Friday, January 17, 2020

ဝက်သားပဲငါးပိထမင်းကြော် - ဝက်သားခေါက်ဆွဲ - ဆားဘဲဥကြက်အူချောင်းထမင်းကြော် -ကြက်ဥစမုန်စပါးရွက်ကြော်

ဝက်သားပဲငါးပိထမင်းကြော်
----------------------------------


 ဒီထမင်းကြော်ကတော့ အရသာလည်း ရှိသလို ရိုးရှင်းလွယ်ကူပါတယ်။
ပါဝင်ပစ္စည်းများ
• ဝက်သားသုံးထပ်သား  -  ၁၅၀ ဂရမ်
• ပဲငါးပိစပ်အနှစ်  -  စားပွဲဇွန်း ၁  ၁/၂ ဇွန်း
• ကွကျဥ  -  ၁ လုံး
• ဆီ၊ ဆား၊ သကွား၊
 ငရုတ်ကောင်းမှုန့်  -  အနည်းငယ်
• ပဲငံပြာရည်အကြည်/အနောက်၊
 ခရုဆီ  -  အနည်းငယ်
• ကြက်သွန်ဖြူ  -  ၃ မြွှာ
• ထမင်းဖြူ  -  ၁ ပွဲ
• ကြက်သွန်မြိတ်၊ ဆလတ်ရွက်၊
 သခွားသီး  -  အနည်းငယ်
• ခရမ်းချဉ်သီး

ပြုလုပ်နည်း
   ၁။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ။
   ၂။ ခရမ်းချဉ်သီးကို ပါးပါးလှီးပါ။
   ၃။ ကြက်သွန်မြိတ်ကို ပါးပါးလှီးပါ။
   ၄။ ကြက်ဥကို ဖောက်ထည့်ပြီး မွှေပါ။
   ၅။ ဝက်သားသုံးထပ်သားကို အနေတော်လှီးပါ။
   ၆။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။
   ၇။ ဆီပူလာလျှင် ကြက်သွန်ဖြူကို ဆီသတ်ပါ။
   ၈။ ကြက်သွန်ဖြူ အနံ့မွှေးလာလျှင် ဝက်သားကို ထည့်ပြီး ဆီသတ်ပါ။
   ၉။ ဝက်သားအနံ့မွှေးလာလျှင် ကြက်ဥထည့်ပြီး မွှေပါ။
၁၀။ ပဲငါးပိစပ်အနှစ်ထည့်ပါ။
၁၁။ အနံ့မွှေးလာလျှင် ထမင်းထည့်ပါ။
၁၂။ အရသာများအဖြစ် သကြား၊ ငရုတ်ကောင်းမှုန့်၊ တရုတ်မဆလာ၊ ဆား၊ ပဲငံပြာရည် အနောက်/ အကြည်နှင့် ခရုဆီ အနည်းငယ် ထည့်ပါ။
၁၃။ ထမင်းကျက်ပြီဆိုလျှင် ကြက်သွန်မြိတ် အနည်းငယ်ဖြူးပေးပါ။
၁၄။ အနံ့၊ အရသာ ပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
------------------------------
Eant Wint Htut

ဝက်သားခေါက်ဆွဲ
---------------------------


ဝက်သားဟင်းအတွက် ပါဝင်ပစ္စည်းများ
• ဝက်သားကုပ်သား  -  ၅၀ ဂရမ် (အနေတော်အရွယ် တုံးထားပါ)
• ကြက်သွန်နီ  -  ၁ဝဝ ဂရမ်
• ကြက်သွန်ဖြူ  -  ၂၀ ဂရမ်
• ငရုတ်သီးမှုန့်  -  စားပွဲဇွန်း ၁ ဇွန်း
• ငံပြာရည်  -  စားပွဲဇွန်း ၁  ၁/၂ ဇွန်း
• အသားမှုန့်  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• ဆီ  -  စားပွဲဇွန်း ၄ ဇွန်း
• ရေ  -  ၁.၂ လီတာ

ဆီချက်အနီအတွက် ပါဝင်ပစ္စည်းများ
• ဆီ  -  စားပွဲဇွန်း ၁၅ ဇွန်း
• ငရုတ်သီးမှုန့်  -  စားပွဲဇွန်း ၂ ဇွန်း
• နနွင်းမှုန့်  -  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း
• ဆား  -  အနည်းငယ်
ငရုတ်သီးကြော်အတွက် ပါဝင်ပစ္စည်းများ
• ငရုတ်သီးအကြမ်းမှုန့်  -  စားပွဲဇွန်း ၃ ဇွန်း
• ကြက်သွန်ဖြူ  -  ၃ မြွှာ (ထောင်းထားပါ)
• ဆီ  -  စားပွဲဇွန်း ၄ ဇွန်း
• ဆား  -  အနည်းငယ်
ဝက်သားခေါက်ဆွဲအတွက် ပါဝင်ပစ္စည်းများ
• ကြက်ဥခေါက်ဆွဲအစို  -  ၁၅၀ ဂရမ် (မုန့်ြွကပ်ကြော်ရန်အတွက်)
• ကြက်ဥခေါက်ဆွဲအစို  -  ၇၂၀ ဂရမ်
• နံနံပင်  -  ၅ ပင် (ပါးပါးလှီးထားပါ)
• ကြက်သွန်မြိတ်  -  ၃ ပင် (ပါးပါးလှီးထားပါ)
• ကြက်သွန်နီ  -  ၄ လုံး (ပါးပါးလှီးထားပါ)
• ငံပြာရည်  -  စားပွဲဇွန်း ၃ ဇွန်း
• ပဲမှုန့်အကျက်  -  စားပွဲဇွန်း ၆-၇ ဇွန်း
• သံပရာသီး  -  ၃ လုံး

ပြုလုပ်နည်း
    ၁။ ဝက်သားဟင်းချက်ရန်အတွက် ကြက်သွန်နီ၊ ကြက်သွန်ဖြူ နှင့် ငရုတ်သီးမှုန့်တို့ကို ထောင်းထားပါ။
၂။ ပြီးလျှင် ထောင်းထားတဲ့ အနှစ်ကို ဆီသတ်ပါ။ အနံ့မွှေးလာ သည်နှင့် ဝက်သားထည့်ပြီး မွှေပါ။
၃။ ဝက်သားအသားတင်းလာသည်နှင့် ရေထည့်ပါ။ ရေဆူလာ လျှင် ငံပြာရည်နှင့် အသားထည့်ပြီး ဝက်သားနူးသည်အထိ ချက်ပါ။
၎။ ဝက်သားချက်နေစဉ်မှာ မုန့်ြွကပ်ကြော်ဖို့အတွက် အိုးထဲ
ဆီ ၁၅ ဇွန်း ထည့်ပါ။
၅။ ဆီပူသည်နှင့် ခေါက်ဆွဲ ၁၅၀ ဂရမ်ထည့်ပြီးြွကပ်သည်အထိ ကြော်ပြီး ဆယ်ယူထားပါ။
၆။ ပြီးလျှင် အိုးထဲမှာ ကျန်တဲ့ဆီထဲ ငရုတ်သီးမှုန့်နှင့် နနွင်းမှုန့် ထည့်ပြီး မွှေပါ။ ပြီးလျှင် မီးပိတ်ပြီး ဆားအနည်းငယ်ထည့်၍ မွှေပါ။ ပြီးလျှင် ပန်းကန်ထဲထည့်ပြီး အအေးခံထားပါ။
၇။ ငရုတ်သီးကြော်ဖို့အတွက် ဆီအိုးတည်ပါ။ ဆီ စားပွဲဇွန်း ၄ ဇွန်း ထည့်ပါ။ ဆီပူလာလျှင် ထောင်းထားတဲ့ ကြက်သွန်ဖြူ ဆီသတ်ပါ။
၈။ ကြက်သွန်ဖြူမွှေးလာလျှင် ငရုတ်သီးအကြမ်းမှုန့် ထည့်ပြီး ကြော်ပါ။ ဆားထည့်ပါ။ ပြီးလျှင် ပန်းကန်ထဲ ထည့်ထားပါ။
၉။ စားသုံးမည်ဆိုပါက ပန်းကန်ထဲ တစ်ယောက်စာ ခေါက်ဆွဲ ထည့်ပါ။ ပြီးလျှင် ပဲမှုန့်အကျက်  စားပွဲဇွန်း ၁ ဇွန်း၊ ဆီချက် စားပွဲဇွန်း ၁ ဇွန်း၊ ငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ဝက်သားဟင်းရည် ၂ ဇွန်းနှင့် ဝက်သား၊ နံနံပင်၊ ကြက်သွန် မြိတ်နှင့် ငရုတ်သီးကြော်တို့ကို ထည့်ပြီး နယ်ပါ။ ပြီးလျှင် ပါးပါး လှီးထားတဲ့ ကြက်သွန်နီကို သံပရာရည် ညှစ်ပြီး ဝက်သား ခေါက်ဆွဲသုပ်နဲ့ တွဲပြီး သုံးဆောင်ပါ။
----------------------------------------------------------
Myint Oo Tha


ဆားဘဲဥကြက်အူချောင်းထမင်းကြော်
--------------------------------------------


 ဆားဘဲဥထမင်းကြော်လေးကတော့ ရိုးရှင်းလွယ်ကူပြီး အရသာရှိတဲ့ ဟင်းလျာလေး ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
• ထမင်းဖြူ  -  ၁ ပွဲ
• ကြက်အူချောင်း  -  ၂ ချောင်း
• ဆားဘဲဥ  -  ၂ လုံး
• ဆီ  -  အနည်းငယ်
• ဆား  -  အနည်းငယ်
• သကြား  -  အနည်းငယ်
• ပဲငံပြာရည်အကြည်/အနောက်  -  အနည်းငယ်
• ငရုတ်ကောင်း  -  အနည်းငယ်
• တရုတ်မဆလာ  -  အနည်းငယ်
• ခရုဆီ  -  အနည်းငယ်
• ကြက်သွန်ဖြူ  -  ၄ မြွှာ
• မုန်လာဥနီ  -  အနည်းငယ်
• သခွားသီး  -  အနည်းငယ် (တွဲဖက်စားရန်)
• ဆလတ်ရွက်  -  အနည်းငယ် (တွဲဖက်စားရန်)
• ခရမ်းချဉ်သီး  -  အနည်းငယ်
• ပဲသီး  -  အနည်းငယ်
• ကြက်သွန်မြိတ်  -  အနည်းငယ် (ပါးပါးလှီးပါ)
• ပြောင်းဖူးသေး  -  အနည်းငယ်
• ကွကျဥ  -  ၁ လုံး

ပြုလုပ်နည်း
    ၁။ ကြက်သွန်ဖြူကို ဓားပြားရိုက်ပါ။
   ၂။ ပြောင်းဖူးသေးနှင့် ပဲသီးတို့ကို ပါးပါးလှီးထားပါ။ မုန်လာဥနီကို အတုံးလေးများ လှီးပါ။
   ၃။ ကြက်အူချောင်းကို ပါးပါးလှီးပါ။
   ၄။ ဆားဘဲဥကို အတုံးလေးများ တုံးပါ။
   ၅။ ကြက်ဥကို ဖောက်ပြီး ခလောက်ပါ။
   ၆။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။
   ၇။ ဆီပူလာပြီဆိုလျှင် ကြက်သွန်ဖြူကို ဆီသတ်ပါ။
   ၈။ ကြက်သွန်ဖြူ အနံ့မွှေးလာလျှင် ကြက်ဥထည့်ပြီး မွှေပါ။
    ၉။ လှီးထားသော ပြောင်းဖူးသေး၊ မုန်လာဥနီ၊ ပဲသီးနှင့် ကြက်အူချောင်းတို့ကို ထည့်ပါ။
၁၀။ ဆားဘဲဥ ထည့်ပါ။
၁၁။ ဆား၊ သကြား၊ တရုတ်မဆလာ၊ ကြက်သွန်မြိတ်၊ ခရုဆီ၊ ငရုတ်ကောင်းနှင့် ပဲငံပြာရည် အကြည်/အနောက် အနည်းငယ်ထည့်ပါ။
၁၂။ ထမင်းထည့်ပါ။
၁၃။ အနံ့၊ အရသာ ပြည့်စုံပြီဆိုလျှင် ပန်းကန်မှာပြင်ပြီး သုံးဆောင်နိုင်ပါပြီ။
-----------------------------------
Eant Wint Htut

ကြက်ဥစမုန်စပါးရွက်ကြော်
--------------------------------------


 ဆောင်းရာသီမှာ စမုန်စပါးနံ့လေးမွှေးနေတဲ့ စမုန်စပါးရွက်လေးကို ကြက်ဥနဲ့ ကြော်ပြီး ထမင်းပူပူ၊ ဟင်းရည်သောက် ပူပူလေးတစ်ခွက်နဲ့ စားရတာလည်း တကယ့်ကို ထမင်းစားမြိန်စေတဲ့ ရာသီစာလေးပါရှင်။

ပါဝင်ပစ္စည်းများ
• ကွကျဥ  -  ၅ လုံး
• စမုန်စပါးပင်  -  ၅ ပင်
• ဆား  -  လက်ဖက်ရည်ဇွန်း ၁ ဇွန်း
• သကြား  -  အနည်းငယ်
• ဆီ  -  ၅ ကျပ်သား

ပြုလုပ်နည်း
 ဘဲဥဆူးပုပ်ရွက်ကြော်သလိုပါပဲ။ ကြက်ဥကို ဆား၊ အရသာထည့်ပြီး ပွအောင် ခေါက်ထားပါ။ စမုန် စပါးပင်ကို ရေဆေး၍ ခပ်သေးသေး ညှပ်ပြီး ဆား၊ သကြားနှင့်အတူ ရောခေါက်ပါ။ ခပ်ပွပွလေး ဖြစ်လာအောင် ခေါက်ပြီး ဆီပူလာလျှင် ထည့်ကြော်ပါ။ ပြီးလျှင် စိတ်ကြိုက်ပုံစံလှီးပြီး သုံးဆောင်လို့ရပါပြီ။
----------------------------------------
ပန်းခရေ

ဝက်နံရိုးမီးတောက်
------------------------------


 ဒီလအတွက်တော့ အေးစိမ့်စိမ့်ရာသီလေးနဲ့လိုက်ဖက်မယ့် ရှူးရှဲ ဝက်နံရိုးမီးတောက်လေးကို ရွေးချယ်ချက်ပြုတ်ပေးထားပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ စားလေ့ရှိပြီး မြန်မာဘက်မှာလည်း လူကြိုက်များနေတဲ့ ဟင်းပွဲလေးကို ထမင်းနဲ့လည်း တွဲစားလို့ရသလို သူ့ချည်းပဲလည်း စားကောင်းတဲ့ ဟင်းပွဲလေးပါ။
 အဲဒီဟင်းရဲ့ အရသာလေးကတော့ ချဉ်စပ်လေးဖြစ်ပြီး အမွှေးအကြိုင်နိုင်နိုင်နဲ့ နံရိုးကို နူးအိနေအောင် ပြုလုပ်ထားပြီးမှ အရိုးပြုတ်ရည်ကို ချဉ်စပ်ဆော့စ်ပြန်လုပ်ပြီး တွဲဖက်စားရတာပါ။ ပရိသတ်တို့လည်း မြင်ဖူးနေကျဖြစ်ပေမယ့် အိမ်မှာ ကိုယ်တိုင်လည်း အလွယ်တကူ ချက်ပြုတ်နိုင်ဖို့ နည်းလမ်းလေးကို တင်ပြပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ
• ဝက်နံရိုး  -  ၈ဝဝ ဂရမ်
• သံပရာသီး  -  ၃ လုံး
• ငရုတ်သီးစိမ်း  -  ၁ဝဝ ဂရမ်
• နံနံပင်  -  ၁ဝဝ ဂရမ်
• ကြက်သွန်မြိတ်  -  ၃၀ ဂရမ်
• ချင်း  -   ၅ ဂရမ်
• ကြက်သွန်ဖြူ  -  ၁၅ ဂရမ်
• စပါးလင်  -  ၂ ချောင်း
• ပတဲကော  -  ၁ တတ်
• ဆား  -  လက်ဖက်ရည်ဇွန်း ၃ ဇွန်း
• ရေ  -  ၃ လီတာ
• ပင်စိမ်း  -  ၅ ဂရမ်

ပြုလုပ်နည်း
၁။ ပေါင်းအိုးအခြေမှာ နံရိုးမလှသည်များထည့်ပြီး ရေ၊ ချင်း၊ ကြက်သွန်မြိတ်၊ စပါးလင်၊ ပတဲကောနှင့် ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း ထည့်၍  အပေါ်ဆန်ခါဆင့်မှာ နံရိုးအလှ များကို ဆားအနည်းငယ်လူးပြီး ၄၅ မိနစ်ခန့် နူးသည်အထိ ပေါင်းပါ။
၂။ နံရိုးများနူးပါက ဆယ်ယူပြီး ပေါင်းခံရည်ထဲ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ပင်စိမ်း၊ ကြိတ်ထားသည်များ ထည့်ကာ သံပရာရည်ညှစ်ပြီး ဆော့စ်ရည်ကျဲကျဲ စပ်ပေးရ
ပါမယ်။
၃။ ထို့နောက် ပန်းကန်အလှထဲမှာ နံရိုးပေါင်းများထောင်ထားကာ အပေါ်မှ ဆော့စ်ရည် လောင်းပြီး နံရိုးမီးတောက်စပ်စပ်လေးကို သုံးဆောင်နိုင်ပါပြီ။
-------------------------------
May Phyo Thi

No comments: