Friday, August 31, 2007

Coronation Chicken

တော်ဝင်ကြက်သားဆလတ်
အရသာထူးပြီးလုပ်ရတာ လွယ်ကူတဲ့(အရင်က ဥရောပရဲ့ နန်းတက်ပွဲတွေမှာ ပါဝင်တည့်ခင်းတတ် သော)ကြက်သားဆလတ်ကိုတင်ပြလိုက်ပါတယ်။
လိုအပ်ပစ္စည်းများ (၄ယောက်စာ)
- အဆီနည်းနည်းပဲပါတဲ့ ဒိန်ချဉ် - အနည်းငယ် (ဖန်ခွက်တစ်ခွက်စာ)
- ဟင်းခတ်မှုန့် - စားပွဲတင်ဇွန်း ၁ဇွန်း
- လတ်ဆတ်တဲ့ လိမ္မော်ရည် - စားပွဲတင်ဇွန်း ၁ဇွန်း
- တရုတ်ဆီးသီးခြောက် - အနည်းငယ်
- အခွံခွာလှီးထားပြီး ငှက်ပျောသီး - ၁လုံး
- အစေ့ထုတ်ပြီးသား စပျစ်သီး - ၂၀ကျပ်သား
- စပျစ်သီးခြောက် - ၅ကျပ်သား
- သင့်တော်တဲ့အရွယ် ဖဲ့ထားသော ကြက်သားပြုတ်ကြော်
- ဆား၊ငရုတ်ကောင်း - အနည်းငယ်
- ဆလတ်ရွက် - အနည်းငယ်
ပြင်ဆင်ပြုလုပ်ပုံ
- ခွက်ကြီးတစ်လုံးမှာ ဒိန်ချဉ်၊ဟင်းခတ်မှုန့်၊လိမ္မော်ရည်တို့ရောထည့်ပြီး သမအောင်မွှေထားရပါမယ်။ တရုတ်ဆီးသီးခြောက်၊ငှက်ပျောသီး၊စပျစ်သီး၊စပျစ်သီးခြောက်နဲ့ ကြက်သားတွေကို ထပ်ပေါင်းပြီး အရသာအတွက် ဆား၊ဟင်းခတ်အချိုတွေကို သင့်တင့်ရုံမြည်းပြီးထည့်ပါ။ အရသာအတော်ပဲဆိုရင် ဆလတ်ရွက်တွေနဲ့ လူ၎ယောက်စာပြင်ဆင်ပြီး တော်ဝင်ကြက်သားဆလတ်သုတ်ကို သုံးဆောင်နိုင်ပါပြီ။

No comments: