Monday, June 24, 2013

နှစ်ဖက်ဖောက်မြင်နိုင်သော မျက်နှာပြင်ပါ လက်ပ်တော့



OLED display technology နဲ့ ပြုလုပ်ထားတယ်လို့ ဆိုပါတယ်။ resolution က 960x540 ရှိပြီး see through AMOLED မျက်နှာပြင်လို့လည်း ခေါ် ပါ တယ်။ 

 ဟိုဘက်ဒီဖက် မြင်နေရပေမယ့် သူ့ရဲ့  အရောင်နဲ့ ကြည်လင်ပြတ်သားမှု က ပျောက်မသွားပါဘူး။ မှန်တစ်ချက်နီးနီး ကြည်နေတဲ့ မျက်နှာပြင်မှာ အရောင်စုံ ရုပ်လုံး၊ ရုပ်ကြွများ ထွက်ပေါ်ဖို့ ဆိုတာ ခက်ခဲတဲ့ အခြေအနေ တစ်ခု ဖြစ်ပါတယ်။

reflective background မရှိပဲနဲ့ ကြည်ကြည်လင်လင်မြင်ရဖို့ ဆိုတော့ ဘယ်လို ပြုလုပ်မလဲ မသိပါဘူး။ သို့ပေမယ့် ဒီနည်းပညာ က ဖြစ်မလာ မဖြစ်လာဆိုတာ အောက်ပါ လခ့်မှာ ဝင်ရောက် လေ့လာကြည့်နိုင်ပါတယ်။

https://plus.google.com/100612175927429294541/posts/LpxAxGvNNFf

http://youtu.be/1nSocjvQiKs

အသံမှ လျှပ်စစ်ဓာတ်အား ထုတ်ပေးမည့် စက် 


အသံကနေ လျှပ်စစ်ဓာတ်အား ထုတ်မယ်ဆိုတာ ဘယ်သူမှတောင် ထင်မထားတဲ့ နည်းပညာ တစ်မျိုး ဖြစ်ပါတယ်။ သို့ပေမယ့် Sonea ဆိုတဲ့ စက်လေးကတော့ တကယ်လုပ်နိုင်ပါတယ်။

ပတ်ဝန်းကျင်က ရှိရှိသမျှ အသံကို စုတ်ယူပြီး transducer ကို ဖြတ်ပါမယ်။ ယင်း အဆင့်မကနေမှာ အသံမှ တုန်ခါမှုနှုန်း- Vibration ကို ယူပါမယ်။ ထိုမှ တစ်ဆင့် လျှပ်စစ် သံလိုက်စက်ကွင်း ဖြစ်ပေါ်စေပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ပေးမှာ ဖြစ်ပါတယ်။ အထဲမှာ လျှပ်စစ်အားကို သိမ်းပေးမယ့် နေရာလည်း လိုအပ်တဲ့ နေရာကို ကြိုးသွယ်သုံးရုံပဲ ဖြစ်ပါတယ်။

အသံကနေထွက်တဲ့ လျှပ်စစ်ဓာတ်အားက ဘယ်လောက်ရှိလဲတော့ မသိပါဘူး။ သို့ပေမယ့် Sonea စက်တော့ အသံသုံးလို့ လျှပ်စစ်ဓာတ်အား အများအပြားထုတ်နိုင်တယ်လို့ ဆိုပါတယ်။ အနာဂတ်မှာ ယင်းကဲ့သို့ အလားတူ လျှပ်စစ်ဓာတ်အားထုတ်စက်များ ပေါ်ပေါက်လာအုံးမှာ ဖြစ်ကြောင်း သိရပါတယ်။
--
Ref: gadgetys


မိုက်ခရိုဆော့ဖ်ရဲ့  ဆိုရှယ်ဝဘ်ဆိုဒ်သုံးကြမယ် 


မိုက်ခရိုဆော့ဖ်လည်း Social Network တစ်ခုဖွင့်ထားပါတယ်။ အသစ်အဆန်း အသုံးပြုချင်သူများအတွက် မျှဝေလိုက်ပါယ်။ စလွင့်ကတည်းက Facebook, Twitter, Pintrest တို့ကို ယှဉ်ပြိုင်ဖို့ မဟုတ်ဘူးလို့ ကြိုတင် စကားဆိုထားပါတယ်။

အဓိကကတော့ ဓာတ်ပုံနဲ့ Life event များ Share ရန်လို့ ဆိုပါတယ်။ အကောင့်ဖွင့်ရန်အတွက် အရမ်းလွယ်ကူပါတယ်။ Facebook နဲ့လည်း Sign up လုပ်နိုင်ပြီး Microsoft အကောင့်ရှိရင်လည်း Sign up လုပ်လို့ရပါတယ်။ Facebook -icon လေးပေါ်ကို click နှိပ်ရုံပဲ ဖြစ်ပါတယ်။ ဘာမှ ထပ်ဖြည့်စရာ မလိုပါဘူး။ Facebook ကအချက်အလက်ကိုပဲ အလိုအလျောက် Data Transfer လုပ်ပေးသွားမှာ ဖြစ်ပါတယ်။ အပြင်အဆင် ကတော့ ခပ်ရှင်းရှင်း ပဲ ဖြစ်ပါတယ်။ ဓာတ်ပုံကိုအသားပေးတဲ့ အတွက် ပုံတွေကို ခပ်ကြီးကြီး မြင် ရမှာ ဖြစ်ပါတယ်။

ဆိုဒ်ရဲ့  လိပ်စာက- http://beta.so.cl ဖြစ်ပါတယ်။ Beta ဗားရှင်းပဲ ရှိသေး တဲ့အတွက် ဖြစ်ပါတယ်။ တစ်နှစ်ပြည့်မှ UI စုံစုံလင်လင် နဲ့ Launch လုပ်မှာ လို့ ဆိုပါတယ်။ လောလောဆယ်ကတော့ Beta ဖြစ်တဲ့အတွက် Option အားလုံး စုံစုံလင်လင် အသုံးပြုလို့ မရသေးပါဘူး။ ဆိုဒ်က Facebook ထက်ဖွင့်ရတာ နည်းနည်းကြာတဲ့ သဘောရှိပါတယ်။
ဓာတ်ပုံမျှဝေဖို့အတွက် တင်မကပဲ၊ ဗီဒီယို၊ သတင်း၊ Life event အားလုံး ကိုလည်း Facebook လိုပဲ Post နိုင်၊ Share နိုင်ပါတယ်။ ဘာပဲ ဖြစ်ဖြစ် ဝင်လေ့လာချင်သပဆိုရင် အောက်ပါလခ့်ထဲဝင်ပြီး မိုက်ခရိုဆော့ဖ် So.c အကောင့် ဖွင့်နိုင်ပါတယ်။
http://beta.so.cl

Credit: Online 

No comments: