--
With Love,
Alex
ကျွန်တော်ဖတ်ဖြစ်တဲ့ စာတွေထဲက သိချင်စရာကောင်းတယ်ဆိုတဲ့ အကြောင်းအရာများကို ဝေမျှဖို့နေရာလေးပါ။လွတ်လပ်စွာဝေဖန်နိုင်ပါတယ်။ထင်မြင်ချက်ပေးနိုင်ပါတယ်။ဖတ်ရလို့ ကြိုက်သူရောမကြိုက်သူပါ ကျွန်တော့်ဘလော့ခ်ကို ဖတ်တဲ့အတွက်ကျေးဇူးပါ။
Acquired (အေ) ကူးစက်ခြင်း မှရသော
Immune (အိုင်) ခုခံအား (ကိုယ်ခံအား)
Deficiency (ဒီ) လျှော့နည်းကျဆင်းမှု
Syndrome (အက်စ်) ရောဂါလက္ခဏာစု
ကွန်ဒုံးအသုံးပြုခြင်းဖြင့် လိင်ဆက်ဆံမှုကြောင့်ဖြစ်သော ရောဂါကူးစက်မှုအန္တရာယ်ကိုနည်းစေနိုင်သည်။
သွေးကိုလိုအပ်မှသာ အသုံးပြုပေးသွင်းရန်အရေးကြီးသည်။
ကျန်းမာရေးဝန်ထမ်းတို့တွင် မတော်တဆ အပ်စူးခြင်း
အရေပြားကို ကိရိယာများဖြင့် ထိုးဖောက်ခြင်းများ
ဆေးမှင်ကြောင်
ထိုးဆေးသုံးစွဲသူများ
HIV/AIDS is not a punishment from God!
Human (အိတ်ခ်ျ) လူ၏
Immune (အိုင်) ကိုယ်ခံအားချို့တဲ့စေသော
deficiency
Virus (ဗွီ) ဗိုင်းရပ်စ်
HIV is not transmitted from hugging and kissing on the cheeks.
HIV is not transmitted from tears and sweats.
HIV is not transmitted from toilets and urinals.
HIV is not transmitted from sharing clothes, towels and telephones.
ကွန်ဒုံးများသုံးစွဲခြင်းဖြင့် သင်နှင့်သင့်၏ အဖော်အား ကာကွယ်မှုပေးပါ။
HIV is not transmitted from shaking hands, holding hands and touching.
HIV is not transmitted from swimming pools and village ponds.
HIV is not transmitted from a mosquito bite and bed bug bite.
HIV is not transmitted from animals.
Protect yourself and your partner by using condoms.
နိုင်ငံတကာ အေအိုင်ဒီအက်စ် နေ့ အဖြစ် ဒီဇင်ဘာလ (၁)ရက် ကိုသတ်မှတ်ထားပါတယ်။
ကိုယ်ပျော်ပါးနေချိန်မှာ ကိုယ့်အိမ်မှာကျန်ခဲ့တဲ့ ဇနီး၊ သားသမီး (သို့) ရည်းစားများရဲ့ မျက်နှာလေးတွေကို တစ်ချက်လောက် သတိရကြည့်ပါ။
ကလေးလေးတွေကို အချိန်မတိုင်ဘဲ မိဘမဲ့မဖြစ်စေချင်ပါ။
မျက်ရည်စက်လက်နှင့်ချစ်သူတွေခွဲခွာကြရမလား။
ရမယ့်အပျော် ငါးမိနစ်လောက်အတွက် တစ်ဘ၀လုံးပေးဆပ်မလား...။
ကာကွယ်ကြမယ်၊ ကုသဖို့မဖြစ်နိုင်သေးဘူး မဟုတ်လား...။
ကိုယ့်အပျော်အတွက် တခြားသူအားလည်း ပြုံးပျော်နိုင်ပါစေ။
အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ် ဖြစ်ရခြင်းသည် ဘုရားမှဒဏ်ပေးခြင်းမဟုတ်!
မိုင်တွေဝေငြား ရင်ဘတ်ချင်းနီးချင်သူများအတွက်
ရပ်ဝေမြေခြားမှာ ရောက်နေတဲ့ချစ်သူများ တစ်ယောက်အပေါ်တစ်ယောက် ရင်ခုန်သံအေးစက်မသွားဖို့ဘယ်လိုများ လုပ်ရပါ့မလဲ။ ထောင်ချီဝေးနေတဲ့ မိုင်တွေကြောင့် အချစ်တွေ တိုက်စားခံရမှာ ကြောက်နေသူများ၊ ကွန်ပျူတာ scream နဲ့ပဲ ကျေနပ်နေရသူများ၊ အသံလေးနဲ့ပဲ ကျေနပ်နေရသူများ နှစ်သိမ့်နေရသူများအတွက် အချစ်တွေလျော့ပါး မသွားစေဖို့ ဘယ်လိုများအကြံဥာဏ်ပေးရပါ့မလဲ။
ဟုတ်သည်ဖြစ်စေ ၊ မဟုတ်သည်ဖြစ်စေ ရှောင်ဖို့အချက်နည်းနည်းတော့ အရင်ပြောရဆိုရပါလိမ့်မယ်။ ချစ်သူရယ် လို့ဖြစ်လာပြီဆိုရင် လှေကားပေါ်မှာထိုင်လျက်ဖြစ်စေ ၊ ထလျက်ဖြစ်စေ အကြင်နာအနမ်း မပေးမိစေနဲ့ ၊ ဓာတ်ပုံ လက်ဆောင်မယူမိစေနဲ့၊ ပ၀ါနီနီမပေးမိစေနဲ့၊ အဲဒီ့အချက်တွေတတ်နိုင်သမျှ ရှောင်စေချင်တယ်။ ဘာကြောင့်လည်း ဆိုတော့ ရေခြားမြေခြားကွဲနေတဲ့စုံတွဲ အတော်များများကိုလိုက်လေ့လာကြည့်တဲ့အခါမှာ အဲဒီ့အချက်တွေနဲ့ သွားငြိနေ တာကိုတွေ့ရတယ်။
ဒါကြောင့် ယုံကြည်သည်ဖြစ်စေ မခွဲလိုတဲ့ဆန္ဒအမှန်ရှိရင်တော့ အပန်းမကြီးဘဲ လိုက်နာလိုက်တာ အကောင်းဆုံးဖြစ်ပါ လိမ့်မယ်။ ချစ်လျက်နဲ့ အကြောင်းအမျိုးမျိုးကြောင့် ရင်ခွင်နန်းတော်ထက် မခိုနိုင်သူတွေ ဆက်ပြီးကြည့်လိုက်ကြဦးစို့။
(၁) စကားပြောဖို့လို
အနေဝေးကြတဲ့ချစ်သူတွေဟာ တစ်ယောက်နဲ့တစ်ယောက်စကားလက်ဆုံပြောဖို့ အချိန်နဲ့အခွင့်အရေးရှားပါးတတ်ကြ ပါတယ်။ တစ်ခါတစ်လေမှာ အချိန်နဲ့အခွင့်အရေးက ရှိစေဦးတော့ နှလုံးသားက နိုးထဖို့မေ့နေတတ်ကြပါတယ်။ ဒီလိုနဲ့ တစ်ချုံကွယ်တစ်မယ်မေ့တွေဖြစ်ကုန်ကြရော။ အနေဝေးနေတဲ့ ချစ်သူတိုင်းတစ်ယောက်နဲ့တစ်ယောက် အချိန်ဖန်တီးပြီး စကားလက်ဆုံကြဖို့လိုအပ်တယ်။ ကွန်နက်ရှင်ဟာ အမြဲပြတ်တောက်နေမယ်ဆိုရင် အနာဂတ်ချစ်ခရီးလမ်းဟာ မှုန်ဝါးဝါးဖြစ်သွားလိမ့်မယ်။ ဖုန်းနဲ့ပဲပြောနေတယ်ဆိုရင် အချိန်ကြာလာတာနဲ့အမျှ ရိုးအီသွားတတ်တယ်။
(၂) နည်းပေါင်းစုံအဆက်အသွယ် မပြတ်အောင်လုပ်
ဘယ်နည်းနဲ့ပဲဖြစ်ဖြစ် ၊ အွန်လိုင်းနဲ့ပဲဖြစ်ဖြစ်၊ ဖုန်းနဲ့ပဲဖြစ်ဖြစ် စာနဲ့ပဲဖြစ်ဖြစ် သူနဲ့ကိုယ်ကြားက သံယောဇဉ်ကြိုးကို အမြဲ ချည်နှောင်စေဖို့ နည်းပေါင်းစုံနဲ့အဆက်အသွယ်ပြုလုပ်ထားပါ။ လက်ဆောင်ပို့ပေးတာတို့၊ ချစ်သ၀ဏ်လွှာ ပို့ပေးတာတို့ စသဖြင့် အမြဲအဆက်အသွယ်ရှိနေပါစေ။
(၃) ဘုံ စိတ်ဝင်စားစရာဖလှယ်ပါ။
မိုင်တွေခြားနေပေမယ့် ရင်ဘတ်ခြင်းနီးချင်ကြတဲ့သူတွေအတွက် ရင်ခုန်သံတွေ အမြဲနွေးစေဖို့ သူရော ကိုယ်ရော စိတ်ဝင် စားတဲ့အကြောင်း အရာတစ်ခုကိုရွေးပြီး အတူတကွဆွေးနွေးကြည့်ပါ။ ဥပမာ – လီဗြောင်ဟွန်းရဲ့ ဟောလိဝုဒ်ကား G.I Joe: The Rise of Cobra မှာ လီဗြောင်ဟွန်းရဲ့ဗီလိန်သရုပ်ဆောင်ပုံကောင်းတယ်၊ မကောင်းဘူးဆိုတာ သူရောကိုယ်ရော သီးခြားစီကြည့်ပြီးဆွေးနွေး ကြပေါ့။ သီချင်းဆိုရင်လည်း ဘယ်အဆိုတော်ကဖြင့်ကောင်းတယ်၊ ဘယ်သီချင်းကဖြင့် ဆုရသွားတာ နားထောင်ကြည့်။ ပြီးရင်ဆွေးနွေးကြည့်ကြ။ ဒီလိုနည်းနဲ့ သူနဲ့ကိုယ်နဲ့ အဆက်မပြတ်ဖြစ်တော့ဘူးပေါ့။
(၄) တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိပါ။
အနေဝေးနေတဲ့ချစ်သူများအနေနဲ့ မှားလေ့မှားထရှိတဲ့ အမှားတစ်ခုကတော့ အနေဝေးလို့ကြားလေများသွေးမှာစိုးပြီး တစ်ယောက်ပေါ်တစ်ယောက် ထိန်းချုပ်ချင်ကြတယ်။ အဲလိုလုပ်ရင်း တစ်ဖက်ဖက်ကနေပြီး ကြင်ယာဖက် အစစ်အမှန် မဟုတ်ဘူးလို့ ထင်မြင်လာရင် နောက်ထပ်သင့်တော်တဲ့ လူတစ်ယောက်လက်ထဲ ပါသွားလိမ့်မယ်။ အနေဝေးနေတဲ့ ချစ်သူတိုင်းတစ်ယောက်အပေါ်တစ်ယောက် ယုံကြည်မှုအပြည့်အ၀ရှိဖို့လိုအပ်တယ်။ ဟိုလူနဲ့စွပ်စွဲတာမျိုး၊ သံသယစိတ်ဝင်တာမျိုး၊ ထိန်းချုပ်ချင်တာမျိုးတို့ မလုပ်ရဘူး။
(၅) အနာဂတ်အကြောင်းဆွေးနွေးပေး။
ကိုယ်တို့ချစ်သူနှစ်ယောက်ရဲ့ အနာဂတ်ချစ်လမ်းခရီးအတွက် ဘယ်လိုဘယ်ပုံပြင်ဆင်ကြမလဲဆိုတာ ဆွေးနွေးပါ။ အတူနေဖို့ဘယ်နေရာကတော့ဖြင့်ကောင်းတယ်၊ သားလေးမွေးမယ်၊ သမီးလေးမွေးမယ် စသဖြင့် အနာဂတ်အတွက် ဆွေးနွေးကြပါ။ ဒီနည်းဟာ အနေဝေးနေတဲ့ ချစ်သူတွေအတွက် အရမ်းကောင်းပါတယ်။ ရင်ခုန်သံကိုအမြဲ လတ်ဆတ် စေတယ်။
(၆) ဖုန်း၊ အင်တာနက်
ဖုန်းနဲ့ပဲဖြစ်စေ၊ အင်တာနက်နဲ့ပဲဖြစ်စေ အဆက်အသွယ်ပြုလုပ်ပေးရမယ်။ အဆိုတော် မာရီယာကရေးတို့များဆိုရင် သူ့ချစ်ကိုကို ရက်ပ်ပါ နစ်ခ်ကန်နွမ်နဲ့ နိုင်ငံလှည့်ရှိုးပွဲတွေဆိုနေလို့ ဝေးနေကြတဲ့အချိန်မှာ ဖုန်းနဲ့ချစ်ရည်လူးကြပြီး အချစ်တွေကို မီးပူတိုက်တယ်လို့ ၀န်ခံထားတယ်။
(၇) ဘာတွေပြောရမလဲ...။
အနေဝေးနေတဲ့ချစ်သူတွေ စကားလက်ဆုံကြတော့မယ်ဆိုပါစို့။ တစ်ယောက်နဲ့တစ်ယောက် ဘာတွေများပြောကြမလဲ။ 'အောင်မလေးဟဲ့....ကိုကိုလေ မင်းကိုလွမ်းလိုက်တာ ပြောမနေပါနဲ့တော့'ဆိုတဲ့စကားတွေချည်းပဲပြောနေရင် ဟိုဘက် ကလည်း 'ပြောမနေပါနဲ့တော့ ဒီကလည်း တောက်တောက်ကျအောင် လွမ်းရတာပါတော်ရေ'ဆိုပြီးပြောမနေ ပါနဲ့တော့ အဆင့်ထိရောက်သွားလိမ့်မယ်။ လွမ်းတဲ့အကြောင်းပဲ ပြောနေလို့ကိစ္စက မပြီးသေးဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ် ယောက် ဒီနေ့အဖို့ဘာတွေလုပ်ထားလဲ။ ဘယ်သူတွေနဲ့တွေ့တယ် ဘာအလုပ်တွေကိုတော့ဖြင့်လုပ်တယ်။ ထူးထူးခြားခြား ဘာတွေဖြစ်တယ် စတဲ့အကြောင်းတွေပြော။ သူဝါသနာပါတဲ့အကြောင်း၊ ကိုယ်ဝါသနာပါတဲ့ အကြောင်းတွေပြောပေးပါ။
မိုင်တွေဝေးနေပေမယ့် ရင်ဘတ်ခြင်းနီးနေတဲ့သူတွေ ရင်ခုန်သံတွေ မအေးစက်နေရအောင် တတ်နိုင်သမျှ ရှာကြံကာ လမ်းညွှန်လိုက်ရပါတယ်။ ရင်ခုန်သံတူညီသူတိုင်း ရင်ဘတ်ခြင်း အမြန်နီးနိုင်ကြပါစေလို့ ဆုမွန်ပြုလျက်...။
Ref: 8 Days A week Journal Vol. 1 No. (36)
နေ့စဉ်စွမ်းအားကောင်းအောင် အိပ်စက်နည်း
သင်ဟာ နံနက်ခင်းစောင်ခြုံထဲမှာပဲ ကွေးနေချင်သူဖြစ်လျှင် အောက်ဖော်ပြမယ့် အချက်များက သင့်ကို အိပ်ရာထဲမှ ခုန်ထွက်လာအောင် လုပ်ပေးနိုင်ပါလိမ့်မည်။ အဟုတ်တကယ်ဖြစ်ပါသည်။
တစ်နေ့ ၈နာရီကျော်အောင် အိပ်တာတောင်မှ အိပ်ရေးမ၀ဘူးလို့ သင်ထင်နေပါသလား။ ကျွမ်းကျင်သူ သိပ္ပံပညာရှင် များရဲ့ အဆိုအရ နံနက်ခင်းနဲ့ ညနေခင်း သမားရိုးကျဖြစ်စဉ်တွေကိုပဲ အပြစ်တင်ရန်သာ ရှိပါသတဲ့။
အိပ်ရာထဲ မှေးနေမယ့်အစား အောက်ဖော်ပြပါ အချက်များကို ကြိုးစားလှုပ်ရှားကြည့်လိုက်ပါ။
အိပ်ရာမ၀င်မီ ဘာတွေလုပ်ရမလဲ။
(၁) သင့်ကိုယ်တွင်းနာရီနှင့် ချိန်ကိုက်လှုပ်ရှားပါ။
'ကျွန်ုပ်တို့၏ ဇီဝဆိုင်ရာနာရီဟာ ၉၀ မိနစ်လျှင် စက်ဝန်းတစ်ပတ်နှုန်းဖြင့် အလုပ်လုပ်ပါတယ်' လို့ အိပ်ခြင်းဆိုင်ရာ အထူးကုဆရာဝန် ဒေါက်တာမိုက်ကယ်ဘရူးစ်က ရှင်းပြပါတယ်။ ဆက်လက်ပြီး 'ကျွန်တော်တို့ဟာ တစ်ညလျှင် အဲဒီ့လိုစက်ဝန်း ၄ပတ် (သို့မဟုတ်) ၅ပတ်လည်ဖို့ လိုအပ်ပါတယ်။ သင်ဟာ နံနက် ၇နာရီမှာ အိပ်ရာထရင် ၉၀မိနစ်စာ စက်ဝန်း၎ခုလား၊၅ခုလားဆိုတာ ပြန်ပြီးတွက်ချက်ကြည့်လိုက်ပါ။ ရတဲ့အဖြေက သင့်အချိန်ကို သင့်အားပြသမှာ ဖြစ်ပါတယ်။'
(၂) သင့်မိုဘိုင်းဖုန်းအားပိတ်ထားပါ။
အမေရိကနှင့် ဆွီဒင် သိပ္ပံပညာရှင်များရဲ့ မကြာသေးမီက သုတေသနပြုလုပ်ချက်အရ မိုဘိုင်းဖုန်းကိုဖွင့်ပြီး သင့်အိပ်ရာ အနီးမှာထားပြီး အိပ်ပါက ဖုန်းမှ ရောင်ခြည်ဖြာထွက်ပြီး သင့်ဦးနှောက်ထဲက နှစ်နှစ်ခြိုက်ခြိုက် အနားယူအိပ်စက်မှုပေး တဲ့နေရာကို တားဆီးပစ်လိုက်ပါတယ်။ ဒါကြောင့် မျက်စိလေးမှိတ်ပြီး အိပ်ချင်တယ်ဆိုရင် ဖုန်းပိတ်ပြီးမှ အိပ်ပါ။
(၃) ရေချိုးချိန် သတိပြုပါ။
ညခင်း၁၀နာရီလောက်အချိန်မှာ သင့်ခန္ဓာကိုယ်ရဲ့ အပူချိန်အမှတ်ဟာ သဘာဝအားဖြင့် ကျလာတတ်ပါတယ်။ အဲ့ဒီ အခါ ဦးနှောက်ကို မယ်လတိုနင်ခေါ် ဟော်မုန်းထုတ်လွှတ်ပေးရန် အချက်ပြလျက်ရှိတယ်လို့ ဒေါက်တာဘရူးက ရှင်းပြ ပါတယ်။ အိပ်ရာမ၀င်မီ မိနစ်၉၀မှာ ရေချိုးလိုက်ခြင်းဖြင့် ခန္ဓာကိုယ်အပူချိန်အေးလာအောင် လုပ်သလိုဖြစ်ကာ မယ်လ တိုနင် ဟော်မုန်းတွေထွက်လာတဲ့အတွက် သင်လည်းနှစ်နှစ်ခြိုက်ခြိုက် လျင်မြန်စွာအိပ်ပျော်သွားစေပါတယ်။
အိပ်ရာမှ နိုးလာတဲ့အခါ ဘာတွေလုပ်ရမလဲ။
(၁) မှေးမနေပါနှင့်။
'နံနက်လင်းလို့ အိပ်ရာထဲ ပြန်မမှေးပါနဲ့။ မှေးနေလိုက်တာ (ဒါမှမဟုတ်) ပြန်အိပ်ပါက သင့်ကိုပင်ပန်းနွမ်းနယ် နုံးချိစေ ပါလိမ့်မယ်' လို့ဒေါက်တာ ဘရူးစ်ကပြောပါတယ်။ 'အဲ့ဒီလို မှေးမယ့်အစား အိပ်ရာက ထလိုက်ပြီး ရေချက်ချင်းချိုးလိုက် ပါ။ ကိုယ်တွင်းအပူချိန်မြင့်လာသလို ခန္ဓာကိုယ်ကလည်း မအိပ်ချင်တော့ဘဲ သွက်လက်လာပါလိမ့်မယ်' လို့ဆိုပါတယ်။
(၂) လိမ္မော်သီးဖျော်ရည် သောက်ပါ။
'ညအိပ်နောက်ကျလျှင် (သိပ်ညဥ့်နက်သွားလျှင်) လူမှာ အရည်ဓာတ်ခန်းခြောက်သလို သွေးထဲမှာသကြားဓာတ်လည်း နည်းပါးကျဆင်းသွားတတ်တဲ့အတွက် နံနက်ခင်းမှာ လူဟာနှေးကွေးလေးလံသွားတတ်ပါတယ်'လို့ အဟာရဓာတ် ပညာရှင် ဆာရာရှန်ကာ ကပြောပြပြီး လိမ္ဓော်သီးဖျော်ရည်တစ်ခွက် လောက်သောက်လိုက်ခြင်းဖြင့် ၁၀မိနစ်အတွင်း မှာပဲ အမြန်ဆုံးပြန်လည် လန်းဆန်းစေနိုင်ပါသတဲ့။
(၃) အသားနဲ့ ဟင်းရွက်စားပါ။
သံဓာတ်ချို့တဲ့ပါက အိပ်ရာကမကြာခဏ နိုးတတ်ပါတယ်။ တစ်ညထဲမှာ ၃စက္ကန့်(သို့)၄စက္ကန့်ကြာအောင် အကြိမ်ကြိမ် (၁၀၀ကြိမ်တိုင်) နိုးနေတတ်ပါသေးတယ်။ လူကလည်း နုံးနေတတ်တယ်။ သံဓာတ်ကြွယ်ဝတဲ့အားဆေး(သို့)ဟင်းနုနယ်၊ ဘရိုကိုလီ၊ ကင်ပွန်းချဉ်ရွက်၊ဗူးညွန့်၊ပေါက်ပန်းဖြူရွက်နဲ့ အနီရောင် အသား(အမဲ၊၀က်၊ဆိတ်)တွေ စားပေးနိုင်ပါတယ်။
'ကွန်ပျူတာ ပြင်ခိုင်းထားတာ ရပြီလား'
'အလုပ်တွေ နည်းနည်းများနေလို့ ညနေလောက်လာယူပါလား'
'ဘယ်အချိန်လာရမလဲ'
'၅း၀၀နာရီဆိုရင် လာယူလိုရပါပြီ'
ကွန်ပျူတာပြင်ရန်လာ၍အပ်ထားသူ၏ မျက်နှာပေါ်တွှု ဘ၀င်မကျမှုက အထင်းသားပေါ်နေသည်။ မှန်ပါသည်။ အခုခေတ်တွင် ရုပ်ဝတ္ထုပစ္စည်းများက အသုံးမတည့်သူအတွက် အရေးမပါဟန်ရှိသော်လည်း သုံးတတ်သူသုံးနေသူအတွက် နေ့ကိုညကူး၍ မခွဲခွာနိုင်၊ မခွဲခွာရက် ခုပြင် ခုလိုချင်သည်။
ကျွန်တော်က အေးကိုဘက်လှည့်ကာ
'သူငယ်ချင်းမြင်တဲ့အတိုင်းပဲ၊ အားလုံးက just do it.. ပဲ'
X��������� x���������� x
ကျောင်းမှ ဘွဲ့အသီးသီးရရှိကြပြီးနောက် ကျွန်တော်နှင့် အေးကိုတို့ ရန်ကုန်မြို့ကြီးကို တက်ကာ ကွန်ပျူတာသင်တန်း၊ အီလက်ထရွန်းနစ် သင်တန်းမျိုးစုံတက်ခဲ့ကြသည်။ အသက်မွေး၍ ၀မ်းကျောင်းရန်ဟူသော ရည်ရွယ်ချက်ကိုယ်စီနှင့်။
ထို့နောက် ကိုယ့်မြို့ကိုယ်ပြန်၊ ဆိုင်ကလေးတွေ ဖွင့်ကြသည်။ အဆင်ပြေပါသည်။ ခေတ်ကိုက အိုင်တီခေတ်ပေကိုး။ အဓိကကတော့ စာစီစာရိုက်နှင့် မိတ္တူကူးလုပ်ငန်း။ ခုဆိုင်တွေများလာတော့ ဟန်းဖုန်း အမ်ပီသရီး၊ အမ်ပီဖိုးပြုပြင် အသံသွင်းလုပ်ငန်း ပိုလာသည်။
လုပ်ရကိုင်ရ အဆင်ပြေလာသော်လည်း ဆိုင်ဝန်ထမ်းပြဿနာက မပြေမလည်ဖြစ်လာသည်။ လုပ်သက်ရလာတော့သူတို့အလုပ်ကို တတ်သည်ကျွမ်းကျင်သည်ဟု သူတို့ထင်လာကြသည်။ အရင်းအနှီးရှိသူကဆိုင်ခွဲဖွင့်သည်။ တချို့က လစာပို၍များများရသောဆိုင်များ၊ နိုင်ငံခြားအဖွဲ့အစည်းများသို့ ကူးပြောင်းသွားကြသည်။ နောက်ဆုံး လူဟောင်းကျွန်တော်နှင့် တပည့်လက်သစ်များသာကျန်သည်။ ထို့ကြောင့် ကျွန်တော်သည် မနက်မိုးလင်းမှ နေ၀င်ချိန်အထိ ဆိုင်စောင့်နတ်ကြီးဖြစ်နေလေတော့သည်။
အလုပ်မတွင်ကျယ်သည့် အထဲ အသံမလာလို့၊ ခလုတ်ကလေးပြုတ်နေလို့၊ အဖုံးပြုတ်လို့ စသည် စသည် အသေးအဖွဲများကို အချိန်ကုန်ခံကာ အခမဲ့ကြည့်ပေးရသည် ကလည်းရှိသေးသည်။ လုပ်သက်လည်း ရလာပြီမို့ မိတ်ကလည်းရထားပြီ။ ညဆို ၈း၀၀နာရီ၊ ၉း၀၀နာရီနှင့် အလုပ်ကို သိမ်း၍မရ။
X��������� x���������� x
တစ်ရက် အေးကိုဆိုင်သို့ ရောက်လာသည်။
'မင်းကိုကြည့်ရတာထန်းလျက်ခဲ ခွေးလျက်ခံရသလိုပဲ၊ တဖြည်းဖြည်းနဲ့ လုံးပါးပါးနေပြီ၊ အရိုးပဲကျန်တော့တယ်'
မှန်ပါသည်။ အအိပ်မမှန်၊ အစားမမှန်မှုများစုပေါင်း၍ ကျွန်တော့်ကျန်းမာရေးကို ထိခိုက်စပြုလာကြောင်း သတိထားမိသည်။
'ကူညီပါဦးကွာ၊ မင်းကတော့ ၀၀ဖြိုးဖြိုး စည်စည်ပင်ပင်နဲ့၊ ပြီးတော့ မင်းမှာ သင်တန်းတွေတောင် ဖွင့်ထားသေးတယ်ဆို'
'အင်းကွ၊ အခုငါ့မှာ အသုံးလုံးသင်တန်းပါ တွဲဖွင့်နေတယ်'
'ဘာပြောတယ်'
'မင်းထင်တဲ့ 'အ' သုံးလုံးမဟုတ်ဘူး။ ငါ့အသုံးလုံးက အင်္ဂလိပ်စာ၊အင်တာနက်နဲ့ အီးမေးလ်သင်တန်းတွေကို ပြောတာ'
'အော်ငါ့မှာတော့ တပည့်မမြဲတော့ ဘာမှတိုးချဲ့လို့ မရပါဘူးကွာ'
'ငါလဲ အဲဒီပြဿနာကိုကြုံခဲ့ရတာပဲ၊ ဒါပေမဲ့ နောက်ဆုံးတော့ တပည့်မြဲနည်းကို သွားတွေ့တယ်'
'ဆိုစမ်းပါဦး'
'တပည့်မြဲချင်ရင် အလုပ်တွေအများကြီးချဲ့ပြီးလုပ်'
'လုပ်နေတာပဲလေ နေ့မအိပ်ညမအိပ်'
'ဒီတစ်လုပ်တည်းကိုပြောနေတာမဟုတ်ဘူးကွ၊ တပည့်တွေမွေး၊တော်တဲ့ကြိုးစားတဲ့ တပည့်ကိုအလုပ်တာဝန်ခွဲပေး၊ ခံစားခွင့်ကိုလဲ အပြည့်အ၀ပေး၊အဲဒီကဏ္ဍကို ကိုယ်လှည့်ကြည့်စရာ မလိုတော့ဘူး'
'အင်း'
'၀န်ထမ်းကို လုပ်ပိုင်ခွင့်အပြည့်အ၀ပေးမယ်၊ ခံစားခွင့်အပြည့်အ၀ ပေးမယ်ဆို ကုတ်နဲ့ကော်ထုတ်တောင် သွားမှာမဟုတ်ဘူး၊ တို့အလုပ် ရှင် တော်တော်များများက ရသမျှအမြတ်ကို အိတ်ထဲထည့်ဖို့ချည်း စဉ်းစားတယ်၊ ဒါဆိုရင်တော့ အလုပ်ရှင်နဲ့ အလုပ်သများကြားမှာ စေတနာတွေ သံယောဇဉ်တွေ မှေးမှိန်လာမှာကတော့ ဓမ္မတာပဲ၊ အဲဒီလိုစိတ်ရှိတဲ့လူမျိုးဟာသော့တွဲကြီးခါးချိတ်၊ အိပ်ဆေးသောက်ပြီး အိပ်နေရတဲ့ လူတန်းစားမျိုးဖြစ်သွားမယ်၊ လုပ်ငန်းလဲပိုပြီး တိုးချဲ့နိုင်မှာ မဟုတ်ဘူး၊ တိုးချဲ့ပြီးလုပ်တဲ့ လူတိုင်းဟာ ယုံယုံကြည်ကြည် တာဝန်ပေးကြလို့'
'အင်း...'
'ကိုယ့်ဖို့သာကြည့်တဲ့သူဟာ သေရင် ဆိုင်မှာ တစ္ဆေဖြစ်ရင်ဖြစ် မဖြစ်ရင် ပြိတ္တာဖြစ်ဖို့သေချာတယ်၊ မင်းအလုပ်ကိုချဲ့၊ လုပ်နိုင်တဲ့ ၀န်ထမ်းကို တာဝန်ပေးပြီး စမ်းကြည့်စမ်းပါ၊ ဒါက ငါ့လက်တွေနည်း၊ အခုဆို ငါလွတ်လပ်သွားပြီ'
နောက်တစ်ရက် လေယာဉ်ဖြင့် သူ့ငပလီသို့ ထွက်ခွာသွားသည်။ ပြီးလျှင်ရန်ကုန်သွားမည်။ လိုအပ်သော သင်တန်းများတက်မည်၊ပစ္စည်း များဝယ်မည်ဟုဆိုပါသည်။ ကျွန်တော်သာ အလုပ်အပ်သူများ၏ အပြောခံအဆူခံနှင့် ဆိုင်ခန်းထဲက ပြင်ပကမ္ဘာထဲသို့ ထွက်၍မရောက်။ အတွေးအခေါ်ကွာလျှင် ဘ၀လည်းကွာခြားသွားရပါသော်ကောဟု အတွေးဝင်မိပါတော့သည်။
ခင်မောင်ဝင်း (စစ်တွေ)
<span style="font-family:zawgyi-one;">
ဆောင်ရန်ရှောင်ရန် Online အချစ်
ကွန်ပျူတာထဲမှာ ချစ်သူရှာတော့မယ်ဆိုရင် အမြင်အာရုံကိုအားကိုးလို့မရပါဘူး။ မုချအမှားကြုံရတတ်ပါတယ်။ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ ကိုယ့်ရဲ့လက်ရှိသွင်ပြင်ရဲ့ အပြစ်အနာအဆာတွေကို တတ်နိုင်သမျှ ဖုံးအုပ်ထား လေ့ရှိပါတယ်။ ဓာတ်ပုံကိုသေးသေးလေး တင်ထား၍သော်လည်းကောင်း၊ ကိုရီးယားမင်းသားမင်းသမီးပုံတင်ထား၍သော် လည်းကောင်း၊ Photoshop ဖြင့်ဓာတ်ပုံပြင်ထား၍သော်လည်းကောင်း အမျိုးမျိုးဖြင့် အပြစ်အနာအဆာတွေကို ဖုံးအုပ်ထားလေ့ ရှိပါတယ်။
ဒီလိုအွန်လိုင်းအထာတွေမသိဘဲ ဆင်ကန်းတောတိုးရှာပြီးမှ နဖူးတွေ့ဒူးတွေ့အပြင်မှာ ရင်ဆိုင်ရတဲ့အခါမှာ ပြောသလို၊ ပြသလို မဖြစ်လာတဲ့အခါမှာ Download လုပ်ထားတဲ့အချစ်ကို အမြန်ဆုံး stay ရှောင်ရပါတော့တယ်။ တချို့ကတော့ ရှောင်ရှားရင်းပုန်း ကွယ်ရင်းနဲ့ ကိုယ့်ကိုယ်ကို သတ်သေတဲ့အထိ လက်မြှောက်အရှုံးပေးသွားကြပါတယ်။ ဒီအဖြစ်အပျက် တွေဟာ အပြင် လောကမှာ တကယ်လက်တွေ့ဖြစ်ပျက်နေတဲ့ အဖြစ်အပျက်တွေပါ။ ယုံတမ်းစကားမဟုတ်ပါဘူး။
နောက်ပြီး အွန်လိုင်းအချစ်ဟာ အချစ်စစ်ဖြစ်နိုင်တယ်၊ မဖြစ်နိုင်ဘူးဆိုတဲ့ ပြဿနာကလည်းရှိပါသေးတယ်။ အွန်လိုင်းမှာ အချစ်စစ်ရှိနိုင်ပါတယ်။ အွန်လိုင်းမှာတွေ့ပြီး အပြင်မှာ လက်ထပ်သွားကြတဲ့စုံတွဲတွေတွေ့ဖူးပါတယ်။ ဒါကြောင့် ကွန်ပျူ တာထဲက အချစ်ဟာ အပြင်လောကမှာ သင်ရှာသလို တူညီတဲ့ စားကျက်မဟုတ်တာကြောင့် တောမကျွမ်းရင် မုဆိုးကနေ သားကောင်ဖြစ်တတ်ပါတယ်။
သားကောင်မဖြစ်ချင်ရင်တော့ တောကျွမ်းဖို့လိုပါတယ်။
(၁) မိန်းမတွေဟာ အပြောကောင်းတာ သဘောကျတတ်ပါတယ်။ ဒါပေမဲ့ အချစ်ဝတ္ထုထဲက စာသားတွေ ခိုးချပြီးပြော တာကိုတော့ ဖီးလ်မလာပါဘူး။ အပြင်မှာ မတွေ့သေးဘဲ အွန်လိုင်းမှာပဲ တွေ့ဆုံချစ်ကြိုက်ပြီးလက်ထပ်မယ်လို့ ကတိပေး ထားရင်တော့ ဒုက္ခလှလှကြီးတွေ့ရတတ်ပါတယ်။ အဲဒီလိုကတိမျိုး မပေးမိပါစေနဲ့။
(၂) ပထမတွေ့ဆုံခြင်း(First Date)ဟာ သမားရိုးကျနဲ့ ရိုးရှင်းသန့်စင်ဖို့လိုအပ်ပါတယ်။ အဆင့်ကျော်ချင်နေတဲ့ မျက်လုံးအရောင် မတောက်မိစေပါနဲ့။
(၃) ကိုယ်တွေ့လိုက်တဲ့ အမျိုးသား၊ အမျိုးသမီးဟာ ကိုယ့်အတွက် နတ်သား၊နတ်သမီးသဖွယ်ဖြစ်နေဦးတော့ အလွန် အမင်း ငမ်းငမ်းတက် မျက်နှာမျိုးမဖြစ်မိစေပါနဲက။ တစ်ဖက်လူကြောက်လန့်ထွက်ပြေးသွားတတ်ပါတယ်။ ကိုယ့်အပေါ် လည်း အထင်အမြင်သေးသွားတတ်ပါတယ်။
(၄) ပထမတွေ့ဆုံခြင်းမှာ တစ်ဖက်သူရဲ့အသွင်အပြင်အား ချီးကျူးပေးပါ။
(၅) တွေ့ဆုံမှုအဆင်ပြေတယ်ဆိုရင် နောက်တစ်ဆင့်ထပ်တက်ပါ။ အပြင်ထွက်လျှောက်လည်ဖို့ချိန်းပါ။ ကိုယ့်ဘက်က အဲဒီလိုပြောဖို့နှုတ်တွန့်နေတယ်ဆိုရင်တော့ နောက်လူကပြောသွားမှာဖြစ်တယ်။
(၆) တွေ့ဆုံတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိပါစေ။ ဟန်ပန်အမူအယာသည် ယုံကြည်မှုအပြည့်အ၀ရှိနေရပါမယ်။ ယင်းသို့သော ဟန်ပန်အမူအယာသည်ဆွဲဆောင်မှုရှိသော အမူအယာဖြစ်သည်။
(၇) ရိုးသားမှုရှိပါ။ အရပ်အမြင့်အား မဆိုစလောက်လေးလိမ်ညာထားခြင်း၊ အသားအရောင်အား မဆိုစလောက်လေးပို ပြောထားခြင်း၊ ရူပါအား မည်သည့်မင်းသားမင်းသမီးနှင့် ယောင်ယောင်မှားမှားတူသည်ဟု ပိုပြောထားခြင်းတို့သည် နောက်ဆုံး၌အိုးနင်းခွက်နင်းနှင့် အရှက်ကွဲရတတ်သည်။
(၈) အပြင်မှာ မတွေ့ဆုံခင် ဖုန်းဖြင့်အရင် ဆက်သွယ်ရင်းနှီးမှုရအောင်ပြုလုပ်ပါ။
(၉) တိတ်ဆိတ်သော၊ လူနေကင်းသော နေရာမျိုး၌တွေ့ဆုံခြင်းမပြုပါနှင့်။ ပထမတွေ့ဆုံခြင်းသည် လူသူအများသွား ရောက်ကြသည့်နေရာမျိုးသာဖြစ်သင့်သည်။
(၁၀) ဓာတ်ပုံထဲက ပုံစံနှင့်အပြင်၌မြင်တွေ့ရသော ပုံတို့သည်ဟန်မဆောင်နိုင်အောင် ခါးတောင်းကျိုက်ပြီး လန့်ပြေးချင် စရာဖြစ်နေဦးတော့ ကိုယ့်အတွင်းစိတ်ခံစားမှုအားဖုံးသိပ်ထားပြီး မိတ်ဆွေအဖြစ်သို့ ကူးပြောင်းနိုင်ရန်ကြိုးစားပါ။ စိတ်ပျက် လက်ပျက် ပုံစံမဖြစ်သွားပါနှင့်။
ယင်းတို့သည် ကွန်ပျူတာတောထဲ၌ကျက်စားမည့် အချစ်မုဆိုးများအတွက် အကင်းမျှသာရှိသေးသည်။ သို့သော် ထိုအကင်းနှင့်ပင် အွန်လိုင်းအချစ်မုဆိုးတစ်ယောက်လုပ်ရန် အခြေခံအချက်များ ပြည့်စုံသွားပြီ ဖြစ်သည်။ ဆိုးကျိုးသက် ရောက်နိုင်မှုအလားအလာနည်းသွားပြီဖြစ်သည်။
Ref: 8 Days A week Journal Vol. 1 No. (35)
</span>