Monday, July 20, 2020

19 July 1947 (10:37 a.m.)

🌧  ၁၉၄၇ ခုနှစ် နိုင်ငံတော်လုပ်ကြံမှုကြီး 🌧


ဝါခေါင်လရဲ့ နေ့တစ်နေ့ပေါ့..။
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့။
စနေနေ့ ။

နံနက်ဝေလီဝေလင်း အချိန်ကတည်းက မုတ်သုံမိုးနဲ့အတူ လေပြင်းမုန်တိုင်းတွေကျတော့မလို..။

အဲဒီနေ့က ရန်ကုန်မြို့ရဲ့ကောင်းကင်ကြီးဟာ အုံ့မှိုင်းမှိုင်း၊ ညို့မှိုင်းမှိုင်းပေါ့။

တိမ်တိုက်ဆိုလို့ ဘာကိုမှ ကြည်ကြည်လင်လင်မမြင်ရဘူး။ ကောင်းကင်ကိုကြည့်ရတာ မြူသန်းနေတဲ့ ပင်လယ်ပြင်ကြီးလို ဝိုးဝိုးဝါးဝါး..။

အဲ့ဒိနေ့ကို  “ မိုးသည် ကင်းကင်းလွတ်လွတ် စဲသည်ဟူ၍မရှိဘဲ တဖွဲဖွဲ နေလိုက်၊ တဖြိုင်ဖြိုင် ရွာချလိုက်နှင့်၊ နောက်စွေ၍ နေလေသည်” လို့ ဆရာ ဒဂုန်တာရာက ရေးသားမှတ်တမ်းတင်ခဲ့တယ်။

🌧

အဲ့ဒိနေ့က အေဒီလမ်း၊ အမှတ်(၄) နေအိမ်အပြင်ဘက်မှာ လူငယ်တစ်စုက စုရုံးနေခဲ့ကြ။

သူတို့ဟာ မြန်မာပြည်ရဲ့ကံကြမ္မာကို ထာဝရပြောင်းလဲစေဖို့အတွက် ပြင်ဆင်နေကြတာ..။

🌧

အဲ့ဒါ ဦးစောရဲ့ အိမ်ပေါ့။

သူ ဗိုလ်ချုပ်အောင်ဆန်းကို လုပ်ကြံဖို့ အားလုံးပြင်ဆင်ပြီးနေပြီ..။

🌧

ဦးစောက မျိုးချစ်ပါတီဝင်ဖြစ်တဲ့ ဘညွန့် (ဖော်ကောင်)ကို လက်နက်တွေနဲ့ ခဲယမ်းမီးကျောက်တွေ စုဆောင်းဖို့ ဇွန်လကတည်းက တာဝန်ပေးခဲ့တာ။

သူတို့ဟာ အင်္ဂလိပ်စစ်တပ်က ကပ္ပတိန် ဒေးဗစ်ဗီဗီယန်းဆီက စက်သေနတ်အလက် ၂၀၀ ကို ခိုးထုတ်ခဲ့ပြီး လော်ရီကားနဲ့ သယ်လာခဲ့ကြပြီ။

ပြီးတော့ ပြည်လမ်းပေါ်က အခြားလက်နက်သိုလှောင်ရုံတစ်ခုကနေပြီး ဒသမ (၃၀၃) ကျည်တောင့်တစ်သိန်းတိတိယူခဲ့တယ်။

ဦးစောရဲ့တူတော်စပ်သူ ခင်မောင်ရင်ကလည်း ဆပ်မရှင်းဂန်း တစ်လက်၊ အမေရိကန်ကာဘိုင် သုံးလက်၊ စတင်းဂန်းတစ်လက်၊ တော်မီနှစ်လက်၊ လျူဂါပစ္စတိုတစ်လက်၊ ခြောက်လုံးပြူးနှစ်လက်နဲ့ ကျည်ဆန်တွေလည်း ဝယ်ယူခဲ့။

ဂဠုန်ဦးစောဟာ သူ အပျော်တမ်း ဖွဲ့စည်းထားတဲ့ ဂဠုန်တပ်ဖွဲ့ဝင်တွေရှိတဲ့ သာယာဝတီနယ်ကို လက်နက်အချို့နဲ့ ကျည်ဆန်အချို့ ပို့ထားပြီးပြီ။

ကျန်တဲ့လက်နက်တွေကို အေဒီလမ်းက သူ့ရဲ့ ခြံဝင်းနံဘေးက အင်းယားကန်ဘောင်ထဲမှာ သေနတ်နဲ့ ကျည်ဆန်တွေကို အလုံပိတ်သေတ္တာနဲ့ထည့်ပြီး သိမ်းဆည်းမြေမြှုပ်ထားခဲ့။

အားလုံး အဆင်သင့်..။

🌧

ဦးစောရဲ့တူ ခင်မောင်ရင် နဲ့အတူ ဘညွန့်၊ မှုန်ကြီး၊ မောင်နီတို့စီးလာတဲ့ စစ်အစိမ်းရောင်ဖို့ဒ်ဆန် ထရပ်ကားဟာ နံနက် ၈ နာရီ ၃၀ မိနစ်အချိန်လောက်မှာ ရန်ကုန်မြို့အလယ်မှာရှိတဲ့ အဆောက်အအုံကြီးဆီသို့ အရှိန်အဟုန်နဲ့မောင်းနှင်လာခဲ့လေပြီ..။

အဲ့ဒီအဆောက်အအုံကြီးက ဒါလဟိုဇီလမ်းနဲ့ ၄၂ လမ်းထောင့်က အနီရောင်အုတ်တွေနဲ့ ဆောက်လုပ်စီခြယ်ထားတဲ့ ဝီတိုရိယခေတ် နှစ်ထပ်တိုက်၊ အတွင်းဝန်များရုံးပေါ့။

🌧

မှုန်ကြီးနဲ့ ဘညွန့်က အတွင်းဝန်ရုံး အဆောက်အအုံထဲဝင်ပြီး ဗိုလ်ချုပ်အောင်ဆန်းတို့ အမှုဆောင်အစည်းအဝေး လုပ်ဖြစ် မလုပ်ဖြစ်ကို ကင်းထောက်တယ်။

''ပစ္စတင်ကွင်းများ ရရှိပြီးပါပြီ''

ဆိုတဲ့ စကားဝှက်ပို့လိုက်တယ်။ ဗိုလ်ချုပ်တို့ အစည်းအဝေးလုပ်ဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပေါ့..။

သူတို့က ဦးစောရဲ့အိမ်မှာ အသင့်စောင့်နေတဲ့ မောင်စိုး၊ သက်နှင်း၊  မောင်စိန်၊ ရန်ကြီးအောင်တို့ကို သတင်းဆက်ပို့။

🌧

ဒါတွေ ဘာမှမသိရှာတဲ့ ဗိုလ်ချုပ်အောင်ဆန်းကတော့ မနက် ၁၀ နာရီလောက်မှာ တာဝါလိမ်းနေအိမ်ကနေ အတွင်းဝန်များရုံးမှာပြုလုပ်မယ့် ဝန်ကြီးများအစည်းအဝေးကိုတက်ဖို့ သူ့ရဲ့ အပါးတော်မြဲ(ပီအေ) ဗိုလ်ထွန်းလှနဲ့အတူ ကားနက်ကလေး အာရ်အေ/၂၈၇၄ နဲ့ ထွက်လာခဲ့တယ်။

( 📖 ဘန်ကောက်လုံချည် အဝါရောင် အသစ်၊ မန္တလေးပိုးတိုက်ပုံ၊ အင်္ကျီအဖြူရောင်နှင့် သားရေဖိနပ်တို့ကို ဝတ်ဆင်ပြီး ကျွန်ုပ်၏ လက်ယာဘေးတွင် ကပ်ထိုင်ပြီး အိမ်မှ ကားစီးလိုက်ပါလာသည်။ ကားပေါ်မှ ဆင်းရာ၌လည်းကောင်း၊ သူနောက်ဆုံး အတွင်းဝန်ရုံး အဝင်တွင် လည်းကောင်း၊ ကျွန်ုပ်၏နောက်မှ ပျော်ရွှင်စွာ လိုက်ပါလာခဲ့သည်''ဟု ဗိုလ်ထွန်းလှ (တက္ကသိုလ်နေဝင်း) စာအုပ်၌ ဖော်ပြထားသည်။ )

🌧

၁၀ နာရီ ၁၀ မိနစ်လောက်မှာ အတွင်းဝန်များရုံးရဲ့အလယ်ဗဟို လှေကားခြေရင်းကို ဗိုလ်ချုပ်ကားဆိုက်လာပြီး အစည်းအဝေးလုပ်မယ့် အပေါ်ထပ်ကသူ့ရုံးခန်းကို အပါးတော်မြဲ ဗိုလ်ထွန်းလှနဲ့အတူ တက်လာခဲ့တယ်။

🌧

အဖြူရောင်သဲကြိုးတပ်ထားတဲ့ လေယာဉ်ပျံဖိနပ်၊ ပိုးတိုက်ပုံ၊ ခေါင်းပေါင်းတွေနဲ့ မြန်မာဆန်ဆန် ဝတ်စားဆင်ယင်ထားတဲ့ ဗိုလ်ချုပ်ကို ဦးဘဂျမ်းက..

''ဗိုလ်ချုပ်က ဒီလိုဆိုတော့လည်း အချောကြီးပဲ'' လို့နောက်ပြောင်ပြောလိုက်တယ်။

ဗိုလ်ချုပ်က..

''နိုင်ငံရေးသမားတွေဟာ လွတ်လပ်ရေးရပြီးရင် စစ်သားစိတ်ဖျောက်ပြီး အရပ်သား စိတ်မွေးဖို့ အရေးကြီးတယ်”တဲ့။

🌧

‘ တိုင်းပြည်ကျွန်ဘဝက လုံးဝလွတ်မြောက်ရေးနဲ့ စစ်ပြီးခေတ် မြန်မာနိုင်ငံပြန်လည်ထူထောင်ရေး’ ဆိုတဲ့ အစည်းအဝေးကြီးအတွက် ရုံးအုပ်ကြီး ဦးခ၊ လက်ထောက်အတွင်းဝန် ဦးတင်အုံးနဲ့ ဝန်ကြီးများအဖွဲ့ အတွင်းဝန် ဦးရွှေဘော် .. သူတို့ ၃ ယောက် အစည်းအဝေးအတွက် လိုအပ်မယ့်စာရွက်စာတမ်းတွေနဲ့ ဖိုင်တွေရှာဖွေစုဆောင်း၊ အစည်းအဝေးကျင်းပမယ့် အခန်းထဲကို  ဝင်ချည်ထွက်ချည်နဲ့ အလုပ်များနေကြတယ်။

🌧

အဲ့ဒီနောက် အစည်းအဝေးကျင်းပမယ့်အခန်းထဲကို ဗိုလ်ချုပ်နဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှတို့ ဝင်လာတယ်။

ဗိုလ်ထွန်းလှက ဗိုလ်ချုပ်အတွက် လိုအပ်တဲ့ဖိုင်တွေ၊ မှတ်တမ်းမှတ်ရာတွေကို ဗိုလ်ချုပ်စားပွဲထိပ်မှာ ချပေးလိုက်တယ်။

ဗိုလ်ချုပ်က သူ့ထိုင်ခုံမှာ ဝင်ထိုင်လိုက်တော့ ဗိုလ်ထွန်းလှလည်း အစည်းအဝေးခန်းမကနေ သူရဲ့ရုံးခန်းရှိရာကို ထွက်လာခဲ့ပြီး သူ့ရုံးခန်းထဲမှာ စိတ်အေးလက်လေး ထိုင်နေလိုက်တာပေါ့ ။

🌧

အဲဒီနေ့က အစည်းအဝေးတက်ရောက်သူတွေက

၁။ ဗိုလ်ချုပ်အောင်ဆန်း- ဒုဥက္ကဋ္ဌ၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာန

၂။ သခင်မြ- ဘဏ္ဍရေးနှင့် အခွန်တော်ဌာန

၃။ ဦးဘဝင်း-ကူးသန်းရောင်းဝယ်ရေးနှင့် ထောက်ပံရေးဌာန၊

၄။ ဒီးဒုတ်ဦးဘချို-ပြန်ကြားရေးဌာန

၅။ အဗ္ဗဒူရာဇတ်- ပညာရေးနှင့် အမျိုးသားစီမံကိန်းဌာန၊

၆။ မန်းဘခိုင် - စက်မှုလက်မှုနှင့် အလုပ်သမားဌာန၊

၇။ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း-တောင်တန်းရေးရာဌာန၊

၈။ ဦးဘဂျမ်း-ပြန်လည်ထူထောင်ရေးဌာန၊

၉။ ပျော်ဘွယ်ဦးမြ- လယ်ယာနှင့် စိုက်ပျိုးရေးဌာန၊

၁၀။ ဥိးအောင်ဇံဝေ-ပြည်သူ့ဝန်ထမ်းဌာန၊

၁၁။ ဦးအုံးမောင် -ဒုတိယအတွင်းဝန် လမ်းပန်းဆက်သွယ်ရေးဌာန တို့ဖြစ်တယ်။

🌧

အဲ့ဒီမတိုင်ခင်က ဝန်ကြီးများ (ဘုရင့်အမှုဆောင် ကောင်စီအဖွဲ့များ) အစည်းအဝေးကို ဘုရင်ခံသဘာပတိအဖြစ်ဆောင်ရွက်ကာ ဘုရင်ခံကိုယ်တိုင် ဦးစီးကျင်းပလေ့ရှိသတဲ့ ။

အောင်ဆန်း-အက်တလီစာချုပ် ချုပ်ဆိုပြီးနောက်ပိုင်းမှာတော့ မြန်မာပြည်ကို လွတ်လပ်ရေးသေချာပေါက်ပေးရတော့မယ့်အခြေအနေမို့ ၁၉၄၇ ဇန်နဝါရီလောက်ကစပြီး ဘုရင်ခံကိုယ်တိုင် တက်ရောက်ခြင်းမရှိတော့။

ဒါ့ကြောင့် ဘုရင့်အမှုဆောင်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းကပဲ သဘာပတိအဖြစ် ဦးစီးကျင်းပနေတာဖြစ်တယ်။

🌧

အစည်းအဝေးကျင်းပတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ရုံးခန်းဟာ တံခါး ၃ ပေါက်ရှိတဲ့ခန်းမကျယ်ကြီးဖြစ်တယ်။

ဗိုလ်ချုပ်ရုံးခန်းရဲ့ လက်ဝဲဘက်မှာ အတွင်းဝန်ဦးရွှေဘော်ရဲ့ အခန်း၊ လက်ယာဘက်မှာ ဗိုလ်ချုပ်အပါးတော်မြဲ ဗိုလ်ထွန်းလှရဲ့အခန်းတွေ ရှိပါတယ်။

ဒီအခန်းကြီးရဲ့ အရှေ့မြောက်ထောင့်မှာ ဗိုလ်ချုပ်အလုပ်လုပ်တဲ့ စားပွဲရှိပြီး၊ တောင်ဘက်နံရံမှာတော့ ဝန်ကြီးတွေ အစည်းအဝေးပွဲကျင်းပတဲ့ စားပွဲကြီးတွေရှိတယ်။

🌧

ဝန်ကြီးတွေ အစည်းအဝေးကျင်းပရာနေရာမှာ စားပွဲရှည်ကြီး ၃ ခုကို “ဂ” ပုံစံ အတိုင်းမှာ ထိပ်မှာတစ်ခု၊ ဘေးတစ်ဖက်တစ်ချက်မှာ တစ်လုံးစီ ချထားတယ်။

ထိပ်ကစားပွဲက အလျား ၁၀ ပေ၊ အနံ ၃ ပေ လောက် ကျယ်ပြီး ၊ ကျန်တဲ့ဘေးတစ်ဖက်တစ်ချက်က စားပွဲ ၂ ခု ကတော့ အလျား ၁၈ ပေ၊ အနံ ၃ ပေ ခန့်စီ ရှိကြတယ်။

🌧

အဲဒီနေ့အစည်းအဝေးမှာ ဗိုလ်ချုပ်က ထိပ်စားပွဲအလယ်တည့်တည့်မှာ ထိုင်နေပြီး လက်ယာဘက်စားပွဲမှာ သခင်မြ၊ ဒီးဒုတ်ဦးဘချို၊ ဦးရာဇတ်၊ ဦးဘဝင်း၊ မန်းဘခိုင်တို့ အစဉ်အတိုင်းထိုင်နေကြတယ်။

လက်ဝဲဘက်စားပွဲမှာတော့ ဦးဘဂျမ်း၊ ဦးအောင်ဇံဝေ၊ ပျော်ဘွယ်ဦးမြနဲ့ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းတို့ ထိုင်နေကြတယ်။

🌧

ဝန်ကြီးများအဖွဲ့ အတွင်းဝန်ဦးရွှေဘော်ကတော့ အစည်းအဝေးမှာ ဗိုလ်ချုပ်လိုအပ်တဲ့စာရွက်စာတမ်းတွေ၊ ဖိုင်တွဲရှာပေးနိုင်ဖို့ ဗိုလ်ချုပ်ရဲ့လက်ဝဲဘက်မှာ ရှိနေတယ်။

အစည်းအဝေးကြီးက အစီအစဉ်အတိုင်း ၁၀ နာရီ ၁၅ မိနစ်မှာ စခဲ့တယ်။

ဝန်ကြီးဌာနအလိုက် အရေးကြီးတဲ့ သက်ဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးနေကြတယ်။

🌧

ဒီလိုနဲ့ ၁၀ နာရီခွဲလောက်မှာပေါ့။

လမ်းပန်းဆက်သွယ်ရေးဌာန ကိစ္စရပ်တွေကိုဆွေးနွေးဖို့ အလှည့်ရောက်လာတာနဲ့ ဒုတိယအတွင်းဝန် အိုက်စီအက်စ် ဦးအုန်းမောင်လည်း အစည်းအဝေးခန်းမထဲကိုရောက်လာပြီး လက်ယာဘက်စားပွဲထိပ်က သခင်မြအနားမှာ ဝင်ထိုင်လိုက်ပြန်တယ်။

🌧

တစ်ဖက်မှာလည်း

" ငါ့တပည့်တွေ အောင်ပါစေကွာ" ဆိုတဲ့ ဦးစောရဲ့စကားသံအဆုံးမှာ အင်းလျားကန်နံဘေးက ဦးစောအိမ်ဝင်းထဲကနေ မနက် ၁၀ နာရီကျော်တည်းက အာစီ/၁၈၁၄ နံပါတ်ဂျစ်ကားအစိမ်းက အတွင်းဝန်ရုံးဘက်ကို ဦးတည်နေပြီ။

မောင်စိုး၊ သက်နှင်း၊ မောင်စိန်နဲ့ ရန်ကြီးအောင်တို့က မြန်မာနိုင်ငံ၊ စစ်အတွင်းက သုံးစွဲခဲ့တဲ့ အင်္ဂလိပ်ခေတ် မြို့စောင့်တပ် အမှတ်(၁၂) သေနတ်ကိုင်တပ်ရင်း အမှတ်တံဆိပ်ပါ ယူနီဖောင်းတွေကို ဝတ်ထားကြတယ်။

သူတို့ရဲ့ ဂျစ်ကားကိုမောင်းတဲ့သူက ယာဉ်မောင်းသူ သုခ။

မောင်စိုးက သုခဘေးမှာထိုင်တယ်။

ရန်ကြီးအောင်၊ မောင်စိန်နဲ့ သက်နှင်းတို့က ကားကင်းပတ်အဖုံးကြီးအောက်မှာ တော်မီဂန်း တစ်လက်စီကိုင်၊ပုန်းပြီး အတွင်းဝန်ရုံးဘက်ကို မောင်းလာတာပေါ့။

🌧

ဒီဂျစ်ကားဟာ မောင်ဂိုမာရီလမ်း (ယခု ဗိုလ်ချုပ်အောင်ဆန်းလမ်း) အတိုင်းပန်းဆိုးတန်းထိပ်နာရီစင်ကို ဖြတ်မောင်းလာတယ်။

နောက် စပတ်လမ်း (ယခု ဗိုလ်အောင်ကျော်လမ်း) ကိုရောက်တဲ့အခါ ညာဘက်ကို ချိုးလိုက်တယ်။ ဒီကမှ တစ်ဆင့် ဖရေဇာလမ်း (ယခုအနော်ရထာလမ်း) ကို ဖြတ်လာပြီး အတွင်းဝန်ရုံးရဲ့တောင်ဘက် ဂိတ်ဝကိုရောက်တဲ့အခါ စက်ရှိန်လျှော့လိုက်တယ်။

🌧

ပြီးတော့ အတွင်းဝန်များရုံးဝင်းအတွင်း ဝင်ဖို့ ကားခေါင်းကိုဘယ်ဘက်သို့ဦးတည်လိုက်တာပေါ့။

🌧

ဂျစ်ကားဟာ ကားဘီးကို ခပ်ဖြည်းဖြည်းလှိမ့်ပြီး အနောက်ဘက်ဆင်ဝင်ကြီးအောက်ကတစ်ဆင့် ကာကွယ်ရေးဌာနဘက်ကိုကွေ့ဝင်ပြီး အနောက်တောင်ထောင့်မှာ ထိုးရပ်လိုက်တယ်။

ပြီးတော့ ချက်ချင်းဆိုသလိုပဲ ကင်းပတ်ဖိနပ်ရှည် (Canva Shoes) စီးထားပြီး စတင်းဂန်းတစ်လက်၊တော်မီဂန်း ၃ လက်တို့ကို အသင့်ကိုင်ထားတဲ့ စိန်ကြီး၊မောင်စိုး ၊ရန်ကြီးအောင်နဲ့ သက်နှင်းတို့ ကားပေါ်က ခုန်ဆင်း၊ အတွင်းဝန်များရုံး( ဝန်ကြီးများရုံး)ထဲကို အပြေးဝင်ကြတော့တယ်။

🌧

သုခက ကားကိုစက်မရပ်ဘဲ နှိုးထားကာ အသင့်စောင့်ဆိုင်းကျန်ရစ်ခဲ့တယ်။

သေနတ်ကိုယ်စီ ကိုင်ထားတဲ့ စိန်ကြီး ၊မောင်စိုး၊ရန်ကြီးအောင်နဲ့ သက်နှင်းတို့ဟာ အတွင်းဝန်ရုံးတောင်ဘက်က မြောက်ဘက်၊ ဗိုလ်ချုပ်ရုံးခန်းရှိရာကို လျှောက်လာကြပြီး အခန်းဝမှာစောင့်နေတဲ့ မင်းစေကိုတွန်းဖယ်လိုက်တယ်။

ပြီးတော့ မြောက်ဘက်တံခါးပေါက်ကနေ ဝန်ကြီးတွေ စည်းဝေးနေတဲ့ အခန်းထဲကို ဝင်လိုက်ကြတယ်။

🌧

နံနက် ၁ဝနာရီ ၃၇ မိနစ်။

အရှေ့ဆုံးမှဝင်လာတဲ့ သက်နှင်းက " ဟိတ်" လို့ ခပ်ကျယ်ကျယ်အော်လိုက်တယ်။

သူ့ လက်ထဲက တော်မီဂန်းနဲ့ ဗိုလ်ချုပ်ကို သဲသဲမဲမဲ စတင် ပစ်ခတ်တော့တယ်။

တချိန်တည်းမှာပဲ စားပွဲထိပ်မှာထိုင်နေတဲ့ ဗိုလ်ချုပ်ဟာ ထိုင်ရာကလက်ကာပြရင်း ဝင်လာသူတွေကို တစ်စုံတစ်ခုလှမ်းပြောဖို့ကြိုးစားခဲ့ပေမဲ့ အချိန် မမီတော့ပါ။

🌧

လူသတ်သမားရဲ့ ပစ်ခတ်လိုက်တဲ့ကျည်ဆန်တွေကြောင့် ဗိုလ်ချုပ်ဟာ နောက်သို့လန်ကျကာ လူရောကုလားထိုင်ပါ လုံးထွေးလဲပြိုသွားတော့တယ်။

ဒီနောက်မှ ဗိုလ်ချုပ်ညာဘက်မှာ ထိုင်နေတဲ့ ဝန်ကြီးတွေကိုလည်း တစ်ဆက်တည်း ပစ်ခတ်လိုက်တယ်။ပြီးတော့မှ ဘယ်ဘက်ကို မွှေ့ရမ်း ပစ်လိုက်တယ်။

🌧

ဝန်ကြီးပျော်ဘွယ်ဦးမြနဲ့ အတွင်းဝန်ဦးရွှေဘော်တို့က လျင်မြန်တယ်။

လူသတ်သမားက ဗိုလ်ချုပ်ကို စ ပစ်ပစ်ချင်း နောက်ကျောဘက်က ပြတင်းပေါက်ကနေ အချိန်မီ ခုန်ချပြေးကြလို့ ဒဏ်ရာတောင်မရဘဲ လွတ်မြောက်နိုင်ခဲ့။

ဝန်ကြီးဦးဘဂျမ်းကလည်း ပစ်ပစ်ချင်း သူ့ဘေးမှာရှိတဲ့ ဦးအောင်ဇံဝေရဲ့လက်ကို ဆောင့်ဆွဲလိုက်တယ်။

သူတို့ နှစ်ယောက်သား ကြမ်းပြင်ပေါ်လှဲချလိုက်လို့ အသက်ဘေးကလွတ်ခဲ့ရတယ်။

ဦးဘဂျမ်းကတော့ လက်ဝဲဘက် နံပါးမှာ တစ်ချက်၊ လက်ယာဘက် လက်သူကြွယ်မှာ တစ်ချက် အပေါ်ယံရှပ်ထိမှန်ခဲ့တယ်။

🌧

ကျန်တဲ့ ဝန်ကြီးတွေကတော့ တစ်ယောက်ပြီးတစ်ယောက် သေနတ်ထိပြီးအတုံးအရုံးလဲကျကုန်တယ်။

နောက်တော့ မတ်တပ်ရပ်ပစ်ခတ်နေတဲ့ လူသတ်သမားတွေဟာ ဒူးထောက်ထိုင်လိုက်ကာ အားရပါးရစိတ်တိုင်းကျ ဆက်လက်ပစ်ခတ်ကြပြန်တယ်။

အဲ့ဒီလို စိတ်တိုင်းကျပစ်ခတ်ပြီးတဲ့နောက် လူသတ်သမားတွေဟာ သေနတ်အပစ်ရပ်ပြီး လှေကားရှိတဲ့ဘက်ကို ပြေးထွက်လာကြတယ်။

🌧

ဒီအချိန်မှာ လှေကားထိပ်က အခန်းထဲမှာဝန်ကြီးဦးရာဇတ်ရဲ့သက်တော်စောင့်ကိုထွေးရှိနေတယ်။

ကိုထွေးက ထွက်လာတော့ လူသတ်သမားတွေကကိုထွေးကို စတင်းနဲ့ တစ်ချက်ပစ်လိုက်ပြီး

"ဟေ့ မဆိုင်သူဖယ်နေ အောက်က ဆင်းကြ" လို့အော်ဟစ်ရင်း လှေကားအတိုင်း တဟုန်ထိုးပြေးဆင်းသွားကြတယ်။

🌧

ဆင်ဝင်အပေါက်ကြီးအောက်မှာ ကားစက်နှိုးပြီးအသင့်စောင့်နေတဲ့ ကားပေါ်တက်ကာ စပတ်လမ်း ( ယခု ဗိုလ်အောင်ကျော်လမ်း) ထွက်ပေါက်ကြီးက ထွက်ပြီး လက်ဝဲဘက်ကို ကွေ့၊ ဒါလဟိုစီ(ယခု ဗန္ဓုလလမ်း) လမ်းအတိုင်း အနောက်ဘက်ကို အတားအဆီးမရှိ ထွက်ပြေး လွတ်မြောက်သွားကြတာပေါ့။

🌧

ဦးစောက ဖဆပလ ခေါင်းဆောင်ပိုင်းအားလုံးကို လုပ်ကြံသတ်ဖြတ်နိုင်မှ ဖဆပလ အစိုးရပြုတ်ကျမယ်လို့ တွက်ပြီး ဖဆပလအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ၊ တိုင်းပြုပြည်ပြုလွှတ်တော်ဥက္ကဋ္ဌ သခင်နုကိုပါ လုပ်ကြံဖို့ စီစဉ်ခဲ့တာ။

သူ့တပည့် ဘညွန့်ကို လွှတ်ခဲ့ပေမဲ့၊ အဲဒီနေ့က သခင်နု ရုံးမတက်လို့ လုပ်ကြံခံရမယ့်ဘေးက လွတ်သွားခဲ့တာဖြစ်တယ်။

🌧

ဗိုလ်ချုပ်အောင်ဆန်းနဲ့ ခေါင်းဆောင်ကြီးတွေကို လူသတ်သမားတွေက လုပ်ကြံသတ်ဖြတ်ခဲ့ပြီးနောက် အခန်းထဲသို့ ပထမဆုံး ဝင်လာတာ ဗိုလ်ထွန်းလှ။

ပထမတော့ ဗိုလ်ချုပ်ရင်ဘတ်မှာ ဒဏ်ရာနှစ်ချက် သုံးချက်ခန့်ရတယ်လို့ သူ ထင်ခဲ့တယ်။

ဒါပေမဲ့ ရန်ကုန်ဆေးရုံကြီးရောက်ပြီး အသေအချာ စစ်ဆေးကြည့်ရှုတဲ့အခါမှာတော့ ဗိုလ်ချုပ်ကိုယ်မှာ သေနတ်ဒဏ်ရာ ၁၃ ချက်တိတိကိုတွေ့ခဲ့ကြရတယ်။

🌧

အဲ့ဒီနေ့က ဦးဘဂျမ်းက သိပ်နေမကောင်းလို့ အစည်းအဝေးမတက်ဘဲနေမလို့။ သတင်းတစ်ခုရလို့ ဗိုလ်ချုပ်ကိုပြောမလို့လာခဲ့တာ။

အဲ့ဒီ သတင်းကတော့ လွန်ခဲ့တဲ့ ဇွန်လနောက်ဆုံးအပတ်အတွင်းက ဗိုလ်တထောင် ဘီအိုစီ(Base Ordnance Depot) ခေါ် ပစ္စည်းသိုလှောင်ရေး တပ်ဖွဲ့ကနေ ဘရင်းဂန်း အလက် ၂၀၀ ကျော် ပျောက်ဆုံးနေတဲ့အကြောင်း၊ တရားခံံဟာ ဂဠုန်ဦးစော ဖြစ်တယ်ဆိုတာ တင်ပြဖို့ပဲဖြစ်တယ်။

🌧

▪️ဗိုလ်ချုပ်အောင်ဆန်း (ခ) ဗိုလ်တေဇ
(၃၂) နှစ်

▪️ဒီးဒုတ်ဦးဘချို (၅၄) နှစ်

▪️သခင်မြ (၄၉) နှစ်

▪️ဦးအဗ္ဗဒူရာဇတ် (၄၉) နှစ်

▪️ဦးဘဝင်း (၄၆) နှစ်

▪️မန်းဘခိုင် (၄၃) နှစ်

▪️စပ်စံထွန်း (၄ဝ) နှစ်

▪️ဦးအုန်းမောင် (၃၄) နှစ်

▪️ကိုထွေး (၁၈) နှစ် တို့ အသက်ပေးခဲ့ရ။

🌧

ဂဠုန်ဦးစောရဲ့ လှုပ်ရှားမှုတွေကို ပုလိပ်ဘက်က သတိပြုမိနေတာလည်းကြာပါပြီ။

ဦးစောအိမ်နဲ့ မျက်နှာချင်းဆိုင် အိမ်မှာ နေနေတဲ့ စစ်ရုံးချုပ်က လုံခြုံရေးအရာရှိ လက်ဖတင်နင် ကာနယ် ဂေါ်ဒွန်ဟန့်က ဦးစောရဲ့လူသတ်မှုတွေကို သင်္ကာ မကင်းဖြစ်နေတာကြာပေါ့။

သူ့အိမ်ကနေ စစ်သုံးမှန်ပြောင်းဖြင့် ညဘက်တွေမှာ စောင့်ကြည့်နေခဲ့တယ်။

ဦးစောက တပည့် လေးငါးယောက်နဲ့ အတူ အင်းလျားရေပြင်မှာ လှေတစ်စင်းနဲ့ အလုပ်ရှုပ်နေတာကို ကြိမ်ဖန်များစွာ တွေ့မြင်ခဲ့ရ။

ဒါတွေကို ဘုရင်ခံရဲ့အတွင်းဝန် ဖိလစ်နက်ရှ်က ဘုရင်ခံကိုပြောထားပြီးဖြစ်တယ်။

🌧

သူတို့ ဗိုလ်ချုပ်နဲ့ အာဇာနည်ခေါင်းဆောင်ကြီးတွေကို လုပ်ကြံပြီး ဦးစောအိကို ပြန်လာတယ်။

အဝင်မှာ ဦးစောကစောင့်နေတာ။

သူတို့ "အောင်ပြီ၊အောင်ပြီ" လို့လက်သီးလက်မောင်းတန်း ကြွေးကြော် နှုတ်ဆက်ကြတယ်။ ဒါကို လက်ဖတင်နင် ကာနယ်ဂေါ်ဒွန်ဟန့် ကိုယ်တိုင်မြင်တွေ့ပြီး စီအိုင်ဒီ (မှုခင်းတပ်ဖွဲ့) ကို သတင်းပို့ခဲ့တယ်။

🌧

ဒါကြောင့် မွန်းလွဲပိုင်းမှာ ပုလိပ် စုံထောက်ဘက်နဲ့ သောင်းကျန်းသူနှိမ်နှင်းရေး တပ်တွေပူးပေါင်းပြီး အင်းလျားကန်စောင်းက ဦးစောရဲ့ အိမ်ကို ဝင်ရှာပါလေရော။

ဦးစောရဲ့တပည့်၊ မိုက်ရူးရဲ မှုံကြီးက သေနတ်နဲ့ ခုခံပစ်ခဲ့သေး။

အင်အားချင်းမမျှတာမို့ ဦးစောက အချိန်မီ တားဆီးလိုက်တယ်။

ဦးစောတို့ လူသိုက်အားလုံးကို ဖမ်းဆီးရမိခဲ့တယ်။

🌧

ဦးစော အိမ်ထဲကနေ စာရွက်စာတမ်းတွေ မကြာခင်ကမှ လုပ်ထားတဲ့ "ဦးစော Prime Minister"ဆိုတဲ့ ရာဘာတံဆိပ်ဆုံးတွေ။

အင်္ဂလိပ်စစ်တပ်က ပျေက်ဆုံးသွားတဲ့ လက်နက်ခဲယမ်းမီးကျောက်တွေ တချို့ကို အိမ်ထဲမှာ၊ တချို့ကို အိမ်အနားက အင်းလျားကန်မှာ..။

🌧

အဲ့ဒိတုန်းက စတင်းဂန်း ၂၀၀ ပျောက်နေလို့ လုံခြုံရေးအခြေအနေ စိုးရိမ်ရတဲ့အခြေအနေကို ပျော်ဘွယ်ဦးမြကသိတယ်။

ဒါပေမဲ့  ပြည်ထဲရေးဝန်ကြီးဦးကျော်ငြိမ်း လန်ဒန်သွားနေတယ်။

ဒါ့ကြောင့် ပျော်ဘွယ်ဦးမြက ဗမာ့တပ်မတော်က တပ်စိတ်တစ်စိတ်ကို ထုတ်နုတ်ပြီး ဗိုလ်ချုပ်မသိအောင် အတွင်းဝန်များရုံး အဝင်လမ်းမှာ ကင်းပုန်းချထားခဲ့သေးတယ်။

🌧

အဲဒီ တပ်စိတ်ထဲက ရဲဘော်တစ်ယောက် ကိစ္စတစ်ခုနဲ့ အပြင်ထွက်လာချိန်မှာ ရုံးတက်ဖို့လာနေတဲ့ဗိုလ်ချုပ်အောင်ဆန်းက တွေ့သွားတာ။

ဗိုလ်ချုပ်က ဦးမြကိုဒီတပ်စိတ်ကိုရုပ်သိမ်းဖို့ အမိန့်ပေးခဲ့။

ဒါ့ကြောင့် လုပ်ကြံံမှုမဖြစ်ပွားခင် တစ်ရက်ကမှ ဒီလုံခြုံရေးကင်းပုန်းဝပ်နေတဲ့ တပ်စိတ် ရုပ်သိမ်းသွားခဲ့တာဖြစ်တယ်။

🌧

ဗိုလ်ချုပ်အောင်ဆန်းဟာ “သူ့ကို လုပ်ကြံမယ့်လူ မရှိနိုင်ပါဘူး” ဆိုတဲ့ ယုံကြည်ချက်ရှိခဲ့တယ်။

သူဟာ အဆောင်အယောင် ပကာသနတွေကို ရွံ့ရှာစက်ဆုပ်တယ်။ လွတ်လွတ်လပ်လပ် ရိုးရိုးသားသား နေထိုင်ချင်တယ်။

🌧

ဗိုလ်ချုပ်ကို မလုပ်ကြံခင် ဦးစောကို လုပ်ကြံဖို့ ကြိုးစားသူတွေရှိခဲ့တယ်။ သူတို့က

▪️ဗိုလ်မှူးချုပ်အောင်ကြီး၊
▪️သခင်ရှုမောင် (ခ) ဗိုလ်ချုပ်နေဝင်းနဲ့
▪️ရန်ကုန်ဘဆွေ

သူတို့က ဦးစောကိုလုပ်ကြံဖို့ ကြံစည်တာ ဦးစောကိုမုန်းလို့မဟုတ်၊ ဗိုလ်ချုပ်အောင်ဆန်းက သွေးထိုးမြှောက်ပင့်သလိုလို အထင်မှား အမြင်မှား ဖြစ်စေဖို့..။

ဗိုလ်ချုပ်နေဝင်းက သူ့အိမ်မှာ ရန်ကုန်ဘဆွေကို သူ့သေနတ်ပစ်တတ်အောင် နှစ်လတိတိ လေ့ကျင့်၊ တိုင်ပင်ခဲ့တယ်လို့ ဆိုတယ်။

ဗိုလ်မှူးချုပ်အောင်ကြီးကတော့ ဦးမြလှိုင်ဆိုသူကို သူ့အိမ်မှာခေါ်ထားပြီး ဦးစောဘယ်သွားတယ်၊ ဘယ်လာတယ်ဆိုတဲ့ လှုပ်ရှားမှုတွေကို အတူတူလေ့လာစောင့်ကြည့်ခဲ့ကြတယ်။

( 📖 ref: အာဇာနည်နေ့ သမိုင်းမှတ်တမ်း မတင်ရသေးသော အဖြစ်အပျက်များနှင့် သမိုင်းဝင် ဖြစ်ရပ်များ မှ)

🌧

ဒါနဲ့ပဲ ဦးစောကို သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမယ့်ရက် ရောက်လာခဲ့..။

ဦးနေဝင်းက ဦးမြလိူင်(ပေဖူးလွှာမဂ္ဂဇင်း အယ်ဒီတာဟောင်း) က ကားမောင်းကာ၊ ကားပေါ်မှာပါလာတဲ့ ရန်ကုန်ဘဆွေတို့ကို ဗိုလ်ချုပ်အောင်ဆန်းရဲ့ ကိုယ်ပိုင်တပ်ဖွဲ့ ပုံစံဖြစ်စေဖို့ ပြည်သူ့ရဲဘော်(PVO) ယူနီဖောင်းတွေဝတ်ခိုင်းခဲ့..။

▪️သေနတ် ပထမ တစ်ချက်

သေနတ်ကျည်ဆန်ဟာ ဦးစောရဲ့နဖူးကိုရှပ်ထိခဲ့။

▪️ဒုတိယ တစ်ချက်
ထိမှန်မှု မရှိဘဲ လွဲချော်ခဲ့။

▪️တတိယအချက်
မိုးပေါ်ကို ထောင်ပစ်ခဲ့။

🌧

အဲ့ဒီတုန်းက ရန်ကုန်ဘဆွေ ကိုပေးကိုင်ပြီးပစ်ခတ်စေခဲ့တဲ့သေနတ်ဟာ တပ်ရင်းမှူးဗိုလ်နေဝင်း (အဲဒီအချိန်က ဗိုလ်နေဝင်းဟာတပ်ရင်းမှူးသာရှိ သေးတယ်) ကိုင်ဆောင်တဲ့သေနတ်ဖြစ်တယ်။

ဒီကိစ္စကို ဗိုလ်ချုပ်အောင်ဆန်းနဲ့ ပြည်သူ့ရဲဘော်လက်ချက်ဖြစ်တယ်လို့ယူဆတဲ့ ဦးစောက ဗိုလ်ချုပ်နဲ့ ခေါင်းဆောင်ကြီးတွေကို လုပ်ကြံသတ်ဖြတ် လက်စားချေတာလို့ပြောကြတယ်။

🌧

အမှန်တော့ ဒီလုပ်ကြံမှုကြီးဟာ ဒီထက်ပိုမိုလေးနက်တဲ့ ရည်ရွယ်ချက်တွေရှိပါတယ်။

🌧

ဦးစောဟာ ဗိုလ်ချုပ်တို့ကို ရန်ဖက် အနေနဲ့ လုပ်ကြံသတ်ဖြတ်တာမဟုတ်၊ ဦးစော တချိန်က “ကောင်လေးတစ်ယောက်” လို့ယူဆခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရဲ့အမျိုးသားခေါင်းဆောင်ဖြစ်လာတယ်လေ။

သူ့လို နိုင်ငံရေးသမား စားဖားအိုကြီးတွေအတွက် မြန်မာ့နိုင်ငံရေးဇာတ်ခုံမှာ နေရာမရှိ။

ဒါကို ကြိတ်မနိုင် ခဲမရ ဖြစ်နေခဲ့တယ်။

ဒါ့ကြောင့် ဦးစောက ရန်ကုန်က ဖဆပလ ခေါင်းဆောင်အားလုံးနဲ့  နယ်က ဖဆပလ ခေါင်းဆောင်အားလုံးကို လုပ်ကြံသတ်ဖြတ်ဖို့ စီစဉ်ခဲ့တယ်။

🌧

ဒါ့ကြောင့်လည်း အင်္ဂလိပ်အာဏာပိုင်တွေနဲ့ပူးပေါင်းခိုးယူထားတဲ့ လက်နက်ခဲယမ်းတွေကို အိမ်အနီး အင်းလျားကန်ထဲမှာ ဝှက်ထားသလို၊ လက်နက်တချို့တစ်ဝက်ကိုလည်း မျိုးချစ်ပါတီဝင်တွေဆီကို ဖြန့်ဝေထားတာပေါ့။

🌧

ဒီလိုဦးစောက အကြံအစည် ကြီးကြီးမားမားကြံစည်နိုင်မှုဟာ နယ်ချဲ့ဗြိတိသျှတ ချို့ရဲ့မြှောက်ပင့်အားပေးမှုကြောင့်လည်းဖြစ်တယ်လို့ မြန်မာ အများစုက ယူဆကြတယ်။

(📖  Ref: ဝီကီပီဒီယား

မြန်မာလူမျိုးအများစုမှာ ၎င်းလုပ်ကြံမှုတွင် ဗြိတိသျှတို့သည် တစ်နည်းသို့မဟုတ် အခြားနည်းတစ်ခုခုဖြင့် ပါဝင်ပတ်သက် နေသည်ဟု ယုံကြည်နေကြသည်။ အဘယ့်ကြောင့်ဆိုသော် ဗြိတိသျှ ဝန်ထမ်းနှစ်ဦး ဖမ်းဆီးစစ်ဆေးခံရပြီး ၎င်းတို့အနက်မှ တစ်ဦးသည် ဦးစော၏ ကိုယ်စားလှယ်အဖြစ် လုပ်ကြံမှုတွင် ထောက်ပံ့မှုနှင့် လုံလောက်သော စစ်သုံးကိရိယာများအား အဖွဲ့အစည်းအသေးအတွက် တပ်ဆင်ပေးမှုတို့ဖြင့် တရားစွဲဆိုခြင်းခံရသည်။ )

ဗြိတိသျှ ကွန်ဆာဗေးတစ်နိုင်ငံရေးသမားတွေ၊ စစ်ဘက်နဲ့အရပ်ဘက်က ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ရန်သူတော်ဟောင်းဗိုလ်ချုပ်အောင်ဆန်းနဲ့ ဖဆပလ အဖွဲ့အစည်းအာဏာရနေတာကို မရှုစိမ့်မနာလိုကြဘူးလေ။

( 📖 ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ စာအုပ်မှ)

ဒါကြောင့် မြန်မာနိုင်ငံ လွတ်လပ်ရေးမယူမီမှာ ဖဆပလ အစိုးရအဖွဲ့ကိုဖြုတ်ချပြီး၊ မြန်မာနိုင်ငံကို ဒိုမီနီယံအတွင်းမှာဆက်ရှိနေအောင် ဂဠုန်ဦးစောလိုပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းကြံစည်ခဲ့ကြတာဖြစ်ပါတယ်တဲ့။

🌧

၁၉၄၇ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့။

လုပ်ကြံမှုကြီးကို ဘုရင်ခံက စစ်ဆေး စီရင်ရန် အထူးခုံရုံးနာယက အဖြစ် တရားသူကြီးမင်း ဦးကျော်မြင့်၊ ခုံရုံးအဖွဲ့ဝင်များ အဖြစ် ဦးအောင်သာကျော်နဲ့  ဦးစီဗူးတို့က စစ်ဆေးခဲ့။

🌧

၁၉၄၈ ခု၊ မေလ (၈) ရက်နေ့ အရုဏ်တက်ချိန် (၅)နာရီခွဲ။

ဦးစော၊ သက်နှင်း၊ မှုန်ကြီး၊ မောင်စိုး၊ စိန်ကြီး၊ ခင်မောင်ရင်နှင့် ရန်ကြီးအောင်တို့ကို တစ်ချိန်တည်း ကြိုးပေးခဲ့တယ်။

🌧

သုခ နှင့် မောင်နီ
တစ်သက် တစ်ကျွန်း။

🌧

ဒီမြန်မာပြည်ရဲ့ကံဆိုးမိုးမှောင်ကျခဲ့ရတဲ့ နိုင်ငံတော်လုပ်ကြံမှုကြီးနဲ့ ပတ်သက်လို့ နောက်ပိုင်းမှာ ဗိုလ်ချုပ်ရဲ့ အပါးတော်မြဲ ဗိုလ်ထွန်းလှက စာအုပ်တစ်အုပ်ရေးခဲ့ပါတယ်။

🌧

အာဇာနည်နေ့ စာစုများအား စုစည်းတင်ပြလိုက်ပါတယ်။

မရွှေမိုး ( ကိုရီးယား)
July 19th,2020.

References

ဗိုလ်ချုပ်အောင်ဆန်းကို ဘယ်သူသတ်သလဲ။စာရေးသူ- ဦးခင်အောင်

အာဇာနည်နေ့ သမိုင်းကြောင်း အစုံ- စာရေးသူ Wai Yan Phyo

အာဇာနည်နေ့- ဝီကီပီးဒီးယား

အာဇာနည်နေ့ သမိုင်းမှတ်တမ်း မတင်ရသေးသော အဖြစ်အပျက်များနှင့် သမိုင်းဝင် ဖြစ်ရပ်များ
By web-admin_zt
Published 3 years ago

၁၉၄၇ – ခုနှစ် နိုင်ငံတော် လုပ်ကြံမှု၏ မိုးနှောင်းအကုန် မှတ်တမ်းများ။

ဒေါက်တာမောင်မောင် "နိုင်ငံတော်လုပ်ကြံမှု"

(Zawgyi) 

🌧  ၁၉၄၇ ခုႏွစ္ နိုင္ငံေတာ္လုပ္ႀကံမွုႀကီး 🌧


ဝါေခါင္လရဲ့ ေန႔တစ္ေန႔ေပါ့..။
၁၉၄၇ ခုႏွစ္၊ ဇူလိုင္လ ၁၉ ရက္ေန႔။
စေနေန႔ ။

နံနက္ေဝလီေဝလင္း အခ်ိန္ကတည္းက မုတ္သုံမိုးနဲ႔အတူ ေလျပင္းမုန္တိုင္းေတြက်ေတာ့မလို..။

အဲဒီေန႔က ရန္ကုန္ၿမိဳ့ရဲ့ေကာင္းကင္ႀကီးဟာ အုံ႔မွိုင္းမွိုင္း၊ ညိဳ့မွိုင္းမွိုင္းေပါ့။

တိမ္တိုက္ဆိုလို့ ဘာကိုမွ ၾကည္ၾကည္လင္လင္မျမင္ရဘူး။ ေကာင္းကင္ကိုၾကည့္ရတာ ျမဴသန္းေနတဲ့ ပင္လယ္ျပင္ႀကီးလို ဝိုးဝိုးဝါးဝါး..။

အဲ့ဒိေန႔ကို  “ မိုးသည္ ကင္းကင္းလြတ္လြတ္ စဲသည္ဟူ၍မရွိဘဲ တဖြဲဖြဲ ေနလိုက္၊ တၿဖိဳင္ၿဖိဳင္ ရြာခ်လိုက္ႏွင့္၊ ေနာက္ေစြ၍ ေနေလသည္” လို့ ဆရာ ဒဂုန္တာရာက ေရးသားမွတ္တမ္းတင္ခဲ့တယ္။

🌧

အဲ့ဒိေန႔က ေအဒီလမ္း၊ အမွတ္(၄) ေနအိမ္အျပင္ဘက္မွာ လူငယ္တစ္စုက စု႐ုံးေနခဲ့ၾက။

သူတို့ဟာ ျမန္မာျပည္ရဲ့ကံၾကမၼာကို ထာဝရေျပာင္းလဲေစဖို့အတြက္ ျပင္ဆင္ေနၾကတာ..။

🌧

အဲ့ဒါ ဦးေစာရဲ့ အိမ္ေပါ့။

သူ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို လုပ္ႀကံဖို့ အားလုံးျပင္ဆင္ၿပီးေနၿပီ..။

🌧

ဦးေစာက မ်ိဳးခ်စ္ပါတီဝင္ျဖစ္တဲ့ ဘညြန႔္ (ေဖာ္ေကာင္)ကို လက္နက္ေတြနဲ႔ ခဲယမ္းမီးေက်ာက္ေတြ စုေဆာင္းဖို့ ဇြန္လကတည္းက တာဝန္ေပးခဲ့တာ။

သူတို့ဟာ အဂၤလိပ္စစ္တပ္က ကပၸတိန္ ေဒးဗစ္ဗီဗီယန္းဆီက စက္ေသနတ္အလက္ ၂၀၀ ကို ခိုးထုတ္ခဲ့ၿပီး ေလာ္ရီကားနဲ႔ သယ္လာခဲ့ၾကၿပီ။

ၿပီးေတာ့ ျပည္လမ္းေပၚက အျခားလက္နက္သိုေလွာင္႐ုံတစ္ခုကေနၿပီး ဒသမ (၃၀၃) က်ည္ေတာင့္တစ္သိန္းတိတိယူခဲ့တယ္။

ဦးေစာရဲ့တူေတာ္စပ္သူ ခင္ေမာင္ရင္ကလည္း ဆပ္မရွင္းဂန္း တစ္လက္၊ အေမရိကန္ကာဘိုင္ သုံးလက္၊ စတင္းဂန္းတစ္လက္၊ ေတာ္မီႏွစ္လက္၊ လ်ဴဂါပစၥတိုတစ္လက္၊ ေျခာက္လုံးျပဴးႏွစ္လက္နဲ႔ က်ည္ဆန္ေတြလည္း ဝယ္ယူခဲ့။

ဂဠဳန္ဦးေစာဟာ သူ အေပ်ာ္တမ္း ဖြဲ႕စည္းထားတဲ့ ဂဠဳန္တပ္ဖြဲ႕ဝင္ေတြရွိတဲ့ သာယာဝတီနယ္ကို လက္နက္အခ်ိဳ့နဲ႔ က်ည္ဆန္အခ်ိဳ့ ပို့ထားၿပီးၿပီ။

က်န္တဲ့လက္နက္ေတြကို ေအဒီလမ္းက သူ႔ရဲ့ ၿခံဝင္းနံေဘးက အင္းယားကန္ေဘာင္ထဲမွာ ေသနတ္နဲ႔ က်ည္ဆန္ေတြကို အလုံပိတ္ေသတၱာနဲ႔ထည့္ၿပီး သိမ္းဆည္းေျမျမႇုပ္ထားခဲ့။

အားလုံး အဆင္သင့္..။

🌧

ဦးေစာရဲ့တူ ခင္ေမာင္ရင္ နဲ႔အတူ ဘညြန႔္၊ မွုန္ႀကီး၊ ေမာင္နီတို့စီးလာတဲ့ စစ္အစိမ္းေရာင္ဖို့ဒ္ဆန္ ထရပ္ကားဟာ နံနက္ ၈ နာရီ ၃၀ မိနစ္အခ်ိန္ေလာက္မွာ ရန္ကုန္ၿမိဳ့အလယ္မွာရွိတဲ့ အေဆာက္အအုံႀကီးဆီသို့ အရွိန္အဟုန္နဲ႔ေမာင္းႏွင္လာခဲ့ေလၿပီ..။

အဲ့ဒီအေဆာက္အအုံႀကီးက ဒါလဟိုဇီလမ္းနဲ႔ ၄၂ လမ္းေထာင့္က အနီေရာင္အုတ္ေတြနဲ႔ ေဆာက္လုပ္စီျခယ္ထားတဲ့ ဝီတိုရိယေခတ္ ႏွစ္ထပ္တိုက္၊ အတြင္းဝန္မ်ား႐ုံးေပါ့။

🌧

မွုန္ႀကီးနဲ႔ ဘညြန႔္က အတြင္းဝန္႐ုံး အေဆာက္အအုံထဲဝင္ၿပီး ဗိုလ္ခ်ဳပ္ေအာင္ဆန္းတို့ အမွုေဆာင္အစည္းအေဝး လုပ္ျဖစ္ မလုပ္ျဖစ္ကို ကင္းေထာက္တယ္။

''ပစၥတင္ကြင္းမ်ား ရရွိၿပီးပါၿပီ''

ဆိုတဲ့ စကားဝွက္ပို့လိုက္တယ္။ ဗိုလ္ခ်ဳပ္တို့ အစည္းအေဝးလုပ္ျဖစ္တယ္ဆိုတဲ့ အဓိပၸါယ္ေပါ့..။

သူတို့က ဦးေစာရဲ့အိမ္မွာ အသင့္ေစာင့္ေနတဲ့ ေမာင္စိုး၊ သက္ႏွင္း၊  ေမာင္စိန္၊ ရန္ႀကီးေအာင္တို့ကို သတင္းဆက္ပို့။

🌧

ဒါေတြ ဘာမွမသိရွာတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကေတာ့ မနက္ ၁၀ နာရီေလာက္မွာ တာဝါလိမ္းေနအိမ္ကေန အတြင္းဝန္မ်ား႐ုံးမွာျပဳလုပ္မယ့္ ဝန္ႀကီးမ်ားအစည္းအေဝးကိုတက္ဖို့ သူ႔ရဲ့ အပါးေတာ္ျမဲ(ပီေအ) ဗိုလ္ထြန္းလွနဲ႔အတူ ကားနက္ကေလး အာရ္ေအ/၂၈၇၄ နဲ႔ ထြက္လာခဲ့တယ္။

( 📖 ဘန္ေကာက္လုံခ်ည္ အဝါေရာင္ အသစ္၊ မႏၲေလးပိုးတိုက္ပုံ၊ အကၤ်ီအျဖဴေရာင္ႏွင့္ သားေရဖိနပ္တို့ကို ဝတ္ဆင္ၿပီး ကၽြန္ုပ္၏ လက္ယာေဘးတြင္ ကပ္ထိုင္ၿပီး အိမ္မွ ကားစီးလိုက္ပါလာသည္။ ကားေပၚမွ ဆင္းရာ၌လည္းေကာင္း၊ သူေနာက္ဆုံး အတြင္းဝန္႐ုံး အဝင္တြင္ လည္းေကာင္း၊ ကၽြန္ုပ္၏ေနာက္မွ ေပ်ာ္ရႊင္စြာ လိုက္ပါလာခဲ့သည္''ဟု ဗိုလ္ထြန္းလွ (တကၠသိုလ္ေနဝင္း) စာအုပ္၌ ေဖာ္ျပထားသည္။ )

🌧

၁၀ နာရီ ၁၀ မိနစ္ေလာက္မွာ အတြင္းဝန္မ်ား႐ုံးရဲ့အလယ္ဗဟို ေလွကားေျခရင္းကို ဗိုလ္ခ်ဳပ္ကားဆိုက္လာၿပီး အစည္းအေဝးလုပ္မယ့္ အေပၚထပ္ကသူ႔႐ုံးခန္းကို အပါးေတာ္ျမဲ ဗိုလ္ထြန္းလွနဲ႔အတူ တက္လာခဲ့တယ္။

🌧

အျဖဴေရာင္သဲႀကိဳးတပ္ထားတဲ့ ေလယာဥ္ပ်ံဖိနပ္၊ ပိုးတိုက္ပုံ၊ ေခါင္းေပါင္းေတြနဲ႔ ျမန္မာဆန္ဆန္ ဝတ္စားဆင္ယင္ထားတဲ့ ဗိုလ္ခ်ဳပ္ကို ဦးဘဂ်မ္းက..

''ဗိုလ္ခ်ဳပ္က ဒီလိုဆိုေတာ့လည္း အေခ်ာႀကီးပဲ'' လို့ေနာက္ေျပာင္ေျပာလိုက္တယ္။

ဗိုလ္ခ်ဳပ္က..

''နိုင္ငံေရးသမားေတြဟာ လြတ္လပ္ေရးရၿပီးရင္ စစ္သားစိတ္ေဖ်ာက္ၿပီး အရပ္သား စိတ္ေမြးဖို့ အေရးႀကီးတယ္”တဲ့။

🌧

‘ တိုင္းျပည္ကၽြန္ဘဝက လုံး၀လြတ္ေျမာက္ေရးနဲ႔ စစ္ၿပီးေခတ္ ျမန္မာနိုင္ငံျပန္လည္ထူေထာင္ေရး’ ဆိုတဲ့ အစည္းအေဝးႀကီးအတြက္ ႐ုံးအုပ္ႀကီး ဦးခ၊ လက္ေထာက္အတြင္းဝန္ ဦးတင္အုံးနဲ႔ ဝန္ႀကီးမ်ားအဖြဲ႕ အတြင္းဝန္ ဦးေရႊေဘာ္ .. သူတို့ ၃ ေယာက္ အစည္းအေဝးအတြက္ လိုအပ္မယ့္စာရြက္စာတမ္းေတြနဲ႔ ဖိုင္ေတြရွာေဖြစုေဆာင္း၊ အစည္းအေဝးက်င္းပမယ့္ အခန္းထဲကို  ဝင္ခ်ည္ထြက္ခ်ည္နဲ႔ အလုပ္မ်ားေနၾကတယ္။

🌧

အဲ့ဒီေနာက္ အစည္းအေဝးက်င္းပမယ့္အခန္းထဲကို ဗိုလ္ခ်ဳပ္နဲ႔ အပါးေတာ္ျမဲ ဗိုလ္ထြန္းလွတို့ ဝင္လာတယ္။

ဗိုလ္ထြန္းလွက ဗိုလ္ခ်ဳပ္အတြက္ လိုအပ္တဲ့ဖိုင္ေတြ၊ မွတ္တမ္းမွတ္ရာေတြကို ဗိုလ္ခ်ဳပ္စားပြဲထိပ္မွာ ခ်ေပးလိုက္တယ္။

ဗိုလ္ခ်ဳပ္က သူ႔ထိုင္ခုံမွာ ဝင္ထိုင္လိုက္ေတာ့ ဗိုလ္ထြန္းလွလည္း အစည္းအေဝးခန္းမကေန သူရဲ့႐ုံးခန္းရွိရာကို ထြက္လာခဲ့ၿပီး သူ႔႐ုံးခန္းထဲမွာ စိတ္ေအးလက္ေလး ထိုင္ေနလိုက္တာေပါ့ ။

🌧

အဲဒီေန႔က အစည္းအေဝးတက္ေရာက္သူေတြက

၁။ ဗိုလ္ခ်ဳပ္ေအာင္ဆန္း- ဒုဥကၠ႒၊ ကာကြယ္ေရးႏွင့္ နိုင္ငံျခားေရးဌာန

၂။ သခင္ျမ- ဘ႑ေရးႏွင့္ အခြန္ေတာ္ဌာန

၃။ ဦးဘဝင္း-ကူးသန္းေရာင္းဝယ္ေရးႏွင့္ ေထာက္ပံေရးဌာန၊

၄။ ဒီးဒုတ္ဦးဘခ်ိဳ-ျပန္ၾကားေရးဌာန

၅။ အဗၺဒူရာဇတ္- ပညာေရးႏွင့္ အမ်ိဳးသားစီမံကိန္းဌာန၊

၆။ မန္းဘခိုင္ - စက္မွုလက္မွုႏွင့္ အလုပ္သမားဌာန၊

၇။ မိုင္းပြန္ေစာ္ဘြားႀကီး စဝ္စံထြန္း-ေတာင္တန္းေရးရာဌာန၊

၈။ ဦးဘဂ်မ္း-ျပန္လည္ထူေထာင္ေရးဌာန၊

၉။ ေပ်ာ္ဘြယ္ဦးျမ- လယ္ယာႏွင့္ စိုက္ပ်ိဳးေရးဌာန၊

၁၀။ ဥိးေအာင္ဇံေဝ-ျပည္သူ႔ဝန္ထမ္းဌာန၊

၁၁။ ဦးအုံးေမာင္ -ဒုတိယအတြင္းဝန္ လမ္းပန္းဆက္သြယ္ေရးဌာန တို့ျဖစ္တယ္။

🌧

အဲ့ဒီမတိုင္ခင္က ဝန္ႀကီးမ်ား (ဘုရင့္အမွုေဆာင္ ေကာင္စီအဖြဲ႕မ်ား) အစည္းအေဝးကို ဘုရင္ခံသဘာပတိအျဖစ္ေဆာင္ရြက္ကာ ဘုရင္ခံကိုယ္တိုင္ ဦးစီးက်င္းပေလ့ရွိသတဲ့ ။

ေအာင္ဆန္း-အက္တလီစာခ်ဳပ္ ခ်ဳပ္ဆိုၿပီးေနာက္ပိုင္းမွာေတာ့ ျမန္မာျပည္ကို လြတ္လပ္ေရးေသခ်ာေပါက္ေပးရေတာ့မယ့္အေျခအေနမို့ ၁၉၄၇ ဇန္နဝါရီေလာက္ကစၿပီး ဘုရင္ခံကိုယ္တိုင္ တက္ေရာက္ျခင္းမရွိေတာ့။

ဒါ့ေၾကာင့္ ဘုရင့္အမွုေဆာင္ေကာင္စီဥကၠ႒ ဗိုလ္ခ်ဳပ္ေအာင္ဆန္းကပဲ သဘာပတိအျဖစ္ ဦးစီးက်င္းပေနတာျဖစ္တယ္။

🌧

အစည္းအေဝးက်င္းပတဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ့႐ုံးခန္းဟာ တံခါး ၃ ေပါက္ရွိတဲ့ခန္းမက်ယ္ႀကီးျဖစ္တယ္။

ဗိုလ္ခ်ဳပ္႐ုံးခန္းရဲ့ လက္ဝဲဘက္မွာ အတြင္းဝန္ဦးေရႊေဘာ္ရဲ့ အခန္း၊ လက္ယာဘက္မွာ ဗိုလ္ခ်ဳပ္အပါးေတာ္ျမဲ ဗိုလ္ထြန္းလွရဲ့အခန္းေတြ ရွိပါတယ္။

ဒီအခန္းႀကီးရဲ့ အေရွ႕ေျမာက္ေထာင့္မွာ ဗိုလ္ခ်ဳပ္အလုပ္လုပ္တဲ့ စားပြဲရွိၿပီး၊ ေတာင္ဘက္နံရံမွာေတာ့ ဝန္ႀကီးေတြ အစည္းအေဝးပြဲက်င္းပတဲ့ စားပြဲႀကီးေတြရွိတယ္။

🌧

ဝန္ႀကီးေတြ အစည္းအေဝးက်င္းပရာေနရာမွာ စားပြဲရွည္ႀကီး ၃ ခုကို “ဂ” ပုံစံ အတိုင္းမွာ ထိပ္မွာတစ္ခု၊ ေဘးတစ္ဖက္တစ္ခ်က္မွာ တစ္လုံးစီ ခ်ထားတယ္။

ထိပ္ကစားပြဲက အလ်ား ၁၀ ေပ၊ အနံ ၃ ေပ ေလာက္ က်ယ္ၿပီး ၊ က်န္တဲ့ေဘးတစ္ဖက္တစ္ခ်က္က စားပြဲ ၂ ခု ကေတာ့ အလ်ား ၁၈ ေပ၊ အနံ ၃ ေပ ခန႔္စီ ရွိၾကတယ္။

🌧

အဲဒီေန႔အစည္းအေဝးမွာ ဗိုလ္ခ်ဳပ္က ထိပ္စားပြဲအလယ္တည့္တည့္မွာ ထိုင္ေနၿပီး လက္ယာဘက္စားပြဲမွာ သခင္ျမ၊ ဒီးဒုတ္ဦးဘခ်ိဳ၊ ဦးရာဇတ္၊ ဦးဘဝင္း၊ မန္းဘခိုင္တို့ အစဥ္အတိုင္းထိုင္ေနၾကတယ္။

လက္ဝဲဘက္စားပြဲမွာေတာ့ ဦးဘဂ်မ္း၊ ဦးေအာင္ဇံေဝ၊ ေပ်ာ္ဘြယ္ဦးျမနဲ႔ မိုင္းပြန္ေစာ္ဘြားႀကီး စဝ္စံထြန္းတို့ ထိုင္ေနၾကတယ္။

🌧

ဝန္ႀကီးမ်ားအဖြဲ႕ အတြင္းဝန္ဦးေရႊေဘာ္ကေတာ့ အစည္းအေဝးမွာ ဗိုလ္ခ်ဳပ္လိုအပ္တဲ့စာရြက္စာတမ္းေတြ၊ ဖိုင္တြဲရွာေပးနိုင္ဖို့ ဗိုလ္ခ်ဳပ္ရဲ့လက္ဝဲဘက္မွာ ရွိေနတယ္။

အစည္းအေဝးႀကီးက အစီအစဥ္အတိုင္း ၁၀ နာရီ ၁၅ မိနစ္မွာ စခဲ့တယ္။

ဝန္ႀကီးဌာနအလိုက္ အေရးႀကီးတဲ့ သက္ဆိုင္ရာကိစၥရပ္ေတြကို ေဆြးေႏြးေနၾကတယ္။

🌧

ဒီလိုနဲ႔ ၁၀ နာရီခြဲေလာက္မွာေပါ့။

လမ္းပန္းဆက္သြယ္ေရးဌာန ကိစၥရပ္ေတြကိုေဆြးေႏြးဖို့ အလွည့္ေရာက္လာတာနဲ႔ ဒုတိယအတြင္းဝန္ အိုက္စီအက္စ္ ဦးအုန္းေမာင္လည္း အစည္းအေဝးခန္းမထဲကိုေရာက္လာၿပီး လက္ယာဘက္စားပြဲထိပ္က သခင္ျမအနားမွာ ဝင္ထိုင္လိုက္ျပန္တယ္။

🌧

တစ္ဖက္မွာလည္း

" ငါ့တပည့္ေတြ ေအာင္ပါေစကြာ" ဆိုတဲ့ ဦးေစာရဲ့စကားသံအဆုံးမွာ အင္းလ်ားကန္နံေဘးက ဦးေစာအိမ္ဝင္းထဲကေန မနက္ ၁၀ နာရီေက်ာ္တည္းက အာစီ/၁၈၁၄ နံပါတ္ဂ်စ္ကားအစိမ္းက အတြင္းဝန္႐ုံးဘက္ကို ဦးတည္ေနၿပီ။

ေမာင္စိုး၊ သက္ႏွင္း၊ ေမာင္စိန္နဲ႔ ရန္ႀကီးေအာင္တို့က ျမန္မာနိုင္ငံ၊ စစ္အတြင္းက သုံးစြဲခဲ့တဲ့ အဂၤလိပ္ေခတ္ ၿမိဳ့ေစာင့္တပ္ အမွတ္(၁၂) ေသနတ္ကိုင္တပ္ရင္း အမွတ္တံဆိပ္ပါ ယူနီေဖာင္းေတြကို ဝတ္ထားၾကတယ္။

သူတို့ရဲ့ ဂ်စ္ကားကိုေမာင္းတဲ့သူက ယာဥ္ေမာင္းသူ သုခ။

ေမာင္စိုးက သုခေဘးမွာထိုင္တယ္။

ရန္ႀကီးေအာင္၊ ေမာင္စိန္နဲ႔ သက္ႏွင္းတို့က ကားကင္းပတ္အဖုံးႀကီးေအာက္မွာ ေတာ္မီဂန္း တစ္လက္စီကိုင္၊ပုန္းၿပီး အတြင္းဝန္႐ုံးဘက္ကို ေမာင္းလာတာေပါ့။

🌧

ဒီဂ်စ္ကားဟာ ေမာင္ဂိုမာရီလမ္း (ယခု ဗိုလ္ခ်ဳပ္ေအာင္ဆန္းလမ္း) အတိုင္းပန္းဆိုးတန္းထိပ္နာရီစင္ကို ျဖတ္ေမာင္းလာတယ္။

ေနာက္ စပတ္လမ္း (ယခု ဗိုလ္ေအာင္ေက်ာ္လမ္း) ကိုေရာက္တဲ့အခါ ညာဘက္ကို ခ်ိဳးလိုက္တယ္။ ဒီကမွ တစ္ဆင့္ ဖေရဇာလမ္း (ယခုအေနာ္ရထာလမ္း) ကို ျဖတ္လာၿပီး အတြင္းဝန္႐ုံးရဲ့ေတာင္ဘက္ ဂိတ္ဝကိုေရာက္တဲ့အခါ စက္ရွိန္ေလၽွာ့လိုက္တယ္။

🌧

ၿပီးေတာ့ အတြင္းဝန္မ်ား႐ုံးဝင္းအတြင္း ဝင္ဖို့ ကားေခါင္းကိုဘယ္ဘက္သို့ဦးတည္လိုက္တာေပါ့။

🌧

ဂ်စ္ကားဟာ ကားဘီးကို ခပ္ျဖည္းျဖည္းလွိမ့္ၿပီး အေနာက္ဘက္ဆင္ဝင္ႀကီးေအာက္ကတစ္ဆင့္ ကာကြယ္ေရးဌာနဘက္ကိုေကြ႕ဝင္ၿပီး အေနာက္ေတာင္ေထာင့္မွာ ထိုးရပ္လိုက္တယ္။

ၿပီးေတာ့ ခ်က္ခ်င္းဆိုသလိုပဲ ကင္းပတ္ဖိနပ္ရွည္ (Canva Shoes) စီးထားၿပီး စတင္းဂန္းတစ္လက္၊ေတာ္မီဂန္း ၃ လက္တို့ကို အသင့္ကိုင္ထားတဲ့ စိန္ႀကီး၊ေမာင္စိုး ၊ရန္ႀကီးေအာင္နဲ႔ သက္ႏွင္းတို့ ကားေပၚက ခုန္ဆင္း၊ အတြင္းဝန္မ်ား႐ုံး( ဝန္ႀကီးမ်ား႐ုံး)ထဲကို အေျပးဝင္ၾကေတာ့တယ္။

🌧

သုခက ကားကိုစက္မရပ္ဘဲ ႏွိုးထားကာ အသင့္ေစာင့္ဆိုင္းက်န္ရစ္ခဲ့တယ္။

ေသနတ္ကိုယ္စီ ကိုင္ထားတဲ့ စိန္ႀကီး ၊ေမာင္စိုး၊ရန္ႀကီးေအာင္နဲ႔ သက္ႏွင္းတို့ဟာ အတြင္းဝန္႐ုံးေတာင္ဘက္က ေျမာက္ဘက္၊ ဗိုလ္ခ်ဳပ္႐ုံးခန္းရွိရာကို ေလၽွာက္လာၾကၿပီး အခန္းဝမွာေစာင့္ေနတဲ့ မင္းေစကိုတြန္းဖယ္လိုက္တယ္။

ၿပီးေတာ့ ေျမာက္ဘက္တံခါးေပါက္ကေန ဝန္ႀကီးေတြ စည္းေဝးေနတဲ့ အခန္းထဲကို ဝင္လိုက္ၾကတယ္။

🌧

နံနက္ ၁၀နာရီ ၃၇ မိနစ္။

အေရွ႕ဆုံးမွဝင္လာတဲ့ သက္ႏွင္းက " ဟိတ္" လို့ ခပ္က်ယ္က်ယ္ေအာ္လိုက္တယ္။

သူ႔ လက္ထဲက ေတာ္မီဂန္းနဲ႔ ဗိုလ္ခ်ဳပ္ကို သဲသဲမဲမဲ စတင္ ပစ္ခတ္ေတာ့တယ္။

တခ်ိန္တည္းမွာပဲ စားပြဲထိပ္မွာထိုင္ေနတဲ့ ဗိုလ္ခ်ဳပ္ဟာ ထိုင္ရာကလက္ကာျပရင္း ဝင္လာသူေတြကို တစ္စုံတစ္ခုလွမ္းေျပာဖို့ႀကိဳးစားခဲ့ေပမဲ့ အခ်ိန္ မမီေတာ့ပါ။

🌧

လူသတ္သမားရဲ့ ပစ္ခတ္လိုက္တဲ့က်ည္ဆန္ေတြေၾကာင့္ ဗိုလ္ခ်ဳပ္ဟာ ေနာက္သို့လန္က်ကာ လူေရာကုလားထိုင္ပါ လုံးေထြးလဲၿပိဳသြားေတာ့တယ္။

ဒီေနာက္မွ ဗိုလ္ခ်ဳပ္ညာဘက္မွာ ထိုင္ေနတဲ့ ဝန္ႀကီးေတြကိုလည္း တစ္ဆက္တည္း ပစ္ခတ္လိုက္တယ္။ၿပီးေတာ့မွ ဘယ္ဘက္ကို ေမႊ႕ရမ္း ပစ္လိုက္တယ္။

🌧

ဝန္ႀကီးေပ်ာ္ဘြယ္ဦးျမနဲ႔ အတြင္းဝန္ဦးေရႊေဘာ္တို့က လ်င္ျမန္တယ္။

လူသတ္သမားက ဗိုလ္ခ်ဳပ္ကို စ ပစ္ပစ္ခ်င္း ေနာက္ေက်ာဘက္က ျပတင္းေပါက္ကေန အခ်ိန္မီ ခုန္ခ်ေျပးၾကလို့ ဒဏ္ရာေတာင္မရဘဲ လြတ္ေျမာက္နိုင္ခဲ့။

ဝန္ႀကီးဦးဘဂ်မ္းကလည္း ပစ္ပစ္ခ်င္း သူ႔ေဘးမွာရွိတဲ့ ဦးေအာင္ဇံေဝရဲ့လက္ကို ေဆာင့္ဆြဲလိုက္တယ္။

သူတို့ ႏွစ္ေယာက္သား ၾကမ္းျပင္ေပၚလွဲခ်လိုက္လို့ အသက္ေဘးကလြတ္ခဲ့ရတယ္။

ဦးဘဂ်မ္းကေတာ့ လက္ဝဲဘက္ နံပါးမွာ တစ္ခ်က္၊ လက္ယာဘက္ လက္သူႂကြယ္မွာ တစ္ခ်က္ အေပၚယံရွပ္ထိမွန္ခဲ့တယ္။

🌧

က်န္တဲ့ ဝန္ႀကီးေတြကေတာ့ တစ္ေယာက္ၿပီးတစ္ေယာက္ ေသနတ္ထိၿပီးအတုံးအ႐ုံးလဲက်ကုန္တယ္။

ေနာက္ေတာ့ မတ္တပ္ရပ္ပစ္ခတ္ေနတဲ့ လူသတ္သမားေတြဟာ ဒူးေထာက္ထိုင္လိုက္ကာ အားရပါးရစိတ္တိုင္းက် ဆက္လက္ပစ္ခတ္ၾကျပန္တယ္။

အဲ့ဒီလို စိတ္တိုင္းက်ပစ္ခတ္ၿပီးတဲ့ေနာက္ လူသတ္သမားေတြဟာ ေသနတ္အပစ္ရပ္ၿပီး ေလွကားရွိတဲ့ဘက္ကို ေျပးထြက္လာၾကတယ္။

🌧

ဒီအခ်ိန္မွာ ေလွကားထိပ္က အခန္းထဲမွာဝန္ႀကီးဦးရာဇတ္ရဲ့သက္ေတာ္ေစာင့္ကိုေထြးရွိေနတယ္။

ကိုေထြးက ထြက္လာေတာ့ လူသတ္သမားေတြကကိုေထြးကို စတင္းနဲ႔ တစ္ခ်က္ပစ္လိုက္ၿပီး

"ေဟ့ မဆိုင္သူဖယ္ေန ေအာက္က ဆင္းၾက" လို့ေအာ္ဟစ္ရင္း ေလွကားအတိုင္း တဟုန္ထိုးေျပးဆင္းသြားၾကတယ္။

🌧

ဆင္ဝင္အေပါက္ႀကီးေအာက္မွာ ကားစက္ႏွိုးၿပီးအသင့္ေစာင့္ေနတဲ့ ကားေပၚတက္ကာ စပတ္လမ္း ( ယခု ဗိုလ္ေအာင္ေက်ာ္လမ္း) ထြက္ေပါက္ႀကီးက ထြက္ၿပီး လက္ဝဲဘက္ကို ေကြ႕၊ ဒါလဟိုစီ(ယခု ဗႏၶဳလလမ္း) လမ္းအတိုင္း အေနာက္ဘက္ကို အတားအဆီးမရွိ ထြက္ေျပး လြတ္ေျမာက္သြားၾကတာေပါ့။

🌧

ဦးေစာက ဖဆပလ ေခါင္းေဆာင္ပိုင္းအားလုံးကို လုပ္ႀကံသတ္ျဖတ္နိုင္မွ ဖဆပလ အစိုးရျပဳတ္က်မယ္လို့ တြက္ၿပီး ဖဆပလအဖြဲ႕ခ်ဳပ္ ဒုဥကၠ႒၊ တိုင္းျပဳျပည္ျပဳလႊတ္ေတာ္ဥကၠ႒ သခင္ႏုကိုပါ လုပ္ႀကံဖို့ စီစဥ္ခဲ့တာ။

သူ႔တပည့္ ဘညြန႔္ကို လႊတ္ခဲ့ေပမဲ့၊ အဲဒီေန႔က သခင္ႏု ႐ုံးမတက္လို့ လုပ္ႀကံခံရမယ့္ေဘးက လြတ္သြားခဲ့တာျဖစ္တယ္။

🌧

ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ေခါင္းေဆာင္ႀကီးေတြကို လူသတ္သမားေတြက လုပ္ႀကံသတ္ျဖတ္ခဲ့ၿပီးေနာက္ အခန္းထဲသို့ ပထမဆုံး ဝင္လာတာ ဗိုလ္ထြန္းလွ။

ပထမေတာ့ ဗိုလ္ခ်ဳပ္ရင္ဘတ္မွာ ဒဏ္ရာႏွစ္ခ်က္ သုံးခ်က္ခန႔္ရတယ္လို့ သူ ထင္ခဲ့တယ္။

ဒါေပမဲ့ ရန္ကုန္ေဆး႐ုံႀကီးေရာက္ၿပီး အေသအခ်ာ စစ္ေဆးၾကည့္ရွုတဲ့အခါမွာေတာ့ ဗိုလ္ခ်ဳပ္ကိုယ္မွာ ေသနတ္ဒဏ္ရာ ၁၃ ခ်က္တိတိကိုေတြ႕ခဲ့ၾကရတယ္။

🌧

အဲ့ဒီေန႔က ဦးဘဂ်မ္းက သိပ္ေနမေကာင္းလို့ အစည္းအေဝးမတက္ဘဲေနမလို့။ သတင္းတစ္ခုရလို့ ဗိုလ္ခ်ဳပ္ကိုေျပာမလို့လာခဲ့တာ။

အဲ့ဒီ သတင္းကေတာ့ လြန္ခဲ့တဲ့ ဇြန္လေနာက္ဆုံးအပတ္အတြင္းက ဗိုလ္တေထာင္ ဘီအိုစီ(Base Ordnance Depot) ေခၚ ပစၥည္းသိုေလွာင္ေရး တပ္ဖြဲ႕ကေန ဘရင္းဂန္း အလက္ ၂၀၀ ေက်ာ္ ေပ်ာက္ဆုံးေနတဲ့အေၾကာင္း၊ တရားခံံဟာ ဂဠဳန္ဦးေစာ ျဖစ္တယ္ဆိုတာ တင္ျပဖို့ပဲျဖစ္တယ္။

🌧

▪️ဗိုလ္ခ်ဳပ္ေအာင္ဆန္း (ခ) ဗိုလ္ေတဇ
(၃၂) ႏွစ္

▪️ဒီးဒုတ္ဦးဘခ်ိဳ (၅၄) ႏွစ္

▪️သခင္ျမ (၄၉) ႏွစ္

▪️ဦးအဗၺဒူရာဇတ္ (၄၉) ႏွစ္

▪️ဦးဘဝင္း (၄၆) ႏွစ္

▪️မန္းဘခိုင္ (၄၃) ႏွစ္

▪️စပ္စံထြန္း (၄ဝ) ႏွစ္

▪️ဦးအုန္းေမာင္ (၃၄) ႏွစ္

▪️ကိုေထြး (၁၈) ႏွစ္ တို့ အသက္ေပးခဲ့ရ။

🌧

ဂဠဳန္ဦးေစာရဲ့ လွုပ္ရွားမွုေတြကို ပုလိပ္ဘက္က သတိျပဳမိေနတာလည္းၾကာပါၿပီ။

ဦးေစာအိမ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ အိမ္မွာ ေနေနတဲ့ စစ္႐ုံးခ်ဳပ္က လုံျခဳံေရးအရာရွိ လက္ဖတင္နင္ ကာနယ္ ေဂၚဒြန္ဟန႔္က ဦးေစာရဲ့လူသတ္မွုေတြကို သကၤာ မကင္းျဖစ္ေနတာၾကာေပါ့။

သူ႔အိမ္ကေန စစ္သုံးမွန္ေျပာင္းျဖင့္ ညဘက္ေတြမွာ ေစာင့္ၾကည့္ေနခဲ့တယ္။

ဦးေစာက တပည့္ ေလးငါးေယာက္နဲ႔ အတူ အင္းလ်ားေရျပင္မွာ ေလွတစ္စင္းနဲ႔ အလုပ္ရွုပ္ေနတာကို ႀကိမ္ဖန္မ်ားစြာ ေတြ႕ျမင္ခဲ့ရ။

ဒါေတြကို ဘုရင္ခံရဲ့အတြင္းဝန္ ဖိလစ္နက္ရွ္က ဘုရင္ခံကိုေျပာထားၿပီးျဖစ္တယ္။

🌧

သူတို့ ဗိုလ္ခ်ဳပ္နဲ႔ အာဇာနည္ေခါင္းေဆာင္ႀကီးေတြကို လုပ္ႀကံၿပီး ဦးေစာအိကို ျပန္လာတယ္။

အဝင္မွာ ဦးေစာကေစာင့္ေနတာ။

သူတို့ "ေအာင္ၿပီ၊ေအာင္ၿပီ" လို့လက္သီးလက္ေမာင္းတန္း ေႂကြးေၾကာ္ ႏွုတ္ဆက္ၾကတယ္။ ဒါကို လက္ဖတင္နင္ ကာနယ္ေဂၚဒြန္ဟန႔္ ကိုယ္တိုင္ျမင္ေတြ႕ၿပီး စီအိုင္ဒီ (မွုခင္းတပ္ဖြဲ႕) ကို သတင္းပို့ခဲ့တယ္။

🌧

ဒါေၾကာင့္ မြန္းလြဲပိုင္းမွာ ပုလိပ္ စုံေထာက္ဘက္နဲ႔ ေသာင္းက်န္းသူႏွိမ္ႏွင္းေရး တပ္ေတြပူးေပါင္းၿပီး အင္းလ်ားကန္ေစာင္းက ဦးေစာရဲ့ အိမ္ကို ဝင္ရွာပါေလေရာ။

ဦးေစာရဲ့တပည့္၊ မိုက္႐ူးရဲ မွုံႀကီးက ေသနတ္နဲ႔ ခုခံပစ္ခဲ့ေသး။

အင္အားခ်င္းမမၽွတာမို့ ဦးေစာက အခ်ိန္မီ တားဆီးလိုက္တယ္။

ဦးေစာတို့ လူသိုက္အားလုံးကို ဖမ္းဆီးရမိခဲ့တယ္။

🌧

ဦးေစာ အိမ္ထဲကေန စာရြက္စာတမ္းေတြ မၾကာခင္ကမွ လုပ္ထားတဲ့ "ဦးေစာ Prime Minister"ဆိုတဲ့ ရာဘာတံဆိပ္ဆုံးေတြ။

အဂၤလိပ္စစ္တပ္က ေပ်က္ဆုံးသြားတဲ့ လက္နက္ခဲယမ္းမီးေက်ာက္ေတြ တခ်ိဳ့ကို အိမ္ထဲမွာ၊ တခ်ိဳ့ကို အိမ္အနားက အင္းလ်ားကန္မွာ..။

🌧

အဲ့ဒိတုန္းက စတင္းဂန္း ၂၀၀ ေပ်ာက္ေနလို့ လုံျခဳံေရးအေျခအေန စိုးရိမ္ရတဲ့အေျခအေနကို ေပ်ာ္ဘြယ္ဦးျမကသိတယ္။

ဒါေပမဲ့  ျပည္ထဲေရးဝန္ႀကီးဦးေက်ာ္ၿငိမ္း လန္ဒန္သြားေနတယ္။

ဒါ့ေၾကာင့္ ေပ်ာ္ဘြယ္ဦးျမက ဗမာ့တပ္မေတာ္က တပ္စိတ္တစ္စိတ္ကို ထုတ္ႏုတ္ၿပီး ဗိုလ္ခ်ဳပ္မသိေအာင္ အတြင္းဝန္မ်ား႐ုံး အဝင္လမ္းမွာ ကင္းပုန္းခ်ထားခဲ့ေသးတယ္။

🌧

အဲဒီ တပ္စိတ္ထဲက ရဲေဘာ္တစ္ေယာက္ ကိစၥတစ္ခုနဲ႔ အျပင္ထြက္လာခ်ိန္မွာ ႐ုံးတက္ဖို့လာေနတဲ့ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ေတြ႕သြားတာ။

ဗိုလ္ခ်ဳပ္က ဦးျမကိုဒီတပ္စိတ္ကို႐ုပ္သိမ္းဖို့ အမိန႔္ေပးခဲ့။

ဒါ့ေၾကာင့္ လုပ္ႀကံံမွုမျဖစ္ပြားခင္ တစ္ရက္ကမွ ဒီလုံျခဳံေရးကင္းပုန္းဝပ္ေနတဲ့ တပ္စိတ္ ႐ုပ္သိမ္းသြားခဲ့တာျဖစ္တယ္။

🌧

ဗိုလ္ခ်ဳပ္ေအာင္ဆန္းဟာ “သူ႔ကို လုပ္ႀကံမယ့္လူ မရွိနိုင္ပါဘူး” ဆိုတဲ့ ယုံၾကည္ခ်က္ရွိခဲ့တယ္။

သူဟာ အေဆာင္အေယာင္ ပကာသနေတြကို ရြံ့ရွာစက္ဆုပ္တယ္။ လြတ္လြတ္လပ္လပ္ ရိုးရိုးသားသား ေနထိုင္ခ်င္တယ္။

🌧

ဗိုလ္ခ်ဳပ္ကို မလုပ္ႀကံခင္ ဦးေစာကို လုပ္ႀကံဖို့ ႀကိဳးစားသူေတြရွိခဲ့တယ္။ သူတို့က

▪️ဗိုလ္မွူးခ်ဳပ္ေအာင္ႀကီး၊
▪️သခင္ရွုေမာင္ (ခ) ဗိုလ္ခ်ဳပ္ေနဝင္းနဲ႔
▪️ရန္ကုန္ဘေဆြ

သူတို့က ဦးေစာကိုလုပ္ႀကံဖို့ ႀကံစည္တာ ဦးေစာကိုမုန္းလို့မဟုတ္၊ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက ေသြးထိုးေျမႇာက္ပင့္သလိုလို အထင္မွား အျမင္မွား ျဖစ္ေစဖို့..။

ဗိုလ္ခ်ဳပ္ေနဝင္းက သူ႔အိမ္မွာ ရန္ကုန္ဘေဆြကို သူ႔ေသနတ္ပစ္တတ္ေအာင္ ႏွစ္လတိတိ ေလ့က်င့္၊ တိုင္ပင္ခဲ့တယ္လို့ ဆိုတယ္။

ဗိုလ္မွူးခ်ဳပ္ေအာင္ႀကီးကေတာ့ ဦးျမလွိုင္ဆိုသူကို သူ႔အိမ္မွာေခၚထားၿပီး ဦးေစာဘယ္သြားတယ္၊ ဘယ္လာတယ္ဆိုတဲ့ လွုပ္ရွားမွုေတြကို အတူတူေလ့လာေစာင့္ၾကည့္ခဲ့ၾကတယ္။

( 📖 ref: အာဇာနည္ေန႔ သမိုင္းမွတ္တမ္း မတင္ရေသးေသာ အျဖစ္အပ်က္မ်ားႏွင့္ သမိုင္းဝင္ ျဖစ္ရပ္မ်ား မွ)

🌧

ဒါနဲ႔ပဲ ဦးေစာကို ေသနတ္နဲ႔ ပစ္ခတ္လုပ္ႀကံမယ့္ရက္ ေရာက္လာခဲ့..။

ဦးေနဝင္းက ဦးျမလိူင္(ေပဖူးလႊာမဂၢဇင္း အယ္ဒီတာေဟာင္း) က ကားေမာင္းကာ၊ ကားေပၚမွာပါလာတဲ့ ရန္ကုန္ဘေဆြတို့ကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းရဲ့ ကိုယ္ပိုင္တပ္ဖြဲ႕ ပုံစံျဖစ္ေစဖို့ ျပည္သူ႔ရဲေဘာ္(PVO) ယူနီေဖာင္းေတြဝတ္ခိုင္းခဲ့..။

▪️ေသနတ္ ပထမ တစ္ခ်က္

ေသနတ္က်ည္ဆန္ဟာ ဦးေစာရဲ့နဖူးကိုရွပ္ထိခဲ့။

▪️ဒုတိယ တစ္ခ်က္
ထိမွန္မွု မရွိဘဲ လြဲေခ်ာ္ခဲ့။

▪️တတိယအခ်က္
မိုးေပၚကို ေထာင္ပစ္ခဲ့။

🌧

အဲ့ဒီတုန္းက ရန္ကုန္ဘေဆြ ကိုေပးကိုင္ၿပီးပစ္ခတ္ေစခဲ့တဲ့ေသနတ္ဟာ တပ္ရင္းမွူးဗိုလ္ေနဝင္း (အဲဒီအခ်ိန္က ဗိုလ္ေနဝင္းဟာတပ္ရင္းမွူးသာရွိ ေသးတယ္) ကိုင္ေဆာင္တဲ့ေသနတ္ျဖစ္တယ္။

ဒီကိစၥကို ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ျပည္သူ႔ရဲေဘာ္လက္ခ်က္ျဖစ္တယ္လို့ယူဆတဲ့ ဦးေစာက ဗိုလ္ခ်ဳပ္နဲ႔ ေခါင္းေဆာင္ႀကီးေတြကို လုပ္ႀကံသတ္ျဖတ္ လက္စားေခ်တာလို့ေျပာၾကတယ္။

🌧

အမွန္ေတာ့ ဒီလုပ္ႀကံမွုႀကီးဟာ ဒီထက္ပိုမိုေလးနက္တဲ့ ရည္ရြယ္ခ်က္ေတြရွိပါတယ္။

🌧

ဦးေစာဟာ ဗိုလ္ခ်ဳပ္တို့ကို ရန္ဖက္ အေနနဲ႔ လုပ္ႀကံသတ္ျဖတ္တာမဟုတ္၊ ဦးေစာ တခ်ိန္က “ေကာင္ေလးတစ္ေယာက္” လို့ယူဆခဲ့တဲ့ ဗိုလ္ခ်ဳပ္ေအာင္ဆန္းက နိုင္ငံရဲ့အမ်ိဳးသားေခါင္းေဆာင္ျဖစ္လာတယ္ေလ။

သူ႔လို နိုင္ငံေရးသမား စားဖားအိုႀကီးေတြအတြက္ ျမန္မာ့နိုင္ငံေရးဇာတ္ခုံမွာ ေနရာမရွိ။

ဒါကို ႀကိတ္မနိုင္ ခဲမရ ျဖစ္ေနခဲ့တယ္။

ဒါ့ေၾကာင့္ ဦးေစာက ရန္ကုန္က ဖဆပလ ေခါင္းေဆာင္အားလုံးနဲ႔  နယ္က ဖဆပလ ေခါင္းေဆာင္အားလုံးကို လုပ္ႀကံသတ္ျဖတ္ဖို့ စီစဥ္ခဲ့တယ္။

🌧

ဒါ့ေၾကာင့္လည္း အဂၤလိပ္အာဏာပိုင္ေတြနဲ႔ပူးေပါင္းခိုးယူထားတဲ့ လက္နက္ခဲယမ္းေတြကို အိမ္အနီး အင္းလ်ားကန္ထဲမွာ ဝွက္ထားသလို၊ လက္နက္တခ်ိဳ့တစ္ဝက္ကိုလည္း မ်ိဳးခ်စ္ပါတီဝင္ေတြဆီကို ျဖန႔္ေဝထားတာေပါ့။

🌧

ဒီလိုဦးေစာက အႀကံအစည္ ႀကီးႀကီးမားမားႀကံစည္နိုင္မွုဟာ နယ္ခ်ဲ႕ၿဗိတိသၽွတ ခ်ိဳ့ရဲ့ေျမႇာက္ပင့္အားေပးမွုေၾကာင့္လည္းျဖစ္တယ္လို့ ျမန္မာ အမ်ားစုက ယူဆၾကတယ္။

(📖  Ref: ဝီကီပီဒီယား

ျမန္မာလူမ်ိဳးအမ်ားစုမွာ ၎လုပ္ႀကံမွုတြင္ ၿဗိတိသၽွတို့သည္ တစ္နည္းသို့မဟုတ္ အျခားနည္းတစ္ခုခုျဖင့္ ပါဝင္ပတ္သက္ ေနသည္ဟု ယုံၾကည္ေနၾကသည္။ အဘယ့္ေၾကာင့္ဆိုေသာ္ ၿဗိတိသၽွ ဝန္ထမ္းႏွစ္ဦး ဖမ္းဆီးစစ္ေဆးခံရၿပီး ၎တို့အနက္မွ တစ္ဦးသည္ ဦးေစာ၏ ကိုယ္စားလွယ္အျဖစ္ လုပ္ႀကံမွုတြင္ ေထာက္ပံ့မွုႏွင့္ လုံေလာက္ေသာ စစ္သုံးကိရိယာမ်ားအား အဖြဲ႕အစည္းအေသးအတြက္ တပ္ဆင္ေပးမွုတို့ျဖင့္ တရားစြဲဆိုျခင္းခံရသည္။ )

ၿဗိတိသၽွ ကြန္ဆာေဗးတစ္နိုင္ငံေရးသမားေတြ၊ စစ္ဘက္နဲ႔အရပ္ဘက္က ပုဂၢိဳလ္ေတြဟာ သူတို့ရဲ့ရန္သူေတာ္ေဟာင္းဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ဖဆပလ အဖြဲ႕အစည္းအာဏာရေနတာကို မရွုစိမ့္မနာလိုၾကဘူးေလ။

( 📖 ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ဘယ္သူသတ္သလဲ စာအုပ္မွ)

ဒါေၾကာင့္ ျမန္မာနိုင္ငံ လြတ္လပ္ေရးမယူမီမွာ ဖဆပလ အစိုးရအဖြဲ႕ကိုျဖဳတ္ခ်ၿပီး၊ ျမန္မာနိုင္ငံကို ဒိုမီနီယံအတြင္းမွာဆက္ရွိေနေအာင္ ဂဠဳန္ဦးေစာလိုပုဂၢိဳလ္ေတြနဲ႔ ပူးေပါင္းႀကံစည္ခဲ့ၾကတာျဖစ္ပါတယ္တဲ့။

🌧

၁၉၄၇ ခုႏွစ္ ၾသဂုတ္လ ၃၀ ရက္ေန႔။

လုပ္ႀကံမွုႀကီးကို ဘုရင္ခံက စစ္ေဆး စီရင္ရန္ အထူးခုံ႐ုံးနာယက အျဖစ္ တရားသူႀကီးမင္း ဦးေက်ာ္ျမင့္၊ ခုံ႐ုံးအဖြဲ႕ဝင္မ်ား အျဖစ္ ဦးေအာင္သာေက်ာ္နဲ႔  ဦးစီဗူးတို့က စစ္ေဆးခဲ့။

🌧

၁၉၄၈ ခု၊ ေမလ (၈) ရက္ေန႔ အ႐ုဏ္တက္ခ်ိန္ (၅)နာရီခြဲ။

ဦးေစာ၊ သက္ႏွင္း၊ မွုန္ႀကီး၊ ေမာင္စိုး၊ စိန္ႀကီး၊ ခင္ေမာင္ရင္ႏွင့္ ရန္ႀကီးေအာင္တို့ကို တစ္ခ်ိန္တည္း ႀကိဳးေပးခဲ့တယ္။

🌧

သုခ ႏွင့္ ေမာင္နီ
တစ္သက္ တစ္ကၽြန္း။

🌧

ဒီျမန္မာျပည္ရဲ့ကံဆိုးမိုးေမွာင္က်ခဲ့ရတဲ့ နိုင္ငံေတာ္လုပ္ႀကံမွုႀကီးနဲ႔ ပတ္သက္လို့ ေနာက္ပိုင္းမွာ ဗိုလ္ခ်ဳပ္ရဲ့ အပါးေတာ္ျမဲ ဗိုလ္ထြန္းလွက စာအုပ္တစ္အုပ္ေရးခဲ့ပါတယ္။

🌧

အာဇာနည္ေန႔ စာစုမ်ားအား စုစည္းတင္ျပလိုက္ပါတယ္။

မေရႊမိုး ( ကိုရီးယား)
July 19th,2020.

References

ဗိုလ္ခ်ဳပ္ေအာင္ဆန္းကို ဘယ္သူသတ္သလဲ။စာေရးသူ- ဦးခင္ေအာင္

အာဇာနည္ေန႔ သမိုင္းေၾကာင္း အစုံ- စာေရးသူ Wai Yan Phyo

အာဇာနည္ေန႔- ဝီကီပီးဒီးယား

အာဇာနည္ေန႔ သမိုင္းမွတ္တမ္း မတင္ရေသးေသာ အျဖစ္အပ်က္မ်ားႏွင့္ သမိုင္းဝင္ ျဖစ္ရပ္မ်ား
By web-admin_zt
Published 3 years ago

၁၉၄၇ – ခုႏွစ္ နိုင္ငံေတာ္ လုပ္ႀကံမွု၏ မိုးေႏွာင္းအကုန္ မွတ္တမ္းမ်ား။

ေဒါက္တာေမာင္ေမာင္ "နိုင္ငံေတာ္လုပ္ႀကံမွု"

Sunday, July 19, 2020

အသေးစားလုပ်ငန်းတွေအနေနဲ့ ကိုဗစ်ကာလမှာ ဘယ်လိုရှင်သန်မလဲ

အသေးစားလုပ်ငန်းတွေအနေနဲ့ ကိုဗစ်ကာလမှာ ဘယ်လိုရှင်သန်မလဲ


COVID-19 ကြီးက ထိုးနှက်လိုက်ပါပြီ။ ကမ္ဘာတဝန်းက လုပ်ငန်းတွေပိတ်ထားရပါတယ်။ လုပ်ငန်းကြီးသမားတွေကတော့ နှစ်နဲ့ချီပြီး တောင့်ခံနိုင်တဲ့အရင်းအနှီးတွေရှိကြတော့ အရှုံးတွေပေါ်နေပေမယ့် ကိုယ်ကိုယ်ကိုယ်ကော ကိုယ့်ဝန်ထမ်းတွေကိုပါ စောင့်ရှောက်နိုင်ကြ သေးတာပေါ့။ အရင်းအနှီးလေးနည်းနည်းနဲ့ စထားတဲ့ အသေးစားလုပ်ငန်းတွေမှာတော့ လပိုင်းအတွင်းမှာကို အသက်ရှူကြပ်လာကြပါပြီ။ အလုပ်ရှင်တွေလဲ မွန်းကျပ်နေသလို ဝန်ထမ်းတွေကိုလဲ ဘာစောင့်ရှောက်မှုမှ မပေးနိုင်တော့ ဒီအသေးစားလုပ်ငန်းတွေ ကိုဗစ်ကာလမှာ ဘယ်လိုရှင်သန်မလဲဆိုတာ အသံကျယ်လောင်တဲ့မေးခွန်းတစ်ခုဖြစ်လာပါတယ်။

သင်ကိုယ်တိုင်လည်း အသေးစားလုပ်ငန်းရှင်တစ်ဦးဆိုရင်တော့ အောက်ပါအကြံပြုချက်လေးတွေက သင့်အတွက် တစ်ထောင့်တစ်နေရာ ကနေ အကျိုးပြုလိမ့်မယ်လို့ ယုံကြည်ပါတယ်။

ပျာယာမခတ်ပါနဲ့ ။ ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ။ တည်ငြိမ်ပါ။ ဝင်ငွေတစ်ပြားမှမရှိဘဲ နေ့တိုင်းထွက်ငွေပဲရှိနေတာ အသေးစားလုပ်ငန်းရှင်တစ်ယောက်အတွက် တကယ်စိုးရိမ်စရာပါ။ ဒါပေမဲ့ မပျာပါနဲ့။

ဟန်ချက်ညီအောင်စားပါ။ ကိုယ်လက်လှုပ်ရှားမှုလုပ်ပါ။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ရင် တည်တည်ငြိမ်ငြိမ်နေနိုင်လာပါမယ်။ သင့်ကိုကြည့်ပြီး သင့်ဝန်ထမ်းတွေလဲ စိတ်အေးပါမယ်။ ဒီတော့ အဖွဲ့တွေကြားထဲ စိတ်ဓာတ်ကြံ့ခိုင်မှုကောင်းနေပါမယ်။ ဒီတော့  ရှေ့ဆက်သွားဖို့ အတွေးသစ်အမြင်သစ်တွေရလာပါမယ်။ အခက်အခဲကြုံလာရင် ခေါင်းအေးအေးထား၊ အချိန်ယူစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ ဘာမှမသေချာတဲ့ အနာဂတ်အတွက် အစစအရာရာဟန်ချက်ညီမျှဖို့လိုပါတယ်။

သင့်အစိုးရနဲ့ ငွေကြေးအဖွဲ့အစည်းတွေက ဘယ်လိုအကူအညီတွေပေးနေတယ်ဆိုတာကို နားစွင့်ပါ။ ။ နိုင်ငံတကာမှာ အသေးစားလုပ်ငန်းရှင်တွေကို ထောက်ပ့ံကူညီဖို့ အကောင်အထည်ဖော်ဆောင်ရွက်နေကြပါပြီ။ တစ်နေ့နဲ့တစ်နေ့ကိုမတူတဲ့ အတွက် ကိုယ့်အစိုးရဘာတွေလုပ်ပေးနေသလဲဆိုတာကို နေ့တိုင်းသိနေအောင်လုပ်ပါ။ ကိုယ့်အတွက် အကျိုးရှိမယ့်၊ အဆင်ပြေမယ့် Plan တွေဆိုရင် တွေဝေမနေဘဲ ဆုပ်ကိုင်ရယူလိုက်ပါ။

သုံးလစာ ငွေကြေးစီမံကိန်းရေးဆွဲပါ။ ။ အသေးစားလုပ်ငန်းတွေမှာ ပိုက်ဆံအဓိကကုန်တဲ့နေရာများ တူနေတတ်ပါတယ်။ ဝန်ထမ်းလစာ၊ ရုံးခန်းငှားခ၊ရေ၊မီး၊ဖုန်း၊အင်တာနက်ခ အစရှိတာတွေပေါ့။ လာမယ့် သုံးလအတွင်းမှာ သင် ပိုက်ဆံဘယ်လောက်ကို မဖြစ်မနေသုံးရမလဲ၊ ဘယ်သူတွေကိုပေးရမလဲ၊ အဲဒါကို နည်းနည်းနဲ့ကျဲကျဲဝိုင်းလို့ရအောင် ဘာတွေလုပ်နိုင်မလဲ၊ အဖြေရှာပါ။ သင် အသက်ရှူကျပ်မသွားစေမဲ့ ရ/သုံး စီမံကိန်းကိုရေးဆွဲပါ။ ဝင်ငွေမရှိတဲ့အချိန်မှာ ချွေတာလိုက်တဲ့ပိုက်ဆံဟာ ဝင်ငွေပါပဲ။ လျှော့လို့ရတာ အားလုံးလျှော့ပါ။

အခွင့်အလမ်းအသစ်တွေ ရှာပါ။ ။ သင့်လုပ်ငန်းလည်ပတ်ပုံဟာ သည် Covid-19 ကာလကို ရင်ဆိုင်နိုင်မလား။ ရင်ဆိုင်နိုင်မှာ မဟုတ်ဘူးဆိုရင် သင့်လုပ်ငန်းလည်ပတ်ပုံကို အခုပဲစပြင်ပါ။ အခွင့်အလမ်းအသစ်တွေရှာပါ။ သင့်ဖောက်သည်တွေကို ဘယ်လိုပုံစံ အသစ်နဲ့ ဆွဲဆောင်နိုင်မလဲ၊ ဝန်ဆောင်မှုပေးနိုင်မလဲ၊ ကိုယ့်ဆီမြဲအောင်လုပ်နိုင်မလဲ ရှာပါ။ ဖောက်သည်အဟောင်းတွေကို ထိန်းထားဖို့ ကြိုးစားရမှာဖြစ်သလို ဖောက်သည်ပုံစံအသစ်တွေကိုလဲ ရှာပါ။ သေချာတာကတော့ သင့်လုပ်ငန်းကို Online ကနေ လည်ပတ်လို့ရအောင် လုပ်ထားဖို့လိုတာပါပဲ။

သင့်ဝန်ထမ်းတွေကို စွမ်းရည်မြှင့်တင်ပါ။ ။ ဒါအချိန်ကောင်းပါ။ အားလုံးမှာ အချိန်ပိုတွေရှိနေပါတယ်။ အခုအချိန်ဟာ သင့်ဝန်ထမ်းတွေကို သင်တန်းပေးဖို့ အကောင်းဆုံးအချိန်ပါ။ Online သင်တန်းပေးလို့ရနေတယ်ဆိုတော့ အရာရာအဆင်ပြေပါတယ်။ နည်းပညာကိုတော့ ဖက်တွယ်ထားရပါလိမ့်မယ်။ အလုပ်နဲ့ပတ်သက်တာပဲမဟုတ်ဘဲ အခြားစွမ်းရည်တွေကိုလည်း ပျိုးထောင်ပေးနိုင်ပါတယ်။ COVID-19 ကာလဟာ ကြံ့ကြံ့ခံနိုင်မှပဲ ရှင်သန်ကျန်ရစ်မဲ့ ကပ်ဆိုးကာလဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း စိတ်ရောကိုယ်ပါ ကျန်းမာရေးကောင်းအောင် ဂရုစိုက်၊ ကိုယ့်ငွေကြေးကိုလည်း ဟန်ချက်ညီညီသုံးနိုင်အောင် ဂရုစိုက်ပြီး ကိုယ့်လုပ်ငန်းပြန်လည်ပတ်တဲ့အခါ အကောင်းဆုံးအသင့်ဖြစ်နေဖို့ ဝန်ထမ်းတွေကိုပါလေ့ကျင့်ပေးထားဖို့လိုအပ်ပါကြောင်း လေ့လာရေးသားတင်ပြလိုက်ရပါတယ်။

TMK

(Zawgyi)

အေသးစားလုပ္ငန္းေတြအေနနဲ႔ ကိုဗစ္ကာလမွာ ဘယ္လိုရွင္သန္မလဲ


COVID-19 ၾကီးက ထိုးႏွက္လိုက္ပါျပီ။ ကမၻာတ၀န္းက လုပ္ငန္းေတြပိတ္ထားရပါတယ္။ လုပ္ငန္းၾကီးသမားေတြကေတာ့ ႏွစ္နဲ႔ခ်ီျပီး ေတာင့္ခံႏိုင္တဲ့အရင္းအႏွီးေတြရွိၾကေတာ့ အရႈံးေတြေပၚေနေပမယ့္ ကိုယ္ကိုယ္ကိုယ္ေကာ ကိုယ့္၀န္ထမ္းေတြကိုပါ ေစာင့္ေရွာက္ႏိုင္ၾက ေသးတာေပါ့။ အရင္းအႏွီးေလးနည္းနည္းနဲ႔ စထားတဲ့ အေသးစားလုပ္ငန္းေတြမွာေတာ့ လပိုင္းအတြင္းမွာကို အသက္ရွဴၾကပ္လာၾကပါျပီ။ အလုပ္ရွင္ေတြလဲ မြန္းက်ပ္ေနသလို ၀န္ထမ္းေတြကိုလဲ ဘာေစာင့္ေရွာက္မႈမွ မေပးႏိုင္ေတာ့ ဒီအေသးစားလုပ္ငန္းေတြ ကိုဗစ္ကာလမွာ ဘယ္လိုရွင္သန္မလဲဆိုတာ အသံက်ယ္ေလာင္တဲ့ေမးခြန္းတစ္ခုျဖစ္လာပါတယ္။

သင္ကိုယ္တိုင္လည္း အေသးစားလုပ္ငန္းရွင္တစ္ဦးဆိုရင္ေတာ့ ေအာက္ပါအၾကံျပဳခ်က္ေလးေတြက သင့္အတြက္ တစ္ေထာင့္တစ္ေနရာ ကေန အက်ိဳးျပဳလိမ့္မယ္လို႔ ယံုၾကည္ပါတယ္။

ပ်ာယာမခတ္ပါနဲ႔ ။ ။ ကိုယ့္ကိုယ္ကိုယ္ ဂရုစိုက္ပါ။ တည္ျငိမ္ပါ။ ၀င္ေငြတစ္ျပားမွမရွိဘဲ ေန႔တိုင္းထြက္ေငြပဲရွိေနတာ အေသးစားလုပ္ငန္းရွင္တစ္ေယာက္အတြက္ တကယ္စိုးရိမ္စရာပါ။ ဒါေပမဲ့ မပ်ာပါနဲ႔။

ဟန္ခ်က္ညီေအာင္စားပါ။ ကိုယ္လက္လႈပ္ရွားမႈလုပ္ပါ။ ကိုယ့္ကိုယ္ကိုယ္ ဂရုစိုက္ရင္ တည္တည္ျငိမ္ျငိမ္ေနႏိုင္လာပါမယ္။ သင့္ကိုၾကည့္ျပီး သင့္၀န္ထမ္းေတြလဲ စိတ္ေအးပါမယ္။ ဒီေတာ့ အဖြဲ႕ေတြၾကားထဲ စိတ္ဓာတ္ၾကံ့ခိုင္မႈေကာင္းေနပါမယ္။ ဒီေတာ့  ေရွ႕ဆက္သြားဖို႔ အေတြးသစ္အျမင္သစ္ေတြရလာပါမယ္။ အခက္အခဲၾကံဳလာရင္ ေခါင္းေအးေအးထား၊ အခ်ိန္ယူစဥ္းစားျပီးမွ ဆံုးျဖတ္ပါ။ ဘာမွမေသခ်ာတဲ့ အနာဂတ္အတြက္ အစစအရာရာဟန္ခ်က္ညီမွ်ဖို႕လိုပါတယ္။

သင့္အစိုးရနဲ႔ ေငြေၾကးအဖြဲ႕အစည္းေတြက ဘယ္လိုအကူအညီေတြေပးေနတယ္ဆိုတာကို နားစြင့္ပါ။ ။ ႏိုင္ငံတကာမွာ အေသးစားလုပ္ငန္းရွင္ေတြကို ေထာက္ပ့ံကူညီဖို႔ အေကာင္အထည္ေဖာ္ေဆာင္ရြက္ေနၾကပါျပီ။ တစ္ေန႔နဲ႔တစ္ေန႔ကိုမတူတဲ့ အတြက္ ကိုယ့္အစိုးရဘာေတြလုပ္ေပးေနသလဲဆိုတာကို ေန႔တိုင္းသိေနေအာင္လုပ္ပါ။ ကိုယ့္အတြက္ အက်ိဳးရွိမယ့္၊ အဆင္ေျပမယ့္ Plan ေတြဆိုရင္ ေတြေ၀မေနဘဲ ဆုပ္ကိုင္ရယူလိုက္ပါ။

သံုးလစာ ေငြေၾကးစီမံကိန္းေရးဆြဲပါ။ ။ အေသးစားလုပ္ငန္းေတြမွာ ပိုက္ဆံအဓိကကုန္တဲ့ေနရာမ်ား တူေနတတ္ပါတယ္။ ၀န္ထမ္းလစာ၊ ရံုးခန္းငွားခ၊ေရ၊မီး၊ဖုန္း၊အင္တာနက္ခ အစရွိတာေတြေပါ့။ လာမယ့္ သံုးလအတြင္းမွာ သင္ ပိုက္ဆံဘယ္ေလာက္ကို မျဖစ္မေနသံုးရမလဲ၊ ဘယ္သူေတြကိုေပးရမလဲ၊ အဲဒါကို နည္းနည္းနဲ႔က်ဲက်ဲ၀ိုင္းလို႔ရေအာင္ ဘာေတြလုပ္ႏိုင္မလဲ၊ အေျဖရွာပါ။ သင္ အသက္ရွဴက်ပ္မသြားေစမဲ့ ရ/သံုး စီမံကိန္းကိုေရးဆြဲပါ။ ၀င္ေငြမရွိတဲ့အခ်ိန္မွာ ေခၽြတာလိုက္တဲ့ပိုက္ဆံဟာ ၀င္ေငြပါပဲ။ ေလွ်ာ့လို႔ရတာ အားလံုးေလွ်ာ့ပါ။

အခြင့္အလမ္းအသစ္ေတြ ရွာပါ။ ။ သင့္လုပ္ငန္းလည္ပတ္ပံုဟာ သည္ Covid-19 ကာလကို ရင္ဆိုင္ႏိုင္မလား။ ရင္ဆိုင္ႏိုင္မွာ မဟုတ္ဘူးဆိုရင္ သင့္လုပ္ငန္းလည္ပတ္ပံုကို အခုပဲစျပင္ပါ။ အခြင့္အလမ္းအသစ္ေတြရွာပါ။ သင့္ေဖာက္သည္ေတြကို ဘယ္လိုပံုစံ အသစ္နဲ႔ ဆြဲေဆာင္ႏိုင္မလဲ၊ ၀န္ေဆာင္မႈေပးႏိုင္မလဲ၊ ကိုယ့္ဆီျမဲေအာင္လုပ္ႏိုင္မလဲ ရွာပါ။ ေဖာက္သည္အေဟာင္းေတြကို ထိန္းထားဖို႔ ၾကိဳးစားရမွာျဖစ္သလို ေဖာက္သည္ပံုစံအသစ္ေတြကိုလဲ ရွာပါ။ ေသခ်ာတာကေတာ့ သင့္လုပ္ငန္းကို Online ကေန လည္ပတ္လို႔ရေအာင္ လုပ္ထားဖို႔လိုတာပါပဲ။

သင့္၀န္ထမ္းေတြကို စြမ္းရည္ျမွင့္တင္ပါ။ ။ ဒါအခ်ိန္ေကာင္းပါ။ အားလံုးမွာ အခ်ိန္ပိုေတြရွိေနပါတယ္။ အခုအခ်ိန္ဟာ သင့္၀န္ထမ္းေတြကို သင္တန္းေပးဖို႔ အေကာင္းဆံုးအခ်ိန္ပါ။ Online သင္တန္းေပးလို႔ရေနတယ္ဆိုေတာ့ အရာရာအဆင္ေျပပါတယ္။ နည္းပညာကိုေတာ့ ဖက္တြယ္ထားရပါလိမ့္မယ္။ အလုပ္နဲ႔ပတ္သက္တာပဲမဟုတ္ဘဲ အျခားစြမ္းရည္ေတြကိုလည္း ပ်ိဳးေထာင္ေပးႏိုင္ပါတယ္။ COVID-19 ကာလဟာ ၾကံ့ၾကံ့ခံနိုင္မွပဲ ရွင္သန္က်န္ရစ္မဲ့ ကပ္ဆိုးကာလျဖစ္ပါတယ္။ ကိုယ့္ကိုယ္ကိုယ္လည္း စိတ္ေရာကိုယ္ပါ က်န္းမာေရးေကာင္းေအာင္ ဂရုစိုက္၊ ကိုယ့္ေငြေၾကးကိုလည္း ဟန္ခ်က္ညီညီသံုးႏိုင္ေအာင္ ဂရုစိုက္ျပီး ကိုယ့္လုပ္ငန္းျပန္လည္ပတ္တဲ့အခါ အေကာင္းဆံုးအသင့္ျဖစ္ေနဖို႔ ၀န္ထမ္းေတြကိုပါေလ့က်င့္ေပးထားဖို႔လိုအပ္ပါေၾကာင္း ေလ့လာေရးသားတင္ျပလိုက္ရပါတယ္။

TMK

Saturday, July 18, 2020

~~~~ ဝေခွဲရခက်နေမလား အိပ်မက်စို ?~~~~~

>>>>>👉🏻👉🏻👉🏻Men's Health   ဖြစ်တဲ့ အတွက် မိန်းကလေးတွေ မဖတ်ချင်ရင် မဖတ်လို့ရအောင် ကြိုတင် remind လုပ်ပါတယ်။ ဖတ်ရင်လည်း ဗဟုသုတဖြစ်ဖွယ်ကလွဲလို့  ဖတ်လို့ သိပ်အဆင်မပြေမဲ့ အရာတွေ မရေးထားပါဘူးလို့ ထင်ပါတယ်။  :)

အမျိုးသားဆရာဝန်ဖြစ်တဲ့ အတွက် ညီလေးတွေ အစ်ကိုတွေ အမေးများဆုံး ပြဿနာ တစ်ခုပါ။ ရေးထားတာ တစ်နှစ်ကျော်ပြီ ဖြစ်တဲ့ အတွက် reference link တွေကို တော့ မမှတ်မိတော့ပါဘူး ။ ဒါပေမဲ့ ကျွန်တော့်ကို မေးတဲ့ မေးခွန်းတွေကိုပဲ ပြန်ပြီး ရေးထားပါတယ်။ လိုအပ်တဲ့ အချက်တွေကိုပဲ လိုက်ရှာထားပြီး ဒီနိုင်ငံနဲ့ အဆင်ပြေတာမျိုးကို arrangeလုပ်ပြီး  ရေးထားတာပါ။

~~~~ ဝေခွဲရခက်နေမလား အိပ်မက်စို ?~~~~~


          အမျိုးသားတွေ လူပျိုဖော်ဝင်ကာစအသက် ဆယ့်လေးနှစ် ဆယ့်ငါးနှစ်အရွယ်လောက်က စတင်ပြီး  မနက်မိုးလင်းလာတဲ့အခါ လုံခြည်စိုနေတတ်တာကို သတိထားမိကြခဲ့မှာပါ။ ဒါမှမဟုတ်လည်း အဲ့ဒီလို လုံချည်စိုပြီး နိုးလာခဲ့တဲ့ အချိန်တွေလည်း ရှိပါလိမ့်မယ် ။ အဲဲ့ဒါကို အိပ်မက်စို (အိပ်နေစဉ် သုတ်လွှတ်ခြင်း )လို့ခေါ်ပါတယ်။ အိပ်နေစဉ်သုတ်လွှတ်ခြင်း ဆိုတာက အိပ်မက်ထဲမှာ လိင်မှုဆိုင်ရာ ပုံရိပ်တစ်ချို့ကို လိင်ဆက်ဆံနေတယ်ဆိုတဲဲ့ ပုံရိပ်မျိုးကို ခံစားရပြီး သုတ်ထုတ်လွှတ်ခြငိးဖြစ်ပါတယ် ။

#အဲ့ဒီ အိပ်မက်စိုတွေဘယ်က စတာလဲ??

     လူပျိုဖော်ဝင်စမှာ တက်စတိုစတီရုန်းဟော်မုန်း (ကျားဟော်မုန်း ) ရဲ့ လွှမ်းမိုးမှု အောက်မှာ သုတ်ရည် သုတ်ပိုးထုတ်လုပ်မှုတွေများလာတဲ့အခါ အိပ်မက်စိုတွေ စတင်ပြီး မက်တတ်ပါတယ် ။ နိုးလာတဲ့အခါ အဲ့ဒီ ကိုလူပျိုတွေဟာ ရှက်တာ ဒါမှမဟုတ် အပြစ်ရှိသလို ခံစားရတာမျိုး ဖြစ်တတ်ပါတယ်။ လူပျိုဖော် ဝင်ပြီးနောက်ပိုင်း အိပ်မက်စို မက်လေ့မက်ထ နည်းသွားတတ်ပေမဲ့ တစ်ချို့ အရွယ်ရောက်ပြီး အမျိုးသားတစ်ချို့ဟာ ဘဝတလျှောက်မှာ အိပ်မက်စိုကို မကြာခဏ မြင်မက်ကြတာမျိုးလည်းရှိပါတယ်။ တစ်ချို့ အမျိုးသားတွေဟာ တစ်ပတ်ကို နှစ်ကြိမ် သုံးကြိမ်အထိ မက်လေ့ရှိသလို တစ်ချို့အမျိုးသားတွေဟာ ဘဝသက်တမ်းတစ်လျှောက်မှာ အိပ်မက်စို ၂ခါလောက်ပဲ မက်ခဲ့တာမျိုးလည်း ရှိပါတယ်။

#အိပ်မက်စို မက်တာဟာ ချို့ယွင်းချက်တစ်ခုလား ?

အိပ်မက်စို မမက်ရင်လည်း ချို့ယွင်းချက်ရှိနေတယ်လို့ပြောလို့ မရသလို အိပ်မက်စို မက်တာကို လည်း ရောဂါတစ်ခုလို့ပြောလို့မရပါဘူး။

#မိန်းကလေးတွေရော အိပ်မက်စို မက်တတ်သလား?

ယောက်ျားလေးတွေလောက် ဖြစ်လေ့ ဖြစ်ထမရှိပေမဲ့
မိန်းကလေးတွေလည်း အိပ်မက်စိုမက်တတ်ပါတယ်။  ယောကျ်ားလေးတွေလို သုတ် မလွှတ်ထုတ်ပေမဲ့ အင်္ဂါ စိုစွတ်လာတာမျိုးပါ။


     
#အိပ်နေစဉ် ဘယ်လိုအချိန်တွေမှာ ဖြစ်ပွားပါသလဲ??

အိပ်စက်ခြင်းရဲ့ rapid Eye movement ( REM ) stage မှာ ဦးနှောက်ရဲ့ လှုံ့ဆော်မှုပြင်းထန်းလာပြီး ဖြစ်ပွားတာဖြစ်ပါတယ်။

ဘယ်လိုအရွယ်တွေမှာ အိပ်မက်စို အမက်အများဆုံးလဲ ??

           လိင်ပိုင်းဆိုင်ရာ တက်ကြွတဲ့ လူပျိုဖော်ဝင်ကာစ အရွယ်မှာ အလွယ်တကူ လိင်စိတ် နိုးကြားနိုင်ပါတယ်။  သုတ်ရည်သုတ်ပိုးကို ဝှေးစေ့မှ ထုတ်ပေးတဲ့ ဖြစ်စဉ်တွေကလည်း လှုပ်ရှားလွန်းနေပါတယ်။ TV ကြည့်နေရင်း ရေချိုးနေရင်း ပြီးတော့ အခုပြောတဲ့ အိပ်မက်စိုဟာ အိပ်နေရင်းနဲ့ လိင်တံထောင်မတ်လာတာမျိုးကနေ သုတ်လွှတ်ထုတ်ခြင်းဖြစ်စေတာ ဖြစ်ပါတယ်။

ဝေခွဲရမဲ့ အချက်များ ???

#အိပ်မက်စိုဟာ ရှက်စရာ အခြေအနေလား ?

မဟုတ်ပါဘူး ။ အဲဒါဟာ သဘာဝဖြစ်ရိုးဖြစ်စဉ်ပါ။  လိင်စိတ်နိုးကြွတာကို ခန္ဓာကိုယ်က (မိမိစိတ်ထိန်းချုပ်မှု မပါဘဲ အလိုအလျောက် ) ဖြေလျော့ပေးတဲ့ ဖြစ်စဉ်ဖြစ်ပါတယ် ။ တစ်ခါတစ်လေဆို လိင်တံထောင်မတ်ခြင်းတောင် မရှိဘဲ သုတ်လွှတ်ထုတ်တတ်တာ ဖြစ်ပါတယ်။

#လိင်ဆက်ဆံမှုနည်းတဲ့ လိင်ပိုင်းဆိုင်ရာ တက်ကြွမှု မရှိတဲ့ သူတွေမှာ ဖြစ်တယ်ဆိုတာ ဟုတ်ပါသလား ?

အဲ့ဒီလို ကောက်ချက်ချကြပေမဲ့ အိပ်မက်စို မဖြစ်အောင် လိင်အပျော်အပါးလိုက်စားရမယ်လို့ တော့ မဆိုလိုပါဘူး

#အိပ်မက်စိုဟာ ယောကျ်ားစွမ်းရည်မပြည့်ဝလို့ ယောက်ျားအားအင် နည်းလို့ဖြစ်တယ်ဆိုတာ ဟုတ်ပါသလား ?

မဟုတ်ပါဘူး။

#အိပ်မက်စိုမက်လို့ သုတ်ရည်သုတ်ပိုး အရေအတွက် လျော့နည်းသွားမယ် မျိုးအောင်နိုင်စွမ်းလျော့နည်းသွားမယ်ဆိုတာ ဟုတ်ပါသလား ?

မဟုတ်ပါဘူး ။

#မိမိဘာသာ အာသာဆန္ဒဖြေဖျောက်ခြင်း ( masturbation ) လုပ်ပေးခြင်းဖြင့် အိပ်မက်စို မက်တာကို မဖြစ်အောင်လုပ်ပေးတယ်ဆိုတာ ဟုတ်ပါသလား။ ?

တချို့ပညာရှင်တွေက ဟုတ်ပါတယ်လို့ ပြောပေမဲ့ တချို့ပညာရှင်တွေကတော့ ပိုနေတဲ့ သုတ်ရည်သုတ်ပိုးကို ခန္ဓာကိုယ်က ပြန်လည် အသုံးချတဲ့အတွက် masturbation လုပ်မှ ဆိုတာ မဟုတ်ပါဘူးလို့ပြောပါတယ်။

ဒါဟာ  masturbation လုပ်ဖို့ကို တားဆီးထားတဲ့ ဘာသာတရားကိုးကွယ်သူတွေအတွက်တော့ စိတ်သက်သာရာ ရစေတာပဲ ဖြစ်ပါတယ်။

#ဘာသာရေးအမြင်

ဘယ်ကိုးကွယ်တဲ့ ဘာသာတရားကမှ အိပ်မက်စိုမက်တာကို အပြစ်လို့ မသတ်မှတ်ပါဘူး
အပြစ်လည်း မဟုတ်ပါဘူးတဲ့။ ရဟန်းပြုတဲ့အခါ မတော်တဆ အိပ်မက်စိုမက်မိတဲ့သူတွေ စိတ်သက်သာရာရစေနိုင်အောင်ပါ။

#တွေးထားရမှာနဲ့ လုပ်ပေးနိုင်တာတွေ

               အိပ်နေတဲ့အခါမှာ တစ်ခါတစ်ရံ သုတ်ထုတ်လွှတ်ခြင်းဖြစ်နိုင်ပါတယ်။ သင့်ရဲ့ အိပ်နေတဲ့ အနေအထား ဝတ်ထားတဲ့ ခပ်ကျပ်ကျပ်အဝတ်အစားများက လိင်စိတ်ကို လှုံ့ဆော်ပေးသလိုဖြစ်ရင်လည်းဖြစ်တတ်ပါတယ်။

         သင်နှစ်သက်သည်ဖြစ်စေ မနှစ်သက်သည်ဖြစ်စေ ၊လိင်ဆက်ဆံမှုနည်းပါးသည်ဖြစ်စေ မနည်းပါးသည်ဖြစ်စေ ၊တကိုယ်ရေအာသာဖြေမှုလုပ်သည်ဖြစ်စေ မလုပ်သည်ဖြစ်စေ ၊ခန္ဓာကိုယ်က သုတ်ရည် သုတ်ပိုး ထုတ်နေတာပါပဲ။ အဲ့ဒီအတွက် အိပ်မက်စိုဟာလည်း မက်နိုင်တာပါပဲ။

      လူပျိုဖော်ဝင်ကာစကနေ အိပ်မက်စို မက်နိုင်ပါတယ်။၈၀%သော အမျိုးသားတွေ ကြုံတွေ့နိုင်ပါတယ်။ တစ်ချို့က တဖြည်းဖြည်း မက်တဲ့အရေအတွက်နည်းသွားမယ်။ တစ်ချို့က ဘဝတစ်လျှှောက်လုံး မက်ချင်လည်း မက်နေမှာပါပဲ။ အိပ်မက်စို လုံးဝမမက်တဲ့သူလည်း ရှိပါတယ်။

           အိပ်မက်စိုမက်တာဟာ သင့်ရဲ့ ဇီဝရုပ်ဖြစ်ပျက်ခြင်းမှာ လွဲချော်မှုတစ်ခုမဟုတ်ပါဘူး။ စိတ်ပိုင်းဆိုင်ရာ ပုံမမှန်မှုလည်း မဟုတ်ပါဘူး။  ဒါဟာရောဂါမဟုတ်ပါဘူး။ သုတ်ရည်သုတ်ပိုး အရေအတွက် အရည်အသွေး အားနည်းသွားမယ် ဆိုတာလည်း မဟုတ်ပါဘူး ။

            ပုံမှန်အာသာဖြေရမယ် (ဒါမှ ရှိနေတဲ့ သုတ်အဟောင်းတွေထွက်သွားပြီး အသစ်ပြန်လည်တည်ဆောက်ဖို့ ) ပုံမှန်လိင်ဆက်ဆံရမယ် ဆိုတာတွေဟာ မဟုတ်ပါဘူူး။ အသုံးမပြုတဲ့ သုတ်ပိုးကို ခန္ဓာကိုယ်က ပြန်လည်စုပ်ယူပါတယ်။ လိင်ဆက်ဆံမှုနဲ့ အိပ်မက်စိုနဲ့ ဆက်နွယ်တဲ့ သိသာထင်ရှားတဲ့ သိပ္ပံ အကြောင်းပြချက်မရှိပါဘူး။

                 အိပ်မက်စို မက်တာဟာ သင့်အမှားမဟုတ်ပါဘူး။  သင့်ခန္ဓာကိုယ်က သူလုပ်စရာရှိတာ သူလုပ်နေတာပဲ ဖြစ်ပါတယ်။ ရှက်ဖို့လည်း မလိုသလို ကိုယ့်ကိုယ်ကိုယ် အပြစ်တင်ဖို့လည်း မလိုပါဘူး။ အိပ်မက်စိုမက်လို့ နိုးလာတဲ့အခါ စိုနေတဲ့ အင်္ဂါ နေရာတဝိုက်ကို ဆပ်ပြာနဲ့ ရေနွေးနွေး သို့ ရေအေး နှစ်သက်ရာနဲ့ ဆေးကြောပါ။ အဝတ်အစားအိပ်ရာခင်း(ပေကျံခဲဲ့ရင် ) တွေ လဲလှယ်ပြီး ပြန်လည်အိပ်စက်နိုင်ပါတယ်။ သူငယ်ချင်းတစ်ယောက်ယောက်ကို ညကအိပ်မက်စိုမက်တယ်လို့ ရယ်ရယ်မောမော ဖွင့်ပြောလိုက်ပါ။ စိတ်လက်ပေါ့ပါးသွားပါလိမ့်မယ်။
     
               အနားယူပါ။ စိတ်ဖိစီးမှုများလာတဲ့အချိန်မှာ အိပ်မက်စို ပိုမက်တတ်ပါတယ်။ လုံလောက်တဲ့ အိပ်ရေးဝမှု ရှိပါစေ။ စိတ်ဖိစီးမှုကို လျှော့ချပါ။ အလုပ်များတဲ့ သင့်အချိန်ဇယားတွေကနေ အနားယူဖို့  ဝါသနာပါတဲ့ အလုပ်လေးတွေ ပျော်စရာလေးတွေ လုပ်ဆောင်ဖို့ အချိန်ကို ဆွဲထုတ်လိုက်ပါ။

                  ပေါ့ပါးပြီး ချောင်ချိတဲ့ အကျင်္ ီတွေ ဝတ်ပြီး အိပ်စက်ခြင်း ( အနောက်နိုင်ငံတွေမှာတော့ ကိုယ်လုံးတီး naked အိပ်စက်ခြင်း ) က အဝတ်အစားတွေက သင့်ကို လှုံ့ဆော်ပြီး အလိုအလျောက် သုတ်လွှတ်စေမှုကို လျှော့ချပေးနိုင်ပါတယ်။

                      သိပ်စပ်လွန်းတဲ့အစားအစာတွေ ခရမ်းသီး စတဲ့ အစာတွေကို ရှောင်သင့်တယ်လို့ တစ်ချို့သော ဓလေ့အယူအဆတွေမှာ တွေ့ရပါတယ်။ ကဖင်းပါတဲ့ drink တွေ (ကော်ဖီလိုမျိုး) ကို ညမအိပ်ခင်သောက်တာမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။

            အိပ်မက်စိုတွေနဲ့ ရုန်းကန်နေရတယ်ဆိုရင်တော့ အစားအသောက်ကို နည်းနည်းချင်းခွဲစားပါ။ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝအောင် နေထိုင်ပေးပါ။  ကိုယ်လက်လှုပ်ရှား အားကစားတွေကို ပြုလုပ်ပေးပါ။
         
                 လိင်စိတ်ကြွစေတဲ့ အပြာဝတ္ထု အပြာရုပ်ရှင်တွေ ကြည့်တာ တခြား မီဒီယာတွေထဲက လိင်ပိုင်းဆိုင်ရာအသားပေးတဲ့ အစီအစဉ်တွေ ရုပ်ပုံတွေကြည့်တာကို လျှော့ချပေးပါ။ စိတ်ဓာတ်တက်ကြွစေမဲ့ ညဏ်အင်အားပြည့်စေမဲ့ လုပ်ဆောင်မှုတွေ(ဥပမာ ဗဟုသုကြွယ်စေမဲဲ့ စာတွေဖတ်တာ puzzle တွေဆော့တာ ) နဲ့ အစားထိုးပါ။
         
             တကယ်လို့ သင်ဟာ အိမ်ထောင်ရှိတယ်ဆိုရင် အိမ်ထောင်ဘက်နှင့် ပုံမှန်နေထိုင်ခြင်းကလည်း  ခန္ဓာကိုယ်ကို လိင်စိတ်လှုံ့ဆော်မှု လျှော့ချပေးတဲ့အတွက် အိပ်မက်စို မက်တာကို ပြေပျောက်စေမှာပါ။ မိမိဘာသာ အာသာဖြေခြင်းကမှ အိပ်မက်စို မက်တာကို သက်သာစေတယ်လို့ စိတ်က စွဲမှတ်နေတဲ့အခါမှာတော့ အာသာဖြေခြင်းကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။
       
                 တရားထိုင်တာ ၊ယောဂကျင့်စဉ်တွေကလည်း အထောက်အကူပြုတယ်လို့ ဆိုပါတယ်။ ဘာသာအသီးသီး  သာသနာဘောင်အတွင်းက ပုဂ္ဂိုလ်များဟာ ညဘက် ဒါမှ မဟုတ် တရေးနိုးအချိန်မှာ သင့်တော်တဲ့ ဆိုင်ရာတရား ကမ္မဋ္ဌာန်း စီးဖြန်းကြပါတယ်။
           
               ဆေးမြစ်ဆေးရွက်များကိုပြုတ်သောက်ကြတာလည်း ရှိပါတယ်တဲ့။ (ဥပမာ နွယ်ချိုအမြစ်ကို ပြုတ်သောက်တာ မျိုး )တကူးတကလုပ်ရမှာ ဖြစ်လို့ မသောက်ဖြစ်ကြတာများပါတယ်။

                 အိပ်ခါနီး ရေချိုးရင် ရေအေးနဲ့ အစား ရေနွေးနဲ့ ချိုးပေးတာ ပိုကောင်းပါတယ်။ ရေအေးနဲ့ချိုးတဲ့အခါ လိင်ပိုင်းကိစ္စစိတ်ဆန္ဒကို စိတ်လျော့နည်းစေတယ်လို့ထင်မြင်ကြပေမဲ့  အေးသောအခြေအနေက သုတ်ရည် သုတ်ပိုးကို ပိုမိုပွားစေတာကြောင့်ပါ။

              သင့်ရဲ့စိတ်ကို လန်းဆန်းစေမဲ့ အရာတွေလည်း ရှိပါသေးတယ်။ နူးညံ့တဲ့ ဂီတသံစဉ်လေးတွေ စီးမျောလိုက်ပါခံစားလို့ရပါတယ်။ စာကောင်းပေမွန်တွေဖတ်ပြီး စိတ်အာဟာရမြင့်တက်လို့ရပါတယ်။ လက်ဖက်ရည်နဲ့ ကော်ဖီကို ခေတ္တလောက်ပဲဖြစ်ဖြစ် ရှောင်လိုက်ပါ။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေ ဖယ်ရှားနိုင်ဖို့ ရေများများသောက်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်း ယောဂလေ့ကျင့်ခြင်းတွေနဲ့ စိတ်ရဲ့ဖိအား ကိုယ်ခန္ဓာရဲ့ ဖိအားတွေကို လျှော့ချထားလိုက်ပါ။

         အိပ်မက်စိုဟာရှက်စရာမဟုတ်ပါဘူး..................
 

             #ခွန်းညိုသွေး

#HealthGuide magazine
ကျန်းသုခမဂ္ဂဇင်း
September issue,2016

(Zawgyi)

~~~~ ေဝခြဲရခက္ေနမလား အိပ္မက္စို ?~~~~~


          အမ်ိဳးသားေတြ လူပ်ိဳေဖာ္ဝင္ကာစအသက္ ဆယ့္ေလးႏွစ္ ဆယ့္ငါးႏွစ္အရြယ္ေလာက္က စတင္ၿပီး  မနက္မိုးလင္းလာတဲ႕အခါ လံုျခည္စိုေနတတ္တာကို သတိထားမိၾကခဲ႕မွာပါ။ ဒါမွမဟုတ္လည္း အဲ႕ဒီလို လံုခ်ည္စိုျပီး ႏိုးလာခဲ႕တဲ႕ အခ်ိန္ေတြလည္း ရွိပါလိမ့္မယ္ ။ အဲဲ့ဒါကို အိပ္မက္စို (အိပ္ေနစဥ္ သုတ္လႊတ္ျခင္း )လို႕ေခၚပါတယ္။ အိပ္ေနစဥ္သုတ္လႊတ္ျခင္း ဆိုတာက အိပ္မက္ထဲမွာ လိင္မွဳဆိုင္ရာ ပံုရိပ္တစ္ခ်ိဳ႕ကို လိင္ဆက္ဆံေနတယ္ဆိုတဲဲ့ ပံုရိပ္မ်ိဳးကို ခံစားရျပီး သုတ္ထုတ္လႊတ္ျခငိးျဖစ္ပါတယ္ ။

#အဲ႕ဒီ အိပ္မက္စိုေတြဘယ္က စတာလဲ??

     လူပ်ိဳေဖာ္ဝင္စမွာ တက္စတိုစတီရုန္းေဟာ္မုန္း (က်ားေဟာ္မုန္း ) ရဲ႕ လႊမ္းမိုးမွဳ ေအာက္မွာ သုတ္ရည္ သုတ္ပိုးထုတ္လုပ္မွဳေတြမ်ားလာတဲ႕အခါ အိပ္မက္စိုေတြ စတင္ျပီး မက္တတ္ပါတယ္ ။ ႏိုးလာတဲ႕အခါ အဲ႕ဒီ ကိုလူပ်ိဳေတြဟာ ရွက္တာ ဒါမွမဟုတ္ အျပစ္ရွိသလို ခံစားရတာမ်ိဳး ျဖစ္တတ္ပါတယ္။ လူပ်ိဳေဖာ္ ဝင္ျပီးေနာက္ပိုင္း အိပ္မက္စို မက္ေလ့မက္ထ နည္းသြားတတ္ေပမဲ႕ တစ္ခ်ိဳ႕ အရြယ္ေရာက္ျပီး အမ်ိဳးသားတစ္ခ်ိဳ႕ဟာ ဘဝတေလွ်ာက္မွာ အိပ္မက္စိုကို မၾကာခဏ ျမင္မက္ၾကတာမ်ိဳးလည္းရွိပါတယ္။ တစ္ခ်ိဳ႕ အမ်ိဳးသားေတြဟာ တစ္ပတ္ကို ႏွစ္ၾကိမ္ သံုးၾကိမ္အထိ မက္ေလ့ရွိသလို တစ္ခ်ိဳ႕အမ်ိဳးသားေတြဟာ ဘဝသက္တမ္းတစ္ေလွ်ာက္မွာ အိပ္မက္စို ၂ခါေလာက္ပဲ မက္ခဲ႕တာမ်ိဳးလည္း ရွိပါတယ္။

#အိပ္မက္စို မက္တာဟာ ခ်ိဳ႕ယြင္းခ်က္တစ္ခုလား ?

အိပ္မက္စို မမက္ရင္လည္း ခ်ိဳ႕ယြင္းခ်က္ရွိေနတယ္လို့ေျပာလို႕ မရသလို အိပ္မက္စို မက္တာကို လည္း ေရာဂါတစ္ခုလို႕ေျပာလို႕မရပါဘူး။

#မိန္းကေလးေတြေရာ အိပ္မက္စို မက္တတ္သလား?

ေယာက္်ားေလးေတြေလာက္ ျဖစ္ေလ့ ျဖစ္ထမရွိေပမဲ႕
မိန္းကေလးေတြလည္း အိပ္မက္စိုမက္တတ္ပါတယ္။  ေယာက်္ားေလးေတြလို သုတ္ မလႊတ္ထုတ္ေပမဲ႕ အဂၤါ စိုစြတ္လာတာမ်ိဳးပါ။

     
#အိပ္ေနစဥ္ ဘယ္လိုအခ်ိန္ေတြမွာ ျဖစ္ပြားပါသလဲ??

အိပ္စက္ျခင္းရဲ႕ rapid Eye movement ( REM ) stage မွာ ဦးေႏွာက္ရဲ႕ လွံဳ႕ေဆာ္မွဳျပင္းထန္းလာျပီး ျဖစ္ပြားတာျဖစ္ပါတယ္။

ဘယ္လိုအရြယ္ေတြမွာ အိပ္မက္စို အမက္အမ်ားဆံုးလဲ ??

           လိင္ပိုင္းဆိုင္ရာ တက္ၾကြတဲ႕ လူပ်ိဳေဖာ္ဝင္ကာစ အရြယ္မွာ အလြယ္တကူ လိင္စိတ္ ႏိုးၾကားႏိုင္ပါတယ္။  သုတ္ရည္သုတ္ပိုးကို ေဝွးေစ့မွ ထုတ္ေပးတဲ႕ ျဖစ္စဥ္ေတြကလည္း လွဳပ္ရွားလြန္းေနပါတယ္။ TV ၾကည့္ေနရင္း ေရခ်ိဳးေနရင္း ျပီးေတာ့ အခုေျပာတဲ႕ အိပ္မက္စိုဟာ အိပ္ေနရင္းနဲ႕ လိင္တံေထာင္မတ္လာတာမ်ိဳးကေန သုတ္လႊတ္ထုတ္ျခင္းျဖစ္ေစတာ ျဖစ္ပါတယ္။

ေဝခြဲရမဲ႕ အခ်က္မ်ား ???

#အိပ္မက္စိုဟာ ရွက္စရာ အေျခအေနလား ?

မဟုတ္ပါဘူး ။ အဲဒါဟာ သဘာဝျဖစ္ရိုးျဖစ္စဥ္ပါ။  လိင္စိတ္ႏိုးၾကြတာကို ခႏၶာကိုယ္က (မိမိစိတ္ထိန္းခ်ဳပ္မွဳ မပါဘဲ အလိုအေလ်ာက္ ) ေျဖေလ်ာ့ေပးတဲ႕ ျဖစ္စဥ္ျဖစ္ပါတယ္ ။ တစ္ခါတစ္ေလဆို လိင္တံေထာင္မတ္ျခင္းေတာင္ မရွိဘဲ သုတ္လႊတ္ထုတ္တတ္တာ ျဖစ္ပါတယ္။

#လိင္ဆက္ဆံမွဳနည္းတဲ႕ လိင္ပိုင္းဆိုင္ရာ တက္ၾကြမွဳ မရွိတဲ႕ သူေတြမွာ ျဖစ္တယ္ဆိုတာ ဟုတ္ပါသလား ?

အဲ႕ဒီလို ေကာက္ခ်က္ခ်ၾကေပမဲ႕ အိပ္မက္စို မျဖစ္ေအာင္ လိင္အေပ်ာ္အပါးလိုက္စားရမယ္လို႕ ေတာ့ မဆိုလိုပါဘူး

#အိပ္မက္စိုဟာ ေယာက်္ားစြမ္းရည္မျပည့္ဝလို႕ ေယာက္်ားအားအင္ နည္းလို႕ျဖစ္တယ္ဆိုတာ ဟုတ္ပါသလား ?

မဟုတ္ပါဘူး။

#အိပ္မက္စိုမက္လို႕ သုတ္ရည္သုတ္ပိုး အေရအတြက္ ေလ်ာ့နည္းသြားမယ္ မိ်ဳးေအာင္ႏိုင္စြမ္းေလ်ာ့နည္းသြားမယ္ဆိုတာ ဟုတ္ပါသလား ?

မဟုတ္ပါဘူး ။

#မိမိဘာသာ အာသာဆႏၵေျဖေဖ်ာက္ျခင္း ( masturbation ) လုပ္ေပးျခင္းျဖင့္ အိပ္မက္စို မက္တာကို မျဖစ္ေအာင္လုပ္ေပးတယ္ဆိုတာ ဟုတ္ပါသလား။ ?

တခ်ိဳ႕ပညာရွင္ေတြက ဟုတ္ပါတယ္လို႕ ေျပာေပမဲ႕ တခ်ိဳ႕ပညာရွင္ေတြကေတာ့ ပိုေနတဲ႕ သုတ္ရည္သုတ္ပိုးကို ခႏၶာကိုယ္က ျပန္လည္ အသံုးခ်တဲ႕အတြက္ masturbation လုပ္မွ ဆိုတာ မဟုတ္ပါဘူးလို႕ေျပာပါတယ္။

ဒါဟာ  masturbation လုပ္ဖို႕ကို တားဆီးထားတဲ႕ ဘာသာတရားကိုးကြယ္သူေတြအတြက္ေတာ့ စိတ္သက္သာရာ ရေစတာပဲ ျဖစ္ပါတယ္။

#ဘာသာေရးအျမင္

ဘယ္ကိုးကြယ္တဲ႕ ဘာသာတရားကမွ အိပ္မက္စိုမက္တာကို အျပစ္လို႕ မသတ္မွတ္ပါဘူး
အျပစ္လည္း မဟုတ္ပါဘူးတဲ႕။ ရဟန္းျပဳတဲ႕အခါ မေတာ္တဆ အိပ္မက္စိုမက္မိတဲ႕သူေတြ စိတ္သက္သာရာရေစႏိုင္ေအာင္ပါ။

#ေတြးထားရမွာနဲ႕ လုပ္ေပးႏိုင္တာေတြ

               အိပ္ေနတဲ႔အခါမွာ တစ္ခါတစ္ရံ သုတ္ထုတ္လႊတ္ျခင္းျဖစ္ႏိုင္ပါတယ္။ သင့္ရဲ႕ အိပ္ေနတဲ႕ အေနအထား ဝတ္ထားတဲ႕ ခပ္က်ပ္က်ပ္အဝတ္အစားမ်ားက လိင္စိတ္ကို လွံဳ႕ေဆာ္ေပးသလိုျဖစ္ရင္လည္းျဖစ္တတ္ပါတယ္။

         သင္ႏွစ္သက္သည္ျဖစ္ေစ မႏွစ္သက္သည္ျဖစ္ေစ ၊လိင္ဆက္ဆံမွဳနည္းပါးသည္ျဖစ္ေစ မနည္းပါးသည္ျဖစ္ေစ ၊တကိုယ္ေရအာသာေျဖမွဳလုပ္သည္ျဖစ္ေစ မလုပ္သည္ျဖစ္ေစ ၊ခႏၶာကိုယ္က သုတ္ရည္ သုတ္ပိုး ထုတ္ေနတာပါပဲ။ အဲ႕ဒီအတြက္ အိပ္မက္စိုဟာလည္း မက္ႏိုင္တာပါပဲ။

      လူပ်ိဳေဖာ္ဝင္ကာစကေန အိပ္မက္စို မက္ႏိုင္ပါတယ္။၈၀%ေသာ အမ်ိဳးသားေတြ ၾကံဳေတြ႕ႏိုင္ပါတယ္။ တစ္ခ်ိဳ႕က တျဖည္းျဖည္း မက္တဲ႕အေရအတြက္နည္းသြားမယ္။ တစ္ခ်ိဳ႕က ဘဝတစ္ေလွွ်ာက္လံုး မက္ခ်င္လည္း မက္ေနမွာပါပဲ။ အိပ္မက္စို လံုးဝမမက္တဲ႕သူလည္း ရွိပါတယ္။

           အိပ္မက္စိုမက္တာဟာ သင့္ရဲ႕ ဇီဝရုပ္ျဖစ္ပ်က္ျခင္းမွာ လြဲေခ်ာ္မွဳတစ္ခုမဟုတ္ပါဘူး။ စိတ္ပိုင္းဆိုင္ရာ ပံုမမွန္မွဳလည္း မဟုတ္ပါဘူး။  ဒါဟာေရာဂါမဟုတ္ပါဘူး။ သုတ္ရည္သုတ္ပိုး အေရအတြက္ အရည္အေသြး အားနည္းသြားမယ္ ဆိုတာလည္း မဟုတ္ပါဘူး ။

            ပံုမွန္အာသာေျဖရမယ္ (ဒါမွ ရွိေနတဲ႕ သုတ္အေဟာင္းေတြထြက္သြားၿပီး အသစ္ျပန္လည္တည္ေဆာက္ဖို႕ ) ပံုမွန္လိင္ဆက္ဆံရမယ္ ဆိုတာေတြဟာ မဟုတ္ပါဘူူး။ အသံုးမျပဳတဲ႕ သုတ္ပိုးကို ခႏၶာကိုယ္က ျပန္လည္စုပ္ယူပါတယ္။ လိင္ဆက္ဆံမွဳနဲ႕ အိပ္မက္စိုနဲ႕ ဆက္ႏြယ္တဲ႕ သိသာထင္ရွားတဲ႕ သိပၸံ အေၾကာင္းျပခ်က္မရွိပါဘူး။

                 အိပ္မက္စို မက္တာဟာ သင့္အမွားမဟုတ္ပါဘူး။  သင့္ခႏၶာကိုယ္က သူလုပ္စရာရွိတာ သူလုပ္ေနတာပဲ ျဖစ္ပါတယ္။ ရွက္ဖို႕လည္း မလိုသလို ကိုယ့္ကိုယ္ကိုယ္ အျပစ္တင္ဖို႕လည္း မလိုပါဘူး။ အိပ္မက္စိုမက္လို႕ ႏိုးလာတဲ႕အခါ စိုေနတဲ႕ အဂၤါ ေနရာတဝိုက္ကို ဆပ္ျပာနဲ႕ ေရေႏြးေႏြး သို႔ ေရေအး ႏွစ္သက္ရာနဲ႕ ေဆးေၾကာပါ။ အဝတ္အစားအိပ္ရာခင္း(ေပက်ံခဲဲ့ရင္ ) ေတြ လဲလွယ္ၿပီး ျပန္လည္အိပ္စက္ႏိုင္ပါတယ္။ သူငယ္ခ်င္းတစ္ေယာက္ေယာက္ကို ညကအိပ္မက္စိုမက္တယ္လို႕ ရယ္ရယ္ေမာေမာ ဖြင့္ေျပာလိုက္ပါ။ စိတ္လက္ေပါ့ပါးသြားပါလိမ့္မယ္။
     
               အနားယူပါ။ စိတ္ဖိစီးမွဳမ်ားလာတဲ႕အခ်ိန္မွာ အိပ္မက္စို ပိုမက္တတ္ပါတယ္။ လံုေလာက္တဲ႕ အိပ္ေရးဝမွဳ ရွိပါေစ။ စိတ္ဖိစီးမွဳကို ေလွ်ာ့ခ်ပါ။ အလုပ္မ်ားတဲ႕ သင့္အခ်ိန္ဇယားေတြကေန အနားယူဖို႕  ဝါသနာပါတဲ႕ အလုပ္ေလးေတြ ေပ်ာ္စရာေလးေတြ လုပ္ေဆာင္ဖို႕ အခ်ိန္ကို ဆြဲထုတ္လိုက္ပါ။

                  ေပါ့ပါးျပီး ေခ်ာင္ခ်ိတဲ႕ အက်ၤ ီေတြ ဝတ္ျပီး အိပ္စက္ျခင္း ( အေနာက္ႏိုင္ငံေတြမွာေတာ့ ကိုယ္လံုးတီး naked အိပ္စက္ျခင္း ) က အဝတ္အစားေတြက သင့္ကို လွံဳ႕ေဆာ္ျပီး အလိုအေလ်ာက္ သုတ္လႊတ္ေစမွဳကို ေလွ်ာ့ခ်ေပးႏိုင္ပါတယ္။

                      သိပ္စပ္လြန္းတဲ႕အစားအစာေတြ ခရမ္းသီး စတဲ႕ အစာေတြကို ေရွာင္သင့္တယ္လို႕ တစ္ခ်ိဳ႕ေသာ ဓေလ့အယူအဆေတြမွာ ေတြ႕ရပါတယ္။ ကဖင္းပါတဲ႕ drink ေတြ (ေကာ္ဖီလိုမ်ိဳး) ကို ညမအိပ္ခင္ေသာက္တာမ်ိဳးကို ေရွာင္ၾကဥ္သင့္ပါတယ္။

            အိပ္မက္စိုေတြနဲ႕ ႐ုန္းကန္ေနရတယ္ဆိုရင္ေတာ့ အစားအေသာက္ကို နည္းနည္းခ်င္းခြဲစားပါ။ ခႏၶာကိုယ္ကို ေရဓာတ္ျပည့္ဝေအာင္ ေနထိုင္ေပးပါ။  ကိုယ္လက္လွဳပ္ရွား အားကစားေတြကို ျပဳလုပ္ေပးပါ။
         
                 လိင္စိတ္ႂကြေစတဲ႕ အျပာဝတၳဳ အျပာ႐ုပ္ရွင္ေတြ ၾကည့္တာ တျခား မီဒီယာေတြထဲက လိင္ပိုင္းဆိုင္ရာအသားေပးတဲ႕ အစီအစဥ္ေတြ ႐ုပ္ပံုေတြၾကည့္တာကို ေလွ်ာ့ခ်ေပးပါ။ စိတ္ဓာတ္တက္ႂကြေစမဲ႕ ညဏ္အင္အားျပည့္ေစမဲ႕ လုပ္ေဆာင္မွဳေတြ(ဥပမာ ဗဟုသုႂကြယ္ေစမဲဲ႕ စာေတြဖတ္တာ puzzle ေတြေဆာ့တာ ) နဲ႕ အစားထိုးပါ။
         
             တကယ္လို႕ သင္ဟာ အိမ္ေထာင္ရွိတယ္ဆိုရင္ အိမ္ေထာင္ဘက္ႏွင့္ ပံုမွန္ေနထိုင္ျခင္းကလည္း  ခႏၶာကိုယ္ကို လိင္စိတ္လွံဳ႕ေဆာ္မွဳ ေလွ်ာ့ခ်ေပးတဲ႕အတြက္ အိပ္မက္စို မက္တာကို ေျပေပ်ာက္ေစမွာပါ။ မိမိဘာသာ အာသာေျဖျခင္းကမွ အိပ္မက္စို မက္တာကို သက္သာေစတယ္လို႕ စိတ္က စြဲမွတ္ေနတဲ႕အခါမွာေတာ့ အာသာေျဖျခင္းကိုလည္း ျပဳလုပ္ေပးႏိုင္ပါတယ္။
       
                 တရားထိုင္တာ ၊ေယာဂက်င့္စဥ္ေတြကလည္း အေထာက္အကူျပဳတယ္လို႕ ဆိုပါတယ္။ ဘာသာအသီးသီး  သာသနာေဘာင္အတြင္းက ပုဂၢိဳလ္မ်ားဟာ ညဘက္ ဒါမွ မဟုတ္ တေရးႏိုးအခ်ိန္မွာ သင့္ေတာ္တဲ႕ ဆိုင္ရာတရား ကမၼ႒ာန္း စီးျဖန္းၾကပါတယ္။
           
               ေဆးျမစ္ေဆးရြက္မ်ားကိုျပဳတ္ေသာက္ၾကတာလည္း ရွိပါတယ္တဲ႕။ (ဥပမာ ႏြယ္ခ်ိဳအျမစ္ကို ျပဳတ္ေသာက္တာ မ်ိဳး )တကူးတကလုပ္ရမွာ ျဖစ္လို႕ မေသာက္ျဖစ္ၾကတာမ်ားပါတယ္။

                 အိပ္ခါနီး ေရခ်ိဳးရင္ ေရေအးနဲ႕ အစား ေရေႏြးနဲ႕ ခ်ိဳးေပးတာ ပိုေကာင္းပါတယ္။ ေရေအးနဲ႕ခ်ိဳးတဲ႕အခါ လိင္ပိုင္းကိစၥစိတ္ဆႏၵကို စိတ္ေလ်ာ့နည္းေစတယ္လို႕ထင္ျမင္ၾကေပမဲ႕  ေအးေသာအေျခအေနက သုတ္ရည္ သုတ္ပိုးကို ပိုမိုပြားေစတာေၾကာင့္ပါ။

              သင့္ရဲ႕စိတ္ကို လန္းဆန္းေစမဲ႕ အရာေတြလည္း ရွိပါေသးတယ္။ ႏူးညံ႕တဲ႕ ဂီတသံစဥ္ေလးေတြ စီးေမ်ာလိုက္ပါခံစားလို႕ရပါတယ္။ စာေကာင္းေပမြန္ေတြဖတ္ၿပီး စိတ္အာဟာရျမင့္တက္လို႕ရပါတယ္။ လက္ဖက္ရည္နဲ႕ ေကာ္ဖီကို ေခတၱေလာက္ပဲျဖစ္ျဖစ္ ေရွာင္လိုက္ပါ။ ခႏၶာကိုယ္က အဆိပ္အေတာက္ေတြ ဖယ္ရွားႏိုင္ဖို႕ ေရမ်ားမ်ားေသာက္ပါ။ ေလ့က်င့္ခန္းလုပ္ျခင္း ေယာဂေလ့က်င့္ျခင္းေတြနဲ႕ စိတ္ရဲ႕ဖိအား ကိုယ္ခႏၶာရဲ႕ ဖိအားေတြကို ေလွ်ာ့ခ်ထားလိုက္ပါ။

         အိပ္မက္စိုဟာရွက္စရာမဟုတ္ပါဘူး..................

 

             #ခြန္းညိဳေသြး

#HealthGuide magazine
က်န္းသုခမဂၢဇင္း
September issue,2016

Thursday, July 16, 2020

ဝိတ်ချ သူများလွဲမှားလေ့ရှိသော အချက်များ

ဝိတ်ချ သူများလွဲမှားလေ့ရှိသော အချက်များ

👇👇👇👇👇👇👇👇👇👇👇👇


ညစာရှောင်ခြင်း
..............................
အဆီတွေတက်လာလို့ ပြန်ချရပြီဆိုရင်
 ပထမဆုံးလုပ်လေ့ရှိတာက များသာအားဖြင့် ညစာရှောင်ကြတာပါ ။တနေ့တာစားသုံးနေတဲ့ကယ်လိုရီအနည်းအများကို မထိန်းချုပ်ပဲ ညစာပဲရှောင်နေလို့ကတော့ တသက်လုံး အဆီမကျပါဘူး။
ဆိုလိုတာက အရင်ဦးဆုံး သင့် ခန္ဓာကိုယ်ကြီးရဲ့ တနေ့တာကယ်လိုရီလိုအပ်ချက်ကို သိအောင်အရင်လုပ်ပါ။
 ပြီးရင် အဆိုပါ ကယ်လိုရီကိုထိန်းချုပ်ပြီးလျော့စားပါ အဲ့လိုသာစားရင် ညဘက်လဲ ဗိုက်ဝအောင်စားလို့ရပါတယ်။
 သင်က ကယ်လိုရီ 1800 လိုအပ်သည်ကိုတနေ့လုံးကယ်လိုရီ2000 လောက်စားပြီး ညဘက်ကျမှ မစားတော့ဘူး လုပ်၍တော့မရပါ။

ရေနွေးထဲသံပုရာသီးစိမ်သောက်ခြင်း
.....................................................................

တော်တော်များများတွေ့ဘူးတယ် အဆီချမယ် ဝိတ်ချမယ်ဆိုတာနဲ့ အဲ့တာကြီးပဲတနေကုန်ထိုင်သောက်နေတာ
ဒီကိစ္စ ဘယ်ကစလဲတော့မသိပါ။ green tea ပူပူလေးသောက်တာက ပြသနာမရှိပေမယ့် ရေနွေးထဲသံပုရာရည်ညှစ်သောက်စိမ်သောက်တာကတော့ အဆင်မပြေပါဘူး။

သံပုရာသီးမှာ vitamin c ကြွယ်ဝစွာ ပါဝင်ပါတယ်၊
vitamin c က antioxidant ဖြစ်လို့ ကိုယ်တွင်းရောင်ရမ်းခြင်းတွေကိုသက်သာစတယ်၊
 ခန္ဓာကိုယ်က သံဓာတ်စုပ်ယူမှုကို တိုးမြှင့်ပေးတာကြောင့်ကိုယ်ခံအားကောင်းစေတယ်၊
 အနာကျက်မြန်တယ်၊
 vitamin c ထိုးဆေးဆိုရင်ကင်ဆာဆဲလ်တွေကိုတောင် ထပ်မပွားစေဘူး ပျောက်ကင်းစေတယ် မဖြစ်အောင်ကာကွယ်မှုအနည်းငယ်ပေးတယ်၊
 အစရှိသဖြင့် ကောင်းကျိုးတွေအများကြီးရှိတယ်။ ဒါပေမယ့် ရေနွေးအပူထဲ ညှစ်ထည့်ပြီးသောက်လိုက်တော့ ဒီအာနိသင်တွေက ရေအပူထဲမှာ သဲထဲရေသွန်သလို ပျောက်ကွယ်သွားရပါတယ်။ ကောင်းကျိုးမရှိပါဘူး။ ပြီးတော့
Vitamin c က သွေးတွင်း ကိုလက်စတော ကိုထိန်းချုပ်ပေးတာပါ external fat ကိုတော့မကျစေနိုင်ပါဘူး ။

ကာဗိုဟိုက်ဒရိတ်အလွန်လျော့ချခြင်းလုံးဝမစားခြင်း
.....................................................................................................
ခန္ဓာကိုယ်က ကာဗိုဟိုက်ဒရိတ်ကိုပထမဦးစားပေးစွမ်းအင်သုံးတာပါ။သူ့ကို အလုံးစုံဖြတ်ချလိုက်ဖို့အဆင်မပြေပါဘူး။ သူ့ရဲ့ ခန္ဓာကိုယ်တွင်း လုပ်ငန်းလုပ်ဆောင်ချက်တွေက များစွာကိုရှိပါတယ်။
သူ့ကိုလုံးဝဖြတ်ချလိုက်တဲ့ diet က keto diet မှာတွေ့ရပါတယ် ။ ဒါပေမယ့် keto အကြောင်းတော့ မပြောရဲပါဘူး ကြောက်လို့ပါ။😳
အဆီချပြီဆိုရင်တော့ ကာဗိုဟိုက်ဒရိတ်ကရတဲ့ ကယ်လိုရီကို ဦးစားပေးပြီးလျော့ရမှာအသေချာဖြစ်ပေမယ့်
 ဘယ်လောက်လျော့မလဲ ဘာကိုရွေးချယ်စားရမလဲ ဆိုတာ ကျွမ်းကျင်သူရဲ့အကူအညီကိုယူရပါတယ်။

 ကာဗိုဟိုက်ဒရိတ်လုံးဝမစားခြင်းရဲ့ဆိုးကျိုးများကို ယခင်ကတည်းက ပို့စ်တစ်ခုဖြင့် ရေးသားထားပြီးပါပြီ ရှာဖတ်ပါ။

အသီးပဲစား၍ဝိတ်ချခြင်း
...............................................
တစ်ချို့အသီးတွေမှာ ဖရက်တိုစ့်သကြား ပေါများစွာပါဝင်ပါတယ်။
 အဲ့အသီးတွေကလဲ အများကြီးဆိုတော့ list ရေးချမနေတော့ပဲ ကိုယ့်ဟာကိုယ်သာ google မှာရှာကြည့်ပါ။
ဖရက်တို့စ်သကြားဟာ မစားလဲဘာမှမဖြစ်ပါဘူး သူကိုခန္ဓာကိုယ်ကစွမ်းအင်အဖြစ်အသုံးမပြုနိုင်ပဲ စားသုံးလိုက်တာနဲ့ အဆီဆဲလ်တွေထဲ သွား၍ သိုမှီးပါတယ်။ ခန္ဓာကိုယ်က အသုံးပြုနိုင်တဲ့ သကြားဟာ glucose ပဲဖြစ်ပါတယ်။
ပြီးတော့ အချို့အသီးတွေဟာ GI ရော GL ရောမြင့်မားစွာပါဝင်နေတော့ ဝိတ်ချချင်သူ တခါတလေ အသီးလေးဘာလေးစားချင်ရင် google ကနေ low gi fruits ဆိုပြီးသာရှာစားပါ။
 gi နည်းလေ ကောင်းလေပေါ့ ကျနော်ကတော့ ဝိတ်ချသူအသီးစားတာထက် အရွက်တွေအများကြီးစားတာကိုပိုလို့အားပေးပါတယ်။

နေ့ခင်းဘက်အိပ်ရင်ကယ်လိုရီတက်ခြင်း
..............................................................................
တစ်ချို့သူတွေကမေးကြတယ်လေရှုတာတောင်ဝနေတာဆရာတဲ့ နေ့ခင်းဘက်အိပ်ရင်ရောဝလားတဲ့။
 ဆရာတယောက်ကပြောဖူးတယ်နေ့ခင်းဘက်အိပ်ရင်ကယ်လိုရီတက်တယ်လို့ပြောတယ်တဲ့။
ကျနော်လဲ နည်းနည်းတော့မျက်လုံးပြုးသွားတယ် 😂
နေ့ခင်းဘက်ခဏအိပ်တယ်ဆိုတာ ကောင်းကျိုးအချို့ရှိပါတယ်။သင့်မှာအချိန်ရှိတယ်ဆိုရင် ခဏအိပ်ပါ အဆီမတက်စေရပါဘူး ကျနော်အာမခံပါတယ်။

ကွာလတီကောင်းသော အာဟာရများမမှီဝဲခြင်း
.........................................................................................
သင်ကယ်လိုရီကို အတိအကျထိန်းချုပ်နေပြီ ကယ်လိုရီနည်းတာတွေကိုရွေးချယ်စားသုံးနေပြီ ဒါပေမယ့် ခဏခဏဆာနေတယ် ပြီးတော့ လေ့ကျင့်ခန်းလုပ်နေတဲ့သူဆိုရင် ခန္ဓာကိုယ်က ဝိတ်တွေကျသွားပေမယ့် ကျစ်ကျစ်လစ်လစ်ဖြစ်မလာဘူးဆိုရင်
 သင်စားတဲ့အာဟာရရဲ့ quality က မကောင်းလို့ပါ အဆာခံပြီး ခန္ဓာကိုယ်အတွက် အကျိုးရှိမယ့်အစားစာမျိုးကိုသာမှီဝဲပါ ကျန်းမာရေးကောင်းခြင်းနဲ့ လူမှုဘဝသာယာခြင်းတွေ အဆစ်ပါလာမှာပါ။

Detox များ ပိန်ဆေးများသာတနေကုန်သောက်ခြင်း
....................................................................................................

တစ်ချို့ဆို အဲ့တာတွေပဲထိုင်သောက်နေတာ
Detox ကတော့ အကျိုးအတန်အသင့်ရှိပေမယ့် အဆီချတဲ့နေရာမှာတော့မဟုတ်ဘူး။

ပိန်ဆေးတွေရဲ့ ကောင်းကျိုးကပြောမပြတက်ဘူး။

 အမှန်ကရှိကိုမရှိတာ  ပိန်ဆေးတွေကလူကို ဒုက္ခရောက်သွားစေတဲ့ စျေးပေါတဲ့အမျိုးအစားရယ်။

 နောက်တစ်ခုကစျေးကြီးတယ်လူကိုတော့ ဒုက္ခမရောက်ဘူး vitamin လေးတွေ collegen လေးတွေအနည်းငယ်ပါမယ်
 ပြီးရင် တနေကုန် ဘာမှမစားခိုင်းပဲသူ့ကိုပဲထိုင်သောက်ပြီးဝိတ်ကျစေတဲ့ အမျိုးအစားရယ် ဆိုပြီး နှစ်ခုပဲရှိတယ်။

 အနည်းဆုံးတော့ပိန်ဆေးတွေရဲ့ဆိုးကျိုးက အာဟာရချို့တဲ့ပြီး သတိလစ်တာ ဝမ်းလျှောတာ အသည်းကျောက်ကပ်ထိခိုက်တာ Hypoglecmia ရုတ်တရက်ဝင်လာတာ ကနေ အသက်သေဆုံးတာတွေထိဖြစ်နိုင်တယ်။

သင်ကိုယ်တိုင်က မသောက်ရမနေနိုင် ယုံကြည်နေတယ်ဆိုရင်တော့ စျေးကြီးတဲ့ brand လေးရွေးသောက် သူတို့ကတော့ side effect နည်းတာပေါ့ အာဟာရလေးလဲ ပြည့်ဝအောင်စားပေးပေါ့။

Cardioနှင့် HIIT exerciseများဦးစားပေး များပြားလွန်းခြင်း
............................................................................................................

ကခုန်ခြင်း ပြေးခြင်း အစရှိတဲ့ cardio exercise နှင့် HIIT exercises တွေကို ပထမဦးစားပေးအနေဖြင့်
 ဆော့ကစားနေတာက သင့်ရဲ့ body goal ကိုရောက်ဖို့ပိုဝေးသွားစေတယ်။

ဝိတ်ကတော့ ကျတဲ့သူက လွှတ်ကိုကျတာပါဝိတ်ကျမြန်တယ် များတယ်ဆိုတာ ကောင်းတဲ့ကိစ္စမဟုတ်ပါ။

ခန္ဓာကိုယ်က ပထမဦးစားပေးစွမ်းအင်အနေဖြင့် ကျနော်တို့စားသုံးထားတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို glucose အဖြစ်ပြောင်းလဲအသုံးပြုတာဖြစ်တယ်။

 ပိုလျှံတာကို ကြွက်သားဆဲလ်တွေ နှင့်အသည်းထဲမှာ ATP အဖြစ်သိမ်းဆည်းထားတယ် အဲ့ထက်ပိုလျှံတာကိုတော့ အဆီအဖြစ်သိုလှောင်တာပါ။

သုတေသန ပြုချက်တွေအရ ကြွက်သားတွေကိုHIIT exercise ပြင်အားလောက်ဖြင့် မရပ်မနားလှုပ်ရှားနေမယ်ဆိုရင် ပြုလုပ်သည့်ပြင်းအားအနိမ့်အမြင့်ပေါ်မူတည်ပြီး ပထမ စက္ကန့့်လေးဆယ်ကနေနှစ်မိနစ်အထိသာ ကြွက်သားဆဲလ်တွေထဲက ATP တွေကိုထုတ်ယူသုံးဆွဲနေတာပါ။

ဒိထက်ပိုပြီး မရပ်မနားလှုပ်ရှားနေမယ်ဆိုရင် နှစ်မိနစ်နောက်ပိုင်းမှာ သင့်ရဲ့ အဆီဆဲလ်တွေကိုရော* ကြွက်သားအမျှင်*
 တွေကိုပါ အသုံးပြုပြီး ခန္ဓာကိုယ်က စွမ်းအင်ထုတ်လုပ်နေမှာဖြစ်ပါတယ်။

 ကြွက်သားအမျှင်တွေလောင်ကျွမ်းတယ်ဆိုတာ ကောင်းတဲ့ကိစ္စလုံးဝမဟုတ်ပါဘူး ကြွက်သားဆဲလ်ATP တွေလျော့နည်းကုန်တဲ့အတွက် ဆဲလ်တွေရဲ့ ကယ်လိုရီလောင်ကျွမ်းအသုံးပြုနှုန်းတွေလျော့ကျပြီး သင့်ခန္ဓာကိုယ်ဇီဝဖြစ်စဉ်ကိုနှေးကွေးသွားတေယ်။

ဒါ့ကြောင့် ပထမဦးစွာ resistance training တွေအသုံးပြုပြီး ကြွက်သားဆဲလ် ATP အတွင်းမှာ သိုမှီးထားတဲ့ glucose များကို အသုံးပြုပါ ပြီးမှ HIIT exercise များကို သင့်တော်သလိုချိန်ညှိပြီးကစား၍သော်လည်းကောင်း cardio exercise များကို ပြင်းအားနည်းနည်းဖြင့် အချိန်ကြာကြာကစား၍သော်လည်းကောင်း ဆော့ကစားပါ။

အားလုံးပဲကျန်းမာလှပပါစေ
#Credit

#swehlaingwin#avrilshine
#mftatrainer
#fitnessnutritionspecalist
#healthfitnessconnections

(Zawgyi)

ဝိတ္ခ် သူမ်ားလြဲမွားေလ့ရွိေသာ အခ်က္မ်ား

👇👇👇👇👇👇👇👇👇👇👇👇


ညစာေရွာင္ျခင္း
..............................
အဆီေတြတက္လာလို့ ျပန္ခ်ရၿပီဆိုရင္
 ပထမဆုံးလုပ္ေလ့ရွိတာက မ်ားသာအားျဖင့္ ညစာေရွာင္ၾကတာပါ ။တေန႔တာစားသုံးေနတဲ့ကယ္လိုရီအနည္းအမ်ားကို မထိန္းခ်ဳပ္ပဲ ညစာပဲေရွာင္ေနလို့ကေတာ့ တသက္လုံး အဆီမက်ပါဘူး။
ဆိုလိုတာက အရင္ဦးဆုံး သင့္ ခႏၶာကိုယ္ႀကီးရဲ့ တေန႔တာကယ္လိုရီလိုအပ္ခ်က္ကို သိေအာင္အရင္လုပ္ပါ။
 ၿပီးရင္ အဆိုပါ ကယ္လိုရီကိုထိန္းခ်ဳပ္ၿပီးေလ်ာ့စားပါ အဲ့လိုသာစားရင္ ညဘက္လဲ ဗိုက္ဝေအာင္စားလို့ရပါတယ္။
 သင္က ကယ္လိုရီ 1800 လိုအပ္သည္ကိုတေန႔လုံးကယ္လိုရီ2000 ေလာက္စားၿပီး ညဘက္က်မွ မစားေတာ့ဘူး လုပ္၍ေတာ့မရပါ။

ေရေႏြးထဲသံပုရာသီးစိမ္ေသာက္ျခင္း
.....................................................................

ေတာ္ေတာ္မ်ားမ်ားေတြ႕ဘူးတယ္ အဆီခ်မယ္ ဝိတ္ခ်မယ္ဆိုတာနဲ႔ အဲ့တာႀကီးပဲတေနကုန္ထိုင္ေသာက္ေနတာ
ဒီကိစၥ ဘယ္ကစလဲေတာ့မသိပါ။ green tea ပူပူေလးေသာက္တာက ျပသနာမရွိေပမယ့္ ေရေႏြးထဲသံပုရာရည္ညႇစ္ေသာက္စိမ္ေသာက္တာကေတာ့ အဆင္မေျပပါဘူး။

သံပုရာသီးမွာ vitamin c ႂကြယ္ဝစြာ ပါဝင္ပါတယ္၊
vitamin c က antioxidant ျဖစ္လို့ ကိုယ္တြင္းေရာင္ရမ္းျခင္းေတြကိုသက္သာစတယ္၊
 ခႏၶာကိုယ္က သံဓာတ္စုပ္ယူမွုကို တိုးျမႇင့္ေပးတာေၾကာင့္ကိုယ္ခံအားေကာင္းေစတယ္၊
 အနာက်က္ျမန္တယ္၊
 vitamin c ထိုးေဆးဆိုရင္ကင္ဆာဆဲလ္ေတြကိုေတာင္ ထပ္မပြားေစဘူး ေပ်ာက္ကင္းေစတယ္ မျဖစ္ေအာင္ကာကြယ္မွုအနည္းငယ္ေပးတယ္၊
 အစရွိသျဖင့္ ေကာင္းက်ိဳးေတြအမ်ားႀကီးရွိတယ္။ ဒါေပမယ့္ ေရေႏြးအပူထဲ ညႇစ္ထည့္ၿပီးေသာက္လိုက္ေတာ့ ဒီအာနိသင္ေတြက ေရအပူထဲမွာ သဲထဲေရသြန္သလို ေပ်ာက္ကြယ္သြားရပါတယ္။ ေကာင္းက်ိဳးမရွိပါဘူး။ ၿပီးေတာ့
Vitamin c က ေသြးတြင္း ကိုလက္စေတာ ကိုထိန္းခ်ဳပ္ေပးတာပါ external fat ကိုေတာ့မက်ေစနိုင္ပါဘူး ။

ကာဗိုဟိုက္ဒရိတ္အလြန္ေလ်ာ့ခ်ျခင္းလုံးဝမစားျခင္း
.....................................................................................................
ခႏၶာကိုယ္က ကာဗိုဟိုက္ဒရိတ္ကိုပထမဦးစားေပးစြမ္းအင္သုံးတာပါ။သူ႔ကို အလုံးစုံျဖတ္ခ်လိုက္ဖို့အဆင္မေျပပါဘူး။ သူ႔ရဲ့ ခႏၶာကိုယ္တြင္း လုပ္ငန္းလုပ္ေဆာင္ခ်က္ေတြက မ်ားစြာကိုရွိပါတယ္။
သူ႔ကိုလုံးဝျဖတ္ခ်လိုက္တဲ့ diet က keto diet မွာေတြ႕ရပါတယ္ ။ ဒါေပမယ့္ keto အေၾကာင္းေတာ့ မေျပာရဲပါဘူး ေၾကာက္လို့ပါ။😳
အဆီခ်ၿပီဆိုရင္ေတာ့ ကာဗိုဟိုက္ဒရိတ္ကရတဲ့ ကယ္လိုရီကို ဦးစားေပးၿပီးေလ်ာ့ရမွာအေသခ်ာျဖစ္ေပမယ့္
 ဘယ္ေလာက္ေလ်ာ့မလဲ ဘာကိုေရြးခ်ယ္စားရမလဲ ဆိုတာ ကၽြမ္းက်င္သူရဲ့အကူအညီကိုယူရပါတယ္။

 ကာဗိုဟိုက္ဒရိတ္လုံးဝမစားျခင္းရဲ့ဆိုးက်ိဳးမ်ားကို ယခင္ကတည္းက ပို့စ္တစ္ခုျဖင့္ ေရးသားထားၿပီးပါၿပီ ရွာဖတ္ပါ။

အသီးပဲစား၍ဝိတ္ခ်ျခင္း
...............................................
တစ္ခ်ိဳ့အသီးေတြမွာ ဖရက္တိုစ့္သၾကား ေပါမ်ားစြာပါဝင္ပါတယ္။
 အဲ့အသီးေတြကလဲ အမ်ားႀကီးဆိုေတာ့ list ေရးခ်မေနေတာ့ပဲ ကိုယ့္ဟာကိုယ္သာ google မွာရွာၾကည့္ပါ။
ဖရက္တို့စ္သၾကားဟာ မစားလဲဘာမွမျဖစ္ပါဘူး သူကိုခႏၶာကိုယ္ကစြမ္းအင္အျဖစ္အသုံးမျပဳနိုင္ပဲ စားသုံးလိုက္တာနဲ႔ အဆီဆဲလ္ေတြထဲ သြား၍ သိုမွီးပါတယ္။ ခႏၶာကိုယ္က အသုံးျပဳနိုင္တဲ့ သၾကားဟာ glucose ပဲျဖစ္ပါတယ္။
ၿပီးေတာ့ အခ်ိဳ့အသီးေတြဟာ GI ေရာ GL ေရာျမင့္မားစြာပါဝင္ေနေတာ့ ဝိတ္ခ်ခ်င္သူ တခါတေလ အသီးေလးဘာေလးစားခ်င္ရင္ google ကေန low gi fruits ဆိုၿပီးသာရွာစားပါ။
 gi နည္းေလ ေကာင္းေလေပါ့ က်ေနာ္ကေတာ့ ဝိတ္ခ်သူအသီးစားတာထက္ အရြက္ေတြအမ်ားႀကီးစားတာကိုပိုလို့အားေပးပါတယ္။

ေန႔ခင္းဘက္အိပ္ရင္ကယ္လိုရီတက္ျခင္း
..............................................................................
တစ္ခ်ိဳ့သူေတြကေမးၾကတယ္ေလရွုတာေတာင္ဝေနတာဆရာတဲ့ ေန႔ခင္းဘက္အိပ္ရင္ေရာဝလားတဲ့။
 ဆရာတေယာက္ကေျပာဖူးတယ္ေန႔ခင္းဘက္အိပ္ရင္ကယ္လိုရီတက္တယ္လို့ေျပာတယ္တဲ့။
က်ေနာ္လဲ နည္းနည္းေတာ့မ်က္လုံးျပဳးသြားတယ္ 😂
ေန႔ခင္းဘက္ခဏအိပ္တယ္ဆိုတာ ေကာင္းက်ိဳးအခ်ိဳ့ရွိပါတယ္။သင့္မွာအခ်ိန္ရွိတယ္ဆိုရင္ ခဏအိပ္ပါ အဆီမတက္ေစရပါဘူး က်ေနာ္အာမခံပါတယ္။

ကြာလတီေကာင္းေသာ အာဟာရမ်ားမမွီဝဲျခင္း
.........................................................................................
သင္ကယ္လိုရီကို အတိအက်ထိန္းခ်ဳပ္ေနၿပီ ကယ္လိုရီနည္းတာေတြကိုေရြးခ်ယ္စားသုံးေနၿပီ ဒါေပမယ့္ ခဏခဏဆာေနတယ္ ၿပီးေတာ့ ေလ့က်င့္ခန္းလုပ္ေနတဲ့သူဆိုရင္ ခႏၶာကိုယ္က ဝိတ္ေတြက်သြားေပမယ့္ က်စ္က်စ္လစ္လစ္ျဖစ္မလာဘူးဆိုရင္
 သင္စားတဲ့အာဟာရရဲ့ quality က မေကာင္းလို့ပါ အဆာခံၿပီး ခႏၶာကိုယ္အတြက္ အက်ိဳးရွိမယ့္အစားစာမ်ိဳးကိုသာမွီဝဲပါ က်န္းမာေရးေကာင္းျခင္းနဲ႔ လူမွုဘဝသာယာျခင္းေတြ အဆစ္ပါလာမွာပါ။

Detox မ်ား ပိန္ေဆးမ်ားသာတေနကုန္ေသာက္ျခင္း
....................................................................................................

တစ္ခ်ိဳ့ဆို အဲ့တာေတြပဲထိုင္ေသာက္ေနတာ
Detox ကေတာ့ အက်ိဳးအတန္အသင့္ရွိေပမယ့္ အဆီခ်တဲ့ေနရာမွာေတာ့မဟုတ္ဘူး။

ပိန္ေဆးေတြရဲ့ ေကာင္းက်ိဳးကေျပာမျပတက္ဘူး။

 အမွန္ကရွိကိုမရွိတာ  ပိန္ေဆးေတြကလူကို ဒုကၡေရာက္သြားေစတဲ့ ေစ်းေပါတဲ့အမ်ဳိးအစားရယ္။

 ေနာက္တစ္ခုကေစ်းႀကီးတယ္လူကိုေတာ့ ဒုကၡမေရာက္ဘူး vitamin ေလးေတြ collegen ေလးေတြအနည္းငယ္ပါမယ္
 ၿပီးရင္ တေနကုန္ ဘာမွမစားခိုင္းပဲသူ႔ကိုပဲထိုင္ေသာက္ၿပီးဝိတ္က်ေစတဲ့ အမ်ိဳးအစားရယ္ ဆိုၿပီး ႏွစ္ခုပဲရွိတယ္။

 အနည္းဆုံးေတာ့ပိန္ေဆးေတြရဲ့ဆိုးက်ိဳးက အာဟာရခ်ိဳ့တဲ့ၿပီး သတိလစ္တာ ဝမ္းေလၽွာတာ အသည္းေက်ာက္ကပ္ထိခိုက္တာ Hypoglecmia ႐ုတ္တရက္ဝင္လာတာ ကေန အသက္ေသဆုံးတာေတြထိျဖစ္နိုင္တယ္။

သင္ကိုယ္တိုင္က မေသာက္ရမေနနိုင္ ယုံၾကည္ေနတယ္ဆိုရင္ေတာ့ ေစ်းႀကီးတဲ့ brand ေလးေရြးေသာက္ သူတို့ကေတာ့ side effect နည္းတာေပါ့ အာဟာရေလးလဲ ျပည့္ဝေအာင္စားေပးေပါ့။

Cardioႏွင့္ HIIT exerciseမ်ားဦးစားေပး မ်ားျပားလြန္းျခင္း
............................................................................................................

ကခုန္ျခင္း ေျပးျခင္း အစရွိတဲ့ cardio exercise ႏွင့္ HIIT exercises ေတြကို ပထမဦးစားေပးအေနျဖင့္
 ေဆာ့ကစားေနတာက သင့္ရဲ့ body goal ကိုေရာက္ဖို့ပိုေဝးသြားေစတယ္။

ဝိတ္ကေတာ့ က်တဲ့သူက လႊတ္ကိုက်တာပါဝိတ္က်ျမန္တယ္ မ်ားတယ္ဆိုတာ ေကာင္းတဲ့ကိစၥမဟုတ္ပါ။

ခႏၶာကိုယ္က ပထမဦးစားေပးစြမ္းအင္အေနျဖင့္ က်ေနာ္တို့စားသုံးထားတဲ့ ကာဗိုဟိုက္ဒရိတ္ေတြကို glucose အျဖစ္ေျပာင္းလဲအသုံးျပဳတာျဖစ္တယ္။

 ပိုလၽွံတာကို ႂကြက္သားဆဲလ္ေတြ ႏွင့္အသည္းထဲမွာ ATP အျဖစ္သိမ္းဆည္းထားတယ္ အဲ့ထက္ပိုလၽွံတာကိုေတာ့ အဆီအျဖစ္သိုေလွာင္တာပါ။

သုေတသန ျပဳခ်က္ေတြအရ ႂကြက္သားေတြကိုHIIT exercise ျပင္အားေလာက္ျဖင့္ မရပ္မနားလွုပ္ရွားေနမယ္ဆိုရင္ ျပဳလုပ္သည့္ျပင္းအားအနိမ့္အျမင့္ေပၚမူတည္ၿပီး ပထမ စကၠန္႔့ေလးဆယ္ကေနႏွစ္မိနစ္အထိသာ ႂကြက္သားဆဲလ္ေတြထဲက ATP ေတြကိုထုတ္ယူသုံးဆြဲေနတာပါ။

ဒိထက္ပိုၿပီး မရပ္မနားလွုပ္ရွားေနမယ္ဆိုရင္ ႏွစ္မိနစ္ေနာက္ပိုင္းမွာ သင့္ရဲ့ အဆီဆဲလ္ေတြကိုေရာ* ႂကြက္သားအမၽွင္*
 ေတြကိုပါ အသုံးျပဳၿပီး ခႏၶာကိုယ္က စြမ္းအင္ထုတ္လုပ္ေနမွာျဖစ္ပါတယ္။

 ႂကြက္သားအမၽွင္ေတြေလာင္ကၽြမ္းတယ္ဆိုတာ ေကာင္းတဲ့ကိစၥလုံးဝမဟုတ္ပါဘူး ႂကြက္သားဆဲလ္ATP ေတြေလ်ာ့နည္းကုန္တဲ့အတြက္ ဆဲလ္ေတြရဲ့ ကယ္လိုရီေလာင္ကၽြမ္းအသုံးျပဳႏွုန္းေတြေလ်ာ့က်ၿပီး သင့္ခႏၶာကိုယ္ဇီဝျဖစ္စဥ္ကိုေႏွးေကြးသြားေတယ္။

ဒါ့ေၾကာင့္ ပထမဦးစြာ resistance training ေတြအသုံးျပဳၿပီး ႂကြက္သားဆဲလ္ ATP အတြင္းမွာ သိုမွီးထားတဲ့ glucose မ်ားကို အသုံးျပဳပါ ၿပီးမွ HIIT exercise မ်ားကို သင့္ေတာ္သလိုခ်ိန္ညႇိၿပီးကစား၍ေသာ္လည္းေကာင္း cardio exercise မ်ားကို ျပင္းအားနည္းနည္းျဖင့္ အခ်ိန္ၾကာၾကာကစား၍ေသာ္လည္းေကာင္း ေဆာ့ကစားပါ။

အားလုံးပဲက်န္းမာလွပပါေစ
#Credit

#swehlaingwin#avrilshine
#mftatrainer
#fitnessnutritionspecalist
#healthfitnessconnections

Wednesday, July 15, 2020

ပန်းချီကားကို မြတ်နိုးတတ်လာပြီဆိုရင်

ပန်းချီကားကို မြတ်နိုးတတ်လာပြီဆိုရင်
----------------------------


ပန်းချီဆရာတစ်ချို့က ပန်းချီကားကို အတွေးနဲ့ရေးကြပါတယ်၊ တစ်ချို့က ပညာနဲ့ရေးတယ်၊ တစ်ချို့က သမ္ဘာနဲ့ရေးကြတယ်။

ပန်းချီချစ်မြတ်နိုးသူများကလည်း ပန်းချီကားများကို ရတနာတစ်ခုလို ရင်းနှီးမြှပ်နှံဖို့ ဝယ်ယူစုဆောင်းကြပါတယ်၊ တစ်ချို့က ရင်ထဲမှာငြိသွားလို့ဝယ်တယ်၊ တစ်ချို့က အမှတ်တရအနေနဲ့ဝယ်ကြတယ်။

ပတ္တမြားတွေမှာ အရည်အသွေးအမျိုးမျိုးရှိသလို၊ ရေမွှေးမှာ အဆင့်အတန်းအမျိုးမျိုးရှိသလို၊ ပန်းချီကားမှာလည်း တန်ဖိုးအမျိုးမျိုးရှိပါတယ်။

❤ နောင်တစ်ချိန်မှာ သေချာပေါက်တန်ဖိုးတက်မယ့် ဂန္တဝင်တွင်မယ့်အလားအလာရှိသော ပန်းချီကား၊
❤ နာမည်ကျော်နေသောပန်းချီကား၊
❤ အနုပညာမြောက်နေသော ပန်းချီကား၊
❤ လက်ရာသိပ်ကောင်းတဲ့ ပန်းချီကား၊
❤ နာမည်ကြီးပန်းချီအနုပညာရှင်၏ ပန်းချီကား၊
❤ အမှတ်တရလက်ဆောင်ဖြစ်တဲ့ပန်းချီကား၊
❤ နာမည်ကြီးပန်းချီကားကို ပုံစံတူကူးရေးထားသောပန်းချီကား... စသည်ဖြင့်

တန်ဖိုးကြီးသောအရာဆိုသည်မှာ ရှားပါးလွန်းတဲ့အရာမျိုးပါ။
အတုမရှိ အတူမရှိနိုင်တဲ့အရာမျိုးကို ပိုင်ဆိုင်ရခြင်းအတွက် နေ့တိုင်းတစ်သိမ့်သိမ့် ဂုဏ်ယူကျေနပ်နိုင်နေတဲ့သူ၊ တစ်စိမ့်စိမ့်ကြည့်တိုင်း နောင်တကင်းလျှက် ကြည်နူးနေချင်သူဟာလည်း ကမ္ဘာမှာအများကြီးမရှိပါဘူး။
လူကုံထံတွေဟာ သူတို့ရင်းနှီးမြှုပ်နှံစုဆောင်းထားကြတဲ့ ပန်းချီကားများအတွက် အမြဲတမ်းဂုဏ်ယူတတ်ကြပါတယ်။

ပန်းချီအနုပညာဖြစ်သော ပန်းချီကားများကိုဝယ်ယူစုဆောင်းလိုပါက

⭐ ကမ္ဘာပေါ် မှာတစ်ကားတည်းသာရှိသော နာမည်ကျော်ပန်းချီကားလို့ ယုံကြည်ရရင် ဝယ်ယူစုဆောင်းပါ။
( နာမည်ကျော်ပန်းချီကားများမှာ အတုတွေရှိပါတယ်။ အတုဟာ အစစ်လိုတန်ဖိုးကြီးကြီးမပေးရပါဘူး။ အတုဟာ အတုပါပဲ။ အတုဂုဏ်ယူနိုင်ခြင်း၊ ပြည့်ဝစွာကျေနပ်နိုင်ခွင့်မရခြင်း၊ ဝံ့ကြွားစွာ ထုတ်ဖော်မရဲခြင်း စတဲ့ခံစားချက်တွေကို ရတတ်ပါတယ်။ )

⭐ အနုပညာလက်ရာသိပ်ကောင်းတဲ့ ပန်းချီကားမျိုးကို ဝယ်ယူစုဆောင်းပါ။
( ပန်းချီအနုပညာရဲ့ နက်ရှိုင်းမှုကိုတော့ ကြည့်တတ် ခံစားတတ်ဖို့ လိုပါတယ်။ ပန်းချီကား ကြည့်တတ်၊ ခံစားတတ်တဲ့ ပညာရှင်တစ်ချို့ရဲ့ ထောက်ခံချက်၊ မှတ်ချက်တွေကိုလည်း မေးမြန်း နားစွင့်နိုင်ပါတယ်။
လက်ရာသိပ်ကောင်းတဲ့ပန်းချီကားဆိုတာ ပန်းချီပညာသင်ယူသူတိုင်း မဖန်တီးနိုင်ပါဘူး။
ပန်းချီ ပညာ၊ သမ္ဘာ၊ မှော်၊ ပါရမီ ရင့်သန်သူဟာ လောကမှာ အများကြီးမရှိလို့ အလွန်လက်ရာမြောက်တဲ့အနုပညာပစ္စည်းကို ပိုင်ဆိုင်ခွင့်ရခြင်းအတွက် အမြဲတမ်းစိတ်ချမ်းသာ ဂုဏ်ယူနိုင်သလို တစ်ချိန်မှာ သေချာပေါက်တန်ဖိုးတက်သွားမယ့် ရင်းနှီးမြှုပ်နှံခြင်းပါ။ )


⭐ ရင်ထဲမှာ ထိထိရှရှခံစားရတဲ့ပန်းချီကားမျိုးကို ဝယ်ယူစုဆောင်းပါ။
( ဘယ်တော့မှ နောင်တမရနိုင်သလို ပန်းချီကားကြောင့် ဘဝအတွက် ကောင်းတဲ့ အတွေးအမြင်သစ်တွေ၊ နည်းလမ်းတွေ၊ စိတ်ကူးစိတ်သန်း၊ စိတ်နေစိတ်ထားတွေကို ရစေပါတယ်။ အဲ့ဒီလိုပန်းချီကားမျိုးကို အိမ်မှာ၊ ရုံးခန်းထဲမှာ ချိတ်ဆွဲထားနိုင်ပါတယ်။ )

⭐ နာမည်ကြီးပန်းချီဆရာရေးတဲ့ ပန်းချီကားအစစ်ကို ဝယ်ယူစုဆောင်းပါ။
( မိမိဟာ ဘယ်လိုပြည့်ဝ၊ ခမ်းနားစွာနေထိုင်ကြောင်း၊ မိမိစိတ်နေသဘောထားဟာ ဘယ်လောက်ကြီးမြင့်တယ်ဆိုတဲ့အကြောင်း နဲ့ လောကမှာ မိမိရပ်တည်နေတဲ့အဆင့်အတန်းကို သင့်ရဲ့ မိတ်ဆွေများ၊ ဧည့်သည်များကို ပန်းချီကားက ပြောပြပေးနေပါလိမ့်မယ်။ )

⭐ အမှတ်တရလက်ဆောင်ပေးဖို့ ကြိုက်နှစ်သက်တဲ့ ပန်းချီကားကို ဝယ်ယူပါ။
( ပန်းချီကားကို လက်ဆောင်ပေးခြင်းဆိုတဲ့အဓိပ္ပါယ်ဟာ သူ့ကို တန်ဖိုးထားကြောင်း၊ လေးလေးနက်နက် ခင်မင်ကြောင်း ပြသခြင်းမည်ပါတယ်။ လက်ခံရရှိသူက မိမိကို အမြဲအမှတ်ရနေစေပါတယ်။ တစ်ခြားသူများထက် မှတ်မှတ်သားသားပိုရှိသွားပြီး ပိုပြီးအရေးပေးခံရမယ့်အခွင့်အရေးကို ဖြစ်ပေါ်စေပါတယ်။ )

ဒါတွေကို သတိပြုပါ
➡ နာမည်ကြီးပန်းချီဆရာ၏ လက်မှတ်ကို တုထိုးထားသောပန်းချီကား။
➡ နိုင်ငံခြား သို့မဟုတ် ပြည်တွင်းက ပန်းချီကားများကို ကူးရေးပြီး လက်မှတ်ထိုးထားသောပန်းချီကား။
➡ ပန်းချီကား ပုံသဏ္ဍာန်၊ အရောင်၊ ဖွဲ့စည်းပုံတစ်ခုထဲကို အထပ်ထပ်အခါခါ ပုံစံတူအများကြီးထုတ်လုပ်ထားသောပန်းချီကား။

Artissmile Art House
YOUR SMILE = YOUR SATISFACTION = OUR GOAL

(Zawgyi) 

ပန္းခ်ီကားကို ျမတ္နိုးတတ္လာၿပီဆိုရင္
----------------------------


ပန္းခ်ီဆရာတစ္ခ်ိဳ့က ပန္းခ်ီကားကို အေတြးနဲ႔ေရးၾကပါတယ္၊ တစ္ခ်ိဳ့က ပညာနဲ႔ေရးတယ္၊ တစ္ခ်ိဳ့က သမၻာနဲ႔ေရးၾကတယ္။

ပန္းခ်ီခ်စ္ျမတ္နိုးသူမ်ားကလည္း ပန္းခ်ီကားမ်ားကို ရတနာတစ္ခုလို ရင္းႏွီးျမႇပ္ႏွံဖို့ ဝယ္ယူစုေဆာင္းၾကပါတယ္၊ တစ္ခ်ိဳ့က ရင္ထဲမွာၿငိသြားလို့ဝယ္တယ္၊ တစ္ခ်ိဳ့က အမွတ္တရအေနနဲ႔ဝယ္ၾကတယ္။

ပတၱျမားေတြမွာ အရည္အေသြးအမ်ိဳးမ်ိဳးရွိသလို၊ ေရေမႊးမွာ အဆင့္အတန္းအမ်ိဳးမ်ိဳးရွိသလို၊ ပန္းခ်ီကားမွာလည္း တန္ဖိုးအမ်ိဳးမ်ိဳးရွိပါတယ္။

❤ ေနာင္တစ္ခ်ိန္မွာ ေသခ်ာေပါက္တန္ဖိုးတက္မယ့္ ဂႏၲဝင္တြင္မယ့္အလားအလာရွိေသာ ပန္းခ်ီကား၊
❤ နာမည္ေက်ာ္ေနေသာပန္းခ်ီကား၊
❤ အႏုပညာေျမာက္ေနေသာ ပန္းခ်ီကား၊
❤ လက္ရာသိပ္ေကာင္းတဲ့ ပန္းခ်ီကား၊
❤ နာမည္ႀကီးပန္းခ်ီအႏုပညာရွင္၏ ပန္းခ်ီကား၊
❤ အမွတ္တရလက္ေဆာင္ျဖစ္တဲ့ပန္းခ်ီကား၊
❤ နာမည္ႀကီးပန္းခ်ီကားကို ပုံစံတူကူးေရးထားေသာပန္းခ်ီကား... စသည္ျဖင့္

တန္ဖိုးႀကီးေသာအရာဆိုသည္မွာ ရွားပါးလြန္းတဲ့အရာမ်ိဳးပါ။
အတုမရွိ အတူမရွိနိုင္တဲ့အရာမ်ိဳးကို ပိုင္ဆိုင္ရျခင္းအတြက္ ေန႔တိုင္းတစ္သိမ့္သိမ့္ ဂုဏ္ယူေက်နပ္နိုင္ေနတဲ့သူ၊ တစ္စိမ့္စိမ့္ၾကည့္တိုင္း ေနာင္တကင္းလၽွက္ ၾကည္ႏူးေနခ်င္သူဟာလည္း ကမၻာမွာအမ်ားႀကီးမရွိပါဘူး။
လူကုံထံေတြဟာ သူတို့ရင္းႏွီးျမႇုပ္ႏွံစုေဆာင္းထားၾကတဲ့ ပန္းခ်ီကားမ်ားအတြက္ အျမဲတမ္းဂုဏ္ယူတတ္ၾကပါတယ္။

ပန္းခ်ီအႏုပညာျဖစ္ေသာ ပန္းခ်ီကားမ်ားကိုဝယ္ယူစုေဆာင္းလိုပါက

⭐ ကမၻာေပၚ မွာတစ္ကားတည္းသာရွိေသာ နာမည္ေက်ာ္ပန္းခ်ီကားလို့ ယုံၾကည္ရရင္ ဝယ္ယူစုေဆာင္းပါ။
( နာမည္ေက်ာ္ပန္းခ်ီကားမ်ားမွာ အတုေတြရွိပါတယ္။ အတုဟာ အစစ္လိုတန္ဖိုးႀကီးႀကီးမေပးရပါဘူး။ အတုဟာ အတုပါပဲ။ အတုဂုဏ္ယူနိုင္ျခင္း၊ ျပည့္ဝစြာေက်နပ္နိုင္ခြင့္မရျခင္း၊ ဝံ့ႂကြားစြာ ထုတ္ေဖာ္မရဲျခင္း စတဲ့ခံစားခ်က္ေတြကို ရတတ္ပါတယ္။ )

⭐ အႏုပညာလက္ရာသိပ္ေကာင္းတဲ့ ပန္းခ်ီကားမ်ိဳးကို ဝယ္ယူစုေဆာင္းပါ။
( ပန္းခ်ီအႏုပညာရဲ့ နက္ရွိုင္းမွုကိုေတာ့ ၾကည့္တတ္ ခံစားတတ္ဖို့ လိုပါတယ္။ ပန္းခ်ီကား ၾကည့္တတ္၊ ခံစားတတ္တဲ့ ပညာရွင္တစ္ခ်ိဳ့ရဲ့ ေထာက္ခံခ်က္၊ မွတ္ခ်က္ေတြကိုလည္း ေမးျမန္း နားစြင့္နိုင္ပါတယ္။
လက္ရာသိပ္ေကာင္းတဲ့ပန္းခ်ီကားဆိုတာ ပန္းခ်ီပညာသင္ယူသူတိုင္း မဖန္တီးနိုင္ပါဘူး။
ပန္းခ်ီ ပညာ၊ သမၻာ၊ ေမွာ္၊ ပါရမီ ရင့္သန္သူဟာ ေလာကမွာ အမ်ားႀကီးမရွိလို့ အလြန္လက္ရာေျမာက္တဲ့အႏုပညာပစၥည္းကို ပိုင္ဆိုင္ခြင့္ရျခင္းအတြက္ အျမဲတမ္းစိတ္ခ်မ္းသာ ဂုဏ္ယူနိုင္သလို တစ္ခ်ိန္မွာ ေသခ်ာေပါက္တန္ဖိုးတက္သြားမယ့္ ရင္းႏွီးျမႇုပ္ႏွံျခင္းပါ။ )

⭐ ရင္ထဲမွာ ထိထိရွရွခံစားရတဲ့ပန္းခ်ီကားမ်ိဳးကို ဝယ္ယူစုေဆာင္းပါ။
( ဘယ္ေတာ့မွ ေနာင္တမရနိုင္သလို ပန္းခ်ီကားေၾကာင့္ ဘဝအတြက္ ေကာင္းတဲ့ အေတြးအျမင္သစ္ေတြ၊ နည္းလမ္းေတြ၊ စိတ္ကူးစိတ္သန္း၊ စိတ္ေနစိတ္ထားေတြကို ရေစပါတယ္။ အဲ့ဒီလိုပန္းခ်ီကားမ်ိဳးကို အိမ္မွာ၊ ႐ုံးခန္းထဲမွာ ခ်ိတ္ဆြဲထားနိုင္ပါတယ္။ )

⭐ နာမည္ႀကီးပန္းခ်ီဆရာေရးတဲ့ ပန္းခ်ီကားအစစ္ကို ဝယ္ယူစုေဆာင္းပါ။
( မိမိဟာ ဘယ္လိုျပည့္ဝ၊ ခမ္းနားစြာေနထိုင္ေၾကာင္း၊ မိမိစိတ္ေနသေဘာထားဟာ ဘယ္ေလာက္ႀကီးျမင့္တယ္ဆိုတဲ့အေၾကာင္း နဲ႔ ေလာကမွာ မိမိရပ္တည္ေနတဲ့အဆင့္အတန္းကို သင့္ရဲ့ မိတ္ေဆြမ်ား၊ ဧည့္သည္မ်ားကို ပန္းခ်ီကားက ေျပာျပေပးေနပါလိမ့္မယ္။ )

⭐ အမွတ္တရလက္ေဆာင္ေပးဖို့ ႀကိဳက္ႏွစ္သက္တဲ့ ပန္းခ်ီကားကို ဝယ္ယူပါ။
( ပန္းခ်ီကားကို လက္ေဆာင္ေပးျခင္းဆိုတဲ့အဓိပၸါယ္ဟာ သူ႔ကို တန္ဖိုးထားေၾကာင္း၊ ေလးေလးနက္နက္ ခင္မင္ေၾကာင္း ျပသျခင္းမည္ပါတယ္။ လက္ခံရရွိသူက မိမိကို အျမဲအမွတ္ရေနေစပါတယ္။ တစ္ျခားသူမ်ားထက္ မွတ္မွတ္သားသားပိုရွိသြားၿပီး ပိုၿပီးအေရးေပးခံရမယ့္အခြင့္အေရးကို ျဖစ္ေပၚေစပါတယ္။ )


ဒါေတြကို သတိျပဳပါ
➡ နာမည္ႀကီးပန္းခ်ီဆရာ၏ လက္မွတ္ကို တုထိုးထားေသာပန္းခ်ီကား။
➡ နိုင္ငံျခား သို့မဟုတ္ ျပည္တြင္းက ပန္းခ်ီကားမ်ားကို ကူးေရးၿပီး လက္မွတ္ထိုးထားေသာပန္းခ်ီကား။
➡ ပန္းခ်ီကား ပုံသ႑ာန္၊ အေရာင္၊ ဖြဲ႕စည္းပုံတစ္ခုထဲကို အထပ္ထပ္အခါခါ ပုံစံတူအမ်ားႀကီးထုတ္လုပ္ထားေသာပန္းခ်ီကား။

Artissmile Art House
YOUR SMILE = YOUR SATISFACTION = OUR GOAL