Wednesday, September 24, 2014

New Kitchen Idea မှ ဟင်းလျာများ



အနောက်တိုင်းအစားအစာတွေကို ကျွန်တော် သိပ်မရင်းနှီးပါဘူး။ ချက်ပြုတ်ကြည့်ဖို့ဆိုတော့လည်း ကိုယ်မရင်းနီးတဲ့ အမျိုးအမည်တွေ ထည့်ချက်ရတာရယ် အတိုင်းအတာတွေကို မတွက်ချက်တတ်တာရယ်ကြောင့်လည်းပါမှာပါ။ ဒါကြောင့်အလွယ်တကူ ၀ယ်စားလို့ရတဲ့ ဘာဂါတို့ ဘာညာသရကာတွေပဲစားဖူးပါတယ်။
အခု ကူးယူပြမယ့် ဟင်းလျာများကတော့ စီးတီးမတ်မှ ကြီးမှူးကျင်းပခဲ့သည့် New Kitchen Idea အစီအစဉ်တွင် စားဖိုမှူး Ko Sunny က ချက်ပြုတ်ပြသခဲ့သော ဟင်းပွဲများဖြစ်ပါတယ် ခင်ဗျ။

ဟင်းပွဲတွေထဲမှာ အသားက ဘယ်လောက် အသီးအရွက်က ဘယ်လိုထည့်ရတယ်ဆိုတာကိုတော့ မသိပါဘူး။ သူက ပါးစပ်ကပဲပြောပြီး ချက်ပြုတ်ပြသွားခဲ့တာကြောင့်ဖြစ်လို့ပါနော်။ သူငယ်ချင်းတို့ လက်မှန်းနဲ့စွမ်းရည်က ဟင်းပွဲကိုပိုအသက်ဝင်စေမှာဆိုတော့ ကြိုးစားချက် ကြည့်ကြလေ ချစ်ချစ်တွေက ဟိုက်ရှားဘားဖြစ်ကုန်ကြလိမ့်မယ်လေ ဟုတ်လား။

Saute Vegetables


ဒီဟင်းလျာမှာတော့ သစ်သီးသစ်ရွက်များဖြစ်တဲ့ ပန်းဂေါ်ဖီ၊ ပြောင်းဖူး၊ မှို၊ ရွှေပဲသီးတို့ကို အသုံးပြုထားတာဖြစ်ပါတယ်။
အသီးအရွက်တွေကို အနေတော်အတုံးလေးတွေတုံးပြီး ကြော်ရပါမယ်။ အဲလိုကြော်မယ်ဆိုရင် ငရုတ်ကောင်း၊ ကြက်သားမှုန့်၊ခရုဆီနဲ့ ဆားအနည်းငယ် ထည့်ပေးဖို့လိုပါမယ်။ အသီးအရွက်တွေကိုတော့ မိမိကြိုက်နှစ်သက်ရာ အစားထိုးပြီးလည်း ထည့်ကြော်နိုင်ပါတယ်။ အသားထည့်ပြီးလည်း စားသုံးနိုင်သလို သတ်သတ်လွတ်ပြုလုပ်ပြီးလည်း စားသုံးနိုင်ပါတယ်။ အားလုံးပြီးသွားရင်တော့ အနံ့မွှေးစေဖို့ အတွက် နှမ်းဆီမွှေးကို အနည်းငယ် ဖြူးပေးရပါမယ်။ တကယ်လို့ နှမ်းဆီမရနိုင်ဘူးဆိုရင် နှမ်းဆီအစား ဟင်းခတ်အမွှေးအကြိုင်လည်း အသုံးပြုနိုင်ပါတယ်။

Cheese & Seaweed Omelet


ဒီဟင်းလျာကတော့ ကြက်ဥကိုအဓိက အသုံးပြုမှာပါ။ ပထမဆုံး ကြက်ဥနှစ်လုံးကိုမွှေပြီး ကြော်ရပါမယ်။ ပြီးရင်တော့ ကြက်သွန်နီလှီးပြီး သားနဲ့ ငရုတ်ကောင်း၊ကြက်သားမှုန့်၊ဆား၊ခရမ်းချဉ်သီးတို့ကို ကြက်ဥကြော်ပေါ်မှာ ဖြူးပေးရပါမယ်။ ပြီးရင် ပန်းကန်ပြားထဲကို ကြက်ဥကြော်ပြီးသားကို ခေါက်ပြီးထည့်ပါမယ်။ အားလုံးပြီးသွားပြီဆိုရင် ဆလပ်ရွက်အနည်းငယ်၊ ခရမ်းချဉ်သီးလှီးပြီးသားအနည်းငယ်နဲ့ အချဉ်ကိုကြိုက်နှစ်သက်သလိုထည့်ပြီး စားလို့ရပြီဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကြက်ဥကြော်ထဲမှာပါဝင်တဲ့ အသီးအရွက်တွေအစား ရေညှိကိုပြုတ်ပြီးလည်းထည့်သွင်းအသုံးပြုစားသုံးနိုင်ပါတယ်။

Grilled Cajum Chicken with Grilled Vegetables


ဒီဟင်းလျာကတော့ ကြက်သားနှင့် ဟင်းသီးဟင်းရွက်တွေကိုအသုံးပြုထားတဲ့ ဟင်းလျာလေးပဲဖြစ်ပါတယ်။ ဒီဟင်းလျာကိုပြုလုပ် ဖို့အတွက် အချိန် ၅မိနစ်ခန့်ကြာမြင့်မှာပါ။ ဒီဟင်းလျာကိုချက်ဖို့ ကြက်သား၊ ငရုတ်ပွဲရောင်စုံ၊ ခရမ်းသီး၊ ဖရုံသခွားတို့လိုအပ်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့အသီးအရွက်တွေကို ကင်ရမှာဖြစ်လို့ မီးကင်တဲ့အခါမှာ အဆင်ပြေစေဖို့ အ၀ိုင်းလေးတွေလှီးပြီး ကြက်သွန်ဖြူ၊ ဟင်းခတ်အမွှေးအကြိုင်၊ဆားအနည်းငယ်နဲ့ ဆီထည့်ကာ ရောနယ်ပေးရပါမယ်။ ပြီးရင် ကြက်သားအပြားကိုလည်း အသီးအရွက်နည်းတူ နယ်ပေးရပါမယ်။ အားလုံးပြီးသွားရင်တော့ အကင်အိုးထဲမှာ ကြက်သားအသီးအရွက်တွေကိုထည့်ပြီး ကင်ရပါမယ်။ (အကင်အိုးအစား မီးသွေးမီးဖိုကိုလည်း အသုံးပြုနိုင်ပါတယ်။) ကင်ပြီးသွားရင်တော့ ပြီးပြည့်စုံတဲ့ဟင်းလျာကို ရရှိပြီဖြစ်ပါတယ်။

No comments: