Friday, November 20, 2009

Who want to be an online love hunter?

<span style="font-family:zawgyi-one;">

ဆောင်ရန်ရှောင်ရန် Online အချစ်

ကွန်ပျူတာထဲမှာ ချစ်သူရှာတော့မယ်ဆိုရင် အမြင်အာရုံကိုအားကိုးလို့မရပါဘူး။ မုချအမှားကြုံရတတ်ပါတယ်။ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ကိုယ့်ရဲ့လက်ရှိသွင်ပြင်ရဲ့ အပြစ်အနာအဆာတွေကို တတ်နိုင်သမျှ ဖုံးအုပ်ထား လေ့ရှိပါတယ်။ ဓာတ်ပုံကိုသေးသေးလေး တင်ထား၍သော်လည်းကောင်း၊ ကိုရီးယားမင်းသားမင်းသမီးပုံတင်ထား၍သော် လည်းကောင်း၊ Photoshop ဖြင့်ဓာတ်ပုံပြင်ထား၍သော်လည်းကောင်း အမျိုးမျိုးဖြင့် အပြစ်အနာအဆာတွေကို ဖုံးအုပ်ထားလေ့ ရှိပါတယ်။

ဒီလိုအွန်လိုင်းအထာတွေမသိဘဲ ဆင်ကန်းတောတိုးရှာပြီးမှ နဖူးတွေ့ဒူးတွေ့အပြင်မှာ ရင်ဆိုင်ရတဲ့အခါမှာ ပြောသလို၊ ပြသလို မဖြစ်လာတဲ့အခါမှာ Download လုပ်ထားတဲ့အချစ်ကို အမြန်ဆုံး stay ရှောင်ရပါတော့တယ်။ တချို့ကတော့ ရှောင်ရှားရင်းပုန်း ကွယ်ရင်းနဲ့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ လက်မြှောက်အရှုံးပေးသွားကြပါတယ်။ ဒီအဖြစ်အပျက် တွေဟာ အပြင် လောကမှာ တကယ်လက်တွေ့ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေပါ။ ယုံတမ်းစကားမဟုတ်ပါဘူး။

နောက်ပြီး အွန်လိုင်းအချစ်ဟာ အချစ်စစ်ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတဲ့ ပြဿနာကလည်းရှိပါသေးတယ်။ အွန်လိုင်းမှာ အချစ်စစ်ရှိနိုင်ပါတယ်။ အွန်လိုင်းမှာတွေ့ပြီး အပြင်မှာ လက်ထပ်သွားကြတဲ့စုံတွဲတွေတွေ့ဖူးပါတယ်။ ဒါကြောင့် ကွန်ပျူ တာထဲက အချစ်ဟာ အပြင်လောကမှာ သင်ရှာသလို တူညီတဲ့ စားကျက်မဟုတ်တာကြောင့် တောမကျွမ်းရင် မုဆိုးကနေ သားကောင်ဖြစ်တတ်ပါတယ်။

သားကောင်မဖြစ်ချင်ရင်တော့ တောကျွမ်းဖို့လိုပါတယ်။

(၁)      မိန်းမတွေဟာ အပြောကောင်းတာ သဘောကျတတ်ပါတယ်။ ဒါပေမဲ့ အချစ်ဝတ္ထုထဲက စာသားတွေ ခိုးချပြီးပြော တာကိုတော့ ဖီးလ်မလာပါဘူး။ အပြင်မှာ မတွေ့သေးဘဲ အွန်လိုင်းမှာပဲ တွေ့ဆုံချစ်ကြိုက်ပြီးလက်ထပ်မယ်လို့ ကတိပေး ထားရင်တော့ ဒုက္ခလှလှကြီးတွေ့ရတတ်ပါတယ်။ အဲဒီလိုကတိမျိုး မပေးမိပါစေနဲ့။

(၂)      ပထမတွေ့ဆုံခြင်း(First Date)ဟာ သမားရိုးကျနဲ့ ရိုးရှင်းသန့်စင်ဖို့လိုအပ်ပါတယ်။ အဆင့်ကျော်ချင်နေတဲ့ မျက်လုံးအရောင် မတောက်မိစေပါနဲ့။

(၃)      ကိုယ်တွေ့လိုက်တဲ့ အမျိုးသား၊ အမျိုးသမီးဟာ ကိုယ့်အတွက် နတ်သား၊နတ်သမီးသဖွယ်ဖြစ်နေဦးတော့ အလွန် အမင်း ငမ်းငမ်းတက် မျက်နှာမျိုးမဖြစ်မိစေပါနဲက။ တစ်ဖက်လူကြောက်လန့်ထွက်ပြေးသွားတတ်ပါတယ်။ ကိုယ့်အပေါ် လည်း အထင်အမြင်သေးသွားတတ်ပါတယ်။

(၄)      ပထမတွေ့ဆုံခြင်းမှာ တစ်ဖက်သူရဲ့အသွင်အပြင်အား ချီးကျူးပေးပါ။

(၅)      တွေ့ဆုံမှုအဆင်ပြေတယ်ဆိုရင် နောက်တစ်ဆင့်ထပ်တက်ပါ။ အပြင်ထွက်လျှောက်လည်ဖို့ချိန်းပါ။ ကိုယ့်ဘက်က အဲဒီလိုပြောဖို့နှုတ်တွန့်နေတယ်ဆိုရင်တော့ နောက်လူကပြောသွားမှာဖြစ်တယ်။

(၆)      တွေ့ဆုံတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါစေ။ ဟန်ပန်အမူအယာသည် ယုံကြည်မှုအပြည့်အ၀ရှိနေရပါမယ်။ ယင်းသို့သော ဟန်ပန်အမူအယာသည်ဆွဲဆောင်မှုရှိသော အမူအယာဖြစ်သည်။

(၇)      ရိုးသားမှုရှိပါ။ အရပ်အမြင့်အား မဆိုစလောက်လေးလိမ်ညာထားခြင်း၊ အသားအရောင်အား မဆိုစလောက်လေးပို ပြောထားခြင်း၊ ရူပါအား မည်သည့်မင်းသားမင်းသမီးနှင့် ယောင်ယောင်မှားမှားတူသည်ဟု ပိုပြောထားခြင်းတို့သည် နောက်ဆုံး၌အိုးနင်းခွက်နင်းနှင့် အရှက်ကွဲရတတ်သည်။

(၈)      အပြင်မှာ မတွေ့ဆုံခင် ဖုန်းဖြင့်အရင် ဆက်သွယ်ရင်းနှီးမှုရအောင်ပြုလုပ်ပါ။

(၉)      တိတ်ဆိတ်သော၊ လူနေကင်းသော နေရာမျိုး၌တွေ့ဆုံခြင်းမပြုပါနှင့်။ ပထမတွေ့ဆုံခြင်းသည် လူသူအများသွား ရောက်ကြသည့်နေရာမျိုးသာဖြစ်သင့်သည်။

(၁၀)    ဓာတ်ပုံထဲက ပုံစံနှင့်အပြင်၌မြင်တွေ့ရသော ပုံတို့သည်ဟန်မဆောင်နိုင်အောင် ခါးတောင်းကျိုက်ပြီး လန့်ပြေးချင် စရာဖြစ်နေဦးတော့ ကိုယ့်အတွင်းစိတ်ခံစားမှုအားဖုံးသိပ်ထားပြီး မိတ်ဆွေအဖြစ်သို့ ကူးပြောင်းနိုင်ရန်ကြိုးစားပါ။ စိတ်ပျက် လက်ပျက် ပုံစံမဖြစ်သွားပါနှင့်။

ယင်းတို့သည် ကွန်ပျူတာတောထဲ၌ကျက်စားမည့် အချစ်မုဆိုးများအတွက် အကင်းမျှသာရှိသေးသည်။ သို့သော် ထိုအကင်းနှင့်ပင် အွန်လိုင်းအချစ်မုဆိုးတစ်ယောက်လုပ်ရန် အခြေခံအချက်များ ပြည့်စုံသွားပြီ ဖြစ်သည်။ ဆိုးကျိုးသက် ရောက်နိုင်မှုအလားအလာနည်းသွားပြီဖြစ်သည်။


Ref: 8 Days A week Journal Vol. 1 No. (35)

</span>



--
With Love,
Alex

No comments: