Monday, August 12, 2024

Galaxy Z Flip 6 or Xiaomi MIX Flip?

 $300 ကျော်ကွာပေမယ့် ဒီမှာတကယ်ရောင်းတဲ့စျေးက ၂ သိန်းကျော်ပဲ ကွာတယ်ဆိုတော့ ရွေးရခက်ကုန်ပြီ 🫠




နောက်ဆုံးတော့ Xiaomi ရဲ့ ပထမဆုံး Flip ဖုန်း - Xiaomi MIX Flip ကို မြန်မာနိုင်ငံမှာဝယ်လို့ရပြီဆိုပြီး အသိတစ်ယောက်လာပြောတာနဲ့ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ အလွယ်ဝယ်လို့ရတဲ့ Flip ဖုန်းဆိုရင် တစ်ဦးတည်းမောင်ပိုင်စီးထားတဲ့ Samsung ရဲ့ နောက်ဆုံးထွက် Galaxy Z Flip6 နဲ့ ယှဥ်ပြီး ဘာတွေကွာသလဲဆိုတာကို ရေးဖြစ်ပါတယ်...။ 


#Build


- Samsung Galaxy Z Flip6 က ဖြန့်ထားရင် အထူက 6.9mm | ခေါက်ထားရင် 14.9mm ရှိမယ်။ အလေးချိန်က 187g ပဲ။ 

- Xiaomi MIX Flip ကြတော့ အထူက 7.6mm | ခေါက်ထားရင် 16mm ရှိမယ်။ အလေးချိန်က 190/192g ဆိုပြီး Back Texture ပေါ်မှုတည်ပြီး ကွာမယ်။ 


ဆိုတော့ Galaxy Z Flip6 က ပိုပါး၊ ပိုပေါ့ပေမယ့် အရမ်းကြီးတော့ သိသာမှာမဟုတ်ဘူး။ 


#Design 


- Galaxy Z Flip6 က မနှစ်က Z Flip5 Design ကိုပဲ Camera Ring မှာအရောင်ပါလာတာလောက်ပဲ။ Design ပိုင်းကတော့ Xiaomi MIX Flip က ပိုလှတယ်။ 


#Performance 


- ဒီ Flip ဖုန်း ၂ ခုစလုံး Qualcomm Snapdragon 8 Gen 3 Chipset ပဲ၊ ပြီးတော့ VaporChamber Cooling လည်း ၂ ခုစလုံးမှာပါလာပြီ။ 

- RAM ကလည်း 12GB ကနေ စတာ တူတူပဲ။ လောလောဆယ် Z Flip6 ကို စမ်းပြီးတဲ့သူတွေပြောတာကတော့ Heat Issue တော်တော်သက်သာသွားတယ်ဆိုပေမယ့် VaporChamber Size တွေ၊ RAM | Storage ကို ပိုလိုချင်ရင် Xiaomi MIX Flip က Specs ပိုသာနိုင်တယ်။ 


#Camera 


- ဒီမှာလည်း ၂ ခုစလုံး 50MP Main Camera ပဲ - Z Flip6 ကလည်း ဒီ 50MP Sensor ကို ဒီနှစ်မှ Upgrade လုပ်ထားသလို MIX Flip ကလည်း Leica Tuning ဖြစ်မယ်။ 

- ကွာသွားတာက Secondary Camera - Z Flip6 မှာက 12MP Ultrawide Camera ကို သုံးထားပေမယ့် Xiaomi MIX Flip က 50MP 2x Telephoto Camera ကို သုံးလိုက်တယ်။ 

- ဆိုတော့ 2x Portrait ပုံတွေမှာ Xiaomi MIX Flip က ပိုသာနိုင်တယ်။ ဒါပေမယ့် Z Flip6 လည်း 2x Sensor Crop နဲ့ ရိုက်လို့ရသေးတယ် - တစ်ဖက်မှာ Xiaomi MIX Flip က လုံးဝ Ultrawide ကို Software နဲ့ ရိုက်နိုင်မှာမဟုတ်ဘူး။ 


- Selfie က Z Flip6 က 10MP | MIX Flip က 32MP ပါမယ်။ Selfie Quality ကတော့ ယှဥ်စမ်းမှပဲ သိလောက်မယ်။ 


#Display 


- Display ပိုင်းမှာက Z Flip6 က 6.7" FHD+ 120Hz AMOLED LTPO Display ကို သုံးထားတယ်။ Peak Brightness က 2600nits ပဲ။ 

- Xiaomi MIX Flip က နည်းနည်းပိုကြီးတဲ့ 6.86" FHD+ ကိုမှ Pixels Density ပိုများတယ်။ 120Hz LTPO AMOLED Display ပဲ - Peak Brightness ကတော့ 3000nits ဆိုတော့ ပိုများမယ်။ 


ကွာသွားတာက Cover Display ပိုင်းမှာပါ - 


- Z Flip6 က 3.4" 60Hz AMOLED Cover Display ကိုမှ Ratio က Square မကျတကျပုံစံသုံးထားတယ်။ သူ့ဟာနဲ့သူတော့ Widget တွေ၊ App တွေတင်သုံးလို့ရမယ်။ 

- Xiaomi MIX Flip ကတော့ 4" 120Hz AMOLED Display သုံးထားတယ်၊ Specs တွေအရတော့ 120Hz အပြင် Peak Brightness 3000nits တွေ၊ Feature တွေဆိုလည်း App တွေမှာ Full Size Keyboard ရတာမျိုး၊ Widget တွေ၊ Cover Display ကနေ ဖုန်းကိုဖွင့်စရာမလိုပဲ ဖုန်းပြောလို့ပါရမယ်။ 


#Battery 


- Z Flip6 က 4000mAh Battery ကိုမှ 25W Charging ပဲပါမယ်။ 15W Wireless Charging တွေ၊ Reverse Wireless Charging တွေပါ သုံးလို့ရမယ်။ 

- Xiaomi MIX Flip ကြတော့ 4780mAh Battery ပါတဲ့အပြင် 67W Fast Charging ဖြစ်သွားမယ်။ ဒါပေမယ့် ဘာ Wireless Charging မှ မပါတော့ဘူး ။ 


#Others 


- ကျန်တဲ့အပိုင်းတွေမှာ အရေးကြီးတဲ့အပိုင်းတစ်ခုက Galaxy Z Flip6 ပဲ IP48 Rating ရထားတယ်၊ ရေအနက် ၁ မီတာခွဲမှာ မိနစ် ၃၀ လောက်ထိ စိမ်ထားလို့ရမယ်။ 

- Xiaomi MIX Flip ကတော့ ဒီအပိုင်းမှာ Rating မရထားဘူး။ 

- တခြား Dual Stereo Speaker တွေ၊ Side Mounted Fingerprint တွေက အတူတူပဲ။ 


#Software/AI 


- ဒီအပိုင်းက Z Flip6 က အများကြီးပိုသာသွားတယ်၊ Official ရောင်းတဲ့ဖုန်းဖြစ်တော့ Global OneUI ဖြစ်တဲ့အပြင် Android OS Update ကို ၇ နှစ်အထိရမယ်။ 

- ပြီးတော့ လောလောဆယ်အထိ Galaxy Z Flip6 ပဲ Galaxy AI Feature တွေကို သုံးလို့ရမယ်။ Galaxy AI ကလည်း အခုဆို Gimmick ဆိုတာထက် တော်တော်အသုံးဝင်လာပြီ။ 


- Xiaomi MIX Flip ဘက်ကတော့ လောလောဆယ် Official Global မဟုတ်တဲ့ China Version ဆိုတော့ China HyperOS ပဲဖြစ်လောက်မယ်။ AI ဘာညာလည်း တရုတ်လိုသုံးရင်တောင် Galaxy AI လောက်တော့ အဆင်မပြေလောက်သေးဘူး။ 


#Price 


တကယ်က Galaxy Z Flip6 က ဒီနှစ် Global မှာ $100 ပိုများပြီး $1,099 နဲ့ ရောင်းနေတာပါ။ 


တစ်ဖက်က Xiaomi MIX Flip ကြတော့ 5,999 Yuan ($835 ဝန်းကျင်) နဲ့ တရုတ်မှာရောင်းတယ်။ 


ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံမှာ Samsung Myanmar က Galaxy Z Flip6 ကို အခု Post တင်တဲ့အချိန်အထိ ၆၁ သိန်းအောက်နဲ့ရောင်းနေပြီး Xiaomi MIX Flip က ၅၈ သိန်းကျော်ဖြစ်နေတယ်။ ဒါက RAM 12GB | 256GB Version အတူတူပဲ။ Global/China မှာ စျေးကွာပေမယ့် ဒီမှာက ၂ သိန်းကျော်ပဲ ကွာမယ်။ 




ဆိုတော့ Xiaomi ရဲ့ ပထမဆုံး Flip ဖုန်းရွေးကြမလား... Samsung ကနေ Official ဖြစ်ပေမယ့် Specs နည်းနည်းလျော့၊ Software ပိုသာနိုင်တဲ့ Galaxy Z Flip6 ကို ရွေးကြမလား...? 


#TechGadgetMM

No comments: