Wednesday, June 21, 2017

တို့ဆေးဆိုတာဘာလဲ ?

Burundanga ပဒိုင်းပွင့်ဆေး


၁။ ဆရာ တို့ဆေးဆိုတာလဲ သိချင်ပါတယ်။ ဗန်ကောက်မှာ မြန်မာတွေကို အဲလိုလုပ်ပြီး ဒေါ်လာတွေ ယူသွားတယ်လို့ သတင်းကြားရလို့ပါ။

၂။ Burundanga ဆိုတဲ့အရာဟာ တို့ဆေးများလား။ မဟုတ်ဘူးဆိုရင် အဘယ်ကဲ့သို့သော အရာမျိုးပါလဲ။ ဆေးဝါး ရော င်းချတဲ့ဆိုင်တွေများ မေးမြန်းဝယ်လို့ရပါသလား။ ရခဲ့ရင် အဘယ်ကဲ့သို့ အသုံးပြုရပါသလဲ။ လူကိုအန္တရာယ် ဖြစ်စေပါ သ လား။

တွဲပြီးတင်ထားတဲ့ပုံကိုသုံးပြီး သတင်းရေးကြတာတွေဖတ်ရတယ်။ ပုံကိုအသားပေးထားပြီး အရေးအသားမပြည့်စုံပါ။ လိပ် စာကပ်မှာ ဒီလိုဆေးကိုသုတ်ပြီး မကောင်းတာကြံစည်တယ်ဆိုတဲ့ သတင်းမျိုးတွေလဲ (ဂူဂယ်လ်) မှာတွေ့ပါမယ်။ ရေးထား တာတွေက ပညာပေးနဲ့မတူကြပါ။

၂၂-၅-၂ဝ၁၃ နေ့ကသတင်းတပုဒ်မှာ Burndanga business card ကပ်ပြားနဲ့ ဆေးတို့တဲ့သတင်းဟာ အစစ်လား၊ အ တုလားလို့ ခေါင်းစဉ်ပေးထားပါတယ်။ အမျိုးသမီးတယောက် ဓါတ်ဆီဆိုင်တခုမှာ လိပ်စာကပ်ပေးပြီး၊ နောက်ယောင်ခံ အ လိုက်ခံရတဲ့သတင်းကို ကိုးကားထားပါတယ်။

အဲဒီကပ်မှာ Burndanga ဆေးပါတယ်။ ဒါပေမဲ့ အဲလိုနည်းနဲ့တော့ လူတယောက်ကို မေ့သွားအောင်မလုပ်နိုင်ပါ။ ဆေး ပါးစပ်ကနေဝင်မှသာ ဒုက္ခရောက်ပါတယ်။ အအေးထဲ၊ ဘီယာထဲ ခပ်ထားတာသောက် မိရင်တော့ ဖုတ်ဝင်သလိုဖြစ်ပါလိ မ့်မယ်။ အဲလိုမျိုး နယူးယောက်မှာ ဖြစ်ဖူးသေးတယ်။ ATM ကနေ ပိုက်ဆံအကုန်ထုတ်ယူသွားတာ ခံလိုက်ရပါတယ်။

(ဘူရူဒန်းဂါ) ဆေးဟာ Brugmansia plant အပင်ကနေရတယ်။ Angel’s Trumpet ပဒိုင်းပင်ဟာလဲ ရုက္ခဗေဒ အလိုအရ Brugmansia genus အနွယ်ဝင်ဖြစ်တယ်။ ပဒိုင်းသီးစားရင် ရူးတာကို မစားဘူးပေမဲ့ ကြားဘူးကြမယ်။ Alkaloids အမျိုးအစား Scopolomine, Hyoscyamine နဲ့ Atropine တွေက အဲဒီအပင်မျိုးတွေကနေရတယ်။

ဓါတ်ခွဲခန်းမှာလဲ ထုတ်တယ်။ Anticholinergic medicine အနေနဲ့ ရောဂါတွေကုစားဘို့ အများကြီးသုံးပါတယ်။ မှတ် ဥာဏ်ကို သက်ရောက်စေပြီး၊ ခုခံမှုမလုပ်နိုင်တဲ့အခြေအနေကို ဖြစ်စေတာကြောင့် ရည်ရွယ်ချက်မကောင်းတာအတွက် သုံးကြတယ်။

ဆေးဝါးဗေဒအလိုအရ Scopolamine ဟာ Anticholinergic alkaloid ဖြစ်တယ်။ Hyoscine လို့လဲ ခေါ်တယ်။ မျက်စိ သူငယ်အိမ်ကို ကျယ်စေတယ်။ အစာအိမ်နဲ့ အူတွေအလုပ်နှေးစေတယ်။ ထွက်စရာအရည်တွေ နည်းစေတယ်။ စားဆေး၊ ငုံဆေး၊ ထိုးဆေး၊ အရေပြား ကပ်ခွါအနေနဲ့ ရတယ်။

Atropine ကို အအန်ပျောက်ဆေး၊ မေ့ဆေးနဲ့တွဲပေးတဲ့ ထိုးဆေးအနေနဲ့ သုံးတယ်။ ၁-၁၂ နှစ်အရွယ် ကလေးတွေ အတွက် 6 mcg/kg (maximum 0.3 mg/dose) IV, IM or SC every 6 to 8 hours ပေးရတယ်။ နာ တာကိုက်တာ၊ အရေပြားနာ၊ ကျားအကြောနာ၊ အဆစ်နာ၊ လေးဘက်နာ၊ ခေါင်းကိုက် နဲ့ ပိုးဝင်တာတွေမှာလဲ သုံးတယ်။

ခါးတာ-ခေါင်းကိုက်ဆေးကပ်ခွါ လုပ်တယ်။ Mydriatic and cycloplegic မျက်စဉ်းတွေမှာသုံးတယ်။ ဒေါင့်ကျဉ်းရေ တိ မ်၊ ပန်းနာ၊ မျက်ခွံအောက်ကျတာ၊ အစာလမ်းကြောင်း ပိတ်နေတာတွေမှာ လုံးဝမသုံးရဘူး။ ကားမူးလို့ ပျို့ချင်၊ အန်ချင် တာအတွက် Transderm Scop ကပ်ခွါဆေးသုံးရတယ်။ 1.5 mg ခရီးမသွားခင် ၄ နာရီကြိုကပ်ပါ။ ၃ ရက်အထိခံ တ ယ်။ ဗိုက် (အူ) ရစ်နာတာအတွက်လဲ သုံးတယ်။

နှာရည်၊ ချွဲ၊ သလိပ်၊ အစာခြေရည် စတာတွေ အထွက်သက်သာအောင်လဲ သုံးတယ်။ (ပါကင်ဆိုနဇင်) ရောဂါ အတွက် လဲသုံးတယ်။ အရင်တုံးက ဘိန်းဖြူနဲ့ ကိုကိန်း ဆေးဖြတ်တာမှာသုံးတယ်။ အိပ်ဆေးအဖြစ်လဲ ရတယ်။ ဘိန်းပါတဲ့ အနာ သက်သာဆေးနဲ့ရောပြီး စိတ်ငြိမ်ဆေးအနေနဲ့သုံးတယ်။ ဥပမာ (မောဖိန်း)။ သားဖွါးခန်းမှာလဲ ငြိမ်ဆေးအဖြစ် သုံးကြ တ ယ်။ ဒါပေမဲ့ ကိုယ်ဝန်ဆောင်မသုံးသင့်ဘူး။ အထဲကကလေးကို ထိခိုက်စေနိုင်တယ်။

ဘေးထွက်-ဆိုးကျိုးတွေကတော့ သူငယ်အိမ်ကျယ်သွားလို့ မျက်စိဝေဝါးနေမယ်၊ နှလုံးခုန်မြန်မယ်၊ အာခေါင်ခြောက်မယ်၊ ချွေးထွက်နည်းမယ်။ ရေငတ်မယ်။ ဝမ်းချုပ်မယ်။ ဆီးသွားရခက်မယ်။ များသွားရင်၊ ကိုယ်ပူမယ်။ ဂနာမငြိမ်ဖြစ်မယ်။

စိတ်ရှုတ်ထွေးစေမယ်၊ ဒေါသကြီးစေမယ်၊ စကားပြောတာ လုံးထွေးနေမယ်၊ သူများမမြင်-မကြားတာတွေ မြင်ရ-ကြား ရမယ်၊ တောင်စဉ်ရေမရဖြစ်မယ်၊ အမှားတွေလုပ်နေမယ်။ Diazepam လိုဘဲ မှတ်ဥာဏ် လျော့နည်းစေတယ်။

တောင်အမေရိကားမှာ Ritualistic hallucinogen ဆိုပြီး ကွယ်လွန်သွားသူတွေနဲ့ အဆက်အသွယ်လုပ်ဘို့ဆိုပြီး သုံး တယ်။ ထိန်းမနိုင်သိမ်းမရဖြစ်တဲ့ ကလေးတွေ သွားလေသူတွေ ပူးနေသလားဆိုပြီး ဆေးကုဘို့အတွက်လဲ သုံးသေးတယ်။ အရှင်သခင်သေတဲ့အခါ ဇနီးတွေ ကျွန်တွေကို အရှင်လတ်လတ် မြေမမြှုတ်ခင် ခေါင်ရည်၊ ဆေးရွက်တွေနဲ့ရောပြီး တိုက် တယ်။ အစေ့နဲ့ အရွက်တွေက ပိုပြီးအဆိပ်ပြင်းတယ်။

၉-၇-၂ဝ၁ဝ နေ့သတင်းမှာ အမေရိကား၊ တောင်ကယ်ရိုလိုင်းနားမယ် လူငယ်တွေ ပန်းပွင့်ကို ပြုတ်-ကြို သောက်ရာ ကေ န ဆေးရုံတက်ကြရတယ်လို့ပါတယ်။ အဲလိုသောက်တော့ အစမှာ (ဟယ်လူစီနေးရှင်း) ခေါ်တဲ့ သူများ မမြင်တာေ တွ ကိုမြင်၊ သူများ မကြားတာတွေကို နားထဲမှာကြားဆိုတဲ့ မူမှန်မဟုတ်တဲ့ ခံစားမှုတွေ ဖြစ်စေတယ်။

ဒါ့ပြင် နှလုံးခုန် တအား မြန်လာပြီး၊ သေလောက်အောင် ဆိုးတဲ့ နှလုံးခုန် မမှန်တာနဲ့ ပန်းနာထသလို အဆုပ်လေပြွန်တွေ ကျဉ်းတာတွေ ဖြစ်လာမယ်။ ရောဂါဗေဒ ဂျာနယ်မှာ ဒီဆေးရဲ့ (ဟယ်လူစီနေးရှင်း) သတ္တိဟာ စိတ်သာယာဘို့ထက် ကြောက်မက်ဖွယ် ဖြစ်စေတယ်လို့ ရေးထားတယ်။ အနည်းဆုံး ခဏတာ ရူးသွပ်စေတယ်။

ဒီဆေးမျိုးနဲ့ဖျော်စပ်ထားတဲ့ Tonga ကိုသောက်တဲ့ လူတယောက်ကို (ဆွစ်) သဘာဝသိပ္ပံပညာရှင် Johann von Tschudi ကနေ စေ့စေ့ငုငု လေ့လာတယ်။ ဒီလူဟာ ဘာမှန်းမှ မသိသလို မြေကြီးကိုစိုက်ကြည့်နေတယ်။ ပါးစပ်ကို စိနေအောင် ပိတ်ထားတယ်။ နှာခေါင်းက ပြားချပ်နေတယ်။

နဖူးမှာ ချွေးစီးတွေ ပျံလာတယ်။ လူသေလိုဘဲ အေးစက်နေတယ်။ လည်ပင်းသွေးကြောတွေ ထောင်နေတယ်။ အသက် ရှူတာလဲ ရင်ပတ်က ခပ်နှေးနှေး ဖေါင်းလိုက်-ပြားလိုက်နဲ့ တစီစီမည်နေတယ်။ လက်နှစ်ဖက်က တင်းပြီး ဘေးချထား တယ်။ မျက်လုံးက မျက်ရည်တွေ အများကြီး စီးကျလာတယ်။ နှုတ်ခမ်းက ရွစိရွစိ ဖြစ်လာတယ်။ အသက်ရှူမြန် လာတ ယ်။

ဒီလိုဖြစ်နေတာ ၁၅ မိနစ်ကြာတယ်။ ဒိနောက် အဲလိုဖြစ်တာတွေက ပြင်းထံလာတယ်။ မျက်လုံးတွေ နီရဲပြီး ခြောက်လာ၊ လည်လာတယ်။ မျက်နှာ ကြွက်သားတွေ တွန့်လှုတ်လာတယ်။ တဝက်တပျက် ပွင့်နေတဲ့ ပါးစပ်က အမြှုတ်ဖြူတွေ ထွက် လာတယ်။

လည်ပင်းကြောတွေ လှုတ်တာမြန်လွန်းလို့ ရေလို့တောင်မရဘူး။ အသက်ရှူတာတိုတောင်းပြီး မြန်လာတယ်။ ရင်ပတ်လှု တ်နေတယ် မထင်ရဘူး။ မြင်တော့နေရတယ်။ ချွေးစီးတွေ တကိုယ်လုံး စိုရွဲလာတယ်။ တက်နေသလိုဖြစ်လာတယ်။ ငြိမ်ေ နလိုက် အသံကျယ်ကြီးနဲ့ အော်လိုက်။ ဘာသံတွေလဲ ခွဲလို့မရဘူး။

(ကိုလမ်ဘီယာ) နိုင်ငံမှာ လမ်းဘေးဆေးဝါးအဖြစ် သုံးကြတယ်။ အမှုံ့ကိုသုံးတယ်။ ပုံမှန်စိတ်တွေ ပျောက်သွားစေမယ်။ သေချင်လဲ သေသွားမယ်။ စုန်းမှော် အတတ်ပညာမှာလဲသုံးတယ်လို့ သိရတယ်။ ဒါ့ကြောင့် Zombie drug လို့လဲ နာ မည်ရတယ်။ ဖုတ်ကောင်တွေလိုဖြစ်စေလို့ပါ။

ချိုချဉ်၊ စီးကရက်၊ ချူးယင်းဂမ်း၊ ဘီယာစတာတွေထဲမှာခပ်ပြီး မတော်မတရားအလုပ်ခံရနိုင်တယ်။ ခံရသူတွေကို ဆေးရုံတ င်ကုသရတယ်။ စိတ်မူမမှန်ဖြစ်နေမယ်။ ကိုယ်ပူမယ်။ ချွေးမထွက်ဘူး။ Date rape drug ခေါ်တဲ့ ပါတီသုံးဆေး၊ ရက်ချိန် နဲ့မုဒိန်းကျင့်တဲ့ဆေးထက် ၄ ဆပြင်းတယ်။

နာဇီမှာ Angel of death သေမင်းတမန်လို့ နာမည်ရထားတဲ့ Joseph Mengele ကလဲ စမ်းသပ်မှုတွေလုပ်ခဲ့တယ်။ CIA နဲ့ Czechoslovak communist secret police ချက်ကွန်မြူနစ် လှို့ဝှက်ပုလိပ်တွေက သုံးတယ်။ မြန်မာစ စ်ထောက်လှမ်းရေးလဲ ဒီပဲယင်းအရေးအခင်းမှာ သုံးတယ်လို့ သံသယရှိကြတယ်။

Dr. တင့်ဆွေ
Source : https://www.facebook.com/drtintswe/

No comments: