Friday, March 5, 2021

အညာမုန့်လက်ဆောင်း - ကော်ဖီအေး - ကူလ်ဖီး - မန်ကျည်းဖျော်ရည်

အညာမုန့်လက်ဆောင်း - ကော်ဖီအေး - ကူလ်ဖီး - မန်ကျည်းဖျော်ရည်


နွေရာသီမှာ ရင်အေးဖို့ သောက်စရာလေးတွေ စားစရာလေးတွေအများကြီးရှိတဲ့အထဲမှာ မကြာခဏဘဲ ပြန်လည်မျှဝေမိသလို ကျွန်တော်လည်း ကြိုက်နှစ်သက်တာကြောင့် အခုလည်းပြန်မျှဝေပါရစေ။ နည်းလမ်းတွေကတော့ ချက်ပြုတ်ပြင်ဆင်သူအပေါ်မူတည်ပြီး လက်ရာနဲ့ ပါဝင်ပစ္စည်းအနည်းငယ်ကွာပါတယ်။


အညာမုန့်လက်ဆောင်းလုပ်နည်း

--------------------------




ပါဝင်ပစ္စည်းများ

• ထန်းလျက် - ၆ဝဝ ဂရမ်

• ရေ - ၁ လီတာ

• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

(ထန်းလျက်ရည်ကျိုရန်)

• နှမ်း - ၃၀ ဂရမ်

• ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း (နှမ်းလှော်ရန်)

• ဆန်မှုန့် - ၁၅၀ ဂရမ်

• ကော်မှုန့် - စားပွဲဇွန်း ၂ ဇွန်း

• ရေ - ၁ လီတာ

• နံ့သာရည် - လက်ဖက်ရည်ဇွန်း ၁ ဇွန်း

• ရေခဲ - ၂၀ ဂရမ်

• ကောက်ညှင်းငချိပ်ပေါင်း - ၁၀ ဂရမ်


ပြုလုပ်နည်း

၁။ ဦးစွာ အိုးတစ်အိုးထဲ ထန်းလျက်၊ ရေ၊ ဆားတို့ကို ထည့်ပြီး ကျိုထားပါ။ ပြီးလျှင် နှမ်းကို လှော်ထားပါ။ လှော်ထားပြီးသား နှမ်းကို အနည်းငယ် ထောင်းထားပါ။

၂။ မုန့်လက်ဆောင်းဖတ် ပြုလုပ်ရန်အတွက် ဒယ်အိုးထဲ ဆန်မှုန့်၊ ကော်မှုန့်၊ရေ၊ နံ့သာရည်တို့ကို ထည့်ပြီး မီးဖိုပေါ်တွင် ပျစ်လာသည်အထိ ကျိုပါ။

မုန့်သား ကြွက်မြီးတန်းပြီဆို ရပါပြီ။ ရေခဲထည့်ထားသော ဇလုံထဲ ဆန်ခါ ခွက်ဇွန်းဖြင့် မုန့်သားများကို ဖိချပေးပါ။ အဲဒါဆို မုန့်လက်ဆောင်း ဖတ် လေးတွေ ရပါပြီ။ မုန့်ပြင်ရန် ဖန်ခွက်ထဲ မုန့်လက်ဆောင်းဖတ်ထည့်ပါ။

ရေခဲ၊ ကောက်ညှင်းငချိပ်ပေါင်း ထည့်ပြီး ထန်းလျက်ရည်ဆမ်းပါ။ အပေါ်မှ အုန်းသီးဖတ်နဲ့ နှမ်းလေးဖြူးပြီးလျှင် သုံးဆောင်လို့ရပါပြီ။

----------------------------------

Tin Tin Oo


NESCAFÉ Lime Coffee Shake တစ်ခွက် ပြင်ဆင်ဖို့ကတော့ 



NESCAFÉ Red Cup – လက်ဖက်ရည်ဇွန်း ၁ ဇွန်းခွဲ (1½ teaspoons)

(ကော်ဖီမှုန့်)

သကြား                     – လက်ဖက်ရည်ဇွန်း ၂ ဇွန်း (2 teaspoons)

ရေနွေးပူ                    – 60 ml (လက်ဖက်ရည် ခွက် တစ်ခွက်ခန့် )

ရေသန့်ရေခဲ .             – ၅ တုံး (5 pieces) 

သံပရာစိတ်                - ၂ စိတ် (2 slices) ပဲ လိုတယ်နော်။ 

 

ပြုလုပ်ပုံကတော့ 

၁။ အပေါ်မှာ ဖော်ပြထားတဲ့ အချိုးအဆအတိုင်း NESCAFÉ Red Cup (ကော်ဖီမှုန့်)၊ သကြားနဲ့ ရေနွေးပူကို ဖန်ခွက်ထဲ ထည့်ပြီး မွှေလိုက်ပါ။ 

၂။ မွှေထားတဲ့ ဖန်ခွက်ထဲကို သံပုရာသီး ၂ စိတ် ညှစ်၍ ထည့်ပါ။

၃။ NESCAFÉ Shaker ထဲမှာ ရေခဲ ၅တုံး ထည့်ထားပါ။

၄။ ခွက်ထဲတွင် ဖျော်ထားသော ကော်ဖီကို shaker တွင်း ရေခဲတုံးများပေါ်မှ လောင်းချလိုက်ပါ။ Shaker အဖုံးပိတ်ပြီး အမြုပ်ထတဲ့အထိ သမအောင် shake လိုက်ရင်တော့ ချဉ်ပြုံးပြုံးနဲ့ အလန်းဆုံး ကော်ဖီသံပရာအေးအေးလေး ကို ရပါပြီနော်။


စတော်ဘယ်ရီကူလ်ဖီး (Strawberry Kulfi)




ကူလ်ဖီးမလိုင်လို့ အများသိထားတဲ့ အိန္ဒိယရေခဲမုန့်လေးဖြစ်ပါတယ်။ ပြုလုပ်ရလွယ်ကူပြီး သန့်ရှင်းလတ်ဆတ်စွာ အိမ်မှာလုပ်စားနိုင်ပါတယ်။


ပါဝင်ပစ္စည်းများ (၆ချောင်းစာ)

နွားနို့ တစ်လီတာ (Full Cream Milk)၊ နို့စိမ်း ဘူးတစ်ဝက်၊ နို့ဆီ ဘူးတစ်ဝက်၊ ပြောင်းမှုန့်(သို့မဟုတ်) ဆန်မှုန့် စားပွဲဇွန်း ၁ဇွန်း၊ ဖာလာစေ့အမှုန့် အနည်းငယ်၊ စတော်ဘယ်ရီအနှစ် ၂၅၀ ဂရမ် (နှစ်သက်ရာအသီး)၊ သစ်သီးခြောက် အနည်းငယ် (Pistachios/Almond)


ပြင်ဆင်ပြုလုပ်နည်း

၁။ ဦးစွာ နွားနို့ထဲသို့ ဆန်မှုန့်(သို့မဟုတ်) ပြောင်းမှုန့်ထည့်ပြီး မွှေပေးပါ။ မီးဖိုပေါ်တင်ပြီး ဆူပွက်အောင်တည်ပါ။

၂။ဆူပွက်ပါက မီးကိုလျှော့ချပြီး တစ်ဝက်ခမ်းသည်ထိတည်ပေးပါ။ အိုးမကပ်စေရန် မွှေပေးပါ။ မလိုင်များတက်လာပါလိမ့်မည်။

၃။ နို့တစ်ဝက်ခန်းသွားပါက နို့ဆီနှင့် နို့စိမ်းထည့်ပြီးမွှေပေးပါ။ ဖာလာစေ့အမှုန့်ထည့်ပါ။ စေးပျစ်လာပါက အသင့်ကြိတ်ခြေထားသော စတော်ဘယ်ရီအနှစ်ကိုထည့်ပြီး မွှေပေးပါ။ မီးဖိုပေါ်တွင် ခေတ္တအပူပေးပြီးပါက မီးပိတ်ပြီး အအေးခံထားပါ။ သစ်သီးခြောက်ထည့်မွှေပေးပါ။

၄။ အေးသွားပါက မိမိပုံသွင်းမည့်ခွက်တွင်လောင်းထည့်ပြီး ရေခဲသေတ္တာအခဲခန်းတွင် ၆နာရီခန့်အခဲခံထားပါ။ လက်ကိုင်တုတ်ချောင်းလေး ထည့်လိုပါက တစ်ဝက်ခဲအနေထားတွင် ထည့်နိုင်ပါတယ်။ 

၅။ မိမိသုံးဆောင်လိုသောအချိန်တွင် ခွက်ကိုအပြင်မှရေလောင်းပေးပြီး ကူလ်ဖီးကိုထုတ်ယူကာ သစ်သီးခြောက်ဖြင့် အလှဆင်သုံးဆောင်နိုင်ပါပြီ။


*ကူလ်ဖီးတွင် မလိုက်ဖတ်လေးများရရန် ကျိုထားသောနို့အရောကို အအေးခံပြီးမှသာ ပုံစံခွက်တွင်လောင်းထည့်ပါ။

Sofia


မန်ကျည်းဖျော်ရည် (ပထမနည်း)




လိုအပ်ပစ္စည်း

သင်္ကြန်အတာအိုးလုပ်တဲ့ မြေအိုး တစ်အိုး

မန်ကျည်းသီးမှည့် လက်တစ်ဆုပ်

ထန်းလျက် အလုံးသေး ၁၅လုံး

ဆား လက်ဖက်ရည်ဇွန်းတစ်ဇွန်း


ပြုလုပ်ပုံ

မြေအိုးလေးထဲကို ရေမပြည့်တပြည့်ထည့်ပါ။ မန်ကျည်းသီး လက်တစ်ဆုပ်ခန့်ကိုထည့်ပါ။


ထန်းလျက် အလုံးအသေးလေး ၁၅လုံးခန့်၊ ဆား လက်ဖက်ရည်ဇွန်း တစ်ဇွန်းတို့ကို အိုးထဲထပ်ထည့်ပါ။


အချိန်အတော်ကြာစိမ်ပြီးနောက် အပေါ်ကိုတက်လာတဲ့အရည်ကြည်ကိုပဲသောက်ပါ။ အိုးကိုမမွှေပါနဲ့။ မွှေရင်အမှုန်တွေထလာပါလိမ့်မယ်။


မန်ကျည်းမှည့်ဖျော်ရည် (ဒုတိယနည်း)




လိုအပ်ပစ္စည်း

အစေ့နွှင်ထားတဲ့ မန်းကျည်းသီး ပန်းကန်အသေးတစ်လုံးစာ

ထန်းလျက် အကြီးဆို ၅ခဲ၊ အသေးဆိုရင် ၁၀ခဲ

ဆား အနည်းငယ်


ပြင်ဆင်ပြုလုပ်နည်း

မန်ကျည်းသီးကို ရေနွေးပူပူနဲ့ စိမ်ထား သို့မဟုတ် ပျစ်အောင်ကျိုထားပါ။ ပြီးရင် မန်းကျည်းသီးအနှစ်ဖြစ်အောင် နယ်ထားညှစ်ထား ရပါမယ်။


ထန်းလျက်ကိုလည်း ရေနည်းနည်းနဲ့ ပျစ်အောင်ကျိုထားပါ။


ပြီးရင်တော့ မန်းကျည်းသီးအနှစ်ရည်နဲ့ ထန်းလျက်ရည် ဆတူရောထည့်ပါ။ အချိုကြိုက်ရင် ထန်းလျက်ပိုထည့်၊ အချဉ်ကြိုက်ရင် မန်ကျည်းနှစ်ပိုထည့်ပါ။


ပြီးရင် ဆားပါလေကာ မဖြစ်မနေထည့်မွှေပေးပါ။


ရေခဲထည့်၊ ကျောက်ကျော်အမည်းလှီးထားတာလေးတွေထည့် သောက်လို့ရပါပြီ။


(Zawgyi) 

အညာမုန္႔လက္ေဆာင္း - ေကာ္ဖီေအး - ကူလ္ဖီး - မန္က်ည္းေဖ်ာ္ရည္


ေႏြရာသီမွာ ရင္ေအးဖို႔ ေသာက္စရာေလးေတြ စားစရာေလးေတြအမ်ားၾကီးရွိတဲ့အထဲမွာ မၾကာခဏဘဲ ျပန္လည္မွ်ေ၀မိသလို ကၽြန္ေတာ္လည္း ၾကိဳက္ႏွစ္သက္တာေၾကာင့္ အခုလည္းျပန္မွ်ေ၀ပါရေစ။ နည္းလမ္းေတြကေတာ့ ခ်က္ျပဳတ္ျပင္ဆင္သူအေပၚမူတည္ျပီး လက္ရာနဲ႔ ပါ၀င္ပစၥည္းအနည္းငယ္ကြာပါတယ္။


အညာမုန႔္လက္ေဆာင္းလုပ္နည္း

--------------------------




ပါဝင္ပစၥည္းမ်ား

• ထန္းလ်က္ - ၆ဝဝ ဂရမ္

• ေရ - ၁ လီတာ

• ဆား - လက္ဖက္ရည္ဇြန္း ၁ ဇြန္း

(ထန္းလ်က္ရည္က်ိဳရန္)

• ႏွမ္း - ၃၀ ဂရမ္

• ဆား - လက္ဖက္ရည္ဇြန္း ၁ ဇြန္း (ႏွမ္းေလွာ္ရန္)

• ဆန္မွုန႔္ - ၁၅၀ ဂရမ္

• ေကာ္မွုန႔္ - စားပြဲဇြန္း ၂ ဇြန္း

• ေရ - ၁ လီတာ

• နံ့သာရည္ - လက္ဖက္ရည္ဇြန္း ၁ ဇြန္း

• ေရခဲ - ၂၀ ဂရမ္

• ေကာက္ညႇင္းငခ်ိပ္ေပါင္း - ၁၀ ဂရမ္


ျပဳလုပ္နည္း

၁။ ဦးစြာ အိုးတစ္အိုးထဲ ထန္းလ်က္၊ ေရ၊ ဆားတို့ကို ထည့္ၿပီး က်ိဳထားပါ။ ၿပီးလၽွင္ ႏွမ္းကို ေလွာ္ထားပါ။ ေလွာ္ထားၿပီးသား ႏွမ္းကို အနည္းငယ္ ေထာင္းထားပါ။

၂။ မုန႔္လက္ေဆာင္းဖတ္ ျပဳလုပ္ရန္အတြက္ ဒယ္အိုးထဲ ဆန္မွုန႔္၊ ေကာ္မွုန႔္၊ေရ၊ နံ့သာရည္တို့ကို ထည့္ၿပီး မီးဖိုေပၚတြင္ ပ်စ္လာသည္အထိ က်ိဳပါ။

မုန႔္သား ႂကြက္ၿမီးတန္းၿပီဆို ရပါၿပီ။ ေရခဲထည့္ထားေသာ ဇလုံထဲ ဆန္ခါ ခြက္ဇြန္းျဖင့္ မုန႔္သားမ်ားကို ဖိခ်ေပးပါ။ အဲဒါဆို မုန႔္လက္ေဆာင္း ဖတ္ ေလးေတြ ရပါၿပီ။ မုန႔္ျပင္ရန္ ဖန္ခြက္ထဲ မုန႔္လက္ေဆာင္းဖတ္ထည့္ပါ။

ေရခဲ၊ ေကာက္ညႇင္းငခ်ိပ္ေပါင္း ထည့္ၿပီး ထန္းလ်က္ရည္ဆမ္းပါ။ အေပၚမွ အုန္းသီးဖတ္နဲ႔ ႏွမ္းေလးျဖဴးၿပီးလၽွင္ သုံးေဆာင္လို့ရပါၿပီ။

----------------------------------

Tin Tin Oo


NESCAFÉ Lime Coffee Shake တစ္ခြက္ ျပင္ဆင္ဖုိ႔ကေတာ့ 




NESCAFÉ Red Cup – လက္ဖက္ရည္ဇြန္း ၁ ဇြန္းခြဲ (1½ teaspoons)

(ေကာ္ဖီမွုန့္)

သၾကား                     – လက္ဖက္ရည္ဇြန္း ၂ ဇြန္း (2 teaspoons)

ေရေႏြးပူ                    – 60 ml (လက္ဖက္ရည္ ခြက္ တစ္ခြက္ခန့္ )

ေရသန့္ေရခဲ .             – ၅ တုံး (5 pieces) 

သံပရာစိတ္                - ၂ စိတ္ (2 slices) ပဲ လုိတယ္ေနာ္။ 

 

ျပဳလုပ္ပုံကေတာ့ 

၁။ အေပၚမွာ ေဖာ္ျပထားတဲ့ အခ်ဳိးအဆအတုိင္း NESCAFÉ Red Cup (ေကာ္ဖီမွုန့္)၊ သၾကားနဲ႔ ေရေႏြးပူကုိ ဖန္ခြက္ထဲ ထည့္ၿပီး ေမႊလုိက္ပါ။ 

၂။ ေမႊထားတဲ့ ဖန္ခြက္ထဲကုိ သံပုရာသီး ၂ စိတ္ ညွစ္၍ ထည့္ပါ။

၃။ NESCAFÉ Shaker ထဲမွာ ေရခဲ ၅တုံး ထည့္ထားပါ။

၄။ ခြက္ထဲတြင္ ေဖ်ာ္ထားေသာ ေကာ္ဖီကုိ shaker တြင္း ေရခဲတံုးမ်ားေပၚမွ ေလာင္းခ်လိုက္ပါ။ Shaker အဖံုးပိတ္ၿပီး အျမဳပ္ထတဲ့အထိ သမေအာင္ shake လုိက္ရင္ေတာ့ ခ်ဥ္ျပံဳးျပံဳးနဲ့ အလန္းဆံုး ေကာ္ဖီသံပရာေအးေအးေလး ကို ရပါျပီေနာ္။


စေတာ္ဘယ္ရီကူလ္ဖီး (Strawberry Kulfi)




ကူလ္ဖီးမလိုင္လို႕ အမ်ားသိထားတဲ့ အိႏၵိယေရခဲမုန္႔ေလးျဖစ္ပါတယ္။ ျပဳလုပ္ရလြယ္ကူျပီး သန္႕ရွင္းလတ္ဆတ္စြာ အိမ္မွာလုပ္စားႏိုင္ပါတယ္။

ပါ၀င္ပစၥည္းမ်ား (၆ေခ်ာင္းစာ)

ႏြားႏို႔ တစ္လီတာ (Full Cream Milk)၊ ႏို႔စိမ္း ဘူးတစ္၀က္၊ ႏို႕ဆီ ဘူးတစ္၀က္၊ ေျပာင္းမႈန္႕(သို႕မဟုတ္) ဆန္မႈန္႔ စားပြဲဇြန္း ၁ဇြန္း၊ ဖာလာေစ့အမႈန္႔ အနည္းငယ္၊ စေတာ္ဘယ္ရီအႏွစ္ ၂၅၀ ဂရမ္ (ႏွစ္သက္ရာအသီး)၊ သစ္သီးေျခာက္ အနည္းငယ္ (Pistachios/Almond)

ျပင္ဆင္ျပဳလုပ္နည္း

၁။ ဦးစြာ ႏြားႏို႕ထဲသို႕ ဆန္မႈန္႕(သို႕မဟုတ္) ေျပာင္းမႈန္႔ထည့္ျပီး ေမႊေပးပါ။ မီးဖိုေပၚတင္ျပီး ဆူပြက္ေအာင္တည္ပါ။

၂။ဆူပြက္ပါက မီးကိုေလွ်ာ့ခ်ျပီး တစ္၀က္ခမ္းသည္ထိတည္ေပးပါ။ အိုးမကပ္ေစရန္ ေမႊေပးပါ။ မလိုင္မ်ားတက္လာပါလိမ့္မည္။

၃။ ႏို႕တစ္၀က္ခန္းသြားပါက ႏို႕ဆီႏွင့္ ႏို႕စိမ္းထည့္ျပီးေမႊေပးပါ။ ဖာလာေစ့အမႈန္႕ထည့္ပါ။ ေစးပ်စ္လာပါက အသင့္ၾကိတ္ေျခထားေသာ စေတာ္ဘယ္ရီအႏွစ္ကိုထည့္ျပီး ေမႊေပးပါ။ မီးဖိုေပၚတြင္ ေခတၱအပူေပးျပီးပါက မီးပိတ္ျပီး အေအးခံထားပါ။ သစ္သီးေျခာက္ထည့္ေမႊေပးပါ။

၄။ ေအးသြားပါက မိမိပံုသြင္းမည့္ခြက္တြင္ေလာင္းထည့္ျပီး ေရခဲေသတၱာအခဲခန္းတြင္ ၆နာရီခန္႕အခဲခံထားပါ။ လက္ကိုင္တုတ္ေခ်ာင္းေလး ထည့္လိုပါက တစ္၀က္ခဲအေနထားတြင္ ထည့္ႏိုင္ပါတယ္။ 

၅။ မိမိသံုးေဆာင္လိုေသာအခ်ိန္တြင္ ခြက္ကိုအျပင္မွေရေလာင္းေပးျပီး ကူလ္ဖီးကိုထုတ္ယူကာ သစ္သီးေျခာက္ျဖင့္ အလွဆင္သံုးေဆာင္ႏိုင္ပါျပီ။

*ကူလ္ဖီးတြင္ မလိုက္ဖတ္ေလးမ်ားရရန္ က်ိဳထားေသာႏို႕အေရာကို အေအးခံျပီးမွသာ ပံုစံခြက္တြင္ေလာင္းထည့္ပါ။

Sofia


မန္က်ည္းေဖ်ာ္ရည္ (ပထမနည္း)




လိုအပ္ပစၥည္း

သၾကၤန္အတာအိုးလုပ္တဲ့ ေျမအိုး တစ္အိုး

မန္က်ည္းသီးမွည့္ လက္တစ္ဆုပ္

ထန္းလ်က္ အလံုးေသး ၁၅လံုး

ဆား လက္ဖက္ရည္ဇြန္းတစ္ဇြန္း

ျပဳလုပ္ပံု

ေျမအိုးေလးထဲကို ေရမျပည့္တျပည့္ထည့္ပါ။ မန္က်ည္းသီး လက္တစ္ဆုပ္ခန္႔ကိုထည့္ပါ။

ထန္းလ်က္ အလံုးအေသးေလး ၁၅လံုးခန္႔၊ ဆား လက္ဖက္ရည္ဇြန္း တစ္ဇြန္းတို႔ကို အိုးထဲထပ္ထည့္ပါ။

အခ်ိန္အေတာ္ၾကာစိမ္ျပီးေနာက္ အေပၚကိုတက္လာတဲ့အရည္ၾကည္ကိုပဲေသာက္ပါ။ အိုးကိုမေမႊပါနဲ႔။ ေမႊရင္အမႈန္ေတြထလာပါလိမ့္မယ္။


မန္က်ည္းမွည့္ေဖ်ာ္ရည္ (ဒုတိယနည္း)




လိုအပ္ပစၥည္း

အေစ့ႏႊင္ထားတဲ့ မန္းက်ည္းသီး ပန္းကန္အေသးတစ္လံုးစာ

ထန္းလ်က္ အၾကီးဆို ၅ခဲ၊ အေသးဆိုရင္ ၁၀ခဲ

ဆား အနည္းငယ္

ျပင္ဆင္ျပဳလုပ္နည္း

မန္က်ည္းသီးကို ေရေႏြးပူပူနဲ႔ စိမ္ထား သို႕မဟုတ္ ပ်စ္ေအာင္က်ိဳထားပါ။ ျပီးရင္ မန္းက်ည္းသီးအႏွစ္ျဖစ္ေအာင္ နယ္ထားညွစ္ထား ရပါမယ္။

ထန္းလ်က္ကိုလည္း ေရနည္းနည္းနဲ႔ ပ်စ္ေအာင္က်ိဳထားပါ။

ျပီးရင္ေတာ့ မန္းက်ည္းသီးအႏွစ္ရည္နဲ႔ ထန္းလ်က္ရည္ ဆတူေရာထည့္ပါ။ အခ်ိဳၾကိဳက္ရင္ ထန္းလ်က္ပိုထည့္၊ အခ်ဥ္ၾကိဳက္ရင္ မန္က်ည္းႏွစ္ပိုထည့္ပါ။

ျပီးရင္ ဆားပါေလကာ မျဖစ္မေနထည့္ေမႊေပးပါ။

ေရခဲထည့္၊ ေက်ာက္ေက်ာ္အမည္းလီွးထားတာေလးေတြထည့္ေသာက္လို႔ရပါျပီ။

No comments: