Friday, June 6, 2008

What is Buddhism?


What is Buddhism?
ဗုဒ္ဓ၀ါဒဆိုတာဘာလဲ။

"ဗုဒ္ဓိ"ဆိုတဲ့စကားလုံးကနေ "ဗုဒ္ဓ၀ါဒ"ဆိုတဲ့ အမည်ဝေါဟာရ ဖြစ်လာတာပါ။ ဗုဒ္ဓိရဲ့ အဓိပ္ပာယ်က "နိုးထခြင်း" ဖြစ်တဲ့အတွက် ဗုဒ္ဓ၀ါဒဆိုတာ(အ၀ိဇ္ဇာမသိမှုမှ)နိုးထခြင်းဆိုင်ရာ ဒဿနပါပဲ။
ဒီ(ဗုဒ္ဓ၀ါဒ)ဒဿနတရားတွေကို ဗုဒ္ဓလို့ လူတွေသိရှိကြတဲ့ သိဒ္ဓတ္ထဂေါတမဆိုတဲ့ ပုဂ္ဂိုလ်က ကိုယ်တိုင်ဖြတ်သန်းလာတဲ့ ဘ၀အတွေ့အကြုံတွေ အပေါ်မှာ အခြေခံပြီး သိမြင်ဖော်ထုတ်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ဗုဒ္ဓကိုယ်တော်တိုင်(၀ိဇ္ဇာဥာဏ်တော်ကို)သိမြင်နိုးထလာခဲ့တာကတော့ သက်တော်၃၅နှစ်မှာဖြစ်ပါတယ်။ ယခုအခါမှာ ဗုဒ္ဓ၀ါဒရဲ့ သက်တမ်းဟာနှစ်ပေါင်း ၂၅၀၀ကျော်လာခဲ့ပြီး ကမ္ဘာတစ်ဝှမ်းမှာ ဗုဒ္ဓဘာသာဝင်ဦးရေဟာ သန်းပေါင်း ၃၀၀ကျော်ခန့်ရှိနေပါတယ်။
လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်တုန်းကတော့ ဗုဒ္ဓဘာသာဟာ(အရှေ့တိုင်း) အာရှဒဿနအဆင့်လောက်ပဲကျယ်ပြန့်ခဲ့ပေမယ့် ယခုခေတ်အခါမှာတော့ ဥရောပ၊သြစတေးလျနဲ့ အမေရိကနိုင်ငံတွေမှာပါ အလွန်ကျယ်ပြန့်စွာ လေ့လာလိုက်စားလာနေကြပါပြီ။

So Buddhism is Just A Philosophy?
ဒီလိုဆိုရင် ဗုဒ္ဓ၀ါဒဆိုတာ ဖီလိုဆိုဖီအတွေးအခေါ်ဘာသာတစ်ရပ်သာဖြစ်ပါသလား။

ဖီလိုဆိုဖီ ဆိုတဲ့စကားစုဟာ ဖီလို နဲ့ ဆိုဖီယာ ဝေါဟာရနှစ်ခုကနေဖြစ်လာတာပါ။ဖီလိုကမေတ္တာလို့ အဓိပ္ပာယ်ရပြီး ဆိုဖီယာကတော့ ပညာကိုခေါ်တာပါ။ ဒါကြောင့်ဖီလိုဆိုဖီဆိုတာဟာ ပညာနဲ့ယှဉ်တဲ့မေတ္တာတရား (သို့မဟုတ်) မေတ္တာတရားနဲ့ပညာဥာဏ်ပါ။
အဲဒီအဓိပ္ပာယ်နှစ်ရပ်စလုံးက ဗုဒ္ဓ၀ါဒကို အပြည့်အ၀ဖော်ညွှန်းနိုင်ပါတယ်။
ဗုဒ္ဓ၀ါဒက ဒီလိုသင်ကြားပါတယ်။ လူသားဟာ(အမှန်တရားကို) ရှင်းရှင်းလင်းလင်းနားလည်နိုင်ရန် အသိဥာဏ်ပညာရဲ့အဆင့်အတန်းကို အစွမ်းကုန်မြှင့်တင်ဖို့ ကြိုးစားကြရပါမယ်။
သက်ရှိသတ္တ၀ါတွေအားလုံးကို မိတ်ဆွေရင်းချာတစ်ယောက်လို သဘောထားနိုင်စေဖို့နဲ့ မေတ္တာတရားနဲ့ ကြင်နာသနားမှုတွေကို တိုးပွားမြှင့်တင်ပေးဖို့ကိုလည်း ဗုဒ္ဓ၀ါဒဟာ သင်ကြားပေးပါတယ်။
ဒါကြောင့် ဗုဒ္ဓ၀ါဒဟာ ဖီလိုဆိုဖီတစ်ရပ်တော့ဖြစ်ပါတယ်။ ဒါပေမယ့် ဖီလိုဆိုဖီမည်ကာမတ္တမျှတော့မဟုတ်ပါဘူး။
အမြင့်မားဆုံးအမြင့်မြတ်ဆုံးဖီလိုဆိုဖီ(ဒဿနပညာ)လို့ပဲဆိုရပါလိမ့်မယ်။

No comments: