Wednesday, September 10, 2014

အသီးအနှံဖျော်ရည်လေးတွေ (၁)


ဒီနေ့အတွက် သဘာဖျော်ရည် 



ဖျော်စပ်နည်း (၁) အိမ်တွေမှာပဲဖြစ်ဖြစ် ကျောင်းမှာပဲဖြစ်ဖြစ် သစ်သီးဖျော်ရည်ဆိုရင် အသီးအနှံတစ်မျိုးတည်းကိုပဲ ဖျော်စပ်သောက်သုံးလေ့ရှိကြတာ နယ်ကလူတွေအတွက်အကျင့် ဖြစ်နေကြပါပြီ။ အခုတော့ သုံးလေးမျိုးရောစပ်လို့ အရသာအသစ်ကိုခံစားတတ်ကြတာ မြို့နေလူတွေအတွက် ရိုးအီနေပေါ့နော်။ 

ကျွန်တော်ပြောပြရေးပြဝေငှပြဖြစ်တဲ့ ဖျော်ရည်ဖျော်စပ်နည်းလေးတွေက ဘေးဥပါဒ်လည်းမဖြစ် ဓာတ်စာသဘောလည်းကျတဲ့ ဖျော်ရည် လေးတွေပဲဖြစ်ပါတယ်။ မနက်ခင်းစောစော ဗိုက်ထဲအစာသိပ်မများခင် တွဲစပ်သောက်တော့ အဟာရတွေက အပြည့်အ၀နီးပါးရတာပေါ့။ တစ်ခုသတိထားရမှာက အချို့သော အသီးအနှံများဟာ လတ်လတ်ဆတ်ဆတ်လှီးချွတ်ပြီးပြီးခြင်း စားသောက်မှ သူ့ထဲမှာပါတဲ့ အဟာရ ဓာတ်တွေရတယ် အချိန်ကြာသွားရင် ယုတ်လျော့သွားတတ်တယ်ဆိုတာပါပဲ။ ဥပမာ - လိမ္မော်သီး

အသီးအနှံလေးတွေကို မဖျော်စပ်ခင် သေချာဆေးကြောပြီးမှ ဖျော်စပ်ကြပါလို့ပြောရတာက Organic သီးနှံမဟုတ်ခဲ့ရင် ပိုးသတ်ဆေး ဓာတုဆေးအကြွင်းအကျန်တွေပါလာမှာစိုးရိမ်လို့ဖြစ်ပါတယ်။

အခုပြောပြမယ့် အသီးအနှံလေးတွေဟာ ဗီတာမင်ဓာတ်တွေ အရမ်းကြွယ်ဝနေတော့ The Vitamin Juice လို့ပြောရလောက်အောင်ပါပဲ။ ဗီတာမင်စီတွေပါတယ် ဗီတာမင်ဘီတူးဓာတ်တွေမကျန်ခဲ့ဘူး ပြီးတော့ ကိုယ်တွင်းဆဲလ်တွေရဲ့စွမ်းဆောင်ရည်ကိုမြှင့်တင်ပေးပြီး ကိုယ်ခံ စွမ်းအားကို သန်စွမ်းတောင့်တင်းစေမှာပါ။ အိမ်မှာ ကလေးတွေရှိရင်တော့ တစ်စက်မကျန်မော့သောက်ကြမှာမြင်ယောင်သေးတော့တယ်။ ကဲ သခွားမွှေး (HoneyDew), အရောင်နက်နက် စပျစ်သီး (black grapes)၊ ဖရဲသီး (watermelon) နဲ့အတူ နို့(Milk)တို့ပေါင်းစပ်မယ့် ဖျော်ရည်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

သခွားမွှေး - တစ်ခြမ်း

ဖရဲသီး - တစ်ခြမ်း

စပျစ်သီး - တစ်ခွက်စာ

နို့ - တစ်ခွက်စာ

(ပါဝင်ပစ္စည်းများကို နမူနာအတိုင်းအတာပြထားတာပါ။ တကယ်တန်းတော့ ပါဝင်ပစ္စည်းအားလုံး ဆတူထည့်ရမှာဖြစ်ပါတယ်။)

ဖျော်စပ်ပြင်ဆင်ပုံ
အသီးအနှံတွေကို သေချာဆေးကျောသန့်စင် ကာ သန့်ရှင်းသော Blender ထဲသို့ သခွားမွှေးကိုအရင်ထည့်၊ ဖရဲသီးထည့်၊ စပျစ်သီးထည့် နောက်ဆုံး နို့ကိုတိုင်းဆထည့်ကာ ရောသမမွှေလိုက်ပါ။

ကိုယ့်စိတ်ကြိုက်အနေအထားရောက်ပြီဆိုတာနဲ့ သန့်ရှင်းသော ဖန်ခွက်များတွင်ထည့်ပြီး အားရပါးရသောက်နိုင်ပါပြီ။

ဖျော်စပ်နည်း (၂)
ရာသီပေါ်အသီးအနှံလေးတွေရယ် အမြဲလိုလိုဝယ်ခြမ်းနိုင်တဲ့အသီးအနှံလေးတွေရယ်ရောစပ်ပြီးတော့ဖျော်သောက်မယ်ဆိုရင် လူတိုင်း လိုလိုလားလားသောက်ချင်ကြမယ်နဲ့တူတယ်။ ကွမ်းအရမ်းစားတဲ့လူတွေကဘာကြောင့် ဖရဲသီးကိုအားရပါးရ ဓာတ်စာအနေနဲ့စားကြ တာလဲ? ဒူးရင်းနဲ့ မင်းဂွတ်သီးတွေဘာကြောင့်တွဲစပ်တွေ့နေရတာလည်းသတိမူမိကြလားခင်ဗျ။

အခုပြောပြမယ့် သဘာဝအသီးအနှံဖျော်ရည် ဖျော်စပ်နည်းကတော့ကျွန်တော်အကြိုက်ဆုံးလို့ပြောရင်ရပါတယ်။ ရေလေးဆေးလို့ တဂျွမ်းဂျွမ်း ကိုက်ဝါးနိုင်တဲ့ပန်းသီး(Apple)၊ အရသာ ချဉ်ပြုံးလေးနဲ့ စားရတာအဆင်ပြေတဲ့ နာနတ်သီး (Pineapple)၊ ရေဓာတ်အပြည့်အ၀ပါပြီး ချိုမွှေးတဲ့အရသာပေးစွမ်းတဲ့ ဖရဲသီး(Watermelon) အမယ်သုံးမျိုးထဲရယ်ပါ။ဒီသုံးမျိုးကို Blenderနဲ့ မွှေလို့ရလာမယ့် ဖျော်ရည်တစ်ခွက်ဟာ လူတိုင်းကို သွားရေယိုစေမယ်ထင်ပါတယ်။

အထက်ပါ အသီးအနှံ့သုံးမျိုးကိုပေါင်းစပ်သောက်သုံးခြင်းဖြင့်ရလာမည့်ရလာဒ်ကတော့ The Wild Things လို့ပြောနိုင်အောင်ပဲ ကိုယ်တွင်းထဲက အငန်ဓာတ်တွေကိုလျော့နည်းစေတယ်၊ ဆီးအိမ်နဲ့ ကျောက်ကပ်တွေအတွက် သင့်တော်ကောင်းမွန်သောသီးနှံဖျော်ရည်လေးလို့ဆိုနိုင်မှာပါ။ အချို့လူတွေကတော့ ဆားလည်းနည်းနည်းထည့်လို့သောက်တတ်ကြပေမယ့်ကျွန်တော်ကတော့ ဆားမထည့်ပဲသောက်ပါလို့ညွှန်းဆိုချင်ပါတယ်။

Ingredients- ပါဝင်ပစ္စည်းများ 

ပန်းသီး - ၂ လုံး

နာနတ်သီး - ၁ခြမ်း (တစ်လုံးလုံးကိုထက်ဝက်ခြမ်းထားတဲ့ တစ်ခြမ်း)

ဖရဲသီး - ၁/၄  လုံး (တစ်လုံးကို လေးစိတ်စိတ်လိုက်မယ်ဆိုရင် တစ်စိတ်ပေါ့။ဖရဲသီးအစေ့တွေကိုတော့ ဖယ်ထုတ်ထားတာအကောင်းဆုံးပေါ့နော်။ သူပါရင် အရသာကတစ်မျိုးဖြစ်နေဦးမှာ။)

(ပါဝင်ပစ္စည်းတွေက နမူနာပြောပြထားတာနော်အတိုင်းအဆကိုတော့ ကိုယ်သောက်နိုင်မယ့်အနေအထားနဲ့ချိန်ပေါ့နော်)

ပြင်ဆင်ပြုလုပ်ပုံ
အသီးအနှံတွေအကုန်လုံးကို သန့်စင်ပြီးသကာလBlender ခပ်သန့်သန့်ထဲသို့  နာနတ်သီး ထည့်မွှေ၊နောက်ဖရဲသီးကိုထည့်ကာ နောက်ဆုံးမှာတော့ ပန်းသီးကိုထည့်လို့ ခပ်သွက်သွက်မွှေပစ်လိုက်ပါ။

ကိုယ့်စိတ်ကြိုက်အနေအထားရောက်ပြီဆိုရင်သန့်ရှင်းသော ဖန်ခွက်တစ်ခုထဲသို့ထည့်ကာ လတ်လတ်ဆတ်ဆတ် သုံးဆောင်ပါ။

 to be continued

No comments: