Friday, November 20, 2015

အခမဲ့ အထူးကုဆေးခန်း




 မိတ်ဆွေများ ခင်ဗျား…
လက်တို့ သတင်းပေးခြင်းဖြင့် နွမ်းပါးသူများကို ကူညီပေးစေချင်ပါတယ်။
လူရည်ချွန် (၁၉၆၄-၈၈) အဖွဲ့က လှိုင်သာယာမြို့၊ ကျန်စစ်သားလမ်းမကြီးပေါ်၊ လှိုင်သာယာမြို့ဦးစေတီမျက်နှာချင်းဆိုင်တွင် ကုသိုလ်ဖြစ် ဆေးခန်းဖွင့် ထားပါတယ်။
ကုသိုလ်ဖြစ်အခမဲ့ဆေးခန်းပါ။
ငွေကြေးတစ်ပြား တစ်ချပ်မှပေးရန် မလိုအပ်တဲ့ဆေးခန်းပါ။
နွမ်းပါးသူတွေ၊ အခက်အခဲ ရှိသူတွေကို ကူညီဖို့ ဖွင့်ထားတဲ့ ဆေးခန်းပါ။ ဘာရည်ရွယ်ချက်မှ မရှိသလို နိုင်ငံရေးအရောင်တွေမပါ ပါဘူး။ ဘာမှလည်း ပြန်ပေးဖို့ မလိုပါဘူး။
ဆေးခန်းက သပ်သပ်ရပ်ရပ်နဲ့ သားသားနားနားလေးပါ။
အထူးကုဆရာဝန်ကြီးတွေ၊ ခွဲစိတ်၊ အရေပြား၊ သားဖွားမီးယပ်၊ ကလေးအထူးကု၊ သမားတော်ကြီးများလည်း ထိုင်ပါတယ်။

စမ်းသပ်ခ အခမဲ့ပါ
ဆေးဖိုးဝါးခ အခမဲ့ပါ
KBZ ဘဏ်က သိန်းတစ်ထောင်မတည် အလှူထည့်ဝင် ထားပါတယ်။ အခြားလစဉ် အလှူရှင်များရှိသလို ဆေးအလှူရှင် များလည်းရှိပါတယ်။
လိုအပ်လာရင် အင်းစိန်ဆေးရုံကြီး၊ ရန်ကုန်အနောက်ပိုင်းဆေးရုံ၊ ရန်ကုန်အထူးကုဆေးရုံကြီး များမှာရှိတဲ့ ဆရာဝန်ကြီးများနဲ့ ဆက်သွယ်ပြီး ဆက်လက် ကုသနိုင်ဖို့ ကူညီပေးဦး မှာပါ။
Minor Surgery Case များကို လှိုင်သာယာရှိ ထွန်းဖောင်ဒေးရှင်းက ဆေးရုံခွဲစိတ်ခန်းမှာ ညှိနှိုင်ပြီးခွဲပေးပါတယ်။
ခွဲစိတ်ခန်းခကိုလည်း အသင်းကတာဝန်ယူတာပါ။ လူနာများ ပေးရန် မလိုပါဘူး။
ဆေးခန်း နေရာ
လူရည်ချွန် ကုသိုလ်ဖြစ် ဆေးခန်း
မြို့ဦးစေတီမျက်နှာချင်းဆိုင်
ကျန်စစ်သားလမ်းမကြီးပေါ်
လှိုင်သာယာ။
Credit toး ကိုဝင်းအောင် (ရေကြောင်းကျောင်းဆရာ) တွဲဘက်အတွင်းရေးမှူး(၁) လူရည်ချွန်(၁၉၆၄-၈၈) အဖွဲ့

မှတ်ချက်(၁) ဆေးခန်းဖွင့်ချိန်၊ စေတနာနဲ့ ကူညီနေကြတဲ့သမားတော်ကြီးများနဲ့ သူတို့ထိုင်မယ့်နေ့တွေကို ဓါတ်ပုံနဲ့ ဖော်ပြထားပါတယ်။

မှတ်ချက်(၂) ဆေးခန်းနဲ့အနီးဆုံး လိုင်းကားတွေရဲ့မှတ်တိုင် အမည်တွေကို လိုင်းကားသာ အားကိုးသူများ အဆင်ပြေစေအာင် ဖေါ်ပြလိုက်ပါတယ်။

ဆေးခန်းနဲ့ကားမှတ်တိုင်ကတော့နည်းနည်းကွာဝေးပါတယ်။
ဒါပေမဲ့ လမ်းလျှောက်ရင် (၃)မိနစ်နဲ့(၅)မိနစ်လောက်ဆိုရောက်ပါတယ်။
တက္ကစီ မငှားနိုင်သူများအတွက်လိုင်းကားမှတ်တိုင်ကို အသိပေးတာပါ။
(၁ ) ဈေးလေးမှတ်တိုင်
(၂ ) ရုံးရှေ့မှတ်တိုင် တို့ဖြစ်ပါတယ်။

လိုအပ်သူများအဆင်ပြေပါစေ။ 


မေတ္တာဖြင့် ပြန်လည် ဝေဌပါသည်

No comments: