Wednesday, September 28, 2016

မေထုန်ငယ် (၇) ပါး

မေထုနဓမ္မဆိုတာက ယောက်ျားမိန်းမ ဆက်ဆံမှုလောက်ကိုသာ
ဆိုလိုတာ မဟုတ်သေးဘူး။ တခြားတခြား မေထုန်ငယ်
(၇)ပါးဆိုတာကိုလည်း ထည့်သွင်းပြီး မြတ်စွာဘုရားက ရည်ညွှန်းထားပါတယ်။

တစ်ချိန်မှာ ဆိုကြစို့ ... ဇာနုသောဏိ ပုဏ္ဏားကြီးက မြတ်စွာဘုရား-
ထံတော်သို့ ချဉ်းကပ်ပြီးတော့ မြတ်စွာဘုရား ... မြတ်စွာဘုရားသည်
ဗြဟ္မစာရီ = မြတ်သော အကျင့်ကို ကျင့်နေတဲ့ သူတော်ကောင်းအဖြစ်နဲ့
ဝန်ခံပါသလားဆိုပြီး ဒီမေးခွန်းကို မေးတယ်။ မေးလိုက်တဲ့ အချိန်အခါမှာ
" ဒကာတော်ပုဏ္ဏား... ငါဘုရားသည် မကျိုးမပေါက် မပြောက်မကျားတဲ့
ပြည့်စုံတဲ့ ထက်ဝန်းကျင် ဖြူစင်နေတဲ့ ဗြဟ္မစရိယအကျင့်ကို ကျင့်နေတဲ့
ပုဂ္ဂိုလ်သာဖြစ်ပါတယ်။ မကျိုးမပေါက် မပြောက်မကျားအောင် ပြည့်ပြည့်စုံစုံ
စင်စင်ကြယ်ကြယ်ဖြင့် ဗြဟ္မစရိယအကျင့်ကို ကျင့်နေတဲ့ ပုဂ္ဂိုလ်ဟာ ဘယ်ပုဂ
္ဂိုလ်လဲလို့ မေးခဲ့လျှင် ငါဘုရားကိုသာ ရည်ညွှန်းပြီး ပြောဆိုရမှာ ဖြစ်ပါတယ
" ဆိုပြီးတော့ အမိန့်ရှိတော်မူလိုက်တယ်။

ဒီခါမှာ ပုဏ္ဏားကြီးက နည်းနည်း မကျေနပ်ဘူး။ မကျေနပ်တဲ့အတွက်
" အရှင်ဘုရား ...မကျိုးဘူး, မပေါက်ဘူး, မပြောက်ဘူး, မကျားဘူး ဆိုတာက
ဘာကို ပြောဆိုလိုတာလဲ?"  ဒီလို သူက ပြန်ပြီးတော့ မေးခွန်းတစ်ခုကို မေးမြန်း
လျှောက်ထားတော်မူတယ်။ ဒီအပိုင်းကလေးကို ဘုန်းကြီး ပြောချင်ပါသေး
တယ်။ အဲဒီလို မေးမြန်းတဲ့အခါမှာ မေထုန်ငယ် (၇)ပါးကို မြတ်စွာဘုရားက
ဟောကြားပေးတော်မူပါတယ်။

မေထုန်ငယ် (၇) ပါး အရေအတွက်-
ယောက်ျားမိန်းမ ဆက်ဆံတာတော့ မပြုလုပ်ဘူး။ ဒါပေမဲ့လို့ သူတို့က
ဘာဖြစ်နေကြသလဲ?  အခုခေတ် အဘိုးကြီးတွေ အဘွားကြီးတွေ ဆိုကြစို့။

ဒီက ဒကာကြီးတွေ ဒကာမကြီးတွေကိုတော့ မပြောလိုပါဘူး။ ဘုန်းကြီး
မနှစ်က အမေရိကLA ဆိုတဲ့ လော့စ်အိန်ဂျယ်လိစ်မြို့ရောက်တော့ ဒကာမ
ကြီးတစ်ယောက်က လျှောက်တယ်၊ အရှင်ဘုရား... ဒီမှာ အဘိုးကြီးတွေ
အဘွားကြီးတွေကို သနားလို့ သူဌေးတစ်ယောက်ကနေပြီးတော့ သူတို့အတွက်
အခန်းကလေးတွေ လုပ်ပေးထားတယ်တဲ့။

အဲဒီအခန်းမှာနေတဲ့ အဘိုးကြီး တစ်ယောက်နဲ့ အဘွားကြီးတစ်ယောက် ဘယ်လိုဖြစ်သွားလဲဆိုတော့ အဘွား
ကြီးမှာလည်း အဘိုးကြီးက သေသွားတယ်၊ အဘိုးကြီးမှာလည်း အဘွားကြီးက
သေသွားတယ်။ အသက်ရှစ်ဆယ်ကျော်ကြပြီတဲ့။ အဲဒါ ခု လက်ထပ်မယ်လို့
သူတို့ပြင်ဆင်နေတယ်တဲ့။ အဲဒါပဲ။ ဒီတော့ မေထုနဓမ္မ တစ်ယောက်နဲ့တစ်ယေ
ာက် ဆက်ဆံမှုတွင် မကပါဘူး။ ဘုရားရှင် ဆိုလိုတော်မူတာကမေထုန်ငယ် (၇)ပါး ဖြစ်ကြတယ်။

ဒီမေထုန်ငယ် (၇)ပါးက--
နံပါတ် (၁) မေထုန်ငယ်က ဘာလဲလို့မေးတော့၊ ဥစ္ဆာဒန = နံ့သာရည်ဖြင့်
လိမ်းပေးတယ်။ ပရိမဒ္ဒန = ဆီလေးနဲ့ လိမ်းပေးတယ် နှိပ်နယ်ပေးတယ်။
နှာပန = ရေချိုးပေးတယ်။ သမ္ဗာဟန = ပွတ်သပ်ပေးတယ်။ အဲဒါကို
သဘောကျတယ်။ ဒါလည်း မေထုန်တစ်ခုပဲ။ ဘုရားရှင်ဟာ ဒါမျိုး ဘယ်တော့မှ
မပြုလုပ်ဘူး။ ဒါက တစ်ခု။

နံပါတ် (၂)ကျတော့ သဉ္ဇဂ္ဃတိ သံကီဠတိ သံကေလာယတိ = တစ်ယေ
ာက်နဲ့တစ်ယောက် ပြောလိုက်ဆိုလိုက် ရယ်လိုက်မောလိုက် နောက်လိုက်
ပြောင်လိုက် နေတယ်။ ပြုံးပြုံး ပြုံးပြုံးနဲ့ ထိုင်ပြီး စကားပြောနေကြတယ်။
အဲဒါကို သဘောကျတယ်။ အဲဒါလည်း မေထုန်ငယ်တစ်ခုပဲ။

နောက် နံပါတ် (၃)ကတော့ စက္ခုနာ စက္ခုံ ဥပနိဇ္ဈာယတိ ပေက္ခတိ =
သူ့မျက်စိနဲ့ ကိုယ့်မျက်စိ တည့်တည့်လေး ကြည့်ပေးတယ်။ မကြည့်ရလျှင်
မမြင်ရလျှင် မနေနိုင်ဘူး။ ဘာမှတော့ မလုပ်ပါဘူး။ တစ်ယောက်နဲ့တစ်ယေ
ာက် ကြည့်နေရလျှင် ကျေနပ်နေတယ်။ ဒါလည်း မေထုန်ငယ်တစ်ခုပဲ။

နောက်တစ်ခု နံပါတ် (၄)က တစ်ယောက်နဲ့ တစ်ယောက်တော့ မမြင်ဘူး
ပေါ့။ ဒါပေမဲ့ အသံလေးကြားရလျှင် သဘောကျနေတယ်။ သူငိုတဲ့
အသံပဲဖြစ်စေ၊ သီချင်းဆိုတဲ့ အသံပဲဖြစ်စေ၊ ပြောဆိုနေတဲ့ အသံပဲဖြစ်စေ၊
ရယ်မောနေတဲ့ အသံပဲဖြစ်စေ ကြားနေရလို့ရှိလျှင် သဘောကျတယ်။ ယခုကာလ
ရေဒီယိုတို့ ဘာတို့ နားထောင်တဲ့အခါ ကြားတဲ့ပုံစံမျိုးပေါ့။ ဒါလည်း
မေထုန်ငယ်တစ်ခုပဲ။

နောက်တစ်ခု နံပါတ် (၅)က ဘာလဲ၊ မြင်လည်း မမြင်ရဘူး။ ကြားလည်း
မကြားရဘူး။ ဒါပေမဲ့လို့ တစ်ချိန်တုန်းက တစ်ယောက်နဲ့တစ်ယောက်
ပြောဖူးတယ်, ဆိုဖူးတယ်, ပြောင်ဖူးတယ်, နောက်ဖူးတယ်။ အဲဒါကလေးတွေကို,
ပျော်ပါးခဲ့ဖူးတာကလေးတွေကို အမှတ်ရပြီးတော့ ပြန်ပြီး ပြုံးပြုံး ပြုံးပြုံးနဲ့
သဘောကျနေကြတယ်။ ဒါလည်း မေထုန်ငယ်တစ်ခုပဲ။

နောက် နံပါတ် (၆)ကတော့ အဲဒါမျိုးတွေ ဘာမှမဖြစ်ဘူး။ ဒါပေမဲ့လို့
ကိုယ့်မှာ ဘာမှတော့ မရှိဘူး။ မရှိတဲ့အခါကျတော့ သူတစ်ပါးတွေ အိုးနဲ့အိမ်နဲ့
တိုက်နဲ့တာနဲ့ ကာမဂုဏ်တွေ ခံစားပြီး ပျော်ပျော်ပါးပါး နေတာကို သွားမြင်လိုက်တာကိုလည်း
သဘောကျတယ်။ သူတို့လို နေချင်တဲ့ စိတ်ထားလေးတွေ
ပေါ်လာပြန်တယ်။ ဒါလည်း မေထုန်ငယ်တစ်ခုပဲ။

နောက် နံပါတ် (၇)ကတော့ အဲဒီလို ပြောခဲ့တဲ့သဘောတရားတွေလည်း
မဖြစ်ပြန်ဘူး။ ဒါပေမဲ့ ဘာဖြစ်နေသလဲ? နတ်ပြည်နတ်လောက တစ်ခုခုကို
ရည်မျှော်ပြီးတော့ သီလကျင့်စဉ် သမာဓိကျင့်စဉ် ပညာကျင့်စဉ်တွေကို
ကျင့်ကြံကြိုးကုတ် ပွားများအားထုတ်နေပြန်တယ်။ ရရှိမည့် ကာမဂုဏ်တွေကို လှမ်းမျှော်ပြီး သဘောကျနေတယ်။ အဲဒါလည်း
မေထုန်ငယ်တစ်ခုပဲ။

ဒီမေထုန်ငယ် (၇)မျိုး တစ်မျိုးမျိုးနဲ့ မွေ့လျော်နေတဲ့ ပုဂ္ဂိုလ်ဟာလည်း
အိုနာသေရေး ဒုက္ခဘေးမှ ဘယ်နည်းနဲ့မှ မလွတ်မြောက်နိုင်ဘူးလို့ ဘုရား
ရှင်က ဟောကြားထားတော်မူပါတယ်။

"ဖားအောက်တောရဆရာတော် "
Bhikkhu's Dhamma
https://www.facebook.com/Bhikkhu.BuddhaDhamma/
http://bhikkhudhamma.blogspot.com/

Friday, September 23, 2016

လူ့အခွင့်အရေးကော်မရှင် ဘာလဲ? ဘယ်​လဲ?


မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ရဲ့ သတင်းစာရှင်းလင်းပွဲအပြီး ဝေဖန်သံတွေ အတော်ညံခဲ့ပါတယ်။ နှိပ်စက်စော်ကားခံရတဲ့ ကလေးနှစ်ယောက်ပေါ် ကျူးလွန်သူတွေကို ဥပဒေအရ အမှုဖွင့်နိုင်ဖို့၊ စွပ်စွဲခံရသူတွေ တိမ်းရှောင်မသွားနိုင်အောင် လုပ်ဆောင်နေရတာကြောင့် ကော်မရှင်ဘက်ကို အာရုံမစိုက်နိုင်ခဲ့ပါဘူး။ ဒီနေ့မှာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုလို့ ဘာတွေပြောမလဲ သွားလေ့လာဖြစ်ပါတယ်။

သတင်းစာရှင်းလင်းပွဲကိုကြည့်ရင် နှစ်ဖက်လုံး ဒေါသသင့်နေကြတာ တွေ့ပါတယ်။ အဓိက ဖြေကြားတဲ့ ဦးဇော်ဝင်းဘက်က ဒေါသမာန်တွေ သင့်နေသလို သတင်းထောက်တွေဘက်က ကလေးနှစ်ယောက်အတွက် သနားကရုဏာသက်နေလို့လား မသိဘူး၊ သတင်းထောက်တချို့ဟာ လည်း ဒေါသသင့်နေပါတယ်။ ဖြေကြားမေးမြန်းမှုတချို့က ကျိုးကြောင်းဆင်ခြင်ပြီး ဖြေဆိုမေးမြန်းတာထက် ဆန္ဒနဲ့ ဒေါသကို ဦးစားပေးနေတာ သတိပြုမိပါတယ်။

ကော်မရှင်က ဒီလို စုံစမ်းစစ်ဆေးတာ သူတို့ရဲ့လုပ်ပိုင်ခွင့်ဖြစ်တယ်လို့ ဖြေသွားပါတယ်။ ဟုတ်ပါတယ်၊ ၂၀၁၄ ခုနှစ် နိုဝင်ဘာလမှာ ပြဋ္ဌာန်းခဲ့တဲ့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥပဒေရဲ့ အပိုဒ် (၃၄) မှာ “ကော်မရှင်သည် တိုင်တန်းချက်နှင့်စပ်လျဉ်း၍ ဖြေရှင်းဆောင်ရွက်ရာတွင် တိုင်တန်းချက်ပါ အကြောင်းခြင်းရာသည် ညှိနှိုင်း၍ရနိုင်သော အလားအလာရှိသည်ဟု ယူဆပါက ညှိနှိုင်းဖြေရှင်းသောနည်းလမ်းကို အသုံးပြုပြီး ဖြေရှင်းဆောင်ရွက်ရမည်။ ထိုသို့ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေများနှင့်အညီ ဖြစ်စေရမည်။” ဆိုထားပါတယ်။ အခုကိစ္စမှာရော အရင်ကဖြစ်ခဲ့တဲ့ ကိုပါကြီးတို့လို ကိစ္စတွေမှာရော ဒီအပိုဒ် (၃၄) အရ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အခုကိစ္စမှာဆိုရင် မြို့နယ်ရဲစခန်းကို တိုင်ကြားပြီးတာတောင်မှ ဘာမှ အရေးမယူလို့ ကော်မရှင်ကိုတိုင်တယ်။ ကော်မရှင်က ဒီကိစ္စကို ခေါ်ယူစုံစမ်းတယ်ဆိုတာ လုပ်ထုံးလုပ်နည်းအရလုပ်တာ ဖြစ်ပါတယ်။ ကော်မရှင်က သူ့ရဲ့လုပ်ပိုင်ခွင့်ကို တာဝန်ရှိတဲ့ ရဲစခန်းမှူးထက်ကို လျင်လျင်မြန်မြန် လုပ်ဆောင်ခဲ့တာကို တွေ့ရပါတယ်။
ဒါပေမယ့် နောက်ထပ် အပိုဒ်တခုဖြစ်တဲ့ အပိုဒ် (၂၉) ကို လေ့လာကြည့်ရအောင်။

ကော်မရှင်ဥပဒေရဲ့ အပိုဒ် (၂၉) မှာ “ကော်မရှင်သည် သဘာဝတရားမျှတမှု သဘောတရားနှင့်အညီ လိုက်နာဆောင်ရွက်ရမည်။ ထို့ပြင် တရားမကျင့်ထုံးများ၊ ရာဇ၀တ်ကျင့်ထုံးနှင့် သက်သေခံအက်ဥပဒေတို့ပါ သက်ဆိုင်သည့် ပြဋ္ဌာန်းချက်များကို ဆီလျော်သလို ကျင့်သုံးဆောင်ရွက်နိုင်သည်” လို့ ဆိုထားပါတယ်။ ဘာကိုဆိုလိုသလဲဆိုရင် ကော်မရှင်က မြန်မာပြည်မှာရှိနေတဲ့ တရားမကျင့်ထုံးတွေ၊ ရာဇ၀တ်ကျင့်ထုံးတွေနဲ့ သက်သေခံအက်ဥပဒေတို့မှာပါတဲ့ ပြဋ္ဌာန်းချက်တွေကို ကျင့်သုံးနိုင်တယ်လို့ ဆိုထားတာပါ။

အခုကလေးနှစ်ယောက်ကိစ္စကို ကော်မရှင်က အချင်းချင်း  ဖြေရှင်းကြပါစေဆိုပြီး ခွင့်ပေးခဲ့တာဟာ အပိုဒ် (၂၉) မှာ ပေးအပ်ထားတဲ့တာဝန်ကို အပြည့်အ၀ မထမ်းဆောင်တာ ဖြစ်နေပါတယ်။ တိုင်ကြားလို့ရောက်လာတယ်၊ ကြားနာစစ်ဆေးတယ်၊ အချင်းချင်း ညှိနှိုင်းခိုင်းတယ်၊ သဘောတူရင် ကျေအေးခိုင်းလိုက်တယ်ဆိုတာ တရားမမှုနဲ့ သက်ဆိုင်ပါတယ်။ တရားမမှုဆိုရင် လက်ခံနိုင်ပါသေးတယ်။

ခက်တာက အခုကိစ္စဟာ တရားမမှုမဟုတ်ပါဘူး။
ရာဇ၀တ်မှုပါ။

ရာဇ၀တ်မှုမှာမှ အထူးကြီးလေးတဲ့ ရာဇသတ်ကြီးပုဒ်မတွေကို ကျူးလွန်တဲ့အမှုပါ။

မြန်မာနိုင်ငံရဲ့ ကလေးသူငယ်စာချုပ်ကို ချိုးဖောက်တာပါ။
နိုင်ငံတကာ ကလေးသူငယ်ဆိုင်ရာစာချုပ်ကို ချိုးဖောက်တာပါ။

ကလေးတွေ ဖြစ်ပျက်ခံစားနေရတဲ့ အခြေအနေကို ကြည့်မယ်ဆိုရင် နောက်ထပ်စုံစမ်းစရာတောင်မလိုဘူး၊ ထိခိုက်နစ်နာမှုတွေကို တွေ့နိုင်မှာပါ။ ဒဏ်ရာဒဏ်ချက်တွေက လူမဆန်စွာ ဆက်ဆံခံခဲ့ရတာ ပေါ်လွင်ပါတယ်။ သက်သေခံရှာစရာကို မလိုတော့တဲ့ ထင်ရှားတဲ့ သက်သေတွေ ဖြစ်နေပါပြီ။ ဒီလောက်ဖြစ်ပျက်နေတဲ့ လူ့အခွင့်အရေး၊ ကလေးအခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး ချိုးဖောက်မှုတွေ၊ ရာဇ၀တ်မှု ကျူးလွန်ခံရတယ်လို့ ခိုင်မာစွာ ယူဆနိုင်တဲ့ အဖြစ်မျိုးကို ဘာကြောင့် လူ့အခွင့်အရေးလမ်းနဲ့ တရားဥပဒေလမ်းကြောင်းအတိုင်းသွားဖို့ လမ်းမညွှန်ခဲ့တာလဲ။

လူ့အခွင့်အရေးကော်မရှင်မှာ တရားစီရင်ပိုင်ခွင့်မရှိဘူးဆိုတာ နားလည်ပါတယ်။ ဒါပေမယ့် ကိုယ့်ဆီမှာ တိုင်ကြားပြီး စစ်ဆေးတဲ့အမှုကိစ္စတခုရဲ့ အတိမ်အနက်ကို ကြည့်ပြီး ငွေကြေးနဲ့ ကျေအေးသင့်တဲ့အမှုလား၊ ဥပဒေအရ မဖြစ်အနေ အရေးယူသင့်တဲ့အမှုလား ဆိုတာကို လူ့အခွင့်အရေးကော်မရှင်ဝင်အဖြစ် ခန့်အပ်ထားခံရတဲ့သူတွေ မသုံးသပ်နိုင်မှုကို ပြည်သူတွေ ခံစားနေကြရတာပါ။ ကော်မရှင်ရဲ့ ဥပဒေထဲမှာ ကော်မရှင်ဝင်တွေဟာ “ပြည်တွင်း လူ့အခွင့်အရေး ဥပဒေများနှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးဥပဒေများကို ဗဟုသုတ သို့မဟုတ် အတွေ့အကြုံရှိရမည်” လို့ ဆိုထားပါတယ်။ ကိုယ့်ရဲ့ လူ့အခွင့်အရေး ဗဟုသုတုတွေကို အသုံးမချဘဲ အချင်းချင်းပြေအေးရင် ပြီးတာပဲဆိုတဲ့ အယူအဆက လူ့အခွင့်အရေး စံချိန်စံညွှန်းကို အမှန်တကယ် နားမလည်သလို ဖြစ်နေပါတယ်။ မတရားမှုဖြစ်လာရင် လူ့အခွင့်အရေး သဘောတရားတွေနဲ့ မှန်ကန်စွာ ရှုမြင်ပြီး တရားဥပဒေအရ ခံစားနိုင်အောင် လုပ်ဆောင်ခြင်းက လုံလောက်သလိုလိုနဲ့ မလုံလောက်ပါဘူး။ “ထိရောက် ထိုက်တန်သော ခံစားခွင့်” ဖြစ်ဖို့ အထူးအရေးကြီးပါတယ်။

လုပ်ပိုင်ခွင့်မရှိလို့ ဖြစ်သလိုလုပ်မယ့်အစား လုပ်သင့်တာကိုလုပ်ဖို့ အကြံပြုနိုင်တာမျိုးတော့ ကော်မရှင်အနေနဲ့ လုပ်သင့်ပါတယ်။ ရာဇ၀တ်မှုကို ဟန့်တားဖို့ နိုင်ငံသားတိုင်းမှာ တာဝန်ရှိသလို လူ့အခွင့်အရေး ချိုးဖောက်မှုကို ကာကွယ်ဖို့ လူသားတိုင်းမှာ တာဝန်ရှိပါတယ်။ လူ့အခွင့်အရေးကော်မရှင်ဝင်တွေ အနေနဲ့ကတော့ လူ့အခွင့်အရေးတွေကို ကာကွယ်ပေးဖို့ တာဝန်ပေးအပ်ထားခြင်း ခံထားရတဲ့ ကော်မရှင်အနေနဲ့ရော လူ့အခွင့်အရေးကို လေးစားမြတ်နိုးတဲ့ လူသားတယောက်အနေနဲ့လည်း တာဝန်အပြည့်အ၀ရှိပါတယ်။ ကျဉ်းမြောင်းတဲ့ ကော်မရှင်ဥပဒေအရ ကော်မရှင်က ဦးဆောင်တရားမစွဲနိုင်သည့်တိုင်အောင် “ထိရောက် ထိုက်တန်တဲ့ ခံစားခွင့်” တွေကို ရရှိနိုင်အောင် အကြံပြုနိုင်ပါတယ်။ အခုတော့ အမြင့်ဆုံးလုပ်ဆောင်နိုင်ဖို့အတွက် မကြိုးပမ်းဘဲနဲ့ အနိမ့်ဆုံးဖြေရှင်းချက်နဲ့ ကျေအေးခဲ့တဲ့အပေါ် လက်ခံခဲ့တာဟာ ကော်မရှင်ဝင်တွေရဲ့ လူ့အခွင့်အရေးနဲ့ အမှန်တရား၊ တရားမျှတမှုအပေါ် ကြိုးပမ်းအားထုတ်လိုစိတ်ကို ထောက်ပြလာကြတာ ရှိပါတယ်။ ဒီလိုမေးခွန်းက ကြားနာစစ်ဆေးခဲ့တဲ့ ကော်မရှင်ဝင်တွေ အပေါ်မှာသာ မဟုတ်ပါဘူး၊ တက်ရောက်ခဲ့တဲ့ အမျိုးသမီးရေးရာတို့လို တခြား ဌာနဆိုင်ရာက တာဝန်ရှိသူတွေအပေါ်မှာလည်း မေးခွန်းထုတ်ချင်ပါတယ်။ ဒီလို ဆိုးဝါးတဲ့အမှုကို ဒီလောက်ငွေပမာဏနဲ့ ကျေအေးလိုက်တာကို မဖြစ်သင့်ဘူးလို့များ တွေးမိကြပါသလား။ တွေးမိရင်ရော ဘာကြောင့် ဥပဒေအတိုင်းဖြစ်လာအောင် တရားစွဲဆိုနိုင်ဖို့ မကြိုးစားခဲ့ကြတာလဲ။

မနေ့ ဦးဇော်ဝင်းပြောသွားတဲ့အထဲမှာ စွပ်စွဲခံရတဲ့သူတွေကလည်း လူသားတွေဖြစ်တဲ့အတွက် လူသားချင်းစာနာမှုအနေနဲ့ ပြေလည်အောင် ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်ပေးခဲ့တယ်လို့ ဆိုပါတယ်။ လူသားချင်းစာနာမှုဆိုတာ လူသားချင်းစာနာမှု လိုအပ်သော သူမျိုးအတွက်သာ ဖြစ်ပါတယ်။ ကျူးလွန်သူ အပြစ်လျော့အောင် လုပ်ဆောင်ပေးခြင်းက လူသားချင်းစာနာမှု မဟုတ်ပါဘူး။ ဒီလိုအမှုမျိုးဟာ ကြီးလေးတဲ့အမှု ဖြစ်တဲ့အတွက် တရားစွဲဆိုရပါမယ်။ စွဲဆိုစစ်ဆေးချိန်မှာ တရားလိုရော တရားစွဲဆိုခံနေရတဲ့သူရော လူသားကဲ့သို့ ဆက်ဆံခံမယ်။ ဥပဒေရေးဆိုင်ရာ အခွင့်အလမ်းတွေ တန်းတူရရှိပါမယ်။ ဒါပေမယ့် ကျူးလွန်တဲ့အမှုကနေ ထိုက်သင့်တဲ့ပြစ်ဒဏ် လျော့သွားအောင် လုပ်ပေးတာ လူသားချင်းစာနာမှု မဟုတ်ပါဘူး။ တရားစီရင်မှုကို မှားယွင်းလွဲချော်အောင် ကြိုးပမ်းမှုသာ ဖြစ်ပါမယ်။

ကော်မရှင်ရဲ့ ဥပဒေတွေက လုပ်ပိုင်ခွင့်တွေ နည်းနေပါတယ်။ ပြန်ပြင်သင့်ပါတယ်။ ကော်မရှင်ဝင်တွေအနေနဲ့ လူ့အခွင့်အရေး ဥပဒေတွေကို နားလည်သဘောပေါက်ဖို့လိုသလို လူ့အခွင့်အရေးအတွက် အားကြိုးမာန်တက် လုပ်ဆောင်လိုတဲ့ စိတ်ထားပိုင်ရှင်တွေ ဖြစ်သင့်ပါတယ်။

လုပ်ပိုင်ခွင့်ဆိုတဲ့ ဘောင်တွေအောက်မှာပဲ ကိုယ့်ကိုယ်ကိုယ် ကန့်ထားတာမဟုတ်ဘဲ နစ်နာသူတွေ အမှန်တကယ် ထိရောက်ထိုက်သင့်တဲ့ ကုစားမှုတွေဖြစ်စေဖို့ နည်းလမ်းများ ရှာဖွေ ကြိုးပမ်းသင့်ပါတယ်။

ကိုယ့်ရဲ့ရပ်တည်ချက်၊ ဆုံးဖြတ်ချက်တွေကို ခိုင်ခိုင်မာမာ ပြောဆိုတတ်ဖို့လိုသလို လွဲချော်သွားမှုများရှိရင် ပြည်သူ့အကျိုးအတွက် ၀န်ခံသင့်ပါတယ်။

ရင့်ကျက်ပြီး အတ္တ၊ ဒေါသကြီးသောသူများထက် စကားပြောဆိုမှုစွမ်းရည်ရှိသော သူမျိုးများနှင့်သာ မီဒီယာ၊ လူထုဆက်ဆံမှုများ လုပ်ဆောင်သင့်ပါတယ်။

(စာမူရေးသားသူသည် ပြည်တွင်းတွင် လူ့အခွင့်အရေး လှုပ်ရှားသူတဦးဖြစ်ပြီး Equality Myanmar ၏ ဒါရိုက်တာလည်း ဖြစ်သည်။)

အောင်မျိုးမင်း

Credit: http://burmese.dvb.no

Thursday, September 22, 2016

ကုလသမဂ္ဂညီလာခံမှာ ဒေါ်စုပြောကြားတဲ့မိန့်ခွန်း အပြည့်အစုံ


ဥက္ကဋ္ဌကြီး၊ ဂုဏ်သရေရှိ ကိုယ်စားလှယ်တော်ကြီးများ၊ လူကြီးမင်းများရှင့်။

၁။ မြန်မာနိုင်ငံ အစိုးရသစ်ရဲ့ ပထမဦးဆုံး ကိုယ်စားလှယ်အနေနဲ့ ဒီအထွေထွေ ညီလာခံမှာ စကားပြောရင်း ကုလသမဂ္ဂ ပဋိဉာဏ်စာတမ်းရဲ့ ရည်ရွယ်ချက်နဲ့ မူတွေအပေါ်မှာ အပြည့်အ၀ ယုံကြည်မှုရှိကြောင်း ပြောကြားရတာဟာ ကျမရဲ့တာဝန်၊ ကျမရဲ့ အခွင့်ထူး ဖြစ်ပါတယ်။

ဒီအဖွဲ့ကြီးရဲ့ ခွန်အားဟာ ပဋိဉာဏ်စာတမ်းနဲ့ နိုင်ငံတကာဥပဒေရဲ့ အခြေခံမူတွေမှာ ထည့်သွင်းထားတဲ့ တကမ္ဘာလုံးလွှမ်းခြုံအကျုံးဝင်မှုနဲ့ တရားဝင် ဖြစ်မှုတို့အပေါ်မှာ မူတည်နေပါတယ်။ ပြီးပြည့်စုံမှု မရှိခြင်းနဲ့ ကန့်သတ်မှုတွေ ရှိနေပေမဲ့ ကုလသမဂ္ဂအဖွဲ့ကြီးဟာ ကျမတို့အားလုံးရဲ့ ပိုမို ငြိမ်းချမ်း၍ သာယာဝပြောတဲ့ ကမ္ဘာကြီးဖြစ်ရေး၊ ဂရုဏာတရား ထွန်းကားတဲ့ လူသားအားလုံးရဲ့ နေရာထိုင်ခင်းဖြစ်မြောက်ရေး ဆိုတဲ့ မျှော်လင့်ချက်တွေကို သိုမှီးထားတဲ့ အဖွဲ့ကြီးအဖြစ် ရှိနေဆဲပါ။

၂။ ကျမတို့နိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ လွှတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံသစ် အဖြစ် ကုလသမဂ္ဂကို ၀င်ရောက်ခဲ့ပါတယ်။ အဲဒီကာလဟာ ကမ္ဘာ့လူသားတွေဟာ ငြိမ်းချမ်းရေး၊ သာတူညီမျှရေး၊ သာယာဝပြောရေး၊ တရားမျှတရေးတွေအတွက် လူသားတို့ရဲ့ လုပ်နိုင်စွမ်းအပေါ်မှာ ယုံကြည်မှု ထားရှိပြီး သူတို့ရဲ့ နိုင်ငံသစ်တွေကို ပြန်လည် ထူထောင်ဖို့ ရုန်းထကြတဲ့အချိန် ဖြစ်ပါတယ်။ အခုတကြိမ် ထပ်မံပြီးတော့ မြန်မာနိုင်ငံအဖို့ ပြတ်သားတဲ့မျှော်လင့်ချက်တွေ ထားရှိနိုင်ပါပြီ။ ပြီးခဲ့တဲ့ နိုဝင်ဘာလ ရွေးကောက်ပွဲတုန်းက ကျမတို့ ပြည်သူတွေဟာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ကို တခဲနက် မဲပေးခဲ့ကြပါတယ်။ ဒါဟာ နိုင်ငံရေးပါတီ တခုကို ထောက်ခံတယ်ဆိုတာ ပြသခြင်းသာမက၊ သူတို့ရဲ့ အခွင့်အရေး၊ စွမ်းရည်၊ သူတိုမျှော်မှန်းထားတဲ့ တိုင်းပြည်ရဲ့ အနာဂတ်ပုံစံ စတဲ့ နိုင်ငံရေး ပျိုးထောင်မှုတွေအတွက် မဲပေးခဲ့ကြတာလည်း ဖြစ်ပါတယ်။ ဒီမျှော်မှန်းချက်တွေ၊ ရည်ရွယ်တွေဟာ ကုလသမဂ္ဂကို စတင် ထူထောင်ခဲ့တဲ့ ပုဂ္ဂိုလ်တွေရဲ့ အယူအဆနဲ့လည်း ထပ်တူ ထပ်မျှ ဖြစ်ပါတယ်။

၃။ ဓားသွားတွေကို ထွန်သွားအဖြစ် ပြောင်းလဲရေး ဆိုတဲ့ မျှော်မှန်းချက်၊ ခေတ်သစ် အသုံးအနှုန်းနဲ့ ပြောရမယ်ဆိုရင်တော့၊ ဖျက်ဆီးနိုင်တဲ့ လက်နက်တွေကို စိုက်ပျိုးရေး ယန္တရားတွေအဖြစ် ပြောင်းလဲရေး ဆိုတဲ့ မျှော်မှန်းချက်ဟာ ကျမတို့ ပြည်သူတွေရဲ့ မျှော်မှန်းချက် ဖြစ်ပါတယ်။ ဒီပဋိပက္ခတွေကြောင့် အိပ်ခွင့်မသာဘဲ လယ်ယာမြေတွေကိုလည်း ဆုံးရှုံးခဲ့ရတဲ့ ကျမတို့ ပြည်သူတွေဟာ အထက်မှာ ပြောခဲ့တဲ့အတိုင်း ပြောင်းလဲဖို့ လိုအပ်တယ်ဆိုတာကို စိတ်ထဲ၊ နှလုံးထဲမှာ စွဲစွဲမြဲမြဲ နားလည်ထားကြပါတယ်။ မိမိတို့ရဲ့ နေအိမ်ထဲမှာ လုံခြုံမှုရှိဖို့၊ မိမိတို့ရဲ့ စွမ်းရည်အပေါ်မှာ ယုံကြည်မှုရှိပြီး အပြည့်အ၀ အကောင်အထည်ဖော်နိုင်ဖို့၊ လူငယ်တွေရဲ့ အနာဂတ် အလားအလာအတွက် စိတ်ချ ပျော်ရွှင်မှု ရရှိနိုင်ဖို့၊ သက်ကြီးရွယ်အိုများဘ၀ လုံခြုံဖို့၊ ငြိမ်းချမ်းပြီး ကြွယ်ဝတဲ့ ပြည်ထောင်စုသားတွေရဲ့ ရပိုင်ခွင့်နဲ့ တာဝန်ကို အပြည့်အ၀ ထမ်းဆောင်နိုင်ဖို့တို့ပဲ ဖြစ်ပါတယ်။ ဒါတွေဟာ ရိုးရှင်းတယ်၊ ဒါပေမယ့် လက်တွေ့အကောင်အထည်ဖော်ဖို့ ခက်ခဲတယ်ဆိုတာကိုတော့ အထူး ပြောစရာ မလိုပါဘူး။ ကျမတို့ရဲ့ ဒီ ရည်မှန်းချက် ပန်းတိုင်ကို ရောရှိနိုင်ဖို့ တခုတည်းသော လမ်းကြောင်းကတော့ ငြိမ်းချမ်းရေး လမ်းကြောင်းပဲ ဖြစ်ပါတယ်။ ဒီလမ်းကြောင်းကို မျှော်လင့်ချက်နဲ့ ပြတ်သားတဲ့ သံဓိဋ္ဌာန်ချမှတ်ပြီး လျှောက်လှမ်းကြရပါလိမ့်မယ်။

ငိမ်းချမ်းရေးဖြစ်စဉ်

၎။ မြန်မာပြည်သူတွေဟာ ငြိမ်းချမ်းလုံခြုံစွာ နေထိုင်ခွင့်၊ အခြေခံလွတ်လပ်ခွင့်၊ ဖွံ့ဖြိုးတိုးတက်ခွင့်ဆိုတဲ့ ၂၀၃၀ ပြည့် အဓွန့်ရှည် ခိုင်မြဲတဲ့ ဖွံ့ဖြိုးမှု ပန်းတိုင်နဲ့ အကျုံးဝင်တဲ့ မွေးရာပါ ရပိုင်ခွင့်တွေကို နှစ်ပေါင်းများစွာ ဆုံးရှုံးခံခဲ့ကြရတာ ဖြစ်ပါတယ်။ နှစ်ပေါင်း (၆၀) ကျော် ပြည်တွင်း လက်နက်ကိုင် ပဋိပက္ခတွေ ကြုံတွေ့ခဲ့ရတဲ့ နိုင်ငံတခုအဖို့ အဓွန့်ရှည် ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ရရှိဖို့ဆိုတာထက် ဘယ်အရာမှ ပိုပြီး အရေးမကြီးနိုင်ပါဘူး။ ဒါဟာ မြန်မာနိုင်ငံ အစိုးရသစ်အနေနဲ့ အဓိက စိန်ခေါ်မှုကြီးတရပ်အဖြစ် အဆင့်မြင့် ဦးစားပေး ဆောင်ရွက်နေတဲ့ ခက်ခဲ ရှုပ်ထွေးတဲ့ လုပ်ငန်းကြီးတရပ် ဖြစ်ပါတယ်။ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ၊ တနည်းအားဖြင့် ၂၁ ရာစု ပင်လုံညီလာခံကြီးကို မကြာသေးခင်က ကျမတို့ ခေါ်ယူ ကျင်းပခဲ့ပါတယ်။ ဒီ ညီလာခံဟာ လွှတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံ ပေါ်ပေါက်ရေး အခြေခံအုတ်မြစ်ဖြစ်တဲ့ ၁၉၄၇ ခုနှစ် ညီလာခံရဲ့ ပင်လုံစိတ်ဓာတ်ကို ပြန်လည် အသက်သွင်းထားတာ ဖြစ်ပါတယ်။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ၊ နိုင်ငံရေးပါတီတွေ၊ လူထုအခြေပြု အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ကြတဲ့ ဒီညီလာခံဟာ အားလုံးပါဝင်ရေးမူနဲ့ ပြည်ထောင်စုစိတ်ဓါတ်ကို အခြေပြုထားတာ ဖြစ်ပါတယ်။ ဒီညီလာခံ ကျင်းပရုံနဲ့ မပြီးသေးပါဘူး။ အမျိုးသားရင်ကြားစေ့ရေးနဲ့ တည်တန့်ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးဆီကို ချီတက်တဲ့ခရီးမှာ အရေးကြီးတဲ့ ပထမအဆင့်သာ ဖြစ်ပါတယ်။ ရရှိလာတဲ့ ငြိမ်းချမ်းရေးဟာ ကျမတို့ကြုံတွေ့ခဲ့ရတဲ့ မဖော်ပြနိုင်လောက်တဲ့ ၀မ်းနည်း ကြေကွဲဖွယ် စစ်ဘေး စစ်ဒဏ်က နောင်လာမယ့် မျိုးဆက်တွေကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။

ရခိုင်အခြေအနေ

၅။ ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ရခိုင်ပြည်နယ်ရဲ့ အခြေအနေကို ကမ္ဘာက အာရုံ စူးစိုက်ခဲ့ကြပါတယ်။ တာဝန်သိတဲ့ ကမ္ဘာ့မိသားစု အဖွဲ့ဝင် နိုင်ငံတခုအနေနဲ့ ကျမတို့ဟာ နိုင်ငံတကာက အနီးကပ် စောင့်ကြည့်တာကို မစိုးရိမ်ပါဘူး။ ကျမတို့ဟာ ရခိုင်ပြည်အတွင်း လူ့အသိုင်းအ၀ိုင်း အားလုံးအတွက် ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ တိုးတက်ဖွံ့ဖြိုးရေးကို ဦးတည်စေတဲ့ အဓွန့်ရှည် ခိုင်မြဲသော အဖြေရရှိဖို့အတွက် သံဓိဋ္ဌာန် ချထားပါတယ်။ ကျမတို့အစိုးရဟာ နားလည်မှုနဲ့ ယုံကြည်မှုရရှိရေးကို ဦးတည်တဲ့ ရေတို၊ ရေရှည်အစီအစဉ်တွေ ဖွံ့ဖြိုးတိုးတက်အောင် ဘက်ပေါင်းစုံက ချဉ်းကပ်နေပါတယ်။ ရခိုင်ပြည်နယ်တည်ငြိမ် အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အတည်ဖော်ရေး ဗဟိုကော်မီတီကို အစိုးရသစ်တာဝန်ယူပြီး မကြာခင်မှာ ဖွဲ့စည်းပေးခဲ့ပါတယ်။ ဗဟိုကော်မီတီအောက်မှာ ဖွဲ့စည်းထားတဲ့ လုပ်ငန်းကော်မီတီတွေဟာ လုံခြုံရေး၊ ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေး လုပ်ငန်းစဉ်တွေကို ထမ်းဆောင်နေကြပြီ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ နိုင်ငံသားဖြစ်ရေးတို့ကို စိစစ်ပြီး နေရာချထားရေး၊ လူမှုစီးပွား ဖွံ့ဖြိုးရေးတို့ကိုလည်း ကူညီ ဆောင်ရွက်ပေးနေပါတယ်။ လူသားချင်း စာနာမှုအကူအညီတွေ ထောက်ပံ့နိုင်ဖို့အတွက် ကုလသမဂ္ဂအဖွဲ့အစည်းတွေ၊ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့လည်း ပူးပေါင်း ညှိနှိုင်း ဆောင်ရွက်နေပါတယ်။

၆။ ဒီပြဿနာကို ပြီးပြည့်စုံပြီး ပိုမိုထိရောက်အောင် ဖြေရှင်းနိုင်ဖို့ ကျမတို့ကြိုးပမ်းရာမှာ အထောက်အကူ ဖြစ်စေဖို့အတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ ရခိုင်ပြည်နယ် အကြံပေးကော်မရှင်ကိုလည်း ကျမတို့ ဖွဲ့စည်းထားပါတယ်။ အဖွဲ့ဝင် (၉) ဦး ပါဝင်တဲ့ ဒီကော်မရှင်ရဲ့ တာဝန်တွေထဲမှာ - ရခိုင်ပြည်နယ်အတွင်း လူ့အခြေခံလိုအပ်ချက်တွေ၊ ဖွံ့ဖြိုးတိုးတက်ရေး၊ အခြေခံ ရပိုင်ခွင့်နဲ့ လုံခြုံရေးကိစ္စတွေ ပါဝင်ပါတယ်။ ပဋိပက္ခဟန့်တားရေး၊ စာနာမှုအထောက်အပံ့ပေးကမ်းရေး၊ ရပိုင်ခွင့်များနဲ့ ပြန်လည်သင့်မြတ်ရေး၊ လူမှုအဆောက်အဦးတွေ တည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု မြင့်တင်ရေးတို့ကို အထူးအလေးပေး ဆောင်ရွက်ရပါလိမ့်မယ်။

၇။ ဒီကော်မရှင်ဖွဲ့စည်းလိုက်တာနဲ့ ပတ်သက်ပြီး တချို့အစိတ်အပိုင်းတွေက အပြင်းအထန် ကန့်ကွက်နေကြပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်မှာ သဟဇာတ ဖြစ်ထွန်းရေး၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေး ရရှိဖို့အတွက် ဆက်လက် အားထုတ်သွားမယ်ဆိုတာ ကျမတို့ စိတ်ပိုင်းဖြတ်ထားပါတယ်။ ဒီနေရာမှာ နိုင်ငံတကာ အသိုင်းဝိုင်းအနေနဲ့ နားလည်မှုရှိပြီး အပြုသဘောနဲ့ ပါဝင်ဆောင်ရွက်ကြဖို့ တောင်းဆိုလိုက်ပါတယ်။ မလိုမုန်းတီးမှုနဲ့ စာနာခွင့်လွှတ်ခြင်း ကင်းမဲ့တဲ့ အုပ်စုတွေကို အခိုင်အမာ ဆန့်ကျင်ရပ်တည်ခြင်းအားဖြင့် အခြေခံ လူ့အခွင့်အရေးတွေ၊ ဂုဏ်သိက္ခာနဲ့ လူပုဂ္ဂိုလ်ဆိုင်ရာ တန်ဖိုးတွေကို ယုံကြည်မှုရှိကြောင်း ထပ်မံပြီး အလေးအနက် ပြောကြားလိုပါတယ်။

SDG ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးမှုပန်းတိုင် အကော်အထည်ဖော်ရေး

၈။ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးတို့ဟာ ကျမတို့ပြည်သူတွေရဲ့ လူမှုရေးနဲ့ စီးပွားရေး လိုအပ်ချက်တွေ ပြည့်ဝရေးဆိုင်ရာ မူဝါဒနဲ့ အစီအစဉ်တွေကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့ အခြေခံ လိုအပ်ချက်တွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ၂၀၁၆ အမျိုးသား စီးပွားရေးနဲ့ ဖွံ့ဖြိုးရေး မူဝါဒဟာ အခြေခံအဆောက်အဦးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ လယ်ယာစိုက်ပျိုးရေး၊ ပုဂ္ဂလိကကဏ္ဍ၊ အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ အထူးသဖြင့် ဆင်းရဲနွမ်းပါးမှု တိုက်ဖျက်ရေး စတာတွေ ပါဝင်တဲ့ SDG ရေရှည်တည်တန့်တဲ့ ဖွံ့ဖြိုးမှုပန်းတိုင် အကောင်အထည်ဖော်ရေးနဲ့ ကိုက်ညီအောင် ရေးဆွဲထားတာ ဖြစ်ပါတယ်။ အမျိုးသားရင်ကြားစေ့ရေး၊ အလုပ်အကိုင် ဖန်တီးရေး၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး၊ လူငယ်တွေရဲ့ စွမ်းရည်မြင့်မားရေးနဲ့ အခွင့်အလမ်း ဖန်တီးရေးတို့ဟာ ကျမတို့ရဲ့ လူထုအခြေပြု အားလုံးပါဝင်ရေး မူဝါဒ ရည်မှန်းချက်တွေအတွက် အဓိက သော့ချက်တွေ ဖြစ်ပါတယ်။

၉။ ကုလသမဂ္ဂအဖွဲ့ဝင်တွေ အနေနဲ့ ကျမတိုရဲ့ တူညီသော စိုးရိမ်ကြောင့်ကျစရာ အများအပြားကို မနေ့က ဒီညီလာခံ စတင်ချိန်ကတည်းက ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြပြီး ဖြစ်ပါတယ်။ ကျမအနေနဲ့ ခွင့်ပြုထားတဲ့အချိန်အတွင်း အနည်းအကျဉ်းပဲ ပြောကြားပါမယ်။ ရွေ့ပြောင်းအခြေချမှု၊ အကြမ်းဖက်ဝါဒ၊ နျူကလီးယားဖျက်သိမ်းရေးတို့ ဖြစ်ပါတယ်။

ရွှေ့ပြောင်းအခြေချမှု

၁၀။ ပြဿနာတွေအတွက် ရေရှည်ခိုင်မြဲမယ့်အဖြေကို ရရှိဖို့အတွက် ပြဿနာဇစ်မြစ်ကို စုံစမ်း စစ်ဆေးဖို့ လိုအပ်ပါတယ်။ မကြာသေးမှီ နှစ်တွေအတွင်း မကြုံစဘူးအောင် များပြားလှတဲ့ ပြောင်းရွေ့အခြေချမှုတွေနဲ့ နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ ဒုက္ခတွေဟာ ပုံမှန်မဟုတ်တဲ့ ပြောင်းရွေ့အခြေချမှုရဲ့ အရေးအကြီးတဲ့ အကြောင်းရင်း ၂ ရပ်ကို ဖြေရှင်းဖို့ လိုအပ်လာစေပါတယ်။ အဲဒီ အကြောင်းရင်း ၂ ရပ်ကတော့ ငြိမ်းချမ်းမှု မရှိခြင်းနဲ့ ဖွံ့ဖြိုးတိုးတက်မှု ကင်းမဲ့ခြင်းတို့ပဲ ဖြစ်ပါတယ်။ ငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ ဖွံ့ဖြိုးတိုးတက်မှုအကြောင်းကို ပြောကြတဲ့အခါမှာ လူအခွင့်အရေးကိုလေးစားမှု၊ တရားမျှတမှု၊ မတူကွဲပြားမှု၊ သည်းခံခွင့်လွတ်မှုတို့ကို မြင့်တင်ရေးနဲ့ ဘက်စုံစီးပွားရေး မူဝါဒ အကောင်အထည်ဖော်ရေးတို့ကို လျစ်လျူရှုထားလို့ မဖြစ်နိုင်ပါဘူး။ ဒါဟာ စိန်ခေါ်မှုကြီးတရပ်ဖြစ်ပြီး နိုင်ငံတွေအနေနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေနဲ့အညီ တရားမျှတပြီး ပြီးပြည့်စုံတဲ့ ဖြေရှင်းမှုရရှိဖို့ ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ပါတယ်။ ရွေ့ပြောင်း အခြေချနေထိုင်သူတွေဟာ အိမ်ရှင်နိုင်ငံတွေနဲ့ ကမ္ဘာ့စီးပွားရေးအတွက် အထောက်အကူ ဖြစ်စေတယ်ဆိုတဲ့ အချက်ကို မမေ့သင့်ကြပါဘူး။ ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အခွင့်အရေးကို ခိုင်မာအောင် အိမ်ရှင်နိုင်ငံနဲ့ မူရင်းနိုင်ငံတို့ ပူးပေါင်း ဆောင်ရွက်ခြင်းအားဖြင့် ၂ နိုင်ငံစလုံးရဲ့ စီးပွားရေးကို အထောက်အပံ့ ဖြစ်စေတယ်လို့ ကျမ ယုံကြည်ပါတယ်။ ကျမတို့ ကမ္ဘာကြီးမှာ ကျမတို့အားလုံး မျှဝေနေထိုင်ကြရမှာ ဖြစ်ပါတယ်။ တန်ဖိုးထားမှုနဲ့ ကြွယ်ဝမှုတွေကို မျှဝေကြခြင်းအားဖြင့် ပိုမို ကောင်းမွန်တဲ့ ကမ္ဘာကြီးကို ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။

အကြမ်းဖက်ဝါဒ တန်ပြန်ရေး

၁၁။ သာသာရေး၊ ယဉ်ကျေးမှု၊ လူမှုရေးတို့နဲ့ ဆက်နွယ်တဲ့ အကြမ်းဖက် အစွန်းရောက်ဝါဒ ပုံစံအားလုံးကို ကျမတို့ အတူတကွ ရပ်တည် ဆန့်ကျင်ကြဖို့ လိုအပ်ပါတယ်။ အစွန်းရောက်ဝါဒဟာ အကြမ်းဖက်ဝါဒရဲ့ ဇစ်မြစ်ဖြစ်တဲ့အတွက် အစွန်းရောက်ဝါဒရဲ့ အကြောင်းရင်းတွေကို စူးစမ်းဖို့ လိုအပ်ပါတယ်။ လူမှုရေး၊ စီးပွားရေး ဖူလုံမှု ကင်းမဲ့ခြင်းဟာ အရေးကြီးတဲ့ အကြောင်းတရားတွေ ဖြစ်တယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမဲ့ ဦးတည်ချက်ကင်းမဲ့ခြင်း၊ ဘ၀ရည်မှန်းချက် ကင်းမဲ့ခြင်းတို့ဟာလည်းပဲ အထူးသဖြင့် လူငယ်တွေကို ရေရာ သေချာမှု ရှိသယောင် ပြသနေတဲ့ အယူအဆတွေရဲ့ ညွတ်ကွင်းမိစေနိုင်တယ်ဆိုတာလည်း ကျမတို့ ထည့်သွင်း စဉ်းစားရမှာ ဖြစ်ပါတယ်။

နျူကလီးယားဖျက်သိမ်းရေး

နျူကလီးယားကင်းမဲ့သော ကမ္ဘာကြီး ဖြစ်မြောက်ရေးကို မြန်မာနိုင်ငံ ထောက်ခံပါတယ်။ ကျမတို့နိုင်ငံက တင်သွင်းတဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေး နှစ်ပတ်လည် ပြဌာန်းချက်ဟာ လက်ရှိနဲ့ နောင်လာမယ့် မျိုးဆက်တွေအတွက် ငြိမ်းချမ်းရေးနဲ့ လုံခြုံမှု ရရှိရေးကို ရည်ရွယ်ပါတယ်။ ကမ္ဘာ့ဒေသအများအပြားမှာ နျူကလီးယားလက်နက်ကင်းမဲ့တဲ့ ရပ်ဝန်းတွေ ထူထောင်ရေးကိစ္စဟာ ဒီရည်မှန်းချက်အတွက် အထောက်အကူ ဖြစ်စေပါတယ်။ နျူကလီးယားစမ်းသပ်မှု ပိတ်ပင်ရေး CTBT စာချုပ် အတည်ပြုချက်ကို ကျမတို့နိုင်ငံက ဒီညနေမှာ တင်းသွင်းမယ်ဖြစ်ကြောင်း ၀မ်းမြောက်စွာ အထွေထွေညီလာခံကို အသိပေးလိုပါတယ်။


Credit: VOA Myanmar

Sunday, September 18, 2016

ဗဟုသုတ အလိုငှါ စာဖတ်ကြဖို့ E_Books တွေ

ဝတ္ထုများ ၊ မှတ်တမ်းများ၊ ဗဟုသုတ ရဖွယ် စာအုပ်ပေါင်းစုံ

You can download the folders here:
အ​ထွေ​ထွေဝတ္ထု ၆
https://yadi.sk/d/zJdfCtg3uYZLi

အ​ထွေ​ထွေဝတ္ထု ၇
https://yadi.sk/d/lUw4qvwzuYZLm

အ​ထွေ​ထွေဝတ္ထု ၁
https://yadi.sk/d/SNjmDC8cuYZLR

အ​ထွေ​ထွေဝတ္ထု ၂
https://yadi.sk/d/Wbe7WuXzuYZLS

အ​ထွေ​ထွေဝတ္ထု ၃
https://yadi.sk/d/ZSVS1RMsuYZLZ

အ​ထွေ​ထွေဝတ္ထု ၎
https://yadi.sk/d/mrQy3WMkuYZLb

အ​ထွေ​ထွေဝတ္ထု ၅
https://yadi.sk/d/m5DguqhRuYZLd

အ​ထွေ​ထွေဝတ္ထု ၉
https://yadi.sk/d/8rwAYtUcuYYyY

အ​ထွေ​ထွေဝတ္ထု ၁၀
https://yadi.sk/d/eXaIDlbmuYYyE

အ​ထွေ​ထွေဝတ္ထု ၁၁
https://yadi.sk/d/TS83imgauYYyJ

အ​ထွေ​ထွေဝတ္ထု ၁၂
https://yadi.sk/d/29_DnGMHuYYyK

အ​ထွေ​ထွေဝတ္ထု ၈
https://yadi.sk/d/qSk6IHUcuYYyT

အ​ထွေ​ထွေဝတ္ထု ၁၃
https://yadi.sk/d/Z7dt3b-ruYYyQ

အ​ထွေ​ထွေဝတ္ထု ၂၇
https://yadi.sk/d/0dyTVWdeuXwbP

အ​ထွေ​ထွေဝတ္ထု ၂၈
https://yadi.sk/d/HBvwrmjluXwbR

အ​ထွေ​ထွေဝတ္ထု ၂၅
https://yadi.sk/d/ylz1JmV8uXwbF

အ​ထွေ​ထွေဝတ္ထု ၂၆
https://yadi.sk/d/GkiR2NnxuXwbK

အ​ထွေ​ထွေဝတ္ထု ၂၉
https://yadi.sk/d/MrfcYrSguXwbT

အ​ထွေ​ထွေဝတ္ထု ၂၀
https://yadi.sk/d/mm7BE_jQuXwat

အ​ထွေ​ထွေဝတ္ထု ၂၄
https://yadi.sk/d/HDKT8mT_uXwbB

အ​ထွေ​ထွေဝတ္ထု ၂၃
https://yadi.sk/d/lgqJabjBuXwb7

အ​ထွေ​ထွေဝတ္ထု ၂၂
https://yadi.sk/d/iPrc5E_VuXwb3

အ​ထွေ​ထွေဝတ္ထု ၂၁
https://yadi.sk/d/h5KUxAhhuXwax

အ​ထွေ​ထွေဝတ္ထု ၃၆
https://yadi.sk/d/M_IzCRFSuXwbo

အ​ထွေ​ထွေဝတ္ထု ၁၈
https://yadi.sk/d/Kd_p5WwguXwan

အ​ထွေ​ထွေဝတ္ထု ၃၇
https://yadi.sk/d/xZk_a4vvuXwbs

အ​ထွေ​ထွေဝတ္ထု ၁၉
https://yadi.sk/d/Rz6ZHoN4uXwar

အ​ထွေ​ထွေဝတ္ထု ၃၈
https://yadi.sk/d/XD-gCNkvuXwbw

အ​ထွေ​ထွေဝတ္ထု ၃၉
https://yadi.sk/d/cb28FsD6uXwby

အ​ထွေ​ထွေဝတ္ထု ၁၄
https://yadi.sk/d/LOfxZuB1uXwaQ

အ​ထွေ​ထွေဝတ္ထု ၁၅
https://yadi.sk/d/00LTqYBkuXwac

အ​ထွေ​ထွေဝတ္ထု ၁၆
https://yadi.sk/d/sXxQVXhUuXwag

အ​ထွေ​ထွေဝတ္ထု ၁၇
https://yadi.sk/d/Azmi1FequXwai

အထွေထွေဝတ္ထု ၄၀
https://yadi.sk/d/iTY3THh3uXwaN

အ​ထွေ​ထွေဝတ္ထု ၃၁
https://yadi.sk/d/VjA9AOp7uXwbb

အ​ထွေ​ထွေဝတ္ထု ၃၀
https://yadi.sk/d/BMACetP0uXwbX

အ​ထွေ​ထွေဝတ္ထု ၃၃
https://yadi.sk/d/IHhyWB90uXwbh

အ​ထွေ​ထွေဝတ္ထု ၃၂
https://yadi.sk/d/RPRai2DTuXwbd

အ​ထွေ​ထွေဝတ္ထု ၃၅
https://yadi.sk/d/ISdObf-huXwbm

အ​ထွေ​ထွေဝတ္ထု ၃၄
https://yadi.sk/d/F8jBQQ2BuXwbj

ကြိုက်ရာလင့်ခ်ကိုနှိပ် အနည်းဆုံး စာအုပ် (၁၀) အုပ်ပါတယ်။ Download လုပ်ပြီးဖတ်ကြပေရော့။ Pdf ဖန်တီးပေးသောသူများ၊ မူရင်းစာရေးဆရာများကိုလည်း ကျေးဇူးတင်ကြောင်း ✌ ♥ ✌ 

ဝက်သားနှင့် မရမ်းပြားချက် - ပိန်းစွယ်ကြော်ချက် - သရက်သီးစိမ်း ငါးပိချက်နှင့်တို့စရာစုံ



မွန်ဟင်းလျာတွေအတော်များများမှာ မရမ်းပြာအစို သို့မဟုတ် အခြောက်တစ်မျိုးမျိုးကိုထည့်ချက်တယ်၊ မျှင်ငါးပိ အနည်းငယ်ကိုလည်း ထည့်ထည့်ချက်တတ်တယ်ဆိုတာတွေ့ရပါတယ်။

ဝက်သားနှင့် မရမ်းပြားချက်
ပါဝင်ပစ္စည်းများ
ဝက်ပေါင်သား ၅၀ကျပ်သား၊ ငရုတ်ပွခြောက် ၅တောင့်၊ ကြက်သွန်ဖြူ ၁၀တက်၊ ကြက်သွန်နီ ၄လုံး၊ ချင်း အနည်းငယ်၊ အသားမှုန့် ၁ဇွန်း၊ မျှင်ငါးပိ အနည်းငယ်၊ နနွင်းမှုန့် အနည်းငယ်၊ မရမ်းပြားခြောက် ၁၀ခု၊ ပဲဆီသန့် ၃ဇွန်း၊ ရေသန့် အနည်းငယ်။

 ချက်ပြုတ်ပုံအညွှန်း
ဝက်ပေါင်သားကို ထောင်းထားသော ငရုတ်ပွခြောက်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ချင်း၊ မျှင်ငါးပိ၊ အသားမှုန့်၊ နနွင်းမှုန့်၊ မရမ်းပြားခြောက်၊ ပဲဆီသန့်တို့ဖြင့် အရသာသွင်းပါ။
အရသာသွင်းထားသော ၀က်ပေါင်သားကိုလုံးချက်ပြီး ဆီပြန်လာလျှင် ရေသန့်အနည်းငယ်ထည့်ပြီး နူးအောင်ချက်၍ သုံးဆောင်နိုင်ပါသည်။

ပိန်းစွယ်ကြော်ချက်
ပါဝင်ပစ္စည်းများ
ပိန်းစွယ် ၂၀ကျပ်သား၊ ကြက်သွန်ဖြူ ၃တက်၊ ကြက်သွန်နီ ၁လုံး၊ ပဲဆီသန့် ၃ဇွန်း၊ နနွင်းမှုန့် အနည်းငယ်၊ မျှင်ငါးပိ အနည်းငယ်၊ ပုစွန်ခြောက်မှုန့် ၁ဇွန်း၊ ငရုတ်သီးစိမ်း ၅တောင့်။

ချက်ပြုတ်ပုံအညွန်း
အသင့်ပြုတ်ထားသော ပိန်းစွယ်ကို ၂လက်မခန့်လှီးပြီး ကြက်သွန်ဖြူကို ဓားပြားရိုက်၍ ကြက်သွန်နီကို ပါးပါးလှီးပါ။
ပဲဆီသန့်ကို နနွင်းမှုန့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီတို့နှင့် ဆီသတ်ပါ။ ကြက်သွန်နီမွှေးလာလျှင် မျှင်ငါးပိနှင့် ပုစွန်ခြောက်မှုန့်ထည့်၍ ဆီသတ်ပါ။
မျှင်ငါးပိမွှေးလာလျှင် လှီးထားသော ပိန်းစွယ်ထည့်ချက်ပြီး ရေသန့်အနည်းငယ်ဖြင့် နူးအောင်ချက်ပါ။
ပိန်းစွယ်နူးလျှင် ငရုတ်သီးစိမ်းအနည်းငယ်အုပ်ပြီး သုံးဆောင်နိုင်ပါသည်။

သရက်သီးစိမ်း၊ ငါးပိချက်နှင့် တို့စရာစုံ
ပါဝင်ပစ္စည်းများ
သရက်သီးစိမ်း ၂လုံး၊ ကြက်သွန်ဖြူ ၅တက်၊ ငရုတ်သီးစိမ်း ၁၀တောင့်၊ ပဲဆီသန့် ၄ဇွန်း၊ နနွင်းမှုန့် အနည်းငယ်၊ မျှင်ငါးပိ ၂ဇွန်း၊ ပုစွန်ခြောက်မှုန့် ၁ဇွန်း၊ မုန်လာဥ ၃လုံး၊ နနွင်းဖူး ၅ဖူး၊ ပဲတောင့်ရှည်သီး ၃တောင့်၊ ရုံးပတီသီး ၅တောင့်၊ တညင်းသီးပြုတ် ၄လုံး၊ ပူစီနံရွက် ၁စည်း။

ချက်ပြုတ်ပုံအညွန်း
ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကိုထောင်းပြီး သရက်သီးစိမ်းကိုခြစ်ထားပါ။
ပဲဆီသန့်ကို အပူပေးပြီး နနွင်းမှုန့်နှင့် ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်းတို့ကို ဆီသတ်ပါ။
ကြက်သွန်ဖြူမွှေးလာလျှင် မျှင်ငါးပိထည့်ချက်ပြီး ခြစ်ထားသော သရက်သီးစိမ်းထည့်ပါ။
အရသာအတွက် ပုစွန်ခြောက်မှုန့်၊ ရေသန့်အနည်းငယ်နှင့် သရက်သီးစိမ်းကို ကျက်အောင်ချက်ပါ။
မုန်လာဥ၊ နနွင်းဖူး၊ ပဲတောင့်ရှည်သီးနှင့် ရုံးပတီသီးတို့ကိုပြုတ်ပြီး တညင်းသီးပြုတ်၊ ပူစီနံရွက်၊ ချက်ထားသော သရက်သီးစိမ်းငါးပိချက်ကို တွဲ၍ သုံးဆောင်နိုင်ပါသည်။

..................................
Presenter Chef ကိုဆန်နီ

Credit: 5 Plus Fast & Fresh

Friday, September 16, 2016

တော်သလင်းလပြည့်နေ့ (သို့ ) ဂရုဓမ္မ အခါတော်နေ့ - သမိုင်းကြောင်း


တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့အကြောင်းကို မေးထားတာ ကြာပါပြီ၊ အကြောင်းကြောင်းတွေ ကြောင့် လပြည့် နေ့ကို ကျော်လွန်သွားမှပဲ ရေးဖြစ်တော့တယ်၊ ငယ်စဉ်ကတော့ ဂရုဓမ္မအခါတော်နေ့ဆိုတာ သိပ်ပြီး ထူးခြားတဲ့ နေ့လို့ မခံ စားခဲ့ဖူးဘူး၊ သို့သော် သူ့သမိုင်းကြောင်းကို လိုက်ပြီးခြေရာခံလိုက်တော့မှ အစဉ်အလာကောင်းခဲ့တဲ့ နေ့ထူးနေ့မြတ် တနေ့ ဆိုတာကို သိခဲ့ရတယ်။

ဂရုဓမ္မ အခါတော်နေ့ဆိုတာ ယနေ့ခေတ်မှာ ငါးပါးသီလကို မလုံခြုံပဲ အစဆုံးသိက္ခာပုဒ်ကို ချိုးဖျက်လိုက်၊ အလယ် က ဖောက် ဖျက် လိုက်၊ နောက်ဆုံးက တခုကို လွှတ်ထားလိုက် လုပ်နေကြတဲ့ လူသားများ အတွက် တော်သ လင်း လပြည့်ေ န့ ရော က်တိုင်း သတိရစရာ၊ အတုယူစရာ၊ လိုက်နာစရာတွေနဲ့ ပြည့်နှက်လို့ နေပါတယ်။

ကုရုဓမ္မဇာတ်တော် ဟောရကြောင်း
====================
ဗုဒ္ဓမြတ်စွာ သက်တော်ထင်ရှားရှိစဉ်အခါ ရဟန်းတော် နှစ်ပါး ဟင်္သာတကောင်ကို အလောင်းအစားနဲ့ သတ်ဖို့ ကြိုးစား ကြရင်း ကောင်းကင်ပျံဝဲနေတဲ့ ဟင်္သာကို ကျောက်ခဲဖြင့် လှမ်းပြစ်လေရာ ကျောက်ခဲမှန်သော ဟင်္သာသည် အော်ဟစ်မြည် တမ်းရင်း မြေပြင်ကျပြီး သေဆုံးခဲ့ရတယ်။
ဒီအကြောင်းကို မြတ်ဘုရား သိတော်မူတော့ ချစ်သားရဟန်း သင်ဟာ သာသနာတော်မှာ နေပြီး ရဟန်းဝတ်နေ ပါလျက် ပါဏာတိပါတအမှုကို လုပ်တာ လက်ဆော့ ခြေဆော့ရှိလှပါလား၊ ဟိုရှေးရှေးတုံးက ပညာရှိတွေ က သာသနာပကာလမှာ သတ်ဖို့ နေနေသာသာ သီလတရားတွေကို အသက်တမျှ တန်ဖိုး ထား စောင့်ရှောက် ခဲ့ကြတယ် ဆိုပြီး ကုရုဓမ္မ ဇာတ်တော် ကို ဟောေ တာ် မူခဲ့ပါတယ်။

ယနေ့အချိန် မှာတော့ ကုရုတိုင်း ဆိုတာ အိန္ဒိယနိုင်ငံ နယူးဒေလီ New Delhi မြို့တော် ၀န်းကျင်လို့ မှတ်တမ်းများအရ သိရတယ်၊ ဒါဆိုရင်တော့ ကုရုတိုင်းသားတွေဟာ ခေတ်အဆက်ဆက် နှစ်ပေါင်းများစွာ တရားစောင့်ခဲ့ကြ တယ်၊လို့ ဆိုရမ လိုပါ၊ မြတ်ဘုရား မပွင့်ခင်ကလဲ သာသနာပကာလမှာ ငါးပါးသီလ မြဲခဲ့ကြသလို မြတ်ဘုရား လက်ထက်တော်မှာလဲ ကုရုတိုင်းသားတွေဟာ အဆင့်ြ မင့် လာပြီး သမထ၊ ကမ္မဋ္ဌာန်းတစ်မျိုးမျိုးကို လက်ကိုင် ထား ကျင့်သုံးခဲ့ကြတာမို့ ဘုရားရှင် က ကုရုတိုင်းကို ကြွတော်မူပြီး ခက်ခဲ နက်နဲလှတဲ့ မဟာသတိပဋ္ဌာန သုတ်တော် ကို ဟောတော်မူခဲ့ဖူးတယ်၊

စာရေးသူတို့ ဘုံဘေ ( Mumbai ) မြို့ကတော့ သီရိဓမ္မာသောက မင်းကြီးရဲ့ ကိုးတိုင်းကိုးဋ္ဌာဋ္ဌ သာသနာပြု အစီအ စဉ် မှာ ရှေးယခင်က မဟာရဋ္ဌတိုင်း လို့ အမည်တွင်ခဲ့ပြီး အရှင်မဟာ ဓမ္မရက္ခိတမထေရ် ဦးဆောင်သော သံဃာ ငါးပါး ကြွရောက် လာကာ မဟာနာရဒဇာတ်တော်ကြီးကို ဟောကြားတော်မူခဲ့ပြီး သာသနာမျိုးစေ့ ချခဲ့တယ်လို့ ဆိုတယ်၊ ယနေ့ခေတ် မှာတော့ Maharashatra မဟာရရှ်ထရ ပြည်နယ်ပေါ့၊ ဘုံဘေမြို့ပုနေး Pune မြို့တို့ဟာပြည်နယ်အလယ်ပိုင်းမှာ တည်ရှိပြီး သီပေါ မင်းနေထိုင်ခဲ့ရာ ရတနာဂီရိ Ratnagiri မြို့ကတော့ မဟာရရှ်ထရ ပြည်နယ်ရဲ့ အနောက်တောင်ပိုင်း အစွန်အဖျားမှာ တည်ရှိတယ် လို့ မြေပုံအနေအထားများအရ သိရပါတယ်။

ကုရုဓမ္မ ဇာတ်တော်
===========
ဂေါတမ ဘုရားအလောင်း ပါရမီတော်များကို ဖြည့်ကျင့်စဉ် နုစဉ်အခါတုံးက ကုရုတိုင်း ဣန္ဒပတ္တမြို့တော် မှာ မင်းကျင့် တရားဆယ်ပါးနှင့်အညီ မင်းပြုတော်မူတဲ့ ရှင်ဘုရင်အဖြစ် ထီးနန်းစိုးစံချိန်မှာ ကုရုဓမ္မ ( ကုရုတိုင်းသားတွေ စောင့်ထိန်းကြ လို့ ကုရု ဓမ္မ ) တရားဆိုတာ ဖြစ်ပေါ်လာရ တယ် လို့ ဆိုတယ်၊
ကုရုဓမ္မ ဆိုတာ တခြားမဟုတ်ပါ၊ ယနေ့လူတိုင်းစောင့်ထိန်းနေကြတဲ့ ငါးပါးသီလကိုပဲ ကုရုဓမ္မ ( တနည်းအားဖြင့် အချိန် ကာလတွေ ကြာလာသည်နှင့် အမျှ ) ဂရုဓမ္မ ( ဂရု - လူတိုင်း တလေးတစား စောင့်ထိန်းသင့်သော၊ ဓမ္မ - ငါးပါးသီလ တရားများ ) လို့ အဓိပ္ပါယ် ခေါ်ဆိုရပါမယ်။

အတိတ်တချိန်က ဘုရားလောင်း မင်းပြုနေချိန် မင်းကျင့်တရား ဆယ်ပါးနဲ့ အညီ အုပ်ချုပ်လေ တော့ တိုင်းပြည် မှာ စည်ပင် ၀ပြောပြီး အေးအေးချမ်းချမ်း ရှိနေခဲ့တယ်၊ အဲဒါတင်မကပဲ ဘုရားအလောင်း ရှင်ဘုရင်ကြီး ဟာ မြို့ရဲ့ အရပ်လေးမျက်နှာ၊ မြို့လယ်ခေါင်နေရာ နဲ့ မိမိနန်းတော်တခါးဝ ဆိုတဲ့ နေရာ( ၆ ) ခုမှာအလှူဒါနကို စိတ်ကြိုက်လှူဒါန်းပေးကမ်းလေ့ရှိခဲ့တယ်၊ တစ်တိုင်းပြည်လုံးလဲ ငါးပါးသီလကို စောင့်ထိန်း ကြတယ်၊ တတိုင်းပြည်လုံးထဲမှာမှ အောက်ပါ ( ၁၁ ) ယောက်ကတော့ သီလကို အသက်နှင့် လဲပြီးကို ထိန်း သိမ်းကြပါသတဲ့။ အဲဒီပုဂ္ဂိုလ်တွေကတော့ …
၁။ ဘုရားလောင်း ဘုရင်၊
၂။ အိမ်ရှေ့မင်းသား၊
၃။ မယ်တော်ကြီး၊
၎။ မိဖုရားခေါင်၊
၅။ မင်းအတိုင်ပင်ခံ ပုရောဟိတ် ပုဏ္ဏားကြီး
၆။ မြေတိုင်းအမတ်ကြီး၊
၇။ ရှင်ဘုရင်၏ ရထားထိန်းတော်၊
၈။ တိုင်းပြည်၏ အကြီးဆုံး ကုန်သည်ကြီး၊
၉။ နန်းတော် တံခါးမှုး
၁၀။ တိုင်းပြည် ကျက်သရေဆောင် သူဋ္ဌေးကြီး
၁၁။ ပြည့်တန်ဆာမ
အထက်ပါလူတွေကတော့ သီလ၀န္တတွေလို့ ဆိုရမှာပါ၊ ဘာဖြစ်လို့လဲဆို တော့ ဘုရားအလောင်း ကုရုမင်းကြီး ဟာ ပါဏာ တိပါတသိက္ခာပုဒ်နဲ့ ပက်သက်ပြီး တနေ့မှာ ရေကန်ထဲကို ခဲလုံးတစ်လုံး ပစ်ချရင်း ငါးလေးတကောင် ကို ထိမှန်သွားတာ သေသလား ရှင်သလား မသိရဘူး၊ အဲဒီအကြောင်းကို တွေးပြီး သူ့သီလကို သံသယ ဖြစ်မိပါသတဲ့။

ပြည့်တန်ဆာမ၏ သီလစောင့်ထိန်းပုံ
====================

ပြည့်တန်ဆာမ၏ သီလကို စမ်းသပ်လိုတဲ့ သိကြားမင်းဟာ တနေ့မှာတော့ လုလင်တယောက်အသွင် ဖန်ဆင်းပြီး အသပြာ ငွေ တစ်ထောင်ထုပ်ကို ပေးကာ နတ်ပြည် ပြန်သွားခဲ့တယ်၊ စရံသတ်ထားတယ် ဆိုတဲ့သဘော ထင်ပါရဲ့၊ သိကြားလုလင် လာမယ့် ရက်ကို မျှော်ရင်းမျှော်ရင်းနဲ့ စောင့်ထိန်းနေခဲ့တယ်၊ ဘယ်သူက လာခေါ်သည်ဖြစ်စေ မလိုက်ပါဘူး တဲ့၊ ၃ နှစ်တိတိ ကြာတဲ့ အခါမှာတော့ အသပြာ ၁ထောင်လဲ ကုန်ပြီ၊ စားစရာလဲမရှိ ဆင်းရဲလာတဲ့အ ခါမှာ တရားသူကြီးဆီ သွားပြီး အကျိုး အကြောင်း ပြောပြတော့ ၃ နှစ်အတိုင်းအတာဆိုရင် လုံလောက်ပါပြီ၊ စောင့်မနေပါနဲ့တော့ လို့ ဆုံးဖြတ်ပေးလိုက်တယ်၊

ဒီတော့ နောက်လူ အသစ်ကို လက်ခံမယ် လို့ ၀န်ခံလိုက်တဲ့ အချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် သိကြားမင်းက ပေါ်လာပြီး သီလကို စမ်းသပ်လိုတာကြောင့် ဒီလို လုပ်ခဲ့ရတဲ့အကြောင်း တတိုင်းပြည်လုံးကို တရားဟောပြီး ပြည့်တန်ဆာမ အိမ်ကိုလဲ ရွှေငွေ စတဲ့ ရတနာ ၇ ပါးနဲ့ ဖြည့်ဆည်းပေးခဲ့ပြီး နတ်ပြည်ပြန်သွားခဲ့တယ်၊ ဒီနေရာမှာ အဲဒီအမျိုးသမီးလေးက သူ့သီလကို သံသယဖြစ်မိ တာက စောစောက လူသစ်ကို လက်ခံမိတာ ကို စိတ်ထဲမှာ တနုံ့နုံ့နဲ့ မပျော်ရွှင်ပါဘူး တဲ့။ ကုရုဓမ္မအကြောင်းကို ပြောရင်းနဲ့ လိုရင်း ကို မရောက်နိုင် ဖြစ်နေမိပါတယ်၊ ဖော်ပြချင်တာက သူတို့ရဲ့ငါးပါး သီလကို အလေးထားပုံတွေကို ရိပ်မိစေလိုတာကြောင့် တင်ပြ လိုက်တာပါ၊ ရှိစေတော့ …

တိုက်တိုက်ဆိုင်ဆိုင် ကုရုတိုင်းနဲ့ မနီးမဝေး က ကာလိင်္ဂတိုင်း ဒန္တပုရ မြို့မှာလည်းပဲ ကာလိင်္ဂရှင်ဘုရင်ကြီး အုပ်ချုပ်နေတဲ့ အချိန်၊ သူတို့ တိုင်းပြည်မှာတော့ မိုးခေါင်တဲ့ ဘေး ဆိုးကြီး ကျနေတာ နှစ်ပေါင်းများစွာ ကြာနေပြီ၊ မိုးခေါင်လေတော့ သီးနှံ တွေလဲ မဖြစ်ထွန်းပဲ တိုင်းသူပြည်သားတွေ စားရမဲ့ သောက်ရမဲ့ အငတ်ဘေး ဆိုက်လာပြန်တယ်၊ အငတ်ဘေး ဆိုက်ရုံ မကပဲ လူတွေ မသန့်မရှင်းဖြစ်ပြီး အနာရောဂါတွေ ထူပြောလာပြီး ကူးစက်တတ်တဲ့ ရောဂါကပ်ဆိုးကြီး ရောက်လာပြန်ရော ..

ဒီတော့ တိုင်းသူပြည်သားတွေက ကာလိင်္ဂဘုရင်ကြီးဆီ အကျိုးအကြောင်းပြောပြပြီး ..
ဒီလို တတိုင်းပြည်လုံး ကပ်ဆိုက်နေချိန်မှာ အရှင်မင်းကြီး ဒါန သီလတွေ များများပြုပြီး (၇) ရက်တိတိ ဥပုသ်စောင့်ပါက မိုးရွာပါလိမ့်မယ် လို့ လျောက်ကြတယ်၊
အဲဒီလို စောင့်သော်လည်း မိုးမရွာလေတော့ နောက်တဖန် ကုရုတိုင်းမှာ အဉ္ဇန၀ဏ္ဏ မင်္ဂလာဆင်တော်ကြီး ရှိတယ်၊ သူတို့ ဆီကို ဆင်တော်အလှူခံပြီး သယ်လာခဲ့ရင် မိုးရွာနိုင်ပါတယ် လို့ ဆိုပြန်တယ်၊ ဒီလို လုပ်ပေမယ့် အဆင်မပြေပြန်ဘူး၊

ဇာတ်တော်ကို အကျဉ်းချုံးရလျင် နောက်ဆုံးမှာ ကုရုတိုင်းသားတွေ စောင့်ထိန်းကြတဲ့ ငါးပါးသီလကို ရွှေပေလွှာမှာ ကူးယူ စေကာ ကာလိင်္ဂတိုင်းသူ ပြည်သားတွေ အားလုံး စောင့်ထိန်းကြမှ မိုးလေ၀သတွေ မှန်လာပြီး တတိုင်းပြည်လုံးသာယာဝပြောစည်ပင် လာခဲ့ တယ်၊ တတိုင်းပြည်လုံး အသက်ချမ်းသာရာ ရခဲ့ကြတယ် လို့ ဆိုပါတယ်။

ဇာတ်တော် နှင့် သဘာဝဘေးဒဏ်များ သုံးသပ်ချက်
==============================
ဤနေရာတွင် ယခုလို ဆုတ်ကပ်ကာလကြီးထဲမှာ မိုးလေ၀သ မမှန်တာ၊ ကောက်ပဲ သီးနှံများ မအောင်မြင်တာ၊ လေမုန် တိုင်း နာဂစ်မုန်တိုင်း၊ ဆူနာမီ စတဲ့ သဘာဝဘေးဒဏ်တွေဟာ လူတွေ တရားပျက် အကျင့်သီလ ပျက်စီးနေတာနဲ့ လည်း သက်ဆိုင်နေတယ် လို့ ကောက်ချက်ဆွဲနိုင်ပါတယ်၊ စာပေများမှာတော့ လူတွေ တရားပျက်လာပြီ ဆိုရင် ကောင်းကင်က ပုံမှန် သွားလာနေကြတဲ့ ဂြိုလ် နက္ခတ် ကြယ် တာရာ စတာတွေလဲ လမ်းကြောင်း မမှန်တော့ဘူး၊ သူတို့ လမ်းကြောင်း ပြောင်းသွာတော့ လေမတိုက်သင့်ပဲ တိုက်တယ်၊ မိုးမရွာသင့်ပဲ ရွာချပြီး ရေကြီးတဲ့ဒုက္ခ၊စတာတွေ ကြုံရတယ်၊ မိုးက ရွာသင့်တဲ့ အချိန်မှာ မရွာပြန်တော့ ကမ္ဘာကြီး ပူနွေးလာတာမျိုး၊ အိုဇုန်းလွှာ ပါးလာတယ်၊ ပေါက်လာတယ် ဆိုတာမျိုး၊ နောက်ဆုံးမှာ သဘာဝမီး တောင်ကြီးတွေ မကြာခဏ ပေါက်ကွဲလာတာမျိုးတွေကို လူသားတွေမှာ နေရာတိုင်း ခံနေ ကြရတယ်။

ဘာသာရေး ရှုထောင့် တခုတည်းကနေ သုံးသပ်ရမည်ဆိုလျင် လူတွေ တရားပျက်၊ အကျင့်သီလပျက်စီးကာ အကုသိုလ် တွေ များများ လုပ်လေလေ၊ အဲဒီဒေသ နေရာ တိုင်းပြည်တွေမှာ သဘာဝဘေးဒဏ်တွေကို မကြာခဏ ခံရလေလေလို့ ဆိုရ မလို ဖြစ်ေ န တယ်၊ အခုလဲ ကာလိင်္ဂတိုင်းသားတွေ သီလမြဲကာတရားစောင့်ကြတော့ ချက်ချင်းမိုးလေ၀သ မှန်လာတာ ဟာ သက်ရှိလူသားများနဲ့ သက်မဲ့ကမ္ဘာကြီးတို့ ဆက်စပ်မှုရှိနေတယ်ဆိုတာ သက်သေပါပဲ၊ ဒါဟာ ဗုဒ္ဓစာပေများကို ထောက် ပြီး ကိုယ့်ဘာသာ သုံးသပ်ကြည့် မိတာ သက်သက်ပါ၊ အခြား မမြင်နိုင်သော သဘာဝ ရေမြေအနေအထား စတဲ့ အချက် တွေလဲ ရှိကောင်း ရှိနိုင်ပါလိမ့်မယ်၊ ( ဥပမာ- ဂျပန်နိုင်ငံတခုလုံး သဘာဝငလျင်ကြောပေါ်မှာ တည်ရှိနေတယ် ဆိုတာက တော့ ယနေ့ခေတ် ပစ္စုပ္ပန်အနေအထားတွေလဲ အများကြီး သက်ဆိုင်တယ်လို့ ဆိုရပါမယ် )

ဇာတ်တော် ပေါင်းခန်းမှာတော့ …
ဂါထာ ။ ။ ဂဏိကာ ဥပ္ပလ၀ဏ္ဏာ၊ ပုဏ္ဏော ဒေါဝါရိကော တဒါ၊
ရဇ္ဇုဂါဟော ကစ္စာယနော၊ မောဂ္ဂလာနော ဒေါဏမာပကော၊
သာရိပုတ္တော တဒါ သေဋ္ဌိ၊ အနုရုဒ္ဓေါ စ သာရထိ၊
ဗြဟ္မဏော ကဿပေါ ထေရော၊ ဥပရာဇာ နန္ဒပဏ္ဍိတော၊
မဟေသီ ရာဟုလမာတာ၊ မာယာဒေ၀ီ ဇနေတ္တိယာ၊
ကုရုရာဇာ ဗောဓိသတ္တော၊ ဧ၀ံ ဓာရေထ ဇာတကံ။
အထက်ပါ ကုရုဓမ္မ ဇာတ်တော်၌ပါသော ပြည့်တန်ဆာမသည် ဘုရားရှင်သာသနာတော်၌ တန်ခိုးအရာတွင် ဧတဒဂ် ရာထူးရရှိသော ဥပ္ပလ၀ဏ္ဏာ ဘိက္ခုနီမ ဖြစ်လာသည် ( သံသရာ ကြောက်စရာ ကောင်းပုံက ပြည့်တန်ဆာမတောင် ဖြစ်ခဲ့ဖူး သတဲ့ )

အရှင်ပုဏ္ဏ ရဟန္တာ မထေရ်သည် ထိုအခါက တံခါးမှုး၊
အရှင်မဟာကစ္စည်းမထေရ်သည် ထိုအခါက မြေတိုင်းအမတ်ကြီး၊
အရှင်မောဂ္ဂလာန်မထေရ်သည် ထိုအခါက အကြီးဆုံး ကုန်သည်ကြီး၊
အရှင်သာရိပုတ္တရာသည် ထိုအခါက သူဋ္ဌေးကြီး၊
အရှင်အနုရုဒ္ဓါသည် ထိုအခါက ရထားထိန်း၊
အရှင်မဟာကဿပမထေရ်ကြီးသည် ထိုအခါက ပုရောဟိတ်ပုဏ္ဏားကြီး၊
အရှင်နန္ဒ မထေရ်သည် ထိုအခါက အိမ်ရှေ့မင်းသား၊
ယသော်ဓရာ သည် ထိုအခါက မိဖုရားခေါင်ကြီး၊
မယ်တော်မာယာ တဖြစ်လဲ သန္တုဿိတနတ်သားသည် ထိုအခါက ကုရုမင်းကြီး၏ မယ်တော်၊
ဂေါတမဘုရားရှင်သည် ထိုအခါက ကုရုမင်းကြီး အဖြစ်ဖြင့် သံသရာကျင်လည်ခဲ့ဖူးသည်။

ဤဖြစ်စဉ်နှင့် ဆက်စပ်တွေးမိသည်ကား ကုရုဓမ္မအကြောင်းဖော်ပြသော ဤဇာတ်တော်ကို ဘုရားရှင်သည် တော်သလင်း လပြည့်နေ့ တွင် ဟောခဲ့သောကြောင့် ယင်းနေ့ကို ဂရုဓမ္မ အခါတော်နေ့ဟု သတ်မှတ်ခဲ့လေသလား၊ နောက်တချက်အ နေဖြင့် ကာလိင်္ဂတိုင်းသားတို့အား ငါးပါးသီလ ကို ရွှေပေလွှာတွင် ရေးကူးစေကာ တော်သလင်းလပြည့်နေ့တွင် ပေးခဲ့လေ သောကြောင့် ကုရုဓမ္မ အခါတော်နေ့ ဂရုဓမ္မအခါတော် နေ့ဟု သတ်မှတ် ခေါ်ဆိုခဲ့လေသလား တွေးတောစရာပင်။

အဘယ့်ကြောင့် ဆိုသော် ဇာတ်တော်ထဲတွင် ဘုရားအလောင်း ကုရုမင်းကြီးသည် လပြည့်နေ့ ( ၁၅ ) ရက်ခေါ် ပန္နရသီ ဥပုသ်နေ့၌ ကိုယ်တော်တိုင် အလှူပေးရန် ပရိသတ်အကြား လာရောက်စဉ် ကာလိင်္ဂတိုင်းမှ ပုဏ္ဏားများအား ငါးပါးသီလ ကို ရွှေပေလွှာ မှာ ရေးကူးစေသည် ဟု ဆိုသောကြောင့် ဒုတိယအချက်ကို ထောက်သောအားဖြင့် ဂရုဓမ္မ အခါတော်နေ့ဟု သတ်မှတ်ခဲ့ တာ သေချာသလောက် ရှိပေသည်။
အချုပ်ဆိုရသော် တော်သလင်းလပြည့် ဂရုဓမ္မ အခါတော်နေ့သည် ကိုယ်ကျင့်သီလ moralityများ၊ ဂုဏ်သိက္ခာ characters ပိုင်း ဆိုင်ရာများ ပျက်ရွင်းနေသော ယနေ့ခေတ် အခါကြီးတွင် တော်သလင်း လပြည့်နေ့ ကို ရောက်တိုင်း လူသားများအား အကျင့်သီလများ အားကောင်းစေဖို့၊ ငါးပါးသီလ၊ ရှစ်ပါးသီလ စတာတွေကို တလေးတစား စောင့်ထိန်း ကြစေဖို့ ဘုရား အလောင်း ကုရုမင်းကြီးက သတိပေးနေသည် သတိပေးခဲ့သည် ဟုပင် ဆိုချင်ပါတော့သည်။

မေတ္တာဖြင့်
အရှင်သုနန္ဒာလင်္ကာရ M.A ( ပန်းကမ္ဘာ )
Date .15.Sep.2011
စာညွှန်း။ ။ ကုရုဓမ္မဇာတက၊ ဒုကနိပါတ်၊
ဇာတကအဋ္ဌကထာ ဒုတိယအုပ်။

Credit:
https://www.facebook.com/BuddhismBeams

Monday, September 12, 2016

Multi-Level Marketing သမားတွေ စည်းရုံးသလို လူတိုင်းချမ်းသာနိုင်မှာလား

Multi-Level Marketing သမားတွေ
စည်းရုံးသလို လူတိုင်းချမ်းသာနိုင်မှာလား
===========================

Network Marketing ကုမ္ပဏီတခုက လူတိုင်းချမ်းသာနိုင်သည့် နည်းလမ်း ၎င်းတို့တွင်ရှိသည်ဟုပြောလာလျှင် ယုံကြည်နိုင်ပါသလား။ တိုင်းပြည်ချမ်းသာမည်၊ မချမ်းသာမည်ထက် ထိုတိုင်းပြည်နေ လူတိုင်းချမ်းသာရမည်ဟု ဆိုပါသည်။

 လက်ရှိ မြန်မာနိုင်ငံတွင် Network Marketing ကုမ္ပဏီများက လူအများကို ပစ်မှတ်ထားကာအင်တိုက်အားတိုက်လုပ် ဆောင်လာနေသည်ကို တွေ့မြင်နေရသည်။ လမ်းဘေးဈေးသည်မှအစ ဆရာဝန်၊ အင်ဂျင်နီယာစသည့် ပညာတတ်
အသိုင်းအ၀ိုင်းအထိ 'ဒါရိုက်တာ'ဟူသော ရာထူးအိပ်မက်၊ တလသိန်း ၃၀ ရရှိ မည်ဆိုသည့် အိပ်မက်ကို မက်နေကြသည်။

Network Marketing လုပ်ငန်းကို ယခင်ကုမ္ပဏီများ၏ အမည်းစက်များကြောင့် စက်ဆုပ်ရွံရှာသူ အများအပြား ရှိနေခဲ့သော်လည်း ယခုအခါတွင် Network Marketing အား စိတ်ဝင်စား၍ လုပ်ကိုင်နေသူ ပေါင်းသိန်းနှင့်ချီ၍ ရှိနေပြီဖြစ်သည်ဟု သိရသည်။

၂၀၁၅ စက်တင်ဘာ ၁၂ ရက် MCC ခန်းမတွင် Unicity ထုတ် ကုန်များနှင့်
ပတ်သက်၍ Network Marketing ပွဲတပွဲကျင်းပခဲ့သည်။ ယင်းပွဲအား သာမန်ကာလျှံကာထင်ထားခဲ့သော်လည်း လူဦးရေ ၆၀၀၀ ခန့် တက်ရောက် ခဲ့သည်ကို တွေ့ရသည်။ တက်ရောက်လိုသူတိုင်း အခမဲ့ တက်ရောက်
ခွင့်ရရှိခြင်းမဟုတ်ဘဲ တဦးလျှင် ကျပ် ၅၀၀၀ တန် လက်မှတ်တစောင်ဝယ်ယူမှ တက်ရောက်ခွင့်ရရှိသည်။ လူဦးရေ ၆၀၀၀ ခန့် MCC ခန်းမအပေါ် ထပ်၊ အောက်ထပ်အပြည့် တက်ရောက်လာသည့်သူများအား မည်သည့်အရာများက ဆွဲဆောင်ထားပါသနည်း။

ပွဲစတင်သည်နှင့် Unicity ထုတ်ကုန်နှင့် ထိတွေ့ခွင့်ရသူများသည် လောကတွင် ကံအကောင်းဆုံးလူများဖြစ်ပြီး ကုမ္ပဏီနှင့် လက်တွဲ၍ အလုပ်လုပ်ခွင့်ရသူ
များသည်လည်း မဟာအခွင့်အရေးရရှိသူများကဲ့သို့ တင်စားခဲ့ကြ သည်။

လူ့ဘ၀တွင် ငွေကြေး၊ အချိန်၊ ကျန်းမာရေးပြည့်စုံမှဘ၀သည် ပျော်ရွှင်ဖွယ်ကောင်း
သည်ဟု ဆိုသည်။ ယင်းအချက်အား Unicity ထုတ်ကုန်များဖြင့် Network Marketing လုပ်သည့်သူတိုင်းရရှိနိုင်မည်ဟုလည်း ဆိုသည်။

တင်ဆက်မှုပုံစံများတွင် Unicity ထုတ်ကုန်များ၏ အားသာချက်များ၊ သုတေသနပြုလုပ်ထားချက်များ၊ ကျန်းမာရေးအတွက် ဘေးထွက်
ဆိုးကျိုးမရှိဆိုသည်များအား ဆရာဝန်တဦးက ရှင်းလင်းတင်ပြခဲ့သည်။

ယင်းထုတ်ကုန်များသည် အမေရိကန်ပြည်ထောင်စုနှင့် ဂျပန်နိုင်ငံ၏ ထောက်ခံချက်
များဖြင့်ဟုပြောပြပြီး ဆေး သိပ္ပံလောက၏ဘုရင်ဟု တင်စားသည့် Rexall ကုမ္ပဏီ၏ အမှတ်တံဆိပ်ကို ရေဖြင့်ဖျော်သောက်လျှင်ပင် ကျန်းမာရေးကောင်းကြောင်းပြောပြီး ဆရာဝန်လောကတွင် ထင်ရှားသည်ဟုလည်းဆို၏။

လူထု၏ကျန်းမာရေးထက် အသင်းဝင်သူများ ဘယ်လိုကြီးပွားချမ်းသာမည်၊ ဘယ်နိုင်ငံများသို့ သွားရမည်ဟုသာ စည်းရုံးလှုံ့ဆော်မှုကို သိရသည်။ သည်အတိုင်းဆိုလျှင် ဆေးဝါးအနေဖြင့် ဆေးရုံများ၊ ဆရာဝန်များမလိုတော့ဟု ယူဆရမလို ဖြစ်နေသည်။

ထို့နောက် Network Marketing ၏ Multi Level Marketing (MLM) ဈေးကွက်ဆင့်ပွားလုပ်ဆောင်ခဲ့သူများ၏ ရုန်းကန်လှုပ်ရှားခဲ့ရချိန်မှ အောင်မြင်မှု အသီးအပွင့်များ ခံစားရပုံများကို အများအားကျလောက်အောင် တင် ဆက်ပြသည်။

ကယားပြည်နယ် လွိုင်ကော်မြို့မှ အမျိုးသမီးတဦးသည် ယင်းဆေးကုမ္ပဏီ၏ထုတ်ကုန်များကို ဈေးကွက်ဆင့်ပွားစနစ်ဖြင့် ရောင်းချခြင်းအား အယုံအကြည်မရှိဘဲ သူမ၏အမျိုးသားမှ အကြိမ်ကြိမ်လုပ်ဆောင် ရန်ပြောကြားကြောင်း၊ သို့သော်လည်း စိတ်မ၀င်စားဘဲနေခဲ့သည်ဟု ဆိုသည်။

ယင်းကဲ့သို့ စိတ်မ၀င်စားဘဲနေခဲ့ ရာမှ ၎င်း၏အမျိုးသားက မန်ဘာအဖွဲ့ဝင်အဖြစ်ဝင်၍ အလုပ်လုပ်ကိုင်ပြီး ပြင်သစ်ခရီးစဉ်ကို တကိုယ်တည်းသွား မည်ဟုဆိုသဖြင့် ခွင့်မပြုလိုခြင်းကြောင့် ၎င်းပါလိုက်ပါနိုင်ရန် လွိုင်ကော်သို့သွားရောက်ကာ ဈေးကွက်စတင်ခဲ့ သည်ဟုဆိုသည်။

သူ၏ဘ၀အိပ်မက်တွင်လည်း မိသားစုနှင့်အတူတကွ ရှိချိန်များစွာလိုချင်သည်ဟု ဆိုသည်။ သူ၏ဖခင်သည် မော်ချီးဘက်တွင် မိုင်းတွင်းလုပ်ငန်းလုပ်ကိုင်နေပြီး ဥယျာဉ်စိုက်ပျိုးရေး ၀ါသနာပါသည့်အတွက် ဧက ၁၀၀ ၀ယ်ယူကာ နဂါးမောက်စိုက်ခင်း စိုက်ပျိုးထားသည့်လုပ်ငန်းလည်းရှိသည်ဟု ဆိုသည်။

သူ၏ မိခင် သည် သူတို့မြို့နယ်၏ မသိသူမရှိသည့် ဆီစက်ကိုပိုင်ဆိုင်ထားပြီး သူကိုယ်တိုင်လည်း လွိုင်ကော်မြို့တွင် ဈေးဆိုင်တခုကို အောင်မြင်စွာ ဖွင့်လှစ်ထားသည်ဟုဆိုသည်။

ဘ၀အောင်မြင်မှုများစွာရှိနေသော်လည်း အချိန်နည်းပါးခြင်းကြောင့် မိသားစုချင်း မျက်နှာစုံညီ ထမင်းစားရန်ပင် အခက်အခဲရှိပြီ့း  Unicity ၏ Happy Life Project ကို စိတ်ဝင်တစားလုပ်ဆောင်ခဲ့ရာ အောင်မြင်မှုရရှိခဲ့ပြီး သူ၏ အမျိုးသားနှင့် ပြင်သစ်သို့ အခမဲ့ခရီးသွားခွင့်ရခဲ့သည်ဟုဆိုသည်။

ယခု MCC သို့ တက်ရောက်လာသည့် လူများ အနေဖြင့် လာမည့်လေးလတွင် ဂျပန်နိုင်ငံ အိုဆာကာခရီးစဉ်အတွက် အိပ်မက်မက်ခွင့်ရှိကြောင်းကိုပါ ပြော ကြားခဲ့သည်။

ယင်းအစီအစဉ်တွင် လူသားများသည် သက်တမ်းတလျှောက် အနှစ် ၄၀ ခန့် အလုပ်လုပ်ကိုင်ရသော်လည်း ပျော်ရွှင်သည့်ဘ၀ကိုမရရှိ၊ မခံစားခဲ့ရဘဲ အချိန်များ ကုန်ဆုံးသွားသည်ဟုဆိုသည်။ Unicity ၏ Happy Life Project သည် သုံးလမှ ခြောက်လအတွင်း ကြိုးစားလုပ်ကိုင်ခြင်းဖြင့် လစဉ်ဝင်ငွေ သိန်း ၃၀ ခန့်ရရှိပြီး သုံးနှစ်ပြည့်သည့်အချိန်တွင် ပင်စင်ရရှိ ကာ အလုပ်လုပ်ရန် မလိုတော့ဟု ဆိုသည်။

ထို Happy Life Project ကြောင့် အောင်မြင်ခဲ့သူများ၊ ခံစား စံစားနေရသည့်သူများ၊ နိုင်ငံတကာတွင် အောင် မြင်နေသူများ၏ အတွေ့အကြုံများအား တင်ဆက်ပြသခဲ့ပြီး ဘ၀တွင် ကြိုက်နှစ်သက်သည့် ကွန်ဒိုများကို စိတ်ကြိုက်ဝယ်ယူခွင့်၊ စိတ်ကြိုက်မော်တော်ယာဉ်ရွေးချယ်ဝယ်ယူခွင့် ၊ နိုင်ငံအများအပြားသို့ အခမဲ့လည်ပတ် ခွင့်ရခြင်းသည် လူသားဘ၀တွင် မကောင်းပေဘူးလောဟု မေးမြန်းခဲ့ရာ တက်ရောက်သူတိုင်းမှ ကောင်းမွန် သည်ဟု တညီတညွတ်တည်း ဖြေကြားခဲ့ကြလေသည်။

ယင်းကဲ့သို့ လူတဦးလျှင် ကျပ် ၅၀၀၀ ဖြင့် MCC ခန်းမကြီးတခု လုံး ရုံပြည့်ရုံလျှံတက်ရောက်လာသည်အထိ ဆွဲဆောင်နိုင်ခဲ့သည့် ၎င်းတို့၏ အရည်အချင်းမှာ ချီးကျူးစရာပေ။

ဟောပြောပွဲ တင်ဆက်ပွဲအပြီးတွင် မိမိမန်ဘာအဖွဲ့ဝင်အချင်းချင်းစုစည်းကာ ယနေ့တက်ရောက်ရသည့် အတွေ့အကြုံများအားပြောပြစေခဲ့ပြီး တက်ရောက်လာသူတိုင်းနီးပါးမှာ မိမိကိုယ်ကိုယ် မနက်ဖြန်တွင် နိုင်ငံခြား ခရီးစဉ်သွားရမည့် ဒါရိုက်တာတဦးအဖြစ် အထင်ရောက်သွားကြသည်
ကို တွေ့မြင်ရသည်။

MCC တွင် ကျင်းပသည့် ကျပ် ၅၀၀၀ ပွဲစဉ်တက်ရုံဖြင့် လူ့ဘ၀ကြီးတွင် မသေဆုံးသင့်သေးကြောင်းနှင့် ၂၀၁၅ စက်တင်ဘာ ၁၃ ရက် ကန်တော်ကြီးပတ်လမ်းရိ Dolphin စားသောက်ဆိုင်တွင် ပြုလုပ်မည့် သင်တန်းကို တက်ရောက်ပြီးမှသာ လူ့ဘ၀သည် သေဆုံးသင့်သည်ဟုဆိုပြန်၏။

ယင်းသင်တန်းတက်ရောက်ရန် လက်မှတ် တစောင် ကျပ် ၁၅၀၀၀ ပေးရမည်ဖြစ်ပြီး လက်မှတ်အကန့်အသတ်ဖြင့်သာ ရောင်းချသောကြောင့် အမြန်ဝယ်ယူ သင့်သည်ဟု အကြံပြုပြန်၏။ ယင်းအတွက် Dolphin စားသောက်ဆိုင်တွင် တက်ရောက်ခွင့်လက်မှတ်တစောင် ၀ယ်ယူခဲ့ပြီး လေ့လာဦးမည်ဟု စိတ်ပိုင်းဖြတ်ထားသည်။

 ပွဲတက်ပြီး သူများ၏အပြန် မျက်ဝန်းများ၌ မကြာမီ သူဌေးဖြစ်ရတော့မည့် အရိပ်အယောင်များအား မြင်တွေ့နေရပြီး အားလုံးသည် တက်ကြွနေကြသည်။ ထိုင်း နိုင်ငံမှ လာရောက်ရှင်းပြသည်များကို စကားပြန်များမှတဆင့် အားတက်သရော နားထောင်နေသော လူအုပ်စု များလည်း ဟိုတစု ဒီတစု တွေ့မြင်နေခဲ့ရသည်။

MLM ခေါ် ဈေးကွက်ဆင့်ပွားစနစ်သည် မြန်မာနိုင်ငံ၌ ယခင်ကလည်းရှိခဲ့ဖူးရာ အဆုံးသတ်၌ အလိမ်အညာ များဖြင့် အချည်းနှီးသာ ပြီးဆုံးခဲ့သည်များကို သတိရမိ၏။ ဆင့်ပွားဈေးကွက်၏သဘောအရ လူတဦးအဖွဲ့ဝင်ပြီး ပါက မိမိလက်အောက်တွင် လူငါးဦး ထပ်မံရှာဖွေစုဆောင်းပြီး ၎င်းငါးဦးမှ လူငါးဦးစီ ထပ်မံရှာဖွေပေးရခြင်း ဖြစ်သည်။ ဈေးကွက်ဖြန့်ဖြူးသည့်ကုမ္ပဏီမှ စားသုံးသူအထိ အဆင့်များဖြတ်သန်းရသည်။

 နောက်ဆုံး စားသုံး သူများအတွက် ထုတ်လုပ်သည့်ဈေးနှုန်းထက် များစွာမြင့်မားသည့်ဈေးနှုန်းဖြင့် ၀ယ်ယူစားသုံးရခြင်းဖြစ်သည်။ အကျိုးခံစား ခွင့်ရှိသည်ဟုဆိုသော်လည်း အထက်အဆင့်ဆင့်မှ အောက်ခြေသို့ အမြတ်များစွာယူသည့် လုပ်ငန်း စဉ်ဖြစ်သည်။ ၎င်းတို့ တင်ဆက်မှုများတွင်လည်း အကျိုးအမြတ်များရသည်ကို မစားရ၀,ခမန်းကြားနေရ၏။

 မြန်မာနိုင်ငံတွင်လည်း တရားဝင်သည်ဟု ပြောကြားပြီး MLM ဖြင့် လုပ်ကိုင်ခွင့် မည်သည့်ဌာနမှပေးခဲ့သည် ဆိုခြင်းကို တလုံးတပါဒမှ ထည့်သွင်းပြောကြား
ထားခြင်းမရှိပေ။ ကမ္ဘာ့နိုင်ငံ ၄၅ နိုင်ငံတွင် လုပ်ကိုင်နေသော လုပ်ငန်းဟု ပြောကြားထားပြီး ယင်း ၄၅ နိုင်ငံအနက် မြန်မာပြည်၏
 ရောင်းအားသည် အဆင့်-၁ ဖြစ်သည်ဟု ဂုဏ်ယူဝင့်ကြွားစွာ
 ပြောကြားထားသည်။

စက်တင်ဘာ ၁၃ ရက် Dolphin စားသောက်ဆိုင်တွင် ကျင်းပသောသင်တန်းသည် သင်တန်းသား အဆင့် သုံးဆင့်ခွဲထားပြီး ပထမဦးဆုံးတက်ရောက်လာသူများအား Class-1 အဖြစ်သတ်မှတ်ထားသည်။

ယင်း Class-1 တက်ရောက်လာသူများအား မိမိတို့သည် ငါးနှစ်သား ကလေးငယ်တဦးအဖြစ် ခံယူထားရန်လည်း ညွှန်ကြား ထားသည်။
သင်တန်း၏ အဓိကရည်ရွယ်ချက်အဖြစ် How to Get Start ခေါင်းစဉ်ဖြင့် အချက် ၈ ချက်အား သင်ပြပေး သည်။

သင်ကြားသည့် ပုံစံမှာလည်း အောင်မြင်ခဲ့သည့်သူများ၏ အတွေ့အကြုံများအား ယမန်နေ့ကကဲ့သို့ပင် အချက် ၈ ချက်ဖြင့် တင်ဆက်ခဲ့သည်။ သင်တန်း Class သုံးခုတွင် လူဦးရေစုစုပေါင်း ၇၀၀၀ ခန့် တက်ရောက် ကြသည်။ လူတဦးလျှင် ကျပ် ၁၅၀၀၀ ပေးရပြီး အခန်းထဲတွင် ၎င်းတို့စိတ်ကြိုက် Marketing လုပ်နိုင်သည့် အရည်အချင်းသည်လည်း မသေးဟု ခံစားမိ၏။

သင်တန်းတွင် အချက် ၈ ချက်ကို နံနက် ၈ နာရီမှ ညနေ ၄ နာရီထိ သင်ကြားမည်ဖြစ်ရာ ပရိသတ်အား ငြီးငွေ့မှုမရှိစေရန် Marketing လုပ်နိုင်သည်က အံ့သြဖွယ်ပင် ဖြစ်၏။

စတင်ရင်းနှီးမြှုပ်နှံမှုအတွက် ၁၀၀ PV အတွက် ကျပ် တသိန်းကျော်ဖိုး၊ ၂၀၀ PV အတွက် ကျပ်သုံးသိန်း ကျော်ဖိုး၊ ၅၀၀ PV အတွက် ကျပ်ရှစ်သိန်းကျော်ဖိုး စာရင်းဖွင့်နိုင်ပိတ်နိုင်သည်ဟု ဆိုသည်။ ယင်းအချက် ၈ ချက် ပါ အိပ်မက်နှင့် ပန်းတိုင်ရရှိခြင်းက လူများနှင့် တိုင်ပင်အလုပ်လုပ် ခြင်းများစသည်တို့ ပါဝင်သည်။
အောင်မြင်ပြီးသား လူများ၏အတွေ့အကြုံများနှင့်ယှဉ်ကာ တင်ဆက်ခဲ့ပြီး ထိုင်းနိုင်ငံမှ အမျိုးသမီးများပါ ၀င်ရောက်သင်တန်းပို့ချသည်။

ယင်းအချက်များအတွက် ငါးနှစ်သား၏အတွေးအခေါ် အယူအဆဖြင့် လက်ခံရန် လမ်းညွှန်မှုပေးခဲ့သည်။ အောင်မြင်ခဲ့သူများ၏ရလဒ်များအား လိုချင်ပါက သူတို့လုပ်ဆောင်ခဲ့သည့် လမ်းစဉ် အတိုင်း အလွယ်တကူလုပ်ဆောင်နိုင်ရန် ညွှန်ပြပြီး ယခုသင်တန်းတက်ပြီးပါက Class-2 သို့ တက်ရောက်ရန် ဖြစ်ပြီး မတက်ရောက်ဖြစ်လျှင် ဒီတသက် မသေထိုက်သေးကြောင်းနှင့် ယင်းထက်ပိုပါက ထိုင်းနိုင်ငံတွင် ပြုလုပ်မည့် Camp ကပို၍ တက်ထိုက်ပြီး ယင်း Camp မတက်ရောက်လျှင်လည်း ဒီဘ၀၌ မသေထိုက်သေးဟု ဆိုရိုးစကားပင်ရှိသည်ဟု ဆိုပြန်သည်။

ထိုအတွေ့အကြုံများ ပြောကြားချိန်တွင် ပုဂံမှလာသူများ၊ မန္တလေးမှ၊ သရက်မှ စသဖြင့် နိုင်ငံ၏ နေရာအနှံ့ အပြားမှလာသူများအား တွေ့မြင်ခဲ့ရသည်။ ယင်းအထဲမှ ကိုရီးယားသို့သွားရန် စီစဉ်ထားသူများလည်း ခရီး စဉ်အား ဖျက်လိုက်သည်။

 လက်ရှိရန်ကုန်တွင် သိန်းဆယ်ချီဝင်နေသော ၀န်ထမ်းများလည်း အလုပ်ထွက်တော့ မည်။ လမ်းဘေးဈေးရောင်း သူများလည်း ဈေးရောင်းခြင်းထက် ယခုအလုပ်အား ဇောက်ချလုပ်တော့မည် စသဖြင့် လက်ရှိရည်ရွယ်ချက်ထက် ဘ၀အချိုးအကွေ့အဖြစ် Network Marketing လုပ်တော့မည်ဟု ဆုံးဖြတ်ကြသည်။

 အားလုံးသည် မိမိကိုယ်ကိုယ် ဒါရိုက်တာဟု အထင်ရောက်ရှိသွားကြပြီး ၎င်းထက်အဆင့် မြင့်သည့် ရာထူးများအား တဆင့်ချင်းတက်ရောက်နိုင်မည်ဟု အထင်ရှိနေကြလေသည်။

ကျွန်တော်သည် ဒေးကာနက်ဂျီ၏စာအုပ် နိုင်ငံတော်ဝန်ကြီးချုပ်ဟောင်းဦးနု ဘာသာပြန်သွားသည့် လူပေါ်လူ ဇော်လုပ်နည်း (၀ါ) မိတ္တဗလဋီကာကိုသာ သွားသတိရမိသည်။

Network Marketing လုပ်ငန်းသည် ၎င်းတို့ပြောသကဲ့သို့ လူသားများ၏ဘ၀အား အမှန်တကယ်ပြောင်းလဲ ခွင့်ရမည်လော၊ ၎င်းလုပ်ငန်းကြောင့် တိုင်းပြည်၏ အပေါင်းလက္ခဏာဆောင်သည့်ရလဒ် အမှန်တကယ်ရမည် လော၊ နိုင်ငံပေါင်း ၄၅ နိုင်ငံထက် အဆင်းရဲဆုံးစာရင်းဝင် မြန်မာနိုင်ငံက အဘယ့်ကြောင့် ရောင်းအား နံပါတ်-၁ ဖြစ်ရသလဲ၊ MLM သည် မြန်မာနိုင်ငံတွင် အမှန်တကယ် လုပ်ကိုင်ခွင့်ရှိ၊ မရှိ မည်သူ့ခွင့်ပြုချက်ရခဲ့သလဲစသည့် မေးခွန်းများအပြင် ယခင်က သာဓကပေါင်းများစွာအား ဆင်ခြင်မိပြီး MLM ဈေးကွက်အတွက် စိုးရိမ်မှုများ ရှိလာခဲ့ပါသည်။ မကြာမီ ရန်ကုန်မြို့လယ်ကောင် (ဆာကူရာတာဝါအတွင်း) ကျပ်သန်းပေါင်းများစွာ လိမ်လည်သွား သည်ကိုပင် အသာတကြည်ခွင့်ပြုခဲ့သည်။

 ယင်းထုတ်ကုန်များ၏ ကောင်းခြင်း၊ ဆိုးခြင်းအား မဝေဖန်လိုသော်လည်း MLM ၏ လူတိုင်းချမ်းသာခွင့်ရှိနိုင်သည်ဆိုသည့် ဆွဲဆောင်မှုအတွက်
 မေးခွန်းထုတ်စရာဖြစ်နေသည်မှာ အမှန်ပင်ဖြစ်သည်။

မိမိအား ပွဲအတွင်းသို့ ခေါ်ယူခဲ့သူအား စကားတခွန်းသာ ပြောခဲ့မိသည်။ ''ကိုယ့်ယုံကြည်ချက်ကိုတော့ မစွန့် လွှတ်ပါနဲ့၊ ဒါပေမဲ့ ကျွန်တော့်ကိုလည်း မစည်းရုံးပါနှင့်''ဟုသာ ပြောခဲ့မိသည်။ ကောင်းလွန်းလျှင် အမှန်မဖြစ်နိုင်-
 ‘Too good to be true’ ဆိုသော အင်္ဂလိပ်စကားကိုလည်း သတိရမိသည်။

ကိုခက်
News Watch စောင့်ကြည့်သတင်းဂျာနယ်

၂၀၁၅ စက်တင်ဘာလ News Watch (စောင့်ကြည့်)သတင်းဂျာနယ် တွင် ဖော်ပြခဲ့သော ဆောင်းပါးအားပြန်လည်ဖော်ပြသည်။

Friday, September 9, 2016

12-sign Zodiac or 13-sign Zodiac?

(၁၂)ရာသီလား၊ (၁၃)ရာသီလား?
12-sign Zodiac or 13-sign Zodiac?
==============================


အခု Facebook မှာ Share နေကြတဲ့ ရာသီခွင်အသစ် (၁၃) ရာသီ ဆိုတာ အခုမှ ပေါ်လာတဲ့ အယူအဆအသစ် မဟုတ်ပါဘူး။ NASA အတွက် အထူးအဆန်းကိစ္စ တစ်ခုလည်း မဟုတ်ပါဘူး။ အကြောင်းအရာ အဟောင်းကြီးဖြစ်ပါတယ်။ သတင်း Page စာမျက်နှာတွေမှာ ရေးကြလို့ အခုမှ လူတွေ သိလာကြတာဖြစ်ပါတယ်။ နှစ်ပေါင်း ၂၀၀၀ အတွင်း ပထမဦးဆုံးဆိုတာ တောင်ပါပါတယ်။ Subject ကို နည်းနည်း အမွှန်းတင်ရေးကြတဲ့ သဘောပါ။

တကယ်ဆို ရာသီစက်က (၁၃) ရာသီတောင် မဟုတ်ပါဘူး။ (၁၄)ရာသီ တောင် ရှိပါတယ်။ ကျွန်တော်တို့ မသုံးကြတာပါ။ ရှင်းပြပါ့မယ်။

ရာသီစက်ဝန်း Zodiac ဆိုသည်မှာ နေသွားလမ်းကြောင်း Ecliptic ရဲ့ မြောက်ဖက် ၈ံဒီဂရီနဲ့ တောင်ဘက် ၈ံဒီဂရီအတွင်းမှာ တည်ရှိနေတဲ့ ကြယ်စုများကို ၃၀ံ ဒီဂရီကို ရာသီတစ်ခုအနေနဲ့ ရာသီ(၁၂)ခု ခွဲခြားပြီး မိဿရာသီကနေစပြီး မိန်ရာသီအထိ သတ်မှတ်ထားကြတာ ဖြစ်ပါတယ်။

ကျွန်တော်တို့အားလုံး သိနေတာက ဒီ (12-sign Zodiac) ဖြစ်ပါတယ်။ ဒါက မူလ ရာသီစက်ဝန်း Main Theory ဖြစ်ပါတယ်။

Ophiuchus ကြယ်စုအကြောင်း
------------------------------------------

Ophiuchus (Oh-fee-YOU-cuss) နာမည်ရှိတဲ့ ကြယ်စုဟာ နဂါးငွေ့တန်း Milky Way ကြယ်စုရဲ့ အနောက်မြောက်ဘက်မှာ တည်ရှိပါတယ်။ Aquila ကြယ်၊ Serpens ကြယ်နဲ့ Hercules ကြယ်များ အကြားမှာ တည်ရှိပါတယ်။ Ophiuchus ကြယ်စုရဲ့ တောင်ဘက်အခြမ်း ဟာ ဗြိစ္ဆာရာသီ Scorpius ရဲ့ အနောက်နဲ့ ဓနုရာသီ Sagittarius ရဲ့ အရှေ့ဘက်ကြားမှာ တည်ရှိပါတယ်။

Ohpiuchus “Serpent-bearer” ကြယ်စုကို ၁၉၃၀ ခုနှစ် ထဲက IAU (International Astronomical Union) က သတ်မှတ်ထားတာ ဖြစ်ပါတယ်။

Ophiuchus  ကြယ်စုရဲ့  သင်္ကေတကတော့ လူတစ်ယောက်က မြွေတစ်ကောင်ကို ဆုပ်ကိုင် ထားတဲ့ ပုံစံဖြစ်ပါတယ်။ Ohpiuchus ကြယ်စုမှာပါတဲ့ လူရဲ့ခြေထောက်များက နေသွားလမ်းကြောင်းကို ထိနေတာမို့ ဒီကြယ်စုကိုလည်း ရာသီစက်ဝန်းထဲ ထည့်သွင်းသင့်တယ်လို့ စတွေးကြတာကနေ ဒီရာသီကို ထည့်ပြီး ရာသီစက်ဝန်း Zodiac ကို နောက်လူတွေက တိုးချဲ့ချင်လာကြတာဖြစ်ပါတယ်။ ဒီလို အိုင်ဒီယာတွေက Modifiy Theory တွေ ဖြစ်ပါတယ်။ အဲဒီ့ကြယ်စုကိုပဲ ရာသီတစ်ခု အနေနဲ့ အချို့က ယူဆကြတာ ဖြစ်ပါတယ်။

ဒီအိုင်ဒီယာတွေက ဘယ်က စပြီး ဖြစ်ပေါ်လာသလဲ ဆို - ၁၉၇၀ ခုနှစ် မှာ Stephen Schmidt ဆိုသူက က ရာသီစက်ဝန်း Zodiac ကို ရာသီ ၁၄-ခု (Ohpichus ကြယ်စုနဲ့ Cetus ကြယ်စုကို ရာသီတစ်ခုစီ အနေနဲ့ ထည့်ပြီး) (၁၄-ရာသီစနစ်) (14-sign zodiac) လုပ်ဖို့ အကြံပေးတာကနေ စပါတယ်။

အဲဒီ့ အိုင်ဒီယာကို အခြေခံပြီး Walter Berg နဲ့ Mark Yazaki တို့က ၁၉၉၅ ခုနှစ်မှာ (၁၃)ရာသီ 13-sign zodiac လုပ်ဖို့ အကြံပေးကြပါတယ်။ အဲဒီအိုင်ဒီယာတွေက ဂျပန်မှာတော့ ခေတ်စားပါတယ်။ ကျန်တဲ့ တိုင်းပြည်တွေမှာတော့ ခေတ်မစားပါ။ ခေတ်စားရသော အကြောင်းတွေကိုလည်း စာဆက်ဖတ်ရင် သိလာကြမှာပါ။

Ohpiuchus ကြယ်စုရဲ့ သမိုင်းကြောင်း
----------------------------------------------------

Ohpiuchus ကြယ်စုရဲ့ သမိုင်းကြောင်းလေးက စိတ်ဝင်စားစရာပါ။

Ohpiuchus ကြယ်စုကို ဂရိတွေရဲ့ အေဒီ ၁၀ရာစုခန့်က ပေါ်ပေါက်ခဲ့တဲ့ Marcus Manilius ဆိုတဲ့ နက္ခတ်ဒဏ္ဍာရီကဗျာထဲကနေ စတင် ဖော်ပြထားတာ ဖြစ်ပါတယ်။

ကဗျာထဲမှာ Ophiuchus ကြယ်စုရဲ့ မြွေနဲ့အဆိပ်ကို ပြီးစေတဲ့အကျိုးသက်ရောက်မှုတွေကို ဖော်ပြခဲ့ပါတယ်။ ဒီနက္ခတ်နဲ့ ယှဉ်ပြီး မွေးလာတဲ့ လူတွေဟာ ဆရာဝန်တွေ၊ သမားတော်ကြီးတွေ၊ ရောဂါဝေဒနာတွေကို ပျောက်ကင်းစေနိုင်သူတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ရာသီရဲ့ သင်္ကေတက မြွေနဲ့လူသားမို့ အဆိပ်နဲ့ ဆေးဝါးတွေနဲ့ သက်ဆိုင်နေလို့ဖြစ်ပါတယ်။

(၁၃)ရာသီ ဖြစ်လာပုံ
---------------------------

“1930 ခုနှစ် IAU ရဲ့ နက္ခတ်နယ်နိမိတ်သတ်မှတ်ချက်များ” (1930 IAU Constellation Boundaries) ကို အခြေခံပြီး ရာသီစက်ဝန်းကို ရာသီ(၁၃)ခု လုပ်သင့်ကြောင်း အကြံပြုကြပါတယ်။

နေ က နှစ်စဉ် နိုဝင်ဘာလ (၂၉) ကနေ ဒီဇင်ဘာလ (၁၇ )ရက်အတွင်းမှာ Ophiuchus ရာသီကို ရောက်ရှိကြောင်း၊ နိုဝင်ဘာလ (၂၉) ကနေ ဒီဇင်ဘာလ (၁၇)အတွင်းက Ophiuchus ရာသီဖွားဖြစ်ကြောင်း ၁၉၇၀ ခုနှစ်မှာ စာအုပ်တွေ ရေးသားထုတ်ဝေကြပါတယ်။

၁၉၇၀ မှာ Stephen Schmidt ဆိုသူက သူရဲ့ “Astrology 14 advocated  a 14-sign Zodiac” စာအုပ်မှာ Ophiuchus (Dec 6 to Dec 31) နဲ့ Cetus (May 12 to Jun 6) ဆိုပြီး ရာသီအသစ်နှစ်ခုကို ထည့်ပြီး ရာသီစက်ဝန်းကို (၁၄)ရာသီ လုပ်ပါတယ်။

အဲဒီနောက်မှာ ဒီအိုင်ဒီယာကို ယူပြီး Walter Berg က သူ့ရဲ့ “The 13 Signs of the Zodiac (1995) စာအုပ်ကိုရေးပြီး ၁၉၉၆ ခုနှစ်မှာ ဂျပန်မှာ ထုတ်ဝေလိုက်ပါတယ်။
အရောင်းရဆုံးစာအုပ်တစ်အုပ်ဖြစ်လာပြီး Bestseller  ဖြစ်သွားပါတယ်။  ဒီ Berg ရဲ့ (၁၃)ရာသီစနစ်ဟာ ဂျပန်မှာ Pop ဂီတနဲ့အတူ ပြန့်နှံ့သွားပါတယ်။ ဥပမာအနေနဲ့ Final Fantasy Video Game Series နဲ့ အခြား ဂိမ်းစီရီးများမှာပါ ရာသီ(၁၃)ခု စနစ်ကို ယူသုံးကြပါတယ်။ ဒါကြောင့် (၁၃)ရာသီစနစ် ဂျပန်မှာ ခေတ်စားသွားပါတယ်။

၂၀၁၁ ခု ဇန်န၀ါရီလမှာ နက္ခတ္တဗေဒပညာရှင် Astronomer Parke Kunkle က “The 13th Zodiac Sign Ophiuchus” ကို စာအုပ်ထုတ်ဝေတဲ့ အတွက် ဒီအိုင်ဒီယာက ပိုပြီး ကျယ်ပြန့်လာပါတယ်။ ဒါကြောင့် ရာသီစက်ဝန်းကို (၁၃)ခု ယူတဲ့ (13 Signs Astrology) ဗေဒင်ပညာစနစ်တစ်ခုလည်း ပေါ်ပေါက်လာပါတယ်။
Ophiuchus ကြယ်စုမှ လူ၏ခြေထောက်များ နေသွားလမ်းကိုထိနေပုံ

နိရာယန၊ သာယန၊ အယန
----------------------------------

နက္ခတ်ဗေဒင်မှာ အရှေ့တိုင်းနည်းစနစ် နဲ့ အနောက်တိုင်းနည်းစနစ်များဟာ အတွေးအခေါ်အယူအဆ အိုင်ဒီယာများ မတူညီကြပါ။ ကွဲပြားခြားနားစွာ မှတ်သားရပါတယ်။

ခက်ခဲတဲ့ နက္ခတ္တဗေဒ သဘောတရား စကားလုံးတွေကို မသုံးပဲ အရပ်သားနားလည်အောင် ကြိုးစားပြီး ရှင်းပြကြည့်ပါမယ်။

ကျွန်တော်တို့ ငယ်ငယ်က ကျောင်းမှာ သင်ခဲ့ဖူးကြပါမယ်။

ကမ္ဘာသည်မိမိဝန်ရိုးပေါ်တွင် ၂၃ံ ၁/၂  ဒီဂရီတိမ်းစောင်း၍ နေကိုလှည့်ပတ်လျက်ရှိသည်။

အဲဒီလို ကမ္ဘာဟာမိမိဝန်ရိုးပေါ်မှာ တိမ်းစောင်းနေတာကလည်း အချိန်ကာလနဲ့အမျှ တဖြည်းဖြည်းချင်း တိုးလာနေလို့ အခုဆို ၂၄ံဒီဂရီ ရှိနေပြီ ဖြစ်ပါတယ်။

နက္ခတ်ဗေဒင် Astrology မှာ စနစ် နှစ်မျိုးရှိပါတယ်။
Sidereal Astrology (နိရာယနစနစ်) နဲ့ Tropical Astrology (သာယနစနစ်) တို့ဖြစ်ပါတယ်။

အရပ်သားနားလည်လွယ်အောင် ပြောပြရရင် ကောင်းကင်နက္ခတ်အမြင်နဲ့ ကိုက်ညီတဲ့ စနစ်နဲ့ ရာသီဥတုနဲ့ ကိုက်ညီတဲ့ စနစ်လို့ အလွယ်ပြောရပါမယ်။ အဲဒီစနစ်နှစ်ခုရဲ့ ကွာခြားချက်ကတော့ (တိမ်းစောင်းထောင့်) (Precession of the equinoxes) တစ်နည်းအားဖြင့် အယနအံသာ ဖြစ်ပါတယ်။

စနစ်နှစ်မျိုးကို သူ့နေရာနဲ့ သူ အသုံးပြုကြရပါတယ်။

အရှေ့တိုင်းဗေဒင်ပညာက ကောင်းကင်အမြင်နဲ့ကိုက်ညီတဲ့ နိရာယနစနစ် Sidereal Astrology ကို အသုံးပြုပြီး၊ အနောက်တိုင်းဗေဒင်ပညာက ရာသီဥတုနဲ့ ကိုက်ညီတဲ့ သာယနစနစ် Tropical Astrology ကို အသုံးပြုကြပါတယ်။

ကမ္ဘာကို ၂၃ံ ၁/၂ ဒီဂရီ စောင်းကြည့်တာနဲ့ ကမ္ဘာကို မစောင်းပဲ တည့်တည့်ထား ကြည့်တာမျိုး ဖြစ်ပါတယ်။

(တကယ်တော့ အရှေ့တိုင်းနည်းစနစ်အရ  ၂၀၁၁ ခုနှစ် ဧပြီလကစပြီး (တိမ်းစောင်းထောင့်) အယန ၂၄ံ အံသာကွာခြားချက်ရှိလို့ စနစ်နှစ်မျိုးဟာ တစ်ခုနဲ့တစ်ခုဟာ ၂၄ ရက်ခန့်ကွာနေပြီး ဖြစ်ပါတယ်။ နောင် နှစ်ပေါင်းရာချီလာရင် (တိမ်းစောင်းထောင့်) အယနအံသာဟာ တိုးလာမှာမို့ ၂၅ံဒီဂရီ ကွာလာရင် ၂၅ ရက်ခန့်ကွာပါမယ်။ ၂၆ံ ဒီဂရီ ကွာလာရင် ၂၆ံ ရက် ကွာပါမယ်။။

ရာသီစက်ဝန်းသတ်မှတ်ချက် နေသွားရက်စွဲတွေဟာ (တိမ်းစောင်းထောင့်) (Precession of the equinoxes) တစ်နည်းအားဖြင့် အယနအံသာကြောင့် နှစ်ကာလကြာလာရင် ပြောင်းလဲလာမယ်ဆိုတာကို နက္ခတ္တဗေဒပညာရှင်တွေက သိကြပါတယ်။
သာမန်အရပ်သားများကတော့ ဒီအချက်နဲ့ အလှမ်းဝေးလို့ အစိမ်းသက်သက် ဖြစ်နေမှာ ဖြစ်ပါတယ်။

ဘယ်အရာမှ မမြဲပါ
--------------------------

ဦးနေ၀င်းသတ်မှတ်လို့ သင်္ကြန်ကျရက်က ဧပြီ လ (၁၂) ရက်ကနေ (၁၃) ရက် ဖြစ်ရတယ်လို့ ဒယ်အိုး ဆရာတော် ဟောပါတယ် လို့ လွန်ခဲ့တဲ့ နှစ်တွေက  Facebook မှာ ၀ိုင်း Share ကြပါတယ်။

တကယ်တော့ ဦးနေ၀င်းသတ်မှတ်လို့ သင်္ကြန်ကျရက်က  နောက်ဆုတ်လာတာ မဟုတ်ပါဘူး။ နှစ်ကာလကြာလာလို့ သဘာဝတရားအရ တိမ်းစောင်းထောင့် (Precession of the equinoxes) တစ်နည်းအားဖြင့် အယနအံသာတိုးလာလို့ သင်္ကြန်ကျရက် က  ဧပြီလ (၁၂) ရက်ကနေ ဧပြီလ(၁၃) ရက် ဖြစ်လာတာပါ။ နောင် နှစ်ပေါင်း ရာချီ ကြာလာရင် သင်္ကြန်ကျရက်က ဧပြီ လ (၁၄)ရက်၊ နောက်တစ်ခါ ဧပြီ လ (၁၅)ရက် ဖြစ်လာမှာပါ။ ဘယ်သူကမှ သတ်မှတ်လို့မှလည်း မရပါဘူး။ သဘာဝတရားပါ။

အလားတူပါပဲ ရာသီ (Sign) များရဲ့ ရက်စွဲသတ်မှတ်ချက်များဟာလည်း နောင် နှစ်ကာလ ရာချီကြာရှည်လာရင် တိမ်းစောင်းထောင့် (Precession of the equinoxes) တစ်နည်းအားဖြင့် အယနအံသာ တိုးလာလို့ ရက်စွဲတွေက နောက်ကို တစ်ရက်ချင်းစီ ဆုတ်သွားမှာ ဖြစ်ပါတယ်။

ကျွန်တော်တို့ ရဲ့သက်တမ်းမှာတော့ ရာသီဖွားရက်စွဲများဟာ အပြောင်းအလဲ ဖြစ်ဦးမှာ မဟုတ်ပါဘူး။ ဥပမာ မိဿရာသီဖွားဆို မတ်လ ၂၁ ရက်ကနေ ဧပြီလ ၂၀ ရက်ပဲ ရှိနေပါဦးမယ်။

နှစ်ကာလ ရာချီကြာလာပြီး ကျွန်တော်တို့ရဲ့ မြစ်တွေ၊ တီတွေ၊ တွတ်တွေ ခေတ်ကာလ ရောက်ပြီဆိုရင်တော့ တစ်ရက်နောက်ဆုတ်ပြီး မိဿရာသီဖွား ဆို မတ်လ ၂၂ ရက်ကနေ ဧပြီလ ၂၁ ရက် လို့ ပြောင်းလဲ သတ်မှတ်ပေးရမှာ ဖြစ်ပါတယ်။

ဘယ်အရာမှ မတည်မြဲဘူးဆိုတဲ့ ဗုဒ္ဓရဲ့စကားကို သဘာဝတရား (သြကာသလောကကြီး)ကနေ လေးလေးနက်နက် ထောက်ခံပြနေတာ ဖြစ်ပါတယ်။

ရာသီ (Sign) များ ရက်စွဲ သတ်မှတ်ထားပုံ
------------------------------------------------------

အခုတော့ ရာသီ (Sign) များ ရက်စွဲ သတ်မှတ်ထားပုံကို ရှင်းပြပါမယ်။

ဖော်ပြထားတဲ့ ဇယားလေးကို နှိုင်းယှဉ်ပြီး ကြည့်လိုက်ရင် ရှင်းသွားပါမယ်။

ဥပမာအားဖြင့် - Aries မိဿရာသီ ဟာ Tropical Zodiac မှာ မတ်လ ၂၁ ရက်နေ့ကနေ စ၀င်ပါတယ်။ မတ်လ ၂၁ ရက်ကနေ  ဧပြီလ ၂၀ ရက်နေ့ အထိ ဖြစ်ပါတယ်။

Aries မိဿရာသီ ဟာ Sidereal Zodiac မှာ ဧပြီလ ၁၅ ရက်ကနေ စ၀င်ပါတယ်။ မေလ ၁၅ ရက်နေ့အထိဖြစ်ပါတယ်။

(စကားချပ်အနေနဲ့…. ဒီနေရာမှာ လတစ်လမှာ နေသွားရက် ၃၀ ရက်ရှိတယ်လို့ ယူဆရပါမယ်။ တစ်နှစ်မှာ နေသွားရက် ၃၆၀ ရက် ရှိပါတယ်။ ပြက္ခဒိန်ရက် ၃၆၅ ရက်နဲ့ မယူရပါ။

စက်ဝိုင်းတစ်ပတ်ပြည့်အောင် လုပ်နေတာမို့ (စက်ဝိုင်းတစ်ခုဟာ ၃၆၀ံ ဒီဂရီ ရှိတယ်လို့ သတ်မှတ်ထားလို့) ၃၆၀ံ ဒီဂရီကို ၁၂ ရာသီနဲ့ဝေပုံချ စားကြည့်လိုက်ပြီး၊ တစ်ရာသီကို ၃၀ံ ဒီဂရီနဲ့ပဲ တွက်မှာပါ။ တစ်နည်းအားဖြင့် နေသွားရက် (၃၀)ရက် နဲ့ပဲ တွက်ရမှာပါ။ မတ်လ (၃၁)ရက်လို့ မယူရပဲ မတ်လ (၃၀)ရက် လို့ပဲ ယူရပါမယ်

တစ်ရာသီကို နေသွားရက် (၃၀)ရက်လို့ ယူဆပြီး တွက်ရပါတယ်။)

အဲဒီတော့

Aries မိဿရာသီရဲ့ အစ ဧပြီလ ၁၅ ရက်နဲ့ မတ်လ ၂၁ ရက်ကို ခြားနားကြည့်ရင် ၂၄ ရက် ရပါတယ်။ ဒါ ကျွန်တော် အခုနက ပြောနေတဲ့ စနစ်နှစ်ခုရဲ့ ကွာခြားချက် (တစ်နည်းအားဖြင့်) တိမ်းစောင်းထောင့်ဖြစ်ပါတယ်။ အသေးစိတ် နှုတ်ကြည့်တာပေါ့။

မတ်လ ၂၁ ရက်ကနေ မတ်လ ၃၀ ရက်အထိ ၉ ရက်ဖြစ်ပါတယ်။ ၉ ရက်ကို မှတ်ထားပါ။ ဧပြီလဆန်း ၁ ရက်ကနေ ဧပြီလ ၁၅ ရက်အထိက ၁၅ ရက်ဖြစ်ပါတယ်။ ခုန ၉ ရက်နဲ့ အခု ၁၅ ရက်ကို ပေါင်းရင် ၂၄ ရက် ဖြစ်ပါတယ်။

ဒါကြောင့် ကောက်ချက်ချရရင် ၁၂-ရာသီစက်ဝန်းစနစ်မှာ Tropical Zodiac နဲ့ Sidereal Zodiac က ၂၄ ရက် ကွာခြားပါတယ်။

ထင်သာမြင်သာ ဥပမာ ပေးရရင် “Tropical Zodiac”  စနစ်ကို သုံးရေးတဲ့ “စံ-ဇာနည်ဘို အိပ်ဆောင်စာအုပ်လေးတွေ” နဲ့ “Sidereal Zodiac” စနစ်ကို သုံးရေးတဲ့ “အင်းဝ” အိပ်ဆောင်စာအုပ်လေးတွေဟာ ရာသီရက်စွဲ သတ်မှတ်ပုံမတူတဲ့အတွက် စာအုပ်တစ်အုပ်နဲ့ တစ်အုပ် ရက်စွဲ ၂၄ ရက် ကွာနေရခြင်းဖြစ်ပါတယ်။

“Tropical Zodiac”  သာယနစနစ် ရက်စွဲက စောပြီး၊ ရှေ့ရောက်ပြီး၊ Sidereal Zodiac နိရာယနစနစ် ရက်စွဲက ၂၄ ရက် နှောင်းပြီး၊ နောက်ကျပါတယ်။ သာယနစနစ်ကို အယနအံသာ ၂၄ နှုတ်ရင် နိရာယနစနစ် ရရှိပါတယ်။

မိဿရာသီဖွားချင်း တူရင်တောင် စံ-ဇာနည်ဘို စာအုပ်က ၂၄ ရက်စောပြီး၊ အင်းဝ စာအုပ်က ၂၄ ရက် နောက်ကျပါတယ်။

(၁၂)ရာသီလား၊ (၁၃)ရာသီလား?
--------------------------------------

ကျွန်တော်တို့ မြန်မာပြည်အပါအ၀င် တစ်ကမ္ဘာလုံးမှာတော့ Tropical 12-sign Zodiac ပဲ ခေတ်စားပါတယ်။ ဒါကို လူတိုင်းက အပျော်သဘောမျိုး ဖတ်ကြပါတယ်။ Popular ဖြစ်ပါတယ်။

Ophiuchus ရာသီပါတဲ့ 13-sign Zodiac ကတော့ ဂျပန်နိုင်ငံလောက်ပဲ သုံးကြပါတယ်။ World Wide Popular မဖြစ်ပါ။
အခု Facebook မှာ ထပ်ဆင့် တင်ပြနေကြတဲ့ NASA က သတ်မှတ်တဲ့ ရာသီ ရက်စွဲများဆိုတာက တော့ Subject ကို သေသေချာချာ မသိပဲ အပေါ်ရံ နားလည်သဘောပေါက်သလို ဘာသာပြန်ကြရာကနေ လူတွေဖတ်မိကြပြီး သို့လော သို့လော ဖြစ်ကြတာ ဖြစ်ပါတယ်။

အနှစ်ချုပ်ပြောရရင်တော့

(၁၃) ရာသီစနစ်က ၁၉၉၅ ခုနှစ်ကထဲက ရှိနေပြီးဖြစ်တဲ့ Modified Theory စနစ်တစ်ခုဖြစ်ပါတယ်။ သူ့ကို အသုံးပြုမှုက မကျယ်ပြန့်ပါ။ ဂျပန်နိုင်ငံမှာပဲ ရှိပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံအပါအ၀င် တစ်ကမ္ဘာလုံး ကျယ်ကျယ်ပြန့်ပြန့် သုံးနေတာကတော့ Main Theory ဖြစ်တဲ့ ၁၂ ရာသီစနစ်သာ ဖြစ်ပါတယ်။

(၁၂ )ရာသီစနစ်ရဲ့ ရာသီဖွားရက်စွဲတွေ ပြောင်းလဲသွားတာ မဟုတ်ပါဘူး။ လက်ရှိ သိနေကြတဲ့အတိုင်းပဲ ဖြစ်ပါတယ်။
Facebook မှာ Share နေကြတာက  (၁၃)ရာသီစနစ် ဖြစ်ပါတယ်။

(၁၂)ရာသီစနစ်နဲ့ (၁၃)ရာသီစနစ်ရဲ့ ကွာခြားပုံကိုဇယားမှာ နှိုင်းယှဉ်ကြည့် နိုင်ပါတယ်။ အသေးစိတ် သိရှိလိုသူများက Wikipedia မှာ Zodiac လို့ရိုက်ထည့်ပြီး ရှာကြည့်နိုင်ကြပါတယ်။

ပညာရပ်တစ်ခုဆိုတာ သူ့အယူအဆနဲ့သူ၊ ကိုယ့်အယူအဆနဲ့ကိုယ် ဖြစ်ပါတယ်။ ကိုယ်မှန်မယ်ထင်တာ ကိုယ်ယူဆခွင့်ရှိပြီး၊ ကိုယ့်အကြိုက်နဲ့ ကိုယ် နေခွင့်လည်း ရှိပါတယ်။ ဒီမိုကရေစီပါ။

ဒီ အကြောင်းအရာနဲ့ ပတ်သက်ပြီး ငြင်းကြ ခုံကြ၊ ဆွေးနွေးနေကြသူများအတွက် ကျွန်တော့် ဆရာဦးကျော်မြင့်(မြန်မာနိုင်ငံဝေဒသုတေသနအဖွဲ့) ပြောပြဖူးတဲ့ ရီစရာမောစရာပေမယ့် မှတ်သားစရာ ကောင်းလှတဲ့  ဟာသစကားလေးနဲ့ ပဲ နိဂုံးချုပ်ပါ့မယ်။

“ဗေဒင်ဆိုသည်မှာ ရသေ့ရှစ်သောင်း၊ ဆရာအပေါင်းတို့က တစ်ယောက်တစ်မျိုး ပြောဆိုထားသော စကားများဖြစ်သည်။”

လေးစားစွာဖြင့်

အောင်မြင်ဗိုလ်

(ဒေါက်တာအောင်မြင်ဗိုလ်)
(၈-၉-၂၀၁၆)

Thursday, September 8, 2016

iPhone 7 And iPhone 7 Plus Reviews


စက်တင်ဘာလ ၇ ရက်နေ့မှာ Apple ဟာ iPhone 7 နဲ့ 7 Plus တို့ကိုတရားဝင်မိတ်ဆက်ပြသခဲ့ပြီဖြစ်ပါတယ် ။  iPhone မျိုးဆက်သစ်တွေဖြစ်တဲ့ iPhone 7 နဲ့ 7 Plus တို့မှာ အဓိကပြောင်းလဲမှုကြီးတွေပြုလုပ်ပေးထားတာကိုတွေ့ရပါတယ်။  iPhone 7,7 Plus  မှာဘာတွေပါဝင်လာသလဲ ၊ 6s နဲ့ယှဉ်လိုက်ရင်ဘာတွေပြောင်းလဲမှုရှိလဲဆိုတာကိုကျွန်တော်လေ့လာသုံးသပ်ထားပြီးသလောက်ပြောပြပေးသွားပါမယ်။

iPhone 7,7 Plus Review By Thet Naing Soe (Myanmar Mobile App) , Photo: The Verge

ဖုန်းရဲ့အရောင် နဲ့ ဒီဇိုင်းပိုင်း
————————
iPhone 7 နဲ့ 7 Plus ကို အရောင်အနေနဲ့ Silver,Gold,Rose Gold, Jet Black, Black  စတဲ့အရောင်ငါးမျိုးနဲ့ထုတ်လုပ်ပေးထားပါတယ်။ ယခင် iPhone တွေမှာမရှိခဲ့ဖူးတဲ့ အရောင်အသစ်အနေနဲ့ကတော့  Jet Black နဲ့ Black စတဲ့အရောင်တွေဖြစ်ပါတယ်။ ဒီအရောင်သစ် ၂ မျိုးဟာ Space Grey အရောင်နေရာမှာအစားထိုးပေးလိုက်တဲ့အရောင်သစ် ၂ မျိုးပါ။ အသစ်စက်စက် ချောမွေ့ တောက်ပတဲ့ ပုံစံကိုတော့ Jet Black လို့ ခေါ်ပါတယ်။ ဒါပေမယ့်လည်း သိပ်မတောက်ပ တဲ့ ဂန္တဝင်အနက်ရောင် အသွင်ပြင်ကို ပေးပါတယ်။ ပြောခဲ့တဲ့အတိုင်း ဒီဖုန်းမှာ မထင်ရှားတဲ့ antena လိုင်းတွေနဲ့ တောက်ပတဲ့ Apple ရဲ့ လိုဂိုတစ်ခု ထွင်းပြီး ပါရှိပါတယ်။ဒီဖုန်းကို ရွှေရောင် ၊ နှင်းဆီရွှေရောင် နဲ့ ငွေရောင်တွေနဲ့ လည်း ဝယ်ယူရရှိနိုင်ပါတယ်။

iPhone 7 နဲ့ 7 Plus ဒီဇိုင်းပုံစံကတော့ မထွက်ခင်ကာလ Online ပေါ်မှာပျံနှံ့ခဲ့တဲ့အတိုင်းပဲဖြစ်ပါတယ်။ iPhone 7 မှာနောက်ထပ်သိသာထင်ရှားတဲ့ဒီဇိုင်းပြောင်းလဲမှုအနေနဲ့ဆိုရင် နားကြပ်ပေါက်မပါရှိတော့ခြင်းပါပဲ။ နားကြပ်ကို Lightning Connector ခေါင်းနဲ့ ပြုလုပ်ပေးထားပြီး ဖုန်းဂျပ်ဗူးထဲမှာတစ်ပါတည်းပါဝင်မှာပါ။ သာမန်နားကြပ်ခေါင်းကို iPhone 7 မှာတပ်သုံးချင်သူတွေအတွက်လည်းအဆင်ပြေအောင် Lightning to 3.5mm Dongle လေးတစ်ခုကိုလည်းဖုန်းဂျပ်ဗူးထဲမှာတစ်ပါတည်းထည့်ပေးထားမှာပါ။ ဖုန်းရဲ့ကိုယ်ထည်ပိုင်းမှာလည်း iPhone 6s စီးရီးတွေမှာအသုံးပြုထားတဲ့ 7000 series Aluminum သတ္တုကိုပဲဆက်လက်အသုံးပြုထားပါတယ်။ iPhone 6 နဲ့ 6s တွေတုန်းကလို ဖုန်းနောက်ကျောဘက်ခြမ်းမှာ ထည့်ထားတဲ့ အဖြူရောင် Antenna လိုင်းစင်းတွေကို ဖုန်းရဲ့အထက်နဲ့အောက် ဘေးဘောင်နေရာတွေကိုရွှေ့ပြီး ဒီဇိုင်းနည်းနည်းပြန်ဆန်းသစ်ပေးလိုက်တာကိုလည်းတွေ့ရပါတယ်။

Screen အရွယ်အစား နဲ့ ရုပ်ထွက်အရည်အသွေး
———————————————————
iPhone 7 ရဲ့ Screen အရွယ်အစားကတော့ Screen size ၄.၇ လက်မဖြစ်ပြီး ၊ iPhone 7 Plus ကတော့ Screen size ၅.၅ လက်မပါ။ ယခင် iPhone 6s,6s Plus နဲ့ Screen size အတူတူပါပဲ။ ရုပ်ထွက်အရည်အသွေးအနေနဲ့ iPhone 7 ဟာ 750 x 1334 pixels pixel အရည်အသွေးရှိ Retina HD Display ကိုတပ်ဆင်ထားပါတယ်။ iPhone 7 Plus မှာတော့ 1080 x 1920 pixels အရည်အသွေးရှိ Retina HD Display ကိုတပ်ဆင်ထားပါတယ်။  ဒါကြောင့် iPhone 7 ရဲ့ Screen Resolution အရောင်အသွေးဟာသဘာဝကျတဲ့အရောင်အသွေးခံစားချက်ကိုပေးစွမ်းနိုင်မှာပါ။ iPhone 6s မှာသုံးထားတဲ့ Display ထက် ၂၅ ရာခိုင်နှုန်းအရောင်အသွေးပိုမိုတောက်ပမှုရှိပါတယ်။

Home Button
—————————————————————
အခု iPhone 7 နဲ့ iPhone 7 Pus မှာပါဝင်လာမယ့် Home Button ကတော့
Non-mechanical အမျိုးအစားဖြစ်ပါတယ် Non-mechanical လို့ဘာကြောင့်
ခေါ်သလဲဆိုတော့ ရုပ်ပိုင်းဆိုင်ရာအရ ရွေ့လျားမှုမရှိတော့လို့ပါ တစ်နည်းအား
ဖြင့် အသေပါ (Force Sensitive Static Version) နှိပ်လိုက်ရင် အရင်လိုကျွံဝင်သွားမှာမဟုတ်ပါဘူး ။ ဒါပေမယ့်သုံးစွဲတဲ့ User ကတော့ Home Button မှာသုံးထားတဲ့ Taptic Engine ကြောင့် Home Button နေရာကိုနှိပ်လိုက်တဲ့အခါ ပြန်ကန်ထွက်လာတဲ့ Feeling (Vibration) ကိုခံစားရမှာဖြစ်ပါတယ်။ Apple ဟာ Taptic Engine API ကို သုံးပြီး Quick Actions ၊ Messages ၊ Notifications ၊ Ringtones အစရှိတဲ့ features တွေကို သုံးတဲ့အခါ ခံစားမှုသစ် အတွေ့ အကြုံသစ်တွေ ဖန်တီးပေးဖို့ အက်ပလီကေးရှင်းတွေ ကို လုပ်ခွင့်ပြုထားပါတယ်။

Storage
——————
Storage အနေနဲ့ iPhone 7 နဲ့ 7 Plus မှာ 16GB Storage မပါဝင်တော့ဘဲ 32GB  , 128GB, 256GB ဆိုပြီး Storage ၃ မျိုးနဲ့ပွဲထုတ်လာပါတယ်။

Processor
—————————
iPhone 7,7 Plus တို့မှာ A10 Fusion Chipset ကိုတပ်ဆင်ပေးထားပါတယ်။ 64 Bit four-core processor အမျိုးအစားဖြစ်ပါတယ်။ iPhone 6s ထက် ၄၀ ရာခိုင်နှုန်းပိုမြန်မှာပါ။

Operating System
——————————
 iPhone 7 , 7 Plus တို့ဟာ Apple ရဲ့ နောက်ဆုံးထွက် iOS 10 version နဲ့လာမှာဖြစ်ပါတယ်။

Camera
——————
         iPhone 7 ရဲ့ ကင်မရာပိုင်းမှာတော့ အားလုံး အသစ်ဖြစ်နေပါတယ်။
 iPhone 7 ဖုန်းအားလုံးမှာ အခုဆို အမြင်ပိုင်း ပုံရိပ်တည်ငြိမ်မှု ရှိထားပြီး အလင်းကို ၅၀% ပိုဝင်စေတဲ့ ပိုပြီး ကျယ်တဲ့ f/1.8 မှန်ဘီလူး၆ပိုင်း ပါရှိထားပါတယ်။ Sensor ကလည်း ၆၀% ပိုမြန်ပြီး 6s Camera က sensor ထက် ၃၀% ပိုမို ထိရောက်မှု ရှိပါတယ်။ အခုဆို ကင်မရာဟာ မီးရောင်အလင်းတုတွေအောက်မှာ ဓါတ်ပုံရိုက်တာတို့ ကွန်ပျူတာစကရင်ပေါ်က ဓါတ်ပုံတွေကို တဖျပ်ဖျပ်ဖြစ်မနေအောင် လုပ်ပေးတဲ့ flicker sensor တစ်ခု ပါရှိပါတယ်။

 Apple ရဲ့ အသစ်စက်စက် single processor ကို A10 chips တွေထဲမှာ ဖွဲ့ စည်းပြီး ကင်မရာရဲ့ settings ကိုလည်း ချိန်ညှိပေးပြီး 25 milliseconds ထဲမှာ ပုံတစ်ပုံကို ဘီလျံပေါင်းရာနဲ့ ချီပြီး လုပ်ဆောင်နိုင်စေပါတယ်။ လုပ်ပေးရမှာက အလင်းဝင်ပေါက် shutter button ခလုပ်လေးကို နှိပ်ပေးဖို့ ပါပဲ။

 တကယ်တော့ အလင်းအားနည်းတဲ့ ဓါတ်ပုံပညာဟာ အများကြီး တိုးတက်လာပါပြီ ။ အခုဆို ဗွီဒီယို ပုံရိပ်ငြိမ်မှုကို Live Photos တွေမှာ သုံးကြပါတယ်။ အပိုဆု အနေနဲ့  developers တွေဟာ API သစ်များကို သုံးပြီး သူတို့ ရဲ့ အက်ပ်တွေထဲက Live Photos များကို ဖမ်းယူနိုင်ပြီး iPhone 7 ဟာ RAW images များကိုလည်း ပုံရိပ်ဖမ်းနိုင်ပါတယ်။

 iPhone 7 Plus အတွက်မှာတော့ သူ့ မှာ 2x optical zoom အစစ်ချဲ့နိုင်တဲ့ ကင်မရာနှစ်ခု ပါရှိပါတယ်။ ဒီ 2x optical zoom ဟာ ကိုယ်ရိုက်ကူးမယ့်အရာကို အနီးကပ်ဆွဲဖို့ 12 MP သုံး မှန်ဘီလူးနှစ်ခု သုံးထားပါတယ်။ တကယ်တော့ သင့်အနေနဲ့ 2x ကို ကျော်ပြီး အဝေးအနီးဆွဲလို့ ရပေမယ့် digital Zoom (10x အထိ) ဟာ အခုဆို dual-lens စနစ်ကြောင့် software zoom ထက် အများကြီး ပိုမိုကောင်းမွန်တဲ့ ပုံရိပ်ကိုတောင် ထုတ်ပေးပါတယ်။

 နောက်ဆုံးအနေနဲ့ Apple ရဲ့ အင်ဂျင်နီယာတွေဟာ iPhone 7 Plus နဲ့ ဓါတ်ပုံပညာရပ်မှာ အောင်မြင်မှုကြီးတစ်ရပ်ကို ဖန်တီးလိုက်ပါတယ်။ ဒါကတော့ DSLR လို မျိုးပဲ အပါချာအနိမ့်နဲ့  ပုံရိပ်တွေကို လှမ်းဆွဲရိုက်နိုင်စွမ်းရှိပါတယ်။ ပုံတစ်ပုံကို ရိုက်ကူးတဲ့အခါ စက်နဲ့ သုံးသပ်တဲ့အပိုင်းက ပုံရိပ်ကို စိတ်ဖြာကြည့်ပြီး ပုံကို ပြတ်သားစေမယ့် လမ်းကြောင်းတစ်ခု ဖန်တီးပါတယ်။ ကိုယ့်ရှေ့မှာရှိတဲ့ ရိုက်ကူးလိုတဲ့ အ ရာကို ချိန် focus ထားစဉ် နောက်ခံ background ကို ဝါးအောင် လုပ်ထားပေးမယ့်  Background Blur ရိုက်လို့ရတဲ့ bokeh feature တွေလည်းပါဝင်ပါတယ်။

ဖုန်းရဲ့ရှေ့ဘက်ခြမ်း Camera ကတော့ 7MP FaceTime HD Camera တပ်ဆင်ထားပါတယ်။ ဖုန်းရဲ့နောက်ဘက်ခြမ်းအနေနဲ့ iPhone 7 ဟာ 12 Megapixel အရည်အသွေးရှိ Camera ၁ လုံးတပ်ဆင်ထားပါတယ်။
iPhone 7 Plus ကတော့ 12 Megapixel (f/1.8 Aperture)အရည်အသွေးရှိ Camera ၂ လုံးတပ်ဆင်ထားပါတယ်။ တစ်လုံးကတော့ Wide-angle Camera ဖြစ်ပြီး ၊ နောက်တစ်လုံးကတော့ Telephoto Camera ပါ။ Zoom ဆွဲဖို့အတွက်အသုံးပြုမယ့် Camera ဖြစ်ပါတယ်။ 10x Zoom ထိချဲ့လို့ရပါမယ်။
iPhone 7 နှင့် iPhone 7 Plus တို့ ရဲ့ အဆင့်မြှင့်ထားတဲ့ ကင်မရာ အရည်အသွေး နဲ့အချက်အလက်တွေ ဟာ အထင်ကြီး လောက်ပြီး Apple အနေနဲ့  ဓါတ်ပုံ အရည်အသွေးပိုင်း ပိုမိုကောင်းမွန်အောင် 5.5 လက်မအရွယ် iPhone 7 Plus မှာ Wide နဲ့ Tele ကင်မရာ ၂လုံး တပ်ဆင်ပေးလိုက်တာဟာလည်း ချီးကျူးဖွယ်ရာပါပဲ။ DSLR ကင်မရာတွေနေရာမှာအစားထိုးနိုင်မယ့် စမတ်ဖုန်းလို့တောင်တင်စားပြောဆိုသွားပါသေးတယ်။

Water & Dust Resistance
———————
iPhone 7 ဟာ ရေစိုခံတဲ့စမတ်ဖုန်းတစ်လုံးဖြစ်လာပါပြီ။ Apple ဟာ သူ့ ရဲ့  iPhone 7,7 Plus တို့ မှာ ရေလုံနှုန်းအဆင့်အားဖြင့် IP67 အဆင့်ရှိပါတယ်။ ရေအနက် ၁မီတာမှာ မိနစ် ၃၀ တိုင်အောင် ရေစို ၊ ရေစိမ်ခံအောင်ပြုလုပ်ပေးထားပါတယ်။ ဖုန်းကိုယ်ထည်ထဲကိုဖုန်နဲ့အခြားအမှုန်အမွှားတွေမ၀င်နိုင်အောင်လည်းကာကွယ်ပေးထားပါတယ်။

Stereo Speaker
—————————————
iPhone 7 မှာ Stereo Speaker တွေလည်းပါဝင်တယ်။  Speaker တွေကိုဖုန်းရဲ့အပေါ်ဘက်ခြမ်းနဲ့ အောက်ဘက်ခြမ်းမှာထည့်သွင်းပေးထားပါတယ် ။ iPhone 6s ထက် Speaker အသံ ၂ဆကျယ်မယ်။ အသံရောက်နိုင်မယ့်အကွာအဝေးလည်းပိုပါတယ်။

Battery
—————————
iPhone 7,7 Plus တွေရဲ့ Battery ဟာလည်း iPhone 6s,6s Plus တွေထက် ၂ နာရီလောက်ပိုခံမယ်လို့ညွှန်းဆိုသွားပါတယ်။

စတင်ရောင်းချမယ့်ရက်နဲ့ဈေးနှုန်း
———————————
iPhone 7,7 Plus တွေကို စက်တင်ဘာ ၁၆ ရက်နေ့မှာစတင်ရောင်းချပေးသွားမှာပါ။ Pre Order အနေနဲ့ကတော့ စက်တင်ဘာ ၉  ရက်နေ့မှာစမှာလို့ရနေပါပြီ။  ဈေးနှုန်းအနေနဲ့ ကတော့ အောက်ပါအတိုင်းပါ။

iPhone 7
* 32 GB —  $649 (မြန်မာငွေ ၈ သိန်းဝန်းကျင်)
* 128 GB —$749 (မြန်မာငွေ ၉  သိန်းခွဲဝန်းကျင်)
* 256 GB — $849 (မြန်မာငွေ ၁၀ သိန်းခွဲဝန်းကျင်)

iPhone 7 Plus
* 32 GB —  $769 (မြန်မာငွေ ၉  သိန်းခွဲဝန်းကျင်)
* 128 GB — $869 (မြန်မာငွေ ၁၀ သိန်းခွဲဝန်းကျင်)
* 256 GB —$$969 (မြန်မာငွေ ၁၂ သိန်းခွဲဝန်းကျင်)

သက်နိုင်စိုး (Myanmar Mobile App)
https://www.facebook.com/thetnaing.mmas