Sunday, April 10, 2016

ချစ်တင်းနှီးနှောစဉ် အမျိုးသားများ ပြုလုပ်တတ်သည့် အမှားများ

ဘယ်ယောကျာ်းလေးကမှ ကိုယ်နဲ့ ချစ်တင်းနှီးနှောမယ့် ကောင်မလေးကို စိတ်ပျက်သွားအောင်၊ စိတ်ဝင်စားမှုလျော့သွားအောင် မလုပ်ချင်ကြပါဘူး။

ဒါပေမဲ့ ယောကျာ်းလေးအများစုက ဘယ်လိုလုပ်ရင် ကောင်မလေး စိတ်ဝင်စားမှု လျော့သွားသလဲ ဆိုတာ မသိကြပါဘူး။

ဒီလို အဖြစ်မျိုး မဖြစ်ရလေအောင် ချစ်တင်းနှီးနှောတဲ့ အခါ အမျိုးသားတွေ လုပ်တတ်တဲ့ အမှားတွေကို စာဖတ်ပရိတ်သတ်ကြီး သိရှိရလေအောင်၊ ပိုမို ယောကျာ်းပီသတဲ့ သူတွေ ဖြစ်လာအောင် အောက်မှာ စုစည်းတင်ပြလိုက်ပါတယ်။

၁။ အနမ်း မချွေခြင်း

ယုံချင်ယုံ မယုံချင်နေ။ ယောကျာ်းအများစုဟာ သူတို့နဲ့ ချစ်တင်းနှီးနှောတဲ့ ကောင်မလေးတွေကို ချစ်တင်းနှီးနှောနေစဉ် နမ်းရှုပ်တာတွေ မလုပ်ကြဘူး။ ဒါဟာ အမှားတွေ အများကြီးထဲက အကြီးဆုံး အမှားတစ်ခု ဖြစ်ပါတယ်။ ဒါကြောင့် သူမ အထဲမှာရှိနေချိန် အနမ်းလေးတွေ ချွှေဖို့ မမေ့သင့်ပါဘူး။

၂။ သူမ အဆင်သင့် မဖြစ်ခင် ကိုက်ခြင်း

ကြမ်းကြမ်းတမ်းတမ်း လုပ်တတ်တာကို အမျိုးသမီး အချို့ကြိုက်ကြပေမဲ့ ကောင်းကောင်း စိတ်မကြွခင် သူမရဲ့ ခန္ဒာကိုယ် အစိတ်အပိုင်းတွေကို ကိုက်တာဟာ နာကျင်မှုသာ ဖြစ်စေပါတယ်။ ဒါကြောင့် သူမရဲ့ ခန္ဒာကိုယ် အစိတ်အပိုင်းတွေကို မကိုက်ခင် သူမ အလုံးစုံ စိတ်ကြွနေဖို့ လိုပါတယ်။

၃။ လိင်အင်္ဂါများမှ လွဲပြီး ကျန်တဲ့ အစိတ်အပိုင်းတွေကို လျစ်လျူရှုခြင်း

အမျိုးသမီး ရင်သားနဲ့ ယောနိဟာ အရေးကြီးတယ်ဆိုတာ သံသယဖြစ်စရာ မလိုပါဘူး။ ဒါပေမဲ့ တခြား ခန္ဒာကိုယ် အစိတ်အပိုင်းတွေကိုလဲ အလေးထားသင့်ပါတယ်။ သူမရဲ့ ဒူးတွေ၊ လက်ကောက်ဝတ်တွေ၊ ကျောပြင်တွေကို နမ်းတာမျိုးနဲ့ ဝမ်းဗိုက်သားတွေကို ပွတ်ပေးတာ အစရှိသဖြင့် တစ်ကိုယ်လုံးကို မျှမျှတတ အလေးထားသင့်ပါတယ်။

အဲ့လိုလုပ်လိုက်ရင် သူမကို ပိုမို စိတ်ကြွလာစေမျာ ဖြစ်ပြီး သူမအနေနဲ့ ကိုယ့်ကို ပြန်လည် ပျော်ရွှင်စေဖို့ ရာခိုင်နှုန်း ပိုများလာစေပါတယ်။

၎။ မိမိ ကိုယ်အလေးချိန်နဲ့ ဖိထားခြင်း

တစ်ခါတစ်လေမှာ စိတ်လွှတ်ကိုယ်လွှတ် ပျော်ပါးလိုက်တာဟာ ကိစ္စမရှိပါဘူး။ ဒါပေမဲ့ သူမအပေါ်မှာ လှဲလျောင်းနေတဲ့ အချိန် ကိုယ့်ရဲ့ ကိုယ်အလေးချိန်နဲ့ သူမအပေါ် ဖိထားတာမျိုး မဖြစ်မိစေဖို့ သတိထားသင့်ပါတယ်။

ဒီလိုလုပ်တာဟာ သူမကို အသက်ရှူကြပ်စေတာမို့ ချစ်တင်းနှီးနှောကြတဲ့အခါမှာ ကြီးမားတဲ့ အနှောက်အယှက် ဖြစ်စေပါတယ်။

၅။ သုတ်လွတ်စောခြင်း သို့မဟုတ် နောက်ကျမှ သုတ်လွတ်ခြင်း

သင့်တော်တဲ့ အချိန်မှာ သုတ်လွတ်နိုင်ဖို့ ထိန်းထိန်းသိမ်းသိမ်းလုပ်တတ်ဖို့ အရေးကြီးပါတယ်။ အရမ်းမြန်လွန်းရင် သူမကို ပျော်ရွှင်မှု ပေးနိုင်မှာ မဟုတ်ပဲ သိပ်ကြာလွန်းရင် သူမ စွဲဆောင်မှုမရှိလို့ ဒီလိုဖြစ်ရတာဆိုပြီး ထင်သွားစေပါတယ်။

ထိန်းထိန်းသိမ်းသိမ်း လုပ်ဖို့ အခက်အခဲရှိတယ်ဆိုရင် ချစ်တင်းနှီးနှောတာ မလုပ်ခင် နမ်းရှုပ်တာ၊ ပွတ်သပ်တာကို ကြာကြာလုပ်ပေးပါ။ သိပ်ကြာပြီး သုတ်လွတ်ဖို့ အခက်အခဲရှိနေရင် သူမကို ပြီးအောင် အရင်လုပ်ပေးပြီး သူမက ကိုယ့်ကိုပြန်ပြီး ကျေနပ်အောင် လုပ်ခိုင်းသင့်ပါတယ်။

၆။ သုတ်လွတ်တော့မယ် ဆိုတာကို ကြိုမပြောခြင်း

အမျိုးသမီးယောနိ ထဲမှာ ဖြစ်ဖြစ်၊ ပါးစပ်ထဲမှာ ဖြစ်ဖြစ်၊ တခြား ခန္ဒာကိုယ် အစိတ်အပိုင်းမှာ ဖြစ်ဖြစ် သုတ်လွတ်တော့မယ်ဆိုရင် သုတ်လွတ်တော့မဲ့ အကြောင်း ပြောပြသင့်ပါတယ်။

နှစ်ယောက် အတူ ချစ်တင်းနှီးနောကြတာမို့ ‘ပြီးတော့မယ်နော်’ လို့ ရိုးရိုးလေးပဲ ဖြစ်ဖြစ် သူမကို ပြောပြသင့်ပါတယ်

၇။ အပြာဇာတ်ကားထဲကလို ဆက်ဆံခြင်း

တချို့အတွဲတွေဟာ ညစ်တီးညစ်ပတ်၊ ကြမ်းကြမ်းတမ်းတမ်း နှီးနှောရတာကို ကြိုက်ကြပေမဲ့ အဲလိုလုပ်ဖို့ ချစ်တင်းနှီးနှောမှုမပြုခင် ကိုယ်နဲ့ ချစ်တင်းနှီးနှောမဲ့ တစ်ဖက်သားကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးသင့်ပါတယ်။

သူမ ကြိုက်မှန်းမကြိုက်မှန်းမသိပဲ တင်ပါးတွေမှာ ရိုက်ပေးတာမျိုး၊ ပါးစပ်နဲ့ ဆက်ဆံနေချိန်မှာ ခေါင်းကို ရှေ့ထိုးနောက်ငင်လုပ်တာမျိုး ဇွတ်အတင်း လုပ်တယ်ဆိုရင် ကောင်းကောင်း ဇာတ်သိမ်းဖို့ မမျှော်လင့်ပါနဲ့။

၈။ ဘာမှ မပြောပဲ နေခြင်း

ကိုယ်နဲ့ အတူနေရတာကို ကောင်မလေး နှစ်ခြိုက်တယ်ဆိုရင် သူမဆီက အသံတွေ ကြားရဖို့ မျှော်လင့်ကြတယ် မဟုတ်လား။

ဒီလိုပါပဲ။ ကိုယ်လည်း နှစ်သက်တယ်ဆိုရင် နှစ်သက်တဲ့ အကြောင်း ပြောပေးဖို့တော့ လိုတာပေါ့။နည်းနည်း လေး ညည်းလိုက်တာဖြစ်ဖြစ်၊ “ကောင်းလိုက်တာကွာ” လို့ ပြောတာမျိုးဟာ သူမကို အားပေးတာနဲ့ တူပါတယ်။

၉။ မြေတူးစက်လို ချစ်တင်းနှီးနှောခြင်း

ဒုန်းစိုင်းပြီး အသွင်းအထုတ် လုပ်တာမျိုးဟာ ကိုယ့်အတွက် ကောင်းတယ်လို့ ထင်ရပေမဲ့ တစ်ဖက်သား အတွက်တော့ ဒါဟာ သိပ်ပြီးကျေနပ်စရာကောင်းတာ မဟုတ်ဘူးဆိုတာ နားလည်ဖို့ လိုပါတယ်။

နှေးနှေးလေး လုပ်လိုက်၊ မြန်မြန်လေးလုပ်လိုက်လုပ်ဖို့ လိုပါတယ်။ တစ်ခါတစ်လေ တစ်ချောင်းလုံး ထည့်ပါ။ တစ်ခါတစ်လေ ခေါင်းလေးပဲ ဝင်ပါစေ။

ချစ်တင်းနှီးနှောကြတဲ့ အခါ ဘယ်ပုံ ဘယ်နည်းနဲ့ လုပ်ကြမလဲဆိုတာ သင့်အပေါ်မှာသာ မူတည်ပေမဲ့ အထက်ပါ အမှားတွေကို ရှောင်ရှားနိုင်ရင် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်ဖို့ ရှေ့တစ်လှမ်းနီးလာမှာ သေချာပါတယ်။

Written by ကျော်စွာ

No comments: