Monday, May 14, 2007

Laparoscopic Gastric Banding


ခွဲစိတ်ကုသနည်းဖြင့် အလေးချိန်လျှော့ချခြင်း
ဆေးဝါးကုသမှုတွင် ဆိုးဆိုးရွားရွား အ၀လွန်ခြင်းကို နာတာရှည်ရောဂါအဖြစ်သတ်မှတ်သည်။ကမ္ဘာတွင် ကိုယ်အလေးချိန်များလွန်းသူ(၀ါ) အ၀လွန်သူ ၁ဒဿမ၁၅ဘီလျံခန့်ရှိသည်။ အမေရိကန်ပြည်ထောင်စုတွင် ဆိုးဆိုးရွားရွား အ၀လွန်သူတွေ ၁၂သန်းကျော်ရှိသည်။ဤအခြေအနေမှ အလုပ်ဆုံးရှုံးခြင်းနဲ့ အသက်အာမခံ ကြေးမြင့်မားခြင်း အပါအ၀င်အခြားသော ဆေးဝါးဆိုင်ရာ၊စိတ်ပညာဆိုင်ရာ၊လှုမှုရေးနဲ့ စီးပွားရေးပြဿနာ တွေသက်ရောက်လာသည်။ဤလူနာများအတွက် ခွဲစိတ်ကုသရန် ထောက်ခံထားသည်။
ယနေ့ခေတ်စားနေတဲ့ ခွဲစိတ်ကုသနည်းတစ်ခုက Lap-Band ခေါ် Laparoscopic Gastric Banding ဖြစ် သည်။ အစာအိမ်ကို ပတ်၍စည်းကြိုးတပ်ပေးခြင်းဖြစ်၏။မေ့ဆေးပေး၍ ခွဲစိတ်ရသည်။ နာရီဝက် တစ်နာရီ လောက်ပဲကြာ၏။
ယင်းစည်းကြိုးက အစာအိမ်၏ အရွယ်ပမာဏကို ကန့်သတ်ချုပ်ချယ်ကာ စားသောက်သော အစာထုထည် ကိုလည်းလျှော့ချလိုက်၏။ လူနာသည်အရင်က ဆာလောင်မွတ်သိပ်သလို အလွယ်တကူမဆာတော့ချေ။ ဤရိုးရှင်းသောနည်းကို ဆောင်ရွက်ရာတွင် ၁၅မိနစ်ပဲကြာ၏။နာကျင်ခြင်းလည်းမရှိပေ။လူနာက ဆေးရုံအဆောင်မှာ တစ်ညသာနေဖို့လို၏။နှစ်ပတ်အတွင်း အလုပ်ပြန်ဆင်းနိုင်၏။ ဤနည်းက လူနာ၏ ပိုလျှံ သောအလေးချိန်ကို တစ်ဝက်ထိလျော့ကျစေနိုင်၏။
Lap-Band ခွဲစိတ်ကုသနည်းက လူတစ်ယောက်ရဲ့ ဘ၀ကိုပြောင်းလဲစေခဲ့သလဲ။
ခုတော့ သူ့အလေးချိန်က အရင်အလေးချိန်ရဲ့ တစ်ဝက်ပဲရှိတော့သည်။သူ့ရဲ့ ယခင်အလေးချိန်မှာ ကီလို၁၇၀ရှိသည်။ ယခုအလေးချိန်က ၇၅ကီလို။ Lap-Bandခွဲစိတ်ကုသနည်းရဲ့အကျိုးကိုခံစားရသူ လူ၃၀၀ လောက်ထဲမှ တစ်ယောက်မှာ Mr.ရှာရန်အိုမာစတက်ဖြစ်သည်။ သည်ခွဲစိတ်ကုသခြင်းက သူ့ဘ၀ကို အလွန် အမင်း ပြောင်းလဲသွားစေခဲ့သည်ဟု Mr.ရှာရန်၃၅နှစ်ကပြောသည်။ သူ့ကိုခွဲစိတ်ကုသပေးခဲ့သူက စင်ကာပူချန်ဂီ အထွေထွေဆေးရုံ(CGH)မှ ဒေါက်တာတီရာဗင်ထရန်။
“ခွဲစိတ်ကုသမှုမပြုခင် ကျွန်တော်သွေး၊ဆီး အစစ်ခံရတယ်။ပထမလေးပတ်ကနေ ခြောက်ပတ်အတွင်း အရည်နဲ့ ဆန်ပြုတ်ပဲတိုက်တယ်။ခွဲစိတ်ပြီးတဲ့အခါ နည်းသွားမယ့် အစားအစာပမာဏနဲ့ လိုက်လျောညီထွေရှိအောင်ပေါ့။ ခုတော့ ကျွန်တော်စားတာတအားနည်းသွားတယ်။ ဒါပေမဲ့နွားတစ်ကောင်လုံးစားချင်တဲ့ ဆန္ဒကဘယ်တော့မှ ပျောက်မသွားခဲ့ဘူး။”ဟု မစ္စတာရှာရန်က ရယ်လျက်ပြောသည်။
ဝိတ်ချဖို့ သူနည်းအမျိုးမျိုးစမ်းသပ်ခဲ့သည်။အစားအသောက်ချင့်ချင့်ချိန်ချိန်စားသည်။ ၀ိတ်ချဆေးလုံးတွေ သုံးဆောင်သည်။ဘာမှမစားဘဲတောင်နေ၏။ဒါပေမဲ့ ဘယ်နည်းမှ အလုပ်မဖြစ်ပေ။
“ကျွန်တော်မှာဗျာ လမ်းလည်းကောင်းကောင်းမလျှောက်နိုင်ဘူး။၁၀မိနစ်၁၅မိနစ်လောက် လျှောက်လိုက်ရင် ဒူးတွေခြေမျက်စိတွေ နာလာတော့တာပဲ။အိပ်တော့လည်း ကောင်းကောင်းမအိပ်ရပါဘူး။စောင်းအိပ်လို့ လည်း မရဘူး၊စောင်းအိပ်ရင် အသက်ရှူမ၀လို့ ခဏခဏနိုးနိုးနေတယ်။လက်ပေါ်ခေါင်းတင်ပြီးမှောက်အိပ်ရ တယ်။တကယ်ဆိုးပါတယ်ဗျာ”။ခုတော့လည်း မစ္စတာရှာရန်ရဲ့ဘ၀ကပြောမယုံနိုင်လောက်အောင်ပြောင်းလဲ သွားခဲ့ပါပြီ။Lap-Band ခွဲစိတ်ကုသနည်းရဲ့ အကျိုးကျေးဇူးကြောင့်ဖြစ်လေသည်။

No comments: