Tuesday, October 23, 2018

Samsung Galaxy Note 9 Review: All-D



Zawgyi


Design & Build Quality




Display



Lock Screen Security


Speaker & Audio Quality



Performance




Battery Life




1hr ကို 64% နဲ့

Camera







System & Others




Unicode

Samsung ရဲ့ Note Series တွေအပေါ် သဘောကျတဲ့အချက်တစ်ချက်ရှိတယ်။ အဲဒါကတော့ နာမည်နဲ့လိုက်တဲ့ သူ့ရဲ့စွမ်းဆောင်ရည်ကြောင့်ပါ။ နည်းပညာတိုးတက်လာခဲ့ ခေတ်ကြီးမှာ Galaxy Note တွေဟာ Phone တစ်လုံးထက်ပိုတဲ့ Smart Device တွေလို့ပြောရင်လည်း မမှားလောက်ပါဘူး။ ဆိုတော့ကာ ဒီနေ့မှာ Samsung ရဲ့ Galaxy Note 9 လို Premium Flagship ဖုန်းတစ်လုံးကနေ ဘယ်လို Experience မျိုးတွေ ပြန်ရနိုင်မလဲဆိုတာကို အခု Review နဲ့အတူ ပြောပြသွားမှာပါ။

Design & Build Quality

လေးထောင့်ဆန်တဲ့ သူ့ရဲ့ Design ဟာ Note 9 ကို Galaxy S series တွေကနေကွဲထွက်စေတဲ့ ပထမဆုံးအချက်ပါ။ ဒီဖုန်းအပေါ် First Impression ကတော့ သူ့မှာအသစ်ပါလာတဲ့ Copper Color ပေါ့။ "ခန့်ထည့်တယ်" ဆိုတဲ့ Feeling မျိုးကို ရစေတယ်။ Design ပိုင်းနဲ့ပတ်သက်ပြီး Personally မကြိုက်တဲ့အချက်က Camera Position ပါ။ (S9+ တုန်းက ဒေါင်လိုက်ပုံစံကို ပိုသဘောကျမိတာကြောင့်လည်းပါမယ်။) Fingerprint ကလည်း နေရာမှန်သွားပြီဆိုတော့ ကျောဘက် Design မှာ ကျန်တာအပြစ်ပြောစရာမရှိ။

Notch ကြိုက်တာ၊ မကြိုက်တာကို ဘေးချိတ်ထားပြီး ခုချိန်ထိ Notch မသုံးပဲ ကိုယ်ပိုင် Design တစ်ခုကို ထိန်းထားနိုင်တာတစ်ခုနဲ့တင် Samsung ကို ချီးကျုးမိတယ်။  (ရှိန်းမောင်ဦး Pixel) ရှေ့၊ နောက် Glass ကို ဘေးဘောင်နှစ်ဖက်မှာ ကွေးပြီး ကြားကနေ Metal Frame ကို ခပ်သေးသေးလုပ်ထားတဲ့ Design က 0.35" အထူရှိတဲ့ ဒီဖုန်းကိုရုတ်တရက်ကောက်ကိုင်လိုက်ရင် သိပ်မထူသလို Feeling မျိုးကို ရစေတယ်။ (ရေရှည်ကိုင်လာရင်တော့ ထူတာက သိသာလာတယ်) Glass Body နဲ့မို့ Premium ဆန်တဲ့ ခံစားချက်မျိုး ပေးနိုင်တယ်ဆိုရမယ်။

Samsung ထုံးစံတိုင်း Volume နဲ့ Bixby Button က ဘယ်၊ Power Button က ညာဆိုတော့ Samsung ပြောင်းကိုင်ခါကလူအဖို့ ခလုတ်မှားနှိပ်တာမျိုးဖြစ်တတ်တယ်။ Button တွေကလည်း Clicky ဖြစ်တယ်။ တစ်ခုလေးဘဝင်မကျတာက Sim Tray ကို Plastic နဲ့လုပ်ထားတာလေးပါ။ (အမြဲအထုတ်အသွင်းလုပ်နေ၊တွေ့နေမှာမဟုတ်ဘူး ယူဆလို့လားပဲ) ဒီတော့ Overall ပြောရရင် Premium Level Design နဲ့ Build Quality တွေ Galaxy Note 9 မှာ အပြည့်အဝရှိနေပါတယ်။

Display

Samsung Flagship တွေရဲ့ အားအသာဆုံးအချက်လို့တောင် ပြောရမလားပဲ။ Note 9 မှာ 6.4" Quad HD+ Super AMOLED Display ကို သုံးထားတယ်။ Display Quality ကတော့ တကယ့် Top Notch ပါ။ သူ့ရဲ့ ဘေးဘောင်နှစ်ဖက်က သိပ်မကွေးတော့တာတွေ့ရတယ်။ (ဖုန်းကို ကိုင်ထားချိန်မှာ ဘေးဘောင်တွေကို လက်နဲ့သွားထိပြီး Touch ဝင်တာမျိုးမဖြစ်ရအောင်လို့ ထင်ရဲ့) Display Size ကြီးလို့ One-handed Usage တော့ အဆင်မပြေ။ ဖြစ်နိုင်ရင် သူ့မှာ Default ထားပေးတဲ့ 1080p ကိုပဲ သုံးစေချင်တယ် (Battery စားနှုန်း အတော်လေးသက်သာလို့ပါ)

S.AMOLED မို့ Color တွေစိုတယ်။ HDR 10 ပါလို့ Wide Color Support ရတယ်။ Contrast Mode ၄မျိုးပါပေမယ့် Natural Color ကို ပိုသဘောကျတဲ့ကိုယ်တွေတွက်တော့ Basic Mode လေးက Color Accurate အတော်လေးဖြစ်တယ်။ ဒီတော့ Galaxy Note 9 အနေနဲ့ Display ပိုင်းကို A+ ပေးနိုင်လောက်တဲ့ Level တစ်ခုမှာ ရှိနေပါတယ်။

Lock Screen Security

Premium Flagship ဖုန်းတစ်လုံးအနေနဲ့ Fingerprint ကို ဒီထက်ပိုမျှော်လင့်မိတာတော့ အမှန်ပါ။ Note 9 Fingerprint ရဲ့ Unlock Speed က တခြား Flagship တွေထက် နှေးတယ်။ ဒီတော့ တခြား Method တွေကရော? Face Unlock ပါပေမယ့် သူလည်း နှေးတဲ့အထဲပါတယ်။ (Wtf!!!!) ပိုဆိုးတာက အမှောင်မှာဆို အလုပ်မလုပ်တာပါ။ ဒီတော့ Samsung ရဲ့ Trademark တစ်ခုဖြစ်တဲ့ Iris Scanner ကိုသာ သုံးပါ။ Lighting လည်းမရွေးသလို မြန်လည်းပိုမြန်လို့ Fingerprint ထက် ပိုသုံးဖြစ်ခဲ့တယ်။

Speaker & Audio Quality

ဒီခေါင်းစဉ်က "ပြောစရာမလိုအောင် မိုက်တယ်" ဆိုတာနဲ့တင် ကျော်ချနိုင်လောက်တဲ့ အပိုင်းပါ။ Speaker အနေနဲ့ အသံအကျယ်ဆုံးမဟုတ်တာကလွဲရင် Sound Stage တွေကောင်းတာ၊ Clarity ပိုင်း၊ Color Tone ပိုင်း စတာတွေက တကယ်ထိပ်တန်းပါပဲ။

Note 9 မှာ 3.5mm Headphone Jack လည်း ပါနေတုန်းပဲဆိုတော့ ပိုအဆင်ပြေတယ်။ ကပ်သပ်ပြောရရင် သူ့မှာ Bass သံတွေ Heavy မဖြစ်တာကလွဲလို့ တခြား Audio Quality ပိုင်းက တကယ်အလန်းစားပါပဲ။ Dolby Atmos ကလည်းပါဆိုတော့ ကဲ.... ဦးကြီး၊ ဘာလိုသေးလဲပေါ့။ ဒီတော့ Sound Quality နဲ့ပတ်သက်ရင် Galaxy Note 9 ကတော့ "Pass with Flying Colors" ပါပဲ။

Performance

Galaxy Note 9 မှာတော့ ၂၀၁၈ ရဲ့ Samsung Flagship ဖြစ်တဲ့ Exynos 9810 ကို သုံးထားတယ်။ ဒီနေရာမှာ Benchmark Score တွေအကြောင်း နဲနဲထည့်ပြောချင်ပါတယ်။ ပထမဆုံးအနေနဲ့ သူ့ Antutu Score Result တွေက Snapdragon 845 ကို မမှီတာပါ။ အစတော့ Thermal Throttling များရှိလားဆိုပြီး Testing လုပ်ခဲ့ပေမယ့် ထူးထူးခြားခြားမတွေ့ရ။ ဒါပေမယ့် သူ့ရဲ့ Maximum Score က SD 845 ရဲ့ Minimum လောက်ပဲရှိတာတော့ သိပ်မကျေနပ်။

သို့ပေမယ့် Daily Usage မှာတော့ ဒီကောင်လေးက အတော် Smooth ဖြစ်တယ်။ Gaming ပိုင်းမှာ PUBG ကို HDR, Ultra Setting ထားဆော့ရင်တော့ တစ်ချက်တစ်လေမှာ Lag တာ နဲနဲဖြစ်တာကလွဲရင် အဆင်ပြေတယ်။ သူ့ရဲ့ Display နဲ့ Sound Quality ကတော့ Gaming Experience ကို အတော်အထောက်အကူဖြစ်တယ်။ Fortnite ကို Officially ဆော့နိုင်မယ့်အပြင် Galaxy Skin ပါလက်ဆောင်ရမယ်ဆိုတော့ မဆိုးဘူးပေါ့။

ဒီတော့ Performance ပိုင်းမှာ Note 9 က အကောင်းဆုံးတော့မဟုတ်သည့်တိုင် Flagship Level Feeling နဲ့ User Experience ကောင်းကောင်းကိုတော့ ပေးနိုင်ပါလိမ့်မယ်။

Battery Life

Note 9 ရဲ့ 4000 mAh Battery ကတော့ အရင် Note Series ရော Plus Series ထက်ပါ Great Improvement လို့ ပြောရမှာပါ။ ဒီတော့ Battery Life အနေနဲ့ရော? ကောင်းတယ်လို့တော့ ပြောလို့ရပါတယ်။ Half Volume နဲ့ Brightness မှာ

-Youtube 720p, Wifi, 1hr ကို 5%
-720p, Offline Video 1hr ကို 10%
-PUBG Highest Setting, Wifi, 1 hr ကို 16-20% ကြား ကုန်ပါလိမ့်မယ်။

သိပ်သဘောမကျတာက သူ့ရဲ့ Stand-by Time ပါ။ AOD off ထားရင် 8-9hr ကို 4% နဲ့ AOD on ထားရင်တော့ 8% လောက်ထိ ကုန်တာ သိပ်ဘဝင်မကျ။ ဒီတော့ Normal Daily Usage မှာ တစ်ရက်တာကို သာသာယာယာကျော်ဖြတ်နိုင်မှာပါ။

သူ့ Original Adaptive Fast Charger ကတော့ 10-15 W ကြား Support ပေးတယ်ဆိုပေမယ့် 18W Quick Charge နဲ့ ယှဉ်စမ်းကြည့်ချိန်မှာတော့ ကြီးမားတဲ့ကွာခြားမှုကို မတွေ့ရ။
1hr ကို 64% နဲ့
1:30hr ကို 10-90% အားပြည့်တယ်။ Fully Charge အတွက်တော့ 2hr နီးနီးကြာမြင့်မှာပါ။ ဒီတော့ Note 9 ဟာ အားအခံဆုံးဖုန်းတော့မဟုတ်ပေမယ့် ရှေ့က Galaxy တွေထက်တော့ ပိုကောင်းတဲ့ Battery Life ကို ခံစားရမှာအသေချာပါပဲ။

Camera

အလွယ်ဆုံးပြောရရင် Galaxy S9+ က Camera Set-up ကို ပိုကောင်းတဲ့ Software Support နဲ့ Note 9 မှာ ပါဝင်လာတာပါ။ Camera Setting မှာပိုပါလာတာကတော့ AI Camera တွေထုံးစံအတိုင်း Scene Detection ပေါ့။ (ဒါပေမယ့် Scene အရေအတွက် နဲသေးတယ်လို့ထင်မိ)

Image Quality အနေနဲ့ Daylight မှာ f/2.4, Low Light မှာ f/1.5 ကို Auto ပြောင်းပေးတယ်။ (Manual Mode မှာတော့ စိတ်ကြိုက်ပြောင်းလို့ရတယ်) Image Quality ကတော့ တကယ့် Flagship Level ပါ။ Color Accurate ဖြစ်တယ်။ f/1.5 Aperture ကြောင့် Low Light Shot တွေမှာ Exposure ပိုကောင်းတဲ့ပုံတွေရတယ်။ Noise Reduction အတော်ကြမ်းသလောက် Detail ပိုင်းကို သိပ်မထိခိုက်။ Low Light မှာ အလင်းပုံမှန်လောက်ထိ Live Focus (Portrait) Mode က အလုပ်လုပ်တာရယ်၊ Background Blur ကို ရိုက်နေတုန်းရော၊ ရိုက်ပြီးမှာပါ ပြန်ချိန်နိုင်တဲ့အပြင် Wide Angle Photo ကိုပါ ပြောင်းထုတ်ပေးနိုင်တာကိုတော့ အတော်လေးသဘောကျမိတယ်။

သိပ်အားမရတာက Pro Mode ပါ။ ISO ကို 50-800 ထိပဲပေးထားပြီး Shutter Speed ကလည်း 10 sec Maximum ပါ။ ဒါပေမယ့် သူ့ Camera နဲ့သူကတော့ အဆင်ပြေတယ်ပြောရမလားပဲ။ ISO 50 ကို Shutter Speed ကစားတာက အဆင်အပြေဆုံးနဲ့ ရုပ်ထွက်အကောင်းဆုံးဖြစ်ပြီး ISO 100 မှာတော့ 8 sec လောက်ဆို Light Burn တွေဖြစ်ကုန်တော့တာပါပဲ 😅

8MP Selfie ကတော့ အကောင်းဆုံးမဟုတ်တာ သေချာပါတယ်။ ဖုန်းထဲမှာတစ်ခါတည်း မိတ်ကပ်လိမ်းပြီးတော့ ဓာတ်ပုံရိုက်လို့တော့ရတယ်။ AR Sticker တွေလည်းပါမယ်ပေါ့။

Video အနေနဲ့ 4K, 60fps Maximum ရိုက်လို့ရတယ်။ (ဒါတော့ ကျွတ်ဆင်ပါ) ပြီးတော့ Pixel 3 မှာကြေငြာသွားတဲ့ Object ကို View ထဲမှာ တစ်ချိန်လုံး Autofocus လုပ်ပေးတဲ့ Feature ကိုလည်း Full HD, 30fps မှာ သုံးနိုင်တယ်။ EIS ကတော့ 4K, 60fps နဲ့ 1:1 Video ကလွဲရင် ကျန်တာ Support ပေးပါတယ်။ ဒါ့အပြင် 720p ကို 960 fps ရဲ့ရိုက်နိုင်မယ့် Super Slow mo Mode မှာလည်း Object ရဲ့လှုပ်ရှားမှုကို ဖမ်းယူပေးမယ့်နေရာကို လေးထောင့်ကွက်လေးနဲ့ ပြထားပေးတော့ တော်တော်အဆင်ပြေတယ်။

ဒီတော့ Camera နဲ့ Video ပိုင်းမှာတော့ Galaxy Note 9 ကို အကောင်းဆုံးမဟုတ်တောင် အတော်မိုက်တဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။

System & Others

Samsung Galaxy Note 9 မှာ Android 8.1 အခြေခံတဲ့ Samsung Experience UI 9 ကို သုံးထားတယ်။ S9+ တုန်းကနဲ့ယှဉ်ရင်တော့ ပိုသွက်လာတယ်လို့ခံစားရတယ်။ မကြိုက်တဲ့အချက်ပြောရရင် ခုထိ ဘာ Gesture Mode မှ မပါသေးတာပါ။ ပြီးတော့ Full Screen Mode မှာ တစ်ချို့နေရာတွေ (ဥပမာ Messenger က Text Bar) က တစ်ချက်တစ်ချက်မှာ သူ့ Navigation Key တွေနဲ့ သွားပြီးကွယ်နေတတ်တာပါ။ Floating Noti တွေကို နေရာခပ်သေးသေးနဲ့ပြပေးတာ၊ သီချင်းဖွင့်၊ Google Voice Assistance ဝင်တဲ့အခါမျိုးမှာ Display ဘောင်တစ်ဝိုက် လင်းသွားတာ၊ Hepatic Home Key ကို အချိန်မရွေးသုံးလို့ရတာတွေကတော့ သဘောကျမိတဲ့အချက်တွေပေါ့။

အပိုဆောင်းအနေနဲ့ သူ့မှာ IP 68 Dust & Water Resistance ပါမယ်။ Wireless Charging Support ပေးမယ်။ Adapter ကြိုးသုံးပြီး Dex Mode သုံးလို့ရမယ်။ နောက်ဆုံး S.Pen ကို Bluetooth Remote အနေနဲ့သုံးပြီး ဓာတ်ပုံရိုက်တာ၊ Photo Presentation စတာတွေ လုပ်ဆောင်နိုင်မယ်။

ဒီတော့ ၁၅သိန်းနားကပ်နေတဲ့ ဒီဖုန်းတစ်လုံးကို ဘယ်သူတွေနဲ့သင့်တော်မလဲလို့ တံဆိပ်ကပ်မနေတော့ပါဘူး။ (Choice is yours.) ဒီဖုန်းမှာပါတဲ့ Feature တိုင်းဟာ No.1 ဖြစ်ချင်မှဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဖုန်းတစ်လုံးမှလိုအပ်မယ့် နေရာတိုင်းကို အကောင်းဆုံးဖြစ်အောင်လုပ်ပေးထားရုံမကပဲ User တွေလိုချင်လောက်မယ့် Smart & Convenient Feature အချို့ကိုလည်း စနစ်တကျ ထည့်သွင်းပေးထားတယ်။ (ဒါကြောင့် Note 9 ကို All-D ဆိုတဲ့နာမည်ပြောင်လေး တပ်ပေးခဲ့တာပါ) Battery အားမရလို့ Note 8 ကို Skip ခဲ့တဲ့ Note Fan တွေ၊ ဖုန်းအသစ်လဲသင့်ပြီလို့ယူဆတဲ့ Samsung User တွေ၊ Flagship Crazy တွေအတွက်တော့ Samsung Galaxy Note 9 က သေချာပေါက် All Rounder ဖုန်းတစ်လုံးဖြစ်လာမှာပါ။


Observe Here. Trust Yourself.

Htet Oo Naing (PLANET X)

Monday, October 22, 2018

➳ ကလေးယူရာတွင်မှားလေ့ရှိသော အချက် ၁၀ချက်✈



ရေးသားသူ Dr. Kaung Thar
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.


အိမ်ထောင်သည် တော်တော်များများဟာ ကလေးယူဖို့ကြိုးစားတဲ့ နေရာမှာတူညီတဲ့အမှားမျိုးရှိနေတတ်ကြပါသည်။ ဒီအချက်တွေကြောင့် သင့်ရဲ့ကြိုးစားခြင်းရလဒ်ကို မပြောင်းလဲပါစေနှင့်။

(၁) လိင်ဆက်ဆံမှုလုံလောက်စွာမရှိခြင်း

သင့်အနေနှင့်   အမျိုးသား၏ သုတ်ပိုးကို ထိန်းသိမ်းသည့်အနေနှင့် လိင်ဆက်ဆံ အကြိမ်ရေတွက်နည်းခြင်း(သို့)မမျိုးဥ ကြွေချိန်တွင်သာ လိင်ဆက်ဆံခြင်းဟာ ကိုယ်ဝန်ရခြင်းလွယ်ကူစေသည်ဟုထင်ပါလိမ့်မည်။   သို့သော် ရက်များစွာ လိင်ဆက်ဆံ မှုမရှိခြင်းကတော့ ကိုယ်ဝန်ရစေခြင်းကို ကြန့်ကြာစေပါသည်

(၂) လိင်ဆက်ဆံမှုများခြင်း

လိင်ဆက်ဆံမှုများခြင်းဟာ ကလေးရခြင်းကို မြန်စေသည်ဟူသော အယူအဆများလည်းရှိပါသည်။

အကြိမ်ရေများများဆက်ဆံတာက သုက်ပိုးတွေရဲ့ အင်အားကို မလျော့သွားစေပေမယ့် ကလေးရအောင်လုပ်တဲ့နေရာမှာ ပြဿနာတွေတော့ ဖြစ်စေတာပါပဲ။

(၃) ဆက်ဆံခြင်းနည်းတစ်မျိုးတည်းသာ အသုံးပြုခြင်း

အများအားဖြင့် အမျိုးသမီးက အောက်မှ နေ၍ တင်ပါးမြင့်ဆက်ဆံခြင်းဟာ ကလေးရနိုင်ဖို့အတွက် အကောင်းဆုံးနည်းလမ်းလို့ ယုံကြည်ကြပါတယ်။ အဲဒါက မှားပါတယ်။ သင်ဖြစ်ဖြစ် သင့်အဖော်ဖြစ်ဖြစ် အပေါ်မှာနေတာသော်လည်းကောင်း ပုံစံအသစ်ကို စမ်းသပ်ကြည့်တာသော်လည်းကောင်းလုပ်ပေမယ့်လည်း ရလဒ်ကတော့ အတူတူပါပဲ။

(၄) အမျိုးသမီးအားအပြစ်တင်ခြင်း

အိမ်ထောင်ရှင် စုံတွဲတွေ ကလေးယူခြင်းကြိုးစားချိန်ကြာမြင့်လာပါက စုံတွဲအပါအ၀င် လူအများစုက အမျိုးသမီးမှာ တစ်ခုခုမှားယွင်းနေတယ်လို့ ယူဆကြတတ်ပါတယ်။ အမျိုးသားအများစုမှာ မိမိကြောင့် ဖြစ်နိုင်သည်ကို ဝန်မခံတတ်ခြင်းမှာလည်း မှားယွင်းသော အယူအဆဖြစ်ပါသည်။

(၅) မမျိုးဥ ကြွေချိန်တွက်ချက်မှုမှားယွင်းခြင်း

မမျိုးဥ ကြွေချိန်ကို အတိအကျတွက်ရန်မှာ မလွယ်ကူလှပါ။ အမျိုးသမီးအများစုမှာ ရာသီလာပြီးပထမရက်မှ စတင်၍ နောက်၁၄ရက်တွင် မျိုးဥ ကြွေသည်ဟု ယုံကြည်ထားကြသည်။ သို့သော် ရာသီစက်ဝန်းသည် အပြောင်းအလဲရှိနိုင်ပြီး မျိုးဥကြွေခြင်းသည် လတိုင်းမှာ အချိန်တစ်သမတ်တည်းမရှိပါ။ အမျိုးသမီးတော်တော်များများကတော့ မျိုးဥကြွေတဲ့လက္ခဏာတွေပေါ်မူတည်ပြီး သိနိုင်တယ်လို့ ထင်မှတ်မှားကြပါသေးတယ်။

(၆) မမျိုးဥ ကြွေသော ရက်အတိအကျတွင် လိင်ဆက်ဆံခြင်း

မမျိုဥ ကြွေသောရက်မှသာ အတူနေပါက မမျိုးဥ၏ ရှင်သန်ချိန် ၂၄နာရီသာရှိတာမို့ အကယ်၍ မျိုးဥကြွေချိန် တွက်ချက်ခြင်းမှားယွင်းသွားပါက အခွင့်အရေးကောင်းကို လက်လွတ်သွားမည်စိုး၍ ဖြစ်ပါသည်။ သုတ်ပိုးသည် ရှင်သန်ချိန် သုံးရက်မှ ငါးရက်ထိရှိသည့်အတွက် မျိုးဥ မကြွေခင် ရက်များမှာ အတူနေခြင်းက ပို၍ အခွင့်အလမ်းများစေပါသည်

(၇) ချော့မွေ့ဆီသုံးစွဲခြင်း

လိင်ဆက်ဆံရန်ချောမွေ့ဆီ သုံးစွဲခြင်းက သုတ်ပိုး မျိုးဥဆီရောက်ရန် ခက်ခဲစေပါသည်။ ဒါကြောင့် ရွေးချယ်ဝယ်ယူရာတွင် သုတ်ပိုး မထိခိုက်စေသော(သို့) သဘာဝ ချောဆီ (သံလွင်ဆီ)ကို သုံးစွဲသင့်ပါသည်။

(၈) ကျွမ်းကျင်ပညာရှင်ဆီ အလျင်စလိုသွားခြင်း

၂လ ၃လခန့် ကိုယ်ဝန်ရရန်ကြိုးစားပြီးလျှင် အိမ်ထောင်ရှင်စုံတွဲများမှာ စိုးရိမ်ပူပန်များလာတတ်ကြပါသည်။ ဒီအခြေအနေဟာ ချက်ခြင်း ကျွမ်းကျင်ပညာရှင်ဆီ သွားရန်မလိုသေးပါဘူး။ အကောင်းဆုံးအခြေအနေမျိုးမှာတောင် စုံတွဲတွေဟာ ကိုယ်ဝန်ရဖို့အတွက် လပေါင်းများစွာ စောင့်ဆိုင်းရတတ်ပါတယ်။

(၉) အကူအညီအချိန်မီ မယူခြင်း

ကိုယ်ဝန်ရရန် ကူညီပေးနိုင်သောဆရာဝန်ဆီသို့ မြန်မြန်ရောက်တာက နောက်ကျမှ ရောက်တာထက်တော့ ကောင်းပါသေးတယ်။ ဥပမာ အသက် ၃၅နှစ်ကျော်ပါက ၆လခန့် မိမိဘာသာကြိုးစားကြည့်၍ မရပါလျှင် ဆရာဝန်ဆီသို့ သိပ်နောက်မကျခင်သွားဆွေးနွေးသင့်ပါသည်။

(၁၀) မိမိကျန်းမာရေးကို မေ့ထားခြင်း

ကလေးရရန်ကြိုးစားနေသော စုံတွဲတိုင်း မျိုးပွားအဂါင်္ ကျန်းမာရေးကိုသာ အလေးထားပြီး အလုံးစုံကျန်းမာရေးကို မေ့လျော့ထားတတ်ကြသည်။ ဒါပေမယ့် ကိုယ်အလေးချိန်တက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ စိတ်ဖိစီးမှုများခြင်းတို့ကလည်း ကိုယ်ဝန်ရရန် ခက်ခဲစေတာမို့ မေ့မထားသင့်ပါ။

Hello ဆရာဝန် (မူရင်း စာမျက်နှာ) 

Sunday, October 21, 2018

❆ ပဲ့ကြွေသံ ❆

ခေတ်ရနံမဂ္ဂဇင်း၊ အမှတ် (၅၄) အောက်တိုဘာလထုတ်မှ ဆရာနေဘုဏ်းဝေ၏ ၀တ္ထုတိုကို တင်ပေးလိုက်ပါတယ်။


----------
ကျွန်မမှားယွင်းမှုက သူတစ်ပါး အတွက် အမှန်တရားဖြစ်လျှင် ကျွန်မပျော် ရွှင်ရမှာပါ။ ဒါပေမဲ့ သူတစ်ပါးက ကျွန်မ မှားယွင်း မှုကိုကြည့်၍ လှောင်ပြောင်နေခဲ့ လျှင် ၀မ်းနည်းစရာက ကျွန်မအတွက် ထာဝရလက်ဆောင်အဖြစ်သာ မှတ်ယူ လိုက်မည် ဟု တွေးတောနေမိသည်။

တကယ်တော့ ဒီအရပ် ဒီနယ်မြေကို မောင်ပြန်မလာသင့်သည်ကတော့ အမှန်။ ကျွန်မ အိမ်ထောင်ပြုပြီး ကာလများစွာ ကြာမှ မောင် ဘာကြောင့် ပြန်ရောက်လာ သလဲ။ ဘယ်လိုပြန်ရောက် လာသလဲ။ ပြန် ရောက်လာတော့လည်း ကျွန်မ မသိရ။ သိရတော့လည်း မောင့်နံဘေး၌ အဖော် တစ်ယောက်ဖြင့် ကလေးနှစ်ယောက်ကို လက်တွဲ၍ ရွှေတိဂုံဘုရားရင်ပြင်တွင် ကြည် နူးနေသည်ကို ကျွန်မ မျက်ဝါးထင် ထင် တွေ့မြင်လိုက်ရလေ သည်။ ထိုနေ့က ကျွန်မ ကိုယ်တိုင်လည်း ခင်ပွန်းသည်နှင့်အတူ သမီးလေးနှစ်ယောက်ဖြင့် ရွှေတိဂုံဘုရားရင် ပြင်တော်၌ ပျော်ရွှင်နေခဲ့ခြင်းဖြစ်သည်။ ကံ ကြမ်္မာက ဆုံစည်းစေဖို့ ထိုနေရာသို့ စေ လွှတ်လိုက်ခြင်း လား။ ကျွန်မခွဲခြားမသိနိုင် ခဲ့။ မောင့်မျက်ဝန်းနှင့်ဆုံမိသည့်အခါတွင် ထိုပျော်ရွှင်မှုတို့သည်လည်း ကျွန်မဆီမှ ဝေး ရာအရပ်သို့ ပျံသန်းသွားလေသည်။ ကျွန်မ ကိုလည်း မောင်လှမ်းကြည့်၍ ပြုံးနေ သည်။ ထိုအကြည့်ကို ဥပေက္ခာပြုဖို့ကြိုးစား လိုက်ချိန်တွင် ကျွန်မမျက်ရည်မကျမိအောင် ထိန်းထားလိုက်ရသည်။

ဟိုတစ်ချိန်တုန်းက၊ မောင်ပြန်မလာ မှန်းသိသော  တစ်ချိန်က ချစ်ခြင်းမေတ္တာ၏ ဗိသုကာအဆောက်အအုံတွင်းမှ မျှော် လင့်ခြင်း အထီးကျန်မှုကို စွန့်လွှတ်၍ ကျွန်မ အိမ်ရာသစ်ထူထောင်ရန် ဆုံးဖြတ်ချက်ချ လိုက်ရသည်။ ထိုဆုံးဖြတ်ချက်၏ နောက် ကွယ် တွင် စောင့်ဆိုင်းခြင်း၊ မျှော်လင့်ခြင်း၊ သတိတရရှိခြင်းဆိုသည့် အရာတို့အား အိမ် ထောင်ရှင်မတစ်ယောက်အနေဖြင့် မထား သင့်တော့ဟု ကျွန်မထင်သည်။ အိမ်ထောင် ရေးစည်းမျဉ်းစည်း ကမ်းတို့သည်က လင့် ၀တ်္တရားနှင့် မယားဝတ်္တရားတို့၏ ဆုံစည်းရာ သစ်္စာရှိမှု၏ နယ်ပယ်တစ်ခုဟုလည်း ကျွန်မ ထင်သည်။ ထို့ကြောင့် မောင့်ကိုကျွန်မ မစောင့်ဆိုင်းလိုတော့။ ကံကြမ်္မာရေးဖွဲ့သည့် အတိုင်း ဆက်လျှောက်တော့မည်ဟုလည်း ဆုံးဖြတ်ချက်လိုက်တော့ သည်။

တကယ်တော့ မောင်ပြန်ရောက်သင့် သည့်အချိန် ထက် ကျော်လွန်စွာစောင့်ဆိုင်း ခဲ့ပါသော်လည်း ပြန်မရောက်နိုင်ခဲ့ခြင်း သည်က မောင်ဘာဖြစ်နေခဲ့ပြီလဲ။ မောင် ပြည်ပနိုင်ငံတစ်နိုင်ငံမှာ နိုင်ငံရေးအရ ခိုလှုံ သွားပြီလား။ ဒါမှမဟုတ် တောတွင်းတစ် နေရာမှာ ကျဆုံးသွားပြီလား။ မည်သည့် သတင်းကလေးမျှ ကျွန်မရှိရာအရပ်သို့ ပျံသန်းမလာတော့။ မောင့်ကို ရက်စက်သူ ဟုလည်း မစွပ်စွဲလို။ တာဝန်ကင်းမဲ့သူဟု လည်း မပြောကြားလို။ သူ့ယုံကြည်ချက် သူကိုးကွယ်တာကိုလည်း ကျွန်မ မကန့် ကွက်ခဲ့။ ကျွန်မနှင့်မောင် ကျောင်းပြီးလျှင် အစိုးရဌာနတစ်ခုခုတွင် အလုပ်ဝင်၍ အိမ် ထောင်တစ်ခုထူထောင်မည်ဟု နှစ်ဦး သဘောတူထားခဲ့လေသည်။ ထိုသဘောတူ ညီချက်သည်က စိတ်ကူးယဉ်အိပ်မက်မျှ သာ ဖြစ်ခဲ့လေ သည်။ ကျွန်မနှင့်မောင့်  စိတ် ကူးအိပ်မက်ကို ဖျက်ဆီး လိုက်သည့်အရာ က တခြားတစ်ပါးသောအရာမဟုတ်။ တစ် ပါတီအာ ဏာရှင်စနစ်  ပင်ဖြစ်လေတော့ သည်။ ထိုစနစ်၏ ဆိုးကျိုး၌ ကျွန်မတို့ မိသားစု လည်း ရေတိမ်နစ်ခဲ့ရလေသည်။

ကျွန်မနှင့်မောင် ပထမနှစ် ကြည့်မြင် တိုင်ကောလိပ်တက်နေစဉ် မမျှော်လင့် သော အရေးတော်ပုံတစ်ခုပေါ်ပေါက်လာ ခဲ့သည်။ ထိုအရေးတော်ပုံကပင် ကျွန်မနှင့် မောင့်ကို သီးခြားခွဲခွါသွားဖို့ ဖန်တီးခဲ့ခြင်း လား။ ဆိုရှယ်လစ်အာဏာရှင်စနစ်တစ်ခုကို ဖြိုချဖို့ စက်မှုတက်္ကသိုလ်မှ စတင်ခဲ့သော အရေးတော်ပုံသည်လည်း တစ်စတစ်စဖြင့် တက်္ကသိုလ်အသီးသီးသို့ ပျံ့နှံ့လာခဲ့သည်။ မောင့်ဆီ သို့ နိုင်ငံရေးစိတ်ဓာတ်နှင့် နိုင်ငံ ရေးသွေးတို့ ဘယ်ကနေ ဘယ်လိုရောက်ရှိ လာမှန်းမသိ။ ရန်ကုန်တက်္ကသိုလ်သို့သွား၍ ပင်မကျောင်းသားများနှင့်အတူ အရေး တော်ပုံတွင်ပါဝင်ခဲ့သည်။ ကျွန်မ မပါဝင် ဖြစ်သော်လည်း အများနည်းတူ မောင့်ကို ကျောင်းသား တစ်ယောက်အနေဖြင့် ပါဝင် စေခဲ့သည်။ မောင်စိတ်ဝင် စားသော နိုင်ငံ ရေး၊ မောင်တက်ကြွနေသော နိုင်ငံရေးဖြစ် စဉ်တွင် သွေးမြေကျလိမ့်မည်ဟုလည်း ကျွန်မ မထင်ခဲ့။ အာဏာရှင်လူတန်းစားကို လည်း ထိုသို့ ရက်စက်လိမ့်မည်ဟုမထင်မိ။ ကိုဖုန်းမော်တို့ကျဆုံးပြီးနောက်ပိုင်း အာ ဏာရှင်စနစ်၏ သွေးချောင်း စီးရက်စက်မှု နှင့် ကျောင်းသားထုတစ်ရပ်လုံး၏ အသက် နှင်းသည့် အရေးတော်ပုံက ပြင်းထန်လာခဲ့ သည်။ ထို့ကြောင့် ရှစ်လေးလုံး   အရေးတော် ပုံလည်း ပေါ်ပေါက်လာခဲ့ရသည်။ နောက် ပိုင်း၌ လူထုလူတန်းစားကိုအခြေခံ၍ ဌာန ဆိုင်ရာဝန်ထမ်းများပင်ပါလာခဲ့သည်။

အခြေအနေရှုပ်ထွေးလာသောအချိန် တွင် ကျွန်မအားအိမ်မှ ကျောင်း  သို့ပေး မသွားတော့။ ကျွန်မနေထိုင်ရာ ကမ်္ဘာအေး ဘုရား  လမ်းတွင်လည်း အထက်တန်း ကျောင်းသားလူငယ်   များပါဝင်   လာသည်ကို တွေ့ရသည်။ ထိုကျောင်းသားငယ်များထဲ တွင် အိမ်မှမောင်လေးပါသွားသည့်အတွက် အမေမှာငိုကြွေး၊ အဖေက လိုက်ရှာပေးပါ သော်လည်း ပျောက်ဆုံးနေခဲ့လေသည်။ အာဏာ   ရှင်အစိုးရကလည်း ပစ်ခတ်သတ် ဖြတ်ရန်ဝန်မလေးသလို အာဏာရှင်အစိုးရ ကို တော်လှန်ပုန်ကန်ဖို့ကလည်း ကျောင်း သူ ကျောင်းသား၊ ရဟန်းသံဃာနှင့်လူထု လှုပ်ရှားမှုက   လည်း ပြင်း   ထန်လာသည်။ တစ်ဖက်တွင် မောင့်အတွက် စိုးရိမ်နေရ သော်လည်း အခြားတစ်ဖက်၌ ပျောက်ဆုံး နေရသည့် မောင်လေးအတွက် ပူပန်ရပြန် သည်။  အမေမှာ သောကဖြင့် အိပ်ရာတွင် လဲ၍ အဖေမှာ စားဖို့သောက်ဖို့အတွက် ရှာရဖွေရသည်မှာ မလွယ်ကူဖြစ်လာသည်။

တဖြည်းဖြည်းဆိုးလာသည်က အာ ဏာရှင်စနစ်၏ လုပ်ကွက်၌ ကိုယ့်ပြည်သူ အချင်းချင်း အထင်မှားအမြင်မှား   စိတ်ဖြင့် ခေါင်းဖြတ်   သတ်ဖြတ်ကြသည်။ နောက် တံတားလေး လမ်းဝခုံးတံတားပေါ်မှ ပစ် ခတ်သတ်ဖြတ်မှုကြောင့် ကျောင်းသား ကျောင်းသူ၊ ရဟန်း    သံဃာနှင့် ပြည်သူလူထု အများအပြားသေဆုံးခဲ့ရလေသည်။ ထိုည သည်က ကျွန်မအဖို့ အိပ်၍မပျော်။ မောင် ဘာဖြစ်နေပြီလဲ။ မောင်လည်း  ဘယ်ရောက် နေပြီလဲဟု စဉ်းစားနေမိသည်။ ကျွန်မတို့ ကမ်္ဘာအေး သည်က မရမ်းကုန်းမြို့နယ်တွင် ပါဝင်သည်။ တောင်ဥက်္က လာနှင့် မြောက် ဥက်္ကလာကြားတွင်လည်း တည်ရှိသည်။ ထို့ ကြောင့် တောင်ဥက်္ကလာဘက်မှ ကြွေး ကြော်သံများကိုလည်း အတိုင်း သားကြား နေရသလို မြောက်ဥက်္ကလာဘက်မှ ကြွေး ကြော်သံများကိုလည်း ကြားရ၏။ ဆိုး သည်က ကိုယ့်ရပ်ကွက်အတွင်းမှာပင် သူ စိမ်းမြင်လျှင် စစ်ဆေးမေးမြန်း၊ မသင်္ကာ လျှင်ဖမ်းဆီးထိန်း   သိမ်း ထားလိုက်သည်။ စနစ်ဆိုးကြောင့် ကိုယ့်အချင်းချင်း သတ် ဖြတ်နေကြ သည်ကို ကျွန်မရင်လေးနေမိ သည်။ ကိုယ့်လမ်း  လုံခြုံရေးအတွက် တစ် အိမ်တစ်ယောက် ကင်းထွက်စောင့်၍ အမည်မသိရန်သူ ကို စောင့်မျှော်နေရလေ သည်။

အဖြစ်ဆိုးချင်တော့ ထိုကာလတွင် အဖေမှာ အလုပ်အကိုင်    ရှားပါးမှု ပြဿနာ နှင့်ရင်ဆိုင်ရသည်။ သူတို့အပူနှင့်သူ  တို့မို့ ဆွေမျိုးအသိုင်းအ၀ိုင်းနားလည်း ကပ်၍ မရ။ အမေမှာလည်း ဝေဒနာဖြင့် အိပ်ရာထဲ တွင် လဲနေလေပြီ။ အိမ်တွင်ရှိရာလေးဖြင့် ခြိုးခြံချွေတာ၍ အသက်ဆက်နေရသည်။ အရေးတော်ပုံကလည်း တရွေ့ရွေ့နှင့် တဖြည်းဖြည်းပိုဆိုးလာ သည်။ သောက်ရေ များတွင် အဆိပ်ခပ်ဟုလည်းကြားရ၊ ဘယ် နေရာမှာဖြင့် ခေါင်းဖြတ်လိုက်ပြန်ပြီဟု ပြောကြနှင့် စိုးရိမ်စရာပင်ဖြစ်လာခဲ့သည်။ မောင့်သတင်းလည်းမကြားရ။ အိမ်မှ ပျောက်ဆုံးနေသည့် မောင်လေးသတင်း လည်း စုံးစုံးမြုပ်ပျောက်နေလေသည်။ အဖေမှာလည်း အမေနှင့်ကျွန်မကို ထား ရစ် ၍ လိုက်မရှာနိုင်။ အခြေအနေငြိမ်သက် သည်အထိ စောင့်နေရုံမျှတစ်ပါး အခြားမရှိ နိုင်တော့။

တစ်မနက် ကျွန်မသတင်းတစ်ခုကြား လိုက်ရသည်။ ထိုသတင်းက စစ်တပ်မှ အာ ဏာသိမ်းတော့မည်ဆိုသည့် သတင်းပင် ဖြစ်သည်။ ရပ်ကွက်ထဲ၊ လမ်းထဲတွင်လည်း တစ်အိမ်တက်တစ်အိမ်ဆင်း၍ BBC ၊ VOA၊ RFA သတင်းများကို ခိုးကြောင် ခိုးဝှက်နားထောင်နေကြသည်။ ဘယ်သူက ဘယ်နှရက် နိုင်ငံတော်သမ်္မတဖြစ်သွား သည်၊ ဘယ်သူက ဘယ်နှလ နိုင်ငံတော် သမ်္မတဖြစ်သွားသည်ဆိုသော သတင်းနှင့် ဘယ်နေရာတွင် ကျောင်းသားကျောင်းသူ နှင့်ပြည်သူလူထုအသတ်ခံလိုက်ရပြီဆိုသည့် သတင်းကြောင့် မောင်နှင့်မောင်လေး အတွက် အလွန်စိုးရိမ်စရာဖြစ်ခဲ့ရသည်။ အာဏာရှင်စနစ်ကြောင့် တိုင်းပြည် တွင် နေ့ စဉ်နှင့်အမျှ သွေးမြေကျနေရလေသည်။

တစ်ပတ်လောက်အကြာ၌ ရုတ်တ ရက် ကျွန်မရှိရာ ရပ်ကွက်သို့ မောင်ရောက် လာသည်။ စစ်တပ်မှ အာဏာသိမ်း လိုက်ပြီ ဖြစ်သောကြောင့် သူတို့တိမ်းရှောင်တော့ မည်ဖြစ်ကြောင်း၊ တော်လှန်ရေးပြီး၍ ဒီမို ကရေစီရ မှ ပြန်ခဲ့မည်ဖြစ်ကြောင်း၊ ကျဆုံးခဲ့ ရသည့် ကျောင်း သား၊ ပြည်သူလူထု၏ သွေးမြေကျမှုကြောင့် နောက်ဆုတ်၍ မဖြစ် နိုင်ကြောင်း၊ ထိုသို့မျှ မတိမ်းရှောင်လျှင် အဖမ်းခံ ရမည်ဖြစ်၍ နိုင်ငံရေးဆက်လုပ်နိုင် မည် မဟုတ်ကြောင်းနှင့် သူဆက်ဆက်ပြန် လာခဲ့မည်ဖြစ်ကြောင်းကို ဖွင့်ဟလေသည်။ ကျွန်မခံစားမှုဝေဒနာကို မောင်မသိရှာ။ မောင်နှင့်ပတ်သက်ခဲ့သမျှ ကျွန်မ မျိုသိပ် ထားရသည့်အရေးကြီးဆုံးသောအကြောင်း အရာကို မပြောလိုတော့။ ရှေ့ဆက်သွားရ မည့် မောင့်အတွက်နောက် ဆံမတင်းစေလို။ ပြိုမည့်မိုး စိုးထိတ်နေသော်လည်း ပြိုမှာပဲဆို သောအသိဖြင့် ခေါင်းညိတ်လိုက်ရသည်။

ထိုအချိန်မှစ၍ မောင့်အား ကျွန်မ တွေ့ခွင့်မရတော့။ ကျွန်မ မောင်လေးလည်း အစအနမပေါ်။ တိုင်းပြည်၏ အခြေအနေ က မသူတော်တရားဖြင့် ပျက်စီးရလေပြီ။ နိုင်ငံ၏ အဓိကပြဿနာမှာ အုပ်ချုပ်သူလူ တန်းစားညံ့ဖျင်းမှုကြောင့် နိုင်ငံကျဆုံးရခြင်း ပင်ဖြစ်သည်။ အရည်အချင်းမပြည့်ဝသော ၀ါဒကို အသိဉဏ်နည်းပါးသူဖြင့် အုပ်ချုပ် ခြင်းသည် အရှုံးဖြင့်သာ ရင်ဆိုင်ရမည်ဟု ထင် သည်။ မောင့်ကိုလည်း ရည်မှန်းချက် နှင့်ပန်းတိုင်မလွဲပါစေနှင့်ဟု ဆုတောင်းပေး ရသည်။ အမှန်တရားတစ်ခုအတွက် ပေး ဆပ်လိုက်ရသည့်ဘ၀က တန်ဖိုးကြီးမားပါ စေဟု လည်း မျှော် လင့်နေသည်။ မောင် ကျွန်မအနားက အဝေးသို့ ထွက်ခွါသွားသည့် နောက် ပြဿနာတစ်ခုပေါ်လာခဲ့သည်။

““ဒါ ငါ့အမှား ငါ့အမှား””ဟု ရေရွတ် လျက် စိတ်ကတွေးပူမိလိုက်သည်။ မိဘနှစ် ပါးထဲမှ အဖေ့ထက် အိပ်ရာတွင်လဲနေ သည့် အမေမသိဖို့ အရေးကြီးသည်ဟု ယူဆ၍ အစ်မအကြီးဆုံးနှင့်တိုင်ပင်လိုက် သည်။ နောက်ဆုံး အစ်မ၏အစီအစဉ်ဖြင့် ဒေါ်လေးတို့ရွာသို့ ကျွန်မတိတ်တဆိတ် ထွက်ခွါခဲ့ရသည်။ ပျောက်ဆုံး စာရင်း ၀င် မောင်လေးကို ရှာမတွေ့သည့်ကြားက ကိုယ့်ပြဿနာကိုယ် ဖြေရှင်ဖို့ အမိအဖကို စွန့်ခဲ့ရပြန်လေသည်။ ဒေါ်လေးတို့ရွာ တွင် ခေတ်္တ ဇာတ်မြှုပ်၍ နေလိုက်စဉ် အမေဆုံး ပါးသွားခဲ့ရသည်။ အဆိုးဆုံးက အမေ့ ဈာပနတွင် သားသမီးမပြည့်စုံခြင်းပင်ဖြစ် သည်။ သား သမီးကြောင့်လည်း လူ့ဘ၀ကို စွန့်ခွါသွားသည်ဟုထင်သည်။ ထိုအချိန် တွင် ပြည်ပသို့တိမ်းရှောင်သွားသူများ ပြန် ရောက်လာပြီဟုကြားတော့ မောင်ပြန်ပါ မလားဆိုသောအသိဖြင့် မျှော်လင့်ခဲ့သေး ၏။ မောင်ရောက် မလာ။ သည်လိုဆို တစ် ဖက်နိုင်ငံမှာ မောင်ရှိနေမလား။ သို့တည်း မဟုတ် တောတွင်းက လက်နက်ကိုင်အဖွဲ့ အစည်းတစ်ခုခုမှာ ဒီမိုကရေစီတပ်သားကြီး အဖြစ် တာဝန်ထမ်းဆောင်နေပြီလား။ ကျွန်မ မျက်နှာမြင်ပြီးတော့ အဖေရှိရာသို့ ပြန်လာသည့်တိုင် မျက်နှာမြင်ခဲ့ သည့်အရာ ကို ဖုံးလိုဖိလို၍ အစ်မတို့လင်မယားလက် သို့ လက်လွှဲပေး လိုက်သည်။ ထိုအရာက သားယောက်ျားလေးဖြစ်သည်။

ဘယ်အချိန်က ကျွန်မအတွေးထဲ အသိတစ်ခု ၀င်လာသလဲဆိုလျှင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲအပြီးတွင်ဖြစ်သည်။ အတိုက်အခံ အင်အားစု၏ နိုင်ငံရေးစိတ် ဓာတ်အတိုင်း မောင့် ကို ပြည်တွင်း၌ သာ နိုင်ငံရေးလုပ်ခိုင်းစေခြင်းသာဖြစ်သည်။ ခုတော့ ယုံကြည် ချက်နှင့်ခံယူချက်သည်က တလွဲစီဖြစ်ခဲ့လေပြီလား။ ခုတ်ရာတခြား ရှရာတခြား ဖြစ်နေလေပြီလား။ လူ့အခွင့် အရေးဆုံးရှုံးနေသော လူသားတစ်ယောက် ၏ ဒီမိုကရေစီရှာပုံတော်ကို ခွင့်ပြုခဲ့ခြင်းက ကျွန်မအမှားလား။ စာမလာ သတင်း မကြားရခြင်းက အန်္တရာယ် တစ်ခုခုဖြင့် ရင် ဆိုင်နေရပြီလား။ အမှောင်၏ သားရဲတွင်း ထဲက သားကောင်လို ကျွန်မစိတ်မွန်းကျပ် နေသည်။ မောင့် ကိုချစ်မိခြင်းအပြစ်က ကျွန်မပိုင်ဆိုင်လိုက်ရသည့် ဝေဒနာလား။

ထိုအချိန်ကတိုင်းပြည်အတွင်းမှာလည်း သတ်ရဲရဲ သေရဲရဲစနစ်ဖြင့် နိုင်ငံကို ထူ ထောင်နေချိန်ဖြစ်သည်။ မတရားဖိနှိပ်မှု အောက်တွင် ရက်စက်ဝံ့သူက မတရား ရက်စက်နေသလို တော်လှန်ဝံ့သူကလည်း အသက်ကိုနှင်း ၍ တော်လှန်နေသည်။ ထို့ ကြောင့် တစ်ခါတစ်ရံ သည်တိုင်းပြည်ထဲ မောင်မရှိတာကို စဉ်းစား၍ကျေးဇူးတင်နေ မိသည်။ အတိုက်အခံအင်အားစုအတွက် လည်း လူထုအားပေး မှုနှင့် ပြည်ပရောက် အင်အားစုများ၏အားပေးမှုများသာ ရှိသည်။ နိုင်ငံတကာဖိအားပေးမှုကလည်း အကျိုး မရှိ။ မရှက်သောသူအတွက် အရှက်တရား သည် တန်ဖိုးမဲ့ ၏။ ပြည်သူလူထုအဖြစ်က ၀ံပုလွေလက်ထဲက အသားတစ် မြေခွေး လက်တွင်း ထိုးအပ်လိုက်သည့်ပမာဖြစ်နေ သည်။ သတင်း နားထောင်ချင်လျှင် BBC၊ VOA၊ RFA နှင့် DVB သတင်းများကို ဂျပန်ခေတ်ကလို ခိုးကြောင် ခိုးဝှက် နား ထောင်ရသည်။ နောက်ထပ် စစ်အာဏာ ရှင်စနစ်၏ အလိုတော်ရိများကိုလည်း ရပ်ကွက် အတွင်း ကြောက်ရသေး သည်။ တိုင်းပြည်အတွင်း ဘယ်သူသေသေ ငတေ မာချင်စိတ်ဓာတ်ကအပြည့်။ အချောင် သမားခေတ်ဟု လည်းဆိုနိုင်သည်။ အာဏာ ရှိသူနှင့်ပေါင်းသင်းလျှင် အကျိုးရှိမည်ကို သိ သောကြောင့် အာဏာရှင်စနစ်ကို လိုလား တပ်မက်လာကြသည်။ ကိုယ့်ကြောင့် တိုင်း ပြည်နစ်နာနေသည့်တိုင်အောင် မျက်လုံးစုံ ပိတ်၍ လက်ခံနေကြသည်။

ဖိနှိပ်ထားသည့် ဒဏ်ရာဒဏ်ချက် ကြောင့် တိုင်းပြည်က အရောင်မလှသေး။ နိုင်ငံတော်က အပူရုပ်ဖြင့် အုန်းအုန်းကျွက် ကျွက်။ လူတချို့က အုတ်ရောရော ကျောက်ရောရော ဝေဒနာဖြင့် အစာ တောင်းနေတုန်း။ အိမ်ကြက်ချင်း အိုး မည်းသုတ်၍ ထိပ်သီးခေါင်းဆောင်များ အမြတ်ထုတ်နေသည့်ကာလ။ တစ်နေ့ တော့ အဖေလည်း ဘာစိတ်ကူးပေါက် လဲမသိ။ ကျွန်မကို အိမ်ထောင်ပြုဖို့ သတိ ပေးလာသည်။ ရပ်စောင့်နေသူအဖို့ ခရီး မရောက်သော်လည်း သွားနှင့်သူက ခရီး ရောက်နေပြီလား။ ကျွန်မအဖို့ဘယ် အရာအမှန်တရား မှန်းမသိတော့။ တကယ် တော့ မောင့် ကို စောင့်မျှော်ရခြင်းအလုပ်က ကိုယ့်ခံစားမှုကိုယ်ဆေးမြီးတိုဖြင့် ကုစားနေ ခြင်းမျိုးသာဖြစ်သည်။ ဘ၀ကအနာ မကျက်။ ဝေဒနာ သာ ပြည်တည်အနာလို အိုင်လာ သည်။ မောင့်အပေါ်ထား သည့် ရောဂါမှာမပျောက်နိုင်။ ဆက်စောင့်ခြင်း ဖြင့် မျှော်လင့် ချက်ကို ပြုစုပျိုးထောင်ရ မလား။ သို့တည်းမဟုတ် မျှော်လင့်ချက်ကို ရိတ်သိမ်း၍ ကိုယ့်လမ်းကိုယ် ဆက်လျှောက် ရမည်လော။ သားလေးကို အစ်မလက်ထဲ တွင်ထား၍ ကိုယ်လွတ်ရုန်းအတ်္တဖြင့် အိမ် ရာထူထောင် လိုက်သည့် မိန်းမတစ်ယောက် ကို မောင်ပြန်လာ လျှင်ဘာပြောမလဲဟု စဉ်း စား၍ တွေးကြောက်ခဲ့ရသေး၏။ အဖေ့ကို လည်း အနည်း ငယ်ဖျောင်းဖျထားလိုက် သည်။

ခေတ်ကလည်း ပွင့်လင်းရာသီမဖြစ် သေး။ စနစ်က မည်သည့် ပုံသဏ္ဌာန်ဖြင့် ၀င်ရောက်လာမည်ဆိုတာမသိ။ ဖမ်းဆီးမှု များက လူဆိုးသူခိုးထက် နိုင်ငံရေးလှုပ်ရှား သူများကို မတရားဖမ်းဆီးနေလေ သည်။ မည်သူက မိတ်ဆွေ၊ မည်သူက ရန်သူဆို တာ ခွဲခြား၍မရ။ အာဏာရှင်စနစ်တစ်ခုကို တော်လှန်ခဲ့သော်လည်း နောက်ထပ် အာ ဏာရှင်စနစ်တစ်ခုကနေရာယူရန် တာစူ၍ နေသည်။ လူတချို့ကလည်း ကိုယ်ကျိုး အတွက် သူတစ်ပါးဘ၀ကို အသုံးချ၍ ၀မ်း ၀ဖို့ကြိုးစားကြ သည်။ အာဏာရှင်လူတန်း စား ခြေသလုံးကိုဖက်၍ အစာရှာနေသည့် အချိန်။ စီးပွါးရေးကလည်း ကျပ်တည်းလာ သည့်ကာလ။ မိဘ  တစ်ယောက်ရှာ၍ သား သမီးဆယ်ယောက် ထိုင်စားလို့ရ  သည့် ခေတ် ပျောက်ဆုံးရသလို ဖြစ်လာသည်။ တစ်ယောက်အားဖြင့် ရုန်း၍မရသောအခါ အဖေနားချတိုက်တွန်းနေသည့် ကျွန်မခင် ပွန်းဖြင့် လက်ထပ်ရန် ဆုံးဖြတ်ချက်ချလိုက် ရသည်။ မောင့်ကိုလည်း ရင်နာနာဖြင့် မေ့ ပျောက်ရန်ကြိုးစားခဲ့သည်။

အသက်အရွယ်အရ တစ်နှစ်အကြာ၌ ကျွန်မသမီးဦးလေးတစ်ယောက် ဖွားမြင်၏။ ထိုအခါမှ ခိုးကြောင်ခိုးဝှက်မွေးခဲ့ရသည့် သားလေးကို သတိရနေမိသည်။ လူ့ လောက၌ ဖအေဘယ်သူမှန်းမသိ၊ မအေ ဘယ်သူမှန်းမသိသောဘ၀။ ကျွန်မခေါ်ယူ ဖို့လည်း မဖြစ်နိုင်တော့။ ခင်ပွန်းသည်က လက်ခံသော်လည်း အဒေါ်ကို အမေဟု သိ ထားသောကြောင့်လည်းဖြစ်သည်။ တာဝန်မကျေသော မိဘနှစ် ပါးကြောင့်လည်း ကျွန်မသားလေးကိုမြင်လျှင် ရှက်နေ မိသည်။ အရာရာအားလုံးကို ပြန်စဉ်းစားမိ လျှင် ခေတ်ကို အပြစ်တင်ရမည်လား။ သို့ တည်းမဟုတ် မောင့်ကိုအပြစ်တင်ရမည် လားဆိုတာ တွေးတောမရ။ တစ်ခါတစ်ရံ ထိုအမှားက ငါဖန်တီးလို့၊ မောင့်ကိုချစ်ခဲ့ မိလို့ဟု ကျွန်မ ကိုယ်ကျွန်မ စွပ်စွဲ၍ အပြစ် တင်နေမိသည်။ အပြစ်တင်မိသော်လည်း အမှားကို ဆေးကြော၍မရ။

ကျွန်မဒုတိယမြောက် သမီးကလေး မွေးပြီးသည့်အချိန်တွင် အဖေ့ကို အကြောင်းပြု၍ အစ်မက သားလေးကို ရှင် ပြုရန်အကြောင်းကြားသည်။ သားလေးရှင် ပြုရန် ရှင့်ဒါယကာ ဒါယိကာမအဖြစ် ယူ ပိုင်ခွင့်မရ။ ကုန်ကျစရိတ် ကျွန်မတို့ဇနီး မောင်နှံ တာဝန်ယူမည်ဆိုသော်လည်း လက်မခံ။ ကျွန်မရင်တွင်း၌ “ရင်နာရပါပြီ ကော သားရယ်”ဟု ရေ ရွတ်နေမိသည်။ မောင်မကောင်းလို့ သည်လိုဘ၀မျိုးတွေဖြစ် ရ တာ။ မောင်မကောင်းလို့၊  မောင့်ကြောင့် နိုင်ငံရေးကိုအကြောင်းပြုပြီး တစ်ကိုယ် ကောင်းဆန်လို့ဟု တွေးရင်းတွေးလျက် ရင် နာစွာ  သားလေး ဆံချသည်ကို မျက်ရည်ဖြင့် ငေးနေမိသည်။ မောင်သာ ကျွန်မ အပေါ် ကျူးလွန်ခဲ့သည့်အပြစ်တစ်ခုကို တာဝန်ယူ လိုစိတ်ရှိခဲ့လျှင် ဘယ်နေ  ရာရောက်ရောက် စုံစမ်းမေးမြန်း၍ သတင်းပို့နေရမည်။ ခုတော့ သားနှင့် အမေ၊ လင်နှင့်မယား၊ ဖအေနှင့်သား သည်ဘ၀မှာပင် ထာဝရဝေး ကွာ  ရပြီပေါ့ဟု စဉ်းစားရင်း ကျွန်မခန်္ဓာ တစ်ခုလုံး အရုပ်ကြိုးပြတ် လဲပြိုကျ သွား လေတော့သည်။

[နေဘုဏ်းဝေ]

Saturday, October 20, 2018

Apple iPhone XS : A Luxurious Experience



ပြီးခဲ့တဲ့ ၁ ပတ်ကျော်ကစပြီး အခု ၁၀ရက်ကျော်လောက်ကို iPhone XS က Primary ဖုန်းအနေနဲ့ ဖြစ်နေပါတယ်။ ဘာပဲပြောပြော Android သုံးနေကြကနေ iPhone ကို တော်တော်လေးအချိန်တော်တော်ကြာကြာ Review လုပ်သလောက်တင်မဟုတ်ဘဲ သုံးဖြစ်တာဆိုတော့ ခံစားမိတာတချို့ကို ပြောသွားပါမယ်။ အဲ့ဒီအတွက် Review လို့ ပြောလို့ရချင်ရမယ်... ဒါပေမယ့် ဒီနေရာအဓိကပြောသွားမှာက iPhone XS ဆိုတဲ့ဖုန်းကို သုံးရတဲ့ Feeling ဒါမှမဟုတ် User Experience... ဒါကလွဲပြီး ကျန်တာကို အဓိကထားသွားမှာမဟုတ်ပါဘူး။

ဘာပဲဖြစ်ဖြစ် မစခင်မှာ တကယ်လို့ iOS 12 နဲ့ ပတ်သတ်ပြီး ကျန်ခဲ့တာ၊ မှားတာရှိရင် ထောက်ပေးပါ။ As this is kinda our first iPhone article.

အရင်က သတိထားမိမှာပါ။ Tech Gadget က iPhone ကို ရှိတယ်လို့ကို သဘောမထားတဲ့အဆင့်မှာရှိနေတာ :3

ဒါကလည်း Android တွေကို အဓိကထားနေတာနဲ့ အခုအချိန်အထိ Android ဖုန်းတစ်ခုနဲ့ iPhone နဲ့ကို နှိုင်းယှဉ်ဖို့ကို စိတ်မပါလို့ပါ။ Latest iPhone တိုင်းက တကယ်ကို iOS ကို သုံးနေပြီး Ecosystem တစ်ခုထဲရောက်နေတယ်ဆိုရင် ပိုက်ဆံရှိတာနဲ့ ဝယ်သင့်တဲ့ဖုန်းတွေပါ - ဒါက ပြောနေစရာကိုမလိုတာ၊ ရွေးချယ်စရာလည်း မရှိဆိုတော့...။ ဒါပေမယ့် Android ကိုင်နေကြသူတစ်ယောက် iPhone XS ကို Primary သုံးဖြစ်လာတော့လည်း ရေးစရာပေါ်လာပြန်ပါတယ်။

#Design

စစခြင်း iPhone XS Max မဟုတ်တဲ့ သာမန် iPhone XS Design က ပြီးခဲ့တဲ့နှစ်က iPhone X နဲ့ တူတူပါပဲ။ အဲ့တော့ One Hand Feeling တော်တော်ကောင်းတယ်၊ သုံးထားတဲ့ Stainless Steel Frame နဲ့ Glass Body က ဘယ်လိုမျိုးပဲကိုင်ကိုင် တကယ်ကို Premium Feeling ရတယ်။ Hefty ဖြစ်တယ်လို့ ပြောလို့ရတဲ့ဘက်ရောက်တဲ့ Weight တစ်ခုရှိတယ်။ အဲ့တော့ iPhone X တုန်းက ဖြစ်ခဲ့သလိုပဲ ဒီအရွယ်ဖုန်းတစ်ခုအနေနဲ့ ရှိသင့်တယ်ဆိုတာထက်ပိုတဲ့ အလေးချိန်တစ်ခုရှိတယ်ဘက်ရောက်သွားတယ်... ပုံမှန် စမတ်ဖုန်းတစ်ခုအတွက်ကတော့ ဒါက မကောင်းတဲ့အချက်ပါ။ ဒါပေမယ့် iPhone XS မှာ သုံးထားတဲ့ ပစ္စည်းတွေရဲ့ Quality ကြောင့် ဒါက ပိုပြီ Premium ဖြစ်တဲ့ဆီရောက်သွားတယ်။

ဒါပေမယ့် iPhone XS က Premium ဖြစ်တယ်ဆိုတာထက် ပိုတဲ့အချက်တစ်ခုရှိပါတယ်။ That Gold Color :3

အမှန်အတိုင်းပြောရရင် ကျွန်တော်တို့ ရွှေရောင်ကို မကြိုက်ပါဘူး။ မကြိုက်တာမှ မုန်းတဲ့ဘက်ကိုရောက်တဲ့အထိ မကြိုက်တာပါ။ ဒါပေမယ့် iPhone XS ရဲ့ ရွှေရောင်က တကယ်ကို ပထမဆုံးအနေနဲ့ ကြိုက်တယ်ဆိုတာထက်ကို ပိုမိခဲ့တဲ့အရောင်ဖြစ်လာပါတယ်။ ဘေးဘက်ဘောင်အနားစွန်းတွေကို ကြည့်ရင် တချို့ Lighting တွေမှာ တကယ့် မှန်သားတွေကို ထပ်ထားသလိုမျိုး Layer အလိုက်မြင်နေရတာက တကယ့် Attention to Details ဆိုတာကို လက်မခံလို့မရတော့တဲ့အခြေအနေဖြစ်သွားသလို ကျွန်တော်တို့ကိုလည်း iPhone XS ကို Premium ထက်ပိုတဲ့ Luxury Device တစ်ခုလို့ ပြောရင်တောင် ပြောလို့ရသွားပါတယ်။ This is Hands Down Most Well Built Smartphone Ever!

ဒါပေမယ့် မကြိုက်တဲ့အချက်ကရှိပါသေးတယ်။ ဒါကတော့ ဖုန်းရဲ့ အောက်ဖက်က Speaker Grills နဲ့ Mic ပါ။ အရင်တုန်းက iPhone တွေမှာ ဘယ် ၊ ညာ Consistent ဖြစ်ခဲ့ပေမယ့် iPhone XS မှာ မဖြစ်ပါဘူး။ ဘယ်ဘက်က Mic က ၃ ပေါက်၊ ညာဘက်က Speaker က ၆ ပေါက်.. Mic ဘေးမှာလည်း Antenna Line က ရှိနေသေး။ တော်တော်လေးကို Symmetrical မဖြစ်တာပါ။ အဲ့ဒီတစ်ချက်တော့ တော်တော်လေးကို မကြိုက်... နောက်ပြီး Camera Bump ကလည်း iPhone X လိုမျိုးပဲဆိုတော့ ချထားရင် လှုပ်တုပ်လှုပ်တုပ်နဲ့...

ဘာပဲဖြစ်ဖြစ် iPhone XS က One Hand ကိုင်သုံးဖို့... ပြောရရင် ကိုင်သုံးဖို့ထက် ကိုင်နေရတာနဲ့တင် ဒီဖုန်းက Premium ဖြစ်နေတယ်ဆိုပြီး ခံစားနေရတဲ့ဖုန်းတစ်ခုပါ။ ဒါက ယှဉ်မယ်ဆိုရင် Metal ကို Polycarbonate Plastic Coating အုပ်ထားတဲ့ Pixel 2 လိုဖုန်းတွေနဲ့ ယှဉ်မယ်ဆိုရင် ဆီနဲ့ရေ ကွာပါတယ်။ This is built to be IMPRESSED.

ဆိုတော့ကာ... Design နဲ့ Build Quality အရတော့ iPhone XS က အကောင်းဘက်အမြင်ခံရတယ်... ဒါက တကယ်သုံးတဲ့အချိန်မှာလည်း ဆက်ပြီး တူညီတဲ့ခံစားမှုဖြစ်လာပါတယ်။

#Performance

Well, iPhone XS is Fast Phone. And more on that, it's smooth phone too. That is it.

Apple iPhone တစ်ခုကို Benchmark သွင်းပြီး OS လုံးဝမတူတဲ့ Android ဖုန်းတွေနဲ့ ယှဉ်တာက တော်တော်ကို အဓိပ္ပါယ်မရှိတဲ့ အရူးထတဲ့လုပ်ရပ်တစ်ခုပါ - ကျွန်တော်တို့ မလုပ်ပါဘူး။ Benchmark App တောင် မသွင်းပါဘူး။

ကျွန်တော်တို့အတွက် iPhone XS က ဘာပဲလုပ်လုပ် မြန်တယ်၊ ဘယ်လိုသုံးသုံး လိုက်နိုင်တယ်ဆိုတာထက်မပိုတဲ့ ဖုန်းတစ်ခုပါ။ ဒါက iPhone တိုင်းလားလို့မေးရင်လည်း ဟုတ်ပါတယ်။ ဒါပေမယ့် တခြားသော Old Gen iPhone တွေထက် XS က ပိုမြန်သလိုထင်ရတယ်။ So, there is that.

iOS 12 ၊ Apple ရဲ့ ပြိုင်ဘက်ကင်း Optimized Application တွေ... ဒါတွေက iPhone XS မှာ 7nm A12 Chip မရှိရင်တောင် တခြားမတူတဲ့ OS သုံးဖုန်းတွေထက် ကောင်းတယ်လို့ ပြောလို့ရတဲ့အချက်တွေပါ။ ဒါပေမယ့် ပုံမှန်သုံးတဲ့နေရာမှာ ကျွန်တော်တို့ ခံစားရတဲ့ Feeling ကိုပဲပြောတာပေါ့။

အရင်ဆုံးက Expectation ကို မှီတယ်လို့ ပြောလို့ရတဲ့ အဆင့်မရောက်တရောက် Feeling ပါ။ တကယ်လို့ ကျွန်တော်တို့က ဒီလောက်ဈေးနဲ့ ဒီလိုဖုန်းတစ်ခုကို ဝယ်မယ်ဆိုရင် User Experience က တကယ်ကို Top Notch ဖြစ်နေဖို့ပဲမျှော်လင့်မိမှာပါ။ ဒါကလည်း လူအများအတွက် ဖြစ်လောက်တယ်ဆိုပေမယ့် ကျွန်တော်တို့အတွက် ထင်သလောက်မဖြစ်ပါဘူး။

ဘာကြောင့်လဲ? စစခြင်း သုံးတဲ့အချိန်မှာ iPhone XS က Heat ရှိပါတယ်၊ ဘာနဲ့သွားတူလဲဆိုရင် Galaxy Note 9 လိုမျိုးပါ.. မဖြစ်သင့်ဘူးထင်နေပေမယ့် နောက်ပိုင်းမှာ အခုအထိ ၁၀ ရက်ကျော် သုံးနေဖြစ်တဲ့အထဲမှာ ၄ ကြိမ်၊ ၅ ကြိမ်ထက်မနည်း Bug ဖြစ်ပါတယ် - လုံးဝ Hang ပြီး Home Screen ကို Force Reset လုပ်ရတာက တစ်ခါပါ။ အဲ့တော့ တခြား App တွေသုံးရတာတွေ၊ Animation တွေက မတရား Smooth ဖြစ်တယ်ဆိုပေမယ့် Android Pie Stable ကို Pixel 2 မှာ သုံးတုန်းကတောင် ဒီထက်ပိုပြီး Bug ဖြစ်ခဲ့တာနည်းတယ်လို့ မြင်မိ...

ဒါပေမယ့်လည်း ဒီတစ်ခါလည်း ဘာပဲဖြစ်ဖြစ်နဲ့ အဆုံးသတ်တာပေါ့။ iPhone XS က ပေးရတဲ့ဈေးနဲ့ တန်တယ်ဆိုတာက Design နဲ့ Build Quality မှာ သိသာနေသလို Performance ပိုင်းကလည်း ဘယ်လိုမှ ငြင်းလို့မရတဲ့အချက်ပါ။ ဘာပဲဖြစ်ဖြစ် ပေးရတဲ့ဈေးနဲ့ တန်တဲ့ Performance ရှိပါသေးတယ်။

အဲ့တော့ ဘယ်အချက်က Let Down ဖြစ်မလဲ? စလာတာက Battery Life ပါ။

#Battery

iPhone XS မှာတော့ ဘယ်လောက်မှန်းအတိအကျမသိတဲ့ 3000mAh အောက် Battery တစ်ခုပါတယ်။ 7nm Architecture သုံး A12 Processor က ထင်ထားတာထက်တော့ Battery ခံပါတယ်။ ဒါပေမယ့် ဆိုးတာက One Day Battery မဟုတ်သေးသလို Battery ခံတယ်လို့ ခံစားမရတာပါ။

On-Screen Time တွေအသာထားပါ။ ပုံမှန် ၈ နာရီကျော်လောက်က သုံးနေတာက နေ့လည် ၁၂ ကျော်ရင် Battery က 30% ကျော်ရောက်သွားတာတွေ... သုံးနေရင်းနဲ့ Battery က 20% ရောက်ပြီဆိုပြီး Low Power Mode အော်နေတာတွေ... အပြင်သွားတိုင်း Battery ကို အမြဲ Monitor လုပ်နေရတာတွေ... ဒါက တကယ်ကို iPhone X တုန်းကထက် နည်းနည်းပဲ ပိုကောင်းတယ်ကလွဲပြီး အဆိုးဘက်ရောက်နေဆဲပါ။

ဒီနေရာမှာ ဘာကြောင့် မကောင်းဘူးလို့ပြောလို့ရနေသလဲ? ကျွန်တော်တို့မှာ ဖြေရှင်းချက် ၂ ခုရှိပါတယ်။

No. 1 - Samsung Galaxy Note 9 ကို သုံးနေတဲ့အချိန်တုန်းက ဒီလို စိတ်ပူနေရတဲ့ Feeling တစ်ခုလုံးဝမရှိခဲ့ပါဘူး။ Battery Capacity က တနေကုန် အားပြန်မသွင်းဖြစ်ရင်တောင် စိတ်ပူစရာမလိုဘူးဆိုတာက Safe Feeling တစ်ခုပြန်ရပါတယ်။

No.2 - iOS 12 က Apple ရဲ့ အကောင်းဆုံးသော OS ဆိုပေမယ့် Android Pie လိုမျိုး Battery ပိုင်းမှာ Adaptive လိုက်လုပ်ပေးတာ၊ Battery Usage ကို ဂရုမစိုက်မိနေရင်တောင် သတိပေးတာမျိုးမရှိပါဘူး။ Pixel 2 တုန်းက Battery နည်းတယ်၊ iPhone XS လောက်မကောင်းဘူး - ဒါပေမယ့် သုံးတဲ့ပုံပေါ်မှုတည်ပြီး Adaptive Battery က တကယ်ထိရောက်တယ်၊ အဲ့အပြင် သူ့ဟာသူ Battery အများကြီး ကျန်နေသေးလည်း တကယ်လို့ကိုယ်က အချိန်တိုအတွင်းမှာ အများကြီးသုံးနေရင် ဘယ်အချိန်မှာ Battery ကုန်လောက်တယ်ဆိုတာကို Noti ပေးပါတယ်။

iPhone XS မှာ ဒါတွေမရှိပါဘူး။ အဲ့တော့ ရလဒ်က Powerbank နဲ့ Lightning Cable က အိတ်ထဲအမြဲတမ်းထည့်သွားနေရပါတယ်။

Battery ပိုင်း အားမရတာက နောက်ထပ်တစ်ခုကိုလည်း ဆက်သွားပါတယ်။ Camera ပါ။

#Camera

First, We Don't Give a F**k about DxOMark.

XS က ပြီးခဲ့တဲ့ X နဲ့ ယှဉ်ရင် သိသာတဲ့ Improvement တွေရှိလာပါတယ်။ ဒါကလည်း တကယ်ကို ကိုင်ပြီး သုံးလိုက်တာနဲ့ သိသာတဲ့အချက်ပါ။ Point & Shoot မှာလည်း ကျွန်တော်တို့ XS Camera ကို Galaxy Note 9 ထက် ပိုကြိုက်ပါတယ်။ ဒါပေမယ့် တဖက်မှာ Limitations တွေအများကြီးနဲ့ ရင်ဆိုင်ရနေပြီးတော့ Point & Shoot တောင်မှ စိတ်တိုင်းမကျတာတွေနဲ့ အဆုံးသတ်ပါတယ်။

ဘာကြောင့်လဲ? 

Apple က iPhone XS Camera ကို ပြင်မယ်ဆိုရင် တစ်ခုပါပဲ... Telephoto Lens နဲ့ Dual Camera Setup ကို Drop လုပ်လိုက်ပါ။ That's not a way for BEST CAMERA.

iPhone X မှာတုန်းက အလင်းရောင်နည်းတဲ့အချိန်မှာ iPhone X က အဝါရောင်ဘက်ကို Color Temperature သမ်းတာကို သတိထားမိမှာပါ။ အခု iPhone XS မှာ ဒါကပိုဆိုးလာပါတယ်။ နောက်ပြီး ပြောရရင် iPhone တွေက သဘာဝအကျဆုံးဆိုတာကို ယုံဖို့ပိုခက်လာပါတယ်။

ကောင်းတာအရင်ပြောတာပေါ့။ Dynamic Range ပိုင်း သိသိသာသာကို ပိုကောင်းလာပါတယ်။ ဒါတင်မဟုတ်သေးပါဘူး။ Normal Daylight မှာ Color Science က မတရားကောင်းပါတယ်။ Telephoto Lens ကြောင့်ရတဲ့ 2x Zoom ကလည်း အဆင်ပြေပါတယ်။ ဒါပေမယ့် ဘာဖြစ်သလဲဆိုရင် Details ပိုင်းမှာ မျှော်လင့်ထားသလောက်မရောက်ဘူး၊ တချို့နေရာတွေ အထူးသဖြင့် Indoor တွေမှာ ကျွန်တော်တို့ မျှော်လင့်နေတဲ့ ဓါတ်ပုံတွေမထွက်ဘူး။

ဒါကလည်း ကျွန်တော်တို့အပြစ်ပါ။ ကဲ... ရှင်းရှင်းပဲ ပြောတာပေါ့။

တကယ်လို့ Google Pixel 2 ကို ကျွန်တော်တို့ မသုံးဖူးဘူး၊ Pixel 2 မှာ ရိုက်ရတဲ့ Photo Experience နဲ့ Photo Quality တွေကို ကျွန်တော်တို့ မသိခဲ့ဘူးဆိုရင် iPhone XS က လက်ရှိမှာ အကောင်းဆုံး Camera ဖြစ်မှာပါ။ Galaxy Note 9 ထက်တောင် ပိုကောင်းတာသေချာပါတယ်။

ဒါပေမယ့် Apple ရဲ့ Smart HDR ထက် Google ရဲ့ HDR+ က ပိုကောင်းနေသေးသလို Indoor တွေကလည်း Details ကို Pixel 2 လောက် iPhone XS မစွမ်းဆောင်နိုင်သေးပါဘူး။ ဒါပေမယ့် Pixel 2 ထက် ပိုကောင်းတဲ့နေရာတွေရှိပါတယ် - အထူးသဖြင့် အလင်းရောင်ကောင်းကောင်းရရင်ပါ။

ဒါပေမယ့် ရုပ်ပျက်ဆင်းပျက်ဖြစ်တာက Telephoto Lens ကို စသုံးလိုက်တဲ့နေရာမှာစပါတယ်။ အဲ့ဒီ Aperture f2.4 Secondary Lens ပါ။ Portrait တွေက တခြားသော Telephoto Lens တွေလိုမျိုးပဲ အလင်းရောင်သာကောင်းကောင်းရတယ်ဆိုရင် အကောင်းဆုံးထဲပါပါတယ်၊ ဒါက လူပုံကို ရိုက်တာမှာပါ - ဒီနေရာမှာ နောက်ခံအလင်းရောင်ရှိတယ်ဆိုရင် Apple ရဲ့ Aperture ကို Software နဲ့ ပြင်လို့ရတာတွေက အသုံးဝင်လာပါတယ်။

ဒါပေမယ့် Indoor တွေ၊ Night Time Portrait တွေ... အကုန်လုံးမှာ အဲ့ဒီ Telephoto Lens ကြောင့် ပုံမှန် Primary Lens က ရိုက်တာထက် တဝက်ကျော် အလင်းဝင်တာဆုံးရှုံးပါတယ်။ အဲ့တော့ ဓါတ်ပုံတွေက ပိုမှောင်လာတယ်။ အဆုံးသတ်က Low Light Portrait အတွက် iPhone XS ကို ဘယ်လိုမှ သိန်း ၂၀ ဖုန်းဆိုတာ မြင်ရက်စရာမရှိတာပါ။

ဒါတင်လားဆိုတော့ နောက်တစ်ခုမှာပါ ထိခိုက်ပါတယ်။ AI မပါတော့ဘဲ Hardware ဖြစ်တဲ့ Secondary Lens အကူအညီနဲ့ Background Information ကို ယူတဲ့အတွက် Object Portrait တွေမှာ တော်တော်လေးကို ဆိုးဆိုးရွားရွားဖြစ်လာပါတယ်။ Edge Detection တွေက အကောင်းဆုံး Flagship ဖုန်းတစ်ခုအတွက် အဆင်ပြေသင့်တဲ့ Backlit Environment မှာ ဖန်ခွက်လိုမျိုးအရာကိုတောင် မှန်အောင်မဖြတ်နိုင်တော့ပါဘူး။ It's just BAD.

အဲ့တော့ ဘာကိုမျှော်လင့်ရမလဲ? ပြောသလို Pixel 2 ကလွဲရင် iPhone XS မှာ သူ့ကို မှီနိုင်တဲ့ စမတ်ဖုန်းမရှိသလောက်ပါ။ Galaxy Note 9 ကတော့ Image Quality အရ နည်းနည်းလေးနည်းတယ်ဆိုပေမယ့် Super Slow-Motion Video တွေနဲ့ တခြား Variable Aperture လိုမျိုးတွေမှာ သာနေသေးတယ်။ အဲ့တော့ iPhone XS က Point & Shoot ပိုကောင်းတယ်ဆိုပေမယ့် GN9 ရဲ့ Manual Mode တွေနဲ့ Feature တွေကို ယှဉ်မယ်ဆို ဒါကတကယ်ကိုခက်တဲ့ A+ အဆင့် စမတ်ဖုန်းကင်မရာတွေပါ။

Pixel 2 က တစ်ဆင့်ပိုပြီး A++ ဖြစ်သွားတာက လွဲရင်ပေါ့။

Selfie ကောင်းလာတယ်... ဒါပေမယ့် အကောင်းဆုံးမဟုတ်။

ကဲ.... အဆုံးသတ်တာပေါ့။

ရိုးရှင်းတာတစ်ခုနဲ့ပဲ ရပ်ပါမယ်။ Galaxy Note 9 နဲ့ iPhone XS အတူရှိနေတယ်... ဒါပေမယ့် iPhone XS က ဒီ ၁၀ ရက်ကျော်လောက် တကယ်ကို Daily Driver အနေနဲ့ သုံးရတာစိတ်ကျေနပ်တဲ့ဖုန်းတစ်ခုပါ။ Maybe, one hand usage ပိုကောင်းတာကြောင့်ဖြစ်မယ်၊ Maybe, Speaker ပိုကောင်းတာကြောင့်ဖြစ်မယ်၊ Maybe, User Experience ပိုကောင်းတာကြောင့်ဖြစ်မယ်၊ Maybe, Build Quality က ကိုင်လိုက်တာနဲ့ Premium ဆန်နေတယ်ဆိုတာ သိသာနေတာကြောင့်ဖြစ်မယ်... .

ဒါပေမယ့် သေချာတာက iPhone XS (အထူးသဖြင့် ဒီရွှေရောင်) က ဒီလတွေ၊ နှစ်တွေထဲမှာ တော်တော်လေးကို ကိုင်သုံးရတာပျော်တဲ့ ဖုန်းတစ်ခုပါ။ အားနည်းချက်တွေရှိနေသေးတယ်ဆိုပေမယ့် မနှစ်က iPhone X ထက် မသိသာတဲ့အရာသေးသေးလေးတွေမှာ Improve ဖြစ်လာတော့ တကယ်ကို ကျွန်တော်တို့လို အပြစ်ရှာတဲ့သူတွေအတွက်တောင် သုံးရတာပျော်လာတဲ့ဖုန်းတစ်ခုအဖြစ် အဆုံးသတ်ခဲ့ပါတယ်။


Well, let's move to Galaxy Note 9 then.

TechGadgetMM

Friday, October 19, 2018

MALA ကြက်အကြွပ်ကြော် - ငါးပေါင်း - ၀က်နားရွက်သုပ်



မာလာကြက်အကြွပ်ကြော်

ကြက်ပေါင်သား                  - ၉၅၀ ဂရမ်
ကြက်ဥ                            - ၂လုံး
ရွှေလိပ်ပြာအကြော်မှုန့်          - စားပွဲဇွန်း ၄ ဇွန်း+ စားပွဲဇွန်း ၆ ဇွန်း
ဆား                                - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ငရုတ်သီးအရောင်တင်မှုန့်      - လက်ဖက်ရည်ဇွန်း ၁ ဇွန်း + လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြက်သားမှုန့်                     - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ကြော်ရန်ဆီ

မာလာဆော့စ်အတွက်လိုအပ်တာတွေကတော့…


မာလာဟင်းအနှစ်                          - စားပွဲဇွန်း ၆ ဇွန်း
ငရုတ်သီးမှုန့်                                - စားပွဲဇွန်း ၂ ဇွန်း
သကြား                                     - စားပွဲဇွန်း ၄ ဇွန်း
ခရုဆီ                                       - စားပွဲဇွန်း ၆ ဇွန်း
ပဲငံပြာရည်အကြည်                        - စားပွဲဇွန်း ၂ ဇွန်း
ကြက်သွန်ဖြူ                            - ၂၅ ဂရမ် (ကျေညက်အောင်ထောင်းထားပါ)
ရေ                                      -  စားပွဲဇွန်း ၆ ဇွန်း

1. လှီးထားတဲ့ ကြက်သားကို ဆား၊ ငရုတ်သီးအရောင်တင်မှုန့်လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ အကြော်မှုန့် စားပွဲဇွန်း ၄ ဇွန်း၊ ကြက်ဥ ၂လုံး ဖောက်ထည့်ပြီး နယ်ထားပါ။
2. ဆော့စ်ချက်ဖို့အတွက် အိုးအသေးတစ်လုံးထဲကို မာလာဟင်းအနှစ်၊ ငရုတ်သီးမှုန့်၊ ခရုဆီ၊ သကြား၊ ငံပြာရည်၊ အသားမှုန့် ထောင်းထားတဲ့ ကြက်သွန်ဖြူ၊ ရေထည့်ပြီး မွှေပါ။
3. ပြီးလျှင် မီးဖိုပေါ်တင်ပြီး အပူပေးပါ။ ဆူလာရင် မီးအေးအေးဖြင့် ပျစ်လာသည်အထိ ချက်ပါ။
4. ၄-၅ မိနစ်ခန့်ချက်ပြီးရင် ဆော့စ်ပျစ်သည်နှင့် မီးဖိုပေါ်မှချပါ။
5. ရွှေလိပ်ပြာအကြော်မှုန့်ကို ဗန်းထဲဖြန့်ခင်းပါ။ ပြီးလျှင် ငရုတ်သီးအရောင်တင်မှုန့်နဲ့ ကြက်သားမှုန့်ထည့်ပြီး မွှေထားပါ။
6.  ပြီးလျှင် နှပ်ထားတဲ့ ကြက်သားထည့်ပါ။ ပြီးနောက် မွှေပေးပါ။ မုန့်သားကြွပ်ကြွပ်လေးဖြစ်ဖို့ ရေနဲနဲထည့်ပြီး ကြက်သားနဲ့ အကြော်မှုန့်များများကပ်အောင်နယ်ပါ။
7. နယ်ထားတဲ့ ကြက်သားကို နှစ်ခါခွဲပြီး ကြော်ပါ။ ကြော်တဲ့အခါ မီးအရှိန်မပြင်းပါစေနဲ့ မီးအရှိန်ပြင်းပါက အတွင်းဖက်ကြက်သား မကျက်ဘဲဖြစ်တတ်ပါတယ်။
8. နီညိုရောင်သန်းအောင်ကြော်ပြီး ဆယ်ထားပါ။ ၁၅-၁၈ မိနစ်ဆိုလျှင် ရပါပြီ။
9. ပြီးလျှင် ကြော်ထားတဲ့ ကြက်သားကို ဆော့စ်နဲ့ရောမွှေပြီးရင် သုံးဆောင်နိုင်ပါပြီ။
[by Myint Oo Tha]

စီချွမ်ဝက်နားရွက်သုပ်
••••••••••••••••••••••



ဝက်နားရွက်..........၁ခု
ချင်းသေးသေး.......၁တက်
ကြက်သွန်ဖြူ.........၃တက်
သံပုရာသီး............၁လုံး
နံနံပင်.. ..............အနည်းငယ်။
စီချွမ်ငရုတ်နှစ်........၁ဇွန်း (老干妈 lao gan ma တံဆိပ်)



စီချွမ်ငရုတ်နှစ်ဆိုတာ..တရုတ်ပြည်ကတင်သွင်းတဲ့ဆီတိုဟူး၊မှိုကြော်စတာတွေကိုပုလင်းနဲ့စည်သွပ်ထားတဲ့ပုံစံလေးတွေပါ။အဖုံးအနီ၊တံဆိပ်ပတ်အနီရောင်မှာမျက်မှန်နဲ့လူတစ်ဦးပုံပါတတ်တဲ့တံဆိပ်မျိုးပါ။
တခြားအရသာကောင်းမယ့်စီချွမ်ငရုတ်အနှစ်များလဲသုံးနိုင်ပါတယ်။

စီချွမ်ငရုတ်သီးအနှစ်ဟာတခြားဟင်းခတ်အမွှေးအကြိုင်တွေနှင့်အတူရောပြီးဆီသတ်ထားတာကြောင့်ထမင်းဖြူနဲ့ဒီတိုင်းနယ်စားလဲအရသာရှိလှပါတယ်။

ဝက်နားရွက်ကိုရေဆေးပြီးအရသာနယ်ကာ..ချင်းတစ်တက်လောက်ဓားပြားရိုက်ထည့်ပြီးပြုတ်ပါ။




အရမ်းနှုးအောင်ပြုတ်ဖို့မလိုအပ်ပဲခပ်ကြွပ်ကြွပ်လေးဖြစ်နေဖို့သတိထားပြီးပြုတ်ပါ။

ချင်းနှင့်ကြက်သွန်ဖြူကိုရောပြီးညှက်နေအောင်ထောင်းပြီးရေလေးအနည်းငယ်နှင့်ဖျော်ထားပေးပါ။

ဝက်နားရွက်နှုးတဲ့အခါပါးပါးလေးလှီးပါ။

စီချွမ်ငရုတ်အနှစ်၊သကြား၊ပဲငံပြာရည်အကြည်၊ဟင်းခတ်မှုန့်၊သံပုရာရည်လေးညှစ်ပြီးချင်းနှင့်ကြက်သွန်ဖြူရောထောင်းထားသောအရည်လေးဆမ်းကာခပ်ဖွဖွနယ်ပေးပါ။

နှမ်းလှော် နှင့်နံနံပင်လေးအလှဆင်လိုက်ရင်လွယ်ကူရိုးရှင်းပြီးမွှေးရနံ့သင်းပျံ့တဲ့စီချွမ်ဝက်နားရွက်သုပ်လေးအဆင်သင့်ဖြစ်ပြန်ပါပြီ။


(ဟင်းချက်နည်းများ)

မာလာငါးပေါင်း (အလွယ်နည်း)




အိစံ ဒီတခေါက် မြန်မာပြည်ပြန်မှ ညီမတယောက် လိုက်ကျွေးလို့ မာလာငါးပေါင်း စားဖူးတာ။ အ၇မ်းစားလို့ ကောင်းတော့ ဒီပြန်ေ၇ာက်တော့ အိမ်မှာလုပ်စားကြည့်တယ်။ ပထမတခါလုပ်စားတုံးကတော့ အ၇မ်းငံသွားတယ်။ ဒီတခါလုပ်စားတော့ ဆိုင်က အိစံစားခဲ့တဲ့ အ၇သာနဲ့ တပုံစံတည်းထွက်လို့  သူငယ်ချင်းတို့ လဲ လုပ်စားကြည့်၇အောင်လို့ ပါ။ လုပ်နည်းက လွယ်ကူမြန်ဆန်ပါတယ်။ မာလာငါး အနှစ်ထုပ်ကိုသုံးထားတာပါ။

ပါဝင်သောပစ္စည်းများ
၁။ ဆလားဗီးယား ငါး (သို့ ) ကြိုက်နှစ်သက်ရာငါး - ၁ ကောင်
၂။ မာလာငါး အနှစ် (Comment ပုံတွင်ပြထားသောအထုပ်မှ) - ထမင်းစားဇွန်း၂ ဇွန်း (သို့ ) အထုပ် ထဲမှ သုံးပုံတပုံ



၃။ မြေပဲ - ထမင်းစားဇွန်း ၂ ဇွန်း
၎။ လှော်ထားသောနှမ်း - ထမင်းစားဇွန်း ၁ ဇွန်း
၅။ ပါးပါးလှီးထားသော ကြက်သွန်မြိတ် - ထမင်းစားဇွန်း ၁ ဇွန်း ခွဲ (သို့ ) ကြိုက်နှစ်သက် သလောက်
၆။ ပါးပါးလှီးထားသော တရုတ်နံနံ - ထမင်းစားဇွန်း ၁ ဇွန်းခွဲ (သို့ ) ကြိုက်နှစ်သက်သလောက်
၇။ ဂျင်း- လက်တဆစ်
၈။ ဆီ - ထမင်းစားဇွန်း ၁ ဇွန်း
၉။ ရေ - ထမင်းစားဇွန်း ၄ ဇွန်း



ပြုလုပ်နည်း
၁။ ဂျင်းကိုမညက်တညက်ထောင်းပါ။ သန့် စင်ထားသောငါးကို ပန်းကန်တခုထဲထည့်ရ်ျ ဂျင်း အ၇ည်ကို အပေါ်မှညှစ်ချပါ။ ငါးရဲ့ ၂ဖက်လုံးပေါ် ဂျင်းရည် ညှစ်ပါ။ထို့ နောက် ငါးကို ၁၅ မိနစ် (သို့ ) မိနစ် ၂၀ ခန့် ပေါင်းပါ။ ပန်းကန်ထဲတွင် ပေါင်းထားသော ငါးမှ ထွက်လာသောအ၇ည်များကို သွန်ပစ်ပါ။ (ထိုအ၇ည်များတွင် အညှီနံများပါသွားပါလိမ့်မည်။)
၂။ မာလာငါးအနှစ်လုပ်၇န်အတွက် အိုးတခုထဲတွင် ဆီ၊ မာလာငါးအနှစ်၊ ရေ တို့ ကို တည်ပါ။အနှစ်များ ကျက်ပြီး အ၇မ်းပူလာလျှင် မီးဖိုမီးပိတ်ပီး မြေပဲ၊နှမ်း၊တရုတ်နံနံ၊ ကြက်သွန်မြိတ်တို့ ကို ထည့်ရ်ျ နှံ့ အောင်မွှေပါ။
၃။ ထို့ နောက် ပြုလုပ်ထားသော မာလာငါးအနှစ်ကို ပေါင်းထားသော ငါးပေါ်ဆမ်းပါ။
၎။ အလွန်အရသာရှိပြီး ပြုလုပ်ရလွယ်ကူတဲ့ မာလာငါးပေါင်းကို ထမင်းပူပူဖြင့်သုံးဆောင်နိုင်ပါပြီ။


(ထမင်းစားဇွန်း= 1 tablespoon= 15ml)

ချက်ပြုပ်ပြသူ - အိစံ