Saturday, October 21, 2017

အဆုတ်တွေကို သန့်ရှင်းစေမည့် ဆေး


ဆေးလိပ်ဖြတ်ဖို့ခက်နေသူတွေအတွက် အဆုတ်ဆေးနိုင်တဲ့ သဘာဝနည်း

ဆေးလိပ်သောက်တဲ့သူတိုင်းက အဆုတ်ဆေးတဲ့ အစားအသောက်တွေစားသုံးဖို့ လိုအပ်ပါတယ်။ နှစ်ရှည်လပေါင်းများစွာ ဆေးလိပ်သောက်တဲ့သူတွေက ခန္ဓာကိုယ်ကို အများကို ထိခိုက်နိုင်ပါတယ်။ ဆေးလိပ်သောက်လိုက်ရင် အဆိပ်ငွေ့ပေါင်း ၇ ထောင်ကျော်က ခန္ဓာကိုယ်ထဲ ရောက်သွားပြီး အဲ့ဒီအထဲက ၆၉ ခုက ကင်ဆာဖြစ်စေတဲ့ အဆိပ်တွေဖြစ်သွားတယ်လို့ အမေရိကန်ပြည်ထောင်စု အဆုတ်ရောဂါဆိုင်ရာ အဖွဲ့က ထုတ်ပြန်ထားပါတယ်။

ဆေးလိပ်ထဲမှာ ပါရှိနေတဲ့ အဆိပ်အတောက်တွေ ဓာတုပစ္စည်းတွေက လက်သည်းဖျက်ဆီးမှာသုံးတဲ့ Acetone တွေ၊ အိမ်သန့်ရှင်းတဲ့ဆေးရည်မှာပါဝင်တဲ့ အမိုးနီးယား၊ ဆံပင်ဆိုးဆေးမှာပါတဲ့ Acetic အက်ဆစ်၊ ကြွက်သတ်ဆေးမှာပါဝင်တဲ့ အာဆင်းနစ်၊ ကားမီးခိုးမှာပါတဲ့ ကာဗွန်မိုနောက်ဆိုဒ်၊ ဘက်ထရီ အက်ဆစ်မှာပါဝင်တဲ့ Cadium၊ ဒုံးကျည်လောင်စာဆီမှာပါတဲ့ Methanol နဲ့ ပိုးသတ်ဆေးတို့မှာပါတဲ့ နစ်ကိုတင်းတို့ ဖြစ်ပါတယ်။

ဒီလို အဆိပ်အတောက်တွေ ခန္ဓာကိုယ်ထဲမှာ ၀င်ရောက်နေတာကြောင့် အသည်းကို ဆေးဖို့ လိုအပ်ပါတယ်။

ပါဝင်ပစ္စည်း

ရေ
တောက်တောက်စဉ်းထားတဲ့ ကြက်သွန်နီ ၂ ခွက်စာ
နနွင်း စားပွဲတင်ဇွန်း ၂ဇွန်း
သကြား ၂ ခွက်စာ
ဂျင်း ၄တုံး

(၁ ခွက် = 240ml = ရိုးရိုးကော်ဖီခွက် ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)


ပြုလုပ်နည်း

အိုးထဲကို ရေထည့်ပြီး သကြားလောင်းထည့်ကာ အပူပေးပါ။ ဆူတဲ့အထိ တည်ထားပါ။ ဆူတဲ့အခါမှာ တောက်တောက်စဉ်းထားတဲ့ ဂျင်းတွေကို ထည့်ပါ၊ တောက်တောက်စဉ်းထားတဲ့ ကြက်သွန်ကို ထည့်ပါ။ သူတို့ကို မွှေပြီး ပွက်ပွက်ဆူအောင် လုပ်ပါ။ ပြီးရင် နနွင်းကိုထည့်ပါ။ အိုးထဲမှာ တည်ထားတဲ့ ရေကို တစ်ဝက်လောက်ခမ်းအောင် လုပ်ပြီး မီးဖိုပေါ်ကချလိုက်ပါ။ အခန်းတွင်း အပူချိန်ထဲမှာ ထားပါ။ လေလုံ ဖန်ပုလင်းထဲထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားပါ။

မနက်စာစားပြီးတိုင်း ဒါမှမဟုတ် ညစာ စားပြီး တိုင်း လက်ဖက်ရည်ဇွန်း ၂ ဇွန်းစာကို စားပါ။ တစ်လလောက်ကြာလာရင် သင့် အဆုတ်မှာ အဆိပ်အတောက်တွေနဲ့ ဓာတုပစ္စည်းတွေ ကင်းဝေးပြီး နေလို့ကောင်းလာပါလိမ့်မယ်။


(ကြက်သွန်)

ကြက်သွန်က ကင်ဆာ မဖြစ်ပွားအောင် ကူညီပေးနိုင်တဲ့အပြင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။

turmeric (နနွင်း)

နနွင်း က ကင်ဆာဆဲလ်တွေမဖြစ်ပွားအောင် ကူညီပေးနိုင်ပြီး ဗီတာမင်ဓာတ်တွေလည်း ကြွယ်ဝပါတယ်။ သတ္တုဓာတ်နဲ့ Omega – 3 Fatty အက်ဆစ်တွေလည်း အများကြီးပါဝင်ပါတယ်။

ginger (ဂျင်း)

ဂျင်းက အဆုတ်အတွင်းမှာ ချွဲတွေ မဖြစ်ပေါ်အောင် ကူညီပေးပါတယ်။
 
 Credit: Health Digest Page

No comments: