Wednesday, March 10, 2021

သင့်ကိုစိတ်ဆိုးနေတဲ့သူရှိရင်

 သင့်ကိုစိတ်ဆိုးနေတဲ့သူရှိရင်




#Relationship_Advises 

#ပေါင်းသင်းဆက်ဆံရေး

#Opinions 

(လူ့ပတ်ဝန်းကျင်မှာနေထိုင်ရင်တော့ တစ်ဦးနဲ့တစ်ဦး စိတ်အခန့်မသင့်လို့ စိတ်ဆိုးစိတ်ကောက်ကြတာရှိမှာပါပဲ။ ဘာကြောင့် စိတ်ခုရ သလဲဆိုတာ စူးစမ်းပြီး ပြန်လည်ပြင်ဆင် ဆက်ဆံပါမှ ပေါင်းသင်းဆက်ဆံရေး အဆင်ချောမှာပါ။ နည်းနည်းတော့ ပြန်အလျော့ပေးမှ ရမှပေါ့။ တစ်သက်လုံးတင်းထားလို့မှမရတာပဲနော်။)


လူတစ်ယောက်ကိုယ့်ကို စိတ်ဆိုးနေတယ်ဆိုတာကို သင်ကြုံဖူးမှာပါ။ အကြောင်းတစ်ခုခုလွဲချော်မှုကြောင့် သင့်ကို လူတစ်ယောက်က စိတ်ဆိုးတာမျိုး၊ သင့်အလုပ်မှာ လုပ်ငန်းခွင်ကိစ္စတစ်ခုခုကြောင့် သင့်အလုပ်သူဌေးက သင့်ကိုစိတ်ဆိုးတာမျိုး၊ သင့်ယောက္ခမနဲ့ အဆင် မပြေဘဲ စကားများတာကြောင့် စိတ်ဆိုးတာမျိုး၊ ကားငှားစီးချိန်မှာ မတော်တရောဈေးတောင်းလို့ ကားသမားကို စိတ်တိုတာမျိုးစတဲ့ အမျိုးမျိုးသော အကြောင်းကိစ္စတွေကို ကြုံဖူးကြမှာပါ။ ဒီလိုအချိန်မျိုးမှာ တချို့လူတွေက အသံကျယ်ကျယ် အော်ဟစ်ပစ်လိုက်တာမျိုးနဲ့ တုံ့ပြန်တတ်ကြပြီး တချို့တွေကတော့ ငြိမ်သက်နေတတ်ကြပါတယ်။ အချင်းချင်းအပြန်အလှန် ငြင်းခုံနေမယ်ဆိုရင်တော့ ရန်ဖြစ်စရာ အကြောင်းပဲရှိပြီး အကျိုးရလဒ်က မကောင်းတတ်ပါဘူး။  


ဘယ်သူမဆို တရားနည်းလမ်းတကျ ဖြေရှင်းတယ်ဆိုတာကို ကြိုက်နှစ်သက် တတ်ကြပါတယ်။ ဒါပေမဲ့ ဘယ်လိုမျိုးတရားနည်းလမ်းတကျ ဖြေရှင်းရမယ်ဆိုတာကိုတော့ ရုတ်တရက် စဉ်းစားနိုင်ဖို့ တော်တော်ကို ခက်ခဲပါလိမ့်မယ်။ တရားနည်းလမ်းတကျ မှန်ကန်စွာဖြေရှင်းနိုင်ဖို့ကတော့ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ်မူတည်ပြီး စဉ်းစားဆုံးဖြတ် တတ်ဖို့တော့ လိုပါတယ်။ ပြဿနာတစ်ခုကို မဖြေရှင်းခင်နဲ့ ဒေါသတွေအရမ်းထွက်နေချိန်မှာ ခဏလောက်အချိန်ယူပြီး စိတ်အေး လက်အေးထားဖို့ဟာ ပြောသလောက်တော့ မလွယ်ကူတတ်ပါဘူး။ သင့်အတွက် စိတ်သက်သာရာရစေပြီး နောက်ဆက်တွဲ ဆိုးကျိုးတွေ မရှိနိုင်အောင် နည်းလမ်းလေးတွေကို အတွေးအခေါ်ပညာရှင်တချို့က အကြံပေးထားပါတယ်။ 


(၁) ငြိမ်သက်နေမှုက အဖြေတစ်ခုပါ

စိတ်ဆိုးနေတဲ့သူတစ်ယောက်အတွက် ဒေါသနဲ့ပြန်ပြီး တုံ့ပြန်တာဟာ ပေါက်ကွဲမှုတစ်ခုဖြစ်ပြီး၊ စိုးရိမ်ပူပန်မှုကို ပိုမိုစေနိုင်တဲ့ အကြောင်း ရင်းတစ်ခုပဲဖြစ်ပါတယ်။ သင့်ကိုလူတစ်ယောက်က စိတ်ဆိုးနေတယ်ဆိုရင် ခဏလောက်တော့ ငြိမ်သက်နေပေးလိုက်ပါ။သင် ငြိမ်သက်ပြီး စကားမပြောဘဲနေတာက တစ်ယောက်တစ်ခွန်းစကားများရန်ဖြစ်တာထက်စာရင် ဖြေရှင်းနိုင်မယ့် နည်းလမ်းကောင်းတစ်ခုကို ရရှိနိုင်ပါ လိမ့်မယ်။ 


(၂) အခြေအနေမှန်တစ်ခုကိုရအောင်ရှာပါ

ဘာကြောင့် သင့်ကိုစိတ်ဆိုးရတယ်ဆိုတဲ့ အကြောင်းပြချက်တစ်ခုကို သိဖို့အရေးကြီးလှပါတယ်။ ဘာအကြောင်းမှမသိဘဲ သူစိတ်ဆိုးတာ နဲ့ သင်ကပါလိုက်ပြီး စိတ်ဆိုးမယ်ဆိုရင် အခင်အမင်ပျက်နိုင်ပါတယ်။ ဘာကြောင့် မသင့်မြတ်တာဖြစ်ရတယ်ဆိုတဲ့ အကြောင်းရင်း တစ်ခု ကို သိဖို့အရေးကြီးပါတယ်။သင့်အထက်က အထက်လူကြီးနဲ့ဖြစ်တဲ့ပြဿနာမျိုး၊ လုပ်ငန်းခွင်ပြဿနာမျိုးနဲ့ အမှုကိစ္စအတော်များ များမှာ အခြေခံအကြောင်းရင်းတစ်ခုက အရမ်းကိုအရေးကြီါ်ပါတယ်။အဖြေတစ်ခုကိုရရှိနိုင်ဖို့ မကြောက်ပါနဲ့။ ဖြေရှင်းနိုင်မယ့်နည်းလမ်း တစ်ခု တော့ ရှိနေမှာပဲဖြစ်တာကြောင့်ပါ။ ကိစ္စတစ်ခုကို ဖြေရှင်းလိုက်တာက မျိုသိပ်ထားတာထက်စာရင် ပိုပြီး ခံစားရသက်သာစေပါတယ်။ 


(၃) တစ်ဖက်လူရဲ့ဒေါသနဲ့ခံယူချက်ကို လက်ခံနားထောင်ပေးပါ

သင့်ကိုစိတ်ဆိုးနေတဲ့သူရဲ့ ခံစားချက်ဟာ ဘာပဲဖြစ်နေပါစေ လက်ခံနားထောင်ပေးဖို့တော့လိုပါတယ်။ သူ့ဘက်က မှန်သည်ဖြစ်စေ၊ မှား နေသည်ဖြစ်စေ နားထောင်ပေးလိုက်ပါ။ ဒါမှ သူ့ဘက်က မြင်နေတဲ့အမြင်က မှန်ကန်နေတယ်ဆိုရင် သင်လည်း ကိုယ့်အမှားကိုသိနိုင်ပြီး။ သူ့ဘက်က မှားနေတယ်ဆိုရင်လည်း မှန်ကန်တဲ့နည်းလမ်းကို သူ့အတွက်ပေးနိုင်မှာပဲဖြစ်ပါတယ်။ ဒါဟာပြဿနာတစ်ခုကို ဖြေရှင်းရာမှာ သုံးသင့်တဲ့အကောင်းဆုံးနည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။ ပူးပေါင်းဆောင်ရွက်ခြင်းက လုပ်ငန်းကိုတစ်ခုကို ပိုပြီး ထိရောက်စေတယ်ဆို တာကို သဘောပေါက်သင့်ပါတယ်။ 


(၄) အချိန်ယူဖြေရှင်းပါ

နာကျင်ခံစားနေရချိန်မျိုးမှာ ပြဿနာတစ်ခုကို ဖြေရှင်းတာဟာ ကောင်းတဲ့အချက်မဟုတ်ဘူးဆိုတာကိုတော့ သင်သတိရဖို့လိုပါတယ်။ သင့်စိတ်ထဲမှာ သင်ဖြေရှင်းရမယ့်ကိစ္စတစ်ခုဟာ သင့်ကိုနာကျင်နေစေတယ်ဆိုရင် အဲဒီ့အချိန်မျိုးနဲ့ ဒေါသတွေပြည့်နှက်နေချိန်မျိုးမှာ ဆုံးဖြတ်ချက်ကို မချပါနဲ့ဦး။ ဒေါသထွက်နေတဲ့အချိန်မှာ ဆုံးဖြတ်ချက်ချတာကြောင့် အမှားတွေများစွာဖြစ်စေတယ်ဆိုတာ လေ့လာမှု အတော်များများမှာ တွေ့ရှိထားပြီးဖြစ်တာကြောင့် အနည်းဆုံး အချိန်၁၅မိနစ်လောက် အသက်ကို ပုံမှန်လေးရှူသွင်း၊ ရှူထုတ်ပြုလုပ်ပြီးမှ စကားပြောပါ။ 


(၅) စကားလွှဲလိုက်ပါ

ဒေါသထွက်နေတဲ့သူတစ်ယောက်က သင့်ကို သူခံစားနေရတဲ့ အကြောင်းအရာတစ်ခုခုကို ထပ်ကာထပ်ကာပြောနေတတ်ပါတယ်။ ဥပမာ- လမ်းခရီးတစ်ခုကို သွားလို့ သင်ရွေးချယ်လိုက်တဲ့ လမ်းကြောင်းက လမ်းပိတ်နေပြီး ကားတွေပိတ်ဆို့နေတယ် ဆိုပါတော့။ သူပြောတဲ့ လမ်းကသွားရင် ပိတ်မှာမဟုတ်ဘူး သင့်ကြောင့် ဒီလိုနှောင့်နှေးနေရတယ်လို့ ထင်နေရင် သူ့အတွေးထဲမှာ သင့်ကိုစိတ်တိုနေတာကြောင့် ထပ်ကာထပ်ကာ သင့်ကိုပြောနေပါလိမ့်မယ်။ အဲလိုပြောတာနဲ့အတူ သင့်ကိုစိတ်ဆိုးပြီး ဒေါသတွေထွက်နေပါလိမ့်မယ်။ ဒီလိုအချိန်မျိုးမှာ သူပြောနေတဲ့ စကားလမ်းကြောင်းကို လွှဲနိုင်မယ်ဆိုရင် သူ့ဒေါသတွေကို ပြေလျော့စေတဲ့အပြင် သင့်ကိုလည်း ဒေါသမထွက်တော့ဘဲ နားလည်နိုင်ပါလိမ့်မယ်။ 


(၆) Sorry လို့ပြောပါ

သင်က ကိစ္စတစ်ခုခုကို မှားယွင်းစွာပြုလုပ်ခဲ့မိတာကြောင့် သင့်အပေါ်ကို အရမ်းကိုစိတ်ဆိုးနေသေးတယ်ဆိုရင်တော့ လုပ်ငန်းခွင်ထဲမှာ မှားယွင်းခဲ့ပေမယ့် သင်ကြိုးစားပမ်းစားပြုလုပ်ခဲ့တယ်ဆိုတာကိုသိအောင် ရှင်းပြပေးသင့်ပြီး ဒီကိစ္စတွေအတွက် Sorry ဆိုတာကို ပြောဖို့ တော့လိုပါတယ်။ သင်နဲ့တစ်ခါမှ အလုပ်တွဲမလုပ်ဘူးတဲ့သူ၊လူုစိမ်းတစ်ယောက်ဆိုရင် ပိုပြီး ရှင်းပြပေးဖို့ လိုအပ်ပါတယ်။ နောက်တစ်ကြိမ် မှာ  ဒီလိုမဖြစ်စေဖို့လည်း သင့်ဘက်ကနေ ပြောဆိုပေးပါ။ ဘယ်လိုမှ ရုတ်တရက်ဖြေရှင်းလို့မရတဲ့ အခြေအနေမျိုးမှာဆိုရင်တော့ သင့် အနေနဲ့ Sorry လို့ပြောဖို့ကို ဝန်လေးနေလို့ မရပါဘူး။ 


(၇) ကြင်နာစိတ်ထားပါ

လူတစ်ယောက်အပေါ် ကြင်နာသနားတတ်တဲ့စိတ်ဟာ လူတိုင်းမှာမရှိတတ်ပါဘူး။ သင့်အပေါ်လူတစ်ယောက်က စိတ်ဆိုးဒေါသထွက် နေချိန်မျိုးမှာ သင့်ဘက်က ဘယ်လိုတုံ့ပြန်မလဲဆိုတာမျိုးဟာ ဖြေရှင်းရခက်ခဲတတ်ပေမယ့် အကြင်နာတရားရှိတတ်သူတွေမှာတော့ အဖြေတစ်ခုရှိနေတတ်ပါတယ်။ ဒါကတော့ ပြဿနာတစ်ခုကို ဖြေရှင်းရာမှာ မှန်ကန်တဲ့နည်းလမ်းကို ရရှိစေဖို့အတွက် ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်ကြတယ်လို့ဆိုပါတယ်။ 


(၈) အတင်းမတောင်းပန်ပါနှင့်

ပြဿနာတစ်ခုကို ဘယ်သူကပဲကျူးလွန်ပါစေ ကိုယ်မမှားဘူးလို့တော့ လူတိုင်း ထင်တတ်ကြပါတယ်။ ပြဿနာကို ဖြေရှင်းနိုင်ရင် ပြီးတာ ပဲဆိုပြီး သင်က အတင်းကြီးတောင်းပန်လိုက်မယ်ဆိုရင် တကယ်တမ်းပြဿနာကို ဖြေရှင်းရာမရောက်ဘဲ သင့်ကို အထင်လွဲသွားနိုင်တာ ကြောင့်ပါ။ သင့်လက်ရှိ အခြေအနေနဲ့ ပုံစံကိုသာပြောပြပြီး ဖြေရှင်းနိုင်မယ့်နည်းလမ်းကိုကြိုးစားပါ။ 


(၉) လေးစားသမှုရှိပါစေ

လူတွေကို လေးစားသမှုနဲ့ဆက်ဆံတတ်ဖို့တော့လိုပါတယ်။ သင်က ရိုင်းပျတဲ့အပြုအမူရှိရင်တော့ သင့်ကို ဘယ်သူကမှ အပေါင်းအသင်း မလုပ်ချင်ပါဘူး။ တစ်ဦးပေါ်တစ်ဦးလေးစားသမှုနဲ့ ဆက်ဆံတာဟာ လူတစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးကိုလည်း မြင့်မားစေပါတယ်။ ယဉ်ကျေးလိမ်မာတဲ့ သူတစ်ယောက်ကို ဒေါသနဲ့ဆက်ဆံတတ်တဲ့သူနည်းပါတယ်။ 


(၁၀) လှောင်ပြောင်ခြင်းကင်းပါစေ

သင့်သူငယ်ချင်းပဲဖြစ်ပါစေ စိတ်ဆိုးနေချိန်မျိုးမှာ သင်ကရယ်မောပြီးဂရုမစိုက်သလိုနေမယ်ဆိုရင် သင့်ကိုပိုပြီးဒေါသထွက်ကာ အထင် မှားစေပါတယ်။ ဒါက အစ အနောက်သန်သူတွေမှာ ပိုပြီးအဖြစ်များတဲ့ ပြဿနာပါ။ တချို့တွေက တစ်ဖက်လူဒေါသထွက်နေချိန်မျိုးမှာ အစအနောက်သန်တာကြောင့် ဒေါသကို ပိုပြီးဖြစ်စေအောင် လှုံ့ဆော်သလိုမျိုးဖြစ်စေပါတယ်။ သင့်အပြုအမူက ဒေါသထွက်နေတဲ့ တစ်ဖက်လူအတွက် ပိုပြီးခံရခက်စေတယ်ဆိုတာကို နားလည်ဖို့တော့လိုပါတယ်။ 


(၁၁) သံသယကင်းပါစေ

သံသယရှိတာက လူတစ်ဦးနဲ့တစ်ဥိးကို စိတ်အနှောင့်အယှက်ဖြစ်စေတာတင်မကပါဘူး။ ကြီးမားတဲ့ ဆက်ဆံရေးတင်းမာမှုတွေကိုဖြစ်စေ ပါတယ်။ သင်က တစ်ဖက်လူအပေါ် သံသယရှိပြီဆိုတာနဲ့ သင်တို့နှစ်ဦးကြားက ဆက်ဆံရေးဟာ အဆင်မပြေနိုင်တော့ပါဘူး။ ဒါကြောင့် အကြောင်းအရာတစ်ခုခုကို သံသယရှိတယ်ဆိုရင် ပွင့်လင်းစွာပြောဆိုနိုင်ဖို့လိုပါတယ်။ 


လမင်းလေး 

Credit: The Chic Magazine – No.23, September, 2012


(Zawgyi)

သင့္ကိုစိတ္ဆိုးေနတဲ့သူရွိရင္




#Relationship_Advises 

#ေပါင္းသင္းဆက္ဆံေရး

#Opinions 

(လူ႕ပတ္၀န္းက်င္မွာေနထိုင္ရင္ေတာ့ တစ္ဦးနဲ႔တစ္ဦး စိတ္အခန္႔မသင့္လို႔ စိတ္ဆိုးစိတ္ေကာက္ၾကတာရွိမွာပါပဲ။ ဘာေၾကာင့္ စိတ္ခုရ သလဲဆိုတာ စူးစမ္းျပီး ျပန္လည္ျပင္ဆင္ ဆက္ဆံပါမွ ေပါင္းသင္းဆက္ဆံေရး အဆင္ေခ်ာမွာပါ။ နည္းနည္းေတာ့ ျပန္အေလ်ာ့ေပးမွ ရမွေပါ့။ တစ္သက္လံုးတင္းထားလို႕မွမရတာပဲေနာ္။)


လူတစ္ေယာက္ကိုယ့္ကို စိတ္ဆိုးေနတယ္ဆိုတာကို သင္ၾကံဳဖူးမွာပါ။ အေၾကာင္းတစ္ခုခုလြဲေခ်ာ္မႈေၾကာင့္ သင့္ကို လူတစ္ေယာက္က စိတ္ဆိုးတာမ်ိဳး၊ သင့္အလုပ္မွာ လုပ္ငန္းခြင္ကိစၥတစ္ခုခုေၾကာင့္ သင့္အလုပ္သူေဌးက သင့္ကိုစိတ္ဆိုးတာမ်ိဳး၊ သင့္ေယာကၡမနဲ႕ အဆင္ မေျပဘဲ စကားမ်ားတာေၾကာင့္ စိတ္ဆိုးတာမ်ိဳး၊ ကားငွားစီးခ်ိန္မွာ မေတာ္တေရာေစ်းေတာင္းလို႕ ကားသမားကို စိတ္တိုတာမ်ိဳးစတဲ့ အမ်ိဳးမ်ိဳးေသာ အေၾကာင္းကိစၥေတြကို ၾကံဳဖူးၾကမွာပါ။ ဒီလိုအခ်ိန္မ်ိဳးမွာ တခ်ိဳ႕လူေတြက အသံက်ယ္က်ယ္ ေအာ္ဟစ္ပစ္လိုက္တာမ်ိဳးနဲ႕ တံု႕ျပန္တတ္ၾကျပီး တခ်ိဳ႕ေတြကေတာ့ ျငိမ္သက္ေနတတ္ၾကပါတယ္။ အခ်င္းခ်င္းအျပန္အလွန္ ျငင္းခံုေနမယ္ဆိုရင္ေတာ့ ရန္ျဖစ္စရာ အေၾကာင္းပဲရွိျပီး အက်ိဳးရလဒ္က မေကာင္းတတ္ပါဘူး။  


ဘယ္သူမဆို တရားနည္းလမ္းတက် ေျဖရွင္းတယ္ဆိုတာကို ၾကိဳက္ႏွစ္သက္ တတ္ၾကပါတယ္။ ဒါေပမဲ့ ဘယ္လိုမ်ိဳးတရားနည္းလမ္းတက် ေျဖရွင္းရမယ္ဆိုတာကိုေတာ့ ရုတ္တရက္ စဥ္းစားႏိုင္ဖို႕ ေတာ္ေတာ္ကို ခက္ခဲပါလိမ့္မယ္။ တရားနည္းလမ္းတက် မွန္ကန္စြာေျဖရွင္းႏိုင္ဖို႕ကေတာ့ ျဖစ္ေပၚလာတဲ့ အေျခအေနေပၚမူတည္ျပီး စဥ္းစားဆံုးျဖတ္ တတ္ဖို႕ေတာ့ လိုပါတယ္။ ျပႆနာတစ္ခုကို မေျဖရွင္းခင္နဲ႕ ေဒါသေတြအရမ္းထြက္ေနခ်ိန္မွာ ခဏေလာက္အခ်ိန္ယူျပီး စိတ္ေအး လက္ေအးထားဖို႕ဟာ ေျပာသေလာက္ေတာ့ မလြယ္ကူတတ္ပါဘူး။ သင့္အတြက္ စိတ္သက္သာရာရေစျပီး ေနာက္ဆက္တြဲ ဆိုးက်ိဳးေတြ မရွိႏိုင္ေအာင္ နည္းလမ္းေလးေတြကို အေတြးအေခၚပညာရွင္တခ်ိဳ႕က အၾကံေပးထားပါတယ္။ 


(၁) ျငိမ္သက္ေနမႈက အေျဖတစ္ခုပါ

စိတ္ဆိုးေနတဲ့သူတစ္ေယာက္အတြက္ ေဒါသနဲ႕ျပန္ျပီး တံု႕ျပန္တာဟာ ေပါက္ကြဲမႈတစ္ခုျဖစ္ျပီး၊ စိုးရိမ္ပူပန္မႈကို ပိုမိုေစႏိုင္တဲ့ အေၾကာင္း ရင္းတစ္ခုပဲျဖစ္ပါတယ္။ သင့္ကိုလူတစ္ေယာက္က စိတ္ဆိုးေနတယ္ဆိုရင္ ခဏေလာက္ေတာ့ ျငိမ္သက္ေနေပးလိုက္ပါ။သင္ ျငိမ္သက္ျပီး စကားမေျပာဘဲေနတာက တစ္ေယာက္တစ္ခြန္းစကားမ်ားရန္ျဖစ္တာထက္စာရင္ ေျဖရွင္းႏို္င္မယ့္ နည္းလမ္းေကာင္းတစ္ခုကို ရရွိႏိုင္ပါ လိမ့္မယ္။ 


(၂) အေျခအေနမွန္တစ္ခုကိုရေအာင္ရွာပါ

ဘာေၾကာင့္ သင့္ကိုစိတ္ဆုိးရတယ္ဆိုတဲ့ အေၾကာင္းျပခ်က္တစ္ခုကို သိဖို႕အေရးၾကီးလွပါတယ္။ ဘာအေၾကာင္းမွမသိဘဲ သူစိတ္ဆိုးတာ နဲ႕ သင္ကပါလိုက္ျပီး စိတ္ဆိုးမယ္ဆိုရင္ အခင္အမင္ပ်က္ႏိုင္ပါတယ္။ ဘာေၾကာင့္ မသင့္ျမတ္တာျဖစ္ရတယ္ဆိုတဲ့ အေၾကာင္းရင္း တစ္ခု ကို သိဖို႕အေရးၾကီးပါတယ္။သင့္အထက္က အထက္လူၾကီးနဲ႕ျဖစ္တဲ့ျပႆနာမ်ိဳး၊ လုပ္ငန္းခြင္ျပႆနာမ်ိဳးနဲ႕ အမႈကိစၥအေတာ္မ်ား မ်ားမွာ အေျခခံအေၾကာင္းရင္းတစ္ခုက အရမ္းကိုအေရးၾကီၚပါတယ္။အေျဖတစ္ခုကိုရရွိႏိုင္ဖို႕ မေၾကာက္ပါနဲ႕။ ေျဖရွင္းႏိုင္မယ့္နည္းလမ္း တစ္ခု ေတာ့ ရွိေနမွာပဲျဖစ္တာေၾကာင့္ပါ။ ကိစၥတစ္ခုကို ေျဖရွင္းလိုက္တာက မ်ိဳသိပ္ထားတာထက္စာရင္ ပိုျပီး ခံစားရသက္သာေစပါတယ္။ 


(၃) တစ္ဖက္လူရဲ႕ေဒါသနဲ႕ခံယူခ်က္ကို လက္ခံနားေထာင္ေပးပါ

သင့္ကိုစိတ္ဆိုးေနတဲ့သူရဲ႕ ခံစားခ်က္ဟာ ဘာပဲျဖစ္ေနပါေစ လက္ခံနားေထာင္ေပးဖို႕ေတာ့လိုပါတယ္။ သူ႕ဘက္က မွန္သည္ျဖစ္ေစ၊ မွား ေနသည္ျဖစ္ေစ နားေထာင္ေပးလိုက္ပါ။ ဒါမွ သူ႕ဘက္က ျမင္ေနတဲ့အျမင္က မွန္ကန္ေနတယ္ဆိုရင္ သင္လည္း ကိုယ့္အမွားကိုသိႏိုင္ျပီး။ သူ႕ဘက္က မွားေနတယ္ဆိုရင္လည္း မွန္ကန္တဲ့နည္းလမ္းကို သူ႕အတြက္ေပးႏိုင္မွာပဲျဖစ္ပါတယ္။ ဒါဟာျပႆနာတစ္ခုကို ေျဖရွင္းရာမွာ သံုးသင့္တဲ့အေကာင္းဆံုးနည္းလမ္းတစ္ခုပဲ ျဖစ္ပါတယ္။ ပူးေပါင္းေဆာင္ရြက္ျခင္းက လုပ္ငန္းကိုတစ္ခုကို ပိုျပီး ထိေရာက္ေစတယ္ဆို တာကို သေဘာေပါက္သင့္ပါတယ္။ 


(၄) အခ်ိန္ယူေျဖရွင္းပါ

နာက်င္ခံစားေနရခ်ိန္မ်ိဳးမွာ ျပႆနာတစ္ခုကို ေျဖရွင္းတာဟာ ေကာင္းတဲ့အခ်က္မဟုတ္ဘူးဆိုတာကိုေတာ့ သင္သတိရဖို႕လိုပါတယ္။ သင့္စိတ္ထဲမွာ သင္ေျဖရွင္းရမယ့္ကိစၥတစ္ခုဟာ သင့္ကိုနာက်င္ေနေစတယ္ဆိုရင္ အဲဒီ့အခ်ိန္မ်ိဳးနဲ႕ ေဒါသေတြျပည့္ႏွက္ေနခ်ိန္မ်ိဳးမွာ ဆံုးျဖတ္ခ်က္ကို မခ်ပါနဲ႕ဦး။ ေဒါသထြက္ေနတဲ့အခ်ိန္မွာ ဆံုးျဖတ္ခ်က္ခ်တာေၾကာင့္ အမွားေတြမ်ားစြာျဖစ္ေစတယ္ဆိုတာ ေလ့လာမႈ အေတာ္မ်ားမ်ားမွာ ေတြ႕ရွိထားျပီးျဖစ္တာေၾကာင့္ အနည္းဆံုး အခ်ိန္၁၅မိနစ္ေလာက္ အသက္ကို ပံုမွန္ေလးရွဴသြင္း၊ ရွဴထုတ္ျပဳလုပ္ျပီးမွ စကားေျပာပါ။ 


(၅) စကားလႊဲလိုက္ပါ

ေဒါသထြက္ေနတဲ့သူတစ္ေယာက္က သင့္ကို သူခံစားေနရတဲ့ အေၾကာင္းအရာတစ္ခုခုကို ထပ္ကာထပ္ကာေျပာေနတတ္ပါတယ္။ ဥပမာ- လမ္းခရီးတစ္ခုကို သြားလို႕ သင္ေရြးခ်ယ္လိုက္တဲ့ လမ္းေၾကာင္းက လမ္းပိတ္ေနျပီး ကားေတြပိတ္ဆို႕ေနတယ္ ဆိုပါေတာ့။ သူေျပာတဲ့ လမ္းကသြားရင္ ပိတ္မွာမဟုတ္ဘူး သင့္ေၾကာင့္ ဒီလိုေႏွာင့္ေႏွးေနရတယ္လို႕ ထင္ေနရင္ သူ႕အေတြးထဲမွာ သင့္ကိုစိတ္တုိေနတာေၾကာင့္ ထပ္ကာထပ္ကာ သင့္ကိုေျပာေနပါလိမ့္မယ္။ အဲလိုေျပာတာနဲ႕အတူ သင့္ကိုစိတ္ဆိုးျပီး ေဒါသေတြထြက္ေနပါလိမ့္မယ္။ ဒီလိုအခ်ိန္မ်ိဳးမွာ သူေျပာေနတဲ့ စကားလမ္းေၾကာင္းကို လႊဲႏိုင္မယ္ဆိုရင္ သူ႕ေဒါသေတြကို ေျပေလ်ာ့ေစတဲ့အျပင္ သင့္ကိုလည္း ေဒါသမထြက္ေတာ့ဘဲ နားလည္ႏိုင္ပါလိမ့္မယ္။ 


(၆) Sorry လို႕ေျပာပါ

သင္က ကိစၥတစ္ခုခုကို မွားယြင္းစြာျပဳလုပ္ခဲ့မိတာေၾကာင့္ သင့္အေပၚကို အရမ္းကိုစိတ္ဆိုးေနေသးတယ္ဆိုရင္ေတာ့ လုပ္ငန္းခြင္ထဲမွာ မွားယြင္းခဲ့ေပမယ့္ သင္ၾကိဳးစားပမ္းစားျပဳလုပ္ခဲ့တယ္ဆိုတာကိုသိေအာင္ ရွင္းျပေပးသင့္ျပီး ဒီကိစၥေတြအတြက္ Sorry ဆိုတာကို ေျပာဖို႕ ေတာ့လိုပါတယ္။ သင္နဲ႕တစ္ခါမွ အလုပ္တြဲမလုပ္ဘူးတဲ့သူ၊လူုစိမ္းတစ္ေယာက္ဆိုရင္ ပိုျပီး ရွင္းျပေပးဖို႕ လိုအပ္ပါတယ္။ ေနာက္တစ္ၾကိမ္ မွာ  ဒီလိုမျဖစ္ေစဖို႕လည္း သင့္ဘက္ကေန ေျပာဆိုေပးပါ။ ဘယ္လိုမွ ရုတ္တရက္ေျဖရွင္းလို႕မရတဲ့ အေျခအေနမ်ိဳးမွာဆိုရင္ေတာ့ သင့္ အေနနဲ႕ Sorry လို႕ေျပာဖို႕ကို ၀န္ေလးေနလို႕ မရပါဘူး။ 


(၇) ၾကင္နာစိတ္ထားပါ

လူတစ္ေယာက္အေပၚ ၾကင္နာသနားတတ္တဲ့စိတ္ဟာ လူတိုင္းမွာမရွိတတ္ပါဘူး။ သင့္အေပၚလူတစ္ေယာက္က စိတ္ဆိုးေဒါသထြက္ ေနခ်ိန္မ်ိဳးမွာ သင့္ဘက္က ဘယ္လိုတုံ႕ျပန္မလဲဆိုတာမ်ိဳးဟာ ေျဖရွင္းရခက္ခဲတတ္ေပမယ့္ အၾကင္နာတရားရွိတတ္သူေတြမွာေတာ့ အေျဖတစ္ခုရွိေနတတ္ပါတယ္။ ဒါကေတာ့ ျပႆနာတစ္ခုကို ေျဖရွင္းရာမွာ မွန္ကန္တဲ့နည္းလမ္းကို ရရွိေစဖို႕အတြက္ ကိုယ့္ကိုယ္ကို ျပန္လည္သံုးသပ္ၾကတယ္လို႕ဆိုပါတယ္။ 


(၈) အတင္းမေတာင္းပန္ပါႏွင့္

ျပႆနာတစ္ခုကို ဘယ္သူကပဲက်ဴးလြန္ပါေစ ကိုယ္မမွားဘူးလို႕ေတာ့ လူတိုင္း ထင္တတ္ၾကပါတယ္။ ျပႆနာကို ေျဖရွင္းႏိုင္ရင္ ျပီးတာ ပဲဆိုျပီး သင္က အတင္းၾကီးေတာင္းပန္လိုက္မယ္ဆိုရင္ တကယ္တမ္းျပႆနာကို ေျဖရွင္းရာမေရာက္ဘဲ သင့္ကို အထင္လြဲသြားႏိုင္တာ ေၾကာင့္ပါ။ သင့္လက္ရွိ အေျခအေနနဲ႕ ပံုစံကိုသာေျပာျပျပီး ေျဖရွင္းႏိုင္မယ့္နည္းလမ္းကိုၾကိဳးစားပါ။ 


(၉) ေလးစားသမႈရွိပါေစ

လူေတြကို ေလးစားသမႈနဲ႕ဆက္ဆံတတ္ဖို႕ေတာ့လိုပါတယ္။ သင္က ရိုင္းပ်တဲ့အျပဳအမူရွိရင္ေတာ့ သင့္ကို ဘယ္သူကမွ အေပါင္းအသင္း မလုပ္ခ်င္ပါဘူး။ တစ္ဦးေပၚတစ္ဦးေလးစားသမႈနဲ႕ ဆက္ဆံတာဟာ လူတစ္ေယာက္ရဲ႕ ကိုယ္ရည္ကိုယ္ေသြးကိုလည္း ျမင့္မားေစပါတယ္။ ယဥ္ေက်းလိမ္မာတဲ့ သူတစ္ေယာက္ကို ေဒါသနဲ႕ဆက္ဆံတတ္တဲ့သူနည္းပါတယ္။ 


(၁၀) ေလွာင္ေျပာင္ျခင္းကင္းပါေစ

သင့္သူငယ္ခ်င္းပဲျဖစ္ပါေစ စိတ္ဆိုးေနခ်ိန္မ်ိဳးမွာ သင္ကရယ္ေမာျပီးဂရုမစိုက္သလိုေနမယ္ဆိုရင္ သင့္ကိုပိုျပီးေဒါသထြက္ကာ အထင္ မွားေစပါတယ္။ ဒါက အစ အေနာက္သန္သူေတြမွာ ပိုျပီးအျဖစ္မ်ားတဲ့ ျပႆနာပါ။ တခ်ိဳ႕ေတြက တစ္ဖက္လူေဒါသထြက္ေနခ်ိန္မ်ိဳးမွာ အစအေနာက္သန္တာေၾကာင့္ ေဒါသကို ပိုျပီးျဖစ္ေစေအာင္ လႈံ႕ေဆာ္သလိုမ်ိဳးျဖစ္ေစပါတယ္။ သင့္အျပဳအမူက ေဒါသထြက္ေနတဲ့ တစ္ဖက္လူအတြက္ ပိုျပီးခံရခက္ေစတယ္ဆိုတာကို နားလည္ဖို႕ေတာ့လိုပါတယ္။ 


(၁၁) သံသယကင္းပါေစ

သံသယရွိတာက လူတစ္ဦးနဲ႕တစ္ဥိးကို စိတ္အေႏွာင့္အယွက္ျဖစ္ေစတာတင္မကပါဘူး။ ၾကီးမားတဲ့ ဆက္ဆံေရးတင္းမာမႈေတြကိုျဖစ္ေစ ပါတယ္။ သင္က တစ္ဖက္လူအေပၚ သံသယရွိျပီဆိုတာနဲ႕ သင္တို႕ႏွစ္ဦးၾကားက ဆက္ဆံေရးဟာ အဆင္မေျပႏိုင္ေတာ့ပါဘူး။ ဒါေၾကာင့္ အေၾကာင္းအရာတစ္ခုခုကို သံသယရွိတယ္ဆိုရင္ ပြင့္လင္းစြာေျပာဆိုႏိုင္ဖို႕လိုပါတယ္။ 


လမင္းေလး 

Credit: The Chic Magazine – No.23, September, 2012

No comments: