Wednesday, October 5, 2011

GSM ဖုန်းနှင့် CDMA 800 ဖုန်းများတွင် အင်တာနက်သုံးရာတွင် သတိထားရမည့်အချက်

GSM အင်တာနက်စနစ်တွင် Error များ ဖြစ်လျှက် ရှိကြောင်း သိရ

ငွေ တစ်သောင်းကျပ်ဖြင့် EDGE အင်တာနက်စနစ်ကို စတင် အသုံးပြုခွင့် ပေးခဲ့ပြီးနောက်ပိုင်း ယခုအခါ အင်တာနက်စနစ်တွင် Error ဖြစ်လျှက်ရှိကာ အင်တာနက် မသုံးစွဲရပါပဲ ဖုန်းဘီလ် ထွက်လာရာတွင် အင်တာနက် ဘီလ်များ အများအပြား ထွက်လျက်ရှိကြောင်း ကိုယ်တိုင် ကြုံတွေ့ ရသူတစ်ဦးက Net Guide ဂျာနယ်သို့  ပြောကြားသည်။

ကျွန်မတို့ က ကျပ်တစ်သောင်းသွင်းပြီး အင်တာနက်စနစ်ကို သုံးပါတယ်။ မေးလ်စစ်တာတို့  ဘာတို့  လုပ်တာဆိုတော့ အစပိုင်း ဖွင့်စတုံးကတော့ အဆင်ပြေပါတယ်။ နောက်ပိုင်းမှာတော့ အင်တာနက်ကလည်း ကျနေပြီး လုံးဝကို မရပါဘူး။ ပြီးတော့ EDGE စနစ်မှာ 3.5G, 3G လို့  ပေါ်နေရင် အင်တာနက် လိုင်းမရဘူး။ E ပေါ်နေမှ အင်တာနက်လိုင်း သုံးလို့ ရပါတယ်လို့  ဆက်သွယ်ရေး တာဝန်ရှိသူက ပြောပါတယ်။


"ကျွန်မတို့  ဖွင့်ပြီး အင်တာနက်လိုင်းက ကျနေပြီး တော်တော်နဲ့  ပြန်မတက်တာနဲ့  မသုံးဖြစ်ပဲ ထားတာပါ။ အခုလကုန်လို့  ဖုန်းဘီလ်တွေ ထွက်လာချိန်မှာ ဖုန်းဘီလ်တွေက ၁သိန်းကျော် ကျနေပါတယ်။ သုံးလည်း မသုံးရပဲ ဘီလ်တွေတက်နေတာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မေးမြန်းကြည့်တော့ သူတို့ ဘက်က လည်း အတိအကျ ပြန်မရှင်းပြနိုင်ဘူး။" လို့  GSM အင်တာနက်စနစ် EDGE ဖွင့်ထားသူတစ်ဦးက ကိုယ်တွေ့  အဖြစ်အပျက်ကို ဖွင့်ဟ ပြောဆိုခဲ့ပါသည်။



ဒီသတင်းမျိုးကို ခဏ ခဏ ဖတ်မိတော့ ပြောချင်မိတာ တစ်ခု ရှိပါတယ်။ GSM ဖုန်းလိုင်းမှာရော CDMA 800 ဖုန်းလိုင်းမှာပါ အင်တာနက် သုံးဖို့  လိုင်းတွေ ဖွင့် ပေးပါတယ်။ အင်တာနက် သုံးကြရာမှာလည်း ၁မိနစ်ကို ၄ကျပ်နှုန်း နဲ့  သုံးလို့  ရပါတယ်လို့  ဖော်ပြ ပါရှိပါတယ်။ ဒါကိုလည်း အားလုံးက သိပြီးသား ဖြစ်ပါတယ်။ ဒါပေမဲ့ သတိမထားမိကြတာ၊ မသိကြတာတစ်ခုကတော့ မသုံးဖြစ်တဲ့ အချိန်တွေမှာ အဲဒီ EDGE စနစ်(GSM ဖုန်း)၊ EVDO စနစ် (CDMA 800 ဖုန်း) တွေကို အင်တာနက် မသုံးချိန်တွေမှာ ပြန်ထွက်ကြဖို့ မမေ့ဖို့ ပါပဲ။
 
ဒါကလည်း Setting ထဲကနေ အင်တာနက်စနစ် ၀င်ထားတာကို ပြန်ဖြုတ်ရမှာ။ သုံးချင်တဲ့ အချိန်မှာ ၀င်သုံးပြီး မသုံးချိန် မှာ ပြန်ဖြုတ်ဖို့  မမေ့ပါနဲ့ ။ ဒါမှသာ ကိုယ်မသုံးပဲနဲ့  ၁မိနစ်ကို ၄ကျပ် ပေးနေရခြင်းမှ ကင်းဝေးမှာပါ။ အပေါ်က ဂျာနယ်မှာ မသုံးပဲ ဘီလ် ၁သိန်းကျော်ကျတယ်ဆိုတာ ဒီလိုမျိုး အင်တာနက်ကို အမြဲတမ်း ၀င်ပြီး ON ထားမိလို့ ပါလို့ ။

အားလုံး မလိုအပ်ပဲ ပိုက်ဆံကုန်မှာစိုးလို့  ဖော်ပြလိုက်ရတာပါနော်။

မေဇူး

Credit: http://multiplygroups.multiply.com/journal/item/1355/1355


ဧည့်လမ်းညွှန် လိုင်စင်ကြေး တိုးမြင့်မှု အပေါ် အသနားခံစာ တင်ပြ ထား

ဧည့်လမ်းညွှန် လိုင်စင်ကြေးတိုး မြှင့်ခြင်းအပေါ် အသနားခံစာ တင်ပြ ထားကြောင်း မြန်မာနိုင်ငံဧည့်လမ်း ညွှန်အသင်း(MTGA)မှ အတွင်းရေး မှူးဒေါ်ချောချောကြေးမုံက ပြော သည်။

"စက်တင်ဘာ ၂၄ ရက်က အ စည်းအဝေး ဆုံးဖြတ်ချက်အရ ၀န် ကြီးဌာနကို အသနားခံစာ တင်ပြ ထား ပါတယ်"ဟု ဒေါ်ချောချောကြေး မုံက ပြောသည်။

ဧည့်လမ်းညွှန် လုပ်ငန်းလုပ်ကိုင် လျက်ရှိသည့် ဧည့်လမ်းညွှန်များ အ နေဖြင့် ယခင်က လိုင်စင် သက်တမ်း တိုးရာတွင် ပြည်တွင်း အခွန်ဦးစီးဌာ နသို့ ဘာသာစကား အလိုက်ကျပ် တစ်သိန်းမှ ၁၅၀,၀၀၀ ပေးဆောင် ရပြီး ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနသို့ ကျပ် ၂၅,၀၀၀ ခန့် သာ ပေးသွင်းခဲ့သည်။

"ခရီးသွားရာသီက အောက်တို ဘာလမှ စတင်မှာ။ အခုချိန်က ခရီး သွားကလည်း ပါးနေတော့လိုင်စင် သက်တမ်း တိုးမယ်ဆိုရင် ၃၀၀,၀၀၀ လောက် ကုန်ကျမှာဆိုတော့ လိုင် စင်သက်တမ်းတိုးဖို့က အခက် အခဲရှိ တယ်"ဟု ဧည့်လမ်းညွှန်တစ်ဦးဖြစ် သူ ကိုနိုင်ကျော်ဇေယျကပြောသည်။

လက်ရှိ ဧည့်လမ်းညွှန် လိုင်စင် သက်တမ်းတိုးမည် ဆိုပါက ဟိုတယ် နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနသို့  ကျပ်တစ်သိန်း၊ ပြည်တွင်း အခွန်ဦးစီး ဌာနသို့ ဘာသာစကား အလိုက်တစ် သိန်းမှ တစ်သိန်းခွဲကြား၊ ဧည့်လမ်း ညွှန် အသင်းဝင်ကြေးကျပ် ၂၅,၀၀၀၊ အခြား ကုန်ကျစရိတ်အဖြစ် ကျပ်  ၂၈,၅၀၀ စုစုပေါင်း အနည်းဆုံးကျပ် ၃၀၀,၀၀၀ နီးပါးခန့် ကုန်ကျကြောင်း သိရသည်။

မြန်မာနိုင်ငံ တွင် မှတ်ပုံတင် ထားသော လိုင်စင်ရ ဧည့်လမ်းညွှန် ၃,၀၀၀ ကျော်အနက် ၁,၀၀၀ နီးပါး ခန့်သာ လုပ်ငန်းခွင် အတွင်းဝင်ရောက် လုပ်ကိုင်လျက်ရှိသည်။

ဇော်မင်းနိုင်

Credit: http://www.themyanmarpost.com/?p=9972

No comments: