Monday, August 26, 2013

သီချင်းများနဲ့ရွက်လွှင့်တဲ့ ရုံးပိတ်ရက်လေးတစ်ရက်


ဒီကနေ့ ရုံးပိတ်ရက် သီချင်းလေးတွေဟိုရှာဒီရှာနဲ့ နားထောင်ဖြစ်တာတိုက်တိုက်ဆိုင်ဆိုင် ရောခ့်သီချင်းတွေလည်းပါတယ်၊ ခပ်မြူးမြူး ပေါ့ပ် သီချင်းတွေလည်းပါတယ်၊နောက်ပြီး အချစ်သီချင်းခပ်ချိုချိုပေါ့ပ်သီချင်းလေးတွေလည်းပါတယ်ဗျ။ သီချင်းလေးတွေကိုနားထောင်ရင်း သတိရတယ် မန္တလေးကအတိတ်နေ့ရက်လေးတွေကိုပေါ့။ ကျွန်တော်က ကျောင်းတက်ရင်းတစ်ပြိုင်တည်းလို အလုပ်လည်းလုပ်တာကိုး။

မန္တလေးအလုပ်မှာတုန်းက လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းလေးတစ်ယောက်ရှိတယ်။ခပ်ပြင်းပြင်းမော်ဒန်ရော့ခ်တွေကို သူက အဲ့ဒီခုနှစ် တွေကတည်းကနားထောင်နေပြီ။ ခပ်ပြင်းပြင်းဒရမ်ရိုက်ချက်တွေ…ဆိုပုံဆိုပေါက် ခပ်ဆန်းဆန်း Marlyn Mason, Linking Park, Limpbizskit , Slipnot စတဲ့အဖွဲ့တွေလိုမျိုးပေါ့။ ကျွန်တော့်အနေနဲ့ဆို ဘယ်လိုမှမခံစားတတ်ခဲ့ဘူး။နောက်တစ်ယောက်ကျပြန်တော့ တော် တော့်ကိုအေးတဲ့သီချင်းတွေနားထောင်တယ်။ Jazz တို့လိုမျိုးSoul ဂီတမျိုးတွေ Blackmore Night အဖွဲ့လိုမျိုးတွေကိုပေါ့။ ကျွန်တော် ကတော့ ကြားလူပေါက်သီချင်းတွေမှနားထောင်ဖြစ်တယ် ခပ်မြူးမြူး Electro ပုံစံတွေနားထောင်ဖြစ်ခဲ့ တယ်။အလုပ်တွေအားပြီ သင်တန်းသားတွေလည်းမရှိဘူးဆိုရင် ဖွင့်ကြပါပြီ ကိုယ်ကြိုက်တဲ့သီချင်း။

တီလုံးသံတွေကြားမိရင် ဒါဘယ်သူကြိုက်တဲ့သီချင်းမျိုးဆိုတာအမှတ်တရရှိနေတတ်ပါတယ်။ ကဲပါ…ပြောလိုရင်းက ဒီနေ့ရုံးပိတ်ရက် သီချင်းလေးတွေနားထောင်ဖြစ်တဲ့အကြောင်း။

(၁) ပထမဦးဆုံးနားထောင်ဖြစ်တဲ့ သီချင်းက Jason Maraz ရဲ့I Won’t Give up ဆိုတဲ့သီချင်းလေး။ ချစ်သူရဲ့မျက်ဝန်းတွေက ကောင်းကင်က ကြယ်ပွင့်လေးတွေလိုတောက်ပတယ်….မျှော်လင့်ချက်တွေကမိုးမြေအဆုံးစတဲ့စာသားလေးတွေနဲ့ ခပ်ငြိမ့်ငြိမ့် သီချင်းလေး။ သီချင်းလေးနဲ့အတူ မိုးအေးအေးမှာ မျောလွင့်သွားရပါတယ်။I don't wanna be someone who walks away so easily
I'm here to stay and make the difference that I can make…Our differences theydo a lot to teach us how to use ပါတဲ့ နားထောင်ကြည့်ကြပါဦး သူငယ်ချင်းတို့ရေ။

MTV: http://www.youtube.com/watch?v=O1-4u9W-bns

(၂) ဒုတိယတစ်ပုဒ်ကတော့ Avril Lavigneရဲ့ I Will be ချစ်သူရဲ့အနားချစ်သူ့ရဲ့ဆန္ဒ ချစ်သူ့ကိုဖေးမလိုတဲ့စိတ်တွေက ကျွန်တော်တို့မှာရှိပြီးသား။ ကိုယ့်ချစ်သူနဲ့အတူအသက်ရှင်သန်နေထိုင်သွားဖို့ မင်းအနားငါရှိမယ်ဆိုတဲ့ I will be with youforever
To get you through the day and make everything OK အဓိပ္ပါယ်တွေနဲ့ နားထောင်လို့ကောင်းတဲ့သီချင်းလေးတစ်ပုဒ်။ သူကတော့ ပေါ့ပ်မဆန်ဘဲ ရော့ခ်ဆန်ပါတယ်။

MTV: http://www.youtube.com/watch?v=S-5r_NYUsUk

(၃) တတိယတစ်ပုဒ်ကတော့ သူ့သီချင်းတစ်ပုဒ်ကိုနားထောင်လိုက်တာနဲ့Kesha ဆိုတာတန်းသိလောက်အောင်ပဲ သီချင်းဆိုပုံ ခပ်ဆင်ဆင်တွေဖြစ်နေတတ်တဲ့ Kesha ရဲ့ ခပ်ပေါက်ပေါက်သီချင်းလေးတစ်ပုဒ်…I think of you ပါတဲ့။ ခပ်မြူးမြူးလေးနဲ့ စာသားတွေက So I’ve got yourmessage, Are you having fun, With your fugly girlfriend? I’ve moved on  တစ်မျိုးလေး။ နားထောင်ကြည့်ကြပါဦး။

MTV: http://www.youtube.com/watch?v=CnQynwWYeSk

(၄) စတုတ္ထတစ်ပုဒ်ကတော့ မိန်းမလှနဲ့လူသတ်သမားရဲ့နာမည်နှစ်ခုကိုပေါင်းစည်းထားတဲ့Marilyn Mason ရဲ့ Sweet Dreams ဆိုတဲ့ သီချင်းလေးကို နားထောင်ဖြစ်ပါတယ်။ အဓိပ္ပာယ်တော်တော်ကောင်းပါတယ်..အစပျိုးတုန်းကခပ်ငြိမ်ငြိမ့်နဲ့ နောက်ပိုင်းတော့ ခံစား ချက်ခပ်ပြင်းပြင်း တီလုံးသံခပ်ပြင်းပြင်းတွေနဲ့ရော့်ခ်ခပ်ပြင်းပြင်းသီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ Some of them want to useyou
Some of them want to get used by you….Some of them want to abuse you….Some ofthem want to be abused စာသားအချို့ပေါ့နော်..။

MTV: http://www.youtube.com/watch?v=F7cPgonpbwo

(၅) Oh Love…Oh Love ဆိုတဲ့စာသားလေးတွေနဲ့စတင်ထားပြီး အဓိပ္ပါယ်ကောင်းမွန်တဲ့စာသားလေးတွေနဲ့သူတို့ မူဟန်အတိုင်းဆို ထားတဲ့ Green Day ရဲ့ Oh Love ဆိုတဲ့သီချင်းလေးကို နောက်ဆုံးပိတ်အနေနဲ့နားထောင်ဖြစ်ပါတယ်။အီဒီယံအသုံးတွေကို အစပိုင်း တော့ သိပ်နားမလည်ဘူးပေါ့နော်။ အဘိဓာန်ကိုလှန်ကြည့်ပြီးပြန်နားထောင်တဲ့အခါမှာတော့ သဘောတကျဖြစ်သွားရတဲ့ သီချင်း တစ်ပုဒ်ဖြစ်ပါတယ်။ Faraway, far away…Waste away tonight…I'm wearing my heart on a nooseနားထောင်ကြည့်ကြပါဦး သူငယ်ချင်းတို့ရေ။

MTV: http://www.youtube.com/watch?v=IWwMqa-_210

လိုင်းကြောင်တယ်လို့တော့မပြောကြနဲ့နော် ဂီတဆိုတာရယ် ဂီတပုံဟန်တွေအမျိုးမျိုးကွဲပြားကြတယ်ဆိုတာကျွန်တော်လည်းသိပြီးသား။ ဂီတဆိုတာ ကိုယ့်ရင်ထဲအတွေးထဲက ခံစားချက်တွေကို ကိုယ့်မူဟန်အမျိုးမျိုးနဲ့ဖွင့်အန်ကြတာပဲဗျာကိုယ့်စိတ်ခံစားချက်အခြေအနေပေါ်မူ တည်ပြီး နားထောင်တာအပြစ်တော့မဟုတ်လောက်ပါဘူး။ ဂီတဖန်တီးသူမဟုတ်တဲ့ခံစားသူသက်သက်ကျွန်တော့်အဖို့ သီချင်းလေးတွေ ကိုအမျိုးမျိုးပဲနားထောင်ဖြစ်ပါတယ်လို့နော်။
သူငယ်ချင်းတို့ရော ဘယ်လိုအချိန်တွေမှာ သီချင်းနားထောင်ဖြစ်ကြလဲဗျ။

ဇာနည်(24 Aug 2013)

No comments: