Monday, October 4, 2021

Corporate Downsizing

 Corporate Downsizing 




#စီးပွားရေး

#Business_Management


(အထူးအထွေပြောဖို့မလိုပါဘူး။ အခုကာလမွာ စီးပွားရေးလုပ်ငန်း အကြီးကြီးကော ခပ်သေးသေးကော ရပ်တည်ဖို့ခက်ခဲနေကြပါတယ်။ ကျဆင်းလာတဲ့ မိမိစီးပွားရေးလုပ်ငန်းလည်ပတ်မှုနဲ့ပတ်သက်ပြီး ခေါင်းခဲနေတဲ့ လုပ်ငန်းရှင်များအနေနဲ့ မိမိလုပ်ငန်းကို ဘယ်လိုလုပ်ကြ မယ် အတွေး၀င်တဲ့နေရာမှာ အထောက်အကူဖြစ်ရအောင် ဆရာထိန်လင်းကျော်ရဲ့ ဆောင်းပါးကို ပြန်လည်မျှေ၀လိုက်ပါတယ်။ ဖတ်ကြည့်ပါ။)


ခေတ်တွေကမကောင်း ၊ အလုပ်တွေက လုပ်ရပိုခက်လာ ၊ ကျန်းမာရေးရော စီးပွားရေးအရပါ ကျဆင်း လာတဲ့ အခြေအနေမှာ လုပ်ငန်းတွေအနေနဲ့ ရှင်သန်ရတာခက်လာတယ် ၊ ပိတ်တဲ့ လုပ်ငန်း၊ စက်ရုံ ၊အလုပ်ရုံ တွေကမနည်းပါဘူး ။ ဝန်ထမ်းတွေလည်း ကျဆင်းလာတဲ့ စီးပွားရေးကြောင့် အလုပ်နားလိုက်ရတာတွေ ပတ်ဝန်း ကျင်မှာ အများကြီးဖြစ်လာတယ် ။


အစကတည်းက စနစ္တက် ပြင်ဆင်ထားတဲ့ လုပ်ငန်းတွေကလွှဲရင် ဒီအချိန်မှာ ရပ်တည်ဖို့ခက်ခဲလာတဲ့ လုပ်ငန်းတွေ များလာတာကြောင့် အလုပ်မှာ အရင်ဆုံး ဝန်ထမ်းလျော့ချတာ ၊ လုပ်ငန်းပိတ်သိမ်းလို့ အလုပ္နား လိုက်ရတဲ့ ဝန်ထမ်းများ ရှိလာကြမှာပဲ ။ ဒီတော့ မိမိလုပ်ငန်း ကို စနစ္တက် Corporate Downsizing လုပ္မလဲ ဆိုတာကို သေချာစွာဆောင်ရွက်နိုင်ဖို့လိုပါတယ် ။  


အရင်ဆုံးစီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဦးစြာ ခိုင်မာတဲ့ စီးပွားရေးဆိုင်ရာ ဦးတည်ချက်တွေကို သတ်မှတ် ထားဖို့လိုပါတယ် ။ ကျွန်တော်တို့ဆီက လုပ်ငန်းတော်တော်များများရဲ့ပြသာနာက ဒီအပိုင်းမှာအားနည်းနေတာပါ ။


တော်တော်များများက စီးပွားရေးလုပ်ရင် အကျိုးအမြတ်အတွက် လို့ပဲ ယေဘုယျဆန်ဆန် သတ်မှတ်ထားပေ မယ့် ဒါက အရမ်းအခြေခံဆန်လွန်းပါတယ်။  


တကယ္လိုအပ္တာက မိမိလုပ်ငန်းအတွက် သေချာစွာ ပြင်ဆင် ထားရမယ့် Strategic planning ရှိဖို့လိုတာပါ ။ လုပ်ငန်းရဲ့ မဟာဗျူဟာကျတဲ့ ရည်မှန်းချက်ပန်းတိုင်ရှိမှ HR Planning နဲ့ Corporate Downsizing ကို တိတိကျကျလုပ်ဆောင်ရမှာဖြစ်ပါတယ် ။


ဒီတော့ နားလည်လွယ်မယ့် အကျဉ်းချုပ်လုပ်ငန်းစဉ်လေးတွေကို တစ်ဆင့်ချင်းတင်ပြချင်ပါတယ် ။

 

#Corporate Goals and Analysis


လုပ်ငန်းတွေအနေနဲ့ ကာလရှည် ၊ ကာလတို ပန်းတိုင်တစ်ခုခု ပြတ်ပြတ်သား သားထားဖို့လိုပါတယ် ။ ဒီကာလမွာ စီးပွားရေးအရ အကျိုးအမြတ် ရှိနိုင်မယ့် လုပ်ငန်းမျိုး ဟုတ်မဟုတ်ဆိုတာကို PESTEL Analysis မျိုးနဲ့ သုံးသပ်ဖို့လိုပါတယ် ။  


ရေရှည်မှာ အလားအလာ ရှိနိုင်မယ့်စီးပွာရေး မျိုးလား ၊ ဒါမှမဟုတ် ခဏ ရပ်ထားရမယ့် အလုပ်မျိုးလား ဆိုတာကို သေချာစွာ သုံးသပ်ဖို့လိုပါတယ် ။ ဈေးကွက်ကတော့ရှိသေးတယ် ဆက်လုပ်လို့ရသေးတယ် ၊ ဒါမှမဟုတ် ရှေ (၁) နှစ်လောက်ထိ နလန်ပြန် မထူနိုင်မယ့် လုပ်ငန်းမျိုးလားဆိုတာကို သုံးသပ်ရပါမယ် ။  


နိုင်ငံရေး ၊ စီးပွားရေး ၊ဈေးကွက် အခြေအနေနဲ့ ဘယ္လို သြားရမလဲ ဆိုတာကို သေချာစွာ သိဖို့လိုပါတယ် ။ ဒါဆိုရင်တော့ ဆက်လုပ်ရမလား ? ခဏနားရမလား ? အပြီးပိတ်ရမှာလားဆိုတာကို ပိုပြီးသေသေချာချာသိလာရမှာပါ ။


#Analyze departments and internal functions 


နောက်တစ်ချက်က Internal SWOT လုပ်ရမယ့် အချက်ပါပဲ ။ ကိုယ့်လုပ်ငန်းမှာ ရွိတဲ့ လူသားအရင်းအမြစ်နဲ့အခြား Resources တွေကို အားနည်းချက် ၊ အားသာချက် သေချာစွာ သိဖို့လိုပါတယ် ။ ဌာနအလိုက် ရှိနေတဲ့ လုပ်ဆောင်ချက်တွေကို Day to Day Functions တွေ အလိုက် လုပ်ငန်း လုပ်ဆောင်ချက်တွေကို job Analysis လုပ်ဖို့လိုပါတယ် ။ ဒီအပိုင်းမှာလည်း Business Objectives နဲ့ ချိတ်ဆက်ထားရမှာဖြစ်ပါတယ် ။ ဒါကို ချိတ်ဆက်ထားနိုင်ပြီဆိုရင်တော့ ဌာနအလိုက် ဘယ်ဝန်ထမ်းတွေကို လျော့ချရမလဲ ဆိုတာကို ပိုပြီးရှင်းရှင်းလင်းလင်း သိလာမှာဖြစ်ပါတယ် ။


#Workforce reduction methods 


ဘယ်လိုပုံစံမျိုးနဲ့ လျော့ချမလဲ ဆိုတာလည်း ပြင်ဆင်ထားဖို့လိုပါတယ် ။ အခြေခံပြောရရင် ( Performance reduction ) လုပ်ငန်းစွမ်းဆောင်ရည် နည်းပါးတဲ့ ဝန်ထမ်းတွေကို လျော့ချတာ ၊ လုပ်ငန်းပိတ်သိမ်းမယ့် စာရင်းထဲပါမယ့် ဝန်ထမ်းများ ၊ ယာယီရပ်နားထားမယ့် လုပ်ငန်းများ တွင်ပါဝင်မည့် ဝန်ထမ်းများ ၊ အသက်အရွယ်အရ စောလျင်စွာ အနားပေးရ မယ့် ဝန်ထမ်းများ ၊ လစာမဲ့ခွင်ဖြင့် ယာယီရပ္နား ထားမယ့် ဝန်ထမ်းများ ကို ရွေးချယ်ထားဖို့ လိုပါတယ်။ ဒီနေရာမှာ တစ္ခု မဖြစ်မနေပြောချင်တာ ဥပဒေနဲ့အညီ ဆောင်ရွက်နိုင်ဖို့လိုပါတယ် ။ တကယ်လို့ လုပ်ငန်းဘက်က အခက်အခဲရှိရင် လည်း ကာယကံရှင်ဝန်ထမ်းများနဲ့ မျဖစ္မေန ဆွေးနွေးဖို့လိုမယ်ဆိုတာကို မမေ့သင့်ပါဘူး ။ ဒါကလည်း လုပ်ငန်းရဲ့ ဂုဏ်သတင်းနဲ့ ရေရှည် ရပ်တည်မှုကို မထိခိုက်စေမှာပါ ။  


#Retaining and Motivation  


ဆက်ပြီးစဉ်းစားထားရမှာက ကျန်ရှိတဲ့ဝန်ထမ်းတွေရဲ့စိတ်ပိုင်းဆိုင်ရာ အခြေအနေ ကို ထည့်စဉ်းစားဖို့လိုပါတယ် ။ လုပ်ငန်းတွေ အနေနဲ့ ဝန်ထမ်းတွေလျော့ချတဲ့အခါ ကျန်ရှိတဲ့ ဝန်ထမ်းတွေ အနေနဲ့ အလုပ်အကိုင်ဆိုင်ရာ စိတ်ချလုံခြုံမှု မရှိတာမျိုးဖြစ်တတ်ပါတယ် ။ ဒါကြောင့် အရည်အချင်းရှိတဲ့ ဝန်ထမ်းတွေကို ထိန်းသိမ်းတာ ၊ စိတ်ခွန်အားပေးတာနဲ့ အလုပ်အပေါ်မှာ ပိုမိုကြိုးစားချင် စိတ်ဖြစ်အောင်မျိုး ၊ လစာကိစ္စဆိုင်ရာများကို အာမခံချက်ပေးတာမျိုးကို ဆောင်ရွက် ပေးရမှာ ဖြစ်ပါတယ် ။ ဒီအဆင့်ကလည်းအရေးကြီးတဲ့အချက်ဖြစ်တာကြောင့်မမေ့သင့်ပါဘူး ။


#Communication with all employees and retraining 


နောက်ဆုံးမဖြစ်မနေ လုပ်ရမှာကတော့ ဘာကြောင့် Corporate Downsizing ကို လုပ်ဆောင်ရတာလဲ ဆိုတာရယ်၊ အဖွဲ့အစည်းရဲ့ အနာဂတ္ကာလ ကာလတို ၊ ကာလရှည် ရည်မှန်းချက်တွေကို ဆက်လက်လက်တွဲမယ့် ဝန်ထမ်းများကို သေချာစွာ ရှင်းပြပေးဖို့ မဖြစ်မနေဆောင်ရွက်ရပါမယ် ။ လူနည်းသွားတဲ့အတွက် ပိုပြီးတိတိကျကျ လုပ်ရမှာတွေ အရည်အချင်း ပြည့်၀မှုတွေ ရွိမွ ဖြစ်တာကြောင့် လိုအပ်တဲ့ လေ့ကျင့်သင်ကြားမှုတွေကိုလည်း စီစဉ်ပေးဖို့လိုပါတယ်။

 

ဒီအချက်တွေက မိမိလုပ်ငန်းအဖွဲ့အစည်းတစ်ခု Downsizing လုပ်ဖို့စဉ်းစားတဲ့အခါ ဆောင်ရွက်ဖို့လိုအပ်တဲ့ အချက်အလက်တစ်ချို့ လည်းဖြစ်ပါတယ် ။ ဒီကာလေတြမွာ လုပ်ငန်းတစ်ခုဟာ စီးပွားရေးအရ ရပ်တည်ဖို့ ခက်ခဲလာတဲ့အခါ လုပ်ငန်းတွေရပ်နားတာ ၊ လူလျော့ချတာမျိုးတွေလုပ်ဆောင်လာကြပါတယ် ။ 


ဒါပေမဲ့ စနစ္တက် လုပ်ဆောင်မှု မရွိတဲ့အခါ အဖွဲ့အစည်းအတွက်ရော ဝန်ထမ်းတွေအတွက်ပါ နစ်နာမှုတွေဖြစ်လာတာကြောင့် အခုတင်ပြခဲ့တာတွေကို မမေ့သင့်ပါဘူး ။

 

ရေးသားသူ - ထိန်လင်းကျော် (HR)


Corporate Downsizing 




#စီးပြားေရး

#Business_Management


(အထူးအေထြေျပာဖို႔မလိုပါဘူး။ အခုကာလမွာ စီးပြားေရးလုပ္ငန္း အၾကီးၾကီးေကာ ခပ္ေသးေသးေကာ ရပ္တည္ဖို႔ခက္ခဲေနၾကပါတယ္။ က်ဆင္းလာတဲ့ မိမိစီးပြားေရးလုပ္ငန္းလည္ပတ္မႈနဲ႔ပတ္သက္ျပီး ေခါင္းခဲေနတဲ့ လုပ္ငန္းရွင္မ်ားအေနနဲ႔ မိမိလုပ္ငန္းကို ဘယ္လိုလုပ္ၾက မယ္ အေတြး၀င္တဲ့ေနရာမွာ အေထာက္အကူျဖစ္ရေအာင္ ဆရာထိန္လင္းေက်ာ္ရဲ႕ ေဆာင္းပါးကို ျပန္လည္မွ်ေ၀လိုက္ပါတယ္။ ဖတ္ၾကည့္ပါ။)


ေခတ္ေတြကမေကာင္း  ၊ အလုပ္ေတြက လုပ္ရပိုခက္လာ ၊ က်န္းမာေရးေရာ စီးပြားေရးအရပါ  က်ဆင္း လာတဲ့ အေျခအေနမွာ လုပ္ငန္းေတြအေနနဲ႕ ရွင္သန္ရတာခက္လာတယ္ ၊  ပိတ္တဲ့ လုပ္ငန္း၊ စက္႐ုံ ၊အလုပ္႐ုံ ေတြကမနည္းပါဘူး ။ ဝန္ထမ္းေတြလည္း က်ဆင္းလာတဲ့ စီးပြားေရးေၾကာင့္ အလုပ္နားလိုက္ရတာေတြ ပတ္ဝန္း က်င္မွာ အမ်ားႀကီးျဖစ္လာတယ္ ။


အစကတည္းက စနစ္တက် ျပင္ဆင္ထားတဲ့ လုပ္ငန္းေတြကလႊဲရင္ ဒီအခ်ိန္မွာ ရပ္တည္ဖို႔ခက္ခဲလာတဲ့ လုပ္ငန္းေတြ မ်ားလာတာေၾကာင့္ အလုပ္မွာ အရင္ဆုံး ဝန္ထမ္းေလ်ာ့ခ်တာ ၊ လုပ္ငန္းပိတ္သိမ္းလို႔ အလုပ္နား လိုက္ရတဲ့ ဝန္ထမ္းမ်ား ရွိလာၾကမွာပဲ ။ ဒီေတာ့ မိမိလုပ္ငန္း ကို စနစ္တက် Corporate Downsizing လုပ္မလဲ ဆိုတာကို ေသခ်ာစြာေဆာင္႐ြက္နိုင္ဖို႔လိုပါတယ္ ။  


အရင္ဆုံးစီးပြားေရးလုပ္ငန္းေတြအေနနဲ႕ ဦးစြာ ခိုင္မာတဲ့ စီးပြားေရးဆိုင္ရာ ဦးတည္ခ်က္ေတြကို သတ္မွတ္ ထားဖို႔လိုပါတယ္ ။ ကြၽန္ေတာ္တို႔ဆီက လုပ္ငန္းေတာ္ေတာ္မ်ားမ်ားရဲ႕ျပသာနာက ဒီအပိုင္းမွာအားနည္းေနတာပါ  ။


ေတာ္ေတာ္မ်ားမ်ားက စီးပြားေရးလုပ္ရင္ အက်ိဳးအျမတ္အတြက္ လို႔ပဲ ေယဘုယ်ဆန္ဆန္ သတ္မွတ္ထားေပ မယ့္ ဒါက အရမ္းအေျခခံဆန္လြန္းပါတယ္။  


တကယ္လိုအပ္တာက မိမိလုပ္ငန္းအတြက္ ေသခ်ာစြာ ျပင္ဆင္ ထားရမယ့္ Strategic planning ရွိဖို႔လိုတာပါ ။   လုပ္ငန္းရဲ႕ မဟာဗ်ဴဟာက်တဲ့ ရည္မွန္းခ်က္ပန္းတိုင္ရွိမွ HR Planning နဲ႕ Corporate Downsizing ကို တိတိက်က်လဳပ္ေဆာင္ရမွာျဖစ္ပါတယ္ ။


ဒီေတာ့ နားလည္လြယ္မယ့္ အက်ဥ္းခ်ဳပ္လုပ္ငန္းစဥ္ေလးေတြကို တစ္ဆင့္ခ်င္းတင္ျပခ်င္ပါတယ္ ။

 

#Corporate Goals and Analysis


လုပ္ငန္းေတြအေနနဲ႕ ကာလရွည္ ၊ ကာလတို ပန္းတိုင္တစ္ခုခု ျပတ္ျပတ္သား သားထားဖို႔လိုပါတယ္ ။ ဒီကာလမွာ စီးပြားေရးအရ အက်ိဳးအျမတ္ ရွိနိုင္မယ့္ လုပ္ငန္းမ်ိဳး ဟုတ္မဟုတ္ဆိုတာကို PESTEL Analysis မ်ိဳးနဲ႕ သုံးသပ္ဖို႔လိုပါတယ္ ။  


ေရရွည္မွာ အလားအလာ ရွိနိုင္မယ့္စီးပြာေရး မ်ိဳးလား ၊ ဒါမွမဟုတ္ ခဏ ရပ္ထားရမယ့္ အလုပ္မ်ိဳးလား ဆိုတာကို  ေသခ်ာစြာ သုံးသပ္ဖို႔လိုပါတယ္ ။  ေစ်းကြက္ကေတာ့ရွိေသးတယ္ ဆက္လုပ္လို႔ရေသးတယ္  ၊ ဒါမွမဟုတ္ ေရွ (၁) ႏွစ္ေလာက္ထိ နလန္ျပန္ မထူနိုင္မယ့္ လုပ္ငန္းမ်ိဳးလားဆိုတာကို  သုံးသပ္ရပါမယ္ ။  


နိုင္ငံေရး ၊ စီးပြားေရး ၊ေစ်းကြက္ အေျခအေနနဲ႕ ဘယ္လို သြားရမလဲ ဆိုတာကို ေသခ်ာစြာ သိဖို႔လိုပါတယ္ ။ ဒါဆိုရင္ေတာ့ ဆက္လုပ္ရမလား  ?  ခဏနားရမလား ? အၿပီးပိတ္ရမွာလားဆိုတာကို ပိုၿပီးေသေသခ်ာခ်ာသိလာရမွာပါ ။


#Analyze departments and internal functions 


ေနာက္တစ္ခ်က္က Internal SWOT လုပ္ရမယ့္ အခ်က္ပါပဲ ။  ကိုယ့္လုပ္ငန္းမွာ ရွိတဲ့ လူသားအရင္းအျမစ္နဲ႕အျခား Resources ေတြကို အားနည္းခ်က္ ၊ အားသာခ်က္ ေသခ်ာစြာ သိဖို႔လိုပါတယ္ ။  ဌာနအလိုက္ ရွိေနတဲ့ လုပ္ေဆာင္ခ်က္ေတြကို  Day to Day Functions ေတြ အလိုက္ လုပ္ငန္း လုပ္ေဆာင္ခ်က္ေတြကို  job Analysis လုပ္ဖို႔လိုပါတယ္  ။ ဒီအပိုင္းမွာလည္း  Business Objectives နဲ႕ ခ်ိတ္ဆက္ထားရမွာျဖစ္ပါတယ္ ။ ဒါကို ခ်ိတ္ဆက္ထားနိုင္ၿပီဆိုရင္ေတာ့ ဌာနအလိုက္ ဘယ္ဝန္ထမ္းေတြကို ေလ်ာ့ခ်ရမလဲ ဆိုတာကို ပိုၿပီးရွင္းရွင္းလင္းလင္း သိလာမွာျဖစ္ပါတယ္ ။


#Workforce reduction methods 


ဘယ္လိုပုံစံမ်ိဳးနဲ႕ ေလ်ာ့ခ်မလဲ ဆိုတာလည္း ျပင္ဆင္ထားဖို႔လိုပါတယ္ ။ အေျခခံေျပာရရင္  ( Performance  reduction  ) လုပ္ငန္းစြမ္းေဆာင္ရည္ နည္းပါးတဲ့ ဝန္ထမ္းေတြကို ေလ်ာ့ခ်တာ ၊ လုပ္ငန္းပိတ္သိမ္းမယ့္ စာရင္းထဲပါမယ့္ ဝန္ထမ္းမ်ား ၊ ယာယီရပ္နားထားမယ့္ လုပ္ငန္းမ်ား တြင္ပါဝင္မည့္ ဝန္ထမ္းမ်ား ၊  အသက္အ႐ြယ္အရ ေစာလ်င္စြာ အနားေပးရ မယ့္ ဝန္ထမ္းမ်ား ၊ လစာမဲ့ခြင္ျဖင့္ ယာယီရပ္နား ထားမယ့္ ဝန္ထမ္းမ်ား  ကို ေ႐ြးခ်ယ္ထားဖို႔ လိုပါတယ္။ ဒီေနရာမွာ တစ္ခု မျဖစ္မေနေျပာခ်င္တာ ဥပေဒနဲ႕အညီ ေဆာင္႐ြက္နိုင္ဖို႔လိုပါတယ္ ။  တကယ္လို႔ လုပ္ငန္းဘက္က အခက္အခဲရွိရင္ လည္း ကာယကံရွင္ဝန္ထမ္းမ်ားနဲ႕ မျဖစ္မေန ေဆြးႏြေးဖို႔လိုမယ္ဆိုတာကို  မေမ့သင့္ပါဘူး ။ ဒါကလည္း လုပ္ငန္းရဲ႕ ဂုဏ္သတင္းနဲ႕ ေရရွည္ ရပ္တည္မႈကို မထိခိုက္ေစမွာပါ ။  


#Retaining and Motivation  


ဆက္ၿပီးစဥ္းစားထားရမွာက က်န္ရွိတဲ့ဝန္ထမ္းေတြရဲ႕စိတ္ပိုင္းဆိုင္ရာ အေျခအေန ကို ထည့္စဥ္းစားဖို႔လိုပါတယ္ ။  လုပ္ငန္းေတြ အေနနဲ႕ ဝန္ထမ္းေတြေလ်ာ့ခ်တဲ့အခါ  က်န္ရွိတဲ့ ဝန္ထမ္းေတြ အေနနဲ႕ အလုပ္အကိုင္ဆိုင္ရာ စိတ္ခ်လဳံၿခဳံမႈ မရွိတာမ်ိဳးျဖစ္တတ္ပါတယ္ ။ ဒါေၾကာင့္ အရည္အခ်င္းရွိတဲ့ ဝန္ထမ္းေတြကို  ထိန္းသိမ္းတာ ၊  စိတ္ခြန္အားေပးတာနဲ႕ အလုပ္အေပၚမွာ ပိုမိုႀကိဳးစားခ်င္ စိတ္ျဖစ္ေအာင္မ်ိဳး ၊ လစာကိစၥဆိုင္ရာမ်ားကို အာမခံခ်က္ေပးတာမ်ိဳးကို ေဆာင္႐ြက္ ေပးရမွာ ျဖစ္ပါတယ္ ။  ဒီအဆင့္ကလည္းအေရးႀကီးတဲ့အခ်က္ျဖစ္တာေၾကာင့္မေမ့သင့္ပါဘူး ။


#Communication with all employees and retraining 


ေနာက္ဆုံးမျဖစ္မေန လုပ္ရမွာကေတာ့ ဘာေၾကာင့္ Corporate Downsizing ကို လုပ္ေဆာင္ရတာလဲ ဆိုတာရယ္၊ အဖြဲ႕အစည္းရဲ႕ အနာဂတ္ကာလ ကာလတို ၊ ကာလရွည္ ရည္မွန္းခ်က္ေတြကို ဆက္လက္လက္တြဲမယ့္ ဝန္ထမ္းမ်ားကို ေသခ်ာစြာ ရွင္းျပေပးဖို႔ မျဖစ္မေနေဆာင္႐ြက္ရပါမယ္ ။ လူနည္းသြားတဲ့အတြက္ ပိုၿပီးတိတိက်က် လုပ္ရမွာေတြ အရည္အခ်င္း ျပည့္၀မႈေတြ ရွိမွ ျဖစ္တာေၾကာင့္ လိုအပ္တဲ့ ေလ့က်င့္သင္ၾကားမႈေတြကိုလည္း စီစဥ္ေပးဖို႔လိုပါတယ္။

 

ဒီအခ်က္ေတြက မိမိလုပ္ငန္းအဖြဲ႕အစည္းတစ္ခု Downsizing လုပ္ဖို႔စဥ္းစားတဲ့အခါ ေဆာင္႐ြက္ဖို႔လိုအပ္တဲ့ အခ်က္အလက္တစ္ခ်ိဳ႕ လည္းျဖစ္ပါတယ္ ။ ဒီကာလေတြမွာ လုပ္ငန္းတစ္ခုဟာ စီးပြားေရးအရ ရပ္တည္ဖို႔ ခက္ခဲလာတဲ့အခါ လုပ္ငန္းေတြရပ္နားတာ ၊ လူေလ်ာ့ခ်တာမ်ိဳးေတြလုပ္ေဆာင္လာၾကပါတယ္ ။ 


ဒါေပမဲ့ စနစ္တက် လုပ္ေဆာင္မႈ မရွိတဲ့အခါ အဖြဲ႕အစည္းအတြက္ေရာ ဝန္ထမ္းေတြအတြက္ပါ နစ္နာမႈေတြျဖစ္လာတာေၾကာင့္  အခုတင္ျပခဲ့တာေတြကို မေမ့သင့္ပါဘူး ။

 

ေရးသားသူ - ထိန္လင္းေက်ာ္ (HR)

Sunday, October 3, 2021

Sexual Objectification

 Sexual objectification




မြန်မာလို အဓိပ်ပါယျကတော့ လူတစ်ဦးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ လှုံ့ဆော်မှုအတွက် အသုံးခ်စရာ အရာဝတၳုတစ်ခုလို သေဘာထား ဆက်ဆံတာမျိုးကို ခေါ်တာပါ။


ခပ်ဟော့ဟော့ ဝတ်စားတတ်တဲ့ နာမည်ကျော် မင်းသမီးကို ဆိုင်ဖွင့်ပွဲ ဖိတ်တယ်။ ဒီအတိုင်း မင်းသမီးတစ်လက်ကို ပွဲတက်ဖို့ ဖိတ်တာမျိုး မဟုတ်ဘဲ ဘယ္လို ဝတ်လာပေးရင် ဈေးပိုပေးမယ် ဆိုတာဟာ ဒီသေဘာပါပဲ။ ကားဘက္ထရီ ကြော်ငြာတွေမှာ Sexy model တွေ သုံးတာ၊ Hip Hop MTV တွေမှာ အတိုအပြတ် ဝတ္ထားတဲ့ မိန်းကလေးတွေ အများကြီးနဲ့ ရိုက်ပြတာ၊ ဓါတ်မြေသြဇာကြော်ငြာကို Sexy မင်းသမီး ၃ လက်နဲ့ ကြော်ငြာတာ၊ ဒါတွေဟာလည်း Sexual objectification လုပ်နေတာပဲ ဖြစ်ပါတယ်။


တကယ်တော့ ဒီလိုလုပ်ရပ်မျိုးတွေက ကမ်ဘာမှာလည်း ရှိပါတယ်။ ဥပမာ ကားမောင်းပြိုင်ပွဲတွေမှာ ပွဲစဖို့ အလံထောင်တဲ့ မိန်းကလေးတွေ၊ လက်ဝှေ့ပြိုင်ပွဲတွေမှာ ဘယ်နှချီမြောက် ရောက်ပြီ ဆိုတာကို ဆိုင်းဘုတ်ထောင်ပြတဲ့ Ring girl တွေ စသဖြင့် တွေ့ဖူးကြမှာပါ။ ယူနီဆက်ဖ်က ကိုးကားထားတဲ့ လေ့လာချက်တစ်ခုမှာတော့ အမျိုးသားမဂ္ဂဇင်းတွေမှာ ပါတဲ့ ကြော်ငြာတွေရဲ့ ၇၆ % မွာ အမျိုးသမီးတွေကို အဲ့လို Sexual object အဖြစ် ဖော်ပြထားကြတယ်လို့ သိရပါတယ်။


နောက်ပြီး ဒီလိုပုံဖော်တာက အမျိုးသမီးတွေတင် မဟုတ်ပါဘူး။ အမျိုးသားတွေကိုလည်း ပုံဖော်ကြပါတယ်။ ဒါကို MTV တွေ၊ ကြော်ငြာတွေမှာ တွေ့နိုင်ပါတယ်။ ဗလတောင့်တောင့်၊ Six packs နဲ့ အမျိုးသားတစ်ယောက်ကို မဆီမဆိုင် ထည့်ရိုက်ပြတာမျိုးပေါ့။ နောက် အမျိုးသားချင်း ချစ်ကြိုက်သူတွေကို ရည်ရွယ်တဲ့ ကြော်ငြာမျိုးတွေမှာလည်း အဲ့လို Sexual object အနေနဲ့ သဘောထားခံနေရပါတယ်။ အမျိုးသမီးနဲ့ ယှဉ်လိုက်ရင်တော့ နည်းကောင်းနည်းမယ်ပေါ့။ ဒါကြောင့် အမျိုးသမီးနဲ့ ပတ္သက္တာကို ဆက်ပြီး ရေးသွားပါ့မယ်။


(တစ်လက်စတည်း ရှင်းပြချင်တာက မိန်းကလေးတစ်ယောက် ခန္ဓာကိုယ် အချိုးအစား လွတာကို ပြသတိုင်း၊ ယောက်ျားလေးတစ်ယောက် သူ့ဗလကိုသူ ပြတိုင်း Sexual objectification မဟုတ္ဘူးဆိုတာပါပဲ။ မိန်းကလေးဟာ သူ့အလှကို ပေါ်လွင်စေမဲ့ ဝတ်စားဆင်ယင်မှုမျိုး လုပ်လို့ရတယ်။ မင်းသမီးအနေနဲ့ ကျပ၊ သရုပ်ဆောင်ပြလို့ ရတယ်။ သို့သော် သူ့ရင်သားဟာ ကြော်ငြာတစ်ခုလုံးရဲ့ အဓိက အာရုံစိုက်စရာ ဖြစ်နေရင်တော့ Sexual objectification ဖြစ်ပါတယ်။)


ဒီလို လုပ်ရပ်တွေကြောင့် ဘာဆက်ဖြစ်လာသလဲဆို အရင်ဆုံးအနေနဲ့ လူတစ်ယောက်၊ အထူးသဖြင့် မိန်းကလေးတစ်ယောက်ရဲ့ ဂုဏ်သိက္ခာ၊ လူရာဝင်မှု၊ အောင်မြင်မှုတွေဟာ ဒီလိုခန္ဓာကိုယ် လှပမှုအပေါ်မှာ မူတည်တယ် ဆိုတဲ့ အမြင်တွေ ရကုန်ပါတယ်။ ဒီမင်းသမီးဟာ သရုပ်ဆောင် ကောင်းစရာ မလိုဘူး။ ဒီလိုဝတ်စားတတ်ရင်၊ ဝတ်စားရဲရင် ရပြီ ဆိုတာမျိုးပေါ့။ အဲ့တော့ အနုပညာဝမ်းစာ ဖြည့်ဖို့ထက် ခန္ဓာကိုယ်က လိင်ဆွဲဆောင်မှု ရှိဖို့ကိုပဲ ကြိုးစားကြတော့တယ်။ ခွဲစိတ်ပြုပြင်ကြတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ် ပုံပန်းသွင်ပြင်နဲ့ ပတ်သက်လို့ ရှက်ရွံ့တာ၊ သိမ်ငယ်တာတွေ ဖြစ်လာကြတယ်။ 


နောက်ပြီး အမျိုးသမီးတွေအပေါ်မှာ အထင်သေးတဲ့ အမြင်တွေ ရှိလာတယ်။ လိင်ဖျော်ဖြေမှုအတွက်ပဲလို့ မြင်လာကြတယ်။ ဒီကနေမှတစ်ဆင့် လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တာ၊ အကြမ်းဖက်တာတွေ ဖြစ်လာတယ်။ ဒါကိုလည်း သာမန်လုပ်ရပ်တစ်ခုလိုပဲ ယူဆနေကြတယ်။ အဆိုးဆုံးကေတာ့ Self-objectification လို့ခေါ်တဲ့၊ အမျိုးသမီးတွေကိုယ်တိုင်က သူတို့ကိုယ်သူတို့ အဲ့လိုသဘောထားလာကြတာပဲ။


ခုနက ဆိုင်ဖွင့်ပွဲတက်တဲ့ မင်းသမီးကို ဒီအကြောင်း ပြောပြကြည့်ပါလား။ ဘာပြန်ပြောမယ် ထင်သလဲ။ ငါ့အလှနဲ့ငါ ပိုက်ဆံရှာနေတာ နင့်အပူပါလားလို့ ပြန်ဖြေမှာပေါ့။ ပိုလည်း ဝင်ငွေရတယ်။ ပိုလည်း နာမည်ကြီးတယ်။ ပိုလည်း အောင်မြင်တယ်။ ငါ့ကို စော်ကားနေပါလားလို့လည်း မခံယူဘူး။


ဆိုပါစို့၊ ဒါရိုက်တာတစ်ယောက်က လာကမ်းလှမ်းတဲ့အခါ မျက်နှာသစ် သရုပ်ဆောင် မိန်းကလေးက ငြင်းမယ်။ ကျွန်မ ဒါမျိုး မရိုက်နိုင်ဘူး။ ဒါရိုက္တာက ဘာပြန်ပြောမယ် ထင်သလဲ။ သြော် အိုခေပေါ့ ဆိုပြီး နောက်တစ်ယောက် သွားခေါ်မယ်။ ဟိုက လက်ခံလိုက်မယ်။ နာမည်ကြီးသွားမယ်။ ဆိုတော့ သူပဲ မရိုက်လိုက်ရတာ အဖတ်တင်မယ်ပေါ့။ ဒီလိုနဲ့ Sexual objectification ဟာ မိန်းကလေးတွေအတွက် အောင်မြင်ဖို့ လမ်းစ ဖြစ်လာတော့တယ်။


ဒါကြောင့် ဒီလိုမျိုး ရိုက်တဲ့ မင်းသမီးတွေ၊ သရုပ်ဆောင်တွေထက်စာရင် သူ့ကို ကမ်းလှမ်းတဲ့သူ၊ ဒါမျိုး ရိုက်ဖို့ လုပ်တဲ့သူကို ရှုံ့ချရမယ်။ ဒါဖြင့် ဆက်စဉ်းစားတော့ သူတို့ ဘာလို့ အဲ့လိုရိုက်လဲ။ ရှင်းပါတယ်။ ကြည့်တဲ့သူ ရှိလို့ပေါ့။ နောက်ပြီး ဆဲခံရေလ နာမည်ကြီးလေလို့ ယူဆကြတဲ့ ခေတ်ကြီးလည်း ဖြစ်နေပြန်တယ်လေ။


ဒါဆို ကျွန်တော်တို့ ဘာလုပ္မလဲ။ မကြည့်နဲ့ပေါ့။ အားမပေးနဲ့ပေ့ါ။ ဒီလိုရိုက္ထားတဲ့ ကုန်ပစ္စည်းဆို မဝယ္ဘူး။ ဒီလိုကြော်ငြာထားတဲ့ ဆိုင်ဆို အားမေပးဘူး။ ဒါမျိုးတွေသာ လုပ်ကြမယ်ဆိုရင် ဘယ်ရိုက်တော့မလဲ။ 


ဒါကလည်း ပြောတော့သာ လြယ္တာ။ Sexual objectification ကို ပုံမွန္လိုပဲ ယူဆနေကြသူတွေက တစ်ပုံကြီးမို့လား။ အများစုကလည်း တက္သစ္စကိုသာ ဆဲနေကြတာ။ နာမည်ကျော် မင်းသမီးဆိုရင်တော့ အားပေးကြတာကိုး။ 


ဆိုတော့ ဒီယဉ်ကျေးမှုကြီးက ကာလတစ်ခုထိတော့ ရှိနေဦးမှာပဲ။ Demand ရှိရင် ကြော်ငြာချင်တဲ့သူ ရှိမယ်။ ရိုက်ချင်တဲ့သူ ရှိမယ်။ ဒီအခါ တက္သစ္စေတြ၊ ငွေကြေးလိုအပ်နေသူတွေ၊ ဝမ်းစာမပြည့်သူတွေ၊ တစ်နည်းအားဖြင့် ငြင်းဆန်တောင့်ခံနိုင်စွမ်း မရှိသူတွေဟာ ဒါတွေကို လုပ်နေကြရဦးမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စတွေနဲ့ ပတ်သက်ရင် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ် ဆိုတာကို သိစေချင်တယ်။


နောက်တစ်ခု ထပ်စဉ်းစားကြည့်မယ်။ ကားဘက္ထရီပဲ ဆိုပါတော့။ အကုန္လုံးက အဲ့လိုမျိုးတွေ ကြော်ငြာထားကြတယ်ဆိုရင် ကျွန်တော်တို့က ငြင်းမယ်ဆို ဘယ်လိုငြင်းမလဲ။ ကားမစီးဘဲ နေရတော့မလို ဖြစ်နေပြီပေါ့။ ဒီတော့ လုပ်ငန်းရှင်တွေဘက်ကလည်း ဒါမျိုး မလုပ်တော့ဖို့၊ ဝယ်သူတွေဘက်ကလည်း ဒါမျိုး မကြော်ငြာတဲ့သူကို ပိုအားပေးဖို့ စသဖြင့် အပြန်အလှန် တာဝန်လေးတွေ ရှိလာတယ်။


ဒီနေရာမှာ Women empowerment ဆိုတဲ့ ကိစ္စကိုလည်း ချန်ထားခဲ့လို့ မရျပန္ဘူး။ တကယ်တော့ Women empowerment ဆိုတာ အမျိုးသမီးတွေကို စွမ်းရည်မြှင့်ပေးတာ မဟုတ္ဘူး။ စွမ်းရည်က ရှိပြီးသား။ သူတို့ကို လုပ်ပိုင်ခွင့်ပေးတာ၊ တန်းတူညီမျှခွင့် ပေးတာ၊ အလှအပထက်၊ လိင်ဆွဲဆောင်မှုထက် အရည်အချင်းနဲ့ ရပ်တည်ခွင့်ကို ပေးတာကို ဆိုလိုတာပါ။ 


ဥပမာ အမျိုးသမီးတစ်ယောက်ကို ရာထူးတိုးပေးဖို့ အရည်အချင်းနဲ့ မဆုံးဖြတ်ဘဲ လိင်ကိစ္စနဲ့ ဆုံးဖြတ်နေမယ်၊ ဒါကို အမျိုးသမီးက မလိုက်လျောဘူးဆိုရင် ရာထူးမတိုးပေးဘဲ နေမယ်။ တက္သစ္စ မင်းသမီးတွေကို သရုပ်ဆောင်ပညာ၊ အနုပညာဝမ်းစာနဲ့ မရွေးဘဲ ဒါရိုက္တာ၊ သို့မဟုတ် ထုတ်လုပ်သူရဲ့ ဆန္ဒကို ဘယ်လောက် ဖြည့်ဆည်းပေးနိုင်သလဲ ဆိုတာနဲ့ တိုင်းတာပြီး စင်တင်ပေးနေမယ်ဆိုရင် အမျိုးသမီးတွေအနေနဲ့ အရည်အချင်းကို အသုံးချပြီး ရှင်သန်နိုင်ဖို့ရာ ခက်သွားပါတယ်။ Sexual object လို့ ကိုယ့်ကိုယ်ကိုယ် သဘောထားနိုင်သူက ကျန်ခဲ့မယ်။ မထားနိုင်သူက ဒီလောကထဲက ထွက်သွားရမယ် ဆိုတာမျိုး ဖြစ်လာပါတယ်။


ဒါကြောင့်လည်း အမျိုးသမီးတွေ ခေါင်းဆောင်နေရာ ရဖို့ လိုတယ် ပြောတာပါ။ ခုနက ပြောတဲ့ ဥပမာတွေမှာ အထက်လူကြီးက အမျိုးသမီး ဖြစ်ခဲ့မယ်၊ ဒါရိုက္တာ သို့မဟုတ် ထုတ်လုပ်သူကသာ အမျိုးသမီး ဖြစ်ခဲ့မယ်ဆို ဒီပြဿနာ ဘယ်ရှိတော့မလဲ။ ဒီတိုင်းဒေသ၊ ဒီပြည်နယ်ရဲ့ ဝန်ကြီးချုပ်သာ အမျိုးသမီး ဖြစ်ခဲ့မယ် ဆိုပါတော့။ အဲ့လို Sexual object အနေနဲ့ သုံးထားတဲ့ Billboard ကြော်ငြာဆို လုံးဝ ခွင့်မပြုဘူးလို့ လုပ်လိုက်ရင် ဘယ္သူမွ ကြော်ငြာလို့ မရေတာ့ဘူး။ ဒီအတွက် အမျိုးသမီးတွေရဲ့ အရေးကိစ္စကို ပိုပြီး အာရုံစိုက်နိုင်စေချင်တယ်ဆိုရင် အမျိုးသမီးတွေ နေရာပိုရဖို့ လိုပါတယ်။


ပြောရရင်တော့ Sexual objectification ဆိုတဲ့ ကိစ္စဟာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှု၊ ကျားမခွဲခြားဆက်ဆံမှု၊ ကျင့်ဝတ်၊ Women empowerment စသဖြင့် အချက်အလက်ပေါင်း မြောက်များစွာနဲ့ ဆက်စပ်နေပါတယ်။ အမျိုးသမီးတွေကို Sexual object လို သဘောမထားနဲ့ ဆိုတဲ့ တစ်ခွန်းတည်းနဲ့ ပြီးသွားမှာ မဟုတ်ဘဲ သူတို့အတွက် ရင်သားနဲ့ တင်ပါးထက် ဦးနှောက်နဲ့ အရည်အချင်းကို ပိုအသုံးချခွင့်ရတဲ့ ဝန်းကျင်ကောင်းတစ်ရပ် တည်ဆောက်ပေးနိုင်မှသာ ပပျောက်သွားမယ်လို့ ထင်ပါတယ်။ ဒီအတွက် ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ် ဆိုတာကိုတော့ သိစေချင်ပါတယ်။ 


ဒေါက်တာ ဖြိုးသီဟ

၂.၁၀.၂၀၂၀


Ref: Sexual Objectification of Women: Advances to Theory and Research: Dawn M. Szymanski, Lauren B. Moffitt and Erika R. Carr 


Sexual objectification




ျမန္မာလို အဓိပ္ပါယ်ကတော့ လူတစ္ဦးတစ္ေယာက္ကို လိင္ပိုင္းဆိုင္ရာ လႈံ႕ေဆာ္မႈအတြက္ အသုံးခ်စရာ အရာဝတၳဳတစ္ခုလို သေဘာထား ဆက္ဆံတာမ်ိဳးကို ေခၚတာပါ။


ခပ္ေဟာ့ေဟာ့ ဝတ္စားတတ္တဲ့ နာမည္ေက်ာ္ မင္းသမီးကို ဆိုင္ဖြင့္ပြဲ ဖိတ္တယ္။ ဒီအတိုင္း မင္းသမီးတစ္လက္ကို ပြဲတက္ဖို႔ ဖိတ္တာမ်ိဳး မဟုတ္ဘဲ ဘယ္လို ဝတ္လာေပးရင္ ေဈးပိုေပးမယ္ ဆိုတာဟာ ဒီသေဘာပါပဲ။ ကားဘက္ထရီ ေၾကာ္ျငာေတြမွာ Sexy model ေတြ သုံးတာ၊ Hip Hop MTV ေတြမွာ အတိုအျပတ္ ဝတ္ထားတဲ့ မိန္းကေလးေတြ အမ်ားႀကီးနဲ႕ ရိုက္ျပတာ၊ ဓါတ္ေျမၾသဇာေၾကာ္ျငာကို Sexy မင္းသမီး ၃ လက္နဲ႕ ေၾကာ္ျငာတာ၊ ဒါေတြဟာလည္း Sexual objectification လုပ္ေနတာပဲ ျဖစ္ပါတယ္။


တကယ္ေတာ့ ဒီလိုလုပ္ရပ္မ်ိဳးေတြက ကမၻာမွာလည္း ရွိပါတယ္။ ဥပမာ ကားေမာင္းၿပိဳင္ပြဲေတြမွာ ပြဲစဖို႔ အလံေထာင္တဲ့ မိန္းကေလးေတြ၊ လက္ေဝွ႕ၿပိဳင္ပြဲေတြမွာ ဘယ္ႏွခ်ီေျမာက္ ေရာက္ၿပီ ဆိုတာကို ဆိုင္းဘုတ္ေထာင္ျပတဲ့ Ring girl ေတြ စသျဖင့္ ေတြ႕ဖူးၾကမွာပါ။ ယူနီဆက္ဖ္က ကိုးကားထားတဲ့ ေလ့လာခ်က္တစ္ခုမွာေတာ့ အမ်ိဳးသားမဂၢဇင္းေတြမွာ ပါတဲ့ ေၾကာ္ျငာေတြရဲ႕ ၇၆ % မွာ အမ်ိဳးသမီးေတြကို အဲ့လို Sexual object အျဖစ္ ေဖာ္ျပထားၾကတယ္လို႔ သိရပါတယ္။


ေနာက္ၿပီး ဒီလိုပုံေဖာ္တာက အမ်ိဳးသမီးေတြတင္ မဟုတ္ပါဘူး။ အမ်ိဳးသားေတြကိုလည္း ပုံေဖာ္ၾကပါတယ္။ ဒါကို MTV ေတြ၊ ေၾကာ္ျငာေတြမွာ ေတြ႕နိုင္ပါတယ္။ ဗလေတာင့္ေတာင့္၊ Six packs နဲ႕ အမ်ိဳးသားတစ္ေယာက္ကို မဆီမဆိုင္ ထည့္ရိုက္ျပတာမ်ိဳးေပါ့။ ေနာက္ အမ်ိဳးသားခ်င္း ခ်စ္ႀကိဳက္သူေတြကို ရည္႐ြယ္တဲ့ ေၾကာ္ျငာမ်ိဳးေတြမွာလည္း အဲ့လို Sexual object အေနနဲ႕ သေဘာထားခံေနရပါတယ္။ အမ်ိဳးသမီးနဲ႕ ယွဥ္လိုက္ရင္ေတာ့ နည္းေကာင္းနည္းမယ္ေပါ့။ ဒါေၾကာင့္ အမ်ိဳးသမီးနဲ႕ ပတ္သက္တာကို ဆက္ၿပီး ေရးသြားပါ့မယ္။


(တစ္လက္စတည္း ရွင္းျပခ်င္တာက မိန္းကေလးတစ္ေယာက္ ခႏၶာကိုယ္ အခ်ိဳးအစား လွတာကို ျပသတိုင္း၊ ေယာက္်ားေလးတစ္ေယာက္ သူ႕ဗလကိုသူ ျပတိုင္း Sexual objectification မဟုတ္ဘူးဆိုတာပါပဲ။ မိန္းကေလးဟာ သူ႕အလွကို ေပၚလြင္ေစမဲ့ ဝတ္စားဆင္ယင္မႈမ်ိဳး လုပ္လို႔ရတယ္။ မင္းသမီးအေနနဲ႕ ကျပ၊ သ႐ုပ္ေဆာင္ျပလို႔ ရတယ္။ သို႔ေသာ္ သူ႕ရင္သားဟာ ေၾကာ္ျငာတစ္ခုလုံးရဲ႕ အဓိက အာ႐ုံစိုက္စရာ ျဖစ္ေနရင္ေတာ့ Sexual objectification ျဖစ္ပါတယ္။)


ဒီလို လုပ္ရပ္ေတြေၾကာင့္ ဘာဆက္ျဖစ္လာသလဲဆို အရင္ဆုံးအေနနဲ႕ လူတစ္ေယာက္၊ အထူးသျဖင့္ မိန္းကေလးတစ္ေယာက္ရဲ႕ ဂုဏ္သိကၡာ၊ လူရာဝင္မႈ၊ ေအာင္ျမင္မႈေတြဟာ ဒီလိုခႏၶာကိုယ္ လွပမႈအေပၚမွာ မူတည္တယ္ ဆိုတဲ့ အျမင္ေတြ ရကုန္ပါတယ္။ ဒီမင္းသမီးဟာ သ႐ုပ္ေဆာင္ ေကာင္းစရာ မလိုဘူး။ ဒီလိုဝတ္စားတတ္ရင္၊ ဝတ္စားရဲရင္ ရၿပီ ဆိုတာမ်ိဳးေပါ့။ အဲ့ေတာ့ အႏုပညာဝမ္းစာ ျဖည့္ဖို႔ထက္ ခႏၶာကိုယ္က လိင္ဆြဲေဆာင္မႈ ရွိဖို႔ကိုပဲ ႀကိဳးစားၾကေတာ့တယ္။ ခြဲစိတ္ျပဳျပင္ၾကတယ္။ ကိုယ့္ရဲ႕ ခႏၶာကိုယ္ ပုံပန္းသြင္ျပင္နဲ႕ ပတ္သက္လို႔ ရွက္႐ြံ႕တာ၊ သိမ္ငယ္တာေတြ ျဖစ္လာၾကတယ္။ 


ေနာက္ၿပီး အမ်ိဳးသမီးေတြအေပၚမွာ အထင္ေသးတဲ့ အျမင္ေတြ ရွိလာတယ္။ လိင္ေဖ်ာ္ေျဖမႈအတြက္ပဲလို႔ ျမင္လာၾကတယ္။ ဒီကေနမွတစ္ဆင့္ လိင္ပိုင္းဆိုင္ရာ ထိပါးႏွောင့္ယွက္တာ၊ အၾကမ္းဖက္တာေတြ ျဖစ္လာတယ္။ ဒါကိုလည္း သာမန္လုပ္ရပ္တစ္ခုလိုပဲ ယူဆေနၾကတယ္။ အဆိုးဆုံးကေတာ့ Self-objectification လို႔ေခၚတဲ့၊ အမ်ိဳးသမီးေတြကိုယ္တိုင္က သူတို႔ကိုယ္သူတို႔ အဲ့လိုသေဘာထားလာၾကတာပဲ။


ခုနက ဆိုင္ဖြင့္ပြဲတက္တဲ့ မင္းသမီးကို ဒီအေၾကာင္း ေျပာျပၾကည့္ပါလား။ ဘာျပန္ေျပာမယ္ ထင္သလဲ။ ငါ့အလွနဲ႕ငါ ပိုက္ဆံရွာေနတာ နင့္အပူပါလားလို႔ ျပန္ေျဖမွာေပါ့။ ပိုလည္း ဝင္ေငြရတယ္။ ပိုလည္း နာမည္ႀကီးတယ္။ ပိုလည္း ေအာင္ျမင္တယ္။ ငါ့ကို ေစာ္ကားေနပါလားလို႔လည္း မခံယူဘူး။


ဆိုပါစို႔၊ ဒါရိုက္တာတစ္ေယာက္က လာကမ္းလွမ္းတဲ့အခါ မ်က္ႏွာသစ္ သ႐ုပ္ေဆာင္ မိန္းကေလးက ျငင္းမယ္။ ကြၽန္မ ဒါမ်ိဳး မရိုက္နိုင္ဘူး။ ဒါရိုက္တာက ဘာျပန္ေျပာမယ္ ထင္သလဲ။ ေၾသာ္ အိုေခေပါ့ ဆိုၿပီး ေနာက္တစ္ေယာက္ သြားေခၚမယ္။ ဟိုက လက္ခံလိုက္မယ္။ နာမည္ႀကီးသြားမယ္။ ဆိုေတာ့ သူပဲ မရိုက္လိုက္ရတာ အဖတ္တင္မယ္ေပါ့။ ဒီလိုနဲ႕ Sexual objectification ဟာ မိန္းကေလးေတြအတြက္ ေအာင္ျမင္ဖို႔ လမ္းစ ျဖစ္လာေတာ့တယ္။


ဒါေၾကာင့္ ဒီလိုမ်ိဳး ရိုက္တဲ့ မင္းသမီးေတြ၊ သ႐ုပ္ေဆာင္ေတြထက္စာရင္ သူ႕ကို ကမ္းလွမ္းတဲ့သူ၊ ဒါမ်ိဳး ရိုက္ဖို႔ လုပ္တဲ့သူကို ရႈံ႕ခ်ရမယ္။ ဒါျဖင့္ ဆက္စဥ္းစားေတာ့ သူတို႔ ဘာလို႔ အဲ့လိုရိုက္လဲ။ ရွင္းပါတယ္။ ၾကည့္တဲ့သူ ရွိလို႔ေပါ့။ ေနာက္ၿပီး ဆဲခံရေလ နာမည္ႀကီးေလလို႔ ယူဆၾကတဲ့ ေခတ္ႀကီးလည္း ျဖစ္ေနျပန္တယ္ေလ။


ဒါဆို ကြၽန္ေတာ္တို႔ ဘာလုပ္မလဲ။ မၾကည့္နဲ႕ေပါ့။ အားမေပးနဲ႕ေပ့ါ။ ဒီလိုရိုက္ထားတဲ့ ကုန္ပစၥည္းဆို မဝယ္ဘူး။ ဒီလိုေၾကာ္ျငာထားတဲ့ ဆိုင္ဆို အားမေပးဘူး။ ဒါမ်ိဳးေတြသာ လုပ္ၾကမယ္ဆိုရင္ ဘယ္ရိုက္ေတာ့မလဲ။ 


ဒါကလည္း ေျပာေတာ့သာ လြယ္တာ။ Sexual objectification ကို ပုံမွန္လိုပဲ ယူဆေနၾကသူေတြက တစ္ပုံႀကီးမို႔လား။ အမ်ားစုကလည္း တက္သစ္စကိုသာ ဆဲေနၾကတာ။ နာမည္ေက်ာ္ မင္းသမီးဆိုရင္ေတာ့ အားေပးၾကတာကိုး။ 


ဆိုေတာ့ ဒီယဥ္ေက်းမႈႀကီးက ကာလတစ္ခုထိေတာ့ ရွိေနဦးမွာပဲ။ Demand ရွိရင္ ေၾကာ္ျငာခ်င္တဲ့သူ ရွိမယ္။ ရိုက္ခ်င္တဲ့သူ ရွိမယ္။ ဒီအခါ တက္သစ္စေတြ၊ ေငြေၾကးလိုအပ္ေနသူေတြ၊ ဝမ္းစာမျပည့္သူေတြ၊ တစ္နည္းအားျဖင့္ ျငင္းဆန္ေတာင့္ခံနိုင္စြမ္း မရွိသူေတြဟာ ဒါေတြကို လုပ္ေနၾကရဦးမွာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ဒီကိစၥေတြနဲ႕ ပတ္သက္ရင္ ကြၽန္ေတာ္တို႔အားလုံးမွာ တာဝန္ရွိတယ္ ဆိုတာကို သိေစခ်င္တယ္။


ေနာက္တစ္ခု ထပ္စဥ္းစားၾကည့္မယ္။ ကားဘက္ထရီပဲ ဆိုပါေတာ့။ အကုန္လုံးက အဲ့လိုမ်ိဳးေတြ ေၾကာ္ျငာထားၾကတယ္ဆိုရင္ ကြၽန္ေတာ္တို႔က ျငင္းမယ္ဆို ဘယ္လိုျငင္းမလဲ။ ကားမစီးဘဲ ေနရေတာ့မလို ျဖစ္ေနၿပီေပါ့။ ဒီေတာ့ လုပ္ငန္းရွင္ေတြဘက္ကလည္း ဒါမ်ိဳး မလုပ္ေတာ့ဖို႔၊ ဝယ္သူေတြဘက္ကလည္း ဒါမ်ိဳး မေၾကာ္ျငာတဲ့သူကို ပိုအားေပးဖို႔ စသျဖင့္ အျပန္အလွန္ တာဝန္ေလးေတြ ရွိလာတယ္။


ဒီေနရာမွာ Women empowerment ဆိုတဲ့ ကိစၥကိုလည္း ခ်န္ထားခဲ့လို႔ မရျပန္ဘူး။ တကယ္ေတာ့ Women empowerment ဆိုတာ အမ်ိဳးသမီးေတြကို စြမ္းရည္ျမႇင့္ေပးတာ မဟုတ္ဘူး။ စြမ္းရည္က ရွိၿပီးသား။ သူတို႔ကို လုပ္ပိုင္ခြင့္ေပးတာ၊ တန္းတူညီမွ်ခြင့္ ေပးတာ၊ အလွအပထက္၊ လိင္ဆြဲေဆာင္မႈထက္ အရည္အခ်င္းနဲ႕ ရပ္တည္ခြင့္ကို ေပးတာကို ဆိုလိုတာပါ။ 


ဥပမာ အမ်ိဳးသမီးတစ္ေယာက္ကို ရာထူးတိုးေပးဖို႔ အရည္အခ်င္းနဲ႕ မဆုံးျဖတ္ဘဲ လိင္ကိစၥနဲ႕ ဆုံးျဖတ္ေနမယ္၊ ဒါကို အမ်ိဳးသမီးက မလိုက္ေလ်ာဘူးဆိုရင္ ရာထူးမတိုးေပးဘဲ ေနမယ္။ တက္သစ္စ မင္းသမီးေတြကို သ႐ုပ္ေဆာင္ပညာ၊ အႏုပညာဝမ္းစာနဲ႕ မေ႐ြးဘဲ ဒါရိုက္တာ၊ သို႔မဟုတ္ ထုတ္လုပ္သူရဲ႕ ဆႏၵကို ဘယ္ေလာက္ ျဖည့္ဆည္းေပးနိုင္သလဲ ဆိုတာနဲ႕ တိုင္းတာၿပီး စင္တင္ေပးေနမယ္ဆိုရင္ အမ်ိဳးသမီးေတြအေနနဲ႕ အရည္အခ်င္းကို အသုံးခ်ၿပီး ရွင္သန္နိုင္ဖို႔ရာ ခက္သြားပါတယ္။ Sexual object လို႔ ကိုယ့္ကိုယ္ကိုယ္ သေဘာထားနိုင္သူက က်န္ခဲ့မယ္။ မထားနိုင္သူက ဒီေလာကထဲက ထြက္သြားရမယ္ ဆိုတာမ်ိဳး ျဖစ္လာပါတယ္။


ဒါေၾကာင့္လည္း အမ်ိဳးသမီးေတြ ေခါင္းေဆာင္ေနရာ ရဖို႔ လိုတယ္ ေျပာတာပါ။ ခုနက ေျပာတဲ့ ဥပမာေတြမွာ အထက္လူႀကီးက အမ်ိဳးသမီး ျဖစ္ခဲ့မယ္၊ ဒါရိုက္တာ သို႔မဟုတ္ ထုတ္လုပ္သူကသာ အမ်ိဳးသမီး ျဖစ္ခဲ့မယ္ဆို ဒီျပႆနာ ဘယ္ရွိေတာ့မလဲ။ ဒီတိုင္းေဒသ၊ ဒီျပည္နယ္ရဲ႕ ဝန္ႀကီးခ်ဳပ္သာ အမ်ိဳးသမီး ျဖစ္ခဲ့မယ္ ဆိုပါေတာ့။ အဲ့လို Sexual object အေနနဲ႕ သုံးထားတဲ့ Billboard ေၾကာ္ျငာဆို လုံးဝ ခြင့္မျပဳဘူးလို႔ လုပ္လိုက္ရင္ ဘယ္သူမွ ေၾကာ္ျငာလို႔ မရေတာ့ဘူး။ ဒီအတြက္ အမ်ိဳးသမီးေတြရဲ႕ အေရးကိစၥကို ပိုၿပီး အာ႐ုံစိုက္နိုင္ေစခ်င္တယ္ဆိုရင္ အမ်ိဳးသမီးေတြ ေနရာပိုရဖို႔ လိုပါတယ္။


ေျပာရရင္ေတာ့ Sexual objectification ဆိုတဲ့ ကိစၥဟာ ကြၽန္ေတာ္တို႔ရဲ႕ ယဥ္ေက်းမႈ၊ က်ားမခြဲျခားဆက္ဆံမႈ၊ က်င့္ဝတ္၊ Women empowerment စသျဖင့္ အခ်က္အလက္ေပါင္း ေျမာက္မ်ားစြာနဲ႕ ဆက္စပ္ေနပါတယ္။ အမ်ိဳးသမီးေတြကို Sexual object လို သေဘာမထားနဲ႕ ဆိုတဲ့ တစ္ခြန္းတည္းနဲ႕ ၿပီးသြားမွာ မဟုတ္ဘဲ သူတို႔အတြက္ ရင္သားနဲ႕ တင္ပါးထက္ ဦးႏွောက္နဲ႕ အရည္အခ်င္းကို ပိုအသုံးခ်ခြင့္ရတဲ့ ဝန္းက်င္ေကာင္းတစ္ရပ္ တည္ေဆာက္ေပးနိုင္မွသာ ပေပ်ာက္သြားမယ္လို႔ ထင္ပါတယ္။ ဒီအတြက္ ကြၽန္ေတာ္တို႔အားလုံးမွာ တာဝန္ရွိတယ္ ဆိုတာကိုေတာ့ သိေစခ်င္ပါတယ္။ 


ေဒါက္တာ ၿဖိဳးသီဟ

၂.၁၀.၂၀၂၀


Ref: Sexual Objectification of Women: Advances to Theory and Research: Dawn M. Szymanski, Lauren B. Moffitt and Erika R. Carr 

Friday, October 1, 2021

မုန့်လုံးကြီးကြော် - MILO Pudding - ကော်ပြန့်စိမ်း - ကပ်စေးနှဲ

မုန့်လုံးကြီးကြော် - MILO Pudding - ကော်ပြန့်စိမ်း - ကပ်စေးနှဲ


မုန့်လုံးကြီးကြော်

........................




မုန့်လုံးကြီးကြော်ကတော့ ကျွန်မအလွန်နှစ်သက်ပြီး ခဏခဏ လုပ်စားဖြစ်တဲ့ မုန့် လေးပါ။ ကျွန်မက အုန်းသီးနဲ့လုပ်တဲ့မုန့်မှန်သမျှ 

အကုန်ကြိုက်ပါတယ်။ အုန်းသီးဋ္ဌာပနာ ထားပြီဆိုရင် ပိုလို့တောင် ကြိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

......................

 ကောက်ညှင်းမှုန့် - ဟင်းချက်ဇွန်း ၅ ဇွန်း 

 ဆန်မှုန့် - ဟင်းချက်ဇွန်း ၂ ဇွန်း  

 ဆား - နည်းနည်း

 သကြား - ဟင်းချက်ဇွန်း ၁ ဇွန်း

 အုန်းသီးဖတ် - ဆန်ချိန်ခွက် ၁ ခွက် 


ပြုလုပ်နည်း

...................

၁။ သကြားများများနဲ့ အုန်းသီးကို ဒယ်ပေါ်မှာ သကြားပွင့် ပျောက်သွားရုံ လှိမ့်ထားပေး ပါ။


၂။ ကောက်ညှင်းနဲ့ ဆန်မှုန့်ကို ရေအေး (စားပွဲဇွန်း ၅ ဇွန်း)ဖြင့်နယ်ပြီး ၂ နာရီခန့် မုန့် သားပေါက်အောင် နှပ်ထား လိုက်ပါ။ ဆားနည်းနည်းနဲ့ ထည့်နယ်ရပါမယ်။


၃။ ၂ နာရီပြည့်လို့ မုန့်သားပေါက်ပြီဆိုရင် မုန့်သားအနည်းငယ်ကို လက်ပေါ်တင် ပြား လိုက်ပါ။ အုန်းယိုကို အလယ်မှာ ဋ္ဌာပနာထည့်ပြီး လုံးလိုက်ပါ။ ဆီပူပူမွာ မြုပ်အောင် မီးအေးအေးနဲ့ ကြော်ပေးပါ။ 


မုန့်သားနီရောင်သမ်းရင် ဆယ်ပြီးသုံးဆောင်လို့ရပါပြီ။


..............................

Htet Family's Creation


မိုင်လို ပူတင်း (MILO Pudding)




(၁) ဒယ်အိုးပူလာရင် သကြား 2 ဇွန်းကိုထည့်မွှေ၊ သကြားတွေအရည်ပျော်ပြီး အရောင်ညိုလာရင် ရေနွေး 2ဇွန်းထည့်မွှေ၊

ပေါင်းမဲ့ပန်းဂံထဲထည့်ကာ အေအးခံထားပါ။ 

(၂) ကြက်ဥ 3 လုံး၊ ပေါင်မုန့် 2ချပ် ၊ -သကြား 2ဇွန်း (ထမင်းစားဇွန်း)၊ Milo 2ထုပ်၊ နို့ 250ml အကုန်လုံးကို blender ထဲထည့်ပြီးကြေအောင်မွှေပါ။ 

(၃) သကြားရည်အအေးခံထားတဲ့ပန်းကန်ထဲ Blender နဲ့မွှေထားတာတွေထည့်ကာ ပန်းကန်ကို အဖုံးပိတ်ပါ။ အဖုံးမပိတ်ရင် ပြတက္လာ လို့ ပုံမလှဖြစ်တတ်ပါတယ်။ 

(၄) ရေဆူအိုးပေါ် ပေါင်းဇကာတင်ပြီး 45 မိနစ် ကြာအောင်ပေါင်းပါ။

(၅) မီးပိတ်ပြီး 15 မိနစ်လောက်ကြာမှ အပြင်ထုတ်ပြီး အခန်းအပူချိန်မှာပဲအအေးခံပါ။ 

(၆) နာရီဝက်လောက်ကြာရင် ပန်းကန်ဘေးကို ဓါးဖြင့်ပူတင်းကွာအောင် ဖြည်းဖြည်းခွာပါ။ 

(၇) ပန်းကန်ပြားပေါ် မှောက်ချလိုက်ပါ။ 

(၈) ကြိုက်နှစ်သက်သလိုလှီးပြီး စားနိုင်ပါပြီ။ 


*** ရိုးရိုးပူတင်းလုပ်သလိုပါပဲ မိုင်လိုပဲပိုထည့်ရတာ။


ကော်ပြန့်စိမ်း 

=======




ပါ၀င်တဲ့ပစ္စည်းတွေကတော့


ကော်ပြန့်စိမ်း ၂၀ ရွက် (Supermarket မ်ားမွာ အလွယ်တကူ၀ယ်လို့ ရပါတယ် )

ကြက်သား ( ထည့်လိုလျင် ) အသား ၁၀ ကျပ်သား

ဂေါ်ဖီထုတ် ၁၅ ကျပ်သား

မုန္လာဥနီ ၁ လုံး (အနေတော်အရွယ်အစား)

တရုတ်နံနံ ၁ စီး

နှမ်းမွေးဆီ အနည်းငယ်

ကြ က်ဥ ၁ လုံး

တရုတ်မဆလာ လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရသာမှုန့် လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သွန်နီ ၂ လုံး

ကြက်သွန်ဖြူ ၁ လုံး

ပဲပိစပ္ဆီ စတီးဇွန်း ( ၁ ) ဇွန်း


ပြင်ဆင်ပြုလုပ်ပုံ

ကြက်သားကို နုတ်နုတ်စဉ်းပြီး ၊ ကြက်သွန်ဖြူ ၅ မွှာခန့်ထောင်းထည့်၊ အရသာမှုန့်ထည့်နယ်ကာ နှပ်ထားရပါမယ်။


ဂေါ်ဖီထုတ်ကို ပါးပါးလွီး၊ မုန္လာဥနီကို ပါးပါးလွီး၊ ကြက်သွန်နီကို အတုံးလေး တွေဖြစ်အောင်လှီး၊ ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားရပါမယ်။


ဆီအိုးတည်ပြီး ပဲပိစပ်ဆီကျက်ရင် ကြက်သွန်ဖြူကို ဆီသပ်ပါမယ်။ နယ္ထားတဲ့ ကြက်သားကို ထည့်ပြီး ၅ မိနစ်ခန့်ရေကုန်အောင် လုံးရပါမယ်။ နုတ်နုတ်စဉ်းထားတဲ့အတွက် ၅ မိနစ် ကေန ၇ မိနစ်ကြားရေကုန်ရင် ကျက်ပါပြီ။ ကြက်သွန်နီ ဂေါ်ဖီထုတ် မုန္လာဥနီ တို့ကို အစဉ်လိုက်ထည့်ရပါမယ်။ အရမ်းနူးသွားရင်စားမကောင်းတဲ့အတွက် အရသာမှုန့်ထည့်ပြီးတာနဲ့ ၂ မိနစ်ခန့်မွှေပြီး၇င်၊ ခေါက်ထားတဲ့ ကြက်ဥ ၁လုံး ၊ နှမ်းဆီမွှေး နဲ့ တရုတ်မဆလာ ထည့်ရပါမယ်။ ပြီးတာနဲ့ အနေတော်ညှပ်ထားတဲ့ တရုတ်နံနံထည့်အုပ်လိုက်ပြီးရင် အအေးခံထားရပါမယ်။


တချို့ကလဲ အဲဒီ အချိန်မှာ ကော်မှုန့်စတီးဇွန်း ၁ဇွန်းစာလောက်ကို ခပ်ပြစ်ပြစ်ဖျော်ပြီး လောင်းထည့်တတ်ပါတယ်။ ကော်နဲ့ မကြိုက်ရင်တော့ မထည့်ဘဲ ချထားပြီး အအေးခံထားလို့ ရပါပြီ။


၀ယ်ထားတဲ့ ကော်ပြန့်ဖတ်တွေကို တလွှာခြင်းဆီ ခွါထားရပါမယ်။ အကယ်လို့ ခ်က္ထားတဲ့ အစာမွာ ဆီကျန်နေသေးတယ်ဆိုရင် အိုးကို နဲနဲစောင်းပြီး ဆီစစ်ထားရင် ပိုကောင်းပါတယ်။


ကော်ပြန့်ဖတ်ကိုခင်း၊ ချက်ထားတဲ့အစာကိုထည့်ပြီး လိပ်လိုက်ရင် ကော်ပြန့်စိမ်းရပါပြီ။


ကော်ပြန့်စိမ်းကို ခပ်နွေးနွေးလေး ကိုက်စားပြီး၊ အချဉ်ရည်တို့လိုက တို့၊ မတို့ရင် ငရုတ်သီးစိမ်းလေးကိုက်စားကာ၊ ရေနွေးပူပူလေး မှုတ်သောက်လိုက်ရင်တော့ လိုက်ဖက်လွန်းတဲ့ စားဖွယ်တစ်မျိုး ဖြစ်မှာပါ။


ကပ်စေးနှဲ 




ပါဝင်ပစ္စည်းများ

..........................

(ဗန်းကြီးတဗန်းစာအတွက်)

ထန်းလျက် ၃ပိဿာ ၅၀သား

ကပ်စေးနှဲ ၃၅ကျပ်သား

(ထန်းလျက်ညံ့တယ်ဆိုရင် ကပ်စေးနှဲ ၅၀ကျပ်သားထည့်ရပါမယ်။)

ဆီ ၂၅ကျပ်သား

မြေပဲ ၈၅ ကျပ်သား တစ်ထုပ်

နှမ်း ၁၀ ကျပ်သား

ကြက်သွန်ကြော် ၁၀ ကျပ်သား

ဆီ ဗန်းပေါ်ကို ၂၀ကျပ်သားခင်းပါ။


ပြုလုပ်နည်း

.....................

ထန်းလျက်နဲ့ ကပ်စေးနှဲကိုပြစ်ပြစ်ကျိုပါမယ်။

သဲ အမှိုက်စစ်ပါ။

သန့်ပြီးသားထန်းလျက်ရည်ကို ဆီ၂၅ကျပ်သားရော ပြန်ကျိုပါ။

ထန်းလျက်ရည် ကြွက်မြီးတန်း ညောင်စေးကျပြီဆိုရင် အမြုပ်သေတဲ့အချိန် မီးဖိုပေါ်ကချလို့ရပါပြီ။ ဇလုံထဲမွာ ရေအေးနဲ့ ညောင်းစေးချပြီးစမ်းကြည့်လို့ရပါတယ်။

ထန်းလျက်ကြော် အပျော့လိုချင်ရင် အမြုပ်သေတာနဲ့ချပါ။

မာမာလိုချင်ရင် အမြုပ်သေပြီး ၁၅မိနစ်လောက်မှ ဖိုပေါ်ကချပါ။

ဆီလောင်းထားတဲ့ဗန်းပေါ် နှမ်းအရင်ဖြူး၊ ပြီးမှ မြေပဲဖြူး ၊ေနာက္ဆုံးမွ ကြက်သွန်ကြော်ဖြူးပါ။ 

အေးခဲသွားရင် ထန်းလျက်ကြော် လိပ်လို့ရပါပြီနော်။

အားလုံးပဲ ငယ္ဘဝကို အမွတ္တရ ပြန်လည်သတိရရင်း ပျော်ရွှင်မှူများခဏတာရရှိနိုင်ပါစေ။ 

ပြုလုပ်ပြသူ - Amt Good Taste


မုန္႔လံုးၾကီးေၾကာ္ - MILO Pudding - ေကာ္ျပန္႔စိမ္း - ကပ္ေစးႏွဲ


မုန့္လုံးႀကီးေၾကာ္

........................




မုန့္လုံးႀကီးေၾကာ္ကေတာ့ ကြၽန္မအလြန္ႏွစ္သက္ၿပီး ခဏခဏ လုပ္စားျဖစ္တဲ့ မုန့္ ေလးပါ။ ကြၽန္မက အုန္းသီးနဲ႕လုပ္တဲ့မုန့္မွန္သမွ် 

အကုန္ႀကိဳက္ပါတယ္။ အုန္းသီး႒ာပနာ ထားၿပီဆိုရင္ ပိုလို႔ေတာင္ ႀကိဳက္ပါတယ္။


ပါဝင္ပစၥည္းမ်ား

......................

 ေကာက္ညွင္းမႈန့္ - ဟင္းခ်က္ဇြန္း ၅ ဇြန္း 

 ဆန္မႈန့္ - ဟင္းခ်က္ဇြန္း ၂ ဇြန္း  

 ဆား - နည္းနည္း

 သၾကား - ဟင္းခ်က္ဇြန္း ၁ ဇြန္း

 အုန္းသီးဖတ္ - ဆန္ခ်ိန္ခြက္ ၁ ခြက္ 


ျပဳလုပ္နည္း

...................

၁။ သၾကားမ်ားမ်ားနဲ႕ အုန္းသီးကို ဒယ္ေပၚမွာ သၾကားပြင့္ ေပ်ာက္သြား႐ုံ လွိမ့္ထားေပး ပါ။


၂။ ေကာက္ညွင္းနဲ႕ ဆန္မႈန့္ကို ေရေအး (စားပြဲဇြန္း  ၅ ဇြန္း)ျဖင့္နယ္ၿပီး ၂ နာရီခန့္ မုန့္ သားေပါက္ေအာင္ ႏွပ္ထား လိုက္ပါ။ ဆားနည္းနည္းနဲ႕ ထည့္နယ္ရပါမယ္။


၃။ ၂ နာရီျပည့္လို႔ မုန့္သားေပါက္ၿပီဆိုရင္ မုန့္သားအနည္းငယ္ကို လက္ေပၚတင္ ျပား လိုက္ပါ။ အုန္းယိုကို အလယ္မွာ ႒ာပနာထည့္ၿပီး လုံးလိုက္ပါ။ ဆီပူပူမွာ ျမဳပ္ေအာင္ မီးေအးေအးနဲ႕ ေၾကာ္ေပးပါ။ 


မုန့္သားနီေရာင္သမ္းရင္ ဆယ္ၿပီးသုံးေဆာင္လို႔ရပါၿပီ။


..............................

Htet Family's Creation


မိုင္လို ပူတင္း (MILO Pudding)




(၁) ဒယ္အိုးပူလာရင္ သၾကား 2 ဇြန္းကိုထည့္ေမႊ၊ သၾကားေတြအရည္ေပ်ာ္ၿပီး အေရာင္ညိုလာရင္ ေရႏြေး 2ဇြန္းထည့္ေမႊ၊

ေပါင္းမဲ့ပန္းဂံထဲထည့္ကာ အေအးခံထားပါ။ 

(၂) ၾကက္ဥ 3 လုံး၊ ေပါင္မုန့္ 2ခ်ပ္ ၊ -သၾကား 2ဇြန္း (ထမင္းစားဇြန္း)၊ Milo 2ထုပ္၊ နို႔ 250ml အကုန္လံုးကို blender ထဲထည့္ၿပီးေၾကေအာင္ေမႊပါ။ 

(၃) သၾကားရည္အေအးခံထားတဲ့ပန္းကန္ထဲ Blender နဲ႕ေမႊထားတာေတြထည့္ကာ ပန္းကန္ကို အဖုံးပိတ္ပါ။ အဖုံးမပိတ္ရင္ ပြတက္လာ လို႔ ပုံမလွျဖစ္တတ္ပါတယ္။ 

(၄) ေရဆူအိုးေပၚ ေပါင္းဇကာတင္ၿပီး 45 မိနစ္ ၾကာေအာင္ေပါင္းပါ။

(၅) မီးပိတ္ၿပီး 15 မိနစ္ေလာက္ၾကာမွ အျပင္ထုတ္ၿပီး အခန္းအပူခ်ိန္မွာပဲအေအးခံပါ။ 

(၆) နာရီဝက္ေလာက္ၾကာရင္ ပန္းကန္ေဘးကို ဓါးျဖင့္ပူတင္းကြာေအာင္ ျဖည္းျဖည္းခြာပါ။ 

(၇) ပန္းကန္ျပားေပၚ ေမွာက္ခ်လိုက္ပါ။ 

(၈) ႀကိဳက္ႏွစ္သက္သလိုလွီးၿပီး စားနိုင္ပါၿပီ။ 


*** ရိုးရိုးပူတင္းလုပ္သလိုပါပဲ မိုင္လိုပဲပိုထည့္ရတာ။


ေကာ္ျပန့္စိမ္း 

=======




ပါ၀င္တဲ့ပစၥည္းေတြကေတာ့


ေကာ္ျပန့္စိမ္း ၂၀ ႐ြက္ (Supermarket မ်ားမွာ အလြယ္တကူ၀ယ္လို႔ ရပါတယ္ )

ၾကက္သား ( ထည့္လိုလ်င္ ) အသား ၁၀ က်ပ္သား

ေဂၚဖီထုတ္ ၁၅ က်ပ္သား

မုန္လာဥနီ ၁ လုံး (အေနေတာ္အရြယ္အစား)

တ႐ုတ္နံနံ ၁ စီး

ႏွမ္းေမြးဆီ အနည္းငယ္

ၾက က္ဥ ၁ လုံး

တ႐ုတ္မဆလာ လက္ဖက္ရည္ဇြန္း ၁ ဇြန္း

အရသာမႈန့္ လက္ဖက္ရည္ဇြန္း ၂ ဇြန္း

ၾကက္သြန္နီ ၂ လုံး

ၾကက္သြန္ျဖဴ ၁ လုံး

ပဲပိစပ္ဆီ စတီးဇြန္း ( ၁ ) ဇြန္း


ျပင္ဆင္ျပဳလုပ္ပုံ

ၾကက္သားကို ႏုတ္ႏုတ္စဥ္းၿပီး ၊ ၾကက္သြန္ျဖဴ ၅ မႊာခန့္ေထာင္းထည့္၊ အရသာမႈန့္ထည့္နယ္ကာ ႏွပ္ထားရပါမယ္။


ေဂၚဖီထုတ္ကို ပါးပါးလွီး၊ မုန္လာဥနီကို ပါးပါးလွီး၊ ၾကက္သြန္နီကို အတုံးေလး ေတြျဖစ္ေအာင္လွီး၊ ၾကက္သြန္ျဖဴကို ဓါးျပားရိုက္ထားရပါမယ္။


ဆီအိုးတည္ၿပီး ပဲပိစပ္ဆီက်က္ရင္ ၾကက္သြန္ျဖဴကို ဆီသပ္ပါမယ္။ နယ္ထားတဲ့ ၾကက္သားကို ထည့္ၿပီး ၅ မိနစ္ခန့္ေရကုန္ေအာင္ လုံးရပါမယ္။ ႏုတ္ႏုတ္စဥ္းထားတဲ့အတြက္ ၅ မိနစ္ ကေန ၇ မိနစ္ၾကားေရကုန္ရင္ က်က္ပါၿပီ။ ၾကက္သြန္နီ ေဂၚဖီထုတ္ မုန္လာဥနီ တို႔ကို အစဥ္လိုက္ထည့္ရပါမယ္။ အရမ္းႏူးသြားရင္စားမေကာင္းတဲ့အတြက္ အရသာမႈန့္ထည့္ၿပီးတာနဲ႕ ၂ မိနစ္ခန့္ေမႊၿပီး၇င္၊ ေခါက္ထားတဲ့ ၾကက္ဥ ၁လုံး ၊ ႏွမ္းဆီေမႊး နဲ႕ တ႐ုတ္မဆလာ ထည့္ရပါမယ္။ ၿပီးတာနဲ႕ အေနေတာ္ညွပ္ထားတဲ့ တ႐ုတ္နံနံထည့္အုပ္လိုက္ၿပီးရင္ အေအးခံထားရပါမယ္။


တခ်ိဳ႕ကလဲ အဲဒီ အခ်ိန္မွာ ေကာ္မႈန့္စတီးဇြန္း ၁ဇြန္းစာေလာက္ကို ခပ္ျပစ္ျပစ္ေဖ်ာ္ၿပီး ေလာင္းထည့္တတ္ပါတယ္။ ေကာ္နဲ႕ မႀကိဳက္ရင္ေတာ့ မထည့္ဘဲ ခ်ထားၿပီး အေအးခံထားလို႔ ရပါၿပီ။


၀ယ္ထားတဲ့ ေကာ္ျပန့္ဖတ္ေတြကို တလႊာျခင္းဆီ ခြါထားရပါမယ္။ အကယ္လို႔ ခ်က္ထားတဲ့ အစာမွာ ဆီက်န္ေနေသးတယ္ဆိုရင္ အိုးကို နဲနဲေစာင္းၿပီး ဆီစစ္ထားရင္ ပိုေကာင္းပါတယ္။


ေကာ္ျပန့္ဖတ္ကိုခင္း၊ ခ်က္ထားတဲ့အစာကိုထည့္ၿပီး လိပ္လိုက္ရင္ ေကာ္ျပန့္စိမ္းရပါၿပီ။


ေကာ္ျပန့္စိမ္းကို ခပ္ႏြေးႏြေးေလး ကိုက္စားၿပီး၊ အခ်ဥ္ရည္တို႔လိုက တို႔၊ မတို႔ရင္ င႐ုတ္သီးစိမ္းေလးကိုက္စားကာ၊ ေရႏြေးပူပူေလး မႈတ္ေသာက္လိုက္ရင္ေတာ့ လိုက္ဖက္လြန္းတဲ့ စားဖြယ္တစ္မ်ိဳး ျဖစ္မွာပါ။


ကပ္ေစးႏွဲ 




ပါဝင္ပစၥည္းမ်ား

..........................

(ဗန္းႀကီးတဗန္းစာအတြက္)

ထန္းလ်က္ ၃ပိႆာ ၅၀သား

ကပ္ေစးႏွဲ ၃၅က်ပ္သား

(ထန္းလ်က္ညံ့တယ္ဆိုရင္ ကပ္ေစးႏွဲ ၅၀က်ပ္သားထည့္ရပါမယ္။)

ဆီ ၂၅က်ပ္သား

ေျမပဲ ၈၅ က်ပ္သား တစ္ထုပ္

ႏွမ္း ၁၀ က်ပ္သား

ၾကက္သြန္ေၾကာ္ ၁၀ က်ပ္သား

ဆီ ဗန္းေပၚကို ၂၀က်ပ္သားခင္းပါ။




ျပဳလုပ္နည္း

.....................

ထန္းလ်က္နဲ႕ ကပ္ေစးႏွဲကိုျပစ္ျပစ္က်ိဳပါမယ္။

သဲ အမွိုက္စစ္ပါ။

သန့္ၿပီးသားထန္းလ်က္ရည္ကို ဆီ၂၅က်ပ္သားေရာ ျပန္က်ိဳပါ။

ထန္းလ်က္ရည္ ႂကြက္ၿမီးတန္း ေညာင္ေစးက်ၿပီဆိုရင္ အျမဳပ္ေသတဲ့အခ်ိန္ မီးဖိုေပၚကခ်လို႔ရပါၿပီ။ ဇလုံထဲမွာ ေရေအးနဲ႕ ေညာင္းေစးခ်ၿပီးစမ္းၾကည့္လို႔ရပါတယ္။

ထန္းလ်က္ေၾကာ္ အေပ်ာ့လိုခ်င္ရင္ အျမဳပ္ေသတာနဲ႕ခ်ပါ။

မာမာလိုခ်င္ရင္ အျမဳပ္ေသၿပီး ၁၅မိနစ္ေလာက္မွ ဖိုေပၚကခ်ပါ။

ဆီေလာင္းထားတဲ့ဗန္းေပၚ ႏွမ္းအရင္ျဖဴး၊ ၿပီးမွ ေျမပဲျဖဴး ၊ေနာက္ဆုံးမွ ၾကက္သြန္ေၾကာ္ျဖဴးပါ။ 

ေအးခဲသြားရင္ ထန္းလ်က္ေၾကာ္ လိပ္လို႔ရပါၿပီေနာ္။




အားလုံးပဲ ငယ္ဘဝကို အမွတ္တရ ျပန္လည္သတိရရင္း ေပ်ာ္႐ႊင္မႉမ်ားခဏတာရရွိနိုင္ပါေစ။ 

ျပဳလုပ္ျပသူ - Amt Good Taste


Sunday, September 26, 2021

ကွန်ပျူတာ Laptop အသစ်ဝယ်ပြီးတာနဲ့ ဘာတွေလုပ်ရမလဲ?

ကွန်ပျူတာ Laptop အသစ်ဝယ်ပြီးတာနဲ့ ဘာတွေလုပ်ရမလဲ? 




#Computer_and_Technology

#New_Laptop


(စားပွဲတင်ကွန်ပျူတာပဲဖြစ်ဖြစ် တစ်ကိုယ်ရေသုံး Laptop ကွန်ပျူတာပဲဖြစ်ဖြစ် အသစ်တစ်လုံးဝယ်လာပြီဆိုရင် အဆင်သင့် လက်တင်ပြီး သုံးရုံပဲဆိုသော်ငြား ပြုလုပ်သင့်တာလေးတွေ လုပ်ပေးဖို့လိုအပ်ပါသေးတယ်။ အနည်းဆုံး ကိုယ်သုံးတဲ့ကွန်ပျူတာရဲ့ အချက်အလက်တွေ ကိုနည်းနည်းတော့ စစ်ဆေးကြည့်ကြပါဦး။)


Laptop တစ်လုံးကို အသစ်ဝယ်ယူပြီဆိုရင် များသောအားဖြင့် ဝယ်ယူတဲ့ဆိုင်တွေမှာပဲ ရွေးချယ်ဝယ်ယူပြီး လိုအပ်တဲ့ Software တွေနဲ့ အစပိုင်းပြင်ဆင်မှုတွေကို လက်တန်းသုံးလို့ရတဲ့အဆင့်ထိရောက်အောင် အပ်လိုက်ပြီး အကုန်လုံးပြီးမှ တစ်ခါတည်းတန်းသုံးကြတာများပါ တယ်။ အခုဒီ Article ကနေပြီးတော့ ကိုယ့်စိတ်တိုင်းကျပြင်ဆင်နိုင်ဖို့နဲ့ နောက်ပိုင်းသုံးနေတဲ့အချိန်မှာ error မတက်အောင် ဝယ်ယူပြီး တာနဲ့ ဘာတွေပြုလုပ်သင့်လဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။


(၁) Windows ကို အသစ်ပြန်တင်နိုင်တယ်ဆိုရင် ပြန်တင်ပါ


လက်ရှိ ရောင်းချနေတဲ့ Laptop ကွန်ပျူတာတွေက Cracked Windows နဲ့ အခြား Software အနည်းငယ်ပါဝင်ပြီးသားပါ။ ဒါပေမယ့် သူ့မှာပါတဲ့ Windows တွေက Windows 10 ဆိုရင်တောင် Version နိမ့်နေတတ်တဲ့အတွက် ဖြစ်နိုင်ရင် Latest Windows CD တစ်ချပ်ဝယ်ပြီး Windows အသစ်ပြန်တင်လိုက်တာက နောက်ပိုင်း Internet ချိတ်သုံးတဲ့အခါမှာ နောက်ကွယ်ကနေ အလိုအလျောက် Windows Update download ဆွဲနေတာကို ကာကွယ်ပြီးဖြစ်သလို Features အသစ်တွေကိုလည်း သုံးစွဲနိုင်မှာဖြစ်ပါတယ်။ ပိုပြီးကောင်းတဲ့အချက်က Hard disk Partition ကို Windows အသစ်ပြန်တင်တာဖြစ်တဲ့အတွက် ကိုယ်နှစ်သက်သလို ပြန်ပိုင်းလို့ရတာပါ။


(၂) နောက်ပိုင်း Internet ချိတ်ပြီး အသုံးပြုရဖို့ရှိတယ်ဆိုရင် Windows Update အရင်လုပ်တာ (သို့) ပိတ်ပစ်ပါ


ဒီအချက်ကတော့ လူတစ်ယောက်ချင်းစီပေါ်မှုတည်ပြီး ကွဲပြားမှာဖြစ်ပြီး တကယ်လို့ Windows 10 လိုမျိုး Features Update မကြာမကြာထွက်တဲ့ Windows ကို အသုံးပြုနေပြီး ကိုယ်တိုင်ကလည်း Features အသစ်တွေကို သုံးချင်တယ်ဆိုရင်တော့ Update ပြုလုပ်ဖို့ အကောင်းဆုံးအချိန်ဟာ Computer ဝယ်ယူပြီးပြီးချင်း အချိန်ပဲဖြစ်ပါတယ်။ Data ပျက်မှာမဟုတ်ပေမယ့် အခြား Data တွေ Software တွေမသွင်းရသေးတဲ့အတွက် Update ပြုလုပ်တဲ့အချိန်က ပိုပြီးမြန်ဆန်မှာဖြစ်ပါတယ်။


တကယ်လို့ Update လုပ်ရတာ စိတ်မဝင်စားဘူး၊ ဒါမှမဟုတ် အင်တာနက် အခက်အခဲရှိတယ်ဆိုရင် Windows Update ကို ပိတ်ထားတာအကောင်းဆုံးပါ။ ဆိုင်က Technician ကို အကူအညီတောင်းနိုင်သလို This PC (My Computer) ကို Right Click နှိပ်ပြီး Manage  Service & Applications  Services မှာ Windows Update ကို ရှာပြီး Disable လုပ်လိုက်ရင် အလိုအလျောက် Update လုပ်နေမှာမဟုတ်တော့ပါဘူး။


(၃) Browser, Media Player နဲ့ အခြားသော လိုအပ်တဲ့ Software တွေကို သွင်းပါ


ဒီအချက်ကတော့ ကိုယ်ဝယ်ယူတဲ့ဆိုင်ကို အကူအညီတောင်းလို့ရတဲ့ အပိုင်းပါ။ ကျွန်တော်တို့ကတော့ Browser, Media Player စတဲ့ Software အသေးတွေကို နောက်ဆုံး Version ကို ကိုယ်တိုင် Download ဆွဲပြီးသွင်းတာကိုပိုအားပေးပါတယ်။ MS Office, Photoshop နဲ့ အခြား Software အကြီးတွေကိုပဲ ဆိုင်ကို အဓိကသွင်းခိုင်းတာ အဆင်ပြေမှာပါ။


(၄) Windows Defender (သို့) အခြား Anti-Virus ကို တစ်ခါတည်း Update ပြုလုပ်ပါ


Virus ဝင်ရောက်တာက ကွန်ပျူတာတွေမှာ အဆိုးဝါးဆုံး ပြသာနာတွေထဲမှာပါပါတယ်။ Windows Defender လို Anti Virus က Windows 8 မှာထဲက တပါတည်း ပါဝင်ပေမယ့် တကယ်ထိရောက်စွာအသုံးပြုနိုင်ဖို့ဆိုရင် Virus & Spy Definitions က Up to Date ဖြစ်နေဖို့ လိုအပ်ပါတယ်။ အချို့သော Laptop Brand တွေက McAfee, Norton စတဲ့ License Anti Virus Software တွေကို လက်ဆောင်ပေးတတ်လေ့ရှိပြီး အဲ့လိုပေးတယ်ဆိုရင်လည်း တခါတည်းသွင်းပြီး Update လုပ်ထားသင့်ပါတယ်။


(၅) Drivers တွေကို Update လုပ်လိုက်ပါ


ဒီအချက်က ကျိန်းသေလိုအပ်တဲ့အချက်မဟုတ်ပေမယ့် အချို့သော Graphic Card သီးခြားပါဝင်တဲ့ Laptop တွေမှာ Graphic Driver ကို Update ပြုလုပ်လိုက်တာက Game ဆော့တဲ့အချိန်တွေမှာ ပိုသိသာနိုင်တဲ့အတွက်ကြောင့် Graphic Driver တွေကိုတော့ Update အမြဲလုပ်နေတာ ပိုပြီးအဆင်ပြေစေမှာဖြစ်ပါတယ်။


ကျန်တဲ့အရာတွေကတော့ Desktop Wallpaper, Windows Themes တွေပြောင်းတာ၊ Taskbar or Start Menu မှာ ကိုယ်အသုံးများတဲ့ Software တွေကို Pinned ပြုလုပ်ထားတာအစရှိတာတွေပြုလုပ်ပြီးရင် ကိုယ်ကိုယ်တိုင် စိတ်တိုင်းကျပြင်ဆင်ထားတဲ့ Laptop ကွန်ပျူတာတစ်လုံးကို သုံးစွဲနိုင်ပြီဖြစ်ပါတယ်။


Source  Akhayar


 ကြန္ပ်ဴတာ Laptop အသစ္ဝယ္ၿပီးတာနဲ႕ ဘာေတြလုပ္ရမလဲ? 




#Computer_and_Technology

#New_Laptop


(စားပြဲတင္ကြန္ပ်ဴတာပဲျဖစ္ျဖစ္ တစ္ကိုယ္ေရသံုး Laptop ကြန္ပ်ဴတာပဲျဖစ္ျဖစ္ အသစ္တစ္လံုး၀ယ္လာျပီဆိုရင္ အဆင္သင့္ လက္တင္ျပီး သံုးရံုပဲဆိုေသာ္ျငား ျပဳလုပ္သင့္တာေလးေတြ လုပ္ေပးဖို႔လိုအပ္ပါေသးတယ္။ အနည္းဆံုး ကိုယ္သံုးတဲ့ကြန္ပ်ဴတာရဲ႕ အခ်က္အလက္ေတြ ကိုနည္းနည္းေတာ့ စစ္ေဆးၾကည့္ၾကပါဦး။)


Laptop တစ္လုံးကို အသစ္ဝယ္ယူၿပီဆိုရင္ မ်ားေသာအားျဖင့္ ဝယ္ယူတဲ့ဆိုင္ေတြမွာပဲ ေ႐ြးခ်ယ္ဝယ္ယူၿပီး လိုအပ္တဲ့ Software ေတြနဲ႕ အစပိုင္းျပင္ဆင္မႈေတြကို လက္တန္းသုံးလို႔ရတဲ့အဆင့္ထိေရာက္ေအာင္ အပ္လိုက္ၿပီး အကုန္လုံးၿပီးမွ တစ္ခါတည္းတန္းသုံးၾကတာမ်ားပါ တယ္။ အခုဒီ Article ကေနၿပီးေတာ့ ကိုယ့္စိတ္တိုင္းက်ျပင္ဆင္နိုင္ဖို႔နဲ႕ ေနာက္ပိုင္းသုံးေနတဲ့အခ်ိန္မွာ error မတက္ေအာင္ ဝယ္ယူၿပီး တာနဲ႕ ဘာေတြျပဳလုပ္သင့္လဲဆိုတာကို ေျပာျပေပးသြားမွာျဖစ္ပါတယ္။


(၁) Windows ကို အသစ္ျပန္တင္နိုင္တယ္ဆိုရင္ ျပန္တင္ပါ


လက္ရွိ ေရာင္းခ်ေနတဲ့ Laptop ကြန္ပ်ဴတာေတြက Cracked Windows နဲ႕ အျခား Software အနည္းငယ္ပါဝင္ၿပီးသားပါ။ ဒါေပမယ့္ သူ႕မွာပါတဲ့ Windows ေတြက Windows 10 ဆိုရင္ေတာင္ Version နိမ့္ေနတတ္တဲ့အတြက္ ျဖစ္နိုင္ရင္ Latest Windows CD တစ္ခ်ပ္ဝယ္ၿပီး Windows အသစ္ျပန္တင္လိုက္တာက ေနာက္ပိုင္း Internet ခ်ိတ္သုံးတဲ့အခါမွာ ေနာက္ကြယ္ကေန အလိုအေလ်ာက္ Windows Update download ဆြဲေနတာကို ကာကြယ္ၿပီးျဖစ္သလို Features အသစ္ေတြကိုလည္း သုံးစြဲနိုင္မွာျဖစ္ပါတယ္။ ပိုၿပီးေကာင္းတဲ့အခ်က္က Hard disk Partition ကို Windows အသစ္ျပန္တင္တာျဖစ္တဲ့အတြက္ ကိုယ္ႏွစ္သက္သလို ျပန္ပိုင္းလို႔ရတာပါ။


(၂) ေနာက္ပိုင္း Internet ခ်ိတ္ၿပီး အသုံးျပဳရဖို႔ရွိတယ္ဆိုရင္ Windows Update အရင္လုပ္တာ (သို႔) ပိတ္ပစ္ပါ


ဒီအခ်က္ကေတာ့ လူတစ္ေယာက္ခ်င္းစီေပၚမႈတည္ၿပီး ကြဲျပားမွာျဖစ္ၿပီး တကယ္လို႔ Windows 10 လိုမ်ိဳး Features Update မၾကာမၾကာထြက္တဲ့ Windows ကို အသုံးျပဳေနၿပီး ကိုယ္တိုင္ကလည္း Features အသစ္ေတြကို သုံးခ်င္တယ္ဆိုရင္ေတာ့ Update ျပဳလုပ္ဖို႔ အေကာင္းဆုံးအခ်ိန္ဟာ Computer ဝယ္ယူၿပီးၿပီးခ်င္း အခ်ိန္ပဲျဖစ္ပါတယ္။ Data ပ်က္မွာမဟုတ္ေပမယ့္ အျခား Data ေတြ Software ေတြမသြင္းရေသးတဲ့အတြက္ Update ျပဳလုပ္တဲ့အခ်ိန္က ပိုၿပီးျမန္ဆန္မွာျဖစ္ပါတယ္။


တကယ္လို႔ Update လုပ္ရတာ စိတ္မဝင္စားဘူး၊ ဒါမွမဟုတ္ အင္တာနက္ အခက္အခဲရွိတယ္ဆိုရင္ Windows Update ကို ပိတ္ထားတာအေကာင္းဆုံးပါ။ ဆိုင္က Technician ကို အကူအညီေတာင္းနိုင္သလို This PC (My Computer) ကို Right Click ႏွိပ္ၿပီး Manage  Service & Applications  Services မွာ Windows Update ကို ရွာၿပီး Disable လုပ္လိုက္ရင္ အလိုအေလ်ာက္ Update လုပ္ေနမွာမဟုတ္ေတာ့ပါဘူး။


(၃) Browser, Media Player နဲ႕ အျခားေသာ လိုအပ္တဲ့ Software ေတြကို သြင္းပါ


ဒီအခ်က္ကေတာ့ ကိုယ္ဝယ္ယူတဲ့ဆိုင္ကို အကူအညီေတာင္းလို႔ရတဲ့ အပိုင္းပါ။ ကြၽန္ေတာ္တို႔ကေတာ့ Browser, Media Player စတဲ့ Software အေသးေတြကို ေနာက္ဆုံး Version ကို ကိုယ္တိုင္ Download ဆြဲၿပီးသြင္းတာကိုပိုအားေပးပါတယ္။ MS Office, Photoshop နဲ႕ အျခား Software အႀကီးေတြကိုပဲ ဆိုင္ကို အဓိကသြင္းခိုင္းတာ အဆင္ေျပမွာပါ။


(၄) Windows Defender (သို႔) အျခား Anti-Virus ကို တစ္ခါတည္း Update ျပဳလုပ္ပါ


Virus ဝင္ေရာက္တာက ကြန္ပ်ဴတာေတြမွာ အဆိုးဝါးဆုံး ျပသာနာေတြထဲမွာပါပါတယ္။ Windows Defender လို Anti Virus က Windows 8 မွာထဲက တပါတည္း ပါဝင္ေပမယ့္ တကယ္ထိေရာက္စြာအသုံးျပဳနိုင္ဖို႔ဆိုရင္ Virus & Spy Definitions က Up to Date ျဖစ္ေနဖို႔ လိုအပ္ပါတယ္။ အခ်ိဳ႕ေသာ Laptop Brand ေတြက McAfee, Norton စတဲ့ License Anti Virus Software ေတြကို လက္ေဆာင္ေပးတတ္ေလ့ရွိၿပီး အဲ့လိုေပးတယ္ဆိုရင္လည္း တခါတည္းသြင္းၿပီး Update လုပ္ထားသင့္ပါတယ္။


(၅) Drivers ေတြကို Update လုပ္လိုက္ပါ


ဒီအခ်က္က က်ိန္းေသလိုအပ္တဲ့အခ်က္မဟုတ္ေပမယ့္ အခ်ိဳ႕ေသာ Graphic Card သီးျခားပါဝင္တဲ့ Laptop ေတြမွာ Graphic Driver ကို Update ျပဳလုပ္လိုက္တာက Game ေဆာ့တဲ့အခ်ိန္ေတြမွာ ပိုသိသာနိုင္တဲ့အတြက္ေၾကာင့္ Graphic Driver ေတြကိုေတာ့ Update အၿမဲလုပ္ေနတာ ပိုၿပီးအဆင္ေျပေစမွာျဖစ္ပါတယ္။


က်န္တဲ့အရာေတြကေတာ့ Desktop Wallpaper, Windows Themes ေတြေျပာင္းတာ၊ Taskbar or Start Menu မွာ ကိုယ္အသုံးမ်ားတဲ့ Software ေတြကို Pinned ျပဳလုပ္ထားတာအစရွိတာေတြျပဳလုပ္ၿပီးရင္ ကိုယ္ကိုယ္တိုင္ စိတ္တိုင္းက်ျပင္ဆင္ထားတဲ့ Laptop ကြန္ပ်ဴတာတစ္လုံးကို သုံးစြဲနိုင္ၿပီျဖစ္ပါတယ္။


Source – Akhayar

Saturday, September 25, 2021

သေကြောင်းကြံစည်တာ နဲ့ပတ်သက်ပြီး အထင်မှားနေကြတဲ့ အချက်အချို့

သေကြောင်းကြံစည်တာ နဲ့ပတ်သက်ပြီး အထင်မှားနေကြတဲ့ အချက်အချို့




ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Htet Htet Zaw Win

ရေးသားသူ Aye Thi Mon


#Mental_Healths

#Suicide

#စိတ်ကျန်းမာရေးပြဿနာ


(လူ့ဘဝဆိုတာ ရခဲမျှပါ။ ရင်ဆိုင်ရတဲ့ အဆိုးလောကဓံကြောင့်သော်လည်းကောင်း၊ အကြောင်းတစ်စုံတရာကြောင့် အကြပ်အတည်းကြုံ ရချိန် ဖြေရှင်းရန်နည်းလမ်း မရှိတော့လို့ယူဆ၍ သော်လည်းကောင်း မိမိကိုယ်ကိုယ်သတ်သေပြီး အရာရာကို အရှုံးပေးလိုက်တယ်ဆိုတာ တကယ့်ကို အတွေးထဲတောင် မဝင်သင့်တဲ့ အကြံအစည်တစ်ခုဖြစ်ပါတယ်။ ဘယ်လိုအဆိုးနဲ့ကြုံကြုံ အသက်ရှင်သန်ဖို့နည်းလမ်းကိုသာ ရွေးချယ်ပါ။ အသက်ရှင်ပါ။ မျက်လုံးဖွင့်တိုင်းမှာ ရောင်နီသစ်ရှိတယ်။ ကိုယ့်စိတ် ကိုယ့်အတွေးအကြံကို ဂရုစိုက်ပါ။)


ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တယ်လို့ ကြားလိုက်တိုင်း ပျော့ညံ့လိုက်တာ၊ အလွယ်တကူနဲ့ အရှုံးပေးတယ်လို့ မြင်လိုက်တတ် ကြပါတယ်။ တကယ်ရော ဒီထက်မြင်ချက်တွေက မှန်ရဲ့လားဆိုတာကို ဆန်းစစ်ဖူးရဲ့လား……….. လူတစ်ယောက် ကိုယ့်အသက်ကိုကိုယ် ရန်ရှာရတယ်ဆိုကတည်းက အကြောင်းရင်းခံက ဘာရယ်မဟုတ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ သက်ရှိတိုင်းလိုလိုက ရှင်သန်နေထိုင်ဖို့ စိတ်အား ထက်သန်ကြပါတယ်။ ရှင်သန်နေထိုင်ဖို့ ဆန္ဒပြင်းပြတဲ့ သက်ရှိတွေထဲမှာမှ ဉာဏ်ရည်အမြင့်ဆုံး လူသားတွေက ကိုယ့်ကိုယ်ကို သေကြောင်းကြံစည်တာ နဲ့ ပတ်သက်ပြီး အမှတ်မှားနေတဲ့ အချက်လေးတွေကို ပြောပြပေးသွားပါမယ်။


#ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်တာ နဲ့ပတ်သက်ပြီး အထင်မှားနေကြတဲ့ အချက်အချို့


သေကြောင်းကြံစည်တာနဲ့ပတ်သက်လို့ သိထားတာတွေ မှန်ရဲ့လား……..


#ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မယ့်သူတွေက တစ်ကိုယ်တည်း ကြိတ်ကြံစည်ကြတယ်

အများစုက ဒီလိုထင်ကြတာပါ။ တကယ်ကတော့ သေကြောင်းကြံစည်သူတွေက အခြားသူတွေဆီမှာ သူကြုံနေရတဲ့ အခက်အခဲတွေကို ပြေလည်စေဖို့ နည်းလမ်းတွေ တောင်းလေ့ရှိပါတယ်။ သူတို့အနေနဲ့ လုံးဝ အကူအညီမရမှဘဲ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ဖို့ ရွေးချယ် ကြတာပါ။


တကယ်ကတော့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သူတွေဟာ နောက်ဆုံးရွေးချယ်စရာ မရှိတော့ဘူး ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်လိုက်တာ က အကောင်းဆုံးဆိုတဲ့အတွေး ခေါင်းထဲရောက်လာချိန်မှာ အနီးဝန်းကျင်က သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကို အကူအညီတောင်းကြ ပါတယ်။ အဆုံးမစီရင်ခင် ရက်ပိုင်းအလို ရက်သတ္တပတ် အနည်းငယ်အလိုမှာ ဆက်တိုက်ဆိုသလို နေ့စဉ်တိုင်းလိုလိုမှာ အကူအညီ တောင်းခံတတ်ကြပါတယ်။


နောက်ဆုံး အကူအညီ မရမှဘဲ အဆုံးစီရင်မှုကို ရွေးချယ်သွားကြတာပါ။ ပတ်ဝန်းကျင်ကသူတွေက သတိမထားမိတာပါ။


#သေကြောင်းကြံမယ့်သူက ကိုယ့်ကိုယ်ကိုယ် သတ်သေမယ်လို့ မပြောဘူး

ဒါကလည်း အဆုံးစီရင်တာနဲ့ ပတ်သက်ပြီး လူတွေ အထင်မှားနေတဲ့ ကိစ္စ တစ်ခုပါ။ အဆုံးစီရင်တော့မယ်လို့ စိတ်ပိုင်းဖြတ်ထားသူတွေဟာ သူတို့ရဲ့ နောက်ဆုံးနေ့ရက် မတိုင်ခင်မှာ အခြားသူတွေကို သူ ကိုယ့်ကိုယ်ကိုယ် သတ်သေတော့မယ့်အကြောင်း တစ်နည်းမဟုတ် တစ်နည်းနဲ့ အသိပေးကြပါတယ်။


#လူတွေမှာ သေချင်စိတ်ဖြစ်တယ်ဆိုတာ အလကားပါ

လူတစ်ယောက်မှာ ပြဿနာပေါင်းစုံနဲ့ ကြုံလာရပြီး ထွက်ပေါက် လုံးဝ မရှိတဲ့ အခြေအနေမျိုးမှာ နောက်ဆုံး ထွက်ပေါက်အနေနဲ့ သူတို့အသက်ကို သူတို့လက်နဲ့ အဆုံးစီရင်လိုက်ဖို့ ရွေးချယ်တတ်ကြပါတယ်။ လူတိုင်း၊ သက်ရှိတိုင်းက ရှင်သန်ချင်စိတ် ပြင်းပြတယ်ဆိုပေမယ့် သေဖို့ကြောက်ပါတယ်။ သေချင်စိတ်ဖြစ်တယ်ဆိုတာ အလကားပါလို့ မတွေးပါနဲ့။


#အဆုံးစီရင်တဲ့ကိစ္စနဲ့ပတ်သက်ပြီး မေးမြန်းတာက သင်ဉာဏ်ပေးသလို ဖြစ်တယ်

ဒီအယူအဆက ပြောင်းပြန်ပါ။ တကယ်တော့ ကိုယ့်ကိုယ်ကိုယ် သတ်သေချင်လောက်တဲ့အထိ စိတ်ဓာတ်ကျနေတဲ့သူကို အဆုံးစီရင်တဲ့ ကိစ္စတွေ အဆုံးစီရင်မှုကြောင့် ဖြစ်လာမယ့် အကျိုးဆက်တွေကို မေးမြန်းပြောပြတာက အဆုံးစီရင်မယ်ဆိုတဲ့ စိတ်ကူးကို တားဆီးပေးရာရောက်တာပါ။


ကြိုးစားရှင်သန်လို့ရတယ်ဆိုတဲ့ အခွင့်အရေးကို ပြသရာရောက်တာပါ။ သူတို့ကို ဖွင့်ဟတိုင်ပင်ဖို့ အခွင့်အရေး ပေးလိုက်တာပါပဲ။


#အဆုံးစီရင်တာက တစ်ကိုယ်ကောင်းဆန်တဲ့ အပြုအမူပါ

တကယ်ကတော့ အဲ့လိုမဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ချင်လောက်တဲ့အထိ စိတ်ဓာတ်ကျနေသူတစ်ဦးက သူဟာ မိသားစုတွေ၊ သူချစ်ရတဲ့သူတွေအတွက် အသုံးမဝင်တော့ဘူး။ သူ့ကြောင့် ဝန်ထုတ်ဝန်ပိုးဖြစ်နေမယ်။ သူသာ မရှိတော့ရင် အဆင်ပြေသွားမလားဆိုပြီး အများအတွက်တွေးလို့ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ကြတာပါ။


#ပျော့ညံ့တဲ့သူတွေပဲ အဆုံးစီရင်တဲ့ လမ်းကိုရွေးတာပါ

တကယ်လက်တွေ့မှာ အဆုံးစီရင်သွားတဲ့ ကိစ္စတိုင်းကို ကြည့်ရင် အဆုံးစီရင်သွားသူတွေဟာ သူ့ခြေထောက်ပေါ်သူ ရပ်တည်နေကြသူတွေဖြစ်သလို မိသားစုမှာ အခက်အခဲရှိတဲ့အခါတိုင်းမှာလည်း သူ့ခံစားချက်ကို မြိုသိပ်ပြီး အားလုံး အဆင်ပြေဖို့ အနစ်နာခံထားကြသူတွေပါ။


ဒီလို မျိုသိပ်အနစ်နာခံမှုတွေ တစ်စတစ်စစုလာရင်းက နောက်ဆုံးမှာ အဆုံးစီရင်မှုကို ထွက်ပေါက်အနေနဲ့ ရွေးချယ်သွားကြတာပါ။


#လူအာရုံစိုက်ခံရအောင် လုပ်တာ

ဒါကတော့ တော်တော်လေး လွဲမှားနေတဲ့ အယူအဆလို့ ဆိုပါရစေ။ လူတစ်ယောက် သတ်သေသွားတာက လူတွေ အာရုံစိုက်မှုကို ခံချင်တာကြောင့် မဟုတ်ပါဘူး။ သူ့မှာ အခြား ပြင်းထန်တဲ့ အခြေအနေတွေနဲ့ ရင်ဆိုင်နေရတာကြောင့်ပါ။


တကယ်တမ်း ကိစ္စသေးသေးလေးတွေ ဖြစ်ရင်တောင်မှ ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်မယ်နော်လို့ တဖွဖွ ပြောတတ်သူတွေကမှ အာရုံစိုက်ခံရအောင် လုပ်နေကြတဲ့သူတွေပါ။


#ကိုယ့်ကိုယ်ကိုယ် သတ်သေသူတွေက သီးသန့်ကိုရှိတာပါ

တကယ်ကတော့ ဒီအတွေးအယူအဆက မှားယွင်းနေပါတယ်။ လူတိုင်း ဘယ်သူမဆို ကိုယ့်ကိုယ်ကိုယ် သတ်သေနိုင်ပါတယ်။ စိတ်ပင်ပန်းစရာတွေ ကြုံတွေ့လာရတာ များလာတယ်။ ထွက်ပေါက်လည်း လုံးဝမရှိတော့ဘူးဆိုတဲ့ အခြေအနေမျိုးမှာ လူတွေက သေကြောင်းကြံစည်ကြပါတယ်။


Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


 ေသေၾကာင္းႀကံစည္တာ နဲ႔ပတ္သက္ၿပီး အထင္မွားေနၾကတဲ့ အခ်က္အခ်ိဳ႕




ေဆးပညာပိုင္းဆိုင္ရာတည္းျဖတ္သူ Dr. Htet Htet Zaw Win

ေရးသားသူ Aye Thi Mon


#Mental_Healths

#Suicide

#စိတ္က်န္းမာေရးျပႆနာ


(လူ႕ဘ၀ဆိုတာ ရခဲမွ်ပါ။ ရင္ဆိုင္ရတဲ့ အဆိုုးေလာကဓံေၾကာင့္ေသာ္လည္းေကာင္း၊ အေၾကာင္းတစ္စံုတရာေၾကာင့္ အၾကပ္အတည္းၾကံဳ ရခ်ိန္ ေျဖရွင္းရန္နည္းလမ္း မရွိေတာ့လို႔ယူဆ၍ ေသာ္လည္းေကာင္း မိမိကိုယ္ကိုယ္သတ္ေသျပီး အရာရာကို အရႈံးေပးလိုက္တယ္ဆိုတာ တကယ့္ကို အေတြးထဲေတာင္ မ၀င္သင့္တဲ့ အၾကံအစည္တစ္ခုျဖစ္ပါတယ္။ ဘယ္လိုအဆိုးနဲ႔ၾကံဳၾကံဳ အသက္ရွင္သန္ဖို႔နည္းလမ္းကိုသာ ေရြးခ်ယ္ပါ။ အသက္ရွင္ပါ။ မ်က္လံုးဖြင့္တိုင္းမွာ ေရာင္နီသစ္ရွိတယ္။ ကိုယ့္စိတ္ ကိုယ့္အေတြးအၾကံကို ဂရုစိုက္ပါ။)


ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံစည္တယ္လို႔ ၾကားလိုက္တိုင္း ေပ်ာ့ညံ့လိုက္တာ၊ အလြယ္တကူနဲ႔ အရႈံးေပးတယ္လို႔ ျမင္လိုက္တတ္ ၾကပါတယ္။ တကယ္ေရာ ဒီထက္ျမင္ခ်က္ေတြက မွန္ရဲ႕လားဆိုတာကို ဆန္းစစ္ဖူးရဲ႕လား……….. လူတစ္ေယာက္ ကိုယ့္အသက္ကိုကိုယ္ ရန္ရွာရတယ္ဆိုကတည္းက အေၾကာင္းရင္းခံက ဘာရယ္မဟုတ္တဲ့ ကိစၥ မဟုတ္ပါဘူး။ သက္ရွိတိုင္းလိုလိုက ရွင္သန္ေနထိုင္ဖို႔ စိတ္အား ထက္သန္ၾကပါတယ္။ ရွင္သန္ေနထိုင္ဖို႔ ဆႏၵျပင္းျပတဲ့ သက္ရွိေတြထဲမွာမွ ဉာဏ္ရည္အျမင့္ဆုံး လူသားေတြက ကိုယ့္ကိုယ္ကို ေသေၾကာင္းႀကံစည္တာ နဲ႔ ပတ္သက္ၿပီး အမွတ္မွားေနတဲ့ အခ်က္ေလးေတြကို ေျပာျပေပးသြားပါမယ္။


#ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံစည္တာ နဲ႔ပတ္သက္ၿပီး အထင္မွားေနၾကတဲ့ အခ်က္အခ်ိဳ႕


ေသေၾကာင္းႀကံစည္တာနဲ႔ပတ္သက္လို႔ သိထားတာေတြ မွန္ရဲ႕လား……..


#ကိုယ့္ကိုယ္ကိုယ္ ေသေၾကာင္းႀကံစည္မယ့္သူေတြက တစ္ကိုယ္တည္း ႀကိတ္ႀကံစည္ၾကတယ္

အမ်ားစုက ဒီလိုထင္ၾကတာပါ။ တကယ္ကေတာ့ ေသေၾကာင္းႀကံစည္သူေတြက အျခားသူေတြဆီမွာ သူႀကဳံေနရတဲ့ အခက္အခဲေတြကို ေျပလည္ေစဖို႔ နည္းလမ္းေတြ ေတာင္းေလ့ရွိပါတယ္။ သူတို႔အေနနဲ႔ လုံးဝ အကူအညီမရမွဘဲ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ဖို႔ ေ႐ြးခ်ယ္ ၾကတာပါ။


တကယ္ကေတာ့ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္သူေတြဟာ ေနာက္ဆုံးေ႐ြးခ်ယ္စရာ မရွိေတာ့ဘူး ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္လိုက္တာ က အေကာင္းဆုံးဆိုတဲ့အေတြး ေခါင္းထဲေရာက္လာခ်ိန္မွာ အနီးဝန္းက်င္က သူငယ္ခ်င္းေတြ၊ မိတ္ေဆြေတြကို အကူအညီေတာင္းၾက ပါတယ္။ အဆုံးမစီရင္ခင္ ရက္ပိုင္းအလို ရက္သတၱပတ္ အနည္းငယ္အလိုမွာ ဆက္တိုက္ဆိုသလို ေန႔စဥ္တိုင္းလိုလိုမွာ အကူအညီ ေတာင္းခံတတ္ၾကပါတယ္။


ေနာက္ဆုံး အကူအညီ မရမွဘဲ အဆုံးစီရင္မႈကို ေ႐ြးခ်ယ္သြားၾကတာပါ။ ပတ္ဝန္းက်င္ကသူေတြက သတိမထားမိတာပါ။


#ေသေၾကာင္းႀကံမယ့္သူက ကိုယ့္ကိုယ္ကိုယ္ သတ္ေသမယ္လို႔ မေျပာဘူး

ဒါကလည္း အဆုံးစီရင္တာနဲ႔ ပတ္သက္ၿပီး လူေတြ အထင္မွားေနတဲ့ ကိစၥ တစ္ခုပါ။ အဆုံးစီရင္ေတာ့မယ္လို႔ စိတ္ပိုင္းျဖတ္ထားသူေတြဟာ သူတို႔ရဲ႕ ေနာက္ဆုံးေန႔ရက္ မတိုင္ခင္မွာ အျခားသူေတြကို သူ ကိုယ့္ကိုယ္ကိုယ္ သတ္ေသေတာ့မယ့္အေၾကာင္း တစ္နည္းမဟုတ္ တစ္နည္းနဲ႔ အသိေပးၾကပါတယ္။


#လူေတြမွာ ေသခ်င္စိတ္ျဖစ္တယ္ဆိုတာ အလကားပါ

လူတစ္ေယာက္မွာ ျပႆနာေပါင္းစုံနဲ႔ ႀကဳံလာရၿပီး ထြက္ေပါက္ လုံးဝ မရွိတဲ့ အေျခအေနမ်ိဳးမွာ ေနာက္ဆုံး ထြက္ေပါက္အေနနဲ႔ သူတို႔အသက္ကို သူတို႔လက္နဲ႔ အဆုံးစီရင္လိုက္ဖို႔ ေ႐ြးခ်ယ္တတ္ၾကပါတယ္။ လူတိုင္း၊ သက္ရွိတိုင္းက ရွင္သန္ခ်င္စိတ္ ျပင္းျပတယ္ဆိုေပမယ့္ ေသဖို႔ေၾကာက္ပါတယ္။ ေသခ်င္စိတ္ျဖစ္တယ္ဆိုတာ အလကားပါလို႔ မေတြးပါနဲ႔။


#အဆုံးစီရင္တဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေမးျမန္းတာက သင္ဉာဏ္ေပးသလို ျဖစ္တယ္

ဒီအယူအဆက ေျပာင္းျပန္ပါ။ တကယ္ေတာ့ ကိုယ့္ကိုယ္ကိုယ္ သတ္ေသခ်င္ေလာက္တဲ့အထိ စိတ္ဓာတ္က်ေနတဲ့သူကို အဆုံးစီရင္တဲ့ ကိစၥေတြ အဆုံးစီရင္မႈေၾကာင့္ ျဖစ္လာမယ့္ အက်ိဳးဆက္ေတြကို ေမးျမန္းေျပာျပတာက အဆုံးစီရင္မယ္ဆိုတဲ့ စိတ္ကူးကို တားဆီးေပးရာေရာက္တာပါ။


ႀကိဳးစားရွင္သန္လို႔ရတယ္ဆိုတဲ့ အခြင့္အေရးကို ျပသရာေရာက္တာပါ။ သူတို႔ကို ဖြင့္ဟတိုင္ပင္ဖို႔ အခြင့္အေရး ေပးလိုက္တာပါပဲ။


#အဆုံးစီရင္တာက တစ္ကိုယ္ေကာင္းဆန္တဲ့ အျပဳအမူပါ

တကယ္ကေတာ့ အဲ့လိုမဟုတ္ပါဘူး။ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ခ်င္ေလာက္တဲ့အထိ စိတ္ဓာတ္က်ေနသူတစ္ဦးက သူဟာ မိသားစုေတြ၊ သူခ်စ္ရတဲ့သူေတြအတြက္ အသုံးမဝင္ေတာ့ဘူး။ သူ႔ေၾကာင့္ ဝန္ထုတ္ဝန္ပိုးျဖစ္ေနမယ္။ သူသာ မရွိေတာ့ရင္ အဆင္ေျပသြားမလားဆိုၿပီး အမ်ားအတြက္ေတြးလို႔ ကိုယ့္ကိုယ္ကိုယ္ အဆုံးစီရင္ၾကတာပါ။


#ေပ်ာ့ညံ့တဲ့သူေတြပဲ အဆုံးစီရင္တဲ့ လမ္းကိုေ႐ြးတာပါ

တကယ္လက္ေတြ႕မွာ အဆုံးစီရင္သြားတဲ့ ကိစၥတိုင္းကို ၾကည့္ရင္ အဆုံးစီရင္သြားသူေတြဟာ သူ႔ေျခေထာက္ေပၚသူ ရပ္တည္ေနၾကသူေတြျဖစ္သလို မိသားစုမွာ အခက္အခဲရွိတဲ့အခါတိုင္းမွာလည္း သူ႔ခံစားခ်က္ကို ၿမိဳသိပ္ၿပီး အားလုံး အဆင္ေျပဖို႔ အနစ္နာခံထားၾကသူေတြပါ။


ဒီလို မ်ိဳသိပ္အနစ္နာခံမႈေတြ တစ္စတစ္စစုလာရင္းက ေနာက္ဆုံးမွာ အဆုံးစီရင္မႈကို ထြက္ေပါက္အေနနဲ႔ ေ႐ြးခ်ယ္သြားၾကတာပါ။


#လူအာ႐ုံစိုက္ခံရေအာင္ လုပ္တာ

ဒါကေတာ့ ေတာ္ေတာ္ေလး လြဲမွားေနတဲ့ အယူအဆလို႔ ဆိုပါရေစ။ လူတစ္ေယာက္ သတ္ေသသြားတာက လူေတြ အာ႐ုံစိုက္မႈကို ခံခ်င္တာေၾကာင့္ မဟုတ္ပါဘူး။ သူ႔မွာ အျခား ျပင္းထန္တဲ့ အေျခအေနေတြနဲ႔ ရင္ဆိုင္ေနရတာေၾကာင့္ပါ။


တကယ္တမ္း ကိစၥေသးေသးေလးေတြ ျဖစ္ရင္ေတာင္မွ ကိုယ့္ကိုယ္ကိုယ္ သတ္ေသလိုက္မယ္ေနာ္လို႔ တဖြဖြ ေျပာတတ္သူေတြကမွ အာ႐ုံစိုက္ခံရေအာင္ လုပ္ေနၾကတဲ့သူေတြပါ။


#ကိုယ့္ကိုယ္ကိုယ္ သတ္ေသသူေတြက သီးသန႔္ကိုရွိတာပါ

တကယ္ကေတာ့ ဒီအေတြးအယူအဆက မွားယြင္းေနပါတယ္။ လူတိုင္း ဘယ္သူမဆို ကိုယ့္ကိုယ္ကိုယ္ သတ္ေသႏိုင္ပါတယ္။ စိတ္ပင္ပန္းစရာေတြ ႀကဳံေတြ႕လာရတာ မ်ားလာတယ္။ ထြက္ေပါက္လည္း လုံးဝမရွိေတာ့ဘူးဆိုတဲ့ အေျခအေနမ်ိဳးမွာ လူေတြက ေသေၾကာင္းႀကံစည္ၾကပါတယ္။


Hello Health Group သည္ ေဆးပညာအႀကံဉာဏ္မ်ား၊ ေရာဂါရွာေဖြမႈမ်ားႏွင့္ ကုသမႈမ်ား မျပဳလုပ္ေပးပါ။