Wednesday, January 12, 2022

ဘိန်းဘုရင်ခွန်ဆာ

သူတို့ဖက်ကကြည့်တော့သူရဲကောင်း (သို့)ဘိန်းဘုရင်ခွန်ဆာ




ခွန်ဆာလို့ ဆိုလိုက်ပါက မြန်မာသာမက ကမ္ဘာကပါ ဘိန်းဘုရင်တဦးအဖြစ် အားလုံးသိသူ၊ ခုထိလည်း ရွှေတြိဂံ ဘိန်းကိစ္စတွေမှာ ထည့်သွင်းရည်ညွှန်းခံနေရဆဲ သူတဦး ဖြစ်ပါတယ်။ခွန်ဆာကို တောင်သိန္နီစော်ဘွားနယ် (ယခု တန့်ယန်းမြို့နယ်) လွိုင်မော်ကျေးရွာအုပ်စု၊ ဖာဖိန့်ရွာနေ တရုတ်လူမျိုး ဖခင် ခွန်အိုက်နှင့် ရှမ်းလူမျိုး မိခင် နန်းဆိုင်ဇွန် တို့မှ ၁၉၃၄ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်တွင် မွေးဖွားခဲ့ပါတယ်။


၁၉၃၇ ခုနှစ်၌ ဖခင်ကွယ်လွန်ရာ မိခင်က မိုင်းတွမ်းမြို့စား ခွန်ကြည်နှင့် ထပ်မံလက်ဆက်ခဲ့ပါတယ်။၁၉၃၉ ခုနှစ်၌ မိခင်ကွယ်လွန်ပြန်ရာ ဘထွေးနှင့် အတန်ကြာနေထိုင်၍အဘိုးက ပြန်မွေးစားခဲ့ပြီးနောက်ပိုင်းဦးလေးဖြစ်သူ ခွန်ကြာက ထိန်းကျောင်းပေးခဲ့ရပါတယ်။ငယ်စဉ်က ကူမင်တန် တရုတ်ဖြူတပ်မှာ အမှုထမ်းခဲ့ပြီးနောက်ပိုင်းတွင် ကူမင်တန်မှ ခွဲထွက်ပြီး နောက်လိုက် ရာဂဏန်း အနည်းငယ်ဖြင့် ကိုယ်ပိုင်တပ်ကို စတင်တည်ထောင်ခဲ့ပါတယ်။


၁၉၆၀ ခုနှစ်တွင် မြန်မာအစိုးရ ဩဇာခံ (လွယ်မော်ကာကွယ်ရေး)တပ် အဖြစ် ပြောင်းလဲခဲ့ပြီးငွေ၊ ဝတ်စုံနှင့် လက်နက်များကို ရယူပြီး ရှမ်းပြည်တပ်မတော် (Shan State Army)ကို တိုက်ခိုက်ပြီးနောက် တပ်အင်အား ၈၀၀ အထိ တိုးချဲ့အားကောင်းလာခဲ့ပါတယ်။


၁၉၆၄ ခုနှစ်၌ ငါးဆယ်ကျပ်နှင့် တစ်ရာကျပ်တန်များကို (တော်လှန်ရေးကောင်စီ)က ဖျက်သိမ်းရာမှတောခိုပြီး ထိုင်းနယ်စပ် ဘန့်ထော့ထိုင်းမှာစတင်အခြေပြုခဲ့ပါတယ်။၁၉၇၆ ခုနှစ်တွင် ၎င်း၏တပ်ဖွဲ့ကို စည်းလုံးညီညွတ်သည့် ရှမ်း တပ်မတော် (Shan United Army) ဟု ပြောင်းလဲဖွဲ့စည်းပြီး ရှမ်းလူမျိုးများဘက်မှ ရပ်တည်ကာ မြန်မာ စစ်အစိုးရကို တိုက်ခိုက်ခဲ့ပါတယ်။


၁၉၈၅ ခုနှစ်တွင် စဝ်ကွဏ်းဇိန်း (ခ) မိုးဟိန်း ဦးဆောင်သည့် ရှမ်းတော်လှန်ရေးကောင်စီနှင့်ပူးပေါင်းပြီး စဝ်ကွန်းဇိန်းက ဥက္ကဋ္ဌ၊ ခွန်ဆာက ဒုဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကြပါတယ်။ဟိုမိန်းဌာနချုပ်ကို တည်ထောင်ကာ ရှမ်းပြည်နယ် အရှေ့ပိုင်းတခွင်နှင့် ရှမ်း – ကယား နယ်စပ် အထိ ထိန်းချုပ်လာနိုင်ခဲ့ပြီး၊၁၉၉၁ ခုနှစ်တွင် စဝ်ကွန်းဇိန်းကွယ်လွန်ရာ ဥက္ကဋ္ဌအဖြစ်ရွေးချယ်ခံရတယ်။ဒီနောက်ပိုင်းMTA(ခေါ် )မုန်တိုင်းတပ်မတော်(Mong Tai Army) ကို ဖွဲ့စည်းခဲ့ပြီး ထိုင်း – မြန်မာ – လာအို နယ်စပ် ရှိ ရွှေတြိဂံဒေသတွင် ဘိန်းဖြူ အမြောက်အမြား ထုတ်လုပ်ခဲ့သဖြင့် ဘိန်းဘုရင်ဘွဲ့ဖြင့်ထင်ရှားလာခဲ့ပါတယ်။


၁၉၈၈ ခုနှစ်တွင် ထိုင်းမှ မြန်မာ သို့ တရားမဝင် ဝင်ရောက်လာခဲ့သော ဩစတြေးလျ သတင်းထောက် စတီဖင်ရိုက် နှင့် အင်တာဗျူးခဲ့ပြီး ဘိန်းစိုက်ခင်းများ မစိုက်ပျိုးစေရန်အတွက်၊တနှစ်လျှင် ဩစတြေးလျှဒေါ်လာ သန်း (၅၀ )ဖြင့် နောက် ၈ နှစ် အတွက် ရောင်းပေးမည်ဟု ဩစတြေးလျ အစိုးရထံသို့ ကမ်းလှမ်းခဲ့ပြီးဩစတြေးလျအစိုးရက ပယ်ချခဲ့ပါတယ်။


(၁၉၈၉ )ခုနှစ်တွင် အမေရိကန် နိုင်ငံနယူးယောက်တရားရုံးက ခွန်ဆာကို ဘိန်း တန်(၁၀၀၀)တင်ပို့ရန် ကြံစည်မှုဖြင့် တရားစွဲသည်ကို တုံ့ပြန်သောအားဖြင့် ..သူ့နယ်မြေမှထုတ်လုပ်သည့် ဘိန်းဖြူ အားလုံးကို ဝယ်မည်ဆိုလျှင် နိုင်ငံတကာ မူးယစ်ဆေးဈေးကွက်သို့ ဖြန့်ဝေရောင်းချခြင်းမပြုတော့ဟုပင် အမေရိကန်ကို လှောင်ပြောင်ကမ်းလှမ်းခဲ့ပါသေးတယ်။


ခွန်ဆာအား အမေရိကန်နိုင်ငံက ဆုကြေး ဒေါ်လာ (၂) သန်း ထုတ်ပြန် ကြေညာခဲ့သော်လည်း ဖမ်းဆီးပေးပို့ရေးကို မြန်မာ စစ်အစိုးရက ငြင်းဆိုခဲ့ပါတယ်။သို့ဖြင့်ခွန်ဆာသည် “အမေရိကန် အစိုးရလက်သို့ လွှဲပြောင်းပေးခြင်း မခံရနိုင်” ဟူသော ယုံကြည်ချက်ဖြင့်


မြန်မာစစ်အစိုးရနှင့် ညှိနှိုင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်းဆိုကြပါတယ်။ရှမ်းပြည်နယ်မှ ရန်ကုန် မြို့တော်သို့ သွားရောက် အခြေချပြီး နောက်ပိုင်းရန်ကုန်၊ မန္တလေးနှင့် တောင်ကြီးမြို့တို့တွင် လုပ်ငန်းကြီးပေါင်းများစွာရင်းနှီး လုပ်ကိုင်ခဲ့ပါတယ်။(၂၀၀၇ )အောက်တိုဘာ (၂၆)တွင် ရန်ကုန်မြို့တွင်ဆီးချို၊ လေတပိုင်းဖြတ်ခြင်း နှင့် သွေးတိုး ရောဂါများဖြင့်ကွယ်လွန်ခဲ့ပြီးရန်ကုန်မြို့ ဝေးသုသာန်တွင် မြုပ်နှံခဲ့ပါတယ်။နန်းကေးယွန်း (၁၉၉၃ ကွယ်လွန်) နှင့် လက်ထပ်ခဲ့ရာ သားသမီး ရှစ်ဦး ရရှိခဲ့သည်ဟုဆိုကြပါတယ်။


တဖက်ကကြည့်တော့ ခေါင်း၊ တဖက်ကကြည့်တော့ ပန်းဆိုသည့် လောကဓမ္မတာလိုပင် တဖက်က ဘိန်းဘုရင်ဟု သမုတ်ကြသော်လည်း ရှမ်းတိုင်းသား တချို့အတွက်တော့ခွန်ဆာဟာ မျိုးချစ်သူရဲကောင်းတဦး ဖြစ်နေခဲ့ပြန်ပါတယ်။ဘာကြောင့် ဒီလိုပြောရသလဲဆိုတော့ ထိုင်းနိုင်ငံမြောက်ပိုင်း မြန်မာနယ်စပ်အနီး တောင်တန်း တနေရာမှာရှိတဲ့ ဘန့်ထော့ထိုင်း ဆိုတဲ့ရွာလေးမှာ တွေ့ခဲ့ရတဲ့ မြင်ကွင်း၊ ကြားခဲ့ရတဲ့ ပြောဆိုချက်တွေကြောင့် ဖြစ်ပါတယ်။


ထိုင်းနယ်နိမိတ်ထဲက ဘန့်ထော့ထိုင်းရွာလေးဟာ လွယ်မော် ကာကွယ်ရေးက အစပြုခဲ့တဲ့ ရှမ်းပြည် သွေးစည်းညီညွတ်ရေတပ်မတော်၊နောင်မှာတော့ (Mong Tai Army )လို့ ခေါ်တဲ့ MTA တပ်ရဲ့ ခေါင်းဆောင် ခွန်ဆာ စခန်းချ အခြေစိုက်ခဲ့တဲ့ ရွာလေးဖြစ်ပါတယ်။အရင်ကတော့ (ဘန့်ဟင်တက်)လို့ လူသိများတဲ့ ဒီရွာလေးမှာ ခွန်ဆာဟာ ၁၉၆၄ ခုနှစ်ကနေ ၁၉၈၂ တဝိုက်အထိ အခြေချခဲ့ တာပါ။


မယ့်စလောင်း တောင်ရိုးပေါ်မှာရှိတဲ့ ဒီရွာလေးဟာ မြန်မာနယ်စပ်နဲ့ဆိုရင် ကီလို ၃၀ ခန့် ဝေးပြီး၊မယ်စလောင်းမြို့ငယ်လေး ကနေ တောင်ပေါ်ကားလမ်းအတိုင်း မယ့်စလောင်၊ ကျင်းတပ် စတဲ့ရွာလေးတွေကို ဖြတ်ကာ နာရီဝက်ခန့် သွားလိုက်ရင်ဖြင့် ဘန့်ထော့ထိုင်း ရွာလေးကို ရောက်ပါပြီ။


ရွာအဝင် ကားလမ်းဘေး တနေရာမှာတော့ Khum Sa Old Camp လို့ ထိုင်း – အင်္ဂလိပ် ၂ ဘာသာနဲ့ ရေးသားထားတဲ့ ခွန်ဆာစခန်းဟောင်းဆီကို လမ်းညွှန်ထားတဲ့ မထင်မရှား ဆိုင်းဘုတ်လေး တခုရှိပါတယ်။ခွန်ဆာ စတင်စခန်းချစဉ်က အိမ်ခြေ ၇ အိမ်ခန့်သာ ရှိတဲ့ ဘန့်ထော့ထိုင်းရွာလေးဟာ အခုဆိုရင် လူဦးရေ ထောင်ဂဏန်းရှိတဲ့ ရွာကြီးတရွာ ဖြစ်နေပါပြီ။


ဒီရွာလေးမှာ နေထိုင်သူအများစုဟာ ခွန်ဆာရဲ့ ယခင် ရှမ်းရဲဘော်များဖြစ်ပြီး၊ အကြောင်း အမျိုးမျိုးကြောင့် မြန်မာပြည်ကို မပြန်နိုင်တော့တဲ့သူတွေ၊ခွန်ဆာ လက်နက်ချတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး သဘောကွဲလွဲသူတွေဟာ ဒီရွာလေးမှာ ဇာတ်မြှုပ်ပြီး အခြေချ နေထိုင်ခဲ့တာ ဖြစ်ပါတယ်။


စည်ကားလှတဲ့ ရွာလည်ကို ဖြတ်ကာ အရှေ့ဘက်တောင်ခြေကို သွားလိုက်ရင် စိန်ပန်းပင်အိုကြီးတွေ အုပ်မိုးထားတဲ့ မြေကွက်လပ်မှာတော့ လူကြီးတယောက် မြင်းကြီးစီးနေတဲ့ ရုပ်တုတခု။သူကတော့ အားလုံးသိကြတဲ့ ကမ္ဘာကျော် ခွန်ဆာ ပါပဲ။ဒီနေရာမှာ စခန်းချသွားတဲ့ ခွန်ဆာကို အမှတ်ရတဲ့ အနေနဲ့ ဘန်ထော့ထိုင်းရွာလေးက ရှမ်းတိုင်းရင်းသားတွေဟာ ခွန်ဆာပုံတူ မြင်းစီးကျောက်ရုပ်ကို ထုလုပ်ထားတာဖြစ် ပါတယ်။


ခွန်ဆာရုပ်ထုရဲ့ ရှေ့မှာတော့ သူရှိစဉ်က ရုံးထိုင်ခဲ့တဲ့ ရုံးခန်း၊ အစည်းအဝေးခန်းမ၊ စစ်သားတွေနေတဲ့ တန်းလျား၊ သူနေတဲ့ အခန်းတွေကို ဟိုအရင် ခွန်ဆာ တပ်စခန်းချခဲ့တဲ့ အနေအထားအတိုင်းပဲ မြင်တွေ့နေရပါတယ်။တောင်စောင်း တနေရာမှာတော့ တပ်စည်းကမ်း ဖောက်ပျက်သူတွေ၊ တပ်ပြေးတွေ၊ ပြစ်မှုကျူးလွန်သူ၊ မူးယစ်ဆေးဝါး သုံးစွဲ သူတွေကို ထားရှိရာ မှောင်မဲနေတဲ့ မြေအောက် အကျဉ်းစခန်းရှိပါတယ်။


ရုံးခန်းရှေ့မှာတော့ ၁၉၈၂ ခုနှစ်မှာ ထိုင်းတပ်မတော်က ခွန်ဆာရဲ့ ဘန့်ဟင်တက်စခန်းကို ကြည်းတပ်၊ လေတပ်တွေနဲ့ ထိုးစစ်ဆင်စဉ် လေတပ်က ကြဲချခဲ့တဲ့ လူရဲ့ရင်စို့လောက်ရှိတဲ့ ဗုံးဆံခွံကြီးတခုကို ထောင်ထားကာ အမှတ်တရအနေနဲ့ ပြသ ထားပါတယ်။မကြာခင်မှာပဲ ဒီပြတိုက်ကို ဦးဆောင်ထိန်းသိမ်းနေတဲ့ စိုင်းခေးလုံ ရောက်လာပါတယ်။ စိုင်းခေးလုံဟာ အရင်က ခွန်ဆာရဲ့ တပ်က မိဘမဲ့ကလေးတွေကို စာသင်ပေးရတဲ့ ကျောင်းဆရာတဦးပါ။


သူ့ရဲ့ ပြောပြချက်အရ တောင် ၃ လုံး ကာရံထားတဲ့ ဘန့်ဟင်တက် တပ်စခန်းဟာ ၁၂ ဧက ကျယ်ဝန်းပြီး၊ တောင်တွေပေါ်မှာ စစ်သား ၂၀၀ လောက် စခန်းချထားတဲ့အတွက် ရန်သူတွေ လာရောက် တိုက်ခိုက်ဖို့ မလွယ်ဘူးလို့ ဆိုပါတယ်။အဲဒီနောက်မှာတော့ စိုင်းခေးလုံက ပြတိုက်လုပ်ထားတဲ့ ခွန်ဆာရဲ့ စစ်တန်းလျားကို လှည့်လည်ပြသပါတယ်။


ခွန်ဆာ စခန်းဟောင်းကို ပြတိုက်ဖွင့်လှစ်ခြင်းရဲ့ ရည်ရွယ်ချက်က နောင်လာနောက်သားတွေ အတွက် သမိုင်းဝင် နေရာတခုအဖြစ် သိရှိဖို့လို့ ဆိုပါတယ်။ပြတိုက်ထဲမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသား ခေါင်းဆောင်ကြီးတွေ ပင်လုံ စာချုပ်ချုပ်ဆိုဖို့ ဆွေးနွေးနေကြတဲ့ ပန်းချီကားကြီးကို ချိတ်ဆွဲထားပြီး၊


ရှမ်းစော်ဘွားတွေဖြစ်တဲ့ မိုင်းပွန်၊ သီပေါ၊ ကျိုင်းတုံ၊ ညောင်ရွှေစော်ဘွားနဲ့ မဟာဒေဝီတို့ပုံတွေ၊ အဲဒီနောက် ရှမ်းတော်လှန်ရေးကိုစတင်ခဲ့တဲ့ နွံစစ်ဟန်အဖွဲ့ ခေါင်းဆောင် စဝ်နွဲ့၊ တခြား ခေါင်းဆောင်များဖြစ်တဲ့ ဗိုလ်မိုးဟိန်း၊ ဗိုလ်စိုင်းလိတ် (ကုလား)၊ ဗိုလ်ကမ်းရွက်၊ ဗိုလ်ချုပ် ဆေထင်၊ ဗိုလ်ချုပ် ရွက်ဆစ် စသူများရဲ့ဓာတ်ပုံများအပြင် ၊


ရှမ်းပြည်နယ် အတွင်းက ပအိုဝ်၊ ပလောင်၊ ၀၊ မိုင်းလားစတဲ့ ခေါင်းဆောင်တွေရဲ့ ဓာတ်ပုံတွေ၊ ရှမ်းစာပေနဲ့ယဉ်ကျေးမှုအပိုင်းက ဦးဆောင် သူတွေဖြစ်တဲ့ ဦးခွန်းဆိုင်၊ ဦးစိန်ကြည်နဲ့ ရှမ်းနိုင်ငံရေးသမားတွေ့ရဲ့ ဓာတ်ပုံတွေ ရှိပါတယ်။ထူးထူးခြားခြား သတိထားမိတာ တခုကတော့ သီချင်းရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ်၊ အဆိုတော် စိုင်းထီးဆိုင်၊ စိုင်းဆိုင်မောဝ် စသူများရဲ့ ဓာတ်ပုံများကိုလည်း မူးယစ်ဆေးဝါးနဲ့ နာမည်ကြီးတဲ့ ခွန်ဆာတို့လို ဝေရှောက်ခန်၊ စိုင်းလင်း၊ ဗိုလ်မွန်း စတဲ့သူတွေနဲ့ အတူတူတွေ့ရခြင်းပါပဲ။


စိုင်းခေးလုံကတော့ “ခွန်ဆာဟာ တခြားသူတွေလိုပဲ ရှမ်းပြည် လွတ်မြောက်ရေးမှာ တတပ်တအား ပါဝင်ခဲ့တာကြောင့် အားလုံးနဲ့ တန်းတူထားတာ ဖြစ်တယ်” လို့ ဆိုပါတယ်။


ဒါအပြင် ရှမ်းစစ်သားတွေကို တရားဟောနေတဲ့ ခွန်ဆာ၊ သေနတ်ကိုင်ထားတဲ့ ခွန်ဆာ၊ မြင်းစီးနေတဲ့ ခွန်ဆာ၊ ကျွန်းပင်ကြီး အောက်မှာ အနားယူနေတဲ့ ခွန်ဆာ စတဲ့ ဓာတ်ပုံ အမျိုးမျိုးကိုလည်း ချိတ်ဆွဲထားသလို ဘိန်းနဲ့ ကုန်ပစ္စည်းတွေ လက်နက်တွေ သယ်ဆောင်ရာမှာ သုံးတဲ့ လားတွေရဲ့ ကုန်းနှီးတွေကိုလည်း ပြသထားပါတယ်။


ခွန်ဆာနေခဲ့တဲ့ အခန်းမှာတော့ သူဝတ်ဆင်ခဲ့တဲ့ ယူနီဖောင်း ၄ ထည်ခန့်နဲ့ ကုတင်တလုံး၊ မှန်တင်ခုံ စတာတွေကိုတွေ့ရပြီး၊ နံရံမှာတော့ ရှမ်းဝတ်စုံကို ဝတ်ဆင်ထားတဲ့ ခွန်ဆာရဲ့ ဓာတ်ပုံတပုံနဲ့အတူ ဓား ၁ လက်ကို ချိတ်ဆွဲထားပါတယ်။ဧည့်ခန်း ထောင့်တနေရာမှာ ထိုင်နေတဲ့ ခွန်ဆာရဲ့ရုပ်ထုဟာ အသက်ဝင်လှသလို အမှတ်တမဲ့ ကြည့်လိုက်ပါက လူတယောက် ထိုင်နေ သည့်အလား ၂ ခါ ပြန်ကြည့်ရတဲ့ အနေအထားပါ။


ခွန်ဆာဟာ ဒီ (ဘန်ဟင့်တက်)စခန်းမှာ အခြေချကာ ရှမ်းပြည်နယ်နေရာ အသီးသီးက လူသစ်တွေကို တောင်ကြီး၊ ကျိုင်းတုံ၊ တာချီလိတ်၊ ရွှေတြိဂံ လမ်းကြောင်းနဲ့ ကျောက်မဲ၊ သီပေါ၊ လာရှိုး၊ တန့်ယန်းကနေ သံလွင်မြစ်ကို ကျော်ဖြတ်တဲ့ လမ်းကနေ ခေါ်ဆောင်ကာ စစ်သင်တန်း တက်စေပါတယ်။


တခါတခါ လူသစ် ၆၀၀ မှ ၈၀၀ ခန့်အထိ စုဆောင်းသင်တန်းပေးကာ ထိုင်းကနေ လက်နက်ဝယ်ယူ တပ်ဆင်ပေးလိုက်ပြီး ရှမ်းပြည်ကို ပြန်ကြတယ်လို့ သိရပါတယ်။ခွန်ဆာရဲ့ စခန်းနဲ့ သူရဲ့ ရုပ်ပုံတွေကို ကြည့်ရင်း တွေးမိတာကတော့ တချိန်က အမေရိကန်က အလိုရှိခဲ့ပြီး စစ်ဗိုလ်ချုပ်ကြီး တွေနဲ့ စည်းဝါးရိုက်ကာ အလင်းဝင်ခဲ့့တဲ့ ဘိန်းဘုရင်ဟောင်း ခွန်ဆာအကြောင်းပါပဲ။


တကယ်တော့ (ခွန်ဆာ)ဆိုတာ ကွန်မြူနစ်ရန်ကနေ ကာကွယ်ဖို့ အစိုးရက မွေးထုတ်လိုက်တဲ့ ဘိန်းဘုရင်ဟောင်း (လော်စစ်ဟန် )တို့လို ဒေသခံ ပြည်သူ့စစ်ခေါင်းဆောင် တဦးပါ။၁၉၃၄ ခုနှစ် နောင်လိုင်မြို့စားရဲ့ ဒုတိယဇနီးက မွေးဖွားခဲ့တဲ့ ခွန်ဆာဟာ ၁၉၅၈ ခုနှစ်မှာ တရုတ်ဖြူတို့နဲ့ အတူ ဖော်မိုဆာ ကျွန်းအထိ လိုက်ပါသွားကာ၊၁၉၆၀ ခုနှစ်မှာ နောင်လိုင်ဒေသကို ပြန်လည် ရောက်ရှိလာပြီး အင်အား ၄၀ ခန့်နဲ့ နောင်လိုင် ကာကွယ်ရေးတပ်ကို ဖွဲ့ခဲ့ပါတယ်။


၁၉၆၃ ခုနှစ် ဗိုလ်ချုပ်ကြီးနေဝင်း ဦးဆောင်တဲ့ အာဏာသိမ်း တော်လှန်ရေးကောင်စီက ကျပ် ၁၀၀ တန်နဲ့ ၅၀ တန် ငွေစက္ကူတွေကို တရားမဝင်တော့ကြောင်း ကြေညာလိုက်တဲ့ အခါမှာတော့ ခွန်ဆာဟာ မကျေမနပ်ဖြစ်ပြီး တောခိုသွားပေမယ့် ၁၉၆၆ ခုနှစ်မှာတော့ ပြန်လည် အလင်းဝင်ခဲ့ပြန်ပါတယ်။အဲဒီအချိန်မှာ အင်အား (၁၇၀၀ )ခန့်ရှိတဲ့ ခွန်ဆာရဲ့ ကာကွယ်ရေးတပ်ဟာ ကွန်မြူနစ်ရန် ကာကွယ်ဖို့ အရေးပါလာသလို ဘိန်းလုပ်ငန်းကိုလည်း လုပ်ကိုင်ခွင့်ရခဲ့ပါတယ်။


၁၉၆၉ ခုနှစ် ခွန်ဆာကို ဖမ်းဆီးလိုက်တဲ့ အခါမှာတော့ (ကျန်ဆူးရှင် )ခေါင်းဆောင်တဲ့ လွယ်မော် ကာကွယ်ရေးတပ်တွေဟာ တပ်မတော်ကို ပြန်လည် တိုက်ခိုက်ပြီး ခွန်ဆာလွတ်မြောက်ရေးကို ကြိုးစားခဲ့ပါတယ်။အထင်ရှားဆုံးကတော့ တောင်ကြီး စဝ်စံထွန်းဆေးရုံက ရုရှား ဆရာဝန်တွေကို ပြန်ပေးဆွဲကာ ခွန်ဆာ လွတ်မြောက်ရေး အတွက် ကြိုးစားခဲ့ခြင်းပါပဲ။


ထိုင်းအစိုးရ ဝန်ကြီးတဦးရဲ့ ကြားဝင် စေ့စပ်ပေးမှုကြောင့် ရုရှား ဆရာဝန်တွေ လွတ်မြောက် လာခဲ့သလို၊ ခွန်ဆာလည်း ထောင်ကနေ လွတ်မြောက်ခဲ့ပါတယ်။(၁၉၇၆ )ခုနှစ် ထောင်ကနေ လွတ်မြောက်လာတဲ့ ခွန်ဆာဟာ ဘန့်ဟင်တက်ရွာလေးမှာ ဒုတိယအကြိမ် အခြေချကာ ဘိန်းလုပ်ငန်းကို ဆက်လက် လုပ်ကိုင်ပါတော့တယ်။


အဲဒီနောက်မှာတော့ အမေရိကန်ဘက် ကိုယ်စားလှယ်တွေ စေလွှတ်ပြီး အကြိမ်ကြိမ် လာရောက် ညှိနှိုင်းခဲ့ပေမယ့် အောင်မြင်ခြင်း မရှိပါဘူး။တကယ်တော့လည်း ခွန်ဆာလို လူမျိုးတွေကို ကွန်မြူနစ် ရန်ကာကွယ်ဖို့ အမေရိကန်နဲ့ ဒေသတွင်းက ထိုင်း၊ မြန်မာ စတဲ့အစိုးရတွေက မြေတောင် မြှောက်ပေးခဲ့တာပါပဲ။


အမေရိကန်နဲ့ ဆွေးနွေးပွဲ ပျက်ပြားပြီးတဲ့နောက် ထိုင်းအစိုးရကလည်း ခွန်ဆာကို သူ့ရဲ့ နယ်မြေထဲမှာ ဆက်လက် လက်ခံ မထားလိုတော့တဲ့ အတွက် ၁၉၈၂ ခုနှစ်ဇန်နဝါရီလ (၂၁ )ရက်နေ့မှာ ဘန့်ဟင်တက် စခန်းကို တိုက်ခိုက်လာရာခွန်ဆာဟာ(ဟိုမိန်းစခန်း)ကို ပြောင်းရွေ့သွားသလို၊သူ့ရဲ့ စစ်သားတချို့ဟာလည်း လွယ်လန်းဘက်ကို ပြောင်းရွေ့အခြေချခဲ့ပါတယ်။ သူကလည်း နယ်စပ်မြို့ မယ်ဆိုင်ကို တိုက်ခိုက်ခဲ့ပါတယ်။


၁၉၈၅ ခုနှစ်မှာတော့ ရှမ်းလက်နက်ကိုင် အဖွဲ့တွေဖြစ်တဲ့ SSA ၊ SURA နဲ့ ခွန်ဆာရဲ့ SUA ပူးပေါင်းကာ Mong Tai Army လို့ ခေါ်တဲ့ MTA ကို ဖွဲ့စည်းခဲ့ပါတယ်။၁၉၈၉ ခုနှစ် ဗမာပြည်ကွန်မြူနစ်ပါတီ ပြိုကွဲကာ ၀၊ ကိုးကန့် စတဲ့ တိုင်းရင်းသား လက်နက်ကိုင်အုပ်စုတွေ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေး ယူချိန်မှာတော့ ခွန်ဆာရဲ့ အင်အားဟာ ပိုမိုကြီးထွားလာရာ ရှမ်းပြည်နယ်ရဲ့ သမ္မတလို့တောင် သူ့ကိုယ်သူ ကြေညာခဲ့ပါသေးတယ်။


အဲဒီနောက်မှာ အမေရိကန်က မူးယစ်ဆေးနဲ့ ပတ်သက်ပြီး ဆုငွေထုတ် ဖမ်းဆီးဖို့ ကြိုးစားလာတာရယ်၊မြန်မာ့ တပ်မတော်ရဲ့ တိုက်ခိုက်မှုတွေရယ်၊ ၀ နဲ့ နယ်မြေလုပွဲ အကြိတ်အနယ် ဖြစ်နေတာတွေရယ်ကြောင့် နောက်ဆုံး ခွန်ဆာဟာ စစ်ထောက်လှမ်းရေးနဲ့ ဆက်သွယ်ပြီး မြန်မာစစ်အစိုးရရဲ့ အစောင့်အရှောက်ကို ခံယူခဲ့ပါတယ်။


တကယ်တော့ ခွန်ဆာရဲ့ လုပ်ရပ်ဟာ စစ်အစိုးရရော သူ့အတွက်ပါ နှစ်ဦးနှစ်ဖက်အကျိုးရှိစေတဲ့ အခြေအနေလို့ ဆိုရမှာပါ၊အဲဒီတုန်းက ခွန်ဆာရဲ့ အင်အားက (၁၄၀၀၀)ကျော်နဲ့ လေယာဉ်ပစ် ဆမ်-၇ ဒုံးကျည်တွေ ရှိသလို လက်နက်စက်ရုံ အပါအဝင် TNT ယမ်းတန်ချိန်က ၂ တန်ကျော် နဲ့ လက်နက်ပေါင်းများစွာ ရှိပါတယ်။


ခွန်ဆာ အကြွင်းမဲ့ လက်နက်ချဖို့ ဆက်သွယ်လာတဲ့ အခြေအနေကို စစ်ထောက်လှမ်းရေးဟောင်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က မယုံတဝက် ယုံတဝက်လို့ သူရဲ့အင်တာဗျူး စာအုပ်မှာ ဆိုခဲ့ပါတယ်။နှစ်ဖက် လူယုံတွေလွှတ် ၅ ကြိမ် တိုင်တိုင် ဆွေးနွေးပြီးတဲ့နောက် ခွန်ဆာကြီး လက်နက်စွန့်တဲ့အခါ တပ်မတော်က တပ်ရင်း ၃၀ နဲ့ အဲဒီဒေသကို ဝင်ရောက်ခဲ့ပါတယ်။


လက်နက်စွန့်တဲ့ အခမ်းအနားကိုတော့ ထောက်လှမ်းရေးတွေ တက်ရောက်ခွင့် မရတော့ဘဲ လူပေါ်လူဇော် အလုပ် ခံရတာကိုလည်း ဗိုလ်ချုပ်ကြီး ခင်ညွန့်က သူ့စာအုပ်မှာ ရင်ဖွင့်ထားခဲ့ပါတယ်။သူမသေခင်( ဘိန်းဘုရင်)ဆိုတဲ့ သူ့ရဲ့သမိုင်းကို ဖျက်ခဲ့ချင်တဲ့ ခွန်ဆာတယောက် စစ်အစိုးရ ရဲ့ထီးရိပ်အောက်မှာ အစောင့်အရှောက်ခံ ဘဝနဲ့ နေထိုင်သွားရင်း၊ကွယ်လွန်ပြီးနောက်ပိုင်း


စစ်အစိုးရဆောက်ခဲ့တဲ့ ရန်ကုန် မူးယစ်ဆေးဝါး ပြတိုက်မှာဘိန်းရာဇာအဖြစ်ဓာတ်ပုံနှင့်တကွသမိုင်းတင်ကျန်ရစ်ခဲ့ပါတယ်။ ခွန်ဆာရဲ့ တော်လှန်ရေးကို ယုံကြည်လို့ အသက် ၁၇-၁၈ နှစ်ကတည်းက ကျိုင်းတုံနယ်ကနေ လာရောက်ပူးပေါင်းခဲ့ကြတဲ့ အခု အသက် ၈၀ အရွယ် ဘန့်ဟင်တက်ရွာမှာပဲ အခြေချနေတဲ့ အဖိုးအို လုံဘွန်းမီး အပါအဝင် ၃ ဦးကတော့ ၊


သူတို့ခေါင်းဆောင် ခွန်ဆာဟာ ရှမ်းပြည်က အကွဲကွဲအပြားပြား ဖြစ်နေတဲ့ တော်လှန်ရေး အုပ်စုတွေကို စုစည်းနိုင်ခဲ့သူ ဖြစ်ပေမယ့် ၊တော်လှန်ရေး အတွက် အနှစ် ၂၀၊ ၃၀ လောက် ဒုက္ခခံလာပြီးမှ သူတို့ လိုချင်တဲ့ ငြိမ်းချမ်းရေး၊ တန်းတူညီမျှရေး ဆိုတာတွေ မရခင်မှာ လက်နက်ချသွားတာနဲ့ ပတ်သက်ပြီး စိတ်ပျက်မိကြောင်း ပြောကြပါတယ်။


ဒါပေမယ့်၊ ခွန်ဆာဟာ သူတို့အတွက်တော့ သူရဲကောင်း တော်လှန် ရေးသမားတဦး၊ ခေါင်းဆောင်ကောင်းလို့ ဆိုပါတယ်။ဒါ့အပြင် ခွန်ဆာ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တယ်ဆိုတာက သူကိုယ်တိုင်လည်း စိုက်ခဲ့တာ၊ ရောင်းဝယ် ဖောက်ကားခဲ့တာ မရှိဘူး၊ ဘိန်းစိုက်ပျိုး ထုတ်လုပ်မှု အပေါ်ကနေ အခွန်အတုတ် ကောက်ယူတာသာ ဖြစ်တယ်လို့ဆိုကြပါတယ်။


ဒီလိုမှ မကောက်ရင်လည်း သူတို့ဟာ နိုင်ငံကို အုပ်ချုပ်တဲ့ အစိုးရ မဟုတ်တဲ့အတွက် ဝင်ငွေ မရှိဘူး၊ဒါကြောင့် အခွန်အတုတ် ကောက်တာဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်၊ ဘိန်းဘုရင်ဆိုတာ စွပ်စွဲခံ သက်သက်သာ ဖြစ်တယ်လို့ သူတို့ ယုံကြည်နေကြပါတယ်။ဘာပဲပြောပြော ခွန်ဆာဆိုတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့သူတဦး အခြေချနေထိုင်ခဲ့တဲ့ နေရာလေးကတော့ ပြတိုက်အိုလေး အဖြစ် လူမသိသူမသိ ယနေ့တိုင်မထင်မရှား ရှိနေဆဲပါ။


Ref:wikipedia

Min Gyi


(Zawgyi)

သူတို႔ဖက္ကၾကည့္ေတာ့သူရဲေကာင္း (သို႔)ဘိန္းဘုရင္ခြန္ဆာ




ခြန္ဆာလို႔ ဆိုလိုက္ပါက ျမန္မာသာမက ကမၻာကပါ ဘိန္းဘုရင္တဦးအျဖစ္ အားလုံးသိသူ၊ ခုထိလည္း ေ႐ႊႀတိဂံ ဘိန္းကိစၥေတြမွာ ထည့္သြင္းရည္ၫႊန္းခံေနရဆဲ သူတဦး ျဖစ္ပါတယ္။ခြန္ဆာကို ေတာင္သိႏၷီေစာ္ဘြားနယ္ (ယခု တန႔္ယန္းၿမိဳ႕နယ္) လြိုင္ေမာ္ေက်း႐ြာအုပ္စု၊ ဖာဖိန႔္႐ြာေန တ႐ုတ္လူမ်ိဳး ဖခင္ ခြန္အိုက္ႏွင့္ ရွမ္းလူမ်ိဳး မိခင္ နန္းဆိုင္ဇြန္ တို႔မွ ၁၉၃၄ ခုႏွစ္၊ ဩဂုတ္လ ၁၇ ရက္တြင္ ေမြးဖြားခဲ့ပါတယ္။


၁၉၃၇ ခုႏွစ္၌ ဖခင္ကြယ္လြန္ရာ မိခင္က မိုင္းတြမ္းၿမိဳ႕စား ခြန္ၾကည္ႏွင့္ ထပ္မံလက္ဆက္ခဲ့ပါတယ္။၁၉၃၉ ခုႏွစ္၌ မိခင္ကြယ္လြန္ျပန္ရာ ဘေထြးႏွင့္ အတန္ၾကာေနထိုင္၍အဘိုးက ျပန္ေမြးစားခဲ့ၿပီးေနာက္ပိုင္းဦးေလးျဖစ္သူ ခြန္ၾကာက ထိန္းေက်ာင္းေပးခဲ့ရပါတယ္။ငယ္စဥ္က ကူမင္တန္ တ႐ုတ္ျဖဴတပ္မွာ အမႈထမ္းခဲ့ၿပီးေနာက္ပိုင္းတြင္ ကူမင္တန္မွ ခြဲထြက္ၿပီး ေနာက္လိုက္ ရာဂဏန္း အနည္းငယ္ျဖင့္ ကိုယ္ပိုင္တပ္ကို စတင္တည္ေထာင္ခဲ့ပါတယ္။


၁၉၆၀ ခုႏွစ္တြင္ ျမန္မာအစိုးရ ဩဇာခံ (လြယ္ေမာ္ကာကြယ္ေရး)တပ္ အျဖစ္ ေျပာင္းလဲခဲ့ၿပီးေငြ၊ ဝတ္စုံႏွင့္ လက္နက္မ်ားကို ရယူၿပီး ရွမ္းျပည္တပ္မေတာ္ (Shan State Army)ကို တိုက္ခိုက္ၿပီးေနာက္ တပ္အင္အား ၈၀၀ အထိ တိုးခ်ဲ့အားေကာင္းလာခဲ့ပါတယ္။


၁၉၆၄ ခုႏွစ္၌ ငါးဆယ္က်ပ္ႏွင့္ တစ္ရာက်ပ္တန္မ်ားကို (ေတာ္လွန္ေရးေကာင္စီ)က ဖ်က္သိမ္းရာမွေတာခိုၿပီး ထိုင္းနယ္စပ္ ဘန႔္ေထာ့ထိုင္းမွာစတင္အေျချပဳခဲ့ပါတယ္။၁၉၇၆ ခုႏွစ္တြင္ ၎၏တပ္ဖြဲ႕ကို စည္းလုံးညီၫြတ္သည့္ ရွမ္း တပ္မေတာ္ (Shan United Army) ဟု ေျပာင္းလဲဖြဲ႕စည္းၿပီး ရွမ္းလူမ်ိဳးမ်ားဘက္မွ ရပ္တည္ကာ ျမန္မာ စစ္အစိုးရကို တိုက္ခိုက္ခဲ့ပါတယ္။


၁၉၈၅ ခုႏွစ္တြင္ စဝ္ကြဏ္းဇိန္း (ခ) မိုးဟိန္း ဦးေဆာင္သည့္ ရွမ္းေတာ္လွန္ေရးေကာင္စီႏွင့္ပူးေပါင္းၿပီး စဝ္ကြန္းဇိန္းက ဥကၠ႒၊ ခြန္ဆာက ဒုဥကၠ႒အျဖစ္ တာဝန္ယူခဲ့ၾကပါတယ္။ဟိုမိန္းဌာနခ်ဳပ္ကို တည္ေထာင္ကာ ရွမ္းျပည္နယ္ အေရွ႕ပိုင္းတခြင္ႏွင့္ ရွမ္း ကယား နယ္စပ္ အထိ ထိန္းခ်ဳပ္လာနိုင္ခဲ့ၿပီး၊၁၉၉၁ ခုႏွစ္တြင္ စဝ္ကြန္းဇိန္းကြယ္လြန္ရာ ဥကၠ႒အျဖစ္ေ႐ြးခ်ယ္ခံရတယ္။ဒီေနာက္ပိုင္းMTA(ေခၚ )မုန္တိုင္းတပ္မေတာ္(Mong Tai Army) ကို ဖြဲ႕စည္းခဲ့ၿပီး ထိုင္း ျမန္မာ လာအို နယ္စပ္ ရွိ ေ႐ႊႀတိဂံေဒသတြင္ ဘိန္းျဖဴ အေျမာက္အျမား ထုတ္လုပ္ခဲ့သျဖင့္ ဘိန္းဘုရင္ဘြဲ႕ျဖင့္ထင္ရွားလာခဲ့ပါတယ္။


၁၉၈၈ ခုႏွစ္တြင္ ထိုင္းမွ ျမန္မာ သို႔ တရားမဝင္ ဝင္ေရာက္လာခဲ့ေသာ ဩစေၾတးလ် သတင္းေထာက္ စတီဖင္ရိုက္ ႏွင့္ အင္တာဗ်ဴးခဲ့ၿပီး ဘိန္းစိုက္ခင္းမ်ား မစိုက္ပ်ိဳးေစရန္အတြက္၊တႏွစ္လွ်င္ ဩစေၾတးလွ်ေဒၚလာ သန္း (၅၀ )ျဖင့္ ေနာက္ ၈ ႏွစ္ အတြက္ ေရာင္းေပးမည္ဟု ဩစေၾတးလ် အစိုးရထံသို႔ ကမ္းလွမ္းခဲ့ၿပီးဩစေၾတးလ်အစိုးရက ပယ္ခ်ခဲ့ပါတယ္။


(၁၉၈၉ )ခုႏွစ္တြင္ အေမရိကန္ နိုင္ငံနယူးေယာက္တရား႐ုံးက ခြန္ဆာကို ဘိန္း တန္(၁၀၀၀)တင္ပို႔ရန္ ႀကံစည္မႈျဖင့္ တရားစြဲသည္ကို တုံ႕ျပန္ေသာအားျဖင့္ ..သူ႕နယ္ေျမမွထုတ္လုပ္သည့္ ဘိန္းျဖဴ အားလုံးကို ဝယ္မည္ဆိုလွ်င္ နိုင္ငံတကာ မူးယစ္ေဆးေဈးကြက္သို႔ ျဖန႔္ေဝေရာင္းခ်ျခင္းမျပဳေတာ့ဟုပင္ အေမရိကန္ကို ေလွာင္ေျပာင္ကမ္းလွမ္းခဲ့ပါေသးတယ္။


ခြန္ဆာအား အေမရိကန္နိုင္ငံက ဆုေၾကး ေဒၚလာ (၂) သန္း ထုတ္ျပန္ ေၾကညာခဲ့ေသာ္လည္း ဖမ္းဆီးေပးပို႔ေရးကို ျမန္မာ စစ္အစိုးရက ျငင္းဆိုခဲ့ပါတယ္။သို႔ျဖင့္ခြန္ဆာသည္ အေမရိကန္ အစိုးရလက္သို႔ လႊဲေျပာင္းေပးျခင္း မခံရနိုင္ ဟူေသာ ယုံၾကည္ခ်က္ျဖင့္


ျမန္မာစစ္အစိုးရႏွင့္ ညွိႏွိုင္းရန္ ဆုံးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္းဆိုၾကပါတယ္။ရွမ္းျပည္နယ္မွ ရန္ကုန္ ၿမိဳ႕ေတာ္သို႔ သြားေရာက္ အေျခခ်ၿပီး ေနာက္ပိုင္းရန္ကုန္၊ မႏၱေလးႏွင့္ ေတာင္ႀကီးၿမိဳ႕တို႔တြင္ လုပ္ငန္းႀကီးေပါင္းမ်ားစြာရင္းႏွီး လုပ္ကိုင္ခဲ့ပါတယ္။(၂၀၀၇ )ေအာက္တိုဘာ (၂၆)တြင္ ရန္ကုန္ၿမိဳ႕တြင္ဆီးခ်ိဳ၊ ေလတပိုင္းျဖတ္ျခင္း ႏွင့္ ေသြးတိုး ေရာဂါမ်ားျဖင့္ကြယ္လြန္ခဲ့ၿပီးရန္ကုန္ၿမိဳ႕ ေဝးသုသာန္တြင္ ျမဳပ္ႏွံခဲ့ပါတယ္။နန္းေကးယြန္း (၁၉၉၃ ကြယ္လြန္) ႏွင့္ လက္ထပ္ခဲ့ရာ သားသမီး ရွစ္ဦး ရရွိခဲ့သည္ဟုဆိုၾကပါတယ္။


တဖက္ကၾကည့္ေတာ့ ေခါင္း၊ တဖက္ကၾကည့္ေတာ့ ပန္းဆိုသည့္ ေလာကဓမၼတာလိုပင္ တဖက္က ဘိန္းဘုရင္ဟု သမုတ္ၾကေသာ္လည္း ရွမ္းတိုင္းသား တခ်ိဳ႕အတြက္ေတာ့ခြန္ဆာဟာ မ်ိဳးခ်စ္သူရဲေကာင္းတဦး ျဖစ္ေနခဲ့ျပန္ပါတယ္။ဘာေၾကာင့္ ဒီလိုေျပာရသလဲဆိုေတာ့ ထိုင္းနိုင္ငံေျမာက္ပိုင္း ျမန္မာနယ္စပ္အနီး ေတာင္တန္း တေနရာမွာရွိတဲ့ ဘန႔္ေထာ့ထိုင္း ဆိုတဲ့႐ြာေလးမွာ ေတြ႕ခဲ့ရတဲ့ ျမင္ကြင္း၊ ၾကားခဲ့ရတဲ့ ေျပာဆိုခ်က္ေတြေၾကာင့္ ျဖစ္ပါတယ္။


ထိုင္းနယ္နိမိတ္ထဲက ဘန႔္ေထာ့ထိုင္း႐ြာေလးဟာ လြယ္ေမာ္ ကာကြယ္ေရးက အစျပဳခဲ့တဲ့ ရွမ္းျပည္ ေသြးစည္းညီၫြတ္ေရတပ္မေတာ္၊ေနာင္မွာေတာ့ (Mong Tai Army )လို႔ ေခၚတဲ့ MTA တပ္ရဲ႕ ေခါင္းေဆာင္ ခြန္ဆာ စခန္းခ် အေျခစိုက္ခဲ့တဲ့ ႐ြာေလးျဖစ္ပါတယ္။အရင္ကေတာ့ (ဘန႔္ဟင္တက္)လို႔ လူသိမ်ားတဲ့ ဒီ႐ြာေလးမွာ ခြန္ဆာဟာ ၁၉၆၄ ခုႏွစ္ကေန ၁၉၈၂ တဝိုက္အထိ အေျခခ်ခဲ့ တာပါ။


မယ့္စေလာင္း ေတာင္ရိုးေပၚမွာရွိတဲ့ ဒီ႐ြာေလးဟာ ျမန္မာနယ္စပ္နဲ႕ဆိုရင္ ကီလို ၃၀ ခန႔္ ေဝးၿပီး၊မယ္စေလာင္းၿမိဳ႕ငယ္ေလး ကေန ေတာင္ေပၚကားလမ္းအတိုင္း မယ့္စေလာင္၊ က်င္းတပ္ စတဲ့႐ြာေလးေတြကို ျဖတ္ကာ နာရီဝက္ခန႔္ သြားလိုက္ရင္ျဖင့္ ဘန႔္ေထာ့ထိုင္း ႐ြာေလးကို ေရာက္ပါၿပီ။


႐ြာအဝင္ ကားလမ္းေဘး တေနရာမွာေတာ့ Khum Sa Old Camp လို႔ ထိုင္း အဂၤလိပ္ ၂ ဘာသာနဲ႕ ေရးသားထားတဲ့ ခြန္ဆာစခန္းေဟာင္းဆီကို လမ္းၫႊန္ထားတဲ့ မထင္မရွား ဆိုင္းဘုတ္ေလး တခုရွိပါတယ္။ခြန္ဆာ စတင္စခန္းခ်စဥ္က အိမ္ေျခ ၇ အိမ္ခန႔္သာ ရွိတဲ့ ဘန႔္ေထာ့ထိုင္း႐ြာေလးဟာ အခုဆိုရင္ လူဦးေရ ေထာင္ဂဏန္းရွိတဲ့ ႐ြာႀကီးတ႐ြာ ျဖစ္ေနပါၿပီ။


ဒီ႐ြာေလးမွာ ေနထိုင္သူအမ်ားစုဟာ ခြန္ဆာရဲ႕ ယခင္ ရွမ္းရဲေဘာ္မ်ားျဖစ္ၿပီး၊ အေၾကာင္း အမ်ိဳးမ်ိဳးေၾကာင့္ ျမန္မာျပည္ကို မျပန္နိုင္ေတာ့တဲ့သူေတြ၊ခြန္ဆာ လက္နက္ခ်တဲ့ ကိစၥနဲ႕ ပတ္သက္ၿပီး သေဘာကြဲလြဲသူေတြဟာ ဒီ႐ြာေလးမွာ ဇာတ္ျမႇုပ္ၿပီး အေျခခ် ေနထိုင္ခဲ့တာ ျဖစ္ပါတယ္။


စည္ကားလွတဲ့ ႐ြာလည္ကို ျဖတ္ကာ အေရွ႕ဘက္ေတာင္ေျခကို သြားလိုက္ရင္ စိန္ပန္းပင္အိုႀကီးေတြ အုပ္မိုးထားတဲ့ ေျမကြက္လပ္မွာေတာ့ လူႀကီးတေယာက္ ျမင္းႀကီးစီးေနတဲ့ ႐ုပ္တုတခု။သူကေတာ့ အားလုံးသိၾကတဲ့ ကမၻာေက်ာ္ ခြန္ဆာ ပါပဲ။ဒီေနရာမွာ စခန္းခ်သြားတဲ့ ခြန္ဆာကို အမွတ္ရတဲ့ အေနနဲ႕ ဘန္ေထာ့ထိုင္း႐ြာေလးက ရွမ္းတိုင္းရင္းသားေတြဟာ ခြန္ဆာပုံတူ ျမင္းစီးေက်ာက္႐ုပ္ကို ထုလုပ္ထားတာျဖစ္ ပါတယ္။


ခြန္ဆာ႐ုပ္ထုရဲ႕ ေရွ႕မွာေတာ့ သူရွိစဥ္က ႐ုံးထိုင္ခဲ့တဲ့ ႐ုံးခန္း၊ အစည္းအေဝးခန္းမ၊ စစ္သားေတြေနတဲ့ တန္းလ်ား၊ သူေနတဲ့ အခန္းေတြကို ဟိုအရင္ ခြန္ဆာ တပ္စခန္းခ်ခဲ့တဲ့ အေနအထားအတိုင္းပဲ ျမင္ေတြ႕ေနရပါတယ္။ေတာင္ေစာင္း တေနရာမွာေတာ့ တပ္စည္းကမ္း ေဖာက္ပ်က္သူေတြ၊ တပ္ေျပးေတြ၊ ျပစ္မႈက်ဴးလြန္သူ၊ မူးယစ္ေဆးဝါး သုံးစြဲ သူေတြကို ထားရွိရာ ေမွာင္မဲေနတဲ့ ေျမေအာက္ အက်ဥ္းစခန္းရွိပါတယ္။


႐ုံးခန္းေရွ႕မွာေတာ့ ၁၉၈၂ ခုႏွစ္မွာ ထိုင္းတပ္မေတာ္က ခြန္ဆာရဲ႕ ဘန႔္ဟင္တက္စခန္းကို ၾကည္းတပ္၊ ေလတပ္ေတြနဲ႕ ထိုးစစ္ဆင္စဥ္ ေလတပ္က ႀကဲခ်ခဲ့တဲ့ လူရဲ႕ရင္စို႔ေလာက္ရွိတဲ့ ဗုံးဆံခြံႀကီးတခုကို ေထာင္ထားကာ အမွတ္တရအေနနဲ႕ ျပသ ထားပါတယ္။မၾကာခင္မွာပဲ ဒီျပတိုက္ကို ဦးေဆာင္ထိန္းသိမ္းေနတဲ့ စိုင္းေခးလုံ ေရာက္လာပါတယ္။ စိုင္းေခးလုံဟာ အရင္က ခြန္ဆာရဲ႕ တပ္က မိဘမဲ့ကေလးေတြကို စာသင္ေပးရတဲ့ ေက်ာင္းဆရာတဦးပါ။


သူ႕ရဲ႕ ေျပာျပခ်က္အရ ေတာင္ ၃ လုံး ကာရံထားတဲ့ ဘန႔္ဟင္တက္ တပ္စခန္းဟာ ၁၂ ဧက က်ယ္ဝန္းၿပီး၊ ေတာင္ေတြေပၚမွာ စစ္သား ၂၀၀ ေလာက္ စခန္းခ်ထားတဲ့အတြက္ ရန္သူေတြ လာေရာက္ တိုက္ခိုက္ဖို႔ မလြယ္ဘူးလို႔ ဆိုပါတယ္။အဲဒီေနာက္မွာေတာ့ စိုင္းေခးလုံက ျပတိုက္လုပ္ထားတဲ့ ခြန္ဆာရဲ႕ စစ္တန္းလ်ားကို လွည့္လည္ျပသပါတယ္။


ခြန္ဆာ စခန္းေဟာင္းကို ျပတိုက္ဖြင့္လွစ္ျခင္းရဲ႕ ရည္႐ြယ္ခ်က္က ေနာင္လာေနာက္သားေတြ အတြက္ သမိုင္းဝင္ ေနရာတခုအျဖစ္ သိရွိဖို႔လို႔ ဆိုပါတယ္။ျပတိုက္ထဲမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႕ တိုင္းရင္းသား ေခါင္းေဆာင္ႀကီးေတြ ပင္လုံ စာခ်ဳပ္ခ်ဳပ္ဆိုဖို႔ ေဆြးႏြေးေနၾကတဲ့ ပန္းခ်ီကားႀကီးကို ခ်ိတ္ဆြဲထားၿပီး၊


ရွမ္းေစာ္ဘြားေတြျဖစ္တဲ့ မိုင္းပြန္၊ သီေပါ၊ က်ိဳင္းတုံ၊ ေညာင္ေ႐ႊေစာ္ဘြားနဲ႕ မဟာေဒဝီတို႔ပုံေတြ၊ အဲဒီေနာက္ ရွမ္းေတာ္လွန္ေရးကိုစတင္ခဲ့တဲ့ ႏြံစစ္ဟန္အဖြဲ႕ ေခါင္းေဆာင္ စဝ္ႏြဲ႕၊ တျခား ေခါင္းေဆာင္မ်ားျဖစ္တဲ့ ဗိုလ္မိုးဟိန္း၊ ဗိုလ္စိုင္းလိတ္ (ကုလား)၊ ဗိုလ္ကမ္း႐ြက္၊ ဗိုလ္ခ်ဳပ္ ေဆထင္၊ ဗိုလ္ခ်ဳပ္ ႐ြက္ဆစ္ စသူမ်ားရဲ႕ဓာတ္ပုံမ်ားအျပင္ ၊


ရွမ္းျပည္နယ္ အတြင္းက ပအိုဝ္၊ ပေလာင္၊ ၀၊ မိုင္းလားစတဲ့ ေခါင္းေဆာင္ေတြရဲ႕ ဓာတ္ပုံေတြ၊ ရွမ္းစာေပနဲ႕ယဥ္ေက်းမႈအပိုင္းက ဦးေဆာင္ သူေတြျဖစ္တဲ့ ဦးခြန္းဆိုင္၊ ဦးစိန္ၾကည္နဲ႕ ရွမ္းနိုင္ငံေရးသမားေတြ႕ရဲ႕ ဓာတ္ပုံေတြ ရွိပါတယ္။ထူးထူးျခားျခား သတိထားမိတာ တခုကေတာ့ သီခ်င္းေရးဆရာ ေဒါက္တာ စိုင္းခမ္းလိတ္၊ အဆိုေတာ္ စိုင္းထီးဆိုင္၊ စိုင္းဆိုင္ေမာဝ္ စသူမ်ားရဲ႕ ဓာတ္ပုံမ်ားကိုလည္း မူးယစ္ေဆးဝါးနဲ႕ နာမည္ႀကီးတဲ့ ခြန္ဆာတို႔လို ေဝေရွာက္ခန္၊ စိုင္းလင္း၊ ဗိုလ္မြန္း စတဲ့သူေတြနဲ႕ အတူတူေတြ႕ရျခင္းပါပဲ။


စိုင္းေခးလုံကေတာ့ ခြန္ဆာဟာ တျခားသူေတြလိုပဲ ရွမ္းျပည္ လြတ္ေျမာက္ေရးမွာ တတပ္တအား ပါဝင္ခဲ့တာေၾကာင့္ အားလုံးနဲ႕ တန္းတူထားတာ ျဖစ္တယ္ လို႔ ဆိုပါတယ္။


ဒါအျပင္ ရွမ္းစစ္သားေတြကို တရားေဟာေနတဲ့ ခြန္ဆာ၊ ေသနတ္ကိုင္ထားတဲ့ ခြန္ဆာ၊ ျမင္းစီးေနတဲ့ ခြန္ဆာ၊ ကြၽန္းပင္ႀကီး ေအာက္မွာ အနားယူေနတဲ့ ခြန္ဆာ စတဲ့ ဓာတ္ပုံ အမ်ိဳးမ်ိဳးကိုလည္း ခ်ိတ္ဆြဲထားသလို ဘိန္းနဲ႕ ကုန္ပစၥည္းေတြ လက္နက္ေတြ သယ္ေဆာင္ရာမွာ သုံးတဲ့ လားေတြရဲ႕ ကုန္းႏွီးေတြကိုလည္း ျပသထားပါတယ္။


ခြန္ဆာေနခဲ့တဲ့ အခန္းမွာေတာ့ သူဝတ္ဆင္ခဲ့တဲ့ ယူနီေဖာင္း ၄ ထည္ခန႔္နဲ႕ ကုတင္တလုံး၊ မွန္တင္ခုံ စတာေတြကိုေတြ႕ရၿပီး၊ နံရံမွာေတာ့ ရွမ္းဝတ္စုံကို ဝတ္ဆင္ထားတဲ့ ခြန္ဆာရဲ႕ ဓာတ္ပုံတပုံနဲ႕အတူ ဓား ၁ လက္ကို ခ်ိတ္ဆြဲထားပါတယ္။ဧည့္ခန္း ေထာင့္တေနရာမွာ ထိုင္ေနတဲ့ ခြန္ဆာရဲ႕႐ုပ္ထုဟာ အသက္ဝင္လွသလို အမွတ္တမဲ့ ၾကည့္လိုက္ပါက လူတေယာက္ ထိုင္ေန သည့္အလား ၂ ခါ ျပန္ၾကည့္ရတဲ့ အေနအထားပါ။


ခြန္ဆာဟာ ဒီ (ဘန္ဟင့္တက္)စခန္းမွာ အေျခခ်ကာ ရွမ္းျပည္နယ္ေနရာ အသီးသီးက လူသစ္ေတြကို ေတာင္ႀကီး၊ က်ိဳင္းတုံ၊ တာခ်ီလိတ္၊ ေ႐ႊႀတိဂံ လမ္းေၾကာင္းနဲ႕ ေက်ာက္မဲ၊ သီေပါ၊ လာရွိုး၊ တန႔္ယန္းကေန သံလြင္ျမစ္ကို ေက်ာ္ျဖတ္တဲ့ လမ္းကေန ေခၚေဆာင္ကာ စစ္သင္တန္း တက္ေစပါတယ္။


တခါတခါ လူသစ္ ၆၀၀ မွ ၈၀၀ ခန႔္အထိ စုေဆာင္းသင္တန္းေပးကာ ထိုင္းကေန လက္နက္ဝယ္ယူ တပ္ဆင္ေပးလိုက္ၿပီး ရွမ္းျပည္ကို ျပန္ၾကတယ္လို႔ သိရပါတယ္။ခြန္ဆာရဲ႕ စခန္းနဲ႕ သူရဲ႕ ႐ုပ္ပုံေတြကို ၾကည့္ရင္း ေတြးမိတာကေတာ့ တခ်ိန္က အေမရိကန္က အလိုရွိခဲ့ၿပီး စစ္ဗိုလ္ခ်ဳပ္ႀကီး ေတြနဲ႕ စည္းဝါးရိုက္ကာ အလင္းဝင္ခဲ့့တဲ့ ဘိန္းဘုရင္ေဟာင္း ခြန္ဆာအေၾကာင္းပါပဲ။


တကယ္ေတာ့ (ခြန္ဆာ)ဆိုတာ ကြန္ျမဴနစ္ရန္ကေန ကာကြယ္ဖို႔ အစိုးရက ေမြးထုတ္လိုက္တဲ့ ဘိန္းဘုရင္ေဟာင္း (ေလာ္စစ္ဟန္ )တို႔လို ေဒသခံ ျပည္သူ႕စစ္ေခါင္းေဆာင္ တဦးပါ။၁၉၃၄ ခုႏွစ္ ေနာင္လိုင္ၿမိဳ႕စားရဲ႕ ဒုတိယဇနီးက ေမြးဖြားခဲ့တဲ့ ခြန္ဆာဟာ ၁၉၅၈ ခုႏွစ္မွာ တ႐ုတ္ျဖဴတို႔နဲ႕ အတူ ေဖာ္မိုဆာ ကြၽန္းအထိ လိုက္ပါသြားကာ၊၁၉၆၀ ခုႏွစ္မွာ ေနာင္လိုင္ေဒသကို ျပန္လည္ ေရာက္ရွိလာၿပီး အင္အား ၄၀ ခန႔္နဲ႕ ေနာင္လိုင္ ကာကြယ္ေရးတပ္ကို ဖြဲ႕ခဲ့ပါတယ္။


၁၉၆၃ ခုႏွစ္ ဗိုလ္ခ်ဳပ္ႀကီးေနဝင္း ဦးေဆာင္တဲ့ အာဏာသိမ္း ေတာ္လွန္ေရးေကာင္စီက က်ပ္ ၁၀၀ တန္နဲ႕ ၅၀ တန္ ေငြစကၠဴေတြကို တရားမဝင္ေတာ့ေၾကာင္း ေၾကညာလိုက္တဲ့ အခါမွာေတာ့ ခြန္ဆာဟာ မေက်မနပ္ျဖစ္ၿပီး ေတာခိုသြားေပမယ့္ ၁၉၆၆ ခုႏွစ္မွာေတာ့ ျပန္လည္ အလင္းဝင္ခဲ့ျပန္ပါတယ္။အဲဒီအခ်ိန္မွာ အင္အား (၁၇၀၀ )ခန႔္ရွိတဲ့ ခြန္ဆာရဲ႕ ကာကြယ္ေရးတပ္ဟာ ကြန္ျမဴနစ္ရန္ ကာကြယ္ဖို႔ အေရးပါလာသလို ဘိန္းလုပ္ငန္းကိုလည္း လုပ္ကိုင္ခြင့္ရခဲ့ပါတယ္။


၁၉၆၉ ခုႏွစ္ ခြန္ဆာကို ဖမ္းဆီးလိုက္တဲ့ အခါမွာေတာ့ (က်န္ဆူးရွင္ )ေခါင္းေဆာင္တဲ့ လြယ္ေမာ္ ကာကြယ္ေရးတပ္ေတြဟာ တပ္မေတာ္ကို ျပန္လည္ တိုက္ခိုက္ၿပီး ခြန္ဆာလြတ္ေျမာက္ေရးကို ႀကိဳးစားခဲ့ပါတယ္။အထင္ရွားဆုံးကေတာ့ ေတာင္ႀကီး စဝ္စံထြန္းေဆး႐ုံက ႐ုရွား ဆရာဝန္ေတြကို ျပန္ေပးဆြဲကာ ခြန္ဆာ လြတ္ေျမာက္ေရး အတြက္ ႀကိဳးစားခဲ့ျခင္းပါပဲ။


ထိုင္းအစိုးရ ဝန္ႀကီးတဦးရဲ႕ ၾကားဝင္ ေစ့စပ္ေပးမႈေၾကာင့္ ႐ုရွား ဆရာဝန္ေတြ လြတ္ေျမာက္ လာခဲ့သလို၊ ခြန္ဆာလည္း ေထာင္ကေန လြတ္ေျမာက္ခဲ့ပါတယ္။(၁၉၇၆ )ခုႏွစ္ ေထာင္ကေန လြတ္ေျမာက္လာတဲ့ ခြန္ဆာဟာ ဘန႔္ဟင္တက္႐ြာေလးမွာ ဒုတိယအႀကိမ္ အေျခခ်ကာ ဘိန္းလုပ္ငန္းကို ဆက္လက္ လုပ္ကိုင္ပါေတာ့တယ္။


အဲဒီေနာက္မွာေတာ့ အေမရိကန္ဘက္ ကိုယ္စားလွယ္ေတြ ေစလႊတ္ၿပီး အႀကိမ္ႀကိမ္ လာေရာက္ ညွိႏွိုင္းခဲ့ေပမယ့္ ေအာင္ျမင္ျခင္း မရွိပါဘူး။တကယ္ေတာ့လည္း ခြန္ဆာလို လူမ်ိဳးေတြကို ကြန္ျမဴနစ္ ရန္ကာကြယ္ဖို႔ အေမရိကန္နဲ႕ ေဒသတြင္းက ထိုင္း၊ ျမန္မာ စတဲ့အစိုးရေတြက ေျမေတာင္ ျမႇောက္ေပးခဲ့တာပါပဲ။


အေမရိကန္နဲ႕ ေဆြးႏြေးပြဲ ပ်က္ျပားၿပီးတဲ့ေနာက္ ထိုင္းအစိုးရကလည္း ခြန္ဆာကို သူ႕ရဲ႕ နယ္ေျမထဲမွာ ဆက္လက္ လက္ခံ မထားလိုေတာ့တဲ့ အတြက္ ၁၉၈၂ ခုႏွစ္ဇန္နဝါရီလ (၂၁ )ရက္ေန႕မွာ ဘန႔္ဟင္တက္ စခန္းကို တိုက္ခိုက္လာရာခြန္ဆာဟာ(ဟိုမိန္းစခန္း)ကို ေျပာင္းေ႐ြ႕သြားသလို၊သူ႕ရဲ႕ စစ္သားတခ်ိဳ႕ဟာလည္း လြယ္လန္းဘက္ကို ေျပာင္းေ႐ြ႕အေျခခ်ခဲ့ပါတယ္။ သူကလည္း နယ္စပ္ၿမိဳ႕ မယ္ဆိုင္ကို တိုက္ခိုက္ခဲ့ပါတယ္။


၁၉၈၅ ခုႏွစ္မွာေတာ့ ရွမ္းလက္နက္ကိုင္ အဖြဲ႕ေတြျဖစ္တဲ့ SSA ၊ SURA နဲ႕ ခြန္ဆာရဲ႕ SUA ပူးေပါင္းကာ Mong Tai Army လို႔ ေခၚတဲ့ MTA ကို ဖြဲ႕စည္းခဲ့ပါတယ္။၁၉၈၉ ခုႏွစ္ ဗမာျပည္ကြန္ျမဴနစ္ပါတီ ၿပိဳကြဲကာ ၀၊ ကိုးကန႔္ စတဲ့ တိုင္းရင္းသား လက္နက္ကိုင္အုပ္စုေတြ စစ္အစိုးရနဲ႕ ၿငိမ္းခ်မ္းေရး ယူခ်ိန္မွာေတာ့ ခြန္ဆာရဲ႕ အင္အားဟာ ပိုမိုႀကီးထြားလာရာ ရွမ္းျပည္နယ္ရဲ႕ သမၼတလို႔ေတာင္ သူ႕ကိုယ္သူ ေၾကညာခဲ့ပါေသးတယ္။


အဲဒီေနာက္မွာ အေမရိကန္က မူးယစ္ေဆးနဲ႕ ပတ္သက္ၿပီး ဆုေငြထုတ္ ဖမ္းဆီးဖို႔ ႀကိဳးစားလာတာရယ္၊ျမန္မာ့ တပ္မေတာ္ရဲ႕ တိုက္ခိုက္မႈေတြရယ္၊ ၀ နဲ႕ နယ္ေျမလုပြဲ အႀကိတ္အနယ္ ျဖစ္ေနတာေတြရယ္ေၾကာင့္ ေနာက္ဆုံး ခြန္ဆာဟာ စစ္ေထာက္လွမ္းေရးနဲ႕ ဆက္သြယ္ၿပီး ျမန္မာစစ္အစိုးရရဲ႕ အေစာင့္အေရွာက္ကို ခံယူခဲ့ပါတယ္။


တကယ္ေတာ့ ခြန္ဆာရဲ႕ လုပ္ရပ္ဟာ စစ္အစိုးရေရာ သူ႕အတြက္ပါ ႏွစ္ဦးႏွစ္ဖက္အက်ိဳးရွိေစတဲ့ အေျခအေနလို႔ ဆိုရမွာပါ၊အဲဒီတုန္းက ခြန္ဆာရဲ႕ အင္အားက (၁၄၀၀၀)ေက်ာ္နဲ႕ ေလယာဥ္ပစ္ ဆမ္-၇ ဒုံးက်ည္ေတြ ရွိသလို လက္နက္စက္႐ုံ အပါအဝင္ TNT ယမ္းတန္ခ်ိန္က ၂ တန္ေက်ာ္ နဲ႕ လက္နက္ေပါင္းမ်ားစြာ ရွိပါတယ္။


ခြန္ဆာ အႂကြင္းမဲ့ လက္နက္ခ်ဖိဳ႕ ဆက္သြယ္လာတဲ့ အေျခအေနကို စစ္ေထာက္လွမ္းေရးေဟာင္း ဗိုလ္ခ်ဳပ္ႀကီး ခင္ၫြန႔္က မယုံတဝက္ ယုံတဝက္လို႔ သူရဲ႕အင္တာဗ်ဴး စာအုပ္မွာ ဆိုခဲ့ပါတယ္။ႏွစ္ဖက္ လူယုံေတြလႊတ္ ၅ ႀကိမ္ တိုင္တိုင္ ေဆြးႏြေးၿပီးတဲ့ေနာက္ ခြန္ဆာႀကီး လက္နက္စြန႔္တဲ့အခါ တပ္မေတာ္က တပ္ရင္း ၃၀ နဲ႕ အဲဒီေဒသကို ဝင္ေရာက္ခဲ့ပါတယ္။


လက္နက္စြန႔္တဲ့ အခမ္းအနားကိုေတာ့ ေထာက္လွမ္းေရးေတြ တက္ေရာက္ခြင့္ မရေတာ့ဘဲ လူေပၚလူေဇာ္ အလုပ္ ခံရတာကိုလည္း ဗိုလ္ခ်ဳပ္ႀကီး ခင္ၫြန႔္က သူ႕စာအုပ္မွာ ရင္ဖြင့္ထားခဲ့ပါတယ္။သူမေသခင္( ဘိန္းဘုရင္)ဆိုတဲ့ သူ႕ရဲ႕သမိုင္းကို ဖ်က္ခဲ့ခ်င္တဲ့ ခြန္ဆာတေယာက္ စစ္အစိုးရ ရဲ႕ထီးရိပ္ေအာက္မွာ အေစာင့္အေရွာက္ခံ ဘဝနဲ႕ ေနထိုင္သြားရင္း၊ကြယ္လြန္ၿပီးေနာက္ပိုင္း


စစ္အစိုးရေဆာက္ခဲ့တဲ့ ရန္ကုန္ မူးယစ္ေဆးဝါး ျပတိုက္မွာဘိန္းရာဇာအျဖစ္ဓာတ္ပုံႏွင့္တကြသမိုင္းတင္က်န္ရစ္ခဲ့ပါတယ္။ ခြန္ဆာရဲ႕ ေတာ္လွန္ေရးကို ယုံၾကည္လို႔ အသက္ ၁၇-၁၈ ႏွစ္ကတည္းက က်ိဳင္းတုံနယ္ကေန လာေရာက္ပူးေပါင္းခဲ့ၾကတဲ့ အခု အသက္ ၈၀ အ႐ြယ္ ဘန႔္ဟင္တက္႐ြာမွာပဲ အေျခခ်ေနတဲ့ အဖိုးအို လုံဘြန္းမီး အပါအဝင္ ၃ ဦးကေတာ့ ၊


သူတို႔ေခါင္းေဆာင္ ခြန္ဆာဟာ ရွမ္းျပည္က အကြဲကြဲအျပားျပား ျဖစ္ေနတဲ့ ေတာ္လွန္ေရး အုပ္စုေတြကို စုစည္းနိုင္ခဲ့သူ ျဖစ္ေပမယ့္ ၊ေတာ္လွန္ေရး အတြက္ အႏွစ္ ၂၀၊ ၃၀ ေလာက္ ဒုကၡခံလာၿပီးမွ သူတို႔ လိုခ်င္တဲ့ ၿငိမ္းခ်မ္းေရး၊ တန္းတူညီမွ်ေရး ဆိုတာေတြ မရခင္မွာ လက္နက္ခ်သြားတာနဲ႕ ပတ္သက္ၿပီး စိတ္ပ်က္မိေၾကာင္း ေျပာၾကပါတယ္။


ဒါေပမယ့္၊ ခြန္ဆာဟာ သူတို႔အတြက္ေတာ့ သူရဲေကာင္း ေတာ္လွန္ ေရးသမားတဦး၊ ေခါင္းေဆာင္ေကာင္းလို႔ ဆိုပါတယ္။ဒါ့အျပင္ ခြန္ဆာ မူးယစ္ေဆးဝါးနဲ႕ ပတ္သက္တယ္ဆိုတာက သူကိုယ္တိုင္လည္း စိုက္ခဲ့တာ၊ ေရာင္းဝယ္ ေဖာက္ကားခဲ့တာ မရွိဘူး၊ ဘိန္းစိုက္ပ်ိဳး ထုတ္လုပ္မႈ အေပၚကေန အခြန္အတုတ္ ေကာက္ယူတာသာ ျဖစ္တယ္လို႔ဆိုၾကပါတယ္။


ဒီလိုမွ မေကာက္ရင္လည္း သူတို႔ဟာ နိုင္ငံကို အုပ္ခ်ဳပ္တဲ့ အစိုးရ မဟုတ္တဲ့အတြက္ ဝင္ေငြ မရွိဘူး၊ဒါေၾကာင့္ အခြန္အတုတ္ ေကာက္တာဟာ မွန္ကန္တဲ့ လုပ္ရပ္ျဖစ္တယ္၊ ဘိန္းဘုရင္ဆိုတာ စြပ္စြဲခံ သက္သက္သာ ျဖစ္တယ္လို႔ သူတို႔ ယုံၾကည္ေနၾကပါတယ္။ဘာပဲေျပာေျပာ ခြန္ဆာဆိုတဲ့ နာမည္ဆိုးနဲ႕ ေက်ာ္ၾကားခဲ့သူတဦး အေျခခ်ေနထိုင္ခဲ့တဲ့ ေနရာေလးကေတာ့ ျပတိုက္အိုေလး အျဖစ္ လူမသိသူမသိ ယေန႕တိုင္မထင္မရွား ရွိေနဆဲပါ။


Ref: wikipedia

Min Gyi

Saturday, January 8, 2022

ခါးသေးအောင်_ဘယ်လိုလုပ်ရမလဲ

 ခါးသေးအောင်_ဘယ်လိုလုပ်ရမလဲ 

(လေ့ကျင့်ခန်းလုပ်လိုသူများအတွက် မသိမဖြစ် အခြေခံ)

 



#Fitness_exercises

#Body_Shape

#ကိုယ်ကာယလေ့ကျင့်ခန်း

(သည်ဆောင်းပါးက Gym စကစားသူတွေ အေမးမ်ား အတွေးများတဲ့မေးခွန်းများပဲဖြစ်ပါတယ်။ Trainner တွေကလည်း အရည်အချင်းပြည့်မီသူတွေဖြစ်ဖို့လိုတာပေါ့ အဖြေပေး အတွေးမမှားအောင် လမ်းညွှန်ပေးနိုင်ဖို့ဆိုတာ။ ဘာပဲဖြစ်ဖြစ် ကျန်းမာရေးကို ဂရုစိုက်ပြီး ကြံ့ခိုင်မှုအလေးထားလာတဲ့ ယနေ့ခေတ်မှာ သိထားသင့်တဲ့ဆောင်းပါးတစ်စောင်မို့ ဖတ်ကြည့်ရအောင်။)     


ဒီလိုကြီး တိုက်ရိုက်မေးတဲ့လူတွေလဲ ရွိသား။ 

ဒါမှမဟုတ် လက်မောင်းက အဆီတွေ၊ ပေါင်ကအဆီတွေ ဘယ္လိုခ်ရမလဲ မေးသူတွေလည်း ရှိပါတယ်။ 


ဒီမေးခွန်းတွေဟာ Workout လုပ်တာနဲ့ ရင်းနှီးသူတွေအတွက်ဆို ဘယ်လိုလုပ်ရမလဲ သဘောပေါက်ပြီးသား မေးခွန်းတွေဖြစ်ပါတယ်။ အခြေခံကျတဲ့၊ အရမ်းရိုးရှင်းတဲ့ သူငယ်တန်း မေးခွန်းတွေပေါ့။ ဒါ့ကြောင့် အခုပြောမယ့် ဆောင်းပါးက အချက်တွေ တစ်ချို့ သိပြီးဖြစ်ချင်ဖြစ်မယ်။ 


ဒါပေမယ့် သာမန် လေ့ကျင့်ခန်းမလုပ်ဖူးသူ၊ ဒါမှမဟုတ် အခုမွ စလုပ်ချင်သူတွေအတွက်တော့ အရမ်းတိုင်ပတ်တဲ့ သေဘာတရားပါ။ လေ့ကျင့်ခန်းစလုပ်ပြီ ဆိုကတည်းက လူဆိုတာ ပန်းတိုင်ရှိပြီးသားပါ။ ဒီပန်းတိုင်တွေထဲက အများဆုံးတွေ့ရလေ့ရှိတာကလည်း ကိုယ်မလိုချင်တဲ့ နေရာက အဆီကို စချချင်တာပဲ မဟုတ္လား။ 


ဒါ့ကြောင့်ပဲ သူတို့တွေ ရိုးရိုးသားသား လိုချင်တာ တန်းပြီး မေးတာပေ့ါ။ 


" ပေါင်က အဆီဘယ်လိုရှင်းမလဲ " 


" ခါးက အဆီဘယ်လိုရှင်းမလဲ " 


" လက်မောင်း ဘက်လက်ကြီး ဘယ်လိုရှင်းမလဲ " 


Golden Dreams Page အနေနဲ့ လုပ်နိုင်တဲ့ အကြောင်းကို အတိုပြောခဲ့ဖူးပေမယ့် အရှည် မေရးခဲ့ဘူးပါ။ ဒါကလဲ လူတွေ သိပ်မသိနိုင်တဲ့၊ ပိုထဲထဲဝင်ဝင် Next Level ထိ မြှင့်ပေးနိုင်တဲ့ ဆောင်းပါးတွေ ပိုရေးချင်လို့ပါပဲ။ ဆောင်းပါးရေးဖို့ အချိန်ပို သိပ်မရှိရတဲ့ကြားထဲမှာတင် ရေးဖြစ်တဲ့အခါ Basic အခြေခံ အချက်တွေနဲ့တင် တန့်မနေချင်လို့ပါ။ ဒါပေမယ့်လည်း ဒီတစ်ခေါက်တော့ လာမေးသူတွေအတွက် မှန်ကန်တဲ့ အဖြေရအောင် ရေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ 


အခြေခံ Basic ဖြစ်တယ်ဆိုထားလို့ အရေးမကြီးဘူး မထင်စေလို။ ဒီဗဟုသုတကို မသိသူများအဖို့ နည်းလမ်းအမှားတွေနဲ့ လုပ်နေရင် ခြောက်လကြာလည်း ဘာမှမဖြစ်၊ တစ်နှစ်ကြာလည်း ဘာမှမဖြစ် Result မရဖြစ်စေနိုင်တာမလို့ပါ။ 


ကဲ .....

သာမန်လူတစ်ယောက်အနေနဲ့ ကိုယ်မလိုချင်တဲ့ အဆီတွေ ပျောက်သွားဖို့ ဘယ္လိုစရမလဲ ? ? ? 


******************************************************* 


(1) သင်ဟာလိုချင်သလို ကွက်ပြီး အဆီချလို့ မရပါဘူး 


ဒီအခ်က္ကို အရင်ဆုံးခေါင်းထဲမှာ မှတ်ကျောက်တင်ထားဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ နေရာကွက်ပြီး လိုချင်တာလေး အဆီချလို့ရတယ်လို့ စိတ်ထဲမှာ မှတ်ပြီး ကြိုးစားလိုက်တာနဲ့ သင်ဟာ လမ်းမှားကို ခြေတစ်လှမ်းစတင်လိုက်တယ်လို့ ဆိုနိုင်ပါတယ်။ Admin ကိုယ်တိုင် မသိခင်အခါက ကြေးကြီးကြီးပေးပြီး သင်ယူလိုက်ရတဲ့ သင်ခန်းစာပေါ့။ 


လူဆိုတာ သင်ယူရင်း ကြီးထွားရင်း လို့ ဆိုရပါမယ်။ ဘယ္သူမဆို အမှားတွေနဲ့ တွေ့တတ်တာ မထူးဆန်းပါဘူး။ ဒါပေမယ့် သင်ယူမလေ့လာဘဲ အမှားတွေကိုပဲ ဆက်လုပ်နေရင်တော့ မဟုတ်တော့ဘူးပေ့ါ။ 


လူတွေကို အရင်ဆုံး စပြီး လေ့ကျင့်ခန်းလုပ်စေတဲ့ ဗိုက်အကြောင်းနဲ့ စပြောရအောင်။ 

လူတော်တော်များများစပြီး " ဟာ၊ မဖြစ်တော့ဘူး။ လေ့ကျင့်ခန်းလေးလုပ်အုန်းမှ " သတိထားမိစေတာ ပူလာတဲ့ဗိုက်ကြောင့်ပဲ မဟုတ္လား။ ဒါ့ကြောင့်ပဲ စလုပ်ဖို့ အသိ၀င်၊ စလုပ်ဖို့ လေ့ကျင့်ခန်း စရှာလိုက်တော့ ဗိုက်ချပ်အောင် အိပ်ထမတင် လုပ်မယ်ဖြစ်ကုန်တော့တာပါပဲ။ 


သင်ဟာ ဒီလို လူတစ်ယောက်ဖြစ်တယ်ဆိုရင် မပူပါနဲ့။ Admin ကိုယ်တိုင် ပထမဆုံးရှာလုပ်ခဲ့တာက 5 minutes 6 packs abs ဆိုတဲ့ Video ပါပဲ။ ဗိုက်ပူရင် ဗိုက်လေ့ကျင့်ခန်းလုပ်မှ ဖြစ်မယ်လို့ တန်းတွေးမိတာကိုး။ 


ဒီလိုပါပဲ လက်မောင်းသား ပျော့နေတယ်၊ အဆီတွေနဲ့ လူကလည်း လက်လေ့ကျင့်ခန်းတွေ လုပ်ကြတာပါပဲ။ ဒါကို လိုချင်တဲ့ နေရာလေးကွက်ပြီး အဆီချဖို့ ကြိုးစားတယ် (Spot Reduction) လို့ခေါ်ပြီး အဲလို အဆီချလို့ မရပါဘူး။ 


အဆီဆိုတာမျိုးက လူတစ်ယောက်နဲ့ တစ်ယောက်စုမိတဲ့ နေရာ မတူပါဘူး။ 


များသောအားဖြင့် ယောင်္ကျားလေးတွေဆို ဗိုက်မှာ စုပြီး မိန်းကလေးတွေဆိုရင် ဗိုက်နဲ့ တင်ပါးမှာ စုမိတာများပါတယ်။ ဒါကြောင့် ယောင်္ကျားလေးတွေ အဆီများလာရင် ဗိုက္တစ္ခု ပူထွက်လာတာများပြီး မိန်းကလေးတွေ အဆီပိုများလာရင် ဗိုက်ရော ၊ တင်ပါးရောမှာ အဆီစုပြီး လျော့လာတာပါပဲ။ ဒါနဲ့ ပတ်သက်ပြီး Meme လေးတစ်ခုတောင် တွေ့ဖူးပါတယ်။ 


" ယောင်္ကျားပီသရင် ဗိုက်ပူတယ် " ဆိုပြီး သတင်းတစ်ခုရဲ့ ခေါင်းစဉ်ကို အခြေခံပြီး ဗိုက်မပူရင်ပဲ ယောင်္ကျားမဟုတ်သလိုပေ့ါ။ အမွန္က အဆီအမ်ားဆုံးစုတဲ့ နေရာဟာ ယောင်္ကျားလေးတွေ အတွက် ဗိုက်လို့ ပြောတာပါ။ 


ဒီလို General ယေဘုယျ ရှိပေမယ့် လူတစ်ချို့ကျတော့ အဆီအဓိက စုတဲ့ နေရာက လက်ပြင်လိုမျိုးဖြစ်တာ ရှိတတ်ပါတယ်။ တစ်ချို့ကျ ပေါင်ပေ့ါ။ ဒါ့ကြောင့်လဲ

" လူကပိန်တယ်ရှင့်၊ ပေါင်လေးပဲ အဆီချချင်တာ။ လက္ကေလးပဲ ချချင်တာ "

ဖြစ်ကုန်တော့တာပါပဲ။ 


ဒါနဲ့ပဲ ဗိုက်ပူရင် ဗိုက်လေ့ကျင့်ခန်းရှာ၊ လက်တွဲရင် လက်လေ့ကျင့်ခန်းရှာ၊ ပေါင်ကျစ်ချင်ရင် ပေါင်လေ့ကျင့်ခန်းရှာ ဖြစ်ကုန်တော့တာပါပဲ။ ဒီလိုနဲ့ လုပ်ကြ၊ ပြီးတော့လည်း ဘာမွ ဖြစ်မလာဘူးဟုတ်။ ဘာ့ကြောင့်ပါလဲ။ 


ဒီနေရာမှာ ခန္ဓာကိုယ်က သိပ်အကျင့်မကောင်းဘူး ပြောလို့ရပါတယ်။ သူက အရင်စုတဲ့ နေရာ (ဥပမာ ဗိုက်)မွာ အဆီအရင်စုပေမယ့် အဆီပြန်ကျရင်တော့ အဲဒီနေရာက နောက်ဆုံးမှာ ကျတော့တာပါပဲ။ ရှင်းအောင် ပြောရရင် စ၀လာတာနဲ့ ဗိုက်ပူလာမယ်၊ ပြီးရင် လက်တွေ ဂုတ်တွေပါ ၀လာမယျ။ ဒါပေမယ့် ပြန်အဆီကျတော့ လက်တွေ ဂုတ်တွေက အရင်ကျပြီး ပထမဆုံး ပူလာတဲ့ ဗိုက္က အဆီက နောက်ဆုံး က်တာပါပဲ။ 


(အဆီ အရင်တက်တဲ့ အပိုင်းတွေက နောက်ဆုံးမှ အဆီပြန်ကျပါတယ်) 


ဒီလို အဆီကျရင် သဘာ၀ သတ်မှတ်ထားတဲ့အတိုင်း၊ မျိုးရိုးဗီဇအတိုင်းသွားလို့ နေရာ ကွက်ပြီး ပိန်ချင်လို့ မရတာပါပဲ။ ဒါ့ကြောင့်လဲ ဗိုက်ကပြားချပ် 6 packs တွေရှိနေတဲ့သူမှာ ဂုတ်အဆီတွေ မတွေ့တာပဲပေ့ါ။ 


အဲတော့ ကိုယ္က ဗိုက်ကလေးပိန်ချင်ပေမယ့် သူ့ရှေ့မှာ စောင့်နေတဲ့ တစ်ကိုယ်လုံးကအဆီတွေ ကျအောင် လုပ်ရမှာပါပဲ။ ဒါ့ကြောင့် တစ္ကိုယ္လုံး အဆီချဖို့ ကြိုးစားခြင်းက လွဲလို့ တခြားနည်းလမ်းမရှိပါ။ 


*************************************** 


(2) နေရာကွက် လေ့ကျင့်ခန်းအသေးတွေကို အချိန်အများကြီး မပေးပါနဲ့ 


ဒီအချက်ဟာ အပေါ်က နံပတ် ၁ အခ်က္က ဆင်းသက်လာတဲ့ အမွားပါ။ နံပတ် ၁ အချက် (လိုချင်သလိုရွေးပြီး အဆီချမယ်)ဟာ အခုမွ စချင်သူတွေရဲ့ အမှားအများဆုံးအချက်ဆိုရင် အခု နံပတ်၂ အချက်ကလည်း ဆက်စပ်နေတော့ အမွားမ်ားတာ မစမ်းပါဘူး။ 


ဟိုတစ်လောကတင် Chat box မွာ လာမေးတဲ့ Bro တစ်ယောက်ရှိပါတယ်။ သူက ဝေတာ့ Gym အခုမွ စဆော့ပါတယ်တဲ့။ ပထမ မိနစ်သုံးဆယ်လောက်မှာ ပြေးတာ ၁၀မိနစ်၊ စက္ဘီးက ၁၀မိနစ်၊ မြန်မြန်ပြေးတာ ၁၀မိနစ် ဆိုလား။ အဲတာပြီးတော့ အဓိက လေ့ကျင့်ခန်းအဖြစ် အိပ်ထမတင်လုပ်ခိုင်းတယ်။ ဒီလိုနဲ့ အခုပြန်ရောက်လာလို့ ဘယ်လိုနေလဲ မွန္လား မေးကြည့်တာပါတဲ့။ 


(စကားကြိုခံပါရစေ။ လာမေးတဲ့ Bro ရဲ့ လူပုံစံ ဘယ်လောက်၀လဲ၊ ဘာလုပ်နိုင်လောက်လဲကို Admin မသိပါ။ သူ့ပုံစံကို မသိတော့ သူ့ Trainer က ဘယ်လိုတွေးပြီး သူ့ကို ဒါတွေလုပ်ခိုင်းလဲ အေသအခ်ာမသိ။ Trainer မွာ သူ့အကြောင်းပြချက်နဲ့ သူရှိနေနိုင်တာမလို့ Admin တွေးပုံနဲ့ တူချင်မှ တူမွာပါ။ စကားကြိုခံရခြင်း အကြောင်းက မတူတဲ့ သေဘာတရားကို ပြောရင် ဖောင်း အထုခံရလွန်းလို့ ဖြစ်ပါကြောင်း) 


ပြန်ဆက်လိုက်ရအောင်။ လာမေးတဲ့ Bro နဲ့ အခုမွ စပြီး လေ့ကျင့်ခန်းလုပ်ပြီး အဆီချချင်သူ၊ ခါးသေးချင်သူတွေရဲ့ ရည်ရွယ်ချက်က တူတူပါပဲ။ အဆီကျဖို့ပေ့ါ။ 


အပေါ်မှာ ရှင်းပြခဲ့တဲ့ အတိုင်း အဆီဆိုတာ နေရာကွက်ချမရလို့ တစ်ကိုယ်လုံးချဖို့ ကြိုးစားရပါမယ်။ 


"အဆီအများဆုံးကျစေမယ့် အခ်က္က လေ့ကျင့်ခန်းလုပ်စဉ်မှာ စွမ်းအင် အများကြီး သုံးစေဖို့ပါပဲ။" 


စွမ်းအင် အများကြီး သုံးဖို့ဆို သင်လုပ်နိုင်တာ နှစ်ခုရှိပါတယ်။  


 နှလုံးခုန် နှုန်းမြန်အောင် လုပ်ခြင်း - 


- ပြေးခြင်း ၊ စက်ဘီးနင်းခြင်း

- ကြိုးခုန်ခြင်း ၊ ကခုန်ခြင်း

- ရေကူးခြင်း

- အားကစားလုပ်ခြင်း (ဘောကန်၊ ဘတ်စကတ်ဘော)

- အိမ်မှာလုပ်နိုင်တဲ့ အလေးလွတ် လေ့ကျင့်ခန်းလုပ်ခြင်း

- အလေးမခြင်း စသဖြင့် နှလုံးခုန်နှုန်းမြန်အောင် လုပ်ရင် အဆီကျစေပါတယ်။  


 စွမ်းအင် အများဆုံးသုံးစေတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းနဲ့ အလေးမခြင်း သို့မဟုတ် အလေးလွတ်လုပ်ခြင်း - 


ဒီမွာ နှစ်မျိုးခွဲပေးပါမယ်။ စွမ်းအင်သုံးတာများတာနဲ့ သုံးတာနည်းတဲ့ အစိတ်အပိုင်းတွေပေ့ါ။ 


"စွမ်းအင်သုံးတာ များသော အစိတ်အပိုင်း"

- ရင်ဘတ်

- နောက်ကျော

- အောက်ပိုင်း (တင်ပါး၊ ပေါင်)

- ပုခုံး (ဆုံ)

- ပင်မကြွက်သား (ခါးတစ်ဝိုက် ပတ်လည်တစ်ခုလုံး) 


"စွမ်းအင်သုံးတာ နည်းသော အစိတ်အပိုင်း"

- လက်မောင်း (ရှေ့၊နောက်)

- လက္ဖ်ံ

- ခြေသလုံး

- Abs ( အပေါ်က ပင်မကြွက်သားနဲ့ မတူပါ၊ Abs ဆိုတာ 6 packs ၀နျးကငြျ သေးသေးလေးတစ်ခုတည်းကို ဆိုလိုပါတယ်) 


ဒီတော့ အဆီမြန်မြန် ကျချင်တယ်၊ ခါးသေးချင်တယ်၊ ဘာသေး ညာသေးချင်တယ်ဆိုရင် စွမ်းအင် အများကြီး သုံးတဲ့ အစိတ်အပိုင်းတွေကို လေ့ကျင့်ဖို့လိုပါတယ်။  


နမူနာ လုပ်သင့်တဲ့ လေ့ကျင့်ခန်းတွေက 


- ရင်ဘတ်တွန်း (အေလးလြတ္ဆို ဒိုက္ထိုး) 


ပါ၀င်သောကြွက်သား = ရင်ဘတ်၊ လက်မောင်းနောက်၊ ပင်မကြွက်သား 


- အလေးနဲ့ ထိုင်ထ (အလေးလွတ်ဆိုလည်း ထိုင်ထပဲပေါ့) 


ပါ၀င်သောကြွက်သား = ပင်မကြွက်သား၊ Abs ၊ အောက်ပိုင်း 


- နောက်ကျောဆွဲ (အေလးလြတ္ဆို ဘားခို) 


ပါ၀င်သောကြွက်သား = နောက်ကျော၊ လက်မောင်းရှေ့၊ ပင်မကြွက်သား၊ အောက်ပိုင်း ပေါင် (တချို့ပုံစံတွေဆို ခြေခိုင်မှ) 


- ပုခုံးဆုံ 


ပါ၀င်သောကြွက်သား = ပုခုံး၊ ရင်ဘတ် (အပေါ်သား)၊ ပင်မကြွက်သား၊ အောက်ပိုင်း ပေါင် (တချို့ မတ်တပ်ရပ်လုပ်တဲ့ ပုံစံ) 


စတဲ့ လေ့ကျင့်ခန်းတွေဟာ စွမ်းအင်သုံးတာ မ်ားတဲ့ အစိတ်အပိုင်းတွေရော၊ စွမ်းအင်သုံးတာ နည်းတဲ့ အစိတ်အပိုင်းတွေရော ပါတာကြောင့် သင့်ကို အဆီကျဖို့ အများကြီး မြန်စေပါတယ်။ 


 


နမူနာ မထိရောက်တဲ့ လေ့ကျင့်ခန်းတွေက 


- လက်မောင်း 


ပါ၀င်သော ကြွက်သား = လက်မောင်း 


- အိပ်ထမတင် 


ပါ၀င်သော ကြွက်သား = Abs ၊ ခါးအနောက် (အနည်းငယ်သာ) 


စတဲ့ လေ့ကျင့်ခန်းတွေကျ စွမ်းအင်သုံးတာ မမ်ားပါဘူး။  


ဒါဆိုရင် အပေါ်က မေးတဲ့ Bro ရဲ့ Gym မှာလုပ်တာလေးကို ပြန်ကြည့်လိုက်ရအောင်။ 


ပထမ မိနစ် ၃၀မွာ ပြေးတာ၊ စက်ဘီးနင်းတာ လုပ်တယ်ဆိုတော့ မဆိုးပါဘူး။ နှလုံးခုန်နှုန်းမြန်လာမယ်၊ စွမ်းအင်တွေ သုံးရတယ်ပေါ့။ 


ဒါပေမယ့် နောက်မိနစ် ၃၀မွာ အိပ်ထမတင် လုပ္တာကေတာ့ သိပ်မထိရောက်ပါဘူး။ အိပ်ထမတင် လုပ်ရင်သုံးတဲ့ Abs ကြွက်သားဆိုတာ ချက်တစ်ဝိုက်က ခပ်သေးသေး ကြွက်သားစုဖြစ်သလို စွမ်းအင် မ်ားမ်ားလဲ မသုံးပါဘူး။ မှားတယ်လို့ မဆိုချင်ပေမယ့် ဒီ့ထက္ပို အကျိုးရှိမယ့် အရာတွေ ရှိတာမလို့ ကုန္သြားတဲ့ အချိန်တွေ မထိုက်တန်ဘူးလို့ ဆိုချင်ပါတယ်။ 


ဒီဒုတိယ မိနစ် ၃၀မွာ ဗိုက်အဆီကျချင်လို့ ဗိုက်လေ့ကျင့်ခန်းလုပ်မယ့်အစား အပေါ်က စွမ်းအင် အများကြီးသုံးတဲ့ ရင်ဘတ်၊ အောက်ပိုင်း ၊ နောက်ကျော၊ ပုခုံးစတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ရင် ပို အကျိုးရှိမယ်ဟုတ်။ 


ဒါက ဒီ Bro ရဲ့ ပြောပြချက်ပါ။ တစ်ချို့ လက်မောင်းတွဲနေလို့ Gym သြားတဲ့ မိန်းကလေးတွေ တစ်ချို့ ပြောပြချက်အရ ပထမပိုင်းမှာ ပြေးတာတွေ လုပ်ရပြီး ဒုတိယပိုင်းမှာ လက်မောင်း အေလးမ ရတယ်လို့ ဆိုကြတာလဲ ရှိပါတယ်။ ဒီလိုလူတွေအတွက် လက်မောင်း အေလးမ မိနစ် ၃၀ လုပ်မယ့်အစား အကျိုးပိုရှိမယ့် စွမ်းအင်အများကြီးသုံးတဲ့ လေ့ကျင့်ခန်းတွေ အစားထိုး လုပ်စေချင်ပါတယ်။ 


Gym တစ္ခုမွာ တစ္နာရီ၊ နှစ်နာရီ၊ သုံးနာရီ နေခြင်းက သင့်ရလဒ်ကို ထုတ်ဖော်မပြပါဘူး။ နေခဲ့တဲ့ တစ္နာရီ အတွင်းမှာ ဘာလုပ်ခဲ့တယ်ဆိုတာကပဲ သင့်ရလဒ်ကို ကိုယ်စားပြုနိုင်ပါလိမ့်မယ်။ 


တစ်ချို့ အချိန်အကြာကြီး ၂နာရီလောက်နေပေမယ့် မိနစ် ၄၀လောက်ပဲ လုပ်တဲ့လူရဲ့ Result ကို မမှီတာတွေလည်း တွေ့နေစမြဲပါ။ Quantity ထပ် Quality က ပိုအရေးကြီးတယ်ဆိုတာ Bodybuilding မှာလည်း မှန်ကန်ပါတယ်။ 


**************************************** 


အခုမွ စလုပ်သူတွေအတွက် အခြေခံ လမ်းညွှန်ချင်တာကို အတိုချုပ်ရမယ်ဆိုရင် ဒီတစ်ခေါက် လေ့ကျင့်ခန်းလုပ်တဲ့ အခါ နေရာကွက်ပြီး အဆီချဖို့ မကြိုးစားပါနဲ့။ 


သင်ဟာ အိမ်မှာပဲ လေ့ကျင့်ခန်းလုပ်သူဆိုရင်၊ အလေးလွတ်ဆိုရင် 


- ကြိုးခုန်တာ၊ ပြေးတာ၊ လှေကားတက်တာ 


- Page ထဲက အဆီကျလေ့ကျင့်ခန်း Video တွေ 


- အခုခေတ် ကခုန္တာ 


- ဒိုက္ထိုး ၊ ဘားခို ၊ ထိုင်ထ (အေလးက အိမ်မှာ ရွိတဲ့ ကျောပိုးအိတ်တို့၊ ရေဘူးတို့ သင့်သလို ပေါင်းလို့ရတယ်ဟုတ်) 


စတာတွေက နှလုံးခုန်နှုန်းမြန်စေသလိုကြွက်သားအစုံ သုံးတာမလို့ သင့်တော်ပါတယ်။ 


သင်ဟာ Gym သွားပြီး ကိရိယာတွေနဲ့ ဆော့ခွင့်ရသူဆိုရင် 


- ကြိုးခုန်တာ၊ ပြေးတာ၊ စက်ဘီးနင်းတာ 


- ရင်ဘတ်၊ နောက်ကျော၊ ပုခုံး၊ တင်ပါး၊ ပေါင် စတာတွေကို လေ့ကျင့်တဲ့ အေလးတုံး၊ စက် ပုံစံတွေကို မပါမဖြစ် ထည့်ပြီး လုပ်ပါ။ 


ဒါတွေလုပ်ပြီးမှ အချိန်ပိုသေးတယ်ဆိုရင် Abs လေ့ကျင့်ခန်းတွေလုပ်ပါ။ 


********************************** 


ဒီ Basic အချက်တွေ သိပြီးလို့ သင်ဟာ နေရာကွက်ပြီး အဆီချဖို့ မကြိုးစားတော့ပါဘူး၊ နောက်တစ်ဆင့် မြင့်ပြီး စနစ်တကျလေး Abs ရအောင် ဘယ္လို စားသောက်ရမလဲ၊ ခန္ဓာကိုယ်တစ်ခုကို ဘယ်လိုထုဆစ်ရမလဲ စတဲ့ Intermediate ဗဟုသုတေတြ သိချင်လာပြီဆိုရင်တော့ Page ထဲမွာ တစ်ခြားဆောင်းပါးတွေ ရှိတာမလို့ ၀ငျရောကျဖတျကွည့ျနိုငျပါတယျ။ 


ဒီဆောင်းပါးလေးကိုလည်း တစ်ခြား မသိသေးသူတွေ ရှိနိုင်တာမလို့ ပြန်လည်ဝေမျှ ပေးနိုင်ပါတယ်။ 


အခြေခံအချက်တွေဖြစ်လို့ သိသူတွေရှိပေမယ့် မသိတဲ့ လူပမာဏဟာ မယုံနိုင်စရာ များပြားပါတယ်။ Admin ကိုယ်တိုင်လည်း အရင်က ဒီအချက်တွေကို မသိခဲ့တာမလို့ ကိုယ့်လိုပဲ မှားနေကျသူတွေကို ကိုယ်ချင်းစာပြီး ရေးလိုက်ရပါကြောင်း။ 


မူလမျှေ၀ရေးသားသူ - Golden Dreams 


(Zawgyi) 

ခါးေသးေအာင္_ဘယ္လိုလုပ္ရမလဲ 

(ေလ့က်င့္ခန္းလုပ္လိုသူမ်ားအတြက္ မသိမျဖစ္ အေျခခံ) 




#Fitness_exercises

#Body_Shape

#ကိုယ္ကာယေလ့က်င့္ခန္း

(သည္ေဆာင္းပါးက Gym စကစားသူေတြ အေမးမ်ား အေတြးမ်ားတဲ့ေမးခြန္းမ်ားပဲျဖစ္ပါတယ္။ Trainner ေတြကလည္း အရည္အခ်င္းျပည့္မီသူေတြျဖစ္ဖို႔လိုတာေပါ့ အေျဖေပး အေတြးမမွားေအာင္ လမ္းညႊန္ေပးႏိုင္ဖို႕ဆိုတာ။ ဘာပဲျဖစ္ျဖစ္ က်န္းမာေရးကို ဂရုစိုက္ျပီး ၾကံ့ခိုင္မႈအေလးထားလာတဲ့ ယေန႕ေခတ္မွာ သိထားသင့္တဲ့ေဆာင္းပါးတစ္ေစာင္မို႔ ဖတ္ၾကည့္ရေအာင္။)     


ဒီလိုႀကီး တိုက္ရိုက္ေမးတဲ့လူေတြလဲ ရွိသား။ 

ဒါမွမဟုတ္ လက္ေမာင္းက အဆီေတြ၊ ေပါင္ကအဆီေတြ ဘယ္လိုခ်ရမလဲ ေမးသူေတြလည္း ရွိပါတယ္။ 


ဒီေမးခြန္းေတြဟာ Workout လုပ္တာနဲ႕ ရင္းႏွီးသူေတြအတြက္ဆို ဘယ္လိုလုပ္ရမလဲ သေဘာေပါက္ၿပီးသား ေမးခြန္းေတြျဖစ္ပါတယ္။ အေျခခံက်တဲ့၊ အရမ္းရိုးရွင္းတဲ့ သူငယ္တန္း ေမးခြန္းေတြေပါ့။ ဒါ့ေၾကာင့္ အခုေျပာမယ့္ ေဆာင္းပါးက အခ်က္ေတြ တစ္ခ်ိဳ႕ သိၿပီးျဖစ္ခ်င္ျဖစ္မယ္။ 


ဒါေပမယ့္ သာမန္ ေလ့က်င့္ခန္းမလုပ္ဖူးသူ၊ ဒါမွမဟုတ္ အခုမွ စလုပ္ခ်င္သူေတြအတြက္ေတာ့ အရမ္းတိုင္ပတ္တဲ့ သေဘာတရားပါ။ ေလ့က်င့္ခန္းစလုပ္ၿပီ ဆိုကတည္းက လူဆိုတာ ပန္းတိုင္ရွိၿပီးသားပါ။ ဒီပန္းတိုင္ေတြထဲက အမ်ားဆုံးေတြ႕ရေလ့ရွိတာကလည္း ကိုယ္မလိုခ်င္တဲ့ ေနရာက အဆီကို စခ်ခ်င္တာပဲ မဟုတ္လား။ 


ဒါ့ေၾကာင့္ပဲ သူတို႔ေတြ ရိုးရိုးသားသား လိုခ်င္တာ တန္းၿပီး ေမးတာေပ့ါ။ 


" ေပါင္က အဆီဘယ္လိုရွင္းမလဲ " 


" ခါးက အဆီဘယ္လိုရွင္းမလဲ " 


" လက္ေမာင္း ဘက္လက္ႀကီး ဘယ္လိုရွင္းမလဲ " 


Golden Dreams Page အေနနဲ႕ လုပ္နိုင္တဲ့ အေၾကာင္းကို အတိုေျပာခဲ့ဖူးေပမယ့္ အရွည္ မေရးခဲ့ဘူးပါ။ ဒါကလဲ လူေတြ သိပ္မသိနိုင္တဲ့၊ ပိုထဲထဲဝင္ဝင္ Next Level ထိ ျမႇင့္ေပးနိုင္တဲ့ ေဆာင္းပါးေတြ ပိုေရးခ်င္လို႔ပါပဲ။ ေဆာင္းပါးေရးဖို႔ အခ်ိန္ပို သိပ္မရွိရတဲ့ၾကားထဲမွာတင္ ေရးျဖစ္တဲ့အခါ Basic အေျခခံ အခ်က္ေတြနဲ႕တင္ တန့္မေနခ်င္လို႔ပါ။ ဒါေပမယ့္လည္း ဒီတစ္ေခါက္ေတာ့ လာေမးသူေတြအတြက္ မွန္ကန္တဲ့ အေျဖရေအာင္ ေရးဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ 


အေျခခံ Basic ျဖစ္တယ္ဆိုထားလို႔ အေရးမႀကီးဘူး မထင္ေစလို။ ဒီဗဟုသုတကို မသိသူမ်ားအဖို႔ နည္းလမ္းအမွားေတြနဲ႕ လုပ္ေနရင္ ေျခာက္လၾကာလည္း ဘာမွမျဖစ္၊ တစ္ႏွစ္ၾကာလည္း ဘာမွမျဖစ္ Result မရျဖစ္ေစနိုင္တာမလို႔ပါ။ 


ကဲ .....

သာမန္လူတစ္ေယာက္အေနနဲ႕ ကိုယ္မလိုခ်င္တဲ့ အဆီေတြ ေပ်ာက္သြားဖို႔ ဘယ္လိုစရမလဲ ? ? ? 


******************************************************* 


(1) သင္ဟာလိုခ်င္သလို ကြက္ၿပီး အဆီခ်လိဳ႕ မရပါဘူး 


ဒီအခ်က္ကို အရင္ဆုံးေခါင္းထဲမွာ မွတ္ေက်ာက္တင္ထားဖို႔ လိုပါတယ္။ ဘာလို႔လဲဆိုေတာ့ ေနရာကြက္ၿပီး လိုခ်င္တာေလး အဆီခ်လိဳ႕ရတယ္လို႔ စိတ္ထဲမွာ မွတ္ၿပီး ႀကိဳးစားလိုက္တာနဲ႕ သင္ဟာ လမ္းမွားကို ေျခတစ္လွမ္းစတင္လိုက္တယ္လို႔ ဆိုနိုင္ပါတယ္။ Admin ကိုယ္တိုင္ မသိခင္အခါက ေၾကးႀကီးႀကီးေပးၿပီး သင္ယူလိုက္ရတဲ့ သင္ခန္းစာေပါ့။ 


လူဆိုတာ သင္ယူရင္း ႀကီးထြားရင္း လို႔ ဆိုရပါမယ္။ ဘယ္သူမဆို အမွားေတြနဲ႕ ေတြ႕တတ္တာ မထူးဆန္းပါဘူး။ ဒါေပမယ့္ သင္ယူမေလ့လာဘဲ အမွားေတြကိုပဲ ဆက္လုပ္ေနရင္ေတာ့ မဟုတ္ေတာ့ဘူးေပ့ါ။ 


လူေတြကို အရင္ဆုံး စၿပီး ေလ့က်င့္ခန္းလုပ္ေစတဲ့ ဗိုက္အေၾကာင္းနဲ႕ စေျပာရေအာင္။ 

လူေတာ္ေတာ္မ်ားမ်ားစၿပီး " ဟာ၊ မျဖစ္ေတာ့ဘူး။ ေလ့က်င့္ခန္းေလးလုပ္အုန္းမွ " သတိထားမိေစတာ ပူလာတဲ့ဗိုက္ေၾကာင့္ပဲ မဟုတ္လား။ ဒါ့ေၾကာင့္ပဲ စလုပ္ဖို႔ အသိ၀င္၊ စလုပ္ဖို႔ ေလ့က်င့္ခန္း စရွာလိုက္ေတာ့ ဗိုက္ခ်ပ္ေအာင္ အိပ္ထမတင္ လုပ္မယ္ျဖစ္ကုန္ေတာ့တာပါပဲ။ 


သင္ဟာ ဒီလို လူတစ္ေယာက္ျဖစ္တယ္ဆိုရင္ မပူပါနဲ႕။ Admin ကိုယ္တိုင္ ပထမဆုံးရွာလုပ္ခဲ့တာက 5 minutes 6 packs abs ဆိုတဲ့ Video ပါပဲ။ ဗိုက္ပူရင္ ဗိုက္ေလ့က်င့္ခန္းလုပ္မွ ျဖစ္မယ္လို႔ တန္းေတြးမိတာကိုး။ 


ဒီလိုပါပဲ လက္ေမာင္းသား ေပ်ာ့ေနတယ္၊ အဆီေတြနဲ႕ လူကလည္း လက္ေလ့က်င့္ခန္းေတြ လုပ္ၾကတာပါပဲ။ ဒါကို လိုခ်င္တဲ့ ေနရာေလးကြက္ၿပီး အဆီခ်ဖိဳ႕ ႀကိဳးစားတယ္ (Spot Reduction) လို႔ေခၚၿပီး အဲလို အဆီခ်လိဳ႕ မရပါဘူး။ 


အဆီဆိုတာမ်ိဳးက လူတစ္ေယာက္နဲ႕ တစ္ေယာက္စုမိတဲ့ ေနရာ မတူပါဘူး။ 


မ်ားေသာအားျဖင့္ ေယာကၤ်ားေလးေတြဆို ဗိုက္မွာ စုၿပီး မိန္းကေလးေတြဆိုရင္ ဗိုက္နဲ႕ တင္ပါးမွာ စုမိတာမ်ားပါတယ္။ ဒါေၾကာင့္ ေယာကၤ်ားေလးေတြ အဆီမ်ားလာရင္ ဗိုက္တစ္ခု ပူထြက္လာတာမ်ားၿပီး မိန္းကေလးေတြ အဆီပိုမ်ားလာရင္ ဗိုက္ေရာ ၊ တင္ပါးေရာမွာ အဆီစုၿပီး ေလ်ာ့လာတာပါပဲ။ ဒါနဲ႕ ပတ္သက္ၿပီး Meme ေလးတစ္ခုေတာင္ ေတြ႕ဖူးပါတယ္။ 


" ေယာကၤ်ားပီသရင္ ဗိုက္ပူတယ္ " ဆိုၿပီး သတင္းတစ္ခုရဲ႕ ေခါင္းစဥ္ကို အေျခခံၿပီး ဗိုက္မပူရင္ပဲ ေယာကၤ်ားမဟုတ္သလိုေပ့ါ။ အမွန္က အဆီအမ်ားဆုံးစုတဲ့ ေနရာဟာ ေယာကၤ်ားေလးေတြ အတြက္ ဗိုက္လို႔ ေျပာတာပါ။ 


ဒီလို General ေယဘုယ် ရွိေပမယ့္ လူတစ္ခ်ိဳ႕က်ေတာ့ အဆီအဓိက စုတဲ့ ေနရာက လက္ျပင္လိုမ်ိဳးျဖစ္တာ ရွိတတ္ပါတယ္။ တစ္ခ်ိဳ႕က် ေပါင္ေပ့ါ။ ဒါ့ေၾကာင့္လဲ

" လူကပိန္တယ္ရွင့္၊ ေပါင္ေလးပဲ အဆီခ်ခ်င္တာ။ လက္ကေလးပဲ ခ်ခ်င္တာ "

ျဖစ္ကုန္ေတာ့တာပါပဲ။ 


ဒါနဲ႕ပဲ ဗိုက္ပူရင္ ဗိုက္ေလ့က်င့္ခန္းရွာ၊ လက္တြဲရင္ လက္ေလ့က်င့္ခန္းရွာ၊ ေပါင္က်စ္ခ်င္ရင္ ေပါင္ေလ့က်င့္ခန္းရွာ ျဖစ္ကုန္ေတာ့တာပါပဲ။ ဒီလိုနဲ႕ လုပ္ၾက၊ ၿပီးေတာ့လည္း ဘာမွ ျဖစ္မလာဘူးဟုတ္။ ဘာ့ေၾကာင့္ပါလဲ။ 


ဒီေနရာမွာ ခႏၶာကိုယ္က သိပ္အက်င့္မေကာင္းဘူး ေျပာလို႔ရပါတယ္။ သူက အရင္စုတဲ့ ေနရာ (ဥပမာ ဗိုက္)မွာ အဆီအရင္စုေပမယ့္ အဆီျပန္က်ရင္ေတာ့ အဲဒီေနရာက ေနာက္ဆုံးမွာ က်ေတာ့တာပါပဲ။ ရွင္းေအာင္ ေျပာရရင္ စ၀လာတာနဲ႕ ဗိုက္ပူလာမယ္၊ ၿပီးရင္ လက္ေတြ ဂုတ္ေတြပါ ၀လာမယ်။ ဒါေပမယ့္ ျပန္အဆီက်ေတာ့ လက္ေတြ ဂုတ္ေတြက အရင္က်ၿပီး ပထမဆုံး ပူလာတဲ့ ဗိုက္က အဆီက ေနာက္ဆုံး က်တာပါပဲ။ 


(အဆီ အရင္တက္တဲ့ အပိုင္းေတြက ေနာက္ဆုံးမွ အဆီျပန္က်ပါတယ္) 


ဒီလို အဆီက်ရင္ သဘာ၀ သတ္မွတ္ထားတဲ့အတိုင္း၊ မ်ိဳးရိုးဗီဇအတိုင္းသြားလို႔ ေနရာ ကြက္ၿပီး ပိန္ခ်င္လို႔ မရတာပါပဲ။ ဒါ့ေၾကာင့္လဲ ဗိုက္ကျပားခ်ပ္ 6 packs ေတြရွိေနတဲ့သူမွာ ဂုတ္အဆီေတြ မေတြ႕တာပဲေပ့ါ။ 


အဲေတာ့ ကိုယ္က ဗိုက္ကေလးပိန္ခ်င္ေပမယ့္ သူ႕ေရွ႕မွာ ေစာင့္ေနတဲ့ တစ္ကိုယ္လုံးကအဆီေတြ က်ေအာင္ လုပ္ရမွာပါပဲ။ ဒါ့ေၾကာင့္ တစ္ကိုယ္လုံး အဆီခ်ဖိဳ႕ ႀကိဳးစားျခင္းက လြဲလို႔ တျခားနည္းလမ္းမရွိပါ။ 


*************************************** 


(2) ေနရာကြက္ ေလ့က်င့္ခန္းအေသးေတြကို အခ်ိန္အမ်ားႀကီး မေပးပါနဲ႕ 


ဒီအခ်က္ဟာ အေပၚက နံပတ္ ၁ အခ်က္က ဆင္းသက္လာတဲ့ အမွားပါ။ နံပတ္ ၁ အခ်က္ (လိုခ်င္သလိုေ႐ြးၿပီး အဆီခ်မယ္)ဟာ အခုမွ စခ်င္သူေတြရဲ႕ အမွားအမ်ားဆုံးအခ်က္ဆိုရင္ အခု နံပတ္၂ အခ်က္ကလည္း ဆက္စပ္ေနေတာ့ အမွားမ်ားတာ မစမ္းပါဘူး။ 


ဟိုတစ္ေလာကတင္ Chat box မွာ လာေမးတဲ့ Bro တစ္ေယာက္ရွိပါတယ္။ သူက ဝေတာ့ Gym အခုမွ စေဆာ့ပါတယ္တဲ့။ ပထမ မိနစ္သုံးဆယ္ေလာက္မွာ ေျပးတာ ၁၀မိနစ္၊ စက္ဘီးက ၁၀မိနစ္၊ ျမန္ျမန္ေျပးတာ ၁၀မိနစ္ ဆိုလား။ အဲတာၿပီးေတာ့ အဓိက ေလ့က်င့္ခန္းအျဖစ္ အိပ္ထမတင္လုပ္ခိုင္းတယ္။ ဒီလိုနဲ႕ အခုျပန္ေရာက္လာလို႔ ဘယ္လိုေနလဲ မွန္လား ေမးၾကည့္တာပါတဲ့။ 


(စကားႀကိဳခံပါရေစ။ လာေမးတဲ့ Bro ရဲ႕ လူပုံစံ ဘယ္ေလာက္၀လဲ၊ ဘာလုပ္နိုင္ေလာက္လဲကို Admin မသိပါ။ သူ႕ပုံစံကို မသိေတာ့ သူ႕ Trainer က ဘယ္လိုေတြးၿပီး သူ႕ကို ဒါေတြလုပ္ခိုင္းလဲ အေသအခ်ာမသိ။ Trainer မွာ သူ႕အေၾကာင္းျပခ်က္နဲ႕ သူရွိေနနိုင္တာမလို႔ Admin ေတြးပုံနဲ႕ တူခ်င္မွ တူမွာပါ။ စကားႀကိဳခံရျခင္း အေၾကာင္းက မတူတဲ့ သေဘာတရားကို ေျပာရင္ ေဖာင္း အထုခံရလြန္းလို႔ ျဖစ္ပါေၾကာင္း) 


ျပန္ဆက္လိုက္ရေအာင္။ လာေမးတဲ့ Bro နဲ႕ အခုမွ စၿပီး ေလ့က်င့္ခန္းလုပ္ၿပီး အဆီခ်ခ်င္သူ၊ ခါးေသးခ်င္သူေတြရဲ႕ ရည္႐ြယ္ခ်က္က တူတူပါပဲ။ အဆီက်ဖိဳ႕ေပ့ါ။ 


အေပၚမွာ ရွင္းျပခဲ့တဲ့ အတိုင္း အဆီဆိုတာ ေနရာကြက္ခ်မရလို႔ တစ္ကိုယ္လုံးခ်ဖိဳ႕ ႀကိဳးစားရပါမယ္။ 


"အဆီအမ်ားဆုံးက်ေစမယ့္ အခ်က္က ေလ့က်င့္ခန္းလုပ္စဥ္မွာ စြမ္းအင္ အမ်ားႀကီး သုံးေစဖို႔ပါပဲ။" 


စြမ္းအင္ အမ်ားႀကီး သုံးဖို႔ဆို သင္လုပ္နိုင္တာ ႏွစ္ခုရွိပါတယ္။  


 ႏွလုံးခုန္ ႏႈန္းျမန္ေအာင္ လုပ္ျခင္း - 


- ေျပးျခင္း ၊ စက္ဘီးနင္းျခင္း

- ႀကိဳးခုန္ျခင္း ၊ ကခုန္ျခင္း

- ေရကူးျခင္း

- အားကစားလုပ္ျခင္း (ေဘာကန္၊ ဘတ္စကတ္ေဘာ)

- အိမ္မွာလုပ္နိုင္တဲ့ အေလးလြတ္ ေလ့က်င့္ခန္းလုပ္ျခင္း

- အေလးမျခင္း စသျဖင့္ ႏွလုံးခုန္ႏႈန္းျမန္ေအာင္ လုပ္ရင္ အဆီက်ေစပါတယ္။  


 စြမ္းအင္ အမ်ားဆုံးသုံးေစတဲ့ ခႏၶာကိုယ္ အစိတ္အပိုင္းနဲ႕ အေလးမျခင္း သို႔မဟုတ္ အေလးလြတ္လုပ္ျခင္း - 


ဒီမွာ ႏွစ္မ်ိဳးခြဲေပးပါမယ္။ စြမ္းအင္သုံးတာမ်ားတာနဲ႕ သုံးတာနည္းတဲ့ အစိတ္အပိုင္းေတြေပ့ါ။ 


"စြမ္းအင္သုံးတာ မ်ားေသာ အစိတ္အပိုင္း"

- ရင္ဘတ္

- ေနာက္ေက်ာ

- ေအာက္ပိုင္း (တင္ပါး၊ ေပါင္)

- ပုခုံး (ဆုံ)

- ပင္မႂကြက္သား (ခါးတစ္ဝိုက္ ပတ္လည္တစ္ခုလုံး) 


"စြမ္းအင္သုံးတာ နည္းေသာ အစိတ္အပိုင္း"

- လက္ေမာင္း (ေရွ႕၊ေနာက္)

- လက္ဖ်ံ

- ေျခသလုံး

- Abs ( အေပၚက ပင္မႂကြက္သားနဲ႕ မတူပါ၊ Abs ဆိုတာ 6 packs ၀န်းကျင် ေသးေသးေလးတစ္ခုတည္းကို ဆိုလိုပါတယ္) 


ဒီေတာ့ အဆီျမန္ျမန္ က်ခ်င္တယ္၊ ခါးေသးခ်င္တယ္၊ ဘာေသး ညာေသးခ်င္တယ္ဆိုရင္ စြမ္းအင္ အမ်ားႀကီး သုံးတဲ့ အစိတ္အပိုင္းေတြကို ေလ့က်င့္ဖို႔လိုပါတယ္။  


နမူနာ လုပ္သင့္တဲ့ ေလ့က်င့္ခန္းေတြက 


- ရင္ဘတ္တြန္း (အေလးလြတ္ဆို ဒိုက္ထိုး) 


ပါ၀င္ေသာႂကြက္သား = ရင္ဘတ္၊ လက္ေမာင္းေနာက္၊ ပင္မႂကြက္သား 


- အေလးနဲ႕ ထိုင္ထ (အေလးလြတ္ဆိုလည္း ထိုင္ထပဲေပါ့) 


ပါ၀င္ေသာႂကြက္သား = ပင္မႂကြက္သား၊ Abs ၊ ေအာက္ပိုင္း 


- ေနာက္ေက်ာဆြဲ (အေလးလြတ္ဆို ဘားခို) 


ပါ၀င္ေသာႂကြက္သား = ေနာက္ေက်ာ၊ လက္ေမာင္းေရွ႕၊ ပင္မႂကြက္သား၊ ေအာက္ပိုင္း ေပါင္ (တခ်ိဳ႕ပုံစံေတြဆို ေျခခိုင္မွ) 


- ပုခုံးဆုံ 


ပါ၀င္ေသာႂကြက္သား = ပုခုံး၊ ရင္ဘတ္ (အေပၚသား)၊ ပင္မႂကြက္သား၊ ေအာက္ပိုင္း ေပါင္ (တခ်ိဳ႕ မတ္တပ္ရပ္လုပ္တဲ့ ပုံစံ) 


စတဲ့ ေလ့က်င့္ခန္းေတြဟာ စြမ္းအင္သုံးတာ မ်ားတဲ့ အစိတ္အပိုင္းေတြေရာ၊ စြမ္းအင္သုံးတာ နည္းတဲ့ အစိတ္အပိုင္းေတြေရာ ပါတာေၾကာင့္ သင့္ကို အဆီက်ဖိဳ႕ အမ်ားႀကီး ျမန္ေစပါတယ္။ 


 


နမူနာ မထိေရာက္တဲ့ ေလ့က်င့္ခန္းေတြက 


- လက္ေမာင္း 


ပါ၀င္ေသာ ႂကြက္သား = လက္ေမာင္း 


- အိပ္ထမတင္ 


ပါ၀င္ေသာ ႂကြက္သား = Abs ၊ ခါးအေနာက္ (အနည္းငယ္သာ) 


စတဲ့ ေလ့က်င့္ခန္းေတြက် စြမ္းအင္သုံးတာ မမ်ားပါဘူး။  


ဒါဆိုရင္ အေပၚက ေမးတဲ့ Bro ရဲ႕ Gym မွာလုပ္တာေလးကို ျပန္ၾကည့္လိုက္ရေအာင္။ 


ပထမ မိနစ္ ၃၀မွာ ေျပးတာ၊ စက္ဘီးနင္းတာ လုပ္တယ္ဆိုေတာ့ မဆိုးပါဘူး။ ႏွလုံးခုန္ႏႈန္းျမန္လာမယ္၊ စြမ္းအင္ေတြ သုံးရတယ္ေပါ့။ 


ဒါေပမယ့္ ေနာက္မိနစ္ ၃၀မွာ အိပ္ထမတင္ လုပ္တာကေတာ့ သိပ္မထိေရာက္ပါဘူး။ အိပ္ထမတင္ လုပ္ရင္သုံးတဲ့ Abs ႂကြက္သားဆိုတာ ခ်က္တစ္ဝိုက္က ခပ္ေသးေသး ႂကြက္သားစုျဖစ္သလို စြမ္းအင္ မ်ားမ်ားလဲ မသုံးပါဘူး။ မွားတယ္လို႔ မဆိုခ်င္ေပမယ့္ ဒီ့ထက္ပို အက်ိဳးရွိမယ့္ အရာေတြ ရွိတာမလို႔ ကုန္သြားတဲ့ အခ်ိန္ေတြ မထိုက္တန္ဘူးလို႔ ဆိုခ်င္ပါတယ္။ 


ဒီဒုတိယ မိနစ္ ၃၀မွာ ဗိုက္အဆီက်ခ်င္လို႔ ဗိုက္ေလ့က်င့္ခန္းလုပ္မယ့္အစား အေပၚက စြမ္းအင္ အမ်ားႀကီးသုံးတဲ့ ရင္ဘတ္၊ ေအာက္ပိုင္း ၊ ေနာက္ေက်ာ၊ ပုခုံးစတဲ့ ေလ့က်င့္ခန္းေတြကို လုပ္ရင္ ပို အက်ိဳးရွိမယ္ဟုတ္။ 


ဒါက ဒီ Bro ရဲ႕ ေျပာျပခ်က္ပါ။ တစ္ခ်ိဳ႕ လက္ေမာင္းတြဲေနလို႔ Gym သြားတဲ့ မိန္းကေလးေတြ တစ္ခ်ိဳ႕ ေျပာျပခ်က္အရ ပထမပိုင္းမွာ ေျပးတာေတြ လုပ္ရၿပီး ဒုတိယပိုင္းမွာ လက္ေမာင္း အေလးမ ရတယ္လို႔ ဆိုၾကတာလဲ ရွိပါတယ္။ ဒီလိုလူေတြအတြက္ လက္ေမာင္း အေလးမ မိနစ္ ၃၀ လုပ္မယ့္အစား အက်ိဳးပိုရွိမယ့္ စြမ္းအင္အမ်ားႀကီးသုံးတဲ့ ေလ့က်င့္ခန္းေတြ အစားထိုး လုပ္ေစခ်င္ပါတယ္။ 


Gym တစ္ခုမွာ တစ္နာရီ၊ ႏွစ္နာရီ၊ သုံးနာရီ ေနျခင္းက သင့္ရလဒ္ကို ထုတ္ေဖာ္မျပပါဘူး။ ေနခဲ့တဲ့ တစ္နာရီ အတြင္းမွာ ဘာလုပ္ခဲ့တယ္ဆိုတာကပဲ သင့္ရလဒ္ကို ကိုယ္စားျပဳနိုင္ပါလိမ့္မယ္။ 


တစ္ခ်ိဳ႕ အခ်ိန္အၾကာႀကီး ၂နာရီေလာက္ေနေပမယ့္ မိနစ္ ၄၀ေလာက္ပဲ လုပ္တဲ့လူရဲ႕ Result ကို မမွီတာေတြလည္း ေတြ႕ေနစၿမဲပါ။ Quantity ထပ္ Quality က ပိုအေရးႀကီးတယ္ဆိုတာ Bodybuilding မွာလည္း မွန္ကန္ပါတယ္။ 


**************************************** 


အခုမွ စလုပ္သူေတြအတြက္ အေျခခံ လမ္းၫႊန္ခ်င္တာကို အတိုခ်ဳပ္ရမယ္ဆိုရင္ ဒီတစ္ေခါက္ ေလ့က်င့္ခန္းလုပ္တဲ့ အခါ ေနရာကြက္ၿပီး အဆီခ်ဖိဳ႕ မႀကိဳးစားပါနဲ႕။ 


သင္ဟာ အိမ္မွာပဲ ေလ့က်င့္ခန္းလုပ္သူဆိုရင္၊ အေလးလြတ္ဆိုရင္ 


- ႀကိဳးခုန္တာ၊ ေျပးတာ၊ ေလွကားတက္တာ 


- Page ထဲက အဆီက်ေလ့က်င့္ခန္း Video ေတြ 


- အခုေခတ္ ကခုန္တာ 


- ဒိုက္ထိုး ၊ ဘားခို ၊ ထိုင္ထ (အေလးက အိမ္မွာ ရွိတဲ့ ေက်ာပိုးအိတ္တို႔၊ ေရဘူးတို႔ သင့္သလို ေပါင္းလို႔ရတယ္ဟုတ္) 


စတာေတြက ႏွလုံးခုန္ႏႈန္းျမန္ေစသလိုႂကြက္သားအစုံ သုံးတာမလို႔ သင့္ေတာ္ပါတယ္။ 


သင္ဟာ Gym သြားၿပီး ကိရိယာေတြနဲ႕ ေဆာ့ခြင့္ရသူဆိုရင္ 


- ႀကိဳးခုန္တာ၊ ေျပးတာ၊ စက္ဘီးနင္းတာ 


- ရင္ဘတ္၊ ေနာက္ေက်ာ၊ ပုခုံး၊ တင္ပါး၊ ေပါင္ စတာေတြကို ေလ့က်င့္တဲ့ အေလးတုံး၊ စက္ ပုံစံေတြကို မပါမျဖစ္ ထည့္ၿပီး လုပ္ပါ။ 


ဒါေတြလုပ္ၿပီးမွ အခ်ိန္ပိုေသးတယ္ဆိုရင္ Abs ေလ့က်င့္ခန္းေတြလုပ္ပါ။ 


********************************** 


ဒီ Basic အခ်က္ေတြ သိၿပီးလို႔ သင္ဟာ ေနရာကြက္ၿပီး အဆီခ်ဖိဳ႕ မႀကိဳးစားေတာ့ပါဘူး၊ ေနာက္တစ္ဆင့္ ျမင့္ၿပီး စနစ္တက်ေလး Abs ရေအာင္ ဘယ္လို စားေသာက္ရမလဲ၊ ခႏၶာကိုယ္တစ္ခုကို ဘယ္လိုထုဆစ္ရမလဲ စတဲ့ Intermediate ဗဟုသုတေတြ သိခ်င္လာၿပီဆိုရင္ေတာ့ Page ထဲမွာ တစ္ျခားေဆာင္းပါးေတြ ရွိတာမလို႔ ၀င်ရောက်ဖတ်ကြည့်နိုင်ပါတယ်။ 


ဒီေဆာင္းပါးေလးကိုလည္း တစ္ျခား မသိေသးသူေတြ ရွိနိုင္တာမလို႔ ျပန္လည္ေဝမွ် ေပးနိုင္ပါတယ္။ 


အေျခခံအခ်က္ေတြျဖစ္လို႔ သိသူေတြရွိေပမယ့္ မသိတဲ့ လူပမာဏဟာ မယုံနိုင္စရာ မ်ားျပားပါတယ္။ Admin ကိုယ္တိုင္လည္း အရင္က ဒီအခ်က္ေတြကို မသိခဲ့တာမလို႔ ကိုယ့္လိုပဲ မွားေနက်သဴေတြကို ကိုယ္ခ်င္းစာၿပီး ေရးလိုက္ရပါေၾကာင္း။ 


မူလမွ်ေ၀ေရးသားသူ - Golden Dreams 

Thursday, January 6, 2022

ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေ ဘယ်လို သန္ဓေတားခဲ့ကြသလဲ

ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေ ဘယ်လို သန္ဓေတားခဲ့ကြသလဲ




စာရေးသူ Arkar Hein မှ ရေးသားသည်။ 

Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။


ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေ ဘယ်လို သန္ဓေတားခဲ့ကြသလဲ


 ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေ ဘယ်လို သန္ဓေတားခဲ့ကြသလဲ


 ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်တွေဟာ သန္ဓေတားဖို့အတွက် နည်းမျိုးစုံသုံးပြီး ကြိုးစားခဲ့ကြပါတယ်။ သူတို့သုံးခဲ့တဲ့ ပစ္စည်းတွေထဲမှာ တိရစ္ဆာန် အညစ်အကြေးတွေ၊ အဆိပ်ရည်တွေ၊ ရှောက်သံပုရာမျိုးနွယ်ဝင်အသီးတွေက စလို့ သစ်သားအတုံးတွေ အထိပါဝင်ခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ မျက်မှောက်ခေတ်ဆေးပညာက သန္ဓေသားနည်းတွေကို မတီထွင်ရသေးတဲ့ အချိန်တုန်းက လူသားတွေဟာ ပုံမှန်မဟုတ်တဲ့ သန္ဓေသားနည်းမျိုးစုံကို အသုံးပြုခဲ့ရတာပါ။ ဒါကြောင့် မျက်မှောက်ခေတ်မှာ ခေတ်မှီဆေးဝါးအစုံအလင် အသုံးပြုခွင့်ရတာ ဟာ တော်တော်ကံကောင်းတယ်လို့ ဆိုရမှာပါ။


 ၁။ သံအတွင်းခံ


 chastity belt ဆိုတာကိုကြားဖူးကြလား။ chastity ဆိုတာ ဗြဟ္မစရိယကျင့်ခြင်းလို့ အဓိပ္ပါယ်ရပြီး အလယ်ခေတ်ကအမျိုးသမီးတွေ သူမရဲ့ခင်ပွန်းဖြစ်သူကလွဲပြီး တခြားသူနဲ့ လိင်ဆက်ဆံလို့ မရအောင် ဝတ်ကြတဲ့ ခါးပတ်တစ်မျိုး ဖြစ်ပါတယ်။ ဒီသံခါးပတ်တွေဟာ အလယ်ခေတ်ကာလလောက်က ညှင်းပန်းနှိပ်စက်တဲ့ နေရာတွေမှာလည်း သုံးလေ့ရှိပါတယ်။ ဒါပေမဲ့ တကယ်တမ်းက ဒီခါးပတ်တွေဟာ ၁၈၀၀ ခုနှစ်ပတ်ဝန်းကျင်လောက်မှာ လူသိများလာခဲ့တာပါ။ ၁၈၀၀ ခုနှစ်လောက်မှာ ဖက်ရှင် မဂ္ဂဇင်းတော်တော်များများက ဒီခါးပတ်တွေကို မုဒိမ်းအကျင့်ခံရတဲ့ အန္တရာယ်မှ ကာကွယ်ပေးနိုင်တဲ့ အသုံးအဆောင်တစ်ခု အဖြစ် ဖော်ပြခဲ့ပြီး စက်မှုခေတ်ကာလလောက်က အင်္ဂလန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံက အမျိုးသမီးတော်တော်များများဟာ စက်ရုံတွေထဲမှာ အများအပြားအလုပ်ဝင်လုပ်ခဲ့ကြတဲ့ အချိန်မှာတော့ တစ်ချို့သော အမျိုးသမီးတွေကတော့ မုဒိမ်းမှုကျူးလွန်ခံရခြင်းမှ ကာကွယ်ရန် ဒီလို သက်တောင့်သက်သာမရှိတဲ့ သံအတွင်းခံတွေကို ဝတ်ဆင်ခဲ့ကြပါတယ်။ အလယ်ခေတ်တုန်းကလည်း အမျိုးသားအများစုဟာ သူတို့ရဲ့ဇနီးတွေ ဖောက်ပြန်ခြင်းနဲ့ အာသာဖြေတာတွေ လုပ်လို့မရအောင် ဒီလို သံအတွင်းခံတွေ ဝတ်ဆင်ခိုင်းခဲ့ကြပါတယ်။


 ၂။ မာကျူရီ၊ (ပြဒါး)


 သတ္တုအောက်ခံဘောင်းဘီကို ဝတ်ဆင်တာက ခံစားရခက်တယ်ဆိုပေမဲ့ အဆိပ်တွေ မြိုချတာလောက်တော့ မဆိုးသေးပါဘူး။ လွန်ခဲ့တဲ့ နှစ် ၁ ထောင်ကျော်လောက်က တရုတ်အမျိုးသမီးတစ်ချို့ဟာ မာကျူရီကို သန္ဓေသားဆေး အဖြစ် အသုံးပြုခဲ့ကြပါတယ်။ မာကျူရီသောက်ခြင်းဟာ မြုံခြင်း၊ ကျောက်ကပ်ပျက်ဆီးခြင်း၊ ဦးနှောက်ပျက်ဆီးခြင်းနဲ့ သေဆုံးသည်အထိ ဖြစ်စေနိုင်ပါတယ်။


 ၃။ ရေပူ


 AD 98 မှာမွေးဖွားခဲ့တဲ့ ဂရိ သားဖွားမီးယပ်ဆေးပညာရှင် ဆိုရန်နပ်စ် ဟာ သူ့ခေတ်တုန်းက အမျိုးသမီးတွေကို လိင်ဆက်ဆံပြီးတာနဲ့ နောက်ပြန် ၇ ခါ ခုန်ခိုင်းခဲ့ပြီး ပန်းပဲသမားတွေ သတ္တုကို အေးစေဖို့ စိမ်ရတဲ့ ရေကို သောက်ဖို့ ညွှန်ကြားဖူးပါတယ်။ ဆိုရန်နပ်စ် သိတာကတော့ ဒီလို သတ္တုကို ရေစိမ်ထားတဲ့ ရေတွေဟာ သတ္တုအဆိပ်သင့်နိုင်စေတယ်ဆိုတာပါပဲ။ ဒါကြောင့် အဆိပ်ရှိတဲ့ ရေကို သောက်ရင် ကိုယ်ဝန်ပျက်ကျမယ်ဆိုတဲ့ အတွေးနဲ့ ဒီရေကို သောက်ခိုင်းခဲ့တာ ဖြစ်ပါတယ်။ ဂရိခေတ်လောက်က ခဏထားဦး။ ပထမ ကမ္ဘာစစ်တုန်းကလည်း အမျိုးသမီးတစ်ချို့ဟာ ကိုယ်ဝန်တားဖို့အတွက် ခဲသတ္တုစက်ရုံတွေမှာ လုပ်အားပေးဝင်လုပ်ခဲ့ကြဖူးပါတယ်။


 ၄။ ကွန်ဒုံးရဲ့ မူလဘူတ


 ကွန်ဒုံးကို ပထမဆုံး စတင်ပြောဆိုကြတဲ့ အချိန်ကတော့ လွန်ခဲ့တဲ့ BC 3000 ကျော်လောက်ကပါ။ ဟိုးမားရဲ့ အိလိယဒ် လင်္ကာကြီးထဲမှာပါဝင်တဲ့ မင်နိုစ်ဘုရင်ကြီးဟာ သူမိန်းမထံကို သူ့ရဲ့သုတ်ရည်ထဲမှာ ပါဝင်တဲ့ နတ်ဆိုးတွေနဲ့ ကင်းမြီးကောက်တွေရဲ့ ရန်မှ ကာကွယ်ဖို့အတွက် ဆိတ်ရဲ့ ဆီးအိမ်ကို အသုံးပြုခဲ့တယ် လို့ဖော်ပြထားပါတယ်။ ထိုအချိန်ကစပြီး လူသားတွေဟာ ပိတ်ထည်တွေ၊ သိုးအူအစတွေ၊ ငါးဆီးအိမ်တွေကို သန္ဓေတားဖို့အတွက် စတင် အသုံးပြုခဲ့ကြပါတယ်။


 ၅။ ကိုကာကိုလာ


 ကိုကာကိုလာကိုဝေမျှလိုက်ပါဆိုတဲ့ ကြော်ငြာတွေ မတိုင်ခင် အမျိုးသမီးအများစုဟာ ကိုကာကိုလာကိုသောက်ဖို့အတွက်သာမက တခြား အသုံးပြုဖို့ ရည်ရွယ်ချက်နဲ့ ဝယ်ယူအသုံးပြုခဲ့ကြပါတယ်။ ၁၉၈၅ ခုနှစ်လောက်က ဟားဗတ်တက္ကသိုလ်ပါမောက္ခတွေဟာ ဆိုဒါက သုတ်ကောင်တွေကို သေစေနိုင်ကြောင်း တွေ့ရှိခဲ့ကြပါတယ်။ အဲ့ဒီအချိန်ကစလို့ အမျိုးသမီး အများစုက ကိုကာကိုလာကို သန္ဓေဖျက်ချဖို့အတွက် ဝယ်ယူအသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ကိုကာကိုလာဟာ သုတ်ကောင်တွေကို သေစေနိုင်တယ်လို့ နောက်ပိုင်း ဘယ်လေ့လာချက်တစ်ခုကမှ အတည်မပြုထားပါဘူး။


 ၆။ ပိုးမွှားကင်းစင်ဆေးရည်


 ပိုးမွှား ကင်းစင်ဆေးရည်တွေကို မီးဖိုချောင်တွေနဲ့ အိမ်တွင်းရေး နေရာတွေမှာ ပဲ အသုံးပြုကြတာပါ။ ဒါပေမဲ့ အရင်ခေတ်တုန်းက အမျိုးသမီးတွေဟာ သန္ဓေတားဖို့အတွက် ဒီဆေးရည်တွေကို သူတို့ရဲ့ သားဖွားလမ်းကြောင်းမှာ အသုံးပြုခဲ့ကြဖူးပါတယ်။ ဒီဆေးရည်တွေကို ၁၈၀၀ ခုနှစ်တစ်ဝိုက်လောက်က ခန္ဓါကိုယ်သန့်ရှင်းစေရန်နဲ့ ခံတွင်းနံ့ ပျောက်ကင်းစေဖို့ အတွက်ပါ အသုံးပြုခဲ့ကြဖူးပါတယ်။ ၁၈၇၃ ခုနှစ် အမေရိကန်နိုင်ငံ Comstock ဥပေဒဟာ နောက်ပိုင်းမှာ ဒီဆေးရည်တွေကို သန္ဓေဖျက်ချရန်အတွက် အသုံး မပြုကြဖို့ တားမြစ်ခဲ့ပါတယ်။ သန္ဓေတားဖို့အတွက် တရားဝင်အသုံးပြုလို့မရတဲ့အခါ အမျိုးသမီးတွေဟာ ဒီဆေးရည်ကို အမျိုးသမီးကိုယ်ကျန်းမာရေးပစ္စည်း အဖြစ် အသုံးပြုခဲ့ကြပါတယ်။ Great Depression လို့ခေါ်တဲ့ ၁၉၃၀ ခုနှစ်တစ်ဝိုက်မှာ အမေရိကန်နိုင်ငံတစ်ဝှမ်း ဒီဆေးရည်တွေကို သန္ဓေတားဆေး အဖြစ် ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ဒီဆေးရည်တွေဟာ အမျိုးသမီးကိုယ် ယောင်ယမ်းခြင်းနဲ့ အသားကိုလောင်စေခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ တစ်ချို့သော အမျိုးသမီးတွေဆို ဒီဆေးရည်ကို သန္ဓေတားဖို့အတွက် အသုံးပြုကြရင်း သေဆုံးခဲ့ကြတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။


 ၇။ မှော်အသုံးအဆောင်တွေ


 အလယ်ခေတ်လောက်က သန္ဓေတားဖို့အတွက် မှော်ဂါထာတွေနဲ့ ဆေးရည်တွေကိုလည်း အသုံးပြုခဲ့ကြပါတယ်။ လူအများစုဟာ လားရဲ့ နားဖာချေးနဲ့ လိမ်းကျံထားတဲ့ အဆောင်တွေ၊ ဖျံမျိုးရင်း သတ္တဝါတစ်မျိုးရဲ့ ဝှေးစေ့တွေနဲ့ ကြောင်အနက်ရဲ့ ညာဘက်က နံရိုးစသဖြင့် မှော်နည်းလမ်းဆိုင်ရာ အဆောင်အယောင်တွေကို သန္ဓေတားဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။


 ၈။ သားအိမ်အတွင်းသို့ သုက် မဝင်အောင်သုံးရတဲ့ ထူးထူးဆန်းဆန်း ပစ္စည်းများ


 သုတ်မဝင်အောင် တားဆီးပေးနိုင်တဲ့ ရာဘာပစ္စည်းတွေ မပေါ်ခင်က အမျိုးသမီး တစ်ချို့ဟာ သုတ်တားဆီးရေး အထိန်းအကာတွေ အဖြစ် ထူးထူးဆန်းဆန်းပစ္စည်းတွေကို အသုံးပြုခဲ့ကြပါတယ်။


ရှေးအိန္ဒိယအမျိုးသမီးများနဲ့ ဂရိအမျိုးသမီးများဟာ ခွန်းအားကြီးတဲ့ သတ္တဝါတွေ ဖြစ်တဲ့ မိကျောင်းနဲ့ ဆင်တွေရဲ့ မစင်ကို သုတ်အတားအဆီးအဖြစ် အသုံးပြုခဲ့ကြဖူးပါတယ်။ ဒီမစင်တွေရဲ့ အက်ဆစ်ဓါတ်ကြွယ်ဝမှုကြောင့် ဒီပစ္စည်းတွေကလည်း သုတ်တားပစ္စည်းတွေ အဖြစ် တကယ် အလုပ်ဖြစ်ခဲ့ပါတယ်။

အာဖရိက လူမျိုးတွေကတော့ စဉ်းထားတဲ့ မြက်ပင်တွေနဲ့ အဝတ်စတွေကို သုတ်တားဆီးဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။

ဂျပန် ပြည်တန်ဆာများကတော့ ဝါး စက္ကူပါးလက်သုတ်ပုဝါတွေကို သုတ်တားဆီးဖို့အတွက် အသုံးပြုကြပါတယ်။

ရှေးအစ္စလာမ်နဲ့ ဂရိအမျိုးသမီးတွေကတော့ ဝါဂွမ်းစတွေကို သုံးပြီး သန္ဓေတားခဲ့ကြပါတယ်။

ကျွန်များကတော့ အဝတ်စုတ်တွေကို အသုံးပြုခဲ့ကြပါတယ်။

ဂျူးအမျိုးသမီးတွေကတော့ ပင်လယ်ရေမြုပ်ကို ဝါဂွမ်းနဲ့ တွဲပြီး သန္ဓေတားဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။


 ၉။ သံပုရာသီး


 ၁၇၂၅ ခုနှစ်မှာ မွေးဖွားတဲ့ အီတလီစာရေးဆရာ ဂျီယာကိုမို ကာဆာနိုဗာ (Giacomo Casanova) ဟာ သူ့ရဲ့ ချစ်သူ မိန်းကလေးတွေကို သံပရာသီး အပိုင်းတွေ အသုံးပြုပြီး သန္ဓေတားဖို့တောင်းဆိုခဲ့ကြောင်းမှတ်တမ်းများအရ သိရပါတယ်။ ဘာကြောင့်လဲဆိုတော့ သံပုရာသီးတွေရဲ့ များပြားလှတဲ့ အက်ဆစ်ပမာဏက သုတ်ကောင်တွေကို သေစေနိုင်လို့ပါ။


 ၁၁။ အီဂျစ် သန္ဓေတားနည်း


 အီဂျစ်တွေရဲ့ သန္ဓေတားနည်းတစ်မျိုးကို လွန်ခဲ့တဲ့ BC 1550 ခုနှစ်ခန့်က ပါပါယပ်စ် ကျူစက္ကူပေါ်မှာ ရေးသားထားတာ ရှိပါတယ်။ ဒီဆေးနည်းမှာ သန္ဓေတားဖို့အတွက် ဝါဂွမ်း အတောင့်တစ်မျိုးကို ပျားရည်တို့နဲ့စိမ်ပြီး မိန်းမ ကိုယ်လမ်းကြောင်းထဲ ထည့်ရမှာ ဖြစ်တယ်လို့ ဖော်ပြထားခဲ့တာပါ။


 ၁၂။ သစ်သားတုံးများ


 အခုလို ထူးထူးဆန်းဆန်းသန္ဓေတားနည်းတွေ ဖတ်ရတော့ စာဖတ်သူတွေလည်း နည်းနည်းတော့ လန့်နေလောက်ပြီပေါ့။ ဒါတင်မကသေးပါဘူး။ ရှေးခေတ်က အမျိုးသမီးတွေဟာ သန္ဓေတားဖို့အတွက် သစ်သားတုံးတွေကိုပါ မိန်းမကိုယ်ထဲ ထည့်ကာ အသုံးပြုခဲ့ကြဖူးပါတယ်။ နောက်ပိုင်းမှာတော့ ဒီလို သစ်သားထည့်ပြီး သန္ဓေတားခြင်းဟာ နှိပ်စက်နည်း တစ်မျိုး ဖြစ်တယ်လို့ဆိုကာ ၁၉၃၀ တစ်ဝိုက်က အမေရိကန်နိုင်ငံမှာ တားမြစ်ခဲ့ရပါတယ်။


 Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


(Zawgyi)

ကြၽန္ေတာ္တို႔ရဲ႕ ဘိုးေဘးဘီဘင္ေတြ ဘယ္လို သႏၶေတားခဲ့ၾကသလဲ




စာေရးသူ Arkar Hein မွ ေရးသားသည္။ 

Dr. Thurein Hlaing Win မွ အခ်က္အလက္ စစ္ေဆးထားပါသည္။


ကြၽန္ေတာ္တို႔ရဲ႕ ဘိုးေဘးဘီဘင္ေတြ ဘယ္လို သႏၶေတားခဲ့ၾကသလဲ? 



 ကြၽန္ေတာ္တို႔ရဲ႕ ဘိုးေဘးဘီဘင္ေတြ ဘယ္လို သႏၶေတားခဲ့ၾကသလဲ


 ကြၽန္ေတာ္တို႔ရဲ႕ ဘိုးေဘးဘီဘင္ေတြဟာ သႏၶေတားဖို႔အတြက္ နည္းမ်ိဳးစုံသုံးၿပီး ႀကိဳးစားခဲ့ၾကပါတယ္။ သူတို႔သုံးခဲ့တဲ့ ပစၥည္းေတြထဲမွာ တိရစ္ဆာန္ အညစ္အေၾကးေတြ၊ အဆိပ္ရည္ေတြ၊ ေရွာက္သံပုရာမ်ိဳးႏြယ္ဝင္အသီးေတြက စလို႔ သစ္သားအတုံးေတြ အထိပါဝင္ခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ရဲ႕ မ်က္ေမွာက္ေခတ္ေဆးပညာက သႏၶေသားနည္းေတြကို မတီထြင္ရေသးတဲ့ အခ်ိန္တုန္းက လူသားေတြဟာ ပုံမွန္မဟုတ္တဲ့ သႏၶေသားနည္းမ်ိဳးစုံကို အသုံးျပဳခဲ့ရတာပါ။ ဒါေၾကာင့္ မ်က္ေမွာက္ေခတ္မွာ ေခတ္မွီေဆးဝါးအစုံအလင္ အသုံးျပဳခြင့္ရတာ ဟာ ေတာ္ေတာ္ကံေကာင္းတယ္လို႔ ဆိုရမွာပါ။


 ၁။ သံအတြင္းခံ


 chastity belt ဆိုတာကိုၾကားဖူးၾကလား။ chastity ဆိုတာ ျဗဟၼစရိယက်င့္ျခင္းလို႔ အဓိပ္ပါယ်ရပြီး အလယ္ေခတ္ကအမ်ိဳးသမီးေတြ သူမရဲ႕ခင္ပြန္းျဖစ္သူကလြဲၿပီး တျခားသူနဲ႕ လိင္ဆက္ဆံလို႔ မရေအာင္ ဝတ္ၾကတဲ့ ခါးပတ္တစ္မ်ိဳး ျဖစ္ပါတယ္။ ဒီသံခါးပတ္ေတြဟာ အလယ္ေခတ္ကာလေလာက္က ညွင္းပန္းႏွိပ္စက္တဲ့ ေနရာေတြမွာလည္း သုံးေလ့ရွိပါတယ္။ ဒါေပမဲ့ တကယ္တမ္းက ဒီခါးပတ္ေတြဟာ ၁၈၀၀ ခုႏွစ္ပတ္ဝန္းက်င္ေလာက္မွာ လူသိမ်ားလာခဲ့တာပါ။ ၁၈၀၀ ခုႏွစ္ေလာက္မွာ ဖက္ရွင္ မဂၢဇင္းေတာ္ေတာ္မ်ားမ်ားက ဒီခါးပတ္ေတြကို မုဒိမ္းအက်င့္ခံရတဲ့ အႏၱရာယ္မွ ကာကြယ္ေပးနိုင္တဲ့ အသုံးအေဆာင္တစ္ခု အျဖစ္ ေဖာ္ျပခဲ့ၿပီး စက္မႈေခတ္ကာလေလာက္က အဂၤလန္နိုင္ငံနဲ႕ ျပင္သစ္နိုင္ငံက အမ်ိဳးသမီးေတာ္ေတာ္မ်ားမ်ားဟာ စက္႐ုံေတြထဲမွာ အမ်ားအျပားအလုပ္ဝင္လုပ္ခဲ့ၾကတဲ့ အခ်ိန္မွာေတာ့ တစ္ခ်ိဳ႕ေသာ အမ်ိဳးသမီးေတြကေတာ့ မုဒိမ္းမႈက်ဴးလြန္ခံရျခင္းမွ ကာကြယ္ရန္ ဒီလို သက္ေတာင့္သက္သာမရွိတဲ့ သံအတြင္းခံေတြကို ဝတ္ဆင္ခဲ့ၾကပါတယ္။ အလယ္ေခတ္တုန္းကလည္း အမ်ိဳးသားအမ်ားစုဟာ သူတို႔ရဲ႕ဇနီးေတြ ေဖာက္ျပန္ျခင္းနဲ႕ အာသာေျဖတာေတြ လုပ္လို႔မရေအာင္ ဒီလို သံအတြင္းခံေတြ ဝတ္ဆင္ခိုင္းခဲ့ၾကပါတယ္။


 ၂။ မာက်ဴရီ၊ (ျပဒါး)


 သတၱဳေအာက္ခံေဘာင္းဘီကို ဝတ္ဆင္တာက ခံစားရခက္တယ္ဆိုေပမဲ့ အဆိပ္ေတြ ၿမိဳခ်တာေလာက္ေတာ့ မဆိုးေသးပါဘူး။ လြန္ခဲ့တဲ့ ႏွစ္ ၁ ေထာင္ေက်ာ္ေလာက္က တ႐ုတ္အမ်ိဳးသမီးတစ္ခ်ိဳ႕ဟာ မာက်ဴရီကို သႏၶေသားေဆး အျဖစ္ အသုံးျပဳခဲ့ၾကပါတယ္။ မာက်ဴရီေသာက္ျခင္းဟာ ၿမဳံျခင္း၊ ေက်ာက္ကပ္ပ်က္ဆီးျခင္း၊ ဦးႏွောက္ပ်က္ဆီးျခင္းနဲ႕ ေသဆုံးသည္အထိ ျဖစ္ေစနိုင္ပါတယ္။


 ၃။ ေရပူ


 AD 98 မွာေမြးဖြားခဲ့တဲ့ ဂရိ သားဖြားမီးယပ္ေဆးပညာရွင္ ဆိုရန္နပ္စ္ ဟာ သူ႕ေခတ္တုန္းက အမ်ိဳးသမီးေတြကို လိင္ဆက္ဆံၿပီးတာနဲ႕ ေနာက္ျပန္ ၇ ခါ ခုန္ခိုင္းခဲ့ၿပီး ပန္းပဲသမားေတြ သတၱဳကို ေအးေစဖို႔ စိမ္ရတဲ့ ေရကို ေသာက္ဖို႔ ၫႊန္ၾကားဖူးပါတယ္။ ဆိုရန္နပ္စ္ သိတာကေတာ့ ဒီလို သတၱဳကို ေရစိမ္ထားတဲ့ ေရေတြဟာ သတၱဳအဆိပ္သင့္နိုင္ေစတယ္ဆိုတာပါပဲ။ ဒါေၾကာင့္ အဆိပ္ရွိတဲ့ ေရကို ေသာက္ရင္ ကိုယ္ဝန္ပ်က္က်မယ္ဆိုတဲ့ အေတြးနဲ႕ ဒီေရကို ေသာက္ခိုင္းခဲ့တာ ျဖစ္ပါတယ္။ ဂရိေခတ္ေလာက္က ခဏထားဦး။ ပထမ ကမၻာစစ္တုန္းကလည္း အမ်ိဳးသမီးတစ္ခ်ိဳ႕ဟာ ကိုယ္ဝန္တားဖို႔အတြက္ ခဲသတၱဳစက္႐ုံေတြမွာ လုပ္အားေပးဝင္လုပ္ခဲ့ၾကဖူးပါတယ္။


 ၄။ ကြန္ဒုံးရဲ႕ မူလဘူတ


 ကြန္ဒုံးကို ပထမဆုံး စတင္ေျပာဆိုၾကတဲ့ အခ်ိန္ကေတာ့ လြန္ခဲ့တဲ့ BC 3000 ေက်ာ္ေလာက္ကပါ။ ဟိုးမားရဲ႕ အိလိယဒ္ လကၤာႀကီးထဲမွာပါဝင္တဲ့ မင္နိုစ္ဘုရင္ႀကီးဟာ သူမိန္းမထံကို သူ႕ရဲ႕သုတ္ရည္ထဲမွာ ပါဝင္တဲ့ နတ္ဆိုးေတြနဲ႕ ကင္းၿမီးေကာက္ေတြရဲ႕ ရန္မွ ကာကြယ္ဖို႔အတြက္ ဆိတ္ရဲ႕ ဆီးအိမ္ကို အသုံးျပဳခဲ့တယ္ လို႔ေဖာ္ျပထားပါတယ္။ ထိုအခ်ိန္ကစၿပီး လူသားေတြဟာ ပိတ္ထည္ေတြ၊ သိုးအူအစေတြ၊ ငါးဆီးအိမ္ေတြကို သႏၶေတားဖို႔အတြက္ စတင္ အသုံးျပဳခဲ့ၾကပါတယ္။


 ၅။ ကိုကာကိုလာ


 ကိုကာကိုလာကိုေဝမွ်လိုက္ပါဆိုတဲ့ ေၾကာ္ျငာေတြ မတိုင္ခင္ အမ်ိဳးသမီးအမ်ားစုဟာ ကိုကာကိုလာကိုေသာက္ဖို႔အတြက္သာမက တျခား အသုံးျပဳဖို႔ ရည္႐ြယ္ခ်က္နဲ႕ ဝယ္ယူအသုံးျပဳခဲ့ၾကပါတယ္။ ၁၉၈၅ ခုႏွစ္ေလာက္က ဟားဗတ္တကၠသိုလ္ပါေမာကၡေတြဟာ ဆိုဒါက သုတ္ေကာင္ေတြကို ေသေစနိုင္ေၾကာင္း ေတြ႕ရွိခဲ့ၾကပါတယ္။ အဲ့ဒီအခ်ိန္ကစလို႔ အမ်ိဳးသမီး အမ်ားစုက ကိုကာကိုလာကို သႏၶေဖ်က္ခ်ဖိဳ႕အတြက္ ဝယ္ယူအသုံးျပဳခဲ့ၾကပါတယ္။ ဒါေပမဲ့ ကိုကာကိုလာဟာ သုတ္ေကာင္ေတြကို ေသေစနိုင္တယ္လို႔ ေနာက္ပိုင္း ဘယ္ေလ့လာခ်က္တစ္ခုကမွ အတည္မျပဳထားပါဘူး။


 ၆။ ပိုးမႊားကင္းစင္ေဆးရည္


 ပိုးမႊား ကင္းစင္ေဆးရည္ေတြကို မီးဖိုေခ်ာင္ေတြနဲ႕ အိမ္တြင္းေရး ေနရာေတြမွာ ပဲ အသုံးျပဳၾကတာပါ။ ဒါေပမဲ့ အရင္ေခတ္တုန္းက အမ်ိဳးသမီးေတြဟာ သႏၶေတားဖို႔အတြက္ ဒီေဆးရည္ေတြကို သူတို႔ရဲ႕ သားဖြားလမ္းေၾကာင္းမွာ အသုံးျပဳခဲ့ၾကဖူးပါတယ္။ ဒီေဆးရည္ေတြကို ၁၈၀၀ ခုႏွစ္တစ္ဝိုက္ေလာက္က ခန္ဓါကိုယ်သန့်ရှင်းစေရန်နဲ့ ခံတြင္းနံ႕ ေပ်ာက္ကင္းေစဖို႔ အတြက္ပါ အသုံးျပဳခဲ့ၾကဖူးပါတယ္။ ၁၈၇၃ ခုႏွစ္ အေမရိကန္နိုင္ငံ Comstock ဥေပဒဟာ ေနာက္ပိုင္းမွာ ဒီေဆးရည္ေတြကို သႏၶေဖ်က္ခ်ရန္အတြက္ အသုံး မျပဳၾကဖို႔ တားျမစ္ခဲ့ပါတယ္။ သႏၶေတားဖို႔အတြက္ တရားဝင္အသုံးျပဳလို႔မရတဲ့အခါ အမ်ိဳးသမီးေတြဟာ ဒီေဆးရည္ကို အမ်ိဳးသမီးကိုယ္က်န္းမာေရးပစၥည္း အျဖစ္ အသုံးျပဳခဲ့ၾကပါတယ္။ Great Depression လို႔ေခၚတဲ့ ၁၉၃၀ ခုႏွစ္တစ္ဝိုက္မွာ အေမရိကန္နိုင္ငံတစ္ဝွမ္း ဒီေဆးရည္ေတြကို သႏၶေတားေဆး အျဖစ္ က်ယ္က်ယ္ျပန႔္ျပန႔္ အသုံးျပဳခဲ့ၾကပါတယ္။ ဒါေပမဲ့ ဒီေဆးရည္ေတြဟာ အမ်ိဳးသမီးကိုယ္ ေယာင္ယမ္းျခင္းနဲ႕ အသားကိုေလာင္ေစျခင္းတို႔ ျဖစ္ေစနိုင္ပါတယ္။ တစ္ခ်ိဳ႕ေသာ အမ်ိဳးသမီးေတြဆို ဒီေဆးရည္ကို သႏၶေတားဖို႔အတြက္ အသုံးျပဳၾကရင္း ေသဆုံးခဲ့ၾကတဲ့ ျဖစ္စဥ္ေတြလည္း ရွိခဲ့ပါတယ္။


 ၇။ ေမွာ္အသုံးအေဆာင္ေတြ


 အလယ္ေခတ္ေလာက္က သႏၶေတားဖို႔အတြက္ ေမွာ္ဂါထာေတြနဲ႕ ေဆးရည္ေတြကိုလည္း အသုံးျပဳခဲ့ၾကပါတယ္။ လူအမ်ားစုဟာ လားရဲ႕ နားဖာေခ်းနဲ႕ လိမ္းက်ံထားတဲ့ အေဆာင္ေတြ၊ ဖ်ံမ်ိဳးရင္း သတၱဝါတစ္မ်ိဳးရဲ႕ ေဝွးေစ့ေတြနဲ႕ ေၾကာင္အနက္ရဲ႕ ညာဘက္က နံရိုးစသျဖင့္ ေမွာ္နည္းလမ္းဆိုင္ရာ အေဆာင္အေယာင္ေတြကို သႏၶေတားဖို႔အတြက္ အသုံးျပဳခဲ့ၾကပါတယ္။


 ၈။ သားအိမ္အတြင္းသို႔ သုက္ မဝင္ေအာင္သုံးရတဲ့ ထူးထူးဆန္းဆန္း ပစၥည္းမ်ား


 သုတ္မဝင္ေအာင္ တားဆီးေပးနိုင္တဲ့ ရာဘာပစၥည္းေတြ မေပၚခင္က အမ်ိဳးသမီး တစ္ခ်ိဳ႕ဟာ သုတ္တားဆီးေရး အထိန္းအကာေတြ အျဖစ္ ထူးထူးဆန္းဆန္းပစၥည္းေတြကို အသုံးျပဳခဲ့ၾကပါတယ္။


ေရွးအိႏၵိယအမ်ိဳးသမီးမ်ားနဲ႕ ဂရိအမ်ိဳးသမီးမ်ားဟာ ခြန္းအားႀကီးတဲ့ သတၱဝါေတြ ျဖစ္တဲ့ မိေက်ာင္းနဲ႕ ဆင္ေတြရဲ႕ မစင္ကို သုတ္အတားအဆီးအျဖစ္ အသုံးျပဳခဲ့ၾကဖူးပါတယ္။ ဒီမစင္ေတြရဲ႕ အက္ဆစ္ဓါတ္ႂကြယ္ဝမႈေၾကာင့္ ဒီပစၥည္းေတြကလည္း သုတ္တားပစၥည္းေတြ အျဖစ္ တကယ္ အလုပ္ျဖစ္ခဲ့ပါတယ္။

အာဖရိက လူမ်ိဳးေတြကေတာ့ စဥ္းထားတဲ့ ျမက္ပင္ေတြနဲ႕ အဝတ္စေတြကို သုတ္တားဆီးဖို႔အတြက္ အသုံးျပဳခဲ့ၾကပါတယ္။

ဂ်ပန္ ျပည္တန္ဆာမ်ားကေတာ့ ဝါး စကၠဴပါးလက္သုတ္ပုဝါေတြကို သုတ္တားဆီးဖို႔အတြက္ အသုံးျပဳၾကပါတယ္။

ေရွးအစၥလာမ္နဲ႕ ဂရိအမ်ိဳးသမီးေတြကေတာ့ ဝါဂြမ္းစေတြကို သုံးၿပီး သႏၶေတားခဲ့ၾကပါတယ္။

ကြၽန္မ်ားကေတာ့ အဝတ္စုတ္ေတြကို အသုံးျပဳခဲ့ၾကပါတယ္။

ဂ်ဴးအမ်ိဳးသမီးေတြကေတာ့ ပင္လယ္ေရျမဳပ္ကို ဝါဂြမ္းနဲ႕ တြဲၿပီး သႏၶေတားဖို႔အတြက္ အသုံးျပဳခဲ့ၾကပါတယ္။


 ၉။ သံပုရာသီး


 ၁၇၂၅ ခုႏွစ္မွာ ေမြးဖြားတဲ့ အီတလီစာေရးဆရာ ဂ်ီယာကိုမို ကာဆာနိုဗာ (Giacomo Casanova) ဟာ သူ႕ရဲ႕ ခ်စ္သူ မိန္းကေလးေတြကို သံပရာသီး အပိုင္းေတြ အသုံးျပဳၿပီး သႏၶေတားဖို႔ေတာင္းဆိုခဲ့ေၾကာင္းမွတ္တမ္းမ်ားအရ သိရပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သံပုရာသီးေတြရဲ႕ မ်ားျပားလွတဲ့ အက္ဆစ္ပမာဏက သုတ္ေကာင္ေတြကို ေသေစနိုင္လို႔ပါ။


 ၁၀။ အီဂ်စ္ သႏၶေတားနည္း


 အီဂ်စ္ေတြရဲ႕ သႏၶေတားနည္းတစ္မ်ိဳးကို လြန္ခဲ့တဲ့ BC 1550 ခုႏွစ္ခန႔္က ပါပါယပ္စ္ က်ဴစကၠဴေပၚမွာ ေရးသားထားတာ ရွိပါတယ္။ ဒီေဆးနည္းမွာ သႏၶေတားဖို႔အတြက္ ဝါဂြမ္း အေတာင့္တစ္မ်ိဳးကို ပ်ားရည္တို႔နဲ႕စိမ္ၿပီး မိန္းမ ကိုယ္လမ္းေၾကာင္းထဲ ထည့္ရမွာ ျဖစ္တယ္လို႔ ေဖာ္ျပထားခဲ့တာပါ။


 ၁၁။ သစ္သားတုံးမ်ား


 အခုလို ထူးထူးဆန္းဆန္းသႏၶေတားနည္းေတြ ဖတ္ရေတာ့ စာဖတ္သူေတြလည္း နည္းနည္းေတာ့ လန႔္ေနေလာက္ၿပီေပါ့။ ဒါတင္မကေသးပါဘူး။ ေရွးေခတ္က အမ်ိဳးသမီးေတြဟာ သႏၶေတားဖို႔အတြက္ သစ္သားတုံးေတြကိုပါ မိန္းမကိုယ္ထဲ ထည့္ကာ အသုံးျပဳခဲ့ၾကဖူးပါတယ္။ ေနာက္ပိုင္းမွာေတာ့ ဒီလို သစ္သားထည့္ၿပီး သႏၶေတားျခင္းဟာ ႏွိပ္စက္နည္း တစ္မ်ိဳး ျဖစ္တယ္လို႔ဆိုကာ ၁၉၃၀ တစ္ဝိုက္က အေမရိကန္နိုင္ငံမွာ တားျမစ္ခဲ့ရပါတယ္။


 Hello Health Groupသည္ေဆးပညာအႀကံျပဳခ်က္မ်ား၊ ေရာဂါရွာေဖြအတည္ျပဳခ်က္မ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။

Wednesday, January 5, 2022

Christian Dior

Christian Dior (သို့မဟုတ်) စနစ်ဟောင်းတွေကိုတော်လှန်ပြီး လမ်းသစ်ဖောက်လာခဲ့တဲ့ လူငယ်တယောက်




Christian Diorဆိုတာ ကမ္ဘာကျော် Fashion Companyကြီးပေါ့။ ဒိုင်ယာနာ မင်းသမီးရဲ့ အသဲစွဲ၊ အဲလိဇဘက်တေလာရဲ့ အသဲစွဲ ၊ အခုလက်ရှိဆို Blackpink အဖွဲ့ဝင် Jisooရဲ့ အသဲစွဲ Diorပေါ့။


ဒီ Dior Fashion Houseကြီးရဲ့ တည်ထောင်သူ 

Christian Diorဟာ ငယ်ငယ်ကအရမ်းချမ်းသာပြီးတော့ သူ့အသက်၂၀ကျော်မှာ ကံကြမ္မာဆိုးများစွာနှင့် ကြုံတွေ့ပြီးမှ ဘဝကို ကိုယ့်ဒူးကိုယ်ချွန် အသစ်က ပြန်စခဲ့ရတာပါ။

အဲ့တော့ ကျနော်တို့ သူ့ဘဝဟာ ဘယ်လိုဖြစ်ပြီး ချမ်းသာနေရာကနေ ဘဝပျက်သွားခဲ့ရတယ်။ အခက်အခဲတွေကို သူဘယ်လိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာ ကြည့်လိုက်ကြရအောင်နော်။ 


ရွှေဇွန်းကိုက်ပြီးမွေး ရွှေခွက်နှင့် အချင်းဆေးခဲ့ရတဲ့ ငယ်ဘဝ


Christian Diorကို  လွန်ခဲ့တဲ့ နှစ်ပေါင်း၁၀၀ကျော် 1905ခုနှစ်မှာ Ganville ဆိုတဲ့ ပြင်သစ်နိုင်ငံရဲ့ ကမ်းခြေမြို့လေးမှာ မွေးဖွားခဲ့ပါတယ်။ သူက အရင်အပတ်က ရေးခဲ့တဲ့ Lousi Vuitton လိုတော့ ဆင်းဆင်းရဲရဲ မွေးဖွားလာတာမဟုတ်ပါဘူး။ Diorတို့မိသားစုက သိပ်ချမ်းသာတယ်။ သူ့မိသားစုက မြေဩဇာလုပ်ငန်းလုပ်ကိုင်တာ။

သူ့အသက်၅နှစ်လောက်မှာတော့ တောသူဌေးတွေရဲ့ထုံးစံအတိုင်း မိသားစုလိုက် ပါရီ(Paris)ရွှေမြို့တော်ကြီးကို ပြောင်းရွှေ့အခြေချကြပါလေရော။


အဲ့ဒီခေတ်က ချမ်းသာသူတွေရဲ့ထုံးစံအတိုင်း သူ့မိဘတွေက သားသမီးကို နိုင်ငံရေးသမားဖြစ်စေချင်တယ်။ ငါတို့မှာငွေရှိပြီးပြီ ဩဇာအာဏာနှင့် ဂုဏ်ပကာသန ရှိဖို့ပဲ လိုတော့တယ်ပေါ့။ ဒါပေမယ့် Diorက နိုင်ငံရေး ဝါသနာမပါဘူး။ သူက အနုပညာဝါသနာပါတယ်။ ပန်းချီကားတွေကိုချစ်တယ်။ ဒါနှင့်ပဲ သူ့အဖေက သူ့သားလေးစိတ်ချမ်းသာဖို့ ပန်းချီပြခန်းတခုကို ဝယ်ပေးလိုက်ပါရော။အရမ်းချမ်းသာတာကိုး။ လိုချင်သမျှ ငွေနှင့်ပေါက်ဝယ်လိုက်ရုံပဲလေ။ 

ဒီလိုနှင့် Christian Diorဟာ Art Dealer ဖြစ်လာတယ်။ မြန်မာလိုဘာသာပြန်ရရင်တော့ ပန်းချီကား ဝယ်ရောင်းသမားပေါ့လေ။ ပန်းချီပညာမှာ ဝါသနာပါပြီး ပန်းချီကားတွေကို သုံးသပ်တာ ကျွမ်းကျင်လေတော့ အလားအလာကောင်းတဲ့ကားတွေဝယ် စျေးကောင်းရရင်ပြန်ရောင်း အဲ့လိုပေါ့။ ပြောသာပြောရတာပါ။ အဲ့ဒါကလည်း သူ့အတွက် စီးပွါးဖြစ်အလုပ်တခုတော့ မဟုတ်နေပါဘူး။ Rich Kidတယောက်ရဲ့ အပျင်းပြေ စီးပွါးရေးလေး တခုပေါ့။ ဒါပေမယ့် Christian Diorက အနုပညာမှာတော့ တကယ် ပါရမီ ပါတာဗျ။ သူနှင့်အလုပ်အတူတွဲလုပ်လာတဲ့ထဲမှာ ကမ္ဘာကျော် ပန်းချီဆရာကြီး ပီကာဆိုတို့လို လူတွေတောင်ပါတယ်။


သူဌေးသားလေး Dior ဒုက္ခရောက်ရပြီ။


၁၉၂၉ ကမ္ဘာ့စီးပွါးရေးပျက်ကပ်ကြီးမှာတော့  Diorရဲ့ တကယ့်ဘဝအစ ရောက်ပါပြီ။

သူ့အသက်၂၄နှစ်မှာပေါ့။

သူ့အမေနှင့် သူ့အကို ဆုံးသွားတယ်။ သူ့အဖေရဲ့ လုပ်ငန်းက အရှုံးတွေပေါ်လာပြီး စီးပွါးပျက်သွားတယ်။ မုန့်ဖိုးပေးမယ့်သူမရှိတော့ သူ့ပန်းချီပြခန်းလေးလည်း ပိတ်လိုက်ရပြီပေါ့။

သူ့ဘဝကြီးဟာ ဇောက်ထိုးမိုးမျှော် ဖြစ်သွားပြီးတော့ ဘယ်နားကနေ ဘယ်လိုပြန်စမှန်းကို မသိတော့ဘူး။ ဒါနှင့်ပဲ သူလည်း လူတွေနှင့်ဝေးရာ ကျေးလက်ဒေသလေးတခုကိုသွားပြီး ခေါင်းအေးအေးထား ပုံတွေဟိုခြစ်ခြစ်လျှောက်ဆွဲကြည့်ရာကနေ ငါဟာ အမျိုးသမီးအဝတ်အစား Designတွေ ဆွဲရတာ ဝါသနာပါနေပါလား ဆိုတာ သဘောပေါက်သွားတယ်။ 

ဒီအတွေးကလေးဟာ တချိန်ချိန်မှာ ကမ္ဘာ့နံပါတ်၁ နေရာကို ရောက်လာတော့မယ့် Dior Fashion Houseကြီးရဲ့ အစပထမပေါ့။


Dior Couture Houseကြီးရဲ့ အစ


သူ Parisကို ပြန်လာတယ်။ အခြား နာမည်ကြီး Fashion Houseတွေမှာ အလုပ်တွေဝင်လိုက်သေးတယ်။ သူ့ရဲ့ Design တွေကို Designersတွေကိုရောင်းတယ်။ Fashion သတင်းစာတွေကို ရောင်းတယ်။ တရက်မှာတော့ အဲ့ဒီခေတ်က The King of Cotton လို့ ခေါ်ကြတဲ့  Marcel Boussac ဆိုတဲ့ သူဌေးကြီးရဲ့ ရင်းနှီးမြုပ်နှံပေးမှုနှင့် သူ့ကိုယ်ပိုင် Design House ဖြစ်တဲ့ Christian Diorကို တည်ထောင်လိုက်နိုင်တာပေါ့။


Diorရဲ့ New Look Design

တကယ်ကလေ Dior စတင်တည်ထောင်တဲ့အချိန်မှာ လူတွေအားလုံးက မွဲနေကြတာ။ ဒုတိယကမ္ဘာစစ်ပြီးကာစ အချိန်မှာ အစစအရာရာ ရှားပါးနေတော့ အားလုံးက ချွေတာရေးလမ်းကြောင်းပေါ်မှာပဲ ရှိနေကြတယ်။ အဲ့တော့ အဲ့ဒီအချိန်မှာ ခေတ်စားနေတဲ့ Fashionတွေကလည်း ချွေတာရေး Fashionပေါ့ကွယ်။ စကတ်ခပ်တိုတို ၊ဘောင်းဘီခပ်တိုတို ၊ အဝတ်စတွေ မလိုအပ်ပဲ ဖြတ်ညှပ်ကပ်မလုပ်ရအောင် ဘာDesignမှမပါတဲ့ ရိုးရိုးရှင်းရှင်းကြီးတွေပဲ ဝတ်ကြသတဲ့။


အဲ့ဒီ Fashion Trendကို Diorကြီးက ပြောင်းလှန်ချလိုက်ပါရောလား။ သူများတွေက အစမကုန်အောင် ချုပ်နေကြတဲ့အချိန်မှာ သူချုပ်တဲ့ ဝတ်စုံတစုံဟာ ပျမ်းမျှ အဝတ်စကိုက်၂၀လောက် ကုန်သတဲ့😂 အဲ့ဒီခေတ်ကလူကြီးတွေကတော့ အမလေး ငါသွေးတက် ပေါ့လေ။ Facebook မပေါ်သေးလို့ Facebook မှာပေါ်နေရင် တနိုင်ငံလုံး Shareပြီး ဝိုင်းဆဲကြမယ့်ဟာမျိုး😅

Dior Fashion Houseက ပထမဆုံး ထွက်လိုက်တဲ့ New Look လို့ ခေါ်တဲ့ Fashionက ဒီလို ။သူ့ပုံစံက သဲနာရီပုံစံ ။ ဝတ်ထားတဲ့သူကိုကြည့်လိုက်ရင် ခါးလေးမှာသိမ်ပြီးတော့ အောက်ကိုကားထွက်ပြီး အောက်မှာ ဖောင်းဖောင်းကားကားလေး ရှိနေမယ့် ပုံမျိုး။ အဲ့ဒီအတွက် အပေါ်က Jacketနှင့် အောက်က ဂါဝန်ကတော့ ဖောင်းဖောင်းကားကားလေး ရှိနေဖို့ အတွန့်တွေအများကြီးနှင့် အစတွေ အများကြီးသုံးပြီးချုပ်ရတယ်။

အဲ့အချိန်က ဝိုင်းအဆဲခံရပေမယ့် အမျိုးသမီးတွေကတော့ ကြိုက်ကြတာပါပဲ။ သူက ခါးလေးသေးပြီး တင်လေးကားစေမယ့် အမျိုးသမီးတို့ အကြိုက်ပုံစံကိုး။ အရင်ခေတ်က ခါးတွေသေးအောင် အထဲက ခံဝတ်ရတဲ့ Corset (ကော့ဆက်) တွေကို ကျန်းမာရေးအတွက်မသင့်တော်လို့ မသုံးကြတော့တဲ့နောက်ပိုင်း ခါးကလေးသေးနေတဲ့ ပုံမျိုးထွက်အောင် ချုပ်ပေးနိုင်တာ Diorရဲ့ လက်ရာတွေပဲ ရှိတာလေ။ အဲ့တော့ အထက်တန်းကျတဲ့ ပုံစံ ဝင့်ကြွားတဲ့ ပုံစံပေါက်နေတဲ့ Diorရဲ့ ဝတ်စုံတွေကို မမတွေသိပ်ကြိုက်ကြတယ်။ 

အဲ့ဒီ သူ့ရဲ့ New Lookက ဘယ်လောက်ထိ ပေါက်သွားသလဲဆို အဲ့ဒီအချိန်က ကမ္ဘာကျော် ရုပ်ရှင်သရုပ်ဆောင်တွေတောင် လာပြီး ဝယ်ဝတ်ရတဲ့အထိပဲတဲ့။

ဒါ့အပြင် သူ့ရဲ့ အဲ့ဒီ New Lookဂယက်က နေမဝင်အင်ပါယာကြီးရဲ့ နန်းတွင်းထဲအထိပါ ဘယ်လိုရိုက်ခတ်သလဲ ပြောပြဦးမယ်။  အင်္ဂလန်ဘုရင်မကြီး အဲလိဇဘက် အဲ့ဒီအချိန်တုန်းကတော့ ဘုရင်မြေးတော်လေးပေါ့ သူနှင့် သူ့ညီမ မာဂရက်တို့က Dior Fashionတွေကို ကြိုက်လွန်းလို့ နန်းတွင်းထဲထိ သီးသန့်လာပြခိုင်းပြီး ဝယ်ကြလို့ ဘုရင်ကြီးGorge V က သူ့မြေးတွေကို တိုင်းသူပြည်သားတွေ ချွေတာနေရတဲ့အချိန်မှာ အဲ့လို အဝတ်အထည်တွေ ဖြုန်းတီးတဲ့ Diorရဲ့ New Lookကို မဝတ်ရဘူးလို့တောင် အမိန့်ထုတ်ခဲ့ရသတဲ့။


Dior Ready-to-wear စပြီ။


Diorရဲ့ Fashionတွေက အရမ်းအောင်မြင်တော့ American ကုန်သည်တွေဟာ ပြင်သစ်ကိုလာပြီးတော့ Diorရဲ့ Fashion Showပွဲတွေကိုတက်ကြတယ်။ ပြီးတော့ သူတို့ကြိုက်တဲ့ Designအထည်တွေကို ဝယ်သွားပြီးတော့ USမှာ အဲ့ပုံစံတွေ ပုံတူချုပ်ပြီး ရောင်းကြတာတဲ့။ ဒီဖက်ခေတ်စကားနှင့်ပြောရရင်တော့ First Copy , Replica တွေပေါ့လေ။ အဲ့ဒါကို သိသွားတဲ့ Diorဟာ America ကိုပါသွားပြီးတော့ Ready-to-Wear Fashionလုပ်ငန်းကို တည်ထောင်ချပလိုက်တယ်။  


အဲ့ဒီမှာလည်း သူအဆဲခံရတာပါပဲ။ ပြင်သစ်က Couture Houseတွေက Ready-to-Wear မထုတ်ဘူးလေ။ Diorအဲ့လိုလုပ်လိုက်တာ အပေါစားဆန်တယ်။ Couture Houseတွေကို သိက္ခာကျစေတယ် ဆဲကြပြန်ရော။

မည်သို့ပင်ဆိုစေကာမူ Diorရဲ့ ထုံးစံအတိုင်း ဘယ်သူမှမလုပ်တာကို ထလုပ် အမြတ်အစွန်းတွေအရမ်းရပြီး ထပ်အောင်မြင်သွားပြန်ရော။

အဲ့ကျ အခြား Couture Fashion  Houseတွေလည်း Ready-to-wear လိုက်ထုတ်ကြရတာပါပဲလေ😅


သူဟာ အဝတ်အထည်တွေတင်မက ရေမွှေးတွေဖက်ပါ ထပ်တိုးချဲ့လာတယ်။ သူ့ရဲ့ညီမလေး Catherine Diorဟာ ပြင်သစ်တော်လှန်ရေးမှာ  အဖမ်းခံလိုက်ရပြီး ထောင်၂နှစ်ကျသွားတော့ သူ့ညီမလေးကို ဂုဏ်ပြုတဲ့အနေနှင့် သူညီမလေးနာမည်နှင့် ရေမွှေးလေး ထုတ်လိုက်ပါတယ်။ အဲ့ဒါ အခု အရမ်းနာမည်ကြီးပြီး ပျိုမေတို့အသဲစွဲဖြစ်နေတဲ့ Miss Dior ရေမွှေးပေါ့။ 


Diorရဲ့ ဆက်ခံသူ Designerများ


အရမ်းအရမ်းကို အောင်မြင်ခဲ့တဲ့ Mr. Christian Dior ဟာ အသက်၅၂အရွယ် မှာပဲ  အပန်းဖြေခရီးထွက်ရင်း နှလုံးရောဂါနှင့် ရုတ်တရက်ကြီး ကွယ်လွန်သွားခဲ့ပါတယ်။ 


သူက သူမဆုံးခင်မှာ ကြိုသေရမှာကို ကြိုသိနေသလိုပဲ အသက်၁၉နှစ်အရွယ် Yves Saint Laurent ဆိုတဲ့ (နောင်အခါ YSL brandရဲ့Founder ဖြစ်လာမည့်) ကောင်ကလေးကို သူ့နေရာဆက်ခံမယ့် Diorရဲ့ ခေါင်းဆောင် Designerအဖြစ် ကြိုရွေးချယ်ခဲ့သေးတာပါ။ 

Mr.Diorကြီး သေဆုံးပြီး နောက်မှာတော့  Yves Saint Laurentက Diorကို ဆက်အောင်မြင်အောင်ကြိုးစားတယ်။ 

ပြီးတော့ သူ့နောက်မှာ Marc Bohanက ဆက်တာဝန်ယူတယ်။ အဲ့လိုပဲ Creative Director တွေ အဆင့်ဆင့် တာဝန်ယူလာကြတာပေါ့။


ယခုလက်ရှိ Diorရဲ့ ပိုင်ရှင်


1987မှာတော့ Dior တည်ထောင်ရာမှာ ငွေကြေးစိုက်ထုတ်ပေးခဲ့တဲ့ Diorရဲ့ မိခင် Company ဖြစ်တဲ့ Boussac Groupဟာ ဒေဝါလီခံလိုက်ရတာမို့ Diorကို Willot Groupကို ရောင်းလိုက်ရပါတယ်။ 

(ဒီနေရာမှာ တခုလောက်ရှင်းပြချင်တာက Mr.Christian Diorက ပါရမီ ပါပေမယ့် သူ့ကိုယ်ပိုင် Brand Diorကို တည်ထောင်တဲ့အခါမှာ သူ့မှာ ပိုက်ဆံမရှိပါဘူး။ ဒါကြောင့် Boussac Groupက အရင်းအနှီး စိုက်ထုတ်ပေးထားရတာမို့ Boussac Groupက ပိုင်တာပါခမျာ။)


ပြီးတော့ Diorကို Willot Group ကနေ ပြင်သစ်သူဌေး Bernard Arnault ထပ်ဝယ်တယ်။ အခုကတော့ Diorဟာ LVနှင့်အတူတူ LVMH Groupရဲ့လက်အောက်မှာ ရှိနေပါတယ်။


ပိုင်ရှင်ကတော့ ထုံးစံအတိုင်း ကမ္ဘာ့နံပါတ်၄

အချမ်းသာဆုံးသူဌေးကြီး Bernard Arnaultပေါ့ဗျာ။


ဒီနေ့ပြောသွားတာကတော့ နာမည်ကျော် Luxury Brandဖြစ်တဲ့ Dior အကြောင်းပါ။

နောက်နေ့တွေမှာလည်း အဲ့လို စိတ်ဝင်စားဖွယ်ရာတွေကို တင်ဆက်ပေးသွားဦးမှာမို့ ကျနော့်Pageလေးကို Like & Follow လုပ်ထားပေးကြပါဦးခမျာ။


ကျနော့် Personal Account ကတော့ ဒီမှာပါ။

https://www.facebook.com/profile.php?id=100008222441381


 Instagram သုံးစွဲသူတွေအတွက်က

https://www.instagram.com/itsmekwyp/


Subscribe me on Youtube

https://youtube.com/channel/UCtyCL0FfrRBjBhi53k9OOww


(Zawgyi) 

Christian Dior (သို႔မဟုတ္) စနစ္ေဟာင္းေတြကိုေတာ္လွန္ၿပီး လမ္းသစ္ေဖာက္လာခဲ့တဲ့ လူငယ္တေယာက္




#Fashion_Designer

#ဖက္ရွင္ကုမၸဏီမ်ား

#Christian_Dior


(Brand ဆိုမွ Brand ဆိုသူမ်ားအၾကား သည္နာမည္ကို မသိသူမရွိေလာက္ပါဘူးေနာ္။ အဲသည္လို တံဆိပ္အစြဲရွိသူေတြအၾကားမယ္ Dior အမွတ္တံဆိပ္ကို ဘယ္လိုထူေထာင္လာတယ္ဆိုတဲ့အေၾကာင္းကို မသိေသးသူမ်ားလည္း သိထားရေအာင္၊ သိထားသူမ်ားလည္း အမွတ္ရေအာင္ ကူးယူေ၀ငွလိုက္ပါတယ္။)


Christian Diorဆိုတာ ကမၻာေက်ာ္ Fashion Companyႀကီးေပါ့။ ဒိုင္ယာနာ မင္းသမီးရဲ႕ အသဲစြဲ၊ အဲလိဇဘက္ေတလာရဲ႕ အသဲစြဲ ၊ အခုလက္ရွိဆို Blackpink အဖြဲ႕ဝင္ Jisooရဲ႕ အသဲစြဲ Diorေပါ့။


#ဒီ Dior Fashion Houseႀကီးရဲ႕ တည္ေထာင္သူ 

Christian Diorဟာ ငယ္ငယ္ကအရမ္းခ်မ္းသာၿပီးေတာ့ သူ႕အသက္၂၀ေက်ာ္မွာ ကံၾကမၼာဆိုးမ်ားစြာႏွင့္ ႀကဳံေတြ႕ၿပီးမွ ဘဝကို ကိုယ့္ဒူးကိုယ္ခြၽန္ အသစ္က ျပန္စခဲ့ရတာပါ။

အဲ့ေတာ့ က်ေနာ္တို႔ သူ႕ဘဝဟာ ဘယ္လိုျဖစ္ၿပီး ခ်မ္းသာေနရာကေန ဘဝပ်က္သြားခဲ့ရတယ္။ အခက္အခဲေတြကို သူဘယ္လိုေက်ာ္ျဖတ္ခဲ့ရတယ္ဆိုတာ ၾကည့္လိုက္ၾကရေအာင္ေနာ္။ 


#ေ႐ႊဇြန္းကိုက္ၿပီးေမြး ေ႐ႊခြက္ႏွင့္ အခ်င္းေဆးခဲ့ရတဲ့ ငယ္ဘဝ


Christian Diorကို  လြန္ခဲ့တဲ့ ႏွစ္ေပါင္း၁၀၀ေက်ာ္ 1905ခုႏွစ္မွာ Ganville ဆိုတဲ့ ျပင္သစ္နိုင္ငံရဲ႕ ကမ္းေျခၿမိဳ႕ေလးမွာ ေမြးဖြားခဲ့ပါတယ္။ သူက အရင္အပတ္က ေရးခဲ့တဲ့ Lousi Vuitton လိုေတာ့ ဆင္းဆင္းရဲရဲ ေမြးဖြားလာတာမဟုတ္ပါဘူး။ Diorတို႔မိသားစုက သိပ္ခ်မ္းသာတယ္။ သူ႕မိသားစုက ေျမဩဇာလုပ္ငန္းလုပ္ကိုင္တာ။

သူ႕အသက္၅ႏွစ္ေလာက္မွာေတာ့ ေတာသူေဌးေတြရဲ႕ထုံးစံအတိုင္း မိသားစုလိုက္ ပါရီ(Paris)ေ႐ႊၿမိဳ႕ေတာ္ႀကီးကို ေျပာင္းေ႐ႊ႕အေျခခ်ၾကပါေလေရာ။


အဲ့ဒီေခတ္က ခ်မ္းသာသူေတြရဲ႕ထုံးစံအတိုင္း သူ႕မိဘေတြက သားသမီးကို နိုင္ငံေရးသမားျဖစ္ေစခ်င္တယ္။ ငါတို႔မွာေငြရွိၿပီးၿပီ ဩဇာအာဏာႏွင့္ ဂုဏ္ပကာသန ရွိဖို႔ပဲ လိုေတာ့တယ္ေပါ့။ ဒါေပမယ့္ Diorက နိုင္ငံေရး ဝါသနာမပါဘူး။ သူက အႏုပညာဝါသနာပါတယ္။ ပန္းခ်ီကားေတြကိုခ်စ္တယ္။ ဒါႏွင့္ပဲ သူ႕အေဖက သူ႕သားေလးစိတ္ခ်မ္းသာဖို႔ ပန္းခ်ီျပခန္းတခုကို ဝယ္ေပးလိုက္ပါေရာ။အရမ္းခ်မ္းသာတာကိုး။ လိုခ်င္သမွ် ေငြႏွင့္ေပါက္ဝယ္လိုက္႐ုံပဲေလ။ 

ဒီလိုႏွင့္ Christian Diorဟာ Art Dealer ျဖစ္လာတယ္။ ျမန္မာလိုဘာသာျပန္ရရင္ေတာ့ ပန္းခ်ီကား ဝယ္ေရာင္းသမားေပါ့ေလ။ ပန္းခ်ီပညာမွာ ဝါသနာပါၿပီး ပန္းခ်ီကားေတြကို သုံးသပ္တာ ကြၽမ္းက်င္ေလေတာ့ အလားအလာေကာင္းတဲ့ကားေတြဝယ္ ေစ်းေကာင္းရရင္ျပန္ေရာင္း အဲ့လိုေပါ့။ ေျပာသာေျပာရတာပါ။ အဲ့ဒါကလည္း သူ႕အတြက္ စီးပြါးျဖစ္အလုပ္တခုေတာ့ မဟုတ္ေနပါဘူး။ Rich Kidတေယာက္ရဲ႕ အပ်င္းေျပ စီးပြါးေရးေလး တခုေပါ့။ ဒါေပမယ့္ Christian Diorက အႏုပညာမွာေတာ့ တကယ္ ပါရမီ ပါတာဗ်။ သူႏွင့္အလုပ္အတူတြဲလုပ္လာတဲ့ထဲမွာ ကမၻာေက်ာ္ ပန္းခ်ီဆရာႀကီး ပီကာဆိုတို႔လို လူေတြေတာင္ပါတယ္။


#သူေဌးသားေလး Dior ဒုကၡေရာက္ရၿပီ။


၁၉၂၉ ကမၻာ့စီးပြါးေရးပ်က္ကပ္ႀကီးမွာေတာ့ Diorရဲ႕ တကယ့္ဘဝအစ ေရာက္ပါၿပီ။

သူ႕အသက္၂၄ႏွစ္မွာေပါ့။

သူ႕အေမႏွင့္ သူ႕အကို ဆုံးသြားတယ္။ သူ႕အေဖရဲ႕ လုပ္ငန္းက အရႈံးေတြေပၚလာၿပီး စီးပြါးပ်က္သြားတယ္။ မုန့္ဖိုးေပးမယ့္သူမရွိေတာ့ သူ႕ပန္းခ်ီျပခန္းေလးလည္း ပိတ္လိုက္ရၿပီေပါ့။

သူ႕ဘဝႀကီးဟာ ေဇာက္ထိုးမိုးေမွ်ာ္ ျဖစ္သြားၿပီးေတာ့ ဘယ္နားကေန ဘယ္လိုျပန္စမွန္းကို မသိေတာ့ဘူး။ ဒါႏွင့္ပဲ သူလည္း လူေတြႏွင့္ေဝးရာ ေက်းလက္ေဒသေလးတခုကိုသြားၿပီး ေခါင္းေအးေအးထား ပုံေတြဟိုျခစ္ျခစ္ေလွ်ာက္ဆြဲၾကည့္ရာကေန ငါဟာ အမ်ိဳးသမီးအဝတ္အစား Designေတြ ဆြဲရတာ ဝါသနာပါေနပါလား ဆိုတာ သေဘာေပါက္သြားတယ္။ 

ဒီအေတြးကေလးဟာ တခ်ိန္ခ်ိန္မွာ ကမၻာ့နံပါတ္၁ ေနရာကို ေရာက္လာေတာ့မယ့္ Dior Fashion Houseႀကီးရဲ႕ အစပထမေပါ့။


#Dior Couture Houseႀကီးရဲ႕ အစ


သူ Parisကို ျပန္လာတယ္။ အျခား နာမည္ႀကီး Fashion Houseေတြမွာ အလုပ္ေတြဝင္လိုက္ေသးတယ္။ သူ႕ရဲ႕ Design ေတြကို Designersေတြကိုေရာင္းတယ္။ Fashion သတင္းစာေတြကို ေရာင္းတယ္။ တရက္မွာေတာ့ အဲ့ဒီေခတ္က The King of Cotton လို႔ ေခၚၾကတဲ့  Marcel Boussac ဆိုတဲ့ သူေဌးႀကီးရဲ႕ ရင္းႏွီးျမဳပ္ႏွံေပးမႈႏွင့္ သူ႕ကိုယ္ပိုင္ Design House ျဖစ္တဲ့ Christian Diorကို တည္ေထာင္လိုက္နိုင္တာေပါ့။


#Diorရဲ႕ New Look Design

တကယ္ကေလ Dior စတင္တည္ေထာင္တဲ့အခ်ိန္မွာ လူေတြအားလုံးက မြဲေနၾကတာ။ ဒုတိယကမၻာစစ္ၿပီးကာစ အခ်ိန္မွာ အစစအရာရာ ရွားပါးေနေတာ့ အားလုံးက ေခြၽတာေရးလမ္းေၾကာင္းေပၚမွာပဲ ရွိေနၾကတယ္။ အဲ့ေတာ့ အဲ့ဒီအခ်ိန္မွာ ေခတ္စားေနတဲ့ Fashionေတြကလည္း ေခြၽတာေရး Fashionေပါ့ကြယ္။ စကတ္ခပ္တိုတို ၊ေဘာင္းဘီခပ္တိုတို ၊ အဝတ္စေတြ မလိုအပ္ပဲ ျဖတ္ညွပ္ကပ္မလုပ္ရေအာင္ ဘာDesignမွမပါတဲ့ ရိုးရိုးရွင္းရွင္းႀကီးေတြပဲ ဝတ္ၾကသတဲ့။


အဲ့ဒီ Fashion Trendကို Diorႀကီးက ေျပာင္းလွန္ခ်လိဳက္ပါေရာလား။ သူမ်ားေတြက အစမကုန္ေအာင္ ခ်ဳပ္ေနၾကတဲ့အခ်ိန္မွာ သူခ်ဳပ္တဲ့ ဝတ္စုံတစုံဟာ ပ်မ္းမွ် အဝတ္စကိုက္၂၀ေလာက္ ကုန္သတဲ့😂 အဲ့ဒီေခတ္ကလူႀကီးေတြကေတာ့ အမေလး ငါေသြးတက္ ေပါ့ေလ။ Facebook မေပၚေသးလို႔ Facebook မွာေပၚေနရင္ တနိုင္ငံလုံး Shareၿပီး ဝိုင္းဆဲၾကမယ့္ဟာမ်ိဳး😅

Dior Fashion Houseက ပထမဆုံး ထြက္လိုက္တဲ့ New Look လို႔ ေခၚတဲ့ Fashionက ဒီလို ။သူ႕ပုံစံက သဲနာရီပုံစံ ။ ဝတ္ထားတဲ့သူကိုၾကည့္လိုက္ရင္ ခါးေလးမွာသိမ္ၿပီးေတာ့ ေအာက္ကိုကားထြက္ၿပီး ေအာက္မွာ ေဖာင္းေဖာင္းကားကားေလး ရွိေနမယ့္ ပုံမ်ိဳး။ အဲ့ဒီအတြက္ အေပၚက Jacketႏွင့္ ေအာက္က ဂါဝန္ကေတာ့ ေဖာင္းေဖာင္းကားကားေလး ရွိေနဖို႔ အတြန့္ေတြအမ်ားႀကီးႏွင့္ အစေတြ အမ်ားႀကီးသုံးၿပီးခ်ဳပ္ရတယ္။

အဲ့အခ်ိန္က ဝိုင္းအဆဲခံရေပမယ့္ အမ်ိဳးသမီးေတြကေတာ့ ႀကိဳက္ၾကတာပါပဲ။ သူက ခါးေလးေသးၿပီး တင္ေလးကားေစမယ့္ အမ်ိဳးသမီးတို႔ အႀကိဳက္ပုံစံကိုး။ အရင္ေခတ္က ခါးေတြေသးေအာင္ အထဲက ခံဝတ္ရတဲ့ Corset (ေကာ့ဆက္) ေတြကို က်န္းမာေရးအတြက္မသင့္ေတာ္လို႔ မသုံးၾကေတာ့တဲ့ေနာက္ပိုင္း ခါးကေလးေသးေနတဲ့ ပုံမ်ိဳးထြက္ေအာင္ ခ်ဳပ္ေပးနိုင္တာ Diorရဲ႕ လက္ရာေတြပဲ ရွိတာေလ။ အဲ့ေတာ့ အထက္တန္းက်တဲ့ ပုံစံ ဝင့္ႂကြားတဲ့ ပုံစံေပါက္ေနတဲ့ Diorရဲ႕ ဝတ္စုံေတြကို မမေတြသိပ္ႀကိဳက္ၾကတယ္။ 

အဲ့ဒီ သူ႕ရဲ႕ New Lookက ဘယ္ေလာက္ထိ ေပါက္သြားသလဲဆို အဲ့ဒီအခ်ိန္က ကမၻာေက်ာ္ ႐ုပ္ရွင္သ႐ုပ္ေဆာင္ေတြေတာင္ လာၿပီး ဝယ္ဝတ္ရတဲ့အထိပဲတဲ့။

ဒါ့အျပင္ သူ႕ရဲ႕ အဲ့ဒီ New Lookဂယက္က ေနမဝင္အင္ပါယာႀကီးရဲ႕ နန္းတြင္းထဲအထိပါ ဘယ္လိုရိုက္ခတ္သလဲ ေျပာျပဦးမယ္။  အဂၤလန္ဘုရင္မႀကီး အဲလိဇဘက္ အဲ့ဒီအခ်ိန္တုန္းကေတာ့ ဘုရင္ေျမးေတာ္ေလးေပါ့ သူႏွင့္ သူ႕ညီမ မာဂရက္တို႔က Dior Fashionေတြကို ႀကိဳက္လြန္းလို႔ နန္းတြင္းထဲထိ သီးသန့္လာျပခိုင္းၿပီး ဝယ္ၾကလို႔ ဘုရင္ႀကီးGorge V က သူ႕ေျမးေတြကို တိုင္းသူျပည္သားေတြ ေခြၽတာေနရတဲ့အခ်ိန္မွာ အဲ့လို အဝတ္အထည္ေတြ ျဖဳန္းတီးတဲ့ Diorရဲ႕ New Lookကို မဝတ္ရဘူးလို႔ေတာင္ အမိန့္ထုတ္ခဲ့ရသတဲ့။


#Dior Ready-to-wear စၿပီ။


Diorရဲ႕ Fashionေတြက အရမ္းေအာင္ျမင္ေတာ့ American ကုန္သည္ေတြဟာ ျပင္သစ္ကိုလာၿပီးေတာ့ Diorရဲ႕ Fashion Showပြဲေတြကိုတက္ၾကတယ္။ ၿပီးေတာ့ သူတို႔ႀကိဳက္တဲ့ Designအထည္ေတြကို ဝယ္သြားၿပီးေတာ့ USမွာ အဲ့ပုံစံေတြ ပုံတူခ်ဳပ္ၿပီး ေရာင္းၾကတာတဲ့။ ဒီဖက္ေခတ္စကားႏွင့္ေျပာရရင္ေတာ့ First Copy , Replica ေတြေပါ့ေလ။ အဲ့ဒါကို သိသြားတဲ့ Diorဟာ America ကိုပါသြားၿပီးေတာ့ Ready-to-Wear Fashionလုပ္ငန္းကို တည္ေထာင္ခ်ပလိုက္တယ္။  


အဲ့ဒီမွာလည္း သူအဆဲခံရတာပါပဲ။ ျပင္သစ္က Couture Houseေတြက Ready-to-Wear မထုတ္ဘူးေလ။ Diorအဲ့လိုလုပ္လိုက္တာ အေပါစားဆန္တယ္။ Couture Houseေတြကို သိကၡာက်ေစတယ္ ဆဲၾကျပန္ေရာ။

မည္သို႔ပင္ဆိုေစကာမူ Diorရဲ႕ ထုံးစံအတိုင္း ဘယ္သူမွမလုပ္တာကို ထလုပ္ အျမတ္အစြန္းေတြအရမ္းရၿပီး ထပ္ေအာင္ျမင္သြားျပန္ေရာ။

အဲ့က် အျခား Couture Fashion Houseေတြလည္း Ready-to-wear လိုက္ထုတ္ၾကရတာပါပဲေလ😅


သူဟာ အဝတ္အထည္ေတြတင္မက ေရေမႊးေတြဖက္ပါ ထပ္တိုးခ်ဲ့လာတယ္။ သူ႕ရဲ႕ညီမေလး Catherine Diorဟာ ျပင္သစ္ေတာ္လွန္ေရးမွာ  အဖမ္းခံလိုက္ရၿပီး ေထာင္၂ႏွစ္က်သြားေတာ့ သူ႕ညီမေလးကို ဂုဏ္ျပဳတဲ့အေနႏွင့္ သူညီမေလးနာမည္ႏွင့္ ေရေမႊးေလး ထုတ္လိုက္ပါတယ္။ အဲ့ဒါ အခု အရမ္းနာမည္ႀကီးၿပီး ပ်ိဳေမတို႔အသဲစြဲျဖစ္ေနတဲ့ Miss Dior ေရေမႊးေပါ့။ 


#Diorရဲ႕ ဆက္ခံသူ Designerမ်ား


အရမ္းအရမ္းကို ေအာင္ျမင္ခဲ့တဲ့ Mr. Christian Dior ဟာ အသက္၅၂အ႐ြယ္ မွာပဲ  အပန္းေျဖခရီးထြက္ရင္း ႏွလုံးေရာဂါႏွင့္ ႐ုတ္တရက္ႀကီး ကြယ္လြန္သြားခဲ့ပါတယ္။ 


သူက သူမဆုံးခင္မွာ ႀကိဳေသရမွာကို ႀကိဳသိေနသလိုပဲ အသက္၁၉ႏွစ္အ႐ြယ္ Yves Saint Laurent ဆိုတဲ့ (ေနာင္အခါ YSL brandရဲ႕Founder ျဖစ္လာမည့္) ေကာင္ကေလးကို သူ႕ေနရာဆက္ခံမယ့္ Diorရဲ႕ ေခါင္းေဆာင္ Designerအျဖစ္ ႀကိဳေ႐ြးခ်ယ္ခဲ့ေသးတာပါ။ 

Mr.Diorႀကီး ေသဆုံးၿပီး ေနာက္မွာေတာ့ Yves Saint Laurentက Diorကို ဆက္ေအာင္ျမင္ေအာင္ႀကိဳးစားတယ္။ 

ၿပီးေတာ့ သူ႕ေနာက္မွာ Marc Bohanက ဆက္တာဝန္ယူတယ္။ အဲ့လိုပဲ Creative Director ေတြ အဆင့္ဆင့္ တာဝန္ယူလာၾကတာေပါ့။


#ယခုလက္ရွိ Diorရဲ႕ ပိုင္ရွင္


1987မွာေတာ့ Dior တည္ေထာင္ရာမွာ ေငြေၾကးစိုက္ထုတ္ေပးခဲ့တဲ့ Diorရဲ႕ မိခင္ Company ျဖစ္တဲ့ Boussac Groupဟာ ေဒဝါလီခံလိုက္ရတာမို႔ Diorကို Willot Groupကို ေရာင္းလိုက္ရပါတယ္။ 

(ဒီေနရာမွာ တခုေလာက္ရွင္းျပခ်င္တာက Mr.Christian Diorက ပါရမီ ပါေပမယ့္ သူ႕ကိုယ္ပိုင္ Brand Diorကို တည္ေထာင္တဲ့အခါမွာ သူ႕မွာ ပိုက္ဆံမရွိပါဘူး။ ဒါေၾကာင့္ Boussac Groupက အရင္းအႏွီး စိုက္ထုတ္ေပးထားရတာမို႔ Boussac Groupက ပိုင္တာပါခမ်ာ။)


ၿပီးေတာ့ Diorကို Willot Group ကေန ျပင္သစ္သူေဌး Bernard Arnault ထပ္ဝယ္တယ္။ အခုကေတာ့ Diorဟာ LVႏွင့္အတူတူ LVMH Groupရဲ႕လက္ေအာက္မွာ ရွိေနပါတယ္။


ပိုင္ရွင္ကေတာ့ ထုံးစံအတိုင္း ကမၻာ့နံပါတ္၄ အခ်မ္းသာဆုံးသူေဌးႀကီး Bernard Arnaultေပါ့ဗ်ာ။


ဒီေန႕ေျပာသြားတာကေတာ့ နာမည္ေက်ာ္ Luxury Brandျဖစ္တဲ့ Dior အေၾကာင္းပါ။

ေနာက္ေန႕ေတြမွာလည္း အဲ့လို စိတ္ဝင္စားဖြယ္ရာေတြကို တင္ဆက္ေပးသြားဦးမွာမို႔ က်ေနာ့္Pageေလးကို Like & Follow လုပ္ထားေပးၾကပါဦးခင္ဗ်ာ။


က်ေနာ့္ Personal Account ကေတာ့ ဒီမွာပါ။

https://www.facebook.com/profile.php?id=100008222441381


 Instagram သုံးစြဲသူေတြအတြက္က

https://www.instagram.com/itsmekwyp/


Subscribe me on Youtube

https://youtube.com/channel/UCtyCL0FfrRBjBhi53k9OOww

https://www.facebook.com/Kyaw-Wai-Yan-Phyo-2015410015351638/

Tuesday, January 4, 2022

Windows 11 ကို ပြောင်းလဲအသုံးပြုသင့်တဲ့ အကြောင်းပြချက် ၁၁ ချက်

 Windows 11 ကို ပြောင်းလဲအသုံးပြုသင့်တဲ့ အကြောင်းပြချက် ၁၁ ချက်




#Windows_11

#Operation_systems

#Information_and_Technology


(Microsoft ကုမ္ပဏီထုတ် ကွန်ပျူတာ OS ထဲက နောက်ဆုံးပေါ် Windows 11 ကို မိမိကွန်ပျူတာမှာ စမ်းသပ်အသုံးပြုချင်သူများ သိထားသင့်တဲ့အချက်တွေကို စတင်ေ၀ငှချင်ပါတယ်။ iOS မဟုတ်ဘူးနော်။ ဘယ္လို OS ကိုအသုံးပြုပြု မိမိရှိသော အသုံးပြုသော ကွန်ပျူတာနဲ့ ကိုက်ညီမှုရှိမရှိ၊ upgrade လုပ်သင့်မသင့်ကတော့ အရင် ဆန်းစစ် စဉ်းစားရမှာသေချာပါတယ်။) 


Microsoft ဟာ Windows 11 ကို တရားဝင်မိတ်ဆက်ခဲ့တာ အချိန် ၁ လကျော်ရှိနေပြီဖြစ်ပါတယ်။ စမ်းသပ်အသုံးပြုချင်တဲ့သူတွေအတွက် Dev Channel နဲ့ Beta Channel ၂ မျိုးကို ထုတ်ပေးထားသလို Windows ISO File ကိုပါ Download ရယူနိုင်ပြီဖြစ်ပါတယ်။


အဲ့ဒါကြောင့် အခု Article မွာ Microsoft Windows 11 ကို ဘာကြောင့် ပြောင်းလဲအသုံးပြုသင့်လဲဆိုတဲ့အချက် ၁၁ ခ်က္ကို ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ အခုအချိန်အထိ Windows 10 ကို အသုံးပြုနေပြီး Upgrade ပြုလုပ်ဖို့ စဉ်းစားနေတဲ့သူတွေအတွက် အထောက်အကူဖြစ်စေမှာပါ။


(1) MacOS နဲ့ ပိုဆင်တူလာတဲ့ User Interface


Windows 11 ဟာ ယခင်တုန်းက Windows 10 အပြင် Windows တွေအားလုံးထက် UI Design ပိုင်းကို လုံးဝပြောင်းလဲထားတာဖြစ်ပါတယ်။ အဓိကပြောင်းလဲမှုကတော့ Screen ရဲ့ အောက်ဖက် Task Bar ကို MacOS ရဲ့ Dock ပုံစံမျိုးပြောင်းလဲလိုက်တာဖြစ်ပါတယ်။ Application Menu ပုံစံကိုလည်း ပြောင်းလဲထားပြီး ယခင်ထက် ပိုပြီး သုံးရတာ ရိုးရှင်းလှပနေစေမှာဖြစ်ပါတယ်။


(2) Universal Media Control


Windows 11 ဟာ သီချင်းနဲ့ Media Playback ကို System Level ထိန်းချုပ်နိုင်မယ့် Universal Media Control Feature ကိုလည်း ထည့်သွင်းလာမှာဖြစ်ပါတယ်။ အဲ့ဒါကြောင့်ဖွင့်ထားတဲ့ Music နဲ့ Media Control တွေအကုန်လုံးကို Action Center မွာ Notification အနေနဲ့ မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါက Spotify သုံးတာပဲဖြစ်ဖြစ်၊ YouTube Video ပဲကြည့်နေတာပဲဖြစ်ဖြစ် ပိုပြီး အဆင်ပြေသွားမှာဖြစ်ပါတယ်။


(3) New Microsoft Store


ယခင်တုန်းက Windows ပေါ်မှာ Application တွေကို အသုံးပြုဖို့အတွက် သီးသန့် .exe File တွေကို Download ပြုလုပ်ပြီး Install ပြုလုပ်ရတာဖြစ်ပါတယ်။ Microsoft Store ရှိတယ်ဆိုပေမယ့် ရရှိနိုင်တဲ့ Application တွေနည်းပါးနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Windows 11 မှာတော့ Microsoft Store Design ကို လုံးဝပြောင်းလဲလိုက်ပြီဖြစ်သလို ယခင်ထက်လည်း Application တွေအများအပြားရရှိနိုင်ပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာ Windows 11 ကို အသုံးပြုမယ်ဆိုရင် လိုချင်တဲ့ Application တွေကို .exe File Install ပြုလုပ်မယ့်အစား Microsoft Store မွာပဲ Download ရယူနိုင်တော့မှာပါ။


(4) Android App Support


Windows 11 ဟာ Microsoft Store အသစ်ရရှိလာတဲ့အပြင် နောက်ထပ်အားသာချက်တစ်ခုကတော့ Android App တွေကိုပါ Windows 11 ပေါ်မှာ Install ပြုလုပ်ပြီး အသုံးပြနိုင်မှာဖြစ်ပါတယ်။ ဒီလိုမျိုး Android App ကို အသုံးပြုနိုင်ဖို့အတွက် Microsoft ကေန Amazon App Store နဲ့ ပူးပေါင်းခဲ့တာဖြစ်ပြီး Amazon Account ရှိဖို့ လိုအပ်မယ်လို့ သိရပါတယ်။


(5) Widget


Windows 11 ဟာ Widget တွေကိုပါ သီးသန့် Panel အနေနဲ့ ပြန်လည်ပြီး ဦးစားပေးထည့်သွင်းလာပြီဖြစ်ပါတယ်။ ပုံမှန် Clock ၊ Calendar နဲ့ To-Do List တွေအပြင် လက်ရှိနောက်ဆုံးသတင်းတွေကိုပါ လက်ရှိအချိန်မှာ ဖော်ပြပေးနိုင်ပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာ Third-party Widget တွေကိုပါ အလွယ်တကူထည့်သွင်းနိုင်မယ်လို့လည်း ယူဆရပါတယ်။


(6) Auto HDR & Dynamic Refresh Rate For Gaming


Windows 11 ဟာ Gamer တွေအတွက်လည်း ပိုပြီးကောင်းမွန်တဲ့ OS Upgrade ဖြစ်လာမှာပါ။ ဘာကြောင့်လဲဆိုရင် ဂိမ်းဆော့နေတဲ့အချိန်မှာ HDR ကို အလိုအလျောက် Enable ပြုလုပ်ပေးနိုင်တဲ့ Auto HDR Feature ပါဝင်လာမှာဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Screen Refresh Rate ကို အသုံးပြုတဲ့ Content ပေါ်မှုတည်ပြီး အလိုအလျောက်ပြောင်းလဲပေးနိုင်တဲ့ Dynamic Refresh Rate လည်းပါဝင်မှာဖြစ်ပါတယ်။


(7) Redesigned File Explorer


Windows File Explorer ဟာ Windows 7 နောက်ပိုင်းမှာ ပြောင်းလဲမှုအနည်းဆုံး Feature တစ်ခုလို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် Windows 11 မှာတေ့ာ Microsoft ကေန Windows File Explorer ကို လုံးဝ Design ပြောင်းလဲလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် File တွေကို ပိုပြီးအလွယ်တကူမြင်နိုင်ပြီဖြစ်သလို Manage ပြုလုပ်နိုင်တဲ့ Option တွေကိုလည်း ပိုပြီး အလွယ်တကူအသုံးပြုနိုင်မှာပါ။


(8) Faster Windows Update


Microsoft ကေန Windows 11 မွာ Windows Update ကိုလည်း ယခင်ထက် ပိုပြီး မြန်မြန်ဆန်ဆန်နဲ့ အဆင်ပြေပြေ Update ပြုလုပ်နိုင်အောင် ပြောင်းလဲပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။ Update ပြုလုပ်ရမယ့် File Size တွေဟာ ယခင်ထက် ၄၀ ရာခိုင်နှုန်းပိုသေးငယ်သွားမယ့်အပြင် Background မွာ Install ပြုလုပ်တဲ့အချိန်မှာလည်း ယခင်ထက် ပိုပြီး CPU ကို Workload ပိစေမှာမဟုတ်တော့ဘူးလို့ သိရပါတယ်။


(9) Redesign User Interface


Windows 11 ဟာ MacOS နဲ့ အပြင်ပိုင်း User Interface တင်ပြောင်းလဲထားတာမဟုတ်ဘဲ Setting Menu တွေအပြင် အေသးစိတ္ကိုပါ လိုက်ပြီး Design ပြောင်းလဲထားတာဖြစ်ပါတယ်။ ဥပမာ Laptop တွေအတွက် Battery Section သီးသန့်ပါဝင်လာမှာဖြစ်ပြီး အသုံးပြုမှုပုံစံနဲ့ Battery ဘယ်လောက်ထိအသုံးပြုနိုင်ဦးမလဲဆိုတာကို စမတ်ဖုန်းတစ်လုံးအသုံးပြုနေသလိုမျိုး မြင်ရမှာဖြစ်ပါတယ်။


(10) Integrated Microsoft Teams


အခုလိုမျိုး Work from Home ပြုလုပ်ရတဲ့အချိန်မှာ အလုပ် Meeting တွေအတွက် Microsoft Teams ဟာလည်း အောင်မြင်တဲ့ Software တစ်ခုဖြစ်ပါတယ်။ ယခင် Windows 10 တုန်းက Microsoft Teams ကို အသုံးပြုနိုင်ဖို့အတွက် သီးသန့် Download ပြုလုပ်ထားရပေမယ့် အခုအချိန်မှာတော့ Windows 11 မွာ Microsoft Teams ကို Integrate ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ အဲ့ဒါကြောင့် Microsoft Teams ကို အသုံးပြုချင်တယ်ဆိုရင် Taskbar ကေန တိုက်ရိုက်အသုံးပြုနိုင်မှာပါ။


(11) Improved Virtual Desktop Support


Windows 11 မွာ Virtual Desktop တွေကို အသုံးပြုချင်တဲ့သူတွေအတွက်လည်း ပိုပြီးလွယ်ကူအောင် ပြုလုပ်ပေးလိုက်ပြီဖြစ်ပါတယ်။ Virtual Desktop တွေကို Windows 11 မွာ စိတ်ကြိုက် နာမည်ပြောင်းလဲနိုင်သလို Reorder လည်းပြုလုပ်နိုင်ပြီဖြစ်ပါတယ်။ ဒါတင်မဟုတ်သေးဘဲ Desktop တစ္ခုစီမွာ Wallpaper တစ်ခုစီလည်း ထားနိုင်တာကြောင့် လုံးဝကို သီးသန့် Workspace တစ္ခုကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။


အခုပြောသွားတဲ့ Feature တွေကတော့ လက်ရှိ Windows 10 ကေန Windows 11 ကို ပြောင်းလဲ Upgrade ပြုလုပ်သင့်တဲ့အချက် ၁၁ ချက်ပဲဖြစ်ပါတယ်။ တစ္ခုရွိတာကေတာ့ Windows 11 ကို Upgrade ပြုလုပ်မယ်ဆိုရင် ပိုပြီး Stable ဖြစ်စေဖို့အတွက် Dev Channel အစား Beta Channel ကိုပဲ အသုံးပြုဖို့အကြံပြုချင်ပါတယ်။

#Infinity_Tech


(Zawgyi) 

Windows 11 ကို ေျပာင္းလဲအသုံးျပဳသင့္တဲ့ အေၾကာင္းျပခ်က္ ၁၁ ခ်က္




#Windows_11

#Operation_systems

#Information_and_Technology


(Microsoft ကုမၸဏီထုတ္ ကြန္ပ်ဴတာ OS ထဲက ေနာက္ဆံုးေပၚ Windows 11 ကို မိမိကြန္ပ်ဴတာမွာ စမ္းသပ္အသံုးျပဳခ်င္သူမ်ား သိထားသင့္တဲ့အခ်က္ေတြကို စတင္ေ၀ငွခ်င္ပါတယ္။ iOS မဟုတ္ဘူးေနာ္။ ဘယ္လို OS ကိုအသံုးျပဳျပဳ မိမိရွိေသာ အသံုးျပဳေသာ ကြန္ပ်ဴတာနဲ႔ ကိုက္ညီမႈရွိမရွိ၊ upgrade လုပ္သင့္မသင့္ကေတာ့ အရင္ ဆန္းစစ္ စဥ္းစားရမွာေသခ်ာပါတယ္။) 


Microsoft ဟာ Windows 11 ကို တရားဝင္မိတ္ဆက္ခဲ့တာ အခ်ိန္ ၁ လေက်ာ္ရွိေနၿပီျဖစ္ပါတယ္။ စမ္းသပ္အသုံးျပဳခ်င္တဲ့သူေတြအတြက္ Dev Channel နဲ႕ Beta Channel ၂ မ်ိဳးကို ထုတ္ေပးထားသလို Windows ISO File ကိုပါ Download ရယူနိုင္ၿပီျဖစ္ပါတယ္။


အဲ့ဒါေၾကာင့္ အခု Article မွာ Microsoft Windows 11 ကို ဘာေၾကာင့္ ေျပာင္းလဲအသုံးျပဳသင့္လဲဆိုတဲ့အခ်က္ ၁၁ ခ်က္ကို ေဖာ္ျပေပးသြားမွာျဖစ္ပါတယ္။ အခုအခ်ိန္အထိ Windows 10 ကို အသုံးျပဳေနၿပီး Upgrade ျပဳလုပ္ဖို႔ စဥ္းစားေနတဲ့သူေတြအတြက္ အေထာက္အကူျဖစ္ေစမွာပါ။


(1) MacOS နဲ႕ ပိုဆင္တူလာတဲ့ User Interface


Windows 11 ဟာ ယခင္တုန္းက Windows 10 အျပင္ Windows ေတြအားလုံးထက္ UI Design ပိုင္းကို လုံးဝေျပာင္းလဲထားတာျဖစ္ပါတယ္။ အဓိကေျပာင္းလဲမႈကေတာ့ Screen ရဲ႕ ေအာက္ဖက္ Task Bar ကို MacOS ရဲ႕ Dock ပုံစံမ်ိဳးေျပာင္းလဲလိုက္တာျဖစ္ပါတယ္။ Application Menu ပုံစံကိုလည္း ေျပာင္းလဲထားၿပီး ယခင္ထက္ ပိုၿပီး သုံးရတာ ရိုးရွင္းလွပေနေစမွာျဖစ္ပါတယ္။


(2) Universal Media Control


Windows 11 ဟာ သီခ်င္းနဲ႕ Media Playback ကို System Level ထိန္းခ်ဳပ္နိုင္မယ့္ Universal Media Control Feature ကိုလည္း ထည့္သြင္းလာမွာျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ဖြင့္ထားတဲ့ Music နဲ႕ Media Control ေတြအကုန္လုံးကို Action Center မွာ Notification အေနနဲ႕ ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ဒါက Spotify သုံးတာပဲျဖစ္ျဖစ္၊ YouTube Video ပဲၾကည့္ေနတာပဲျဖစ္ျဖစ္ ပိုၿပီး အဆင္ေျပသြားမွာျဖစ္ပါတယ္။


(3) New Microsoft Store


ယခင္တုန္းက Windows ေပၚမွာ Application ေတြကို အသုံးျပဳဖို႔အတြက္ သီးသန့္ .exe File ေတြကို Download ျပဳလုပ္ၿပီး Install ျပဳလုပ္ရတာျဖစ္ပါတယ္။ Microsoft Store ရွိတယ္ဆိုေပမယ့္ ရရွိနိုင္တဲ့ Application ေတြနည္းပါးေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ Windows 11 မွာေတာ့ Microsoft Store Design ကို လုံးဝေျပာင္းလဲလိုက္ၿပီျဖစ္သလို ယခင္ထက္လည္း Application ေတြအမ်ားအျပားရရွိနိုင္ၿပီျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ Windows 11 ကို အသုံးျပဳမယ္ဆိုရင္ လိုခ်င္တဲ့ Application ေတြကို .exe File Install ျပဳလုပ္မယ့္အစား Microsoft Store မွာပဲ Download ရယူနိုင္ေတာ့မွာပါ။


(4) Android App Support


Windows 11 ဟာ Microsoft Store အသစ္ရရွိလာတဲ့အျပင္ ေနာက္ထပ္အားသာခ်က္တစ္ခုကေတာ့ Android App ေတြကိုပါ Windows 11 ေပၚမွာ Install ျပဳလုပ္ၿပီး အသုံးျပနိုင္မွာျဖစ္ပါတယ္။ ဒီလိုမ်ိဳး Android App ကို အသုံးျပဳနိုင္ဖို႔အတြက္ Microsoft ကေန Amazon App Store နဲ႕ ပူးေပါင္းခဲ့တာျဖစ္ၿပီး Amazon Account ရွိဖို႔ လိုအပ္မယ္လို႔ သိရပါတယ္။


(5) Widget


Windows 11 ဟာ Widget ေတြကိုပါ သီးသန့္ Panel အေနနဲ႕ ျပန္လည္ၿပီး ဦးစားေပးထည့္သြင္းလာၿပီျဖစ္ပါတယ္။ ပုံမွန္ Clock ၊ Calendar နဲ႕ To-Do List ေတြအျပင္ လက္ရွိေနာက္ဆုံးသတင္းေတြကိုပါ လက္ရွိအခ်ိန္မွာ ေဖာ္ျပေပးနိုင္ၿပီျဖစ္ပါတယ္။ ေနာက္ပိုင္းမွာ Third-party Widget ေတြကိုပါ အလြယ္တကူထည့္သြင္းနိုင္မယ္လို႔လည္း ယူဆရပါတယ္။


(6) Auto HDR & Dynamic Refresh Rate For Gaming


Windows 11 ဟာ Gamer ေတြအတြက္လည္း ပိုၿပီးေကာင္းမြန္တဲ့ OS Upgrade ျဖစ္လာမွာပါ။ ဘာေၾကာင့္လဲဆိုရင္ ဂိမ္းေဆာ့ေနတဲ့အခ်ိန္မွာ HDR ကို အလိုအေလ်ာက္ Enable ျပဳလုပ္ေပးနိုင္တဲ့ Auto HDR Feature ပါဝင္လာမွာျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Screen Refresh Rate ကို အသုံးျပဳတဲ့ Content ေပၚမႈတည္ၿပီး အလိုအေလ်ာက္ေျပာင္းလဲေပးနိုင္တဲ့ Dynamic Refresh Rate လည္းပါဝင္မွာျဖစ္ပါတယ္။


(7) Redesigned File Explorer


Windows File Explorer ဟာ Windows 7 ေနာက္ပိုင္းမွာ ေျပာင္းလဲမႈအနည္းဆုံး Feature တစ္ခုလို႔ေတာင္ ေျပာနိုင္ပါတယ္။ ဒါေပမယ့္ Windows 11 မွာေတ့ာ Microsoft ကေန Windows File Explorer ကို လုံးဝ Design ေျပာင္းလဲလိုက္ၿပီျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ File ေတြကို ပိုၿပီးအလြယ္တကူျမင္နိုင္ၿပီျဖစ္သလို Manage ျပဳလုပ္နိုင္တဲ့ Option ေတြကိုလည္း ပိုၿပီး အလြယ္တကူအသုံးျပဳနိုင္မွာပါ။


(8) Faster Windows Update


Microsoft ကေန Windows 11 မွာ Windows Update ကိုလည္း ယခင္ထက္ ပိုၿပီး ျမန္ျမန္ဆန္ဆန္နဲ႕ အဆင္ေျပေျပ Update ျပဳလုပ္နိုင္ေအာင္ ေျပာင္းလဲေပးထားတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ Update ျပဳလုပ္ရမယ့္ File Size ေတြဟာ ယခင္ထက္ ၄၀ ရာခိုင္ႏႈန္းပိုေသးငယ္သြားမယ့္အျပင္ Background မွာ Install ျပဳလုပ္တဲ့အခ်ိန္မွာလည္း ယခင္ထက္ ပိုၿပီး CPU ကို Workload ပိေစမွာမဟုတ္ေတာ့ဘူးလို႔ သိရပါတယ္။


(9) Redesign User Interface


Windows 11 ဟာ MacOS နဲ႕ အျပင္ပိုင္း User Interface တင္ေျပာင္းလဲထားတာမဟုတ္ဘဲ Setting Menu ေတြအျပင္ အေသးစိတ္ကိုပါ လိုက္ၿပီး Design ေျပာင္းလဲထားတာျဖစ္ပါတယ္။ ဥပမာ Laptop ေတြအတြက္ Battery Section သီးသန့္ပါဝင္လာမွာျဖစ္ၿပီး အသုံးျပဳမႈပုံစံနဲ႕ Battery ဘယ္ေလာက္ထိအသုံးျပဳနိုင္ဦးမလဲဆိုတာကို စမတ္ဖုန္းတစ္လုံးအသုံးျပဳေနသလိုမ်ိဳး ျမင္ရမွာျဖစ္ပါတယ္။


(10) Integrated Microsoft Teams


အခုလိုမ်ိဳး Work from Home ျပဳလုပ္ရတဲ့အခ်ိန္မွာ အလုပ္ Meeting ေတြအတြက္ Microsoft Teams ဟာလည္း ေအာင္ျမင္တဲ့ Software တစ္ခုျဖစ္ပါတယ္။ ယခင္ Windows 10 တုန္းက Microsoft Teams ကို အသုံးျပဳနိုင္ဖို႔အတြက္ သီးသန့္ Download ျပဳလုပ္ထားရေပမယ့္ အခုအခ်ိန္မွာေတာ့ Windows 11 မွာ Microsoft Teams ကို Integrate ျပဳလုပ္ေပးလိုက္ၿပီျဖစ္ပါတယ္။ အဲ့ဒါေၾကာင့္ Microsoft Teams ကို အသုံးျပဳခ်င္တယ္ဆိုရင္ Taskbar ကေန တိုက္ရိုက္အသုံးျပဳနိုင္မွာပါ။


(11) Improved Virtual Desktop Support


Windows 11 မွာ Virtual Desktop ေတြကို အသုံးျပဳခ်င္တဲ့သူေတြအတြက္လည္း ပိုၿပီးလြယ္ကူေအာင္ ျပဳလုပ္ေပးလိုက္ၿပီျဖစ္ပါတယ္။ Virtual Desktop ေတြကို Windows 11 မွာ စိတ္ႀကိဳက္ နာမည္ေျပာင္းလဲနိုင္သလို Reorder လည္းျပဳလုပ္နိုင္ၿပီျဖစ္ပါတယ္။ ဒါတင္မဟုတ္ေသးဘဲ Desktop တစ္ခုစီမွာ Wallpaper တစ္ခုစီလည္း ထားနိုင္တာေၾကာင့္ လုံးဝကို သီးသန့္ Workspace တစ္ခုကို ဖန္တီးနိုင္မွာျဖစ္ပါတယ္။


အခုေျပာသြားတဲ့ Feature ေတြကေတာ့ လက္ရွိ Windows 10 ကေန Windows 11 ကို ေျပာင္းလဲ Upgrade ျပဳလုပ္သင့္တဲ့အခ်က္ ၁၁ ခ်က္ပဲျဖစ္ပါတယ္။ တစ္ခုရွိတာကေတာ့ Windows 11 ကို Upgrade ျပဳလုပ္မယ္ဆိုရင္ ပိုၿပီး Stable ျဖစ္ေစဖို႔အတြက္ Dev Channel အစား Beta Channel ကိုပဲ အသုံးျပဳဖို႔အႀကံျပဳခ်င္ပါတယ္။

#Infinity_Tech