Monday, March 1, 2021

အစားအသောက် ထုတ်လုပ်ရောင်းချရေး

အစားအသောက် ထုတ်လုပ်ရောင်းချရေး




ကျွန်တေ်ာတစ်ယောက်တည်းနေရတဲ့အချိန်တိုင်း စာတစ်ခုမဟုတ်တစ်ခုတော့ ဖတ်တာပါပဲ။ အနည်းဆုံးစာအုပ်မရှိဘူးဆိုရင်တော့ အလှူဖိတ်စာ၊ မင်္ဂလာဆောင်ဖိတ်စာကောက်ကိုင်ပြီး မြန်မာစာအရေးအသားငါဘာမှားနေလဲသတိမူရအောင်ဖတ်ဖြစ်တယ်ပြောရမယ်။ ပြီးတော့ ‘ဖတ်ရင်းနဲ့ရေး၊ ရေးရင်းနဲ့ဖတ်’  ပြုလုပ်တတ်တဲ့အကျင့်လည်းရှိတယ်။ ဖတ်သမျှစာတွေထဲက မှတ်မှတ်သားသားပြုသင့်တာတွေကို Note Books လေးနဲ့ အချက်အလက်စုဆောင်းသလိုမျိုး ရေးမှတ်တာမျိုးပေါ့။ ကိုယ်သိနေတာကို မသိသေးတဲ့သူကို လက်တို့ပြောပြချင်တဲ့ စိတ်အခြေခံကြောင့်လည်းပါမှာပါ။ 


နေ့တိုင်း စားသောက်နေရတဲ့ အစားအသောက်တွေနဲ့ပတ်သက်ပြီး ကိုယ့်ကျန်းမာရေးနဲ့ကိုက်မကိုက် သတိပြုစားသောက်တာကတော့ဟုတ်ပြီ တစ်နိုင်တစ်ပိုင်လုပ်ငန်းအနေနဲ့ စားသောက်ကုန်ထုတ်လုပ်ရောင်းချရင်ဘာတွေသိထားဖို့လိုမလဲသိချင်လာတာကြောင့် စာအုပ်တွေ သတင်းစာတွေမွှေပြီး ပြန်စုရေးလိုက်ပါတယ် ဖတ်ကြမယ်မဟုတ်လား။


၁။ အစားအသောက်ဆိုတာ

အစားအသောက်ဆိုတာ ဆေးဝါး၊ ဆေးရွက်ကြီးနဲ့ အလှကုန်ပစ္စည်းတွေကလွဲလို့ ကျွန်တေ်ာတို့စားသောက်နိုင်တဲ့ စားသောက်ဖွယ်ရာတွေနဲ့ အဲဒီအထဲမှာပါဝင်တဲ့ပစ္စည်း ဒါမှမဟုတ် အစားအသောက်ထပ်ဖြည့်ပစ္စည်းကိုခေါ်ပါတယ်။ ဆားတို့၊သကြားတို့ ဟင်းခတ်အမွှေးအကြိုင်တွေကိုေြပြောတာမျိုပါ။


သည်စကားရပ်မှာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက အခါအားလျော်စွာ အမိန့်ကြေငြာစာထုတ်ပြန်ပြီး ‘အစားအသောက်’လို့ သတ်မှတ်ထားတဲ့ ပစ္စည်းတွေလည်း ပါဝင်နိုင်ပါတယ်။ အိုင်အိုဒင်းထည့်ထားတဲ့ ဆားကိုလဲ ‘အစားအသောက်’ထဲထည့်နိုင်တယ်လေ။


၂။ တားမြစ်ချက်

ဘယ်လိုလူမျိုးပဲဖြစ်ဖြစ် အစားအသောက်နဲ့ပတ်သက်ပြီး ချမှတ်ထားတဲ့အမိန့်တွေကို လိုက်နာရပါမယ်။

ဘယ်လိုလူမျိုးမှ အောက်ပါ အစားအသောက်တွေကိုထုတ်လုပ်တာ၊ ပြည်တွင်းကို တင်သွင်းတာ၊ ပြည်ပကို တင်ပို့တာ၊ သိုလှောင်တာ၊ သယ်ယူပို့ဆောင်တာ၊ ဖြန့်ဖြူးတာ ဒါမှမဟုတ် ရောင်းချတာ မပြုလုပ်ရပါဘူး။


ဘယ်လိုတွေလဲဆိုရင် -


(က) စားသုံးသူကို အဆိပ်သင့်စေနိုင်တဲ့၊ ဘေးဥပါဒ်အန္တရာယ်ဖြစ်စေနိုင်တဲ့ ဒါမှမဟုတ် ကျန်းမာရေးထိခိုက်နိုင်တဲ့ အစားအသောက်။


(ခ) အစားအသောက်ရဲ့ သဘာဝ၊ ဒြပ်ဝတ္ထု ဒါမှမဟုတ် အရည်အသွေးကို ထိခိုက်စေပြီး ဘေးဥပါဒ်အန္တရာယ်ဖြစ်စေဖို့ အရာဝတ္ထုတစ်ခုလုံး ဖြစ်ဖြစ်၊ တစ်စိတ်တစ်ပိုင်းဖြစ်ဖြစ် အစားထိုးထားတဲ့ ဒါမှမဟုတ် ရောစပ်ထားတဲ့ အစားအသောက်အတုတွေ၊ အရောအနှောတွေပေါ့။


(ဂ) အစားအသောက်ထပ်ဖြည့်ပစ္စည်းကို သတ်မှတ်ချက်ထက် ပိုမိုအသုံးပြုထားတဲ့ အစားအသောက်။

သည်နေရာမှာ အစားအသောက်ထပ်ဖြည့်ပစ္စည်းကို ထည့်ရှင်းပြပါမယ်။ အစားအသောက်ထပ်ဖြည့်ပစ္စည်းဆိုတာ အာဏာပိုင်အဖွဲ့က သတ်မှတ်ထားတဲ့ အစားအသောက်ထုတ်လုပ်ပြုပြင်ရာမှာ အသုံးပြုတဲ့ပစ္စည်းမျိုး၊ အစားအသောက်မှာ အရောင်၊အဆင်း၊အနံ့၊အရသာ အတွက် ဖြည်စွက်အသုံးပြုတဲ့ပစ္စည်းမျိုးကိုေခေါ်ဆိုတာပါ။


(ဃ) သက်ဆိုင်ရာက သတ်မှတ်ထားတဲ့ စိုက်ပျိုးရေးဆိုင်ရာ ဓာတ်ပစ္စည်းအများဆုံးပါဝင်နိုင်ခွင့်ရှိတဲ့ ပမာဏထက် ပိုမိုပါရှိနေတဲ့ အစားအသောက်။


(င) သက်ဆိုင်ရာက တားမြစ်ထားတဲ့ပစ္စည်းဖြစ်ဖြစ်၊ ခွင့်မပြုတဲ့ပစ္စည်းဖြစ်ဖြစ် ပါရှိတဲ့ အစားအသောက်။


(စ) ပုပ်သိုးနေတဲ့၊ ပျက်စီးနေတဲ့ ဒါမှမဟုတ် လူတွေစားသုံးဖို့မသင့်လျော်တဲ့ပစ္စည်းပါရှိနေတဲ့ အစားအသောက်။


(ဆ) စံမညီအစားအသောက်။ စံမညီဘူးဆိုတာက သက်ဆိုင်ရာအစားအသောက်နဲ့ စပ်လျဉ်းပြီး သက်ဆိုင်ရာဌာနက သတ်မှတ်ထားတဲ့ အသေးစိတ်သတ်မှတ်ချက်တွေနဲ့ မကိုက်ညီတဲ့၊ အနိမ့်ဆုံးစံထက် လျော့နေတဲ့ ဒါမှမဟုတ် အမြင့်ဆုံးစံထက်ပိုနေတဲ့ အစားအသောက်တွေကိုေခေါ်တာပါ။


(ဇ) အစားအသောက်မှာမပါတဲ့ ဂုဏ်သတ္တိတွေကို အမှတ်တံဆိပ်ပေါ်မှာ လွဲမှားဖော်ပြထားတဲ့ အစားအသောက်။


(ဈ) လိုင်စင်ထုတ်ပေးခွင့်ရှိတဲ့ သက်ဆိုင်ရာ အစိုးရဌာန ဒါမှမဟုတ် အဖွဲ့အစည်းက သတ်မှတ်ထားတဲ့ ဖော်ပြရမယ့်အချက်အလက်တွေ မပါရှိတဲ့ အစားအသောက်တွေဖြစ်ပါတယ်။


လိုင်စင်မရှိဘဲ ထိန်းချုပ်အစားအသောက်တွေကို ထုတ်လုပ်တာမျိုး၊ ပြည်ပတင်ပို့တာမျိုး၊ သိုလှောင်တာ၊ သယ်ယူပို့ဆောင်တာ၊ ဖြန့်ဖြူးတာမျိုး ဒါမှမဟုတ် ရောင်းချတာမျိုး မပြုလုပ်ရပါဘူး။ အရည်အသွေး အာမခံရမယ်၊ အမှတ်တံဆိပ်ကပ်ရမယ်၊ေကြော်ငြာထားရမယ်လို့ဆိုပါတယ်။


အရည်အသွေးအာမခံတယ်ဆိုတာ စားသုံးသူအတွက် အရည်အသွေးကောင်းမွန်ပြီး ဘေးဥပါဒ်အန္တရာယ်ကင်းကာ သန့်ရှင်းမှုရှိတာကို အာမခံ တာဖြစ်ပါတယ်။ အစားအသောက်ထည့်တဲ့ ဘူး၊ ပုလင်း၊ ကတ်ပြား၊ ဘူးခွံ ဒါမှမဟုတ် အစားအသောက်ထုပ်ပိုးထားတဲ့ပစ္စည်း တစ်ခုခုပေါ်မှာ အမှတ်တံဆိပ်ပါရပါမယ်။ တချို့က အမှတ်တံဆိပ်မပြောပါနဲ့၊ ဘာမှရေးမထားပါဘူး။ ပုလင်းဖွင့်ပြီးနမ်းကြည့်ရတယ် မဟုတ်လား။ ကြော်ငြာ ထားဖို့လိုပါတယ်။ အစားအသောက်ကို တွင်ကျယ်စွာဖြန့်ဖြူးရောင်းချနိုင်ရေးအတွက် လူတွေသိရှိဖို့ တိုက်ရိုက်ဖြစ်ဖြစ်၊ သွယ်ဝိုက်ပြီးဖြစ်ဖြစ် ဆောင်ရွက်တာကိုပြောတာပါ။ ဒါမှ ဘာတံဆိပ်က ဘာရောင်းတာ၊ ဒီလိုတံဆိပ်ဆင်တူတွေရှိနေတယ်ဆိုပြီး သတိထား ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ အခုတလောခေတ်စားနေတဲ့ ဖိနပ်ကြော်ငြာသလို သွယ်ဝိုက်ပြီးေကြော်ငြာရင်လဲရတယ်။


အစေားအသောက် ထုတ်လုပ်ရောင်းချဖြန့်ဖြူးတဲ့သူက ကျန်းမာရေးနဲ့ ညီညွတ်သန့်ရှင်းမှုမရှိတဲ့ အခြေအနေမှာ အစားအသောက်ကို ထုတ် လုပ်တာ၊ သိုလှောင်တာ၊ သယ်ယူပို့ဆောင်တာ၊ ဖြန့်ဖြူးတာ ဒါမှမဟုတ် ရောင်းချတာ၊ အစားအသောက်ကနေတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါ ရှိသူ ဒါမှမဟုတ် အဲဒီရောဂါပိုးသယ်ဆောင်သူကို အစားအသောက်ထုတ်လုပ်တဲ့၊ သိုလှောင်တဲ့၊ သယ်ယူပို့ဆောင်ဖြန့်ဖြူးတဲ့ ဒါမှမဟုတ် ရောင်းချတဲ့နေရာမှာ ဝင်ရောက်လုပ်ကိုင်မှုရှိရင် လိုင်စင်ခေတ္တရုပ်သိမ်းတာ၊ ပယ်ဖျက်တားမြစ်တာ အပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။ ကိုဗစ်ကပ် ရောဂါ ဖြစ်ပွားနေဆဲကာလမှာ အချို့စားသောက်ဆိုင်တွေ အပြီးပိတ်ခိုင်းတာမျိုး၊ လိုင်စင်ပိတ်လိုက်တာမျိုးတွေတွေ့ခဲ့ရတယ်။


သည်နေရာမှာ လိုင်စင်လျှောက်တာနဲ့ ပတ်သက်ပြီးပြောပြချင်ပါသေးတယ်။ လိုင်စင်မှာ ထိန်းချုပ်အစားအသောက်နဲ့ အခြားအစားအသောက် ဆိုပြီး နှစ်မျိုးတွေ့ရပါတယ်။ ထိန်းချုပ်အစားအသောက်ဆိုတာ သက်ဆိုင်ရာဌာနက အခါအားလျော်စွာ အမိန့်ကြော်ငြာစာထုတ်ပြန်ပြီး သတ်မှတ်ထားတဲ့ အစားအသောက်တွေဖြစ်ပါတယ်။ 

ဥပမာ - အရက်လိုအရာမျိုးဖြစ်ပါတယ်။ အဲဒီလိုထိန်းချုပ်အစားအသောက် ထုတ်လုပ်လို သူက လိုင်စင်ထုတ်ပေးပိုင်ခွင့်ရှိတဲ့ အစိုးရဌာန၊ အဖွဲ့အစည်းဆီ လိုင်စင်လျှောက်တဲ့အခါ ပြည်သူ့ကျန်းမာရေးဦးစီးဌာနရဲ့ ထောက်ခံချက် လိုပါတယ်။ ထိန်းချုပ်အစားအသောက်ထုတ်လုပ်တာနဲ့ စပ်လျဉ်းပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနက သတ်မှတ်ချက်တွေနဲ့ ညီညွတ်မှု ရှိ၊ မရှိစိစစ်ပြီး ထောက်ခံချက်ထုတ်ပေးတာ၊ ငြင်းပယ်တာလုပ်မှာပါ။ အခြားအစားအသောက်ထုတ်လုပ်သူတွေကတော့ တည်ဆဲဥပဒေနဲ့အညီ သက်ဆိုင်ရာလိုင်စင်ထုတ်ပေးပိုင်ခွင့်ရှိတဲ့ အစိုးရဌာန ဒါမှမဟုတ် အဖွဲ့အစည်းဆီ လိုင်စင်လျှောက်ပေါ့။ အဲဒီဌာန၊ အဖွဲ့အစည်းတွေအနေနဲ့ လိုင်စင်စည်းကမ်းချက်၊ လိုင်စင်သက်တမ်း၊ လိုင်စင်ခနဲ့ လိုင်စင်သက်တမ်းတိုးမြှင့်ခတို့ကို သတ်မှတ်နိုင်ပါတယ်။


၃။ ပြစ်မှုနှင့် ပြစ်ဒဏ်များ

ကျန်းမာရေးနဲ့ ညီညွတ်သန့်ရှင်းမှုမရှိတဲ့ အခြေအနေမှာ အစားအသောက်ကိုထုတ်လုပ်တာ၊ သိုလှောင်တာ၊ သယ်ယူပို့ဆောင်တာ၊ ဖြန့်ဖြူးတာ ဒါမှမဟုတ် ရောင်းချတာ၊ အစားအသောက်ကနေတစ်ဆင့် ကူးစက်နိုင်တဲ့ ရောဂါရှိသူ ဒါမှမဟုတ် အဲဒီရောဂါပိုးသယ်ဆောင်သူကို အစား အသောက်ထုတ်လုပ်တဲ့၊ သိုလှောင်တဲ့၊ သယ်ယူပို့ဆောင်တဲ့၊ ဖြန့်ဖြူးတဲ့ ဒါမှမဟုတ် ရောင်းချတဲ့နေရာမှာ ဝင်ရောက်လုပ်ကိုင်စေမှုရှိရင် အဲဒီလူကို ထောင်ဒဏ်တစ်နှစ်ထိဖြစ်ဖြစ်၊ ငွေကျပ်တစ်သိန်းထက်မပိုတဲ့ ငွေဒဏ်ထိဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်နိုင်ပါတယ်။ အခုခေတ်က ငွေကျပ်တစ်သိန်းဆိုတာ မပြောပလောက်ပေမယ့် ထောင်ဒဏ်တစ်နှစ်ကတော့ြဖြုံစရာပါပဲ။


နောက်တစ်ခုက တားမြစ်ထားတဲ့ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်ကို လိုက်နာရန်ပျက်ကွက်ကြောင်း ပြစ်မှုထင်ရှားစီရင်ခံရပြီးနောက် ဆက်လက်လိုက် နာဖို့ ပျက်ကွက်ရင် ဆက်လက်ပျက်ကွက်တဲ့နေ့ကစပြီး တစ်နေ့ကို ဒဏ်ငွေကျပ်ငါးထောင်ချမှတ်ပါမယ်။ အထက်မှာ အမှတ်စဉ်ထိုးထားတဲ့ (က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (င) ဒါမှမဟုတ် (စ)ပါ အစားအသောက်နဲ့ဆိုင်တဲ့ ပြစ်မှုဖြစ်ပွားရင် အဲဒီသူကို ထောင်ဒဏ်သုံးနှစ်ထိဖြစ်ဖြစ်၊ ကျပ် သုံးသိန်း ထက်မပိုတဲ့ ငွေဒဏ်ဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်လုံးဖြစ်ဖြစ် ချမှတ်နိုင်ပါတယ်။

(ဆ)၊ (ဇ)၊ (ဈ)နဲ့ဆိုင်တဲ့ ပြစ်မှုမှာတော့ ထောင်ဒစ်တစ်နှစ်၊ ငွေဒဏ် တစ်သောင်း၊ ဒဏ်နှစ်ရပ်စလုံး။

ပြစ်မှုနဲ့သက်ဆိုင်တဲ့ သက်သေခံပစ္စည်းတွေကိုလဲ ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းပါမယ်။


လိုင်စင်မရှိဘဲ ထိန်းချုပ်စားသောက်ကုန်ထုတ်လုပ်ရင် ထောင်ဒဏ် ငါးနှစ်၊ ငွေဒဏ် အနည်းဆုံး ကျပ်တစ်သိန်းကနေ အများဆုံး ကျပ်ငါးသိန်းအထိ ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံးထမ်းရပါမယ်။ ပြစ်မှုနဲ့ဆိုင်တဲ့ သက်သေခံပစ္စည်းတွေကိုလဲ ပြည်သူ့ဘဏ္ဍာအဖြစ် အသိမ်းခံရပါမယ်။


လိုင်စင်မရှိဘဲ ထုတ်လုပ်ထားတဲ့ ထိန်းချုပ်အစားအသောက်တွေကို ပြည်ပကိုတင်ပို့တာ၊ သိုလှောင်တာ၊ သယ်ယူဖြန့်ဖြူးရောင်းချတာတွေ လုပ်နေရင် ထောင်ဒဏ် သုံးနှစ်၊ ငွေဒဏ်ကအနည်းဆုံး ကျပ်တစ်သိန်းကနေ အများဆုံး ကျပ်သုံးသိန်း ဒါမှမဟုတ် ဒဏ်နှစ်ရပ်စလုံးလဲဖြစ်နိုင် ပါတယ်။ ပြစ်မှုနဲ့ဆိုင်သမျှြပြည့်သူ့ဘဏ္ဍာပါပဲ။


အစားအသောက်ထုတ်လုပ်တာ၊ ပြည်တွင်းကို တင်သွင်းတာ၊ ပြည်ပကို တင်ပို့တာ၊ သိုလှောင်တာ၊ သယ်ယူပို့ဆောင်တာ၊ ဖြန့်ဖြူးတာ ဒါမှမဟုတ် ရောင်းချတာ ပြုလုပ်သူဘယ်သူမဆို အရည်အသွေးအာမခံတာ၊ အမှတ်တံဆိပ်ကပ်တာ၊ ကြော်ငြာတာတို့နဲ့ သက်ဆိုင်တဲ့ အမိန့်၊ ညွှန်ကြားချက်၊ စည်းကမ်းချက်တွေကို လိုက်နာရပါမယ်။ မလိုက်နာရင် ထောင်ဒဏ် သုံးနှစ်ဖြစ်ဖြစ်၊ ငွေဒဏ် အနည်းဆုံး ကျပ်၁၀၀၀ကနေ အများဆုံး ကျပ်သုံးသောင်းထိဖြစ်ဖြစ်၊ ဒဏ်နှစ်ရပ်စလုံးဖြစ်ဖြစ် ချမှတ်နိုင်ပါတယ်။


ဒါတွေကတော့ အစားအသောက်ဆိုင်ရာ သိကောင်းစရာတွေကို အစားအသောက်ထုတ်လုပ်သူတွေသာမက စားသုံးသူတွေအနေနဲ့လည်း ကိုယ့်အခွင့်အရေးတွေကို တောင်းဆိုနိုင်အောင် သိရှိထားဖို့လိုအပ်ပါတယ်။ ထုတ်လုပ်သူတွေအနေနဲ့ ဈေးရောင်းရင်း ကုသိုလ်ယူနိုင်တဲ့ စားသောက်ကုန်လုပ်ငန်းပဲဖြစ်ပါတယ်။ စားသုံးသူတွေအနေနဲ့လည်း အစာကနေ အဆိပ်မဖြစ်စေဖို့ လိုအပ်တဲ့အချက်အလျက်တွေကို စစ်ဆေး ကြည့်ရှုပြီးမှ ဝယ်ခြမ်းစားသောက်သင့်ပါကြောင်းေရေးသားတင်ပြလိုက်ရပါတယ်။


မှီးငြမ်း - ၂၁ ဖေဖော်ဝါရီလ ၂၀၂၁ခုနှစ်ထုတ် ရတနာပုံသတင်းစာ စာမျက်နှာ ၁၄ပါ ဆောင်းပါးရှင် ဇော်သစ်ကြည်ရဲ့ အစားအသောက်ဆိုင်ရာ သိကောင်းစရာများပါ အချက်အလျက်တွေကို ရယူရေးသားပါတယ်။


(Zawgyi) 

 အစားအေသာက္ ထုတ္လုပ္ေရာင္းခ်ေရး



ကၽြန္ေတ္ာတစ္ေယာက္တည္းေနရတဲ့အခ်ိန္တိုင္း စာတစ္ခုမဟုတ္တစ္ခုေတာ့ ဖတ္တာပါပဲ။ အနည္းဆံုးစာအုပ္မရွိဘူးဆိုရင္ေတာ့ အလွဴဖိတ္စာ၊ မဂၤလာေဆာင္ဖိတ္စာေကာက္ကိုင္ျပီး ျမန္မာစာအေရးအသားငါဘာမွားေနလဲသတိမူရေအာင္ဖတ္ျဖစ္တယ္ေျပာရမယ္။ ျပီးေတာ့ ‘ဖတ္ရင္းနဲ႔ေရး၊ ေရးရင္းနဲ႔ဖတ္’  ျပဳလုပ္တတ္တဲ့အက်င့္လည္းရွိတယ္။ ဖတ္သမွ်စာေတြထဲက မွတ္မွတ္သားသားျပဳသင့္တာေတြကို Note Books ေလးနဲ႔ အခ်က္အလက္စုေဆာင္းသလိုမ်ိဳး ေရးမွတ္တာမ်ိဳးေပါ့။ ကိုယ္သိေနတာကို မသိေသးတဲ့သူကို လက္တို႔ေျပာျပခ်င္တဲ့ စိတ္အေျခခံေၾကာင့္လည္းပါမွာပါ။ 

ေန႔တိုင္း စားေသာက္ေနရတဲ့ အစားအေသာက္ေတြနဲ႔ပတ္သက္ျပီး ကိုယ့္က်န္းမာေရးနဲ႔ကိုက္မကိုက္ သတိျပဳစားေသာက္တာကေတာ့ဟုတ္ျပီ တစ္ႏိုင္တစ္ပိုင္လုပ္ငန္းအေနနဲ႔ စားေသာက္ကုန္ထုတ္လုပ္ေရာင္းခ်ရင္ဘာေတြသိထားဖို႔လိုမလဲသိခ်င္လာတာေၾကာင့္ စာအုပ္ေတြ သတင္းစာေတြေမႊျပီး ျပန္စုေရးလိုက္ပါတယ္ ဖတ္ၾကမယ္မဟုတ္လား။


၁။ အစားအေသာက္ဆိုတာ

အစားအေသာက္ဆိုတာ ေဆး၀ါး၊ ေဆးရြက္ၾကီးနဲ႔ အလွကုန္ပစၥည္းေတြကလြဲလို႔ ကၽြန္ေတ္ာတို႔စားေသာက္ႏိုင္တဲ့ စားေသာက္ဖြယ္ရာေတြနဲ႔ အဲဒီအထဲမွာပါ၀င္တဲ့ပစၥည္း ဒါမွမဟုတ္ အစားအေသာက္ထပ္ျဖည့္ပစၥည္းကိုေခၚပါတယ္။ ဆားတို႔၊သၾကားတို႔ ဟင္းခတ္အေမႊးအၾကိဳင္ေတြကို ေျပာတာမ်ိဳပါ။

သည္စကားရပ္မွာ က်န္းမာေရးႏွင့္ အားကစား၀န္ၾကီးဌာနက အခါအားေလ်ာ္စြာ အမိန္႔ေၾကျငာစာထုတ္ျပန္ျပီး ‘အစားအေသာက္’လို႔ သတ္မွတ္ထားတဲ့ ပစၥည္းေတြလည္း ပါ၀င္ႏိုင္ပါတယ္။ အိုင္အိုဒင္းထည့္ထားတဲ့ ဆားကိုလဲ ‘အစားအေသာက္’ထဲထည့္ႏိုင္တယ္ေလ။


၂။ တားျမစ္ခ်က္

ဘယ္လိုလူမ်ိဳးပဲျဖစ္ျဖစ္ အစားအေသာက္နဲ႔ပတ္သက္ျပီး ခ်မွတ္ထားတဲ့အမိန္႔ေတြကို လိုက္နာရပါမယ္။

ဘယ္လိုလူမ်ိဳးမွ ေအာက္ပါ အစားအေသာက္ေတြကိုထုတ္လုပ္တာ၊ ျပည္တြင္းကို တင္သြင္းတာ၊ ျပည္ပကို တင္ပို႔တာ၊ သိုေလွာင္တာ၊ သယ္ယူပို႔ေဆာင္တာ၊ ျဖန္႔ျဖဴးတာ ဒါမွမဟုတ္ ေရာင္းခ်တာ မျပဳလုပ္ရပါဘူး။

ဘယ္လိုေတြလဲဆိုရင္ -

(က) စားသံုးသူကို အဆိပ္သင့္ေစႏိုင္တဲ့၊ ေဘးဥပါဒ္အႏၱရာယ္ျဖစ္ေစႏိုင္တဲ့ ဒါမွမဟုတ္ က်န္းမာေရးထိခိုက္ႏိုင္တဲ့ အစားအေသာက္။

(ခ) အစားအေသာက္ရဲ႕ သဘာ၀၊ ျဒပ္၀တၳဳ ဒါမွမဟုတ္ အရည္အေသြးကို ထိခိုက္ေစျပီး ေဘးဥပါဒ္အႏၱရာယ္ျဖစ္ေစဖို႔ အရာ၀တၳဳတစ္ခုလံုး ျဖစ္ျဖစ္၊ တစ္စိတ္တစ္ပိုင္းျဖစ္ျဖစ္ အစားထိုးထားတဲ့ ဒါမွမဟုတ္ ေရာစပ္ထားတဲ့ အစားအေသာက္အတုေတြ၊ အေရာအေႏွာေတြေပါ့။

(ဂ) အစားအေသာက္ထပ္ျဖည့္ပစၥည္းကို သတ္မွတ္ခ်က္ထက္ ပိုမိုအသံုးျပဳထားတဲ့ အစားအေသာက္။

သည္ေနရာမွာ အစားအေသာက္ထပ္ျဖည့္ပစၥည္းကို ထည့္ရွင္းျပပါမယ္။ အစားအေသာက္ထပ္ျဖည့္ပစၥည္းဆိုတာ အာဏာပိုင္အဖြဲ႔က သတ္မွတ္ထားတဲ့ အစားအေသာက္ထုတ္လုပ္ျပဳျပင္ရာမွာ အသံုးျပဳတဲ့ပစၥည္းမ်ိဳး၊ အစားအေသာက္မွာ အေရာင္၊အဆင္း၊အနံ႔၊အရသာ အတြက္ ျဖည္စြက္အသံုးျပဳတဲ့ပစၥည္းမ်ိဳးကို ေခၚဆိုတာပါ။

(ဃ) သက္ဆိုင္ရာက သတ္မွတ္ထားတဲ့ စိုက္ပ်ိဳးေရးဆိုင္ရာ ဓာတ္ပစၥည္းအမ်ားဆံုးပါ၀င္ႏိုင္ခြင့္ရွိတဲ့ ပမာဏထက္ ပိုမိုပါရွိေနတဲ့ အစားအေသာက္။

(င) သက္ဆိုင္ရာက တားျမစ္ထားတဲ့ပစၥည္းျဖစ္ျဖစ္၊ ခြင့္မျပဳတဲ့ပစၥည္းျဖစ္ျဖစ္ ပါရွိတဲ့ အစားအေသာက္။

(စ) ပုပ္သိုးေနတဲ့၊ ပ်က္စီးေနတဲ့ ဒါမွမဟုတ္ လူေတြစားသံုးဖို႔မသင့္ေလ်ာ္တဲ့ပစၥည္းပါရွိေနတဲ့ အစားအေသာက္။

(ဆ) စံမညီအစားအေသာက္။ စံမညီဘူးဆိုတာက သက္ဆိုင္ရာအစားအေသာက္နဲ႔ စပ္လ်ဥ္းျပီး သက္ဆိုင္ရာဌာနက သတ္မွတ္ထားတဲ့ အေသးစိတ္သတ္မွတ္ခ်က္ေတြနဲ႔ မကိုက္ညီတဲ့၊ အနိမ့္ဆံုးစံထက္ ေလ်ာ့ေနတဲ့ ဒါမွမဟုတ္ အျမင့္ဆံုးစံထက္ပိုေနတဲ့ အစားအေသာက္ေတြကို ေခၚတာပါ။

(ဇ) အစားအေသာက္မွာမပါတဲ့ ဂုဏ္သတၱိေတြကို အမွတ္တံဆိပ္ေပၚမွာ လြဲမွားေဖာ္ျပထားတဲ့ အစားအေသာက္။

(စ်) လိုင္စင္ထုတ္ေပးခြင့္ရွိတဲ့ သက္ဆိုင္ရာ အစိုးရဌာန ဒါမွမဟုတ္ အဖြဲ႕အစည္းက သတ္မွတ္ထားတဲ့ ေဖာ္ျပရမယ့္အခ်က္အလက္ေတြ မပါရွိတဲ့ အစားအေသာက္ေတြျဖစ္ပါတယ္။

လိုင္စင္မရွိဘဲ ထိန္းခ်ဳပ္အစားအေသာက္ေတြကို ထုတ္လုပ္တာမ်ိဳး၊ ျပည္ပတင္ပို႔တာမ်ိဳး၊ သိုေလွာင္တာ၊ သယ္ယူပို႔ေဆာင္တာ၊ ျဖန္႔ျဖဴးတာမ်ိဳး ဒါမွမဟုတ္ ေရာင္းခ်တာမ်ိဳး မျပဳလုပ္ရပါဘူး။ အရည္အေသြး အာမခံရမယ္၊ အမွတ္တံဆိပ္ကပ္ရမယ္၊ ေၾကာ္ျငာထားရမယ္လို႔ဆိုပါတယ္။

အရည္အေသြးအာမခံတယ္ဆိုတာ စားသံုးသူအတြက္ အရည္အေသြးေကာင္းမြန္ျပီး ေဘးဥပါဒ္အႏၱရာယ္ကင္းကာ သန္႔ရွင္းမႈရွိတာကို အာမခံ တာျဖစ္ပါတယ္။ အစားအေသာက္ထည့္တဲ့ ဘူး၊ ပုလင္း၊ ကတ္ျပား၊ ဘူးခြံ ဒါမွမဟုတ္ အစားအေသာက္ထုပ္ပိုးထားတဲ့ပစၥည္း တစ္ခုခုေပၚမွာ အမွတ္တံဆိပ္ပါရပါမယ္။ တခ်ိဳ႕က အမွတ္တံဆိပ္မေျပာပါနဲ႔၊ ဘာမွေရးမထားပါဘူး။ ပုလင္းဖြင့္ျပီးနမ္းၾကည့္ရတယ္ မဟုတ္လား။ ေၾကာ္ျငာ ထားဖို႔လိုပါတယ္။ အစားအေသာက္ကို တြင္က်ယ္စြာျဖန္႔ျဖဴးေရာင္းခ်ႏိုင္ေရးအတြက္ လူေတြသိရွိဖို႔ တိုက္ရိုက္ျဖစ္ျဖစ္၊ သြယ္၀ိုက္ျပီးျဖစ္ျဖစ္ ေဆာင္ရြက္တာကိုေျပာတာပါ။ ဒါမွ ဘာတံဆိပ္က ဘာေရာင္းတာ၊ ဒီလိုတံဆိပ္ဆင္တူေတြရွိေနတယ္ဆိုျပီး သတိထား ေရြးခ်ယ္ႏိုင္မွာ ျဖစ္ပါတယ္။ အခုတေလာေခတ္စားေနတဲ့ ဖိနပ္ေၾကာ္ျငာသလို သြယ္၀ိုက္ျပီး ေၾကာ္ျငာရင္လဲရတယ္။

အေစားအေသာက္ ထုတ္လုပ္ေရာင္းခ်ျဖန္႔ျဖဴးတဲ့သူက က်န္းမာေရးနဲ႔ ညီညြတ္သန္႔ရွင္းမႈမရွိတဲ့ အေျခအေနမွာ အစားအေသာက္ကို ထုတ္ လုပ္တာ၊ သိုေလွာင္တာ၊ သယ္ယူပို႔ေဆာင္တာ၊ ျဖန္႔ျဖဴးတာ ဒါမွမဟုတ္ ေရာင္းခ်တာ၊ အစားအေသာက္ကေနတစ္ဆင့္ ကူးစက္ႏိုင္တဲ့ ေရာဂါ ရွိသူ ဒါမွမဟုတ္ အဲဒီေရာဂါပိုးသယ္ေဆာင္သူကို အစားအေသာက္ထုတ္လုပ္တဲ့၊ သိုေလွာင္တဲ့၊ သယ္ယူပို႔ေဆာင္ျဖန္႔ျဖဴးတဲ့ ဒါမွမဟုတ္ ေရာင္းခ်တဲ့ေနရာမွာ ၀င္ေရာက္လုပ္ကိုင္မႈရွိရင္ လိုင္စင္ေခတၱရုပ္သိမ္းတာ၊ ပယ္ဖ်က္တားျမစ္တာ အျပစ္ဒဏ္ခ်မွတ္ႏိုင္ပါတယ္။ ကိုဗစ္ကပ္ ေရာဂါ ျဖစ္ပြားေနဆဲကာလမွာ အခ်ိဳ႕စားေသာက္ဆိုင္ေတြ အျပီးပိတ္ခိုင္းတာမ်ိဳး၊ လိုင္စင္ပိတ္လိုက္တာမ်ိဳးေတြေတြ႕ခဲ့ရတယ္။

သည္ေနရာမွာ လိုင္စင္ေလွ်ာက္တာနဲ႔ ပတ္သက္ျပီးေျပာျပခ်င္ပါေသးတယ္။ လိုင္စင္မွာ ထိန္းခ်ဳပ္အစားအေသာက္နဲ႔ အျခားအစားအေသာက္ ဆိုျပီး ႏွစ္မ်ိဳးေတြ႕ရပါတယ္။ ထိန္းခ်ဳပ္အစားအေသာက္ဆိုတာ သက္ဆုိင္ရာဌာနက အခါအားေလ်ာ္စြာ အမိန္႔ေၾကာ္ျငာစာထုတ္ျပန္ျပီး သတ္မွတ္ထားတဲ့ အစားအေသာက္ေတြျဖစ္ပါတယ္။ ဥပမာ - အရက္လိုအရာမ်ိဳးျဖစ္ပါတယ္။ အဲဒီလိုထိန္းခ်ဳပ္အစားအေသာက္ ထုတ္လုပ္လို သူက လိုင္စင္ထုတ္ေပးပိုင္ခြင့္ရွိတဲ့ အစိုးရဌာန၊ အဖြဲ႕အစည္းဆီ လိုင္စင္ေလွ်ာက္တဲ့အခါ ျပည္သူ႕က်န္းမာေရးဦးစီးဌာနရဲ႕ ေထာက္ခံခ်က္ လိုပါတယ္။ ထိန္းခ်ဳပ္အစားအေသာက္ထုတ္လုပ္တာနဲ႔ စပ္လ်ဥ္းျပီး ျပည္သူ႕က်န္းမာေရးဦးစီးဌာနက သတ္မွတ္ခ်က္ေတြနဲ႔ ညီညြတ္မႈ ရွိ၊ မရွိစိစစ္ျပီး ေထာက္ခံခ်က္ထုတ္ေပးတာ၊ ျငင္းပယ္တာလုပ္မွာပါ။ အျခားအစားအေသာက္ထုတ္လုပ္သူေတြကေတာ့ တည္ဆဲဥပေဒနဲ႔အညီ သက္ဆိုင္ရာလိုင္စင္ထုတ္ေပးပိုင္ခြင့္ရွိတဲ့ အစိုးရဌာန ဒါမွမဟုတ္ အဖြဲ႕အစည္းဆီ လိုင္စင္ေလွ်ာက္ေပါ့။ အဲဒီဌာန၊ အဖြဲ႕အစည္းေတြအေနနဲ႔ လိုင္စင္စည္းကမ္းခ်က္၊ လိုင္စင္သက္တမ္း၊ လိုင္စင္ခနဲ႔ လိုင္စင္သက္တမ္းတိုးျမွင့္ခတို႔ကို သတ္မွတ္ႏိုင္ပါတယ္။


၃။ ျပစ္မႈႏွင့္ ျပစ္ဒဏ္မ်ာ

က်န္းမာေရးနဲ႔ ညီညြတ္သန္႔ရွင္းမႈမရွိတဲ့ အေျခအေနမွာ အစားအေသာက္ကိုထုတ္လုပ္တာ၊ သိုေလွာင္တာ၊ သယ္ယူပို႔ေဆာင္တာ၊ ျဖန္႔ျဖဴးတာ ဒါမွမဟုတ္ ေရာင္းခ်တာ၊ အစားအေသာက္ကေနတစ္ဆင့္ ကူးစက္ႏိုင္တဲ့ ေရာဂါရွိသူ ဒါမွမဟုတ္ အဲဒီေရာဂါပိုးသယ္ေဆာင္သူကို အစား အေသာက္ထုတ္လုပ္တဲ့၊ သိုေလွာင္တဲ့၊ သယ္ယူပို႔ေဆာင္တဲ့၊ ျဖန္႔ျဖဴးတဲ့ ဒါမွမဟုတ္ ေရာင္းခ်တဲ့ေနရာမွာ ၀င္ေရာက္လုပ္ကိုင္ေစမႈရွိရင္ အဲဒီလူကို ေထာင္ဒဏ္တစ္ႏွစ္ထိျဖစ္ျဖစ္၊ ေငြက်ပ္တစ္သိန္းထက္မပိုတဲ့ ေငြဒဏ္ထိျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ျဖစ္ ခ်မွတ္ႏိုင္ပါတယ္။ အခုေခတ္က ေငြက်ပ္တစ္သိန္းဆိုတာ မေျပာပေလာက္ေပမယ့္ ေထာင္ဒဏ္တစ္ႏွစ္ကေတာ့ ျဖံဳစရာပါပဲ။

ေနာက္တစ္ခုက တားျမစ္ထားတဲ့ ျပ႒ာန္းခ်က္တစ္ရပ္ရပ္ကို လိုက္နာရန္ပ်က္ကြက္ေၾကာင္း ျပစ္မႈထင္ရွားစီရင္ခံရျပီးေနာက္ ဆက္လက္လိုက္ နာဖို႔ ပ်က္ကြက္ရင္ ဆက္လက္ပ်က္ကြက္တဲ့ေန႔ကစျပီး တစ္ေန႔ကို ဒဏ္ေငြက်ပ္ငါးေထာင္ခ်မွတ္ပါမယ္။ အထက္မွာ အမွတ္စဥ္ထိုးထားတဲ့ (က)၊ (ခ)၊ (ဂ)၊ (ဃ)၊ (င) ဒါမွမဟုတ္ (စ)ပါ အစားအေသာက္နဲ႔ဆိုင္တဲ့ ျပစ္မႈျဖစ္ပြားရင္ အဲဒီသူကို ေထာင္ဒဏ္သံုးႏွစ္ထိျဖစ္ျဖစ္၊ က်ပ္ သံုးသိန္း ထက္မပိုတဲ့ ေငြဒဏ္ျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္လံုးျဖစ္ျဖစ္ ခ်မွတ္ႏိုင္ပါတယ္။

(ဆ)၊ (ဇ)၊ (စ်)နဲ႔ဆိုင္တဲ့ ျပစ္မႈမွာေတာ့ ေထာင္ဒစ္တစ္ႏွစ္၊ ေငြဒဏ္ တစ္ေသာင္း၊ ဒဏ္ႏွစ္ရပ္စလံုး။

ျပစ္မႈနဲ႔သက္ဆိုင္တဲ့ သက္ေသခံပစၥည္းေတြကိုလဲ ျပည္သူ႕ဘ႑ာအျဖစ္ သိမ္းဆည္းပါမယ္။

လိုင္စင္မရွိဘဲ ထိန္းခ်ဳပ္စားေသာက္ကုန္ထုတ္လုပ္ရင္ ေထာင္ဒဏ္ ငါးႏွစ္၊ ေငြဒဏ္ အနည္းဆံုး က်ပ္တစ္သိန္းကေန အမ်ားဆံုး က်ပ္ငါးသိန္းအထိ ဒါမွမဟုတ္ ဒဏ္ႏွစ္ရပ္စလံုးထမ္းရပါမယ္။ ျပစ္မႈနဲ႔ဆိုင္တဲ့ သက္ေသခံပစၥည္းေတြကိုလဲ ျပည္သူ႕ဘ႑ာအျဖစ္ အသိမ္းခံရပါမယ္။

လိုင္စင္မရွိဘဲ ထုတ္လုပ္ထားတဲ့ ထိန္းခ်ဳပ္အစားအေသာက္ေတြကို ျပည္ပကုိတင္ပို႔တာ၊ သိုေလွာင္တာ၊ သယ္ယူျဖန္႔ျဖဴးေရာင္းခ်တာေတြ လုပ္ေနရင္ ေထာင္ဒဏ္ သံုးႏွစ္၊ ေငြဒဏ္ကအနည္းဆံုး က်ပ္တစ္သိန္းကေန အမ်ားဆံုး က်ပ္သံုးသိန္း ဒါမွမဟုတ္ ဒဏ္ႏွစ္ရပ္စလံုးလဲျဖစ္ႏိုင္ ပါတယ္။ ျပစ္မႈနဲ႔ဆိုင္သမွ် ျပည့္သူ႕ဘ႑ာပါပဲ။

အစားအေသာက္ထုတ္လုပ္တာ၊ ျပည္တြင္းကို တင္သြင္းတာ၊ ျပည္ပကို တင္ပို႔တာ၊ သိုေလွာင္တာ၊ သယ္ယူပို႔ေဆာင္တာ၊ ျဖန္႔ျဖဴးတာ ဒါမွမဟုတ္ ေရာင္းခ်တာ ျပဳလုပ္သူဘယ္သူမဆို အရည္အေသြးအာမခံတာ၊ အမွတ္တံဆိပ္ကပ္တာ၊ ေၾကာ္ျငာတာတို႔နဲ႔ သက္ဆိုင္တဲ့ အမိန္႔၊ ညႊန္ၾကားခ်က္၊ စည္းကမ္းခ်က္ေတြကို လိုက္နာရပါမယ္။ မလိုက္နာရင္ ေထာင္ဒဏ္ သံုးႏွစ္ျဖစ္ျဖစ္၊ ေငြဒဏ္ အနည္းဆံုး က်ပ္၁၀၀၀ကေန အမ်ားဆံုး က်ပ္သံုးေသာင္းထိျဖစ္ျဖစ္၊ ဒဏ္ႏွစ္ရပ္စလံုးျဖစ္ျဖစ္ ခ်မွတ္ႏိုင္ပါတယ္။

ဒါေတြကေတာ့ အစားအေသာက္ဆိုင္ရာ သိေကာင္းစရာေတြကို အစားအေသာက္ထုတ္လုပ္သူေတြသာမက စားသံုးသူေတြအေနနဲ႔လည္း ကိုယ့္အခြင့္အေရးေတြကို ေတာင္းဆိုႏိုင္ေအာင္ သိရွိထားဖို႔လိုအပ္ပါတယ္။ ထုတ္လုပ္သူေတြအေနနဲ႔ ေစ်းေရာင္းရင္း ကုသိုလ္ယူႏိုင္တဲ့ စားေသာက္ကုန္လုပ္ငန္းပဲျဖစ္ပါတယ္။ စားသံုးသူေတြအေနနဲ႔လည္း အစာကေန အဆိပ္မျဖစ္ေစဖို႔ လိုအပ္တဲ့အခ်က္အလ်က္ေတြကို စစ္ေဆး ၾကည့္ရႈျပီးမွ ၀ယ္ျခမ္းစားေသာက္သင့္ပါေၾကာင္း ေရးသားတင္ျပလိုက္ရပါတယ္။

မွီးျငမ္း - ၂၁ ေဖေဖာ္၀ါရီလ ၂၀၂၁ခုႏွစ္ထုတ္ ရတနာပံုသတင္းစာ စာမ်က္ႏွာ ၁၄ပါ ေဆာင္းပါးရွင္ ေဇာ္သစ္ၾကည္ရဲ႕ အစားအေသာက္ဆိုင္ရာ သိေကာင္းစရာမ်ားပါ အခ်က္အလ်က္ေတြကို ရယူေရးသားပါတယ္။

No comments: