Monday, June 16, 2008

WAS THE BUDDHA A GOD?

WAS THE BUDDHA A GOD?
ဗုဒ္ဓဟာဖန်ဆင်းရှင်ဘုရားတစ်ဆူဖြစ်ပါသလား။
ဗုဒ္ဓဟာ ဖန်ဆင်းရှင်ဘုရားမဟုတ်ပါဘူး။
သူဟာ ဖန်ဆင်းရှင်ထာဝရဘုရားဖြစ်ကြောင်း ဘယ်တုန်းကမှမမြွက်ကြားခဲ့သလို ဘုရားသခင်ရဲ့ သားတော်တစ်ပါး၊ဒါမှမဟုတ်တမန်တော်တစ်ပါးအဖြစ် ဘုရားသခင်ရဲ့ညွှန်ကြားမှုကို ယူဆောင်ခဲ့တာလို့လည်း ဘယ်တုန်းကမှမပြောကြားခဲ့ပါဘူး။
ဗုဒ္ဓဟာ သူကိုယ်တိုင်အားထုတ်ကျင့်ကြံမှုနဲ့ပြီးပြည့်စုံတဲ့ ဥာဏ်တော်ကိုရရှိသူတစ်ဦးသာဖြစ်ပြီး “သူရဲ့သင်ပြချက်နည်းလမ်း နမူနာအတိုင်း လိုက်နာကျင့်သုံးမယ်ဆိုရင်(မည်သူမဆို) ကိုယ်တိုင်သိမြင်ပြီး ပြည့်စုံနိုင်ပါတယ်” လို့ပဲ လမ်းညွှန်ဟောကြားတော်မူခဲ့ပါတယ်။

I HAVE HEARD PEOPLE SAY THAT BUDDHISTS WORSHIP IDOLS.
ဗုဒ္ဓဘာသာဝင်တွေဟာ ရုပ်တု (idol) ကိုးကွယ်သူတွေလို့လူတွေကပြောတာ ကြားဖူးပါ တယ်။
(ဟုတ်ပါသလား။)
အဲဒီလိုမျိုးထင်မြင်ပြောဆိုတဲ့ ပုဂ္ဂိုလ်အနေနဲ့ သူ့ရဲ့မပြည့်ဝမှု၊မသိနားမလည်မှုကို ထင်ဟပ်ပြနေတာပဲဖြစ်ပါတယ်။
ရုပ်တု (idol) ရဲ့အဓိပ္ပာယ်ကို အဘိဓာန်မှာဖွင့်ဆိုထားတာက “ဖန်ဆင်းရှင်(God) အဖြစ် ကိုးကွယ်တဲ့ရုပ်ပုံဒါမှမဟုတ် ရုပ်ပုံဒါမှမဟုတ်ရုပ်လုံးရုပ်ထုကို(idol) လို့ခေါ်တယ်” လို့ဆို ထားပါတယ်။
သိခဲ့ကြတဲ့အတိုင်းပါပဲ။ဗုဒ္ဓဘာသာဝင်တွေက ဗုဒ္ဓကိုဖန်ဆင်းရှင်ဘုရားအဖြစ် မသတ်မှတ် မယူဆကြပါဘူး။ ဒါကြောင့်သစ်သား(သို့မဟုတ်) သတ္ထုအပိုင်းအစတစ်ခုကို ဖန်ဆင်းရှင်ဘုရား အဖြစ် ဘယ်လိုလက်ခံကိုးကွယ်နိုင်ပါ့မလဲ။
(ကမ္ဘာပေါ်ရှိ)ဘာသာတရားအားလုံးမှာ သူတို့ရဲ့ကွဲပြားခြားနားတဲ့ ယူဆချက်(၀ါဒ)တွေကိုဖော်ပြ ဖို့အတွက် အမှတ်သင်္ကေတကို အသုံးပြုလေ့ရှိကြပါတယ်။တာအိုဘာသာမှာ ပဋိပက္ခတွေကြား မှာ ညီညွတ်မျှတမှုကို ကိုယ်စားပြုတဲ့သင်္ကေတအဖြစ် ယင်ယန် အမှတ်အသားကို အသုံးပြုကြပါတယ်။ ဆစ်ခ်ဘာသာမှာတော့ စိတ်ဝိညာဉ်ကွန့်မြူးလှုပ်ရှားမှုရဲ့ သင်္ကေတအဖြစ် ဓါးရှည်ကို အသုံးပြုဖော်ပြပါတယ်။ ခရစ်ယာန်ဘာသာမှာတော့ ခရစ်တော်ရဲ့တည်ရှိခြင်းကို ဖော်ပြဖို့ ငါးရုပ်နဲ့ အသက်စွန့်အနစ်နာခံပြီး ဘုရားသခင်ကိုပူဇော်တဲ့အထိမ်းအမှတ် သင်္ကေတ အဖြစ် လက်ဝါးကပ်တိုင်ကို သုံးစွဲခဲ့ကြပါတယ်။
ဗုဒ္ဓဘာသာမှာတော့ အရာရာပြီးပြည့်စုံတဲ့ လူသားတစ်ဦး အဖြစ်ဗုဒ္ဓကိုဖော်ပြနိုင်ဖို့ ဗုဒ္ဓဆင်းတု တော်တွေကို အသုံးပြုကြတာဖြစ်ပါတယ်။ ဗုဒ္ဓရဲ့သင်ကြားမှုဖြစ်တဲ့ “လူရဲ့အရေးပါမှု”ကိုလည်း ထင်ဟပ်စေတာဖြစ်ပါတယ်။
ဗုဒ္ဓ၀ါဒဟာလူကိုသာ အဓိကထားတဲ့ဝါဒဖြစ်ပါတယ်။ ဖန်ဆင်းရှင်ကို ဗဟိုပြုတဲ့ဝါဒမျိုးမဟုတ် ပါဘူး။ဒါကြောင့်လည်း ပြီးပြည့်စုံမှုနဲ့ အမှန်တရားကို ထိုးထွင်းသိမြင်နားလည်မှုတို့ကို ပြင်ပ အပေါ်ယံအမြင်လောက်နဲ့ ရှာဖွေဆုံးဖြတ်ခြင်းမပြုဘဲ အတွင်းကျကျလေ့လာကာ(ဥာဏ်ပညာ)နဲ့ ရှာဖွေသိမြင်ရမယ်ဆိုတာကို ကျွန်တော်တို့သဘောပေါက်ရပါမယ်။
ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေဟာ ဖန်ဆင်းရှင်ကိုယ်ပွားဖြစ်တဲ့ ရုပ်တု (idol) တွေကို ကိုးကွယ် ကြတယ်လို့ ပြောဆိုတာဟာ မမှန်ပါဘူး။
ဗုဒ္ဓဘာသာဝင်(စစ်စစ်)တွေဟာ လောကီဥစ္စာကြွယ်ဝချမ်းသာဖို့နဲ့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာ အကျိုးရှိအောင် ကူညီစောင်မမျက်နှာသာ ပေးခြင်းခံရဖို့မျှော်လင့်ပြီးတော့ ရုပ်တုပုံတူတွေကို ကိုးကွယ်နေကြတာမဟုတ်ပါဘူး။(ဗုဒ္ဓရဲ့သင်ကြားမှုဓမ္မဒေသနာတော်တွေကို) လေးစားစွာသတိရ အောက်မေ့နေကြောင်းဖော်ပြဖို့အတွက် (ဗုဒ္ဓရဲ့သင်ကြားမှုဓမ္မဒေသနာတော်တွေကို အာရုံပြုပြီး) ကြည်ညိုပူဇော်ကြခြင်းသာဖြစ်ပါတယ်။

No comments: