Saturday, October 14, 2017

တကယ်ပိန်မှာလား (ပိန်ဆေး)


---------------------------

ခုခေတ်မှာ ဈေးအမျိုးမျိုး quality အမျိုးမျိုးနဲ့ ရွေးချယ်စရာ ပိန်ဆေးတွေအများကြီးရှိတယ် တစ်ချို့ဆေးတွေကြတော့လဲ့ နောက်ဆုံးပေါ်နည်းပညာနဲ့ သေချာစစ်ဆေးပြီးထုတ်လုပ်ထားလို့ အန္တာယ်မရှိဘူးလို့ပြောရောင်းကြတယ် တစ်ချို့ကြတော့ လည်းသဘာဝ fruits တွေ herbs တွေကနေလုပ်ထားတာမို့လို့ဘေးဥပါဒ်  မဖြစ်ဘူးလို့ဆိုကြပြန်တယ်။
ဘယ်လောက်ဈေးကြီးကြီး ဘယ်လိုဆေးဖြစ်ဖြစ် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး ကိုယ်နဲ့သင့်တော်မှ သုံးစွဲတာအကောင်းဆုံးပါပဲ။

ကျွန်တော်တို့လို့ ဝတဲ့အခံရှိပြီးအစားသောက်ကြိုက်တဲ့ လူတွေကပိုပြီးသတိထားရတယ်ဗျ၊ တခါတရံ ငါ့မှာဆေးရှိတယ် ဆိုပြီး စားချင်တိုင်းစားပစ်လိုက်တာမျိုးတွေလဲ ရှိတတ်ကြတယ်၊ တစ်ချို့တွေကြတော့လဲ ဆေးသောက်ရုံနဲ့ ပိန်ပြီလို့ထင်ကြတယ်။ ဘယ်လာက်ကောင်းတဲ့ ဆေးဖြစ်ဖြစ် diet မလုပ်နိုင်ရင်တော့ဘာမှ သိသာထူးခြားလာမှာမဟုတ်ပါဘူး။

ကျွန်တော်သိသလောက်ပြောရရင် ပိန်ဆေးတွေရဲ့ လုပ်ဆောင်ချက်တွေက တစ်မျိုးနဲ့တစ်မျိုးမတူကြဘူး carbohydrate, cholesterol တွေကို block လုပ်ပေးတယ်၊ ဗိုက်မဆာအောင် အစာစားချင်စိတ်မဖြစ်ပေါ်အောင် လျှော့ချပေးတယ်၊ အစာ အစားထိုးစားရတာတွေလဲရှိတယ် တစ်ချို့ဆေးတွေကြတော့လဲ ကိုယ်တိုင် work out လုပ်ပြီး calories များများ burn အောင်လုပ်ဆောင်ပေးကြတယ် အမျိုးမျိုးပဲပေါ့။

ကျွန်တော် စစချင်းဝိတ်ချတုံး ၂လ လောက်ပိန်ဆေးသောက်ဖြစ်တယ် သူကဈေးတော့နဲနဲများတယ် quality လဲကောင်းတယ် made in USA. ကျွန်တော့်အသိ ဆရာဝန်တစ်ယောက်ကညွှန်ပေးတာ အဲဆေးဆိုရင်လဲ ဒီတိုင်းသောက်ရုံနဲတော့ မထူးခြားဘူး တစ်နေ့ကို အနည်းဆုံး ၁:၃၀ နာရီ လောက် exercise လုပ်ပေးရမယ် side effect လည်းနည်းတယ် အစားစားချင်စိတ်ကိုလဲထိန်းပေးတယ်ပေါ့ ဒါပေမယ့် ကျွန်တော်က အဲအချိန်တုံးက ကျောင်းတက်နေရသေးတော့ မိုးလင်းလို့ ဆေးသောက်ပြီး အိပ်ရေးမဝတဲ့နေ့ အစာစားတာ နောက်ကျတဲ့အချိန်တွေ ဆိုရင်လူက ခေါင်းတွေမူး၊ စိတ်တွေရှုပ်၊ ချွေးတွေပြန်ပြီး ရင်တွေတုန်နေရောပဲ လူက weak ဖြစ်သလိုကြီးဖြစ်နေပြီး တစ်နေကုန် နေလို့ထိုင်လို့မကောင်းဘူး နောက်တော့ ကျွန်တော်လဲ ဒီပုံတိုင်းဆိုရေရှည်မှာမကောင်းနိုင်ဘူးဆိုပြီး ဆက်မသောက်ဖြစ်တော့ဘူး။

ကျွန်တော်ပြောချင်တာက လူတစ်ယောက်နဲ့ တစ်ယောက်က ကိုယ်ခန္တာဖွဲ့စည်းတည်ဆောက်ပုံတွေ၊ ကိုယ်ခံအားတွေ၊ metabolism တွေမတူညီကြတဲ့အတွက် သူများအတွက် ဒီဆေးက ဝိတ်ကျတာမြန်တယ် side effect လည်းနည်းတယ်ဆိုပေမဲ့ ကိုယ်အတွက်ကြတော့ ဟုတ်ချင်မှဟုတ်ပါလိမ့်မယ်။

ကျွန်တော်တို့မြန်မာပြည်အနေနဲ့ ကြတော့ ပိိန်ဆေးတွေ က ရွေးချယ်စရာအများကြီးမရှိ သေးဘူး၊ quality ကောင်းပါတယ်ဆိုတဲ့ ဟာတွေကြတော့လဲ ဈေးတွေကြီးပြီး လူတိုင်းသောက်သုံးဖို့အဆင်မပြေကြဘူး အဲတော့များသောအားဖြင့် တရုတ်၊ ယိုးဒယား စတဲ့အိမ်နီးချင်းနိုင်ငံတွေက product တွေကိုပဲ ရောင်းတဲ့လူပြောသမျှနားထောင်ပြီး ဝယ်ယူသုံးစွဲနေကြရတယ်။

#Baschi quick slimming capsule ‼️


လူတော်တော်များများလဲသိမှာပါ Baschi အမှတ်တံဆိပ်နဲ့ ပိန်ဆေးကို လွန်ခဲ့တဲ့ ၁နှစ် ၂နှစ် လောက်တုံးက မြန်မာပြည် online market မှာတော်တော်ပေါက်တယ် price ကလဲ့ လူတိုင်းသောက်နိုင်တဲ့ အနေအထား၊ ရောင်းတဲ့လူတွေရဲ့ fb page တွေမှာလဲ customer တွေရဲ့ ကောင်းတဲ့ feedback,review တွေ သဘာဝ herb တွေနဲ့ ပြုလုပ်ဖေါ်ဆက်ထားလို့ side effect မရှိဘူး safe ဖြစ်တယ်လို့ပဲပြောရောင်းနေကြတာ ဆိုတော့ ပိန်ချင်တဲ့လူတိုင်းစိတ်ဝင်စားကြတာ မဆန်းပါဘူး ကျွန်တော်အပါဝင်ပေါ့။

ကျွန်တော်ကတော့ အဲ့ဆေးသောက်ပြီးရင်လူက အာတွေခြောက် ရေတွေငတ် ခေါင်းတွေမူးနဲ့ ဆိုတော့ ဆက်မသောက်ရဲတော့ဘူး။ တစ်ချို့ကြတော့လဲ တစ်ဘူးကုန်တာနဲ့ ပေါင်၂၀ လောကို မြန်မြန်ကျတယ် ဘယ်လိုမှလဲမခံစားရဘူး ကောင်းတယ်လို့ပြောကြတယ်။

Brunei( ဘရူနိုင်း) ministry of health ကတော့ FDA စစ်ဆေးပြီး ၅လပိုင်း၂၀၁၇ ထဲကတားမြစ်လိုက်ပါပြီ။  Baschi ပိန်ဆေးမှာ sibutramine ဆိုတဲ့ နှလုံးနဲ့ အသဲကိုဆိုးကျိုးတွေပေးနိုင်တဲ့ slimming agent ကိုတွေရှိလို့ပါ။ တစ်ခြားဆိုးကျိုး နဲ့ side effect တွေလဲဖြစ်နိုင်ပါတယ် သွေတိုးခြင်း၊ နှလုံးတုန် ရင်တုန်ခြင်း၊ ညအိပ်မပျော်ခြင်း နှင့် အဆိုးဆုံးကတော့ ကျောက်ကပ် နဲ့ အသဲကို ပျက်စီးစေလို့ပဲဖြစ်ပါတယ်။

မြန်မာပြည်မှာတော့ ဒီဆေးနဲ့ ပတ်သက်ပြီး FDA ကစစ်ဆေးတာတွေ လုပ်ဆောင်တာတော့ မကြားမိသေးဘူးဗျ။ ခုနောက်ပိုင်းလဲ facebook က online shopping တွေမှာ Baschi ကို အာမခံ အဆီကျပိန်းဆေးဆိုပြီး အတု၊အစစ် ဈေးအမျိုးမျိုး packaging အမျိုးမျိုးနဲ့ ရောင်းချနေကြပါသေးတယ်။
ဆေးဝါးအကြာင်းတွေကို အများကြီးနားမလည်တဲ့ ကျွန်တော့် အတွက် စကားတွေအများကြီးပြောနေရင် အမှားတွေပါသွားမှာဆိုးလို့ ဒီမှာပဲရပ်လိုက် ပါတော့မယ်။

ကျွန်တော့်အမြင်ကတော့ လူတစ်ယောက်က ပိန်တာ ဝတာထက် ကျန်းမာရေးကောင်းဖို့ကအရေးကြီးဆုံးမို့ ကိုယ့်ခန္ဓာကိုယ်ထဲထည့်မယ့် အစာရောဆေးရောကို သတိထားပြီး စားသုံးစေချင်ပါတယ်ဗျာ။

FOCUS ON YOUR HEALTH, NOT YOUR WEIGHT!

With love,
Khant

link: http://www.moh.gov.bn/Lists/Latest%20news/NewDispForm.aspx?ID=97

Credit: Explore with Khant

No comments: