Saturday, November 28, 2015

Myanmar Youth Social & Education Local Focus မှ ကိုလင်းနီသွေးနှင့် တွေ့ဆုံခြင်း




အကြောင်းကြောင်းကြောင့် အတန်းပညာ မသင်ယူနိုင်သော လူငယ်များ၊ အတန်းပညာတစ်ပိုင်း တစ်စဖြင့် ရပ်တည်ချက်ပျောက် နေသောလူငယ်များ၊ မိဘမဲ့ကလေး များ၊ လေလွင့်ကလေးငယ်များ အား ဘဝရပ်တည်ချက်ခိုင်မာလာ စေပြီး စိတ်ဓာတ်နှင့်ပညာများ တိုး တက်လာစေရန်၊ အလုပ်အကိုင် အခွင့်အလမ်းကောင်းများ တစ်ဆင့် ထက်တစ်ဆင့် တိုးတက်ရရှိလာစေ ရေးရည်ရွယ်၍ တစ်ကိုယ်တော် ပရဟိတလုပ်နေသောMyanmar Youth Social & Education Local Focus မှ တည်ထောင်သူ ကိုလင်းနီသွေးနှင့်   တွေ့ဆုံကာ မေးမြန်းဖြစ်ခဲ့ပါသည်။

MYSELF  ကို စတင် အကောင် အထည်ဖော်ဖြစ်ပုံလေး ပြောပြ ပေးပါ။
ကျွန်တော်က အရင်က NGO မှာ လုပ်ဖူးပါတယ်။ အဲဒီမှာ ကျွန် တော်သင်ကြားခဲ့ရတဲ့ ဗဟုသုတတွေ၊ အင်္ဂလိပ်စာအတွေ့အကြုံတွေ ကို ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ လူငယ်လေးတွေ၊ လမ်းပေါ်မှာ လေလွင့်ပြီး စိတ်ဓာတ်ပျက်ပြား နေတဲ့ လူငယ်လေးတွေ၊ ချို့တဲ့လို့ ပညာရေးကို လက်လှမ်းမမီတဲ့ ကလေးတွေအတွက် ပေးချင်လို့ တစ်ကိုယ်တော်အနေနဲ့ အင်္ဂလိပ် စာကို သင်ကြားပေးဖြစ်တာပါ။ အင်္ဂလိပ်စာလို့သာ ပြောတာပါ အဲဒါအပြင် သူတို့လေးတွေရဲ့ စိတ် ဓာတ်တွေခိုင်မာပြီး လမ်းကြောင်း မှန်ပေါ် ပြန်ရောက်လာအောင်၊ စာရိတ္တလေးတွေ ကောင်းလာ အောင်လို့ပါ စိတ်ဓာတ်မြှင့်တင်ရေး ပိုင်းတွေပါ လေ့ကျင့်သင်ကြားပေး နေပါတယ်။

MYSELF  ကို ဘယ်အချိန်မှာစတင် တည်ထောင်ဖြစ်ခဲ့တာပါလဲ။
MYSELF  ရယ်လို့ ကျွန်တော် စပြီး လုပ်ဖြစ်တာကတော့ ၂ဝ၁၂ ခုနှစ် ဇူလိုင်လကတည်းကပါ။ အဲ ဒီကတည်းက နေရာစုံ၊ နယ်စုံမှာ ကျွန်တော်ကိုယ်တိုင် အင်္ဂလိပ်စာ လိုလားတဲ့သူတွေကို ပုံစံအစုံနဲ့  လိုက်သင်ပေးခဲ့ပါတယ်။ အခုလိုရုံး နဲ့ကန္နားနဲ့ ဖွင့်ပြီး လုပ်ကိုင်တာက   တော့ ၆ လနဲ့ ၈ လကြားမှာပဲ ရှိပါ သေးတယ်။ ရုံးခန်းသာရှိတာ အင်္ဂ လိပ်စာသင်တဲ့ ဆရာရယ်လို့တော့ ကျွန်တော် တစ်ယောက်တည်း ပါ။ ကျွန်တော့်မှာ ဘာလက်ထောက် သင်ကြားရေးမှူးမှ မရှိပါဘူး။
ဒါပေမဲ့ဝန်ထမ်းတွေတော့ ခန့် ထားပါတယ်။ စာရင်းကိုင် ဘာညာ စသဖြင့်ပေါ့။ အားလုံးရှစ်ယောက် ပါ။ အဲဒီထဲကမှ သုံးယောက်က လစာနဲ့ ကျန်တဲ့သူတွေကတော့ စေတနာရှင်တွေပါ။

MYSELF  မှာ  အင်္ဂလိပ်စာကို ဘာကြောင့် သင်ပေးတာပါလဲ။ ဘယ်လိုလူတွေကို သင်ပေးပါ သလဲ။
အဓိက အင်္ဂလိပ်စာ သင်ပေး ရတာက ကျွန်တော်အထက်က ပြောထားတဲ့ လူတွေပေါ့နော်။ သူ တို့တွေကို အလုပ်အကိုင် အဆင်   ပြေစေလိုတယ်။ ကိုယ့်ခြေထောက် ပေါ် ကိုယ်ရပ်စေလိုတယ်။ အနာ ဂတ်ဘဝလေးတွေ ကောင်းမွန်စေ လိုတယ်။ ဒါကြောင့် သင်ပေး တာ ပါ။ တချို့ကလည်း သူတို့ကိုယ်တိုင် က အင်္ဂလိပ်စာကို လိုအပ်လို့ လာ ပြီးသင်ကြတာလည်း ပါပါတယ်။
အတန်းသုံးတန်းခွဲပြီး သင် ကြားပေးနေပါတယ်။ တချို့က လည်းတတ်နိုင်လို့ လစာပေးပြီး လာတက်ကြတာ ရှိပါတယ်။ သူတို့ ဆီက ရတဲ့ ပိုက်ဆံကိုမှ တစ်ဖက် က ချို့တဲ့တဲ့ကလေးတွေကို သင် ကြားပေးရာမှာ စရိတ်အဖြစ် ပြန် သုံးပါတယ်။

အင်္ဂလိပ်စာအပြင် တခြားဘာတွေ ရော သင်ပေးပါသလဲ။
လက်ရှိတော့ အင်္ဂလိပ်စာ တစ်မျိုးတည်းပါပဲ။ ဒါပေမဲ့ နောက် လလောက်ကစပြီး ကွန်ပျူတာ၊ ကားမောင်းသင်တန်းနဲ့ ကားဝပ် ရှော့ သင်တန်းတွေ ပေးဖို့ရှိပါတယ်။ တစ်ခုပြီးတစ်ခု တိုးတက် ဆောင် ရွက်သွားမှာပါ။

အဲဒီသင်တန်းတွေကိုရော ဘယ်သူ တွေက သင်ပေးမှာပါလဲ။
ကျွန်တော် နှစ်နှစ်ကျော်လုံး လုံး လှုပ်ရှားလာခဲ့တဲ့ အသီးအပွင့် လို့ ဆိုရမှာပါပဲ။ ကျွန်တော့်မှာ မိတ်ဖက်အဖွဲ့အစည်းတွေ အများ ကြီးရှိပါတယ်။ သူတို့တွေကလည်း ကူညီဖို့အသင့်ပါပဲ။ မိန်းကလေး တွေအတွက်ဆိုလည်း စက်ချုပ် အခြေခံသင်တန်းလိုမျိုး၊ ဒီဇိုင်နာ သင်တန်းလိုမျိုး ချက်ချင်းအလုပ် ဝင်နိုင်တဲ့ သင်တန်းလေးတွေကို ဖော်ဆောင်ပေးသွားမှာပါ။ ဒါ့ အပြင် ကျွန်တော်နဲ့ခင်တဲ့အနုပညာ ရှင်တွေနဲ့ချိတ်ဆက်ပြီး Special Talk  လိုမျိုး စိတ်ဓာတ်မြှင့်တင်တဲ့ အပိုင်းလေးတွေပါ လုပ်ပေးသွားဖို့ ရှိပါတယ်ဗျာ။

