Thursday, September 8, 2011

LCCI November series exam fees and ယူကေစာမေးပွဲသတင်းများ (August 2011)

စာရင်းကိုင်ပညာရပ်ဆိုင်ရာ စာမေးပွဲတစ်ခုဖြစ်တဲ့ LCCI စာမေးပွဲနဲ့ပတ်သက်တဲ့ သတင်းရယ် တခြားသော British Council ကကျင်းပပေးနေတဲ့ စားမေးပွဲတွေနဲ့ပတ်သက်တဲ့သတင်းတွေရယ် သူငယ်ချင်းတို့သိရအောင် ကူးယူ ဖော်ပြပေးလိုက်ပါတယ်နော်။

LCCI November series exam fees

၂ဝ၁၁ နိုဝင်ဘာလတွင် LCCI Series 4 စာမေးပွဲများကို ကျင်းပသွားမည် ဖြစ်သောကြောင့် တစ်ဦးချင်း ဖြေဆိုမည့် ကျောင်းသူ ၊ ကျောင်းသားများ ဩဂုတ်လ (၈) ရက်နေ့ မှ (၂၃) ရက်နေ့ အထိ စာမေးပွဲကြေးကို ဗြိတိသျှကောင်စီ ပထမထပ်ရှိ စာမေးပွဲများဌာနတွင် လာရောက်ပေးသွင်းနိုင်ပါသည်။

စာမေးပွဲကြေးများမှာ Level 1 = USD 30, Level 2 = USD 35, Level 3 = USD 40 တို့ဖြစ်ပါသည်။


Read more: LCCI Nov series exam fee - Myanmar Network http://www.myanmar-network.net/forum/topics/lcci-nov-series-exam-fee#ixzz1X7HlrpkB

ယူကေစာမေးပွဲသတင်းများ (August 2011)

- ၂ဝ၁၁ မေ/ဇွန်လတွင် ဖြေဆိုထားသော IGCSE စာမေးပွဲ အောင်စာရင်းများကို ဗြိတိသျှကောင်စီ ပထမထပ်ရှိ စာမေးပွဲများဌာနတွင် တနင်္လာနေ့ မှ သောကြာနေ့ မနက် (၈း၃ဝ) မှ (၁၂း၃ဝ) နှင့် နေ့ခင်း (၁း၃ဝ) မှ (၄း၃ဝ) အတွင်း စာမေးပွဲ အချိန်စာရင်း (သို့မဟုတ်) Statement of Entry ၊ မှတ်ပုံတင်ကဒ်ပြားနှင့် တကွ လာရောက် ကြည့်ရှု နိုင်ပါသည်။ (new)

- ၂ဝ၁၁ မေ/ဇွန်လတွင် ဖြေဆိုထားသော GCE A levels စာမေးပွဲ အောင်စာရင်းများကို ဗြိတိသျှကောင်စီ ပထမထပ်ရှိ စာမေးပွဲများဌာနတွင် တနင်္လာနေ့ မှ သောကြာနေ့ မနက် (၈း၃ဝ) မှ (၁၂း၃ဝ) နှင့် နေ့ခင်း (၁း၃ဝ) မှ (၄း၃ဝ) အတွင်း စာမေးပွဲ အချိန်စာရင်း (သို့မဟုတ်) Statement of Entry ၊ မှတ်ပုံတင်ကဒ်ပြားနှင့် တကွ လာရောက် ကြည့်ရှု နိုင်ပါသည်။   

- ၂ဝ၁၁ ဒီဇင်ဘာလတွင် NCC စာမေးပွဲကို ကျင်းပပေးမည်ဖြစ်သောကြောင့်  ဩဂုတ်လ (၂၄) ရက်နေ့ မှ (၂၆) ရက်နေ့အထိ စာမေးပွဲကြေးများကို ဗြိသျှကောင်စီ ပထမထပ်ရှိ စာမေးပွဲများဋ္ဌာနတွင် တနင်္လာနေ့ မှ သောကြာနေ့ မနက် (၈း၃ဝ) မှ (၁၂းဝဝ) နှင့် နေ့ခင်း (၁း၃ဝ) မှ (၃း၃ဝ) အတွင်း လာရောက်ပေးသွင်းနိုင်ပါသည်။   

- Starters, Movers, Flyers စာမေးပွဲများကို ၂ဝ၁၁ စက်တင်ဘာလ တွင် ကျင်းပမည်ဖြစ်သောကြောင့် စာမေးပွဲကြေးများကို ဩဂုတ်လ (၂၂) ရက်နေ့ မှ (၃၁) ရက်နေ့ အတွင်း ဗြိတိသျှကောင်စီ ပထမထပ်ရှိ စာမေးပွဲများဌာနတွင် မနက် (၈း၃ဝ) မှ (၁၂းဝဝ) နှင့် နေ့ခင်း (၁း၃ဝ) မှ (၃း၃ဝ) အတွင်း လာရောက်ပေးသွင်းနိုင်ပါသည်။ စာမေးပွဲကြေးများမှာ -Starters = USD 27, Movers = USD 31, Flyers = USD 34 တို့ဖြစ်ပါသည်။  

- ၂ဝ၁၁ ဇူလိုင်လ ( ၄ ) ရက်နေ့တွင် ဖြေဆိုထားသည့် Teaching Knowledge Test (TKT) Exam Result နှင့် Certificate များကို တနင်္လာနေ့ မှ သောကြာနေ့အတွင်း မနက် (၈းဝဝ) မှ (၁၂း၃ဝ) နှင့် နေ့ခင်း (၁း၃ဝ) မှ (၄း၃ဝ) အတွင်း ဗြိတိသျှကောင်စီ ပထမထပ်ရှိ စာမေးပွဲများဋ္ဌာနတွင် ကိုယ်တိုင်လာရောက်ထုတ်ယူနိုင်ပါသည်။   

- ၂ဝ၁၁ ဇူလိုင်လ (၂) ရက်နေ့တွင် ဖြေဆိုထားသည့် YLE (Starters, Movers and Flyers) Certificates များကို တနင်္လာနေ့မှ သောကြာနေ့ မနက် (၈းဝဝ) မှ (၁၂း၃ဝ) နှင့် နေ့ခင်း (၁း၃ဝ) မှ (၄း၃ဝ) အတွင်း ဗြိတိသျှကောင်စီ ပထမထပ်ရှိ စာမေးပွဲများဋ္ဌာနတွင် ကိုယ်တိုင်လာရောက် ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ပါသည်။     

- ၂ဝ၁၁ ဩဂုတ်လတွင် ACCA (CBE) စာမေးပွဲကို ကျင်းပပေးမည်ဖြစ်သောကြောင့် ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်းသားများ ဩဂုတ်လ (၃) ရက်နေ့ မှ (၁ဝ) ရက်နေ့ အထိ စာမေးပွဲကြေးကို လာရောက်ပေးသွင်းနိုင်ပါသည်။   

- ၂ဝ၁၁ ဩဂုတ်လ (၄) ရက်နေ့ မှ (၁ဝ) ရက်နေ့ အထိ ABE new member registration ကြေးများကို တနင်္လာနေ့ မှ သောကြာ နေ့ မနက် (၈း၃ဝ) မှ (၁၂းဝဝ) နှင့် နေ့ခင်း (၁း၃ဝ) မှ (၃း၃ဝ) အတွင်း လာရောက်ပေးသွင်းနိုင်ပါသည်။

 
 - ၂ဝ၁၁ စက်တင်ဘာလတွင် MYOB စာမေးပွဲကို ကျင်းပပေးမည်ဖြစ်သောကြောင့် ဖြေဆိုမည့် ကျောင်းသူ၊ကျောင်းသားများ သြဂုတ်လ (၁) ရက်နေ့ မှ (၁ဝ) ရက်နေ့ အထိ စာမေးပွဲကြေးလာရောက်ပေးသွင်းနိုင်ပါသည်။ 

Notice to candidates: Candidates/ visitors must bring NRC or driving license or passport when coming to the British Council for security check.


Read more: ယူကေစာမေးပွဲသတင်းများ (August 2011) - Myanmar Network http://www.myanmar-network.net/forum/topics/exam-dates-august-2011#ixzz1X7HvtYoS

No comments: