Monday, September 10, 2018

SLE (ခေါ်) အရေပြားလေးဖက်နာ


..................................................................

MWD : ဆရာရှင့်..ဒီကနေ့ ကျွန်မတို့ပတ်ဝန်းကျင်မှာ မကြာခဏဆိုသလို တွေ့မြင်လာနေရတဲ့အပြင် မြဝတီရုပ်မြင်သံကြားပရိသတ်တွေထဲမှာ မေးမြန်းတင်ဆက်ပေးဖို့ မကြာခဏတောင်းဆိုနေတဲ့ အရေပြားလေးဖက်နာ ရောဂါအကြောင်းကို မေးမြန်းဆွေးနွေးချင်ပါတယ်ဆရာ..ပထမဆုံးအနေနဲ့ အရေပြား လေးဖက်နာဆိုတာ ဘယ်လိုရောဂါမျိုးကိုခေါ်တာပါလဲဆရာ..

Dr. KML : အရေပြားလေးဖက်နာလို့ မြန်မာလိုသိတဲ့ အရေပြားတွေရောင်ရမ်းတဲ့ ရောဂါကို ဆေးပညာအရ SLE (Systemic Lupus Erythematosus) လို့ ခေါ်ပါတယ်..လူးပတ်စ် (Lupus) လို့လည်းအတိုကောက်ခေါ်လေ့ရှိပါတယ်.. သူဟာ နာတာရှည်ရောင်ရမ်းခြင်းကိုဖြစ်စေတဲ့ အော်တိုအင်မြူးရောဂါ (Chronic autoimmune disease) တွေထဲက တစ်ခုဖြစ်ပါတယ်.. အဓိကအနေနဲ့ အရေပြားနဲ့ အဆစ်အမျက်တွေကို ရောင်ရမ်းစေပါတယ်.. ဒါကတော့ အပြင်ပိုင်းအနေနဲ့ သိသိသာသာတွေ့မြင်ရပါတယ်..ဒါပေမယ့် ဒီရောဂါဟာ အရေပြားနဲ့အဆစ်အမျက်တွေသာ ရောင်တာမဟုတ်ဘဲ ခန္ဓာကိုယ်အတွင်းပိုင်းမှာရှိတဲ့ အစိတ်အပိုင်းတွေကိုပါ ရောင်ရမ်းစေပါတယ်.. ဥပမာ ကျောက်ကပ်ရောင်ခြင်း (Nephritis)၊ နှလုံးအမြှေးပါးရောင်ခြင်း (Pericarditis) နဲ့ အဆုပ်အမြှေးပါးရောင်ခြင်း (Pleuritis) တို့ကိုပါ ဖြစ်စေနိုင်ပါတယ်..

MWD : ခုနကဆရာပြောသွားတဲ့အထဲမှာ အော်တိုအင်မြူးရောဂါလို့ ပါသွားပါတယ်..အဲ့ဒါနဲ့ပတ်သက်လို့ နည်းနည်းရှင်းပြပေးပါ..

Dr. KML : ဆရာတို့ခန္ဓာကိုယ်မှာ ခုခံအားစနစ်ဆိုတာရှိပါတယ်.. ဒါကို Immune system လို့ ခေါ်ပါတယ်..ဒီလိုမျိုးရှိတဲ့အတွက် ပြင်ပကရောဂါပိုးမွှားတွေ အလွယ်တကူမဝင်ရောက်နိုင်အောင် ကာကွယ်ပေးလို့ ခန္ဓာကိုယ်ကြီးဟာ ကျန်းမာသန်စွမ်းနေတာဖြစ်ပါတယ်.. ဥပမာ ပြင်ပက ရောဂါပိုးတစ်မျိုးဝင်လာခဲ့ရင် အဲ့ဒီရောဂါပိုးကို တိုက်ဖျက်နိုင်တဲ့ အင်တီဘော်ဒီဆိုပြီး ထွက်လာပါတယ်.. အဲ့ဒီအင်တီဘော်ဒီတွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် ခုနကဝင်လာတဲ့ ရောဂါပိုးဟာ သေဆုံးသွားပါတယ်..လူဟာလဲ ရောဂါပိုးရဲ့ တိုက်ခိုက်ဖျက်ဆီးမှုဒဏ်ကနေ လွတ်ကင်းပြီး ကျန်းမာစွာ ဆက်လက်နေထိုင်နိုင်ပါတယ်..အော်တိုအင်တီဘော်ဒီဆိုတာကတော့ ခုနကမိမိခန္ဓာကိုယ်ကနေထုတ်လုပ်လိုက်တဲ့ အင်တီဘော်ဒီတွေဟာ အပြင်ကဝင်လာတဲ့ရောဂါပိုးတွေကို တိုက်ဖျက်မယ့်အစား မိမိရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တိုက်ခိုက်ဖျက်ဆီးပါတယ်.. ဥပမာ အရေပြားကိုတိုက်ခိုက်ရင် အရေပြားလေးဖက်နာပေါ့.. ပြီးတော့ အဆစ်အမျက်တွေကိုတိုက်နိုင်တယ်..ခန္ဓာကိုယ်ရဲ့ သူတိုက်နိုင်တဲ့နေရာပေါ်မူတည်ပြီးတော့ရယ်၊ ထွက်တဲ့အင်တီဘော်ဒီ အမျိုးအစားပေါ်မူတည်ပြီး ရောဂါတွေလည်းကွဲပြားသွားပါတယ်.. အားလုံးကိုခြုံပြီး အော်တိုအင်မြူးရောဂါများလို့ ခေါ်ပါတယ်..အဲ့ဒီထဲမှာ ဘာတွေပါသလဲဆိုရင် ဒီကနေ့ဆွေးနွေးနေတဲ့ အရေပြားလေးဖက်နာရောဂါ (SLE)၊ သွေးလေးဖက်နာရောဂါ (Rheumatoid Arthritis)၊ ဆီးချိုရောဂါ အမှတ်-၁ (Type 1 Diabetes) နဲ့ လည်ပင်းအကျိတ်ရောင် ဂရေ့စ်ရောဂါ (Grave's disease) တို့ ပါဝင်ပါတယ်..

MWD : ရှင်းပါပြီဆရာ..ဒါဆိုရင် ဒီ SLE အရေပြားလေးဖက်နာရောဂါကရော ဘာကြောင့်ဖြစ်တာပါလဲဆရာ..

Dr. KML : SLE ဆိုတဲ့ရောဂါဟာ အကြောင်းအရာတစ်ခုတည်းကြောင့် ဖြစ်ရတာမဟုတ်ဘဲ အကြောင်းအရာအများစုပေါင်းဆုံပြီးတော့ ဖြစ်လာရတဲ့ရောဂါတစ်ခုဖြစ်ပါတယ်..အဓိကအကြောင်းအရာ (၄) ခု ရှိပါတယ်.. အဲ့ဒါတွေကတော့
(က) မျိုးဗီဇ (Genetic)
(ခ) ပတ်ဝန်းကျင် (Environmental)
(ဂ) ခုခံအားစနစ် (Immunological)
(ဃ) ဟိုမုန်း (Hormone) တို့ဖြစ်ပါတယ်..

(က) မျိုးဗီဇနဲ့ပတ်သက်လို့ပြောရရင် SLE ဟာ မျိုးဗီဇချို့ယွင်းမှုနဲ့ ပတ်သက်တဲ့အကြောင်း အခုနောက်ပိုင်းမှာ ပိုပြီးသိလာပါတယ်.. တခြားမျိုးဗီဇရောဂါတွေလို တိတိကျကျစွပ်စွဲလို့မရပေမယ့် SLE ရောဂါ ဖြစ်နေသူရဲ့ ၃၀% မှာ မျိုးဗီဇချို့ယွင်းမှုတွေ တွေ့ရှိရပါတယ်..ဥပမာ အမြွှာညီအစ်မတွေမှာ တစ်ယောက်က SLE ဖြစ်ရင် နောက်တစ်ယောက်လည်း SLE ဖြစ်လေ့ရှိတာတွေ့ရပါတယ်..တခြားမျိုးဗီဇဆိုင်ရာ အချက်အလက်တွေ အရလည်း မျိုးဗီဇနဲ့ပတ်သက်မှုရှိနေကြောင်း တွေ့ရပါတယ်..

(ခ) ဒုတိယအချက်ဖြစ်တဲ့ ပတ်ဝန်းကျင်ကြောင့်ဖြစ်ရတာက ၇၀% လောက် ရှိပါတယ်..ပတ်ဝန်းကျင်ဆိုရာမှာ လေထုညစ်ညမ်းမှုကြောင့်၊ ရောဂါပိုးတွေ ဝင်ရောက်မှုကြောင့်၊ ခရမ်းလွန်ရောင်ခြည်နဲ့ ထိတွေ့မှုကြောင့်၊ စားသောက်တဲ့ အစားအစာတွေ၊ ဆေးဝါးတွေကြောင့်ဆိုပြီး ဖြစ်နိုင်တဲ့အကြောင်းတွေရှိပါတယ်..

(ဂ) ခုခံအားစနစ်ချို့ယွင်းမှုနဲ့လည်း ဆက်စပ်မှုရှိပါတယ်..အဓိကအနေနဲ့ အော်တိုအင်တီဘော်ဒီတွေ ထုတ်လုပ်မှုကြောင့် ဖြစ်ရတာဆိုတော့ ခုခံအားစနစ်ဖောက်ပြန်ခြင်းဟာလည်း လွန်စွာအရေးပါလှပါတယ်..

(ဃ) ဟိုမုန်းအနေနဲ့ပြောရရင် မဟိုမုန်းဖြစ်တဲ့ အီစထိုဂျင် (Estrogen) နဲ့ ဆက်စပ်မှုရှိကြောင်း တွေ့ရပါတယ်..ဘာဖြစ်လို့လည်းဆိုတော့ SLE ဟာ အမျိုးသမီးနဲ့ အမျိုးသားဖြစ်ပွားမှုနှုန်းနှိုင်းယှဉ်ရင် အမျိုးသမီးတွေမှာ ၁၀ ဆ လောက် ပိုဖြစ်တာတွေ့ရပါတယ်..ဆိုလိုတာက အမျိုးသားလူနာ ၁ ယောက်ဆိုရင် အမျိုးသမီးလူနာက ၁၀ ယောက်ရှိပါတယ်..အမျိုးသမီးထုထဲမှာ ကိုယ်၌က ကိုယ်ဝန်ဆောင်တဲ့အချိန်နဲ့ ရာသီသွေးပေါ်တဲ့အချိန်တွေမှာ SLE ရောဂါဟာ ပိုပြီးကြွလာပါတယ်.. (Flare လို့ ခေါ်ပါတယ်) ဒါကြောင့် မဟိုမုန်း အီစထိုဂျင်ဟာလည်း အဓိကအခန်းကဏ္ဍကနေ ပါဝင်နေကြောင်းတွေ့ရပါတယ်..

ခြုံပြီးပြောရရင် SLE ဖြစ်ရတဲ့အကြောင်းရင်းဟာ အကြောင်းအရာ တစ်ခုတည်းကြောင့်မဟုတ်ဘဲ ခုနကပြောပြခဲ့တဲ့ အချက် (၄) ချက်တို့ ပေါင်းစုံပြီး ဖြစ်ပွားရခြင်းဖြစ်ပါတယ်..



MWD : လူတစ်ယောက်မှာ SLE ရောဂါ ရှိ/မရှိ ဘယ်လိုသိနိုင်ပါသလဲဆရာ..

Dr. KML : အဓိကအနေနဲ့ (၂) ပိုင်း ပါဝင်ပါတယ်..ပထမပိုင်းကတော့ ရောဂါလက္ခဏာတွေဖြစ်ပြီး ဒုတိယပိုင်းအနေနဲ့ ဓာတ်ခွဲခန်းမှာ သေချာအောင်စမ်းသပ်ခြင်းတို့ပဲဖြစ်ပါတယ်..ပထမပိုင်းဖြစ်တဲ့ ရောဂါလက္ခဏာအနေနဲ့ အရေပြားလေးဖက်နာလို့ဆိုတဲ့အတိုင်း အရေပြားပေါ်မှာ အနီရောင်အကွက်တွေ ဖြစ်လာလေ့ရှိပါတယ်.. မျက်နှာပေါ်မှာ butterfly rash လို့ ခေါ်တဲ့ ပါးနှစ်ဖက်နဲ့နှာတံပေါ်မှာ အနီရောင်အကွက်တွေဖြစ်ရင် SLE လို့ ပြောနိုင်ပါတယ်..ခန္ဓာကိုယ်ရဲ့ အခြားနေရာတွေမှာလည်းဖြစ်နိုင်ပါတယ်..အထူးသဖြင့် နေရောင်ခြည်နဲ့ ထိတွေ့ပြီးတဲ့အခါ ပိုဆိုးလေ့ရှိပါတယ်..ခေါင်းမှာဖြစ်ရင် ဆံပင်တွေ ကြွပ်လေ့ရှိတာတွေ့ရပါတယ်..နောက်အဆစ်အမျက်တွေ နာကျင်ကိုက်ခဲတာ၊ ရောင်ရမ်းတာတွေဖြစ်ပါတယ်..ဒီလိုမျိုးဖြစ်တာဟာ အမြဲတမ်းတော့ ဆိုးနေတာ မဟုတ်ပါဘူး..ရောဂါဆိုးလာတဲ့အချိန် (SLE flare) ရှိသလို သက်သာနေတဲ့အချိန် (Remission) လည်း ရှိပါတယ်..အဲ့ဒီလိုဖြစ်လိုက် သက်သာလိုက်နဲ့ တရှောင်ရှောင်ဖြစ်လာလို့ ခန္ဓာကိုယ်အလေးချိန် တဖြည်းဖြည်းကျလာပါတယ်..တစ်ခါတလေ အနီကွက်တွေထွက်တာ များရင် ကိုယ်အပူချိန်ပါတက်လာလေ့ရှိပါတယ်..မလှုပ်ချင်မရှားချင်ဖြစ်ပြီး အားမရှိသလို နုံးချိမှုတွေခံစားရလေ့ရှိပါတယ်..ဒီ့ထက်ပိုပြီးဆိုးလာရင်တော့ လက်ထိပ်ကိုသွားတဲ့သွေးကြောလေးတွေ ရောင်ရမ်းပိတ်ဆို့တာမျိုးတွေ ဖြစ်ပြီး လက်ထိပ်ကိုသွေးမလျှောက်တော့တာတွေ ဖြစ်တတ်ပါတယ်.. (Raynaud's syndrome) ဒီလိုနဲ့ကြာလာရင် ကျောက်ကပ်တွေ ထိခိုက်ပျက်စီးလာတာတို့၊ နှလုံးနဲ့ အဆုပ်တွေ ထိခိုက်တာတို့ ဖြစ်တတ်ပါတယ်..ဒုတိယပိုင်းအနေနဲ့ သေချာအောင် သွေးစစ်၊ ဆီးစစ်လုပ်ဖို့လိုပါတယ်..အထူးသဖြင့် သွေးစစ်တဲ့အခါမှာ သွေးထဲမှာ autoantibody တွေ တွေ့ရရင် SLE လို့ ပြောနိုင်ပါတယ်.. ဥပမာ ANA (Anti-nuclear antibody) test တို့၊ Anti-dsDNA တို့ လုပ်ရပါတယ်..

MWD : SLE ဖြစ်ရင် ဘယ်လိုမျိုးကုသရပါသလဲဆရာ..

Dr. KML : ဒီနေရာမှာ (၃) ပိုင်း ခွဲပြောချင်ပါတယ်..
(က) အနေအထိုင်အစားအသောက်ပုံစံပြုပြင်ခြင်း (Lifestyle modifications)
(ခ) အနောက်တိုင်းဆေးဝါးများဖြင့်ကုသခြင်း (Drug treatment)
(ဂ) သဘာဝဆေးဝါးများဖြင့်ကုသခြင်း (Natural medicine) တို့ဖြစ်ပါတယ်..

MWD : SLE ဖြစ်တဲ့သူတွေအနေနဲ့ ဘယ်လိုမျိုးနေထိုင်စားသောက်သင့်တယ် ဆိုတာလည်း သိပါရစေ..

Dr. KML : အနေအထိုင်အစားအသောက်မှန်ကန်ဖို့ အလွန်အရေးကြီးပါတယ်.. အနေအထိုင်အစားအသောက်ကို မှန်ကန်အောင်ပြုလုပ်နိုင်ရင်၊ ရှောင်သင့်တာကိုရှောင်ပြီး လုပ်သင့်တာကိုလုပ်ရင် SLE လူနာတွေဟာ ရောဂါပိုဆိုးမလာဘဲ သက်တောင့်သက်သာနဲ့ တစ်သက်လုံးသက်တမ်းစေ့ နေသွားလို့ရပါတယ်..အားလုံးသိတဲ့အတိုင်း SLE ကို အမြစ်ပြတ်ကုသနိုင်တဲ့ ဆေးဝါးအနေနဲ့ မပေါ်သေးတဲ့အတွက် အနေအထိုင်အစားအသောက်ကို ဂရုပြုဖို့ပိုပြီးအရေးကြီးပါတယ်..

(၁) နေရောင်ခြည်- နေပူထဲအကာအရံမပါဘဲ လုံးဝမသွားရပါဘူး..အထူးသဖြင့် ခရမ်းလွန်ရောင်ခြည် များတဲ့အချိန်ဖြစ်တဲ့ မနက် ၉ နာရီကနေ ညနေ ၄ နာရီအတွင်း နေရောင်ခြည်နဲ့တိုက်ရိုက်မထိတွေ့အောင်နေရပါမယ်..မတတ်သာလို့ သွားရမယ်ဆိုရင် SPF 15 အနည်းဆုံးပါဝင်တဲ့ Sunscreen လိမ်းရပါမယ်.. ထီး (သို့မဟုတ်) ဦးထုပ်ဆောင်းရပါမယ်..ခြေလက်တွေဖုံးအောင် အင်္ကျီအဝတ်အစား ဝတ်ထားရပါမယ်..

(၂) လေကောင်းလေသန့်- လေကောင်းလေသန့်သာရှူဖို့ အတတ်နိုင်ဆုံး ကြိုးစားရပါမယ်..မကောင်းတဲ့လေတွေဖြစ်တဲ့ ဥပမာ ခြင်ဆေးခွေက အငွေ့တွေ၊ မီးစက်ကအခိုးအငွေ့တွေ၊ မော်တော်ကား exhaust က ထုတ်တဲ့ အခိုးအငွေ့တွေ၊ စက်ရုံအလုပ်ရုံကနေ ထွက်လာတဲ့မီးခိုးတွေ၊ ကတ္တရာစေးကြိုလို့ထွက်လာတဲ့ မီးခိုးတွေ အစရှိတဲ့ မကောင်းတဲ့လေထုကို မရှူမိအောင် ဂရုပြုရပါမယ်..အပြင်သွားရင် နှာခေါင်းစည်း (Mask) ဆောင်သွားရပါမယ်.. အခုနောက်ပိုင်း SLE လူနာတွေ များလာခြင်းဟာ လေထုညစ်ညမ်းမှုနဲ့ ပတ်သက်နေတယ်လို့ဆိုပါတယ်..

(၃) ဆေးလိပ်- ဆေးလိပ်သောက်တဲ့သူဆိုရင် ဆေးလိပ်ဖြတ်ရပါမယ်.. SLE ဖြစ်ရင် သွေးကြောလေးတွေ ရောင်ရမ်းပြီး ကျဉ်းစေပါတယ်.. ဆေးလိပ်သောက်ရင် သွေးကြောတွေပိုကျဉ်းစေတဲ့အတွက် လေဖြတ်တာတွေ၊ ခြေထိပ်လက်ထိပ်တွေ သွေးမလျှောက်ဘဲ ပုပ်သွားတာတွေ၊ အဆုပ်တွေ နှလုံးတွေ ပိုမိုထိခိုက်ပျက်စီးစေတာတွေ ဖြစ်နိုင်လို့ လုံးဝရှောင်ကြဉ်ရပါမယ်.. SLE ဖြစ်တဲ့သူက ဆေးလိပ်မသောက်တဲ့ အမျိုးသမီးဖြစ်ပေမယ့် သူနဲ့အတူနေတဲ့တစ်ယောက်ယောက် ဥပမာ ခင်ပွန်းတို့၊ ဖခင်တို့ ဆေးလိပ်သောက်ခဲ့ရင် သူတို့ဆီကတစ်ဆင့် ဆေးလိပ်ငွေ့တွေ မရှူမိအောင် ဂရုပြုကြရပါမယ်..

(၄) အစားအစာ- အစားအစာစားတဲ့အခါမှာ အတတ်နိုင်ဆုံးလတ်လတ်ဆတ်ဆတ်နဲ့ အာဟာရဓာတ်ပြည့်စုံအောင် ဗီတာမင်၊ သတ္တုဓာတ်နဲ့ အပါအဝင် လုံလောက်စွာစားပေးဖို့ လိုအပ်ပါတယ်..အထူးသဖြင့် ဓာတုပစ္စည်းတွေ အသုံးပြုပြီး တာရှည်ခံအောင်ပြုလုပ်ထားတဲ့အစားအစာတွေကို အတတ်နိုင်ဆုံးရှောင်ကြဉ်ရပါမယ်..ဓာတုဆိုးဆေးတွေပါတာကိုရှောင်ရပါမယ်.. ကဖင်းဓာတ်ပါဝင်တဲ့ ကော်ဖီ၊ လက်ဖက်ရည်တွေကိုလည်း များများမသောက်ရပါဘူး.. တစ်နေ့ ၁ ခွက်၊ ၂ ခွက်သာ သောက်သင့်ပါတယ်.. အဆီအအိမ့်တွေစားတာ၊ ဆီကြော်တွေစားတာကို ရှောင်ရပါမယ်.. အချိုရည်တွေ သောက်သုံးခြင်းကိုလည်း တတ်နိုင်သလောက် ရှောင်ကြရပါမယ်.. မိမိနဲ့ ဓာတ်မတည့်တဲ့အစားအစာတွေကို မှတ်သားထားပြီး လုံးဝရှောင်ကြဉ်ရပါမယ်..

(၅) ကိုယ်ဝန်ဆောင်ခြင်း- အမျိုးသမီးတွေအနေနဲ့ ရောဂါဆိုးနေချိန်မှာ ကိုယ်ဝန်မဆောင်သင့်ပါဘူး..ကိုယ်ဝန်ဆောင်စဉ်မှာ ရောဂါပိုဆိုးတတ်လို့ ဖြစ်ပါတယ်..ကိုယ်ဝန်မရအောင်ပြုလုပ်တဲ့အခါမှာလည်း အီစထိုဂျင် (Estrogen) ပါဝင်တဲ့ သန္ဓေတားဆေးတွေကို မှီဝဲခြင်းမပြုလုပ်ရပါဘူး.. ဒါကြောင့် အခြားသင့်တော်တဲ့နည်းနဲ့ သန္ဓေတားနည်း (ဥပမာ IUCD ထည့်ခြင်း) ကိုသာ အသုံးပြုရပါမယ်..

(၆) လေ့ကျင့်ခန်း- ပုံမှန်ကိုယ်လက်လှုပ်ရှားမှုလေးတွေ ပြုလုပ်နိုင်ပါတယ်.. ဒါပေမယ့် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေတော့ လုပ်လို့မရပါဘူး.. ပုံမှန်ကိုယ်လက်လှုပ်ရှားမှု ပြုလုပ်ပေးတဲ့အတွက် အဆစ်အမျက်တွေ ပိုပြီးလှုပ်ရှားလို့ကောင်းတဲ့အပြင်၊ သွေးကြောပိတ်တာ၊ သွေးကြောထဲမှာ သွေးခဲတာ၊ နှလုံးသွေးကြောရောဂါနဲ့ လေဖြတ်ရောဂါတွေကနေ ကာကွယ်ပေးနိုင်ပါတယ်..လေ့ကျင့်ခန်းအပြင်းအထန်လုပ်ရင်လည်း ရောဂါပိုဆိုးတတ်ပါတယ်..

(၇) အနားယူခြင်း- ပင်ပင်ပန်းပန်း အလုပ်တွေလုပ်တာရှောင်ရပါမယ်.. ပုံမှန်အနားယူဖို့လည်း လိုပါတယ်..ပုံမှန်အလုပ်တွေတော့လုပ်နိုင်ပါတယ်.. ညဘက်အိပ်ရေးဝ၀အိပ်ဖို့ အရေးကြီးပါတယ်..တစ်နေ့ကို ၈ နာရီလောက် အိပ်စက်အနားယူရပါမယ်.. ရောဂါကြွနေတဲ့အချိန် (SLE Flare) မှာ မဖြစ်မနေအနားယူရပါမယ်..

(၈) စိုးရိမ်ပူပန်စိတ်- အတတ်နိုင်ဆုံးလျှော့ချရပါမယ်.. Stress လို့ ခေါ်တဲ့ စိုးရိမ်ပူပန်မှုတွေများရင် SLE ရောဂါ ပိုဆိုးလာပါမယ်..ဒါကြောင့် စိတ်တည်ငြိမ်မှုကို အထောက်အကူပြုစေမယ့် တရားထိုင်ခြင်း (Meditation)၊ ယိုဂါ (Yoga) ပြုလုပ်ခြင်းတွေဟာ ကောင်းမွန်ပါတယ်..

(၉) ဆရာဝန်နဲ့ပြသခြင်း- ဒီရောဂါဟာ ပျောက်သွားတယ်လို့မရှိတာကြောင့် တတ်ကျွမ်းနားလည်တဲ့ ဆရာဝန်နဲ့ ပုံမှန်ပြသနေဖို့လိုပါတယ်..ဆရာဝန်ရဲ့ ညွှန်ကြားချက်ကို လိုက်နာရပါမယ်..တိုင်းရင်းဆေးဝါးနဲ့ကုသမယ်ဆိုရင်လည်း နားလည်တတ်ကျွမ်းတဲ့ တိုင်းရင်းဆေးသမားတော်နဲ့ မပြတ်ပြသနေဖို့ လိုပါတယ်..ဆေးတွေကိုလည်း လိုအပ်ရင်လိုအပ်သလို အတိုးအလျှော့ လုပ်ပေးရလေ့ရှိပါတယ်..မိမိသဘောအတိုင်း ဆေးတွေဖြတ်တာ၊ တိုးတာ မလုပ်သင့်ပါဘူး..

MWD : အနောက်တိုင်းဆေးဝါးတွေနဲ့ ကုသမှုအကြောင်းကိုလည်း အနည်းငယ်ရှင်းပြပေးပါ..

Dr. KML : အနောက်တိုင်းဆေးဝါးတွေနဲ့ကုသရာမှာ အဓိကအသုံးပြုတဲ့ဆေးဝါးတွေကတော့

(က) အရောင်ကျဆေး၊ အကိုက်အခဲပျောက်ဆေးများ (NSAID) ဥပမာ- အက်စ်ပရင် (Aspirin)၊ အိုင်ဗျူပရိုဖန် (Ibuprofen)၊ ဒိုင်ကလိုဖီနက် (Diclofenac)

(ခ) ငှက်ဖျားရောဂါမှာအသုံးပြုတဲ့ဆေး (Antimalarials) ဥပမာ- ဟိုက်ဒရော့ဆီ ကလိုရိုကွင်း (Hydroxy-chloroquine)

(ဂ) ကော်တီကိုစတီးရိုက်ဆေးများ (Corticosteroids) ဥပမာ- ပရက်နီစိုလုံး (Prednisolone)၊ ပရက်နီစုံး (Prednisone)၊ မီသိုင်းပရက်နီစိုလုံး (Methylprednisolone)၊ ဟိုင်ဒရိုကော်တီစုံး (Hydrocortisone)

(ဃ) ခုခံအားစနစ်ကိုထိန်းချုပ်ဆေးများ (Immunosuppressives) ဥပမာ- မီသိုထရီဇိတ် (Methotrexate)၊ အေဇာသိုင်ယိုပရင်း (Azathioprine)

(င) သွေးခဲမှုကိုဟန့်တားဆေးများ (Anticoagulants) ဥပမာ- ဝါဖရင် (Warfarin) အဲ့ဒီဆေးတွေဟာ အာနိသင်ထက်မြက်သလို ဘေးထွက်ဆိုးကျိုးတွေလည်း ရှိတဲ့အတွက် နားလည်တတ်ကျွမ်းတဲ့ဆရာဝန်နဲ့ ပြသတိုင်ပင်ပြီးမှသာ ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့ သုံးစွဲရမှာဖြစ်ပါတယ်..မိမိသဘောအတိုင်း သောက်သုံးခြင်း၊ ဆေးကိုရပ်နားခြင်း မပြုလုပ်ရပါ..ဆရာဝန်နဲ့ ပုံမှန်ပြသပြီး ဆရာဝန်ရဲ့ညွှန်ကြားချက်နဲ့သာ သုံးစွဲရမှာဖြစ်ပါတယ်..

MWD : သဘာဝဆေးဝါးများနဲ့ကုသတဲ့အခါမှာရော ဘယ်လိုမျိုးဆေးတွေ သုံးရသလဲဆိုတာ ရှင်းပြပေးပါ..

Dr. KML : သဘာဝဆေးဝါးတွေနဲ့ကုသပေးတဲ့ အဓိကရည်ရွယ်ချက်ကတော့ လူနာကိုအာဟာရဓာတ်ပြည့်ဝအောင်ဖြည့်ဆည်းပေးတာ၊ ခုခံအားစနစ်တွေ ပုံမှန်ပြန်ဖြစ်အောင် လုပ်ဆောင်ပေးတာ၊ ခန္ဓာကိုယ်တွင်းရောင်ရမ်းခြင်းတွေ မဖြစ်အောင် ကာကွယ်ပေးတာ၊ လူနာရဲ့နေထိုင်မှုအခြေအနေကို သက်တောင့်သက်သာဖြစ်စေဖို့ ရည်ရွယ်ပါတယ်.. သဘာဝဆေးဝါးတွေကို CAM (Complementary and Alternative Medicine) လို့ ခေါ်ပါတယ်..အခုနောက်ပိုင်းမှာတော့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က TMHS (Traditional Medicine & Health Supplement) ဆိုပြီး သုံးပါတယ်..

အဓိကအသုံးပြုတာတွေကတော့
(က) ပရိုဘိုင်အိုတစ်လို့ခေါ်တဲ့ အကျိုးပြုအဏုဇီဝပိုးလေးတွေ (Probiotics)
(ခ) အိုမီဂါ-၃ ဖက်တီးအက်ဆစ် (ခေါ်) အကျိုးပြုအဆီဓာတ် (Omega-3 Fatty acid)
(ဂ) အင်တီအောက်ဆီဒင့်များ (Antioxidants)
(ဃ) ဂါမာလီနိုလီရစ်အက်ဆစ် (ခေါ်) ဂျီအယ်အေ (Gamma-Linoleic acid or GLA)
(င) ဗီတာမင် ဒီ-၃ (Vitamin D3)
(စ) နနွင်းမှာပါဝင်တဲ့ကာကူမင် (Curcumin)
(ဆ) နာနတ်သီးမှာပါဝင်တဲ့ ဘရိုမယ်လင် (Bromelain)
(ဇ) ဆင်တုံးမနွယ် (Tinospora cordifolia)
(ဈ) မိုးမခ (Salix spp.) တို့ပဲဖြစ်ပါတယ်..



သဘာဝဆေးဝါးတွေကတော့ ဘေးထွက်ဆိုးကျိုးနည်းတဲ့အတွက် အသုံးပြုရတာ ပိုပြီးအဆင်ပြေပါတယ်.. OTC လို့ခေါ်တဲ့ လွတ်လပ်စွာ ဝယ်ယူအသုံးပြုနိုင်လို့ ဆရာဝန်လက်မှတ်နဲ့ ညွှန်ကြားချက်မလိုဘဲ အသုံးပြုနိုင်ပါတယ်..ဒါပေမယ့် ရောဂါအနေနဲ့က ပြင်းထန်လေ့ရှိတော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ဖြစ်စေ၊ တိုင်းရင်းဆေးသမားတော်ဖြစ်စေ တိုင်ပင်ပြီးကုသရင်တော့ အကောင်းဆုံးဖြစ်ပါတယ်..ခုနကပြောခဲ့တာတွေကတော့ အသုံးပြုနိုင်တဲ့ဆေးဝါးတွေပေါ့..ဒါပေမယ့် လူနာတစ်ယောက်ထဲမှာ အကုန်လုံးသုံးဖို့မဟုတ်ပါဘူး..ရောဂါဖြစ်နေသူရဲ့ အသက်အရွယ်၊ ကျား/မ၊ ရောဂါရဲ့အနုအရင့်၊ ခံစားရတဲ့ဝေဒနာ၊ တခြားနောက်ဆက်တွဲ ဝေဒနာတွေ ရှိ/မရှိ၊ တခြားဆက်စပ်ရောဂါတွေ ရှိ/မရှိပေါ်မူတည်ပြီး ဆေးတွေကို အသင့်တော်ဆုံးရွေးချယ်အသုံးပြုနိုင်ဖို့ အလွန်အရေးကြီးပါတယ်..

ဒေါက်တာ ခင်မောင်လွင် (FAME Pharmaceuticals)

# MWD Health Talk Program

Sunday, September 9, 2018

DSLR Camera တွေရဲ့ Mode Dial ဆိုတာ




ဒီဆောင်းပါးကတော့ ကျွန်တော်တို့ကို နောက်ပိုင်းမှာ Beginner တွေ မေးလေ့မေးထများတဲ့ အကြောင်းဖြစ်ပါတယ်။ DSLR, Mirrorless တွေ အပေါ်က Mode Dial ဆိုတာ ဘာတွေလဲနဲ့ ဘယ် Mode တွေက ဘယ်လိုအလုပ်လုပ်လဲဆိုတာကို ရေးသွားမှာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့တွေ ပြောနေကြတဲ့ Auto တို့ Manual တို့ Prioity တို့ ဆိုတာတွေကတော့ ဒီ Mode Dial ကနေ ရွေးချယ်ရတာပဲ ဖြစ်ပါတယ်။ တစ်ခုရှိတာကတော့ ဒီ Mode Dial က Camera Model အပေါ်တွေ Brand တွေအပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ General ကတော့ ဒါပါပဲ။ အခြေခံက တူတူပါပဲ။

ပထမဆုံး Mode Dial မှာပါတဲ့ အရာတွေအကုန်လုံးကို နှစ်ဖွဲ့ခွဲလို့ ရပါတယ်။ တစ်ခုက Creative နဲ့ နောက်တစ်ခုက Automatic ပါ။ Creative ထဲက Mode များသည် ကိုယ့်ဘာသာ တစ်ခုခုစဉ်းစားရမယ့် Mode တွေဖြစ်ပြီး Automatic များသည် Camera က ကိုယ့်ဘာသာဆုံးဖြတ်မယ့် Mode တွေ ဖြစ်ပါတယ်။ အသေးစိတ် ဆက်ရေးပါ့မယ်။ ပုံမှာမြင်ရတဲ့အတိုင်း အနီရောင်ပေးထားတာတွေက Creative Zone ဖြစ်ပါတယ်။ ဒီ Zone ထဲမှာရှိတဲ့ Mode တွေဟာ ကိုယ်တစ်ခုခုသော Setting ကိုတော့ ထိန်းရမှာ ဖြစ်ပါတယ်။

ပထမဆုံးကတော့ Manual Mode ပါ။ Manual ဆိုတဲ့ အတိုင်း ရှင်းပါတယ်။ Aperture Shutter ISO အကုန် manual ပါ။ ကိုယ့်စိတ်ကြိုက် အကုန်ချိန်လို့ ရပါတယ်။ Manual Mode ဆိုတာ Professional Mode လို့လဲ ပြောကြပါတယ်။ ဒါပေမဲ့ တစ်ခုရှိတာက ဒီ Manual Mode ဟာ အချိန်ရပြီး ရိုက်မယ့် Subject ကို ကိုယ်က ထိန်းနိုင်တဲ့အခါတော့ ကောင်းပါတယ်။ အဲ့ဒီလိုမဟုတ်ဘဲ အရမ်းရှုပ်ရှက်ခတ်နေတဲ့ event တစ်ခုဆို ပြသနာရှိပါတယ်။ ကိုယ်က Setting မချိန်ရသေးဘူး။ ရိုက်မယ့် Subject က နေရာရွေ့သွားတာမျိုး ဖြစ်တတ်ပါတယ်။ အဲ့ဒါတွေအတွက်တော့ နောက်ပိုင်း mode တွေက ဖြေရှင်းပေးမှာပါ။

နောက်တစ်ခုကတော့ Av mode ပါ။ ဒီ Av mode ဆိုတာကတော့ Aperture Value လို့ပြောတာပါ။ Aperture Priority လို့လဲ ခေါ်ပါတယ်။ Av mode ကတော့ ဓာတ်ပုံရိုက်တဲ့အခါ setting အကုန်လုံး ကိုယ်က ရွေးရတာမဟုတ်တော့ဘဲ Exposure triangle မှာ ကိုယ်က Aperture ကိုပဲ ရွေးပေးရုံပါ။ Shutter ကို camera က ရွေးပေးပါလိမ့်မယ်။ ISO ကတော့ auto ထားချင်လဲ ရပါတယ်။ ကိုယ့်ဘာသာရွေးချင်လဲ ရပါတယ်။ ဒီနေရာမှာ camera က ဘယ်လို သူ့ဟာသူ ရွေးတာလဲလို့ မေးစရာ ရှိပါတယ်။ camera က ကျန်တဲ့ setting ကို ရွေးတဲ့အခါ Exposure တန်ဖိုး Over, Under မဖြစ်တဲ့ အချိန် Correct Exposure လို့ သူထင်တဲ့အချိန်ထိ Setting တွေကို ချိန်ပါတယ်။ ကိုယ်က ဒီ Exposure ကို တွေးစရာမလိုဘဲ လိုချင်တဲ့ Aperture တန်ဖိုးထားလိုက်ပြီးရင် ကိုယ့်အလုပ် ပြီးသွားပါပြီ။ ဒီ mode ဟာ Timelapse ရိုက်တဲ့အချိန်မှာလဲ အသုံးပြုများပါတယ်။

နောက်တစ်ခုကတော့ Tv mode (shutter priority) ပါ။ ဒီ mode ရဲ့ နာမည်ကတော့ time value ပါ။ Shutter Priority လို့လဲ ခေါ်ပါတယ်။ သူကလဲ Aperture Priority လိုပါပဲ ရှင်းပါတယ်။ Shutter ကို ကိုယ်က ရွေးပေးရုံပါ။ ကျန်တာ အကုန် camera က ရွေးချယ်မှာပါ။ Shutter priority mode ကတော့ event photography အတွက် အသုံးများပါတယ်။ အင်မတန်လှုပ်ရှားမှုများတဲ့ event ပွဲတွေမှာ လူတွေရဲ့လှုပ်ရှားမှုတွေ motion blur မဖြစ်စေဖို့ shutter ကို အမြဲလိုက်ချိန်နေရပါတယ်။ အဲ့ဒီလိုအချိန်တွေမှာ ဒီ mode ကို အသုံးများပါတယ်။

နောက်တစ်ခုကတော့ Program Mode ပါ။ သူက တစ်ကယ်တော့ auto mode ပါပဲ။ ဒါပေမဲ့ သူ့ရဲ့ထူးခြားချက်က ISO ကို ကိုယ့်ဘာသာ ရွေးနိုင်ပါတယ်။ နောက် Shutter Speed နဲ့ Aperture ကို တစ်ခုချင်းစီ setting လိုက်ပြောင်းမရပေမယ့် သူတို့နှစ်ခုပေါင်းပြီး Exposure Setting တစ်ခုအနေနဲ့ ပြောင်းလဲနိုင်ပါတယ်။ နောက် Full Auto Mode နဲ့ မတူဘဲ Pop Up Flash ကို ပွင့်မလာအောင် ပိတ်ထားနိုင်ပါတယ်။ ဒီ Program Mode ကို Full Auto (Green Square) နဲ့ ရောတတ်ကြပါတယ်။ ဒီ Creative Zone မှာ Av နဲ့ Tv ကို Semi Auto mode တွေလို့ ခေါ်ပါတယ်။ Creative Zone ဘက်က အကုန်ပြီးတဲ့အခါ အခု Automatic Zone ထဲက Icon တွေကို ဆက်ပြောပြပါမယ်။


ဒီ zone ကိုတော့ အားလုံးပေါင်းရှင်းပြပါ့မယ်။ ပထမဆုံး mode ကတော့ Portrait mode ပါ။ Portrait mode ဆိုတာလဲ Full Auto ပါပဲ။ ကျန်တဲ့ Landscape, Macro, Sport, Night Portrait အကုန်လုံးလဲ Auto ပါပဲ။ Auto ချင်းအတူတူ ဘာလို့ ဒီလိုနာမည်တွေနဲ့ ခွဲထားတာလဲဆိုတာ အရင်ရှင်းပြပါ့မယ်။ အားလုံး Auto ဆိုပေမယ့် Auto မှာမှ Advance ထပ်လုပ်ထားတဲ့ သဘောပါ။ Portrait ဆို Camera က Setting ရွေးတဲ့အခါ တတ်နိုင်သမျှ Aperture ကျဉ်းကျဉ်း ရွေးပေးပါတယ်။ Shallow Depth of Field ရအောင်ပါ။ နောက် Landscape ဆိုရင် Camera က တတ်နိုင်သမျှ Aperture ကျယ်ကျယ်ထားပေးပါတယ်။ အဲ့ဒါမှ ရှုခင်းပုံက Depth of Field များများနဲ့ ပုံက Sharp ဖြစ်မှာပါ။ Macro ပုံလိုချင်ရင်တော့ Macro Lens ရှိမှပါ။ ဒါပေမဲ့ ဒီ mode က Subject တွေကို ပိုပြီး အနီးကပ် Focus ဖြတ်နိုင်အောင် လုပ်ပေးထားပါတယ်။ Setting အကုန် auto ပါ။ နောက် Sport mode ပါ။ သူကတော့ ရှင်းပါတယ်။ High Shutter Speed mode ပါ။ လှုပ်ရှားမှုများတဲ့ အရာတွေရိုက်ရင် သုံးပါတယ်။ Camera က Motion Blur မဖြစ်စေဖို့ Shutter Speed ကို တင်ထားပေးပါတယ်။ နောက်ဆုံးကတော့ Night Portrait Mode ပါ။ သူက နဲနဲ Tricky ဖြစ်ပါတယ်။ ညဘက်မှာ လူပုံရိုက်တဲ့အခါ သုံးတာပါ။ သူက Flash ဖွင့်ပေးပါတယ်။ ဒါပေမဲ့ Flash ဖွင့်ပေးပြီး Shutter ကိုပါ နှေးပေးပါတယ်။ Flash ရဲ့ Intensity ကို Aperture က ထိန်းပါတယ်။ ဘေးပတ်ဝန်းကျင်က Light ကို Shutter က ထိန်းပါတယ်။ အဲ့ဒီအခါ Flash က အလင်းက Subject ကိုကျလို့ Subject က လင်းသွားတဲ့အပြင် Background ကိုလဲ Shutter က နှေးပေးလိုက်တဲ့အတွက် ပတ်ဝန်းကျင်အလင်းကလဲ တတ်လာပြီး အလင်း Balance ဖြစ်တဲ့ပုံကို ရမှာပါ။ အဲ့လို Shutter ကို မနှေးပေးထားရင် Bad Flash Photo လို့ခေါ်ကြတဲ့ Subject တစ်ခုထဲလင်းပြီး ကျန်တာ လုံးဝ မဲမှောင်နေတဲ့ပုံ ဒီ mode တွေအကြောင်းက မသိမဖြစ်မဟုတ်သော်လည်း သိထားတာ ပိုကောင်းပါတယ်။ တော်ရုံတော့ ဘယ်သူမှ မသုံးဖြစ်ကြတာ များပါတယ်။


 ဖြိုးဇံ (NetGuide Journal)

Saturday, September 8, 2018

"မကောင်းသတင်းများ"


မြန်မာနိုင်ငံ၏သတင်းတွေက နိုင်ငံအတွင်းမှာပင်မဟုတ် ၊ နိုင်ငံ၏နယ်နိမိတ်ပြင်ပ သို့ ပင် တကမ္ဘာလုံးသို့ပျံ့နှံရောက်ရှိနေသည် ။ အရင်တုန်းက မြန်မာဆိုလျှင် ဘယ်နားနေမှန်းမသိသော ၊နာမည်ကိုပင်ကောင်းကောင်းမကြားဖူးသောအဖြစ်မှ ယခုအခါ မြန်မာ့သတင်းသည် မြောက်ကိုရီးယား ၊အီရန် ၊ စသောနိုင်ငံများနှင့်တန်းတူ ကမ္ဘာ့ထိပ်တန်းပြောစမှတ်နိုင်ငံဖြစ်လာရသည် ။ ပြီးခဲ့သော အပတ်က အင်္ဂလန်ပရီးမီးယားလိမှ မန်ချက်စတာယူနိုက်တက် အသင်း၏နည်းပြဆရာဖြစ်သူ မော်ရင်ဟိုကိုသတင်းထောက်များက သတင်းစာရှင်းလင်းပွဲတွင်မေးခွန်းတခုမေးမြန်းသည် ။မော်ရင်ဟိုကိုင်တွယ်သောမန်ယူဘောလုံးအသင်းသည် ထိုစဉ်က ပရီးမီးယားလိဂ်တွင် သုံးပွဲကန်အပြီး တပွဲနိုင် နှစ်ပွဲရှုံးကာ ရမှတ်သုံးမှတ်သာရပြီး အမှတ်ပေးဇယား၏ အဆင့် ၁၄ သို့ ရောက်နေသည် ။

“ခင်ဗျား ဒီတပွဲထပ်ရှုံးရင် ရာထူးကနုတ်ထွက်ရတော့မယ်လို့  သတင်းတွေထွက်နေတယ် ။ အဲဒါနဲ့ပတ်သက်လို့စိုးရိမ်ပူပန်မှုတွေရှိလား “
ထိုအခါမော်ရင်ဟိုကဖြေသည် ။

“ ကျုပ်အခြေအနေက မြန်မာနိုင်ငံရဲ့အခက်အခဲတွေလောက်မဆိုးသေးပါဘူး ။ သတင်းတွေကိုဖတ်ကြည့်ကြရင် သိမှာပါ ၊ မြန်မာကမှ တကယ်ခက်ခဲတဲ့အခြေအနေကိုရင်ဆိုင်နေရတာပါ။ ထပ်ပြောမယ် ၊ မြန်မာကခက်ခဲတဲ့အခြေအနေကိုရင်ဆိုင်နေရတယ် “

မြန်မာနိုင်ငံ၏သတင်းကား ကမ္ဘာကျော်ဘောလုံးအသင်းနည်းပြကြီးပါးစပ်ထဲစို့ပင်ရောက်နေချေပြီ ။ ဂုဏ်ယူရမည်လား၊ ၀မ်းနည်းရမည်လားမသိတော့ပါ ။ မော်ရင်ဟို၏ ပြောလိုရင်း ရည်ရွယ်ချက်ကို သတိထားမိပါသည် ။ မော်ရင်ဟိုသည် ဘရိုက်တန် ၊ တော့တင်ဟမ်ဟော့စပါး ဟူသည့် ဘောလုံးအသင်းနှစ်သင်းကို ဆက်တိုက်အရေးနိမ့်ခဲ့ပြီး  ၂.၉.၂၀၁၈ နေ့ တွင်ကန်မည့် ဘန်လေနှင့်အဝေးကွင်းပွဲတွင်ထပ်မံရှုံးနိမ့်ခဲ့မည်ဆိုပါက မန်ယူအသင်းတာဝန်ရှိသူများသည် နည်းပြမော်ရင်ဟိုကိုထုတ်ပယ်ပြီး  ရီးရဲမက်ဒရစ် နည်းပြဟောင်း ဇီဒန်းနှင့်အစားထိုးတော့မည်ဟူသောသတင်းများလည်း ဘောလုံးလောက၀ယ်ကျယ်ကျယ်ပြန့်ပြန့်ပေါ်ထွက်နေပါသည် ။ လောင်းကစားဒိုင်များသည် မော်ရင်ဟိုပြုတ်မပြုတ်ကိုပင်လောင်းကြောင်းများဖွင့်ကာ အလျော်အစားလက်ခံနေကြပြီဖြစ်သည် ။ထိုသို့ရာထူးမှပြုတ်တော့မလိုဖြစ်နေသော အခြေအနေကိုရည်ညွှန်းကာ သတင်းထောက်များက ထိုအခြေအနေအတွက်စိုးရိမ်ပါသလားဟုမေးခြင်းဖြစ်သည် ။ မော်ရင်ဟိုက မြန်မာကိုဥပမာပေးသွားခြင်း၌ မြန်မာနိုင်ငံ၏ခေါင်းဆောင်များသည်လည်း သူနှင့်တူသော အခြေအနေတခုရိနေသည် ။သူ့ ထက်ပင်ဆိုးနေသောအခြေအနေဖြစ်သည်ဟုထောက်ပြသွားသည် ။ အဓိကပြောလိုရင်းမှာ ထိုအချိန်က မြန်မာနိုင်ငံ၏ တပ်မတော်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်နှင့် စစ်ဘက်အရာ၇ှိကြီးငါးဦးအား ရခိုင်ဒေသတွင်ဖြစ်ပွားခဲ့သောလူ့အခွင့်အရေးချိုးဖောက်မှု ၊ လူမျိုးတုန်းသတ်ဖြတ်မှု စသည့်ကိစ္စများတွင်တာဝန်ရှိသည်ဆိုပြီး တရားစွဲရန်ကုလသမဂ္ဂက ပြောဆိုလာသည် ။ ဗိုလ်ချုပ်မှူးကြီးမင်အောင်လှိုင်ရာထူးမှနုတ်ထွက်ပေးရန်အထိ UN အချက်အလက်ရှာဖွေရေးမစ်ရှင်က ပြောဆိုလာကြသည် ။ တချိန်တည်းမှာပင် ဘင်္ဂလီမူဆလင် (မူရင်းတွင်ရိုဟင်ဂျာဟုသုံး)များအစုအပြုံလိုက်အသတ်ခံရသောကိစ္စတွင် တားဆီးရန်ပျက်ကွက်မှုဖြင့် ဒေါ်အောင်ဆန်းစုကြည်ရာထူးမှနုတ်ထွက်ပေးပါရန် ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဥက္ကဌ ဇာအိအယ်လ်ဟူစိန် က ပြောဆိုထားသည် ။ ထို့အပြင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအ၀င်စစ်ဘက်အရာရှိခြောက်ယောက် ၏ ဖေ့စ်ဘွတ်အကောင့် ၁၈ ခု ၊ အင်စတာဂရမ်အကောင့်တစ်ခု ဖော်လိုဝါ ၁၂ သန်းရှိသည်ဆိုသော မြ၀တီအပါအ၀င်ဖေ့စ်ဘွတ် Page ၅၂ ခုတို့အားဖေ့စ်ဘွတ်က ဖယ်ရှားဖြုတ်ချခဲ့သည် ။ ထိုအချက်များကိုမူတည်၍ မော်ရင်ဟိုက သူ၏အခြေအနေမှာ မြန်မာနိုင်ငံလောက်မဆိုးသေးဘူးဟု သတင်းထောက်များ ကို အရွဲ့တိုက်ကာ ဖြေကြားသွားခြင်းဖြစ်သည် ။ ။မောင်ရင်ဟိုပြောတာမှန်သင့်သလောက်မှန်၏ ။ ပြီးခဲ့သော တနင်္ဂနွေညက ကစားသော ဘောလုံးပွဲတွင် ဘန်လေအသင်းကို လူကာကူ၏ အနိုင်ဂိုးနှစ်ဂိုးဖြင့် နိုင်ပွဲပြန်ရခဲ့ပြီး ဖိအားများအောက်မှအချိန်တိုအတွင်းရုန်းထွက်နိုင်ခဲ့လေသည် ။ မြန်မာနိုင်ငံ၏အဖြစ်ကတော့ မော်ရင်ဟိုလောက်မလွယ်ပေ။  ဘာပဲဖြစ်ဖြစ် တသက်လုံးမကြားဖူးရာမှ မြန်မာနိုင်ငံသည်မကောင်းသည့်ဥပမာတရပ်အဖြစ် စတင်အပြောခံနေရပေသည် ။ စစ်အစိုးရလက်ထက်က ပြောကြားခံရခြင်းကားတမျိုးဖြစ်သည် ။

    စစ်အစိုးရလက်ထက်တွင် ကမ္ဘာ့အမြင်၌ မြန်မာနိုင်ငံသားများသည် အလွန်သနားကြင်နာဖွယ်ကောင်းသော ၊ အဖိနှိပ်ခံ လူများဖြစ်ကြသည် ။ ထို့ကြောင့် ကျွန်တော်တို့ကိုကမ္ဘာကသနားကြည် ။ အော်မင်းတို့ဟာစစ်အစိုးရလက်အောက်မှာ နေရတာပဲ ၊ ရဲရဲဝံ့ဝံ့နဲ့ဒီမိုကရေစီတောင်းနေကြတာပဲ ၊ စသည်ဖြင့် ကမ္ဘာက မြန်မာနိုင်ငံသား များကို ချစ်ခင်ကြသည် ၊လေးစားကြသည် ၊ကရုဏာသက်ကြသည် ။ရောက်ရာအရပ်မှာ ကျွန်တော်တို့ကိုကြင်ကြင်နာနာဆက်ဆံကြသည် ။စစ်အစိုးရကို အမြင်ကပ်ကြသည် ။ ထိုကာလက နိုင်ငံခြားထွက်ရတာ မြန်မာတွေမျက်နှာ ပန်းပွင့်လန်းကြသည် ။ ခေါ်ချင်ပြောချင် ဖိတ်ချင် ကျွေးချင်မွေးချင်သူများလှသည် ။ ယခုအခါ ကမ္ဘာ့ဇာတ်ခုံပေါ်ဝယ် အမြင်တွေပြောင်းသွားသည် ။ ကျွန်တော်တို့သည် ဗီလိန်များဖြစ်သွားသည် ။ မြန်မာများနှင့် စစ်တပ်သည် ဖိနှိပ်သူများဖြစ်သွားကာ ဘင်္ဂလီများ ( သူတို့အခေါ်ရိုဟင်ဂျာများ)က သနားစရာဖိနှိပ်ခံလူတန်းစားဖြစ်သွားသည် ။ မြန်မာများနိုင်ငံခြားသွားသည်ဖြစ်စေ ၊ နိုင်ငံခြားသားများ မြန်မာပြည်လာသဖြင့်အကြောင်းအမျိုးမျိုးကြောင့်တွေ့ ရသည်ဖြစ်စေ ကျွန်တော်တို့ကိုလူ့အခွင့်အရေးချိုးဖောက်သူ ၊ မူဆလင်များကိုသတ်ဖြတ်အနိုင်ကျင့်နေသူ ၊ ဘာသာရေးခွဲခြားသူ စသည်ဖြင့် ထင်မြင်ယူဆတာတွေကိုပဲ ရင်ဆိုင်နေရသည် ။ အစိုးရတာဝန်ရှိသူတွေဆိုတာမပြောပါနှင့်တော့ ၊ ကျွန်တော်တို့လိုသာမန်အရပ်သားတွေပင် ဒါတွေပဲဖြေနေရသည် ။ ရှင်းပြီးရင်းရှင်းနေရသည် ။ရှင်းရင်းနှင့်ရှုပ်သည် ။ ယခုအခါကျွန်တော်တို့သည် ဇာတ်လိုက်ဘ၀မှ ဗီလိန် လူကြမ်းဘ၀သို့သက်ဆင်းကြရသည် ။ လူ့အခွင့်အရေးကိုဂရုမစိုက်သူတွေ ၊ ဘာသာရေးခွဲခြားသူတွေ ၊ ရက်စက်ကြမ်းကြုတ်သူတွေ ဟု မြန်မာကိုကမ္ဘာကမြင်ကြသည် ။ ဟုတ်၍ခံရလျင်တော်သေးသည် ။ သာမန်တိုင်းသူပြည်သားအများစုမှာ ဘာမှအမှားလုပ်ကြသူတွေမဟုတ် ပဲ အချောင်နာမည်ပျက်ကိန်းဆိုက်နေသည် ။

          ကျွန်တော့် မိတ်ဆွေ ခရီးသွားကုမ္မဏီပိုင်ရှင်တွေသည် ။ WTM လန်ဒန် ၊ ITB ဘာလင်  စသော မြို့ကြီးများတွင်တနှစ်တကြိမ်ကျင်းပသည့် ကမ္ဘာကျော်ခရီးသွားပြပွဲ (International Travel Show ) တွေသို့  ကိုယ့်စားရိတ်နှင့်ကိုယ် နှစ်စဉ်တက်ရောက်ကာ မြန်မာနိုင်ငံသို့တိုးရစ်တွေလာလည်ကြဖို့  ဈေးကွက်မြှင့်တင်ရေးတွေလုပ်လေ့ရှိသည် ။ သို့သော် ယခုနှစ်တွင် ထိုနိုင်ငံတကာခရီးသွားပြပွဲများသို ကျွန်တော်မိတ်ဆွေလုပ်ငန်းရှင်များမသွားကြတော့ပါ ။

“ငွေကုန်ခံပြီးတော့လည်း သွားရသေးတယ် ။ ဟိုကျရင် မြန်မာပြည်က ပြသနာတွေကို လာမေးတဲ့သူတွေကိုချည်းပဲ တရားခံတယောက်လိုဒိုင်ခံဖြေရှင်းနေရတာမျိုး မလုပ်ချင်တော့ဘူး “ ဟုသူတို့ကပြောကြသည် ။ မှန်ပါသည် ။ကိုယ့်နိုင်ငံ ကိုယ့်ကုမ္မဏီကို တိုးရစ်တွေလာစေရန် ငွေကုန်လူပန်းခံ၍ မရေရာသောအခြေအနေတွင် ဈေးကွက်သွားမြှင့်တင်ရခြင်းဖြစ်သည် ။ ထိုအထဲ ကိုယ်မကျူးလွန်သော ကိစ္စတခုအတွက် တရားခံလို လူတိုင်းကိုရှင်းပြနေရတာလည်း မနိပ်သေးချေ ။ ထိုကိစ္စသည် မြန်မာတယောက်ချင်းက တကမ္ဘာလုံးသို့လိုက်၍ ရှင်းပြနေရမည့်ကိစ္စမဟုတ်ပါ ။ မြန်မာသံရုံးများက ၊ မြန်မာသံအမတ်ကြီးတွေအားလုံးက ၊ မြန်မာစစ်သံမှူးတွေကိုယ်တိုင်က တကမ္ဘာလုံးတွင် ရှေ့တန်းသို့ထွက်ကာ အားကြိုးမာန်တက် ရှင်းကြလင်းကြရမည့်ကိစ္စဖြစ်သည် (NLD အစိုးရတက်လာကာစက ယခင်စစ်အစိုးရလက်ထက်မှ မြန်မာသံအမတ်ကြီးတွေကို အသစ်လဲလှယ်တော့မည်ထင်ခဲ့သော်လည်း လူဟောင်းများကိုသာဆက်လက်သုံးစွဲခဲ့တာအံ့သြဖွယ်တွေ့မြင်ရလေသည် ) ။ မြန်မာနိုင်ငံခြားရေးဌာနမှ ကမ္ဘာပတ်၍ရှင်းကြရမည့်ကိစ္စဖြစ်သည် ။ ဒါကိုလည်းကျွန်တော်အကြိမ်ကြိမ်ပြောခဲ့ပြီးပြီ ။နောက်တခုက မီဒီယာဖြစ်သည် ။ ကမ္ဘာပေါ်တွင်ကိုယ့်ထမင်းကိုယ်စား၍ သတင်းအားလုံးကို တကမ္ဘာလုံးသို့နှံ့အောင်ဖြန့်ပေးနေသူများမှာ မီဒီယာသမားများ ၊သတင်းထောက်များ၊ သတင်းဓာတ်ပုံဆရာများ၊စစ်မြေပြင်သတင်းထောက်များ၊ သတင်းဆောင်းပါးဆရာများ၊  စာရေးဆရာများဖြစ်သည် ။ထိုသူများကိုသာအားကိုးခဲ့လျှင် အစိုးရသည်လည်းကောင်း၊တပ်မတော်သည်လည်းကောင်း အထူးတလည် သတင်းဖြန့်နေစရာ ၊၀ါဒဖြန့်နေစရာလိုမည်တောင်မဟုတ် ။ ကောင်းသတင်းရော ၊ဆိုးသတင်းရော သတင်းမှန်သမျှ ကမ္ဘာကိုပျံ့နှံ့သွားမည်ဖြစ်သည် ။ သတင်းသမားများ သည် ပဋိပက္ခဖြစ်ပွားနေသော နေရာများတွင်သတင်းလိုက် ၊သတင်းယူသည်မှာ သူတို့ကျွမ်းကျင်ရာအလုပ်ဖြစ်သည် ။သူတို့ဘေးကိုသူတို့ကြည့်ရှောင်တတ်သည် ။ ဘက်မလိုက်သော သတင်းသမားများကိုလည်း စစ်ဖြစ်နေသောဘက်နှစ်ဘက် ကပင်လျှင် ရန်ပြုလေ့မရှိပါ ။ထို့ကြောင့် သတင်းသမားများ ဘေးအန္တရာယ်လုံခြုံမှုမရှိသောကြောင့် သတင်းယူခွင့်မပြုခြင်းဖြစ်ပါသည်ဆိုသော ဆင်ခြေဆင်လက်မှာ လက်ခံနိုင်စရာမရှိပါ ။ ယုတ္တိမရှိသောဆင်ခြေသာဖြစ်ပါသည် ။ တပ်မတော်ဘက်က ထိုဆင်ခြေကိုပေးလာခဲ့လျှင် ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်သည်လည်းကောင်း၊အရပ်သားအစိုးရခေါင်းဆောင်ဖြစ်သော သမ္မတကြီးဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်သည်လည်းကောင်း သတင်းယူခွင့်ကိုလက်ခံပေးဖို့ တပ်မတော်ကို ပြောရမည်ဖြစ်သည် ။

    ယခုအခါ မြန်မာနိုင်ငံတွင် ပွင့်လင်းမြင်သာမှုအားနည်းပါသည် ။ ပြည်ထဲရေး၊ကာကွယ်ရေး၊ နယ်စပ်ရေးရာ ကိစ္စများသည် အရပ်သားအစိုးရလက်အောက်တွင်မရှိပဲ တပ်မတော်ကထိမ်းချုပ်ထားသောဌာနများဖြစ်သည် ဟုသာ အရပ်သားအစိုးရ ကိုလိုလားသူများကတွင်တွင်ထောက်ပြကြပါသည် ။ တပ်မတော်သည် အရာရာကို လက်ရှိ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကိုးအကားနှင့်ပဲ အလုပ်လုပ်လေ့ စကားပြောလေ့ရှိသည် ဖြစ်ရာ အရပ်သားအစိုးရနှင့် အာဏာရပါတီသည်လည်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအကိုးအကားနှင့်သာ ပြတ်ပြတ်သားသားအမိန့်ပေးအုပ်ချုပ်ရတော့မည့်ကာလဖြစ်သည် ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၈ တွင်  “နိုင်ငံတော်သမ္မတသည် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်တစ်ဝှန်းလုံးတွင် နိင်ငံသားအားလုံး၏ အထွတ်အထိပ်နေရာ ရရှိသည် “ ဟုရေးသားထားပေသည် ။

     ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကလည်း “ တပ်မတော်အနေဖြင့် သမ္မတ၏ခေါင်းဆောင်မှုအောက်တွင် သာလုပ်ကိုင် ဆောင်ရွက်ခြင်းဖြစ်ပြီး မိမိတို့တပ်မတော်သည် မြန်မာနိုင်ငံ အစိုးရ၏ ဦးဆောင်မှုအောက်တွင် သာရှိသည် “ ဟူ၍ပြောခဲ့ဖူးသည်။ ။ မြန်မာနိုင်ငံသို့ရောက်ရှိလာသော ကုလသမဂ္ဂလုံခြုံရေးကောင်စီဝင် ၁၅ နိုင်ငံမှ သံအမတ်ကြီးများ နှင့်တွေ့ ဆုံရာတွင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကဤသို့  ရှင်းလင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် Facebook စာမျက်နှာတွင် ၂၀၁၈ မေလ ၄ ရက် ကသတင်းထုတ်ပြန်ခဲ့ခြင်း ဖြစ်သည် ။ထို့ကြောင့် ဖွဲ့စည်းပုံအခြေခံဥပဒေအရပြောရလျှင် ကာကွယ်ရေး၊ ပြည်ထဲရေး၊နယ်စပ်ရေးရာ ၀န်ကြီး သုံးယောက်ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်မှခန့်အပ်သော်လည်း ကာကွယ်ရေးဦးစီးချုပ်အပါအ၀င် တပ်မတော်အနေဖြင့်  သမ္မတ၏ခေါင်းဆောင်မှုအောက်တွင်သာလုပ်ကိုင်ဆောင်ရွက်ခြင်းဖြစ်ပြီး တပ်မတော်သည်မြန်မာနိုင်ငံအစိုးရဦးဆောင်မှုအောက်တွင်သာရှိသည် ဟု တပ်ဘက်ကလက်ခံပြီးဖြစ်သည် ဟုယူဆရမည် ။

 ဆိုလိုသည်မှာ ထိုအရေးအရာကိစ္စများကို သမ္မတသည် တပ်မတော်အား ပြန်ပြတ်သားသားတာဝန်ပေးခိုင်းစေခွင့်ရှိသည် ဟူသည့် အဓိပါယ်ဖြစ်သည် ။ ယခုအခါ မြန်မာပြည်တ၀ှန်းလုံးတွင် ကြောက်ခမန်းလိလိ ဒုစရိုက်မှုများတိုးပွားနေသည် ။ သီပေါမင်းခေတ်ကနှင့်လည်းမတူ ၊ မင်းတုန်းမင်းခေတ်ကနှင့်လည်းမတူ ၊ အင်္ဂလိပ်ကိုလိုနီလက်ထက်နှင့်လည်းမတူ ၊ ဖက်ဆစ်ဂျပန်ခေတ်နှင့်လည်းမတူ ၊ ဦးနုခေတ်နှင့်လည်းမတူ ၊ဦးနေ၀င်းလက်ထက်နှင့်လည်းမတူ ၊ ဦးစောမောင်လက်ထက် ၊ ဦးသန်းရွှေလက်ထက် နှင့်လည်းမတူ ။ခေတ်အဆက်ဆက် အဆိုးရွားဆိုးအခြေအနေအဖြစ် တရားဥပဒေစိုးမိုးရေးလဲပြိုနေပါသည် ။ နေ့ခင်းကြောင်တောင် ဓားနှင့်ခုတ်မှုများ၊ သေနတ်နှင့်ပစ်မှုများ ၊ လူသတ်မှုများ ၊ လုယက်မှုများ ၊ အုပ်စုဖွဲ့ ရိုက်နှက်မှုများသည် တောကြိုအုံ့ ကြားမှာ မဟုတ် ၊ ရန်ကုန် ၊မန္တလေး ၊ တောင်ကြီး စသောမြို့ကြီးများ၏မြို့လည်ကောင်မှာ ပင် ထင်တိုင်းကြဲနေကြသည် ။ ဆိုင်ကယ်ပေါ်မှဓားနှင့်ခုတ်သည် ၊ဆိုင်ကယ်ပေါ်မှသေနတ်နှင့်ပစ်သည် ၊ အုပ်စုဖွဲ့၍ရိုက်ကြနှက်ကြသည် ။ လူသတ်ကြသည် ။မုဒိမ်းကျင့်ကြသည် ။ မူးယစ်ဆေးဝါးပြောင်ပြောင်တင်းတင်းရောင်းဝယ်ဖောက်ကားသည် ။ နှစ်လုံးထီ ၊ သုံးလုံးထီ ၊ဘောလုံး လောင်းကစားကြသည် ။ ဥပဒေဆိုတာဆိုင်းဘုတ်ပဲရှိတာ့သည် ။ နှစ်လောင်းပြိုင်၊ သုံးလောင်းပြိုင်၊လေးလောင်းပြိုင် ၊ ငါးလောင်းပြိုင်စသည်ဖြင့် တရားခံမပေါ်သော လူသတ်မှုများစွာရှိလာသည် ။ လူသတ်ပြီးပြေးနိုင်လျှင်လွတ်သည်ဆိုသော အနေအထားက ပိုပြီးထင်ရှားလာသည်။ အောင်ဝင်းခိုင်လိုနေပြည်တော်မှာပင်ပျောက်သွားသောဖမ်းမမိသည့်တရားခံပြေးများ မှာ မထူးဆန်းတော့သလိုဖြစ်လာသည် ။ ။မူးယစ်ဆေးဝါးဖမ်းဆီးရာတွင်လည်း မူ၇င်းထုတ်လုပ်ဖြန့်ချိနေသော ဧရာမဒိုင်ကြီးတွေထက် ဆေးပြားအနည်းငယ် လက်ဝယ်မိသော လူငယ်များ ၊ ရွာသားများ၊ နာမည်ကျော်အနုပညာသမားများကို အဖမ်းပြနေတာ များနေပေသည် ။ တရားခံအကြီးစားကြီးများမှာတော့ ပိုင်ရှင်မဲ့အဖြစ် မကြာခန လွတ်နေတာတွေ့ ရလေသည် ။  မြို့တွေမှာ နေ့ခင်းကြောင်တောင် အိမ်ပေါ်တက်လုကြသည်၊ ရိုက်ကြနှက်ကြသည် ၊ လူဆိုးကရဲကိုရိုက်သည် ။ ရဲကလည်း အရပ်ဝတ်နှင့် ကားပေါ်တွင်လူတွေတင်၍ ရွာထဲဝင်ကာ လူမိုက်ဆန်ဆန်ရိုက်ကြ နှက်ကြသည် ။လမ်းဘေးတွင်ထမင်းကြော်စားနေသော လင်မယားကို ရန်စခံရခြင်း၌ အပြစ်မရှိသူလင်ယောက်ျားကို ရဲကခေါင်းပေါက်အောင်ရိုက်နှက်ဖမ်းဆီးသည် ။

ဧရာဝတီတိုင်းတွင် ခိုးမှုမသင်္ကာခံရသူကိုရဲက ရိုက်နှက်စစ်ဆေးရာလူသေသည် ။  ရန်ကုန်မှာပြိုင်ကားများသောင်းကျန်းကြသည်။ ထိထိရောက်ရောက်ဖမ်းဆီးအရေးယူသည်ဟူ၍မကြားရသေး၊ နိုက်ကလပ်တွင် လူသေသည်အထိရိုက်ကြနှက်ကြသည် ။ထိုလူသတ်မှုကို ဥပဒေအရာရှိကအကြံပေးကာ တရားသူကြီးက စွဲချက်မတင်ပဲလွှတ်ပစ်သည် ။ ဥပဒေအရာရှိက အိမ်ဖော်ကိုရိုက်သတ်သဖြင့်သေသည် ။WY  အိုက်စ် ၊ စသောမူးယစ်ဆေးဝါးများသည် ပဲကြီးလှော်ဝယ်ရသလိုနေရာတကာတွင် ရရှိနိုင်လေပြီ ။ ရိုက်ခြင်းနှက်ခြင်းသတ်ခြင်းဖြတ်ခြင်း တို့သည် မြို့တွေရွာတွေမှာ လုပ်ရိုးလုပ်စဉ်လိုပင်ဖြစ်လာသည် ။ အသက် ၆၀ ကျော် အဘွားကိုပင် မုဒိန်းကျင့်လူသတ်သည်အထိယုတ်မာကြသည်။ ကလေးများကို မုဒိန်းကျင့် လူသတ်ကြသည် ။  အမျိုးကောင်းသားသမီးတို့သည် ည ၈ နာရီ ကျော်လျှင် အိမ်ထဲမှအိမ့်အပြင်မထွက်ရဲတော့ပြီ ။မြန်မာသည် ကျရှုံးနိုင်ငံ Failed State ဖြစ်နေပေပြီ ။ ဥပဒေမဲ့နိုင်ငံ Failed Law ဖြစ်နေပေပြီ ။ မင်းမဲ့နိုင်ငံ Anarchy ဖြစ်နေပေပြီ ။ တနိုင်ငံလုံးထိတ်လန့်ခြောက်ခြားနေကြလေပြီ။     မြန်မာတပြည်လုံးထိုသို့ဖြစ်နေခြင်းသည်  မည်သူ့တွင်တာဝန်ရှိသလဲ ။ ရဲရဲဝံ့ဝံ့ ပွင့်ပွင့်လင်းလင်း ပြောကြဆိုကြဖို့အချိန်တန်ပြီဖြစ်သည် ။

   ကျွန်တော်တို့သည် ပြည်ထဲရေးက အရပ်သားအစိုးရလက်အောက်မှာမရှိဘူးဆိုတာနှင့် ပဲ တနိုင်ငံလုံးဖြစ်ချင်ရာဖြစ်ဟုပစ်ထား၍မရ ။အစိုးရဟူ၍အာဏာယူထားလျှင်ကောင်းတာရောဆိုးတာရောအစိုးရမှာတာဝန်ရှိသည် ။တာဝန်ယူရမည်။ ယခုဖြစ်ပျက်နေသောအခြေအနေဆိုးများကို နိုင်နိုင်နင်းနင်းကိုင်တွယ် ဖို့ ထိထိရောက်ရောက် ဒုစရိုက်နှိမ်နှင်းရေး၊ ရပ်ရွာအေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ကြဖို့ ပြည်ထဲရေးဝန်ကြီးကို သမ္မတက ပြတ်ပြတ်သားသားအမိန့်ပေးညွှန်ကြားရမည် ။ ပြည်ထောင်စုဝန်ကြီးများသည် နိုင်ငံတော်သမ္မတအား တာဝန်ခံရမည် ဟု ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ ( ဇ) တွင်ပြဌာန်းထားပေ၏ ။ ပြည်ထဲရေးနှင့်ဆိုင်သော ရဲတပ်ဖွဲ့၏တရားဥပဒေစိုးမိုးရေးကိစ္စများ သိသာထင်ရှားတိုးတက်မှုမရှိပါလျှင် ပြည်ထဲရေးဝန်ကြီးအား နိုင်ငံတော်သမ္မတက ရာထူးမှဖယ်ရှားပစ်သင့်ပေ၏ ။ ထိုသို့လုပ်ပိုင်ခွင့်ကိုလည်း ၂၀၀၈ ဖွဲ့စည်းပုံကခွင့်ပြုထားပြီးဖြစ်သည် ။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၅ (ဂ) တွင် “နိုင်ငံတော်သမ္မတသည်

(၁) ပေးအပ်သည့်တာဝန်ကိုကျေပွန်စွာ မထမ်းဆောင်နိုင်သော ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယ၀န်ကြီး တစ်ဦးဦးအားရာထူးမှနုတ်ထွက်ရန် ညွှန်ကြားနိုင်သည် ။ ညွှန်ကြားသည့်အတိုင်း လိုက်နာ ခြင်းမပြုလျှင် တာဝန်မှရပ်စဲရမည် ။

(၂) ရာထူးမှနုတ်ထွက်ရမည့် သို့မဟုတ် တာဝန်မှရပ်စဲခံရမည့် တပ်မတော်သား ပြည်ထောင်စုဝန်ကြီး သို့မဟုတ် ဒုတိယ၀န်ကြီး နှင့်ပတ်သက်လျှင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် နှင့်ညှိနှိုင်း ဆောင်ရွက်ရမည် “

လို့ပါပါတယ် ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း  တပ်မတော်အနေဖြင့် သမ္မတ၏ခေါင်းဆောင်မှုအောက်တွင် သာလုပ်ကိုင် ဆောင်ရွက်ခြင်းဖြစ်ပြီး မိမိတို့တပ်မတော်သည် မြန်မာနိုင်ငံ အစိုးရ၏ ဦးဆောင်မှုအောက်တွင် သာရှိသည် ဟူ၍ တိုင်းသိပြည်သိပြောကြားထားပြီးဖြစ်သဖြင့် သမ္မတက ပြည်ထဲရေးဝန်ကြီးကို ရာထူးမှရပ်စဲဖို့ အမိန့်ပေးလျှင် တပ်ချုပ်က သမ္မတညွှန်ကြားချက်ကိုဆန့်ကျင်မည်မဟုတ်ဟု ယူဆရပေသည် ။ အဓိကကတော့ ပွင့်ပွင့်လင်းလင်းပြတ်ပြတ်သားသားလုပ်ကြဖို့လိုအပ်နေခြင်းဖြစ်သည် ။ ဖြစ်ပျက်နေသော ပြည်ထဲရေး၊ ကာကွယ်ရေးစသောဝန်ကြီးဌာနများနှင့်ပတ်သက်၍ အစိုးရသည် အမျိုးသားရင်ကြားစေ့ရေးဟူသော စိုးရိမ်သောကဖြင့် ဘာကိုမှ ၀င်၍ မပြောပဲ တုံဏှိဘာဝေလုပ်နေခဲ့ပါလျှင် အရပ်သားအစိုးရပဲနာမည်ပျက်ပေလိမ့်မည် ။ တိုင်းပြည်ပဲ မတည်မငြိမ်ဖြစ်ကာ နောက်ကြောင်းပြန်လိုသူတို့၏လမ်းကြောင်းအတိုင်း ရေစီးနှင့်မျောတော့မည် ။ ယခုအချိန်တွင် NLD အစိုးရသည် တိုင်းပြည်တွင်ဖြစ်နေသည့်ကိစ္စများကို ဘယ်ဟာကိုတော့ တာဝန်ယူသည် ၊တာဝန်ရှိသည် ၊ ဘယ်ကိစ္စကိုတော့ ကျွန်တော်တို့လုပ်လို့မရဘူး ၊ လုပ်ပိုင်ခွင့်မရှိဘူး ၊ အဲဒိကိစ္စတွေကိုတော့ ပြည်ထဲရေးမှာ တာဝန်ရှိတယ် ၊ သို့မဟုတ် ကာကွယ်ရေး ၊နယ်စပ်ရေးရာစသည်ဖြင့်တာဝန်ရှိတယ် ။ ထိုလုပ်ငန်းစဉ်တွေမချောမွေ့ခဲ့လျှင် လက်ရှိတာဝန်ယူထားသူ ၀န်ကြီးတွေ အကျိုးဆက်ကိုတာဝန်ယူရမယ်ဟု ပွင့်လင်းမြင်သာ ချပြသင့်သည် ။

ဟိုလူ့မှာတာဝန်ရှိသလိုလို ၊ ကိုယ်နဲ့ပဲမဆိုင်သလိုလို လုပ်နေ၍မရတော့ ။ အစိုးရတက်လုပ်ပြီဆိုကတည်းက ကဏ္ဍအားလုံးမှာ တာဝန်ရှိလေသည် ။ မကောင်းသောအစိတ်အပိုင်းများမိမိအစိုးရတွင်ပါဝင်လာပါက ဖြုတ်လဲဖို့လိုလျှင်လဲကောင်းလဲရမည် ။ သတိပေးဖို့လိုလျှင်သတိပေးရမည် ။ သမ္မတသည် နိုင်ငံတော်၏အထိပ်အထိပ်ပုဂ္ဂိုလ်ဖြစ်ပါ၏ ။ ရင်ကြားစေ့ရေးဟူသောနာမည်လှလှကလေးအောက်တွင်တိုင်းပြည်ပျက်ခမ်း မင်းမဲ့တိုင်းပြည်လိုဖြစ်လာနေတာကိုတော့လက်ပိုက်ကြည့်မနေသင့်တော့ပေ ။ မြန်မာနိုင်ငံ၏သတင်းဆိုးများ ကမ္ဘာသို့ ဆက်ကာ ဆက်ကာ ပျံ့နေခြင်း ကို ရပ်တန့်ရန် ယခုအချိန်မှစကာ အပြင်းအထန်ကြိုးစားအားထုတ်ကြပါစို့  ။

သရ၀ဏ်(ပြည်) 

စောင့်ကြည့်ဂျာနယ်
၇.၉.၂၀၁၈

Friday, September 7, 2018

တိုင်းရင်းသားရိုးရာ Style ကြက်​သားဟင်းလျာများ


ကချင် ကြက်သားပေါင်း
----------------------------
အရသာစပ်စပ်လေးနဲ့ ကချင် ကြက်သားပေါင်းပါ။ ကြက်သားကို ငရုတ်သီးပွနီ၊ ဂျင်း၊ ကြက်သွန်နီ အနည်းငယ် နုပ်ထားပြီမှ ပေါင်းထားမို့ သူအရသာက ကြက်သားထဲ ပြန်စိမ့်ဝင်ပြီ စပ်စပ်လေးနဲ့ တမျိုးစားလို့ ကောင်းပါတယ်။
----------------------------
ပါဝင်ပစ္စည်းများ

ကြက်ပေါင် – ၄၅၀ ဂရမ် (အတုံးလတ်များ တုံးပါ)
ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်စဉ်းပါ)
ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
ဂျင်း (သို့) ဂျင်းမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်းစာ (ပါးပါးလှီးပါ)
ငရုတ်သီးပွနီ – ၄ခု (ရေနွေးနဲ့ပြုတ်ပြီ မညက်တညက်ထောင်းထားပါ)
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၅ပုံ၁ပုံ
ဆား – လက်ဖက်ရည်ဇွန်း ၃ပုံ၂ပုံ
နံနံစေ့မှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ရေ (သို့) ဆန်ဝိုင် – စားပွဲတင်ဇွန်း ၂ဇွန်း
ကြက်သွန်မြိတ် – ၁ခု (ပါးပါးလှီးထားပါ)
----------------------------
ချက်ပြုတ်နည်းများ

၁။ အရင်ဆုံး (ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ငရုတ်သီးပွနီ(ထောင်းပြီသား)၊ ဆနွင်းမှုန့်၊ နံနံစေ့မှုန့်၊ ရေ(သို့) ဆန်ဝိုင်)တို့ကို ကြိတ်စက်ထဲထည့်ပြီ သမအောင် ကြိတ်ပေးပါ။

၂။ ပြီလျှင် ကြက်သားများဖြင့် ဆား၊ ကြိတ်ထားသည့် ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ငရုတ်သီးပွတို့ဖြင့် သမအောင် ရောနုယ်ပြီ ၁၀မိနစ်ခန့် နုပ်ထားပါ။

၃။ ထို့နောက် ပေါင်းအိုးတွင် ရေများများထည့်ပြီ ကြက်သားနူသည်အထိ မိနစ်၄၀ခန့် တည်ပေးပါ။

၎။ ကြက်သားပေါင်း ကျက်ပြီဆိုလျှင် ကြက်သားများကို ပေါင်း၍ ထွက်လာသော ကြက်ပေါင်းရည်များဖြင့် ဒယ်ထဲ ရေခမ်းသည်အထိ ပြန်တည်ပေးပါ။

၅။ နောက်ဆုံးမှ ကြက်သွန်မြိတ်လေးများ ဖြူးပြီ ကချင် ကြက်သားပေါင်းကို သုံးဆောင်လို့ရပါပြီ….



ရှမ်းပဲပုတ် နှင့် ကြက်သား အာလူးဟင်း
----------------------------
ရှမ်းရိုးရာ ဟင်းလျာဖြစ်တဲ့ ရှမ်းပဲပုတ် နှင့် ကြက်သား အာလူးဟင်းပါ။ ချိုစိမ့်တဲ့ ကြက်သား၊ အာလူး အရသာကို ရသာကို ရရှိမှာပါ။ ထမင်းမြိန်မယ့် ဟင်းလျာ တခွက်ပါ။ ချက်ရလည်း လွယ်တာမို့ ခုပဲ ချက်ကြည့်ရအောင်…
----------------------------
ပါဝင်ပစ္စည်းများ

ကြက်ပေါင် – ၄၀၀ ဂရမ် (အတုံးလတ်များ တုံးပါ)
အာလူး – ၄လုံး (လက်မ၀က်အရွယ် အတုံးများ တုံးပါ)
ခရမ်းချဉ်သီး – ၃လုံး (အစေ့ထုတ်ပြီ အရှည်ပါးပါးလှီးပါ)
ရှမ်းပဲပုတ် – ၂ခု (ငရုတ်ဆုံဖြင့် ညက်နေအောင် ထောင်းထားပါ)

ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စင်းပါ)
ဆနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ငရုတ်သီးမှုန့် – လဖက်ရည်ဇွန်း တ၀က်
နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
ကြက်သွန်မြိတ် – စားပွဲတင်ဇွန်း ၂ဇွန်းစာ (ပါးပါးလှီးပါ)
စပါးလင် – ၂ခု (မညက်တညက်ထောင်းပြီ ချည်ထားပါ)
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သားမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ရေ – ၃ခွက်
ဆီ – စားပွဲတင်ဇွန်း ၂ဇွန်း
----------------------------
ချက်ပြုတ်နည်း

၁။ အရင်ဆုံး ဇလုံထဲတွင် (ကြက်သား၊ ကြက်သွန်နီ၊ ဆား၊ ကြက်သားမှုန့်၊ ဆနွင်း၊ ငရုတ်သီးမှုန့်၊ ခရမ်းချဉ်သီး၊ ပဲပုတ်၊ စပါးလင်) တို့ကို သမအောင် ရောနုယ်လိုက်ပါ။

၂။ ပြီမှ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလျှင် ရောနုယ်ထားသော ကြက်သား၊ ခရမ်းချဉ်သီးအားလုံးကို လုံးပြီ ၂မိနစ်မှ ၃မိနစ်ထိ ချက်ပေးပါ။

၃။ ထို့နောက် အာလူး၊ ရေ(၃ခွက်) ထည့်ကာ အဖုံးအုပ်ပြီ ၁၅မိနစ်ခန့် ကြက်သား နှင့် အာလူးနူးသည်အထိ တည်ထားပေးပါ။

၎။ အသားနူလျှင် အရသာအပေါ့အငံ့ မြည်းပြီ နံနံပင်၊ ကြက်သွန်မြိတ်များ ဖြူးကာ မီးပိတ်လိုက်ပါ။

၅။ အရသာ ရှိပြီ အနံ့မွှေးသော ရှမ်းပဲပုတ်နှင့် ကြက်သား အားလူးဟင်းကို သုံးဆောင်နိုင်ပါပြီ…



ကြက်ကချင်ချက်
------------------------------
ကြက်ကချင်ချက် ဟင်းလျာက တကယ်ကို ထမင်းမြိန်တဲ့ ဟင်းတခွက်ပါ။ ၀တ်ရည် အကြိုက်ဆုံး ဟင်းလျာထဲက တမျိုးအပါဝင်ဖြစ်ပါတယ်။ ကြက်သားကို ချဉ်စော်ခါးသီးရည်၊ ဖက်ဖယ်ရွက်၊ နံနံပင်၊ ပင်စိမ်း၊ တို့ဖြင့် ရောချက်ကြပါတယ်။ ကြက်ကချင်ချက်မှာ မျှစ်ချဉ်ပါ ထည့်တာမို့ ချဉ်စပ် အရသာလေးနဲ့ အရမ်းစားလို့ ကောင်းပါတယ်။ ထမင်းမြိန်မြိန် စားချင်သူတွေ ဒီဟင်းလျာကို ချက်ဖို့ မမေ့ကြနဲ့နော်…
-----------------------------
ပါဝင်ပစ္စည်များ

ကြက် ပေါင်၊ ရင်ဗုံ – ၂တွဲ(အတုံးသေးများ တုံးပါ)
မျှစ်ချဉ် – ၁ခု (အရှည်ပါးပါးလှီးပါ)
ကြက်သွန်ဖြူ – ၃မွှာ (ထောင်းထားပါ)

ဂျင်း – လက်တဆစ် (ထောင်းပြီ အရည်ညှစ်ပါ)
နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ
ငရုတ်သီးမှုန့် – စားပွဲတင်ဇွန်း ၁ဇွန်း
ငရုတ်သီးစိမ်း – ၃-၄ တောင့် (အစပ်ကြိုက်သူများ ၅တောင့်ထိ ထည့်နိုင်သည်)
နံနံပင် – ၁စည်း (နှုတ်နှုတ်စဉ်းပါ)
ပင်စိမ်း – စားပွဲတင်ဇွန်း ၁ဇွန်း (နှုတ်နှုတ်စဉ်း)
ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်း
ကြက်သားမှုန့် – စားပွဲတင်ဇွန်း တ၀က်
ဆီ – စားပွဲတင်ဇွန်း ၄ဇွန်း
ချဉ်စော်ခါးသီးခြောက် – လက်တဆုပ်စာ (၁၀မိနစ်ခန့် ရေစိမ်ထားပါ)
ဖက်ဖယ်ရွက် – လက်တဆုပ်စာ
(ချဉ်စော်ခါးသီးခြောက်၊ ဖက်ဖယ်ရွက် သံဈေးတွင် ၀ယ်ယူနိုင်သည်)

 -----------------------------
ပြင်ဆင်နည်း

၁။ အရင်ဆုံး ကြက်သားတုံးများကို ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်းမှုန့်၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း တ၀က်) တို့ဖြင့် သမအောင် ရောနုယ်ပြီ ၁၅မိနစ်ခန့် နုပ်ထားပေးပါ။

၂။ နံနံပင်၊ ပင်စိမ်း၊ ငရုတ်သီးစိမ်း၊ ဖက်ဖယ်ရွက် တို့ကို ဆုံထောင်းဖြင့် ညက်ညက်ထောင်းပေးပါ။

၃။ ချဉ်စော်ခါးသီး ခြောက်များကို ၁၀မိနစ်ခန့် ရေစိမ်ထားပေးပါ။
-----------------------------
ချက်ပြုတ်နည်း

၁။ ဒယ်ထဲ ဆီထည့် ဆီပူလာလျှင် ငရုတ်သီးမှုန့် ထည့်ပြီ နုပ်ထားသော ကြက်သားများကို ထည့်ကာ ၁မိနစ်ခန့် ရောမွှေပေးပါ။

၂။ ပြီမှ ချဉ်စော်ခါးသီးစိမ်ထားတဲ့ အရည်(စားပွဲတင်ဇွန်း ၄ဇွန်း)၊ ရေ(၄ခွက်)၊ ပင်စိမ်း၊ ဖက်ဖယ်ရွက်၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ကြက်သားမှုန့်(လက်ဖက်ရည်ဇွန်း ၁ဇွန်း) ထည့်ကာ အဖုံးအုပ်ပြီ ကြက်သား ကျက်သည်အထိ တည်ထားပါ။

၃။ ကြက်သားကျက်ခါနီးတွင် မြေအိုးထဲ ပြောင်းထည့်ပါ။

၎။ မျှစ်ချဉ်ထည့်ကာ နောက်ထပ် ၃မိနစ်ခန့် တည်ပေးပါ။ ရေလိုလျှင် ရေထပ်ထည့်ပေးပါ။

၅။ ကြက်သား ပေါ်ရုံ ရေကျန်လျှင် အရသာ အနေတော် မြည်းကြည့်ပါ။ အပေါ့အငံ အနေတော်လျှင် အပေါ်မှ နံနံပင်၊ ဖက်ဖယ်ရွက်၊ ပင်စိမ်းအုပ်ပေးပြီ မီးပိတ်လိုက်ပါ။

၆။ အရသာရှိသော ကြက်ကချင်ချက်ကို ထမင်းပူပူလေးဖြင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ…



ရခိုင် ကြက်သား ငပိဟင်း
----------------------------
ရခိုင်ရိုးရာ ဖြစ်တဲ့ ကြက်သားကို ငပိနဲ့ ချက်ထားတဲ့ ဟင်းလျာပါ။ အရသာက ထူးကဲပြီ ဟင်းနှစ်များများနဲ့ စားလို့ အရမ်းကောင်းပါတယ်။ အလွယ်တကူပဲ အိမ်မှာ ချက်စားနိုင်တာမို့ ခုပဲ လုပ်ကြည့်ရအောင်…
----------------------------
ပါဝင်ပစ္စည်းများ

ကြက်ပေါင် – ၆ခု (အတုံးလတ်များ ပိုင်းပါ)
ခရမ်းချဉ်သီး – ၅လုံး (အစေ့ထုတ်ပြီ အရှည်လှီးပါ)
ပဒယ်ဂေါ – ၁ခု (ပါးပါး အရှည်လှီးပါ(သို့) မညက်တညက်ထောင်း ချည်ပါ)
ဆနွင်း – လက်ဖက်ရည်ဇွန်း ၃ပုံ၂ပုံ
ငရုတ်သီးဆီချက် – လက်ဖက်ရည်ဇွန်း ၂ဇွန်း (ဒယ်ထဲ ဆီထည့်ပြီ ငရုတ်သီး အရောင်တင်မှုန့်ကို ဆီသပ်ပေးပါ)
ကြက်သွန်နီ – ၃လုံး (နှုတ်နှုတ်စင်းပါ)
ငပိ – စားပွဲတင်ဇွန်း ၃ပုံ၂ပုံ
ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ရေ – ခွက် တ၀က်
နံနံပင် – လက်တဆုပ်စာ (ပါးပါးလှီးပါ)
 ----------------------------
ချက်ပြုတ်နည်းများ

၁။ ဒယ်ထဲ ဆီထည့်ပြီ ဆီပူလာလျှင် ကြက်သွန်နီ ၂-၃မိနစ်ခန့် ဆီသပ်ပေးပါ။ ပြီမှ ဆနွင်းမှုန့် ထည့်ပါ။

၂။ ထို့နောက် ပဒယ်ဂေါ၊ ခရမ်းချဉ်သီး ထည့်ပြီ နောက်ထပ် ၁မိနစ်ခန့် တည်ထားပါ။

၃။ ပြီမှ ကြက်သားထည့်ကာ ကြက်သား အရောင်ပြောင်းသည်အထိ လုံးချက်ပေးပါ။

၎။ ပြီလျှင် (ငပိ၊ ဆား၊ ငရုတ်သီးဆီချက်၊ ရေ(ခွက်ဝက်)) တို့ကို ထည့်ပေးကာ နောက်ထပ် ၃မိနစ်ခန့် တည်ထားပါ။

၅။ နောက်ဆုံးမှ နံနံပင်အုပ်ကာ အရသာထူးကဲသည့် ရခိုင် ကြက်သား ငပိဟင်းလျာကို သုံးဆောင်လို့ရပါပြီ…





မွန်ကြက်သားဟင်း



          စပါးလင်နံ့သင်းပြီး ရှမ်းနံနံမွှေးမွှေးလေးနဲ့ စားကောင်းတဲ့ ကြက်သားဟင်းတစ်ခွက်ပါ။ မွန်ဟင်းတွေရဲ့ ထုံးစံအတိုင်း မရန်းပြားပါ ထည့်ချက်ထားတဲ့အတွက် ဘယ်လောက်စားစား မအီသွားစေပါဘူး။

ပါဝင်ပစ္စည်းများ

ကြက်သား  –  ၅၀ဝ ဂရမ် (အနေတော်အရွယ်တုံးထားပါ)

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ကြက်သားမှုန့်  –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

စပါးလင်  –  ၃ ချောင်း (ဓားပြားရိုက်ထားပါ)

မရန်းပြား  –  ၃ ပြား

ငံပြာရည်  –  စားပွဲဇွန်း ၁/၂ ဇွန်း

ရှမ်းနံနံ  –  ၁/၂ စည်း

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ရေ  –  ၆၀ဝ မီလီလီတာ

အနှစ်အတွက်ထောင်းရန် လိုအပ်တာတွေကတော့-

ကြက်သွန်နီ  –  ၁၅၀ ဂရမ်

ကြက်သွန်ဖြူ  –  ၂၅ ဂရမ်

ငရုတ်သီးစိမ်း  –  ၅၀ ဂရမ်

ပြုလုပ်နည်း

၁။       သန့်ရှင်းအောင်ဆေးကြောပြီး အနေတော်တုံးထားတဲ့ ကြက်သားကို ဆား၊ နနွင်းမှုန့်နှင့် ကြက်သားမှုန့်တို့ကို ထည့်ပြီး ရောနယ်ထားပါ။

၂။       အနှစ်အတွက် ကြက်သွန်ဖြူ၊ ကြက်သွန်နီနှင့် ငရုတ်သီးစိမ်းတို့ကို ရောပြီး ထောင်းထားပါ။

၃။       ထောင်းထားတဲ့အနှစ်ကို ဆီသတ်ပြီး စပါးလင်ထည့်ပါ။

၎။       အနံ့မွှေးလာသည်နှင့် နယ်ထားတဲ့ ကြက်သားထည့်ပြီး အသားတင်းလာသည်အထိ မွှေပေးပါ။

၅။       ပြီးလျှင် ရေထည့်ပြီး ဆူအောင် တည်ထားပါ။

၆။       ဆူလာသည်နှင့် ငံပြာရည်၊ မရန်းပြားထည့်ပြီး အဖုံးဖုံးပြီး မီးလျှော့ကာ ကြက်သားနူးသည်အထိ ချက်ပါ။

၇။       ကြက်သားနူးလျှင် ရှမ်းနံနံခတ်ပါ။ ဆီပြန်ဟင်းမဟုတ်သည့်အတွက် အရည်စပ်စပ်လေး ဖြစ်နေရပါမယ်။

www.facebook.com/Myint Oo Tha

Thursday, September 6, 2018

ဖတ်စရာ မြန်မာစာအုပ်များ (PDF) စုစည်းမှု (၂)



ကိုင်းလာပြီဗျာ အကြိုက်ဆွဲတော့။

ကြိုက်​နှစ်​သက်​​သော စာ​ရေးဆရာအမည်​ကို ​ရွေးချယ်​၍
ပေးထား​သော link ပေါ်မှာ click တချက်​​ပေးလိုက်​ပါ။
စာအုပ်​များ​ပေါ်ထွက်​လာလိမ့်​မယ်​။
နှစ်​သက်​ရာ စာအုပ်​ကို ​ရွေးချယ်​ကာ download ပြုလုပ်​ပါရန်​။

ကဗျာစာအုပ်များ
https://yadi.sk/d/BQyHLzoufQXPX

ခင်ခင်ထူး
https://yadi.sk/d/KtKuAcbXgVNmj

ချစ်စံဝင်း
https://yadi.sk/d/BU2XKZbugx9Ex

ချစ်ဦးညို
https://yadi.sk/d/rU4MkOd1gApsz

ဂမ္ဘီရစာအုပ်များ
https://yadi.sk/d/dJEyZO6CfQXPZ

စပ်စု
https://yadi.sk/d/i4yJ56s8eut8i

စွယ်စုံကျမ်း
https://yadi.sk/d/FoE5markfQXPj

စာအုပ်ပေါင်းစုံ
https://yadi.sk/d/70hWsKVTfQXPf

ဇာဂနာ
https://yadi.sk/d/mZnPo9MafQXPm

တက္ကသိုလ်ဘုန်းနိုင်
https://yadi.sk/d/8f3aw1u3fQXap

တာရာမင်းဝေ
https://yadi.sk/d/HnHuiehUfQXar

ဒဂုန်ရွှေမျှား
https://yadi.sk/d/zsjJwRs7fhdsq

နတ်နွယ်
https://yadi.sk/d/arnJ0mCBfQXPq

ပါရဂူ
https://yadi.sk/d/KP57Yo1FfQXPu

ပီမိုးနင်း
https://yadi.sk/d/0vl8nWw9fQXav

ပုံပြင် စာအုပ်များ
https://yadi.sk/d/fOBZgOdGfQXax

ဖားအောက်တောရဆရာတော်တရားစာအုပ်များ
https://yadi.sk/d/8K3-VrINiEvoW

ဖိုးကျော့ 
https://yadi.sk/d/J9bA2LG9fQXb3

ကြူမွှေး
https://yadi.sk/d/GqUc6v3Xk78eX

မင်းသိင်္ခ
https://yadi.sk/d/zseaLkxtfQXb7

မဟာစည်ဆရာတော်အရှင် သောဘန
https://yadi.sk/d/Pr261wIbk78ek

မဟာဗုဒ္ဓဝင် ၆တွဲ ၈အုပ်
https://yadi.sk/d/vnbbTnNCfQXbB

မဟာဆွေ
https://yadi.sk/d/nPcEu--ifQXbM

ငြိမ်းကျော်
https://yadi.sk/d/xTIeW5iek78f5

မြန်မာစာပေဆိုင်ရာ စာအုပ်များ
https://yadi.sk/d/T0EULiToeqNQE

မြန်မာနိင်ငံ ရဟန္တာနှင့်ရဟန်းထူးများ ၂တွဲ
https://yadi.sk/d/_f-KTy9VetZFZ

မြသန်းတင့်
https://yadi.sk/d/Fk5bKmJ_fQXbj

ရဟန်းတော်များထေရုပ္ပတ္တိဆိုင်ရာစာအုပ်များ
https://yadi.sk/d/i8T46pQpgApts

လယ်တွင်းသားစောချစ်
https://yadi.sk/d/ddpA-OC8gx9Fs

သိန်းဖေမြင့်
https://yadi.sk/d/r1Mv3rrUfQXQ2

သုမောင်
https://yadi.sk/d/Dl79Kcb0gx9Fu

အဏ္ဏ၀ါ စိုးမိုး
https://yadi.sk/d/j4jds1jbfQXbR

အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၁
https://yadi.sk/d/-3k8njRHfVbrk

အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၂
https://yadi.sk/d/-lbs87odfYWoR

အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၃
https://yadi.sk/d/WZz9csP3fauQf

အရှင်ဆန္ဒာဓိက
https://yadi.sk/d/3esbITH6fQXQ4

အရှင်နန္ဒမာလာ
https://yadi.sk/d/OKVjg8nOgApuA

အရိုး
https://yadi.sk/d/OlTVATGtfQXbV

အီကြာကွေး
https://yadi.sk/d/IEZQ_Z_5fQXQ6

အထွေထွေ
https://yadi.sk/d/CM4lUbCCfSfLf

အထွေထွေဗဟုသုတ ဆိုင်ရာဆောင်းပါးများ ၎
https://yadi.sk/d/tVkDeU32gVNnc

အထွေထွေဗဟုသုတ ဆိုင်ရာဆောင်းပါးများ ၅
https://yadi.sk/d/wN7vqdWhgVNne

အထွေထွေဗဟုသုတဆိုင်ရာဆောင်းပါးများ ၁
https://yadi.sk/d/WV943ctXgVNnk

အထွေထွေဗဟုသုတဆိုင်ရာဆောင်းပါးများ ၂
https://yadi.sk/d/QBv7Ue-cgVNnp

အထွေထွေဗဟုသုတဆိုင်ရာဆောင်းပါးများ ၃
https://yadi.sk/d/t3sEgYd-gVNnv

ဦးတင်ဦး
https://yadi.sk/d/sViM3qzkk78gN

ဦးလှဝင်း
https://yadi.sk/d/GEm3ZRVffQXQ8

ဦးဝင်းတင်
https://yadi.sk/d/7pP21N2Lk78gV

ဦးသုခ
https://yadi.sk/d/itUXggIPgApuJ

ဦးနု
https://yadi.sk/d/daHkAKfhgApuL

ငွေဥဒေါင်း...ဗုဒ္ဓစာပန်းချီ
https://yadi.sk/d/vIlpyYVyfQXbZ

ဖေမြင့်
https://yadi.sk/d/60GpdLLDew5hd

ကြေးမုံဦးသောင်း
https://yadi.sk/d/Jqb9CXN7fQXQW

မေတ္တာရှင်(ရွှေပြည်သာ)
https://yadi.sk/d/pz7gs_XWfQXbb

မောင်ထင်
https://yadi.sk/d/o8g9p3JUfQXQG

မောင်ထွန်းသူ
https://yadi.sk/d/X5zKnscefQXbd

ရွှေဥဒေါင်း
https://yadi.sk/d/2vtz2qn2fQXQJ

သော်တာဆွေ
https://yadi.sk/d/Lun8JdxSepWS5

အောင်သင်း
https://yadi.sk/d/eXUbxPeffQXQQ

၅၅၀ ဇာတ်ဝတ္ထုများ
https://yadi.sk/d/cs9p1Q5piEwCe
MCM books
https://yadi.sk/d/mfleWBuWiEwCk
Mmteashop
https://yadi.sk/d/hg7i4zTtiEwCp

ဣဒ္ဓိပါလ No.1
https://yadi.sk/d/ukUvzAmjk5xFR

ကံချွန်
https://yadi.sk/d/BdJcgi0Egx97j

ခင်မျိုးချစ်
https://yadi.sk/d/6WPrkHFPiEwCx

ခင်ဆွေဦး
https://yadi.sk/d/SAXauAPSiEwD3

ခင်မောင်ဇော်
https://yadi.sk/d/Yjo7Jmjbk5xFo

ခင်နှင်းယု
https://yadi.sk/d/vuJGlEqngVPFW

ဂျာနယ်ကျော် မမလေး
https://yadi.sk/d/HtaT5oeSiEwDB

စစ်ကိုင်း ဦးဘိုးသင်း
https://yadi.sk/d/iz4KU2oIgUUpd

စာစီစာရိုက်လေ့ကျင့်နည်းစာအုပ်
https://yadi.sk/d/SKJQmdG9hEoc7

ဆင်ဖြူကျွန်း အောင်သိန်း
https://yadi.sk/d/Pe0KNZ9Wgx97m

ဇဝန
https://yadi.sk/d/ufcTZjzagVPFa

ညီပုလေး
https://yadi.sk/d/Ef2a3HtKk5xGC

တက္ကသိုလ် နန္ဒမိတ်
https://yadi.sk/d/n4SqkaAsiEwDV

တက္ကသိုလ်နေဝင်း
https://yadi.sk/d/54VMVw9diEwDZ

တက်တိုး
https://yadi.sk/d/FGc2vh4OiEwDb

တင့်တယ်
https://yadi.sk/d/KzaBuMeCk5xGa

တင်မောင်မြင့်
https://yadi.sk/d/DZEpFPSihEoc9

ထင်လင်း
https://yadi.sk/d/gzS403k4k5xGp

ဒဂုန်ဥိးစန်းငွေ
https://yadi.sk/d/Xoq47Ewdk5xGv

ဓမ္မပဒဝတ္ထု ၅ တွဲ
https://yadi.sk/d/Wk8SSDY6iEwDm

ဓမ္မာစရိယဦးဌေးလှိုင်
https://yadi.sk/d/pWMQM8YviEwDq

နီကိုရဲ
https://yadi.sk/d/Lf9SowV0gVPFc

နန္ဒ
https://yadi.sk/d/tRPQGbP6k5xHB

နန္ဒာသိန်းဇံ
https://yadi.sk/d/jzb0LgIbgVPFk

ပျို့ လင်္ကာစာအုပ်များ
https://yadi.sk/d/GQsACSFVgVPFn

ဗန်းမော်တင်အောင်
https://yadi.sk/d/TXUwMqsogVPFr

ဗိုလ်တာရာ
https://yadi.sk/d/qcdQupnek5xHM

မင်းယုဝေ
https://yadi.sk/d/zHd3t8jpiEwE6

မင်းမြတ်သူရ
https://yadi.sk/d/S8IPSpz1iEwEC

မင်းလူ
https://yadi.sk/d/iFT7pZGlgVPFv

မင်းသုဝဏ်
https://yadi.sk/d/GX-P-Kp_iEwEG

မစန္ဒာ
https://yadi.sk/d/5LO18pr2gx97s

မန်းတင်
https://yadi.sk/d/aq8MM_kciEwEN

မိချမ်းဝေ
https://yadi.sk/d/w0SPF8SAhEocD

မိုးမိုး(အင်းလျား)
https://yadi.sk/d/qpB7jN8zgx97y

မိုးဝေ
https://yadi.sk/d/XV4E1HINiEwEY

မြန်မာ့မဟာဂီတစာအုပ်များ
https://yadi.sk/d/8hB1Vo8_hEocF

မြန်မာ့နိုင်ငံရေးဆိုင်ရာစာအုပ်များ
https://yadi.sk/d/fXhlcBBeiEwDH

မြသန်းစံ
https://yadi.sk/d/ySRhOsqwhEocH

ရန်ကုန်ဘဆွေ
https://yadi.sk/d/IdlKkeuFiEwEn

လင်္ကာရည်ကျော်
https://yadi.sk/d/osXlEv37iEwEr

လင်းယုန်သစ်လွင်
https://yadi.sk/d/fyTrQtUHk5xJ4

လင်းဝေမြိုင်
https://yadi.sk/d/rZ5Q3uSCiEwEx

လယ်တီဒီပနီစာအုပ်များ
https://yadi.sk/d/pFi-lsi-hEocK

လူထု စိန်ဝင်း
https://yadi.sk/d/OCKvLtHqhEocM

လူထု ဦးလှ အမှတ်တရ
https://yadi.sk/d/9iokaOwOhEocP

လူထု ဒေါ်အမာ
https://yadi.sk/d/oZVpKi55hEocR

ဝတ္ထုတိုပေါင်းချုပ်များ
https://yadi.sk/d/NA1V879igx982

သခင် ဘသောင်း
https://yadi.sk/d/2cyqitajiEwFF

သစ္စာနီ
https://yadi.sk/d/0B1XIP5DiEwFM

သိပ္ပံမောင်ဝ
https://yadi.sk/d/ZLu84u2oiEwFX

ဟာသ
https://yadi.sk/d/D2eMrbcOk5xJJ

အထုပ္ပတ္တိဆိုင်ရာစာအုပ်များ ၎
https://yadi.sk/d/piXLKvJUgx984

အကြည်တော်
https://yadi.sk/d/j-RpWwyvgVPFz

အရှင်သံဝရာဘိဝံသ
https://yadi.sk/d/mzFqdiHKk5xJY

အထွေထွေစာအုပ်များ
https://yadi.sk/d/vzRSNbb0iEwFd

အထောက်တော်လှအောင်
https://yadi.sk/d/-ai_45iMiEwFh

ဥပဒေ
https://yadi.sk/d/vmxy-ipYgVPG3

ဦးဆန်းလွင်
https://yadi.sk/d/-cfxbwx_hEocT

ဦးဖိုးကျား
https://yadi.sk/d/hYujuIiViEwFw

ဦးဘုန်း
https://yadi.sk/d/jYt-14BEgx98A

ကျော်ထူး
https://yadi.sk/d/ZnGqoYAOk5xKD

ကျော်မြသန်း
https://yadi.sk/d/VrqOPQ_jiEwGC

ကျော်အောင်
https://yadi.sk/d/YqxzCEYSiEwGG

ဆောင်းလုလင်
https://yadi.sk/d/q7sRcRs8hEocV

ဒေါက်တာ မတင်ဝင်း
https://yadi.sk/d/FXwll4h8hEocX

နေဝင်းမြင့်
https://yadi.sk/d/kMATHCuRgVPGF

နေနော်
https://yadi.sk/d/gXzVbfXCiEwGN

မောင်စိန်ဝင်း(ပုတီးကုန်း)
https://yadi.sk/d/4QkKbIDviEwGU

မောင်မိုးသူ
https://yadi.sk/d/CsENcsaDiEwGc

မောင်လှမျိုး(ချင်းချောင်းခြံ)
https://yadi.sk/d/3q-8NE1piEwGi

မောင်သာချို
https://yadi.sk/d/x6B5X9BriEwGn

မောင်သိန်းဆိုင်
https://yadi.sk/d/vo2hRFxBiEwGt

မောင်ပေါ်ထွန်း
https://yadi.sk/d/eXcXKE3WgU9Ay

ရွှေကူမေနှင်း
https://yadi.sk/d/RnJOUew-k5xKd

အောင်ခန့် 
https://yadi.sk/d/3cioTuBbiEwGv

နုနုရည် (အင်းဝ)
https://yadi.sk/d/BgcSYkkwiEwH3

စွယ်စုံကျမ်း နှစ်ချုပ်များ
https://yadi.sk/d/axWglZXZk8Xmz

စိုက်ပျိုးရေး စာအုပ်များ
https://yadi.sk/d/J9NKBW4ok8Xn5

ဆန်းထွန်း
https://yadi.sk/d/gz2ajtJak8XnB

ဆယ်စောင်တွဲကျမ်းများ
https://yadi.sk/d/OzzNK39dk8XnD

ဇင်သန့်
https://yadi.sk/d/qCRT4n71k8XnH

တည်တောဆရာတော်
https://yadi.sk/d/aI2X_w6Dk8XnJ

ဒဂုန်တာရာ
https://yadi.sk/d/eH68CxHWk8XnK

မင်းကွန်းဆရာတော်ကြီး
https://yadi.sk/d/4wW2LqvDk8XnM

ယုဝတီဂျင်းဖောမယ်
https://yadi.sk/d/4zxy8yTxk8XnP

မြင့်ဆွေ
https://yadi.sk/d/yp4fl4LZk8XnR

မြန်မာ့စွယ်စုံကျမ်းများ အတွဲ ၁၀-၁၅
https://yadi.sk/d/4X-XIGWdk8XnS

ရန်အောင်
https://yadi.sk/d/jvakPK76k8XnW

သာဓု
https://yadi.sk/d/Ru_zDFD0k8XnZ

သာသနာဝင်စာအုပ်များ
https://yadi.sk/d/qTPfjxMLk8Xni

သပြေကန်ဆရာတော်
https://yadi.sk/d/JVMiVsFrk8Xnp

ဟိန်းလတ်
https://yadi.sk/d/5s9PqcPGk8Xnt

အထွေထွေကျမ်းစာများ
https://yadi.sk/d/rJY2dHISk8Xnw

အထွေထွေဝတ္ထု နှင့် ဆောင်းပါးများးး
https://yadi.sk/d/wRjIPbKMk8Xny

အဖျောက်ဆရာတော်
https://yadi.sk/d/3wL3Pz-6k8Xnz

ဦးအေးမောင်
https://yadi.sk/d/q6atP84Ak8Xo3

ကျောက်မျက်ဆိုင်ရာ
https://yadi.sk/d/I8j0mPX2k8Xo8

စောမုံညင်း
https://yadi.sk/d/iG3WpwdWk8Xo9

ဇော်ဂျီ
https://yadi.sk/d/MUg6o6E3k8XoA

ဒေါက်တာမင်းတင်မွန်
https://yadi.sk/d/UK2zIqLnk8XoC

မောင်ခင်မင်(ဓနုဖြူ)
https://yadi.sk/d/nzRMdTtEk8XoG

မောင်မြင့်ကြွယ်
https://yadi.sk/d/9omL9nCvk8XoJ

မောင်နေဝင်း
https://yadi.sk/d/6Xy0h9EFk8XoM

မော်စီတုန်း
https://yadi.sk/d/qBZmljWik8XoR

ရွှေဝယ်ဧ
https://yadi.sk/d/O4sfYHsNk8XoT

၂၀ရာစုစာရေးဆရာများနှင့်စာစုများ
https://yadi.sk/d/mTiyrTOemcgyW

E pub စာအုပ်များ
https://yadi.sk/d/76tVdC3CmcgyX

ကျီးသဲလေးထပ်ဆရာတော်
https://yadi.sk/d/J1KW1Tgdmcgyb

ခင်စောတင့်
https://yadi.sk/d/y7sRpBpVmcgye

ညီညီနိုင်
https://yadi.sk/d/ZB2ojyXkmcgyg

ညီသစ်
https://yadi.sk/d/0p1Gluoimcgyi

တက္ကသိုလ်စိန်တင်
https://yadi.sk/d/WRxYfpNLmcgyn

တင်နိုင်တိုး
https://yadi.sk/d/j98l1GRYmcgyq

ငဇင်ကာ သို့မဟုတ် ဖိလစ်ဒီဘရစ်တို (တင်နိုင်တိုး)
https://drive.google.com/file/d/1k08xY8tK6g88auk17othSySykPUFkxDE/view?usp=drivesdk

တိုက်စိုး
https://yadi.sk/d/ZO16cL-3mcgyt

မဟာဗုဒ္ဓဝင်စာအုပ်များ
https://yadi.sk/d/8w3fDw5Kmcgyy

မြင့်စိုးလှိုင်
https://yadi.sk/d/NTgHq--imcgz4

မြတ်ငြိမ်း
https://yadi.sk/d/qsuqPv5-mcgz8

လင်းယုန်မောင်မောင်
https://yadi.sk/d/YGUAEVnImcgz9

သဒ္ဓမ္မရံသီ ရိပ်သာဆရာတော်
https://yadi.sk/d/apHDXIVYmcgzD

အရှင်ဓမ္မဿာမီဘိဝံသ
https://yadi.sk/d/TnzHcMeCmcgzG

အထွေထွေဝတ္ထု များ
https://yadi.sk/d/M4kwO2OmmcgzL

ဦးကြင်ရွှေ
https://yadi.sk/d/StG1D-numcgzT

ညောင်ကန်ဆရာတော်ကြီး ၅၅၀ စာအုပ်များ
https://yadi.sk/d/f8T11D3PmcgzW

မောင်ဝံသ
https://yadi.sk/d/xJslVfDTmcgzZ

မောင်သာရ
https://yadi.sk/d/7yjBSnM-mcgza

မောင်ဖေငယ်
https://yadi.sk/d/VGwrfQ3Qmcgze

သောင်းထိုက်
https://yadi.sk/d/Z46ajlqJmcgzh

သောင်းဝေဦး
https://yadi.sk/d/DWuJOf70mcgzn

နိုင်ဝင်းဆွေ
https://yadi.sk/d/xlTXf9gmmcgzs