Saturday, August 5, 2017

Company နှင့် Trading ဆိုင်ရာ အခွန်အရပ်ရပ်


Company တွေ ဆိုတဲ့ နေရာမှာ Trading Company တွေ
စက်ရုံအလုပ်ရုံ Company တွေ Travel & လုပ်ငန်းစုတွေ စသည်ဖြင့် အမျိုးစားပေါင်း ၃၀ လောက်ပါဝင်တယ် CMP စနစ်တွေ အစိုးရအကျိုးတူ MIC Company တွေ နိင်ငံခြား Company တွေ ကုန်ထုတ်လုပ်ငန်းတွေ Mining တွေ စုံညီစွာရှိပါတယ်

ကျနော်အနေနဲ့ Trading လုပ်ငန်းစဉ်ဘက်ကဖြစ်လို့ Trade ဘက်ကနေ ပြောပြပါ့မယ် Company ဆိုတာဟာ Private Company တွေ ဖြစ်ပြီး နိင်ငံခြားကနေ တင်သွင်းမယ်ဆိုရင် Customs Duty နဲ့ Commercial tax နောက် ကြိုတင်ဝင်ငွေခွန်ဆိုတာဆောင်ရပါတယ် ပစ္စည်းစတင်သွင်းခြင်း အကောက်ခွန်က ကောက်ပါတယ် ASEAN Agreement တို့ ဘာတို့ ပါရင် Custom Duty ကင်းလွတ်တာရှိပီး Commercial tax က ကုန်သွယ်ခွန်အရ ကင်းလွတ်တာတွေဘာတွေ ရှိပါတယ်
EXPORT ဆိုရင်တာ့ တော်တော်များ customs Duty ရော ကုန်သွယ်ခွန်ရော ကင်းလွတ်တာမို့ ကြိုတင်ခွန် ၂ % သာဆောင်ရပါတယ်

ပုံမှန်အားဖြင့် နိင်ငံခြားက ပစ္စည်းတခုခု တင်သွင်းမယ်ဆိုရင်
Customs Duty ( CD)
Commercial Tax ( CT )
ကြိုတင်ခွန် ( 2% )
စတဲ့ အခွန် ၃ ရပ်ကို တင်သွင်း/ တင်ပို့ ရန်ကုန်ဆိပ်ကမ်းအရောက်ဈေးပေါ်မှာဆောင်ရမှာဖြစ်ပါတယ်


CD ( Inport Duty )ကိုဆောင်ဖို့ကတော့ Customs Dep ကနေ ထုတ်ထားတဲ့ myanmar customs tariff 2012 Boiok မှာသတ်မှတ်ထားတဲ့ အခွန်နူန်းတွေ ကိုဆောင်ရပါတယ်

CT ( Commercial Tax ) ကတော့ အခုဆိုရင် ၂၀၁၇ အခွန်ကောက် ဥပဒေအရ ဆောင်ရမှာဖြစ်ပါတယ်

ဒါ့အပြင် ကြိုတင်ဝင်ငွေ ခွန် ၂ % ဆိုတာကတော့ ၂၀၁၀ လောက်မှာ ပေါ်ပေါက်လာပီး ရောင်းရပြီး အမြတ်ခွန် တန်ဖိုးဖော် ၂% ကောက်ခံတာဖြစ်ပါတယ် တကယ်တော့ နှစ်ကုန်ပီး ရောင်းချပြီးမှ သာလျှင် ကောက်ရမယ့် နှစ်ကုန်ရှင်းတန်း အမြတ်ဝင်ငွေ ပေါ် ကြိုကောက်တာပါ  ကောက်တာကလဲ အမြတ်ပေါ်မဟုတ်ပဲ တန်ဖိုးပေါ်ကောက်တာဖြစ်ပါတယ်  ဒီလိုဖြစ်ရတဲ့ အကြောင်းချက်များစွာရှိပါတယ်

1 - အစိုးရဟာ Company တွေ ကိုမယုံလို့ ကြိုတင်ခွန်ကောက်တာပါ ဥပမာအနေနဲ့ ကိုရီးယားတွေ လဲ အလိုလုပ်ပါတယ်

2- ကုန်သည်အနေနဲ့ မရောင်းရခင်ကိုပဲ ကြိုတင်ဆောင်ရပါတယ်

ဆက်ရရင်ဖြင့် ထိုအခွန် ၃ ခု ဆောင်ပြီးလျှင် Customs Dep ကနေ Import - ID ပေးပါတယ် အဲဒီမှာအခွန် ၃ ရပ်စလုံးပါဝင်ပါတယ် နောက် ဘဏ္ဏာရေး နှစ်မကုန်ခင် အရူံးမြတ်စာရင်းဆွဲပြီး ၀င်ငွေခွန် ကြေငြာလွာသွင်းရပါတယ်  အသားတင်အမြတ်ပေါ်မှာ ၂၅ % အခွန် စည်းကျပ်ပါတယ် နောက် ပထမ ပစ္စည်းတင်သွင်း / တင်ပို့ တုန်းက ဆောင်ထားတဲ့ အခွန် ငွေ ၂% ကို ခုနှိမ်ပေးပါတယ်

ဥပမာ
ဒေါ်လာ ၁၀၀၀ တန်ကိုတင်သွင်းရင် ၂ % အရ ၂၀ ဆောင်ထားပီးဖြစ်ပါတယ် နောက် နှစ်ချုပ်မှာ အထွေထွေ နူတ်ပီး အရူံးမြတ်တင်ရင် ဆိုပါဆို ဒေါ်လာ ၁၀၀၀ ရင်းတယ် ၁၀၀ မြတ်တယ်ဆိုရင် ၁၀၀ ပေါ် ၂၅ % အဖြစ် ၂၅ ကျပ်ပေးရပါမယ် ပထမ ကြိုတင်ခွန် ၂၀ ဆောင်ထားတာဖြစ်လို့ ၅ % သာပေးဆောင်ရမှာပါ  ဒါက ၁၀၀ မြတ်လို့ပါ ၅၀ အမြတ်သာသေချာပြနိင်ရင် အခွန်ရူံးက အခွန်ပြန်အမ်းရမှာပါ ဒါပေမယ့် မအမ်းပါဘူး Credit စာရင်းအနေဲ့ ဆိုထားတယ်ဆိုပါတော့

ဒီတော့ နှစ်ကုန် အမြတ်ပေါ် ၂၅% ဆောင်ရတာပါ
နည်းလားဆိုတော့ တော်တော်များပါတယ် ဘာ Facility မှလဲ မရှိ ကုန်သွယ် မှု လဲ မမြန်ဆန် ဖြစ်သလို လုပ်နေရတဲ့ အခြေနေမှာ ပါ Bank ချေးငွေလဲ မရ Support ဆိုတာလဲ ဥပဒေတွေ အမိန့်တွေဖြစ်ပါတယ် SG ဟွန်ဒီလဲ မပျောက်သေးပါ

ကားစတန်ခွန် - 1% - 25%
ကုန်သွယ်ခွန် 5% ( 10- 50% )
နှစ်ကုန်အမြတ်ပေါ် ဝင်ငွေခွန် (25% )

ဒါ့အပြင် လုပ်ငန်းအနေနဲ့
တစုံတရာမှားရင် ကာစတန် ဒဏ်ကြေး
စည်ပင်ခွန်
ဆိုင်းဘုတ်ခွန်
ရေခွန် / မီတာခွန်
Company ကားအတွက် သတက်တမ်းတိုးအခွန်
လစာမှ ဝင်ငွေခွန်
မီးသတ်ခွန်
လိုင်စင်ခွန်

အများကြီးပါ နောက် ဒွိဟ အခွန်အနေနဲ့

Showroom ဆိုရင်တောင် (စတိုး အုပ်စုမှ ပါရင် ) ၅% ဆောင်ချင်ဆောင်ရနိင်ပါတယ် Company မှာ ဆောင်ထားတဲ့ ID record ပြမှသာ ကင်းလွတ်ပေးမှာလားဆိုတာ တခါတလေ ပြည်တွင်းမှာပဲ ယူရောင်းတဲ့ ကုန်စည်တွေလဲ ရှိ Company အနေနဲ့ ဝန်ဆောင်မှုလဲ လုပ် ကုန်လဲ ထုတ်ဆို
5% များစွာဆောင်ရမယ့် အနေထားပါ ဒါတွေက တော့ ညိနိုင်းမေးမြန်းရပါအုံးမယ် နောက် Company စတင် တည်ထောင်ခြင်း မှာ ပြရတဲ့ ဝင်ငွေ ခွန် များလဲ ရှိပါသေးတယ်

ပါဝင်တဲ့ MD တွေ GM တွေ  CEO လစာတွေကလဲ လစ Personal တဦးချင်းဝင်ငွေခွန် အဖြစ်ရှိနေပြန်ပါတယ် စုစုပေါင်းလိုက်ရင် အခွန်များစွာထမ်းတဲ့ အခွန်ထမ်းတွေပါ

အခု ၂၀၁၇ မှာတော့ အကျိုးခံစားခွင့်တွေပေးမယ်ဆိုတာပါပဲ
နောက် စာရင်းတွေ Capital တင်တာတွေ ကိုလဲ ပေးရပါမယ် အပြင်မှာ Adult firm တွေ အပြတ်အပ်ရင် သက်သာတယ်ဆိုတာထက် ကိုယ်တိုင်လဲ လေ့လာသိရှိဖို့လိုပါတယ်

နှစ်ကုန်လို့ စာရင်းရှင်းလဲ PCA အသိမှတ်ပြု Auditor တယောက်က စစ်ဆေးမှသာ တင်လို့ ရတဲ့ အနေထားဖြစ်ပါတယ် ဒါတွေဟာအခြေခံသိရမယ် အရင်းမြစ်များဖြစ်ပါတယ်



Thiha Paing & ( နေစေး )
#companytaxnaysay

Credit: အခွန်အကြောင်းသိကောင်းစရာ

No comments: