Thursday, September 4, 2014

သတင်းစုံ



 ဘယ်အချိန်တွေမှာ မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို သုံးစွဲဖို့လိုအပ်သလဲ

ရောဂါတစ်ခုခုကို ဆေးကုသဖို့ အတွက် ဆရာဝန်နဲ့ ညွှန်ကြားချက်အတိုင်း သန့်စင်ဆေးကြောဆေးရည်ကို လိုအပ်သလို ရွေးချယ်သုံးစွဲနိုင်ပါတယ်။ ရေရှည်တော့ မသင့်တော်ပါဘူး။

မိန်းမကိုယ်ဟာ ပိုးမွှားဝင်ပြီး PH မျှ ခြေပျက်နေမယ် အနံ့တွေ ဘာတွေဆိုးရွားစွာ နံနေမယ်ဆိုရင်တော့ PH Level 5 အဆင့်ရှိတဲ့ ပါဝင်တဲ့ မိန်းမကိုယ် သန့်စင်ဆေးကြောရည်တွေကို ရွေးချယ်သုံးစွဲနိုင်ပါတယ်။ မိန်းမကိုယ်မှ ထွက်တဲ့အရည် Vaginal discharge အကြောင်းကို အနည်းငယ်လေ့လာကြည့်ရအောင်။ မျိုးပွားနိုင်တဲ့ အသက် အရွယ်တွေဖြစ်တဲ့ အသက် ၁၆ နှစ်မှ ၄၅ နှစ်အတွင်းမှာ ပုံမှန် မိန်းမကိုယ်ထဲက vaginal discharge တွေဆင်းလေ့ ရှိပါတယ်။ ပမာဏ၊ အရောင် ပါဝင်မှုနဲ့ အနံ့တွေ ပြောင်းလဲသွားတဲ့အခါမှာတော့ ဒါဟာ ရောဂါတစ်ခု ဖြစ်နိုင်ပါပြီ။

ဒီလိုပြောင်းလဲခြင်းဟာ internal factors တွေဖြစ်တဲ့ ဟော်မုန်းပြောင်းလဲခြင်း၊ စိတ်ဖိစီးမှုများခြင်း စတာတွေကြောင့် ဖြစ်နိုင်သလို external factors တွေဖြစ်တဲ့ ပိုးဝင်ခြင်း၊ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း စတာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
မိန်းမကိုယ်ထဲမှ ထွက်တဲ့ အရည်ဟာ အစိမ်းရောင်ဖက်သမ်းနေပြီး အနံဆိုးတွေလည်း ရှိမယ်။ ပမာဏကလည်း နည်းလိုက် များလိုက်ဖြစ်မယ် ဆိုရင်တော့ ဒါဟာ vaginitis လို့ခေါ်တဲ့ မိန်းမကိုယ် ရောင်ရမ်းခြင်းဖြစ်နိုင်ပါတယ်။

Vaginal Discharge ရဲ့ လက္ခဏာတွေကတော့ -
- ယားယံခြင်း
- အနီကွက်များထွက်ခြင်း
- တင်ပဆုံရိုးအတွင်းပိုင်းနာခြင်း
- အနံဆိုးရွားခြင်း
- ဆီးသွားစဉ် နာကျင်ခြင်း ပူခြင်း
- အဖျားတတ်ခြင်း
- ကြွက်နို့ကဲ့သို့ အဖုလေးများပေါက်ခြင်း
- ရာသီမဟုတ်သော မူမမှန်သွေးဆင်းခြင်း စသည်တို့ ဖြစ်ပါတယ်။


Good Health - ဘယ်အချိန်တွေမှာ မိန်းမကိုယ် သန့်စင်ဆေးရည်တွေကို သုံးစွဲဖို့လိုအပ်သလဲ

AIDS နှင့် နာတာရှည် လူနာများအတွက် ဆေးဒါနပြုခန်း

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင် သာယာမြို့နယ်၊ အောင်ဇေယျ မြို့တော်ထိပ်နှင့် အောင်မြေသာ ယာဘုရားမုခ်ဦးရှေ့တွင်AIDS နှင့် နာတာရှည်လူနာများအတွက် (နေ့စဉ်) ဆေးဒါနပြုခန်းကို ဖွင့် လှစ်ထားပြီးဖြစ်ရာ ဧ၀တိုင်းရင်း ဆေးတိုက်မှAIDS နှင့် နာတာ ရှည်လူနာများအတွက် အထူးစီမံ ဖော်စပ်ထားသော ဆေးဝါးများကို 
လှူဒါန်းပေးသွားမည်ဖြစ်ပြီး ဆေးဝါးလှူဒါန်းမှုနှင့်အတူ ဆေးမှတ်တမ်းများထားရှိ မှတ်တမ်းယူ ခြင်း၊ CD4 Count တိုင်းတာစစ် ဆေးပေးခြင်း၊ ကိုယ်အလေးချိန် မှတ်တမ်းယူကာ တစ်ပတ်စာ ဆေးဝါးလှူပြီး တစ်ပတ်ပြည့်၍ ပြန်လည်ပြသပါက တိုးတက်မှု ရှိ/မရှိ ပြန်လည်စစ်ဆေးခြင်း ဆေးဝါးများ ထပ်မံ၍ တစ်ပတ်စာ အပတ်စဉ် ဆေးလှူခြင်းများ ပြု လုပ်ကာ ဆေးဝါးကုသမှုဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

စွန်ရဲနက်(ရွှေမှော်ဝန်း)
Hot News

New Myanmar - AIDS နှင့် နာတာရှည် လူနာများအတွက် ဆေးဒါနပြုခန်း

မြန်မာနိုင်ငံ၌ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ လူနာသစ် တစ်နေ့လျှင် ၂၀ ဦးခန့်ရှိပြီး ခင်ပွန်းမှတစ်ဆင့် ဇနီးသို့ ကူးစက်ခံရနှုန်း အများဆုံးဖြစ်နေဟုဆို

 မြန်မာဖီးနစ်အဖွဲ့မှ ဖွင့်လှစ်ထားသည့် တည်းခိုဆောင်တွင် နယ်မှဆေးလာရောက်ထုတ်ယူသည့် အိတ်ခ်ျအိုင်ဗွီဝေဒနာရှင်တစ်ဦး တွေ့ရစဉ် (ဓာတ်ပုံ-ကြည်နိုင်) မြန်မာနိုင်ငံ၌ တစ်နေ့လျှင် အိတ်ခ်ျအိုင်ဗွီပိုး ကူးစက် ခံနေရသူ လူနာသစ် ၂၀ ခန့် ရှိနေပြီး ကူးစက်ခံရသူ အများစုမှာ ခင်ပွန်းမှတစ်ဆင့် အိမ်ထောင်ရှင်အမျိုးသမီး (ဇနီး)ထံသို့ ကူးစက်မှု အများဆုံးဖြစ်နေကြောင်း ‘HIV Estimates and Projections Asian Epide miological Model Myanmar 2010-2015’ တွင် ဖော်ပြချက်အရ သိရသည်။

၂၀၁၃ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်းတွင် အိတ်ခ်ျအိုင်ဗွီကူးစက်ခံရမှုမှာ တစ်ရက်လျှင် ၆၀၀၀ ခန့်ရှိခဲ့ပြီး ယင်းတို့အနက် အသက် ၁၅ နှစ်အောက် ကလေးငယ်များ ကူးစက်ခံရမှုမှာ ၇၀၀ ခန့်နှင့် အသက် ၁၅ နှစ်အထက် အရွယ်ရောက်ပြီးသူများတွင် ကူးစက်ခံရမှုမှာ ၅၂၀၀ ကျော်ရှိခဲ့ကြောင်း UNAIDS ၏ ထုတ်ပြန်ချက်များအရ သိရသည်။

၂၀၁၃ ခုနှစ်၏ စာရင်းများအရ ကမ္ဘာတစ်ဝန်းတွင် အိတ်ခ်ျအိုင်ဗွီ ကူးစက်ခံရမှုမှာ တစ်နေ့လျှင် ၆၀၀၀ ခန့်ရှိနေပြီး ၎င်းတို့အနက်မှ ၄၇ ရာခိုင်နှုန်းမှာ အမျိုးသမီးများဖြစ်ကြောင်း၊ ၃၃ ရာခိုင်နှုန်းမှာ အသက် ၁၅ နှစ်မှ ၂၄ နှစ်ကြား လူငယ်များဖြစ်ကြောင်း သိရသည်။
စစ်တမ်းများတွင် ဖော်ပြထားချက်များအရ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရမှုအများဆုံးမှာ အန္တရာယ်ထူးထူးခြားခြားမရှိသည့် အမျိုးသမီးတွင် ၃၂ ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင်ရှိနေပြီး မူးယစ်ဆေးထိုးသူများသည် ၂၆ ရာခိုင်နှုန်း၊ အမျိုးသားချင်း စုံမက်ခြင်းသည် ၁၆ ရာခိုင်နှုန်း၊ အပျော်အပါးလိုက်စားသူ အမျိုးသားများတွင် ဖြစ်ပွားသူ ၁၅ ရာခိုင်နှုန်း၊ အန္တရာယ်ရှိသည့် အခြေအနေတွင် မရှိနေသည့် အမျိုးသားများတွင် ခုနစ်ရာခိုင်နှုန်းနှင့် အမျိုးသမီးလိင်လုပ်သားများတွင် ဖြစ်ပွားမှု လေးရာခိုင်နှုန်းရှိကြောင်း သိရသည်။
ထို့ပြင် WHO၊ UNAIDS နှင့် UNICEF တို့ ပူးပေါင်းစစ်တမ်းကောက်ယူထားချက်အရ မြန်မာနိုင်ငံရှိ အသက် ၂၅ နှစ်အောက် ဆယ်ကျော်သက် လူငယ်များအကြား အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ပျံ့နှံ့မှု မြင့်တက်လျက်ရှိပြီး စိုးရိမ်ဖွယ် အနေအထားတွင် ရှိနေကြောင်း သိရသည်။

လက်ရှိ ရန်ကုန်မြို့တွင် ကူးစက်မှုမြင့်မားသည့် လူထုအကြား အသက် ၂၅ နှစ်အောက် လူငယ်များအကြား အိတ်ခ်ျအိုင်ဗွီရောဂါဖြစ်ပွားနှုန်း မြင့်တက်နေပြီး မူးယစ်ဆေးထိုးမှုကြောင့် ကူးစက်မှု ၁၃ ဒသမ ၃ ရာခိုင်နှုန်း၊ လိင်လုပ်သားများအတွင်း ကူးစက်မှု ၅ ဒသမ ၉ ရာခိုင်နှုန်းနှင့် အမျိုးသားအချင်းချင်း လိင်တူဆက်ဆံမှုကြောင့် ကူးစက်မှု ၄ ဒသမ ၅ ရာခိုင်နှုန်း အသီးသီးရှိကြောင်း သိရသည်။

အသက် ၂၅ နှစ်အောက် အိတ်ခ်ျအိုင်ဗွီရောဂါဖြစ်ပွားမှု အန္တရာယ်များသည့် အသိုင်းအ၀ိုင်းအတွင်း ကွန်ဒုံးသုံးစွဲမှု မြင့်မားလာသော်လည်း လူဦးရေအချိုးအစား အနည်းငယ်သာ အိတ်ခ်ျအိုင်ဗွီရောဂါပိုး စစ်ဆေးမှုခံယူခဲ့ကြောင်း၊ မူးယစ်ဆေးဝါး သုံးစွဲသူသုံးဦးလျှင် တစ်ဦးနှုန်း၊ လိင်လုပ်သားသုံးဦးတွင် နှစ်ဦးနှုန်း၊ အမျိုးသားအချင်းချင်း လိင်တူဆက်ဆံသူများတွင် ထက်ဝက်နှုန်းခန့် ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ၂၀၁၃ ခုနှစ်အတွင်း တစ်ကမ္ဘာလုံး၌ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံရသူ လူနာသစ်ဦးရေ ၂ ဒသမ ၁ သန်းခန့်ရှိပြီး အသက် ၁၅ နှစ်မှ ၄၉ နှစ်ကြား အရွယ်ရောက်ပြီး လူနာသစ် ၁ ဒသမ ၉ သန်း၊ အသက် ၁၅ နှစ်အောက် ကလေးငယ် ၂၄၀၀၀၀ ခန့်ရှိကြောင်းနှင့် အေ့စ်ရောဂါနှင့် ဆက်နွှယ်ပြီး သေဆုံးရသူ ၁ ဒသမ ၅ သန်းရှိခဲ့ကြောင်း သိရသည်။

အိသဉ္ဇာကျော်
Myawaddy Daily - မြန်မာနိုင်ငံ၌ အိတ်ခ်ျအိုင်ဗွီပိုး ကူးစက်ခံနေရသူ လူနာသစ် တစ်နေ့လျှင် ၂၀ ဦးခန့်ရှိပြီး ခင်ပွန်းမှတစ်ဆင့် ဇနီးသို့ ကူးစက်ခံရနှုန်း အများဆုံးဖြစ်နေဟုဆို

No comments: