Thursday, September 24, 2015

ကြောက်ရွံ့မှုပြဿနာနှင့်ဖြေရှင်းနည်းများ


နေ့စဉ်ကြုံတွေ့နေရတဲ့ လူမှုရေး၊ စီးပွားရေးပြဿနာတွေက သင့်ကျန်းမာရေး အတွက်တော့ ရန်သူတွေပါပဲ။ စိတ်ဖိစီးမှု၊ စိတ်ကျရောဂါနဲ့ စိတ်လှုပ်ရှားမှုတွေများလာတဲ့အခါ သင့်ကိုယ်သင်သက်သောင့်သက်သာရှိမယ့် နည်းလမ်းတွေကို ရှာဖွေဖို့လိုပါတယ်။

စိတ်လှုပ်ရှားမှုတွေက ပြဿနာလား
စိတ်လှုပ်ရှားမှုတွေကတော့ လူတိုင်းမှာရှိတတ်ကြတဲ့ အရာပါပဲ။ ဒါပေမဲ့အဲဒီ စိတ်လှုပ်ရှားမှုအပေါ်မှာ သင့်က စိုးရိမ် ကြောင့်ကျမှုတွေနဲ့ အမြဲတမ်း စိတ်ဖိစီးနေတယ်ဆိုရင်တော့ ကြာလရင် လက်ရှိနေထိုင်ရတဲ့ ဘ၀ကို ငြီးငွေ့လာတာမျိုး၊
စိတ်ဓာတ်ကျလာတာမျိုးတွေဖြစ်ပြီးကြောက်ရွံ့မှုတွေဖြစ်လာတတ်ပါတယ်။ ကြောက်ရွံ့မှုကို တွန်းလှန်ဖို့ကျိုးစားရင်း ပိုကြောက်လာတာမျိုးတွေဖြစ်လာတတ်ပါတယ်။

ကြောက်ရွံ့မှုကို ကုသနိုင်မည့်နည်းလမ်းများအောက်ပါနည်းလမ်းတွေက ကူညီပါလိမ့်မယ်။

ဆေးဝါးဖြင့်ကုသခြင်း
စိတ်ဖိစီးမှုနဲ့ စိတ်ကျရောဂါကိုသက်သာစေနိုင်မယ့် ဆေးဝါးတွေကိုစိတ်ကျန်းမာရေးဆရာဝန်ရဲ့ ညွှန်ကြားချက်အတိုင်း သောက်သုံးဖို့လိုပါတယ်။
သင့်မှကြောက်ရွံ့ထိတ်လန့်မှုတွေနဲ့ စိတ်လှုပ်ရှားမှုတွေ ကြုံတွေ့နေရတယ် ဆိုရင်စိတ်ကျန်းမာရေးဆရာဝန်နဲ့ တွေ့ဆုံဖို့
မရှက်သင့်ပါဘူး။

စိတ်ရောဂါကုထုံးခံယူခြင်း
စိတ်ဖိစီးမှုလျှော့ချနည်း၊ အပြုသဘောဆောင် တွေးတောတတ်မှု၊ စိတ်၊ခန္ဓာနဲ့ ဦးနှောက်ကြည်လင်စေမှု၊ စိတ်လှုပ်ရှားမှုနည်း အောင်နေထိုင်ပြုမူဆောင်ရွက်မှုတွေကို လမ်းညွှန်ပေးပြီးစိတ်သက်သာရာရစေမယ့် နည်းလမ်းတွေကို ကုသပေးနိုင်မယ့် စိတ်ရောဂါကုထုံးတွေကို ခံယူပါ။

အစာအာဟာရဖြည့်ခြင်း
စိတ်ဓာတ်ကျပြီး ကြောက်ရွံ့မှုတွေကို လျှော့ချနိုင်စေဖို့ အာဟာရ ပြည့်ပြည့်၀၀ စားသောက်ပေးဖို့လိုပါတယ်။
သွေးအား နည်းတာမျိုး၊ အာဟာရမပြည့်ဝတာမျိုး မဖြစ်အောင်သတိထားပြီးစားသောက်ပါ။

လေ့ကျင့်ခန်းယူခြင်း
လေ့ကျင့်ခန်းတစ်ခုခုလောက် သင့်နေထိုင်မှုဘ၀ထဲမှာ ထပ်ပေါင်းဖြည့်စွက်ပေးပါ။ တစ်နေ့ကို မိနစ် ၃၀-၄၀လောက် လေ့ကျင့်ခန်းတစ်ခုခုပုံမှန်ပြုလုပ်ပေးပါ။
လေ့ကျင့်ခန်းက စိတ်လှုပ်ရှားမှုတွေကိုတိုက်ထုတ်နိုင်ပြီး သင့်လှုပ်ရှားမှုတွေကိုတိုးတက်လာစေပါတယ်။

လက်ခံတတ်ခြင်း
တချို့အကြောင်းကိစ္စတွေကို လိုက်လျောညီထွေဖြစ်အောင် နေတတ်ပါစေ။ဖြစ်နေတဲ့အခြေအနေကို လက်ခံတတ်ပါ
စေ။ သေဆုံးခြင်း၊ ခွဲခွာခြင်း၊ ပေါင်းဆုံခြင်းစတဲ့ ကိစ္စရပ်တွေနဲ့ ကျရှုံးခြင်း၊ အောင်မြင်ခြင်းတွေကို လက်ခံနိုင်တဲ့သူတစ်
ယောက်ဖြစ်အောင်ကြိုးစားပါ။

တခြားသူများနှင့် အပြန်အလှန်ဆွေးနွေးပါ
မိတ်ဆွေအပေါင်းအသင်းတွေနဲ့ဖြစ်စေ၊ စိတ်ဖိစီးမှုကုသရေး လူမှုရေးအသင်းအဖွဲ့တွေနဲ့ဖြစ်စေ ပုံမှန်တွေ့ဆုံပေး
ပြီး ရင်ဖွင့်စကားပြောပါ။ နှစ်သိမ့်ဆွေးနွေးမှုတွေက သင့်စိတ်ခံစားမှုတွေကို သက်သာရာရအောင်၊ ကြောက်လန့်မှုတွေကို
သက်သာအောင်ကူညီပေးနိုင်ပါတယ်။

ကြောက်ရွံ့မှုကို နားလည်ပါ
သင်ကြောက်ရွံ့နေတာက စိတ်ဖိစီးမှုနဲ့ စိတ်ကျမှုတွေကြောင့်ဖြစ်နေသလားဆိုတာကို ပြန်လည်နားလည်ပြီး သုံးသပ်
တတ်ဖို့လိုပါတယ်။ ပြဿနာတစ်ခုရဲ့ အခြေအနေကို သေချာသုံးသပ်ပြီး ကြောက်ရွံ့မှုတွေကို တိုက်ထုတ်ပါ။

ဘာသာရေး လုပ်ဆောင်ပါ
ကိုယ်ယုံကြည်သက်ဝင်တဲ့ ဘာသာရေးတစ်ခုခုကို ယုံကြည်လေးစားစွာ လုပ်ဆောင်ပေးတာကလည်း စိတ်ဖိစီးမှုနဲ့
စိတ်လှုပ်ရှားမှုတွေကို လျော့ပါးစေနိုင်ပါတယ်။ ဘာသာရေးဆိုင်ရာယုံကြည်မှုတွေက ကုထုံးတစ်ခုလိုတောင် အစွမ်း
ထက်တယ်လို့ လေ့လာသူတွေက အတည်ပြုထားပါတယ်။ ကြောက်ရွံ့မှုတွေကြုံတွေ့လာတဲ့အခါ ဘာသာရေးကို
သက်ဝင်ယုံကြည်မှုနဲ့ စိတ်သက်သာရာရစေနိုင်ပါတယ်။
သဲသဲ

Credit: Good Health Journal No.554

No comments: