Sunday, March 7, 2010

Shoes

Perfect outfit ဆိုတာအတွက် မှန်ကန်တဲ့ ရှူးတစ်စုံမပါဘဲနဲ့ မဖြစ်ပါ။ သင့်ခြေထောက်မှာ ဘာကိုလျှိုလိုက်တယ်ဆိုတာက အကောင်းဆုံးဆိုတာကို အားလုံးပြည့်စုံဖို့ ပြုလုပ်ပေးနိုင်သလို ပျက်စီးသွားအောင်လည်း လုပ်ပစ်နိုင်တယ် ဘယ်လိုဝတ်မှာ ဘယ်လိုကြိုတင်စီစဉ်ထားတာ ဘယ်လိုစတိုင်လ် အ၀တ်အစားတွေနဲ့ စတာတွေကိုပေါ့။ ကိုယ်ဝတ်မည့် ၀တ်စုံကို ပြည့်စုံ့ဖို့ ကြိုးစားခြင်းဟာ ကောင်းပေမယ့် ရှူးဖိနပ်တွေရဲ့ အရောင်တွေကလည်း အရေးကြီးသနော်။ ဒီမှာ အမျိုးသားတိုင်း အ၀တ် ဘီရိုနားမှာ တန်းစီပြီးထားရမယ့် ပိုင်ဆိုင်ထားသင့်တဲ့ရှူးဖိနပ်၅မျိုးအကြောင်းပြောပြမယ်....

(1) Sneakers Shoes

Casual wear ဆိုတာအမျိုးသားတွေရဲ့လိုက်ဖ်စတိုင်မှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ သင်ရုံးခန်းထဲမှာပဲ အချိန်တိုင်းရှိနေတယ်ဆိုတာ မဖြစ်နိုင်ဘူး ဟုတ်တယ်ဟုတ်။ အနားယူချိန်တွေမှာ ဂျင်းတစ်စုံရယ် ခပ်မိုက်မိုက် တီရှပ်ရယ် ၀တ်ဖို့ဆိုတာ ဖြစ်လာနိုင်ပါတယ်။ casual စတိုင်လ်ဝတ်စားချင်တဲ့အခါ စတိုင်လ်မိမိ sneaker တစ်ခုနဲ့ သင့်ခြေထောက်ကို ဆင်ယင်ခြယ်သဖို့ သင့် shoe collection မှာ sneaker ကိုထည့်ထားသင့်ပါတယ်။ ဒီဟာ အကောင်းဆုံး ဥပမာပါပဲ သင်စတိုင်လ်ကျကျ ဘယ်လိုဝတ်ဖို့ ဆိုတဲ့နေရာမှာ။


(2) Casual Shoes

သူငယ်ချင်းမိတ်ဆွေတွေနဲ့ အေးအေးသက်သာတွေ့ဆုံတဲ့ပွဲတွေ ဒါမှမဟုတ် ခြေညောင်းလက်ဆန့်လုပ်တဲ့ အခါ၊ သင့်တော်တဲ့ sneaker shoe ကိုမတွေ့တဲ့အခါမှာ ဒုတိယအနေနဲ့ရွေးချယ်သင့်တဲ့ ရှူးဖိနပ် အမျိုးအစား ပါ။ ဒီဒုတိယအမျိုးအစား ရှူးဖိနပ်ဟာ နူးညံ့တဲ့လယ်သာနဲ့ ချုပ်ထား တဲ့ ဒါမှမဟုတ် ကော်တွန်နဲ့ဖန်တီးချုပ်လုပ် ထားပြီး ခပ်ပါးပါး သားရေဆိုးလ်တစ်ခု နဲ့အဆုံးသတ်ထားတဲ့အမျိုးအစားဖြစ်သင့်ပါတယ်။ အခုခေတ် casual shoe အမျိုးအစားရှူးတွေဟာ အတော်အတန်ကို ကြည့်ကောင်းသပ်ရပ်ပြီး စတိုင်လ်အမိလေးတွေဖြစ် နေပါ ပြီ။ Steve Madden's Boarder shoe လိုပါပဲ။ ဒီရှူးအမျိုးအစားကို တဖြောင့်တည်းပုံစံချုပ်ထားတဲ့ဂျင်း ဘောင်းဘီ (a straight-leg jean) တွေနဲ့ဆို အားလုံးကောင်းပါသည်ဆိုတာဖြစ်သွားမှာပါ။ သာမန် Sneaker ရယ် ဒီ casual shoe ရယ်နှစ်မျိုးလုံးဟာ ခဏခဏ၀တ်ဆင်ကြရတာ ဖြစ်တဲ့အတွက်


(3) The black dress shoe

အရေးကြီးဧည့်ခံပွဲတွေမှာ ဒါမှမဟုတ် မိမိအလုပ်မှာ ပုံမှန်နေ့စဉ်ဝတ်ဆင်ရတဲ့ ရှူးအမျိုးအစားဖြစ်ပါတယ်။ ဒီ the black dress shoe အမျိုးအစားဟာ ဟိုအရင်ကတည်းက ၀တ်ဆင်ခဲ့ကြတဲ့အမျိုးဖြစ်ပြီး ပိုင်ဆိုင်ခဲ့ကြပြီးလည်းဖြစ်ပါတယ်။ Aldo's Clida loafer ဟာ မြောက်မြားလှစွာသောရှူးအမျိုးအစားတွေရှိတဲ့အထဲက သင်ဝတ်ဆင်မယ့် casual ဘောင်းဘီရှည်တွေ(slacks)၊ ၀တ်စုံ (suits)တွေ အတွက် အံဝင်ခွင်ကျဖြစ်မဲ့ ဥပမာတစ်ခုဖြစ်ပါတယ်။ ခပ်ပါးပါးဆိုးလ်ရယ် ထိပ်ပိုင်းက အနည်းငယ်ချွန်တဲ့ပုံစံပါ။ ဒီလိုစတိုင်လ်အမိစား ရှူးဟာ formal ၀တ်ဆင်ရတဲ့အခါတွေမှာ or business outfit အတွက် အလိုအပ်ဆုံးဖြစ်ပါတယ်။


(4) The New black

ဒီနေ့ခေတ် ဖက်ရှင်ကမ္ဘာမှာ အညိုရောင်ဟာ the new black ပါပဲ။ ultra-formal occasions အတွက် black ဟာတော်ဝင် အရောင်ဖြစ်နေစဉ်မှာပဲ အညိုရောင်ဟာ တွေ့ဆုံပွဲတွေမှာ လက်ခံနိုင်တဲ့အရာအဖြစ်ဖောက်ထွက် လာတဲ့ အရောင်ဖြစ်လာပါပြီ။ ဥပမာအားဖြင့် ဒါရိုက်တာတွေပုံမှန်တွေ့လေ့ရှိတဲ့အခန်းမှာတောင် လက်ခံလာကြ တော့မှာပါ။ Aldo မှ The Hermesilas model of dress ရှူးဟာ ခြေလျှိုဖို့အကောင်းဆုံးနဲ့ အလုပ်ကိုဦးတည်ဖို့ အကောင်းဆုံးပါပဲ။


(5) The ankle boot

The ankle boot ဟာ your shoe collection မှာမပါမဖြစ်မယ့် အရေးတကြီးရှူးအမျိုးအစားတစ်ခုဖြစ်ပါတယ်။ အထူးသဖြင့် မိုးရာသီ အတွက်ပေါ့။ ပုံစံမျိုးစုံနဲ့ ၀တ်ဆင်နိုင်ပေမဲ့ ဒါဟာလက်တွေ့ကျတဲ့အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။ ဥပမာပြောပြရ ရင် business suit တစ်စုံနဲ့ ဒါမှမဟုတ် ဂျင်းတစ်စုံနဲ့လည်း ကြည့်ကောင်းစွာ ၀တ်ဆင်နိုင်ပါတယ်။ The ankle boot ဟာ အထက်ပါဝတ်စုံအမျိုး အစားနှစ်ခု လုံးအတွက် အိုကေတဲ့ ဖြည့်စွက် မှုဖြစ်လာနိုင်ပါတယ်။ အနက်ရောင်လယ်သာ ထိပ်ပိုင်းက အနည်းငယ်ပြားတဲ့ Gordon Rush ဟာ အကောင်း ဆုံးဥပမာရှူးပါပဲ ဘယ်ဘောင်းဘီအစုံစုံနဲ့တွဲဖက်ဖို့။

No comments: