Saturday, March 6, 2010

အနုပညာရှင်များရဲ့ အချစ်အဓိပ္ပာယ် (Part III)

လူငယ်တစ်ယောက်ရဲ့အချစ်ဆိုတာ.....

ချစ်သုဝေ – အချစ်ကို အဓိပ္ပာယ်တော့ မဖွင့်တတ်ပါဘူး။ Treza အတွက်ကတော့ အချစ်ဆိုတာ အချစ်ပဲပေါ့။

ဟိန်းဝေယံ – အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် ခံယူချက်အပေါ်မှာမူတည်ပြီး ကွဲသွားတာအများကြီးရှိပါတယ်။ အချစ်အဓိပ္ပာယ်ကို ဘယ်သူကမှ သေသေချာချာ အတိအကျဖွင့်ဆိုတာမျိုး မရှိဘူးလေ။ ကျွန်တော့်အတွက်ကတော့ အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် နားလည်မှုရှိရမယ်။ သံယောဇဉ်အပိုင်းလေးတွေ ပါရမယ်။ တစ်ယောက်နဲ့တစ်ယောက် တကယ်ကိုမြတ်နိုးရမယ်။ တန်ဖိုးထားရမယ်လို့ ထင်ပါတယ်။

ဝိုင်းစုခိုင်သိန်း - အချစ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေါ်မှာ မူတည်ပါတယ်။

အောင်ရဲလင်း - အချစ်ဆိုတာ အရမ်းကိုမှောင်မိုက်တဲ့ ချောက်ကမ်းပါးပေါ်မှာ စမ်းတ၀ါးဝါးနဲ့ လမ်းလျှောက်နေတဲ့ လူ တစ်ယောက်နဲ့တူတယ်တဲ့။

ကြည်ဖြူသျှင် – အချစ်ဆိုတာ လူတစ်ယောက်ကို ရူးသွပ်သွားစေတဲ့ စိတ်ခံစားမှု။

ဇော်ကိုကို – အချစ်ဆိုတာ.....ချစ်တာပဲပေါ့။ လူနှစ်ယောက်ချစ်ပြီဆိုရင် အချစ်ဆိုတာ ဖြစ်လာတာပဲလေ။ ကျွန်တော်က တော့သိပ်ပြီးမပြောတတ်ဘူး။

ဖွေးဖွေး - အချစ်ဆိုတာ တန်ဆေးလွန်ဘေးပေါ့။

D ဖြိုး - ကျွန်တော်အများကြီးတော့နားမလည်ပါဘူး။ ဒါပေမဲ့ အချစ်ဆိုတာ သူရှိနေရင် အလိုလိုပျော်နေပြီး သူမရှိရင်လည်း တစ်ခုခုလိုနေသလိုပဲ အရာအားလုံးဟာ တိတ်ဆိတ်ပြီး ခြောက်ကပ်နေသလိုပါပဲ။ ကျွန်တော် သိပ်ပြီးတော့ ပုံမဖော်တတ် ဘူး။

မိုးယုစံ – ကိုယ်တိုင်ကတော့ သိပ်မသိပါဘူး။ သူများတွေကတော့ ပူလောင်တယ်လို့လည်း ပြောတယ်။ ကြည်နူးစရာရှိ တယ်လို့လည်း ပြောကြတယ်။ ကိုယ်ကိုယ်တိုင်ကတော့ မခံစားဖူးတဲ့အတွက် မသိပါဘူး။

မေတ္တာဆိုတာ......

ချစ်သုဝေ – အချစ်နဲ့မေတ္တာကတော့ အတူတူပါပဲ။ ချစ်ခြင်းမေတ္တာဆိုတာတွဲနေတာပဲလေ။ မေတ္တာကလည်း ပူတာပါပဲ။ ဥပမာ – မိဘက သားသမီးအပေါ်ထားတဲ့မေတ္တာမှာ ချစ်ခြင်းပါတယ်။ တစ်ခုခုဖြစ်ပြီဆိုရင် စိုးရိမ်တာမျိုးတွေဟာ အပူတွေ ပါပဲ။ Treza ကတော့ မေတ္တာဟာ အေးတယ်ဆိုတာ လက်မခံပါဘူး။ အဓိကပူခြင်း၊ အေးခြင်းဟာ ထားတတ်တဲ့သူရဲ့ စိတ်အပေါ်မှာ မူတည်တာပါ။ အေးချမ်းတဲ့သူဆိုရင် ချစ်ခြင်းမေတ္တာဟာ အေးချမ်းနေပြီးတော့ ပူလောင်နေတဲ့စိတ်နဲ့ ကြည့်မယ်ဆိုရင်တော့ ချစ်ခြင်းမေတ္တာဆိုတာ ပူလောင်နေမှာပါပဲ။

ဟိန်းဝေယံ – မေတ္တာကတော့ အများကြီးရှိတယ်လေ။ မိဘက သားသမီးအပေါ်ထားတဲ့မေတ္တာ၊ မောင်နှမအချင်း ချင်းထား တဲ့ မေတ္တာမျိုး၊ တပည့်က ဆရာ့အပေါ်ထားတဲ့မေတ္တာမျိုးတွေပေါ့။ မေတ္တာဆိုတဲ့ စကားကတော့ အားလုံးအတွက် အကျုံး ၀င်မယ်လို့ထင်တယ်။ အချစ်ဆိုတဲ့စကားလုံးက မေတ္တာဆိုတဲ့ဝေါဟာရလောက်တော့ သိပ်ပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးလို့မရ ဘူးလို့ ကျွန်တော်ထင်တယ်။ မေတ္တာဆိုတဲ့ အသုံးအနှုန်းက အများနဲ့ပိုပြီးသက်ဆိုင်မယ်လို့ ထင်ပါတယ်။

ဝိုင်းစုခိုင်သိန်း - မေတ္တာတရားကတော့ ပိုပြီးအေးချမ်းတာပေါ့နော်။

အောင်ရဲလင်း - မေတ္တာကတော့ အေးမြတာပေါ့။

ကြည်ဖြူသျှင် – မေတ္တာက အေးမြတယ်။ အချစ်က ပူလောင်တယ်။

ဇော်ကိုကို – မေတ္တာကတော့ သူ့ကောင်းကျိုးအတွက်ပေါ့။ ကိုယ့်ဘက်က ဘယ်လောက်ပဲနစ်နာနစ်နာ သူ့ကောင်းကျိုးအတွက်ထားတဲ့ စိတ်မျိုးလေးပါ။

ဖွေးဖွေး - မေတ္တာကတော့ ပိုပြီးအေးချမ်းတဲ့ဘက်ကိုရောက်မယ်လို့ထင်ပါတယ်။ မေတ္တာထားတယ်ဆိုတာ ပြန်လိုချင်တာမျိုးမရှိဘူးလေ။

D ဖြိုး - မေတ္တာကတော့ အမျိုးမျိုးရှိတယ်လေ။ သူငယ်ချင်းကြားတို့၊ မိဘက သားသမီးအပေါ်မှာတို့ပေါ့။ မေတ္တာရှိတယ် ဆိုတာကတော့ အေးချမ်းတာပေါ့။

ကိုယ်လက်တွဲမယ့်သူဟာ ဘယ်လိုအချက်လေးတွေနဲ့ ပြည့်စုံရမယ်လို့ရော စိတ်ကူးထားလား။

ချစ်သုဝေ – စိတ်ထဲမှာ မှန်းထားတဲ့ အချက်အလက်တွေက ဖြစ်လာချင်မှ ဖြစ်လာတာလေ။ လူနှစ်ယောက် လက်တွဲ မယ်ဆိုရင် အဓိကကတော့ ပြည့်စုံတဲ့ချစ်ခြင်းမေတ္တာပါပဲ။ချစ်ခြင်းမေတ္တာကတော့ အဓိကအခြေခံအနေ နဲ့လိုတာပေါ့။ အရည်အချင်းရှိရမယ်။ သစ္စာရှိရမယ်။ တန်ဖိုးရှိရမယ်။ ကိုယ် Respect ပေးနိုင်တဲ့သူဖြစ်ရမယ်။ Love က Miracle ပါပဲ။ ချစ်သွားပြီဆိုရင်တော့ ဘာမှမမြင်တော့ဘူး။ အဲဒါကြောင့် Treza ကတော့ ကိုယ်ချစ်တဲ့သူ၊ ကိုယ့်ကိုချစ်တဲ့သူ၊ ကိုယ်တန်ဖိုးထားတဲ့သူ၊ ကိုယ့်ကိုတန်ဖိုးထားတဲ့သူ၊ ကိုယ့်ကိုနားလည်ပေးနိုင်တဲ့သူ၊ ကိုယ်နားလည်ပေးနိုင်တဲ့သူကိုပဲရွေးချယ်မှာပါ။ လူတိုင်း Perfect မဖြစ်နိုင်တဲ့အတွက် အနည်းနဲ့အများတော့ Adjust လုပ်ရမှာပဲလေ။

ဟိန်းဝေယံ – လူတိုင်းကတော့ ကိုယ်ချစ်ချင်တဲ့သူက ကိုယ့်ကိုချစ်ရမယ်၊ ကိုယ့်လက်တွဲဖော်မှာ ကောင်းတာလေးတွေ ပါစေချင်ကြတာပဲလေ။ ကျွန်တော့်အနေနဲ့လည်း မိန်းကလေးတစ်ယောက်ဟာ အဓိက အကျင့်စာရိတ္တကောင်းရမယ်။ မိန်းကလေး ပီသရမယ်။ ကိုယ့်အပေါ်မှာတကယ်ချစ်ပြီး နားလည်မှုရှိရင် အဆင်ပြေတာပေါ့။

ဝိုင်းစုခိုင်သိန်း - အဓိကကတော့ ၀ိုင်းစုက အနုပညာအလုပ် လုပ်နေတာဖြစ်တဲ့အတွက် ၀ိုင်းစုအပေါ် နားလည်မှုရှိရ ပါမယ်။ နားလည်မှုဟာ အရေးကြီးဆုံးပါပဲ။

အောင်ရဲလင်း - ရိုးသားရမယ်။ စိတ်နှလုံးဖြူစင်တဲ့ ကောင်မလေးဖြစ်ရမယ်။

ကြည်ဖြူသျှင် – အဓိကကတော့ ဘာသာတရားကိုင်းရှိုင်းပြီး လူကြီးမိဘကို ရိုသေတဲ့သူ၊ ကံငါးပါးလုံတဲ့သူ ဖြစ်စေချင်ပါတယ်။

ဇော်ကိုကို – မစဉ်းစားဖူးပါဘူး။

ဖွေးဖွေး - အကျင့်စာရိတ္တကောင်းပြီးတော့ ကိုယ့်ကိုတကယ်ချစ်တဲ့သူပေါ့နော်။ အရမ်းကြီးချမ်းသာရမယ်လို့လည်း မဟုတ်ပါဘူး။

D ဖြိုး - ရုပ်ချောတာ၊ မချောတာ၊ ချမ်းသာတာ၊ မချမ်းသာတာက အဓိကမဟုတ်ပါဘူး။ ကျွန်တော်လိုချင်တာက တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိရမယ်။ ပြီးတော့ ကျွန်တော့်ကိုချစ်သလို ကျွန်တော်ကလည်း ချစ်တဲ့သူပေါ့နော်။ အဲဒါဆိုရင်တော့ ကျွန်တော့်အတွက် ပြည့်စုံပါပြီ။

သ၀န်မတိုရင်  အချစ်မစစ်ဘူးတဲ့။ အဲဒီ့စကားလေးအပေါ်မှာရော....။

D ဖြိုး - ဟုတ်တယ်။ သ၀န်မတိုဘူးမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်သ၀န်တိုတာကို သူမသိပါဘူး။ ဘာဖြစ်လို့လည်းဆိုတာ့ သူ့ကိုယုံလို့ပါ။

ဖွေးဖွေး - ဖွေးဖွေးထင်တာကတော့ အချစ်မှာ ပုံသေနည်းတွေ၊ အကြောင်းပြချက်တွေ မရှိဘူးလေ။ ဘာကြောင့်ချစ်တယ် ဆိုပြီး သတ်မှတ်ထားတာမျိုးမရှိတာကို အချစ်စစ်လို့ထင်ပါတယ်။ တချို့ဆို သ၀န်တိုချင်ယောင်ဆောင်တာမျိုးကို တွေ့ဖူး တယ်။

ဇော်ကိုကို – သိပ်တော့မထောက်ခံချင်ဘူး။ ဒါပေမဲ့ လူတိုင်းကတော့ အနည်းနဲ့အများ သ၀န်တိုကြတာပဲလေ။ ကျွန်တော် သိတဲ့ လူတစ်ယောက်ကျတော့ လုံးဝသ၀န်မတိုတတ်ဘူး။ ဒါပေမဲ့ သေတဲ့အထိလည်း သူ့ဇနီးကို ချစ်သွားတယ်။ ဘာဖြစ် လို့လည်းဆိုတာ့ သူကအဆိုးမမြင်တတ်ဘူး။ လုပ်ရပ်တိုင်းကို အကောင်းဘက်က မြင်တတ်လို့ပေါ့။ ကျွန်တော်ကတော့ လုံးဝသ၀န်မတိုတတ်တဲ့သူလည်း မဟုတ်ပါဘူး။

ကြည်ဖြူသျှင် – ချစ်တဲ့သူတိုင်း သ၀န်တိုတတ်ကြတာပါပဲ။ တချို့လူတွေက ကိုယ်ချစ်တဲ့သူ စိတ်ဆင်းရဲမှာစိုးလို့ မျိုသိပ်ထားကြတာပါ။

အောင်ရဲလင်း - အဲဒီလိုတော့ ပြောလို့ဘယ်ရမလဲ။ တချို့တွေက သ၀န်တိုတတ်ပေမယ့် တချို့ကတော့ သ၀န်မတိုတတ် ဘူးလေ။ ကျွန်တော်လက်ခံထားတာကတော့ သ၀န်တိုတိုင်းလည်းချစ်တာမဟုတ်ပါဘူး။ သ၀န်မတိုတတ်ကလည်း မချစ် တာမဟုတ်ပါဘူး။ ဥပမာ- ကျွန်တော်တို့အလုပ်ဆိုရင် ယောက်ျားလေး၊ မိန်းကလေးတွေဆက်ဆံနေရတာ။ သ၀န်တိုလို့ မရဘူး။ အဲဒါထက်လွန်လာရင်တော့ တစ်မျိုးပေါ့။ ဒါကြောင့် အရာရာတိုင်းမှာ သ၀န်တိုသင့်တယ်၊ မသင့်ဘူးဆိုတာ ချင့်ချိန် နိုင်ရမယ်။ အလိုလိုနေရင်း သ၀န်တိုနေရင်တော့ ဘယ်ဖြစ်မလဲ။ သ၀န်တိုသင့်တဲ့နေရာမှာတော့ တိုရမှာပေါ့။ ဒါပေမဲ့ အမြဲတမ်းသ၀န်တိုနေရင်မကောင်းဘူး။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုရှိတာကတော့ အကောင်း ဆုံးပေါ့။

ဝိုင်းစုခိုင်သိန်း - လူတိုင်းကတော့ သ၀န်တိုတတ်ကြတာပါပဲ။ တချို့တွေကလည်း သ၀န်မတိုတတ်ကြဘူးလေ။ တစ်ယောက်နဲ့တစ်ယောက်တော့ မတူဘူးပေါ့။

ဟိန်းဝေယံ – ကျွန်တော်ကတော့ သ၀န်တိုမှုမပါမှ အချစ်ဆိုတာ ပိုပြီးစစ်မှန်တယ်လို့ ခံယူထားပါတယ်။ အဓိကကတော့ တစ်ယောက်နဲ့တစ်ယောက် နားလည်မှုအပြည့်အ၀ရှိရမယ်။ သည်းခံနိုင်မှုအတိုင်းအတာတစ်ခုထိ ရှိရမယ်လို့လည်း ထင်ပါတယ်။

ချစ်သုဝေ – Treza ကတော့ သိပ်မရှင်းပြတတ်ဘူး။ Treza အနေနဲ့ဆိုရင်တော့ သ၀န်တိုတတ်တယ်။ ဘာလို့လဲဆိုတော့ Treza ကမိဘတို့၊ သူငယ်ချင်းတို့၊ အစ်မအပေါ်မှာတောင် သ၀န်တိုတတ်တဲ့သူဆိုတော့ ချစ်သူရှိလာရင်တော့ သ၀န်တို မိမှာပဲ။ ဒါပေမဲ့ Limit လေးနဲ့ပေါ့နော်။ သူ့စိတ်အနှောင့်အယှက်အရမ်းဖြစ်အောင်၊ သူ့သိက္ခာကျသွားအောင် သ၀န်တို တာမျိုးတော့ အားမပေးပါဘူး။ ကိုယ်မှန်တယ်ထင်တဲ့ ဘောင်လေးအတွင်းကတော့ သ၀န်တိုတတ်ပါတယ်။

မိုးယုစံ – အဲဒီစကားလေးကတော့ ဟုတ်မှာပါ။ မိုးယုတစ်ယောက်တည်းအနေနဲ့ဆိုရင်တော့ မိုးယုလည်း သ၀န်တိုတတ်ပါတယ်။

Love is Blind ဆိုတဲ့ စကားလေးအပေါ်မှာရော...။

ချစ်သုဝေ – ဖြစ်တတ်ကြပါတယ်။ အဲဒီလိုဖြစ်တတ်တဲ့အပေါ်မှာ အသိ၊ သတိလေးနဲ့ ထိန်းတတ်ဖို့ပဲလိုပါတယ်။

ဟိန်းဝေယံ – အချစ်မှာ မျက်စိမရှိဘူးဆိုတာကိုတော့ ကျွန်တော်လက်ခံပါတယ်။

ဝိုင်းစုခိုင်သိန်း - ဒါက တစ်ခါတလေကျရင်တော့ ဖြစ်တတ်ပါတယ်။ အမြဲတမ်းတော့ မဟုတ်ပါဘူး။

အောင်ရဲလင်း - အဲဒါမျိုးကျတော့မကောင်းဘူး။ ကျွန်တော့်အနေနဲ့ကတော့ လူတိုင်းဟာ မကောင်းမှန်းသိရက်နဲ့ ချစ်တာ ကတော့ ကိုယ့်ကိုယ်ကိုယ် နှိပ်စက်တာလို့ထင်တယ်။ အဓိကကတော့ ကိုယ့်ကိုတကယ်ချစ်တဲ့သူ၊ ကောင်းတဲ့သူကို ရှာပြီး ချစ်တာကောင်းတယ်လို့ထင်တယ်။

ကြည်ဖြူသျှင် – ပြီးပြည့်စုံတဲ့သူတွေအတွက်ကတော့ ဟုတ်မှာပေါ့။ ဒါပေမဲ့ ဘ၀ကိုရုန်းကန်နေရတဲ့သူတွေအတွက်ကတော့ မျက်လုံးကိုဖွင့်ပြီး အချစ်ကိုရှာနေကြပါတယ်။

ဇော်ကိုကို – လက်ခံပါတယ်။ အရင်က လက်မခံတာတွေ လက်ခံလာရအောင် ညှိကြတယ်ဆိုကတည်းက ပါပဲ။

ဖွေးဖွေး - ဘာမှမမြင်တာတော့ မဟုတ်ပါဘူး။ မှုန်ရုံလောက်ပါပဲ။

D ဖြိုး - တစ်ဝက်တော့မှန်ပါတယ်။ တချို့တွေလည်းဖြစ်နိုင်ကြပါတယ်။ ကျွန်တော့်အတွက်လည်း တစ်ခါတလေကျရင် ဖြစ်တော့ဖြစ်တယ်။

မိုးယုစံ – တကယ်ချစ်လာပြီဆိုရင်တော့ ဘာမှမမြင်တာတွေလည်း ရှိပါတယ်။ မိုးယုအတွက်ကတော့ အနုပညာအလုပ်တွေ လုပ်နေတဲ့အတွက် ပရိတ်သတ်တွေရှိတယ်၊ မိဘတွေရှိပါတယ်။ အဲဒီလိုမျိုးကြုံလာခဲ့ရင်လည်း အတတ်နိုင်ဆုံးမေ့ပစ်လိုက် မှာပါ။

အချစ်စစ်ဆိုတာ မဖြောင့်ဖြူးဘူးလို့ ပြောကြတဲ့အပေါ်မှာရော....။

D ဖြိုး - ကျွန်တော်ကတော့ မဖြစ်ချင်ပါဘူး။

မိုးယုစံ – ဟုတ်ပါတယ်။ ဘယ်အလုပ်ပဲဖြစ်ဖြစ် အခက်အခဲရှိတာပါပဲ။ အခက်အခဲတစ်ခုခုရှိပြီးမှပဲ အဆင်ပြေ သွားတာများပါတယ်။

ဇော်ကိုကို – အဲဒါကျတော့ မပြောတတ်ဘူး။ မတွေးမိဖူးဘူး။

ကြည်ဖြူသျှင် – ဒါကတော့ လူတိုင်းအတွက် မဖြစ်နိုင်ပါဘူး။

အောင်ရဲလင်း - ကျွန်တော့်အထင်တော့ အချစ်ပါတဲ့အိမ်ထောင်ရေးက သာယာပြီးတော့ အဆုံးစွန်ထိ သည်းခံနိုင်မယ် လို့ထင်ပါတယ်။ မိဘသဘောတူပြီးယူတဲ့ အိမ်ထောင်ရေးလိုမျိုးကျတော့ တော်ရုံတန်ရုံ သည်းခံနိုင်မယ်လို့ မထင်ဘူး။ ကိုယ်ချစ်တဲ့သူကိုပဲ သည်းခံနိုင်တာများတယ်လေ။ ဒါကြောင့် အချစ်ဆိုတဲ့ အရာကတော့ အိမ်ထောင်ရေးအတွက်ရော၊ ချစ်ခြင်းမေတ္တာတွေအတွက်ရော အရေးကြီးတယ်လို့ ထင်ပါတယ်။

ဝိုင်းစုခိုင်သိန်း - ဒါကတော့ မဆိုင်ပါဘူး။ အချစ်စစ်မှန်ရင် ဖြောင့်ဖြူးသွားတာတွေ အများကြီးပါပဲ။

ဟိန်းဝေယံ – ဒီစကားကိုတော့ ကျွန်တော်လက်မခံဘူး။ တချို့အချစ်စစ်တွေက တကယ်လည်းချစ်ကြပြီး ဖြောင့်ဖြူး တဲ့လမ်းကြောင်းတွေလည်း ရှိပါတယ်။

ချစ်သုဝေ – Treza အရင်ကလည်း ပြောခဲ့ဖူးပါတယ်။ ချစ်တယ်ဆိုတာ လူနှစ်ယောက်အတွက် တံတားထိုးတာပဲလေ။ နားလည်မှု၊ စာနာမှု၊ သိတတ်မှုစတဲ့ တိုင်သေးသေးလေးတွေထောင်ထားမှ ဒီတံတားက ခိုင်မြဲတာလေ။ Treza အထင် ကတော့ တကယ်ကိုချစ်ကြတဲ့သူနှစ်ယောက်ဆိုရင်တော့ ဒီနှစ်ယောက်သွားရမယ့်လမ်းက ဖြောင့်ဖြူးသွားမှာပါ။ ဒီတိုင် လေးတွေထဲက တစ်တိုင်ကို ကိုယ်ကိုယ်တိုင်ကပဲဖြစ်ဖြစ်၊ ပတ်ဝန်းကျင်ကပဲဖြစ်ဖြစ် နဲ့သွားအောင်လုပ်ရင်တော့ ပြိုကျ သွားမှာပဲ။ဒီနှစ်ယောက် ခိုင်မြဲနေရင်တော့ အဆင်ပြေသွားမှာပါ။

အချစ်ကိုကိုးကွယ်တဲ့သူတစ်ယောက်လား....

ဖွေးဖွေး - မဟုတ်ပါဘူး။

မိုးယုစံ – မကိုးကွယ်ပါဘူး။

ဇော်ကိုကို – မကိုးကွယ်ပါဘူး။

ကြည်ဖြူသျှင် – ကိုးကွယ်သူ မဟုတ်ပါဘူး။ ဒါပေမဲ့ မကာရရာသီဖွားဆိုတော့လည်း....။

အောင်ရဲလင်း - ကျွန်တော်ကတော့ အချစ်ကိုတန်ဖိုးထားပါတယ်။ ဘာလို့လဲဆိုတော့ လူတိုင်းမှာ အချစ်ဆိုတာရှိပါတယ်။ ကိုယ့်မိဘကိုချစ်တာမျိုး၊ ကိုယ့်ချစ်သူကိုချစ်တာမျိုး အမျိုးမျိုးရှိတယ်လေ။ ချစ်မှပဲ ရေရှည်လက်တွဲလို့ရမယ်လို့ထင်တယ်။ သူငယ်ချင်းကိုချစ်တာလည်း အချစ်ပဲလေ။ ဥပမာ- ကိုယ်မခင်တဲ့၊ မချစ်တဲ့ သူငယ်ချင်းတစ်ယောက်ကို သွားခင်မယ်ဆိုရင် ခင်လို့မှမရဘဲ။ ကိုယ်သံယောဇဉ်ရှိတဲ့သူကိုမှ ခင်မှာလေ။ ဒါကြောင့် အချစ်ဆိုတာ အရာရာတိုင်းအတွက် အရေးကြီး ပါတယ်။ လူမှုရေးရော၊ မေတ္တာရေးရော၊ မိသားစုအတွက်ရော အရေးကြီးပါတယ်။

ဟိန်းဝေယံ – အချစ်ကိုကိုးကွယ်သူတော့ မဟုတ်ပါဘူး။ ကျွန်တော်လည်း တခြားလူငယ်တွေလိုပဲ ချစ်တတ်တယ်။ ဒါပေမဲ့ အချစ်ကို ရူးရူးမူးမူးကြီး ကိုးကွယ်နေတဲ့ထဲမှာတော့ မပါပါဘူး။

ချစ်သုဝေ – အဲဒါကိုတော့ တကယ်လက်တွေ့ကြုံမှပဲ ပြောကြပါစို့။ ကိုယ်ကအခု အချစ်နဲ့မတွေ့သေးတော့ ဘယ်လိုဖြစ် မလဲ မသိသေးဘူး။ အချစ်က ကိုးကွယ်စရာတော့ မဟုတ်ပါဘူး။

အကြိုက်တွေကိုယ်စီကိုယ်စီနဲ့ အချစ်အကြောင်းတွေ ပြောပြသွားကြတာ စုံလို့ပါပဲ။ ဘာတွေပဲပြောနေပါစေနော်....အချစ်ဆိုတာ နားလည်မှု၊ ယုံကြည်မှု၊ သစ္စာရှိမှုတို့နဲ့အတူ အတ္တ၊ မာနလေးများနဲ့ပါ ဖွဲ့စည်း ထားတယ်လို့ ပြောရင်းနဲ့ပဲ မဂ္ဂဇင်းတစ်စောင်ကနေ သူတို့တွေရဲ့ အချစ်အဓိပ္ပာယ်ဖွင့်ဆိုမှုလေးတွေကို ထပ်မံတင်ပြလိုက် ပါတယ်။

No comments: