Tuesday, October 24, 2017

Conjugated Linoleic Acid (CLA) ဆိုတာဘာလဲ?


CLA ဆိုတဲ့ဖြည့်စွက်ဆေးဝါးကို Fitness အသိုင်းအဝိုင်း၊ ပတ်ဝန်းကျင်မှာကြားဖူးနေကြပေမယ့် CLA အကြောင်း Beginner တွေအနေနဲ့ထဲထဲဝင်ဝင်တော့မသိကြပါဘူး။ ဂရုပေ့ခ်ျတွေမှာ မေးထားတဲ့မေးခွန်းတွေနဲ့သိမှတ်သလောက်ပြန်ရှယ်/ပြောဆိုနေကြတာတွေအများစုရဲ့အသိမှာပိန်ဆေးဆိုတာထက်ပိုမသိခဲ့ပါဘူး။ တချိုသူများအရမ်းစိုးရိမ်မိတာကတော့ ကိုယ်တွင်းကလီစာတခုခုထိခိုက်မှာတို့၊ ဘေးထွက်အန္တာရယ်တို့ဘဲဖြစ်ပါတယ်။ ကျနော်ဟာဆေးဝါးကျွမ်းကျင်သူမဟုတ်သလိုကာယဗလ Professional လည်းမဟုတ်ပါဘူး။ သို့ပေမယ့် ကျနော်ဖတ်ဖူး/မှတ်သားဖူးတာတော့ မျှဝေချင်တဲ့ဆန္ဒကြောင့် ဒီပို့စ်တွေရေးဖြစ်နေတာပါ။ ကျနော့်ရေးသားမူ့မှာ အသုံးပြုဖို့မညွန်းဆိုသလို မသုံးဖို့လည်းမတားမြစ်ပါဘူး။


ရည်ရွယ်ချက်က ဒီ Supplement ဟာဘယ်လိုအထောက်အပံပေးတယ်ဆိုတာ စာဖတ်သူကိုသိစေချင်တဲ့ဆန္ဒပါ။ ဖတ်ကောင်းအောင်ရေးခြင်းမဟုတ်ဘဲ ဖတ်လွယ်/သိလွယ်/သဘောပေါက်လွယ်အောင်ရေးသားပါတယ်။ အရေးအသားကောင်းသူမဟုတ်တဲ့အတွက် တချို့နေရာများမှာ စာဖတ်သူအတွက်အဆင်မပြေဖြစ်ခဲ့ရင် တောင်းပန်ပါတယ်။ အမှားပါရင်ထောက်ပြဆွေးနွေးနိုင်ပါတယ်။

CLA ကိုပြန်ဆက်ကြရအောင်ဗျာ။ သုတေသနတွေ့ရှိမူ့တွေမှာတော့ အားကစားမျိုးစုံ ကစားသူများ၊ ကာယဗလသမားအတွက် အကျိုးအများကြီးရရှိပါတယ်လို့ပြောဆိုထားပါတယ်။

Conjugated Linoleic Acid ဟာ ကြွက်သားကြီးထွားမူ့အတွက်လိုအပ်သော Linoleic acid (သို့) Fatty Acid တမျိုးပုံစံမှအနည်းငယ်ပြောင်းလဲထုတ်ယူထားတဲ့ဆေးတမျိုးပါ။ omega-6 fatty acid ဆိုတာ လူ့ခန္ဓာကိုယ်ကျန်းမာရေးအတွက်အရေးကြီးလိုအပ်ပါတယ်။ ။ ကြွက်သားကြီးထွားမှုအတွက်လိုအပ်သောprotein ဖြစ်တည်မှုအတွက်လိုအပ်တဲ့fatty Acidတစ်မျိုးဘဲဖြစ်ပါတယ်။ Omega-6 ဟာခန္ဓာကိုယ်တွင်းအဆီများကိုလျော့ချနိုင်ရန်နှင့်ကျန်းမာရေးအတွက်လိုအပ်သောဆဲလ်တည်ဆောက်မှုအတွက်အလိုအပ်ဆုံးအရာတစ်ခုဖြစ်ပါတယ်။

Conjugated linoleic acid (CLA) ဟာ potent anti-oxidant, anti-carcinogen, နဲ့ anti-catabolite ကိုသက်ရောက်မူဖြစ်စေပီး ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားကိုလဲမြှင့်တင်ပေးနိုင်ပါတယ်။ အသုံးပြုသူအများစုကကောင်းကြောင်းညွန်းဆိုကြတာကတော့ CLA ဟာကြွက်သားတည်ဆောက်မူ့ကိုကူညီပေးပီးအဆီကိုလောင်ကျွမ်းစေဖို့ကူညီအထောက်ပံပေးသလိုကင်ဆာရောဂါကိုလည်းတိုက်ဖျက်ဖို့အကူအညီပေးပါတယ်။



CLA supplementation ရဲ့အကျိုးရလဒ်တွေကတော့

၁။ ဇီဝကမ္မဖြစ်စဉ်နှုန်း(Metabolic Rate) ကိုတိုးတက်စေပါတယ်။ Metabolism ဇီဝကမ္မဖြစ်စဉ်နှုန်းဟာ တစ်ဦးနဲ့တစ်ဦးမတူညီကြပါဘူး။ Metabolism မြင့်နေတာကြောင့် စားလိုက်တဲ့ကယ်လိုရီ လောင်ကျွမ်းနှုန်းပိုများပြီး စားသလောက်ပိုမဝနိုင်တာပါ။တစ်ချို့သူများစားတိုင်းမဝတာဟာ Metabolic Rate ဟာသဘာဝအတိုင်းအရမ်းမြင့်မားနေလို့ပါ။ Metabolism ဟာလူတစ်ဦးချင်းစီ၏ မျိုးရိုးဗီဇနှင့်နေ့စဉ်နေထိုင် လှုပ်ရှား မှုပုံစံတို့ပေါ်မူတည်၍ကွဲပြားခြားနားနိုင်ပါတယ်။ Metabolism နှုန်းကိုကယ်လိုရီ လောင်ကျွမ်းမှုပမာဏနှင့်တိုင်းတာကြပါတယ်။ Metabolism နှုန်းမြင့်မားလာမူ့ကြောင့်ဝိတ်လျှော့ခြင်း၊ ခန္ဓာကိုယ်အချိုးအဆက်ပြေပြစ်ဖို့စေဖို့ အားကစားမောင်မယ်များအတွက်  အကောင်ဆုံးအကျိုးအမြတ်တခုပါ။

၂။ ကြွက်သားကြီးထွားဖို့အထောက်အကူပေးပါတယ်။ ကြွက်သားနဲ့ကပ်လျှက်မလိုအပ်တဲ့ အဆီများကိုလောင်ကျွမ်းစေခြင်းနှင့်ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကိုမြှင့်တင်ပေးခြင်းတို့ဟာ ဝိတ်လျော့ချဖို့ကြိုးစားနေသူများအတွက်အကြီးမားဆုံးအထောက်အကူတခုပါ။ အထူးသဖြင့် ဝမ်းဗိုက်ကြွက်သားများကို တိုးတက်မူ့ကိုကူညီလုပ်ဆောင်ပေးပါတယ်။

၃။ ကိုလက်စထရောပမာဏကိုလျော့နည်းစေပပါတယ်။ မျက်မှောက်ကာလမှာ လူတိုင်နီးပါးဟာ ကိုလက်စထရောကိုနည်းမျိုးစုံနဲ့ရှောင်ရှားနိုင်သလောက်ရှောင်ရှားနိုင်အောင်လုပ်ဆောင်နေကြပါပီ။ ဒါကြောင့် ကိုလက်စထရောပမာဏမြင့်မားနေသူများ(ဝနေသူ/အဝလွန်နေသူ)အဖို့ အကြီးမားဆုံးအထောက်အကူဖြစ်စေပါတယ်။

၎။ သကြားဓာတ် သွေးထဲဝင်မှုကို လျော့နည်းအောင်ထိန်းပေးပါတယ်။ အဲ့ဒီအချက်ကနေ ဆီးချိုသွေးချိုမဖြစ်စေဖို့နှင့်ဘော်ဒီဝိတ်မတက်စေဖို့အကာအကွယ်ပေးနိုင်ပါတယ်။

၅။ အစားအစာနှင့်ပါတ်သတ်သော ဓါတ်မတည့်ခြင်း/ယားယံခြင်းဖြစ်ပေါ်မူ့များကိုလျော့နည်းစေပါတယ်။

၆။ ကိုယ်ခံအားကိုတိုးတက်စေပါတယ်။ ရောဂါပိုးမွှားအမျိုးစုံတိုက်ခိုက်တွန်းလှန်နိုင်ဖို့ ကိုယ်ခံအားတိုးတက်ဖို့ဟာမရှိမဖြစ်လိုအပ်ချက်ပါ။
ဖြစ်ပေါ်စေသည်။

CLA ရဲ့အဓိကတုန်ပြန်မူတွေက မလိုအပ်တဲ့အဆီတွေကိုလောင်ကျွမ်းစေဖို့ ဇီဝဗေဒဖြစ်စဉ်နှုန်းကိုမြင့်တင်ပေးပီး ကယ်လိုလီများကိုလောင်ကြွမ်းစေမူနဲ့အတူ သကြားဓာတ် သွေးထဲဝင်မှုရောက်မူ့ကို လျော့နည်းအောင်ထိန်းပေးနိုင်ခြင်းကြောင့် မလိုလားအပ်တဲ့အဆီကိုလောင်ကျွမ်းပီး ဂလူးကိုစ် (glucose) နှင့် Fatty အက်စစ်များကို ကြွက်သားဆဲလ်များဆီသို့ကောင်းမွန်စွာရောက်ရှိဖို့လုပ်ဆောင်ပေးပါတယ်။ ထိုလုပ်ဆောင်ချက်ရဲ့ရလဒ်ကတော့ အဆီနဲတဲ့ကြွက်သားဖွံဖြိုးမူ့ကိုမြန်ဆန်စေပါတယ်။

CLA မှာပါဝင်တဲ့ (Fatty Acids) ကိုသဘာဝအတိုင်းရရှိစေနိုင်တဲ့အသားအစာများကတော့ ဟင်းသီးဟင်းရွက်အဆီ၊ အခွံမာသီးအစေ့၊ အမဲသား/ငါးနှင့် နို့ထွက်ပစ္စည်းများ၊ အသားစားကြက်၊ ဥအမျိုးမျိုး၊ ပြောင်းဖူးဆီ၊ နေကြာစေ့နှင့်မြေပဲ တို့ဖြစ်ပါတယ်။

ဆေးရဲ့အသုံးပြုပုံ၊ သုံးစွဲပုံကတော့ဆေးဗူးပါအညွန်းကိုသေချာစွာဖတ်ပါ။ အစာစားပြီးမှသောက်သုံးသင့်လျှင် အစာထဲမှာပါဝင်သောအဆီများနှင့်ခန္ဓာကိုယ်တွင်းရှိအဆီများကိုပါတပြိုင်နက်တည်းခြေဖျက်ပေးနိုင်ပါတယ်။ စီနီယာသောက်သုံးနေသူများရဲ့အကြံဉာဏ်ရယူပါ။ ယနေ့အထိဘေးထွက်ဆိုးကျိုးပြောဆိုသံမကြားမိသေးပါဘူး။ တန်ဆေးလွန်ဘေးဆိုတာမမေ့လျော့ဖို့ သတိပေးအပ်တယ်။

ဒေါမနစ်
၂၂ ဂျွန်လ ၂၀၁၆ (SGT 23:11)

(https://www.facebook.com/groups/1064564063664851/permalink/1132020296919227/

ရန်ကုန်မှာ ဝယ်လို့ရနေပါပြီ)

Credit: GYM Professor 

No comments: