Thursday, February 19, 2015

ဒိန်ချဉ်




နို့နဲ့မတည့်သူများသောက်လို့ရတယ်၊ အစာအိမ်နာတတ်သူများ အစာပြေစားသောက်လို့ရတယ်၊ အသားလှချင်သူ ၀ိတ်ချသူများ အဟာရအဖြစ်မှီဝဲနိုင်တဲ့ ဒိန်ချဉ်ကို ကျွန်တော်တော့ အရမ်းကြိုက်တာပါပဲ။ 

ဒိန်ချဉ်ကို အသီးအနှံတွေနဲ့ရောယှက်လုပ်ကြတာလဲရှိတယ် အခြားအရသာအဆာပလာတွေထည့်ပြီး အရသာချိုပျစ်နေအောင်လုပ်တာလည်းရှိတယ်ဆိုပေမယ့် ကျွန်တော်ကတော့ သဘာဝနီးပါး အရောသိပ်မပါတဲ့ ဒိန်ချဉ်ကိုပိုကြိုက်ပါတယ်။

ကျွန်တော်နဲ့ အကြိုက်တူမယ့်သူငယ်ချင်းတို့ ကိုယ့်အိမ်မှာကိုယ် လုပ်စားနိုင်ဖို့ နည်းလမ်းလေးတွေဝေမျှလိုက်ပါတယ်။

ဒိန်ချဉ် - ပါဝင်ပစ္စည်းများ

(၁) ရေ ၁လီတာ၊ 

(၂) နို့မှုန့် ၂၀၀ ဂရမ် (ထမင်းစားဇွန်း ၂၈ဇွန်း)၊ 

(၃) သကြား ၁၂၀ ဂရမ် (ထမင်းစားဇွန်း ၅ဇွန်း)၊ 

(၄) Lactic Acid - ၃၅ မီလီမီတာ (ထမင်းစားဇွန်း ၁ ၁/၂ ဇွန်း)

ပြုလုပ်ပုံ

နို့မှုန့်ကိုရေဖြင့်ဖျော်ပြီး အပူပေးပါ။ သကြားထည့်၍ အပူချိန် (65C) ရောက်အောင် အပူပေးပြီး သမအောင်မွှေပေးပါ။ အပူချိန် (90C) တွင် (၁၀)မိနစ်ခန့် အပူပေးပိုးသတ်ပါ။

အပူချိန် (2C)ထိရောက်အောင် အအေးခံပါ။ Lactic Acid ကို ထမင်းစားဇွန်း ၁ ၁/၂ဇွန်းခန့်ထည့်၍အဆက်မပြတ်မွှေပေးပါ။ (Lactic Acid အစား ဒိန်ချဉ်ရှိလျှင်သုံးနိုင်ပါသည်။)

အပူချိန် (40C)တွင် ၄၅ မိနစ်ခန့် အပူပေးပါ။ ထို့နောက် ရေခဲသေတ္တာထဲတွင်ထား၍ သုံးဆောင်နိုင်ပါသည်။

No comments: