Friday, March 9, 2018

Century egg - Salted Egg - Chinese Tea Eggs


 ဆေးဘဲဥ ပြုလုပ်နည်း 

ဆေးဘဲဥကို"Century egg"ဟု အမည်ပေးထားပြီး တနည်းအားဖြင့် Thousand -year-egg"ဟူ၍လည်း ခေါ်ဝေါ်ကြပါတယ်။
တရုတ်ရိုးရာအစားအစာဖြစ်ပြီး ရှေးခေတ်တရုတ်လူမျိုးတွေဟာ ဆေးဘဲဥကို သေချာပြုလုပ်ပြီး နှစ်ပေါင်းရာချီ ထောင်ချီကြာမှ ချက်ပြုပ်စားသုံးကြပါတယ်...

ယနေ့ခေတ်ကာလမှာတော့ တစ်လခန့်ကြာရုံမျှ ထားရှိပြီး ချက်ပြုပ်စားသုံးကြပါတယ်။

ဆေးဘဲဥဖြစ်အောင် ဘာတွေနဲ့ဘယ်လိုပြုလုပ်ရသလဲဆိုတာ ကျွန်တော်ပြောပြပါ့မယ်။

ပါဝင်သည့် ပစ္စည်းများကတော့....

(1)clay~ရွံစေး
(2)salt ~ဆား
(3)lime~ထုံးမှုန့်
(4)ash~ထင်းမီးပြာ
ဤ (၄)မျိုးကို ရောစပ်ပြီး သေချာနှံ့စပ်အောင်နယ်၍ ဘဲဥကိုယ်ပေါ်သို့ အနည်းငယ်ထူအောင် သုတ်လိမ်းပြီးပါက ဖွဲကြမ်းခွံ(သို့)စပါးခွံ(rice husks)ဖြင့် အပေါ်ယံမှ ထပ်ဆင့်ဖုံးအုပ်ပေးပါ။

အားလုံးပြီးစီးသွားပါက ခြင်းတောင်းထဲသို့ သေချာစီထည့်ပြီး ခြောက်သွေ့သန့်ရှင်းသောနေရာ၌ (၄)ပတ်မှ (၅)ပတ်လောက်ကြာအောင် ထားရှိပြီးမှ ချက်ပြုပ် စားသုံနိုင်ပါသည်။

ဆေးဘဲဥဟာ vitamin A and B ,B12ဓာတ်ပါရှိပြီး စားသုံးပေးခြင်းဖြင့် သွေးပေါင်ကျဆင်းသူများ သွေးပေါင်ချိန်မှန်ကန်မှု့ရရှိခြင်း..

ချောင်းဆိုးသွေးပါ ပန်းနာ ရင်ကြပ် အဆုတ်ရောဂါနှင့် တီဘီရောဂါပျောက်ကင်းသက်သာစေခြင်း...
အသည်းအားကောင်းစေခြင်း နှင့် အစာ စားချင်စိတ်ပျက်ပြားနေသော လူနာများ အစားစားချင်စိတ်ဖြစ်ပေါ်လာစေပြီး များစွားသော အားအင်များတိုးတက်ကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။

ကြက်ဥဖြင့်လည်း ဒီအတိုင်း ပြုလုပ်လို့ ရပါတယ်။


Century eggs take about 4-5 weeks tomake, a few minutes to work up the courage to open, and a few seconds to eat. Traditionally century eggs were made by preserving chicken or duckeggs in a mixture of clay, salt, lime and ash, then wrapping in rice husks for several weeks.


ဆားဘဲဥ နှင့် ဆားကြက်ဥ(salted egg)


ပြုလုပ်နည်း

ပထမအဦးဆုံး ဘဲဥ (၁၀)လုံးကို သန့်ရှင်စင်ကြယ်အောင် ရေဆေးကြောပါ။ဆေးကြောပြီးသား ဘဲဥများကို ဝင်ဆံမည့် ကော်ဗူး၊ဖန်ဗူးထဲသို့ထည့်ထားပါ။

အချိုးအစားက ဘဲဥ (၁၀)လုံးအတွက် ဆား မတ်ခွက်ဖြင့် (၁)ခွက်...ရေက မတ်ခွက်ဖြင့် (၄)ခွက် ဖြစ်ပါတယ်။

ရေ( ၄)ခွက် ဆား (၁)ခွက်ကို မီးဖိုပေါ်၌ ဆားများအရည်ဖျော်တဲ့အထိ့ ပွက်ပွက်ဆူအောင် တည်ပေးရပါမယ်။


ကျိုးချက်ထားသော ဆားရည်ကို အေးသွားသည်အထိ့ ထားရှိပြီး ဆားရည်များအေးသွားပါက ဘဲဥထည့်ထားသော ဗူးထဲသို့အပြည့်၊ဘဲဥများဆားရည်မြူပ်သည်အထိ့ အပြည့်ဖြည့်ပါ။

ဆားရည်များထည့်ပြီးပါက ဘဲဥများရေပေါ်၌မပေါ်နိုင်အောင်တစ်ခုခုဖြင့်ဖိ့ထားပေးပြီးတော့ ဗူအဖုံးကိုလေလုံအောင် ကြပ်ထားပြီး(၄၅)ရက်ကြာအောင် စိမ်ထားလိုက်ပါက ၄၅ရက်အလွန်မှာ ဆားရည်စိမ်ထားသောဘဲဥများကိုဆယ်ယူ၍ မိမိတို့ကြိုက်နှစ်သက်သလို ချက်ပြုပ်စားသုံးနိုင်ပါသည်။


ဆားဘဲဥဟာ အငံအရာသာရှိပြီး သူ့ကိုစားသုံးပေးခြင်းဖြင့် အစာချေဖျက်မူအားကောင်းခြင်း၊လေလည်ခြင်း၊မျက်စိအားကောင်းခြင်း၊အသားရည်စိုပြေခြင်းနှင့်အတူ  အခြားသောအကျိုးကျေးဇူးတွေကိုလည်း ရရှိလာမှာဖြစ်ပါတယ်။


သွေးတိုးရောဂါသမားများ စားသုံးရန် မသင့်ပါ။ဒီအစားအစာဟာ ထိုင်း၊တရုတ်၊မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများမှာ လူကြိုက်များကြပါတယ်။

ဘဝခါးခါး✏

No comments: