Saturday, October 29, 2016

Mi Mix and Apple Macbook Pro 2016

♪ Xiaomi ရဲ့ အခန့်ညားဆုံး Concept ဖုန်းတစ်ခု (သို့မဟုတ်) Mi Mix ♫




Mi Mix ပါ။ Mi Max နဲ့ တော့မမှားလိုက်ပါနဲ့။ Mi Mix ဟာ Xiaomi ထုတ်ခဲ့သမျှထဲမှာ အရွယ်အစားအကြီးမားဆုံးနဲ့ အကောင်းဆုံး Concept ဖုန်းတစ်ခုလို့ပြောရလောက်တဲ့ အရည်အသွေးတွေ နဲ့အတူ ကြည့်ရှုသူပရိသတ်တွေ ပါးစပ်အဟောင်းသားဖြစ်သွားရလောက်အောင် ထူးခြားဆန်းပြားမှုတွေနဲ့ ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်။

Design
===================
ဒီဇိုင်းပိုင်းကို အရင်ပြောရရင် Perfect ဆိုတဲ့ စကားလုံးနဲ့ ထိုက်တန်ပါတယ်။ ဖုန်းရဲ့ ကိုယ်ထည် တစ်ခုလုံးကို ခန့်ညားလှပ စေဖို့ ကြွေထည် ceramic နဲ့ပြုလုပ်ထားပြီး ၊ ကျောဘက်အဖုံး ၊ ဘောင်နဲ့ ဘေးက ခလုတ်တွေ အဆုံး ကြွေထည်နဲ့ပဲပြုလုပ်ထားတာဖြစ်ပါတယ်။ ထူးခြားတာက ဆက်ထား ၊ ကပ်ထားတာ လုံးဝမရှိပဲ သီးသန့်ကိုယ်ထည် (ဂီတာစကားနဲ့ပြောရရင် ထွင်းအိုး) နဲ့ပြုလုပ်ထားတဲ့အတွက် ခိုင်ခံမှုအပိုင်းမှာ စိတ်ကျေနပ် စရာကောင်းပါတယ်။

မျက်နှာပြင်က အစွန်းမရှိတဲ့ 6.4” edgeless display ကိုသုံးထားပြီး ဖုန်းကိုယ်ထည်ရဲ့ (၉၁.၃) ရာခိုင်နှုန်းက ဖန်သားပြင်ဖြစ်ပါတယ်။ မျက်နှာပြင်ရဲ့ အပေါ်ပိုင်းတစ်ပိုင်းလုံးကို Display ကဖုန်းလွှမ်းထားပြီး Selfie ကင်မရာက ညာဘက်အောက်ထောင့် မှာဖြစ်ပါတယ်။ ကင်မရာက အောက်ကိုရောက်သွားလို့ Selfie ရိုက်လို့အဆင်မပြေ မဖြစ်ရလေအောင် upside-down auto rotate ပေးမှာဖြစ်ပါတယ်။

Cantilever piezoelectric ceramic acoustic technology လို့ခေါ်တဲ့ နည်းပညာက ယခင် earpiece speaker နေရာမှာ အစားထိုးပါဝင်လာပြီး earpiece မပါပဲ ဖုန်းပြောဖို့ ၊ နားထောင်ဖို့အတွက် ထောက်ပံ့ပေး ထားပါတယ်။ မျက်နှာပြင်ရဲ့ အနောက်ဘက်အတွင်းပိုင်းမှာလည်း ယခင် infrared proc sensor အစား ultrasonic proximity sensor ကို အသုံးပြုထားပါတယ်။ အရှေ့ကင်မရာ ကလည်း ယခင် ကင်မရာတွေထက် ထက်ဝက်ခံ သေငယ်သွားပါတယ်။ မျက်နှာပြင်အပြည့် ဖန်သားပြင်က သုံးစွဲသူအတွက်တော့ စိတ်လှုပ်ရှားစရာအတွေ့အကြုံအသစ်တွေ ပေးစွမ်းမှာ အသေအချာပါပဲ။

Mi Mix ကို ရိုးရိုး Mi Mix အပြင် Mi Mix 18k ဆိုပြီး Luxury type version တစ်မျိုးကိုပါ ထပ်မိတ်ဆက်ခဲ့ပါတယ်။ ဒီဇိုင်းပိုင်းက အတူတူဖြစ်ပေမယ့် Mi Mix 18k မှာတော့ ကင်မရာနဲ့ Fingerprint sensor တို့ကို ပတ်ထားတဲ့ ရွှေကွင်းလေးတွေက ရွှေအစစ်ဖြစ်ပြီး 18k ဆိုတဲ့အတိုင်း 18 karat (၁၈ ကာရက်) ရှိတဲ့ ရွှေနဲ့ပြုလုပ်ထားတာဖြစ်ပါတယ်။

Specs တွေအနေနဲ့ကတော့
==================
- Snapdragon 821 at 2.35GHz
- 4GB LPDDR4 RAM + 128GB UFS 2.0 storage/ 6GB + 256GB (Mi Mix 18k)
- 4400mAh battery, Quick Charge 3.0
- Full NFC Functionality: Read, write, card emulation, P2P, Mi Pay ready
- HD audio quality, 192kHz / 24-bit resolution
- GPS high-precision positioning
- 16MP PDAF rear camera , 5MP front camera
- MIUI 8
- Mi MIX 18k with 18-karat gold rims around camera and fingerprint sensor; 6GB + 256GB
RAM 4GB + Storage 128GB နဲ့ ထွက်ရှိမယ့် Mi Mix ကတော့ ဒေါ်လာ (၅၂၀) ဝန်းကျင် ကျသင့်မှာဖြစ်ပြီး Mi MIX 18k ရဲ့ ဈေးနှုန်းကတော့ ဒေါ်လာ (၆၀၀) ဝန်းကျင် လို့သိရပါတယ်။


Credit to ==> DigitalTimes.com.mm

မှော်ဆန်တဲ့ MacBook Pro အသစ်



မျှော်လင့်စောင့်စားနေခဲ့ရတဲ့ MacBook Pro အသစ်ကတော့ ကျွန်တော်တို့ရှေ့ကို ရောက်ရှိလာပါပြီ။ ကျွန်တော်တို့ ထင်မှတ်ထားတဲ့အတိုင်း ဖြစ်လာပါတယ်။

ချောမွတ်တောက်ပြောင်တဲ့ ဒီဇိုင်း၊ Intel’s latest Skylake processors နဲ့ သတင်းမွှေးနေတဲ့ Touch ID ပါဝင်တဲ့ magic Touch Bar စတာတွေနဲ့ ပွဲထွက်ခဲ့ပါတယ်။ တကယ့် ပြဿနာကတော့ ဈေးနှုန်းပါပဲ။

ဒီနှစ်အတွက် iPhone ကတော့ အားလုံးကို နည်းနည်းတော့ မကျေမနပ်ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ Apple ရဲ့ MacBook Pro ကတော့ အရင်ထက် ပိုကောင်းလာခဲ့ပါတယ်။

အခု ဒီဇိုင်းအသစ်ဟာ ပါးလွှာ ပေါ့ပါးပြီး ၀န်ကျဉ်းပါတယ်။ တိုင်းတာချက်အရတော့ သင့်အနေနဲက ၁၃လက်မကို ရွေးချယ်မယ်ဆိုရင်တော့ ၁၄.၉ မီလီမီတာ ရနိုင်ပါတယ်။ ဒါဟာ အရင် ၁၃လက်မမော်ဒယ်လ်ထက် ၁၇% ပါးလွှာသွားတာ ဖြစ်ပါတယ်။ ပေါင်ဝက်လောက်လည်း အလေးချိန်လျော့သွားပါတယ်။ ၁၅လက်မမော်ဒယ်လ်ကတော့ ၄ပေါင်လောက် ဖြစ်မယ်ထင်ပါတယ်။

အရင်ထက်နှစ်ဆမြန်တဲ့ Force Touch trackpad လည်း ပါဝင်ပါတယ်။ ၁၂လက်မမော်ဒယ်လ်တုန်းက အသုံးပြုခဲ့တဲ့ second-generation butterfly switches  တွေကို ကီးဘုတ်မှာ အသုံးပြုထားပါတယ်။ ဒါပေမဲ့ ဒါတွေဟာ ကြီးမားတဲ့ ပြောင်းလဲမှုတွေ မဟုတ်သေးပါဘူး။

MacBook Pro Touch Bar brings the magic
New MacBook Pro ဟာ Touch Bar ပါဝင်တဲ့ Apple ရဲ့ ပထမဆုံး laptop ဖြစ်ပါတယ်။ အဲဒါဟာ ကီးဘုတ်အပေါ်နားက function keys တွေနေရာမှာ အစားထိုးထားတဲ့ Retina display ဖြစ်ပါတယ်။ အသုံးပြုတဲ့ app ပေါ်လိုက်ပြီး shortcuts တွေ၊ settings တွေ ပြောင်းသွားမှာဖြစ်သလို မိမိစိတ်ကြိုက် shortcuts တွေကိုလည်း သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။

လုပ်ဆောင်ချက်အတူတူပဲလို့ ထင်ရပေမယ့် Photos တို့ iMovie တို့ကို ကြည့်ရှုတဲ့အခါမှာ သုံးရတာ ပိုမိုလွယ်ကူချောမွေ့စေမှာ ဖြစ်ပါတယ်။ Safari မှာဆိုရင် favorites တွေကို ပြသထားပြီး navigate လုပ်နိုင်မှာ ဖြစ်ပါတယ်။ Photos မှာတော့ အသုံးဝင်တဲ့ crop ၊ rotate စတာတွေကို ပြသထားမှာ ဖြစ်ပါတယ်။

Touch Bar in action.
Touch Bar ဟာ သင်အသုံးပြုတဲ့ ဆော့ဝဲလ်အပေါ်မူတည်ပြီး ပြောင်းလဲကာ သင့်စိတ်ကြိုက်မွမ်းမံနိုင်မှာလည်း ဖြစ်ပါတယ်။ Apple apps အားလုံးမှာ Touch Bar ကို အသုံးပြုနိုင်ပါတယ်။ Apple ဟာ Microsoft Office suite ကိုလည်း ထောက်ပံ့ပေးမယ်လို့ ပြောခဲ့ပါတယ်။

သင်စာရိုက်နေတဲ့အချိန်မှာ emoji and QuickType suggestions တွေကိုလည်း ပြသပေးနိုင်ပါတယ်။ iPhone နဲ့ iPad တို့မှာလိုပေါ့။ notification တွေကို ပြသပေးနိုင်ပြီး Multi-Touchကိုလည်း ထောက်ပံ့ပေးထားပါတယ်။ စာသားအရောင်ပြောင်းလဲတာမျိုးကို မြန်မြန်ဆန်ဆန်ပြုလုပ်နိုင်မှာလည်း ဖြစ်ပါတယ်။

Touch ID comes to Mac
Touch Bar ရဲ့ ဘေးမှာပါတာကတော့ Touch ID sensor ဖြစ်ပါတယ်။ သူဟာ သင့်လက်ဗွေရာနဲ့ MacBook Pro ကို ဖွင့်နိုင်အောင် ပြုလုပ်ထားပါတယ်။ သုံးစွဲသူအမျိုးမျိုးအတွက် လက်ဗွေရာအမျိုးမျိုးကို သိမ်းဆည်းထားနိုင်ပြီး သက်ဆိုင်ရာအကောင့်ကိုလည်း ပြောင်းလဲဖွင့်ပေးနိုင်ပါတယ်။
Touch ID ကို Apple ရဲ့ အွန်လိုင်းငွေပေးချေစနစ်တွေမှာလည်း အသုံးနိုင်ပါတယ်။

New MacBook Pro display is better than ever
New MacBook Pro ကတော့ Apple ရဲ့ အကောင်းဆုံး Mac display ဖြစ်ပါတယ်။ ၆၇% ပိုမိုတောက်ပသလို ၆၇% contrast ratio ပိုမြင့်လာပါတယ်။ အရောင်အသွေးစုံလင်မှုလည်း အရင်ဟာတွေထက် ၂၅% ပိုများလာပါတယ်။ ဒါ့အပြင်ကိုပဲ display ဟာ အရမ်းကို ကောင်းပါတယ်။
၁၅လက်မ MacBook Pro မှာ 4GB of VRAM ပါတဲ့ Radeon Pro graphics နဲ့အတူ Intel Core i7 processor ပါဝင်ပါတယ်။ 2TB ပါဝင်ပြီး အရင်ထက်၅၀% ပိုမြန်တဲ့ super-fast SSDs တွေ ပါဝင်ပါတယ်။

၁၃လက်မ MacBook Pro မှာတော့ Core i5 ၊ Core i7 processors နဲ့ Intel Iris Graphics 550 processor တွေ ရနိုင်ပါတယ်။
Touch Bar ပါဝင်တဲ့ မော်ဒယ်လ်တွေမှာတော့ စပီကာတွေဟာ အရင်ထက်ကို ကျယ်လောင်ပါတယ်။ dynamic range နှစ်ဆလောက် ရှိပါတယ်။ ၁၂လက်မ MacBook တုန်းကလို USB-C style connector အတွက် အသုံးပြုနိုင်တဲ့ Thunderbolt 3 ports လေးခုပါဝင်ပါတယ်။ အကုန်လုံးကို အားသွင်းဖို့အတွက် အသုံးပြုနိုင်ပါတယ်။

Headphone jack လည်း ပါသေးတယ်နော်။ သတိရသေးလား။

MacBook Pro has FOUR Thunderbolt 3 ports.
MacBook Pro ဟာ notebook computers တွေထဲမှာ ရွှေအဆင့်လို့ Apple ရဲ့ Phil Schiller က ကြာသပတေးနေ့က “Hello Again” Mac event မှာ ပြောခဲ့ပါတယ်။ အရောင်အနေနဲ့ကတော့ silver နဲ့ space gray နှစ်မျိုးရနိုင်ပြီး ဒီနေ့ကစပြီး ၀ယ်နိုင်ပါပြီ။

သိပ်ပြီး မကျေလည်တာတစ်ခုကတော့ ဈေးနှုန်းပါပဲ။
Touch Bar ပါဝင်တဲ့ ၁၃လက်မ ကို ဒေါ်လာ ၁,၇၉၉၊ ၁၅လက်မအတွက် ဒေါ်လာ ၂,၃၉၉ ဖြစ်ပါတယ်။ Apple.com မှာ အော်ဒါအခုပဲ မှာယူနိုင်ပြီး နောက်နှစ်ပတ် သုံးပတ်လောက်မှာ စတင်ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

The MacBook ‘Semi-Pro’ (the one without the Touch Bar)

တကယ်လို့ Touch Bar ပါတဲ့ဟာကို သင်မ၀ယ်နိုင်ဘူးဆိုရင်လည်း ဒေါ်လာ ၁,၄၉၉ တန် ၁၃လက်မ ကိုလည်း Apple က မိတ်ဆက်ထားပါသေးတယ်။ Touch Bar မပါဝင်ပြီးတော့ Thunderbolt 3 ports နှစ်ခုသာ ပါဝင်မှာ ဖြစ်ပါတယ်။ သာမန် function keys တွေ ပါမှာဖြစ်ပါတယ်။ Iris Graphics 540 processor နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။

ဒီတစ်ခု(“MacBook Semi-Pro” လို့ ခေါ်ကြမယ်)ကိုတော့ ဒီနေ့ပဲ ဖြန့်ချိမှာဖြစ်ပါတယ်။ ကဲ ဘယ်သူတွေ ၀ယ်ကြမှာလဲ။


Aung Phyo Oo (Myanmar Mobile App)

No comments: