Friday, October 21, 2016

လူငယ်နှင့် ဓမ္မ (Youth and Dhamma)


မေး။ ။ တရားဓမ္မက ကလေးတွေကို အကူအညီ အထောက်ပံ့ ပေးနိုင်ပါသလား။ ကလေးတွေကို ဘယ်လိုနည်းမျိုးနဲ့ တရားဓမ္မ သင်ပေးနိုင်ပါသလဲ။

ဖြေ။ ။ ကလေးတွေဟာ ဖြူစင်ကြတယ်ဆိုတာကို ဘယ်သူ ငြင်းချက်ထုတ်နိုင်ပါသလဲ။ တရားဓမ္မရဲ့ မြင့်မြတ်မှုကိုရော ဘယ်သူ ကန့်ကွက်နိုင်ပါသလဲ။ ရိုးရိုးသားသားနဲ့ ဖြေကြည့်ပါ။ တရားဓမ္မက ကလေးတွေကို အကူအညီ အထောက်ပံ့ ပေးနိုင်ပါသလားဆိုတဲ့ မေးခွန်းကိုလည်း ကိုယ့်ဟာကိုယ်ပဲ ဆက်ပြီး ဖြေကြည့်လိုက်ပါဦး။

သူတစ်ပါးကို အနှောင့်အယှက် မပေးတာနဲ့ သူတစ်ပါးကို အတတ်နိုင်ဆုံး ကူညီပံ့ပိုးပေးတာတို့ဟာ ဘုရားရှင် ဟောကြားတော်မူခဲ့တဲ့ တရားဓမ္မတွေရဲ့ အနှစ်သာရ ဖြစ်ပါတယ်။ ဒါကို တစ်ခြားဘာသာတွေကလည်း တန်ဖိုးထားကြပါတယ်။ ဘယ်ဘာသာဝင် မိဘတွေပဲဖြစ်ဖြစ် သူတို့ ကလေးတွေကို ဒီတရားတွေ ကျင့်သုံးကြစေချင်ပါတယ်။ ဘာသာဝင်တွေ အချင်းချင်း အပြန်အလှန် နားလည်ပြီး ညီညီညွတ်ညွတ် နေနိုင်တဲ့ လူ့အဖွဲ့အစည်း ဖြစ်လာဖို့ပေါ့။ ကလေးတွေကို ကျင့်သုံးစေချင်တယ်ဆိုရင် လူကြီးတွေက လက်တွေ့ ကျင့်သုံးပြတာ အကောင်းဆုံး ဖြစ်ပါတယ်။ လူကြီးတွေ တကယ် ကျင့်သုံးနိုင်ရင် ကလေးတွေအပေါ်မှာ တိုက်ရိုက် သက်ရောက်ပါလိမ့်မယ်။

ကလေးတွေရဲ့ ရင်ထဲမှာ ဗုဒ္ဓဘာသာ သန္ဓေတည်လာအောင် အိမ်မှာ စပြီး လုပ်ပေးသင့်ပါတယ်။ အိမ်မှာ ဘုရားစင် ရှိတယ်ဆိုရင် ကလေးတွေ ဘုရားစင်နဲ့ ပတ်သက်တဲ့ ဝေယျာဝစ္စ ဆောင်ရွက်ခွင့် ရတာပေါ့။ ဘုရားဦးချပုံ၊ ဆွမ်းကပ်ပုံ၊ ပန်းကပ်ပုံ၊ ရေချမ်းကပ်ပုံတွေ သင်ပေးနိုင်တာပေါ့။ ကလေးတွေနဲ့အတူ ဘုရားဝေယျာဝစ္စ ဆောင်ရွက်သင့်ပါတယ်။ ကလေးတွေ ငယ်ငယ်ကတည်းက မိဘနဲ့ သားသမီး ဘာသာရေးအရ ဆက်စပ်နေသင့်ပါတယ်။ ငယ်ငယ်ကတည်းက အလေ့အကျင့် ရထားရင် အရွယ်ရောက်တဲ့ အခါမှာ အလားအလာ ကောင်းတာပေါ့။


ကလေးတွေဟာ ဂီတကို မြတ်နိုးတတ်ကြပါတယ်။ ဂီတသံနဲ့ ရွတ်တာဖတ်တာကို ကလေးတွေ သဘောကျတတ်ပါတယ်။ ခံစားမှုသီချင်းတွေနဲ့ သားချော့တေးတွေအပြင် ဓမ္မဂီတကိုပါ ကလေးတွေနဲ့ မိတ်ဆက်ပေးသင့်ပါတယ်။ ရင်ခွင်ပိုက်အရွယ် ကလေးငယ် ပင်ပန်းနေတာ၊ အလိုမကျ ဖြစ်နေတာ သတိထားမိရင် ကလေးအတွက် ဂါထာမန္တာန် ရွတ်ပေးကြည့်ပါ။ ကလေးရဲ့ အပြုသဘော တုံ့ပြန်မှုကို တွေ့ရပါလိမ့်မယ်။
အသိမိတ်ဆွေ မိသားစု တစ်ခုမှာ ထမင်းမစားခင် မိသားစုလိုက် ဆွမ်းတော်ကပ်ကြတာ တွေ့ဖူးပါတယ်။ ဒီထက် ပိုပြီး ထူးခြားတာက ဆွမ်းတော်ကပ် ၀တ်ရွတ်စဉ်ကို ငါးနှစ်သား ကလေးက ရှေ့ကတိုင်ပေးသွားပါတယ်။ ဒါဟာ ရိုးတယ်ထင်ရပေမယ့် ကလေးနဲ့ မိဘကြားက လေးနက်တဲ့ ဓမ္မဆက်ထုံးတစ်ခု ဖြစ်ပါတယ်။

တစ်ပတ်တစ်ခါ တစ်လတစ်ခါ နီးစပ်ရာ မိသားစုတွေ စုဆုံပြီး ဘာသာရေးကိစ္စ ဆောင်ရွက်ကြတာတွေလည်း တော်တော်များများ တွေ့ဖူးပါတယ်။ ဒီလို ပုံမှန်လုပ်နေတာဟာ ကလေးတွေကို ဓမ္မသင်တန်း အတက်ခိုင်းပြီး သင်တန်းပြီးတာနဲ့ ကိစ္စပြီးသွားတာထက် အများကြီး သာပါတယ်။ မိသားစုကို ပစ်ထားခဲ့ပြီး၊ မိတ်ဆွေတွေကိုလည်း သတိမရနိုင်ဘဲ အချိန်လု စီးပွားရှာကြရတဲ့ ခေတ်ကြီးထဲမှာ ဒီလို ပုံမှန်လေး လုပ်သွားနိုင်ရင် မိသားစုတွေ စုစည်းပျော်ရွှင်မှု လောကီအကျိုးလည်း ရရှိသလို ဘာသာရေးကို ကျင့်သုံးပြီးလည်း ဖြစ်သွားပါတယ်။ မိတ်ဆွေမိသားစုတွေ အချင်းချင်းလည်း အပြန်အလှန် ကူညီခွင့်တွေ ရလာတာပေါ့။ ကလေးငယ်တွေအနဲ့အတူ ဘာသာရေးကိစ္စ တစ်ခုခု သဘောလောက် ခပ်ကျဉ်းကျဉ်း လုပ်လိုက်ပြီး ပျော်ပွဲစားကြတယ်၊ ကစားကြတယ် ဆိုရင်ကိုပဲ တော်တော်လေး ထိရောက်ပါတယ်။ ပျော်ပွဲစာထွက်ရင်း၊ ကစားခုန်စားလုပ်ရင်း ဘာသာရေးကိစ္စ ဆောင်ရွက်သင့်သလားလို့ မေးချင် မေးနိုင်ပါတယ်။ ဘာဖြစ်လို့ မလုပ်သင့်ရမှာလဲ။ လုပ်ရမှာ ကြောင်တယ်လို့ ထင်မိသလား။ မထင်ပါနဲ့။ သူတစ်ပါးက ငကြောင်လို့ အထင်ခံရမှာ ကြောက်သလား။ ထင်ချင်သလို ထင်ကြပါစေ။ ကိုယ့်ဘာသာရေး ကိုယ်လုပ်တာပဲ။

မိဘနဲ့ သားသမီး အတူတူ တရားထိုင်နိုင်ပါတယ်။ ကလေးတွေအတွက် အချိန် သိပ်ကြာစရာ မလိုပါဘူး။ ကလေးတွေကို အားစိုက်သတိထားပြီး အသက်ရှူဖို့ သင်ပေးပါ။ ဘယ်လိုခံစားလိုက်ရတယ် ဆိုတာကို သတိထားမိအောင် အသက်ရှူခိုင်းပါ။ တရားထိုင်တာကို ကြီးလေးမွန်မြတ်တဲ့ ကိစ္စကြီး၊ ကလေးတွေနဲ့ မဆိုင်တဲ့ ဘာသာရေး လုပ်ငန်းကြီးလို့ မသတ်မှတ်ပါနဲ့။ မွန်မြတ်တဲ့ ကိစ္စတိုင်း ကြီးလေးစရာ မလိုပါဘူး။ လွယ်လွယ်လေးနဲ့လည်း မွန်မြတ်လို့ ရပါတယ်။ အာနာပါန ကမ္မဋ္ဌာန်းက ကလေးတွေအတွက် ခက်နေရင် ဗုဒ္ဓါနုဿတိ ကမ္မဋ္ဌာန်း အပွားခိုင်းပါ။ ကမ္မဋ္ဌာန်းဆိုပြီး စကားလုံးကသာ ကြီးနေတာ လုပ်ရတာက ရိုးရိုးလေးပါ။ ဘုရားဂုဏ်ကို အာရုံပြုလိုက်ရုံပဲ မဟုတ်လား။ ဘုရားရှင်ရဲ့ ပုံတော်ကို စိတ်ထဲမှာ ပုံဖော်ကြည့်ခိုင်းနိုင်ပါတယ်။ ဒီလောက်တော့ ကလေးတွေအတွက် မခက်ပါဘူး။ မေတ္တာပွားတာလည်း ကလေးတွေ လုပ်နိုင်တာပေါ့။ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း နေတတ်တာဟာ ဘ၀မှာ အရေးကြီးတဲ့ စွမ်းရည်တစ်ခုပါ။ ဒီစွမ်းရည်ကို မေတ္တာပွားခြင်းအားဖြင့် တည်ဆောက်နိုင်ပါတယ်။

မိသားစုလိုက် ကျောင်းကန်ဘုရား စေတီပုထိုးတွေ သွားရောက် လည်ပတ်နိုင်ပါတယ်။ ဘိုးဘွားရိပ်သာလို လူမှုရေး ဆောင်ရွက်တဲ့ နေရာဌာနတွေလည်း သွားရောက် လည်ပတ်နိုင်ပါတယ်။ လည်ပတ်ရာက ပြန်လာရင် ဘာတွေ မြင်တွေခဲ့ရတယ်၊ ဘယ်လိုတွေ ခံစားခဲ့ရတယ်၊ ဘာတွေ လုပ်ကိုင်ဆောင်ရွက်ချင်စိတ် ဖြစ်ပေါ်ခဲ့တယ် ဆိုတာကို ဆွေးနွေးသင့်ပါတယ်။

ကလေးတွေအတွက် ထုတ်ဝေထားတဲ့ ဗုဒ္ဓ၀င်စာအုပ်တွေကို ကလေးနဲ့မိဘ အတူဖတ်သင့်ပါတယ်။ ဗုဒ္ဓ၀င် ဗီဒီယိုတွေ အတူ ကြည့်သင့်ကြပါတယ်။ မိဘက ကလေးတွေကို လမ်းပြသွန်သင်နိုင်တာပေါ့။ ကလေးတွေအတွက် ထုတ်ဝေတဲ့ ဓမ္မစာအုပ်တွေ အများကြီး ရှိပါတယ်။ ဗုဒ္ဓ၀င် ကာတွန်းဇာတ်လမ်းတွေလည်း ပေါပါတယ်။ စာတွေဖတ်၊ ဗီဒီယိုတွေကြည့်ပြီး ကလေးတွေနဲ့ မသိမသာ ဆွေးနွေးကြည့်ပါ။ ကလေးတွေ ပျော်အောင် ပေါ့ပေါ့ပါးပါး ဆွေးနွေးပါ။ လမ်းညွှန်မှုနဲ့ ဆွဲဆောင်ပြီး ဆွေးနွေးပါ။ ကလေးတွေဟာ နက်နဲတဲ့ ကံတရား၊ ဘ၀သံသရာ သဘောတရားတွေကို လက်ခံဖို့ အဆင်သင့် ဖြစ်နေတယ်ဆိုတာ တွေ့ရပါလိမ့်မယ်။ ကလေးတွေဟာ တိရစ္ဆာန်တွေ၊ နိမ့်ကျသူတွေကို သနားတတ်လာတာကိုလည်း တအံ့တသြ တွေ့ရပါလိမ့်မယ်။

ဗုဒ္ဓဘာသာ ကျောင်းကန်ဘုရားတွေမှာ ကာယိနြေ္ဒကို တည်တည်ငြိမ်ငြိမ် အေးအေးဆေးဆေး စောင့်ထိန်းထားတတ်ကြပါတယ်။ ရဟန်းသံဃာတွေ လူကြီးမိဘတွေရှေ့မှာ ငြိမ်ငြိမ်သက်သက် နေတာဟာလည်း ဗုဒ္ဓဘာသာရဲ့ အလေ့အထ တစ်ခုပါပဲ။ ဗုဒ္ဓဘာသာမှာမှ မဟုတ်ပါဘူး။ ကာယိနြေ္ဒ ထိန်သိမ်းခြင်းကို တော်တော်များများက လိုလားကြပါတယ်။ ဒီအလေ့အထနဲ့ ပတ်သက်လို့ “ကလေးတွေ အငြိမ်ကို မနေနိုင်ကြဘူး”လို့ ညည်းညည်းညူညူ ပြောကြတဲ့ မိဘတွေ အများကြီး တွေ့ဖူးပါတယ်။ ကလေးတွေ ဂနာမငြိမ်တာဟာ မိဘတွေဆီက သင်ယူခဲ့တာ ထင်ပါတယ်။ အဲဒီလို မိဘတွေ ငြိမ်ငြိမ်သက်သက် ထိုင်နေတာကို သူတို့ကလေးတွေ တွေ့ရခဲ မြင်ရခဲမယ် ထင်ပါတယ်။ လူကြီးတွေ ဣနြေ္ဒရရ ထိုင်နေတာကို မြင်ရတဲ့ ကလေးတွေဟာ ဣနြေ္ဒရရ ငြိမ်ငြိမ်သက်သက် ထိုင်နေချင်စိတ် ဖြစ်ပေါ်လာတတ်ပါတယ်။ တိတ်ဆိတ်အေးချမ်းမှုကို ကလေးနဲ့မိဘ အတူတူ အလျဉ်းသင့်သလို မျှဝေခံစားသင့်ပါတယ်။ ဥပမာ ကလေးက မိဘရင်ခွင်မှာ ထိုင်နေမယ်၊ မိဘက ဘုရားစာ တရားစာ ရွတ်ဖတ်နေမယ်ပေါ့။ တစ်ချို့ မိဘတွေက တရားထိုင်တဲ့ အခါမှာ ကလေးတွေ လာနှောင့်တာ မခံချင်ကြပါဘူး။ မိဘဆန္ဒကို ကလေးတော်တော်များများက လေးလေးစားစား နားလည်တတ်ကြပါတယ်။ ကလေးက နားမလည်နိုင်လို့ တရားထိုင်နေတုန်း ရင်ခွင်ထဲ လာထိုင်တယ် ဆိုရင်လည်း ပြဿနာလို့ မယူဆသင့်ပါဘူး။ ကလေးကို ရင်ခွင်မှာထားပြီး တရားအားထုတ်လို့လည်း ရတာပါပဲ။

ဆယ်ကျော်သက်တွေနဲ့ စုဖွဲ့ပြီး ဆွေးနွေးတဲ့ နည်းကလည်း ထိရောက်ပါတယ်။ ဖော်ရွေရင်းနှီးမှုအကြောင်း၊ အတင်းအဖျင်း စကားတွေအကြောင်း၊ ချိန်းဆိုတွေဆုံတဲ့အကြောင်း စသည်ဖြင့် ဆယ်ကျော်သက်တွေနဲ့ သက်ဆိုင်တဲ့ ခေါင်းစဉ်တစ်ခုခုကို ယူပြီး လူကြီးက ဦးဆောင်ဆွေးနွေးပေါ့။ အဲဒီလို ဆွေးနွေးတဲ့ နေရာမှာ အကြောင်းအရာ အဖြစ်အပျက်နဲ့ ကိုက်ညီအောင် ဗုဒ္ဓဘာသာကို ဘယ်လို အသုံးချလို့ ရတယ်ဆိုတာ ပေါ်လွင်အောင် ဆွဲယူပြပေါ့။ အကြမ်းမဖက်ခြင်း မေတ္တာ၊ အရေးကိစ္စ ကြုံရတဲ့အခါ ထည့်ဝင်လှူဒါန်းခြင်း ရက်ရောမှု ဒါန အစရှိတဲ့ ဗုဒ္ဓဘာသာ အလေ့အကျင့်တွေကို နေ့စဉ်ဘ၀မှာ အသုံးချလို့ ရတယ်ဆိုတာ ပေါ်လွင်အောင် ပြောပြပေါ့။ ကမ္ဘာကြီးအကြောင်း၊ တစ်ခြားနိုင်ငံက လူသားတွေအကြောင်း လူငယ်တွေ သိနားလည်ခွင့် ရရှိမယ့် နည်းလမ်းလည်း ဖြစ်ပါတယ်။ တရားတော်ကို နေ့စဉ်ဘ၀မှာ အသုံးချလို့ ရခြင်းဟာ ဗုဒ္ဓဘာသာရဲ့ အလှတစ်ပါး ဖြစ်ပါတယ်။ ဗုဒ္ဓဘာသာမှာ ကိုယ်ကျင့်တရား တန်ဖိုးတွေ၊ အကြင်နာ မေတ္တာတွေ ရှိနေတယ်၊ ဗုဒ္ဓဘာသာဟာ ဘ၀အတွက် အသုံးဝင်တယ်လို့ လူငယ်တွေ သိနိုင်ကြလေလေ သူတို့ရဲ့ ဘာသာတရားကို သူတို့ ပြန်ပြီး လေးစားနိုင်ကြလေလေ ဖြစ်ပါလိမ့်မယ်။


တစ်ခါတုန်းက အသက်နှစ်ဆယ်အရွယ် ကလေးတွေ “ယောက်ျားလေးနဲ့ မိန်းကလေး ဆက်ဆံရေး”ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောဆွေးနွေးကြတာကို ဦးဆောင်ပေးခဲ့ဖူးပါတယ်။ တစ်ယောက်ပြီးတစ်ယောက် အပြန်အလှန် ပြောကြတယ်။ သူတို့ဘ၀၊ သူတို့ခံစားချက်တွေအကြောင်း ပြောကြတာ ဖြစ်ပေမယ့် တရားဓမ္မနဲ့ သက်ဆိုင်တဲ့ သဘောတရားတွေ အများကြီး ပါနေပါတယ်။ ဗုဒ္ဓဘာသာ တရားတော်ကိုက သဘာဝတရားကို ဖော်ထုတ်ပြထားတာကိုး။ ဆိုပါစို့ ကိုယ်ကျင့်သိက္ခာ ပြည့်ပြည့်၀၀နဲ့ နေထိုင်ရှင်သန်ဖို့ အရေးကြီးတယ်၊ အမှန်ကိုသာ ပြောကြဖို့ အရေးကြီးတယ်၊ ဘယ်လိုအချိန်မှာ ဘယ်လို ယုံကြည်မှု ရှိသင့်တယ်ဆိုတာ လေ့လာရမယ် ဆိုတာတွေကို ကလေးတွေ ပြောကြဆွေးနွေးကြပါတယ်။ သူတို့ ပြောဆိုဆွေးနွေးတာကို ဦးဆောင်ပေးသူ တစ်ယောက်အနေနဲ့ ဘာမှ ၀င်မပြောခဲ့ပါဘူး။ သူတို့ ပြောကြတာတွေကို လေးလေးစားစားနားထောင်ပေးခဲ့တာပါပဲ။


 ဆွေးနွေးပွဲပြီးတော့ တစ်ချို့ ကောင်လေးတွေ ကောင်မလေးတွေ လာပြောကြတယ်။ “အံ့သြစရာပဲ။ ဘာသာရေး ခေါင်းဆောင်တစ်ယောက်ရှေ့မှာ ဒီလို ပြောရတာ ဒါ ပထမဆုံးပဲ”တဲ့။ ကလေးတွေဟာ အထိအခိုက် အတိမ်းအစောင်း မခံနိုင်တဲ့ အကြောင်းအရာ တစ်ခုကို လူကြီးတစ်ယောက်ရဲ့ ရှေ့မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်ခဲ့ကြပါတယ်။ နောက်ပြီး ဘာသာရေး ခေါင်းဆောင်တွေဟာ လူငယ်တွေရဲ့ အရေးကိစ္စကို စိတ်ဝင်စားကြပါလား၊ စာနာတတ်ကြပါလားလို့လည်း သတိထားသွားမိကြပါတယ်။ သူတို့ဘ၀နဲ့ တရားဓမ္မ ဆက်စပ်မှု ရှိနေပါလားလို့လည်း သဘောပေါက်သွားကြပါတယ်။
တရားဓမ္မက ကလေးတွေရဲ့ ဘ၀ကို ထောက်ပံ့ပေးနိုင်တယ်၊ ကလေးတွေကို နည်းမျိုးစုံနဲ့ တိုက်ရိုက်တစ်မျိုး သွယ်ဝိုက်ပြီးတော့တစ်မျိုး နည်းအမျိုးမျိုးနဲ့ တရားဓမ္မတွေ သင်ပေးနိုင်တယ်လို့ ပြောချင်ပါတယ်။

ဘာသာပြန် - ရှင်အာစရ

Thursday, October 20, 2016

Beauty medication အလှဗေဒ


Q: ဆရာရှင့် ရင်သား ဖွံ့ဖြိုးအောင်၊ ကိုယ်ခန္ဓာ အချိုးအစားလှအောင် ဆေးသောက်လို့ရတယ်လို့ ကြားဖူးပါတယ်။ အကျိုး-အပြစ်တွေကို သိချင်ပါတယ်ရှင်။ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေလို့ပါရှင်။

Ans.: အမေမွေးပေးထားတဲ့ ရုပ်အင်္ဂါကို ပြင်ချင်တာဟာ အခက်ဆုံးတွေထဲမှာ ပါတယ်။ ဒါကို ဆရာဝန်က ပြောတာပါ။ ဆေးပေးမယ်၊ နည်းလမ်းပေးမယ်၊ ခွဲစိတ်ပေးမယ်။ ခွဲစိတ်တာကိုတော့ ဆရာဝန်ဘက်က ပိုင်ပိုင်နိုင်နိုင်လုပ်နိုင်တာပေါ့။ ကျန်တာကို လိုက်နာရမှာက ကာယကံရှင် ဖြစ်တယ်။ ညွှန်းတဲ့ဆေး သောက်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရှောင်စရာ-ဆောင်စရာတွေကို လိုက်နာဘို့ကတော့ ကောင်းချင်၊ ပျောက်ချင်သူတွေက လုပ်ကြရတယ်။ ဆရာဝန်တွေမှာလဲ လုပ်ပေးနိုင်တာထက် မလုပ်နိုင်တာတွေက ပိုများမလားဘဲ။

ပိန်ချင်၊ ဝချင်၊ လှချင်၊ ရှည်ချင်၊ ဖြူချင်၊ ညိုတိုတို ဖြစ်ချင်၊ သေးတာကိုကြီးချင်၊ ကြီးတာကိုသေးချင် လိုအင်ဆန္ဒတွေ လူမျိုးတိုင်းမှာရှိတယ်။ ကျား-မ မရွေးလဲရှိတယ်။ အရွယ် မရွေးလဲ ရှိသေးတာဘဲ။ ဖြစ်ချင်သူကို အပြစ်မြင်စရာ မရှိသင့်ကြပါ။ ဆရာဝန် ညွှန်တာကို ရချင်တာလဲ ကောင်းတာဘဲ။ အကျိုး-အပြစ် သိချင်တာလဲ ပညာရှိရာကျတယ်။

ကြွက်သားကိုတော့ ဖွံ့ထွားစေဘို့ မခက်လှပါ။ အလေးမသူတွေသာ ကြည့်ပါ။ ကြွက်သား မဟုတ်တဲ့ အရိုး၊ အဆီ နဲ့ တခြား (တစ်ရှူး) တွေကို ဖွံ့ထွား၊ များပြားလာဘို့ လေ့ကျင့်ခန်းနဲ့တော့ မရပါ။ ရင်သားက ကြွက်သား မဟုတ်ဘူး။ အထောက်အကူ ပြုနိုင်တာတွေတော့ ရှိပါတယ်။ ဒါကြောင့် ရင်သား၊ တင်ပါးအတွက် နည်းတွေ ရေးထားပါတယ်။ မေးတဲ့သူက အခြေအနေ မပေးလို့ လေ့ကျင့်ခန်း လုပ်မရတော့ ခက်ပြန်ပေါ့။ ခက်တာကို ရအောင်ယူနိုင်ရင် လူတော်လို့ ဆိုကြတာမို့ တော်ချင်လိုက်စမ်းပါ။ တခုလေးတော့ သတိပေးပါရစေ။ ဖြစ်သင့်တာကိုသာ ရချင်သင့်တယ်။ မရနိုင်တာ၊ မရသေးတာအတွက် စိတ်ပျက်မနေပါနဲ့။ ကံတရားအားကိုးနိုင်သေးတာဘဲ။ ကံကောင်းချင်ရင် စိတ်ကောင်း အရင်မွေးပါ။

ဆေးပဲသောက်ချင်သူကမေးလို့ ဆေးကိုသာ အဓိကထား ရေးပါရစေ။ ဆေးတွေလဲ ရှိပါတယ်။ (အေလိုပက်သစ်) ဆေး၊ (ဟိုမီယိုပက်သစ်) ဆေး၊ (အာယုဗေဒ) ဆေး၊ တိုင်းရင်းဆေး၊ (ဟာဗယ်) ဆေး၊ တရုပ်ဆေး၊ အိန္ဒိယဆေး၊ အစုံပါဘဲ။ ကြော်ညာတွေက အများကြီး။ တခြားဆေးနည်းတွေကို သင်မထားရလို့ မပြောနိုင်ပါ။ ဆေးသုတေသနမရှိတာမျိုး ဆရာဝန်ကမညွှန်ပါ။ ကိုယ့်ဆေးပညာနဲ့ ဆိုင်တာဘဲ ရေးပါမယ်။

Anabolic steroids (အင်နာဘောလစ်-စတီရွိုက်) တွေရှိတယ်။ ၁၉၃ဝ ကျော်ကတည်းက သုံးလာတယ်။ ဆေးကုရာမှာ အသုံးပြုနိုင်တာတွေက
- Bone marrow stimulation ရိုးတွင်းခြင်ဆီ စေ့ဆော်ပေးခြင်း၊
- Growth stimulation ကြီးထွားစေအောင် စေ့ဆော်ပေးခြင်း၊
- Stimulation of appetite and preservation and increase of muscle mass စားချင်စိတ်ကဲစေပြီး၊ ကြွက်သား ထုထည် ကြီးစေခြင်း၊
- Induction of male puberty ယောက်ျားလေး စောစော လူပျိုဖြစ်စေခြင်း၊
- Male contraception (Testosterone enanthate) ယောက်ျားသုံး သားသမီးမရဆေး၊
- Stimulation of lean body mass and prevention of bone loss in elderly men ကိုယ်ခန္ဓာသေးနေသူတွေကို စေ့ဆော်ပေးခြင်း နဲ့ အသက်ကြီးသူတွေမှာ အရိုးပျက်စီးတာ သက်သာစေခြင်း၊
- Hormone replacement for men ယောက်ျား-ဟော်မုန်း အစားထိုးကုသခြင်း၊
- Gender Identity Disorder ယောက်ျား-မိန်းမ ပီသစေခြင်း၊

Ergogenic use and abuse တလွဲ အသုံးပြုနေတာလဲရှိတယ်။
အမေရိကားမှာ လူဦးရေရဲ့ ၁% ဟာ ဒီဆေးမျိုးကို တလွဲသုံးနေကြတယ်။ လူလတ်တန်းစားတွေကနေ အားကစား ပြိုင်ပွဲဝင်ဘို့ မဟုတ်ဘဲ Cosmetic purposes ကိုယ်ခန္ဓာလှချင်လို့ လုပ်ကြတာဖြစ်တယ်။ ဒီဆေးမျိုးသုံးသူတွေဟာ မီဒီယာမှာ ဖေါ်ပြတာတွေကို ကြည့်-ဖတ်ပြီး စိတ်ထဲ တလွဲထင်မှတ်နေကြတယ်။ အားကစား နယ်ပယ်မှာတော့ ယောက်ျားတွေရော မိန်းမတွေပါ ကိုယ်ကာယ၊ အလေးမ၊ သံလုံးပြစ်၊ ပြေး-ခုန်-ပြစ်၊ စက်ဘီးစီး၊ (ဘေ့စ်-ဘောလ်)၊ နဘမ်းသတ်၊ သိုင်း၊ လက်ဝှေ့၊ ဘောလုံး၊ ခရစ်ကက်၊ အားကစား နည်းတွေမှာ သုံးကြတယ်။

ဒီလို လူမျိုးတွေထဲက ၅၆% ဟာ ဆရာဝန်တွေ ပြောတာကို မယုံကြဘူး။ ဆေးတွေကို လူသာမက တိရစ္ဆာန်တွေကိုပါ သုံးတာရှိတယ်။ ဆိုင်ကကြက်သား ဝယ်မစားရဲအောင် တချို့နေရာတွေမှာ ဖြစ်နေပြီ။ မြန်မာတွေကတော့ အကောင်အတွက်ဆေး လူသုံးလို့ အကောင်နဲ့ တူသူတွေ မျက်စေ့အောက်မှာတင်ရှိတယ်။ သဘာဝ ဟော်မုန်း (၃) မျိုး (Estradiol, Testosterone, and Progesterone) နဲ့ တည်ဆောက် ဟော်မုန်း ၃ မျိုး (Estrogen compound zeranol, Androgen trenbolone acetate, and Progestin melengestrol acetate) တွေကို တိရစ္ဆာန်တွေကို အသားတိုးအောင် ထိုးပေးတယ်။

Bodybuilding drug ကိုယ်ခန္ဓာ သန်မာကြံ့ခိုင်အောင် သုံးကြတဲ့ဆေးတွေကို ဆရာဝန်တွေတောင်မှ အံ့သြရတယ်။ ဆေး နမူနာ (၃) ခုရေးပြပါမယ်။ (၁) Lasix ဆီးဆေးလို့ အလွယ်ခေါ်တဲ့ ကိုယ်ရောင်နေသူ၊ သွေးတိုးရှိသူ၊ နှလုံး အလုပ် မလုပ်နိုင်သူတွေကို ပေးတဲ့ဆေး။ (၂) Cytomel ဆိုတာ Thyroid drugs လည်ပင်းကြီးဆေး ဖြစ်တယ်။ (၃) Human chorionic gondotropin (HCG) အလွယ်ပြောရင် အချင်းဟော်မုန်း။ အများ နားလည်အောင် ပြောရရင် ကိုယ်ဝန်ရှိ-မရှိစစ်တယ်ဆိုတာ ဆီးထဲ-သွေးထဲမှာ ဒီဟာ ပါနေ-မနေ စစ်တာဖြစ်တယ်။

Breast augmentation ရင်သားကို ခွဲစိတ်ပြုပြင်နည်းတွေလဲ ရှိတယ်။ Breast implant ရင်သားအတုထည့်တာ နဲ့ Fat-graft mammoplasty procedures အဆီကို နေရာပြောင်းထည့်ပေးတာတွေဟာ ရင်သား မလှတာကို လှစေဘို့၊ ပိုပြီး အရွယ်အစားကြီးစေဘို့ နဲ့ ထိတွေ့မှုမှာ သာစေဘို့ အတွက်လုပ်တယ်။ ရင်သားခွဲစိတ်ပြုပြင်နည်းတွေမှာ Saline-filled (စေလိုင်း) သုံးနည်း နဲ့ Silicone-filled prosthetic breast (စီလီကွန်) သုံးနည်း လုပ်နိုင်တယ်။ Post–mastectomy ရင်သား ခွဲစိတ်ထုတ်ထားရသူတွေကို Breast reconstruction ရင်သား အသစ်တပ်ပေးတာ လုပ်နိုင်တယ်။ ရင်သား ဝိုင်းစက်-ဖေါင်းကြွနေတာ ဓါတ်ပုံမှာ အသားပေးထားရင် အဲဒါသာမှတ်။

အပြင်ပမ်း ကြည့်ပြီး ရုပ်လှ-မလှ စသဖြင့် အကဲဖြတ်လေ့ရှိတယ်။ အမြင်မှာ သာစေဘို့ အခုအခံလဲ လုပ်ကြပါတယ်။ Camouflage ခေါ်တယ်။ ပုံဖျက်ထားတာပေါ့။ အမှန်က သူများအမြင်ကို အာရုံပြောင်းစေနည်းတွေ ဖြစ်ပါတယ်။ ဒီအရေးမှာ (စပါယ်ရှယ်လစ်) တွေ ပြောတာက ရင်သားကို ပိုကြီးချင်သူအရေအတွက်နဲ့ ကြီးနေတာကို သေးချင်သူ အရေအတွက် မကွာဘူးတဲ့။

ရင်သား ကြီးနေတာကို ဆေးမပါ၊ ဆရာဝန်မပါဘဲ လှည့်စားနည်းတွေ ရှိပါတယ်။
• Baggy and wavy blouses ချောင်ကျပြီး လှိုင်းထနေတဲ့ အဝတ်အစား ရွေးဝတ်ပါ။
• Classic dark, black or navy blue အနက်ရောင်၊ အရောင်ရင့်၊ (နေဗီ-ဘလူး) ဝတ်ဆင်ပါ။
• Avoid exposing it ကိုယ့်ဟာကို သူများကို မမြင်သာပါစေနဲ့။
• Tops with higher collar and neckline ကော်လာပါတာ ဝတ်ပါ။ လည်မဟိုက်စေပါနဲ့။ ဆွဲကြိုးဝတ်ပါ။ ပုလဲပုတီးဆွဲပါ။
• Stripes and different patterns အစဉ်းကြောင်းပါတဲ့ (ပက်တန်) မတူတဲ့ အဆင်ရွေးဝတ်ပါ။
• Seamless bra (ဘရာစီယာ) အခွက်ဝိုင်းမှာ ဘာအစဉ်း၊ ဒီဇိုင်းမှမပါတဲ့ ပြောင်ချောနေတာ ဝတ်ပါ။
• လူကပိန်ပြီး ရင်သားကထွားနေသူဆိုရင် အောက်က Skinny jeans ဂျင်းဘောင်းဘီ ကြပ်တာဝတ်ပါ။ ကြည့်တဲ့သူ မျက်စိကို တနေရာလွှဲစေပါ။

ဒီတော့ ရင်သားသေးနေသူတွေက ပြောင်းပြန်ယူက ရမလားဘဲ။

ကိုယ်ခန္ဓာ အချိုးအစားကျဘို့ရာ တကယ်လိုပါတယ်။ မိန်းမတွေအလှကို "ခါးသေး-ရင်ချီ" လို့ သတ်မှတ်သေးရင် ရင်နဲ့ တင်ကို ပြင်ဘို့ လိုမယ်။ ရင်သားဟာ ရင်ခေါင်းပိုင်း အရိုးစုအပေါ်မှာ ရှိတယ်။ တင်ဆိုတာ ဘေးကားတာနဲ့ နောက်ကော့နေတာဟာ အရိုးပုံပန်းအပေါ် မူတည်တယ်။ လူကိုယ်ခန္ဓာဟာ အရိုးပေါ်မှာ တည်ဆောက်ထားတယ်။ အရိုးကို အလှအပအတွက် ပြင်ပေးဘို့ရာ မရသလောက် ခက်ပါတယ်။ ခေမာမိဖုရားကြီး တရားချွတ်ခန်း ပန်းချီ တွေ့ဘူးသူ များမှာပါ။ အရိုးပဒေသာပေါ်ကနေ ကြွက်သားတွေ၊ အရွတ်တွေ၊ အဆီတွေ နဲ့ အပေါ်ကနေ အရေပြား ဖုံးထားတယ်။ အတွင်းထဲမှာ အင်္ဂါအစိတ်အပိုင်းတွေရှိတယ်။

လှချင်သူတွေက အလှဗေဒ နားလည်ကြမယ် ထင်ပါတယ်။ (ဗီးနပ်စ်) ဂရိလက်ရာ ရုပ်ထုဟာ သမိုင်းမှာ အချစ်နဲ့ အလှကို ကိုယ်စားပြုတယ်။ လက်တွေ ပြတ်နေတာတောင် ခုထိ တန်ဘိုးထားတုံးဘဲ။ သတိပြုဘို့က ခါးမသေးပါ။ ရင်ကလဲ သူလိုကိုယ်လိုပါ။ သက်ရှိလူတွေကို လှတယ်လို့ သတ်မှတ်တာတော့ ရုပ်တုတွေနဲ့ မတူနိုင်ပါ။ ကိုယ်နေဟန်ထား၊ အဝတ်အစား၊ မျက်နှာပေး၊ မူယာ--မာယာ၊ စတာစတာတွေနဲ့ အလှကို အသက်ဝင်စေနိုင်တယ်။ ဖက်ရှင် ဘန်းစကားတခု ဖြစ်တဲ့ Catwalk လျှောက်လမ်းမှာ လမ်းလျှောက်ပြရတဲ့ ဖက်ရှင်မယ်တွေဟာ အသစ်ပေါ် အဝတ်အစား၊ အသုံးအဆောင်တွေဝတ်ပြီး၊ အင်မတန် ပိန်ပါးပြီး တအားအရပ်ရှည်ကြရတာကို စံလို့ သတ်မှတ်ထားတယ်။ ရင်မထွားတာလဲ တန်ဘိုးတရပ် မဟုတ်ပါလား။

ပုဗ္ဗစေတနာ ပျက်စီးမှုကြောင့် အရုပ်ဆိုးရသူ (ပဉ္စပါပီ) ဟာ ဖောဋ္ဌာဗ္ဗာရုံမှာတော့ နာမည်ကြီးတယ်လို့ ဖတ်ရတယ်။ အာရုံခံစားမှု အရည်အချင်း အလွန့်အလွန်ကို ကောင်းလှသတဲ့။ အာရုံကြောတွေ ကောင်းဘို့ရာ ကျန်းမာဘို့ မလိုပါလား။ ဗီတာမင် (ဘီ) တွေက အာရုံကြောအတွက် ကောင်းတယ်။ ဆီးချိုရှိနေသူတွေ ခြေလက် ထုံတာဟာ B6 နဲ့ B12 နည်းလို့ ဖြစ်တယ်။ B1 ဟာ စိုးရိမ်စိတ်ကို သက်သာစေတာက အာရုံကြောတွေအပေါ် သက်ရောက်လို့ ဖြစ်တယ်။ E လဲနည်းရင် Neuron degeneration အာရုံကြောရောဂါ ရစေနိုင်တယ်။ ဗီတာမင် (စီ) ကလဲ စိုးရိမ်စိတ်ကို သက်သောစေတဲ့အပြင် ဦးနှောက်-ဓါတုအလုပ် နဲ့ (အဒြီနယ်-ဂလင်း) တွေကို ကူညီတယ်။ ဓါတ်ဆားတွေထဲက (ကယ်လ်စီယမ်) နဲ့ (မဂ္ဂနီဆီယမ်) တွေလဲ အာရုံကြောတွေအတွက် လိုတယ်။

ကြွက်သားတွေအတွက်လဲ ဗီတာမင်တွေက အရေးပါတယ်။ A ကနေ ကြွက်သားတွေ တင်းအားနည်းတာကို ကူညီမယ်။ B နည်းရင် အားယုတ်ပြီး ကြွက်သာတွေနာနေမယ်။ B-1 နည်းရင်၊ B-6 နည်းရင်၊ B-12 နည်းရင် ကြွက်သားတွေ အားယုတ်နေတယ်။ B-12 က ကြွက်သား ပြန်အသစ်ဖြစ်တာ ကူညီမယ်။ E ထဲမှာ Antioxidant and Anti-inflammatory သတ္တိတွေရှိလို့ ကြွက်သားပျက်စီးတာပြင်ဘို့ အသုံးကျတယ်။ C ကလဲ ကြွက်သား ထိခိုက်တာအတွက် ကောင်းတယ်။ နည်းရင် တင်းအားနည်းမယ်။ D က ကြွက်သား အကွေးအဆန့်အတွက်လိုတယ်။ D အလွန်နည်းရင် ကလေးတွေမှာ Rickets အရိုးပျော့ရောဂါ ဖြစ်မယ်။ လူကြီးတွေမှာ Osteomalacia အရိုးမသန်တာ ဖြစ်မယ်။

နိဂုံးချုပ်ပါမယ်။ ကိုယ်ခန္ဓာ အချိုးအစား၊ အဝတ်အစား၊ တန်ဆာပလာ၊ လူနေဟန်၊ စတာတွေရဲ့ အတွင်းဘက်မှာ မမြင်ရတဲ့ အလှဆိုတာ စိတ်အလှဖြစ်ပါတယ်။ ဆရာဝန်မတတ်နိုင်ပါ။ ကိုယ်တိုင်တော့ မွေးမြူ-သင်ယူ-ကျင့်ဆောင်နိုင်ကြပါတယ်။ မမြင်ရတဲ့အလှဆိုတာ မကြည့်ဘဲလည်း သိနိုင်တယ်။ အရာတိုင်းမှာ လှကြပါစေ။

Dr. တင့်ဆွေ

Wednesday, October 19, 2016

Blueberry Smoothies


ကျန်းမာရေးနဲ့လည်းညီညွတ် အဟာရလည်းဖြစ်တဲ့ အသီးအနှံဖျော်ရည်လေးတွေကို နံနက်စာစားတိုင်း ထည့်သွင်းသုံးဆောင်ပေးမယ် ဆိုရင် တနေ့တာလုံး အားအင်ပြည့်နေမှာအမှန်လို့ ကျနော်ကတော့ ခံယူထားတယ်။ များသောအားဖြင့် ကိုယ့်ပတ်ဝန်းကျင်မှာ အလွယ်တကူ ၀ယ်ယူလို့ရမယ့်အသီးအနှံလေးတွေဖြစ်ရင်ကောင်းပေမယ့် ယခုအခါ စူပါမားကတ်တွေလည်းပေါ်လာပြီဖြစ်တာကြောင့် လိုချင်တဲ့ အသီးအနှံတွေကိုဝယ်ဖို့ မခက်ခဲလောက်တော့ပါဘူး။

ယခုပြန်လည်ဝေငှမည့် Smoothie ဖျော်ရည်နည်းလေးတွေက အိန္ဒိယ ၀က်ဘ်ဆိုဒ်တစ်ခုမှ ကူးယူဘာသာပြန်ထားခြင်းဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျော့ဖို့ကြိုးစာ့းလေ့ကျင့်နေသူများ အထောက်အကူပြုအစားအစာတွေထဲပါဝင်တဲ့သဘောပေါ့။

ပထမဆုံးအနေနဲ့ ကျနော့်အကြိုက် Blueberry သီးလေးတွေနဲ့ဖျော်စပ်တဲ့ ဖျော်ရည်လေးတွေပေါ့ခင်ဗျာ။

(၁) ငှက်ပျောသီး - ဘလူးဘယ်ရီ (Banana-Berry Smoothie)

ပါဝင်ပစ္စည်းများ
လတ်ဆတ်သော ဘလူးဘယ်ရီသီး တစ်ခွက်စာ (1 cup)၊ ငှက်ပျောသီး တစ်ခွက်စာ၊ အခွံခွာပြီး ခြစ်ထားသော လတ်လတ်ဆတ်ဆတ် ဂျင်း စားပွဲတင်ဇွန်းတစ်ဇွန်း၊ ပျားရည် စားပွဲတင်ဇွန်း ၂ဇွန်း၊ နာနတ်သီး အရည် တစ်ခွက်စာ၊ ရေသန့်ရေခဲတုံး သုံး-လေးတုံး။

ပြင်ဆင်ပြုလုပ်ပုံ
ပါဝင်ပစ္စည်းအားလုံးကို ဖျော်ရည်ကြိတ်စက် (blender) ထဲထည့်ကာ ကြိတ်ခြေလိုက်ပါ။ ကျေညက်ပြီး ချောမွေ့သွားသည်အထိ စိတ်ကြိုက်ခြေဖို့လိုပါတယ်။
ပြီးမှ ဖန်ခွက်သန့်သန့်ထည့်ပြောင်းထည့် ၊ ဘယ်ရီသီးသုံးလေးလုံးထည့်ကာ သုံးဆောင်နိုင်ပါပြီ။

 (၂) ဘလူးဘယ်ရီ - ငှက်ပျောသီး - လဘက်စိမ်း (Blueberry - Banana – Green Tea)

ပါဝင်ပစ္စည်းများ
လဘက်စိမ်း(Green Tea) တစ်ခွက်စာ၊ ပါးပါးလှီးထားသော ငှက်ပျောသီး တစ်ခွက်စာ၊ ဗနီလာအနံ့ပါ နို့တစ်ခွက်စာ၊ ဘလူးဘယ်ရီဒိန်ချဉ် တစ်ခွက်စာ၊ ပျားရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ရေသန့်ရေခဲ သုံးလေးတုံး။

ပြင်ဆင်ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများအားလုံးကို ဖျော်ရည်စက် (blender) ထည့်ကြိတ်ချေပါ။ အကုန်လုံးရောမွှေကြိတ်ချေပြီး ခပ်ပျစ်ပျစ်ဖြစ်သွားချိန်တွင် ရေခဲသေတ္တာထဲထည့် ခဏအအေးခံကာ သုံးဆောင်နိုင်ပါပြီ။

(၃) ဘလူးဘယ်ရီ - စတော်ဘယ်ရီ (Blueberry Cream Slushy)

ပါဝင်ပစ္စည်းများ
ဘလူးဘယ်ရီသီး တစ်ခွက်စာ၊ စတော်ဘယ်ရီသီး တစ်ခွက်စာ၊ နာနတ်သီးနှင့် လိမ္မော်သီးကြိတ်ထားသော အရည် တစ်ခွက်စာ၊ ဗနီလာဒိန်ချဉ် တစ်ခွက်စာ၊ သကြား လက်ဖက်ရည်ဇွန်း ၂ဇွန်း၊ ရေသန့်ရေခဲ ခြောက်တုံး။

ပြင်ဆင်ပြုလုပ်ပုံ
ပါဝင်ပစ္စည်းအကုန်လုံးကို Blender ထဲထည့်ကာ ခပ်ပျစ်ပျစ်ဖြစ်သွားသည်အထိ ကြိတ်ချေပါ။ စိတ်ကြိုက်အနေအထားရလျှင် ဖန်ခွက်ထဲပြောင်းထည့်ကာ သုံးဆောင်နိုင်ပါပြီ။

(၄) ဘလူးဘယ်ရီ - သလဲသီး (Blueberry – Pomegranate Smoothie)

ပါဝင်ပစ္စည်းများ
သလဲသီးဖျော်ရည် ခွက်တစ်ဝက်စာ၊ ဘလူးဘယ်ရီသီး တစ်ခွက်စာ၊ နို့ ခွက်တစ်ဝက်စာ၊ ပူစီနံ (Mint) ၃ရွက်။

ပြင်ဆင်ပြုလုပ်ပုံ
ပါဝင်ပစ္စည်းအကုန်လုံး Blender ထဲထည့်ကာ ကြိတ်ချေပါ။
မင့်န်အရွက်လေးတွေဖြင့်အလှဆင်ရင်း အေးမြကောင်းမွန်သော Smoothie တစ်ခွက်အဖြစ်သုံးဆောင်ပါ။

(၅) ဘလူးဘယ်ရီ Muffin (Blueberry Muffin Smoothie)
ပါဝင်ပစ္စည်းများ
ဘလူးဘယ်ရီသီး ခွက်တစ်ဝက်စာ၊ လိမ္မော်သီးတစ်လုံး အခွံခွာထားပါ၊ ကွေကာအုတ်(Rolled Oats)အဖတ် ခွက်တစ်ဝက်စာ၊ သစ်ဂျပိုးခေါက်အမှုန့် လက်ဖက်ရည်ဇွန်း ၁/၄ ပုံ၊ ဗနီလာနံ့ Almond Milk တစ်ခွက်စာ။

ပြင်ဆင်ပြုလုပ်ပုံ
ပါဝင်ပစ္စည်းများကို Blender ထဲထည့်ကာ ခပ်ပျစ်ပျစ်ဖြစ်တဲ့အထိ ကြိတ်ချေပါ။
ရေခဲထည့်ပါ။
သစ်ဂျပိုးအမှုန့်လေး အပေါ်ကခပ်ပါးပါးဖြူးပါ။ ပြီးတော့ လတ်ဆတ်တဲ့ ဘလူးဘယ်ရီသီးအချို့ထပ်ထည့်ကာ အလှဆင်သုံးဆောင်နိုင်ပါပြီ။

စာကြွင်း။ ။ ဖျော်ရည်လေးတွေကို အေးအောင်ရေခဲတုံးလေးတွေထည့်သောက်ကြသလို ရေခဲထည့်မသောက်ချင်ရင် ရေခဲသေတ္တာထဲ အချိန်အနည်းငယ်ထည့်အအေးခံကာသုံးဆောင်နိုင်ပါသည်။ ပါဝင်ပစ္စည်းလေးတွေကြိတ်ခြေပြီး ဖန်ခွက်ထဲထည့်ကာ အပေါ်က အသီးအနှံလေးအချို့နဲ့အလှဆင်တည်ခင်းနိုင်တာပေါ့နော်။ ကွေကာအုတ်အဖတ်ကတော့ စူပါမားကတ်တွေမှာရတတ်ပါတယ် နို့ထဲထည့်စားဖို့ အခြားနေရာတွေမှာအသင့်သုံးဖို့ပြင်ဆင်ထုတ်ပိုးရောင်းချတတ်ကြပါတယ်။

Tuesday, October 18, 2016

ရွင့်ဂျာ (or) Wron-gya

ဘင်္ဂလားမှ ရွင့်ဂျာ ခေါ် ရိုဟင်ဂျာ ဆိုတာ သူတောင်းစားတွေပါ။


ဘင်္ဂလားဒေ့ရှ်မှာ အခြေအနေမဲ့ ခြေသလုံးအိမ်တိုင် လှည့်လည် သွားလာ နေထိုင်ကြတဲ့ ဘင်္ဂါလီတွေကို အကြမ်းဖျဉ်း လေးမျိုးခွဲထားပါတယ်။

(၁) ရွင့်ဂျာ/Wron-gya (ရိုဟင်ဂျာ/Rohingya) လမ်းဘေးတွင် နေထွက်သည်မှနေ၀င်သည်ထိ တောင်းစားတဲ့သူတွေဖြစ်ပြီး
(၂) ဇိုင်လာ (မြန်မာနိုင်ငံမှ ဆလုံလူမျိုးများလို) လှေတွေလောင်းတွေမှပဲ နေပြီး ငါး/ဖား ရှာစားတဲ့သူတွေ
(၃) ဘိုင်လာ (မြွေဟောက် တွေ ကိုအဆိပ်နှုတ် ပြီးပြစားတဲ့သူတွေ( ဆေးဖက်ဝင်မြက်ပင်များကို) ရောင်းပြီးသူတို့ဘ၀ကိုရပ် တည်တဲ့သူတွေ
(၄) နောက်အုပ်စုတစ်စုကတော့ ပါကစ္စတန်နိုင်ငံသားများ( ဘီဟာရီ) ဒုက္ခသည်များပင် ဖြစ်ပေတော့သည်။

မြန်မာအခက် ဘင်္ဂါလီအကွက်

မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေရှ့်ကို ရောက်ရှိနေတဲ့ မွတ်ဆလင်ဒုက္ခသည်တွေကို ပြန်ခေါ်ဖို့ ဘင်္ဂလားဒေရှ့် အစိုးရ အစဉ်အဆက်က ကုလသမဂ္ဂ အကာအကွယ်ယူပြီး မြန်မာအစိုးရ အစဉ်အဆက်ကို ဖိအားပေးလေ့ရှိပါတယ်။

မေးရမှာက ဘယ်က ဒုက္ခသည်တွေလည်း ဒါကာ။ စစ်တကောင်း မြို့ကြီးတွေက ဒုက္ခသည်တွေလား ဒါမှမဟုတ်ရင် စစ်တကောင်း နှင့်ဒါကာမြို့ကို သွယ်တန်းဖေါက်လုပ် ထားသောလမ်း တဖက်တချက်စီမှာ ပလတ်စတစ်တဲလေးတွေနှင့် ဖြစ်သလိုနေထိုင်တတ်ကြသော သူတို့အခေါ်( ရွင့်ဂျာ) အိုးမဲ့အိမ်မဲ့တွေကိုလား။

ဒါမှမဟုတ်ရင် Bangladesh နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ (ဒုက္ခသည်စခန်း ၁၁၆ ခုမှာ နှစ်ပေါင်း ၄၀ ကျော် နေထိုင်လျှက်ရှိကြပြီး နိုင်ငံသားအဖြစ်အသိအမှတ်ပြုခြင်းမခံရသော ပါကီ ဘီဟာရီ ဒုက္ခသည်တွေကိုလားဆိုတာ ရှင်းရပါမယ်။ ဘာလို့လဲ ဆိုတော့ ထိုသူများသည် မြန်မာပြည်နှင့် လားလားမှ မဆိုင်သူများ ဖြစ်သောကြောင့်ပါ။ ဘင်္ဂလားက ရူးချင်ယောင်ဆောင်ပြီး ထိုးထည့် နေသူများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံက အိုးမဲ့အိမ်မဲ့တွေ(သူတို့အခေါ်) ရွင့်ဂျာ ( Wron-gya=Rohingya) တွေသာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ် ဒါကား တက္ကသိုလ် ကျောင်းသားများ ပြုစု ထားသော ရွင့်ဂျာ ဆိုင်ရာ စာတမ်း တစ်စောင်အရ

(၁) ဘင်္ဂလီ(ရွင့်ဂျာ) 

ရွင့်ဂျာ အိုးမဲ့အိမ်မဲ့တွေ နေထိုင်တဲ့ နေရာတွေ  (ဘင်္ဂလီအခေါ်တော့) ဘို့စတိတ် (slum) တွေမှာ မကောင်းမှုဟူသမျှ အကုန်လုပ်တယ်။ မော်ဖိန်း ၊ ဆေးခြောက်၊ ဖန်ဆီဒိုင်း အားလုံးရတယ်။ ဒါနွေကို သူတို့ရဲ့ သေးငယ်တဲ့တဲလေးတွေရဲ့ မြေအောက်မှာဖွက်ထားလေ့ရှိပါတယ်။

ဒီလို ရွင့်ဂျာ ဘို့စတိတ်တွေကိုအမှီပြုပြီးတော့ ဘင်္ဂလီ မာဖီးယားတွေက တော်တော်လည်းချမ်းသာကြွယ်ဝကြတယ်။ တဖက်မှာ ဘို့စတိတ်နှင့်နီးတဲ့ ကောလိပ်ကျောင်း သူတွေ ကောလိပ်ကျောင်းသားတွေ တနေ့ထက်တနေ့ဆေးစွဲတာတို့ ကိုယ်ကျင့်တရားပျက် တာတို့များလာတဲ့အတွက် အစိုးရက ဘို့စတိတ်တွေကို ၀င်စီးပြီး အရေးယူသော်လည်း သူတို့ကို စနစ်တကျ နေရာချထားဖို့ ပျက်ကွက်ခဲ့သလို သူတို့ဘာလူမျိုးလည်းဆိုတာ ကိုယ်တိုင်က မသိတဲ့ ရွင့်ဂျာဘင်္ဂလီတွေရှိပါတယ်။

နောက်တစ်မျိုးက ပါကစ္စတန်စစ်ပွဲ အပြီးမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်နေထိုင်လျှက်ရှိကြသော ပါကစ္စတန်လူမျိုး ဘီဟရီ တွေကိုများစွာတွေ့နိုင်ပေမဲ့ အဆင့်သိပ်မနိမ့် ကြဘူး သူတိုကိုသူတို့ရှာဖွေစားသောက်နှိုင်တဲ့အဆင့် မှာရှိကြတယ်။

ကိုယ့်ဟာကိုယ် ရှာဖွေစားသောက်နှိုင်စွမ်း မရှိတာကတော့ ဘင်္ဂလီရွင့်ဂျာတွေဖြစ်ပြီး ပုဂံတလုံးနှင့် မနက်မှသည် ညနေ၀င်သည်ထိ တအိမ်ဝင် တအိမ်ထွက် တောင်းစားတတ်ပြီး လစ်ရင် လစ်သလိုခိုးသွားတတ်သလို တခါတလေလူသတ်သည်ထိ ဒုစရိတ်များကိုကျူးလွန်တတ်ပေသည်။ ည ၉ နာရီအချိန်မှာစစ်တကောင်း ဒါကားမြိုတ၀ိုက်လှဲ့ပါတ်ပြီးသွားကြည့်မယ်ဆိုရင် သူတို့ရဲ့ ပလက်ဖေါင်းရွာလေးကိုတမြို့လုံးလိုလိုတွေ့ရပြီး တနည်းအားဖြင့်မြို၏အလှတရားကိုပင် ဖုံးလွှမ်း ထားပေသည်။

ရွင့်ဂျာ

Street children in Dhaka or Wrongya


သူတို့ရဲ့ဘ၀တွေကိုသေသေချာချာတွေးကြည့်တော့လည်း သနားဖို့ကောင်ပေသည် ပညာသင် ကြားခွင့်မရကြသလို ရှေ့ဆောင်လမ်းပြမည်သူများလည်းမရှိပေ အစိုးရဆိုသူများကလည်းသူတို့အ တွက်ဘာမှစဉ်းစာခဲ့ကြဟန်မတူပါဘူး။

(၂) ဘင်္ဂါလီ ဇိုင်လာ

ဇိုင်လာများမှာလည်းငါးဖမ်းလုပ်ငန်းဖြင့်အသက်မွေးသူများဖြစ်ပြီး သူတို့မျိုးဆက် များမှာလည်း ဤငါးဖမ်းလုပ်ငန်းများဖြင့်သာအသက်မွေးကြသူများဖြစ်ပေသည်။ တချိန်ကလောင်း လှေများဖြင့်နေခဲ့ကြသော်လည်း ယနေ့အချိန်တွင်အိမ်များဖြင့်နေထိုင်တတ်နေကြပြီဖြစ်သော် လည်းအနှိမ်ခံဘ၀၌သာရှိနေပေသည်။

ဘင်္ဂလားအစိုးရ၏ မတရားဆက်ကြေးများကောက်ခံမှုကြောင့် တချိန် ကငါးဖမ်းလုပ်ငန်းများဖြင့် လွတ်လပ်စွာအသက်ရှင်နေထိုင်လာပြီး ပင်လယ်သည်အမိ ပင်လယ်သည်ပင်လျှင် အဖ ဟုခံယူထားကြသော ဇိုင်လာများသည်လည်း အခက်အခဲအမျိုးမျိုးနှင့်ကြုံတွေ့နေ ရပါသည်။

(၃) ဘင်္ဂါလီ ဘိုင်လာ

ရွင့်ဂျာနှင့်ဘိုင်လာအုပ်စုများသည်ပုံမှန်အားဖြင့်အသိညာဏ်မဲ့ကြသော လူအုပ်စုဖြစ်သော်လည်း သူ တို့မှာ အုပ်ချုပ်သော (ဆော့ဒါ) အဖွဲ့ခေါင်းဆောင်များရှိကြပြီး တခါတလေ တဖွဲ့နှင့်တဖွဲ့ပြင်းပြင်း ထံထံတိုက်ခိုက်ကြပေသည်။ ဒါဏ်ရာရသူများကိုလည်းဆေးရုံဆေးခန်းများကို မပို့ခြင်းကြောင့် အသက် ဆုံးရှုံးမှုများရှိပေသည်၊ အဆိုးဆုံးကတော့သူတို့ကို ဘင်္ဂလီ လူ့အသိုင်းအ၀ိုင်းအ၀ိုင်းက သူတို့နှင့် မတူမတန်သူများအဖြစ် လူရာမသွင်းဘဲ ပစ်ပါယ်ထားခြင်းပင်ဖြစ်ပေသည်။

ဘိုင်လာများ၏ဘ၀(မြွေပြပြီး အသက်မွေးသူများ)



သို့သော်လည်း ၁၉၉၆ ခုနှစ်တွင်တက်လာသော အ၀ါမီလိဂ် အစိုးရ၏ဦးဆောင်မှု့ဖြင့် ကြောက်ခမန်းလိလိဖြစ်ပွါးနေသော မြို့တော်၏ဒုစရိုက်များကိုနှိမ်နင်းရန်နှင့် မြို့ကြီးများတွင် နေထိုင်ကြသော ဘို့စတိတ်များကိုအင်အားသုံးပြီးဖျက်ဆီးခဲ့ပေသည်။

သို့သော်လည်းသူတို့ကိုနေရာထိုင်ခင်း မပေးခြင်း၏အကျိုးဆက်များကြောင့်မြိုပြင်(ဘို့စတိတ-ဂျီပစီ်) ရွက်ဖျန်အိမ်များဖြစ်လာရုံသာမက သူတပါးပိုင်မြေများအား ၀င်ရောက်ပြီးကျူးကျော်နေထိုင်မှုများပေါ်ပေါက်ခဲ့ပေသည်။

ဘင်္ဂလား အစိုးရက ၄င်းပြဿနာကို နည်ေးကာင်းလမ်းကောင်းနှင့်ဖြေရှင်းမဲ့ အစား အင်းအားသုံးနှင်ထုတ်ခြင်းများနှင့်ဖမ်းဆီးခြင်းများ ပြုလုပ်ခဲ့ပြီး မြန်မာနယ်စပ်ရှိ တပ်ကနက်ဖ်ဒုက္ခသည်စခန်းများသို့ သူတို့အလိုမပါဘဲ ပို့ဆောင်ခြင်းများကြောင့် တချို့ ဘို့စတိတ်များမှာ နယ်များသို့အစုလိုက်အပြုံလိုက်ထွင်ပြေးသွားကြပြီး အချို့မှာလည်း မြန်မာ နိုင်ငံမှထွက်ပြေးလာသူ ဆိုသူများ၏ ခေါင်းစဉ်အောက်တွင် တက်ကနပ်ဖ် မြို့ ယ္ခုတွေမြင်တွေ့နေရသော နေရာသို့ပြောင်းရွှေ့ခြင်းခံခဲ့ရပေသည်။

တစ်ဆက်ထဲမှာ ၎င်းသူတောင်းစားများကို ဘင်္ဂလားအစိုးရမှ မြန်မာပြည်မှထွက်ပြေး လာသော ရွင်ဂျာများ(ရိုဟင်ဂျာ=အိုးမဲ့အိမ်မဲ့) များဟု တံဆိတ်ကပ်ကာ UNHCH သို့ထိုးအပ် လိုက်သောကြောင့် သူတို့အားလုံး၏ စားဝတ်နေရေးကို UNHCR မှတာဝန်ယူလျှက် ရှိနေပေသည်။

၎င်းအပြင် ထိုအိုးမဲ့ အိမ်မဲ့များနှင့် လူ (၁၀၀၀၀)လျှင် မြန်မာစကားနည်းနည်းတတ်သူ (၁၀၀) ခန့်ကို ရောနှောထားပြီး နိုင်ငံတကာအဖွဲ့အစည်များမှ လာရောက်တွေဆုံလျှင် လုပ်ဇာတ် ခင်းပြီးသူတို့နှင့်သာ တွေဆုံးခြင်းများပြုလုပ်ပေးလေ့ရှိပေသည်။

Bangladesh အစိုးရအနေနှင့် သူတို့လူမျိုးများကိုပင် လိုအပ်လာလျှင်သူတို့အတွက် အကျိုးမရှိဘူးဟုသတ်မှတ်ထားလျှင် တံဆိပ်အမျိုးမျိုးတတ်ပြီးနိုင်ငံတကာသို့ထိုးအပ်သောအလေ့အထသည် ယခုမှ ဖြစ်ပေါ်လာခြင်း မဟုတ်ဘဲ ၁၉၇၁ ခုနှစ်တွင်ဖြစ်ပွါး ခဲ့သောလွတ်လပ်ရေးစစ်ပွဲကိုပင် ထိုနည်းများကို သုံပြီးပြု လုပ်ခဲ့ခြင်းဖြစ်ပေသည်။

၎င်း အချက်ကို Dhaka မြို့တော်တွင်တည်ရှိသော (ဂျနီဗာ) ဒုက္ခသည်စခန်း နှင့် နိုင်ငံ တ၀ှမ်းရှိ ၁၁၆ ခုသော ဘီဟာရီးဒုက္ခသည်စခန်းများကသက်သေခံနေပေသည်။

အမှန်က Dhaka မြို့တော်မှ ၈၆၀၀၀၀ သောလမ်းဘေးနေ ဘင်္ဂလီ(ရွင့်ဂျာ) များပျောက်ခြင်းမလှ ပျောက်ဆုံးခြင်းများမှာ ဒီစခန်းများနှင့်ပါတ် သက်နေသလားဟု မေးလျှင်သိပ်ပြီးပါတ်သက်နေ ကြောင်းခိုင်မာသောသက်သေပြချက်များရှိနေပါသည်။

(၄) ဘီဟာရီ

Dhaka မြိုတွင် ထပ်တိုးလာ သော ဘီဟာရီး ဒုက္ခသည် စခန်းပေါင်း ၄၀ ခန့်များနေပြီး တပ်ကနပ်ဖ်မြို့ နားက Unregistered Burmese Refugees Camps များတွင် ရောက်ရှိနေသော မိုးကျရွေကိုယ်များမှာ မြန်မာနိုင်ငံမှမဟုတ်ဘဲ ဘင်္ဂလီစစ်စစ် မြန်မာစကား ကိုတလုံးတပါတမျှမတတ်သော ရွင့်ဂျာ သူတောင်းစားများသာဖြစ်ပေသည်။

ထို့သို့သောမိမိနိုင်ငံသားများကို တာဝန်ယူမှုမရှိဘဲ တဖက်နိုင်ငံများသို့မသမာသောနည်းများသုံးကာပို့ဆောင်ခြင်း အကြောင်း အမျိုးမျိုးကြောင့် နယ်ကျော်သွားသော ဘင်္ဂလီ လူမျိုးများကို ပြန်လည်ပြီးနွေးထွေးစွာ လက်ခံရန်ပျက်ကွက်ခြင်းတို့ကြောင့် အစိုးရကိုဝေဖန်သော ပြည်သူများလည်းတစ်စတစ်စ တိုးပွါး လျှက်ရှိပေသည်။

ဘီဟာရီးများနှင့်သူတို၏ဘ၀တစိတ်တပိုင်း Voice of camps ( ဘီဟာရီးဒုက္ခသည်များ၏ ဘ၀ထဲကအသံများ)




၁၉၇၁ အရှေ့ပါကစ္စတန်နှင့် အနောက်ပါကစ္စတန်တို့စစ်ပွဲအတွင်း ဘင်္ဂလီ ၃ သန်းကျော် အသတ်ခံခဲ့ရပြီ ၃.ရ သန်းသော ဘင်္ဂလီမိန်းမများမှာ ပါကစ္စတန်များ၏လူမဆန်စွာ မုဒိန်း ကျင့်ခြင်းကိုခံခဲ့ကြရပေသည၊် ၄င်းအထဲတွင် ၀န်ကြီးချုပ်ဟောင် ခါလီဒါဇီယာသည်လည်း တဦးအပါ အ၀င်ဖြစ်ပေသည်။ ၁၉၇၁ ခုနှစ် စစ်အပြီးတွင် အိန္ဒိယ အစိုးရက ကက်ရှ်မီးယားတွင်ရှိသော ဘီဟာရီ ၁၇၀၀၀၀ ကိုဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်နေရာချပေးခဲ့ပေသည်၊ သို့သော်လည်းဘင်္ဂလားဒေ့ရှ်အစိုးရအနေနှင့် သူတို့မုန်းတီးသောဘီဟာရီများကို နိုင်ငံသားမပေးရုံမက လုပ်ပိုင်ခွင့်များအားလုံးကိုလည်းပိတ်ပင် ထားပေသည်။

ယ္ခုအချိန်တွင်ဘင်္ဂလားဒေ့ရှ် တစ်နိုင်ငံလုံး၌ ဘီဟာရီဒုက္ခသယ်စခန်းပေါင်း ၁၁၆ ခုရှိပြီးလူဦးရေ တစ်သန်းနီးပါးရှိပေသည်။ တဖက်တွင်လည်းလမ်းဘေးတွင် နေထိုင်ကြ သော(ဂျစ်ပစီ) ၆၈၀၀၀၀ ခန့် Dhaka မြို့တခုတည်း တွင်ရှိနေသောကြောင့် မြို့၏သရုပ်သဏ္ဍာန်များပျက်နေပြီး သာမန်ပြည်သူများ၏ဘ၀လုံ ခြုံမှုများကို ပျက်ပြားစေသောကြောင့် ၄င်းဂျစ်ပစီ(ရွင့်ဂျာ) များအားဖမ်းဆီမှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့ပေသည်၊

ထို့ကြောင့်ဒီနေ Dhaka မြို့တွင်အရင်ကလို ( Street People) များမရှိတော့ပေ။ ထိုအိုးမဲ့အိမ်မဲ့များ၏အရေးကိုအလွယ်တကူဖြေရှင်းနှိုင်ရန် အတွက်သူတို့ကို ဘီဟာရီများ သို့မဟုတ် မြန်မာရီဖြူဂျီ (ရိုဟင်ဂျာ)များအဖြစ် ဖန်တီးကာ သက်ဆိုင်ရာစခန်းများသို့ အတင်းအဓမ္မ ပို့ဆောင်ပေးခဲ့ပေသည်။

ထို့ကြောင့် ၂၀၀၄ ခုနှစ် လောက်တွင် ဒါကား၌ လမ်းဘေးမှာတောင်းစားနေတဲ့(ရွင့်ဂျာ) တွေကတော့ မရှိသလောက်ကိုနည်းသွားပါသည်။

၎င်းတို့ကို ဘင်္ဂလား အစိုးရက မြန်မာပြည်သို့ export ပို့ရန် ရည်ရွယ်ချက်ဖြင့် နယ်စပ်သို့ ရွှေ့ပြောင်းလိုက်သောကြောင့် တပ်ကနပ်ဖ်မြို့နေရာများများတွင် ရွင့်ဂျာ သူတောင်းစားတို့၏ တဲငယ်လေးတွေကိုမျက်စိတဆုံး တွေ့ရပါမယ်။ ထိုအထဲက တော်တော်များများကို မြန်မာနိုင်ငံဖက်သို့ တဖြည်းဖြည်း ပို့ဆောင် အခြေချ စေတာ ကြာပြီဖြစ်ပါတယ်။

ဘင်္ဂါလီတွေ ပြောစကားအရ ငါတို့ဘင်္ဂါလီတွေက သမိုင်းမှာမရှိခဲ့တဲ့ တိုင်းပြည်ကိုတည်ဆောက်ထားပြီးပြီ မင်းတို့ မြန်မာပြည် ကိုပစ္စည်းတွေကိုသာတင်ပို့တာမဟုတ်ဘူး လူတွေ ကိုလည်းတင်ပို့မယ်။ ဒါထက်မကဘူး ငါတို့ရဲ့ သမ္မတ ခါလီဒါ ဇီယာဆိုရင် မင်းတို့ မြန်မာတိုင်းပြည်ကို မွတ်ဆလင်တိုင်းပြည်လုပ်ပစ်မယ်ဆိုပြီး ပြောခဲ့တာ မယုံရင် မင်းတို့ စောင့်ကြည်လိုက်ပါ စိန့်မာတင် ကျွန်းလိုဘဲ မင်းတို့နယ်မြေတွေကို တစ်စတစ်စ ၀ါးမျိုမှာပဲ လို့ ခြိမ်းခြောက်ကြပါတယ်။

ထို့ကြောင့် လက်ရှိ မြန်မာ အစိုးရ အနေဖြင့် အမှန်တရားများကို ကမ္ဘာသို့ ရဲရဲဝံ့ဝံ့ တင်ပြပြီး ဘင်္ဂလားဒေ့ရှ့် ဖြင့် မိတ်ပျက်ခြင် ပျက်ပစေ။ နဂိုထဲက လိမ်ညာလာသော ဇာတ်လမ်းများကို ဖော်ထုတ် မိမိနယ်သို့ လာသွန် ကျုးကျော် ခိုင်းထားသော ဘင်္ဂလား သူတောင်းစားများကို ပြတ်ပြတ်သားသား မောင်းထုတ်ရန် အချိန်ကျပြီ ဖြစ်ကြောင်း တင်ပြပါသည်။

Credit: Wunna More Facebook

Monday, October 17, 2016

သူစိမ်းကြောက် ရောဂါနဲ့ ကပ်ဘေးသင့် မျိုးချစ်များ


မကြာခင်က အဖြစ်အပျက်တွေက မြန်မာတွေအကြား အငြင်းပွားစရာတွေ အများကြီး ဖြစ်ခဲ့ရပါတယ်။ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်နဲ့ ပတ်သက်ပြီး အမြင်မတူတဲ့ ဘက်နှစ်ဖက် အပြန်အလှန် ငြင်းခုန်ကြ၊ နည်းနည်း ပိုပြင်းထန်တဲ့ သူတွေကတော့ စကားကြမ်းကြမ်းတွေ သုံးနှုန်းပြောဆိုကြတယ်။

သာမန် အချိန်မှာ ပျင်းရိဖွယ် ဥပဒေ ရေးရာတွေ၊ မေးခွန်းတွေနဲ့သာ အချိန်ကုန်ခဲ့တဲ့ လွှတ်တော်တောင် အရေးကြီး အဆိုတခုကို ဆွေးနွေးကြတဲ့အခါ ပွဲဆူစေခဲ့ပါတယ်။ ဒီမိုကရက်တစ် လွှတ်တော်တရပ်မှာ တွေ့လေ့တွေ့ထ ရှိပေမယ့် မြန်မာပြည် အတွက်တော့ ရှားပါးတဲ့ မြင်ကွင်း။ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အရေး အကြံပေး ကော်မရှင်က မြန်မာပြည်အတွက် အကြံကောင်း အဥာဏ်ကောင်းတွေ ပေးနိုင်မလား။ မယောင်ရာ ဆီလူး ထူးမခြားနားတဲ့ အပ်ကြောင်းထပ် စကားတွေကိုပဲ ထပ်မံပြန်ကြားရမလား ဆိုတာက အဖြေမထုတ်ရဲ၊ မခန့်မှန်းရဲသည့် ကိစ္စသာ။

ဒါပေမယ့် စိတ်ဝင်စားမိသည်က ဘာကြောင့် ပြည်တွင်းရေးလို့ ယူဆထားတာကို နိုင်ငံခြားသားက ဘာကြောင့် ဝင်ရောက်ကူညီ ဖြေရှင်းပေးတာရတာလဲ၊ အဲဒီလို ဖြေရှင်းတာကိုလည်း ဘာကြောင့် လက်မခံနိုင်ကြတာလဲ။ ပြည်တွင်းရေးလား၊ ပြည်ပအရေးလား။ ဘယ်လို ခွဲခြားကြသလဲ ဆိုတာကျပြန်တော့လည်း ဝိရောဓိ ဖြစ်နေပြန်ရော။ သိသာတာကတော့ အထိမခံနိုင်တဲ့ ကိစ္စဆိုရင် အရင်ကဆို ‘ပြည်တွင်းရေး’ လို့ လုပ်ပစ်တတ်ခဲ့ကြတာတော့ တွေ့ဖူးတယ်။

နောက်တခုက မန္တလေးမှာ ဖြစ်ပျက်ခဲ့တဲ့ နယ်သာလန် နိုင်ငံသားရဲ့ အကြောင်း။ ဓမ္မာရုံတခုထဲ ဝင်ရောက် ပြုမူခဲ့တာကြောင့် ထောင်ဒဏ် အပြစ်ပေးခံရတဲ့ ကိစ္စ။ သာမန် လူတယောက် မှားတတ်ပြီး ပြန်တောင်းပန်တာတောင် လက်မခံဘဲ တရားစွဲခဲ့ကြတာပါ။ ငါတို့ ဘာသာကို မထိနဲ့။ အထူးသဖြင့် နိုင်ငံခြားသား တယောက်ကိုတော့ သင်ခန်းစာ ပေးရမယ်လို့များ သူတို့ စိတ်ထဲ အကဲပါနေကြလေ သလား။ မန္တလေး ဒေသခံတွေကလည်း ငြင်းကြခုံကြ၊ သဘောထား အမြင်မတူတာတွေ ပြောကြ။ ကိုယ့်တိုင်းပြည်ရဲ့ လက်ရှိ စိတ်အခံကို တူးဆွသုံးသပ် ကြည့်မိတော့ ကျနော်တို့ သူစိမ်းဆို ကြောက်နေကြသလား။ နိုင်ငံခြားသား ကြောက်တတ်ကြ သလား။ ကြောက်တတ်သူတွေရဲ့ သဘာဝ အတိုင်း လိုအပ်တာထက် ပိုပြီး တုံ့ပြန်နေတတ်ကြ သလား ဆိုတာတွေပါပဲ။

အဲ့သလိုသာ မေးလိုက်လို့ ကတော့ ရင်ကိုကော့ကာ ဘယ်နိုင်ငံမှ မကြောက်ဘူး။ ဘယ် နိုင်ငံခြားသားမှ မကြောက်ဘူး။ မြန်မာ့မြေကို တလက်မမှ အကျူးကျော်မခံဘူးလို့ ဆိုကြလေမလား။ ဆိုလည်း ဆိုခဲ့ဖူးကြတယ်ကိုး။ စိတ်အရှိကို ဖုံးဖိပြီး စကားဆိုကြမှာပါ။ သူတိုနဲ့ ဆက်စပ်တဲ့ ဇီနိုဖိုဘီးယား (Xenophobia) ဆိုတဲ့စကားလုံး တလုံးကို စဉ်းစားမိလာပါတယ်။ မြန်မာလို အလွယ်ပြောရရင် ‘နိုင်ငံခြားသား ကြောက်တဲ့ ရောဂါ’ ပေါ့။ Xenophobe ဆိုတာ ကတော့ အဲ့သည့်ရောဂါ ရနေသူတွေ။ တိတိကျကျ ပြောရရင်တော့ အပြင်က မို့လို့၊ သူစိမ်းမို့လို့ ဆိုပြီး ကိုယ်နဲ့ မရင်းနှီးတဲ့ အရာတွေကို ကြောက်တာ။ ကြောက်ပုံ ကြောက်နည်းကလည်း အမျိုးမျိုး ရှိနေပြန်တယ်။

သူစိမ်းတွေကြောင့် ငါတို့ ရှိရင်းစွဲ အမှတ်သရုပ် (Identity) ပျောက်သွားလေမလား၊ ငါတို့ ဘာသာ သီးသန့်နေဖို့ လိုတယ်၊ ဒီလူတွေ ငါတို့နဲ့ ရောလို့ မဖြစ်ဘူးလို့ တွေးပြီး ရှင်းထုတ်ပစ်ချင်တာမျိုး။ တချို့ကျပြန်တော့ ကိုယ်မသိတဲ့ ယဉ်ကျေးမှု တခုကို ဘာမှ အထွေအထူး မစဉ်းစားနေတော့ပဲ ငါတို့နဲ့ မတူလို့ မကောင်းတဲ့ ယဉ်ကျေးမှုကြီး၊ အညစ်အထေး အပေအတေကြီး လုပ်ပစ်လိုက်ပြီး မကောင်းမြင်တော့တာ။ ဒါတွေက သူစိမ်းကြောက်သူတယောက်ရဲ့ မြင်သာတဲ့ လက္ခဏာအချို့ပါ။ တခုရှိတက အဖြူဆိုရင်တော့ နည်းနည်း လန့်တဲ့သဘော၊ ကြောက်ရွံ့တဲ့ သဘောကို ဖော်ပြကြပြီး၊ အမည်းဆိုရင်တော့ ခပ်နှိမ်နှိမ်ဆက်တဲ့ ပုံစံနဲ့ မကျေနပ်တဲ့ သဘောကို ဖော်ပြတတ်တဲ့ ယေဘုယျသဘော ရှိတတ်ပြန်ပါတယ်။

Xenophobe နဲ့ ဆက်စပ်ပြီး စိတ်ဝင်စားစရာ စကားလုံးတွေ ထပ်တွေ့ရသည်။ ချော်ဗနစ်စ်ဇင် (Chauvinism) မျက်ကန်းမျိုးချစ် တဲ့။ ငါတို့ လူမျိုးက အမြင့်မြတ်ဆုံး၊ ဘာလုပ်လုပ် ငါ့လူမျိုးဘက် လိုက်မယ်၊ ကောင်းခြင်း ဆိုးခြင်း မတွေး။ ပညာနှင့် မယှဉ်သော ချစ်ခြင်း။ အက်သနိုစင်ထရယ်စင် (Ethnocentrism) ကိုယ့်အုပ်စု ဗဟိုပြုတဲ့။ ကိုယ့် ဘာသာစကား၊ ကိုယ့်ယဉ်ကျေးမှုကသာ အခြားတပါးသော ဘာသာစကား၊ ယဉ်ကျေးမှုတွေထက် သာလွန် ကောင်းမွန်တယ်လို့ အယူထားကြခြင်းတွေပါ။ ဒါတွေဟာ တခုနဲ့တခု ဆက်စပ်နေပါသတဲ့။

လုပ်ငန်းခွင်ထဲက သူစိမ်းကြောက်သူများ
အလုပ်သဘောအရ နိုင်ငံခြားသား ပညာရှင် (ပညာရှင် အမည်ခံတွေလည်း ပါပါတယ်) တွေနဲ့ အလုပ်တွဲလုပ်ရတဲ့ အခါ လုပ်ငန်းခွင်ထဲမှာက သူ့စည်းသူ့ကမ်းနဲ့ ရှိပြီးသား၊ ကိုယ့်အလုပ် ကိုယ်လုပ်နေရင် ဘယ်သူမှ ကြောက်နေစရာ မလိုတဲ့ လုပ်ငန်းခွင်မျိုး။ နိုင်ငံခြားသား တော်တော်များများလည်း အားလုံးကို တန်းတူရည်တူ ဆက်ဆံသည်။ သို့သော် ကိုရွှေမြန်မာများက တမူထူးသည်။ အများရှေ့မှာတော့ သခင်မျိုး လုပ်ချင်လုပ်မည်။ အမှန်တကယ် လုပ်ငန်းခွင်မှာ နဖူးတွေ့ ဒူးတွေ့ တွေ့ကြတဲ့အခါ နိုင်ငံခြားသား ပြောလိုက်ရင် အလိုလို ဦးညွှတ်ပြီးသား။ မေးခွန်း ပြန်မေးတာတွေ အထူးအထွေ လုပ်မနေ။ လိုတာထက် ပိုကူညီပေးလိုက်သည်။ ကြာလာတော့ သူလည်း လောကီသားပေးကိုး။ နောက်ပိုင်းလာတဲ့ နိုင်ငံခြားသားတွေ ဆိုရင် အကျင့်ပျက်ချင်လာပြီ။

သူတို့ကို ပြန်မပြောဘဲ အကုန်သိမ်းကြုံး လုပ်သူကို ပိုပြီး မျက်နှာသာ ပေးလာတတ်သည်။ တကယ်တော့ နှစ်ပေါင်း များစွာ ရှိနေခဲ့သည် အငုံ့စိတ်က ခေါင်းငုံ့ခံစေတော့တာ ဖြစ်တယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှု မရှိကြတော့တာ။ ဘာသာစကား ချက်ကျလက်ကျ ပြန်မပြောတတ်တာလည်း ပါပေမပေါ့။ သို့သော် ငါးခုံးမ အပုပ်များက နေရာတိုင်းမှာ ရှိတတ်ကြတော့ တချို့က ကိုယ်ကျိုးအတွက် မျက်နှာလုပ်ကြတာ။ ဗိုလ်မြင်ရင် ငိုပြချင်တဲ့ လူတွေလည်း မနည်းမနော တွေ့ခဲ့ရ။ သူတို့ အတွက် “ဇီနိုဖားဘီးယား” လို့ စကားလုံးအသစ် တခု တီထွင်ပေးသင့်ကောင်းမယ် ထင်ပါတယ်။ နိုင်ငံခြားသား ဖားသူများဟု ကိုယ့်ဘာသာ အနက်ဖွင့်ပါတယ်။

မြန်မာ့သမိုင်းထဲက သူစိမ်းကြောက်
၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီ တက်လာပြီး နောက်ပိုင်း ပုဂ္ဂလိက လုပ်ငန်းတွေ ပြည်သူပိုင်သိမ်း၊ နိုင်ငံခြားသား တွေကို ပညာရှင်တွေပါ မကျန်န် ပြန်လွှတ်။ အဲ့ဒီက စလို့ နိုင်ငံခြားသားဆိုရင် တွေ့ရခဲသည့် ရှားပါးပစ္စည်း ဖြစ်သွား ပါတယ်။ အထူးသဖြင့် အနောက်နိုင်ငံက လူတွေ။ တဖန် အတွင်းက လူလည်း အပြင်ကို ထွက်ခွင့် မရတော့။ သတင်းတွေကိုလည်း ဆင်ဆာနဲ့ စိစစ်လိုက်သေး။ ကိုယ့်ရေအိုင်ငယ်လေးထဲမှာပင် နေစေ။ အမြင်ကျဉ်း အသိကျဉ်း လာကာ နောက်ဆုံး၊ ကိုယ်မြင်နေရတဲ့ ကိုယ့်နေရာလေးဟာ လောကကြီးမှာ အသာယာဆုံး။ ကမ္ဘာပေါ်မှာ အတိုးတက်ဆုံး။ သတင်းတွေ ကြားရင်တောင် သာမန်အများစုက နားမလည်နိုင်တော့တဲ့ အခြေအနေ။

နောက်ဆုံး လက်ရှိ လူလတ်ပိုင်း မျိုးဆက်အထိ တိုင်းတစ်ပါးသားများနှင့် အကူးအလူး အဆက်အဆံ နည်းခဲ့ကြတယ်။ အကျိုးဆက်အနေနဲ့ ကိုယ်မသိဖူး၊ မမြင်ဖူးတဲ့အရာကို နားမလည်နိုင်တော့။ သူတို့လည်း သူလိုကိုယ်လို လူတွေ ဆိုတာကို မမြင်တတ်တော့ ကြောက်စရာ အဖြစ်ပဲ လွယ်လွယ် မှတ်လိုက်ကြတော့တယ်။ တချိန်တည်မှာပဲ နိုင်ငံရေး ရည်ရွယ်ချက်တွေနဲ့ စစ်အစိုးရ လက်ထက်မှာလည်း တိုင်းတပါးက အခုပဲ မြန်မာပြည်ကို အမဲဖျက်တော့မလို ပုံဖျက်ပြီး ခြောက်လှန့်ခဲ့ပြန်တော့ ပိုဆိုးသွားခဲ့တာပေါ့။ နိုင်ငံခြားသားဆိုလျှင် ငါတို့ ပြည်တွင်းရေး ဝင်ရှုပ်ချင်တဲ့သူတွေ။ ပြည်တွင်းရေးက ပေးတဲ့ ဇီနိုဖိုဘီးယား။

အမယ်ဘုတ်ရဲ့ ချည်ခင်
တိုင်းတပါးက လာတာကို မမြင်ဖူး၊ မဆက်ဆုံးဖူးလို့ ကြောက်တာ ကြောက်သင့်တာပေါ့လို့ သာသာထိုးထိုး တွေးပေးလို့ ရချင်ရဦးမယ်။ ဒါပေမယ့် မြန်မာပြည် အလယ်ပိုင်းမှ အသားညိုညို ပုပျပ်ပျပ် အညာသားတယောက်၊ တိုင်းရင်းသား ဒေသတခု ရောက်တော့ မျက်စိဒေါက်ထောက်ကြည့်တာ ခံရတဲ့အခါ၊ အပြင်လူအဖြစ် ထင်ထင်ရှားရှား အမြင်ခံရတဲ့ အခါမှာတော့ “ရှော့” ရတော့တာပဲ။ အရင်က ကိုယ်က သူများကို ကြောက်တာ။ လန့်တာ။ အခုက ကိုယ့်ကို ကြောက်တာ လန့်တာ။ တစိမ်းလူအဖြစ် အမြင်ခံရပြီး ဆက်ဆံခံရတာ။

ဖွံ့ဖြိုးတိုးတက်တဲ့ တိုင်းပြည်ဆိုတော့ တနေရာနဲ့ တနေရာ ကူးလူးဆက်ဆံရ ခက်ခဲတာရဲ့ ထင်ရှားတဲ့ လက္ခဏာများ လား။ သူစိမ်းကြောက်သူတွေရဲ့ အတွင်းဓာတ်ခံ သဘောက သူစိမ်းကြောက်တာ ဖြစ်သည့်အတွက် ကမ္ဘာနဲ့ ချီပြီး စဉ်းစားတဲ့အခါ အသားအရောင် မတူသူ နိုင်ငံခြားသားတွေကိုသာ အဓိကထား ပြေးမြင်ကြတတ်ပါတယ်။ တကယ်တမ်းက တခုခုကို ကြောက်ရွံ့တာ၊ ခွဲခြားမြင်တာတွေက ဒီမှာတင် ရပ်မနေပါ။ သူများကို ခွဲခြား မဆက်ဆံရရင် ကိုယ့်အချင်းချင်း ခွဲခြား ဆက်ဆံသည်။ ဟိုဘက်ရွာသား ဒီဘက်ရွာကို လာရင်၊ ဒီမြို့သား ဟိုတနယ်ကို သွားရင် မျက်စိဒေါက်ထောက် အကြည့်ခံရမယ်။

အခုလည်း ကိုယ်တိုင်ပင် ဗမာလူမျိုး၊ မြန်မာနိုင်ငံသားတဦး၊ ငါတို့ လူမျိုးတွေနဲ့ ဘယ်လို ဖြစ်တာလဲလို့ စဉ်းစားနေရင်း သူတို့ရဲ့ ဇီနိုဖိုးဘီးယားက ကိုယ့်ကို လာထိမှန်တော့တာပဲ။ ကိုယ်ထင်မြင် ယူဆခဲ့တဲ့ အဝေးက လူကိုမှ တစိမ်းအဖြစ် မြင်နေတာ မဟုတ်တော့ဘဲ အနီးကလူ (ကိုယ်က နီးချင်တာလည်း ဖြစ်မှာပေါ့) ကိုပင် တစိမ်းအသွင် မြင်ကာ စကားစိမ်းစိမ်းတွေနဲ့ အဆိုခံရလေတော့ ရင်နင့်ရတယ်။ ဒါဟာ မြန်မာတိုင်းရင်းသားတွေကြား ဇီနိုဖိုးဘီးယားရဲ့ အတွင်းလှိုက်စားခြင်း ပေါ့။

ကမ္ဘာကြီးမှာလည်း သူစိမ်းကြောက်သူတွေ
ဗြိတိန်
ကိုယ့်တိုင်းပြည် ဥခွံလေးထဲကနေ ကမ္ဘာကြီးဘက် ကြည့်ပြန်တော့လည်း ကမ္ဘာကြီးမှာ သူစိမ်းကြောက်သူတွေ ပြည့်နှက် တင်းကြမ်းထလို့။ ဥရောပ အရှေ့ပိုင်းမှာ နိုင်ငံတချို့က ခြံစည်းရိုး အကြီးကြီးတွေ ကာတယ်။ တချို့ကတော့ ဝင်လာတဲ့လူတွေကို လက်ခံပါရဲ့။ သို့သော် ပြည်သူတွေက မကျေနပ်ချင်ကြ။ ဧည့်သည်တွေ များလာရင် အိမ်ရှင်ကို ထိခိုက်တယ်လို့ မြင်လာကြပြီ။ အဆိုးဆုံးကတော့ ဗြိတိန်။

နှစ်ပေါင်းများစွာ ဥရောပသား အချင်းချင်း ညီညီညွတ်ညွတ် ဖွဲ့စည်း တည်ထောင်ခဲ့တဲ့ ဥရောပသမဂ္ဂ (EU) ကနေ ခွဲထွက်သည်။ အကြောင်းပြချက်ကလည်း ရယ်စရာကောင်း၏။ တခြား နိုင်ငံကလူတွေ သူတို့ဆီ (ဗီဇာမဲ့ လာလို့ရတော့) လာပြီး အခြေချကာ အလုပ်အကိုင်တွေ စီးပွားရေးတွေ လုပ်နေကြတော့၊ သူ့နိုင်ငံသားတွေ နေရာမရ၊ ဝေစုမရလို့တဲ့။ သူတို့ အခေါ် လက်ယာစွန်း စိတ်ဓာတ်တွေများ လာတာကြောင့်တဲ့။ သြော် … သူတို့လည်း သူစိမ်းကြောက်ကြ ပေသကိုး။ အပြင်လူကို ကြောက်ကြပေသကိုး။

အမေရိကန်
နောက်တယောက်ကတော့ လက်ရှိ ဟော့နေတယ်လို့ ပြောရင်ရမယ့် အမေရိကန် သမ္မတလောင်း ဒေါ်နယ်ထရန့်ရဲ့ စကားတချို့ပါ။ အမေရိကကို မက္ကဆီကိုနဲ့ တံတိုင်းခြားပစ်ရမယ်။ အပြင်က ဝင်လာတဲ့ သူတွေကို လက်မခံတော့ဘဲ တင်းကျပ်ပစ်ရမယ်။ သူကတော့ အကြမ်းဖက်မှုတွေနဲ့ သက်သေထူပါတယ်။ အပြင်ကလူတွေ ၀င်ရောက်လာ၊ ကိုယ့်ပြည်တွင်းမှာ အကြမ်းဖက်မှုတွေ လုပ်ကြတယ်ပေါ့။

ဒါကြောင့်ထင်ပါရဲ့ အခု အမေရိကမှာလည်း အကြမ်းဖက်မှုတွေ၊ သေနတ်ပစ်မှုတွေ တခုပြီးတခု၊ ဖြစ်လိုက်တိုင်းလည်း မီဒီယာတွေက စကားလုံးအသစ် သုံးလာတာကို သတိထားမိတယ်။ မီဒီယာတွေက ဒေါ်နယ်ထရန့်ရဲ့ အမြင်ကို ချေဖျက်ချင်ကြပုံရတယ်။ home grow terrorism တဲ့။ “အိမ်တွင်းဖြစ် အကြမ်းဖက်မှုတွေ”ပေါ့။ ဘာဖြစ်လို့လဲ ဆိုတော့ အကြမ်းဖက်မှု အများစုက အမေရိကန် နိုင်ငံသားတွေ ကိုယ်တိုင်က လုပ်ကြလို့ပဲ တဲ့။ နယ်နိမိတ် တံတိုင်းတွေကို ဖြိုချဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ အမေရိကန်ကြီးလည်း အခုတော့ တိုးပွားလာတဲ့ သူစိမ်းကြောက်သူတွေကြားမှာ ဗျာများနေလေရဲ့။

ဂျာမနီ
ဂျာမနီက လူတွေက သမိုင်းမှာ လူမျိုးရေးခွဲခြား၊ တိုင်းတပါးသားတွေကို မုန်းတီးတဲ့နေရာမှာ ကမ္ဘာကျော်ခဲ့တာပေါ့။ Holocaust လို့ ခေါ်တဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေကိုတောင် ဖြစ်ပေါ်စေခဲ့တယ်။ အကြောင်းရင်းက ငါတို့က သူတို့ထက် မြင့်မြတ်တဲ့ လူမျိုး။ သူတို့ မုန်းတီးတဲ့ လူမျိုးတွေ မရှိသင့်ဘူးလို့ ယုံကြည်ကြပြီး သုတ်သင်ကြတာ ဖြစ်သတဲ့။ ဒုတိယ ကမ္ဘာစစ် မတိုင်ခင် ကာလများမှာ နိုင်ငံရေး အခြေအနေကလည်း မခံချင်စိတ်တွေ ပြည့်လျှမ်းနေခဲ့ပြီး အားယူကာ ရန်ထောင်ချင်နေတဲ့ အချိန်ကိုး။ လွယ်လွယ်နဲ့ အများကြိုက်တဲ့ အမျိုးသားရေး နာမည်ခံ ရှေ့တန်းတင်ခဲ့တဲ့ ဟစ်တလာ ဆိုတဲ့ မျိုးချစ်ဝါဒီ တဦး အာဏာ ရလာခဲ့တယ်။ ဟစ်တလာဟာ အမျိုးချစ်ကြောင်း ပြလိုက်တာ ကမ္ဘာကြီးဟာ ကပ်ဘေးကို သင့်လေရောပဲ။

ကျနော့် အနေနဲ့ကတေ့ အမျိုးချစ်တာကို အပြစ် မမြင်ရဲပါဘူး။ ကိုယ်လည်း ချစ်ကြောင်း ပြချင်တာကိုး။ ဒါပေမယ့် ကိုယ့်အမျိုးကို ချစ်တဲ့ကြောင်း ပြဖို့အတွက် တခြားတပါးသော လူမျိုးများကို မုန်းပြခြင်း၊ နှိမ်ခြင်း၊ ငါတို့လောက် မမြင့်မြတ်ဟု ယူဆခြင်းကိုတော့ လက်မခံနိုင်ပါ။ စစ်ရှုံးပြီးတဲ့နောက် ဂျာမာန်တွေ သင်ခန်းစာ ရသွားကြပုံရတယ်။ စာချုပ် အမျိုးမျိုးနဲ့လည်း ချုပ်ချယ်ခံလိုက်ရ ပြန်တော့ စီပွားရေးပဲ ဇောင်းပေးလုပ်ရင်းနဲ့ ထိပ်ဆုံးကို ပြန်ရောက်လာ တယ်။

အရင်အချိုးမျိုး မချိုးမိဖို့ ခေါင်းဆောင်လုပ်သူများ ကြံဆ လုပ်ကိုင်ကြပါတယ်။ လူသားချင်း စာနာမှု အရှိဆုံး တိုင်းပြည် ဖြစ်ဖို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသူတွေကို အလုံးအရင်းနဲ့ လက်ခံပေးခဲ့ပါတယ်။ အဲ့ဒီမှာတင် ချိုးနှိမ်ထားရတဲ့ အမျိုးသားရေး အငုံစိတ်က ပြန်ပေါ်လာပုံရတယ်။ အပြင်လူတွေ လက်မခံဖို့ ပြောလာတယ်။ ဆန္ဒပြကြတယ်။ အဲ့သလို ကြွေးကြော်တဲ့ ပါတီတွေ ထောက်ခံမှု ပိုရလာတယ်လို့ စစ်တမ်းတွေက ဖော်ပြကြပြန်တယ်။ အခု နောက်ဆုံး အပြင်လူတွေ နေတဲ့နေရာတွေကိုပါ အကြမ်းဖက်လာတာ တစွန်းတစ ကြားလာရပြီ။

ဒါပေမယ့် အချိန်ထိတော့ လူနည်းစုပဲ ရှိပါသေးသည်။ မထိန်းနိုင်ရင် လူများစု မဖြစ်ဘူးလို့ ဘယ်သူ ပြောနိုင်မှာလဲ။ သြော် … စဉ်စားမိသည်။ သူတို့လည်း လူစိမ်းကြောက်ကြတာကိုး Xenophobia အတွေးတွေ မပျောက်နိုင် သေးဘူးကိုး။

ဒါပေမယ့်ပေါ့လေ၊ သူတို့ ကမ္ဘာမှာက အစွန်း မရောက်စေဖို့၊ အစွန်းရောက်တွေကို ပြုတ်မကျစေဖို့ ပြန်လည် ထိန်းကျောင်းတဲ့ ယန္တယားကြီးက ကောင်းတယ်။ လူအချင်းချင်း ထိန်း၊ ဥပဒေနဲ့ ထိန်း၊ တယောက်ချင်းရဲ့ ဆင်ခြင်ဉာဏ် ပညာနဲ့ ထိန်း၊ ပညာရေး စနစ်ကောင်းကောင်းနဲ့ ထိန်း၊ တရားဥပဒေ စိုးမိုးမှုနဲ့ ထိန်းကြပါတယ်။ သနားစဖွယ် ပျိုနုသစ်စ ဒီမိုကရက်တစ် မြန်မာအတွက်ကား လုံလောက်သော ပညာအဆင်အခြင်၊ ထိရောက်သော အထိန်းအကွပ်တို့ ရှိမှရှိပါလေစ။

(လင်းငယ်သည် ဆရာဝန်တဦးဖြစ်သည်။)