ဟုတ်ကဲ့ပါ။ ဒီလိုတွေ ဘာလို့ လုပ် ဆောင်ပေးရတာလဲ။ ဘယ်လို အကျိုးကျေးဇူးတွေကို မျှော်ကိုးပါ သလဲဆိုတာလည်း အချုပ်အနေ နဲ့ ပြောပြပေးပါဦး။
အဲဒါနဲ့ပတ်သက်ပြီး ပြောစရာ မစ်ရှင်သုံးခု ရှိပါတယ်။ အဲဒါတွေ ကတော့ ၁။ စစ်ပွဲတွေကြောင့် ငြိမ်းချမ်းရေးကို ပိုမိုမြတ်နိုးတတ် လာအောင် ၂။Non Formal Education  လို့ခေါ်တဲ့ ကျောင်းပြင် ပ ပညာရေးကို ဖော်ဆောင်ပေးဖို့ နဲ့ ၃။ သဘာဝပတ်ဝန်းကျင်ကို
ချစ်ခင်ပြီး မြတ်နိုးထိန်းသိမ်းထား တတ်ဖို့ပါ။

ဘာလို့လဲဆိုတော့ ကျွန်တော် တို့ဆီမှာ စစ်တွေ ဖြစ်နေတယ်။ စစ်ကြောင့်မိဘမဲ့တွေ၊ အားကိုးရာ မဲ့ ကလေးတွေ ဖြစ်လာရတယ်။ တစ်ခါ နာဂစ်လို၊ ရေဘေးလို သဘာဝပတ်ဝန်းကျင်ကို မထိန်း သိမ်းတတ်လို့ အဲဒီကအကျိုးဆက် တွေအဖြစ် မိမဲ့၊ ဖမဲ့၊ ဆွေမဲ့၊ မျိုးမဲ့ ကလေးတွေ ဖြစ်ပေါ်လာရတယ်။

အဲဒီကလေးတွေကို ကိုယ့် ကိုယ်ကိုယ် ယုံကြည်ချက်တွေ ဖြစ် လာပြီး ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်လာနိုင်အောင်၊ ငြိမ်းချမ်း ရေး ကို မြတ်နိုးတတ်သွားအောင်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်း သိမ်းတတ်သွားအောင်၊ တစ်ချိန်မှာ ကိုယ်တိုင်လည်း မိခင်ကောင်း၊ ဖခင်ကောင်းတွေ ဖြစ်လာအောင်၊ ကိုယ့်ရဲ့အစွမ်းအစနဲ့ လောကကြီး ကို ပြန်လည်စောင့်ရှောက်ပေးနိုင် အောင်နဲ့ ကိုယ်ကြီးပြင်းလာတဲ့ အခါ ကိုယ့်လိုမျိုး ဘဝတူသမား တွေကို ပြန်ပြီးလမ်းပြပေးနိုင်တဲ့ အနာဂတ်ခေါင်းဆောင်ကောင်း တွေ ဖြစ်လာနိုင်စေဖို့ပါ။ ဒါမှသာ အခု သူတို့ရရှိထားတဲ့ မေတ္တာတွေ ကို တစ်ချိန်မှာ ပြန်လည်ပေးအပ် နိုင်တဲ့သူတွေ ဖြစ်လာမှာပါ။

ဟုတ်ကဲ့ ဖြေပေးလို့ ကျေးဇူးတင် ပါတယ်ရှင်။

Myself Facebook Page -  MyanmarYouth Social & Education Local Focus

No comments: