Sunday, August 13, 2017

How to lose chest fat and get rid of " Man Boobs"

ယောင်္ကျားရင်သားဆူဖြိုးခြင်း (Manboobs) ဘယ်လိုလျှော့ချမလဲ?
++++++++++++++++++++++++++++++++++++++++++++++


ယောင်္ကျားတန်မဲ့ ရင်သားဆူဖြိုးလွန်းလို့ သင်စိတ်ညစ်နေပြီလား?

သူငယ်ချင်းများ နောက်ပြောင်ကျီစယ်လွန်းလို့ သင်စိတ်ပျက်နေပြီလား?

တကယ်တော့ ဒီလိုခန္ဓာဗေဒပြောင်းလဲမူ့ကြောင့် စိုးရွံစရာ၊ သိပ်ငယ်စရာတခုလို့ခံစားနေဖို့မလိုအပ်ပါဘူး။ ဒီလိုဖြစ်ပေါ်လာရတာဟာသင်တယောက်ထဲမှမဟုတ်သလို ကုရာနထ္တိဆေးမရှိလည်းမဟုတ်ပါဘူး။

ဒါဟာမျိုးရိုးကြောင့်လား?

အမျိုးသားများရင်သားအလွန်အကျွံဆူဖြိုးလာရတဲ့အကြောင်းအရင်းကတော့ ရပ်အုပ်ကြွက်သားပေါ်မှာ အဆီတစ်ရူးများစုပုံလာရခြင်းကြောင့်ဘဲဖြစ်ပါတယ်။ အခြေခံအားဖြင့်တော့ ၆၀ % ရာခိုင်နှုန်းမှာကျန်းမာရေးနှင့်မညီညွတ်တဲ့အစားအသောက်ကြောင့် လောင်ကျွမ်းပြစ်နိုင်တဲ့ ကယ်လိုရီပမာဏထက် သင်စားသုံးယူလိုက်တဲ့ ကယ်လိုရီပမာကပိုများများပြားနေခြင်းကြောင့်ဘဲဖြစ်ပြီးကျန် ၄၀ % ရာခိုင်နှုန်းမှာဟိုမုန်းမညီညွတ်မူ့ ကြောင့်ဟုဆိုနိုင်ပါတယ်။၎င်းအဆီထုကိုလျော့ချဖို့ဆိုရင်တော့ ကယ်လိုရီအဝင်ပမာဏထက် အသုံးပြုလိုက်တဲ့ကယ်လိုရီပမာဏကပိုမိုလောင်ကျွမ်းနိုင်လျှင်အဆီကျပြီပေါ့။

မန်းဘုစ် (Manboobs)လို့ခေါ်တဲ့ ယောင်္ကျားများ ရင်သားဆူဖြိုးခြင်းကို ဆေးပညာအခေါ်အဝေါ်အရ ဂိုင်နီကိုမက်စ်တီးယာ(Gynecomastia) လို့ခေါ်ပါတယ်။ ရင်သားဆူဖြိုးခြင်းကို လျော့ချဖို့ဆိုရင်တော့ အောက်ပါအချက် ၃ ချက်ကိုမဖြစ်မနေပြုရန်လိုအပ်ပါတယ်။

၁- ရင်ဘတ်အဆီပြင်ကိုလျော့ကျစေဖို့ ရင်အုပ်ကြွက်သားလေ့ကျင့်ခန်းလုပ်ရန်
************************************************

ရင်သားဆူဖြိုးခြင်းကို လျှော့ချနိုင်စေရန်အတွက် အဆီကျလေ့ကျင့်ခန်းအမျိုးမျိုးဖြင့် အကြိမ်ပေါင်းမရေမတွက်နိုင်အောင် ရင်အုပ်လေ့ကျင့်ခန်းများပြုလုပ်နေရုံနှင့် မလျော့ကျနိုင်ပါဘူး။ ဝမ်းဗိုက်အဆီကျဖို့ အိပ်ထမတင်အကြိမ်ပေါင်းများစွာပြုလုပ်၍မရနိုင်သလို အမျိုးသားရင်သားစူဖြိုးခြင်းကိုလည်း နေရာကွက် (spot reduction) ပြီးအဆီချ၊ လေ့ကျင့်ခန်းပြုလုပ်မရနိုင်တာကိုတော့ သတိချပ်ပါလို့အကြံပြုချင်ပါတယ်။ ကိုယ်ခန္ဓာတခုလုံးရှိအဆီပမာဏကိုလျော့ချနိုင်မှသာလျှင် ကျွဲကူးရေပါဆိုသလို သင်အလိုမရှိတဲ့ရင်ဘတ်အဆီပြင်ဟာလည်း အလိုလျောက်လျော့ကျလာမှာဖြစ်ပါတယ်။

သူ့ချည်းဘဲလား? ဆိုတော့မဟုတ်သေးပါဘူး။ စားသောက်နေထိုင်မူ့ပုံစံပြောင်းလဲခြင်းနှင့်အတူ ရင်ဘတ်အဆီပြင်လျော့ကျဖို့အတွက် ရင်အုပ်ကြွက်သားအပေါ်ပိုင်းကိုအဓိကထားလေ့ကျင့်ရမှာဘဲဖြစ်ပါတယ်။

ပြုလုပ်ရမည့်လေ့ကျင့်ခန်းအမျိုးအစားများမှာ

1-Incline Dumbbell Bench Press / Incline Barbell Bench Press
2-Hammer Grip Incline Dumbbell Bench Press
3-Reverse Grip Bench Press
4-Barbell Neck Press (Aka Guillotine Press)
5-Cable Crossover – Low To High
6-Incline Dumbbell Fly
7-Decline Dumbbell Fly
8-Diamond Push Up
(ပူးတွဲပါ ဓါတ်ပုံတွင် လေ့လာပါ)


အထက်ပါလေ့ကျင့်ခန်းကိုပြုလုပ်တော့မယ်ဆိုရင် ယ္ခုမှစတင်သူ(Beginner) များအနေဖြင့် Reps နဲ့ Set ဆိုတဲ့ဝေါဟာရကိုကွဲပြားစွာသိဖို့လိုအပ်ပါတယ်။

မေး။    ။ Reps နဲ့ Set ဆိုတဲ့အဓိပ္ပါယ်ဖွင့်ဆိုချက်ဆိုတာဘာလဲ?

ဖြေ။    ။ Reps ဆိုတာကတော့ Repetitions ထပ်ခါထပ်ခါပြုလုပ်နိုင်စွမ်းအရေအတွက်ကို အင်္ဂလိပ်စကားအတိုကောက်အဖြစ် Reps ဟုခေါ်ဆိုပြီး၊ Set ဆိုတာ လေ့ကျင့်မူ့တခုပြီးမြောက်မူ့အရေအတွက်ကိုခေါ်ဆိုကြတာဖြစ်ပါတယ်။ ဥပမာဆိုကြပါစို့၊ နာရီစက္ကန့်တံတခု၏ ၁ချက်ရွေ့လျားမူ့ဟာ ၁ စက္ကန့်ဖြစ်ပြီး အချက်၊ အကြိမ်ရေ ၆၀ ရွှေ့လျားမူ့ကို ၁ မိနစ်ဟုသိနားလည်ကြပါတယ်။ အလားတူစွာဘဲ အချက် ၆၀ ရွေ့လျားမူ့ (အကြိမ်)Reps ဟုနားလည်ပြီး ၁ မိနစ်ဟာ  1 Set (အကြော့)ဟုနားလည်လိုက်ပါ။

မေး။    ။ ဘယ်လောက်အလေးကိုမယူလေ့ကျင့်ရမှာလဲ?

ဖြေ။     ။ တဦးနှင့်တဦးကြံခိုင်မူ့မျိုးမတူညီတဲ့အတွက် မယူရမယ့်အလေးချိန်ကို အတိအကျပြောဖို့မဖြစ်နိုင်ပါဘူး။ သို့ပေမယ့် Universal Goldern Rule အရဆိုလျှင်တော့ မည်သူမဆို

အများဆုံး ၃ ကြိမ် (Reps) လောက်မယူနိုင်တဲ့ အလေးပမာဏဟာ Strength ဆိုတဲ့ ခွန်အားတိုးတက်စေပါတယ်။

အများဆုံး ၆ ကြိမ်ကနေ ၈ ကြိမ် (Reps)အထိဘဲမယူနိုင်တဲ့အလေးပမာဏဟာ (Growth Muscle) ကြွက်သားကိုကြီးထွားစေပါတယ်။

အများဆုံး ၁၀ ကြိမ်မှ ၁၅ ကြိမ်(Reps) အထိဘဲ မယူနိုင်တဲ့အလေးပမာဏဟာ Endurance ကြွက်သားကိုခံနိုင်ရည်တိုးတက်စေပြီး သန်မာကျစ်လစ်စေပါတယ်။

Man Boobs ကိုလျော့ချဖို့ဆိုရင် ရင်အုပ်အပေါ်ကြွက်သားကြီးဖို့အတွက် ၆ ကြိမ်မှ ၈ ကြိမ် (Reps)အများဆုံးမယူနိုင်တဲ့အလေးပမာဏကို ရွေးချယ်မယူဖို့လိုအပ်ပါတယ်။ ၎င်းအလေးပမာဏအား Set (အကြော့ပေါင်း) ၅ ကြိမ်မှ ၆ ကြိမ်ထိပြုလုပ်နိုင်လျှင် ရင်အုပ်အပေါ်ပိုင်း ကြွက်သားကြီးထွားဖို့အတွက်လုံလောက်ပါတယ်။

မေး။     ။ အကြိမ်ရေအတွက် (Reps)နည်းတာကောင်းလား၊ များတာကောင်းလား?

ဖြေ။     ။ ကာယဗလနယ်ပယ်မှာ အရေအတွက်အကြိမ် ၂၀ ဟာခန္ဓာကိုယ်၏ခံနိုင်ရည် Breaking point တခုအဖြစ်သတ်မှတ်ထားကြပါတယ်။ ယေဘူယျအားဖြင့်၊ အလေးချိန်နည်းနည်း(Less Weight)နှင့်အကြိမ်အရေအတွက်များများ(More Reps)ပြုလုပ်ခြင်းဟာ ကြွက်သားရဲ့ခံနိုင်ရည်စွမ်းအား(endurance)တိုးတက်စေဖို့ဖြစ်ပြီး၊ (More Weight)လေးလံသောအလေးချိန်နှင့်အကြိမ်အရေအတွက်နည်းနည်း(Less Reps)ကစားခြင်းဟာ ခွန်အားနှင့်ကြွက်သားများကိုကြီးထွားစေပါတယ်။ အထူးသတိပြုရန်မှာ အကြိမ်အရေအတွက်နည်းလျှင် ကြွက်သားလှုံဆော်မူ့အပြည့်အဝမရရှိနိုင်သလို၊ အကြိမ်ရေများလွန်းလျှင်လည်း ကြွက်သားခံနိုင်ရည်မြင့်တင့်ခြင်းဖြစ်သွားပြီး ကြီးထွားမူ့အားနည်းသွားမှာဘဲဖြစ်ပါတယ်။

မေး။   ။ အကြိမ်ရေအတွက်(Reps)ဘယ်လောက်? အကြိမ်ရေအတွက်(Sets) ဘယ်လောက်လေ့ကျင့်ရမှာလဲ?

ဖြေ။    ။ စတင်လေ့ကျင့်သူနှင့်လေ့ကျင့်သား ၆ လအောက်ရှိသူများအတွက် အထက်ပါလေ့ကျင့်ခန်း ၇ မျိုးအား တပါတ် ၃ ရက်၊ တရက်ကစားတိုင်း (၆ ကြိမ်မှ ၈ ကြိမ်ကြား) x ၅ကြော့
အလယ်အလတ်လေ့ကျင့်သူ(၆လမှ ၁၂လ) လေ့ကျင့်သားရရှိပြီးသားသူများမတွက် အထက်ပါလေ့ကျင့်ခန်း ၇ မျိုးအား တပါတ် ၃ ရက်၊ တရက်ကစားတိုင်း  (၁၀ ကြိမ်မှ ၁၅ကြိမ်ကြား) x ၅ကြော့

လေ့ကျင့်သား ၁ နှစ်ခန့်ရရှိပြီးသားသူများအဖို့ အထက်ပါလေ့ကျင့်ခန်း ၇ မျိုးအား တပါတ် ၃ ရက်၊ တရက်ကစားတိုင်း  (၁၅ ကြိမ် မှ ၂ဝကြိမ်ကြား) x ၅ကြော့

ရှောင်ကျဉ်ရမည့်လေ့ကျင့်ခန်းများ

1-Decline Dumbbell/ Barbell Bench Press.
2-Flat Dumbbell/ Barbell Bench Press.
3-Dips

အထက်ပါလေ့ကျင့်ခန်းများဟာ ရင်အုပ်ကြွက်သားအောက်ပိုင်းအပေါ် တိုက်ရိုက် သက်ရောက်သောလေ့ကျင့်ခန်းများဖြစ်ပါတယ်။ ရည်မှန်းချက်မှာ Man Boobs အတွက်ဖြစ်နာကြောင့် ရင်အုပ်အောက်ပိုင်းကြွက်သားကြီးဖို့မလိုအပ်တာကြောင့်ဘဲဖြစ်ပါတယ်။

၂- ဟိုမုန်းညီညွတ်မျှတရန် (လိုအပ်ပါကဆေးကုသရန်)
*******************************************

ရင်အုပ်ကြွက်သားအပေါ်ပိုင်းလေ့ကျင့်ခန်းများကြောင့် အဆီကျစေမှာကြိမ်းသေပေမယ့် ၃လကြာမြင့်တဲ့အထိ သင့်ရဲ့ဆူနေတဲ့နို့အုံဟာ သိသိသာသာပြောင်းလဲမလာသေးဘူးဆိုရင်တော့ Man Boobs ဖြစ်ရတဲ့အကြောင်းအရင်းမှာ ဟိုမုန်းမညီညွတ်မူ့ဆိုတာ သေချာသလောက်ရှိနေပါပြီ။ သင့်မိသားစုဆရာဝန်ဖြင့် တိုင်ပင်ဆွေးနွေးပြီး မဟိုမုန်းပမာဏကို (Estrogen level)စစ်ဆေးပြီးဟိုမုန်းဆိုင်ရာကုသမူ့ခံယူဖို့လိုအပ်ပါလိမ့်မယ်။ ယောင်္ကျားတန်မယ့် မဟိုမုန်းများစရလားဗျာလို့ အငြင်းပွားဖွယ်ရာရှိပါတယ်။ သို့ပေမယ့် သင်ကိုယ်တိုင်နေ့စဉ်စားသုံးယူခဲ့မိပြီး သင်သတိမပြုခဲ့မိတဲ့ မဟိုမုန်းများပြားတဲ့အစားအသောက်များကြောင့်ဖြစ်ပါတယ်။

မေး။  ။ ဆရာဝန်နဲ့မကုချင်ဘူးဗျာ၊ လေ့ကျင့်ခန်းလုပ်မယ်၊ မဟိုမုန်းများတဲ့အစာတွေရှောင်ကျဉ်မယ်။ တခြားဘာလုပ်လို့ရဦးမလဲ?

ဖြေ။    ။ Male hormone = testosteron & Female hormone = estrogen

သင်ကြိုးစားကြည့်နိုင်ပါသေးတယ်။ Man Boods ဟာ ဟိုမုန်းမညီမျှမူ့ကြောင့်ဖြစ်နိုင်ခြေ ၄၀ % ရှိတာကြောင့် အစားအသောက်ပြောင်းလဲခြင်းအပြင် Testosterone လို့ခေါ်တဲ့ ကျားဟိုမုန်းမြှင့်တင်ခြင်းဖြင့်လည်း (ဆရာဝန်ညွန်ကြားချက်ဖြင့် ဆေးသောက်ခြင်း (သို့) အလေးများဖြင့်လေ့ကျင့်ခြင်းဖြင့်လည်း မဟိုမုန်းကိုလျော့ချဖို့ဖြစ်နိုင်ပါသေးတယ်။

၃- အစားအသောက်အလေ့အကျင့်ပြောင်းလဲရန်
***************************************

ရှောင်ကျဉ်ရန်။

ပဲနို့ရည်(Soy Milk)၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ ဒိုးနတ်၊ ကွတ်ပီးမုန့်မျိုးစုံ၊ သကြား(Starchy Carbohydrate)၊ အသင့်ပြင်ဆင်ထားသော ရယ်ဒီမိတ်စားသောက်ကုန်၊ ဘီယာ၊အချိုရည် အစရှိတဲ့ သံဗူးဖြင့်ထုတ်ပိုးထားသော(Processed food) စားသောက်ကုန်အမျိုးမျိုးကို ၁၀၀% ရှောင်ရှားဖြတ်တောက်နိုင်ရပါမယ်။

စားသုံးရန်။

ငါး၊ ကြက်သား၊ အစိမ်းရောင်အသီးအရွက်

နိဂုံး

Man Boobs ကိုလျော့ချဖို့ဆိုတာ နည်းလမ်းသိရင်မခက်သေးဘူးဆိုတာ သင်ယုံကြည်လောက်ပါပြီ။ ဒါဆိုဘာက ခက်တာလဲ? Consistency လို့ခေါ်တဲ့ မလျော့တဲ့ဇွဲနဲ့တစိုက်မတ်မတ်လုပ်ဖို့ဘဲခက်တာပါ။ အထက်ပါပြောခဲ့တဲ့ ကစားနည်းလမ်းကို တပါတ် ၃ ရက်ပုံမှန်မပျက်မကွက် ၆လ အထိဆော့နိုင်မယ်ဆိုရင် သင်ခံစားနေရတာ Man Boobs ဆိုနဲ့အရှက်တရားဒုက္ခကနေ ကင်းဝေးစေမှာအစစ်အမှန်ဖြစ်ပါတယ်လို့ပြောရင်း နိဂုံးချုပ်ပါရစေ။

Be consistant! Consistency is key  and you will be a different person in 6 months.

I hope this article will help your dream come thruth about get lost man boobs.

ဒေါမနစ် (စင်္ကာပူ)

၂၂ ရက် ဂျွန်လ ၂၀၁၇ ( SGT 19:50)

Credit: Gym Professor Page

No comments: