Wednesday, June 25, 2008

SO IS BUDDHISTS DON'T BELIEVE IN GODS, WHAT DO YOU BELIEVE IN?

SO IS BUDDHISTS DON'T BELIEVE IN GODS, WHAT DO YOU BELIEVE IN?
ဖန်ဆင်းရှင်ဘုရားကို ဗုဒ္ဓ၀ါဒကမယုံကြည်ဘူး လက်မခံဘူးဆိုရင် ဘာကိုများယုံကြည်ကြတာပါလဲ။
“လူကိုပဲယုံကြည်တဲ့အတွက် ဖန်ဆင်းရှင်ဘုရားကို ဗုဒ္ဓ၀ါဒက မယုံကြည်လက်မခံတာပဲဖြစ်ပါတယ်။”
“လူ့အဖြစ်” လူတစ်ဦးစီရဲ့ ဘ၀တန်ဖိုးကြီးမားပြီးတော့ အရေးလည်းပါပါတယ်။ “ဗုဒ္ဓ” (ဥာဏ်ပညာအထွဋ် အထိပ်ရောက်သူတစ်ဦး)လိုအဖက်ဖက်က ပြည့်စုံပြီးမြောက်တဲ့ လူသားအဖြစ်သို့တိုင်အောင် တိုးတက်မြင့်မား နိုင်တဲ့စွမ်းအင်ဟာ လူမှာရှိတယ်လို့လည်း ဗုဒ္ဓ၀ါဒကယုံကြည်ပါတယ်။
လူသားဟာမှားယွင်းတဲ့ အသိအမြင်တွေနဲ့ အတူတွေဝေမှုတွေ ဆင်ခြင်တုံတရားကင်းမဲ့မှုတွေ ဖြစ်ပေါ်နိုင် သေးတယ်လို့ယုံကြည်ပါတယ်။ ဗုဒ္ဓ၀ါဒကို လက်ခံသူတွေဟာ အရာရာတိုင်းမှာ အရှိကိုအရှိအတိုင်းပဲ ရှုမြင်သုံးသပ်လေ့ရှိကြပါတယ်။
အမုန်းပွား၊ရန်ငြိုးဖွဲ့ခြင်းကို မေတ္တာတရားနဲ့၊စိတ်ဆိုးခြင်းကို စိတ်ရှည်သည်းခံမှုနဲ့၊ အာဃာတနဲ့ မလိုတမာ စိတ်ဖြစ်ခြင်းကို သနားကြင်နာမှုတွေနဲ့ အစားထိုးပြောင်းလဲနိုင်တယ်လို့ ဗုဒ္ဓ၀ါဒကယုံကြည်ပါတယ်။
ဗုဒ္ဓရဲ့ စံနမူနာတွေကို အတုယူပြီးကလျာဏမိတ်ဆွေတွေဖြစ်တဲ့ သံဃာတော်တွေရဲ့ ကူညီပံ့ပိုးမှုလမ်းပြ ညွှန်ကြားမှုတွေအတိုင်း ကြိုးစားဆောင်ရွက်သွားကြမယ်ဆိုရင် လူတိုင်းလူတိုင်းဟာ အဲဒီမေတ္တာတရား၊ သည်းခံခြင်း၊ ရက်ရောခြင်း၊ သနားကြင်နာခြင်းစတဲ့ (လောကကောင်း ကျိုးပြုကျင့်စဉ်)တွေကို အသေအချာ ကျင့်သုံးဆောင်ရွက်နိုင်မယ်ဆိုတာကို ဗုဒ္ဓ၀ါဒသက်ဝင်သူတွေက ယုံကြည်ကြပါတယ်။
ဗုဒ္ဓကဒီလိုမိန့်ကြားညွှန်ပြခဲ့ပါတယ်။
“ လူသားကိုသူကိုယ်တိုင်မှတစ်ပါး ဘယ်သူမှမစောင့်ရှောက်၊မကယ်နိုင်ပါဘူး။ကယ်တင်နိုင်သူ၊ကယ်မတင်နိုင် သူရယ်လို့ တစ်စုံတစ်ယောက်မှရှိကိုရှိမနေပါဘူး။ လူတွေဟာ လမ်းပေါ်မှာ ကိုယ်တိုင်လျှောက်လှမ်းနိုင်ရ ပါမယ်။
ဗုဒ္ဓဘုရားရှင်ကတော့ လျှောက်ရမယ့်လမ်းကို ရှင်းလင်းညွှန်းဆိုပြသပေးနိုင်ရုံပါပဲ”တဲ့။
(ဓမ္မပဒ-၁၆၅)

No comments: