Friday, June 27, 2014

ကမ္ဘာ့အထက်မြင်ကွင်းတွေကို မီးပုံပျံဖြင့် စီးနင်း ကြည့်ရူနိင်


စမတ်ဖုန်းတစ်လုံးရဲ့ အစိတ်အပိုင်းတွေနဲ့ LG စမတ် နာရီ 

 နောက်ဆုံးမှာတော့ Google တွေးထားခဲ့တဲ့ အတိုင်းပဲ သူရဲ့ LG နဲ့အတူတူ ပူးပေါင်း လုပ်ဆောင်ထားတဲ့ Android wear စုဆောင်းမူတစ်ခုဖြစ်တဲ့ စမတ်နာရီဟာ ရောက်ရှိလာခဲ့ပါပြီ။ ယူကေ၊ ကနေဒါ၊ ဂျာမနီ အာရှမှာ ဆိုရင်တော့ တောင်ကိုးရီးယားနဲ့ ဂျပန်အပါအ၀င် နိင်ငံပေါင်း ၁၂ နိင်ငံတို့မှာ ရရှိနိင်မှာ ဖြစ်ပြီး ကြိုတင် အော်ဒါမှာ ယူမူတွေ ပြုလုပ်နိင်နေပြီးလို့ သိရပါတယ်။ G Watch ကို ၀တ်ဆင်စရာ နာရီ တစ်လုံးအဖြစ် တွေ့ရှိရမှာ ဖြစ်ပြီး စမတ်ဖုန်းတစ်လုံးရဲ့ ပရောဆက်ဆာတွေပါဝင်နေပါတယ်။ Galaxy S4 Mini ထဲမှာပါဝင်တဲ့ Qualcomm processor နဲ့တူညီတဲ့ လုံလောက်ပြည်စုံတဲ့ Snapdragon 400 ချပ်စ်နဲ့ လာခဲ့တာ ဖြစ်ပြီး ဒေါ်လာ ၂၂၉ နဲ့ ရရှိနိင်မှာပါ။ ထူးခြားမူတွေကတော့ အသံနဲ့ လုပ်ဆောင်နိင်မူတွေနဲ့ Google Now ကို ပေါင်းစပ်ပါဝင်လာပြီး စမတ်ဖုန်းနဲ့ ချိတ်ဆက်ကာ မျက်နှာပြင်ပေါ်မှာ စာရိုက်နှိပ်နေမဲ့အစား စကားပြောပြီး စာရိုက်ခြင်းတွေကို ပြုလုပ်နိင်လာပါမယ်။

သိုလှောင်မူကို 4GB ထည့်ပေးထားပြီး အခြားမှတ်ဥာဏ် သိုလှောင်မူအတွက် 512MB ထည့်ပေးထားပါတယ်။ ဘတ္တရီ နေရာမှာ ဆမ်ဆောင်းရဲ့ စမတ်နာရီထက် ပိုအားပြည့်ဝတဲ့ 400mAh ကိုထည့်ပေးထားပါတယ်။ စွန်းထင်မူကင်းတဲ့ စတီးတွေ၊ ဆီလီကွန်သားတွေနဲ့ ပြုလုပ်ထားပြီး IP67 ရေစို သံချေးတက်ခံနိင်ပါတယ်။မိုးလေ၀သခန့်မှန်းကြေငြာချက်များ၊ သတိပေးမူ reminder များပါဝင်မူ၊ ဖုန်းဖြင့် သွယ်တန်းကာ ဖုန်းအဝေးမှာ ရှိနေသော်လည်း စာတို မက်ဆေ့များကို လက်ခံရယူနိင်မူ၊ နေရာဆိုင်ရာ လမ်းညွှန်မူတွေကို OK Google မှတစ်ဆင့် အဆင့်သင့် မြန်ဆန်စွာ ရရှိနိင်မူ၊ ဘာသာပြန်ဆိုမူတွေ ရရှိနိင်မူ၊ ဆိုရှယ် နက်ဝပ် မက်ဆေ့များကို လက်ခံရယူနိင်မူ၊ စတာတွေ အပါအ၀င် လုပ်ဆောင်နိင်မှာ ဖြစ်တဲ့ LG G watch ပါ။ Android 4.3 နဲ့ အထက် ဖုန်းတွေနဲ့ ချိတ်ဆက်နိင်မှာ လို့သိရပါတယ်။

ကမ္ဘာ့အထက်မြင်ကွင်းတွေကို မီးပုံပျံဖြင့် စီးနင်း ကြည့်ရူနိင် 


ယခု ဇွန်လထဲတွင် ကမ္ဘာ့ အထက် မြင်ကွင်းများကို မီးပုံပျံဖြင့် စီးနင်းကြည့်ရူနိင်စေရန်
World view လုပ်ငန်းစုမှ စမ်းသပ်မူ တစ်ချို့ကို ပြုလုပ်ခဲ့ရာ အောင်မြင်စွာ ဖြင့် ခရီးသည်တွေ စီးနင်းနိင်လာတယ် ဆိုတဲ့ သတင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အပတ်က နယူးမက်ဆီကိုတွင် ကမ္ဘာ့ အထက် မိုင် (၂၀) မှ စီးမျော လိုက်ပါနိင်မဲ့ စမ်းသပ်မူကို စတင်ပြုလုပ်ခဲ့ရာ ပြည့်စုံစွာ အောင်မြင်ခဲ့တယ်လို့ သိရပါတယ်။ ကုမ္ပဏီရဲ့ CEO ရဲ့ ပြောကြားချက်အရ ကမ္ဘာ့မြေမှ ပေပေါင်း (၁သိန်း၂သောင်း) ကနေမိုးပျံပူဖောင်းကြီးကိုစီးကာ မြင့်မားတဲ့ ပျံသန်းမူကို ကမ္ဘာ့မှတ်တမ်း တစ်ခုအနေနဲ့ ရရှိခဲ့တာ ဖြစ်ပါတယ်။
 
စီးနင်းနိင်မူတွင် ကုမ္ပဏီမှ ၀န်ထမ်း(၂)ယောက်၊ ခရီးသည် (၂)ယောက် စုစုပေါင်း (၈) ယောက်စီးနိင်လိုက်ပါနိင်မှာ ဖြစ်ပြီး တစ်ယောက်ကို ဒေါ်လာ ၇သောင်းခွဲဖြစ် အသွားကနေအပြန် အထိ ၂နာရီခန့် လိုက်ပါ စီးမျောနိင်မှာ ဖြစ်ပါတယ်။ စီးနင်းလိုက်ပါနိင်မဲ့ အခန်းမှာ ခရီးသည်များ လမ်းလျှောက်နိင်လောက်အောင် အတော်အတန် ကျယ်ဝန်းပြီး ကမ္ဘ့ာရဲ့ မြင်ကွင်းတွေနဲ့ ကွေးကောက်မူတွေကို မြင်ရမှာ ဖြစ်ပါတယ်။ ထိုအစီအစဉ်ကို ၂၀၁၆ အတွင်းတွင် စတင်ဖို့ အစီအစဉ် ရေးဆွဲလျက်ရှိပါတယ်။

Ref: mashable

မြန်မာနိုင်ငံမှာ 2G အသုံးပြုမည်လား၊ 3G အသုံးပြုမည်လား 

 

ကျွန်တော်တို့ ပတ်ဝန်းကျင်မှာ 2G, 3G ဆိုတဲ့ အသုံးအနှူန်းကို အများစုက ကြားဖူးနား  ၀ရှိပြီး သားဖြစ် မှာပါ။ 2G နှင့် 3G ကွန်ယက်တွေဟာ မိုဘိုင်းဆက်သွယ်ရေး အတွက် အသုံးပြုနေ တာဖြစ်ပါတယ်။ ကျွန်တော့် အနေနဲ့ data rate, speed တွေအကြောင်းပြော သွားမှာ မဟုတ်ပဲ နည်းပညာနယ် ပယ်ထဲက မဟုတ်တဲ့သူများ အတွက် ဖတ်ရှူရတာ နားလည်ရှင်း လင်းအောင် 2G နှင့် 3G ကွာခြားပုံကို ရေးသား သွားပါမယ်။

2G ဆိုတာ ကြိုးမဲ့တယ်လီ ဖုန်းနည်းပညာ ဒုတိယမျိုး ဆက်ဖြစ်တဲ့ second-generation ကိုပြောတာပါ။ 2G မိုဘိုင်းတယ်လီ ကွန်းကွန် ယက်ကို 1991 ခုနှစ် Finland နိုင်ငံမှာ စတင်အသုံးပြုခဲ့ တာဖြစ်ပါတယ်။ သက်တမ်း အားဖြင့် ဆိုရင် ၂၃နှစ် ရှိနေပါပြီ။ 2G မှာ စာတိုပေးပို့ခြင်း (SMS) ကိုစတင် မိတ်ဆက်ခဲ့ ပါတယ်။ ထို့အတူ စာတိုပေးပို့ခြင်း သာမက ရုပ်ပုံများ aပးပို့ခြင်း နှင့် multi media message ပါ အသုံးပြုနိုင်ပါတယ်။ 2G မှာဆိုရင် voice communications, text messaging နှင့် simple web browsing (စာရှာဖွေခြင်းကဲ့ သို့သော သာမန်အင်တာနက် အသုံးပြုနိုင်ခြင်း) တို့ပါဝင် ပါတယ်။ထို့နောက် 2G ကိုထပ်မံ အဆင့်မြင့် တင်ရာမှ 2.5G, 2.75G, 3G နှင့် 4G များက အစားထိုးဝင်ရောက် လာပါတယ်။

3G ဆိုတာ လက်ရှိမြန်မာနိုင်ငံရဲ့လူနေမှူဘ၀ကို စိတ်ကျေနပ်မှူအပြည့်နဲ့ ပညာရေး၊ သတင်း၊ လူမှူရေး စတဲ့ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ပေးမယ့် မိုဘိုင်းဆက်သွယ်ရေးနည်းပညာ တတိယမျိုးဆက်ဖြစ်ပါတယ်လို့ပဲ တင်စားပါရစေ။ 3G ကိုမြင်တာနဲ့ အင်တာနက်မြန်နှူန်းမြင့်ဆိုတာက ပါလာပြီးသားပါ။ အချက်အလက်၊ ဓာတ်ပုံ၊ ရုပ်ရှင်တွေကို မြန်ဆန်စွာ Download, Upload ပြုလုပ်နိုင်မှာက 3G ပါ။

ယနေ့ခေတ်မှာ 3G အသုံးပြုသင့်နေပြီလား?
ကျနော်အဖြေက “Yes” လို့ချက်ချင်းဖြေမိမှာပါပဲ။ Why - အနီးစပ်ဆုံးဥပမာတစ်ခုပေးရမယ်ဆိုရင် ကျနော်တို့ လက်ရှိသုံးနေတဲ့ Smart Phone ဟာ လွန်ခဲ့တဲ့ ၁နှစ်၊ ၂နှစ်က ထုတ်ထားတာဖြစ်ကောင်းဖြစ်မယ်။ ယနေ့အသစ်ထွက်ရှိလာတဲ့ဖုန်းတွေကို လိုချင်စိတ်မဖြစ်မိဘူးလား။ လဲချင်စိတ်ကော မဖြစ်ဘူးလား။ သေချာတာကတော့ ယခင်ဖုန်းနဲ့ လဲချင်မိမှာ အမှန်ပါပဲ။ ဘာကြောင့်လဲဆိုရင် ယနေ့နောက်ဆုံးပေါ်ထွက်ရှိလာတဲ့ Smart Phone တွေဟာ ဆန်းသစ်တဲ့နည်းပညာအဆင့်မြင့်တင်မှူတွေ ပြုလုပ်လာလို့ပဲ မဟုတ်ပေဘူးလားခင်ဗျာ။ ဒီလိုပဲ။ 3G ဆိုတာလည်း 2G ကနေ အဆင့်ဆင့် မြင့်တင်လာတဲ့ မိုဘိုင်းဆက်သွယ်ရေးနည်းပညာတစ်ခုပါပဲ။ ဒါပေမယ့် 3G ကွန်ယက်ကို နေရာတိုင်းမှာ အသုံးပြုလို့ ရရှိဦးမှာမဟုတ်ပါဘူး။ ယခု ပြည်ပ Telecom ကုမ္ပဏီနှစ်ခုက တာဝါတိုင်တွေ တည်ဆောက်နေဆဲဖြစ်ပါတယ်။ မြို့ကြီးတွေမှာတော့ 3G ကွန်ယက်တွေကို စမ်းသပ်အောင်မြင်နေပြီ ဖြစ်ပါတယ်။
Ooredoo Myanmar က 3G ကွန်ယက်ကိုသာ အသုံးပြုမှာဖြစ်တဲ့အတွက်ကြောင့် 3G နဲ့ပက်သက်ပြီး အဆင်ပြေချောမွေ့အောင် ဂရုတစိုက်လုပ်ကိုင်နေမှာ အသေအချာပါပဲ။

3G ကိုအသုံးပြုရင် နေထိုင်မှူပုံစံဘယ်လိုကွာခြားသွားမလဲ?
G ကိုအသုံးပြုမယ်ဆိုရင် အဓိကအချက်အနေနဲ့ ကျနော်တို့အင်တာနက်လိုင်းကောင်းမွန်စွာ အသုံးပြုနိုင်ပါမယ်။ Youtube က video လိုမျိုးကို စောင့်ဆိုင်းနေစရာမလိုပဲ တိုက်ရိုက်ကြည့်ရှူနိုင်မယ်။ Youtube မှာဆိုရင် ပညာရေးအတွက်ပဲ အသုံးပြုမလား။ ဖျော်ဖြေရေးအတွက်ပဲအသုံးပြုမလား။ နောက်ဆုံးရသတင်းတွေကိုရုပ်သံနဲ့ ကြည့်ရှူမလား။ စွယ်စုံအသုံးချနိုင်ပါတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာ Youtube ကိုအသုံးနည်းနေတယ်ဆိုတာ အဓိက အင်တာနက်လိုင်း မကောင်းလို့ပါ။ ဖုန်းပြောဆိုရာမှာလည်း အသံကြည်လင်ပြတ်သားမှူသာမက video calls တွေပါအသုံးပြုနိုင်ပါမယ်။ ယခုကျနော်တို့ဖုန်းအပြန်အလှန်ပြောဆိုတဲ့အခါ အသံနဲ့သာ ဆက်သွယ်ပြောဆိုလို့ရပါတယ်။ 3G မှာဆိုရင် ရုပ်ကောအသံပါ နှစ်မျိုးစလုံး အသုံးပြုလို့ရရှိမှာဖြစ်ပါတယ်။
Ooredoo Myanmar က video calls စမ်းသပ်အောင်မြင်ပြီးတဲ့နောက်ပိုင်းမှာ ဟာသအနေနဲ့အင်တာနက်စာမျက်နှာတွေပေါ်မှာ ဒီလိုမျိုးရေးသားထားတာတွေ့ရပါတယ်။ “အိမ်က မိန်းမက ယောက်ျားဘယ်ရောက်နေလဲမေးရင် အရင်လို သူငယ်ချင်းအိမ်မှာဆိုပြီး လိမ်ညာပြောလို့မရတော့ဘူး။ မယုံဘူး video calls ဖွင့်ပြဆိုမှ ပြသနာတွေတက်ကုန်မယ်”
ယခင်လို “ဟလို ဟလိုကြားလား” ဆိုပြီး လိုင်းမိအောင် လိုက်ဖမ်းရတဲ့ ဒုက္ခကလည်း ကင်းဝေးသွားမှာပါ။
ကျောင်းသားတွေ အနေနဲ့လည်း အင်တာနက်လိုင်းမြန်ဆန်စွာ အသုံးပြုနိုင်မယ်ဆိုရင် Online မှာရှိတဲ့ video tutorials တွေကို ကြည့်ရှူနိုင်မယ်။ နိုင်ငံတကာမှာ သင်ကြားနေတဲ့ course တွေကိုသင် ယူနိုင်မယ်။

ကွန်ပျူတာပရိုဂရမ် ရေးသားသူ၊ မိုဘိုင်း App ရေးသားသူ၊ Developer တွေအနေနဲ့လည်း အင်တာနက်လိုင်းကောင်းမွန်စွာ အသုံးပြုနိုင်မယ်ဆိုရင် သူတို့ရဲ့အရည်အသွေးတွေဟာ ပိုမိုတိုးတက်လာပြီး မြန်မာနိုင်ငံရဲ့ ICT လိုအပ်ချက်တွေကို ကမ္ဘာ့အဆင့်မှီဖြည့်ဆည်းပေးနိုင်မှာပါ။ ဂီတ၀ါသနာရှင်တွေအနေနဲ့ သူတို့ solo သီချင်း၊ MTV တွေကို အင်တာနက် ပေါ်မှာ တင်နိုင်မယ်။ လူကြည့်များပြီး လူအများလက်ခံပြီဆိုရင် နိုင်ငံကျော်တင်မက၊ ကမ္ဘာကျော်အဆိုတော် ထိတောင် ဖြစ်သွားနိုင်ပါတယ်။ အင်တာနက်ကို နိုင်ငံတကာသတင်းတွေ ဖတ်ရှူဖို့အတွက် ရည်ရွယ်ပြီး အသုံးချနေသူများအတွက်လည်း စာဖတ်စွမ်းရည်၊ ဥာဏ်ရည်၊ ဗဟုသုတတွေ ကြွယ်ဝပြီး သူများပါးစပ် အပြောကို မယုံပဲ ကိုယ်တိုင်မှန်ကန်တိကျတဲ့ သတင်းတွေကို အင်တာနက် ကနေ ရှာပြီးဖတ်နိုင်လာမယ်။ အိမ်မှာပဲ အင်တာနက်အသုံးပြုပြီး Online Shopping ဖွင့်မယ်။ အင်တာနက်ကနေ ပိုက်ဆံရှာမယ်။ စသဖြင့် နယ်ပယ်ပေါင်းစုံက လူနေမှူဘ၀တွေဟာ မြန်နှူန်းမြင့်အင်တာနက်ကိုအသုံးပြုမယ်ဆိုရင် ယခုထက်ပိုတဲ့ ဖွံ့ဖြိုးတိုးတက်မှူတွေအများကြီး ရှိလာမှာပါ။ 

Ref - မိုးလုံးပြည့်လျံ

No comments: