Tuesday, November 3, 2015

ရန်ပုံငွေမရှိလို့ ပိတ်ရတော့မယ့် တီးတိန်မြို့ကစာသင်ကျောင်း

ကချင်စစ်ပွဲအကြောင်း ရေးဖွဲ့သည့် ”မြောက်ဖျားကအလွမ်းရာသီ” ဝတ္ထုရှည် အမျိုးသားစာပေဆုရ


၂ဝ၁၄ ခုနှစ်အတွက် အမျိုးသားစာပေဆုရသူတွေ စာရင်းကို အစိုးရက ထုတ်ပြန်ကြေညာရာမှာ တကြော့ပြန် ကချင်စစ်ပွဲနဲ့  ငြိမ်းချမ်းရေး အကြောင်း ရေးဖွဲ့ထားတဲ့ စာရေးဆရာမ စံပယ်ဖြူနုရဲ့ ”မြောက်ဖျားက အလွမ်းရာသီ ဝတ္ထုရှည်” က အကောင်းဆုံး  အမျိုးသားစာပေဆု ဝတ္ထုရှည်ဆု ရရှိသွားပါတယ်။ြ ပန်ကြားရေးဝန်ကြီးဌာန အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေးကော်မတီက ၂ဝ၁၄ ခုနှစ်အတွင်း ပြည်တွင်းမှာ ထုတ်ဝေခဲ့တဲ့ စာအုပ်တွေကို စိစစ်ရွေးချယ်ခဲ့ပြီး ဆုရွေးချယ်ခံရတဲ့ စာအုပ်တွေနဲ့ စာရေးဆရာတွေရဲ့ အမည်စာရင်းကို အောက်တိုဘာ ၃၁ ရက်က ထုတ်ပြန်ကြေညာလိုက်တာပါ။

ဝတ္ထုရှည် အမျိုးသားစာပေဆုရခဲ့တဲ့  ”မြောက်ဖျားက အလွမ်းရာသီ” စာအုပ်ကို  သတင်းသမားဘ၀က စာရေးဆရာဖြစ်လာတဲ့ စာရေးဆရာမ စံပယ်ဖြူနု ရေးသားခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်တွင်း စစ်ပွဲတွေကိုနောက်ခံကာ တရုတ်-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေကို သွားရောက်လေ့လာ ရေးသားထားတဲ့ စစ်ရဲ့ဆိုးကျိုး ရသဝတ္တုရှည်စာအုပ် ဖြစ်ပါတယ်။

၂၀၁၄ ခုနှစ်အတွက် ဝတ္ထုတိုပေါင်းချုပ် စာပေဆုကိုတော့ ကြူးနစ်ရေးသားတဲ့ မာရ်နတ်ရဲ့စည်းစိမ်၊ ကဗျာပေါင်းချုပ်စာပေဆုကို မောင်လင်းကြည်ရဲ့ မိုးဦးလေဦးကဗျာများက ရရှိပြီး စာပဒေသာ စာပေဆုကိုတော့ တက္ကသိုလ်ခင်မောင်ဇော် ရေးသားတဲ့ တက္ကသီလာ မြကျွန်းသာ (ရန်ကုန်တက္ကသိုလ်သမိုင်း) စာအုပ်က ရရှိသွားပါတယ်။

မြန်မာ့ယဉ်ကျေးမှု အနုပညာဆိုင်ရာ စာပေဆုကိုတော့ ဒေါက်တာမောင်ဖြေရဲ့  မွန်မြတ်သော ကျေးဇူးဆပ်သူနှင့် မွန်မြတ်သော ကျေးဇူးပြုသူစာအုပ်၊ ကလေးစာပေဆုကို ဇော်မျိုးဟန် (ငါးသိုင်းချောင်း) ရေးတဲ့ ပန်းစုံရွှေပြည် ကလေးကဗျာများ စာအုပ်နဲ့၊ လူငယ်စာပေဆုကိုတော့  ဆူးသစ်ရဲ့ ခွန်အားရှိသောစာ၊ ခွန်အားရှိသောလူငယ် စာအုပ်က ရရှိသွားပါတယ်။

ဘာသာပြန် (သုတ) စာပေဆုကို နတ်မောက်အနီချို ရေးသားတဲ့ ကိုယ့်ကိုယ်ကိုယ်ကိုး တိုး၍သာဝင်စာအုပ်၊ ဘာသာပြန် (ရသ) စာပေဆုကို ဆရာ ဟိန်းလတ်ရဲ့ ကျွန်မ မာလာလာ၊ သုတပဒေသာ (ဝိဇ္ဇာဘာသာရပ်) စာပေဆုကို ဒေါက်တာတိုးလှ ရေးသားတဲ့ လယ်ယာမြေသက္ကရာဇ်တွေထဲက သမိုင်း၊ သုတပဒေသာ (ရိုးရိုးသိပ္ပံ) စာပေဆုကို ကျော်ဦးရဲ့  စွမ်းအင်နှင့်ဝန်းကျင်၊ သုတပဒေသာ (အသုံးချသိပ္ပံ) စာပေဆုကို ရတနာစိုးရဲ့ ဝါး၊ နိုင်ငံရေး စာပေဆုကိုတော့ ဒေါက်တာကျော်ဝင်း ရေးသားသည့် နိုင်ငံရေးအတွေးအခေါ်သမိုင်း စာအုပ်တွေက အသီးသီး ဆုရသွားပါတယ်။

ဒါ့အပြင် အင်္ဂလိပ်ဘာသာ (သုတ) စာပေဆုမှာ ဦးစိုင်းအောင်ထွန်း ရေးသားတဲ့ SHAN LEGENDS၊ အင်္ဂလိပ်ဘာသာ (ရသ) စာပေဆုမှာ ဦးထွန်းအောင်ချိန် ရေးသားတဲ့ MAUNG YIN MAUNG AND MA ME’ MA စာအုပ်တွေ ဆု ချီးမြှင့်ခံရပါတယ်။

အမျိုးသားစာပေဆုတွေကို ဝတ္ထုရှည်၊ ဝတ္ထုတို၊ ကဗျာ၊ ကလေးစာပေ၊ သုတ၊ ရသနဲ့  အင်္ဂလိပ်ဘာသာ စာအုပ်ဆုတွေအပါအ၀င် စုစုပေါင်း ၁၆ မျိုးကို နှစ်စဉ်ဆုပေးအပ်နေတာဖြစ်ပြီး အခုနှစ်မှာတော့  ပြဇာတ်စာပေဆုကို ရွေးချယ်ချီးမြှင့်နိုင်ခြင်း မရှိပါဘူး။

ဆုပေးပွဲကိုတော့ လာမယ့် ဒီဇင်ဘာ ၁၂ ရက် (စနေနေ့) ရန်ကုန်မြို့ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံမှာ ကျင်းပမှာဖြစ်ပြီး ဆုရရှိသူတဦးကို ကျပ် ၁၅ သိန်း ချီးမြှင့်သွားမယ်လို့ အစိုးရ ပြန်ကြားရေးက သတင်းထုတ်ပြန်ထားပါတယ်။

ရန်ပုံငွေမရှိလို့ ပိတ်ရတော့မယ့် တီးတိန်မြို့ကစာသင်ကျောင်း

မြေပြိုမှုဒဏ်ခံခဲ့ရတဲ့ချင်းပြည်နယ် တီးတိန်မြို့မှာဖွင့်လှစ်ထားတဲ့ ကယ်ဆယ်ရေးစခန်းထဲက မူကြိုကျောင်း တစ်ကျောင်းဟာ ရန်ပုံငွေ မလုံလောက်တဲ့ပြဿနာကြောင့် ပိတ်လိုက်ရတော့မယ်လို့ အဲ့ဒီကျောင်းကို ထူထောင် တဲ့ သူကပြောပါတယ်။ အဲ့ဒီကျောင်းဟာဆိုရင် အသက်၅နှစ်အောက်ကလေးများအတွက် ရည်ရွယ်ပြီး ဖွင့် ထားတဲ့ မူကြိုကျောင်းပါ။ တီးတိန်မြို သဘာဝဘေးကယ်ဆယ်ရေးစခန်း အမှတ်(၁) နဲ့အမှတ်(၂ ) က အသက် သုံးနှစ်နဲ့ ငါးနှစ်ကြား ကလေးငယ် ၃၉ဦးတက်ရောက် ပညာသင်ကြားနေ တဲ့ ကျောင်း တစ်ကျောင်း လည်းဖြစ်ပါတယ်။ ကျောင်းတည်ထောင်သူ တီးတိန် လူငယ်မိတ်သဟာရအဖွဲ့က Naung Sian Tuang က မူကြိုကျောင်းသည်တစ်လလျှင် ရှစ်သိန်းကျပ်ကုန်ကျကြောင်း ၎င်း တို့၏ ဘတ်ဂျက်မှာလည်း နိုဝင်ဘာလ အထိသာ ရှိတော့ကြောင်း ထို့အတွက် ယခုနိုဝင်ဘာလမှာပဲ  ရပ်နားသွားရတော့မယ် လို့ပေါ်ပြူလာနယူးစ် ကို ပြောပါတယ်။ ဒါကြောင့်လှူဒါန်းလိုသူတွေ အနေနဲ့ ၀၉ ၄၀၀၃၀၉၃၉၂ ၊ ၀၉၈၆၁၈၇၀၁ ထံဆက်သွယ်ပြီးလှူဒါန်းနိုင်တယ်လို့ သူကဆိုပါတယ်။

ဝေဖြိုးအောင် 

ငှက်ပျောသီးမှာ AIDS တိုက်ဖျက်ပေးမယ့် ဆေးဓာတ် တွေ့ရှိ


ဗြိတိန်မှ ဆေးပညာနဲ့ သုတေသန ဌာန တစ်ခုဟာ ငှက်ပျောသီးမှာ AIDS ကို တိုက်ဖျက်နိုင်တဲ့ ဆေးဓာတ် တစ်မျိုးကို တွေ့ရှိခဲ့ပါတယ်။ ယင်းတွေ့ရှိမှုဟာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီ အချိန်တုန်းက ထုတ်ဖော် မပြောခဲ့ခြင်းက ယင်းဟာ Stable မဖြစ်ပဲ အခြားသော side effect ကြီးကြီးမားမား များကို ဖြစ်စေလို့ ဖြစ်ပါတယ်။ ယခုတော့ မဖြစ်စေတော့ ပါဘူး။

ငှက်ပျောသီးမှာ ပါဝင်တဲ့ ပရိုတိန်းဓာတ် တစ်မျိုးရှိပြီး ယင်းကို banana lectin သို့မဟုတ် ‘BanLec’ လို့ ခေါ်ပါတယ်။ ယင်း ဓာတ်ဟာ ဘာတွေကို တိုက်ဖျက်နိုင်သလဲဆို hepatitis C, flu နဲ့ AIDS တို့ကို တိုက်ဖျက်နိုင်ပါတယ်။ ပထမဦးဆုံး အနေနဲ့ hepatitic C နဲ့ flu ရှိတဲ့ ကြွက်များနဲ့ စမ်းသပ်တဲ့အခါ အောင်မြင်သွားပါတယ်။ AIDS ကိုကျတော့ HIV ပိုးရှိနေတဲ့ သွေးထဲကို ယင်း ဓာတ်ထည့်သွင်းပြီးတော့ စမ်းသပ်ခဲ့ခြင်း ဖြစ်ပြီး HIV ပိုးဟာ ပျောက်ကွယ်သွား ပါတယ်။

ငှက်ပျောသီးကို တိုက်ရိုက်စားသုံးခြင်းနဲ့ကတော့ ရောဂါ ပျောက်ကင်းဖို့ မဖြစ်နိုင်ပါ။ အကြောင်းကတော့ ယင်း BanLec ဓာတ်ကို ငှက်ပျောသီးကနေ ပြန်လည် လုပ်ယူ ဖန်တီးယူထားတာ ဖြစ်တာကြောင့် ဖြစ်ပါတယ်။ ဒါပေမယ့် လုပ်ယူလို့ ရပြီး စမ်းသပ်တဲ့ အခါမှာ HIV ပိုးကို တကယ်ပဲ တိုက်ဖျက်နိုင်တာကြောင့် အနာဂတ်မှာ AIDS ကို တိုက်ဖျက်မယ့် အလားအလာရှိတဲ့ ဆေးတစ်မျိုး အဖြစ် ငှက်ပျောသီးကို ထည့်သွင်း လိုက်ပါတယ်။


အောင်ခမ်း (ရိုးရာလေး)

ဈေးနှုန်းချိုသာစွာဖြင့် ပိုမိုဆက်သွယ်နိုင်ရန်အတွက် “သုံးမျိုးပါဝင် အထူးအစီအစဉ်”ကိုအူရီဒူးသုံးစွဲသူများအတွက် ပေးအပ်သွားမည်

အစီအစဉ်အသစ်အရဖုန်းခေါ်ဆိုခြင်း၊ SMS မက်ဆေ့ခ်ျ ပို့ခြင်းနှင့် အင်တာနက် ဒေတာအသုံးပြုခြင်းများကိုသတ်မှတ်ချိန်အတွင်းအကောင်းဆုံးအသုံးပြုနိုင်

ဈေးနှုန်းချိုသာပြီးအချင်းချင်းဆက်သွယ်မှုပိုမိုအဆင်ပြေစေမည့် အူရီဒူးမြန်မာ၏ “သုံးမျိုးပါဝင် အထူးအစီအစဉ်”ကို၂၀၁၅ခုနှစ်၊ အောက်တိုဘာ ၃၀ရက်၊ ၀၀:၀၀:၀၁နာရီမှ ၂၀၁၅ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်၊ ည ၁၂ နာရီ မှ စတင်ကာ ရယူသုံးစွဲနိုင်မည်ဖြစ်ကြောင်း သိရသည်။ ယင်းအစီအစဉ်အသစ်အရဖုန်းခေါ်ခြင်း၊ SMSမက်ဆေ့ခ်ျ ပေးပို့ခြင်းနှင့် အင်တာနက်ဒေတာသုံးစွဲခြင်းများကိုသတ်မှတ်ချိန်အတွင်းအကောင်းဆုံးအသုံးပြုသွားကြရမှာဖြစ်ကြောင်း သိရသည်။ “သုံးမျိုးပါဝင် အထူးအစီအစဉ်”ဟုဆိုသည့်အတိုင်းသုံးစွဲရမည့် အမျိုးအစားသုံးမျိုးပါဝင်ပါမည်ဖြစ်သည်။

အသေးစားအစီအစဉ်အဖြစ် ငွေကျပ် ၅၀၀ (ငါးရာကျပ်) ဖြင့် ပြည်တွင်းမှ မည်သည့် ကွန်ရက်ကိုမဆို၁၅မိနစ်စာဖုန်းခေါ်ဆိုခြင်း၊ ပြည်တွင်းမှ မည်သည့်ကွန်ရက်ကိုမဆိုSMS မက်ဆေ့ခ်ျ ၁၀စောင်ပို့ခြင်း၊ အင်တာနက်ဒေတာ ၅၀ မီဂါဘိုက် ပမာဏာကို ၂၄ နာရီအတွင်းစိတ်ကြိုက် အသုံးပြုခွင့် ရရှိမည် ဖြစ်ပါသည်။ အလတ်စားအစီအစဉ်တွင် ငွေကျပ် ၃,၀၀၀ (သုံးထောင်ကျပ်) ဖြင့်ပြည်တွင်းမှမည်သည့်ကွန်ရက်ကိုမဆိုမိနစ် ၈၀ ဖုန်းခေါ်ဆိုခြင်း၊ ပြည်တွင်းမှမည်သည့်ကွန်ရက်ကိုမဆိုSMS အစောင် ၅၀ ပေးပို့ခြင်းနှင့် အင်တာနက်ဒေတာ၃၀၀ မီဂါဘိုက်ပမာဏကို ၇ရက်အတွင်းအသုံးပြုကြရမည် ဖြစ်သည်။ အကြီးစားအစီအစဉ်တွင် ငွေကျပ် ၁၀,၀၀၀ (တစ်သောင်းကျပ်)ဖြင့်ပြည်တွင်းမှမည်သည့်ကွန်ရက်ကိုမဆိုမိနစ် ၂၅၀စာ ပြည်တွင်းဖုန်းခေါ်ဆို့ခြင်း၊ ပြည်တွင်းမှမည်သည့်ကွန်ရက်ကိုမဆိုSMSမက်ဆေ့ခ်ျ အစောင်ရေ ၁၅၀ ပေးပို့ခြင်း၊ အင်တာနက် ဒေတာ ၁,၀၂၄ မီဂါဘိုက်ပမာဏတို့ကိုရက်ပေါင်း ၃၀အတွင်း အသုံးပြုခွင် ရရှိမည် ဖြစ်သည်။
“သုံးမျိုးပါဝင် အထူးအစီအစဉ်” ကိုရယူရန်အတွက် အမျိုးအစားတစ်ခုချင်းစီအလိုက် ရယူပုံများကိုဖော်ပြပေးထားသည်။ အသေးစားအစီအစဉ်အတွက် 7070 ထံ 500 ဟု SMS ပို့၍ဖြစ်စေ၊ ကုတ်နံပါတ် *7070# ကို ရိုက်ထည့်၍ဖြစ်စေရယူနိုင်ပါသည်။ အလတ်စားအစီအစဉ်အတွက် 8080 ထံ 3000 ဟု SMSပို့၍ဖြစ်စေ၊ ကုတ်နံပါတ် *8080# ကို ရိုက်ထည့်၍ဖြစ်စေရယူနိုင်ကာအကြီးစားအစီအစဉ်အတွက် 9090ထံ10000ဟုSMSပို့၍ဖြစ်စေ၊ ကုတ်နံပါတ် *9090# ကို ရိုက်ထည့်၍ဖြစ်စေရယူနိုင်မည်ဖြစ်သည်။

ရန်ကုန်မြို့တွင်းပြေးဆွဲမည့် အများပိုင်ယာဉ်လိုင်းအချို့ လာမည့်နှစ်ဆန်းပိုင်းတွင် စတင်မည်

ဘတ်စ်ကား အများနှင့် သက်ဆိုင်သော ကုမ္ပဏီလီမိတက် မှပြေးဆွဲမည့် BRT(Bus Rapid Transit) ယာဉ်လိုင်းများကို လာမည့် ၂ဝ၁၆ နှစ်ဆန်း ပိုင်းတွင် စတင်ပြေးဆွဲတော့မည်ဖြစ်ကြောင်း သိရသည်။ ''ကားသစ်တွေ မှာထားတာ အ စောဆုံး ဒီဇင်ဘာလကုန်လောက် ရောက် ပါမယ်။ ရောက်ပြီးတာနဲ့ ဇန်နဝါရီလဆန်း လောက်၊ အခုဆောက်နေတဲ့ တံတားတွေ ပြီးတာနဲ့ ပြေးဆွဲဖြစ်မယ်ထင်တယ်'' ဟု အ ဆိုပါကုမ္ပဏီမှ ဥက္ကဋ္ဌဖြစ်သူ ဒေါက်တာမောင် အောင်က ပြောသည်။ BRT ယာဉ်လိုင်း၏ ပထမဆုံး ပြေးဆွဲမည့်လမ်းကြောင်းကို နေ့စဉ် ခရီး သည် ငါးသိန်းမှ ခုနစ်သိန်းဝန်းကျင်ခန့်အထိ သွားလာလျက်ရှိသည့် မြို့တွင်း၌ ခရီးသည် သွားလာမှု အများဆုံးဖြစ်သော ပြည်လမ်း နှင့် ကမ္ဘာအေးဘုရားလမ်းပေါ်တွင် ပြေးဆွဲ သွားမည် ဖြစ်သည်။

အမြန်စနစ် ဖြစ်သည့်အတွက် မှတ်တိုင်အဖြစ် အဓိကလူစည်ကားသော နေရာများတွင်သာ ရပ်တန့်သွားမည်ဖြစ်ကာ ပထမဆုံးလမ်းကြောင်းဖြစ်သည့် ထောက် ကြန့်မှစတင်ပြီး ပြည်လမ်း ရှစ်မိုင်မှ ကမ္ဘာ အေးဘုရားလမ်းအတိုင်း မောင်းနှင်ရာတွင် မှတ်တိုင် ၃၆ ခု သတ်မှတ်ထားကြောင်း သိ ရသည်။

''ပြည်သူလူထုသွားလာမှုကို ချော မွေ့စေချင်သလို လက်ရှိပြေးဆွဲနေတဲ့ ဘတ်စ် ကားပိုင်ရှင်တွေကိုလဲ မထိခိုက်စေချင်ပါဘူး။ ဒါကြောင့် ကျွန်တော်တို့က အထိအခိုက် အနည်းဆုံး နေရာတွေကိုရွေးတာပါ။ ပြည် လမ်းနဲ့ ကမ္ဘာအေးဘုရားလမ်းက အကျယ် ဆုံး ခြောက်လမ်းရှိတာ ဒီနှစ်လမ်းပဲ။ အနှေး ယာဉ်တွေအနည်းဆုံးကလဲ ဒီလမ်းတွေပဲ။ အကယ်၍ ယာဉ်ကြောတစ်ခုတည်းသာ ပေး သွားရင် တစ်တန်းကြီး သွားနေတာဖြစ်တဲ့အ တွက် စည်းကမ်းထိန်းသိမ်းလို့ အကောင်း ဆုံးကလဲ ဒီနှစ်လမ်းပဲ။ ဒါကြောင့် ဒီလမ်း တွေကို ရွေးတာပါ''ဟု မော်တော်ယာဉ်လိုင်း ပေါင်းစုံ ထိန်းသိမ်းကြီးကြပ်မှုကော်မတီမှ ဥက္ကဋ္ဌ ဦးလှအောင်က ပြောသည်။
ယာဉ်လိုင်းကို ဒေါ်လာတစ်သိန်း ကျော်မှ နှစ်သိန်းခွဲခန့်အထိ တန်ဖိုးရှိသည့် Higer, Daewoo, King Long, Hyundai, Scania အမျိုးအစား ၂ဝ၁၅-၂ဝ၁၆ မော် ဒယ်ကားသစ်များဖြင့် ပြေးဆွဲသွားမည်ဖြစ် ပြီး အစီးရေ ၆၅ စီးဖြင့် စတင်သွားမည်ဖြစ် ကာ ခရီးသည်များလာပါက စီးရေ ၁ဝဝ အထိ တိုးမြှင့်သွားရန်ရှိသည်ဟု ဆိုသည်။

နံနက် ၆ နာရီခွဲမှ ည ၉ နာရီခွဲ အထိ ပြေးဆွဲသွားမည့် အဆိုပါယာဉ်လိုင်း အတွက် ယာဉ်စီးခကို အများစုတတ်နိုင်သည့် နှုန်းထားဖြင့် သတ်မှတ်သွားမည်ဖြစ်ပြီး ကတ် စနစ်ဖြင့် ပေးချေရမည်ဖြစ်ကြောင်း သိရ သည်။

လက်ရှိရန်ကုန်မြို့တွင်း၌ ယာဉ် လိုင်းပေါင်း ၃၆ဝ ကျော်မှ ယာဉ်အစီးရေ ၇ဝဝဝ ကျော်ဖြင့် ပြေးဆွဲလျက်ရှိပြီး အဆိုပါ ဘတ်စ်ကားများကို အသုံးပြုကာ လူဦးရေ နှစ်သန်းခန့် နေ့စဉ်သွားလာလျက်ရှိသည်။

ပထမဆုံးလမ်းကြောင်း အဆင် ပြေပါက နောက်ပိုင်းတွင် သီလဝါ အထူး စီးပွားရေးဇုန်မှ ဗိုလ်တထောင်လမ်းကြောင်း၊ လှိုင်သာယာနှင့် ရွှေပြည်သာမြို့နယ်များမှ တစ်ဆင့် ရှစ်မိုင်လမ်းဆုံကိုဖြတ်ကာ အောင် မင်္ဂလာအဝေးပြေးအထိ လမ်းကြောင်းနှင့် ဒဂုံတက္ကသိုလ်မှ ပါရမီအထိ လမ်းကြောင်း စသည့် လမ်းကြောင်းသုံးခုကို ထပ်မံပြေးဆွဲ သွားရန်လည်း အစီအစဉ်ရှိကြောင်း သိရ သည်။

No comments: