Thursday, March 15, 2018

Samsung Galaxy S9/S9+



မြန်မာပြည်မှာ S9/S9+ ကို မိတ်ဆက်လိုက်ပြီဆိုတော့ ဝယ်ရမလား 🤔🤔 မဝယ်ရဘူးလား 🤔🤔 ကြည့်ကြည့်ရအောင်ဗျာ။ (S8 နဲ့ ယှဉ်ကြည့်ရအောင်)

Design 📱📱
အမှန်အတိုင်းပြောရရင် S9 ကို မိတ်ဆက်တဲ့ပွဲကို S8 မိတ်ဆက်ပေးခဲ့သလောက် စိတ်ဝင်စားမှု မရှိခဲ့တာဗျ၊ ပုံစံကလဲ S8 ပုံစံပဲ ဆိုပြီးတော့။ ပြောရရင်ဗျာ အပေါ်အောက် ဘောင်လေးတွေ အနည်းငယ် သေးသွားတယ်၊ ကျောဘက်မှာ လက်ဗွေက ကင်မရာအောက်ကို ရောက်သွားတယ် S8 လက်ဗွေရာသုံးရတာထက် ပိုအဆင်ပြေတာပေါ့။ အဲ့အပြင် ကျွန်တော်မထင်ထားတဲ့ ခံစားမှု တစ်ခုကိုပါ ပြောင်းလဲထားတယ်ဗျ။

**ကျွန်တော်တို့ S8 တို့ Note 8 တို့ကို ကိုင်တဲ့အခါ ရအရှေ့အနောက်မှန်နဲ့ ကြားက သတ္ထုဘောင်နဲ့က တခြားစီလိုပဲ ဖြစ်နေတယ် ကိုင်လိုက်ရင် သတ္ထုဘောင်နေရာက ထစ်ထစ်ကြီးဖြစ်နေတယ် ... S9 မှာကျ အဲ့လိုဖြစ်မနေဘူး ... ဒီဇိုင်းကသာ တူနေတာ ကျွန်တော် S9 ကို စကိုင်လိုက်ချိန်မှာ ခံစားချက်က ကွာထွက်သွားတယ် ... ဘေးဘောင်ကွေးထားတဲ့ မှန်ပြားလေးကို ကိုင်ရသလိုဘဲ အဖက်ဖက်က ချောပြီး လက်ထဲမှာ တော်တော်ကို ကိုင်လို့ကောင်းနေတဲ့ ခံစားမှုကို ရတာဗျ။ ဆမ်ဆောင်းရဲ့ မှန်ကွေးနည်းပညာက S9 မှာ ပိုမိုက်လာတယ်။ အားနည်းချက်က မှန်ကပ်အတွက် ပိုစိတ်ပူမိသွားတာပဲ။

Camera 📸📸📸
ကင်မရာအကြောင်း ပြောရရင် S8 နဲ့တောင် မယှဉ်ချင်တော့ဘူး Note 8 နဲ့ ယှဉ်တာတောင် ကိုယ်တွေ Note 8 က နောက်ကောက်ကျနေလို့ 😢😢😢

Low light
အမှောင်ထဲမှာ ရိုက်နိုင်စွမ်း ... Note 8 နဲ့ အပြတ်အသက် ကွာတယ် ... ကြည်ကြည်လင်လင် လင်းလင်းထင်းထင်းကို ဖြစ်နေတယ်။

Super Slomo
ရုပ်ရှင်ကို အနှေးရိုက်ပြနိုင်တဲ့ စွမ်းဆောင်မှုက ရေလည်မိုက်တယ် ... 960 fps ဆိုတာ အထင်ကြီးလေးစားလောက်ဖွယ်ပါ။ slomo ရုပ်ရှင်က သုံးလေ့မရှိဘူးဆိုပေမယ့် ဆမ်ဆောင်းကတော့ အသုံးပြုသူတွေ သုံးချင်လာအောင် ဆွဲဆောင်ဖို့ ပြင်ဆင်ထားပုံပဲ ခုတောင် fb page မှာ slomo နဲ့ ဆေးဘယ်လိုထိုးကြမလဲ ဆိုပြီး ကြေငြာနေတယ်မလား 😆😆😆 ခဗျားသာ S9 တစ်လုံး ဝယ်ထားပြီးရင် slomo ရုပ်ရှင်ကို မချန်ထားဘဲ သုံးဖြစ်အောင် ဆမ်ဆောင်းရဲ့ editing feature တွေက ဆွဲဆောင်နိုင်မှာဗျ။

Dual Camera
S8/S8+ မှာတုန်းက အရွယ်အစား အကြီးအသေးပဲ ကွာခြားချက် ရှိခဲရှိခဲ့‌ပေမယ့် S9/S9+ မှာတော့ ကင်မရာပါ ကွာခြားသွားပြီဗျ 😢😢😢 ဖုန်းအရွယ်အစား သေးသေးနဲ့ Dual Camera သုံးချင်သူတွေအတွက်တော့ စိတ်မကောင်းဘူး။ S9+ က Dual Camera နဲ့ပါ လူပုံတွေ ရိုက်တဲ့အခါ ပြောင်မြောက်တဲ့ ဘိုကပ်ပုံတွေ ရနိုင်ပါတယ်။

ARmoji 👦👨👴👧👩👵
ဆမ်ဆောင်းက အလေးထား ကြေငြာထားတဲ့ feature တစ်ခုပါ ... ကိုယ့်ရဲ့ မျက်နှာကို စကင်ဖတ်ပြီး ကိုယ်နဲ့ အနီးစပ်ဆုံးတူတဲ့ animation sticker တွေကို ပြုလုပ်နိုင်မှာပါဗျ။ Note 8 တုန်းက live message တွေ ခေတ်စားသလို ARmoji ကလဲ ခေတ်စားအုံးမှာပါ။ နောက်ပိုင်းဆိုရင် Disney က ကာတွန်းဇာတ်ကောင်ရုပ်တွေနဲ့ sticker တွေ ရမယ်လို့ ဆမ်ဆောင်းကတော့ ပြောထားပါတယ်။ ဒီ feature က လက်ရှိတော့ ပြီးပြည့်စုံသေးတယခ ကျွန်တော်ကတော့ မထင်ပါဘူး update တွေ ထက်ရလာတဲ့အခါ ပိုပြီး စိတ်ဝင်စားဖို့ကောင်းလာမှာတော့ အသေအချာပဲ။ fb/messenger/line/viber စတာတွေမှာ ကိုယ့်မျက်နှာပုံစံလေးနဲ့ gift လေးတွေ မန့်လို့ရပြီလေ ....။ (Note 8 oreo update မှာ ပါလာစေချင်တာလေးပေါ့)

Stereo Speaker 🔊🔊🎧
အသံထွက်စနစ်ကိုတော့ S9 မှာ Stereo Speaker ပါပြီဗျ Speaker ၂ ခုလုံးကို AKG က ပံ့ပိုးပေးထားတာပါ။ ဖုန်း Speaker နဲ့ သီချင်းဖွင့်ရင် ပိုပြီးကျယ်ကျယ် ကြားရပါတယ်။ ရုပ်ရှင်တွေ ကြည့်ရင်တော့ Dolby ATOMs စနစ်ပါတဲ့အတွက် တကယ်ကြီး အသံထွက် မိုက်တာဗျ။

Big ROM 💾💾
မြန်မာပြည်ကို ဆမ်ဆောင်းက အရင်တုန်းကဆိုရင် 64 GB ROM လောက်နဲ့ ဂျင်းထည့်သမျှတွေဟာ ဒီတစ်ခါမှာတော့ 128/256 ROM တွေ တင်သွင်းမယ်ဆိုလို့ ဝမ်းသာရပါတယ်။ ပုံတွေ အများကြီးရိုက်၊ ဗွီဒီယိုတွေပါ အားရပါးရ ရိုက်လို့ရတာပေါ့။


အခြား ...
CPU တို့ ဘတ္ထရီတို့ကိုတော့ မပြောတော့ဘူး S8/S8+ ထက် ပိုအဆင့်မြင့်တာတွေ သုံးထားတယ်ပေါ့။ S9 က ၁၀ သိန်းကျော်နဲ့ S9+ က ၁၂၇၉၀၀၀ (128 GB) နဲ့ ရောင်းချမယ် ပြောတယ် S9+ 256 GB က ၁၄ သိန်းရှိမယ်လို့လဲ ပြောတယ်။ ဝယ်မယ်ဆိုရင်တော့ S9+ ကိုပဲ ဝယ်စေချင်တယ် Dual Camera လဲ ပါတယ် အရွယ်အစားကလဲ ပြောရလောက်အောင် မကြီးပါဘူး လက်ထဲမှာ ကိုင်လို့တော်တော်အဆင်ပြေပါတယ်။ S9+ ထဲမှာဆိုရင်တော့ 128 GB ဆို တော်ရောပေါ့ ... ပိုက်ဆံတွေ အပို မဖြုန်းချင်ပါနဲ့ဗျာ ... 😁😁😁။

ဆမ်ဆောင်းက သူ့ရဲ့ အမာခံ အသုံးပြုသူတွေအတွက် S9 ဝယ်တဲ့အခါ ဆမ်ဆောင်း ဖုန်းအဟောင်းနဲ့ လဲလှယ်ပေးတဲ့ အစီအစဉ်လဲ လုပ်ထားပေးပါတယ်၊ ဆိုင်တိုင်းတော့ မရနိုင်ဘူး ပြောပါတယ်။ ၁၇ ရက်နေ့ကစပြီး သက်ဆိုင်ရာ ဆိုင်တွေမှာ လက်ရှိ အခုသုံး‌နေတဲ့ဖုန်းကို ဈေးဘယ်လောက်ရမလဲ စစ်လို့ရပါပြီ။


Myo Khine Htoo ❤️❤️

#MK_HtOo #SamsungMM #GalaxyS9MM
#TheCameraReimagined Samsung

No comments: