Thursday, April 5, 2012

မြန်မာ အမျိုးသမီးများနှင့် အဓမ္မ ပေးစားခြင်း ခံနေရမှု


မဲခေါင်မြစ်ဝှမ်း ဒေသတွင်းရှိ နိုင်ငံများ၏ အဖြစ် အများဆုံးသော လူကုန်ကူးမှု ပုံစံသည် လိင်ကုန် ကူးမှုများ ဖြစ်ကြသည်။

သို့သော် တဖြည်းဖြည်းနှင့် အဓမ္မ အလုပ်ခိုင်းစေမှုပုံစံများ ဖြစ်ပွားမှုလည်း တိုးပွားများပြား လာနေသည်ကို တွေ့လာရသည်။ ထိုလူကုန်ကူးမှု ပုံစံသည် ဒေသတွင်း ဒေသ အပြင်များရှိ ခရီးဆုံး နိုင်ငံများတွင်သာ ပျံ့နှံ့ရုံတင်မက ရွှေ့ပြောင်း အလုပ်သမားများ ရွေ့လျားမှု တစ်လျှောက်တွင် ပို၍ပင် ဖြစ်ပွားမှု များပြားလာနေသည်။ ထိုဒေသတွင်းရှိနိုင်ငံများ၏ စီးပွားရေး ဖွံ့ဖြိုးမှုကွာဟချက်များက အဓိက ရွှေ့ပြောင်း သွားလာရသည့် အချက်တစ်ချက် ဖြစ်နေသည်။ သို့ကြောင့်လည်း လုပ်အားလိုအပ်ချက် တောင်းဆိုမှုများနှင့် ဖြည့်ဆည်းပေးမှုများက အလိုလို ဖြစ်ပေါ် လာရသည်။

ထိုရွှေ့ပြောင်းသွားလာမှုများ အပေါ် တရားမ၀င် ရွှေ့ပြောင်း သွားလာနိုင်ရေး အတွက် လူပွဲစားများနှင့် အလုပ်ရှင်များတို့ ပူးပေါင်းကာ ပြစ်မှု ကျူးလွန်မှုများ ဖြစ်ပွားကြသည်။ ရှမ်းပြည်မြောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရန်ကုန်တိုင်း ဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့မှ လူကုန်ကူး ခံရသည့် အမျိုးသမီးများသည် တရုတ်နိုင်ငံသို့ ပို့ဆောင်ခြင်းခံရကာ အတင်း အဓမ္မ ပေးစားခြင်းခံနေရသည်။ ၀င်ငွေနည်းသည့် ငယ်ရွယ်သူ အမျိုးသမီး ကလေးများနှင့် မိန်းကလေးများသည် လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ် ခံရမှုနှင့် အဓမ္မ ခိုင်းစေခံရမှု တို့ အန္တရာယ်နှင့်ကြုံရလွယ်နေသည်။ အချို့အမျိုးသမီးလေးများမှာမူ လိမ် လည်လှည့်ဖြား သွေးဆောင်ခြင်းနည်းဖြင့် ခေါ်ဆောင်မှုခံရသည်။ သို့သော် အမျိုးသမီးငယ် ကလေးများအား တရုတ် အမျိုးသားများနှင့် လက်ထပ်ရမည် ဟုပြောပြီး ခေါ်ဆောင်မှုက ပိုများ လာနေသည်။၎င်းတို့ အနေဖြင့်လည်း ရွေးချယ်စရာ လမ်းမရှိတော့သည့် နောက်ဆုံး ထိုလက်ထပ်ရန် ကမ်းလှမ်းမှုများကို လက်ခံ လာကြရသည်။

၂၀၁၁ခုနှစ် အောက်တိုဘာလ ၈ ရက် နေ့က အမျိုးသမီးငယ် တစ်ဦးအား မငယ်မ(ခ) ဖြူဖြူဝင်း (မှန်တန်းရပ်၊ အမရပူရမြို့နယ်နေ)မှ တရုတ် အမျိုးသားနှင့် လက်ထပ်ပါက ချမ်းသာစွာနေထိုင်ရမည်ဟု ပြောဆို စည်းရုံးခဲ့သည်။ ထိုမငယ်မ၏ ယောက္ခမ ဖြစ်သူ ဒေါ်ခင်မမသန်းမှ ထိုအမျိုးသမီးငယ်အား မူဆယ်မြို့သို့ ခေါ်ဆောင် သွားခဲ့သည်။ မူဆယ်မှနေ၍ မင်းကိုကိုနှင့် အိအိသိမ်း (မူဆယ်မြို့၊ ၁၀၅ မိုင်နေ)တို့က တရုတ်နိုင်ငံ၊ ရွှေလီမြို့သို့ ဆက်လက် ပို့ဆောင်ပေးခဲ့သည်။

တရုတ်နိုင်ငံ ရွှေလီတွင် တရုတ်လူပွဲစားများနှင့် ဆက်သွယ်ကာ တရုတ် အမျိုးသားတစ်ဦးနှင့် အဓမ္မ လက်ထပ်ပေးရေး အတွက် ရောင်းစားရန်စီစဉ် နေစဉ် အမျိုးသမီးငယ်လေးမှ ထွက်ပြေးလာကာ တာဝန်ရှိသည့် မန္တလေး လူကုန် ကူးတိုက်ဖျက်ရေး အထူးအဖွဲ့များမှ စိစစ်ရာ လူပွဲစားများဖြစ်သော မငယ်(ခ)ဖြူဖြူဝင်း(ဖမ်းမိ)၊ ဒေါ်ခင်မမသန်း(ဖမ်းမိ)၊ မင်းကိုကို(တိမ်းရှောင်) နှင့် အိအိသိမ်း(တိမ်းရှောင်) တို့အား အမရပူရ ရဲစခန်းမှ အမှုဖွင့် အရေး ယူထား ခဲ့သည်။

၂၀၁၁ခုနှစ် နိုဝင်ဘာလ ၂၉ ရက်နေ့ တရုတ်နိုင်ငံရဲတပ်ဖွဲ့မှ မြန်မာနိုင်ငံ မူဆယ် လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့သို့ လူကုန် ကူးခြင်းခံရတော့ မည့် အမျိုးသမီး တစ်ဦးနှင့် လူပွဲစားဖြစ်သူ နန်းမြစိုး(ခ)အေးစိုးတို့အား လွှဲ ပြောင်း ပေးခဲ့သည်။ ထိုသူတို့အား စိစစ်ချက်အရ ကျောက်မဲမြို့နေသူ လူကုန် ကူးခံရမည့် အမျိုးသမီးငယ်သည် သဲကီးရွာတွင် လက်ဖက် ခူးနေစဉ် စံဖိတ်ရွာနေ လူပွဲစား နန်းမြစိုးမှ တရုတ်နိုင်ငံတွင် အလုပ်ပေါကြောင်း၊ အလုပ် မလုပ်လိုပါ က အဆင်ပြေ ချမ်းသာသူ တရုတ်အမျိုးသားနှင့် လက်ထပ်ပေးမည်ဟု စည်းရုံးခဲ့သည်။ ထိုလူပွဲစား နန်းမြစိန်သည် လွန်ခဲ့သောသုံးနှစ်ခန့်က တရုတ်နိုင်ငံ၊ ရှန်ဇီးပြည်နယ်၊ ထိုက်ယန်မြို့နေ တရုတ်အမျိုးသား တောက် ဟိုင်ရှန်းနှင့် အိမ်ထောင်ကျနေသူဖြစ်သည်။ ၄င်း၏မိခင် မကျန်းမာသဖြင့် လွန်ခဲ့သော နှစ်လခန့်က ၄င်း၏ခင်ပွန်းနှင့် သီပေါမြို့နယ်၊ စံဖိတ်ရွာသို့ ပြန်လာခဲ့သူဖြစ် သည်။ ၄င်းတို့အပြန် အမျိုးသမီးငယ်အား ခေါ်ဆောင်စဉ် ရွှေလီမြို့တွင် တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးမိကြ ခြင်းဖြစ်သည်။

၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က မူဆယ်လူကုန်ကူး တိုက်ဖျက်ရေး အဖွဲ့သည် ၁၀၅ မိုင်ဂိတ်တွင် မသင်္ကာသူ အမျိုးသမီး ၃ ဦးအား ခေါ်ယူ စစ်ဆေးခဲ့သည်။ ထိုသို့စစ်ဆေးချက်အရ တရုတ်ပြည်သို့ ဇနီးမယား အဖြစ် ရောင်းစားခဲ့မှု တချို့ပေါ်ပေါက်ခဲ့သည်။ မုံးကိုးမြို့ရှိ အငယ်လေးနှင့် ခင်ပွန်း ဖြစ်သူ ကျော်နိုင်ဦးတို့သည် ညီမဖြစ်သူ နီနီအောင်အား ကော့မှူးမြို့နယ်၊ ဇာတိရွာမှ အမျိုးသမီးတချို့အား တရုတ်ပြည်သို့ခေါ်ယူ စည်းရုံးရန် စေလွှတ်ခဲ့ကြောင်း၊ နီနီအောင်မှ ဇာတိရွာမှ အမျိုးသမီးနှစ်ဦးကို ၂၀၁၁ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့တွင် မူဆယ်မြို့၌ တစ်လရှစ်သောင်းကျပ်ဖြင့် ပန်း/ဆေးရွက် စိုက်သည့် အလုပ် လုပ်ရမည်ဟု စည်းရုံး ခေါ်ဆောင်နိုင်ခဲ့သည်။ ယခင်ကလည်း အငယ်လေးတို့သည် ပန်ဆိုင်းမြို့နေ မဟောင်ဆေး (အငယ်လေး ခင်ပွန်း၏ ယခင်ဇနီး)မှ တစ်ဆင့်အမျိုးသမီးငယ် ၃ ဦးကို တရုတ် အမျိုးသားထံ ရောင်းစား ခဲ့ဖူးကြသည်။ ထိုသို့ စစ်ဆေးချက်များကြောင့် အငယ်လေးနှင့် ကျော်နိုင်ဦးတို့ကိုပါ ဖမ်းဆီး အရေးယူ နိုင်ခဲ့ကြသည်။ ကော့မှူးမြို့နယ်မှ သွေးဆောင်ဖြားယောင်း ခေါ်ဆောင်လာသည့် အမျိုးသမီး နှစ်ဦးကို ကယ်တင် နိုင်ခဲ့သည်။

၂၀၁၁ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်နေ့တွင် ရွှေလီ/မူဆယ်နယ် စပ်ဆက်ဆံရေးရုံးမှ တစ်ဆင့် မြစ်ကြီးနားလူမှုဝန်ထမ်းဦးစီးဌာနသို့ လွှဲပြောင်း ရောက်ရှိလာသူ အမျိုးသမီး၏ ပြောပြချက်အရ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် မြစ်ကြီးနားမြို့ တစ်ရပ်ကွက်တည်းနေသူ မရူခွန်အောင်နှင့် ဒေါ်မာဒွဲတို့၏ အကြိမ်ကြိမ်ခေါ်ယူ စည်းရုံးမှုကြောင့် တရုတ်နိုင်ငံအတွင်း ဈေးရောင်းသည့်အလုပ်လုပ်ရန် အိမ်နီးနားချင်းသူငယ်ချင်းတစ်ဦးနှင့် တရုတ်ပြည်သို့လိုက်ပါသွားရန် ဆုံးဖြတ်ခဲ့ကြသည်။ ၂၀၀၇ ခုနှစ် အောက်တိုဘာလ ၂၆ရက်နေ့တွင် ထိုအမျိုးသမီးငယ်နှစ် ဦးအား မရူခွန်အောင်မှ ကားဖြင့် မြစ်ကြီးနား ကားဂိတ်ထိ ပို့ဆောင်ပေးခဲ့သည်။ ဒေါ်မာဒွဲနှင့် ကချင်အမျိုး သမီးတစ်ဦးတို့မှ မြစ်ကြီးနား-လိုင်ဇာမှတစ်ဆင့် တရုတ်နိုင်ငံ၊ ရင်ကျန်းမြို့ရှိ တရုတ်လင်မယားထံ လွှဲပြောင်းပို့ပေးခဲ့ကြသည်။ ထိုလင်မယားမှရင် ကျန်း-ခွေးမင်း-အမ်းဟွေး မြို့သို့ခေါ်ဆောင်ကာ တရုတ်အမျိုးသားတစ်ဦးထံ ယွမ်လေးသောင်းဖြင့် ရောင်းစားခံခဲ့ကြရသည်။ ထိုအမျိုးသမီးတစ်ဦးမှ သားသုံးနှစ်အရွယ် ကလေးတစ်ဦးရမှ တရုတ်ရဲ ၏ ဖမ်းဆီးခံခဲ့ရသည့်အတွက် မြန်မာဘက်သို့ လွှဲပြောင်းခံခဲ့ရသူ ဖြစ်သည်။

လူပွဲစားလုပ်သူ မရူခွန်အောင်နှင့် ဒေါ်မာဒွဲ တို့ကို ရဲမှရှာဖွေ ဖော်ထုတ်လျက် ရှိသည်။ ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့က လူပွဲစား ဟန်မင်းထွန်းသည် အခြားလူပွဲစားတစ်ဦး နှင့်အတူ ရန်ကုန်မြို့မှ အမျိုးသမီးငယ်များအား စည်းရုံးကာ တရုတ်နိုင်ငံသို့ ပို့ဆောင်နေသည့် သတင်းအရ လူကုန်ကူး တိုက်ဖျက်ရေး အဖွဲ့ဌာန ချုပ်ကို တယ်လီဖုန်းဖြင့် သတင်းပေး တစ်ဦး တိုင် ကြားခဲ့သည်။ ထိုသတင်းအရ ၂၀၁၁ ခုနှစ် ဒီဇင် ဘာလ ၂၅ ရက်နေ့တွင် မန္တလေး လူကုန်ကူးမှု တိုက်ဖျက်ရေးအဖွဲ့က မသင်္ကာသူ ၄ ဦးအား စစ်ဆေးမေးမြန်းခဲ့သည်။ ထိုသို့စိစစ်ချက်အရ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက် ကျိုက်ကလို့ ဘုရားတွင်တွေ့သော အမျိုးသမီးငယ်တစ်ဦးအား လူပွဲစားများဖြစ်ကြသော ကောင်းမြတ်စိုး(ခ) ဖိုး ကောင်းနှင့် ဟန်မင်းထွန်း(ခ) ဟန်ဝင်းမောင်(ခ) ထွန်းထွန်းတို့သည် ထမင်းဆိုင်တွင် အလုပ်ရှာ ပေးမည်ဟု စည်းရုံး၍လည်းကောင်း၊ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ကောင်းမြတ် စိုး၊ ဟန်မင်းထွန်း၊ ကျော်ဇင်မင်းနှင့် ကြည်စိုး(ခ) ပြောင်ကြီး(သမတကမ်းခြေရပ်ကွက်၊ ဒလမြို့နေ သူများဖြစ်ကြသည်)တို့သည် ရန်ကုန်မြို့၊ ပြည်သူ့ ရင်ပြင်တွင် တွေ့သော အမျိုးသမီး နှစ်ဦးကို မူဆယ် မြို့ဘက်တွင် အလုပ် ရမည်ဟု စည်းရုံး၍လည်း ကောင်း၊ တရုတ်နိုင်ငံသို့ ပို့ဆောင်ကာ တရုတ် အမျိုးသားများထံ ရောင်းစားရေး စီစဉ်ခဲ့ကြသည်။ နောက်ဆုံး ထို ၄ ဦးကို ဖမ်းဆီးခဲ့ကာ အမျိုးသမီး များအား ကယ်တင်နိုင်ခဲ့သည်။

လူကုန်ကူးမှုဆိုင်ရာ အမေရိကန် သံအမတ် ကြီး Lusi Cde Baca သည် ရန်ကုန်မြို့သို့ ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ ၉ ရက်နေ့က ရောက်ရှိလာခဲ့ သည်။ ၄င်း၏ ယခုခရီးစဉ်သည် ၂၀၁၂ ခုနှစ် ဇွန်လတွင် အစီရင်ခံစာ မထုတ်ပြန်ခင် မြန်မာ နိုင်ငံ၏ လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်ဆောင် နေမှုများကို လေ့လာရန်နှင့် အဆင့်လျှော့ချ သတ်မှတ်နိုင်ရေး အကြံပြုရန် အတွက် တာဝန်ရှိသူများ နှင့် တွေ့ဆုံဆွေးနွေးရန် လာရောက်ခဲ့ခြင်းလည်း ဖြစ်သည်။

သူ၏ သတင်းစာရှင်းလင်းပွဲတွင် တရုတ် နိုင်ငံသို့ အမျိုးသမီးငယ်လေးများ ရောင်းစားခံရ မှုနှင့် ပတ်သက်ပြီး သူ တရုတ်ပြည်ရောက်စဉ်က လည်း ထိုပြဿနာကို ဆွေးနွေးခဲ့သည်ဟုလည်း ကောင်း၊ မြန်မာအမျိုးသမီးလေးများကို သတို့ သမီးအဖြစ် တရုတ်နိုင်ငံသို့ ရောင်းစားခံရမှုကို မြန်မာနိုင်ငံ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဆွေး နွေးခဲ့သည်ဟုလည်းကောင်း၊ ထိုပြဿနာသည် ပေးပို့သည့်နိုင်ငံနှင့် လက်ခံသည့် နိုင်ငံမှ ဖြေရှင်း ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံတွင်ကောင်း ကောင်းနေ ကောင်းကောင်းစားရမည် ဆိုသည့် ကတိစကားများ နောက်ကွယ်တွင် အမြတ်ထုတ် ခံရမှုနှင့် အလွဲသုံးစား ခံရမှု များရှိသည်တို့ကို အမျိုးသမီးများအား အသိပညာပေးရုံနှင့် လုံလောက်မှုမရှိဘဲ၊ အိမ်သို့ပြန်ရောက်လာကြ သည့်အခါ မိသားစုက ကြဉ်ဖယ် ထားခြင်းမရှိဘဲ၊ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ ရှိသည်ဆို သည်ကို ပညာပေးရန်လည်း လိုသည်ဟု အကြံပြု ပြောဆိုသွားသည်။

ထိုင်းနှင့်တရုတ်တွင် လူကုန်ကူး ခံရမှုများ မည်သို့ ဖြစ်နေသည်ကို စဉ်းစားပြီး ကာကွယ် တားဆီးရေး လုပ်ငန်းများ လုပ်နေရသည့်အပြင် ပြည်တွင်း လူကုန်ကူး ခံနေရမှု သားကောင်များ၏ အရေးကလည်း အရေးတကြီးဖြေရှင်း ရမည့်ကိစ္စ တစ်ရပ်ဖြစ်နေသည်။ လူကုန်ကူးခံ သူများကို စောင့်ရှောက်ရန်အထူး ဆောင်ရွက်ပေး ဖို့လိုနေ သေးသည်။ ထို့အပြင် ပြည်တွင်းလူ ကုန်ကူးခံရ မှု၏ သားကောင်များ အရေးက ပိုအလေးထားရ မည်ဖြစ်သည်။

ဝင်းနိုင်ထွန်း
(Teen မဂ္ဂဇင်း၊မတ်လ ၂၀၁၂)

Wednesday, April 4, 2012

ကြက်သားကင် ဆလတ်သုတ်



ဒီတစ်ခါတော့ ကျွန်တော်ချက်ပြုတ်တဲ့ ဟင်းလျာမဟုတ်ပါဘူး။ အချက်အပြုတ်ကောင်းကောင်း ဟင်းလျာလှလှတွေကို ချက်ပြုတ်တတ်တဲ့ ညီမလေးဝတ်ရည်ရဲ့ ဘလော့ခ်ကနေကူးယူဖော်ပြမှာဖြစ်ပါတယ်။

ထိုင်းစတိုင်လ် ကြက်သားလေးတွေကို ကင်ပြီးသုပ်မှာပါ။

ကြက်သားကင် ဆလတ်သုတ်

ဒါကတော့ ထိုင်းစတိုင် ကြက်သားကင် ဆလတ်သုတ်လေးပါ။ ကြက်ရင်ဗုံသားကို ကင်ပြီမှ ထိုင်းစတိုင် ခရမ်းချဉ်သီး၊ ငရုတ်သီး၊ သံပရာရည်၊ ငရုတ်သီးမှုန့်လေးနှင့် ရောစားရတာပါ။ ချက်နည်းလေး ကြည့်ရအောင်…

ပါဝင်ပစ္စည်းများ

၁။ ကြက်ရင်ဗုံသား – ၂ခု (တကိုက်စာ အတုံးလေးများ တုံးထားပေးပါ)

၂။ မကျည်းရည် – စားပွဲတင်ဇွန်း ၃ဇွန်း

၃။ ဂျင်း – လက်တဆစ် (နှုတ်နှုတ်စဉ်းပါ)

၎။ ငရုတ်သီးမှုန့် – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ

၅။ သကြား – လက်ဖက်ရည်ဇွန်း တ၀က်

၆။ ခရမ်းချဉ်သီး – ၂လုံး (အ၀ိုင်းပါးပါးလှီးပါ)

ရ။ ကြက်သွန်နီ - ၁လုံး (အ၀ိုင်း ပါးပါးလှီးပါ)

၈။ နံနံပင် – အနည်းငယ်

၉။ ငရုတ်ပွရှည်ထောင့် – ၁ထောင့် (ပါးပါးလှီးပါ)

၁၀။ သံပရာရည် – ၁လုံး (တ၀က်ကို အရည်ညှစ်ပြီ၊ ကျန်တ၀က်ကို စိတ်ပေးထားပါ)

၁၁။ ဆား၊ ကြက်သားမှုန့် (လက်ဖက်ရည်ဇွန်း တ၀က်စီ)

ချက်ပြုတ်နည်း

၁။ အရင်ဆုံး အသားကင်ရန် ၀ါးတုတ်များကို ၁၀မိနစ်ခန့် ရေစိမ်ထားပေးပါ။

၂။ ပြီလျှင် အတုံးတုံးထားသော ကြက်သားများကို ခွက်တစ်ခုထဲ ထည့်လိုက်ပါ။

၃။ ထို့နောက် ကြက်သားကို (မန်ကျည်းရည်၊ ဂျင်း၊ ငရုတ်သီးမှုန့်၊ သကြား၊ ဆား၊ ကြက်သားမှုန့် ) တို့ဖြင့် သမအောင် ရောနုယ်ပြီ ၁၀မိနစ်ခန့် နုပ်ထားပေးပါ။

၎။ ပြီနောက် ဆလတ်သုတ်ရန် အတွက် ပန်းကန်တစ်ခုထဲ (ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီး၊ နံနံပင်)တို့ကို ရောမွှေလိုက်ပြီ အပေါ်မှ ငရုတ်သီးမှုန့် (လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ)၊ သံပရာရည်တို့ ဖြူးလိုက်ပါ။

၅။ နုပ်ထားသော ကြက်သားများကို ရေစိမ်ထားသော ၀ါးတုတ်များဖြင့် သီပေးပါ။

၆။ မကင်ခင် ကင်ပြားကို ဆီသုတ်ပေးထားပါ။ ဂစ်သို့ မီးသွေး မိမိကြိုက်နှစ်သက်ရာနှင့် ကင်နိုင်ပါသည်။

ရ။ ကြက်သားမျာကို စကင်ပါတော့မည်။ ၁၀မိနစ်ခန့် ကြက်သားများ ကျက်သည်အထိ ကင်ပေးပါ။

ရ။ ကြက်သားကင်ပြီပြီ ဆိုလျှင် ဆလတ်သုတ်၊ သံပရာခြမ်းများဖြင့် တွဲဖက် သုံးဆောင်နိုင်ပါပြီ…

Credit: http://getacookrecipe.wordpress.com

Fungal jock itch ယောက်ျား ကပ်ပယ်အိတ်-မှိုရောဂါ ကုသနည်းများ


ဝှေးစေ့ ၂ ခုမှာ ယားနေလိုပါ။ ဆရာဝန်က ဈေးအရမ်းကြီးလို့ မပြတာပါ၊ ၃ နှစ်လောက်ရှိပါပြီ။ အူအတက် ခွဲပြီးကတည်းက စဖြစ်တာပါ။ Fluconazole 150mg တစ်ရက် ၁ လုံး၊ ၂ လလောက် သောက်ပါတယ်။ Coltri-Denk 1% Cream လိမ်းပါတယ်။ မပျောက်လို့ပါ။ သွေးစစ်ကြည့်ပါတယ်။ HBs Ag = Non-reactive; HIV = Non-reactive; Anti-HCV = Non-reactive; VDRL = Non-reactive ပါ။ ကျား၊ အိမ်ထောင်ရှိပါတယ်။ Yangon ကပါ။ ဘာဆက်လုပ်ရမှာလည်း။

• Mild fungal or yeast jock itch နဲနဲဖြစ်တာအတွက် -
o Antifungal shampoo နဲ့ တနေ့ ၂ ခါ ဆေးကြောပါ။ Ketoconazole (Nizoral shampoo) ဒါမှမဟုတ် Selenium sulfide (Selsun Blue shampoo) သုံးပါ။

• Moderate fungal or yeast jock itch အသင့်အတင့်ဆိုးတာအတွက် -
o Antifungal shampoo နဲ့ တနေ့ ၂ ခါဆေးကြောပါ။ Ketoconazole (Nizoral shampoo) ဒါမှမဟုတ် Selenium sulfide (Selsun Blue shampoo) သုံးပါ။
o Topical antifungal cream လိမ်းဆေး Miconazole (Monistat, Micatin), Clotrimazole or Terbinafine (Lamisil) တခုခုလိမ်းပါ။


• Severe fungal or yeast jock itch ဆိုးတဲ့ရောဂါအတွက် -
o Antifungal shampoo နဲ့ တနေ့ ၂ ခါဆေးကြောပါ။ Ketoconazole (Nizoral shampoo) ဒါမှမဟုတ် Selenium sulfide (Selsun Blue shampoo) သုံးပါ။
o Topical antifungal cream လိမ်းဆေး Miconazole (Monistat, Micatin), Clotrimazole or Terbinafine (Lamisil) တခုခုလိမ်းပါ။
o Antifungal pill စားဆေး Fluconazole (Diflucan), Itraconazole (Sporanox), or Terbinafine သောက်ပါ။
• Inflammatory itching from jock itch ယားလဲယား၊ ရောင်လဲရောင်နေရင် -
o Topical steroid cream (Triamcinolone 0.025%) တနေ့ ၁-၂ ကြိမ်၊ ၅-၇ ရက် လိမ်းပါ။ ဒါမှမဟုတ်
o Topical steroid cream (Cortaid) တနေ့ ၁-၂ ကြိမ်၊ ၅-၇ ရက် လိမ်းပါ။
o Topical immunomodulator = Pimecrolimus (Elidel) cream ဒါမှမဟုတ် Tacrolimus (Protopic) ointment တနေ့ ၂ ကြိမ်လိမ်းပါ။

• Bacterial jock itch (ဗက်တီးရီးယား) ပါ ဝင်နေရင် -
o Lever 2000 soap or Chlorhexidine (Hibiclens) soap ဆပ်ပြာနဲ့ တနေ့ ၂ ခါဆေးပါ။
o Chlorhexidine soap ဆပ်ပြာနဲ့ တနေ့ ၂ ခါဆေးပါ။
o Topical antibiotic (Clindamycin lotion or Metronidazole lotion) လိမ်းဆေး တနေ့ ၂ ခါလိမ်းပါ။
o Cephalexin (Keflex), Dicloxacillin, Doxycyline, Minocycline (Dynacin, Minocin), Tetracycline (Sumycin), Ciprofloxacin (Cipro, Cipro XR, Proquin XR) ဆေး တမျိုးမျိုး ၅-၁၄ ရက်သောက်ပါ။
o Levofloxacin (Levaquin) တခြားပိုးသေဆေး မတိုးတာအတွက် သောက်ပါ။

• Home remedy for mild jock itch အိမ်သုံးဆေးနည်း
o မကြာမကြာဆေးကြောပါ။ ချွေးထက်ရင် ဆေးပါ။ ရေခပ်နွေးနွေးသုံးပါ။ ဆပ်ပြာမပြင်းစေနဲ့။ ဆေးပြီးတာနဲ့ ခြောက်သွေ့သွားအောင်လုပ်ပါ။ (ကော်တွန်) အတွင်းခံသာဝတ်ပါ။ မကြပ်စေပါနဲ့။
o ယားရင် Tea tree oil လက်ဘက်ပင်အဆီ နဲ့ Honey ပျားရည်လိမ်းနိုင်တယ်။ ပျားရည်လိမ်းရင် တနာရီ နောက်မှာ ဆေးပြစ်ပါ။ ယားရင် တနေ့ထဲမှာ ၂ ခါလိမ်းနိုင်တယ်။ အဆီများတာ၊ သကြားများတာ မစားပါနဲ့။ ကြက်သွန်ဖြူစားတာ ကောင်းမယ်။
o ဆရာဝန်လက်မှတ် မလိုဘဲ ဝယ်ရတဲ့လိမ်းဆေး Hydrocortisone cream and Clotrimazole (Lotrimin, Mycelex) cream ကို တနေ့ ၁-၂ ကြိမ်လိမ်းပါ။
o ပုဝါကို White vinegar (ဗနီဂါ) တဆ + ရေ ၄ ဆ) ရောထားတာထဲ စိမ်တာသုံးပြီး သန့်ရှင်းပါ။ ပြီးရင် ခြောက်သွေ့စေပါ။

Dr. တင့်ဆွေ ၂၁-၃-၂ဝ၁၂

Credit: http://www.yamunaclinic.org/index.php?option=com_content&view=article&id=3496:fungal-jock-itch----&catid=34:adult-readings&Itemid=49

Monday, April 2, 2012

ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

ရှိရှိသမျှ အမျိုးသမီး-မိန်းကလေးထဲက တဝက်လောက်ဟာ တသက်တာမှာ အနည်းဆုံးတခါတော့ ဆီးအောင့်ဘူးကြတယ်။ ဆီးလမ်းကြောင်းဆိုတဲ့ ကျောက်ကပ်၊ ဆီးထွက်ပြွန်၊ ဆီးအိမ် နဲ့ ဆီးသွားပြွန် တနေရာရာမှာ ရောဂါပိုးဝင်တာ ခံရတာကို ပြောတာဖြစ်တယ်။ Bladder infections ဆီးအိမ်မှာဖြစ်တာက သိပ်မဆိုးပါ။ ချက်ချင်း ကုသရင် ကောင်းသွားမယ်။ မဟုတ်ရင်တော့ အထက်တက်ပြီး ကျောက်ကပ်အထိ ပိုးရောက်သွားစေနိုင်တယ်။ ဒါဆိုရင် ဆိုးတယ်။

Bladder Infection Symptoms ဆီးအိမ်ပိုးဝင်ခြင်း လက္ခဏာများ

• ဆီးသွားတိုင်း ပူပြီး နာမယ်။
• ဆီးခဏခဏသွားချင်စိတ် ဖြစ်နေမယ်။
• ဆီးစပ် ဗိုက်အောက်ပိုင်းနေရာက နာမယ်။
• ဆီးထဲ အနယ်ပါမယ်။ ဆီးနံ့ဆိုးတယ်။
• ဆီးထဲ သွေးလဲပါတတ်တယ်။
• တချို့မှာ အဲလိုဟာတွေ မခံစားရဘူး။

Kidney Infection ကျောက်ကပ်ရောင်ခြင်း လက္ခဏာများ
• ကျောက်ကပ်တည်ရာ နောက်ကျော ဘယ်-ညာ ဖြစ်တဲ့ဘက်မှာနာမယ်။
• ကိုယ်ပူမယ်။ ချမ်းမယ်။
• ပျို့ချင်-အန်ချင်မယ်။
• ဆီးစစ်မှ ပိုးတွေ့ပြီး ရောဂါလက္ခဏာတွေ မခံစားရတာလဲ ရှိတယ်။ ကိုယ်ဝန်ရှိနေရင်တော့ ဆေးကုမှ ကောင်းတယ်။ ကလေးတွေကိုလဲ ဆေးကုရမယ်။

When to See Your Doctor ဆရာဝန်ပြဘို့ မလွဲမသွေလိုသူတွေ

• ကိုယ်ဝန်ဆောင်၊
• အသက်ကြီးသူ၊
• ဆီးချိုရှိသူ၊
• ကျောက်ကပ်ရောဂါရှိထားသူ၊
• ခုခံအား မကောင်းသူ။

UTI or Something Else တခြားရောဂါတွေလဲ ဖြစ်နိုင်တယ်။
• (STD) လိင်ကတဆင့် ကူးစက်ရောဂါတွေ ဥပမာ -
၁။ Chlamydia (ကလာမိုင်ဒီယား)၊
၂။ Gonorrhea (ဂနိုရီးယား)၊
၃။ Trichomoniasis (ထရွိုင်ကိုမိုးနပ်စ်)၊

Honeymoon Cystitis မင်္ဂလာဦး ဆီးအောင့်ခြင်း
• အဖြစ်များတယ်။
• ဆက်ဆံမှုကြောင့် (ဗက်တီးရီးယား) တွေကို နေရာပြောင်းပို့ပေးသလိုဖြစ်စေတယ်။
• တကယ်တော့ မင်္ဂလာဦးမှာသာ ဖြစ်တာ မဟုတ်ပါ။ အိမ်ထောင်မပြုသေးဘဲ ဆက်ဆံမှု စပြုသူတွေလဲဖြစ်သလို ကလေးအမေ ဖြစ်ပြီးမှလဲ ဖြစ်တယ်။
• ကိုယ်ဝန်တားဘို့သုံးရတဲ့ Diaphragm သားအိမ်ဝအဖုံး သုံးသူတွေလဲ ဖြစ်နိုင်တယ်။

Stealth UTIUTI Complications တိတ်တိတ်လေး နောက်ဆက်ဖြစ်စေနိုင်တာတွေ ရှိတယ်။
• ဆီးအိမ်ကနေ ကျောက်ကပ်ဆီရောက်နိုင်တယ်။ တဖက်ထဲဖြစ်ဖြစ် နှစ်ဖက်လုံးဖြစ်ဖြစ် ပိုးဝင်တာခံရမယ်။
• ကျောက်ကပ်ကို အလုပ်ဆက်မလုပ်နိုင်စေတာအထိ ဖြစ်လာနိုင်တယ်။
• အစကတည်းက ကျောက်ကပ်သိပ်မကောင်းသူဆိုရင် ပိုဆိုးစေမယ်။
• ရှားရှားပါးပါး ပိုးက သွေးထဲရောက်ရင် တခြားနေရာတွေအထိ ပိုးရောက်ကုန်မယ်။

How do UTIs begin? ဘယ်ကနေစသလဲ
• အူတွေထဲမှာနဲ့ မျိုးပွါးလမ်းကြောင်းထဲမှာ (ဗက်တီးရီးယား) တွေရှိနေကြတယ်။
• တကယ်တော့ ဆီးဆိုတာ မကောင်းပေမဲ့ ကျန်းမာနေရင် ပိုးတွေရှိမနေပါ။
• E. coli ပိုးကနေဖြစ်တာများတယ်။ အမှတ်မထင် ရောက်လာတယ်လို့ ပြောရမယ်။
• ဆီးလမ်းအဝကနေ အထက်တက်မယ်။ အမျိုးသမီးတွေက ဆီးသွားလမ်းတိုကြလို့ ပိုအဖြစ်များကြတယ်။

Your Risk ဖြစ်နိုင်ခြေများသူတွေ

• လိင်ဆက်ဆံမှု ဖြစ်နိုင်-ဖြစ်နေသူ အမျိုးသမီးများ၊
• ရေ-အရည်သောက်နည်းသူများ၊
• ရေစိမ်ပြီး ခဏခဏချိုးသူများ၊
• ဆီးသွားချင်ပေမဲ့ မသွားသေးဘဲ အောင့်ထားသူများ၊
• ကျောက်ကပ်မှာ ကျောက်ရှိနေသူများ။

Diagnosing UTIs ရောဂါသေခြာအောင်လုပ်ခြင်း
Urinalysis ဆီးစစ်ခြင်း၊ (ဗက်တီးရီးယား) တွေ ပါနေ-မနေစစ်မယ်။ ဆီးထဲမှာ သွေးဖြူဥနဲ့ သွေးနီဥတွေကိုလဲ ရေတွက်မယ်။ Dipstick test နည်းနဲ့စစ်တာမြန်တယ်။ (ဗက်တီးရီးယား) အမျိုးအစားလဲ ခွဲဘို့လိုရင်လုပ်တယ်။

Urinary Tract Infections in Men ယောက်ျားတွေ ဆီးအောင့်ခြင်း
အဖြစ်နည်းတယ်။ ဖြစ်ရင် တခြားအခံ ကျန်းမာရေးအခြေအနေတခုခု ရှိနေနိုင်တယ်။ ဥပမာ ကျောက်ကပ်-ကျောက်၊ ဆီးအကျိတ် ကြီးနေခြင်း၊ STDs လိင်ကတဆင့် ကူးစက်ရောဂါ။

Treating UTIs ဘယ်လိုကုမလဲ
• ပဋိဇီဝဆေးနဲ့ ပျောက်တယ်။
• ရေ-အရည်များများသောက်ပါ။
• ဆီးသွားချင်ရင် အောင့်မထားပါနဲ့။
• ကျောက်ကပ် ပိုးဝင်တာကို ဆိုးမှသာ ပဋိဇီဝထိုးဆေးလိုမယ်။
• ပြန်ပြန်ဖြစ်နေရင် -
၁။ ပဋိဇီဝဆေးနည်းနည်းကို ကြာရှည်သောက်ပါ။
၂။ လိင်ဆက်ဆံပြီးတိုင်း ပဋိဇီဝဆေးတကြိမ်သောက်ပါ။
၃။ ဆီးအောင့်တယ်ထင်တာနဲ့ ချက်ချင်း ပဋိဇီဝဆေး သောက်လိုက်ပါ။

UTIs and Diabetes ဆီးလမ်းပိုးဝင်တာနဲ့ ဆီးချို
• ပိုအဖြစ်များတယ်။
• ခုခံအားလဲ နည်းနေတာရယ် သကြားဓါတ်ကြောင့် ပိုးတွေပိုပြီးပွါးလွယ်တာရယ်ကြောင့်ဖြစ်နိုင်တယ်။
• ဆီးအိမ်သွား အာရုံကြောလဲ သိပ်မကောင်းနေတာကြောင့်လဲ ဖြစ်နိုင်တယ်။

UTIs and Pregnancy ဆီးလမ်းပိုးဝင်တာနဲ့ ကိုယ်ဝန်
• ကျောက်ကပ်အထိပိုးဝင်တာ ဖြစ်လွယ်တယ်။
• ဟော်မုန်းတွေကြောင့်လဲ ဖြစ်နိုင်တယ်။
• ကြီးလာတဲ့သားအိမ်က ဆီးလမ်းကိုဖိနေလို့ ဆီးကိုအောင့်ထား၊ အောင်းထားသလိုဖြစ်နေစေတယ်။

UTIs and Menopause ဆီးလမ်းပိုးဝင်တာနဲ့ သွေးဆုံးခြင်း
• သွေးဆုံးချိန်မှာ (အီစထိုဂျင်) ဟော်မုန်း နည်းလာတယ်။ ဆီးအိမ် နဲ့ (ဗဂျိုင်းနား) ကို ပိုးဝင်လွယ်စေမယ်။

UTIs in the Elderly အသက်ကြီးသူတွေ

• ပိုဖြစ်ကြတယ်။ ခံစားရတာ ဖြစ်နေကြနဲ့ မတူတတ်ဘူး။ ကရောင်ခြောက်ခြားဖြစ်တာ၊ စိတ်ကရောက်ကယက် ဖြစ်တာ ဆိုရင် ဆီးကိုစစ်ဘို့မမေ့ရပါ။

UTIs and Hospital Stays ဆေးရုံလူနာ
• ရောဂါတခုခုနဲ့ ဆေးရုံတက်နေရရင် ဆီးလမ်းပိုးဝင်တာ ပိုဖြစ်နိုင်တယ်။ ဆီးပိုက်တပ်ထားရရင် သေခြာပေါက် ဖြစ်နိုင်တယ်။

UTIs in Infants ကလေးငယ်ငယ်လေးတွေ
• မပြောတတ်လို့ ဒါတွေဖြစ်နေရင် သတိပြုပါ -
• ဘာလို့မှန်မသိဘဲ ကိုယ်ပူမယ်၊
• ဆီးအနံမကောင်းဖြစ်မယ်၊
• အစားပျက်မယ်၊ အန်မယ်၊ • အမူအယာ တမျိုးဖြစ်မယ်။

UTIs in Children ကလေးတွေ
• အသက် ၁၁ နှစ်သမီးတွေ ၃% ၁၁ နှစ်သားတွေ ၁% မှာ ဆီးလမ်းပိုးဝင်တယ်။
• အိမ်သာထဲမှာ ကြာနေရင် သတိထားကြည့်ပါ။
• တချို့ကလေးတွေမျာ မွေးရာပါ ဆီးလမ်းအားနည်းချက် ရှိနေနိုင်တယ်။
• Toilet training ရေအိမ်သွားနည်း သင်ထားပေးပါ။

Preventing UTIs ဘယ်လိုကာကွယ်မလဲ
• ရေများများသောက်ပါ၊
• လိင်ကိစ္စ မတိုင်ခင်နဲ့ အပြီးတိုင်းဆီးသွားပါ၊
• သန့်ရှင်းရေးလုပ်ရာမှာ လက်ကို ရှေ့ကနေ နောက်ဘက်ဆီသာ တလမ်းသွားလုပ်ပါ၊
• Feminine hygiene sprays မိန်းမကိုယ်သန့်ရှင်းရေး ဆေးရည်တွေ မသုံးပါနဲ့။
• ရေချိုးရင် ကြွေကန်ထဲ စိမ်မချိုးဘဲ အထက်ကနေ မိုးရွာသလို ကျနေတဲ့ ရေချိုးနည်း လုပ်ပါ။

Cranberry (ခရင်ဘယ်ရီ) သီး
• ဆီးအောင့်သူများအတွက် အလွန်ကောင်းတယ်လို့ ပြောကြတယ်။
• ကာကွယ်ရာမှာသာ ကောင်းတယ် ဖြစ်နေတာကိုတော့ ပျောက်အောင် မစွမ်းဆောင်နိုင်ပါ။
• အရွယ်လတ် အမျိုးသမီးတွေအတွက် ပိုသင့်တယ်။
• ဆေးလုံး-ဆေးတောင့်လုပ် ရောင်းတာလဲ ရှိတယ်။

ဒေါက်တာတင့်ဆွေ (၂၁-၃-၂ဝ၁၂)

ဒေါက်တာတင့်ဆွေ
- ဆီးလမ်းကြောင်း ပိုးဝင်ခြင်း

Sunday, April 1, 2012

ရာသီမလာခင်ဖြစ်တာတွေ (၂)

ရာသီမလာခင် တပါတ်၊ နှစ်ပါတ်လောက်မှာ ရင်ပြည့်မယ်၊ ခေါင်းကိုက်မယ်၊ စိတ်မူပြောင်းလဲမယ်၊ တခြား စိတ်အခြေအနေတွေ မတူတာဖြစ်လာမယ်။ လတိုင်းလိုလို အဲလိုဖြစ်နေရင် Premenstrual Syndrome (PMS) ရာသီမလာခင် ဖြစ်ချင်တာတွေလို့ ခေါ်တယ်။ အမျိုးသမီး ၈၅% မှာ တမျိုးမဟုတ်တမျိုး ခံစားကြရတယ်။ တချို့မှာ ဆိုးတာတွေအထိ ခံစားရတယ်။ အလုပ်မှာလဲ အဆင်မပြေ၊ အိမ်နေလဲ အခန့်မသင့်၊ လင်နဲ့ မယား စကားများအထိ ဖြစ်နိုင်တယ်။ ဒီလိုအထိဖြစ်ရင်တော့ Premenstrual dysphoric disorder (PMDD) လို့ သတ်မှတ်တယ်။

• Cravings ချဉ်ခြင်းတပ်
ရာသီလာရင် တချို့ကြ ဘာမှမစားချင် ဖြစ်တယ်။ တချို့က စားချင်တာ ရွေးလာတယ်။ ကိုယ်ဝန်ဆောင်မှ ချဉ်ချင်းတပ်တာ မဟုတ်ပါ။ မိန်းကလေးတွေ အများဆုံး ကြိုက်တတ်တာတွေဆိုတာ ရှိတယ်။ ပုံထဲကလို (ချော့ကလက်-မာဖင်) မျိုးကို မြန်မာမလေးတွေက အချဉ်ထုပ်လောက် သိပ်မမက်ကြပါ။

• Acne ဝက်ခြံထွက်
ရာသီချိန်မှာ ဝက်ခြံထွက်တတ်တယ်။ အဖြစ်များတယ်။ အပျိုပေါက်တွေမှာသာ ဖြစ်တာ မဟုတ်ပါ။

• Pain နာခြင်းအမျိုးမျိုး
- Menstrual cramps ဗိုက်နာ၊
- Back pain ခါးနာ၊
- Headaches ခေါင်းကိုက်၊
- Tender breasts ရင်သားနာ၊
- Joint pain အဆစ်နာ။

• Mood Swings စိတ်မူပြောင်း
တချို့မှာ စိတ်မူ မတူတာဖြစ်လာကြတယ်။ ဘယ်လိုဖြစ်လာမယ်မှန်း မှန်းလို့မရတတ်ဘူး။ စိတ်တိုမယ်။ ဒေါသထွက်မယ်။ ငိုချင်တယ်။ စိတ်ဓါတ်ကျမယ်။ စိုးရိမ်စိတ်ကဲမယ်။ တချို့ မေ့တတ်တယ်။ အာရုံစိုက်ရတာ ခက်တတ်သေးတယ်။

• Who Gets PMS? ဘယ်လို မိန်းကလေးတွေ ဖြစ်သလဲ
ရာသီလာသူတိုင်း ဖြစ်နိုင်တယ်။ အသက် ၂ဝ-၄ဝ ကြား အဖြစ်များတယ်။ အသားမဲတွေက ပိုပြီး ချဉ်ခြင်းတပ်တယ်။ အဖြူမတွေက စိတ်မူပြောင်းတာ များတယ်။ လူပိုဝတယ်။ အပျိုပေါက်တွေထက် အပျိုရွယ်တွေက ပိုဖြစ်တယ်။ ၃ဝ ကျော်မှ ဖြစ်တာ ပိုဆိုးတယ်။

• How PMS Affects Other Conditions ကျန်းမာရေးကို သက်ရောက်စေနိုင်တယ်။
- Asthma and allergies ပန်းနာ၊ (အလာဂျီ) ရှိသူတွေ ရာသီနဲ့ဆက်ပြီး ရောဂါထတတ်တယ်။
- Depression and anxiety စိတ်ဓါတ်ကျနေသူတွေ စိုးရိမ်စိတ်ကဲသူတွေက အဲလိုအချိန် ပိုဆိုးကြတယ်။
- Seizure disorders အတက်ရောဂါရှိနေသူ တက်တတ်တယ်။
- Migraines (မိုင်ဂရင်း) အမူးရောဂါရှိနေရင် မူးလာတတ်တယ်။

• What Causes PMS? ဘာကနေဖြစ်စေသလဲ
အသေအခြာ မပြောနိုင်ပါ။ ဟော်မုန်းတွေ အပြောင်းအလဲကြောင့်ဖြစ်မယ်။ ရာသီမလာခင် တပါတ်လောက်ဟာ Estrogen (အီစထိုဂျင်) နဲ့ Progesterone (ပရိုဂျက်စတီရုန်း) တွေ နည်းနေချိန်ဖြစ်တယ်။

• PMS or Something Else တကယ်ဘဲ ရာသီနဲ့ဆိုင်တာ ဟုတ်ရဲ့လား
- Perimenopause သွေးဆုံးချင်လို့လား၊
- Depression or anxiety စိတ်ရောဂါလား၊
- Chronic fatigue syndrome နာတာရှည် အားနည်းရောဂါလား၊
- Thyroid disease လည်ပင်းကြီးရောဂါလား၊ သိထားဘို့က ရာသီလာချိန်နဲ့ ကိုက်ဖြစ်တာမှာ ဒါလို့ခေါ်ရတယ်။

• Diagnosing PMS ဟုတ်-မဟုတ် သေခြာအောင်
Symptom Tracker လုပ်ထားသင့်တယ်။ ခံစားရတာတွေက ဘယ်ရက်တွေမှာလဲ၊ ရာသီမလာခင် ၅ ရက်အတွင်း ဟုတ်သလား၊ ရာသီလာပြီး ၄ ရက်အတွင်း ပျောက်သွားသလား၊ ရာသီလာနေတုံး ၃ ရက်မှာ ခံစားရတာဟုတ်ရဲ့လား၊

• When to See a Doctor ဆရာဝန်ပြဘို့လိုသလား
Premenstrual dysphoric disorder (PMDD) ဆိုတာဖြစ်ရင် ပြရမယ်။ ဒါတွေက ရာသီနဲ့သာဆိုင်ဖြစ်ပြီး ခံစားရတာတွေက အတော်ဆိုးတယ်။ အော်ရတဲ့အထိ၊ ငိုယူရတဲ့အထိ၊ အိပ်ရေးပျက်တဲ့အထိ၊ အလုပ်ပျက်ရတဲ့အထိ၊ သတ်သေချင်စိတ် ပေါ်တတ်တဲ့အထိ၊ PMS ကို ကုသနည်းတွေနဲ့ဘဲ PMDD တွေက ပျောက်တာ များတယ်။

• Exercise ကိုယ်လက် လေ့ကျင့်ခန်း
Exercise လုပ်ရင် Mood စိတ်မူပြောင်းတာ နဲ့ Fatigue အားယုတ်တာတွေ သက်သာစေတယ်။ ဖြစ်မှ လုပ်ရတာ မဟုတ်ပါ။ တနေ့ မိနစ် ၃ဝ လုပ်ပါ။ တပါတ် ၅ ရက် လုပ်ပါ။ တခါတလေ ပြင်းပြင်းထံထံ လုပ်လဲ ရတယ်။

• Diet Rich in B Vitamins ဗီတာမင်ကြွယ်ဝတဲ့ အစားအသောက်
အမျိုးသမီး ၂ဝဝဝဝ ကို ၁ဝ နှစ်တာ လေ့လာတော့ Vitamin B ဗီတာမင် ဘီ ကြွယ်ဝတာ စားခိုင်းတာက သက်သာစေတယ်။ ဗီတာမင် ဘီ ၁ များတာတွေက ဝက်သား နဲ့ အစေ့အဆံတွေ၊ ဗီတာမင် ဘီ ၂ များတာတွေက ကြက်ဥနဲ့ နို့ထွက်အစာတွေ ဖြစ်တယ်။ ဗီတာမင် ကြွယ်ဝတဲ့အစာတွေ စားစေတာက ဗီတာမင် ဆေးပေးတာထက် ပိုထိရောက်တယ်။

• Complex carbohydrates
(ကာဗွန်ဟိုက်ဒရိတ်) ကြွယ်ဝတဲ့ ဆန်လုံးညို၊ ပေါင်မုံ့ညို တွေမှာ (ဖိုက်ဘာ) ပါတယ်။ သကြားဓါတ် မျှစေတယ်။ စိတ်မူပြောင်းတာ နဲ့ ချဉ်ခြင်းတပ်တာတွေ သက်သာစေမယ်။ ဗီတာမင် ဘီ ၁ နဲ့ ၂ တွေ ကြွယ်ဝတယ်။

• Foods to Avoid ဒါတွေ မစားနဲ့
- Salt ဆားများတာ၊
- Caffeine (ကေဖင်း) များတာ၊
- Sugar သကြားများတာ၊
- Alcohol အရက်ပါတာ။

• Stress Relief စိတ်ဖိအား မများစေနည်း
PMS တွေကနေ စိတ်ဖိအား၊ စိုးရိမ်စိတ် နဲ့ စိတ်တိုတာတွေဖြစ်စေနိုင်တယ်။ ယောဂနည်း၊ တရားထိုင်နည်း၊ အနှိပ်ခံတာ၊ စာရေးတာ၊ သူငယ်ချင်းတွေနဲ့ ရောရောနှောနှောနေတာတွေ လုပ်သင့်တယ်။

• OTC Drugs ဆေးသောက်ပါ
Aspirin, Ibuprofen နဲ့ Naproxen ဆေးတွေထဲက တမျိုးမျိုးကို သောက်ပါ။ ၂၈-၂-၂ဝ၁၂ နေ့ အီတလီ သုတေသနအသစ်တခုအရ ဗီတာမင် ဒီ တကြိမ်ထဲ များများပေးရင် ရာသီလာလို့ခံစားရတာတွေ သက်သာစေတယ်လို့ ဆိုတယ်။ ထုံးစံအရ ဗီတာမင် ဒီ ကို တနေ့မှာ ၄ဝဝဝ ယူနစ်သာသောက်ရတယ်။ အခုစမ်းသပ်မှုမှာ ယူနစ် ၃ သိန်းအထိ သောက်ခိုင်းတယ်။

• Hormone Treatments ဟော်မုန်းသုံးကုသနည်း
Birth control pills ဟော်မုန်းပါ ကိုယ်ဝန်တားကနေ မျိုးဥထွက်မှာကို တားပေးမယ်။ GnRH agonists Lupron နဲ့ Nafarelin ဒါမှမဟုတ် Danazol ဆေးလဲသုံးတယ်။

• Other Medications တခြားဆေးနည်း
Mood swings ဆိုးရင် PMDD ဖြစ်နေရင် စိတ်မကျဆေးတွေကို သုံးနိုင်တယ်။ SSRIs ဆေး အမျိုးအစား သုံးတာ များတယ်။ ၁ဝ-၁၄ ရက်ကြာ သောက်ရတတ်တယ်။
- Fluoxetine (Prozac, Sarafem)
- Paroxetine HCI (Paxil CR)
- Sertraline (Zoloft)
- Nefazodone (Serzone) နဲ့
- Clomipramine (Anafranil) တွေဖြစ်တယ်။
Anti-anxiety medications စိုးရိမ်စိတ်အတွက်ဆေး (Xanax, Buspar) နဲ့ Diuretics ဆီးသွားဆေး (HCTZ, Aldactone) တွေလဲ သုံးနိုင်တယ်။

• Supplements တခြားလိုအပ်တာတွေ
- Folic acid (400 mcg)
- Magnesium (400 mg)
- Vitamin E (400 IU)
- Calcium (1,000 mg to 1,300 mg)

• Herbal Extracts (ဟာဘယ်) ဆေး
လက်တွေ့သက်သေမပြနိုင်ပေမဲ့ Chasteberry, Black cohosh နဲ့ Evening primrose oil တွေက အကျိုးများစေတယ်။

- Premenstrual syndrome (PMS) ရာသီမလာခင် ဖြစ်ခြင်တာတွေ http://health-adult-reading.blogspot.com/2012/01/premenstrual-syndrome-pms.html - Menstrual mood swings ရာသီလာခြင်းနှင့် စိတ်ပြောင်းလဲမှု http://health-adult-reading.blogspot.com/2012/01/menstrual-mood-swings.html
- Menstrual Suppression ရာသီမလာအောင်နှိမ်ခြင်း http://health-adult-reading.blogspot.com/2012/01/menstrual-suppression.html

ဒေါက်တာတင့်ဆွေ (၂၃-၃-၂ဝ၁၂ )

ဒေါက်တာတင့်ဆွေ -
ရာသီမလာခင်ဖြစ်တာတွေ (၂)