Sunday, June 1, 2014

ကွန်ဒုံးအကြောင်း သိကောင်းစရာ



ကွန်ဒုံးဆိုရာမှာ အမျိုးသားသုံး၊ အမျိုးသမီးသုံး ရှိပါတယ်။ မလိုချင် သေးတဲ့၊ မရည်ရွယ်တဲ့ ကိုယ်ဝန် မရရှိအောင် ကာကွယ်ပေးတဲ့ အပြင် ကူးစက် တတ်သော ကာလသား ရောဂါတွေနဲ့ အိပ်ခ်ျအိုင်ဗီပိုးတို့ အန္တရာယ်မှလည်း ကာကွယ် ပေးပါတယ်။
ကာလသားရောဂါဆိုတာ လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်တဲ့ ရောဂါပါ။ လိင်ဆက်ဆံတိုင်း ကူးစက်မှာ မဟုတ်ဘဲရောဂါပိုး ရှိသူနဲ့ လိင်ဆက်ဆံ မိမှသာလျှင် ကူးစက်တာပါ။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ကာလသားရောဂါတွေ ကူးစက်ခံရနိုင်တဲ့ အန္တရာယ် ပိုများပါတယ်။ မိန်းမတစ်ယောက်ရဲ့ မိန်းမကိုယ် နံရံတွေနဲ့ သားအိမ်ခေါင်းဟာ လိင်ဆက်ဆံစဉ် ထွက်တဲ့အရည် (သုက်ရည်) ၀င်ဖို့ လမ်းကြောင်းတွေ တိုက်ရိုက် ပွင့်နေလို့ပါ။ အကယ်၍ သုက်ရည်မှာ ကာလသားရောဂါ ရောဂါပိုး ရှိနေမယ် ဆိုပါက အမျိုးသမီးဟာ ပိုပြီး ရောဂါကူးစက် ခံရနိုင်ပါတယ်။ အမျိုးသားရဲ့ လိင်တံမှာတော့ လိင်တံဝမှာသာ ရောဂါပိုးဝင်နိုင်မှာမို့ အမျိုးသမီးဆီမှာ ကာလသားရောဂါ ရောဂါပိုး ရှိနေခဲ့ရင် အမျိုးသားကို ကူးစက်ဖို့ အခွင့်အလမ်း ပိုပြီး နည်းလျော့ပါတယ်။ အမျိုးသမီးတွေမှာ ကာလသားရောဂါရှိနေ ရင်လည်း ရောဂါလက္ခဏာ မပြဘဲရှိတတ်တဲ့ အတွက် မကုသဘဲ ရောဂါ ပျံ့နှံ့လွယ်ပြီးပြဿနာတွေ ဖြစ်စေနိုင် ပါတယ်။ လိင်ဆက်ဆံခြင်းမှ ကူးစက်တတ်တဲ့ ရောဂါ တွေထဲမှာ အိပ်ခ်ျအိုင်ဗွီ(HIV)လည်းအပါအ၀င် ဖြစ်ပါတယ်။

အိပ်ခ်ျအိုင်ဗွီဆိုတာ လူ့ခုခံအား စနစ်ကို ဖျက်ဆီးပစ်သော ဗိုင်းရပ်စ်ပိုး ဖြစ်ကြောင်း လူသိများနေပါပြီ။ သေချာ မမှတ်မိသေးရင်လည်း လေ့ကျင့် မှတ်သားထားဖို့ တိုက်တွန်းပါတယ်။ အေ့ဒ်စ် (HIV) ဆိုတာက ခုခံအား သိပ်ကျလာတဲ့ အခါမှာ ဝေဒနာတွေကို ခုခံနိုင်စွမ်း မရှိတော့ဘဲ ပေါ်ပေါက်လာတဲ့ ကပ်ပါးရောဂါ လက္ခဏာ တွေကို ခေါ်တာပါ။ အိပ်ခ်ျအိုင်ဗွီပိုး ကာကွယ်ဆေး ကုသဆေး ယနေ့ထက်တိုင် မတွေ့ရှိ သေးပါဘူး။ အိပ်ခ်ျအိုင်ဗွီပိုး ဆက်မပွားအောင် တားမြစ်နိုင်တဲ့ ဆေးတွေကလည်း ဈေးကြီးပါတယ်။ ကိုယ့်လိင် ဆက်ဆံဖက်မှာ အိပ်ခ်ျအိုင်ဗွီ ရှိမရှိဆိုတာ အပြင်ပန်း ကြည့်ရုံနဲ့မသိနိုင်ဘူး မဟုတ်လား။ အပြန်အလှန် တစ်ဦးတည်းသော လိင်ဆက်ဆံဖက် ဖြစ်တယ် ဆိုတာ စိတ်ချယုံကြည်မှု မရှိရင် အိပ်ခ်ျအိုင်ဗွီ အပါအ၀င် ကာလသားရောဂါ မရရှိအောင် ကွန်ဒုံးသုံးစွဲဖို့ တိုက်တွန်းပါတယ်။ ကွန်ဒုံးဟာ ကိုယ်ဝန် မရရှိအောင် ကာကွယ်ပေးရုံမကအိပ်ခ်ျအိုင်ဗွီနဲ့ တကွအခြားသော ကာလသားရောဂါတွေ ကူးစက်ခြင်းမှ ကာကွယ်ပေးနိုင်တာမို့ စိတ်ချသေချာ သုံးစွဲစေလိုပါတယ်။

အမျိုးသမီးသုံးကွန်ဒုံး
အမျိုးသားက ကွန်ဒုံးမသုံးစွဲလိုတဲ့ အခါမှာ အမျိုးသမီးက တပ်ဆင် ထားလိုက် နိုင်ပါတယ်။ လိင်ဆက်ဆံတဲ့အခါတိုင်း အသစ်တစ်ခု သုံးစွဲသင့်ပါတယ်။ သက်တမ်းကုန် နေရင်၊ အထုပ်ပေါက်ပြဲနေရင်၊ ကွန်ဒုံးပွန်းပဲ့ ဟောင်းစုတ်ရင် မသုံးစွဲပါနဲ့။ ကွန်ဒုံးကို အထုပ်ထဲက ထုတ်ရင်သွားနဲ့၊ ဓားနဲ့၊ ကပ်ကြေးနဲ့ ကိုက်ညှပ် မထုတ်ပါနဲ့။ တခြားထက်တဲ့ ချွန်တဲ့ပစ္စည်းတွေ မသုံးပါနဲ့။ ကွန်ဒုံး ပျက်စီး နိုင်ပါတယ်။ ကွန်ဒုံးဟာ ချောဆီအတွင်းအပြင် အလုံအလောက် ရှိရဲ့လား စစ်ဆေးဖို့ လိုပါတယ်။ ကိုယ်တိုင် တပ်ဆင်ရတာ လွယ်ကူပါတယ်။ တစ်ဦးတည်း သီးသန့် ရှိတဲ့ အခါမှာ လေ့ကျင့်ထား နိုင်ပါတယ်။


(၁)ပွင့်နေတဲ့ဘက်ကို အောက်ဖက် ထားပြီး ကိုင်ပါ။
(၂)သက်တောင့်သက်သာအနေအထားနဲ့ ပေါင်ကွပြီး ထိုင်ခုံပေါ် ခြေတစ်ဖက် တင်ထား နိုင်ပါတယ်။ ကွန်ဒုံးရဲ့ပိတ်နေတဲ့ ဘက်ကို ကိုင်ပြီး အတွင်းကွင်းကို ရှည်ရှည် ကျဉ်းကျဉ်းဖြစ်အောင် ညှစ်ကိုင်ရပါမယ်။တခြား လက်က မိန်းမကိုယ်ဝကို ဟထားရပါမယ်။ အတွင်းကွင်းကို မိန်းမ ကိုယ်ထဲ
အသာသွင်းရပါမယ်။

(၃)လက်ညှိုးကိုကွန်ဒုံး အတွင်းဘက်ကို ထည့်ပြီး အတွင်းကွင်းကို အတွင်း အရောက်နိုင်ဆုံးတွန်းသွင်းရပါ မယ်။ ကွန်ဒုံး လိမ်မနေ စေရပါဘူး။
(၄)အပြင်ကွင်းကမိန်းမ ကိုယ်ဝမှာ ရှိပြီး ကွန်ဒုံးသားဟာ မိန်းမကိုယ် နံရံနဲ့ ကပ်နေပြီးအတွင်းသားနဲ့ တသား တည်း ဖြစ်နေရပါမယ်။

ယောကျာ်းလိင်တံကို ကွန်ဒုံးနဲ့ မိန်းမကိုယ် နံရံကြားထဲ ၀င်မသွားဘဲ မိန်းမကိုယ်ထဲသို့ သေချာဝင်အောင်လက်နဲ့ အသာ ထိန်းသွင်း ပေးရပါတယ် (ချောဆီ အလုံအလောက် သုံးစွဲမှ သာလျှင်လိင်ဆက်ဆံစဉ်မှာ ကွန်ဒုံးဟာ နေရာ တကျ ရှိနေပါလိမ့်မယ်)။ ဆက်ဆံပြီးတဲ့ အခါမှာ အပြင်ကွင်းကို လိမ်ပြီး ကွန်ဒုံးကို အပြင် ဆွဲထုတ် ရပါတယ်။ မတ်တတ် မရပ်ခင် ကွန်ဒုံးကို ဆွဲထုတ်ရမှာ ဖြစ်ပါတယ်။ အမျိုးသားသုံး ကွန်ဒုံးလို လိင်တံ မပျော့ခင်အလျင်စလို ဆွဲထုတ်စရာ မလိုပါဘူး။ သုံးပြီး ကွန်ဒုံးကို အမှိုက်ပုံး၊ အိမ်သာတွင်းထဲ စွန့်ပစ် ရပါမယ်။ ရေဆွဲ အိမ်သာထဲ ရေဆွဲမချပါနဲ့။ ကွန်ဒုံး အပိုဆောင်ထား သင့်ပါတယ်။ အမျိုးသားသုံး ကွန်ဒုံးကို တစ်ပြိုင်တည်း မသုံးရပါဘူး။ ကွန်ဒုံးချင်း ပွတ်တိုက် စုတ်ပြဲ သွားပါလိမ့်မယ်။ အမျိုးသား အများစုဟာလည်း အမျိုးသမီးဘက်က ကွန်ဒုံးသုံးတာကို နားလည် လက်ခံလာကြပါပြီ။ အမျိုးသားသုံး ကွန်ဒုံးလို အလျင်စလို မဟုတ်ဘဲ ၈ နာရီ ကြိုသွင်း ထားနိုင်လို့နှစ် သက်ကြပါတယ်။ နာကျင်ခြင်း လုံးဝမရှိပါဘူး။ ကျပ်ခြင်း၊ တင်းခြင်း မရှိပါဘူး။ အပူအအေး မျှတပါတယ်။

ရာသီလာနေတဲ့ အခါ၊ သားအိမ်နောက်လန်နေတဲ့ အခါ၊ ကိုယ်ဝန်ဆောင် နေတဲ့အခါ သုံးစွဲနိုင်ပါတယ်။ (သွေးဆုံးပြီးသူတွေ အတွက်လည်း သင့်လျော်ကြောင်း ကြုံတုန်းပြော ချင်ပါတယ်)။ အမျိုးသားသုံးကွန်ဒုံး လုပ်တဲ့ latex တို့ nanoxynol-9တို့နဲ့ သွေး မတည့်ဘဲ ယားယံတတ် သူတွေလည်း သုံးစွဲနိုင်ပါတယ်။ အရင် လေးငါးနှစ်တုန်းက ဆိုရင် အမျိုးသမီးသုံး ကွန်ဒုံးဆိုတာပစ္စည်း အသစ်အဆန်း ဖြစ်နေသေးခဲ့တဲ့ အတွက် သုံးစွဲဖို့ လက်မခံချင်တာရယ်၊ နည်းပညာနဲ့ အတွေ့အကြုံ မပြည့်စုံ သေးတာရယ်၊ သုံးစွဲစဉ် အသံမြည်တဲ့ အတွက် ငြင်းဆန်ကြပါတယ်။ အခုနောက်ဆုံးပေါ်တွေကတော့ အဲဒီ ချို့ယွင်း ချက်မရှိဘဲ လိင်မှု ဆိုင်ရာ အိမ်ထောင်သည် ဘ၀အရသာကို ပြည့်ဝစွာ ခံစား နိုင်ကြပါတယ်။

Myanmar CNN - ကွန်ဒုံးအကြောင်း သိကောင်းစရာ

AIDS ပိုးက လေထဲမှာ ဘယ်လောက်အချိန်ထိ နေနိုင်ပါသလဲ၊ AIDS ပိုးပာာ လေပာာနယ်မှ ကူးစက်တတ်ပါသလား

• ဘယ်လို ကိုယ်ခန္ဓာ-အရည်တွေမှာ HIV ပိုးတွေ ပါနေနိုင်သလဲ။
၁။ သွေး၊
၂။ သုတ်ရည်၊
၃။ ဗဂျိုင်းနား အရည်၊
၎။ နို့ရည်၊
၅။ တခြား သွေးပါနိုင်တဲ့ အရည်တွေ။


• HIV ဘယ်လိုကူးသလဲ
- HIV ဗိုင်းရပ်စ် ပိုးတွေဟာ လူ့ကိုယ်ခန္ဓာ အရည်တွေနဲ့ (တစ်ရှူး) တွေထဲမှာ နေနိုင်တယ်။ ဒါပေမဲ့ သွေး၊ သုတ်ရည်၊ ဗဂျိုင်းနာ-အရည် နဲ့ နို့ရည်တွေ ကနေသာ အများဆုံး ကူးနေတာ သိရတယ်။ ဒီအရည်တမျိုးမျိုးဟာ တခြားလူရဲ့ အပေါ်ဖုံး အပါးလွှာ၊ ထိခိုက် ပျက်စီးနေတဲ့ အရေပြား (တစ်ရှူး) နဲ့ သွေးထဲကို ဆေးထိုအပ်လိုမျိုးနဲ့ တိုက်ရိုက် ထိုးသွင်းတာခံရမှ ကူးစက်တယ်။
- သုတေသန ကျကျနန လုပ်နေတဲ့ အမေရိကားမှာဆိုရင် စအိုလမ်းနည်း လိင်ဆက်ဆံမှုနဲ့ (ဗဂျိုင်းနား) ကနေ လိင်ဆက်ဆံမှုတွေကနေ ကူးစက်တာ အများဆုံးလို့ သိရတယ်။ နောက်များတာ တခုက ဆေးထိုးအပ်ကနေ ကူးတာ ဖြစ်တယ်။ ပါးစပ်ကို လိင်ဆက်ဆံရာ သုံးတာနဲ့ မိခင်ကနေ ကလေးကို မွေးနေတုံးဖြစ်ဖြစ် နို့တိုက်လို့ ဖြစ်ဖြစ်၊ ထမင်း ဝါးခွံတာကနေဖြစ်ဖြစ် ကူးစက်တာ နည်းတယ်။ ကျန်နည်းတွေကတော့ မသန့်တဲ့ သွေးနဲ့ သွေးနဲ့ဆိုင်တာတွေ သွင်းတာ၊ အင်္ဂါ အစားထိုးတာတွေ ကနေကူးတယ်။ ဆေးရုံနဲ့ ကျန်းမာရေး ဌာနမှ အလုပ်လုပ်သူတွေကိုလဲ အပ်၊ ဓား စတာတွေ ကနေတဆင့် ကူးစက်နိုင်တယ်။


• တခြား ဖြစ်နိုင်ခြေရှိတဲ့ အရည်တွေ
- ဦးနှောက်နဲ့ ခါးရိုးထဲက အာရုံကြောကြီးရဲ့အရည်၊
- အဆစ်ထဲကအရည်၊
- ရေမြွှာရည်၊
- မျက်ရည်၊
- တံတွေး၊


• ကိုယ်ခန္ဓာ အပြင်ဘက်မှာ HIV ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်သလဲ၊ သိပ္ပံပညာရှင် အားလုံးလောက် နီးနီး လက်ခံကြတာက ပိုးဟာ ကိုယ်ခန္ဓာအပြင်ဘက်မှာ ကြာကြာ မရှင်နိုင်ဘူး။

• စအိုလမ်းသုံး လိင်ဆက်ဆံတာကနေ ကူးနိုင်သလား၊ (ကွန်ဒွမ်) မသုံးရင် သေခြာပေါက် ကူးနိုင်တယ်။
• (ဗဂျိုင်းနား) ကို လိင်ဆက်ဆံရင် ကူးသလား၊ (ကွန်ဒွမ်) မသုံးရင် သေခြာပေါက် ကူးနိုင်တယ်။ မ-လိင်လမ်းကြောင်း (ဗဂျိုင်းနား၊ သားအိမ်ဝ) နဲ့ ကျား-ဆီးသွားပေါက်တွေမှာ မျက်စိနဲ့ မမြင်နိုင်အောင် သေးငယ်တဲ့ အရှ-အနာလေးတွေကနေ ပိုးဝင်နိုင်တယ်။ အနာ-အဆာ ရှိရင်လဲ ဝင်မယ်။ တယောက်ယောက်မှာ (STD) လိင်ကတဆင့်ကူးစက်ရောဂါရှိနေရင် ပိုဖြစ်နိုင်တယ်။
• ပါးစပ်သုံး လိင်ဆက်တာကနေ ကူးသလား၊ လက်ခံသူဖြစ်ဖြစ် ပြုလုပ်ပေးသူဖြစ်ဖြစ် ကူးမယ်။ ထုံးစံလမ်းသုံး လိင်ဆက်ဆံနည်း လောက်တော့ အဖြစ်မများဘူး။ ပါးစပ်နဲ့ လည်ချောင်းတဝှိုက်မှာ အနာအဆာ ရှိရင် ပိုဖြစ်နိုင်ခြေ များမယ်။ သုတ်ရည်ကို ပါးစပ်ထဲ ထုတ်မိရင် ပိုဖြစ်နိုင်ခြေ များမယ်။ (STD) ရှိနေရင် ပိုဖြစ်နိုင်ခြေ များမယ်။
• Sex toys လိင်သုံး ကရိယာတွေသုံးရင် ကူးနိုင်သလား၊ Dildos တို့ Vibrators တို့သုံးရင် ကူးစက်နိုင်လို့ (ကွန်ဒွမ် အသစ်) သုံးပါ။
• ဆေးထိုးလို့ ကူးသလား၊ ကူးနိုင်တယ်။ ထိုးဆေး၊ ဆေးဝါး-ကရိယာ၊ သွေးပါနေမဲ့ ဆေးထိုးပိုက်၊ မိုးရေ ပြန်သုံးတာ၊ ပုလင်း၊ အဖုံး၊ ဇွန်း၊ အစစ်၊ ဆေးရည်၊ ပတ္တီး၊ ဝါဂွမ်း၊ စတာတွေကို မျှသုံးတာ၊ လမ်းဘေးရောင်း ဆေးထိုးပိုက် အပ်တွေက ပြန်ထုပ်တာတွေ ဖြစ်နိုင်တယ်။ စိတ်မချရဘူး။
• HIV နဲ့ တခြား လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ ဆက်စပ်မှု ရှိသလား၊ ရှိတယ်။ အဲလိုရောဂါ တခုခုရှိနေသူမှာ HIV ပိုပြီး ကူးစက်နိုင်တယ်။ ဥပမာ ဆစ်ဖလစ်၊ လိင်လမ်း-ရေယုံ၊ ရှန်ကာ၊ ကလာမိုင်ဒီးယား၊ ဂနိုးရီးယား။
• ဆေးရုံ-ဆေးခန်း အလုပ်လုပ်သူတွေကို ကူးစက်သလား၊ ကူးစက်နိုင်တယ်။ ကြိုတင် ကာကွယ်ရေး နဲ့ တကိုယ်ရေ အကာအကွယ်တွေ သုံးရမယ်။ အဓိက သတိထားဘို့က အပ်၊ ဓါးလို ပြတ်ရှတာနဲ့ မတော်တဆ ထိခိုက်မိရင် ပိုဖြစ်နိုင်တယ်။ ၁% လောက်နီးနီး ရှိတယ်။
• မိန်မချင်း လိင်ဆက်ဆံတာကနေ ကူးသလား၊ ရှားပါတယ်။ (ဗဂျိုင်းနား) အရည်နဲ့ ရာသီသွေးထဲမှာ ပိုးပါနိုင်တယ်။
• တက်တူး ထိုးတာ၊ ကွင်းတွေ ဖေါက်ဝတ်ဆင်တာကနေ ကူးသလား၊ ကူးနိုင်တယ်။ အသုံးအဆောင်တွေကို ပိုးသန့်တာ နည်းရင် ဖြစ်နိုင်တယ်။ တခါသုံး မဟုတ်ရင် ကူးနိုင်တယ်။
• နမ်းတာကနေကူးသလား၊ ဘယ်လိုနမ်းသလဲအပေါ်မှာ မူတည်တယ်။ ပြင်သစ်နည်းခေါ်တဲ့ နှုပ်ခမ်းစုပ်နမ်းနည်းနဲ့ကူးတာ အတော်တော့ ရှားတယ်။ နုတ်ခမ်းမှာ အနာရှိမှဖြစ်တယ်။ ပါးစပ်ပိတ်နမ်းတာ၊ ပါးကို နမ်းလို့ ကူးတာ မတွေ့ရသေးပါ။
• လူချင်းကိုက်လို့ ကူးသလား၊ ရှားတယ်။ ၁၉၉၇ တုံးကရှိဘူးတာကို ထုတ်ပြန်ဘူးတယ်။
• ခြင်ကောင်ကနေကူးသလား၊ မကူးပါ။
• မကူးစက်နိုင်တဲ့ ဆက်ဆံမှုတွေဆိုတာ ကုပ်မိလို့ မကူးပါ။ တံတွေးစင်လို့ မကူးပါ။ လက်ဆွဲ နုပ်တက်တာ၊ ရင်ချင်းအပ်တာ၊ ရေအိမ်အတူသုံးတာ၊ ဖန်ခွက်၊ နှာချေ၊ ချောင်းဆိုး တာကနေ မကူးပါ။ အလုပ်ဌာနတူတာ၊ Schools ကျောင်း အတူနေတာ၊ သာရေး-နာရေး အတူသွားတာ၊ တခါးဖွင့်ဘု ကိုင်မိတာ၊ ပန်းကန်ခွက်ယောက်၊ Pets အိမ်မွေး-တိရစ္ဆာန်၊ အားကစား၊
(အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) ကိန်းဂဏန်းများ
• ၁၉၈၁ ခုနှစ်၊ ဇွန်လ ၅ ရက်နေ့က အမေရိကန် ပြည်ထောင်စု လော့စ်အင်ဂျဲလိစ် က လူ ၅ ဦးမှာ HIV/AIDS (အိတ်ခ်ျအိုင်ဗွီ-အေအိုင်ဒီအက်စ်) ရောဂါရှိခဲ့တယ်လို့ ကူးစက်ရောဂါ ထိန်းချုပ်ရေးဌာနကနေ ထုတ်ပြန်ခဲ့တာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေမှာ နှစ် ၃ဝ တင်းတင်း ပြည့်သွားပြီ ဖြစ်တယ်။
• အဲဒီ ထုတ်ပြန်ချက်ကို HIV/AIDS ရောဂါရဲ့ ကနဦးလို့ သတ်မှတ်နိုင်ပြီး၊ အဲဒီကတည်းက HIV/AIDS ရောဂါကို လေ့လာဘို့ အတူးအဖွဲ့ကိုလဲ စတင်ဖွဲ့စည်းခဲ့တယ်။
• ၁၉၈၂ ဇူလိုင်လမှာ ဒီရောဂါလို့ နာမည်မတပ်ရသေးသူပေါင်း အမေရိကန် ပြည်ထောင်စု တဝက်လောက်မှာ ပြန့်နေတဲ့ လူနာပေါင်း ရာဂဏန်း ရှိနေပြီဖြစ်တယ်။

HIV ပိုးဟာ လူ့ကိုယ် အပြင်ဘက်မှာ ကြာကြာမရှင်နိုင်ပါ၊ ဆက်ပွါးများမှု မဖြစ်နိုင်ပါလို့သာ အခုထိလုပ်ထားတဲ့ သုတေသနတွေက ဆိုပါတယ်။

ဒေါက်တာ တင့်ဆွေ
Myanmar CNN - AIDS ပိုးက လေထဲမှာ ဘယ်လောက်အချိန်ထိ နေနိုင်ပါသလဲ၊ AIDS ပိုးပာာ လေပာာနယ်မှ ကူးစက်တတ်ပါသလား 

HIV ကူးစက်​ခံရစ လက္ခဏာများဟာ တပြိုင်တည်း ဖြစ်တတ်ပါသလား (အမေးအဖြေ)

မေး။    ။ HIV ကူးစက်​ခံရစ ဖြစ်​​ပေါ်တတ်​​သော လက္ခဏာများ ဖြစ်ကြတဲ့
၁။ ဖျားခြင်း
၂။ အကျိတ်​ထွက်​ခြင်း
၃။ Rash ထွက်​ခြင်း
၎။ လည်​​ချောင်းနာ ၊ အာသီး​ရောင်​ခြင်း
၅။ ​မောပန်းခြင်း  စသည်​ တို့သည်​ တပြိုင်​နက်​ ဖြစ်​တတ်​ခြင်းလား။ တစ်​ခုပြီး တစ်​ခုဖြစ်​တတ်​ခြင်းလား။

ပြီး​နောက်​ မရှင်းတာ​လေးတစ်​ခု​လောက်​ သိချင်​ပါတယ်​။ Rash ကို အဘိဓါန်​ထဲမှာ အဖုအပိမ့်လို့ ​ရေးထားပါတယ်​။ ဘယ်​လို အသွင်​သဏ္ဌာန်​ အဖုအပိမ့်ဆိုတာ သိချင်​ပါတယ်​။

ဖြေ။    ။ HIV ကူးစက်​ခံရစ ဖြစ်​​ပေါ်တတ်​​သော လက္ခဏာများ ဖြစ်တဲ့
၁။ ဖျားခြင်း
၂။ အကျိတ်​ထွက်​ခြင်း
၃။ Rash ထွက်​ခြင်း
၎။ လည်​​ချောင်းနာ ၊ အာသီး​ရောင်​ခြင်း
၅။ ​မောပန်းခြင်း  စသည်တို့က အားလုံး တစ်ပြိုင်နက်ဖြစ်တာ ရှားပါတယ်။

များသောအားဖြင့် တစ်မျိုး နှစ်မျိုးပဲ တွဲဖြစ်ပါတယ် ဥပမာ - ဖျားခြင်းနှင့် လည်ချောင်းနာခြင်း။
ဒီလို ဖြစ်တာတွေကို သာမန်အားဖြင့် လူတွေက သတိမပြုမိကြပါဘူး။ ဖြစ်တာများတာက တုတ်ကွေးဖြစ်သလို ဖျားမယ်၊ နှာစေးမယ်၊ ကြွက်သားတွေနာမယ်၊ မျက်ရိုးကိုက်မယ်၊ အကြိတ်တွေရောင်မယ် စသဖြင့် ဖြစ်တတ်ပါတယ်။

Rash ဆိုတာက အရေပြားမှာဖြစ်တဲ့ အဖု၊ အပိန့်၊ အင်ပြင် အားလုံးကို ခြုံငုံပြီးခေါ်တာပါ။ ဥပမာ- ယားဖုတွေ၊ မိတ်ဖုတွေ၊အင်ပြင်တွေ၊ အနီစက်လေးတွေ၊ ၀က်သက်လို ဖုလေးတွေ၊ ၀က်ခြံလိုဖုလေးတွေအားလုံးကို ခေါ်တာပါ။
HIV ပိုးကူးစက်ခါစမှာ အရေပြားမှာ သိပ်မသိသာပါဘူး။ ဖြစ်ခဲ့ရင်လည်း အင်ပြင်ပေါက်သလိုမျိုး အရေပြားမှာ ဖြစ်တတ်ပါတယ်။ AIDS အဆင့်ရောက်ရင်တော့ အရေပြားမှာ ယားနာတွေ၊ ရေယုန်တွေ ဖြစ်တတ်ပါတယ်။ ART ခေါ်တဲ့ ဆေးတွေ စသောက်ခါစမှာလည်း အရေပြားမှာ မှင်ထသလို၊ အင်ပြင်ထသလို၊ နေလောင်သလို Rash တွေ ပေါ်တတ်ပါတယ်။

လမင်းကို

No comments: