြောင်းတစ်ခုခုကြောင့် မူးယစ်​​ဆေးဝါး စွဲလမ်းလာတယ်ဆိုသော ပြုမူကျင့်ကြံပုံကို သဘောမတူတာတောင်မှ စကားဖြတ်ပြောခြင်း သို့မဟုတ် အပြစ်ရှာခြင်းတွေ မပြုလုပ်ဘဲ နားထောင်ပေးမှသာလျှင် ဆေးစွဲသူ တစ်ယောက်က ယုံကြည်စိတ်ချစွာ ဖွင့်ပြောလာမှာဖြစ်ပါတယ်။ အင်တာနက် စာမျက်နှာတွေပေါ်က သူတို့တွေ စွဲလမ်းနေတဲ့ မူးယစ်​​ဆေးဝါးအကြောင်း ရှာဖွေဖတ်ရှုပြီးနောက် ဆေးစွဲသူများရဲ့ဘက်က အမြင်ကို နားလည်နိုင်ဖို့ ကြိုးစားပါ။

ရှေ့နောက်ညီပါ (Always Be Consistent)

ဆေးစွဲသူ တစ်စုံတစ်ယောက်နဲ့ ကျွန်တော်တို့ ပြောဆိုဆက်ဆံတဲ့ အချိန်တိုင်း ပြောဆိုတဲ့ စကားလုံးများနဲ့ ပြုမူလုပ်ဆောင်ချက် ညီညွတ်နေရပါမယ်။ သူတို့ကို ပေးချင်တဲ့ သတင်းအချက်အလက်က အပြောင်းအလဲမရှိစွာ ကျန်နေရတာမျိုးလေ။ ဒါမှသာ ကျွန်တော်တို့ ဘာလိုချင်တယ် သို့မဟုတ် သူတို့အပေါ် ဘာမျှော်လင့်သလဲဆိုတာ နားလည်မှု မလွဲမှာ မဟုတ်လား။ ဥပမာ - ကျွန်တော့် ပါတနာက အရက်သောက်ခြင်းဆိုင်ရာပြဿ နာ တစ်ခုရှိနေတယ်လို့ ကျွန်တော်ထင်မိကြောင်းမပြောလိုက်ဘဲ ညစာစားပြီးနောက် ၀ိုင်တစ်ပုလင်း ဝေမျှလိုက်ပါတယ်။

ခန့်မှန်းရမခက်စေနဲ့ (Try to Be Predictable)

ဆေးစွဲသူများရဲ့ စကားလုံးများရယ် ပြုမူကျင့်ကြံပုံတွေရယ်က တော်တော့်ကို ကြိုတင်ခန့်မှန်းရမလွယ်ကူတဲ့အထဲမှာပါတယ်။ သို့သော်လည်း ဥပမာကောင်း တစ်ခုဖြင့် ချိန်ညှိပြခြင်းက သူတို့အတွက် အကူအညီ ဖြစ်နိုင်ပါတယ်။ ဆေးစွဲသူ တစ်ယောက်ရဲ့ ပတ်​၀န်းကျင်​မှာ စာဖတ်သူအနေဖြင့် အလိမ်အလှည့် စကားမပြော မှန်​ကန်​ရိုးဖြောင့်တဲ့ လုပ်ဆောင်ချက်တွေကိုသာ ပြောဆို ပြုမူခြင်းဖြင့် ခန့်မှန်းရလွယ်ကူသူဖြစ်နေပါစေ။ အံ့အားသင့်​စရာ အံ့သြစရာဆိုတဲ့ ကိစ္စရပ်များဟာ သူတို့ကို ကြီးမားသော အခက်အခဲနဲ့ ကြောင့်ကြစိတ်များပေးတယ်လို့ ခံစားတတ်ကြပါတယ်။

မေတ္တာပေးပါ ၊ မေတ္တာပြပါ (Show Unconditional Love or Concern)

မူးယစ်​​ဆေးဝါးအပေါ် သူတို့ဘယ်လောက် ပြင်းပြင်းပြပြ စွဲလမ်းနေသည် ဖြစ်ပါစေ စာဖတ်သူအနေဖြင့် ချစ်ခင်နေဆဲ သို့မဟုတ် ဂရုစိုက်နေဆဲဖြစ်ကြောင်း သူတို့သိပါစေ။ အစစ်အမှန် သို့မဟုတ် ဖြစ်နိုင်ချေ မရှိသော်လည်း အနည်းဆုံးတော့ သူတို့ရင်ထဲက မိမိအပေါ် ယုံကြည်​မှု ရပါတယ်။ သူတို့ အတွက် အကူအညီ ရမှာလား မရလား မသေချာသော်လည်းပေါ့နော်။ သည်ဟာက မိမိအနေနဲ့ မည်ကဲ့သို့ဖြစ်ဖြစ် သည်းခံရလိမ့်မယ်လို့ မဆိုလိုပါဘူး။ ဆေးစွဲသူ အနေနဲ့ ဘယ်လိုအခြေအနေတွေဆို စာဖတ်သူ သည်းမခံဘူးဆိုတာလည်း သိပါစေ။

ကန့်သတ်ချက်လေးတွေထားဖို့လိုသလို အဲသလိုထားတဲ့အတွက်လည်း မကြောက်လန့်ရပါ။ သူတို့ ဆေးစွဲတဲ့ ပြုမူကျင့်ကြံပုံအရ ခြိမ်းခြောက်မှုတွေ စာဖတ်သူက မပြုလုပ်ပါဘူးဆိုတာပြဖို့ လိုက်နာရမယ်။ ဒါမှမဟုတ်​ စိတ်ဓာတ်ရေးရာအရ  သူတို့ကို အပြစ်ပေးတာမျိုးလည်း ရှောင်ရှားရပါမယ်။

ပြောင်းလဲမှု ဖြစ်စဉ်မှာ ၀ိုင်းဝန်းကူညီ (Support the Process of Change)

စာဖတ်သူအနေဖြင့်  မူးယစ်သံသရာက ရုန်းထွက်တဲ့ ပြောင်းလဲခြင်း အပေါ် ထောက်ခံကြောင်း ၀ိုင်းဝန်းကူညီဖို့ လိုလိုလားလားရှိကြောင်း ဆေးစွဲသည့်လူအား သိခွင့်ပေးပါ။ ဥပမာ - သူတို့​နဲ့ မိသားစုဝင်တွေစီ အတူလိုက်ပေးတာ သို့မဟုတ် နှစ်ဦးသား အနာဂတ်အတွက် အလုံးစုံ တိုင်ပင်ဆွေးနွေးကြခြင်းမျိုးပေါ့။ သို့ပေမယ့် မိမိကိုယ်တိုင်က ပြောင်းလဲမှုကိစ္စ အကြောင်းရင်းခံမှာ အားတက်​သ​ရော ရှိနေမှုသည် ဆေးစွဲနေသူရဲ့ အားတက်​သ​ရော ရှိမှုထက် မြင့်ကောင်း မြင့်နေနိုင်ပါတယ်။

ဆွေးနွေးနှစ်သိမ့်ခြင်းနှင့် နားလည်သဘောပေါက်ခြင်းမှ အကျိုးအမြတ်တစ်ခုစတင်တာနဲ့ ဆေးစွဲနေသူရဲ့ ရပ်တည်ချက်ပြောင်းလဲခြင်း စကောင်းစတင်နိုင်တာပါပဲ။ စာဖတ်သူတို့အနေနဲ့  အပြောင်းအလဲ ပြုလုပ်ပြီး ဘယ်လိုအခြေအနေရှိကြောင်း ကိုယ့်ကိုယ်ကိုယ် ရှာကြည့်ချင်တဲ့ စိတ်ဆန္ဒမျိုး သူတို့လဲ ထပ်တူရှိပါတယ်။

သူတို့ နိယာမအတိုင်းလုပ်ပါ (Do It Their Way)

ဆေးစွဲသူ တစ်ယောက်ရဲ့ အမူအကျင့် ပြုမူနေထိုင်ပုံ ဥပမာ - အသက်မပြည့်သေးဘဲ အရက်သေစာသောက်ခြင်း သို့မဟုတ် စာဖတ်သူရဲ့ အိမ်မှာ မူးယစ်​​ဆေးဝါး လာရောက်သုံးစွဲနေခြင်း စသည်တို့နှင့် ပတ်သက်၍ ဘယ်အရာက လက်မခံနိုင်ဘူးလဲဆိုတာ မိမိအနေဖြင့် ရှင်းလင်းခိုင်မာစွာ အပြည့်အ၀ သိထားသော်လည်း အရေးပါတဲ့ ပြောင်းလဲမှုတစ်ရပ်အတွက် သူတို့ဘယ်လိုဖော်ဆောင်မလဲဆိုတာမှာ စာဖတ်သူအနေနဲ့ သဘောထားပျော့ပြောင်းရမည် ဖြစ်ပြီး၊ ဘာဘယ်လိုလုပ်ဟု အမိန့်ပေးခြင်းမျိုး မသက်ရောက်စေဘဲ သူတို့ဘယ်လိုနည်းလမ်းမျိုးကို သဘောကျလည်းဆိုတာ ဆန်းစစ်ပြီးမှ အဲ့သလိုနည်းလမ်းနဲ့ အကူအညီပေးခွင့်ကို ကမ်းလှမ်းပါ။ ဆေးစွဲသူတို့ကိုယ်ပိုင်တွက်ဆပြုလုပ် ပြောင်းလဲသည့် လုပ်ရပ်များသည် ထိခိုက်နစ်နာမှု နည်းနိုင်သည်ဆိုပါက စာဖတ်သူ မျှော်လင့်နေတဲ့ အကျိုးကျေးဇူး ထပ်တူအဖြေထွက်ဖို့ အတွက် သူတို့ လမ်းကြောင်းအတိုင်း ဖော်ဆောင်ခွင့်ပေးလိုက်ပါ။

အကူအညီရနိုင်မယ့် နေရာရှာပါ (Seek Information on Where to Get Help)

လူတွေအနေနဲ့ သူတို့တွေ မူးယစ်​​ဆေးဝါး စွဲလမ်းတဲ့ ကိစ္စအပေါ် ရှက်စိတ်ဝင်တတ်ကြပြီး ရဲဌာန သို့မဟုတ် အခြားအာဏာပိုင် အဖွဲ့အစည်းတွေကို အကြောင်းကြားခံရမှာ ကြောက်လန့်ကြပါတယ်။ ဒါကလည်း သူတို့တွေကို အကူအညီပေး သူတို့တွေအကူအညီရှာကြတဲ့အခါ အကြီးမားဆုံး အတားအဆီး အ​နှောင့်​အယှက်​ပါ။ ဘယ်နေရာ ဘယ်လိုဌာနမှာ အကူအညီ ရယူနိုင်တယ်ဆိုသော သတင်းတွေ ရှာပေး စုံစမ်းပေးခွင့် ကမ်းလှမ်းပါ။ ဆေးသုံးစွဲမှုစွန့်လွှတ် မယ့်သူကို `ဒါဟာ မင်းကိုယ်ကို မင်း ကယ်တင်တာပဲ´လို့ နားလည်အောင် ဦးတည်ချက်ထားပြောပြရပါမယ်။အခြေအနေနဲ့အချိန်အခါလိုက်ပြီး အဆင်ပြေအောင် အကူညီပေးခြင်း၊ အကူအညီတွေ ရရှိနေမှုကို မြင်တွေ့ရခြင်း၊ သူ့ရဲ့အတွင်းစိတ်ဓာတ်ရေးရာနဲ့ ပြင်ပလုပ်ဆောင်ချက်တွေတိုးတက်လာခြင်း တို့ကို ရရှိခံစားသိရှိလာရခြင်းဖြင့် `ဤသို့ ဖြစ်နိုင်ချေရှိရှိပြောင်းလဲရတာဖြစ်ကြောင်း´ မြင်တွေ့စေလိုက်ပါ။

ကိုယ့်အတိုင်းအတာကို သိခွင့်ပေးပါ (Always Let an Addict Know Your Limits)

ဆေးစွဲသည့်လူက ပြောင်းလဲဖို့ စိတ်မပါသည့် လက္ခဏာပေါ်နေမယ်၊ စာဖတ်သူကလည်း သူတို့ မူးယစ်ဆေးစွဲလန်းမှုအပေါ် စွဲမက်နေစဉ်ကာလအတွင်း စောင့်ကြည့်လိုစိတ် မရှိတော့ဘူးလို့ ခံစားရတဲ့အခါ အေးဆေးသက်သာ သူသိသွားပါစေ။ ဆွေးနွေးတိုင်ပင်ခြင်းက အဲ့သလိုအချိန်မှာပြုလုပ်ဖို့ ကောင်းမွန်တဲ့ နေရာတစ်ခုပါ။ ဆေးစွဲတဲ့ လူတစ်ယောက်က သူတို့ရဲ့ ပြုမူကျင့်ကြံပုံမှာ စာဖတ်သူအပေါ် အဘယ်ကဲ့သို့ ဒုက္ခများစေတယ်ဆိုတာ မသိဟန်ပေါက်နေလျှင် သို့မဟုတ် မသိကျိုးကျွံပြုနေလျှင် သူတို့မှာ တစ်ခုခုကောင်းအောင် အပြောင်းအလဲလုပ်ရန် ဘာအကျိုးအကြောင်းမှ မရှိပါဘူး။

Alex Aung (1 Oct 2018)

Ref: Communicating With Someone Who Has an Addiction
Be Supportive Without Letting Yourself Down
By Elizabeth Hartney, PhD | Reviewed by Steven Gans, MD

Tuesday, October 2, 2018

“​သွေးရည်​ကြည် နှင့်​ အသစ်​တဖန်​ ပြန်​လည်​ သန်​စွမ်းခြင်း ​ဆေးပညာ”



(PRP Platelets Rich Plasma and Regenerative Medicine)

သွေးဆိုတဲ့ အရာကို ထိ​တွေ့  ကိုင်​တွယ်​ လုပ်​ကိုင်​ရရင်​ ​သွေးရည်​ကြည်​ဖြစ်​ဖြစ်​ ဘာဖြစ်​ဖြစ်​ ​ရောဂါပိုးကူးစက်​နိုင်​တဲ့ အန္တရာယ်​ရှိတယ်​ဆိုတာ ကျ​တော်​တို့​တွေ မ​မွေးခင်​ကတည်းက လူတိုင်းသိပြီးသားပါ...
တကယ်​တန်း အန္တရာယ်​ အရှိဆုံးက ကိုင်​တွယ်​ ကုသ​ပေးရတဲ့ ဆရာဝန်​ ဆရာမ နဲ့ ပညာရှင်​​တွေပါ.... ဒီရက်ပိုင်း ထူးထူးခြားခြား ​​သွေး​တွေနဲ့ ကုတိုင်း ဘာဖြစ်​ ညာဖြစ်​ မှာလား လို့ တချိန်​လုံးတန်းစီ လာ​မေး​နေကြ​တော့ အစက ​တစ်​​ယောက်​ချင်းပြန်​​ပြောပြ​နေ​ပေမဲ့ အခု​တော့ လာလာ​​မေး ကြသူ အများစု လာ လာပြ​နေတဲ့ အ​ခြေအမြစ်​မရှိ ပညာမရှိ အကိုးအကားမရှိ
ဘဲ လူတိုင်းနားလည်​ပြီးသား အ​ခြေခံ အချက်​အလက်လေး​ ​တွေကို ငါ့စကားနွားရ ​ရေးထားတဲ့ သာမန်​ စာစု ( ပညာသည်​ မျက်စိနဲ့ ကြည့် ​ပညာရှင်ေ​ပတံနဲ့တိုင်းဟဲ့ ဆိုရင် ​​​​​သတင်းလို့​ခေါ်ဖို့​တောင်​ အဆင့်​မရှိဘူးထင်​တာပဲ) တစ်​ခု ကို မြင်​​တော့ လာလာ​မေး​နေကြတဲ့ မိတ်​​ဆွေ​တွေ လူနာ​တွေ သူငယ်​ချင်း​တွေ အတွက်​ ဒီစာတို​လေး ​ရေးပါရ​စေ.......

သွေးရည်​ကြည်​ ကုထုံးဆိုတာ ဟာ နံမည်​ကြီး ​နေတဲ့ Vampire facelift ဆိုတာ​လေး တစ်​ခု တည်းအတွက်​ ရှိ​နေတဲ့ ကုထုံးတစ်​ရပ်​မဟုတ်​ပါ...
သွေးရည်​ကြည်​ကုထုံးဆိုတာ ​သွေး​တွေယူ မျက်​နှာထဲ​လျောက်​ထိုး ​လျောက်​ လှိမ့်​​နေတာ ဆိုပြီး ​ပြောရ​လောက်​​အောင်​ လွယ်​ကူ ​သော ကုသမှု တစ်​ရပ်​မဟုတ်​ပါ…
မျက်​နှာ အတွက်​ ကုသ သည့်​ ​နေရာမှာ​တောင်​ ကုသ​ပေးသူရဲ့ ကျွမ်းကျင်​မှု ​​​ပေါင်းစပ်​ကုသနိုင်​မှု ​စတဲ့အချက်​ ​တွေ​ပေါ် မူတည်​ပြီး ကုသမှု ရလာဒ်​​တွေ အလွန်​ကွာခြား​သော ကုသမှုမျိုးပါ…

ေ​ဆးပညာ တွင် ထိပ်တန်း​​ ကိုင်းခွဲတစ်​ခုဖြစ်​​သော Regenerative Medicine တွင်​ ​သွေးရည်​ကြည်​ အ​ခြေခံ ကုသမှု ကုထုံးများမှာ  အ​ခြေခံ အကျ​ ဆုံး ​​သော ကုထုံးများထဲက တစ်​ခု ဖြစ်​ပြီး မျက်​နှာ အ​ရေပြား အလှ အပ တွက်​သာ မက ကိုယ်​ခန္ဓာတွင်​ Aging အိုမင်းမှု and Degeneration ယိုယွင်းပျက်​စီးမှု​ကြောင့်​ ဖြစ်​​သော ပျက်​စီးမှု များကို Biomolecular level /Cellular level အ​ခြေခံ အေ​သးစိတ်​ကျ​သော ဆဲလ်​ကလပ်​စည်း အဆင့်​မှ သည်​ organ/ tissue level အင်္ဂါရပ်​ အသားစ အဆင့်​ အထိ ကုသ ပြုပြင်​ ထိန်းညှိ​ပေး​သော အ​ခြေ ခံ ကုသမှု တစ်​ရပ်​ပါ…..

သွေးရည်​ကြည်​​လေးထုတ်​ မျက်​နှာ​လေးကုတာ​ပေါ့ ဆံပင်​​လေးထိုးတာ​ပေါ့လို့ လွယ်​လွယ်​​လေး လုပ်​လို့ရ​သော အရာမဟုတ်​ပါ… လက်​ရှိကုသ​ပေး​နေသူပညာရှင် ​အားလုံးကလည်း အချိန်​တို အတွင်းရလာ​သော ရလာဒ်​များ အတွက်​ ​ပျော်​ရွှင်​ ဝမ်း​မြောက်​စွာ မိမိတို့ လူနာများ client များ မိတ်​​ဆွေများအတွက်​ *မိမိတို့ တွင်​ risk များ မှန်းသိလျက်​နှင့်​ results ​ကောင်း​တွေ အတွက်​ ကုသ​နေကြခြင်းပါ…. တကယ်​တန်း​တော့ ​သွေးရည်​ကြည်​ကုထုံး​လောက် အ​သေးစိတ်​ ​သော အလုပ်​ရှုပ်​​သော လက်​ဝင်​​သော အန္တရာယ်​များ​သော ကုသမှု ​ဆေးခန်းများတွင်​ သိပ်​မရှိပါ….
မိမိ ပိုင်ဆိုင်လာ ​သော ရလာဒ်​ ​​ကောင်းများ ​အပြင် မိမိ ​ဆရာဝန်​နှင့်​ အပြန်​အလှန် ​ဆောက်​တည်​ထား​သော ယုံကြည်မှုများေ​ပျာ်​ရွှင်မှုများ ကို ဘာမဟုတ်​တဲ့ စာတိုေ​ပစ တစ်ခု ​ကြောင့်​ အေ​နှာင့်အယှက်မဖြစ်ေ​စချင်​ ပါ…..

အကြမ်းပျင်း အနှစ်​ချုပ်​ ပြရလျှင်
PRP ဆို​သော ​သွေးရည်​ကြည်​ ကုထုံး တွင်​ အဓိက နှစ်​ပိုင်း ရှိပါသည်​… သူ့ကို အဓိကထားကု​သော Stand alone/ main therapeutic options နှင့် ​သူ့ကို ​ပေါင်းစပ်​ကုသ​သော Integrative therapeutic options ဆိုပြီး အလွယ်​ မြင်​သာ​အောင်​​ပြောလို့ရပါသည်​….

သွေးရည်​ကြည်​ ကို အများစု သိပြီးသား
PRP + Collagen Stimulating/ Induction Therapy (mostly done by microdermabrasion)
PRP vampire face lift ဆိုတာ အပြင်
- PRP microneedling and mesotherapy
- PRP Face, Neck and Hand Rejuvenation therapy with or without cellular stimulating peptide therapy
- PRP problem skin treatment like acne, oily skin, black spots and age related skin degenerations
- PRP combined therapy with Cellular toxin face lifing or Collagen thread lifting
- PRP combined therapy with Stem cell extract and Mesenchymal Stem Cells MSCs
- PRP induced growth factor promoting treatments for atheletic people and sick patients
- PRP based scar and scratch mark treatments
- PRP based hair restoration with or without peptide therapy and light therapy ဆိုတာမျိုး​တွေ အပြင်

- PRP based Biofiller
- PRP based sexual rejuvenation treatments with or without stem cell extract and peptide therapy
- Type V LA PRP (Light Activated PRP therapy)
- PRP combined APIC Autologous Protease Inhibitor Concentrate Therapy
- PRP based healing promoting and pain reducing treatments with Interlukin blockers
- PRP combined with Nitrogen retention therapy with or without Hyperbaric Oxygen Therapy HBOT
- PRP based regenerative treatment combining with myostatin blockers ကဲ့သို့ advanced therapeutic options များစွာ ရှိပါသည်​….

အဲ့​လောက်​တင်​လား….No…... မက​သေးပါ…..
- PRFM Platelets Rich Fibrin Matrix
- PRP based plasma biofiller
- Autologous fat transfer combining with PRP
- PRP combined ADSC Adipose derived Stem Cell Therapy
- PRP combined Lipogems

ဆိုတာ​တွေက​နေ ***** VSEL Very Small Embryonic Like Stem Cells ဟု​ခေါ်​သော အဆင့်​မြင့်​ Autologous Stem Cell ကုသမှု​တွေ အထိပါ ရှိပါသည်​…..

အခု ​ပြောခဲ့သမျှ ကုသမှု အားလုံးဟာ ASEAN regional countries ​တွေအများစုမှာ​တောင်​ available ဖြစ်​ပြီး ကျွန်​​တော လက် ရှိ ​ fellowship training ယူ​နေ​သော EWVM centre ခွဲ အားလုံးတွင်​ Germany မှ စ၍ ထိုင်း မ​လေးရှား အဆုံး VSEL stem cell ထုတ်​သည့်​ ကိုယ်ပိုင့််​ lab များမှအပါအဝင်​​​ အထက်​ပါ process အားလုံး ကို European standard SOP and Protocols များ ဖြင့်​  apply လုပ်​ ကုသ​နေ​သော ကုသမှုများဖြစ်​ပါသည်​…ကျွန်​​တော်​ ကိုယ်​တိုင်​လည်း Training component and fellowship portfolio အရ ထို ကုသမှုများတွင် ​​​​processing, consultation and treatments ပိုင်း မှသည်​ protocol updates, research data collection and analysis, advanced training and evidence based guidelines updates အထိ ​နေ့စဉ်​ ပါဝင်​ ပြီး training ယူ​နေရပါသည်​….



ထို့​ကြောင့်​ ပညာရပ်​ဆိုင်​ရာ ​မေးသမျှ ​ဖြေပါမည်​…​သေချာ ​ပြောရရင်​ သိချင်​လို့ ညှိချင်​လို့ ​မေးသမျှ ​ဖြေပါမည်​…. ရိ ချင်​လို့ ​မေးတာ​တွေ အတွက်​​တော့ တခု ကြို​ပြောပါရ​စေ… **** စာ အရင်​ဖတ်​ခဲ့ပါ…(​တွေ့တာ ​ကောက်​ဖတ်​လာတာကို စာလို့ မသတ်​မှတ်​ပါ​နော်​)  အ​သေးစိတ်​မသိ​တောင်​ ကျွန်​​တော်​ ​ရေးထားတဲ့ treatment list ​လေး အရင်​ နားလည်​​အောင်​ ​တော့ အနိမ့်​ဆုံး လုပ်​ခဲ့ပါ လို့…. *** ရိ တာ ကို ပြန်​ အ ရိ ခံ နိုင်​ဖို့ ရစ်​တာကို ပြန်​ အရစ်​ ခံ နိုင်​ဖို့ ကြို ပြင်​ခဲ့ပါ လို့…….

Aging related problems များ Degenerative diseases များ နှင့် ​Advanced level diseases  များတွင် ဘယ်လို ကုသမှုမျိုးများရှိသည်… ဘာေ​​​ကြာင့် ကုသ ရသည်….ေ​​နာက်ကွယ်က Evidenced based science က ဘာဖြစ်​သည်… ဘယ်​ နိုင်ငံေ​​​​တွ ဘယ်​ centre ကြီး​တွေမှာ ဘယ်​လို ​တွေ ကုသ​နေသည်ေ​အာင်မြင်​​မှု ​ဘယ်လို​တွေ ရ​နေသည်​ စသည့် အချက်အလက်များ နှင့်​​​​ ​​ဆွေး​နွေး မှု များ ​တော့ ဒီ စာတွင်မေ​ရး​​တော့ပါ…. ​ရေးရန် လည်း မလိုဟု ထင်​ပါသည်​…. ဘာလို့လည်းဆိုေ​​တာ့ စာဆိုတာ ဖတ်​လို့ရပါသည်​…. ရှာဖတ်လို့ ရပါသည်​​… လူတိုင်း အတွက်​ ရှိ​နေ​သော သြဇာတိက္ကမ ကြီးမား​သော ဂုဏ်သိက္ခာ ကြီးမားသည့်​ မီဒီယာ ကြီးများ အဆင့်​မှသည် ​​ပညာရှင်ဆန်ဆန် ဖတ်လိုသူများအတွက် Google scholar လို အ​ခြေခံ အကျဆုံး မှPubmed, Scopus to the Chocrane library လို Gold standard Evidence များ ထိ ရှိ​​နေပါသည်​……

ပြည်သူကို အသိနှင့် သတိ​ပေးလိုပါသည် ဆိုေ​သာ ​စေတနာ ကြီးလှပါ သည် ဆို​သော မီဒီယာ ပညာရှင်များ နှင့် နယ်ပယ်ရပ်ဆိုင်ရာ ပညာရှင်များ အေ​နဖြင့်လည်း သိပ္ပံ ပညာဟာ ယုံကြည်ရာ မဟုတ်​ပါ… အ​ခြေခံကျေ​​သာ ပညာရပ်ဆိုင်ရာ evidence များကို အ​ခြေခံ ထားပြီး ရလာဒ်များကို ဆိုးေ​​​ကာင်း ကျိုးေ​ကြာင်း ခွဲ ခြမ်း စိတ်​ဖြာပြီး လိုက်ေ​​လျာ ညီ​ထွေ လိုအပ်​သလို အသုံးချ ကုသ ရ​သော ပညာ ပါ…. မ​ရေးခင် ​​မပြောခင်​ စာ​လေး ​တော့ ရှာဖတ် ကြပါ… Analysis and Reflection သုံးသပ် စိတ်​ဖြာ ခွဲ ခြမ်းမှု ​ေ​လးေ​​​တာ့ ​သေချာ လုပ်ကြပါ…. 

မီဒီယာ သမား​ရော… ပညာရှင် သမား​ရော…. ဘာမှန်းမသိ အေ​​ကာင့်အတု ​တွေနဲ့ အပုတ်အတင်း လုပ်သတင်းဖြစ်ပြီးေ​​​​​​ရာ ဆိုတဲ့ စာစု ​ရေးသူ​တွေ​ရော….. ကို ​ရေးမဲ့ စာကို ​​သေချာ မတတ်​မဖတ် မပြင်​ဆင်​ဘဲ ​ရေးတာ… ကိုယ်သန်ရာ သန်​ရာ အဆင့်​တူရာ တူရာ အကိုးအကားေ​​​လာက်ပဲ ကြုံ သလို ဖတ်​ ​ရေးချင်​တာ ​ရေးလိုက်တာေ​​တွက တကယ်တန်း​ေ​​တာ့ ဖတ္ရသူ အက်ိုးမပြား အဆိုးမ်ားတာ​ေနာက်​ထားပြီး  အရင်​ဆုံး ကိုယ်ကိုယ်တိုင်က ဖင်ေ​​​​​ပြာင်ကြီးနဲ့ လူကြားထဲ ထွက် က ပြ ​နေသလို အရှက် ဗျန်းဗျန်း ကွဲ ရတာ​​လေးေ​​​​​​တာ့ သတိ ချပ်ကြပါ ဦးလို့………


ေ​လး စား စွာ ဖြင့် ….ေ​စ တနာ ဗ လပွ ဖြင့်​…..

Dr. Thet Lwin
MBBS, MSc

Clinical Fellow
(European Wellness Villa Medica,
Centre for Regenerative Medicine, Germany)

& Medical Advisor (IVLyfe Wellness)