Friday, August 11, 2017

ကယားဝက်စွပ်ပြုတ် - ငါးကြင်းပေါင်း - စီချွမ်စတိုင်လ် ပုဇွန်ကြော်

စီချွမ်စတိုင်လ် ပုဇွန်ကြော်
-------------------


  

-----------------------------
Wutyee Food House

-----------------------------

ကယားဝက်စွပ်ပြုတ်
...............



ကယားပြည်နယ် လွိုင်ကော်မြို့မှာ စပြီးစားခဲ့ဖူးတာပါ။ ဟင်းရည်ချိုချိုလေးကို သောက်လိုက်တိုင်း ပူပူစပ်စပ်လေးမို့ အရမ်းကောင်းပါတယ်။ ပြီးရင်လည်း လျှာကို ထုံစေပါတယ်။ စီချွမ်းအစားအစာကို ကြိုက်ရင်တော့ ကယားဝက်စွပ်ပြုတ်လေးကိုလည်း ကြိုက်မှာသေချာပါတယ်။ ဒီဟင်းလေးကို ချက်မယ်ဆိုရင်တော့ မက်ခါသီးခြောက်လေးတော့ အိမ်မှာရှိဖို့ လိုပါတယ်။ ကယားပြည်နယ်မှာ အဲဒီစွပ်ပြုတ်ချက်ရင် ဝက်လက်ကို သုံးတာများပါတယ်။ ကျွန်တော်ကတော့ ပေါင်သား၊ ဒါမှမဟုတ် ကုပ် (ဂုတ်)သားကိုပဲ သုံးပြီးချက်ပါတယ်။

ပါဝင်ပစ္စည်းများ
-   ဝက်သားပေါင်သား    -   ၇၅၀  ဂရမ် (အနေတော်အရွယ် တုံးထားပါ)
-   ချင်း    -   ၂၅ ဂရမ်
-   ကြက်သွန်ဖြူ   -   ၃၅ ဂရမ်
-   မက်ခါသီးခြောက်   -   စားပွဲဇွန်း တစ်ဇွန်းခွဲ
-   ဆား   -   လက်ဖက်ရည်ဇွန်း ၁ ဇွန်း
-   အသားမှုန့်   -   လက်ဖက်ရည်ဇွန်း ၂ ဇွန်း
-   ရေ   -   ၁  လီတာခွဲ

 ပြုလုပ်နည်းအဆင့်ဆင့်
၁။ အိုးထဲကို ရေထည့်ပြီး ဆူအောင်တည်ပါ။
၂။ ရေဆူသည်နှင့် ဝက်သား၊ ချင်း၊ ကြက်သွန်ဖြူထည့်ပြီး ဝက်သားနူးသည်အထိ တည်ထားပါ။
၃။ အပေါ်ယံတက်လာသော အမြှုပ်များကို ခပ်ထုတ်ပေးပါ။
၎။ မက်ခါသီးခြောက်ကို မွှေးလာသည်အထိလှော်ပြီး ကျေညက်အောင် ထောင်း ထားပါ။ (တချို့က မက်ခါသီးကို မလှော်ဘဲ ထောင်းထည့်ပါတယ်။)
၅။ လှော်ပြီးထောင်းထည့်ရင် ပိုမွှေးပါတယ်။ ဒါပေမဲ့ စွပ်ပြုတ်ရည်နည်းနည်း ညိုတဲ့ ဘက်ကို ရောက်ပါတယ်။
၆။ ထောင်းထားသော မက်ခါသီး၊ ဆား၊ အသားမှုန့်ထည့်ပြီး အရသာမြည်းပါ။
၇။ ဟင်းရည်က ချိုပြီး ပူပူစပ်စပ်လေး ဖြစ်ရပါမယ်။
......................................
Delicious Food From All Over The World By

MyintOoTha

ငါးကြင်းပေါင်း


ဒီရက်ထဲ စိတ်ထဲမှာ သိပ်ပြီးစားချင်နေတာကတော့ ငါးသလောက်ပေါင်းဟင်းပါပဲ။ ဒါပေမယ့် ကိုယ်နဲ့ကလည်းမတည့်တာကြောင့်အိမ်ကလည်း ချက်မကျွေးတာကတကြောင်း ၊ ဈေးလည်းကြီးတာကြောင့်တကြောင်း စိတ်လည်းအဆာပြေ..ဈေးလည်းသက်သာတဲ့ ငါးကြင်းပေါင်း ပေါင်းစားဖြစ်ခဲ့ပါတယ်။မီးသွေးလည်းမကုန် တချိန်လုံးလည်းထကြည့်စရာမလိုပဲ ထမင်းပေါင်းအိုးရှိရုံနဲ့ ချက်ရတာလည်းအဆင်ပြေ၊ အရသာလည်းကောင်း၊ ကိုယ့်စိတ်ကြိုက်လည်း ဖြစ်ခဲ့တာမို့ ..ညို့လက်ရာ က ချစ်သူခင်သူတွေလည်း အိမ်မှာချက်ပြုတ်စားဖြစ်အောင် ဝေမျှပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
---------------

ငါးကြင်းဖြူ အလယ်သား ငါးဆယ်သား၊
စပါးလင်                    နှစ်ချောင်း၊
ဂျင်း                                လက်တစ်ဆစ်၊
ခရမ်းချဉ်သီး                    အနေတော် သုံးလုံး၊
ကြက်သွန်နီ                    ခပ်သေးသေး ဆယ့်ငါးလုံး၊
ရှာလကာရည်
သကြား အနည်းငယ် တို့ပဲဖြစ်ပါတယ်။

ပထမဆုံး ငါးကြင်းကို ဆေးကြောသန့်စင်ပြီး ရှာလကာရည် နနွင်း ဆား သကြား(အချိုမှုန့်မထည့်တာကြောင့် သကြားကိုပိုထည့်ပါတယ်..အချိုမကြိုက်ရင်လျော့သုံးလို့ရပါတယ်)တို့နဲ့ နယ်နှပ်ထားပါ ။
စပါးလင်အရွက်တွေကို ထမင်းပေါင်းအိုးနဲ့ အရွယ်တော်ဆိုဒ် လှီးဖြတ်ပြီး အိုးရဲ့အောက်ခြေမှာ ခင်းပါ (ကျွန်တော်ကတော့ အရိုးတွေကိုပါ ထုခြေပြီး ခပ်ထူထူလေးခင်းပါတယ်။ ဂျင်းကိုလည်း အလွှာလိုက်ကလေးတွေလှီးပြီးခင်းပါတယ်)ပြီးရင် ခုနက နယ်နှပ်ထားတဲ့ ငါးတုံးတွေကို အိုးထဲမှာ စီရီပြီးထည့် ။သူ့ရဲ့ ဆား အချိုနယ်ထားတဲ့ အရည်တွေကိုပါလောင်းထည့်ပြီး ငါးတုံးတွေ ရေမြုပ်တဲ့အထိရေကိုထည့်ပြီး ထမင်းတည်သလို စပေါင်းပါ ။

ရေခမ်းတာကို အိုးကပ်ခါနီးထိ မစောင့်ပါနဲ့ ။ရေထပ်ထပ်ထည့်ပေးပါ ။ရေလေးကြိမ်လောက်ဆို အရိုးမနူးတနူးရှိပါပြီ။ အဲ့ခါကျရင် ခရမ်းချဉ်သီး သုံးလုံးကို လေးစိတ်ခွဲပြီးထည့်ပေးပါ။ ရေတစ်ရေ ထပ်ထည့်ပါ ။ ရေခမ်းလာရင် ကြက်သွန်ဥဆယ်လုံးကို အခွံနွှာပြီး ထပ်ထည့်ပါ ။တစ်ရေထပ်ထည့်ပါဦး။ဟင်းအိုးကိုမမွှေဖို့တော့မှာချင်ပါတယ်။အိုးကပ်မှာစိုးရိမ်ရင်တော့ မီးပိတ်ပြီး အထဲကအိုးကိုထုတ်ပြီး အသာအယာလေးလှုပ်ပေးလို့ရပါတယ်။

တစ်ဖက်မှာလည်းကျန်တဲ့ကြက်သွန်ငါးလုံးကိုငြုပ်သီးပုအခြောက်တောင့်သုံးတောင့်လောက်နဲ့ညက်အောင် ထောင်းပြီး ဆီသတ်ပါ ။ ငြုပ်သီးကြက်သွန်အနံ့သေသွားရင် ခုနက ငါးပေါင်းအိုးထဲထည့်လိုက်ပါ။ အရိုးလည်းနူး ဆီလည်းပြန်လာအောင် ရေထပ်ထည့်ချင်လည်း ထည့်ပေးပါဦး။ ရေလည်းခမ်း ဆီလည်းပြန် အရိုးလည်းနူးပြီဆိုရင်တော့ အရသာရှိတဲ့ ငါးကြင်းပေါင်းတစ်ခွက် ရပါပြီ။
အညို

No comments: